ဆရာတော် စကားကြောင့် ဦးခေမာသည် စိတ်ထဲမှာ ပေါ်လာသော သံဝေဂဖြင့် ပြင်းစွာတုန်လှုပ်မိ သည်။ မစပယ်ကြောင့် ကမ္မဋ္ဌာန်း မှန်မှန်မထိုင်နိုင်ခဲ့၍ သမာဓိပျက်နေသည်ကို ယခုမှ အသေအချာ သတိ ထားမိ တော့သည်။ ဆရာတော်ကို ရိုသေကြောင့်ရွံ့ခြင်း၊ သူ့အပြစ်အတွက် ယူကျုံးမရ ဖြစ်ခြင်းတို့ ကြောင့် ဘာမှပြန်လည် မလျှောက်ထားဝံ့ဘဲ ဦးခေါင်းကို ငုံ့မြဲတိုင်းပင် ငုံ့နေလေသည်။
"သိပ်မိုက်ပါလား၊ မောင်ပဉ္စင်း၊ ဒါလောက် ကြိုးစားကျင့်ကြံခဲ့လို့ သမာဓိအား အတော်အတန်ရပြီး သား၊ မာတုဂါ မကြောင့် ပျက်ပျယ်ရတယ်ဆိုတာ နှမြောဝမ်းနည်းဖို့ မကောင်းဘူးလား"
ဆရာတော်ကြီးက မြည်တွန်တောက်တီးသည်။ ဦးခေမာက ငုံ့မြဲတိုင်းပင် ငုံ့နေသည်။
"သိက္ခာပုဒ်ကို ထိန်းနေရတဲ့ ရဟန်းတော်အဖို့ မာတုဂါမနဲ့ လူမတွေ့နိုင်တဲ့ အကွယ်ထဲမှာ အတူထိုင် ခြင်း၊ လူသူ ကင်းကွယ်ရာမှာ ရယ်ရွှင်မြူးထူးစွာ စကားပြောဆိုခြင်း ဆိုတာတွေဟာလဲ မေထုန်မှုမှာ အကျုံးဝင် လို့ အာပတ်သင့်တယ်ဆိုတာ မောင်ပဉ္စင်း မသိဘူးလား"
ဆရာတော်ကြီးအမေးကို………
"သိပါ ဘုရား"
ဟု ဦးခေမာက တုန်လှုပ်သောအသံဖြင့် ဖြေသည်။
"အခုမောင်ပဉ္စင်း သမာဓိပျက်တဲ့ အချက်နှစ်ချက်ပါပဲ ဘုရား"
"အေး…ကိုယ့်အပြစ် ကိုယ်သိရင်ပြင်၊ ဒါလောက်ကျင့်ကြံအားထုတ်လာလို့ သမာဓိအတော်အတန် ရင့်မှ ပျက်ရမယ် ဆိုရင် သံသရာထဲမှာ စုန်းစုန်းမြုပ်ပေဦးတော့မယ်ဆိုတာ မောင်ပဉ္စင်း ကြပ်ကြပ်နှလုံး သွင်း ပေတော့၊ ငါသတိပေးဖို့လာတာဘဲ၊ ပြန်မယ်"
ဆရာတော်ကြီးက မိန့်ကြားပြီးဆုံးခြင်း မြန်လည်ကြွသွားရန် ခြေလှမ်းပြင်လိုက်သည်။
"မှန်ပါ….တပည့်တော် မမိုက်တော့ပါဘူး ဘုရား၊ သံသရာဝဋ် ဆင်းရဲက လွတ်ကင်းအောင် ရုန်းပါတော့ မယ်ဘုရား"
ဦးခေမာက ပြန်လည်လျှောက်ကြားရင်း ရှိခိုးကန်တော့သည်။ ဆရာတော်ဘုရားသည် တောင်ဝှေးကို ထောက်ခါ ထွက်ခွာသွားတော်မူရာ သစ်ပင်တစ်ပင် အကွယ်တွင် ဦးခေမာ၏ မျက်စိပသာဒမှ ပျောက်ကွယ် သွား လေသည်။
ထိုအခိုက် ဦးချစ်မောင်နှင့် မစပယ်တို့ မောကြီးပန်းကြီး အပြေးကလေး ရောက်လာကြသည်။
"ဒကာမကြီး ခြေထောက်ပေါ် ထယ်သွား လွတ်ကျသွားတာ ဒဏ်ရာ တော်တော်ကြီးပါတယ်ဘုရား၊ ဆေးထည့်တာလဲ မသက်သာပါဘူး၊ အရှင်ဘုရားကြွပြီး ကယ်တော်မူပါဦး ဘုရား"
ဦးချစ်မောင်က ဦးချပြီးလျှောက်၏။ မစပယ်ကမူ မိခင်အတွက် စိုးရိမ်သောစိတ်၊ ဦးခေမာအား ယုံကြည် မြတ်နိုး သော စိတ်ဖြင့် ဦးခေမာ၏ ကျက်သရေရှိသော မျက်နှာကို မျက်တောင်မခတ် မော်ကြည့် နေလေ သည်။ ဦးခေမာကား မတုန်မလှုပ်ပင် ဆရာတော်ဘုရားကြီး ကြွသွားရာ လမ်းကို မျက်တောင် မခတ် မတ်တပ်ရပ်လျက်ကပင် ငေးကြည့်နေလေသည်။ သူ့နားထဲတွင် ဆရာတော် သတိပေး မိန့်ကြား သွားသည့် စကားတွေကိုသာ ကြားနေသည်။
"ကြွနိုင်မယ်မဟုတ်လား ဦးဇင်းဘုရား"
မစပယ်က အသံပေးလိုက်၏။ ဦးခေမာက မစပယ်မျက်နှာကို လုံးဝမကြည့်တော့ချေ၊ မျက်နှာလွှဲ လျက်ပင် ပြန်လည် မိန့်ကြားလိုက်သည်။
"သည်းခံပါ ဒကာကြီး……..ဦးဇင်း ဆေးမကုတတ်ပါဘူး"
"မေတ္တာတန်းခိုးပေါ့ ဦးဇင်းဘုရား၊ အရင်တစ်ခါ တပည့်တော် လက်အနာလိ ကယ်မတော်ပါ"
"ဦးဇင်း သမာဓိ ပျက်သွားပါပြီ ဒကာကြီး၊ ဦးဇင်းတစ်ခု တောင်းပန်ပါရစေ၊ ဆေးကုလဲ မလိုက်ပါရစေနဲ့၊ ဒကာကြီး သမီးကိုလဲ ဘာကိစ္စနှင့်မှ ဦးဇင်းဆီ မလွှတ်ပါနဲ့၊ ဆွမ်းကိစ္စကို ဦးဇင်းအတွက် အရေးမကြီး ပါဘူး၊ အဲဒီနှစ်ချက်ကို ခွင့်လွှတ်ပါ ဒကာကြီး"
မစပယ်က ဦးခေါင်းငုံ့နေသည်။ ဦးချစ်မောင်က ခေါင်းငုံ့နေသော သမီးကိုတစ်လှည့် ရင့်ကျက်တည် ငြိမ်သော မျက်နှာဖြင့် သူတို့သားအဖကို မကြည့်ဘဲ မျက်နှာလွှဲနေသော ဦးခေမာကို တစ်လှည့် ကြည့်နေ သည်။
အဓိပ္ပာယ်ကို ဦးချစ်မောင် နားလည်လိုက်ပါသည်။ ဆွမ်းပို့သွားပြီး အချိန်ကုန်မှ ပြန်လာတတ်သည်ကို သိပြီးဖြစ်ခဲ့၍ ဦးခေမာကို ကြည်ညိုရင်းစွဲရှိခဲံရာမှ နောက်ကြောင်း ရာဇ၀င်ကို စုံလင်စွာ သိလိုက်ရ သောကြောင့် မြတ်စွာဘုရာ အလုပ်အကျွေးအဖြစ် သမီးကို မြတ်စွဘုရားအား ပေးအပ်သော မာဂဏ္ဌိယပုဏ္ဏားကြီး၏ စိတ်မျိုး ဦးချစ်မောင်ထားခဲ့မိသဖြင့် သမီးကို တားဆီးခြင်းမပြုဘဲ နေခဲ့သည်။ ယခု ဦးခေမာက သူ့သမာဓိပျက်ရကြောင်း ဖွင့်ဟတားမြစ်သောအခါ ငါသာသနာပျက် လူယုတ်မာဘ၀ ရောက်နေ လေပြီလား တွေးမိခြင်းဖြင့် စိတ်ထဲမှာ များစွာ တုန်လှုပ်သွားမိသည်။
"တပည့်တော် ရှိခိုးတောင်းပန်ပါတယ်၊ ခွင့်လွှတ်တ်ေမူပါဘုရား" ဦးချစ်မောင်က လှိုက်လှဲသော အသံဖြင့် ရှိခိုး တောင်းပန်ခါ သမီးကိုခေါ်ပြီး ပြန်သွားလေတော့သည်။
မစပယ်သည် ရှက်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်းတို့ ဖြင့်ဦးခေမာထံ မသွားတော့ဘဲ အိမ်ထဲ အောင်းနေခဲ့သည်မှာ တစ်ပတ်တိတ် ကြာခဲ့လေပြီ။ ဦးခေမာရှိရာ သစ်ပင်အုပ်ဆီသို့ မျှော်ကြည်၏။ နံနက် စောစော ဆွမ်းခံထွက်လာသော ဦးခေမာကို မတွေ့ရသည်မှာ သုံးရက်ရှိလေပြီ။ ဦးခေမာသည် ဆွမ်းခံကြွသော်လည်း မစပယ်တို့အိမ်ကို ငဲ့စောင်း၍မှ မကြည့်ခဲ့ချေ။ မစပယ် အိမ်ကလေည်း ရှက်ခြင်း၊ အားနာခြင်း တွေကြောင့် ဆွမ်းထွက်မလောင်းတော့၊ သို့သော် ဦးခေမာအား စွဲလန်းစွာချစ်ခင် မြတ်နိုး နေမိသော မစပယ်သည် တိတ်တခိုး ၀အောင်ချောင်းကြည့်ခဲ့သည်။
မနေ့ညကမူ ဖခင်ဖြစ်သူ ရွာထဲမှအပြန် သတင်းတစ်ခု ပါလာ၏။ ရွာထဲရှိ အိမ်တစ်အိမ်က ဆွမ်းထွက် လောင်းရင်း အလိုရှိရာပစ္စည်း အမိန့်ရှိပါဟု ဖိတ်ကြားသည်။ ထိုအခါ ဦးခေမာက ၀ါးလုံးတောင့် တောင့် ငါးတောင်ခန့် အရှည်ရှိသော အပိုင်းဆင့်ငါးပိုင်းမျှနှင့် ကြိုးခိုင်ခိုင် တစ်ခွေကို အလိုရှိကြောင်း အလှူခံသွား လသည်ဟု သတင်းရ၏။
မစပယ်သည် ဦးခေမာကို အလွန်တွေ့ချင် မြင်ချင်နေသည်။ မိဘများကိ ရှက်ခြင်း အားနာခြင်း တို့ကြောင့်မသွားရဟု တင်းကြပ်စွာ တားမြစ်ထားသောကြောင့် ခွင့်တောင်း၍ ဘယ်နည်းနှင့်မရဟု အသေအချာသိသည်။ ထို့ကြောင့် အလစ်ကို ချောင်းနေခဲ့သည်။
ဤနေ့နံနက်တွင် လေမိုးငြိမ်၍ သာသာယာယာ ရှိနေသောကြောင့် လမ်းဖြတ်ထားသည်မျာ ကြာပြီ်မှာ ကြာပြီ ဖြစ်သော ရွာအရှေ့ ဘုန်းတော်ကြီးကျောင်းသို့ ဦးချစ်မောင်နှင့် ဒေါ်အုန်းတို့ ထွက်သွားကြ သည်တွင် မစပယ်သည် ဦးခေမာ သီတင်းသုံးနေရာ ခရေပင်အုပ်စုသို့ ခြေကုန်သွက်သွက် လှမ်းလာခဲ့ သည်။
ခရေပင် အုပ်စုအောက်တွင်ကား ပြောင်ရှင်းနေသော တဲကျောင်းကလေးသည် အရှင်သခင်မဲ့၍ ကြည်ကွဲဖွယ်ရာ တိတ်ဆိတ်ခြောက်သွေ့နေသည်။ ဦးခေမာ၏ အရိပ်အယောက်ကို လုံးဝမတွေ့ရ။ ပရိက္ခရှစ်ပါး နှင့် အပိုသင်္ကန်းကိုလည်း မတွေ့ရချေ။ ယခင်က ဆွမ်းခံကြွလျှင် သပိတ်မျှကိုသာ ယူဆောင်ပြီး အခြားပစ္စည်းများကို တဲကျောင်းမှာသာ ထားရစ်မြဲဖြစ်သည်။
ယခု ဘာပစ္စည်းမှ မတွေ့ရ သောအခါ မစပယ်သည် ဦးဇင်းဘုရား အပြီးအပိုင်ထွက်သွား လေပြီလား ဟုတွေးခါ ရင်ထဲမှ ဟာသွား ရှာသည်။ ဆိတ်ငြိမ်ခြောက်သွေ့နေသော တဲကျောင်းထဲမှ မစပယ် ထွက်လာသောအခါ ဦးခေမာအား နောက်ဆုံးဖူးမြော်ခဲ့ရာ အင်ကြင်းပင်ကြီးအောက်သို့ အပြေးကလေး လာခဲ့၏။ အင်ကြင်းပင်ကြီး အကွယ်မှာ ကမ္မဋ္ဌာန်း ထိုင်နေလေမည်လားဟု မစပယ်က တွေးသည်။ သို့သော် အင်ကြင်းပင်အောက် မှာ ဦးခေမာ မရှိချေ။
မစပယ်သည် အင်ကြင်းပင်ရင်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ၀ဿန်ရာသီမို့ ပြာရီအုံ့ဆိုင်း မှိုင်းမှိုင်းဝေမှောင်သော တိမ်တောင် မိုးသားတွေက ခပ်ပြင်းပြင်း တိုက်ခက်နသော မိုးသက်လေ အဟုတ် ကြောင့် အဆုတ်လိုက်အခဲလိုက် လျင်မြန်စွာ ရွေ့လျားပျံ့လွင့်နေကြရာ ကောင်းကင်တစ်ခုလုံး မဲညို နေသည်။
တမိုးလုံး ပြိုတော့မလို ငိုချင်စဖွယ် ရှုမြင်ကွင်းကြောင့် မစပယ်သည် အံကို တင်းတင်းခဲ ထားလိုက်မိသည်။ ရွာကွမ်းတောင်ကိုင် အပျိုချောအဖြစ်ဖြင့် ဂုဏ်တင့်လာခဲ့သော မစပယ်သည် ရွာကာလသားများက အရေးထားပြီး မေတ္တာစကား ကမ်းလှမ်းကြသည် ကိုပင်လက်မခံခဲ့ချေ။ ချစ်ရေးကြိုက်ရေးကို မတွေးမိ၊ စိတ်မ၀င်စားမိဘဲ လွတ်လပ်ပျော်ရွင်စွာ နေလာခဲ့သည်။
ထို့သို့ ကြည်ကြည်လင်လင် ပျော်ရွှင်စွာနေခဲ့သော မစပယ်၏စိတ်သည် ရဟန်းတော် ဦးခေမာအား သဒ္ဒါကြည် ညိုခြင်းက အရင်းခံကာ ကြင်နာသနားလာခဲ့သည်။ ထိုမှတစ်ဆင့်တက်၍ မထားအပ်သော ချစ်ခြင်း မေတ္တာစိတ်ကို ထားခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မချစ်ခဲ့ဘူးသော မစပယ်သည် မချစ်အပ်၊ အချစ်သင့်၊ မချစ်ထိုက်သည့် ပုဂ္ဂိုလ်ကိုမှ ချစ်မိလေတော့သည်။
"ဘယ်ကိုများ ကြွသွားပါလိမ့်နော်"
မစပယ်ကငြီးရင်း မိုးသက်လေအရှိန်ကြောင့် လှိုင်းတံပိုးထကာ စုတ်ဝဲ၊ မှုတ်ဝဲတွေပေါ်နေသည့် မြစ်ငယ်၏ ကြောက်မက်ဖွယ် စီးဆင်းနေသော ရေအလျင်ကို စိုက်ငေးကြည့်နေရာမှ မြစ်ဟိုဘက်ကမ်း သို့မစပယ်က အမှတ်မထင် မျှော်ကြည့်လိုက်သည်။ ဤမျှကြောက်မက်ဖွယ်ကောင်း၍ ရေစီးကြမ်း သော မြစ်ကိုဦးခေမာ မည်သည့်နည်းနှင့်မှ ကူးသွားဝံ့မည် မဟုတ်ဟူ၍ မစပယ်က တစ်ထစ်ချတွေး၏။
သို့သော မမျှော်လင့်သော ပစ္စည်းတစ်ခုကို မြင်လိုက်ရသော မစပယ်က မျက်လုံးဝိုင်းသွားသည်။ ထိုပစ္စည်းကား မြစ်ငယ်၏ ဟိုဘက်ကမ်းဝယ်ကုန်းပေါ်သို့ တစ်ဝက်နီးပါးထိုးထားသည့် ၀ါးဖောင်ငယ် တစ်ခုကို မြင်လိုက်ရသောကြေင့် ဖြစ်သည်။ ထိုအခါမှ ဖခင်ဦးချစ်မောင် ပြောသော ရွာထဲအိမ် တစ်အိမ်မှ ၀ါးနှင့်ကြိုးခွေ အလှူခံသွားသည့် ဦးခေမာ၏ ရည်ရွယ်ချက်အဓိပ္ပာယ် ပေါ်လေတော့သည်။
ဦးခေမာကား သေမင်းခံတွင်းကြီး ဖွင့်ဟထားသလို ကြောက်မက်ဖွယ်ကောင်းသော မြစ်ကို ဖြစ်ချင်ရာ ဖြစ် ဟု စွန့်စားကူးသွားခြင်းကား မြစ်ငယ်ထက် ကြောက်စရာကောင်းသော မာတုဂါမ၏ အနှောင်အဖွဲ့ ကို လွတ်အောင် ရုန်းပြေးခြင်းသာ ဖြစ်လေသည်။ တော်အုပ်၏ အလွန်တွင်ကာ တောင်ခိုးတွေဝေ၊ မြူခိုးတွေဆိုင်းကာ မှိုင်းညို့ရီမှေင်သည့် တောင်တန်းကြီးက မိုးသာတိမ်လိပ်များနှင့် ရောနေသည်။ ဤတောင်တန်းကြီး၏ တစ်နေရာတွင်ရှိသော တောင်အထွဋ်ထက်မှ ကြုံကြိုက်သူတို့သာ ဖူးတွေ့ခဲ့ ရသည့် ရွှေစေတီထံပါးသို့ ဦးခေမာ ရောက်သွားလေပြီလား။
တကယ်သူတော်ကောင်း အစစ်အမှန်ဆိုရင် သီလသမာဓိ တန်ခိုးကြောင့် ဒီတောတောင်ထဲမှာ ရှိတဲ့ သတ္တ၀ါတွေက ဘယ်လိုမှ ဘေးရန်မပြုနိုင်ပါဘူး၊ သူတော်ကောင်းတရားမရှိတဲ့ သူယုတ်မာ လူဆိုးတွေ ကိုသာ သတ္တ၀ါတွေက ဘေးရန်ပြုတတ်ပါတယ်။
အဘိုးတေဇ မိုက်မဲစဉ်အခါ အသက်ကိုလုပြီး ပြေးလာခဲ့သည့် အချိန်တွင် အိပ်မက်လိုလို အဟုတ်လိုလို ကြားခဲ့ရဖူးသော အသံအတိုင်း ဆိုလျှင် ဦးခေမာ အဖို့တော့ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းနေပေလိမ့် မည်။ သီလသမာဓိကို ပျစ်စိးညှိုးမှိန်ခါ ၀ဲသြဃ သံသရာထဲသို့ ဆွဲနှစ်မည့် ပုဂ္ဂိုလ်များရန်မှ ဦးခေမာ ကင်းဝေး သွားပေပြီ။
မိုးသက်လေနှင့် မိုးပေါက်တွေက ကျလာသည်။ မိုးပေါက်နှင့် အပြိုင်ဝင် မစပယ်၏ လှပကြည်လင်သော မျက်လုံးထဲမှ မျက်ရည်များက တလိမ့်လိမ့် စီးကျလာသည်။ မစပယ်သည် ကြေကွဲလွမ်းဆွတ်လှသော စိတ်ဖြင့် မြစ်၏ဟိုဘက်ကမ်းရှိ တောအုပ်တောင်တန်းများကို မျှော်ကြည့်လိုက်သည်။ ဤအချန်အခါဆို လျှင် ရဟန်းတော်ဦးခေမာသည် တောအုပ်တောင်တန်းအတွင်း တစ်နေရာမှာ ဆိတ်ငြိမ်စွာ ကမ္မဋ္ဌာန်းကို အာရုံပြုနေပေလိမ့်မည်ဟု မစပယ်ကတွေးရင်း အင်ကြင်းပင်အောက်မှာ ရိုသေစွာ နေရာပြင်ထိုင်၍ မြစ်တစ်ဘက်ကမ်း တောအုပ်တောင်တန်း အတွင်းရှိ ဦးခေမာကို ရည်ရွယ်ခါ ရိုးသေစွာ ရှိခိုးကန်တော့ လိုက်ရှာသည်။
"စိတ်ရိုင်းစိတ်မိုက်ကို မွေးမိတဲ့ တပည့်တော်ကို ခွင့်လွှတ်တော် မူပါဘုရား၊ ကြောက်စရာကောင်းလှ တဲ့ဒီမြစ်ကို အောင်မြင်စွာ ကူးမြောက်နိုင်သလို အရှင်ဘုရားအဖို့ နိဗ္ဗူတာခေမာသောင်ကမ်းကို အနှောင့်အယှက်မရှိ တက်လှမ်းနိုင်ပါစေလို့ တပည့်တော် ဆုတောင်းပါတယ် ဘုရား"
ကြေကွဲလှိုက်လှဲစွာ ထွက်ပေါ်လာသော မစပယ်၏ နောင်တသံဝေဂအသံသည် မြစ်ယံအထက်မှာ တိုက်ခတ် နေသော မိုးသက်လေနှင့်အတူ လွင့်ပါခါ မြစ်တစ်ဘက်ကမ်း တောအုပ်တောင်တန်း တစ်နေရာ မှာ ဆိတ်ငြိမ်စွာ သီတင်းသုံးနေမည်ဖြစ်သော ရဟန်းတော် ဦးခေမာထံပါးသိကြားစေ ခြင်းဖြင့် သနား ခွင့်လွှတ် နိုင်မည် ဖြစ်ပေသတည်း
ပြီးပါပြီ

.
6 comments:
အသစ်တင်မလားလို့ စောင့်နေတာ။ တင်တင်ချင်း လာဖတ်ပြီးသွားပြီ မရွှေစင်ရေ။ ကျေးဇူးပါပဲ။
လတ်စသတ်တော့ အဖေရော သမီးရော အလိုတူအလိုပါ နှာဘူးမိသားစုကိုး။
ဘုန်းကြီးဝတ်လာတဲ့ ဝန်ထောက်၊ သူဌေးမကြီးရဲ့ အမွေစားအမွေခံ တစ်ဦးတည်းသော သားမှန်း သိလို့ သူ့သမီး နှာဘူးသွားသွားထနေတာ မတားဘူးဆိုတော့ တော်တော် အကွက်မြင်တတ်တဲ့ အဖေပဲ။
ဒီလို သာသနာဖျက်တွေတော့ ရွံတယ်။
လာဖတ်သွားတယ်။ ကျေးဇူးတင်ပါတယ် မရွှေဇင်ဦး။ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ။
ဇာတ်သိမ်းဖတ်ပြီး ကျေနပ်လိုက်တာ မရွှေစင်ရယ်....
sdl
ုဘုန်းကြီးဆိုတာ ဒီလိုပဲဖြစ်နေရမယ်လေ...
ဇာတ်သိမ်းကိုကျေနပ်တယ်။
အပြင်ကတကဲ့လက်တွေ့မှာလဲ ဘုန်းကြီးတိုင်း သမာဓိခိုင်ခိုင်ထားနိုင်ပါစေ။။
အဲလိုသာသနာဖျက်မတွေလဲ နည်းပါးပါစေလို့ဆုတောင်းမိတယ် အမရေ..။
မြတ်နိုး
အဲဒီလို အရင်တုန်းက စာလေးတွေ ပြန်ရှာပြီး တင်ပေးတာ ကျေးဇူးပဲ မမရွှေဇင်ရေ.. ဝတ္တုတစ်ပုဒ်ဆို ဇာတ်သိမ်းတင်မှ အစကနေ ပြန်ဖတ်တာ.. :D
Post a Comment