Showing posts with label ဟိန်းလတ် ဘာသာပြန် ငမဲ. Show all posts
Showing posts with label ဟိန်းလတ် ဘာသာပြန် ငမဲ. Show all posts

Friday, July 13, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂၂)

ကျွန်တော်တို့ အိပ်ခန်းထဲသို့ ဝင်သွားသောအခါ သူသည် မျက်နှာကျက်ကို မော့ကြည့်ရင်းနှင့် ကုတင် ပေါ်တွင် လှဲနေရှာသည်။ ရစ်ချက် ၏စောင်လေးကို သူ့ရင်ပေါ်တွင် လွှမ်းခြုံထား၏။
"လီလီယန်၊ မောင် စကားလာပြောနိုင်လားဟင်" ကျွန်တော်က သူ့ကို ထိလိုက်သည်။ သူက တစ်ဖက် သို့ လှည့် သွား၏။ "ဒီမှာ လီလီယန်၊ သူဟာလည်း မောင့်သား အရင်းခေါက်ခေါက်ပါပဲကွယ်၊ ဒါကြောင့် မင်းရဲ့ ပူဆွေးမှု လေးတွေ ကို မောင်လည်း ဝေမျှ ခံစားပါရစေနော်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့ကွယ်" သူက ကျွန်တော့် ကို မော့ကြည့်ကာ ကျွန်တော့်လက်များကို လာဆုပ်သည်။ "မင်း မှတ်မိသေးတယ် မဟုတ်လား၊ မောင်တော့ ဂျက်ဆင်မှာ အသတ်ခံရတော့မလို့ ထင်နေခဲ့တာကို လေ" "မှတ်မိပါတယ် မောင်"
ကို ဆက်ဖတ်ရန်............

"ဒါကြောင့် မောင် ပြောခဲ့ မှာခဲ့ တယ်မဟုတ်လား၊ ကလေးတွေ မောင့်ကို မမုန်းအောင်၊ အထင်မလွဲရ လေအောင် ဆိုပြီးလေ။ နောက်တော့ ရစ်ချက်လေး ကိုလည်း ပထမဆုံးအကြိမ် မောင် ချီခဲ့တယ်၊ ဖက်ခဲ့ တယ်၊ နမ်းခဲ့တယ်၊ သူနဲ့  ကစားခဲ့တယ်" "ဟုတ်ပါတယ် မောင်" "မောင် သူ့ကို နမ်းပြီး ပြောလိုက်တယ်၊ ဖေဖေတော့ သားအတွက် ပိုကောင်းတဲ့ ကမ္ဘာသစ်တစ်ခုကို တည်ထောင်ပေးဖို့ ကြိုးစားနေပြီလို့။ အဲဒီအချိန်မှာ သားလေးရဲ့ကမ္ဘာ ဟာ နောက်ထပ် နာရီပိုင်း လောက်သာ ကျန်တော့မယ် ဆိုတာတော့ မသိခဲ့ဘူးပေါ့ကွယ်၊ ဟုတ်တယ် မဟုတ်လား"

"ဟုတ်ကဲ့"
"အချစ်ရယ်... မောင် ဒီကနေထွက်ပြီး မနေ့ညက မစ္စစ်စီပီကို သွားခဲ့တယ်၊ အဲဒီမှာ မောင် အသတ်ခံရ ဖို့ သိပ် လွယ်တာ ကို မောင် သိတယ်၊ မောင် အသတ်ခံရတော့မှာဆိုတာလဲ သိနေခဲ့တယ်၊ ဒါပေမဲ့ မင်း သိတယ်မဟုတ် လား၊ အဲဒီအချိန်မှာ မင်းပဲ နေမကောင်းဖြစ်ဖြစ်၊ ရစ်ချတ်လေး ပဲ နေမကောင်းဖြစ်ဖြစ်၊ မောင် ပြန်လာဖို့ ခေါ်ရင် မောင်တော့ ပြန်လာတော့မှာ မဟုတ်ဘူးကွယ် မှန်တယ် မဟုတ်လားဟင်"
"ဟုတ်ကဲ့" "မနှစ်တုန်းက မှတ်မိသေးလား၊ မင်း ကိုယ်ဝန်လျောကျပြီး နယူးအော်လင်းမှာ ဒုက္ခရောက်တုန်း ကလေ၊ မင်းကို အိမ်ထဲကနေ တွန်းလှည်းလေးနဲ့တွန်းထုတ်နေတုန်းမှာ မောင်က ချက်လက်မှတ်အလွတ်တစ် ရွက် ပဲ မင်း လက်ထဲထည့်ပေးနိုင်ခဲ့တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ မောင့်မှာက လေယာဉ်ကိုအမှီပြေး ရဦးမှာ ကိုး။ ဒီနေ့လည်း မောင် တောင်ပိုင်း က အသက်အန္တရယ်နဲ့ ကြုံရခါနီး အခု လွတ်လာပြန်ပြီလေ၊ ဟုတ်တယ် မဟုတ်လား ဟင်"

"ဟုတ်ကဲ့ မောင်၊ ဒါတွေကို ကျွန်မ သိပါတယ်"
"ကောင်းပြီ အချစ်ရေ... ခုလဲ ဒီနေ့သာ မောင် တောင်ပိုင်းက ဒီကိုပြန်မရောက်နိုင်ခဲ့ရင် မောင် အသတ် ခံချင် ခံနေရမှာ ပဲ မဟုတ်လား" "ဟင့်အင်း၊ ဒီလိုတော့ မဟုတ်နိုင်ပါဘူးလေ"
"ဒါကို ဘယ်လိုလုပ်သိလဲဟင်၊ ဒီလို မဖြစ်နိုင်ပါဘူးလို့ စိတ်ထဲ ထင်နေတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"မင်းသိတဲ့အတိုင်းပဲ၊ မောင်တို့အလုပ်က ဘုရားသခင်ရဲ့အလုပ်ပဲ ဖြစ်မှာပေါ့နော်၊ ဒါကြောင့် မောင့်အ သက်ကို ကယ်တင်ဖို့အတွက် သားလေးအသက်ကို အစားထိုးနှုတ်ယူသွားတာ ဖြစ်မှာပေါ့၊ ဘုရားသခင် အနေနဲ့ ဒါတွေ လုပ်နိုင်တယ်ဆိုတာ မင်း ယုံရဲ့လားဟင်"

"ယုံပါတယ် မောင်"
ထို့နောက် ကျွန်တော်က သူ့လက်ကို နာနာဖိဆုပ်လိုက်ပါသည်။ ကျွန်တော့်ဘဝ တစ်သက်တာတွင် တစ်ခါမျှ မလုပ်ခဲ့ဖူးသော ထူးခြားသည့် အရာတစ်ခုကို ကျွန်တော် လုပ်တော့ရန် ကြံလိုက်ပါသည်။ ကျွန်တော်က သူ့လက်ကလေးကို ကိုင်ပြီး သူ့ကိုစိုက်ကြည့်လိုက်ပါသည်။
"ကဲ ဘုရားသခင်ကို မေ့ထားလိုက်စမ်းပါဦး။ မောင်က မင်းကို တစ်ခုခု ဖြေခိုင်းတော့မယ်နော်"
"ဘာဆိုလိုတာလဲ မောင်ရယ်"
"မင်းအနေနဲ့ တစ်ခုခု ဆုံးဖြတ်ရတော့မယ်လေ၊ ဘုရားသခင်ကို မေ့ထားလိုက်။ ဒီမနက်မှာ မောင် အသတ်ခံရ လိမ့်မယ်၊ ဒါကို ကာကွယ်ဖို့ရာလည်း ရစ်ချက်ကလေးရဲ့အသက်နဲ့လဲမှ ရမယ်ဆိုတာသိရင် မင်း ဘယ်သူ့အသက် ကို အရင်ရွေးယူမှာလဲဟင်"

ကျွန်တော် သူ့ဘေး တွင် ဒူးထောက် ထိုင်လိုက်ပါသည်။ ထို့နောက် လူသားစင်စစ်မျက်နှာနှင့် မတူ လောက်အောင် ပင် ပျက်ယွင်းရှုံ့မဲ့နေသော မိန်းမ၏မျက်နှာကို ကြည့်နေလိုက်ပါသည်။ မျက်နှာရှိ အပေါက်နှစ်ပေါက်ဖြစ်သော မျက်လုံးများမှနေ၍ ကျွန်တော့်အား မုန်းတီးမှုများ အပြည့်ပစ်လွှတ်နေ သည်။ သူ့က တွန့်လိမ် ကုန်းထ လာသည်။ ကျွန်တော်က သူ့ကို ခုတင်ပေါ်ပြန်လှဲချပြီး အော်ပစ်လိုက် သည်။
"ဘုရားကို အသာထားလိုက်စမ်း၊ မင်းတစ်ခုခုကို ဆုံးဖြတ်ရတော့မယ်၊ ဆုံးဖြတ်စမ်း၊ ငါ့ကိုလား၊ ရစ်ချက် လေး ကိုလား၊ ရစ်ချက်လေးလား၊ ငါ့ကိုလား"
သူကလည်း တွန့်လိမ်ရုန်းထွက်ကာ အော်ဟစ်နေသည်။ ကျွန်တော့်ကိုလည်း ကန်ကျောက်နေသည်။ ထို့နောက် ရုတ်တရက် ပင် ငြိမ်ကျသွားပြန်သည်။ ပထမဆုံးအကြိမ်ပင် သူ့မျက်လုံးများသည် ကြည်လင် လာသည်။ ခန္ဓာကိုယ် မှ လျောကျသွားသည်။ ပါးပြင်ပေါ်သို့ကား မျက်ရည်စီးကြောင်းများ လိမ့်ဆင်းလာ သည်။

"ရစ်ချတ် ကလေး အသက်ကိုပဲ ရွေးမယ်" ဟု ပြောလိုက်လေသည်။
အသုဘ အခမ်းအနားပြီးသောအခါ ကျွန်တော်နှင့် "ဂျင်မ်ဆင်ဒါးစ်"တို့သည် "ဂျက်ဆင်" သို့ ပြန်သွားကြ သည်။ တစ်လမ်းလုံး ပင် ပူဆွေးဝမ်းနည်းနေသော မိန်းမတစ်ယောက်၊ သားဆုံးသဖြင့် ယူကြုံးမရဖြစ်နေ သော မိခင်တစ်ဦး အပေါ်တွင် ကျွန်တော်လုပ်ခဲ့သော လုပ်ရပ်များမှာ တရားမျှတမှု ရှိမရှိ စဉ်းစားကြည့် နေမိသည်။ ထပ်တလဲလဲ ပင် သေခြင်းတရားကို ဆင်ခြင်ကြည့်မိ၏။ ကျွန်တော်၏သေဆုံးခြင်း၊ ကျွန် တော့် အနိစ္စနှင့် စစ်မြေပြင် မှ စစ်သားတစ်ဦးကဲ့သို့မဟုတ်ဘဲ အကောင်းပကတိမှ ချုပ်ငြိမ်းပျက်ယွင်း သွားရှာသော ကလေးတစ်ဦး၏ အနိစ္စ။

သို့နှင့် မစ္စစ်စီပီသို့ ရောက်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ကြာရှည်မနေကြ။ ဆန္ဒပြပွဲများမှာ အခြေအနေ များ မကောင်းလှ။ ကလေးများလည်း ဆန္ဒပြပွဲများတွင် ပါဝင်လာလေရာ သူတို့ကို အုပ်ထိန်းသူမိဘများ ၏ သဘောတူခွင့်ပြုချက်များ ပြန်ယူခိုင်းရ၏။ လမ်းတွင် နီဂရိုးလူလွတ်နှစ်ဦး လမ်းလျှောက်နေကြသည် ကို တွေ့လိုက် ရသည်။ တစ်ဦးမှာ စစ်သားဖြစ်သည်။ သူတို့သည် ဆန္ဒပြပွဲတွင် မပါဝင်ခဲ့ကြ။ သူတို့ကို ဘာကြောင့် ဆန္ဒမပြကြသလဲဟု ကျွန်တော်က မေးကြည့်သည်။ ရဲဘော်လေးက သူသည် စစ်သားတစ် ဦးဖြစ်သောကြောင့် မပါဝင်နိုင်ပါဟု ဆိုသည်။ ကောင်းပြီ။ သူ၏စစ်တပ်ပင် ကမ္ဘာအနှံ့ လျှောက်လည်ပြီး နိုင်ငံခြားသားများ၏အခွင့်အရေးများကို လိုက်လံချုပ်နှောင်နေသည်ဟု ကျွန်တော် က ပြော လိုက်သည်။

သူ့မိတ်ဆွေကမူ သူ ဆန္ဒပြပွဲထဲ မပါဝင်ခြင်းမှာ သူသည် သိပ်ကြမ်းရမ်းပြီး စိတ်ကြမ်းကိုယ်ကြမ်းရှိတတ် ၍ ဖြစ်သည်ဟု ဆိုသည်။ အသားအရောင် ခွဲခြားမှု တံခါးချပ်များ ပွင့်သွားပြီး သူတို့က ပထမဆုံး နီဂရိုး စုံ ထောက်များခန့်ရန် စီစဉ်လျှင်ကား၊ သင်သည် စိတ်ကြမ်းကိုယ်ကြမ်းရှိသူဆိုကာ ထိုအလုပ်ကို မယူပဲ ငြင်းဆန်နေမည်လောဟု ကျွန်တော်က မေးလိုက်သည်။ သူတို့နှစ်ဦးစလုံးပင် ဆန္ဒပြပွဲတွင်ပါဝင်မည်ဟု ကတိပေးကြတော့သည်။

"လယ်နာဟော့န်း" စကားပြောသောအခါ ပြည်သူတို့ သဘောကျကြသည်။ သူသည် ပြည်သူတို့ ကောင်းကျိုးကို အတော်များများ ဆောင်ကြဉ်းပေး၏။ "ကျုပ်လည်း ခင်ဗျားတို့နဲ့ အတူရှိတယ်" ဟူသော စကားမှာ တက်ကြွဖွယ်ရာ။ အထူးသဖြင့် ဘုရားရှိခိုးကျောင်းများက နိုးထရန် ကြောက်ရွံ့နေကြသော ယခုလို ဒေသမျိုးတွင် သူ့စကားများသည် ပို၍တာသွား၏။

ကျွန်တော်ကမူ "မက်ဂါအဲဗားစ်" ကို ပြောလိုက်မိသည်။ "ဂျက်ဆင်" ၏အခြေအနေမှာ သိပ်မကောင်း။ ဆိုးဆိုးရွားရွား တစ်ခုခုတော့ ဖြစ်လာတော့မည်။ အခြေအနေများမှာ တစ်ခုခု မှားနေပြီဟု ပြောလိုက် သည် ဘာတွေ မှားနေပြီဆိုသည်ကိုကား ကျွန်တော် မသိ။ ကျွန်တော် ကြိုတင်ကာကွယ် လုပ်ဆောင်ပေး နိုင်သည် ကလည်းမရှိ။ "မက်ဂါ"ကလည်း သူလည်း ဤသို့ပင် ထင်နေပါသည်ဟု ပြောသံကို ကျွန်တော် မှတ်မိနေ ခဲ့သည်။ ကျွန်တော်ကမူ ဤနေရာမှ ထွက်ခွာသွားရသည့်အတွက် ဝမ်းနည်းပါကြောင်း ပြော လိုကသ်ည်။ ကျွန်တော့်ကို ဘယ်အချိန် ပြန်ခေါ်ခေါ် ကျွန်တော် လာမည်မှန်းကိုကား သူသိသည်။ အချိန်မရွေး။ သူခေါ် လျှင် ကျွန်တော် လာခဲ့ပါမည်။ သူ သိပါသည်။

"ဆန်ဖရန်စစ္စကို" သို့ ပြန်ခဲ့ကြသည်။ "ဟန်းဂရီးအိုင်ကလပ်" တွင် အလုပ်ပြန်စလုပ်သည်။ ပိုင်ရှင်ကား တစ်ဝက်တန်းလန်း တွင် ကျွန်တော် ထွက်ခွာသွားခဲ့ရခြင်းတွင် တောင်းပန်လိုက်သည်။ သို့သော် လူရွှင် တော် အနေနှင့် ရပ်တည်နိုင်သမျှ ကာလပတ်လုံး သူ့ထံလာရောက် ဖျော်ဖြေပေးမည်ဟုလည်း ကတိ ပေးလိုက်၏။
ပထမနှစ်ညတွင် ကျွန်တော့်စိတ်မှာ အလုပ်ထဲတွင်ပင် ရှိပါသေးသလားဟုပင် တွေးမိသည်။ စိတ်မှာ လီလီယန်တို့၊ မက်ဂါတို့၊ ရစ်ချက်လေးတို့ထံတွင်ပင် ရောက်နေသည်။

ဆန်ဖရန်စစ္စကိုတွင် ယခင်အပတ်ကရှိနေတုန်းက သေခြင်းအတိတ်နိမိတ်ကို စဉ်းစားမိသည့်အကြောင်း ကိုလည်း နားမလည်နိုင်အောင်ပင် ဖြစ်နေရသည်။ ထိုစဉ်က တစ်ယောက်ယောက်သေတော့မည်ကိုပင် စိတ်ထဲမှ တပ်အပ် သိရှိခံစားနေခဲ့ရသည်။ ဤသူမှာ ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်မည်ဟု ထင်နေခဲ့၏။ သို့သော် ကျွန်တော် မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် အကောင်းဆုံးကလေးဆေးရုံမှ ငွေနဲ့ကြေးနဲ့၊ အချစ်မေတ္တာနဲ့ ဂရုတစိုက် ပိုးမွေး သလို မွေးလာသော ကလေးတစ်ဦးသာ သေဆုံးခဲ့ရသည်။
သို့သော် ဤမျှနှင့်ပင် မပြီးသေးပါ။ ဒုတိယည ဖျော်ဖြေပွဲတွင် ကပြဖျော်ဖြေနေစဉ် "မက်ဂါအဲဗားစ်" တစ်ယောက် အသတ်ခံ လိုက်ရကြောင်း ကြားသိခဲ့ရပြန်လေသည်။

(၄)

"ဂျက်ဆင်" မြို့တွင် "မက်ဂါအဲဗားစ်" ၏ရုပ်ကလာပ်နောက်မှ ကျွန်တော်တို့ လိုက်လံပို့ဆောင်ခဲ့ကြ သည်။ အသုဘပို့သူများ မှာ များပြားလွန်းလှ၍ လူတန်းကြီးသည် ပုရွတ်အိတ်တန်းကြီးပမာပင် ဆန့် ထွက်ရှည်လျားနေ သည်။ သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များ၊ အသားမည်း၊ အသားလတ်၊ အသားဖြူများ၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့်၊ ဆံပင်ရှုပ်ပွပွများတို့သည် လမ်းလျှောက်ပို့ဆောင်လာကြ သည်။
ဘုရားသခင်ထံသို့ တပ်တောင်တာ ဗိုလ်ထုချီပြီး လူစုံတက်စုံ ချီတက်သွားကြသည်သို့ပင်။ လမ်းထောင့် တစ်ခု အရောက်တွင် တစ်ချိန်က "မက်ဂါ"အား တိုက်ခိုက် နှောင့်ယှက်ခဲ့ကြသော လူဖြူပုလိပ်များသည် ပင် ယခု အသုဘ တွင် လမ်းရှင်းတာဝန်ကို ထမ်းဆောင်နေကြသည်။ သူတို့သည် လက်အိတ်ဖြူများကို ဝတ်ကာ ထိုလက်အိတ် များဖြင့် လူဖြူကားများကို ရပ်ခိုင်းနေကြသည်။ "မက်ဂါအဲဗားစ်" လာနေပြီ။ လူ ဖြူကားများ ရပ်ကြလော့။ လူဖြူများသည် ကားပေါ်တွင် ထိုင်ပြီး အသုဘအခမ်းအနားကို ကြည့်နေကြ သည်။

ထိုလူဖြူများသည် အမှန်တရားအတွက် တိုက်ပွဲဝင်နေစဉ်ကလည်း သူတို့ပါးစပ်မှ စကားတစ်လုံး မထွက်ခဲ့။ ထိုသူ သည် သူ့အိမ်ရှေ့၌ပင် နောက်ကျောသေနတ်အပစ်ခံရပြီး ကျဆုံးသွားသောအခါ၌ လည်း ပါးစပ်မှ စကားမှ မထွက်ခဲ့ကြ။ သို့သော် ထိုသူ၏ အသုဘအခမ်းအနားသို့ သူကားပေါ်မှ မြင်လိုက်ရသောအခါ၌ကား အတော်ထိတ်လန့်သွားတော့သည်။ အမှန်တရား၊ သစ္စာတရား၊ တရား မျှတမှုများတို့ကို သေနတ်ဖြင့် ပစ်တတ်လေလေ၊ အမှန်တရား၊ သစ္စာတရား၊ တရားမျှတမှုများသည် ပို၍ ရှင်သန်ထွန်းလားလာလေလေ ဆိုသည်ကို သူမြင်တွေ့လိုက်ရသောအခါ ပို၍ ထိတ်လန့်သွားတော့ မည်ဖြစ်သည်။
ထိုနေ့က အတော်ပူသည်။ အပူချိန် တစ်ရာ ဒီဂရီကျော်သည်။ ကျွန်တော်တစ်ကိုယ်လုံး ရေချိုးထာသလို ပင် ချွေးများဖြင့် ရွှဲနေသည်။ လက်ကိုင်ပုဝါကို ထုန်ပြီး ညှစ်ချလိုက်သောအခါ ရေများ တောက်တောက် ကျလာ၏။

သတင်းထောက်များ ကလည်း ပလူပျံနေကြသည်။ "လိုက်ဖ်"မဂ္ဂဇင်းမှ ဓာတ်ပုံဆရာတစ်ဦးသည် "မက်ဂါ" ၏ ခေါင်းပေါ် မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်သောအခါ၌ကား လူတိုင်းလိုလိုပင် အနည်းနှင့်အများ ဆို သလို အောင့်သက်သက် ဖြစ်သွားကြရ၏။ ကျွန်တော်လည်း ထိုနည်းတူပင် ခံစားလိုက်ရသည်။ သို့ သော် ဓာတ်ပုံ ထွက်လာ၍ မြင်လိုက်ရသောအခါ၌ကား။ "မစ္စတာမက်ဂါအဲဗားစ်"၏ မျက်နှာပေါ်မှ မျက် ရည်စီးကြောင်းလေး တစ်ကြောင်း ကျဆင်းနေသည်ကို ပင်ပါအောင် ရိုက်နိုင်ခဲ့သော ထိုဓာတ်ပုံဆရာကို အပြစ် မတင်နိုင်တော့ပြီ။ ခေါင်းပေါ် တက်ရပ်ပြီး ရိုက်ရုံမက ခေါင်းထဲဝင်၍ပင် ရိုက်ပါစေ၊ သူ့ကို ခွင့်လွတ် နိုင်ပေပြီ။

"ဂျင်မ်ဆင်းဒါးစ်"နှင့် ကျွန်တော်သည် "ဆန်ဖရန်စစ္စကို" သို့ ပြန်ပြီး ထိုညက "ဟန်းဂရီးအိုင်" ကလပ် သို့ သွားကြ သည်။ ထိုညက ကျွန်တော်ဟာသများသည် ပြောင်မြောက်လွန်းလှသည်။ အလွန်ရယ်ရသည် ဟု "ဂျမ်" က ပြောသည်။ ကျွန်တော်က ပြောပြလိုက်ရသည်။
"လူတစ်ယောက် ဟာ သူ့အရည်အသွေးတွေကို ရောင်းလိုက်လျှင် သူဟာ ဖာသည်ဖြစ်သွားပြီ။ ဖာသည် ဖြစ်သွားတဲ့နောက်တော့ ဖောက်သည်တွေ လုပ်ခိုင်းသလို လုပ်ရတော့တာပဲပေါ့"
ကျွန်တော် ထိုညက ရယ်စရာကောင်းခဲ့ပါသည်။

"မက်ဂ့အဲဗားစ်"၏ အသုဘပြီး နောက်တစ်ပတ်တွင် နွေရာသီ စတော့၏။ အမေရိကန် အားကစားအဖွဲ့ သည် အမျိုးသားပြေးခုန်ပစ် လက်ရွေးစင်များကို ရွေးကာ မော်စကိုတွင် ရုရှားအသင်းနှင့် ယှဉ်ပြိုင်နိုင် ရန် ပြင်ဆင်နေ၏။ ကျွန်တော် နီဂရိုးအားကစားသမားများအား မော်စကိုပြိုင်ပွဲအား သပိတ်မှောက်ရန် ပြော၏။ ပြိုင်ပွဲရှုံးတာထက် ပိုပြီး စိတ်ကျဉ်းကျပ် အနှောက်အယှက် ဖြစ်စေမည်ဟု ကျွန်တော်က ပြောပြ သည်။ သို့သော် သူတို့က နားမလည်ကြ။

ကျွန်တော်သူတို့နှင့် စကားပြော၏။ ဆွေးနွေး၏။ လမ်းထောင့်ချိုးများတွင်ရပ်ပြီး လက်ကမ်းစာစောင်များ ဝေ၏။ သူတို့မကြားကြားအောင် အော်ပြောခဲ့သည်။ အမေရိကန်နီဂရိုးတ်စယောက်ဟာ မော်စကိုကို သွားပြီးတောင် ရန်သူနယ်မြေ မှာ စုပေါင်းပြေးပွဲ ဝင်နိုင်ပါသေးရက်ကနဲ့၊ ကိုယ့်ပြည် ကိုယ့်မြေက တစ်ချို့ ပြည်နယ်တွေကျတော့ ဘာဖြစ်လို့ စုပေါင်းမပြေးနိုင်ကြတာလဲ။ အဲဒီအချက်ကို မကျေနပ်ရင် ချိုးဖောက် ဆန္ဒပြရမယ်။ မိမိနိုင်ငံ ဂုဏ်ဆောင်ဖို့အတွက် တစ်ခြားနိုင်ငံများ သွားပြေးရတော့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံကို ကယ်တင်ဖို့ အခွင့်အလမ်းလည်း သင်တို့ဆီမှာ ရှိနေကြတယ်။ သူတို့ကို ပြောသော်လည်းမရ။ သူတို့မှာ ငယ်ရွယ်ကြသေး သည်။

သူတို့က ထိုအချက်ကို တစ်ခြား နိုင်ငံများအား မသိစေချင်။ နိုင်ငံတကာအဆင့်တွင် ထိုအချက်ကို ချမပြလိုကြ။ အကယ်၍"ကရုရော့ဖ်" သည် သူ၏ ရုရှအပြေးအဖွဲ့နှင့်အတူ ကျွန်တော်တို့နိုင်ငံသို့လာပြီး၊ "နယူးအော်လင်း" ပြည်နယ်တွင် အပြေးပြိုင်လိုသည်ဟု တောင်းဆိုပါက ကျွန်တော်တို့ ထိုအပြေးပွဲတွင် ရှုံးမည် မုချ။ အဘယ့်ကြောင့် ဆိုသော် ထိုနယ်တွင် နီဂရိုးများ ယှဉ်ပြိုင်ခွင့်မရှိ၍ စိန့်လူဝီပြိုင်ပွဲမှ နေ၍ စိတ်ဓာတ် ကျဆင်းကာ မကျေ မနပ်ဖြင့် ပြန်ခဲ့ရပါသည်။ ထိုအားကစားသမားများသည်။ အမှန်တရားကို အဖတ်ဆယ်နိုင်ခွင့် ရှိသည်။ သူတို့သည် ဤနိုင်ငံအား အိမ်တွင် အမှိုက်လှဲသလို သန့်စင်ပစ်ရန် ဖြစ်သည်။ သို့သော် သူတို့က ထိုတာဝန် ကို မထမ်းဆောင်ကြ။ ထို့ကြောင့်ဤနိုင်ငံလည်း အမှိုက်သရိုက်အချို့ကို ကော်ဇောအောက် သို့ သာ လှဲသွင်းလိုက်တော့သည်။ အိမ်တစ်ဘက်စွန်းတွင် မီးလောင်နေသည်ကို လှည့်မကြည့်တော့ ပေ။

စိန့်လူဝီတွင် မအောင်မြင်ခဲ့ပြီးနောက်၊ လီလီယန်နှင့်ကလေးများကို ခေါ်၍ "ဟိုနိုလူလူ"သို့ အပျော်ခရီး ထွက်ခဲ့ကြ သည်။ ကျွန်တော် ကောင်းကောင်းအနားယူခဲ့သည်။ ဖြေဖျော်ပွဲအချို့နှင့် ရေဒီယိုအချို့ စီစဉ် ကပြခဲ့သည်။
"ရှိကာဂို"သို့ ပြန်ရောက်သောအခါ စာတစ်စောင်က ကျွန်တော့်အား စောင့်ကြိုနေသည်။ ထိုစာကြောင့် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရပါသည်။ ကျွန်တော့်အား အမေရိကန်ပြည်၏ ထိတ်တန်းပုဂ္ဂိုလ်များ စာအုပ်တွင် ထည့်သွင်းဖော်ပြထားကြောင်း အကြောင်းကြားစာ။

ထိုအတွက်ကြောင့်ပင် လူများစွာတို့သည် သူတို့၏ အသက်များကို စွန့်လွတ်ပြီး၊ ဤတိုင်းပြည်အား ဖျက်ဆီး လှိုက်စားနေသည့် "မုန်းတီးမှု"ကင်ဆာရောဂါကြီးမှ ကယ်တင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်း။ သူတစ်ပါး၏ ကယ်ဆယ်ထောက်ပံ့မှုဖြင့် မွေးဖွားကြီးပြင်းလာခဲ့ရသော နီဂရိုးတစ်ယောက်သည် "ထိပ်တန်းပုဂ္ဂိုလ်များစာအုပ်" တွင် ထည့်သွင်းဖော်ပြခြင်း ခံရသည်မှာ ဆန်း၏။ ၁၉၅၂ ခုနှစ်တုန်းက လူမှုအပယ်ခံကျွန်တော်သည် ၁၉၆၃ တွင် အကျော်ကြာ ဆုံး လူသားစာရင်းတွင် ပါဝင်နိုင်ခဲ့ချေပြီ။ အမေရိကတွင် သူ၏ အပြစ်များ ဆိုးရွားမှုများနှင့် အတူ ကောင်းကွက်လေး တစ်ချို့တစ်လေလည်း ရှိနေပါသေး သည်။ တောအုပ်ကြား မှ ဖြတ်ပြေးပြီး နေကို မြင်ရသော အခါမျိုးလည်း ရှိပါသည်။

သို့သော် ထိုနေမှာ တက်နေလား၊ ကျနေလား ဆိုသည်ကိုမူ ကျွန်တော်တို့မသိ။
ကျွန်တော်သည် ဧည့်ခန်းထဲမှ ကွပ်ပျစ်ပေါ်တွင် လဲလျောင်းရင်းနှင့် ထိုအကြောင်းကြားစာလေးကို တစ်ကြော့ ဖတ်သည်။ နောက်ထပ်တစ်ကြော့ ပြန်ဖတ်သည်။ တစ်ကျော့ပြီးတစ်ကျော့။ ထို့နောက် ငိုမိ သည်။ ထို့နောက် ကြက်သီးဖျန်းဖျန်း ထသည်။ ထို့နောက် ခွန်အား ပြည့်ဝလာသည်။ ရေဒီယို ဖွင့်လိုက် သောအခါ ရှိကာဂို တွင် ကျောင်းကောင်းများ ရရှိရေးအတွက် သူတို့ ဆန္ဒပြနေကြကြောင်း ကြားလိုက် သည်။ လူအချို့လည်း ဖမ်းဆီး ထားကြောင်း သိရသည်။ ဂျိမ်းစ်နှင့် လီလီယန်ကို ခေါ်ပြီး အဝတ်လဲကာ ထွက်ခဲ့၏။

ရှီကာဂိုတွင် ကျွန်တော်တို့ကို မှားယွင်းစွာ ရှေ့ဆောင်ရှေ့ရွက်ပြုမှုပြင့် ဖမ်းဆီးလိုက်သည်။ "ဘာမင်ဂန်" "ဂျယ်ဆင်"တို့နှင့် တခြားတောင်ပိုင် ပြည်နယ်များတွင် ကျွန်တော်အဖမ်းခံခဲ့ရသည်။ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှုဖြင့်။ ယခု မြောက်ပိုင်းပြည်နယ်၊ ကျွန်တော်မြို့တွင်ကား တောင်ပိုင်းပြည်နယ်များ တွင်လောက်ပင် ကျွန်တော့် သိက္ခာ၊ ကျွန်တော့်ဂုဏ်အင် မရှိတော့ပြီ။ တောင်ပိုင်းပြည်နယ်များတွင် လူများအားလုံးစုပြီး ကျပ်ကျပ် တည်းတည်း ချုပ်နှောင်ထားသည်ကလွဲလျှင် ကျွန်တော်တို့အား ဆန္ဒပြ သမားများအနေနှင့်သာ ဆက်ဆံ သဘောထားခဲ့ကြသည်။ ယခု ရှီကာဂိုတွင်ကား တရားခံ ရာဇဝင်သား များကဲ့သို့ပင် ဆက်ဆံ သဘောထားနေ သည်။ အကျီများ ချွတ်ပစ်သည်။ ပစ္စည်းများ သိမ်းသွားသည်။ အာဏာပိုင်များ ထောင်ထဲရှိလျှင် ပိုဆိုးသေး၏။ သူတို့သည် အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး ထောင်ကျသွားခဲ့သော လူကြီးလူကောင်းများကို မြင်ဖူးဟန်ပင် မတူ ဟုပင် ကျွန်တော်ထင်မိပါသည်။

အထူးသဖြင့် နီဂရိုးပုလိပ်များက မြောက်ပိုင်းပြည်နယ်များမှ လူမှုအခွင့်အရေး ဆန္ဒပြသူ နီဂရိုးနှင့် လူဖြူ များကို ဖမ်းဆီးနေသည် ကို ကြည့်ရသည်မှာကား အတော်ခံရခက်လှသည်။ သို့သော် မြောက်ပိုင်းပြည် နယ် ထောင်များ အတွင်းသို့ ရောက်သွားလျှင်မူကား သင့်အဖို့ အခံရခက်သည့် ဝေဒနာထက် ပို၍ ဆိုးသော ဝေဒနာများကို ခံစားရမည် မှာ သေချာသည်။ ကျွန်တော်သည် ယခင်က ရာဇဝတ်အကျဉ်း သားများနှင့်အတူ မနေခဲ့ဖူးပေ။ သူတို့ထောင် မှ ထွက်ပြေးကြသည်ကိုပင် ကျွန်တော် မယုံကြည်နိုင် အောင် ဖြစ်ရသည်။ အကယ်၍ သင်သည် စီးကရက် (သို့) ရှပ်အကျီ သန့်သန့်ပြန့်ပြန့် တစ်ထည်၊ အပြင် သို့ တယ်လီဖုန်းဆက်ချင်သည် စသည်ဖြင့် လိုချင်တာ လုပ်ချင်တာများရှိက အကျဉ်းသားခေါင်းထံ သွားပြောရသည်။

သူ့ထံမှတစ်ဆင့်သာ ပြုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိ၏။ "ဆောက်ဆိုက်"လမ်းမှာ ဝယ်တာ ထက် ပို၍ စစ်သော "ဟီရိုးအင်း" ကို ရှီကာဂိုထောင်ထဲမှာ ရနိုင်လေသည်။ ယခင်က မလိမ်တက်၊ မညာတတ်၊ မလှည့်ဖျားတတ်၊ မခိုးတတ် သူများပင် ထောင်ထဲရောက်က လျင်မြန်စွာပင် အဌာရသ၊ ဆယ့်ရှစ်ရပ်လုံး၊ အမြန်ဆုံး တက်လာနိုင် မည် ဖြစ်သည်။ အကျဉ်းသား တော်တော်များများပင် ဓားမြောင်များ ကိုင်ကြသည်။ သူတို့သည် ခွေးများကဲ့သို့ သူတို့၏ မိန်းမများနှင့် ပတ်သက်လာလျှင် တိုက်ခိုက်သတ်ပုတ်တတ်ကြ၏။ သူတို့၏မိန်းမများ ဆိုသည် မှာ ချောချောမောမော နုနုထွတ်ထွတ် လိင် တူစပ်ယှက်ခံရသော မိန်းမရှာလေးများပင် ဖြစ်၏။

ကျွန်တော် ဂျိမ်းစ်နှင့် လူဖြူဆန္ဒပြသမားတစ်ဦးတို့သည်လည်း ထောင်ထဲ၌ ဒုက္ခသုက္ခအချို့ ရောက် ခဲ့ကြရသေး သည်။ ပထမတွင် သူတို့သည် လူဖြူကောင်လေးကို စိုက်ပျိုးရေးခြံထဲတွင် အလုပ်လုပ်ခိုင်း ကြသည်။ ထို့ကြောင့် ဂျိမ်းစ်နှင့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ်များကို လုပ်ကိုင်ရန် ငြင်း ပယ်လိုက်ကြသည်။ ကျွန်တော် တို့မှာ ယခုထိ အပြစ်ဒဏ် ချမှတ်ခံရသေးသည် မဟုတ်။ ထို့ကြောင့် အပြစ်ဒဏ်ကျခံသူများကဲ့သို့ အလုပ်လုပ်ရန် မလိုပေ။ ဤသည်မှာ ဥပဒေအတိုင်းပင် ဖြစ်သည်။ သို့နှင့် ကျွန်တော်တို့သုံးဦးအား လူစုခွဲပြီး တစ်ယောက် စီ ခွဲချုပ်ထား လိုက်ကြသည်။
ကျွန်တော်တို့ ၏ အကျဉ်းသားခေါင်းမှာ တောင်ပိုင်းသား နီဂရိုးတစ်ဦးဖြစ်သည်။

သူသည် ဇိမ်ခေါင်း၊ ဓားပြ၊ မူးယစ်ဆေးဝါးစသည့် အမှုပေါင်းစုံဖြင့် ထောင်ကျခဲ့သူဖြစ်၏။ သို့သော် သူသည် စာ အတော် ဖတ်သူဖြစ်၏။ သူ့ဘဝတွင် အချိန်တော်တော်များများမှာ ထောင်တွင်း၌သာ ကုန်လွန်ခဲ့ရ၏။ ထောင်ထဲ တွင် တစ်နှစ်၊ အပြင်တစ်နှစ်နှင့်သာ ထောင်သံသရာလည်နေခဲ့ရ၏။ ယခုမူ တစ်သက်တစ်ကျွန်း ကျနေလေပြီ။ သူသည် ကျွန်တော်တစ်ဦးတည်း ထားရာ အခန်းသို့လာတွေ့တတ်ပြီး ကျွန်တော်တို့ လှုပ်ရှားမှုအလှအပနှင့် အမှန်တရား တို့ကို သူကောင်းစွာ သိရှိနားလည်ပါသည်ဟု ပြောတတ်သည်။ အကယ်၍ လူမှုအခွင့်အရေးသာ ညီမျှပါက သူလည်း ထောင်ပင်ကျမည် မဟုတ်ဟု ပြောသည်။ ကျွန်တော်အာူး တစ်ကိုယ်တည်း တိုက်ပိတ်ခန်းမှ ထုတ်ပေး ရန် ကြိုးစားမည်ဟုလည်း ပြောသည်။ ကျွန်တော်က သူ့ကို ကျေးဇူးတင်ကြောင်းသာ ပြောလိုက်သည်။ သူ လုပ်စွမ်းနိုင်မည်ဟု ကား မထင်မိ။

ကျွန်တော် ထောင်အကြောင်း အတော်သိခဲ့ရသည်။ ထိုနေ့ညနေ ထမင်းစားအပြီးတွင် အကျဉ်းသား ခေါင်းသည် လုံခြုံရေး အရာရှိချုပ် ထံ တက်ပြောခဲ့သည်။
"ဒီမှာ ဆရာကြီး၊ မစ္စတာဂရီဂိုရီနဲ့ သူ့အဖွဲ့ကို တိုက်ပိတ်ခန်းက ထုတ်မပေးရင်တော့ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်တော့ သေလိမ့်မယ် ဆရာကြီး" ကျွန်တော်တို့လည်း တစ်ကိုယ်တည်း တိုက်ပိတ်ခန်းမှ လွတ်တော့ ၏။

ထို့နောက် ကျွန်တော့်အား ရုံးတင်စစ်ကြသည်။ စင်စစ် ခဏတစ်ဖြုတ်သာ စစ်၍ပြီးနိုင်သော အမှုမျိုးကို တစ်နေ ကုန် စစ်နေကြသည်။ ကျွန်တော့်အနေနှင့် ပထမဆုံးအကြိမ် ရုံးတင် အစစ်ခံရဖူးခြင်းပင်။
တောင်ပိုင်းပြည်နယ်များတုန်းကမူ သူတို့ဖြင့် ထိုကဲ့သို့ မလုပ်တန်ရာဟု ထင်ခဲ့မိသည်။ ပုလိပ်များက ငမည်းစုတ် ဟု ခေါ်ကြမည်။ တရားသူကြီးများကလည်း ငမည်းစုတ်ဟု ခေါ်ကြမည်။ ထောင်မကျကျ အောင် ချကြမည်။ သို့သော် မြောက်ပိုင်း ၌မူ သင့်အား မည်သူမှ ငမည်းဟု ခေါ်ကြမည်မဟုတ်။ တရား ခွင်သည်လည်း အမှန်တရား အတိုင်း ကျင့်သုံးလိမ့်မည်။ ထိုကဲ့သို့ ထင်ခဲ့မိသည်။
သို့သော် ယခုကြုံနေရချေပြီ။ သူတို့သည် တရားခွင် အစမှအဆုံးထိ မုသားများသာ ထွက်ဆိုနေကြ သည်။ ကျွန်တော် အော်ဟစ်၍ ပင် ပစ်လိုက်မိသည်။ ရှီကာဂို ပုလိပ်တစ်ယောက်က "ဂျင်မ်ဆင်းဒါးစ်" သည် သူ့ဘက်လှည့် စကားပြော၍ သူ့ကို လက်တစ်ဖက်ထောင်ပြသည်ဟု စွပ်စွဲသည်။ နောက် တစ်ယောက်ကလည်း ဆန္ဒပြသူ များ လူစုမကွဲမချင်း ကျွန်တော်တို့ကို မဖမ်းခဲ့သေးပါဟု ကျမ်းကျိန်ပြ သည်။ ကျွန်တော်တို့အား အမှုဖွင့် တိုင်ကြားချက် မှာ ရုံးတော်သို့သာ တင်ထားသည်။ လက်မှတ်တော့ ထိုးမထား။ ထောင်ထဲ ၁၁ရက်သာ ချုပ်ထား သည့် တိုင်ချက်ကိုကား မည်သူမျှ လက်မှတ်မထိုးကြ၊ ထို့ နောက် တရားသူကြီးက အမှုစစ် ရန် ရွေ့ဆိုင်းလိုက်ပြန်သည်။ နောက်မှ လွှတ်လိုက်တော့သည်။

ထောင်မှလွတ်လျှင် "လော့စ်အင်ဂျလိစ်"သို့ သွားပြီး ညကလပ်တစ်ခုတွင် ဝင်ရောက်ဖျော်ဖြေခဲ့ သည်။ နောက်တစ်နေ့တွင် အရှေ့ဘက်သို့ လေယာဉ်ဖြင့် ပြန်ခဲ့သည်။ နွေရာသီ လှပသော နေ့ရက်များကို ဖြစ် စေသည့်နေ့၊ ပိန်းပိတ်အောင် မှောင်နေသည့် မှော်ရုံတောကြီး လင်းချင်း သာယာလာမည့်နေ့။ ကျွန်တော်တို့ ဝါရှင်တန်ကို ချီတက်ကြသောနေ့။
အောင်ပွဲနေ့။ သမိုင်းတွင် ပထမဆု့းအကြိမ် ဖြစ်ပေါ်လာမည့် ပေါ်လစီယန္တရားကြီး ဝါရှင်တန်တွင် ရပ် တန့်သွားသည့်နေ့။ နိုင်ငံတွင် အချမ်းသာဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ပြည့်တန်ဆာမကြီးတစ်ဦးက ကျွန်တော့်ထံ မှ ငွေဒေါ်လာသုံးဆယ် လာချေးသည်။ သန့်ရှင်းသော ပိုက်ဆံဖြင့် ဝါရှင်တန်သို့ သွားလို၍ ဟုဆို သည်။

လူဖြူများ ကမူ အကြမ်းဖက်မှုများကို မျှော်လင့်ကြသည်။ ကျွန်တော်တို့၏ မခွဲမပျက်တွဲဆက်ထားကြ သော လက်များ ၏ ခိုင်မြဲမှုကို သူတို့နားမလည်ကြ။ စစ်ပွဲများသည် တစ်ပတ်ကြာ နယ်ခြား ပဋိပက္ခများမှ စတင်ခဲ့သည်။ ကျွန်တော် တို့သည် ဖိနပ်အသစ်ကျပ်ချွတ်၊ အဝတ်အစား အသစ်ကျပ်ချွတ်များဝတ်လာ ကြသည်။  နိုဗယ်ဆုရှင်ရော၊ အော်စကာ ဆုရှင်များပါ ဖိတ်ကြားထားသည်။ ကျွန်တော်တို့သည် လီလီယန်ရော၊ ကလေးတွေပါ ခေါ် လာခဲ့သည်။ သူတို့ကို နှစ်ဆယ်ရာစု၏ အစိတ်အပိုင်းတစ်ရပ်ကို လက်လွတ်မခံစေချင်ပေ။

ကျွန်တော်သည် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဟိုတယ်သို့ တန်းသွားကာ အဝတ်အစားများ လဲလိုက် သည်။ အဝတ်သစ် အစားသစ်များ၊ "အိုစီဒေးဗစ်"က သူနှင့်အတူတွဲပြီး ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ရိုက်ကူး ခွင့် ပေးပါဟု လာပြောသည်။ ကျွန်တော်က ငြင်းပယ်လိုက်သည်။ လူဖြူအများစုတို့သည် ကျွန်တော်၏ ဆန္ဒပြပွဲများ တွင် ပါဝင်နေခြင်းကို သိပ်မနှစ်သက်ကြ။ ထို့ကြောင့် ယနေ့လိုနေ့မျိုးတွင် သူတို့၏ ဧည့်ခန်းများ၌ ရုပ်မြင်သံကြားမှနေ၍ ကျွန်တော်က ခြေဖက်ခေါင်းဖက် ပျော်တော်မဆက်နိုင်။ ထို့ထက် အရေးကြီးသည်ကား ယနေ့တွင် ကျွန်တော်သည် တကယ့် ပရိသတ်ကြီးရှေ့တွင် မတ်တပ်ရပ် ပြချင်သေးသည် မဟုတ်ပါလော။

လမ်းပေါ်တွင် လမ်းလျှောက်နေကြသူများကို ကြည့်နေကြသည်။ လူတစ်ယောက်သည် "ဟီဘရူး" ဘာသာဖြင့် ရေးထားသော ဆိုင်းဘုတ်တန်းကို ကိုင်ကာ လျှောက်လာသည်။ သူ ဘာရေးထားသည်ကို ကိုင်ကာလျှောက် လာသည်။ သူ ဘာရေးထားသည်ကို မသိသော်လည်း သူ့မျက်နှာအမူအရာကို ကြည့် ခြင်း အားဖြင့် အမှန်တရားတစ်ခုခု ရေးထားသည်ကိုမူ ခန့်မှန်းနိုင်ကြသည်။ လူတစ်ယောက်နှင့် တစ်ယောက် မတော်တဆ တိုက်မိကြသည်ကိုပင် တစ်ဦးနှင့် တစ်ဦး သူ့ထက်ငါ အလုအယက် ခွင့်လွတ်ပါဗျာဟု တောင်းပန်နေကြသည်။ "မာတင်လူသာကင်း"က ကျွန်တော်တို့ အစာစားရာတွင် ကြက်သားဟင်း ကို ချက်ရည် ဆမ်းမစားကြရန် ပြောထားသည်။ ဤသည်တို့ကို သူတစ်ပါးမမြင်စေချင်ပေ။ ထို့ကြောင့် ကျွန်တော်တို့သည် ကြက်သား ကို ချဉ်ရေဆမ်းမစားကြ။ ကြက်ရိုးများကိုပင် မလွှင့်ပစ်ဘဲ အိပ်ကပ်ထဲ ထည့်လာကြသည်။

လင်ကွန်း အထိန်းအမှတ်ကျောက်ရုပ်ပေါ်မှနေ၍ အောက်သို့ ကြည့်လိုက်လျှင် တစ်ကမ္ဘာလုံး မှ လူများ အားလုံး အောက်တွင် ရောက်ရှိနေကြပြီး၊ နေသာချိန်တွင် ပြုံးရယ်ရွှင်မြူး တေးသီချင်းများ သီကျူး နေကြသလိုပင် ခံစားမိ၏။ နီဂရိုးများရော လူဖြူများပါ အကောင်းဆုံး အဝတ်အစားများ၊ အကောင်းဆုံး အမူအရာများ၊ အကောင်းဆုံး အကျင့်အကြံများနှင့် ရှိနေကြသည်ကို တွေ့ရ၏။ လူဖြူများက "ပထမ တန်းစား နိုင်ငံသား"ခံယူရန် အဆင့်မမှီဟု ဆိုကြသော နီဂရိုးများသည် လူဖြူများထက်ပို၍ ပထမတန်း စားကျကြောင်းကို ကမ္ဘာတစ်ခုလုံးသိအောင် ထိုနေ့တွင် တိုင်တည်ဆန္ဒပြနေကြလေသည်။ "ဘေယဒ် ရပ်စ်ဘင်"က ထိုမဟာချီတက်ပွဲကြီးကို ဦးအောင်ပဲ့ကိုင်ခဲ့သည်။ ဤကဲ့သို့ "ရပ်စ်တင်"ကဲ့သို့သော ပုဂ္ဂိုလ်ကြီး များက ကမ္ဘာ့ ပြဿနာများကို ကူညီဖြေရှုင်းပေးနေခြင်းမျိုးကို ဘယ်သောအခါမှပင် လူဖြူတို့ သဘောပေါက် နားလည် လက်ခံကြပါမည်နည်း။

သူတို့က ကျွန်တော့်ထံ ဝိုင်းလာကာ ကျွန်တော့်ကို စကားနည်းနည်းလောက် ပြောခိုင်း၏။ ကျွန်တော်က ကျွန်တော် မပြောလိုကြောင်း ငြင်းဆန်၏။ သူတို့က အတင်းတိုက်တွန်းကြသည်။ သူတို့က အတင်း တိုက်တွန်ြးုကလေတော့ လည်း ကျွန်တော်သည် တကယ်ပင် ဝမ်းမြောက်မိပါသည်။ ကျွန်တော်က ရယ်စရာ စကား အချို့ ပြောလိုက်သည်။ ထို့နောက် ကျွန်တော့်မိသားစုနှင့် အတူ မြက်ခင်းပြင်ပေါ်တွင် သွားထိုင်နေ လိုက်သည်။

ထိုလှပသောနေ့၏ အထွက်အထိပ်မှာ "မာတင်လူသားကင်း"၏ ကျွန်တော်တွင်ရှိသော အိပ်မက် "ဟူသည့်  မိန့်ခွန်း ပင်။ ပွဲပြီးသောအခါ အော်ဟစ်ကြသော (လိုလားသည်ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ) ပရိသတ်များကား ယခု အကြိမ်လောက် မည်သည့်အချိန်ကမှ မများပြားခဲ့။ ပွဲပြီးသောအခါ ကျွန်တော်ကာူး ထိုင်လျက်ပင်။ ဘယ်နေရာ ဘယ်စခန်း မြန်းရမှန်းမသိ ဖြစ်နေသည်။ အတွေးပေါင်းစုံ တွေးနေမိပါသည်။ အကြောင်းအရာ ကတော့ လွင့်မျောနေခဲ့လေသည်။ နီဂရိုးများကို တူညီအခွင့်အရေး အားလုံး ပေးလိုက်သကဲ့သို့ပင် ထိုနေ့က ခံစားခဲ့ရပါသည်။

ထိုခံစားမှုမှာ စက်တင်ဘာလလောက်ထိပင် တိုင်ပါတော့သည်။ သို့သော် စက်တင်ဘာလ၏ တနင်္ဂနွေ နေ့တွင်ကား "ဘာမင်ဂန်"ရှိ နီဂရိုး ဘုရားရှီခိုးကျောင်းတစ်ခုတွင်းသို့ တစ်စုံတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်း ၍ ကလေးလေးဦး သေဆုံးခဲ့ရသည်တဲ့။ ထိုအခါတွင်မူ...
အသုဘနောက်တစ်ခု "မက်ဂါအဲဗားစ်"၏ အသုဘနှင့်ကား မတူ။ ဤအသုဘကား လူတိုင်းလိုက်မပို့ ရန်မဟုတ်။ နီးစပ်ရာ ဆွေရိပ်မကင်း မျိုးရိပ်မကင်း သူများနှင့် အိမ်နီးနားချင်းတို့ကိုသာ ရွေးဖိတ်သော အသုဘ ဖြစ်သည်။ သို့သော် ဖိတ်ကြားခံရသူများအပြင် ဆင်းရဲချမ်းသာမရွေး လိုက်လံပို့ဆောင် ကြပါ သည်။ ဘုရားရှိခိုးကျောင်း အပြင်ဘက်တွင် ပတ္ထူဖိနပ်စုတ်ကြီးကို  စီးထားသော နီဂရိုးအဘွားကြီး တစ်ယောက်သည် ကုန်အကျီထဲတွင် ဝိုင်ပုလင်းကို ထည့်ထားသော နီဂရိုးအဘိုးကြီးကို တစ်ယောက် သည် လက်တွဲလျက် ရပ်နေသည် ကို တွေ့ရသည်။ ရုပ်မြင်သံကြား ကင်မရာများက ထိုသက်ကြီးမောင်နှံ တွဲအား ဓာတ်ပုံများ ရိုက်ကူးယူသွား၍ ကျွန်တော် ဝမ်းသာသွားပါသည်။ သေသွားသော ကလေးငယ် များသည် နီဂရိုးများအားလုံး ကိုယ်စား အသေခံ သွားကြရှာသူများပင် ဖြစ်ပါသည်။ အသုဘကို ဖိတ်ကြား ခံရသူများကိုယ်စား အသက်သေခံသွားရရှာသူများ မဟုတ်ကြပါ။

သို့သော် ထို "ဘာမင်ဂန် ဗုံးဖောက်ခွဲမှု"မှာ လူမှုအခွင့်အရေး တိုက်ပွဲများသည် သူတို့နှင့်လားလားမှ မသက်ဆိုင် သကဲ့သို့ မှတ်ထင်နေကြသော နီဂရိုးကျောင်းအုပ်ဆရာကြီးများ ၊ ကျောင်းဆရာများ၊ ဆရာ ဝန်များ၊ ဓမ္မဆရာများနှင့် ရှေ့နေများအတွက် အကြီးမားဆုံးသော သင်ခန်းစာပေးမှုတစ်ရပ် ဖြစ်သည် ဟုကား ကျွန်တော် ထင်မိ ပါသည်။ သူတို့သည် ဆန္ဒပြလိုသည်ဖြစ်စေ၊ မပြလိုသည်ဖြစ်စေ ကျွန်တော်တို့ လုပ်ရပ်များသည်။ ဆန္ဒစောသည်ဟု  သူတို့က ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ သူတို့၏ ကလေးများအား ထိုဘုရားကျောင်း ထဲတွင် ရှိနေခဲ့ရသည်သာ ဖြစ်ပေသည်။ သူတို့၏ အသား အရောင် မည်းနက်နေသမျှကာလပတ်လုံးလည်း တဖြည်းဖြည်း သူတို့ သိလာကြမည်သာ ဖြစ်ပေသည်။

ကလေးသုံးယောက် တို့ကား ဘုရားကျောင်းအတွင်းဝယ် လဲလျောင်းသွားကြရှာပြီ။ သူတို့အထဲမှ တစ်ယောက်သောသူ၏ မိခင်နှင့် ကျွန်တော် စကားပြောခဲ့ရသည်။ ဗုံးပစ်ခံရချိန်၌ သူ့သမီးနှစ်ယောက် လုံး ဘုရားကျောင်း ထဲ၌ ရှိနေကြသည်။ သမီးတစ်ယောက်မှာ မျက်မှန်တပ်ထားသူဖြစ်ရာ ဗုံးကွဲပြီး နောက်တွင် မိခင်ဖြစ်သူ သည် ခွဲစိတ်ခန်းထဲမှနေ၍ ငါးနာရီလုံးလုံး ဘုရားတ ရင်မ လိုက်နှင့်ပင် သမီးလေး၏ စက္ခုနှစ်ကွင်း တစ်သက်တာ အဖို့ အလင်းမရဘဲ ရှိတော့မည်ကို စိုးထိတ်ပူပန်နေခဲ့ရရှာ သည်။ မိနစ်အနည်းငယ်ကြာမှ ထို သမီးမျက်စိ မှာ တစ်သက်တာ မကွယ်နိုင်တော့မှန်း သိလိုက်ရ သည်။ သို့သော် ထိုချိန်တွင် သူ့သမီးတစ်ဦး မှာကား ဆုံးသွားပြီဖြစ်ကြောင်းကိုပါ ကြားလိုက်ရလေ တော့သည်။

လီလီယန်နှင့် ကျွန်တော်သည်  ဗုံးဒဏ်ခံရသော ဘုရားကျောင်းထဲသို့ ဝင်ကြည့်ကြသည်။ ထူးဆန်း အံ့ဖွယ်ရာနှင့် ထိန်လန့် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ရပ်ကို မြင်လိုက်ရသည်။ ပြတင်းပေါက်တစ်ခုမှာ လုံးဝ ကြေမွကွဲပျက် သွားသည်။ ခရစ်တော်ရုပ်ပုံ မှန်ပြတင်းမှာလည်း ကွဲအက်သွားပြီး ခရစ်တော်၏ မျက်လုံးနှင့်ခေါင်းပိုင်းသည် ပြိုပျက်ကြေမွသွားခဲ့သည်။ ဤသည်ကို မြင်ရသောအခါ ကျွန်တော့် အဓိပ္ပါယ်နှင့် ကျွန်တော် အတော်ပင် ထိတ်လန့် တုန်လှုပ်သွားမိသည်။
မျက်လုံးမပါသော ခရစ်တော်။ မျက်မမြင်သည် မျက်မမြင်များကို လမ်းပြတော့မည်လော။ ထို့နောက် ခေါင်း မပါသော သို့ သတိဥာဏ် မရှိသော ခရစ်တော်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 12, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂၁)

သို့သော် ပိုပြီး ကျွန်တော့်ကို ချောက်ချားစေသည်မှာကား နီဂရိုးများကိုယ်တိုင်က ကျွန်တော်ထံ လာပြီး ကျွန်တော် "ဂရင်းဝုဒ်" သွားခြင်းသည် ထင်ပေါ်ကျော်ကြားလို၍သွားခြင်းဆိုသည်မှာ မှန်ပါ သလားဟု အမေးခံ ရသည့် အခါ ဖြစ်ပါသည်။ အမေရိက တွင် နီဂရိုးတစ်ယောက်ကို သင်က ကယ်တင်ကူမ ရန် ကြိုးစား ပါက နီဂရိုးများကိုယ်တိုင် ကပင် သင့်ကို မယုံမရဲနှင့် သင့်ရည်ရွယ်ချက် ဘယ်ပုံဘယ်နည်း ရှိသည်ကို ပြန်လှန်မေးခွန်းထုတ် ကြမည်ဖြစ်၏။ ကျွန်တော် သာ ဖျော်ဖြေရေးလုပ်ငန်း ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး တပ်ဖွဲ့ထဲဝင် ပြီး ဗီယက်နမ်သို့သွားခဲ့ပါလျှင် ကျွန်တော့် ကို မည်သူမျှ (အဖြူရော၊ အမည်းရော) ဘာကြောင့် ဤ သို့လုပ်ရသနည်း ဟု လာမေးမည် မဟုတ် ပါချေ။ သို့သော် နီဂရိုးများ ကို ကူညီပါလျှင်ကား....။ ကို ဆက်ဖတ်ရန်..........

(၂)

အမှန်တရားဘက်မှနေ၍ လုပ်ဆောင်ခြင်းကြောင့် ထောင်ကျရခြင်းသည် မွန်မြတ်လှပါသည်။ သို့သော် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သံမဏိ တံခါးကြီး ဆောင့်ပိတ်လိုက်ကာ သော့ခတ်လိုက်လျှင်ကား သင် သည် ထောင်ထဲရောက်နေပြီ မှန်း သိလိုက်ရမည်သာ ဖြစ်သည်။ ဤသည်မှာ "ဘာမင်ဂန်"။
၁၉၆၃ ခု မေလ။ "မာတင်လူသာကင်း" က ကျွန်တော့်ကို လာခဲ့ရန်ခေါ်သည်။ ကျွန်တော်လည်း တနင်္လာနေ့ မနက် ၁၁း၀၀ တွင် ရောက်ခဲ့သည်။ နောက်ထပ် တစ်နာရီခွဲအကြာတွင် ကျွန်တော်သည် အခြားသော ဆန္ဒပြသမား ရှစ်ရာကျော်နှင့် အတူ ထောင်ထဲသို့ ရောက်ခဲ့လေသည်။ ကျွန်တော့်အတွက် ပထမဆုံး အကြိမ် ထောင်ထဲရောက်ဖူးခြင်း။

"မင်း၊ ဒစ်ဂရီဂိုရီ လား"
"မဟုတ်ဘူး၊ကျွန်တော်က မစ္စတာ ဂရီဂိုရီပါ..."
လူတစ်ယောက် က ကျွန်တော့်ကော်လာကို ဆောင့်ဆွဲလိုက်သည်။ ညနေပိုင်းတွင် ကျွန်တော့် အား အောက်ထပ် သို့ ခေါ် သွားကာ လူ ၂၅ ယောက်အတွက် ဆောက်ထားသော အခန်းကျဉ်းလေးထဲသို့ သွင်းလိုက်သည်။ ထိုအခန်း တွင် ယခု ၅၀၀ ခန့်ရှိနေသည်။ စားသောက်ချိန်ရောက်လျှင် အပြင်ထွက်ရန် အတွက် လမ်းလျှောက် ၍ပင် မရနိုင်။ လူအုပ်ကြီး ရွေ့လျားသည့်အတိုင်း အလိုက်သင့် မျောသွားလိုက်ရုံ ပင် ဖြစ် သည်။ နောက်ဆုံးရောက် လာသော သူအတွက်ဆိုလျှင် လဲလျောင်းစရာပင်၊ အိပ်စရာပင် နေရာမရှိတော့။

အခန်းကျဉ်း ထောင့်တစ်နေရာတွင် လက်မလေး စုပ်နေသော လေးနှစ် အရွယ်ခန့် ကောင်လေး တစ် ယောက် ကို တွေ့လိုက် ရသည်။ ကျွန်တော် သူ့အတွက် အတော် စိတ်မကောင်း ဖြစ်မိပါသည်။ ဤနေ ရာ တွင် သူနှင့်ဆော့ကစားနိုင် မည့် သက်တူရွယ်တူဟူ၍ တစ်ဦးမျှပင် မရှိ။ သူ့ခေါင်းကို  ကြင်နာစွာ  ပွတ်ပေးနေရင်းနှင့်  ဘာ့ကြောင့်    ဒီအထဲကို      ရောက်နေကြောင်း မေးလိုက်သည်။
"ဘာဖြစ် လို့ မင်းဒီ ရောက်နေတာလဲဟင်...    "
"လွှတ်မြောက်ရေး အတွက်" လွတ်မြောက်ရေးဟူသော ကောင်လေးများမှာမူ ဓမ္မသီချင်းကို အော်ဆိုကြသည်။ တစ်ညလုံး ငုတ်တုတ် ထိုင်ပြီး မိုးအလင်း စောင့်ကြသည်။ ကျွန်တော်တို့ကို မည်မျှကြာအောင် ထောင်ချ ထားမည် ကို  မည်သူမျှ မသိကြ။

ကျွန်တော်တို့မျှော်လင့်နေကြသည်မှာကား ပြင်ပလှုပ်ရှားမှု အခြေအနေများကို သိနိုင်မည့် လူ သစ်များ ထောင်ထဲ သို့ ငုတ်တုတ် ထိုင်နေကြပြီး၊ အပြင်တွင် ပထမဆုံးတော်လှန်ရေးကြီး၏ တိုက်ပွဲကြီး တစ်ရပ် တစ်ကယ်တမ်း စတင် တိုက်ခိုက်နေကြောင်းကို မသိကြချေ။ "ဘူးကော်နာ" ဟူသော အမည် သည် ကမ္ဘာပေါ် တွင် အမေရိကန် တစ်ယောက် ၏ အဆင့်အတန်းနိမ့်၊ ယုတ်ညံ့မိုက်မဲမှု၏သင်္ကေတ စကားလုံး တစ်ခုဖြစ်လာခဲ့ ပါသည်။ "အလားဘားမား" မြို့သည်လည်း အမေရိကန်ပြည်၏ ကင်ဆာရောဂါဟု ကမ္ဘာတစ်ဝှန်းလုံးက သင်္ကေတပြုကြရာမြို့ဖြစ်လာ ပါတော့သည်။ ဤထောင်နံရံ၏ဟိုဘက်တွင် ခွေးများ၊ မီးသတ်ပိုက်ခေါင်း များ၊ သေနတ် များ၊ တုတ်များ၊ လူမည်းနှင့် လူဖြူတို့၏သွေး များ၊ အသား အရောင်မရွေး လူဆိုးလူကောင်းများ၊ မိန်းမ များ။ သက်ကြီးရွယ်အိုများတို့၏သွေးများ၊ ကျွန်တော်တို့ ကား တိုက်ပွဲဝင်နေကြပါသည်။

သို့သော် ထောင်အပြင်ဘက် မှ ကျန်ကမ္ဘာတစ်ခုလုံးသည် ကျွန်တော်တို့ ထက်ပို၍ တိုက်ပွဲသဏ္ဍာန်ကို မျက်မြင်မြင်တွေ့နေ ရပါသည်။ ဗုံးများ၊ စစ်သားများ၊ သတ်ဖြတ်မှုများ၊ အချို့လူများက "မာတင်လူသာကင်း" သည် ကလေး များ ကို သုံးစွဲသည်ဟုဆိုကာ ချောက်ချားနေကြ သည်။ အချို့လည်း လွတ်မြောက်ရေး ဆိုသည်မှာ လူမည်းကလေးများ အတွက်လည်း ဖြစ်သည်ကို သိ နားလည်ထားကြသည်။ ဟီရိုရှီးမားတွင်ကား ကလေး များ ရှိခဲ့ကြသည် မဟုတ်လော။

မနက်တွင် ထောင်က ကျွန်တော်တို့ကို ထမင်းကျွေးသည်။ စားကောင်းကြသည်။ ကျွန်တော်တို့အထဲမှာ အချို့ သည် အစာမစားခဲ့ရသည်မှာ ၂၄ နာရီမျှပင် ရှိခဲ့ကြပြီ။ အစာကျွေးသလို သူတို့က အနှောင့် အယှက် လည်း ပေးကြသည်။ ဒုတိယနေ့တွင် တံခါးဖွင့်ကာ ကလေးများကို လက်လှမ်းမှီသလောက် အပြင် ထုတ်ကြသည်။ ကလေးများကလည်း မသွားလိုကြ။ ထို့ကြောင့် ကျွန်တော်တို့ကလည်း တံခါး ကို ပြန်တွန်းပိတ်ကြသည်။ သူတို့ကလည်း အတင်းပြန်ဖွင့်ကြသည်။ အပြင်ထွက်နေသော ကျွန်တော့်လက် တစ်ဖက် ကို သူတို့တုတ်ဖြင့် ရိုက်ချကြသည်။ အကြမ်းမဖက်ရေး အသိတရားမဝင်နိုင်မီ ကျွန်တော်သည် တံခါးကို တွန်းဖွင့်ကာ သူတို့နောက် ပြေးလိုက်မိသည်။ ကျွန်တော်သာ အစောင့်ငါးယောက်ကြားထဲ ရောက်သွားရသည်။

ကျွန်တော့် ဘဝတစ်သက်တာတွင် ပထမဆုံးနှင့် အပြင်းထန်ဆုံး အရိုက်အနှက် ခံရခြင်းပင် ဖြစ် သည်။ ခေါင်းဖျားမှ ခြေဖျားအဆုံး တစ်ကွက် မလပ်ရိုက်နှက်ကြသည်။ ညကျသောအခါ မျက်နှာကို လက်ဖြင့် စမ်းရန် လက်မြောက်ရာ လက်ပင်မြှောက်၍ မရတော့။ ဘာဖြစ်သေးသလဲ။ မင်းသာ လွတ်မြောက်ရေး အတွက် တကယ်တမ်း တိုက်ပွဲဝင်ရင်၊ အသေခံဖို့ စိတ်ဓာတ်ရှိရင် ဒီလောက် အရိုက်အနှက်ကလေး တော့ ခံနိုင်ရမှာပေါ့။ သို့သော် ဒဏ်ရာဒဏ်ချက် များမှာ မသက်သာလှသောကြောင့် ကြာတော့လည်း သေသွားတာကမှ  ပိုကောင်း လိမ့်ဦးမည် ဟု ထင်လာမိတော့သည်။
ဤသည်မှာ ခန္ဓာကိုယ်ဆိုင်ရာ နာကျင်မှုသာဖြစ်သေးသည်။ ကာယဆိုင်ရာ နာကျင်မှုသက်သက်။

နီဂရိုး တို့ ရင်ထဲတွင် စိတ်ပိုင်းဆိုင်ရာ၊ စိတ္တနာကျင်မှုပေါင်းများစွာမှာ အရိုးစွဲအောင်ပင် ရှိနေခဲ့ကြသည်။
နီဂရိုးတို့၏ ဝိဥာဉ်ထဲ တွင် အသားမာတက်ပြီး နာသထက် နာကျင်နေကြရသည်ကလည်း အများအပြား၊ ဤသည်မှာ သဘာဝ၏ဥပဒေသ ရှင်းရှင်းရိုးရိုးလေး တစ်ခုပင်ဖြစ်ပါသည်။ ဖိနပ်ကျပ်ကျပ် စီးသော အခါ ခြေထောက် တွင် ဖိနပ်ပေါက်ကာ အသားမာတက်သည့်သဘော။ ခြေထောက်သည်ကား ဘဝ။ ဖိနပ် ကျပ်ကျပ် သာလျှင် လူတို့က အတင်းစီးခိုင်းခြင်း ဖြစ်သည်။ စီးစတွင်မူ ခြေထောက်မှာ မခံမရပ်နိုင် အောင် နာပေမည်။ သို့သော် အတင်းစီးရင်း စီးရင်းနှင့် အသားမာတက်လာပြီး နာကျင်မှုတို့ ထုံထိုင်း သွားပေမည်။ နောက်ဆုံးတွင် ဖိနပ်သာ ပေါက်သွားရသည်။ အသားကား နာမည်မဟုတ်တော့။

အမေရိက ရှိ နီကရိုး တို့သည်လည်း ထိုအတိုင်းပင်။ လူဖြူတို့၏စနစ်ဆိုးဖိနပ်ကို အတင်းစီးနေကြရသည်။ နီဂရိုး တို့မှာ မခံမရပ်နိုင်အောင်ပင် ခံစားခဲ့ကြရသည်။ သို့သော် သူတို့ကိုကား မဖျက်ဆီးနိုင်ကြ။ သူတို့ ဝိဥာဉ်ထဲ၊ စိတ်ထဲတွင် အသားမာတက်ခဲ့လေပြီ။ ထိုအသားမာသည် နောင်အခါတွင် ဖိနပ်ကိုပင် ဖောက် ပစ်နိုင်မည့် အသားမာ ဖြစ်လာတော့သည်။

(၃)

"ဘာမင်ဂန်" မှ ပြန်အလာတွင် ကျွန်တော်၏ညကလပ် ပရိသတ်များမှာ ကျွန်တော့်ကို လေးစားမှု ပိုလာ ကြသည် ကို တွေ့ရသည်။ "ဂရင်းဝုဒ်" မှ ပြန်အလာတုန်းကမူ အချို့သွားပုပ်လေလွင့်ပြောသူများက ကျွန်တော်သည် ဆန္ဒပြပွဲ တွင် ထင်ပေါ်ကျော်ကြားမှုကို သွားရောက်အမြတ်ထုတ်ယူခဲ့သည်ဟု စွပ်စွဲခဲ့ ကြသော "ဘာမင်ဂန်" မှ ပြန်အရောက် တွင်မူ လူအများက လာရောက်လက်ဆွဲနှုတ်ဆက်ကြပြီး၊ ဘုရား သခင်က ကောင်းချီးပေးရန် ဆုတောင်းကြကာ မှန်သည့်ဘက် မှ ဆက်လုပ်သွားရန်ပင် အားပေးခဲ့ကြ သည်။ လူဖြူများရော၊ လူမည်းများပါ။ ကျွန်တော့်မှာ အံ့အားသင့်သွားရသည်။ ကျွန်တော် ထင်ခဲ့သည် မှာ ထောင်လည်းကျ၊ အရိုက်ခံရတာနဲ့ ဖြေဖျော်ပွဲတွေမှာ လူလက်ခံကြတော့မှာ မဟုတ်ဘူးလို့။

ကျွန်တော်မှာ အချိန်အားများ ကို မကြာခဏယူပြီး၊ လေယာဉ်နှင့် ဟိုပြေးသည်ပြေး လုပ်ရတော့၏။ ရန်ပုံ ငွေ ကောက်ခံပွဲများ၊ လူထုအစည်းအဝေးပွဲများ၊ အစည်းအဝေးများသို့၊ မေလတွင် ဆန်ဖရန်စ္စစ်ကို၌ "ဟန်းဂရီး အိုင်ကလပ်" ကို ဖွင့်ပေးခဲ့သည်။ ထို့နောက် "ဂျက်ဆင်" မြို့တွင် ဆန္ဒပြပွဲမစခင် ပြေးသွားရ ၏။ ထိုနေရာတွင် "မက်ဂါအဲဗား" မှာ တကယ့်အထိကရပုဂ္ဂိုလ်ကြီး ဖြစ်နေသည်။ သူ့ကို ကျွန်တော် လာ ကူနိုင် မကူနိုင် ဖုန်းဆက်မေးကြည့်ပေသည်။ "မက်ဂါ" သည် လူမှုအခွင့်အရေး တိုက်ပွဲများတွင် ဘက် ပေါင်းစုံမှ အားထားရသူဖြစ်သည်။ ၁၉၆၂ ခုနှစ်တုန်းကလည်း သူသာ "ဂျက်ဆန်" သို့ ကျွန်တော့်အား မဖိတ်ခေါ်ခဲ့လျှင် ကျွန်တော်သည် ဇနီး အဆုံးခံရသော အဘိုးကြီးနှင့်လည်း သိခဲ့ရမည်မဟုတ်ပါချေ။ "ကလိုင်ဘဲနတ်" အကြောင်းလည်း သိခဲ့ရမည်မဟုတ်ပါချေ။ ယခုလည်း "မက်ဂါ"က ကျွန်တော်လာရန် ခေါ်ပြန်ချေပါပြီ။

ကျွန်တော် လည်း "ဟန်ဂရီးအိုင်ကလပ်" ပိုင်ရှင် "အင်ရီကိုဘာဒူရှီ" ထံ သွားပြီး ခွင့်ပန်ခဲ့သည်။ ကျွန် တော့်ပြည်သူများက ကျွန်တော့်ကို လိုအပ်နေ၍ သွားရောက်ခွင့်ပြုပါရန်။ သူသည် လူဖြူဖြစ်သည်။ သူ သည် ကျွန်တော့်ပွဲစဉ်များကို တစ်နှစ်လုံး စောင့်ဆိုင်းခဲ့သူဖြစ်သည်။ သို့သော် ယခုခွင့်တောင်းသောအ ခါ သူသည် မျက်တောင်လေး တစ်ချက်မျှပင် မပုတ်ခတ်ပါချေ။
"ကျွန်တော် ခင်ဗျားကို ချီးကျူးပါတယ် ဂရီဂိုရီ။ ကံကောင်း ထောက်မပါစေဗျား"
ထိုညသည် ဆန်ဖရန်စ္စစ်ကိုတွင် ကျွန်တော်၏နောက်ဆုံးညဖြစ်ပါသည်။ စနေနေ့ည။ ကျွန်တော့်ဝမ်းထဲ တွင် ဆဋ္ဌမအာရုံ မှနေ၍ တစ်စုံတစ်ဦးသည် သေတော့မည်ဆိုသည်ကို အလိုလို သိမြင်လာနေသည်။ ကျွန်တော်က ကျွန်တော့်ရှေ့နေ ကိုခေါ်ပြီး ကျွန်တော့်သေတမ်းစာကို ကျွန်တော်ပြောသည့်အတိုင်း ရေး ထားရန် ကပ်ပြီးပြော သည်။

ထို့နောက် ရှီကာဂိုသို့ လေယာဉ်ဖြင့် ဆင်းလာကာ လီလီယန်နှင့် စကား ပြောရန် ကြံသည်။ အကယ်၍ "ဂျက်ဆင်" တွင် ကျွန်တော် အသတ်ခံခဲ့ရပါက ကျွန်တော့်ကလေးများ သည် သူတို့ကို မုန်းသွားအောင် ပစ် သွားသော အဖေဟူသော အသိစိတ်ဖြင့် မကြီးပြင်းလာစေချင်ပေ။
သူသည် ကွပ်ပျစ်လေးပေါ်ထိုင်ရင်း သူ့မျက်လုံးများမှာ ပြူးကျယ်နေသည်။ မျက်ရည်များကလည်း ဝေ့ ဝဲနေသည်။ ကျွန်တော်က ကျွန်တော့်ကလေးများအား ပြောချင်သောစကားများကို သူ့အား ပြောပြနေ သည်။ ကလေး တို့ရဲ့ ဖေဖေဟာ အမှန်တရားကို လုပ်နေတယ်လို့။ ခွေးတွေ၊ မီးသတ်ပိုက်တွေ၊ လက် နက်တွေကြားက တိုက်ခိုက်နေရ တယ်လို့ ပြောပြလိုက်စမ်း လီလီယန်။ သူတို့က ငါ့အပေါ် အမုန်းတရား မထင်ဟင်စေနဲ့။ သူတို့ရဲ့ အဖေလုပ်ရပ်တွေ ထဲက အလှအပတွေကို သူတို့မြင်ရပါစေ လီလီယန်။

ကျွန်တော် သည် အိပ်ခန်းထဲသို့ ၀င်သွားကာ ’’မီရှဲလ်’ နှင့် လင်းကို  နမ်းလိုက်သည်။ ထို့နောက် သားလေး ’’ရစ်ချက် ကလက်ဇ်တန် ဂရီဂိုရီဂျူနီယာ’’လေးအားနမ်းလိုက်သည်။ သူသည် နှစ်လခွဲသား လေး ဖြစ်သည်။ သူနှင့် နေရ သည့်  အချိန်ပင် ကျွန်တော်တွင် သိပ်မရှိ။
’’ဂျင်မ်ဆင်ဒါးစ်’’ သည် ကျွန်တော်အား အောက်ထပ်မှ စောင့်နေသည်။ ကျွန်တော်အိတ်ထဲတွင် ကျွန်တော် ဖြေဖျော်ပွဲ များတွင် အသုံးပြုသော မောင်းချဓါးလေးပါလာကြောင်း တွေ့ရ၍ အပေါ်ထပ်ပြန် တက်ကာ ပြန်ထားရသေးသည်။ လီလီယန်မှာ ရေချိုးခန်းထဲတွင် ဖြစ်သည်။ ’’ရစ်ချတ် ဂျူနီယာလေး၏ သွားရေခံ သည် စိုရွှဲလျက်ရှိပြီး သူသည် ငိုနေရှာသည်။ ကျွန်တော်က ကောက်ချီိလိုက်သောအခါ သူသည် အငိုရပ်သွားပြီး ကျွန်တော် ကို ပြုံးပြပြန်သည်။ှ’’ ’’ဒါ သားလေးနဲ့မောင် ကလူကျီစယ်တာ ပထမဆုံးပဲနော်’’
အချိန် က သိပ်မရှိတော့ဘူး လီလီယန်ရယ်။ တစ်နေ့တော့ တို့အချိန်ရလာတဲ့ အခါကျရင် သားအဖ စကားစမြည် ထိုင်ပြီး ပြောကြရတာပေါ့ကွယ်။

ကျွန်တော်က သားလေးကို တစ်ခါ ထပ်နမ်းလိုက်ပြန်သေးသည်။ ’’ဂျက်ဆင်’ ရောက်ရောက်ခြင်း သူ့ကို ဖုန်းဆက်မည် ဟုလည်း ’’လီလီယန်'' ကို ကတိပေးလိုက်သည်။
သို့သော် ကျွန်တော်ကတိမှာ မတည်နိုင်ခဲ့ပါချေ။ ဆန္ဒပြသူများသည် ကျွန်တော်နှင့် ဂျင်မ်တို့ကို နီဂရိုးဝန်ကြီး တစ်ယောက်၏ အိမ်သို့ တစ်ခါတည်းခေါ်သွားကြသည်။ ထို့ကြောင့် နောက်မှ တယ်လီဖုန်းရုံမှနေ၍ ဖုန်းဆက်ရန် ကြံလိုက်ရတော့သည်။ ဂျင်မ်နှင့် အိပ်ရာဝင်ရန် ပြင်စတွင် တယ်လီဖုန်းလာ၏။’’မက်ဂါအဲဗားစ်’’
’’ဂရီဂိုရီ... ခင်ဗျားအိမ်ကို ဖုန်းဆက်လိုက်ရင် ကောင်းမယ်ထင်တယ်’’
ကျွန်တော် တုန်လှုပ်ချောက်ချားသွားမိသည်။ သူ့အသံမှာ အမေဆုံးသည့် ညက ရုပ်ရှင်ရုံသို့ ’’ဒေါ့လင်ဂဲလ် ’’ ဖုန်းဆက် သည့် အခါတုန်း က အသံမျိုးဖြစ်သည်။

’’ဘာဖြစ်တာလဲ ’’
’’ကျွန်တော်တော့ မသိဘူးဗျာ။ အိပ်ကိုသာ ဖုန်းဆက်ကြည့်ပါ။ ခင်ဗျားသားလေး နေမကောင်းဘူးတဲ့။
’’မဟုတ်သေးပါဘူး မက်ဂါရယ်။ သားလေး နေကောင်းပါတယ်။
’’အိမ်သာ ဖုန်းဆက်စမ်းပါ ဂရီဂိုရီရယ်’’
’’ဘာဖြစ်လို့လဲဟင် ’’ ’’ဖုန်းသာ ဆက်ကြည့်စမ်းပါဗျာ။’’
’’မက်ဂါ ’’
’’ကျွန်တော်ဝမ်းနည်းပါတယ် ဂရီဂိုရီ။ ခင်ဗျားသားလေး ဆုံးသွားရှာပြီတဲ့’’

ကျွန်တော် သည် ထူပူထုံထိုင်းသွားသည်။ သို့သော် မျှော်လင့်ချက်နည်းနည်းတော့ ရှိသေးသည်။ လီလီယန် သည် ဖုန်းဆက်ကြည့် သည်။ သို့သော် သူ့ခမျာလည်း တုန်လှုပ်ချောက်ချားနေရှာသည်။
’’မောင် အိမ် ကို အမြန်ဆုံးပြန်ပါမယ် အချစ်ရယ်။’’

ကျွန်တော် ’’မက်ဂါ ’’ ကို ပြန်ဖုန်းဆက်သည်။ သူ ’’ဂျက်ဆန် ’’တွင်လုပ်ကိုင်နေခြင်းသည် ကျွန်တော် သား  သေဆုံးခြင်းထက် ပို၍ အမေရိကန်အဖို့ အရေးကြီးကြောင်း ယခုကျွန်တော် ပြန်သွားရမည် ဖြစ်သဖြင့် ၀မ်းနည်း ပါကြောင်း ပြန်ပြောလိုက်သည်။ ’’ဂျင်မ် ’’နှင့် ကျွန်တော်သည် အ၀တ်အစားများကိုပင် မယူနိုင်တော့ဘဲ တစ်ခါတည်း တန်းပြန်ခဲ့ကြသည်။ ဤအပြန်ခရီးမှာ အလွန်တို တောင်းသည်ဟု ကျွန်တော်ထင်ပါသည်။ သူ သာလျှင် အမိ၊ သူသာလျှင်အဖ သဖွယ် ဖြစ်နေသော ကျွန်တော်ကလေးများ၏ မိခင် လီလီယန်ကို မည်သို့မည်ပုံ ကျွန်တော် ရင်ဆိုင်ရမှန်းပင် မသိတော့။ ကျွန်တော်သည် အိမ်တွင် သူစိမ်း သက်သက်လိုပင် ဖြစ်နေပေသည်။ ကျွန်တော် သည် ပြင်းထန်သော တိုက်ပွဲများ ကြားတွင် အသတ်ခံပြီး သေဆုံးရဖွယ် ရှိနေပါလျကိ ကျွန်တော်က မသေဘဲ လုံလုံခြုံခြုံ ဘေးကင်းရန်ကင်းနှင့် ရှိနေသော ကျွန်တော့်သားလေးက သေသွားရသည်။ ယုံနိုင်ဖွယ်ပင် မရှိတော့။

ကျွန်တော် အိမ်တံခါးဝသို့ ရောက်သောအခါ လီလီဟန်မှာ ကွပ်ပျစ်ကလေးပေါ်တွင် ထိုင်နေ ရှာသည်။ ’’ဂျက် ’’မဂ္ဂဇင်း မှ အယ်ဒီတာ ’’ဂျော့ဘွန်ဆင် ’’ လည်းရှိနေသည်။ ကျွန်တော်ဝင်လာစဉ် စက္ကန့်ပိုင်း လေးတွင်ကား လီလီယန် မျက်လုံးများသည်တောက်ပြောင်ရွှန်းလဲ့လာပါ၏။ သို့သော် ခဏအကြာ တွင် ပြန်မှေးမှိန် သွားတော့သည်။ ကျွန်တော်သူ့ထံ လျှောက်အသွားတွင် တယ်လီဖုန်းက မြည်လာ သည်။ ’’အလားဘားမား ’’ပြည်နယ် မှ ဆက်သော ဖုန်းဖြစ်သည်။ လူဖြူအမျိုးသမီးတစ်ယောက်၏ အသံ။

’’မစ္စတာ ဂရီဂိုရီလား’’
’’ဟုတ်ပါတယ် အစ်မကြီး’’
’’ကျွန်မ အခုပဲ ရေဒီယိုထဲမှာ ရှင့်သားလေး ဆုံးသွားတာ ကြားလိုက်ရတယ်။ အဲဒါကြားလိုက်ရတော့ ကျွန်မဖြင့် အတော်ကျေနပ်သွားမိတယ်။ တကယ်လည်း ၀မ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှင်က ဘာမဆိုင် ညမဆိုင် နဲ့ ကျွန်မတို့ဒေသလာပြီးရှုပ်ရှုပ်ယှက်ယှက် လုပ်ခဲ့လို့’’
’’ကျွန်တော်ကလည်း ၀မ်းသာပါတယ်ဗျာ၊ ကျွန်တော်က သားကို ဒေါ်လာငါးသန်းနဲ့ အသက် အာမခံထားခဲ့ တာ ကိုးဗျ။ အတန်ကြာပင် တိတ်ဆိတ်သွားတော့သည်။ နောက်မှ သူက
’’ကျွန်မ ၀မ်းနည်းပါတယ်ရှင်။ ကျွန်မကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော်၊ ဟုပြောသွားလေသည်။

အလွန်ညတာရှည်သော ညတစ်ညပင် ဖြစ်ပါသည်။ တစ်ခါတစ်ခါ လီလီယန်ထံ ထပြီးသွားမိပါသည်။ အများ အားဖြင့် သူသည် ငူငူကြီး ပေါင်ပေါ်လက်များတင်ပြီး ထိုင်နေကာ အုတ်နံရံသို့ အဓိပ္ပာယ်မဲ့ စူးစိုက်ကြည့်နေ တတ်သည်။ စကားပြောသော အခါ၌လည်း တုန်ရီလှိုက်မောနေရှာသည်။ ကျွန်တော်ထွက်ခဲ့သောညက သူသည် သန်းခေါင်ကျော်မှ အိပ်ရာဝင်ခဲ့သည်။ မနက် ၄နာရီတွင်ကလေး ကို နို့တိုက်ရန် ထခဲ့သည်။ ဤကလေးမှာ ကျွန်တော်တို့ကလေးများထဲတွင် အကျန်းမာဆုံးနှင့် အစားအငမ်းဆုံးကလေး ဖြစ်ပါသည်။ လီလီယန်သည် ပြန်အိပ်ပျော်သွားခဲ့သည်။ မနက် ၈နာရီ သူငိုလျှင် နိုးမည်ဟု ဆိုကာ အိပ်သွားခဲ့သည်။ သို့သော် မနက်ကျသောအခါ ကလေးက မငို။ လီလီယန်က ၉ နာရီကျတော့ နိုးလာ၏။

ထို့ကြောင့် ကလေးကို ထချီလိုက်သည်။ ကလေးမှာ ပူပူနွေးနွေးပင် ရှိသေးသော်လည်း သေနေရှာပြီ။ သူသည် အပြင်ထွက်ပြီး ငယ်သံပါအောင် အော်ရှာသည်။ အိမ်နီးချင်းများက မီးသတ်ဌာနသို့ အကြောင်းကြားကြ၏။ မီးသတ်ဌာန က အသက်ရှူကိရိယာများ ယူလာကြသည်။ ဆေးရုံမှ ဆရာဝန်တစ်ဦးကမူ ’’ညတွင်းဖြစ် အဆုတ်အအေးမိရောဂါ’’ တစ်မျိုးဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးများ တွင် ဖြစ်တတ် သည့် ရောဂါတစ်မျိုးဟုပြောသည်။ သူပြောသည်မှာ မှန်ကန်ကြောင်း ရောဂါတစ်မျိုးဟုပြောသည်။ သူပြောသည် မှာ မှန်ကန်ကြောင်း နောက်မှ ကျွန်တော်တို့သိကြရသည်။ နှစ်စဉ်နှစ်တိုင်း ဤရောဂါဖြင့် ကလေးများ ထောင်ပေါင်းများစွာလေလွင့် ပျက်စီးကြရရှာလေသည်။

ထိုညတွင် တယ်လီဖုန်းခေါ်သံများမှာ အဆက်မပြတ်။ လူမျိုးစုံထံမှ အများစုမှာ ကြင်နာ သနားစွာဖြင့်  မေးမြန်းဝမ်းနည်းစကားပြောကြသည်။ အချို့ကမူ ရက်စက်စွာ ပြောဆိုကြသည်။ ဘုန်းကြီးများ၊ ဓမ္မဆရာများကလည်း ဖုန်းဆက်ကြသည်။ ယခုအချိန်မှာ ’’ဒစ်ဂရီဂိုရီ ’’ ၏ ဖြေဖျော်ပွဲများ ရာသီပွဲ အစပင်ဖြစ်သည်။ သူ့သား အသုဘအချိန်မှာ သူ၏ ခေတ်အထဆုံး အချိန်နှင့်ကိုက်နေပေသည်။ ဘုန်းကြီးတစ်ပါး သည် ကျွန်တော်၏ ရေဒီယိုဖျော်ဖြေ ခန်းလေးကို အသံသွင်းထားပြီး ကျွန်တော် အိမ်လာကာပြန်ဖွင့်ပြကာ ကျွန်တော်၏ သရုပ်ဆောင်မှုများကို အားပါးတရပင် ချီးကျူး ပြောကြားခဲ့ဖူးသည်။
ဖုန်းတစ်ခါ လာပြန်သည်။ ’’ဂရင်းဝုဒ် ’’မှ ဖြစ်သည်။ တောင်ပိုင်းသားအသံမျိုး ခပ်ဝဲ၀ဲပင် ဖြစ်သည်။ ရုတ်တရက် တွင် နီဂရိုးတစ်ယောက် ဟု ထင်လိုက်မိ၏။

’’မစ္စတာ ဂရီဂိုရီလား’’
’’ဟုတ်ပါတယ်။ ’’
’’ခင်ဗျား ဒီကို ဘယ်တော့်ပြန်လာမလဲဟင်’’။
’’အခွင့်အရေး ရမယ်ဆိုလျှင် ရလျှင်ရခြင်း ပြန်လာခဲ့ပါတယ်။’’
’’အခု ဂျက်ဆင်မှာကော ဘယ်လို အခြေအနေ ရှိနေသလဲ။’’
သူတို့ဘက်မှ တီးတိုးသံလေးဖြင့် ပြောနေသံကိုပါ ကျွန်တော် ကြားနေရသည်။

’’သူ့သားအကြောင်း မေးလိုက်ဦး၊ သူ့သားအကြောင်း မေးလိုက်ဦးကွ’’
ထိုသူများမှာ လူဖြူများ ဖြစ်ကြောင်း ကျွန်တော်သိလိုက်ချေပြီ။
"ခင်ဗျားသား နေကောင်းရဲ့လား၊ မစ္စတာ ဂရီဂိုရီ"
"ဟာ... ကောင်းပါတယ်၊ နေကောင်းပါတယ်"
"အခု ဂျက်ဆင် မှာ ဘယ်လိုအခြေအနေလဲဗျ"
"သိပ်မကောင်းပါဘူးဗျာ၊ ခင်ဗျားတို့သိတဲ့အတိုင်း ငမည်းတွေက ငပျင်းတွေ မဟုတ်လား"
"ဒီမနက် ခင်ဗျား ဂျက်ဆင် မှာ ရှိနေခဲ့တယ် ထင်တယ်"

"အလို... ခင်ဗျားနှယ် အ ရန်ကောဗျာ။ ကျုပ်က ဒီမနက် ဂျက်ဆင်မှာရှိခဲ့ပြီး ဘယ့်နှယ်လုပ် ခုညမှာ ရှီ ကာဂိုကနေ ခင်ဗျား ကို စကားပြောနေနိုင်မလဲဗျာ။ ဒီမှာ လူဖြူလေးရယ်၊ ငမည်းတွေဟာ လေယာဉ်ပျံစီး ရမှာ ကြောက်တတ်မှန်း လဲ မင်း သိသားနဲ့"
"မစ္စတာ ဂရီဂိုရီ၊ ကျွန်တော် တို့ကို ဟာသလေးဘာလေး ပြောစမ်းပါဦးကွာ"
"ဒီမှာ လူဖြူလေးရယ်၊ နားထောင်စမ်းပါဦး၊ ငါတို့မြောက်ပိုင်းအရပ်က ငမည်းတွေဟာလေ မင်းတို့ တောင်ပိုင်း က ကောင်တွေထက်တောင် ဆင်ခြေဆင်လက် များသေးသကွ။ တို့က ည ၁၁ နာရီခွဲဆို ဘယ်တော့မှ အလုပ် မလုပ်တော့ဘူးကွ။ ဒါကြောင့် မင်းတို့ကြားချင်ရင် ငါ့အလုပ်ချိန်အတွင်းမှာ ပြန်ဖုန်း ဆက် သိလား"
ကျွန်တော့် အသံတွင် ဝမ်းနည်း၊ ကြေကွဲသံ၊ နာကျည်းသံများ ရှိုက်ငင်ပါဝင်နေသည်ကို သူတို့မသိကြ ချေ။ သူတို့က ကျွန်တော့် ကို နှုတ်ဆက်ပြီး ဖုန်းပြန်ချလိုက်သည်။

ကျွန်တော်က လီလီယန်ထံသို့ ယခု တယ်လီဖုန်း ဆက်သည့်အကြောင်းများကို ပြန်ပြောပြလိုက်သည်။ သူခမျာ အတော် ဝမ်းနည်းသွားသည်။ ရင်ထဲတွင်ပင် ဆို့တက်လာဟန် တူသည်။
"မီရှေးလ်" နှင့် "လင်း" တို့မှာ ငြိမ်သက်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ထိန်းရင်းနှင့် အခြား အခ်းတစ်ခုထဲတွင် ရှိနေကြသည်။ လီလီယန်က သူတို့ကို ဘာမှမပြောထားသေး။ ကျွန်တော်က "မီရှဲလ်" လေး အား ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်သည်။

"သမီးလေးရေ... ရစ်ချက်ကော ဘယ်မှာလဲဟေ့"
"ရစ်ချက် သွားပြီလေ ဖေဖေရ"
"ဘယ်သွားတာလဲကွယ်"
"ဆေးရုံ ကိုလေ"
"သူ ဘယ်တော့ ပြန်လာမှာလဲကွယ်"
"သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ဖေဖေရ၊ ဖေဖေအနေနဲ့သာ နောက်ရစ်ချက်လေး တစ်ယောက် ကို ရှာပေးရတော့မှာ"
"သမီး ဘယ့်နှယ်လုပ်သိလဲဟင်"
"သမီး မေမေ့မျက်နှာကို ကြည့်တာနဲ့တင် သိတာပေါ့ ဖေဖေရ"

ယခု ညသန်းခေါင်ကျော်ပေပြီ။ ယခင် ၂၄ နာရီတုန်းကပင် ကျွန်တော်သည် ရစ်ချက်ကလေးကို ချီပိုး ထားခဲ့ရသေး သည်။ ယခုတော့ သားလေး မရှိတော့ပြီ။ ကျွန်တော် "ဂျက်ဆင်" သို့ ပြန်သွားပြန်သည်။ ဆန္ဒပြပွဲများ သို့ သွားချင်သည်။ သို့သော် ယခု ပူဆွေးသောက ရောက်လွန်းနေရှာသော မိန်းမက ရှိသေး သည်။ ထို့ကြောင့် ကျွန်တော် က သူတို့ထံ ဖုန်းလှမ်းဆက်လိုက်ရ၏။ လုပ်စရာရှိသည်များကို ဆက်လုပ် ရန်၊ စီစဉ်စရာ ရှိတာများ ကို ဆက်စီစဉ်ထားရန်။ ထို့နောက် ကလေးများကို သိပ်ရ၏။ ယခု လီလီယန် ကို နှစ်သိမ့် ရမည်။ ပြုစုပေးရမည်။ သို့မှသာ "ဂျက်ဆင်" ကို စိတ်အေးလက်အေးဖြင့် အမြန်ဆုံး ပြန် သွားနိုင်ပေမည်။

ကျွန်တော်တို့ အိပ်ခန်းထဲသို့ ဝင်သွားသောအခါ သူသည် မျက်နှာကျက်ကို မော့ကြည့်ရင်းနှင့် ကုတင် ပေါ်တွင် လှဲနေရှာသည်။ ရစ်ချက်၏စောင်လေးကို သူ့ရင်ပေါ်တွင် လွှမ်းခြုံထား၏။
"လီလီယန်၊ မောင် စကားလာပြောနိုင်လားဟင်"
ကျွန်တော်က သူ့ကို ထိလိုက်သည်။ သူက တစ်ဖက်သို့ လှည့်သွား၏။
"ဒီမှာ လီလီယန်၊ သူဟာလည်း မောင့်သား အရင်းခေါက်ခေါက်ပါပဲကွယ်၊ ဒါကြောင့် မင်းရဲ့ ပူဆွေးမှု လေးတွေ ကို မောင်လည်း ဝေမျှ ခံစားပါရစေနော်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့ကွယ်"
သူက ကျွန်တော့်ကို မော့ကြည့်ကာ ကျွန်တော့်လက်များကို လာဆုပ်သည်။
"မင်း မှတ်မိသေးတယ် မဟုတ်လား၊ မောင်တော့ ဂျက်ဆင်မှာ အသတ်ခံရတော့မလို့ ထင်နေခဲ့တာကို လေ"
"မှတ်မိပါတယ် မောင်"
 
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 11, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂ဝ)

သို့သော် မီးဖို ချောင် ရှိ ဟင်းအိုးထဲတွင် ထည့်ထားသော အိမ်လခငွေလေးများကို တစ်ဖန်ပြန်လာပြီး ယူရပုံ။  ကျွန်တော် တို့မှာ အမြဲတမ်းပြေးလွှားနေရသည်။ ပုန်းအောင်းနေရသည်။ သူ့ဇနီး အဆုံးခံသွားရှာ သော အဘိုးကြီး ကို သွားသတိရမိပြန်သည်။ "ကလိုက်ဘဲနတ်" အကြောင်း။ "ဂျိမ်းစ်မဲရီဒစ်" အ ကြောင်း။ သူတို့ ကား ပြေးသူများ မဟုတ်ကြ။ "ဖီလဒယ်လ်ဖီးယား" တစ်မြို့လုံးတွင်ကား အာရုံ တက်လုပြီ။ ကျွန်တော့် အာခေါင် များ ခြောက်လာသည်။ ရေနွေးပူလာသည် တစ်ကိုယ်လုံး စီးဆင်း လာပြန်ချေပြီ။ ကျွန်တော့် အခန်းလေး သည် ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးဖြစ်သော အမေရိ ကန်ကို ကြည့်ရှုရန် အထူးတန်း စင်မြင့် ဖြစ်လာနေပေပြီ။ ပြိုင်ပွဲကား ဆက်လက်တည်တံ့ရေးပြိုင်ပွဲ။ ကျွန်တော့်အတွင်းစိတ်အင်အားကမူ "ဆက်လက်ချီတက်" ရန် အမိန့်ပေး လိုက်ချေပြီ။ ကို ဆက်ဖတ်ရန်...........

"ကျုပ်တို့ ချီတက်ဖို့ အသင့်ဖြစ်ကြပြီ။ မစ္စတာ ဂရီဂိုရီ။ ခင်ဗျား ဘယ်လိုများ ယူဆပါသလဲ"
"မှန်ပါတယ်။ ကျွန်တော်ည်း ပါဝင်ပါ့မယ်"
ကျွန်တော် တို့ ချီတက်ကြသည်။ အဘိုးကြီးအဘွားကြီးများ၊ ကလေးများ၊ မဲဆန္ဒရွေးကောက်ပွဲ အမှုထမ်းများ အမျိုးသမီး များ၊ ကျွန်တော်ကား ခြေတစ်လှမ်း လှမ်း တိုင်းပင် အသည်းထတ်နေ၏။ ဘယ်ခေါင်မိုးပေါ် ကများ သေနတ် နဲ့ လှမ်းပစ်လိုက် မှာပါလိမ့်မလဲ။ ဘယ်ကားပဲ မောင်းမာပြီး ငါ့နားကပ်ပြီး ပစ်သတ်သွားမှာ ပါလိမ့် မလဲ။
ရပ်ကွက်တစ်ခု ကို ဖြတ်ကျော်အပြီးတွင် ရဲမျာူးက ကျွန်တော်တို့ကိုတားကာ မြို့ထဲသို့ လှည့်သည် ချီတက် ဆန္ဒပြခွင့် မပြုကြောင်း ပြောသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကားများပေါ်သို့ ခုန် တက်လိုက်ကြပြီး နှစ်မိုင် ခန့်ဝေးသော တရားရုံးချုပ်ရှိရာသို့ ဆက်သွားကြသည်။

ရုံးချုပ်ရောက် သောအခါ ရုံးပတ်ပတ်လည်တွင် အစောင့်များ ချထားသည်ကို တွေ့လိုက်ကြရသည်။ ထို့ပြင် ရုံး ကိုလည်း နံနက်စောစောမှ စ၍ ပိတ်လိုက်ရာ မည်သည့်နီဂရိုးမှ မဲဆန္ဒစာရင်းမသွင်းနိုင်တော့ချေ။ ကျွန်တော်တို့သည် အုပ်စုကလေးများခွဲကာ လမ်းလျှောက်ာကြသည်။ ရုတ်တရက် ကျွန်တော့် ၀မ်းဗိုက်ကို လက်တစ်ခုက လှမ်းထားလိုက်ပြီး ရဲတစ်ဦးက "ငါပစ်သတ်လိုက်ရမလား"ဟု လှမ်း ပြောနေသံ ကြားလိုက်ရသည်။ ထို့နောက် မရှေးမနှောင်းတွင်ပင် ကျွန်တော့် နောက်ကျောမှ နေ၍ လက်မောင်းကို လှန်အချိုးခံလိုက်ရပြီး လမ်းတစ်ဘက်ကမ်းသို့ တွန်းပို့သွားခြင်းကို ခံလိုက်ရ သည်။ "ဂရင်းဝုဒ်" ရဲတစ်ယောက် ၏ လက်ချက်ပင် ဖြစ်သည်။

"ဟေ့ကောင် ငမဲစုတ်၊ သွားစမ်းကွာ"
"ကျေးဇူးအထူးတင်ပါတယ်ဗျာ"
"ဘာကို ကျေးဇူးတင်တာလဲကွ"
"သြော်...မြောက်ပိုင်းက ပုလိပ်တွေက လမ်းတစ်ဘက်ကနေ ကျုပ်ကို လိုက်မစောင့်နေတော့ လို့ပါ"
"ငါပြောနေတယ်နော်၊ သွားဆိုသွားစမ်း ငမဲစုတ်ကောင်"
"ကျုပ်က လမ်းမသိဘူးဗျ။ ဒီမြို့မှာ ကျုပ်က လူစိမ်း"
ထိုရဲက ကျွန်တော့် လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး နောက်ဘက်လှည့်ပြီး ပြောလိုက်သည်။ "ဟေ့ တစ်ယောက်ယောက်လာပြီး ဒီငမဲ ကို ဘယ်သွားရမယ်ဆိုတာ လမ်းပြလိုက်စမ်း"
သူတို့သည် ဆန္ဒပြသမားများကို တွန်းပစ်နေကြသည်။ အမြဲတမ်း ရဲများရော၊ အရန်ရဲများပါ အားဖြည့်ကာ တုတ်များ၊ သေနတ်များကိုင်လျက် နှိမ်နင်းနေကြသည်။

သတင်းထောက်နှင့် ဓာတ်ပုံ ဆရာများကလည်း လမ်းထောင့်များတွင် ရပ်ကြည့်နေကြသော လူဖြူများကြားတွင် ၀င်ချီထွက်ချီ လုပ်နေကြသည်။ ကျွန်တော်က လက်မောင်းတစ်ဖက် ကို ရုန်းထွက်လိုက်ပြီး လူအုပ်ထဲသို့ လက်ညှိုး ထိုးလိုက်သည်။
"ဟို လူဖြူမ ကို ခေါ်ပြီး ကျုပ်ကို လာလမ်းပြခိုင်းပါလားဗျ"
ရဲ၏ မျက်နှာ သည် နီသွား၏။ နှုတ်ခမ်းလည်း တစ်ချက်တွန့်သွားကာ "ငမဲ၊ ငမဲစုတ်၊ ငမဲညစ်ပတ်" ဟူသော စကားလုံးများကိုသာ ရေရွတ်နိုင်တော့သည်။

ကျွန်တော်က သူ့ကို ပြန်ကြည့်ကာ "မင်း အမေ လည်း ငမဲပဲကွ၊ ငါ့ဆီမှာရှိတဲ့ ငမဲသွေးထက် တောင် မင်းအမေ မှာ ရှိတဲ့ ငမဲသွေးက ပိုလိမ့်ဦးမယ်"
သူသည် ကျွန်တော့်လက်မောင်းကို ဖမ်းဆုပ်ထားရာမှ ချက်ချင်းလွှတ်ချလိုက်သည်။ သူ့လက် မှာ သေနတ်ဆီ သို့ ရောက် သွား၏ ကျွန်တော့်ကိုပစ်တော့မည်ဟုပင် ထင်လိုက်သည်။ သို့သော် ဘာမှ မပစ်ပါ။ ကျွန်တော်မှာ ဇောချွေးများ ပင် ပြန်သွားရ၏။ ကျွန်တော်တို့ကို တစ်လမ်းလုံးပင် ရဲများက ဆဲဆိုရေ ရွတ်ပြီး မောင်းနှင် သွားကြသည်။ ကျွန်တော်တို့ဌာနချုပ်သို့ ပြန်ရောက်သောအခါ၌ မွန်းလွဲပိုင်း တွင် နောက်တစ်ချီထပ်ပြီး ဆန္ဒပြ ချီတက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုနေ့က ကျွန်တော် အတော်ပင် သိနားလည်ခဲ့ရပါသည်။ အမေရိကန်မြို့ကလေး တစ်မြို့မှ အဆိပ်ဓာတ်ပြင်းထန် လှသော အမုန်းတရားမျာ။ လှပသော မြို့ကလေးတွင် စာတိုက်ရုံး၌ လွှင့်ထူ ထားသော အစည်းအရုံး ၏အလံ။ "အကြမ်းမဖက်ရေး ကျောင်းသားအည်းအရုံး"မှ ကောလိပ် ကျောင်းသားလေးများ၏ အလှအပ။ သူတို့သည် နေ့ရော ညရော မအိပ်မနေ မစားမသောက်ဖြင့် ပူလောင်ညစ်ပတ်သော အခန်းကျဉ်းလေး များထဲတွင် နီဂရိုးအိုကြီးများကို စာဖတ်တတ်ရေးတတ် အောင် အပတ်တကုတ် သင်ပေးနေကြ သည်။ သို့မှသာ သူတို့သည် မဲဆန္ဒစစ်ဆေးပွဲများ တွင် အောင်မြင်နိုင်မည် ဖြစ်သည်။ တောင်ပိုင်းသားလူဖြူတစ်ချို့၏ အသားအရောင် မခွဲခြားသော စိတ်ဓာတ်ရှိပုံ များ ကိုလည်း တွေ့ခဲ့ရသည်။ သူတို့သည် အိမ်သာကိုသာ ခွဲခွဲခြမ်းခြမ်းထားပြီး သွားကြသည်ကလွဲ၍ တခြားခွဲခြား စိတ်ဓာတ်ရှိကြပုံ မပေါ်ပါ။

နောက်တစ်ချီ ကျွန်တော်တို့ တရားရုံးသို့ ချီတက်သွားကြသောအခါ အချိန်ပင် အတော်နောက် ကျနေပေပြီ။ အသက် ၉၈ နှစ်ရှိပြီဟုဆိုသော အဘွားအို ပိန်ပိန်ကြီးတစ်ယောက်က ကျွန်တော့်ထံ လာပြီး "မစ္စတာ ဂရီဂိုရီ၊ အဘွား ငါ့မြေး နဲ့အတူတူ လိုက်လျှောက်ချင်တယ်ကွယ်။ ငါ့မြေးမှာ အနှောင့်အယှက်များ ဖြစ်မလားမသိဘူး။ ဒီနေ့ အဖို့တော့ ငါ့မြေးနဲ့အတူတူ လိုက်လာချင်ပါ တယ်။ အဘွားအနေနဲ့ သေရမှာကိုတောင် မကြောက်ဘူး ကွယ်"
ကျွန်တော် တို့ ချီတက်သွားကြသည်။

တောင်ပိုင်းပြည်နယ်များတွင် ဆန္ဒပြရခြင်းဟူသည်မှာ စစ်ပွဲကြီးတစ်ပွဲတွင် တိုက်ပွဲငယ်လေးတစ်ပွဲ တိုက်နေရသည့် အလား ဖြစ်သည်။ အသံဗလံများ၊ ရှုပ်ထွေးမှုများ၊ တွန်းတိုက်မှုများဖြင့် ရုတ်ရုတ် သဲသဲဖြစ်နေ သည်။ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်လည်း ဖြစ်နေကြသည်။ ဘာတွေ ဖြစ်နေမှန်း ပင်သေသေချာချာမသိရ။ ထိုသို့ ရုတ်ရုတ်ရက်ရက်များ မြင်နေကြားနေရသည့်ကြားမှပင် ဆက်ချီ တက်ကြရသည်။

တဒင်္ဂအနေနှင့် အောင်ပွဲလေးများရသည့်အလား ခံစားရခဲ့သည်လည်း ရှိသည်။ ထိုညနေပိုင်းချီ တက်ရာတွင် ကျွန်တော် တို့ သည်လည်း လမ်းကြောင်းပြောင်း ချီတက်ခဲ့သည်။ မြို့လယ်ကို ဖြတ်၍ ချီတက်သည့် လမ်းအစား လူဖြူရပ်ကွက် များကြားမှ ချီတက်ရသော လမ်းကို အသုံးပြုခဲ့ကြသည်။ ဤသို့ လုပ်ချင်းဖြင့် ရဲများသည် ကျွန်တော် တို့ကို အချိန်တစ်နာရီခွဲခန့်အကြာမှ မီလာနိုင်သည်။
"ငမဲ အစုတ်အပြတ်တွေ"
"မင်းအမေလည်း ငမဲစုတ်ပဲကွ"ကျွန်တော်က ရဲသားကို ပြန်အော်ပြောလိုက်သည်။

"အမျိုးယုတ် မျောက်မဲကောင်"
"ဘယ်သူ့ကို မင်းခေါ်တာလဲကွ ဟင်၊ မျောက်ဆိုတာက နှုတ်ခမ်းပါးရတယ်၊ မျက်လုံးပြာရတယ်၊ ဆံပင်ဖြောင့် ရတယ်"
"ကဲ သွားမှာသွားစမ်းပါတော့ကွာ"
ရဲမှာ စိတ်မရှည်နိုင်တော့။ သူတို့သည် ကျွန်တော်တို့အား လူစုခွဲရန်ကြိုးစားကြပြန်သည်။ တစ်ချီ တွင်ရဲများက အမျိုးသမီး တစ်ဦး အား အတော်ခပ်ပြင်းပြင်းပင် ရိုက်ချလိုက်ကြသည်။ အမျိုးသမီးမှာ စိုက်ခနဲကျသွားပြီး အုတ်နံရံနှင့် ပြေးဆောင့်မိကာ ခေါင်းဟက်တက်ပင် ကွဲသွားရှာသည်။

သူ့ခမျာ နေရာတွင်ပင် ပုံကျသွားတော့သည်။ ကျွန်တော်တို့အထဲမှ တစ်ယောက်မှာ သည်းမခံနိုင်တော့ သည့် အလျောက် ရဲတစ်ဦးအား သွားရောက် ထိုးကြိတ်လိုက်မိသည်။ သူ့ကို ရဲကားဆီ တရွတ် တိုက်ဆွဲသွားကြပြီး ရဲကားပေါ် တွင် ရဲသားငါးယောက်တို့က ခေါင်းကို ထိုးသူထိုး၊ ဗိုက်ကို ထိုးသူ ထိုးဖြင့် ၀ိုင်းနှိပ်စက် လိုက်ကြသည်။ ထိုရဲများထဲမှ တစ်ယောက်မှာ အသံအတော်ကျယ်ကျယ်ဖြင့် ပင် လှမ်းအော်ပြောနေသံ ကို ကြားလိုက်ရသည်။ သူ့စကားမှာ ကျွန်တော်တို့ ဆန္ဒပြသမားများ အတွက်အမြတ်ပင် ဖြစ်သည်။

"ဟေ့ကောင် ဂျော့၊ ငါ့ကို ဓားပေးစမ်းကွာ၊ ဒီငမည်းလေးရဲ့ ဝှေးစေ့ကို ဖောက်ပစ်လိုက်ရအောင်၊ ဒါမှ နောက်ဘယ်တော့ မှ ဘာတစ်ခုမှ မလုပ်နိုင်မှာကွ"
ယခုအခါ ကျွန်တော်သည် ဆန္ဒပြသမားများ၏ ထိပ်ဆုံးရှေ့တန်းတွင် ရောက်နေပေသည်။ ကျွန်တော်ကလည်း ထိုအဖမ်းခံရသော ရဲဘော်ကလေး ပြန်မလွှတ်မချင်း ဤနေရာမှ တစ်လက်မ မျှမရွေ့တော့ဟု ပြောလိုက်သည်။ ရဲနှစ်ယောက်က ကျွန်တော့်အား ၀င်ဖမ်းကာ ရဲကားနောက်ခန်း သို့အတင်းတွန်းပို့ကြသည်။
ကားမောင်းနေသော ရဲသားက ကျွန်တော့်ဘက်လှည့်ကာ ခေါင်းကိုလက်ဝါးနှင့် စရိုက်တော့သည်။ ကျွန်တော်က မျက်နှာကိုလက်ဖြင့် ပြန်ကာထားလိုက်သည်။

"မင်း လက်တွေကို အောက်ကို ချထားလိုက်စမ်း ငမည်းစုတ်"
သူက အော်ပြကာ ခေါင်းကို ဆက်ရိုက်နေပြန်သည်။ သိပ်ပြင်းပြင်း ထန်ထန်တော့မဟုတ်ပါ။ ထို့ နောက်ကားစက်နှိုး ကာ ရပ်ကွက်သုံးကွက်မျှ မောင်းထွက်ခဲ့သည်။ ထို့နောက် ကားကိုရပ်ပစ်လိုက် ကာ ကျွန်တော့်ဖက် လှည့်ပြီး ငိုပါတော့သည်။
"ဘုရားရေ.....ဘာဖြစ်ရတာတုံးဗျ"
သူက ကားထဲထိုင်ကာ ကျွန်တော့်ကို ကြည့်ပြီး ပြောပြသည်။ ညဘက်သူအိမ်ပြန်သွားလျှင် သူ့ကလေးများက သူ့ကိုပြောင်စပ်စပ်ဖြင့် ကြည့်နေ တတ် ကြသဖြင့် ၀မ်းပန်းတနည်း ခံစားမိ ကြောင်းပြောနေသည်။

ကျွန်တော့်ကို မကြာခင် မိနစ်ပိုင်းကပင် ငမည်းခြင်း မိုးမွှန်နေအောင်ခေါ်ကာ ရိုက်မောင်းပုတ် မောင်း လုပ်ခဲ့သော ထိုလူဖြူရဲသား ၏ ပါးစပ် မှ ထိုစကားလုံးများ ထွက်လာသည်ကို ကျွန်တော် မယုံနိုင်တော့။
"ခင်ဗျား လုပ်တာ မှန်ပါတယ်ဗျာ၊ ခင်ဗျားက ဒီဆင်းလာပြီး လူတွေကို ကူညီနေတယ်၊ ကျွန်တော်က ခင်းဗျားကို ဟန့်တားနေ တယ်၊ ဒီလိုမှမလုပ်ရင်လည်း မရဘူးလေဗျာ၊ ကျွန်တော် တစ်ခါတစ်ခါ တွေးမိတယ်၊ ခင်ဗျားက ကျွန်တော့် ထက်ပိုပြီး မွန်မြတ်ပါတယ်လို့"
သူ ကျွန်တော့် ကို ထောင်သို့ ခေါ်မသွားပါ။ မဲဆန္ဒရုံးချုပ်သို့သာ ပြန်လှည့်မောင်းပို့ပါသည်။ ကျွန်တော်က ကားပေါ်မှ ဆင်းသောအခါ သူ့ကို နှစ်ဒေါ်လာ ထိုးပေးလိုက်သည်။

"ဒါက ဘာလဲဗျ"
"ကျွန်တော်က ကားသမားကို အမြဲဘောက်ဆူးပေးတတ်တယ်လေ၊ ခုလဲခင်ဗျားက တောင်ပို့ခိုင်း တာ ထောင်ကို မသွားတော့၊ ခင်ဗျားလဲ ကျွန်တော့်ကားသမား ဖြစ်သွားတာပေါ့ဗျ"
ကျွန်တော် လည်း အဖွဲ့မှ ကားတစ်စီးပေါ် ပြန်တက်ကာ ဆန္ဒပြရာ အရပ်သို့ ပြန်လာခဲ့သည်။ ကားပေါ်မှ ဆင်းသောအခါ ရဲအရာရှိ "ဟမ်မွန်"သည် ကျွန်တော့်ထံ တည့်တည့်မတ်မတ် လျှောက် လာနေတော့သည်။
"ဘာဖြစ် လို့ ပြန်လာရပြန်တာလဲကွာ"
"ဒီမှာ ဟမ်မွန်၊ ကျွန်တော့်ကို ဖမ်းတိုင်း ထောင်ကိုသာ တန်းပို့လိုက်ဖို့ ကောင်းတယ်ဗျ၊ ဒါမှမ ဟုတ် ကဲပြန်ပေး ဆွဲသလို ခေါ်ခေါ်သွားနေရင်တော့ ကျုပ်ကလည်း ပြန်ပြီး ဆန့်ကျင် ဆန္ဒပြ ရမှာချည့်ပဲဗျ"
ရဲသားငယ် တစ်ဦး ရောက်လာ၏။

"ဘယ်လိုလဲ ငမည်းစုတ်ရဲ့၊ မင်းက ထောင်ထဲဝင်ချင်လို့လား"
"ဒီကို လာစမ်းပါဦးကွာ၊ ငါပြောပါရစေဦး။ ငါမင်းကို ဒီနေ့ရှီကာဂိုကို ခေါ်သွားပြီး ငါ့အိမ်လာကြည့် စေ ချင်တယ်။ နောက်ပြီး မင်းဒီကို ပြန်လာပြီး မင်းအိမ်ကို ပြန်ကြည့်။ ကဲ အဲဒီအခါကျရင်တော့ တို့နှစ်ယောက် ဟာ ဘယ်ကောင်က ငမည်းစုတ်ဆိုတာကို မင်းသိသွားလိမ့်မယ်"
ထို့နောက် ရဲများသည် နောက်သို့လှည့်ကာ ပြန်လျှောက်သွားကြသည်။ ကျွန်တော်တို့အား လမ်း ထောင့်တစ်ခု တွင် ထားရစ်ခဲ့ကြသည်။ ချီတက်ပွဲကား ပြီးဆုံးခဲ့လေပြီ။ ကျွန်တော်တို့သည် နှစ်ယောက် တစ်တွဲ၊ သုံးယောက်တစ်တွဲ ခွဲကာ ပြန်ခဲ့ကြတော့သည်။

ထိုညတွင် ကျွန်တော်နှင့် "ဂျင်မိဆင်းဒါးစ်"တို့သည် မိုင်ငါးဆယ်မျှဝေးသော "ကလပ်စ်ဒေးလ်"မြို့ တွင် လူထုအစည်းအဝေးတစ်ခု တက်ရောက်ရန်အတွက် ကားမောင်းထွက်ခဲ့ကြသည်။ ဘယ်ပ ဘစ်သာသနာပြု ဘုရားကျောင်း အတွင်းဝယ် လူပေါင်း ၈၀၀ခန့်မျှပင် စုရုံးရောက်ရှိနေကြလေပြီ။ ကျွန်တော်တို့သည် ရဲများကြား မှပင် အတင်းတိုးပြီး အထဲဝင်ခဲ့ကြရသည်။ စင်မြင့်ပေါ်တွင် ထိုင်ပြီး စကားပြောရန် စောင့်နေစဉ်တွင် တံခါးပေါက်မှနေ ၍ ဗုံးတစ်လုံး ကျလာသည်။ ထိုဗုံးသည် လူ တစ်ယောက်၏ ခေါင်းပေါ်တည့်တည်ကျပြီးမှ ခုန်ကာ မိန်းမကြီးတစ်ဦး ၏ လက်ပေါ်ကျပြီး ကြမ်း ပြင်ပေါ်လိမ့်ကျသွားသည်။

ကျွန်တော်သည် ထိုင်နေရင်းနှင့် ကြောက်လာသည်။ ကျွန်တော့်ဇနီးများနှင့် ကလေးများ မျက်နှာ များကို မြင်ယောင် လာသည်။ ဤနေရာတွင် သက်သက်လာထိုင်ပြီး အသေခံကာ အားလုံးကို စွန့် ပစ် သွားမည်လော။ သို့သော် ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲတွင် လျှပ်လက်သွားသလို ခံစား လိုက်မိသည်။ ဤသို့အသေခံရသည် ပင် ထိုက်တန်လွန်းလှသည်ဟူ၍။ သတင်းထောက်များနှင့် ဓာတ်ပုံဆရာများသည် မတ်တပ်ရပ်လျှက် ရှိကြပြီး မှတ်စုစာအုပ်များတွင် ရေးမှတ်ကြ၊ ဓာတ်ပုံများ နှင့် ရိုက်ကြနှင့် အလုပ် ရှုပ်နေကြသည်။ နီဂရိုး အများစုကား ဟိုပြေးသည်ပြေး ပြေးနေကြရှာ သည်။ ကျွန်တော်က ခုန်ထကာ စကားပြောခွက် ကို ဆုပ်ကိုင် လိုက်သည်။

"ဘယ် သွားကြမလဲ ရဲဘော်တို့၊ ဒီဗုံးကို ပစ်တဲ့လူက ဘုရားသခင် ကျောင်းတော်ရဲ့ ပြင်ပကပါ။ ရဲဘော်တို့ကို ကယ်တင်မဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားသခင်ဟာ ဒီကျောင်းတော်ထဲမှာ ရှိပါတယ်။"
သူတို့သည် ပြေးနေရာမှ ရပ်လိုက်ကြသည်။ လူတစ်ယောက်က ဗုံးကို ကောက်ယူကာ အပြင်ကို လွှင့်ပစ် လိုက်သည်။ ဗုံးမှာ ပင်မဖြုတ်ဘဲ ပစ်လိုက်သော ဗုံးမို့လို့သာ တော်တော့သည်။
မကြာခင် တွင် အခြေအနေမှာ ငြိမ်သက်သွားသည်။

ထို့နောက် အစည်းအဝေးစသည်နှင့် ကျွန်တော် စကားစပြောသည်။ သို့သော် ဤ"ကလပ်စ် ဒေးလ်"ရှိ နီဂရိုးများ သည် "ဂရင်းဝုဒ်"မှ နီဂရိုးများလောက် မတက်ကြွကြ။ သူတို့သည် ပုလိပ်ကို ပိုကြောက်ကြ၍ ဖြစ်သည်။ ထို့ပြင် ခုနက လက်ပစ်ဗုံးကြောင့်လည်း ချောက်ချားနေကြဟန်တူ သည်။ အစည်းအဝေး ပြီးသည်နှင့် လူတစ်ယောက် ကျွန်တော်ထံလာပြီး ယနေ့ညတွင်ပင် ကျွန်တော့်ကို သတ်ပစ်ကြ လိမ့်မည်ဟု ပြောသည်။ "ဂရင်းနစ်"သို့ အပြန်လမ်းတွင် လမ်းပိတ်ဆို့ ထားကာ လုပ်ကြံကြလိမ့်မည်ဟု ဆိုသည်။ သတင်းပေးမှာ နီဂရိုးတစ်ယောက်ဖြစ်ည်။ သို့သော် သူက သူ့ကို ရဲအရာရှိကြီး က စေလွတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘုရားကျောင်းမှ လူများသည် "ဂျင်မ်ဆင်းဒါးစ်"နှင့် ကျွန်တော်တို့ကို ၀ိုင်း ထားကာ ထောင့်တစ်ထောင့် သို့ ခေါ်သွားကြသည်။ ကျွန်တော်တို့သည် ထက်မြက်သော နီဂရိုးခေါင်း ဆောင် တစ်ဦးဖြစ်သော ဆေးပိုင်ရှင် "အေရွန်ဟင်နရီ"၏ အိမ်တွင် တစ်နာရီ ပုန်းခိုကာ နောက်ဖေး ပေါက်တွင် ရောက်လာမည့် ကားအလာကို စောင့်ကြရမည်ဖြစ်သည်။ ထို့နောက် ကားအနောက် တွင်ပင် ထိုင်ကြကာ ကျွန်တော်တို့နှစ်ယောက်သည် "ကလပ်စ်ဒေးလ်" နီဂရိုးတစ် ဦး၏ အိမသို့ လိုက်သွားကြရမည် ဖြစ်သည်။
ထိုနေ့တွင် သူတို့သည် ၉၈နှစ်အရွယ် အဘွားကြီးကို လမ်းပေါ်တွင်ပင် ရိုက်ခဲ့ကြသည်။ အဘွား ကြီးမှာ ခေါင်းတစ်ခုလုံး ချင်းချင်းနီအောင် သွေးများယိုစီးလျက်က ကျွန်တော့် ကို မော့ကြည့်သွား ပုံ မြင်ကွင်းလေးကို ကျွန်တော့်တစ်သက်တွင် မမေ့နိုင်တော့ချေ။

ထိုနေ့၌ပင် "ဂျင်မ်"ကို သူတို့ဖမ်းခဲ့ကြသည်။ ပထမဆုံးအကြိမ် သူထောင်ထဲရောက်ဖူးခြင်းပင်။ ဤသည်မှာ သူ့အတွက် အတွေ့အကြုံကောင်းများ ရစေပြီး စားရေးဆရာတစ်ဦး ပိုဖြစ်လာစေရန် ဖန်တီးခြင်းပင် ဖြစ်သည်ဟု သတင်းထောက် များအား ကျွန်တော်က ပြောလိုက်ရသည်။ သို့သော် သူ့အတွက် ကျွန်တော် စိတ်တော့ပူရ၏။ အဘယ်ကြောင့် ဆိုသော သူသည် အေးအေးချမ်းချမ်း၊ ချိုချိုသာသာနှင့် သဘောသကန် အလွန်ကောင်းသော ပုဂ္ဂိုလ် တစ်ဦးဖြစ်၍ ဖြစ်ပါသည်။ အခြား နီဂရိုးခေါင်းဆောင် ဆယ့်ရှစ်ယောက်တို့ကိုလည်း ဖမ်းသွားကြ ပါသည်။ ကောင်းလေးတစ်ယောက် ကိုပလက်ဖောင်းပေါ်တွင် ရိုက်ချပစ်ကြသည်။

တစ်ယောက်ကိုကား ဘတ်စ်ကားပေါ်တွင် ရိုက်နှက် ခဲ့ကြသည်။ သင်းအုပ်ဘုန်းတော်ကြီး "ရောဘတ်ကင်လော့ရှ်"အား အတင်းဆုပ်ပြီး ဖမ်းကြရာ ဘုန်းတော်ကြီး၏ ကော်လာပင် ကျွတ်ပါသွားရှာသည်။ ရဲသား တစ်ယောက် က သူ့လက်ကိုင် တုတ်ဖြင့် ဆန္ဒပြသမားများထဲမှ ဓာတ်ပုံ ရိုက်ကူးနေသူတစ်ဦးအား ပစ်ထည့် လိုက်သည်။ ပခုံးမှန် သွား၍သာ တော်တော့သည်။ ထိုနေ့က ရဲများသည် အကောင်းဆုံး အမူအရာ လှုပ်ရှားမှု များဖြင့် တာဝန်ထမ်းဆောင်နေကြသည်။ ဘယ်ကြောင့်ဆိုသော် ရုပ်ရှင်မှုများဖြင့် တာဝန် ထမ်းဆောင်နေ ကြသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်ကင်မရာများ ကိုင်ဆောင်ထားကြသော် "အက်ဖက်ဘီ ဆိုင်" အဖွဲ့ဝင်များစွာပင် မြို့ သို့ ရောက်နေကြ၍ ဖြစ်ပါသည်။

သူတို့ က ကျွန်တော့်ကိုမူ မဖမ်းဆီကြသေးပါ။ တွန်းလိုက် ထိုးလိုက်နှင့် ထိကပါးရိကပါးသာ လုပ်ကြပါသည်။ ကျွန်တော် က စိတ်ဆိုးလာသောအခါ ရဲအာဏာပိုင် "ဟမ်းမွန်း"အားသာ ဆဲရေး တိုင်းထွာလိုက်တော့၏။ သို့သော် သူတို့ကလည်း တွက်ထားဟန် တူသည်။ ကျွန်တော့်ကို ဖမ်းဆီ လိုက်ခြင်းသည် ပို၍ အကျော်ဇေယျဖြစ်သွားလိမ့် မည်စိုးနေကြပုံရသည်။ ရဲသားတစ်ယောက်က ကျွန်တော့်ထံလာကာ မျက်နှာ တည့်တည့် ကို ပစ်ကနဲ တံတွေးနှင့် ထွေးသွားသည်။ ကျွန်တော်က ပြန်ပြီး တုံ့ပြန်ရန် ကြံလိုက်မိသည်။ သို့သော် နီဂရိုးအဘိုးကြီးအား ကတိပေးခဲ့သော စကားကို ပြန်သတိရလိုက်သည်။ ထို့ကြောင့် ကိုယ့်ကိုယ် ကို ပြန်ထိန်းလိုက်ရသည်။ နေရာတွင်ပင် မရွေ့ဘဲ ရပ်နေပြီး မျက်နှာတစ်လျှောက်တံတွေများ စီးကျလာပြီး ကျွန်တော့် ပါးစပ် ထဲဝင်သည်ထိပင် ပေပြီး ရပ်နေလိုက်သည်။

"မင်းဒီလိုလုပ်လိုက်တာငါလည်း မင်းလိုဘဲ လူဖြူဖြစ်လာပြီလို့ ငါထင်သကွ။ ဒီမှာကြည့်ပါလား။ မင်းတံတွေးတွေ က ငါ့ကိုယ်ထဲ ၀င်သွားခဲ့ပြီးလေ"
နောက်တစ်နေ့တွင် ကျွန်တော်က လီလီယန်ကို ဖုန်းဆက်ခေါ်လိုက်ပါသည်။ သူသည် ဆေးရုံမှ ဆင်းပြီး အိမ်ပြန်ရောက်ခါစ ရှိသေးသည်။ သူ့ကိုမှီရာ လေယာဉ်ဖြင့် အမြန်ဆုံးဆင်းလာခဲ့ရန် မှာလိုက်သည်။ ကျွန်တော်က ဤတောင်ပိုင်း သားနီဂရိုးများ၏ အလှအပများကို သူ့ကို မြင်စေ ချင်သည်။

အဘိုးအို၊ အဘွားအိုများ စာရေးစာဖတ် သင်နေကြပုံများ၊ လူကြီးရော၊ လူငယ်ပါ ချီတက် ဆန္ဒပြပုံများ၊ အိမ်ရှင်မများ တစ်နေကုန်တစ်နေခန်း မီးဖိုခန်းမှမထွက်ဘဲ ချက်ပြုတ်ပြင် ဆင်နေကြပုံများ သို့မှာသာ သူတို့၏ ခင်ပွန်းသည် သို့မဟုတ် သားချင်းများသည် ဆန္ဒပြရာမှ အချိန်ရတုန်း အခိုက်အတန့်ကလေးတွင် ကမန်းကတန်းအိမ်ထဲဝင်ပြီး အစာ တစ်ကိုယ်တစ်ဖဲ့ မျှပင်ဖြစ်စေ စားသုံးနိုင်မည် ဖြစ်သည်။ ဤသည်တို့ကို လီလီယန် မြင်စေချင်သည်။ လီလီယန်က မနက်ဖြန် မနက် လေယာဉ်ဖြင့် လာခဲ့မည်ဟု ပြောသည်။

"ဂရင်းဝုဒ်"သို့ ရောက်နေသော တတိယမြောက်နေ့။ ဗုဒ္ဓဟူးနေ့။ ထိုညတွင် ကျွန်တော်သည် တစ်ယောက်တည်း ဖြစ်နေကာ ချောက်ချား၍ပင် နေမိပါသည်။ တစ်မြို့လုံး ငြိမ်သက်တိတ်ဆိတ် နေကြသည်။ လမ်းလျှောက် ထွက်ပါကမိုးမလင်းမီပင် အသတ်ခံချင်ခံရမည်။ ရဲကို တိုင်ရန်ပင် အချိန်ရနိုင်တော့မည်မဟုတ်။ မတော်တဆ ခြေသပွတ်တိုင်လည်ပြီး လမ်းမပေါ်လဲကျသွားလျှင် ပင်သူနာတင်ကား ရောက်လာပါက သင့်ကို မည်သူမည်ဝါမှန်း သိသွားသည်နှင့် တစ်ပြိုင်နက် ချထားကာ မောင်းထွက်ပြေးသွားမည်သာ ဖြစ်သည်။ ကြိတ်သတ်လျှင်ပင် သတ်သွားနိုင်ပေမည်။

သို့သော် သင့်အနေနှင့် လမ်းမလျှောက်နေလို့လည်း မဖြစ်။ သင့်တွင်အိပ်စရာနေစရာက မရှိ။ ဘယ်နီဂရိုးအိမ်မှ မ၀င်ရဲ။ သူတို့က သင့်ကို မြင်သွားလျှင် အိမ်ကို ဖောက်ခွဲပစ်လိုက်ပေမည်။ အိမ်ရှင်များပင် သင့်ကြောင့် အန္တရာယ်ရှိနိုင်ကသည်။ သို့တည်းမဟုတ် သိပ်ကြောက်တတ်သော နီဂရိုးအိမ်တစ်အိမ်ဝင် တည်းမိပါက ထိုအိမ်ရှင်ကပင် ကျွန်တော် ရောက်နေကြောင်း သတင်းပို့ တိုင်းကြားကောင်း တိုင်ကြားပေမည်။
ကျွန်တော်သည် ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်လာခဲ့ရာ ထောင့်ချိုးတစ်ခုအရောက်တွင် မော့ကြည့်လိုက်သောအခါ ခေါင်းမွေးပြောင်ပြောင်နှင့်လူခပ်ထွားထွား ခပ်၀၀ကြီးတစ်ယောက်လို တွေ့လိုက်ရပါသည်။ ထိုသူက နှစ်လုံးပြူးသေနတ်ကြီးကို ကစားစရာလေးသဖွယ် သဘောထားပြီး ဟိုရမ်းသည်ရမ်း ဟိုချိန်သည်ချိန်နှင့် လုပ်နေပါသည်။ နောက်ဆုံး ကျွန်တော့် ဗိုက်ကို သေနတ် ပြောင်းဝဖြင့် လာထောက်လိုက်သည်။

"ငါတော့ ငမဲရဲ့အူတွေ ပေါက်သွားအောင် ပစ်ထည့်လိုက်တော့မဟေ့"
ကျွန်တော်ကလည်း ပင်ပန်းနွမ်းနယ်လှပြီ။ ကြောက်ရွံ့ထိတ်လန့်မှုတို့သည်လည်း ထုံတိုင်းနေပေ ပြီ။ ထို့ကြောင့် သူ့ကိုသာ စိုက်ကြည့်လိုက်မိသည်။
"ဒါပဲလားကွ မင်းအကြံအကုန်၊ ဒါဆို ပစ်လိုက်လေကွာ။ ပစ်လေကွာ။ ဟိုမအေ... ခလုတ်ဆွဲပြီး ပစ်လိုက်ပါတော့ လားကွ၊ ဟေး မအေ... ခလုတ်ကို ဆွဲလိုက်တော့လေ"
ကျွန်တော့် ပါးစပ်မှ ထွက်လာသော အယုတ္တအနတ္တ ညစ်တီးညစ်ပတ်စကားလုံးများကို ကြောက်ရွံ့ သွား၍လား မသိ။ သူသည် သူ့သေနတ်ကြီးကို အောက်သို့စိုက်ချကာ ကျွန်တော့်အပါးမှ ခွာသွား တော့သည်။ သူသည် သူ့ကို နီဂရိုး တစ်ဦး စေခိုင်းသည့်အတိုင်းဆိုလျှင် လိုက်လုပ်မည့် လူစားမျိုး မဟုတ်ပေ။

ကြာသပတေးနှင့် သောကြာနေ့များတွင် ကျွန်တော်သည် လီလီယန်နှင့်အတူ ချီတက်ခဲ့သည်။ ရဲများအတွက်ဆိုလျှင် သူသည်လည်း အခြားဆန္ဒပြသမားတစ်ယောက်၊ မျက်နှာသစ်လေးတစ်ဦး ဟု ထင်ကြဖွယ်ရာ ရှိသည်။ လူတော်တော်များများကမူ ဇနီးသည်ကို ခေါ်လာခြင်းသည် ကျွန်တော့် မိုက်တွင်းနက်မှုပင် ဖြစ်သည်ဟုပြောကြသည်။ သို့သော် ကျွန်တော်ကား ဤအလှအပများနှင့် အရုပ်ဆိုး အကြည့်တန်မှု များကို သူ့ကို မြင်စေ့ချင်သည်။

ကျွန်တော်တို့သည် သင်းအုပ်ဆရာကြီး "တပ်ကာ"၏အိမ်တွင် တည်းခိုကြသည်။ ရဲများကလည်း ကျွန်တော် တို့အား နှောင့်ယှက်တားဆီးဆဲပင်။ ရုပ်မြင်သံကြားသမားများကမူ ကျွန်တော်တို့၏ဆန္ဒ ပြပွဲကို စောစောစီးစီး ကျင်းပစေလိုလှသည်။ သို့မှသာ မနက် ၆ နာရီသတင်းတွင် ထည့်သွင်းပြသ နိုင်မည်ဟု ဆိုကြသည်။ ရဲများကလည်း ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ကူးကြသည်။
သူတို့ ဓာတ်ပုံရိုက်ကြသောအခါ ကျွန်တော်တို့က ပြန်တပ်ခေါက်လိုက်ကြသည်။ ရဲများက ထိုဓာတ် ပုံများဖြင့် တစ်သက်လုံးပြပြပြီး မြို့ခံနီဂရိုးများဖြင့် သွေးကွဲအောင် နှောင့်ယှက်၊ သွေးထိုးဖျက်ဆီး ကြမည်ဖြစ်သည်။ ဤသို့ဖြစ်မည် ကို ကျွန်တော် မလိုလား။ ကျွန်တော်တို့က ပြီးလျှင် ပြန်ကြရုံသာ ရှိသည်။

သူတို့အဖို့မူ ဤ "ဂရင်းဝုဒ်" တွင် အတော်ကြာ ဆက်နေရစ်ကြပေဦးမည်။
ဧပြီလ ၆ ရက်နေ့၊ စနေနေ့တွင် ကျွန်တော်တို့ "ဂရင်းဝုဒ်"မှ ထွက်ခဲ့ပါသည်။ အခြေအနေအရပ်ရပ် သည် ငြိမ်သက်သွားပါချေပြီ။ အတော်တုံ့ပြန်မှုများလည်း ရရှိခဲ့သည်။ ဖမ်းဆီးထားသော ဆန္ဒပြ သမားများ ကို ပြန်လွှတ်ပေးသည်။ မဲဆန္ဒမှတ်ပုံတင်ရန်အတွက် တရားရုံးသို့ နီဂရိုးများသည် လမ်း လျှောက်သွားစရာမလိုတော့ဘဲ ဘတ်စ်ကားများဖြင့် အကြိုအပို့ လုပ်ပေးရန် စီစဉ်ပေးကြသည်။
ကျွန်တော်တို့ဘက်မှလည်း အပြန်အလှန်အာဖြင့် နှောင့်ယှက်ဆန္ဒပြမှုများကို မပြုလုပ်တော့ရန် ချ မှတ်လိုက်ရသည်။ ကျွန်တော်ကလည်း ထိုမြို့မှ ခွာရန် ကတိပေးလိုက်သည်။ ကျွန်တော်ကား အတွေ့အကြုံ တော်တော်များများ ရခဲ့ပေပြီ။ ပိုမိုခိုင်မာ သတ္တိရှိလာပြီ။ ကြောက်စိတ်လျော့နည်း သွားပြီ။ ပထမဆုံးစစ်မြေပြင်မှ ပြန်လာသော စစ်သားတစ်ဦးကဲ့သို့။

သို့သော် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ကြောင်းကိုကား ကျွန်တော် မသိခဲ့။ ဘာတွေဖြစ် ပျက်ခဲ့သည်ကိုလည်း ကျွန်တော် ယခု ဖွင့်မပြောပြနိုင်။ တိုက်ပွဲမပြီးဆုံးသေး၍ ဖြစ်ပါသည်။ ကျွန် တော် မြောက်ပိုင်းသို့ရောက်သောအခါ တစ်နည်းတစ်ဖုံအားဖြင့် ချောက်ချားတုန်လှုပ်ဖွယ်ရာများ ကို တွေ့ရပြန်တော့သည်။
ဥပမာပြော ရလျှင် မြောက်ပိုင်းထုတ် သတင်းစာများ၌ "ကလပ်စ်ဒေးလ်" တွင် ကျသော ဗုံးမှာ ဘောလုံးသားရေ ကျွတ်လုံးလေးသာ ဖြစ်ပါသည်ဟူသော သတင်းမျိုး။ အချို့ကလည်း ကျွန်တော် တို့သည် "ဂရင်းဝုဒ်" ၌ တိုက်ပွဲရှုံးနိမ့်ခဲ့ရပါသည်တဲ့။ ဤသည်တို့မှာ ကျွန်တော်တို့ထံ ကိုယ်တိုင် ကိုယ်ကျ မျက်မြင် လက်တွေ့ လာ သတင်းယူကြသော သတင်းထောက်များ၏ လက်ချက်ကား ဖြစ် ဟန်မတူ။ သူတို့ပို့လိုက်သော သတင်းမှန် များကို ပြန်လည်လုပ်ကြံကာ စီစဉ်ကာ ထားသွင်းသော အယ်ဒီတာများ၏လက်ချက်ပင် ဖြစ်သည်။

သို့သော် ပိုပြီး ကျွန်တော့်ကို ချောက်ချားစေသည်မှာကား နီဂရိုးများကိုယ်တိုင်က ကျွန်တော်ထံ လာပြီး ကျွန်တော် "ဂရင်းဝုဒ်" သွားခြင်းသည် ထင်ပေါ်ကျော်ကြားလို၍သွားခြင်းဆိုသည်မှာ မှန်ပါ သလားဟု အမေးခံ ရသည့် အခါ ဖြစ်ပါသည်။
အမေရိက တွင် နီဂရိုးတစ်ယောက်ကို သင်က ကယ်တင်ကူမ ရန် ကြိုးစားပါက နီဂရိုးများကိုယ်တိုင် ကပင် သင့်ကို မယုံမရဲနှင့် သင့်ရည်ရွယ်ချက် ဘယ်ပုံဘယ်နည်းရှိသည်ကို ပြန်လှန်မေးခွန်းထုတ် ကြမည်ဖြစ်၏။ ကျွန်တော် သာ ဖျော်ဖြေရေးလုပ်ငန်း ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး တပ်ဖွဲ့ထဲဝင် ပြီး ဗီယက်နမ်သို့သွားခဲ့ပါလျှင် ကျွန်တော့် ကို မည်သူမျှ (အဖြူရော၊ အမည်းရော) ဘာကြောင့် ဤ သို့လုပ်ရသနည်း ဟု လာမေးမည် မဟုတ် ပါချေ။ သို့သော် နီဂရိုးများ ကို ကူညီပါလျှင်ကား....။
""
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 10, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၉)

သို့သော် နီဂရိုးတိုင်းအား ထိခိုက်စေသည်။ ထို့ပြင် ထိုဇီးသီးခူးသမားများအနေဖြင့် နီဂရိုးများ သည် ဘာမင်ဂန် ကုန်ပဒေသာ ဆိုင်များထဲတွင် ဦးထုပ်ဆောင်းခွင့်၊ ဖိနပ်စီးခွင့်တို့အတွက် တိုက်ခိုက်နေ ရကြောင်း ကို လည်း နားလည်နိုင်ကြပါ မည်လော။
ထိုနှစ်ဆောင်းရာသီ တွင်ပင် "မက်ဒ်ဂါအဲဗားစ်" က "မစ္စစ်စီပီ" ပြည်နယ် ဂျက်ဆန်မြို့မှ မဲဆန္ဒရှင် များ၏ ဆန္ဒပြပွဲ တွင် လာရောက် မိန့်ခွန်းပြောရန် ဖိတ်ခေါ်ပြန်သည်။
ကို ဆက်ဖတ်ရန်..............

(၈)

၁၉၆၂ နိုဝင်ဘာလတွင် ကျွန်တော်သည် "ဂျက်ဆင်"မြိုကခန်းမကြီး၏ စင်မြင့်တစ်ခုပေါ်တွင် ရောက် နေပါသည်။ ကျွန်တော့်အလှည့်မရောက်မီ ထိုင်စောင့်နေရပါသည်။ ကျွန်တော်မှာ မနားတမ်းပင် တောက်လျှောက် လုပ်ချင်နေ ပါသည်။ ညကပင် လေယာဉ်ဖြင့်ရောက်ခဲ့သည်။
ယခုလည်း မိန့်ခွန်းပြောပြီးသည်နှင့် ဤမြိုကမှ ထွက်ခွာသွားချင်နေသည်။
ယခုမူ အလဟဿ ထိုင်စောင့်နေရသည်။ စင်ပေါ်တွင် ယခုမှ ထောင်က လွတ်လာသော နီဂရိုး အဖိုးကြီး တစ်ယောက် ကို မိတ်ဆက်ပေးနေကြသည်။

ကျွန်တော့်မှာ သူတို့ပြောသည်ကိုပင် သိပ်နားမထောင်တော့။ ထိုအဘိုးကြီးသည် လူသတ်ခဲ့သည် ဟုလည်းပြောနေ သံ ကြားနေရသည်။ ယခုမူ သူက ဤမဲဆန္ဒပြပွဲကြီးတွင် ခေါင်းဆောင်ပါဝင်နေ ပေပြီ။ သူပြောသည် များကို ကျွန်တော်သေသေချာချာပင် နားထောင်နေသင့်သည်။
သို့သော် ထိုအဘိုးကြီး သည် ကျွန်တော့်ဘ၀တစ်ခုလုံး ပြောင်းပြန်လှန်ပစ်မည့် သူတစ်ဦးဖြစ် ကြောင်းကိုကား ထိုစဉ်က ကျွန်တော်ဘ ယ်နည်းနှင့်မျှ မစဉ်းစားနိုင်အောင်ပင် ဖြစ်ခဲ့သည်။
အဘိုးကြီး မှာ စကားပြောခွက်ရှေ့တွင် ရောက်နေသည်။ သူ့အသက်မှာ ၇၈နှစ်ခန့်ရှိပြီဟု သူပြော နေသံကို ကြားသည်။ သူနောက်ထပ် ပြောသောစကားကိုကား ကျွန်တော့်တစ်သက်တွင် မမေ့။

"ကျုပ်အနေနဲ့ လွတ်မြောက်မှုအတွက် ဆိုရင် ထောင်ကျချင် ကျပစေ။ လုံးဝ ဂရုမစိုက်ပါဘူး။ လွတ်မြောက်မှု အတွက် အသတ်ခံရရင်တောင် မှ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျုပ်မိန်းမနဲ့ အရင်က ဆို ကျုပ်ဟာ လက်ထပ်ခဲ့တာ အတော်ကြာ ခဲ့ပါပြီ။ ခင်ဗျားတို့သိကြတဲ့အတိုင်း ကျုပ်ဟာ အိမ်က ဆိုဘယ်တော့မှ တစ်ညတောင် ခွဲအိပ်တတ် တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တောင်ကျ နေတုန်းမှာ ကျုပ်မိန်းမဆုံးသွားခဲ့တယ်"

သူပြောသည့် အချက်က ကျွန်တော့်ကို တုန်လှုပ်ချောက်ချားစေပါသည်။ ထိုင်နေရင်းပင်လျှင် ၀မ်းခေါင်းတစ်ခုလုံး ဗြောင်းဆန်နေ သည်။ မတ်တပ်ထရပ်ကြည့်၍ မရနိုင်လောက်အောင် ဖြစ်လာ ရသည်။
နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်တိ ကောက်ကွေး၊ မျက်နှာမည်းပြောင်ပြောင်နှင့် ဤနီဂရိုး အဘိုးကြီး မျိုးကို အမေရိက ရှိ တစ်ခြားနီးဂရိုးတိုင်းကပင် အထင်သေး၊ အမြင်သေး ဖြစ်ကြမည်မှာ မုချဖြစ် သည်။
သို့သော် နီဂရိုးကြီးကပင်လျှင် ကျွန်တော်တို့အတွက် စနစ်တစ်ခုကို တိုက်ပွဲဝင်ပေးခဲ့သည်။ ကျွန်တော် တို့အတွက် ထောင်ကျ ခံခဲ့သည်။ ကျွန်တော် တို့အတွက် သူ့ဇနီး အဆုံးခံခဲ့ရသည်။ သူသည် ရှေ့တန်းမှနေ၍ တိုက်ပွဲဝင်ခဲ့လေ သည်။ သူမမြင်ရသေးသော အနာဂတ်အတွက်။

နီဂရိုး တို့ အလုပ်အကိုင်ရရှိရေး၊ တရားမျှတရေးတို့အတွက်။
ဤသည်တို့ကို သူ့သက်တမ်းတွင် ခံစားရတော့မည် မဟုတ်။
ဤအသီးအပွင့်များသည် သူ့အတွက်မဟုတ်။ သို့သော် ကျေးတောမှ ဤနီဂရိုးကြီးသည် သူ့အိမ် တောင်ရေး ဘ၀ အတွင်း တွင် တစ်ခါမျှဘူးသော မိန်းမနှင့် အိုးအိမ်ခွဲပြီး မအိပ်ဖူးသူ၊ ဤနီဂရိုးကြီး သည် ကျွန်တော်တို့ အတွက် ထောင်ကျခံခဲ့သည်။ ကျွန်တော်တို့အတွက် ဇနီးအဆုံးခံခဲ့သည်။ စွန့်လွှတ်အနစ်နာခံပေးခဲ့သည်။

အဘိုးကြီး စကားပြောပြီးသွားသောအခါ ကျွန်တော် သူ့ထံသွားပြီး ကျေးဇူးတင်စကားဆိုမိသည်။ ကျွန်တော် သူ့ကို ငွေကြေးထောက်ပံ့ရန် မှာကား စော်ကားရိုင်းပြမည်စိုးသဖြင့် မပေးလို။ သို့သော် ခင်တွယ်စရာ သားသမီးဖြစ်စေ၊ တစ်နေရာရာ တွင်ရှိသော ခင်မင်သူထံဖြစ်စေ၊ ခရစ်စမတ်ကာလ အတွင်း သွားလိုပါမူ ထိုအခွင့်အရေး ကို ကျွန်တော်တာဝန်ခံကူညီပြီး ယူပါရစေဟု သူ့ကိုတောင်း ပန်သည်။ သူကလည်း ကယ်လီဖိုးနီးယား တွင် သူ့သားတစ်ယောက်ရှိသည်ဟု ပြော၍ ကျွန်တော် က"မက်ဂါအဲဗားစ်"အား မီးရထား လက်မှတ်နှင့်ငွေကြေး အချို့ပေးပြီး အဘိုးကြီးအား ပေးအပ်စေ လိုက်သည်။
ကျွန်တော် ထိုညက ဘာတွေ ဟောပြောခဲ့မိသည်ကိုင် မိမှန်း မသိတော့။ ကျွန်တော့်စိတ်တို့မှာ ဗြောင်း ဆန်နေ သည်။ စင်မြင့်ပေါ်မှ ဆင်းသောအခါ "မက်ဂါ"က ကျွန်တော့်ကို "လီယိုနာစမစ်"ဆိုသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေး ခဲ့သည်။ ကျွန်တော်က သိပ်စိတ်ဝင်စားဟန်မပြသောအခါ သူကထိုအမျိုးသမီးသည် "ကလိုင်ကဲနတ်" ၏ အမေဖြစ်ကြောင်း ဆက်ပြောသည်။ ထိုနာမည်ကို လည်း ကျွန်တော်စိတ်မ၀င်စား။ ထို့ကြောင့် "မက်ဂါ" က ဇာတ်စုံခင်းပြသည်။ ထိုအခါမှ စိတ်မ ကောင်းဖြစ်ရတော့သည်။

"ကလိုင်ကဲနတ်"သည် အသက် ၃၅နှစ်မျှ ရှိပြီ။ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ သူထောင်ကျခဲ့သည်။ ကြက်စာ ငါးအိတ် ခိုးမှုဖြင့်။ သို့သော် အကြောင်းရင်း အစစ်အမှန်မှာကား သူသည်တောင်ပိုင်း မစ္စစ်စီပီကောလိပ်သို့ ၀င်ရောက် ရန်ကြိုးစားခဲ့မှုပင်ဖြစ်သည်။

"ဂျက်ဆင်"မြို့မှ မထွက်ခွာမခင်ပင် ကျွန်တော်သည် "မစ္စွစ်စမစ်"အား သားတော်မောင် ထောင်မှ လွတ်ရေးအတွက် ကျွန်တော့တွင် ရှိသမျှ စွမ်းအား အာဏာကုန်သုံးမည် ဖြစ်ကြောာင်း ကတိပေး ခဲ့သည်။ ရှီကာဂိုပြန်ရောက်သောအခါ "မက်ဂါ"သည် အမှုနှင့်ပတ်သက်၍ ကျွန်တော့ထံ ဖုန်းဆက် ပြီးနောက်ဆက်တွဲ သတင်းများ ကို ပေးပို့ခဲ့သည်။ ကျွန်တော်ကား ယုံပင် မယုံနိုင်တော့ချေ။
"ကဲနတ်" ကို မစ္စစ်စီပီပြည်နယ်တွင် မွေးသည်။ သူသည် ရှီကာဂို တက္ကသိုလ်တွင် တက်ခဲ့ဖူးသည်။ ထို့နောက် ကိုရီးယားစစ်ပွဲ တွင် လေထီးစစ်သားအဖြစ် အမှုထမ်းခဲ့ပြီးနောက် စစ်တပ်မှ ထွက် အလာတွင် သူ့မိဘများအား မစ္စစ်စီပီတွင် ယာတစ်ကွက် ၀ယ်ပေးခဲ့သည်။ သူ့ပထွေးဖြစ်သူ မကျန်းမာသောအခါ သူက ယာမြေကို သွားရောက် လုပ်ကိုင်ပေးခဲ့သည်။

သို့သော် သူက တက္ကသိုလ်ပညာကို ဆုံးခန်းတိုင်း သင်ယူလိုသေးသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ် တွင် အနီးဆုံးဖြစ်သော တောင်ပိုင်း မစ္စက်စီပီကျောင်းသို့ လျှောက်ထားလိုက်သည်။ သို့သော် ၀င်ခွင့် ချလိုက်သည့် အပြင် ရဲများက လာရောက်စစ်ဆေးကာ နောက်ဆုံးတွင် သူ့ယာထဲတွင် ကြက်စာငါးအိတ်တွေ့ ရှိသည်ဆိုကာ ဖမ်းတော့ သည်။ သို့နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခုနစ် နှစ်ကျသွားတော့သည်။ အခြားနီဂရိုးတစ်ယောက်က ထိုကြက်စာ အိတ်များကို ခိုးပါသည်ဟု ဖြောင့်ချက်လာပေးသောအခါ၌ကား လူဖြူအာဏာပိုင်များက ထိုသူ အား နှုတ်ပိတ်ခိုင်းကြသည်။
နှစ်သစ်ကူး အကြိုနေ့တွင် ရှီကာဂိုရှိ "မစ္စတာကယ်လီ"၏ စင်မြင့်မှနေ၍ ကျွန်တော်သည် ၁၉၆၃ ခုနှစ် အတွက် ပြဋ္ဌာန်းချက် တစ်ရပ်ကို ချမှတ်လိုက်သည်။ "ကဲနတ်ထောင်မှ လွတ်မြောက်ရေး"။

ကျွန်တော်က အကယ်၍ "ကဲနတ်"နှင့် ပတ်သက်သော အချက်အလက်များအားလုံးကိုသာ ထုတ်ဖော် သိရှိနိုင်ပါက သတင်းစားများတွင် ထည့်သွင်းဖော်ပြလိုက်ခြင်းဖြင့် သူ့ကိုထောင်မှ လွတ်စေနိုင်မည်ဟု တွက်ဆ မိ၍ ဖြစ်သည်။ ယူအိုင်ပီ သတင်းဌာနမှ လူဖြူသတင်းထောက် တစ်ဦးသည် ကျွန်တော့်ထံ လာ၍ မေးမြန်းစုံးစမ်းရာ ကျွန်တော်က ဇာတ်စုံခင်းပြလိုက်သောအခါ အလွန်ပင် တုန်လှုပ်ချောက်ချားသွားပြီး သူကိုယ်တိုင် ပင် စေတနာ့ဝန်ထမ်းအနေဖြင့် မစ္စစ္စပီ ပြည်နယ်သို့ သွားကာ သတင်းအချက်အလက်များကို စုဆောင်းပေး မည် ဖြစ်ကြောင်း ကတိပေးခဲ့ သည်။ ပထမဆုံးရရှိသော သတင်းအပိုင်းအစမှာကား "ကလိုက်ကဲနတ်" သည် ကင်ဆာရောဂါ ကြောင့် သေလုမြောပါးဖြစ်နေပြီး ဟူသော သတင်း။

ရှီကာဂိုမှ နာမည်ကျော် သတင်းဆောင်းပါးရှင် "အာဖိကုစိနက်"က "ကဲနတ်"ဇာတ်လမ်းကို ဖွင့်ထုတ်ရေးသား လိုက်သည်။ ကျွန်တော့်သတင်းထောက်ကြီးကလည်း "ကဲနတ်"၏ ဆေးမှတ် တမ်းရာဇ၀င်များကို ရရှိလာပြီး သတင်းစာ ထဲတွင် ဖော်ပြခဲ့သည်။ ထို့နောက် ရှီကာဂို သန်းကြွယ် သူဌေးကြီး တစ်ဦးက မစ္စစ်စီပီတွင် ကုန်သွယ် လုပ်ငန်းတစ်ခု အခြေစိုက်ရန် ဆက်သွယ်လိုက် သည့်အချိန်တွင် "ကဲနတ်"မှာ ထောင်မှ လွတ်လာရတော့သည်။
ရှီကာဂို သို့ ကင်ဆာရောဂါကုသရန် လေယာဉ်ပျံဖြင့် လာရောက်စဉ် သူ့အသက်မှာ ၃၅နှစ်သာ ရှိသေးသည်။ သို့သော် ၈၅နှစ်လောက်ပုံပေါက်အောင်ပင် အိုစာနေရှာသည်။ သို့သော် နောက် ကျလွန်းကြပါချေပြီ။ အပြင်ရောက်ပြီး ၆လအကြာတွင် သူဆုံးရှာ၏။

ကျွန်တော်သည် ထိုနှစ်တွင် "ဂျိမ်းစ်မာရီဒစ်သိ"နှင့် တွေ့ဆုံးခဲပါသည်။ ထိုသူမှာ အမေရိကတွင် အထက်မြက် ဆုံးနှင့် သတ္တိအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ နိုင်ငံတစ်ဝှန်းလုံးရှိ နီဂရိုးတိုင်းကို သိက္ခာတင်ပေးသူဖြစ်သည်။

နီဂရိုးများ ကို ကောလိပ်တက်နိုင်အောင် စီစဉ်ပေးသူဖြစ်သည်။ သမိုင်းစာမျက်နှာများတွင် တော်လှန်ရေးကြီး တစ်ရပ်ဖြစ်သော အမေရိကန် နီဂရိုးလှုပ်ရှားမှုကြီးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။ "ဂျိမ်းစ်မော်စ်ဒစ်သိ၊ ဘွဲ့ရသောအခါ၌ နီဂရိုးများသည် ပုံစံလေး နည်းနည်းပြောင်းလာ" လှုပ်ရှားမှုလေး နည်းနည်းပြောင်း လာကြသည်။
အဘယ်ကြောင့်ဆိုသော သူတို့အားလုံးသည်ပင် သူနှင့်အတူ ဘွဲ့ရခဲ့ကြ၍ဖြစ်သည်။ နီဂရဂိုးတိုင်း သည် အသိဥာဏ်ပညာခေါင်းပါး သည်။ နီဂရိုးများသည် ပျင်းရိသည်။ နီဂရိုးများသည် ညစ်ညမ်း သည်ဟူသော တရားသော အစွဲ တို့မှ လွတ်မြောက်မှုဘွဲ့ကို ရရှိခဲ့ကြ၍ ဖြစ်ပါသည်။

တိုက်ပွဲသည် စတင်နေပေပြီ။ စစ်ပွဲပုံသဏ္ဌန်ကား ရုပ်လုံးပေါ်နေပေပြီ။ စာကလေးရေးရုံ၊  တရားလေး ဟောပြော ရုံမျှဖြင့် မလုံလောက်တော့ပြီ။
မည်သည့် လူမဆို အဖြူဖြစ်စေ၊ အမည်ဖြစ်စေ၊ အမေရိကန်ပြည်တွင် ရသင့်ရထိုက်သည့် အခွင့် အရေးမရခဲ့ပါလျှင် ကျွန်တော်သည်လည်း ထိုအထဲတွင် အပါအ၀င်ဖြစ်ပေမည်။
ထိုအချိန် တွင် ကျွန်တော်သည် ညကလပ်များတွင် အသာနေပြီး လိမ္မာပါးနပ်စွာသော စကားအသုံး အနှုန်းလေး များဖြင့်သာ ကလိသလို ရိသလိုလုပ်နေ၍တော့ ရနိုင်ပေမည်။ သို့သော် အမေရိက ည် ဒီနေ့မနက်ဖြန်ပင် စစ်ထဲဝင်၊ စစ်ပွဲပြင်တော့မည်ဆိုပါက ကျွန်တော်သည် အေးအေးလူလူ ကလူ ကျီစယ်၍ ရပါတော့မည်လော။ မရပါချေ။ ရေခြားမြေခြားသွား၍ ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲ ၀င်ရပေမည်။ အသက်စွန့်လွှတ်တန် စွန့်လွှတ်ရမည်။

ယခုလည်း လှုပ်ရှားမှုတစ်ပိုင်းတစ်စ တစ်စိတ်တစ်ပိုင်းတွင်မှု ပါဝင်ဆင်နွဲရပေမည်။ လှုပ်ရှားမှု တစ်ခုတွင် ပါဝင်ရပေမည်။ ကျွန်တော့်အခွင့်အရေးကား ကျွန်တော် မျှော်မှန်းနေဆဲပင် ရောက်လာ တော့သည်။
မစ္စက်စီပီရှိ လူအချို့တို့သည် စာနပ်ရိက္ခာနှင့် ပတ်သက်၍ ပြဿနာများ ရှိကြသည်။ တစ်ညနေ တွင်ရှီကာဂို ညကလပ်သို့ လူတစ်ယောက် ပေါက်လာပြီး အလှူငွေ ကောက်ခံသည့် စာတစ်စောင် တွင် ကျွန်တော့် လက်မှတ် ရေးထိုးပေးရန် တောင်းဆိုခဲ့သည်။
ကျွန်တော် ကလည်း ကျွန်တော့်နာမည်ကို မည်သည့်အခါမျှ ရောင်မစားလိုဟုပင် ပြောလိုက်သည်။ အသင်းအဖွဲ့တစ်ခု အတွက်ဆိုလျှင် ထိုအသင်းအဖွဲ့ထဲသို့ ပါဝင်၍ လုပ်ဆောင်မည်။ လုပ်ဆောင် ပေးလိမ့်မည်။

ထို့ကြောင့် အသင်းအဖွဲ့ဖြစ်ပါက ထိုအသင်းအကြောင်း စာရွက်စာတမ်းများကို ဖတ်ကြည့်လို သေးသည်။ ဤညကလပ် မှနေ၍ မနက်လေးနာရီမှ အိမ်ပြန်ရမည် ဖြစ်သဖြင့် တတ်နိုင်ပါက အဆို ပါ စာရွတ်စာတမ်းများအား ကျွန်တော့် အိမ်တံခါးမအောက်ဖက်မှနေ၍ လျှိုပစ်သွင်းခဲ့ရန် ပြော လိုက်သည်။ ထိုစာရွက်များကို ကျွန်တော် အိပ်ရာမ၀င် ခင် ဖတ်မည်ဟုလည်း ပြောလိုက်သည်။
သူကလည်း ကျွန်တော်ပြောသည့်အတိုင်းပင် လုပ်ခဲ့လေသည်။ အခြေအနေများသည် မည်မျှ ဆိုးဝါးနေမည်ဖြစ်ကြောင်း ကျွန်တော် ရိပ်စားမိနိုင်ပါချေမည်။
မစ္စစ်စီပီပြည်နယ်၊ လက်ဖလိုးဒေသတွင် နီဂရိုးအများစုတို့အတွက် ဝေငှသော စာနပ်ရိက္ခာ အထောက်အပံ့ များမှာ ပြတ်လပ်နေခဲ့သည်။ ဤသည်မှာ မဲဆန္ဒခံယူပွဲတွင် ဆန္ဒပြခဲ့ကြမှု၏။ အကျိုးဆက်ပင် ဖြစ်သည်။

လူဖြူအာဏာပိုင်တို့က ဆင်းရဲသားများအတွက် စားနပ်ရိက္ခာတစ်နှစ်လျှင် ဒေါ်လာ ၃၇၀၀၀ အခမဲ့ မထောက်ပံ့နိုင်တော့ ဟု အကြောင်းပြကြသည်။ ထို့ကြောင့် ကျွန်တော့်ထ့ တတ်အားသမျှ လာရောက် အလှူခံကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း စာတစ်စောင်ရေးပြီး ဒေါ်လာ ၁၀၀အလှူ ပါဝင်လိုက်တော့သည်။
နောက်တစ်နေ့တွင် ထိုအလှူခံများက ကျွန်တော့်ထံ ဖုန်းဆက်ကြပြန်သည်။ သတင်းစာရှင်းလင်း ပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကလည်း သိလိုသမျှ အချက်အလက်များကို ထပ်မံစုံစမ်း ရပြန်သည်။ သို့မှသာ သတင်းထောက်များ၏ မေးမြန်ချက်များ ကိုဒိုးဒိုးဒေါက်ဒေါက် ဖြေဆိုနိုင် မည်ဖြစ်သည်။

ကျွန်တော်၏သတင်းထောက်ကိုလည်း ထို"ဂရင်းဝုဒ်"ဒေသသို့ လွှတ်လိုက်ရသည်။ ထို့နောက် ကျွန်တော်သည် ရှီကာဂို လမ်းကြိုလမ်းကြားများသို့ သွားရတော့သည်။ အစားအသောက် ၁၄၀၀၀ ပေါင်ခန့် စုဆောင်းရခဲ့သည်။
လေယာဉ်တစ်စီး ကို ငှားကာ ဖေဖော်ဝါရီ ၁၁ရက်၊ ၁၉၆၃ခုတွင် မင်ဖစ်မြို့သို့ ထိုအစားအသောက် များကို သယ်ယူ လာခဲ့သည်။ ယင်းမြိုကမှ တစ်ဖန် ကုန်တင်ကားများဖြင့် ၁၃၄မိုင်ဝေးသော "ကလပ်စ်ဒေးလ်"မြို့သို့ သယ်ယူရပြန်သည်။
ထိုမှတစ်ဆင့် "ဂရင်းဝုဒ်"သို့ ပို့ရသည်။ ကျွန်တော်ကား တောင်ပိုင်းပြည်နယ်များကို ကြောက်ရွံ့ ဆဲပင်။ ထို့ကြောင့် ညတွင်းချင်းပင် ပြန်လိုလှသည်။ ထို့ကြောင့်သာ ဤနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကို တမင်ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့သည် "သမ္မတ လင်ကွန်းမွေးနေ့ဖြစ်၍ သမ္မတ ကနေဒီက ကန်တော် တို့ ဇနီးမောင်နှံအပါအ၀င် လူပေါင်း ၄၀၀မျှကို အိမ်ဖြူတော်ဧည့်ခံပွဲသို့ ဖိတ်ကြားထားပြီး ဖြစ်သည်။"
ထို့ကြောင့် ကျွန်တော်တို့သည် စားနပ်ရိက္ခာများ ဝေငှပြီး "အကြမ်းမဖက်ပူးပေါင်း လုပ်ဆောင် ရေး ကျောင်းသားများ ကော်မီတီ"မှ ဆန္ဒမဲရှင်များကိုလည်း ဆန္ဒပြပွဲစသည်နှင့် ကျွန်တော် ပြန်လာ မည်ဖြစ်ကြောင်း ကတိပေး ခဲ့ရသည်။ ထို့နောက် ကျွန်တော်သည် "မင်ဖစ်"မြို့သို့ပြန်လာ ရှီကာ ဂိုသို့ လေယာဉ်ဖြင့် ပြန်ကာ လီလီယန်ကို ၀င်ခေါ်ပြီး ၀ါရှင်တန်သို့ သွားကြ၏။
အံ့သြစရာကောင်းသော ပွဲပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် သမ္မတကနေဒီ၊ ဂျွန်ဆင်တို့နှင့် လက်ဆွဲနှုတ်ဆက် ရသည်။

လီလီယန်မှာ ကိုယ်ဝန်ကြီး ကိုးလဖြင့် အရင့်အမာကြီးပင်ဖြစ်ရာ အိမ် ဖြူတော် တွင်ပင် မွေးချလိုက်ပါစေတော့ ဟုပင် ကျွန်တော် က ဆုတောင်းမိသည်။ သို့သော် ပွဲသာ ပြီးသွားရော သူက ဗိုက်ကလေးပင် တစ်ချက်မှ မနာလိုက် ၍ မသက်မသာဖြင့် အိမ်ပြန်လာခဲ့ကြ ရလေသည်။
 ကျွန်တော့် သတင်းထောက် ထံမှ သတင်းများကို စတင်ရရှိနေပြီ ဖြစ်သည်။ "ဂရင်းဝုဒ်"တွင် ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် အကြမ်းဖက်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ကားများ ပျက်စီးခဲ့သည်။ နီဂရိုး အလုပ်သမား တစ်ယောက် သည် နောက်ကျောမှနေ၍ သေနတ်ပစ်ခံရရာ ကျည်ဆံမှာ လည်ပင်းမှ ပင် ဖောက်ထွက်သွားခဲ့သည်။

"အကြမ်းမဖက်ရေး ကျောင်းသားအဖွဲ့အစည်း"ရုံးခန်းလည်း မီးတင်ရှို့ခံခဲ့ရသည်။ နီဂရိုးများက ကန့်ကွက်ချီတက်ကြသောအခါ ပုလိပ်များက ခွေးများဖြင့် ရှူးတိုက်ပစ်ကြသည်။ ခေါင်းတောင် ၁၁ ဦး ကို ဖမ်းဆီး ခဲ့ကြသည် ဆို၏။ ထို့ကြောင့် "ဂရင်းဝုဒ်"သို့ သွားရန် ကျွန်တော် ဆုံးဖြတ်လိုက် သည်။
ကျွန်တော် ကား ထိတ်လန့်ဖွယ်ရာများကို ရင်ဆိုင်ခဲ့ရသည်။ တရားဟောခြင်း၊ အလှူငွေ ထည့်ခြင်း၊ တောင်ပိုင်းပြည်နယ်များတွင် တစ်ညနှစ်ည အိပ်ခြင်း စသည်တို့ကား တစ်ပိုင်း။ လမ်းများတွင် ကျည်ဆံများ၊ ခွေးများ၊ မီးသတ်ပိုက်များကို ဖြတ်သန်းပြီး ချီတက်ရသည်ပင် တစ်ပိုင်း။
ထိုပွဲတွင် ကျွန်တော်သည် အခရာဖြစ်သည်။ မစ္စစ်စီပီ သတင်းစာများနှင့် အာဏာပိုင်များက ကျွန်တော်ယူ လာသော စားနပ်ရိက္ခာများကို အထူးသတိ ထားမိနေကြသည်။
အကယ်၍ ကျွန်တော်သာ စားနပ်ရိက္ခာ ပေါင် ၁၄၀၀၀ သာ ယူမလာပါက ဆန္ဒပြပွဲမှာ ဆက်လက် ရပ်တည်နိုင်ရန် ခဲယဉ်းမည် ဟု ပြောကြသည်။

သူတို့က အကယ်၍ "ဒစ်ဂရီဂိုရီ" သည် သူ့ဆင်းရဲသားနီဂရိုးများကို စောင့်ရှောက်ကြည့်ရှု့လိုသည် ဆိုပါက အားလုံးကို "ရှီကာဂို"သို့ ပင့်သွားရန် ရေးသားကြသည်။ ကျွန်တော်သည် လူများသိရေး အတွက် စတန့် ထွင်နေကြောင်း ပြောကြသည်။ ထိုအခါ ကျွန်တော့်စိတ်ကို ပြဠာန်းရန် အချိန်ပင် ဖြစ်တော့သည်။
ဆန္ဒပြပွဲအကြီးဆုံးကို ဧပြီ၁ရက်တွင် လုပ်ရန် စီစဉ်ထားကြသည်။ "အကြမ်းမဖက်ရေး ကျောင်းသား" အဖွဲ့ဝင် အများစု တို့မှာ ထောင်ထဲသို့ ရောက်နေကြရာ၊ သူတို့တွင် ခေါင်းဆောင် များ လိုနေ၏။ ထိုခေါင်းဆောင်မှာ လူသိ ထင်ရှား နာမည်တစ်လုံးရှိရန် ပို၍ အရေးကြီး၏။

သို့မှသာ တစ်မျိုးသားလုံးအတိုင်းအတာ အနေဖြင့် ဂရုမစိုက်ဘဲ မနေနိုင်လောက်သည့် အခြေ အနေ များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့တွင် ကျွန်တော်သည် "ဖီလဒယ်လ်ဖီးယား"မြို့ ဟိုတယ်တစ်ခု၏ ခုတင်ပေါ်တွင် လှဲလျောင်းနေရင်းဖြင့် ကျွန်တော့အကြံအစည်များကို အကြိမ်ရာနှင့် ချီ၍ ပြောင်း လွဲပစ်ခဲ့သည်။ ထိုနေရာသို့ မသွားရန် ဘက်မှ ခိုင်မာသော အကြောင်းပြချက် ကောင်းများစွာကို တွေးတောမိသည်။
သူတို့ ကျွန်တော့်ကို သတ်ပစ်နိုင်ကြသည်။ ခေါင်းကို ရိုက်ခွဲကြမည်။ သေနတ်ဖြင့် လမ်းပေါ်တွင် ပင် ပစ်သတ်ကြမည်။ ဒါဆိုရင် ဘယ့်နှယ်လုပ်မလဲ။
လီလီယန်၊ မီရှေးလ်၊ လင်း တို့အတွက် ဘယ်လိုလုပ်ရမလဲ။ လီလီယန်မှာ လောလောဆယ်ပင် ဒစ် အငယ်စားလေး မွေးပြီး ဆေးရုံ ကပင် မဆင်းရသေး။ ဒီကောင်လေးရော ရှေ့ဆက်ပြီး ဘယ်လို ကြီးပြင်း ရပါ့မလဲ။

တောင်ပိုင်းမှ လူဖြူများက "ဂရင်းဝုဒ်"တွင် ကျွန်တော့်ကို မသတ်ခဲ့လျှင်လည်း မြောက်ပိုင်းမှ လူဖြူ များက ကျွန်တော့် ကို ဖြေဖျော်ပွဲများတွင် သတ်ကြမည်သာ ဖြစ်သည်။
လူတိုင်း ကို ကျွန်တော့်အခြေအနေကို တင်ပြခဲ့သည်။
လီလီယန် ကမူ မသွားစေချင်။ ဤသို့ သွားလိုက်ခြင်းသည် လူရွင်တော်ဘဝကို ပျက်ယွင်းသွားစေ မည့်ဟု သူက ပြောသည်။
ယခုကဲ့သို့ ချီတက်ပွဲတွင် ပါဝင်၊ ဆန္ဒပြပွဲတွင် ဆင်နွဲပြီး အဖမ်းအဆီးခံခဲ့ရသောသူ တစ်ဦး၏ပွဲသိုံ မည်သူကလာပြီး ရယ်မောနေဦးမှာလဲဟု ပြောသည်။

ကျွန်တော့်အခန်းထဲတွင် လေယာဉ်လက်မှတ် နှစ်စောင်ရှိပါသည်။ တစ်စောင်မှာ ကျွန်တော့် အတွက်။ တစ်စောင်မှာမူ ထင်ရှားသော နီဂရိုး ဟာသစာရေးဆရာ "ဂျိမ်းဆင်းဒါး" အတွက်။
ကျွန်တော် လက်မှတ်များကို အမှိုက်ခြင်းထဲသို့ လွှင့်ပစ်လိုက်သည်။ "အကြမ်းမဖက်ရေး ကျောင်းသားအဖွဲ့" သို့ ကျွန်တော် နေမကောင်းကြောင်း ဖုန်းဆက်လိုက်မည်။ ကျွန်တော်စိတ် ပြောင်းသွားပါချေပြီ။
ကျွန်တော့်ကန်ထရိုက်စာချုပ်များကို ဖျက်ပြီး မြို့မှမခွာနိုင်။ လီလီယန်ကို ဆေးရုံသို့ ဖုန်းဆက် လိုက်သည်။ သူက ကျွန်တော့်အား ဘာမှ မပူရန်ပြောသည်။ တောင်ပိုင်းသို့ သွားလိုက် သွားပါ။ နောက်ကြောင်း အေးအေးသာ ထားသွားပါဟု ဆိုသည်။

ထိုအချိန်တွင် ကျွန်တော်က သူ့ကို မစ္စစ်စီပီ နီဂရိုးကြီးအကြောင်း ပြောပြနေမိသည်။ အခြားနီဂရိုး များကပင် "ငမည်း" ဟု ခေါ်ကြလေသူ၊ ဝါဂွမ်းခူးသမားကြီး သူဆင်းရဲကြီး၊ အမေရိကမှ နီဂရိုးတိုင်း ကို သတ္တိသွေးပေးလေ သူ၊ တစ်နိုင်လုံးကို လှုပ်နိုးနိုင်သူ။ အကယ်၍ "ဂရင်းနစ်" အဖြစ်အပျက်ကို အမေရိက တစ်နိုင်ငံလုံးသာ သိခဲ့လျှင် နောက်နောင် ဤအဖြစ်အပျက်မျိုး ဘယ်နေရာတွင်မှ ထပ် မပေါ်နိုင်ဟု ကျွန်တော် ယုံကြည်မိသည်။
ထို့ကြောင့် ထိုအထဲတွင် ကျွန်တော် တစ်စိတ်တစ်ပိုင်း ပါဝင်ချင်သည်။
သို့သော် ကျွန်တော် ကြောက်တတ်သည်။
မှန်ပါသည်။

အသားအရောင်နှင့် ပတ်သက်၍ မတရားမှုတံခါးပေါင်းများစွာကို ကျွန်တော့်မိန့်ခွန်းများဖြင့် ကန် ဖွင့်ခဲ့ပြီးပါပြီ။
ယခု တံခါးတစ်ချပ်ကို ကန်ဖွင့်ရန်ကား ကျန်နေပါသေးသည်။ ထိုတံခါးကို ကျွန်တော့်ရင်သွေးများ က ကန်ဖွင့်မည်ဖြစ်သည်။
သို့သော် ကျွန်တော် အိပ်မပျော်တော့။ မိုးစင်စင်ပင် လင်းခဲ့သည်။
သွားရမလား၊ မသွားဘဲ နေရမလား။
အမှိုက်ခြင်းတောင်းထဲမှ လေယာဉ်လက်မှတ်များကို ပြန်ကောက်လိုက်၊ ပြန်လွှင့်ပစ်လိုက်။ သို့ သော် ဆုတ်တော့ မဆုတ်ပစ်ဖြစ်သေး။ ထိုသို့ရှိနေစဉ် ကျွန်တော့်ဘဝဇာတ်ကြောင်းတစ်ခုလုံး သည် စိတ်ထဲတွင် အစဉ် လိုက် ပြန်ပေါ်လာရသည်။ စိန့်လူဝီမြို့။ အမေ၊ ရစ်ချက်၊ မုန့်ကလေးတစ် ချပ်၊ လိမ္မော်ရည်လေး တစ်ပုလင်းဖြင့် အသက်ဆက်ခဲ့ရသော ဘဝ။ ရစ်ချက်၊ ရစ်ချက် အဖေ။ စနစ်ကြောင့် ပျက်ယွင်းရသော အဖေ။ ထို့ကြောင့် သူ အိမ်မှထွက်ပြေးခဲ့ရသည်။

သို့သော် မီးဖို ချောင် ရှိ ဟင်းအိုးထဲတွင် ထည့်ထားသော အိမ်လခငွေလေးများကို တစ်ဖန်ပြန်လာပြီး ယူရပုံ။  ကျွန်တော်တို့မှာ အမြဲတမ်းပြေးလွှားနေရသည်။ ပုန်းအောင်းနေရသည်။ သူ့ဇနီး အဆုံးခံသွားရှာ သော အဘိုးကြီး ကို သွားသတိရမိပြန်သည်။ "ကလိုက်ဘဲနတ်" အကြောင်း။ "ဂျိမ်းစ်မဲရီဒစ်" အ ကြောင်း။ သူတို့ကား ပြေးသူများ မဟုတ်ကြ။ "ဖီလဒယ်လ်ဖီးယား" တစ်မြို့လုံးတွင်ကား အာရုံ တက်လုပြီ။ ကျွန်တော့် အာခေါင်များ ခြောက်လာသည်။ ရေနွေးပူလာသည် တစ်ကိုယ်လုံး စီးဆင်း လာပြန်ချေပြီ။ ကျွန်တော့် အခန်းလေး သည် ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးဖြစ်သော အမေရိ ကန်ကို ကြည့်ရှုရန် အထူးတန်း စင်မြင့် ဖြစ်လာနေပေပြီ။ ပြိုင်ပွဲကား ဆက်လက်တည်တံ့ရေးပြိုင်ပွဲ။ ကျွန်တော့်အတွင်းစိတ်အင်အားကမူ "ဆက်လက်ချီတက်" ရန် အမိန့်ပေးလိုက်ချေပြီ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 9, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၈)

 သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ပါးစပ်ကလည်း အဟောင်းသားနှင့်။ ဧည့်ခန်းကြမ်းပြင် အလယ်ခေါင် ရှိ ခရစ်စမတ်သစ်ပင်တွင် ချိတ်ထားသော သမီးလေး "မီရှယ်လ်" ၏ ကစားစရာတစ်ခု ကို သွားမြင်လိုက်သည်။ သူငယ်သံပါအောင်ပင် အော်လိုက်သည်။ နောက် မေ့ မျော၍ပင် သွားတော့လေ သည်။
ဤသည်မှာ ၁၉၆၁ ခုနှစ်၊ ခရစ်စမတ်။ ကျွန်တော် ကြုံဖူးခဲ့သမျှ ခရစ်စမတ်များနှင့် လုံးဝခြားနားသည့် ခရစ်စမတ်။
ကို ဆက်ဖတ်ရန်..............

(၇)

နောက်တနေ့ နံနက်တွင် ကျေကျေနပ်နပ်ကြီး ပြုံးကာ နိုးထလာပါသည်။
မှန်ပြတင်းပေါက်၏တစ်ဘက်တွင် ရပ်နေကာ ဘဝ၏ဆန်းကြယ်ပုံများကို တွေးတောကြည့်နေမိ သည်။
ဇန်နဝါရီ ၁၉၆၁ တုန်းကမူ ဖိနပ် မလုံလောက်သဖြင့် ဖိနပ်စုတ်များကို စက္ကူပြားများခုပြီး စီးခဲ့ရ သည်။
၁၉၆၂ ခုတွင် စီးနိုင်သည့် အရေအတွက်ထက် ဖိနပ်က ပိုများနေသည်။ ဝတ်စုံများဆိုလျှင် ဟင်း ရွက်ကန်စွန်း လိုပင် ဝယ်နေနိုင်ပြီ။ ကလေးတွေကို မဖျားမနာခင်ကပင်လျှင် ဆရာဝန်သွားပြနေ သည်။ ဘရော့ဒ်ဝေး ဇာတ်ခုံ တွင် တက်ကနေနိုင်ပြီ။ ဇနီးက "ဟာဝိုင်အီ"ခေါ်၍ လည်ပတ်ခဲ့သည်။ အောင်မြင်မှုများ ရခဲ့ပေပြီ။

သို့သော် အတွင်းစိတ်အင်အားကမူ ကျေနပ်ပုံမပေါ်သေး။ လုပ်စရာအများကြီးရှိသေးသည်။ ဆက် လုပ်ရပေဦးမည်။ ဆိုးသွမ်းလေလွင့်နေသော ကလေးငယ် ၂၁ ယောက်ကို ဒက်ထရွိုက်မြို့သို့ခေါ် လာကာ လူငယ် ပြုပြင်ရေးကျောင်းသို့ ပို့ပေးခဲ့သည်။ သူတို့အတွက် လမ်းမှန်ရောက်အောင် ပြုပြင် ပေး ခဲ့သည်။ ကောင်မလေး သန့်သန့်ပြန့်ပြန့်များနှင့် တွဲကနိုင်အောင် စီစဉ်ပေးခဲ့သည်။
ညကလပ်ပိုင်ရှင်များကို ပွဲကြော်ငြာရာတွင် လူဖြူသတင်းစာရော၊ လူမည်းသတင်းစာများတွင်ပါ အသားအရောင် ခွဲခြားမှုမရှိ ထည့်သွင်းပေးမှ ကပြဖြေဖျော်နိုင်မည်ဟု စာချုပ်ထဲတွင် ထည့်ချုပ်နိုင် သည် အထိ တောင်းဆိုလာနိုင်သည်။ လူမှုဝန်ထမ်း အသင်းအဖွဲ့ ရန်ပုံငွေပွဲများတွင်လည်းပါဝင် အသုံးတော်ခံ အလှူငွေ ထည့်ခဲ့ ပြီးပြီ။ ထောင်များထဲတွင်ပင် ဝင်၍ ဖြေဖျော်နေပေပြီ။
ထောင်ပွဲများ အနက် နှစ်ပွဲကိုကား ကျွန်တော့်တစ်သက်တွာင် မမေ့နိုင်ခဲ့ပါချေ။ ရုပ်ပိုင်းဆိုင်ရာ အနေနှင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ၊ ကြုံခဲ့ရသည်မှာကား "မေရီလန်း အကျဉ်းစခန်း" တွင် ဖြစ် သည်။
ထောင်ထဲသို့ မရောက်ခင်ကမူ ထောင်ထဲတွင် အသားအရောင် ခွဲခြားမှုမျိုး ကျင့်သုံးကြလိမ့်မည်ဟု မထင်။

သို့သော် ထောင်ထဲရောက်ပြီး ကျွန်တော့်အစီအစဉ် ကြည့်ရန်အတွက် နေရာယူကြရာမှ လူဖြူ အကျဉ်းသားများ မှာ အလယ်တွင်ထိုင်နေကြပြီး လူမည်းအကျဉ်းသားများမှာကား နံဘေးတွင် ထိုင် နေကြသည် ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကျွန်တော့်ကို ခေါ်လာသော ဘုန်းတော်ကြီးအား ဤကဲ့သို့ ခွဲခွဲခြားခြား လုပ်ထားသော ပရိသတ်ရှေ့ တွင် ကား ကျွန်တော် မဖြေဖျော်နိုင်ကြောင်း ပြောလိုက်သည်။
ထိုအခါ ဘုန်းတော်ကြီးက အကျဉ်းသားများအဖို့ ကျွန်တော့်ဖြေဖျော်ခ်းကို အာသာငန်းငန်း စောင့် ဆိုင်းနေခဲ့ကြသည် မှာ တစ်ပတ်ခန့်ပင် ကြာပြီဖြစ်ကြောင်း၊ အကယ်၍ ကျွန်တော် မဖြေဖျော်ပါက အဓိကရုဏ်း ပင် ဖြစ်နိုင်ကြောင်း ပြန်ပြောပြသည်။

ကျွန်တော်ကလည်း နေရာအစီအစဉ် ပြင်ပေးရန်သာ ပြောလိုက်သည်။ ထို့ကြောင့် ဘုန်းတော်ကြီး သည် ထောင်ပိုင် အား သွားတွေ့ရတော့သည်။
ထောင်ပိုင် ကလည်း ကျွန်တော်သာ မဖြေဖျော်ပါက အဓိကရုဏ်းဖြစ်တော့မည်။ ထောင်သားများ လည်း ၃၂ နှစ်လုံးလုံး သည်အတိုင်းသာ နေထိုင်လာခဲ့ကြရရာ ယခုမှတော့ သူလည်း ဘာမှ မလုပ် နိုင်တော့ ဟု ပြောသည်။
ထို့နောက် သူက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အနေနှင့် သေဒဏ်ကျခံနေရသူ အကျဉ်းသား များကို ပွဲပြခြင်းဖြစ် သည်။ သူတို့ကို လသာဆောင်တွင် ကြည့်စေသည်ဟု ပြောသေးသည်။
"ကဲ… ဒီလိုဆိုလည်း ကျွန်တော့်ကို နောက်ဖေးပေါက်ကသာ ထွက်ခွင့်ပေးပါတော့ ထောင်ပိုင်ကြီး ရာ၊ သူတို့ ကိုတော့ ကျွန်တော် နှလုံးရောဂါရလို့ ပြန်သွားပြီလို့သာ ပြောလိုက်ပါတော့"
သူက ကျွန်တော် ဖြေဖျော်ရန် သာ တောင်းပန်နေသည်။

အကယ်၍ ကျွန်တော်သာ ဤပွဲတွင် ကပေးခဲ့ပါက နောက်ပွဲများတွင် ဤကဲ့သို့ ခွဲခြားမှုမျိုး လုံးဝ မဖြစ်စေရပါ ဟူသော ကတိတစ်ခုလည်း ပေးသည်။
သို့သော် ကျွန်တော့်အတွင်းစိတ်ကား ရုန်းထလာချေပြီ။
ရေနွေးပူပူ သည် ကျွန်တော့်အကြောအချင်တစ်လျှောက် စီးဆင်းလာနေချေပြီ။
"ဒါဖြင့်လည်း ပြီးရောပေါ့ ထောင်ပိုင်ကြီး၊ ခင်ဗျား ပြောတဲ့အတိုင်းဆို သူတို့ကို ရောပေးလိုက်ရင် လည်း အဓိကရုဏ်းဖြစ်မယ်၊ ကျွန်တော် မဖြေဖျော်ရင်လည်း အဓိကရုဏ်းဖြစ်မယ်ဆိုရင်တော့ ဘာ ထူးမှာမို့လည်း၊ ဒီတော့ ကျွန်တော်ပဲ နောက်ဖေးပေါက်က ပြန်ထွက်ရမလား၊ ဒါမှမဟုတ် စင်ပေါ် တက်ပြီး သူ တို့ကို ရောကြည့်ကြဖို့ တိုက်တွန်းရတော့မှာလား။ အသေခံစရာရှိလည်း ထောင်ပိုင် ကြီးနဲ့ အတူတူ အသေခံပါ့ မယ်လေ"
ပြောပြောဆိုဆိုပင် ကျွန်တော်သည် စင်ပေါ်သို့ တက်သွားလိုက်သည်။

ဘုန်းကြီးပြောလိုက်သော လေသံလေးကိုသာ နောက်ဆုံး ကြားနေရသည်။
"ဟာသလေး နဲ့ ပြောနော်၊ ဟာသလေးနဲ့ လုပ်ဟေ့နော်"
အခန်းထဲတွင် ကား လူ ၁၂၀၀ ခန့်ရှိသည်။ အရေးအကြောင်းပေါ်လာပြီဆိုလျှင်ကား တံခါးဝ သို့ ပြေးရန်ပင် မလွယ်။ ဖြစ်ပဟေ့ဆိုသည်နှင့် ကျွန်တော်လည်း အသက်ထွက်ပြီးသားပင် ဖြစ်မှာသေ ချာသည်။ သတင်းစာများ ကလည်း ရေးကြဦးမည်။ ကျွန်တော့်ဟာသကြောင့် လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်ရပါသည်ဟု။

"လူကြီးမင်းများ ခင်ဗျာ။ ကျွန်တော်ဟာ အပွဲပွဲနွှဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့ ယုံကြည်ထားရ မှာကတော့ လူကြီးမင်း တို့ကို ဖြေဖျော်ရတဲ့အတွက် အထူးသဖြင့် ပိုမိုဝမ်းမြောက်မိပါတယ်ဆိုတာပါ ပဲ။ ဒါပေမဲ့ ဒီနေ့ ဒီမှာ ပြဿနာ တစ်ခုဖြစ်နေတာကိုတော့ ကျွန်တော် အသိပေးပါရစေ"
သူတို့ နားမလည်နိုင်ကြသလိုနှင့် ကျွန်တော့်ကို ကြည့်နေကြရှာသည်။ ထောင်ပိုင်ကြီးကား တယ်လီ ဖုန်း တီးတိုး ဆက်နေသည်ကို မြင်နေရသည်။
"ကျွန်တော် ဟာ ခွဲခွဲခြားခြား လုပ်ထားတဲ့ ပရိသတ်ရှေ့မှာ တစ်ခါမှ မဖြေဖျော်ခဲ့ဘူးပါဘူး။ ဖြေဖျော် ချင်စိတ် လည်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့လည်း ကျွန်တော့်ပွဲကို ကြည့်ချင်နေကြတယ်ဆိုရင်ဖြင့် တဆိတ်လောက် နေရာလေးတွေ ပြင်ထိုင်ကြပါ လို့ ကျွန်တော် တောင်းပန်ချင်ပါတယ်"

ဘာတွေ ဆက်ဖြစ်မလဲ ဟူသည်ကိုသာ ကျွန်တော် စောင့်ဆိုင်းနေမိပါတော့သည်။ မျက်လုံးများကို တစ်ဝက်မှိတ် ထားလိုက်သည်။ လူဖြူများကပဲ ရုတ်ရုတ်ရက်ရက် စလုပ်မလား။ ဒါမှမဟုတ် လူမည်း တွေကပဲ ကျွန်တော့်ကို ကာကွယ်ဖို့ အတွက် စပြီး ဝုန်းဝုန်းဒိုင်းဒိုင်း အလုပ်ကြလေမလား။ သို့သော် ရှေ့ဆုံးတန်းမှ လူဖြူများ က ဟေးဟေးဟားဟားအော်ကာ ထကြပြီး လူမည်းတို့ဘေး ကပ်ထိုင်ကြ သည်။ လူမည်းတွကလည်း သြဘာပေးကြသည်။ လူဖြူတော်တော်များများတို့သာ နေရာမှ မရွှေ့ ကြသေး။ သို့သော် လူဖြူအကျဉ်းသား ငါးယောက်တို့သည် လူမည်းအကျဉ်းသား ခြေကျိုးအဘိုး ကြီးတစ်ဦးအား ဝိုင်းပြီး ချီမလာကြပြီး အလယ်တန်း တွင် နေရာလာချပေးသည်ကိုကား မြင်လိုက်ရ သည်။ နေရာရွေ့လဲ နေကြသော လူဖြူနှင့် လူမည်းတို့၏ မျက်နှာများ ပြုံးရိပ်များ ထင်ဟပ်နေကြ သည်။
ကျွန်တော်ကား ပွဲမြန်မြန်စရပေတော့မည်။ ပထမဦးဆုံး နေရာဖယ်ပေးသူ လူဖြူတစ်ဦးကို လှမ်း ကြည့်လိုက်ပြီး။

"ဒီမှာနောင်ကြီးရ၊ ကျွန်တော်ပဲစပြီး နေရာပြဿနာကို စီစဉ်ဖို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ခုနေရာကောင်း ကနေပြီး ကျွန်တော် ဘယ်နေရာကို ဖယ်ပေးရမလဲဆိုတာကိုတော့ ကျွန်တော် ခုထိ မစဉ်းစားမိသေးဘူး ဗျ"
သူတို့ စတင်ရယ်မောကြသည်။ သို့နှင့် လေးဆယ့်ငါးမိနစ်ကြာမျှ တရစပ်ပြောခဲ့သည်။ အထူး သဖြင့် လူမျိုးရေးပြဿနာ များနှင့် ပတ်သက်၍ သူတို့ကို တစ်မိနစ်မျှပင် အနားမပေးဘဲ စဉ်းစား ဆင်ခြင်စေသည်။ သိသင့် သိထိုက်သော ပြဿနာများကို တင်ပြသည်။
ပွဲပြီးသော အခါ ပရိသတ် တော်တော်များများက မတ်တပ်ရပ်ပြီး သြဘာပေးကြသည်။ သို့သော် လူဖြူအများစု ကား ကျွန်တော့် လက်ဆွဲနှုတ်ဆက်သည်ကိုပင် ပြန်မော့မကြည့်ဘဲ မျက်နှာလွဲနေ ကြသည်။
ပြန်ခါနီး တွင် ဘုန်းကြီးက သူ့လေသံအတိုင်းပင် လာပြီး နှစ်သိမ့်နေသည်။

"အမေရိကမှာ စိတ်ထားကောင်းတဲ့ လူဖြူတွေ အများကြီးရှိပါတယ် ဒစ်။ တောင်ပိုင်းက လူဖြူတိုင်း ဟာ မဆိုးကြပါဘူး။ သူတို့ကို ပြုပြင်ဖို့ရာ အချိန်နဲ့ ပညာသာ လိုပါတယ်"
"မီရှီဂန် အကျဉ်းထောင်" တွင် ဖျော်ဖြေရသည့် အစီအစဉ်က ပို၍ပင် အသည်းထိတ်စရာကောင်း နေသေးသည်။ အကျဉ်းသား ပရိသတ်သည် ပျော်ပွဲရွှင်ပွဲ အလွန်ငတ်နေသည့်အတွက် ပွဲကြီးပွဲ ကောင်းတစ်ခုပင် ဖြစ်နေရသည်။
ကျွန်တော် စင်မြင့်ပေါ်မှ အဆင်းတွင် ထောင်ပိုင်ကြီးက ထောင်သက်အနှစ်ငါးဆယ်မျှရှိပြီဖြစ်သော နီဂရိုးအဘိုးကြီးတစ်ဦးနှင့် မိတ်ဆက်ပေးသည်။

သူသည် ပန်းချီဆရာတစ်ဦးဖြစ်သည်။ သူက သူ့ပန်းချီလက်ရာများကို လိုက်ကြည့်ရန် ဖိတ်ခေါ်၍ လိုက်ကြည့်မိသည်။ သူ့လက်ရာများကို မြင်သည်နှင့် ကျွန်တော့်မှာ ပျော့ခွေကျသွားမတတ် ဖြစ်ရ သည်။
သူ့တွင် မိန်းမပုံ ပန်းချီကား တော်တော်များများ ရှိသည်။ သူ စဉ်းစားမိသမျှသော မိန်းမပုံများကို ဆွဲထားခြင်းဖြစ် သည်။ သို့သော် မိန်းမတိုင်း၏ မျက်နှာများမှာ ယောက်ျားမျက်နှာ၊ ယောက်ျားမျက် လုံး၊ ယောက်ျားနှာခေါင်း၊ ယောက်ျားမေးရိုး၊ ယောက်ျားနှုတ်ခမ်း၊ ဆံပင်ရှည်တာ၊ ရင်သား ရှိတာ၊ နှုတ်ခမ်းနီ ဆိုးတာ၊ ဂါဝန်ဝတ်တာလောက်သာ မိန်းမနှင့်တူတော့သည်။ ကျန်တာအားလုံး ကား ယောက်ျား မှ ယောက်ျား။
သူ စိတ်ကူးပြီးဆွဲသည်ကား မိန်းမ။ ထွက်လာသည်ပုံများကား ယောက်ျား။

သူ့အနေနှင့် ယောက်ျားချည်းသာ အနှစ်ငါးဆယ်လုံးလုံး မြင်တွေ့နေခဲ့ရာ၊ လက်ရာတိုင်း မှာ လည်း ယောက်ျားစရိုက် များသာ လွှမ်းနေရခြင်းဖြစ်ပေမည်။
လီလီယန် ကို ထိုအကြောင်းကို ပြောပြမိသည်။ ပြောရင်းပြောရင်းနှင့် ကျွန်တော်သည် အတွေးစ များ ပို၍ပို၍ နက် လာတော့သည်။ အတွေးနက်လာသည်နှင့်အမျှ ပို၍လည်း ထိတ်လန့်တုန်လှုပ် လာမိသည်။ အကယ်၍ ထိုအဘိုးကြီးကိုသာ ခင်ဗျားပုံတွေအားလုံး အမှားတွေချည့်ပဲဟု ဆိုခဲ့လျှင် သူက သင့်ကို လူလိမ်လူညာဟု စွပ်စွဲမည်ဖြစ်ပြီး စတင် ထိုးကြိတ်မည်သာ ဖြစ်သည်။
လီလီယန်နှင့် ကျွန်တော်လည်း ရှေ့ဆက် တွေးလိုက်ကြမိသည်။ သင်သာ အမေရိကမှာ မွေး၊ အမေရိကမှ ကြီးပြင်းခဲ့လျှင် အမုန်းတရား၊ အကြောက်တရား၊ လူမျိုးရေး သွေးခွဲမှုများကို သင် သိရှိရတော့မည် မဟုတ်။ သူတို့အားလုံးသာ သင် မြင်ဖူးခဲ့သလို။

ထိုတစ်နှစ်လုံးပင် ကျွန်တော်သည် လေးလေးနက်နက် တွေးနေမိပါသည်။ ထိုနှစ်မှာ အလုပ်များ သောနှစ် ဖြစ်ပါသည်။ စန်ဖရန်စစ်စကို၊ နယူးယောက်၊ လော့စ်အင်ဂျလိစ်၊ လာ့စ်ဗီဂါ့စ်၊ ညလယ်စာ ကလပ်များ၊ ညကပွဲကြီးများ၊ လူ သိပိုများလာသည်။ ရုပ်မြင်သံကြားအစီအစဉ်များ၊ မဂ္ဂဇင်းဆောင်း ပါးများ၊ အခမဲ့ပွဲများလည်း ပြသခဲ့သည်။ ကျွန်တော် ကြပ်တည်းစဉ်က ထောက်ပံ့ကူညီခဲ့သူများကို လည်း ပြန်လည်ထောက်ပံ့ကူညီနိုင်ခဲ့သည်။ ကျွန်တော့် ပြက်လုံးများဇာတ်လမ်းများကိုလည်း ပို၍ ခေတ်မှီအောင်၊ ပိုပြီး လူမှုရေး ညှိနှိုင်းမှုရှိအောင် ပို၍ ကြိုးစားရေးသားနေခဲ့သည်။
ကျွန်တော် မလိုလားသော စနစ်တစ်ခုအတွက် ကျွန်တော် ပိုပြီးနားလည်သဘောပေါက်လာသည် နှင့်အမျှ ပိုပြီး လည်း ထက်မြက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။
လူထု စည်းဝေးပွဲ၊ ချီတက်ပွဲကြီးများတွင် ပါဝင်၍ ဟောပြောနေပေပြီ။

လူမှုအခွင့်အရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးများဖြစ်သော "ရွိုင်းဝီလကင်း" "ဝှစ်တနေယန်း" "ဂျိမ်းစ်ဖားမား" "မာတင်လူသာကင်" စသူတို့နှင့် သိကျွမ်းပြီး စကားစမြည်ပြောခဲ့ရသည်။ သို့နှင့် ဤပြဿနာမှာ အဘယ်မျှပင်ကြီးမားပြီး အဘယ်မျှပင် ရှုပ်ထွေးကြောင်းကိုပါ နားလည်နိုင်ခဲ့သည်။
နီဂရိုး တစ်ဦး ဖြစ်ရရုံမျှနှင့်ပင် တကယ်တမ်းတွင် လူမျိုးရေး အခြေအနေများကို တိတိပပ သိရှိနိုင် မည် မဟုတ်ကြောင်း ကျွန်တော် နားလည်လာနိုင်ခဲ့သည်။
ထိုနှစ်တွင် ဆန်ဖရစ်စစ်စကို၌ ရှိရစဉ် လူမှုရေးအခွင့်အရေး ခေါင်းဆောင်တစ်ဦးက "အုတ်ကလင်" ပြည်နယ်မှ နီဂရိုး ဇီးသီးခူးသမား တစ်ထောင်ကျော်တို့၏ချီတက်ပွဲကြီးတွင် တရားဟောပေးပါရန် လာရောက် ဖိတ်ခေါ်သည်။
ကျွန်တော် ကလည်း ဝမ်းသာအားရပင် လက်ခံလိုက်သည်။ သူက စာတမ်းတစ်ချို့ကို ပေးပါ၏။

ကျွန်တော်က မယူဘဲ ငြင်းဆန်လိုက်သည်။ ကျွန်တော့်အတွက် ဘာစာများ လိုဦးမှာမို့လဲ။ ဘယ်လို လူကိုမဆို ကျွန်တော် လူမှုရေးပြဿနာတွေ ပြောပြနိုင်တာပဲ။
သို့သော် ကျွန်တော့်တွက်ကိန်းမှာ မှားယွင်းခဲ့သည်။ ရာသီချိန် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့အခါ သူတို့ကို ကျွန်တော် ဘာပြောပြမလဲ၊ ဇီးသီးပင် အမြင့်ကြီးတွေကို လှေကားအရှည် ကြီးတွေ ထောင်ပြီး မိန်းမတွေ ကို အတင်းတက်ခူးခိုင်းတာကိုလည်း ကျွန်တော် ဘာပြောမလဲ။ သူ တို့၏ပြဿနာများမှာ လူမျိုးရေး ပြဿနာများလည်းဖြစ်သည်။ လူမျိုးရေး ပြဿနာများလည်း မဟုတ်ဟု ဆိုနိုင်သည်။
သူတို့ပြဿနာများ မှာ ဒေသဆိုင်ရာ ပြဿနာများဖြစ်သည်။

သို့သော် နီဂရိုးတိုင်းအား ထိခိုက်စေသည်။ ထို့ပြင် ထိုဇီးသီးခူးသမားများအနေဖြင့် နီဂရိုးများ သည် ဘာမင်ဂန် ကုန်ပဒေသာ ဆိုင်များထဲတွင် ဦးထုပ်ဆောင်းခွင့်၊ ဖိနပ်စီးခွင့်တို့အတွက် တိုက်ခိုက်နေ ရကြောင်းကိုလည်း နားလည်နိုင်ကြပါ မည်လော။
ထိုနှစ်ဆောင်းရာသီတွင်ပင် "မက်ဒ်ဂါအဲဗားစ်" က "မစ္စစ်စီပီ" ပြည်နယ် ဂျက်ဆန်မြို့မှ မဲဆန္ဒရှင် များ၏ ဆန္ဒပြပွဲ တွင် လာရောက် မိန့်ခွန်းပြောရန် ဖိတ်ခေါ်ပြန်သည်။
""
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 8, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၇)

၎င်းပြင် အထက်တန်းစား တောင်ပိုင်းသားများဖြင့် ပြည့်နှက်နေသော ခန်းမကြီးတစ်ခုလုံးကို ထိန်းသိမ်း ဖို့ ဆိုသည် မှာလည်း မလွယ်ကူလှ။ သို့သော် ကျွန်တော်ကား ချမ်းလွန်းလှပြီ။ စိတ်ဓာတ်မှာ လည်း ရူးလု မတတ် ပင် ဖြစ်နေချေပြီ။ ရပ်ကွက် နှစ်ဆယ်ကျော် ဖြတ်ပြေးလာရသည့် အပြင် ယခု အိမ်ပြန်ရန်လည်း ချူးတစ်ပြားမှပင် မရှိတော့။ ထို့ကြောင့် ကျွန်တော် က ပြန်ပြောရသည်။
သူတို့က လာရောက်ဖျော်ဖြေပါဆို၍ ကျွန်တော် လာခဲ့ရသည်။ ကျွန်တော်လာရသည်မှာ အဝေးကြီးဖြစ် ရာ ယခု ဒီနေရာမှနေ ၍ တပ်ခေါက်ပြန်ရန် မဖြစ်တော့။ ထို့ကြောင့် အခန်းထဲတွင် ထိန်းမနိုင် သိမ်းမရ၊ မင်းမဲ့ဆန်သော လူစု မည်မျှပင် ရှိပါစေ ကျွန်တော့်အနေဖြင့်မူ ဂရုမစိုက်နိုင်၊ ဒီညအဖို့ ဖြေဖျော်မှုလုပ်ကို လုပ်မှ ဖြစ်တော့မည်ဟု။ သူက ကျွန်တော့်ကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် ဘေးသို့ လမ်းဖယ်ပေးကာ အပေါ်ထပ် သို့ တက်သည်။ တံခါးမကြီးကို ဖွင့်ပေးလိုက်လေတော့သည်။
ကို ဆက်ဖတ်ရန်.....

(၆)

"ကောင်းသော ညနေခင်းပါ လူကြီးမင်းများ ခင်ဗျာ၊ ဒီည ဒီအခန်းမှာ စိတ်ထား သဘောထား ကောင်းမွန် တဲ့ တောင်ပိုင်းသားများစွာ စုရုံးရောက်ရှိနေကြတယ်ဆိုတာ ကျွန်တော် နားလည်ထား ပါတယ်။ ကျွန်တော် က တောင်ပိုင်းပြည်နယ်နဲ့ ပတ်သက်လို့လည်း အတော်ပဲ သိရှိပြီးဖြစ်ပါတယ်။ တောင်ပိုင်းမှာ ကျွန်တော် နှစ်ပေါင်းနှစ်ဆယ် ကြာ နေခဲ့ဖူးပါတယ်"
တစ်ည မှာတော့ ကျွန်တော် ပျော်ပွဲစားရုံတစ်ခုကို ရောက်ခဲပါတယ်။ အဲဒီအခါ အသားဖြူစားပွဲထိုးမလေး တစ်ယောက် က ကျွန်တော့်ဆီလာပြီး "ဒီနေရာမှ အသားမည်းတွေ ဘာမှမရနိုင်ဘူး" လို့ ပြောပါတယ်။

ကျွန်တော်ကလည်း "မှန်ပါတယ်၊ ကျွန်တော်ကလည်း အသားမည်း မစားချင်ပါဘူး။ ကျွန်တော့်ကို ကြက်ကောင်လုံးကြော် သာ ယူပေးပါ လို့ ပြောလိုက်တယ်"
အဲဒီအချိန် မှာ နောင်တော် သုံးပါးရောက်လာတော့တာပဲ၊ လူကြီးမင်းတို့ သိကြတဲ့အတိုင်း ဒီနောင် တော်သုံးပါး က တစ်ခြားတော့ မဟုတ်ပါဘူး။ ကလူး၊ ကလပ်၊ ကလန် ခေါ်တဲ့ ကေသုံးလုံး ဂိုဏ်းသားတွေပဲပေါ့။ သူတို့က ကျွန်တော့် ကို လာပြောကြတယ်။
"ဒီမှာ မင်း ကို ငါတို့ သတိတစ်ခုပေးထားမယ်နော်၊ ကြက်ကင်ကြော်ရောက်လာတာနဲ့ ကြက်ကင် ကြော်ကို မင်း လုပ် သလို ငါတို့ မင်းကို အကုန်ပြန်လုပ်ပစ်မယ် သိလား" လို့ ပြောကြပါတယ်။
အဲဒီအချိန်မှာပဲ စားပွဲထိုးမလေး က ကြက်ကင်ကြော် ကို ယူလာပါတယ်။ သူတို့က ထပ်ပြီး သတိ ပေးကြပြန် ပါတယ်။
"ဟေ့ကောင် ဒီမှာနော်၊ ငါတို့ပြောတာ မှတ်ထား၊ မင်း ကြက်ကင်ကြော်ကို လုပ်တဲ့အတိုင်း ငါတို့ မင်းကို အကုန် လိုက် လုပ်ပစ်မယ်"

"ကျွန်တော်က ကြက်ကင်ရဲ့ရင် ကို ဓားနဲ့ခွဲရင် ကျွန်တော့်ရင်ကိုလည်း ဓားနဲ့ပြန်ခွဲမယ်။ ကြက်ပေါင် ရိုးလေးကို ခက်ရင်းနဲ့ထိုးဖဲ့ရင် ကျွန်တော့်ပေါင်ရိုးကိုလည်း ချိုးပစ်မယ်ပေါ့။ ဒါနဲ့ ကျွန်တော်က လည်း ခက်ရင်းတွေ ဓားတွေကို ဘေးမှာ အသာလေးချထားလိုက်ပါသည်။ နောက်ပြီး ကြက်ကင် ကြီးကို ကောက်ယူပြီး နမ်းပြလိုက်ရ ပါတော့တယ်"
ထိုတစ်ညလုံးပင် "ပလေးဘွိုင်ကလပ်" ၌ ကျွန်တော် ကလေးဘဝဇာတ်ကြောင်းကို ဖြစ်ကြောင်း ကုန်စင် ခင်းပြခဲ့ သည်။ အမေ့အပြုံးများ၊ ခါးသီးမှုဒဏ်ရာဒဏ်ချက် အလုံးစုံတို့ကို ရင်ထဲမှာ သိမ်း ဆည်းထားရသော လူမည်း ကလေး ၏ ဘဝခရီးလမ်း။ ပရိသတ်အချို့က ကျွန်တော့်အား ညစ်တီးညစ်ပတ် ဆဲရေးတိုင်းထွာမှု များ၊ စော်ကား မော်ကား မှု များဖြင့် ပြန်တုံ့ပြန်ကြသည်။
သို့သော်… ကျွန်တော်က ခပ်သွက်သွက် ခပ်မြန်မြန်ပင် ပြောချင်တာတွေ ကို စီကာပတ်ကုံး အာ ဝဇ္ဇန်းရွှင်ရွှင် ဟာသ ပါပါဖြင့် ပြော သွားရာ တဖြည်းဖြည်းနှင့် ပရိသတ်ကြီးသည် ငြိမ်ကျလာသည်။ ဆူညံသံများ တစ်စထက် တစ်စ ချုပ်ငြိမ်း သွားကာ ကျွန်တော် ပြောသမျှ နားစိုက်ထောင်လာကြ သည်။

မိနစ်ငါးဆယ်ကြာ မျှ ကပြဖျော်ဖြေရမည့် အခန်းမှာ တစ်နာရီနှင့် မိနစ်လေးဆယ်မျှ ကြာသည်ထိပင် ကျွန်တော် ပြောဟောနိုင် ခဲ့သည်။ ဇာတ်ခုံပေါ်မှ ကျွန်တော် ဆင်းမည်ပြုတိုင်း သူတို့က ပြန်တက် ခိုင်းကြ သည်။ နောက်ဆုံး တွင် နှုတ်ခွန်းဆက်စကား ပြောလိုက်သောအခါ၌ကား ထိုတောင်ပိုင်း သားများအားလုံးသည် မတ်တပ် ရပ်ပြီး လက်ခုပ်ဝိုင်းတီးကာ သြဘာပေးကြလေသည်။ ကျွန်တော် တံခါးဝသို့ ထွက်လာသောအခါ၌ကား အိတ် များ ထဲ မှ အသီးသီး ပိုက်ဆံများထုတ်ကြပြီး ကျွန်တော့် ကို ထိုးပေးကြ သည်။ တောင်ပိုင်းသား တစ်ယောက် ကမူ ကျွန်တော့်ကိုကြည့်ပြီး "ခင်ဗျား သိတယ် မဟုတ်လား။ ခင်ဗျားမှာသာ မှန်ကန်တဲ့ မန်နေဂျာ တစ်ယောက် ရှိမယ် ဆိုရင် ခင်ဗျားဟာ တကယ့် မဟာသန်းကြွယ်သူဌေးကြီးဖြစ်လာမဲ့လူဗျ"
သူ့စကား ကို ကျွန်တော့် တစ်သက်တာတွင် မမေ့နိုင်ပါတော့ချေ။

"ပလေးဘွိုင်ကလပ်ပိုင်ရှင်" "ဟက်ဖ်နာ" သည် ထိုညတွင် ကျွန်တော် တင်ဆက်သော ဒုတိယပွဲ သို့ လာကြည့် သည်။ ပွဲပြီးသည်နှင့် သူက စာချုပ်တစ်ခု လာချုပ်တော့သည်။ စာချုပ်မှာ ၃ နှစ် စာချုပ်ဖြစ်သည်။ စလျှင်စခြင်း တစ်ပတ်လျှင် ဒေါ်လာ ၂၅၀ နှုန်းနှင့် ၁၉၆၁ တွင် ခြောက်ပတ်မျှ ဖြေဖျော်ရမည်ဖြစ်သည်။ ကျွန်တော်လည်း ယုံပင် မယုံနိုင်။ "ပလေးဘွိုင်ကလပ်" ကြီးမှာပင် အလုပ်ရခဲ့ချေပြီကော။

"ဟက်ဖ်နာ"က ကျွန်တော့် ကို ငှားရမ်းလိုက်ပြီးသည့်နောက်တွင် အခြေအနေများ အကုန်ပြောင်း ကုန်သည်။ စာနယ်ဇင်များမှာ ကျွန်တော့်ကို အသားပေးဖော်ပြလာကြသည်။ သတင်းစာများမှ ကျွန်တော့်သရုပ်ဆောင်မှုနှင့် ပတ်သက်သော ဝေဖန်ချက်များ၊ ဆောင်းပါးရှင်များ၏ ကျွန်တော့် ပြက်လုံးများကို ကိုးကားသုံးစွဲမှုများ စသဖြင့်။ ထို့ကြောင့် ညတိုင်း သတင်းစာအားလုံး ဝယ်ဖတ်ရ သည်။
အကယ်၍ သတင်းစာတစ်စောင်တွင် ကျွန်တော့်နာမည်ပါကြောင်း တွေ့ရသည်နှင့် သတင်းစာ ရောင်းသောဆိုင်များသို့ တစ်ခါထဲထပြေးပြီး ထိုသတင်းစာများကို ပြန်ကြည့်ပြီး သတင်းစာအားလုံး တွင် ကျွန်တော့်နာမည်ပါ မပါ၊ စစ်ဆေးရသေးသည်။ "တိုင်းမဂ္ဂဇင်း"ကလည်း ကျွန်တော့်ဓာတ်ပုံ ထည့်ကာ ကျွန်တော့်အကြောင်း ရေးသားဖော်ပြခဲ့သည်။
ယခုအချိန်တွင်ကား ပွဲငှားကိုယ်စားလှယ်များ၊ မန်နေဂျာများ၊ ညကလပ်များနှင့် ဓာတ်ပြားကုမ္ပဏီ များသည် ကျွန်တော့်အပါးဝယ် ဝိုင်းဝိုင်းလည်နေကြပေပြီ။ တယ်လီဖုန်းဆိုသည်မှာကား အားရ သည်ပင် မရှိတော့။

ထိုနှစ်တွင် ကျွန်တော်သည် အကူအညီတော်တော်များများကို ရခဲ့ပါသည်။ ရောင်းရင်းဟောင်းကြီး ဖြစ်သော "တင်မ်ဘောက်ဆာ" မှာ ကျွန်တော်၏သတင်းကိုယ်စားလှယ်အဖြစ်ဖြင့် ကြိုးကြိုးပမ်း ပမ်း လုပ်ဆောင်ပေးနေ သည်။ ရှီကာဂိုရုပ်မြင်သံကြား ကုမ္ပဏီမှ "အလက်ဒရိုင်ရာ" သည် ကျွန် တော့်အား သူ့အိမ်သို့ပင် ဖိတ်ကြားပြီး အစီအစဉ်များ ကို ရေးဆွဲပေးခဲ့သည်။"အလက်" နေသော ရပ်ကွက်သို့ ညတစ်ညတွင် ကျွန်တော် ကားမောင်း ထွက်ခဲ့ရာ လမ်းတွင် ရဲများက သုံးကြိမ်တိုင် တိုင် ကားကိုတားပြီး စစ်ဆေးခြင်းကို ခံခဲ့ရသည်။
သူတို့က အချိန်မတော်တွင် နီဂရိုးတစ်ယောက် ကားမောင်းလာပါက ရာဇဝတ်မှု တစ်ခုခု ကျူးလွန် ရန်ပင်ဖြစ်မည် ဟု တွက်ဆထားကြ၍ဖြစ်သည်။ "အလက်" အိမ်သို့ ရောက်သောအခါတွင်ကား ဝမ်း ပန်းတသာ လှိုက်လှိုက်လှဲလှဲပင် ခရီးဦးကြိုပြုကာ ဧည့်ခံကြသည်။ သူက "ရာ့ဖ်မင်း" နှင့် "မာ့စ် ဂျို ဇက်စင်" ဆိုသူနှစ်ဦးနှင့် လည်း မိတ်ဆက်ပေး သည်။ သူတို့သည် ကျွန်တော့် မန်နေဂျာများဖြစ်လာ ကြသည်။

ကျွန်တော့်အတွက် ရှေ့နေလည်း ရလာခဲ့သည်။ "ဒစ်ရှယ်လ်တန်" ဆိုသူဖြစ်သည်။ "ဘာနီကလိုင်း မင်း" မှာကား ကျွန်တော့် စာရင်းကိုင်။ လုပ်ငန်းအောင်မြင်သည်နှင့်အမျှ အသိုင်းအဝိုင်း ကောင်းဖို့ က အရေးကြီးလာသည်။ ထို့ကြောင့် လူကောင်းသူကောင်း၊ ရိုးရိုးသားသား တည်တည်ကြည် ကြည် အသိုင်းအဝိုင်း အထောက်အကူကို ယူရလေ သည်။ တစ်နေ့တွင် တယူးယောက်မြို့မှ "ဂျက်ပါးကပွဲ" တွင် လာကပြဖြေဖျော်ရန် ဖိတ်ခေါ်စာရခဲ့သည်။ သို့နှင့် ပထမဦးဆုံးလေယာဉ် စီးဖူးလာတော့သည်။ ပထမဆုံးလည်း လူဖြူဟိုတယ်ကြီးတွင် တည်းခိုဖူးတော့ သည်။
"ဂျိုးဂလေဂါ" အမည်ရှိ ဇာတ်ကန်ထရိုက် သန်းကြွယ်သူဌေးကြီးတစ်ဦးနှင့်တွေ့ပြီး သူက ကျွန်တော် ဟိုတယ်တွင် လိုတာရှိ က ဖုန်းကောက်ကိုင်ပြီးသာ မှာစရာရှိတာမှာရန် ပြောသည်။ "ဂျက်ပါးကပွဲ" ကား ခမ်းနားလွန်းသည်။ အမေရိကန်ပြည် တစ်ဝှမ်း တွင် ကြီးဆုံးဖြစ်သော ရုပ်မြင် သံကြားအဖွဲ့မှလည်း ရုပ်မြင်သံကြားရိုက်ကူးခဲ့သည်။ နယူးယောက်မှ အပြန်တွင် လေဆိပ်၌ပင် လီလီယန်အား ဖုန်းဆက်လိုက်သည်။

"အချစ်ရေ ဘာတွေများ ထူးခြားသလဲဟေ့"
"ဒေးဗစ်ဆပ်စ်ကင်က ဖုန်းဆက်တယ် မောင်၊ သူ့ဆီမှာမောင် လာဖြေဖျော်ပေးပါတဲ့။ နောက်ပြီး "ဂျက်ပါး" အဖွဲ့က လည်း သူတို့ဆီနောက်တစ်ခေါက် လာပါဦးတဲ့။ မောင်တော့ နာမည်ကြီးဖို့သာ ပြင်ထားပေတော့နော်"
"ဒါကတော့ ရပါတယ် အချစ်ရယ်"
"ဒါပေမဲ့ မောင်ရေ၊ ရုပ်မြင်သံကြားစက်ကိုတော့ သူတို့ပြန်ပြီးလာတောင်းနေကြတယ်"
"နေပစေ အချစ်ရေ၊ ဒါအတွက်တော့ ဘာမှမပူနဲ့"
ကျွန်တော် အိမ်အပြန်လမ်းတွင် ကျွန်တော့်ရှေ့နေထံသို့ဝင်ပြီး ဆေးရောင်စုံ ရုပ်မြင်သံကြားစက် တစ်လုံး ကို ဈေးမှဝယ်ပေးရန် ပြောလိုက်သည်။

"ဘယ်လောက်ကြီးကြီး လိုချင်တာလဲဟင်"
"သူတို့ကိုသာ ပြောလိုက်ပါဗျာ။ ကျွန်တော့်အခန်းကိုလာပြီး တံခါးမကြီးတွေကိုသာ လာတိုင်းလှည့် ပါလို့။ အဲဒီတံခါးမကြီး နဲ့ ဆန့်သလောက်ကြီးတဲ့ စက်မျိုးလိုချင်တယ်လို့သာ ပြောလိုက်ပါ"
ကျွန်တော့် အတွက်ကာား ရုပ်မြင်သံကြားအစီအစဉ်များ၊ ညကလပ် ဖျော်ဖြေပွဲများ၊ ကပွဲလက်ခံများ လက်မလည်နိုင်လောက်အောင် ပင် ရှိနေသည်။ မဂ္ဂဇင်း ဂျာနယ်များမှလည်း ကျွန်တော့် အကြောင်း ဆောင်းပါး များ ထပ်တလဲလဲ  ပါနေသည်။ ကျွန်တော်သည် လီလီယန်မွေးနေ့ပွဲတွင် သူ့အတွက် "သန်ဒါဘတ်ဒ်" ကားတစ်စီး ၀ယ်ပေးလိုက်သည်။ သို့သော် လီလီယန်မှာ ကားမမောင်းတတ်ချေ။ ထို့ကြောင့် အိမ်ရှေ့ခန်း တွင်သာ အလှပြရပ်ထားရတော့သည်။ ထိုနှစ် သြဂုတ်လတွင်ပင် ဒုတိယ သမီးလေး "လန်းလူစီ" ကို မွေးဖွား ခဲ့သည်။ သီးသန့်ဆေးရုံတစ်ခုတွင် ဖြစ်သည်။

ကျွန်တော်ကား တစ်ချိန်ထက် တစ်ချိန်ပင် အောင်မြင်သည်ထက် အောင်မြင်လာနေသည်။ "ဟက်ဖ်နာ" "ပါး""ဘော့ဟုပ်" စသည့် အောင်မြင်သူကြီးများနှင့်လည်း တွေ့ဆုံရင်းနှီးနေရသည်။ ကာလီဖိုးနီးယားနှင့် နယူးယောက် ကို စုန်ချီဆန်ချီပင် ပထမတန်းမှနေ၍ လေယာဉ်ဖြင့်သွားလာနေ ရသည်။ တစ်နေ့တွင် အကြီးဆုံး ဓာတ်ပြား ကုမ္ပဏီကြီးတစ်ခုက ကျွန်တော့်ပက်လုံးများကို ဓာတ်ပြားသွင်းလိုကြောင်း လာရောက်တောင်းခံသည်။ ကျွန်တော် မှာ အတော်ပင်ထိတ်လန့်သွားရ သည်။ သူက ကျွန်တော့်ကို "လန်ဒန်ဂေဟာ" ဟုခေါ်သော ထိပ်တန်း ဟိုတယ်ကြီးတစ်ခုသို့ ခေါ် သွားပြီး လုပ်ငန်းကိစ္စများကို ဆွေးနွေးခဲ့သည်။ ထိုဟိုတယ်တွင် ကျွန်တော် မှာ အကြီးအကျယ် ချောက်ကျရတော့သည်။ ထိုလူက ပုစွန်မြီးဟင်းမှာသည်။ ကျွန်တော်ကလည်း သူ့ကို အတုလိုက် ပြီး ပုစွန်မြီးဟင်း ပင်မှာသည်။ စာပွဲထိုးက ပုစွန်မြီးဟင်းများ ယူလာသောအခါ၌ကား ကျွန်တော့်အဖို့ ဒုက္ခတွေ့ရချေပြီ။ မည်သို့ မည်ပုံ စ၍ စားရမည်မှန်းပင် မသိ၍ ဖြစ်သည်။
ထို့ကြောင့် ဓာတ်ပြားကုမ္ပဏီမှလူ စားသလို လိုက်စားရတော့သည်။

သူက ပုစွန်များကို သံပရာရေညှစ်နေသည်။ ကျွန်တော်လည်း သူ့ကဲ့သို့ပင် သံသရာရည် ညှစ်ချ လိုက်သည်။ သို့သော် ကျွန်တော် သံပရာရေ ညှစ်နေဆဲမှာပင် သူသည် ပုစွန်အမြီးလေးကို ကျင် လည်စွာ ခွဲပြီး စားနေလေပြီ။ သူ ပုစွန်မြီးလေး ကို ခွဲစားနေပုံကို ကျွန်တော် မမြင်လိုက်ရ။ သို့နှင့် ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့။ ထို့ကြောင့် သူ့ကို ကျွန်တော် ဗိုက်အောင့်လာ၍ဆိုကာ ဟိုတယ်ခန်းမှ ထွက်ခဲ့ရသည်။
မကြာမီပင် "ကောလ်ပစ်" ဓာတ်ပြားကုမ္ပဏီနှင့် ဓာတ်ပြားထုပ် နှစ်ထုပ်သွင်းရန် စာချုပ်ချုပ်ဆိုခဲ့၏။ စရန်ငွေ ဒေါ်လာ ၂၅,၀၀၀ မျှပင် ရခဲ့သည်။
ကျွန်တော် တစ်ခါ က လံကြုတ် ဇာတ်လမ်းဆင်၍ ကြေးနန်းတု ညာရိုက်ကာ လိမ်လည်ခဲ့သော ဒေါ်လာ ၂၅,၀၀၀ တန် အလုပ်ကြီး။ ယင်းလံကြုတ်ဇာတ်လမ်းမှာ ယခုတော့ တကယ်ပင်ဖြစ်လာ နေချေပြီ။ ရှေ့ဆက် လိမ်လည်နေစရာ မလိုတော့သည့် အခြေအနေ ဖြစ်လာနေပေပြီ။

ထိုနှစ်နွေရာသီ ဆန်ဖရန်စစ်ကို၌ ဖခင် "ပရက်စ်ကြီး" နှင့် ပြန်ဆုံရပြန်သည်။ ကျွန်တော်တို့မှာ သိပ် စကား ရှည်ရှည် မပြောခဲ့ကြပါ။ ပြောစရာစကားလည်း သိပ်မရှိပါချေ။
သူသည် နောက်အိမ်ထောင်သစ်ပြုပြီး ဖြစ်နေသည်။ ကလေးတွေလည်း ရနေသည်။ အလုပ်ကြိုး စားပမ်းစား လုပ်ပြီး တင့်တောင့်တင့်တယ်နေနိုင်သော အခြေအနေသို့ ဆိုက်ရောက်နေသည်။
ကျွန်တော် အံ့သြရသည်မှာကား ယခုအခါ သူနှင့် ကျွန်တော်သည် အရပ်တစ်တိုင်းတည်းပင် ရှိနေ သည်ပင် တွေ့နေရ ၍ ဖြစ်ပါသည်။ ငါးပေဆယ်လက်မ၊ ကျွန်တော့်က သူ့ကို တစ်ချိန်လုံး လူ့ဘီလူး ကြီးသဖွယ် ထင်ခဲ့လေသည်။

အဖေ့အတွက်ကား ဝမ်းနည်းမိပါသည်။ ထို့ကြောင့်ပင် အဖေသည် မည်သို့ပင်ဖြစ်စေကာမူ ကျွန် တော့်ကလေးများ အတွက်ကား အဘိုးမှာ အဘိုးသာဖြစ်နေသည့်အတွက် ကလေးများကို အဘိုး ထံ ခေါ်လာရဦးမည်ဖြစ်သည့်အကြောင်း၊ အဘိုးကို မြေးများက လာရောက် ဂါရဝပြုလာမည်ဖြစ် ကြောင်းများ ကို ပြောပြခဲ့သည်။
ထိုနှစ် တွင် အဖေ့ ကို နောက်တစ်ခါ ထပ်မတွေ့တော့ပါ။ သို့သော် ကျွန်တော့် ကတိစကားများကိုမူ ကျွန်တော် မမေ့ခဲ့ပါ။
"ဘတ်ဖလိုး"ပြည်နယ် တွင် ပွဲတစ်ပွဲသွားကစားနေစဉ် လူတစ်ယောက်က ကျွန်တော့်ထံလာပြီး အမျိုးသမီးတစ်ဦး က ကျွန်တော့် ကို တွေ့လိုကြောင်း လာပြောသည်။ အကြောင်းတစ်ခုကြောင့် ထိုအမျိုးသမီးမှာ မည်သူဖြစ်မှန်းကို ချက်ချင်းပင် ကျွန်တော် သိလိုက်မိပါသည်။

သူ "ဘတ်ဖလိုး" တွင် နေကြောင်းသိခဲ့ရသည်မှာ အတော်ကြာခဲ့ပေပြီ။ စိတ်လှုပ်ရှားရ၍ သူ့ထံ တိုက်ရိုက်ပင် မသွားနိုင်သေး ဘဲ အရင်ဆုံး အဝတ်လဲခန်းထဲဝင်ပြီး ဆေးလိပ်ဖွာနေရသေးသည်။ ထို့နောက် ရေချိုးခန်းသို့ သွားပြီးမှ သူ့ထံသို့ သွားခဲ့သည်။
လူတစ်ယောက် သည် အသက်ခုနစ်နှစ်အရွယ်မှ နှစ်ဆယ့်ကိုးနှစ်အရွယ်သို့တိုင် ၂၂ နှစ်မျှ ကာလ ပတ်လုံးတွင် တစ်စုံတစ်ခု ကိုစောင့်ဆိုင်းခဲ့၊ တစ်စုံတစ်ခုကို တောင်းခံခဲ့၊ တစ်စုံတစ်ခုကို ဆုတောင်း ခဲ့ရှာသည်။

ထိုအရာမှာ… ယခုကား ထိုအရာကို မလိုတော့ပြီ။ သူကား "ဟယ်လင်တပ်ကား"။ သူ့ကိုဖြင့် ယခု မလိုတော့ပါပြီ။ ယခုသော် ကျွန်တော့်တွင် ကိုယ်ပိုင် "ဟယ်လင်တပ်ကား" ရှိခဲ့ချေပြီ။ သူ့ကို အိမ် တွင် ထားခဲ့သည်။ သူ့နာမည်မှာ "လီလီယန်"။

၁၉၆၁။

ထိုနှစ်ကား တကယ့်နှစ်ပင်။ ထိပ်တန်းအဆင့်သို့ ရောက်ခဲ့သည်။ အဖေနှင့် ပြန်တွေ့သည်။ "ဟယ် လင်တပ်ကား" နှင့် ပြန်တွေ့သည်။ ဒေါ်လာ ၂၅,၀၀၀ လိမ်လည်မှုကြီးကို ချေဖျက်ဖြေရှင်းနိုင်ခဲ့ သည်။
ထို့ကြောင့် နိုဝင်ဘာလ၏ ရက်တစ်ရက်တွင် ကျွန်တော်သည် ရှီကာဂိုသို့ အပြန်လမ်းတွင် ရောက် နေခဲ့သည်။ ထို့နောက် ဤမျှလှပသော ၁၉၆၁ ခုနှစ်ကလေးအား မည်သို့မည်ပုံ လှပစွာ နိဂုံးချုပ် လိုက်ရမည်ကို စဉ်းစားနေ မိသည်။ ကျွန်တော့်တွင် ကောင်းမွန်သော အကြံအစည်တစ်ခုကား ရှိခဲ့ ပြီဖြစ်သည်။
ကျွန်တော့် မိတ်ဆွေတစ်ဦးသည် အိမ်တွင်းခန်း အလှပြင်ဆင်မှုပညာရှင် ဖြစ်သည်။ သူသည် "ဟိုက်ပတ်ရပ်ကွက်" တွင် အိမ်တစ်လုံးကို တွေ့ထားသည်။ တက္ကသိုလ်အနီးရှိ အိမ်ဖြစ်သည်။ ကျွန်တော်က သူ့ကို ထိုအခန်းယူထားရန် ပြောလိုက်သည်။ ထိုအိမ်သို့ ခရစ်စမတ်နံနက်တွင် ပြောင်းရွှေ့ရန် ကြံစည်ထားသည်။ အိမ်ဟောင်းမှနေ ၍ ရွှေ့ယူလာမည့် တစ်ခုတည်းသော ပစ္စည်း မှာ ဆေးရောင်စုံ ရုပ်မြင်သံကြားစက်ကြီးတစ်လုံးသာဖြစ်သည်။

ကျွန်တော်သည် ဤနေရာကို အပြည့်စုံဆုံး ဖြစ်နေအောင် စီစဉ်ထားသည်။ ခရစ်စမတ်နံနက်တွင် ဤနေရာတွင်၌ လမ်းလျှောက် မည်။ ဤနေရာတွင် စတင် အခြေစိုက်မည်။ ရေခဲသေတ္တာအသစ် ကြီးကို ဖွင့်ပြီး ကြက်ဥနှင့် ဝက်ပေါင်ခြောက်များ ချက်စားကြမည်။
မိတ်ဆွေဖြစ်သူ သည် အစစအရာရာ စီစဉ်ပေးနေသည်။ ပရိဘောဂဝယ်သည်။ ကော်ဇောတွေ ခင်း သည်။ ခန်းဆီး၊ စားပွဲခင်း စသော အဝတ်အထည်များဝယ်သည်။ ကျွန်တော် ရောက်သွားသော အခါ မျက်လုံးများ ပင် ပြူးသွားရသည်။ ဤမျှ လှပခမ်းနားသော အိမ်ကြီးတွင် နေရမည်ကိုပင် ကိုယ့်လိပ်ပြာ ကိုယ့်မလုံနိုင်အောင် ဖြစ်သွားရသည်။

ဤသည်များ ကို လောလောဆယ် လီလီယန် မသိစေချင်။ ထို့ကြောင့် ရှေ့နေကြီးကို လီလီယန် အား ကျီစယ်ရန် အကြံအစည်တစ်ခု လုပ်ကြသည်။ ခရစ်စမတ်မတိုင်မီ သုံးရက်တွင် ရှေ့နေကြီး က လီလီယန်ထံ ဖုန်းဆက်ရမည်။ အမြတ်တော်ကြေးများဖြင့် ကျွန်တော် ဖိနေကြောင်း၊ ယခုနှစ် တွင် ရှာဖွေသမျှငွေအားလုံး အမြတ်တော်ကြေးပေး ရမည်ဖြစ်ကြောင်းကို ပြောရမည်။
ကျွန်တော် တို့ မွဲပြာကျသွားပြန်မည့် အဖြစ်မျိုးများကို ပြောခိုင်းသည်။ ထိုနံနက်တွင် ကျွန်တော် သည် အခန်းထဲ တွင် အသာလှဲနေပြီး လီလီယန် တယ်လီဖုန်း စကားပြောသည်ကို နားထောင်နေ လိုက်သည်။
ထို့နောက် အသာအိပ်ရာပေါ် တွင် လှဲနေပြီး ထိုသတင်းကို လီလီယန် လာအပြောကို စောင့်နေ လိုက်သည်။ သို့သော် လီလီယန် မှာ တော်တော်နှင့်ပေါ်မလာ။ နောက်ဆုံး မအောင့်နိုင်တော့သည့် အဆုံး ကျွန်တော်ပင် အပြင်ထွက်ခဲ့ ရသည်။

"မောင် အိပ်နေတုန်း ဘယ်သူ ဖုန်းဆက်တာလဲဟင်"
"ဘယ်သူမှ မဆက်ပါဘူး မောင်ရဲ့"
"တယ်လီဖုန်းမြည်သံ မောင် ကြားပါတယ်ကွာ"
"သြော်… ဒါက ရှေ့နေကြီးကပါ"
"ဘာကိစ္စတဲ့ လဲ"
"သူက ဘာမှမပြောဘူး မောင်"
ထို့ကြောင့် ကျွန်တော်က ရှေ့နေကြီးဆီသို့ ပြန်ဖုန်းဆက်ကြည့်ရသည်။ ဘာကြောင့် လီလီယန်ကို ကျွန်တော် ပြော ခိုင်းတာ မပြောသလဲဟု မေးသည်။ သူက ခုနကပဲ အကုန်ပြော လိုက်ပါပြီ ဟု ပြန် ပြောလိုက်သည်။

ဇနီးသည် ပါးစပ်မှ မကောင်းသတင်းထွက်စရာလမ်းကား မမြင်၊ သူ့နှုတ်ဖျားည် မကောင်းသတင်း ကို မသယ်ဆောင်တတ်ပေ။
"လီလီယန်"
"ဘာလဲ မောင်"
"ကလေးတွေအတွက် ဝယ်ထားတဲ့ ကစားစရာတွေ ပြန်ရောင်းပစ်ကြရတော့မယ်ကွယ်၊ မင်းရဲ့ ကားကြီး လည်း ပြန်ထုတ်ပစ်ရတော့မှာဘဲ"
"ရပါတယ် မောင်၊ ဘာဖြစ်သလဲ"
"မောင် သိပ်ဝမ်းနည်းတယ် ကွယ်၊ ဒီခရစ်စမတ်ဟာ မောင်တို့အတွက် အဆိုးဝါးဆုံး ခရစ်စမတ်ပဲ ဖြစ်မှာပဲကွယ်"
"စိတ်မပူပါ နဲ့ မောင်ရယ်… မကြာခင် အားလုံး အေးဆေးသွားမှာပါ"

သူ့အား ဆက်၍ စိတ်ညစ်စရာများ လျှောက်ပြောရန် ကြံသေးသည်။ သို့သော် သူ့မျက်နှာပြင်မှာ ငြိမ်းချမ်းပြီး တုန်လှုပ်မှု ကင်းနေသဖြင့် ကျွန်တော့်အကြံများကို လက်လျှော့ပစ်လိုက်သည်။
သို့သော် ကျွန်တော်တို့အိမ်သစ်အတွက် ဝယ်စရာ ပစ္စည်းများစွာ ကျန်နေသေးသည်။ ဤပစ္စည်း များကို လီလီယန်မှ လွဲ၍ သူများကို ဝယ်ခိုင်း၍မဖြစ်နိုင်။ ထို့ကြောင့် ခရစ်စမတ်မတိုင်မီ နှစ်ရက် အလိုတွင် သူ့ကို ပြောရ သည်။ ကျွန်တော့်မိတ်တွေတစ်ယောက်က လင်မယားတစ်စုံတွဲ ရှီကာဂိုသို့ ပြောင်းစရာမရှိသဖြင့် ပစ္စည်းပစ္စယများ ကူဝယ်ပေးဖို့ပြောကြောင်း၊ ထို့အတွက် လီလီယန်က ကူညီနိုင် မကူညီနိုင် မေးကြည့်သည်။
ထိုစုံတွဲမှာ ငွေတော့ အတော်ရှိသေးသည်။ သို့သော် ဤမြို့တွင်မူ အကြွေးဝယ်ခွင့်မရနိုင်။ ထို့ ကြောင့် ကုန်ပဒေသာ ဆိုင် တွင် ကျွန်တော်တို့နာမည်ဖြင့် အကြွေးဝယ်ပေးရန်လည်း ပြောလိုက် သည်။ လီလီယန်က ဝမ်းမြောက် ဝမ်းသာ ပင် ကူညီမည်ဟု ပြောသည်။

ထိုနေ့တစ်နေ့လုံး ကျွန်တော်တို့ ဈေးဝယ်ကြသည်။ လီလီယန် မသိသော စုံတွဲတစ်တွဲကိုပါ ခေါ် လာ၊ သူတို့ အတွက် ဝယ်ပေးရသလို သူ့ကို ဝယ်ခိုင်းသည်။
ပန်းကန်ခွက်ယောက်များ၊ ငွေထည်ပစ္စည်းများ၊ အိပ်ရာဖုံး၊ အိပ်ရာခင်းများနှင့် မျက်နှာသုတ်ပဝါများ မှအစ လီလီယန် သည် သေသေချာချာရွေးပြီး ဝယ်ပေးရှာသည်။
ဆိုင်မှထွက်သောအခါ ကျွန်တော့်ကား၊ သူငယ်ချင်းကား နှစ်စီးအပြင် အခြားကား ဆယ်စီးတိုက် ပစ္စည်းများ ပါလာ၏။ လီလီယန်ကို ကားတစ်စီးနှင့် အိမ်ပြန်ပို့လိုက်ပြီး ကျန်ကားများဖြင့် ကျွန်တော် တို့ တိုက်သစ်လေးဆီသို့ သယ်လာခဲ့ကြသည်။
ကျွန်တော်တို့ အိမ်ဟောင်းတွင် ကား ခရစ်စမတ် အကြိုနေ့ညတွင် ခရစ်စမတ်သစ်ပင်လည်း မရှိ။ ကလေးများ အတွက် ကစားစရာလည်းမရှိ။ တစ်ယောက်နှင့်တစ်ယာက်အတွက် ပေးစရာ လက် ဆောင်များလည်း မရှိ။

ကျွန်တော် ကလပ်သို့ သွားသည်ကိုပင် သူ့အား ခေါ်မသွားခဲ့။ ကလပ်မှ အပြန်တွင်ကား သူ့ကိုဝင် ခေါ်ကာ ဟိုက်ပတ်ရပ်ကွက် တွင် နာမည်ကျော် ရှီကာဂိုသတင်းစာဆရာ "တိုနီ ဝစ်ဆယ်" တို့ ဇနီး မောင်နှံ၏ပါတီပွဲသို့ သွားကြ သည်။ လီလီယန်သည် "တိုနီ" ၏တိုက်ကိုကြည့်ပြီး အလွန် အံ့သြနေ ရှာသည်။
"ဒီထက်ပိုပြီး အသစ်ကျပ်ချွတ်ဖြစ်တဲ့ တိုက်ခန်းတစ်ခုကို လီလီယန်ကြည့်ချင်ရင် ကျွန်တော် လိုက် ပြဦးမယ်လေ" ဟု တိုနီ က ဆိုကာ တိုက်၏ကိုးထပ်မြောက်သို့ ခေါ်သွားသည်။
တိုက်ခန်း သို့ သူ ရောက်သွားသောအခါ သူ့မျက်နှာမှာ အထူးဝင်းပသွားသည်။ သူ့မျက်နှာ ဝင်းပပ လေးသည်ပင် ချစ်စရာကောင်းနေသည်။

"သိပ်လှတာပဲနော်၊ သိပ်ကောင်းတာပဲ။ ဒီအခန်းမှာ နေရတဲ့ လူတွေတော့ သိပ်ပျော်ကြမှာပဲနော်"
တိုက်ခန်းတစ်ခုလုံး ကို လှည့်ပတ်ကြည့်သည်။ သူ့မျက်နှာတစ်ပြင်လုံးမှာ ဝမ်းသာမှုဖြင့် လျှမ်းလျှမ်း တောက်နေ ရှာ သည်။ တစ်ခြားသူ တစ်ဦး အတွက် သူသည် အမှန်တကယ်ပင် ဝမ်းသာနေရှာသည်။
ထို့နောက် လွန်ခဲ့သောနှစ်ရက်က သူ ဝယ်ခဲ့သော ပစ္စည်းများကို တစ်နေရာတွင် သွားတွေ့လိုက် သည်။ သူသည် ကျွန်တော့် လက်မောင်း ကို အတင်းဆုပ်ကိုင်ကာ
"ဂရီဂိုရီ၊ မောင်၊ မောင်…"
ဟုပင် အော်နေချေသည်။

 သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ပါးစပ်ကလည်း အဟောင်းသားနှင့်။
ဧည့်ခန်းကြမ်းပြင် အလယ်ခေါင် ရှိ ခရစ်စမတ်သစ်ပင်တွင် ချိတ်ထားသော သမီးလေး "မီရှယ်လ်" ၏ ကစားစရာတစ်ခု ကို သွားမြင်လိုက်သည်။ သူငယ်သံပါအောင်ပင် အော်လိုက်သည်။ နောက် မေ့ မျော၍ပင် သွားတော့လေ သည်။
ဤသည်မှာ ၁၉၆၁ ခုနှစ်၊ ခရစ်စမတ်။
ကျွန်တော် ကြုံဖူးခဲ့သမျှ ခရစ်စမတ်များနှင့် လုံးဝခြားနားသည့် ခရစ်စမတ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>