Showing posts with label ပန်းသတင်း (ဇန်နဝါရီ). Show all posts
Showing posts with label ပန်းသတင်း (ဇန်နဝါရီ). Show all posts
Wednesday, January 20, 2010
ပန်းသတင်း (ဇန်နဝါရီ ၁၄)
ရွှေမန်းသင်္ကြံန်
သော်တာဆွေ
ကျွန်တော့အား ၁၉၅၁ခုနှစ် မန္တလေးမြို့ နိုင်ငံတော် သင်္ကြံန်တွင် နေ့ရောညပါ လည်ပတ်ရန် မော်တော်ကား တစ်စီးပေးပေသော ချစ်ဆွေ ကိုဘဆောင်ကို ကျေးဇူတင်လှစွာနှင့် သူတို့သင်္ကြံန် အကြောင်း ၀တ္ထုကောင်းကောင်း ရေးပါဟု မှာလိုက်ကြသော မန်းသူများသို့-)
မန်းသင်္ကြံန်သည် ချစ်စရာကောင်းလေသည်။
မန္တလေးမြို့သည် မြန်မာ့ထုံးစံအများဆုံး ကျန်ခဲ့သည့် မြို့ဖြစ်သည့်အားလျော်စွာ မြန်မာမှုဆိုလျှင် မြန်မာပြည်တွင် သူဘုရင်ဟု ဆိုရပေမည်။ မြန်မာ့အင်အား အရာမှာလည်း အခြားမြို့များနှင့် စာလျှင် သူအကောင်းဆုံးဟု ဆိုသင့်လေသည်။
အဓိပ္ပာယ်မှာ ယခုအခါ၌ မြန်မာပြည်တွင် ရန်ကုန်မြို့သည် အကြီးဆုံးဟု ဆိုရလင့်ကစား စီးပွားရေး မျက်စိနှင့်ကြည့်လျှင် မြန်မာအင်အား နည်းပါးလှလေသည်။ ရန်ကုန်မြို့၏ ဗဟိုရ်ချက်ချာနေရာ ကောင်းဟူသမျှ ကုလားတရုတ်တို့သာ စိုးစံကြသည်။ ကူးသန်းရောင်းဝယ်ရေး ဘက်ဆိုင်ရာတွင် လူမျိုးခြား တို့သာ လက်ဝါးကြီးအုပ်ကြသည်။ မြန်မာများကား မြို့စွန်ကလနား ကြည့်မြင်တိုင် စမ်းချောင်း ပုဇွန်တောင် ရေကျော်စသော ရပ်ကွက်လောက်သာနေရလျက် လက်လီကုန်သည် ကလေးနှင့် အစိုးရအလုပ်သများသာ ဖြစ်ကြချေသည်။
မန္တလေးမြို့ကား စီးပွားရေးပိုင်း၌ မြန်မာ့အင်အားကောင်းသည်။ အကွက်ကောင်း နေရာကောင်း၌ ခိုင်မြဲကြသည်။ လူမျိုးခြားတို့ မရှိဟု မဆိုလိုပါ။ သို့သော် မြန်မာ့အင်အားကို မလွှမ်းမိုးနိုင်။ မြန်မာ များရှေ့တန်းကနေ နေနိုင်ကြသည်။ ထို့ကြောင့် မြန်မာ့ထုံးစံအများကျန်၍ မြန်မာ့အင်အား ပပလွှား သော မန္တလေးမြို့သည် မြန်မာမှုသဘင် ဆင်ယင်ကျင်းပရာ၌ မြန်မာပြည်တွင် ဘုရင်ဟု ဆိုထိုက် လှပေသည်။
ယခုနှစ် နိုင်ငံတော် ရေသဘင် ခင်းကျင်းရာ၌ ကြီးကျယ်စည်းကားလှပါသည်။ ခမ်းနားသိုက်မြိုက်လှ ပေသည်။ လှပယဉ်ကျေးပါဘိသည်။ လှည့်လည်တီးမှုတ်သော မော်တော်ယာဉ်များနှင့် သီဆိုကခုန် သော ဧည့်ခံမဏ္ဍပ်တို့မှ တဖွဲ့တဖွဲ့လျှင် ငွေထောင်သောင်းအကုန်းခံ၍ အပြိုင်အဆိုင် စီမံဆင်ယင် ကြသည်။ ဤသင်္ကြန်ဝယ် စုစုပေါင်း ငွေခုနှစ်သိန်းကျော်ဟု ခန်းမှန်းကြသည်။
ဤနေရာဝယ် အချို့လူများက 'အပျော်အပါးဖြင့် အလဟဿငွေတွေ သုံးပစ်သည်'ဟု ဆိုကြသည်။ သို့သော် ဤငွေများသည် ဓာတ်ဆီဘိုးမှတပါး နိုင်ငံခြားသို့ မရောက်ဘဲ ငွေသုံးနိုင်သူတွေလက်ထဲ မှ အလုပ်သမား အခစားများထံ ရောက်သည်ကို စဉ်းစားပါသော် လက်ဝဲအမြင်ပင် ၀မ်းသာဘွယ် ရှိပါ ချေသည်။ အားလုံးလည်း ပျော်ကြပါးကြရသည်။
ရွှေမန်းသင်္ကြန်ကား ရေပက်ကြမ်းသည်။ သံချပ်ရမ်းသည်ကို မပြိုင်။ အလှယာဉ် အဆိုအကကို ပြိုင် ကြသည်။ ဧည့်ခံမဏ္ဍပ်များဆိုလျှင် ချောမောလှပသော မိန်းကလေးတွေ၊ လှည့်လည်သော မော်တော်ယဉ်တို့တွင် ယောက်ျားကလေးတွေက ယဉ်ကျေးသိမ်မွေ့စွာ။ သူတို့သည် နေ့အချိန်တွင် သာ သီဆို ကခုန်ရင်း တဘက်နှင့်တဘက် ရေကစားကြသည်။ ညအချိန်တွင် ရေမသုံးတော့။ အဆို  အတီး အက ဖြင့်သာ မြူးတူးပျော်ပါးကုန်သည်။ ရောင်စုံမီးတွေနှင့် ထိန်ထိန်လျှမ်း၍ နေသည်။
ယောက်ျကလေးတို့သည် မိန်းကလေးများရှိရာ ဧည့်ခံ မဏ္ဍပ်တွင်းသို့ နေ့ရောညပါ လည်ပတ် တီးမှုတ်ကြသည်။ မိန်းကလေးတို့သည် လာသမျှအဖွဲ့တိုင်းကို သီဆိုကပြကြသည်။ ယောက်ျား ကလေးတို့သည် ခမ်းနားစွာ ဆင်ယင်ထားသော မိမိတို့မော်တော်ယာဉ်ပေါ်မှ ဣနြေ္ဒရရ တီးမှုတ်ကြ သည်။ မိန်းကလေးတို့သည် လှပစွာ ချယ်လှယ်ထားသော မိမိတို့မဏ္ဍပ်ထဲမှ ရွှင်ရွှင်ပျပျ သီဆိုက ပြကြသည်။
လူပျိုကလေးတို့သည် မိမိတို့မော်တော်ယာဉ်ပေါ်မှ ဣနြေ္ဒရရ တီးမှုတ်ကြသည်။ အပျိုကလေး တို့သည် မိမိတို့မဏ္ဍပ်ထဲမှ ထွက်လာကြကာ လူပျိုကလေးတို့၏ မော်တော်ယာဉ်ကို လှည့်ပတ်၍ ကကြပြန်လေသည်။
သို့ဖြင့် မန်းသင်္ကြန်သ်ည ချစ်စရာကောင်းလေသည်။
သို့ရာတွင် ...
'ဟေ့ ... ပေါ်တူးရေ ...'
'ဆရာ ...'
ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်သည် 'အခါ' မတိုင်မီကပင် မန္တလေးမြို့သို့ ရောက်ခဲ့ကြ၍ သင်္ကြန်အကြပ်နေ့ နံနက်ပိုင်းတွင် ကျွန်တော်သည် ပက်လက်ကုလားထိုင်တခုပေါ် ခြေဆင်း လက်ဆန့်ထိုင်လျက် တနေ့နှင့်တည လည်ပတ်ခဲ့သည်ကို စမြုံပြန်ရောမှ ...
'ငါ့သဘောဖြင့်ကွာ ... လူပြည်မှာ မန္တလေးအမျိုးသမီးတွေဟာ အကဆုံးထင်တယ်ကွဲ့'
'ဟုတ်ကဲ့ဆရာ ...'
'ဘယ့်နှယ်ကွယ် ... ငါ့အမြင်ဖြင့် နေ့လဲ တနေ့ခင်းလုံးက ညလဲ မိုးလင်းအထိ၊ သူတို့နားတဲ့ စားတဲ့ အချိန်ဘဲ အတော်စဉ်းစားယူရတယ်ကွဲ့၊ လူ့ပြည်မှာ သူတို့က ကတို့ သက်သက်မွေးလာခဲ့တဲ့ အတိုင်းဘဲ'
'ဟုတ်ကဲ့ဆရာ'
'နို့ပြီး ... သင်္ကြန်မတိုင်မီ တလလောက်ကလဲ သီချင်းတိုက်ရင်းက, နေကြထိုဘဲကွဲ့'
'ဟုတ်ကဲ့ဆရာ...'
'အခုဆိုရင် ဒီနေ့အကြပ်နေ့နဲ့ နက်ဖန် အတက်နေ့ဘဲ သူတို့က,ဘို့ ကျန်တော့တယ်။ အဲ ... အခါ ကျော်သွားလို့ သူတို့ အက,ရပ်ရပြီဆိုရင်ဖြင့် ခလေးမတွေစိတ်ထဲ ဟာတာတာ လင်းတင်းတင်းနဲ့ မနေတတ် မထိုင်တတ်ဖြစ်မှာ တွေးပြီး သနားမိသေးတော့ကွယ် ...'
'ဆရာက ခလေးမတွေသာ သနားနေတာကို ... တချို့ ခလေးမကြီးတွေလဲ သနားစရာ ရှိသေး တယ် ဆရာရဲ့'
'မင်းဟာက ဘာပြောတာလဲကွ'
'တချို့လူကြီးပိုင်ကဆရာ .. မျက်နှာကြီး နာမည်ကြီးတွေ ကိုယ့်နာမည်နဲ့ ခေါင်းဆောင်တဲ့ အဖွဲ့မှာ သူများနဲ့ တန်းတူလိုက်နိုင်ဘို့ ငွေမပြည့်လို့  ပေါင်ရနှံ့ရတာတွေ ချေးရငှားရတာတွေ ကြွေးတင်ခံရ တာတွေ'
'ဟ ... မော်လမြိုင်အစား၊ ရန်ကုန်အကြွား၊ မန္တလေးစကားလို့သာ ကြားဘူးသာ၊ မန္တလေးသားတွေ ဒီလောက်ဖြစ်မယ်မထင်ပေါင်ကွယ်'
'ကျွန်တော်လဲ အစဦးတော့ ဒီလိုဘဲ ယူဆတာဘဲဆရာ၊ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့ နေ့ဘဲ ကြားရတယ်၊ ဒေါ်မွှေးအုံဆိုတဲ့ အဒေါ်ကြီးတယောက်က ဆရာ့ ဒေါ်ကြီးစိုးကို ပြောနေတာတွေ ဘယ်သူက ဘယ်သူ့ဆီမှာ ဘာပစ္စည်းကို ဘယ်လောက် အတိုးနှင့်ထားတာ နောက်ပြီး အဲ့ဒီလူက တခါအဲ ဟိုလူဆီမှာ အတိုးနည်းနည်းနဲ့ တဆင့်သွားထားလိုက်တာ ပစ္စည်းချင်း ဖလှယ်လိုက်တာ စုံလို့ဘဲဆရာ၊ ကျွန်တော် နာမည်တွေတောင်မှတ်မိသေးတယ်။ အခုတလောမှာ ဟောဒီသင်္ကြန် အတွက်နဲ့ အပေါင်အနှံ့ အချေးအငှားတွေဟာ မန္တလေးမှာ ရိုးရိုးတနှစ်ချိန်ထက် ပိုမိုလှုပ်ရှားမယ် ထင်ပါတယ်။ အစိုးရက နိုင်ငံတော်သင်္ကြန် သူတို့ မြို့မှာကျစေလို့ အမိန့်တော်ပြန်လိုက်တာနဲ့ သူတို့ လဲ ထူးကဲမွန်မြတ်တဲ့ ကောင်းချီးသြဘာကြီးရတာမို့ ၀မ်းသာအားရ ကြိုးစားကြပါပေတယ်။ အတော် ဆုံး လူကို အင်ပို့လိုင်စင် ချီးမြှင့်မယ်ဆိုရင် သည့်ထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားလိမ့်မယ် ထင် ပါတယ်'
'ဒါက ငါတို့နိုင်ငံတော် ၀န်ကြီးချုပ်ရဲ့ သဘောကိုးကွ၊ သူ အခုလာမယ့် ရွေးကောက်ပွဲမှာ မန္တလေး ကဘဲနေ အရွေးခံလိမ့်မလား မသိဘူး'
အလို ဘုရား ... ဘုရား ကျွန်တော် ဤမျှကလေး ပြောမိတာနဲ့ ပုဒ်(၅)များ လာလေပြီလား။
အကြောင်းမှာ ပုလိပ်တယောက်သည် ကျွန်တော်တို့ဆရာ တပည့်နှစ်ယောက် စကားပြောနေခိုက်၌ အိမ်ရှေ့မှ ၀င်လာပြီး ...
'ဒီအိမ်မှာ ရန်ကုန်က ဦးအေးဆွေဆိုတာ ရှိပါသလား ခင်ဗျာ'
ကျွန်တော်မှာ ခတ်ထိတ်ထိတ်နှင့်ပင် ...
'ရှိပါတယ် ... ကျွန်တော်ပါဘဲ၊ ဘာကိစ္စရှိပါလို့လဲခင်ဗျာ'
'ကျွန်တော်တို့ ၇၅မှတ် ဂါတ်ထဲကို တဆိတ်ကြွပါတဲ့ခင်ဗျာ'
အလို ... ဘုရား ... ဟုတ်နေပြီကော ရွှေမန်းပုလိပ်များ တမ်းတာတောင် ယဉ်ကျေးပါဘိ။
ကျွန်တော် မျက်လုံးပြူးကာ ...
'ဟေ့ ... ပေါ်အူး ... ဒေါ်ကြီးစိုး သွားခေါ်ပါအုံးကွာ' ဟု ဆိုပြီး ပုလိပ်ဘက်ပြန်လှည့်၍ 'ဘာမှုနဲလဲ ခင်ဗျာ၊ ဘုရားသိကြားမလို့ ပုဒ်မ(၅)တော့ မဟုတ်ပါစေနဲ့'
သို့သော် ကျွန်တော် အကြောက်လွန်မိသည်ကို တခဏအတွင်း ရှက်မိပါသည်။ အကြောင်းမှာ ပုလိပ် သူငယ်သည် ကျွန်တော့စကားအဆုံး၌ ပြုံး၍ ...
'ဆရာ့ ကိုဖမ်းဘို့ မဟုတ်ပါဘူး ခင်ဗျာ၊ ရန်ကုန်က ဆရာ့မိတ်ဆွေတယောက်က တွေ့ချင်တယ်ဆိုလို့ လာခေါ် တာပါ'
ဤတွင် ကျွန်တော်အကြောက်ပြေသွားကာ ...
'အိုး ... ရန်ကုန်က မိတ်ဆွေတယောက်က ကျုပ်တွေ့ချင်တာ ဂါတ်ထဲကနေချိန်းရသတဲ့လား၊ နိမိတ်မရှီ နမာမရှိ ဂါတ်တဲကိုတော့ မလိုက်ချင်ပေါင်ဗျာ။ သူ့ကို ပြောလိုက်ပါ၊ ကျုပ်တွေ့ချင်ရင်ဖြင့် ရုံတော်ကြီးက လျှမ်းစိန်ဟော်တယ်မှာ ဖြစ်ဖြစ် တခြားဟော်တယ်တခုခုမှာ ဖြစ်ဖြစ် ချိန်းတာ ပိုကောင်းမယ်လို့'
'ကောင်းမှာကတော့ သေချာပါတယ်ခင်ဗျာ၊ သို့သော်လဲ သူ ကျွန်တော်တို့ဂါတ်တဲက ထွက်ခွင့်ရမယ် မဟုတ် ပေဘူး'
'ဟေ ... ဘာဖြစ်လို့တဲ့လဲ'
'အာမခံမရှိလို့ပါခင်ဗျာ'
'ဟင် ... သူ့ကို ဖမ်းထားတာမို့လား'
'ဟုတ်ကဲ့ မနေ့ညကပါဘဲ'
'ဘာမှုနဲ့လဲ'
'ဘာမှုနဲ့လဲဆိုတာ ဆရာ့ကို မပြောခဲ့နဲ့အုံးလို့ မှာလိုက်ပါတယ်။ သူအတော်ရှက်ဟန်တူပါရဲ့'
'အို ... ခက်ချည်ကရို ... ဒီလောက်တောင်ရှက်ရအောင် ဧကန္တသခင်နုစွပ်ကြယ်ထုပ်ပျောက်မှုနဲ့ တူပါရဲ့။ သူ့နာမည်က ဘယ်သူတဲ့လဲ'
'ဦးသန်းဆွေတဲ့ ခင်ဗျာ့'
'ဟေ့' ကျွန်တော် မျက်ခုံးတွန့်လိုက်ကာ ...
'ရန်ကုန်က ကျုပ်မိတ်ဆွေထဲ သန်းဆွေဆိုတဲ့ နာမည်လဲ မရှိပါလား'
'ဆရာကသာမရှိရမယ်၊ သူအပြောကတော့ ဆရာနဲ့ သူနဲ့ အင်မတန် ရင်းနှီးကြသတဲ့။ သူ့အတွက် ဆိုရင် ဆရာက အစွမ်းကုန် ဆောင်ရွက်ပေးလိမ့်မတဲ့။ အခု ကျွန်တော့တောင် သူ့ကိစ္စကို လာပြော ပေးတဲ့အတွက် ဆရာက ကျွန်တော့ကို အနည်းဆုံး ငွေ ၅ကျပ်တော့ ပေးမှာဘဲတဲ့၊ ဒါကြောင့် ကျွန်တော်ကလဲ လာခဲ့တာပါ၊ နို့ပြီး သူက ပြောလိုက်ပြန်သေးတယ်၊ ဆရာက တစုံတယောက်ကို ကူညီရမယ်ဆိုရင် အင်မတန် စေတနာ ကောင်းတာဘဲတဲ့၊ ဒါကြောင့် တချို့က ဆရာ့ကို ဘုရား လောင်းလို့ ခေါ်ကြသတဲ့'
'အို ... ခက်ချည့်ကရို ...' ကျွန်တော် မျက်ခုံးတွန့်၍ ညည်းလိုက်မိပါသည်။ သို့သော် ထိုပုလိပ်ကို ကား ငါးကျပ်တန် တရွက် ပေးလိုက်မိလေပြီ။ ပြီးမှ ပေါ်အူးဘက်လှည့်ကာ ...
'ဟေ့ ... ပေါ်အူး ရန်ကုန်မှာ ငါ့မိတ်ဆွေထဲက သန်ဆွေဆိုတာများ ရှိသလားကွာ ...'
'ရှိ မရှိတော့ ကျွန်တော်မသိဘူးဆရာ၊ ဟော့ ဒီအထဲမှာတော့' ပေါ်အူးသည် မန္တလေးသတင်းစာ တခုကို ကိုင်ကာ 'ရန်ကုန်ကလာတဲ့ ဧည့်သည်တော်တွေထဲမှာ စာရေးဆရာသန်းဆွေ ဆိုတာတော့ ပါတယ်ခင်ဗျာ'
'အို ... ဒီစာရေးဆရာ သန်းဆွေနဲ့ငါနဲ့လဲ မသိပါဘူး'
'မသိပေမယ့်ဆရာ' ပုလိပ်သူငယ်က ငါးကျပ်တန်ကို သူ့အိတ်ထဲထည့်ရင်း 'တမြို့တနယ်မှာ အရေး ကြုံတော့ ဆရာ့လို ဂုဏ်သတင်းမွှေးတဲ့ ပုဂ္ဂိုလ်ကို တမြို့သားချင်းရယ်လို့ အားကိုးရှာတာ ဖြစ်ပါ လိမ့်မယ်ခင်ဗျာ'
ကျွန်တော် မကြာမီ ပုလိပ်သူငယ်နှင့်အတူ သူတို့ဂတ်ထဲဘို့ ရောက်သွားတော့သည်။
'ဟေ့ ... တင်မောင်ကို'
ကျွန်တော်သည် အချုပ်ခန်း သံတိုင်နားကပ်ကာ အံ့သြစွာ ခေါ်လိုက်မိတော့သည်။ ငနဲကောင်သည် သူ့နှုတ်ခမ်း ကို လက်ညှိုးတေ့လိုက်ကာ။
'ရှူး ... တိုးတိုးကွ၊ ငါနာမည် ပြောင်းထားတယ်လေ'
'သန်းဆွေဆိုတာ မင်းလား'
'အေး'
ဤသတ္တ၀ါကို မိတ်ဆွေသိပြီး ဖြစ်လိမ့်မည် ထင်ပါသည်။ လွန်ခဲ့သည့် တောင်ပြုံးပွဲရက်တုန်း ကလည်း သူနှင့် ကျွန်တော် မန္တလေးတွင်တွေ့ကြတာ တောင်ပြုံးပွဲတွင် နှစ်ယောက်သား အရက်မူး ၍ လဲကျရာ၌ သူကဆေးရုံရောက်၍ ကျွန်တော်က ရာဇ၀တ်အုပ် ကိုအေးမြင့်၏ကျေးဇူးဖြင့် ဒေါ်ကြီးစိုးအိမ်သို့ ပြန်ရောက်ခဲ့ပါသည်။ ထိုစဉ်၌ တင်မောင်ကိုမှာ 'မောင်ဝင်းစိန်'ဟူသော နာမည် ဖြင့် ကျွန်တော့ဦး 'တိုးတိ' ကို ပရိုက်ဗိတ်ကျူရှင်ပေးရင် ဦးသံဒုတ်သမီး ခင်ဖဲဒုတ်ကို ဂေါ်နေ၍ ယခု ကား သန်းဆွေနာမည်ဖြင့် အချုပ်ခန်း ထဲ ရောက်နေသည်။
ကျွန်တော်မှာ အံ့သြစွာနှင့်ပင်
'ဟေ့ကောင် မင်းဘယ်က ဘယ်လို ဒီအချုပ်ခန်းထဲရောက်နေတာလဲ'
'အစက စပြောရမှာလား'
'ဒါမှ ရှင်းတော့မှာပေါ့ကွ'
'ဒါဖြင့် နားထောင် ငါဟာ အရင်တချီ မန်းမဒီတွေကိုဂေါ်တဲ့ပွဲမှာ မင်းသိတဲ့အတိုးဘဲ အရေးနိမ့်ခဲ့ တယ်။ စိတ်မကြေနပ်လို့ အခုသင်္ကြန်ပွဲမှာ တလီကြဲလိုက်အုံးမယ်ဆိုပြီး အခါမတိုင်မီကဘဲ လာခဲ့တယ် ရောက် ရောက် ချင်းဘဲ ငါတည်းတဲ့ အိမ်နားက မြာအချောလေး တွေ့ရတယ်။ တော်တော်လှ တယ် မင်း။ မင်းမြင် ရင်တော့ အံ့သြမှာဘဲ'
'ဟေ့ ... ဟေ့ ငါ့အံ့သြခိုင်းမနေနဲ့ကွ အချိန်မရှိဘူး။ အချုပ်ခန်း တော်ကြာ ပုလိပ်က ကြာကြာ ခွင့်မပြု နိုင်ဘူး ဆိုအုံးမယ်။ လိုရင်း အတိုချုပ်ပြောစမ်းကွာ'
ဒီကောင်မှာ သူကြိုက်တဲ့ ခလေးမတွေအကြောင်း ဂုဏ်ပြုလိုလျှင် 'မင်းအံ့သြမှာထဲ' တွေနှင့် စကားရှည်လေ့ ရှိပါသည်။
သူသည် ကျွနတော်တားမြစ်ချက်ကို သဘောပါက်ကာ ...
'အေး ... မင်းခိုင်သလိုဘဲ ပြောပါ့မယ်ကွာ၊ ချစ်မိတယ်ဆိုဘဲ မကြာဘူး နောက်တနေ့မှာ ငါစာပေး မယ်၊ စာပေးတယ်ဆိုဘဲ သူဘလဲမကြာဘူးငါ့ကိုခေါ်တယ်။ 'ခင်ဗျားကျွန်တော့ကို တကယ် ချစ်သလား'တဲ့'
'ဘယ့်နှယ် ဘယ့်နှယ် မင့်ဟာက ယောက်ျားကလေးလားမှမဟုတ် မိန်းမရှာလား'
'မဟုတ်ဘူးကွသူတို့ ရွှေမန်းသူတွေက ဒီလိုဘဲခင်ဗျားပြောတတ်တယ်။ ဒါနဲ့ငါက 'အမယ်လေးမေးမှ မေးရက်ပလေ၊ ချစ်လိုက်တာမှမယုံရင် မဟာမြတ်မုနိဘုရားကြီး ရွက်ပြပါ့မယ်' သူက ' ရွက်ပြမနေပါနဲ့ဗျာ။ ခင်ဗျာ့ကို ရွှေသူခိုးဆိုပြီး ၀ိုင်းရိုက်နေပါအုံးမယ်။ ခင်ဗျား ကျွန်တော့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် လိုရင်းဘဲမေးမယ်။ ရွှေခြေကျဉ်း ဆင်နိုင်ပါ့မလား' တဲ့ ဒီတော့ငါက ရွှေမန်း သူတွေ ရွှေခြေကျဉ်းမက်မှန်းလဲ သိနေတာကိုကွ ငါရမယ့် အမွေမှန်းပြီးတော့ ' အို ..... စိတ်ချ ရွှေခြေကျဉ်းများတော့ တရံမဟုတ်ဘူး ဒူးဆစ် ထိအောင် ဆယ်ရံ ဆယ့်ငါးရံ ဆင်မယ်' အဲသည်လို လဲ ပြောလိုက်ကရောဟေ့ သူချက်ခြင်း ထက,တာပါဘဲကွာ ၀မ်းသာရှာလွန်းလို့ အမယ် .......... အက, လဲ မခေဘူးဆရာ သူတို့ သင်းကြန်မှာကတို့ယိမ်းတိုက် နေတုန်းဆိုကိုးကွ၊ မင်းမြင်ရရင် အံ့သြမှာဘဲ'
ကျွန်တော်ကဖြတ်၍
'ဟေ့ ....... ငါ့မအံ့သြခိုင်းနဲ့ဆို ရွှေမန်းသူတွေ အကကောင်းမှန်းငါသိပြီးသားကွ၊ ငါကတနေ့နဲ့ တည ရှောက်ကြည့်ပြီးနေပြီ မင်းလိုရင်းသာ ပြောစမ်းကွာ'
'လိုရင်းဆို သူက, လဲပြီးရောတကတဲ' ကဲ အခု ၀ယ်ပေးတော့ ' တဲ့။ ဒီလိုဆိုမှတော့ ငါ့မှာဂွကျတာ ပေါ့ကွ၊ ငါက ရန်ကုန်ကလာခဲ့တာက ငွေများများပါတာမှတ်လို့ ငွေလေး ၃၀၀ ထဲ ဦးကြီးအိတ်က ဘုံးလာခဲ့ ရတာဒါနဲ့  ငါကမလိုလဲလိုလဲ မေးပါသေးတယ်။ 'ရွှေခြေကျဉ်းတရံဘယ်လောက်ပေးရမလဲ' သူက' အခုနေမန္တလေးမှာသင်းကြန်တွင်း ရွှေခြေကျဉ်း ဈေးတွေတက်လို့ ခေါင်းပိတ်ကြိုးလိမ်ဆိုရင် ထောင့်ရှစ်ရာ၊ ခေါင်းပွဆိုရင် တထောင်လောက်ကျမယ် ခင်ဗျားကကျွန်တော့ကို ဆယ့်ငါးရံဝယ် ပေးမယ်ပြောသော်လဲ အခု လက်ငင်းတော့ ဒီနှစ်ရံဘဲ တော်ပါပြီ။ အခုအထိမန္တလေးမှာ ရွှေခြေကျဉ်း နှစ်ဆင့် ၀တ်ကြတာ မရှိသေးဘူး ကျွန်တော်ကစပြီး ဒါဘယ်လ် ဖက်ရှင်ထွင်လိုက်ရရင် အိုကေမှာဘဲ၊ သွားပါဗျာ မြန်မြန်ဝယ်ချေပါ။ခင်ဗျား ပြန်လာတော့ ကျွန်တော့ပါးနမ်း' တဲ့ ' ခင်ဗျားဝယ်ဘို့ဆိုင်မသိ ရင် ကျွန်တော် ညွှန်လိုက်အုံးမယ် နံပါတ် (၉၁) အီးရုံ ဈေးချို ကိုမြမောင်ဆိုင်ကိုသွား ဈေးလဲမများဘူး မှားလဲမမှားဘူး' ဆိုပြီး အတင်းတွန်းလွှတ်တော့တာပါဘဲကွာ။ ဒီနေရာမှာ ငါအသက်ရှူ ကြပ်လိုက်ပုံတော့ မင်းမြင်ရရင် သနား မှာဘဲကွာ'
ကျွန်တော်ကဖြတ်၍
'အင်း....... သနားလဲ သနားစရာရုပ်ပါဘဲကွာ မင်းအကျိုးအကြောင်းပြောမပြဘူးလား'
' ပြတယ် ဒါပေမယ့် သူကအခုလက်ငင်းသင်းကြန်မတိုင်မီကလေးမှာ တရံတော့ရမှဖြစ်မတဲ့ နို့မဟုတ်ရင် ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူတို့ 'ချဲ့ထွင်ထွင်' အဖွဲ့မှာ အ၀တ်အစားဘိုးဝင်ကြေး ၁၀၀ စီပေးထားရပြီးမှ အခု ရွှေခြေကျဉ်း မပါရင် မလိုက်ရဘူးဆိုလို့ခက်နေသတဲ့'
ကျွန်တော်ကြားဘူးနားဝရှိ၍
'အို ........... ဒါတော့ မင်းနောက်တော့ ၀ယ်ပေးနိုင်မှာလဲ သေချာသားဘဲကွယ်၊ အခု ခဏတဖြုတ် ၃-၄ ရက်မှာ ငှားပေးမယ်ရပြောပါလားကွာ၊ ခြေကျဉ်းတရံ တနေ့ငါးကျပ်တဲ့ တချို့ဒီလိုဘဲ ငှားဝတ်ကြ တာတွေကို'
' အဲ့ဒါငါကပြောပါသေးတယ်ကွာ၊ ဒါပေမယ့် သူက ' အငှားဝတ်တဲ့ခြေကျဉ်းမှန်းသင်းကြန်ကျော်ရင် ပြန်ပေးပြန်ပေး' လို့ ပါးစပ် ကမြင်းတဲ့ကောင်တွေ သံညှပ်ထိုးမှာ ရှက်သတဲ့ကွ'
'ဒါဖြင့်ကွာ ရွှေရေစိမ်အတုဘဲ ၀ယ်ပေးလိုက်ပေါ့။ ခဏတဖြုတ်ဟာ ဘယ်သူသိတာမှတ်လို့ '
' အဲ့ဒါလဲ မိမဆုံးမ၊ ဘမဆုံးမသားတွေပါးစပ်က ' ခြေကျဉ်းကြီးနဲ့ အပျိုစင် - ဦးဘိုးခြမ်း- ဦးဘိုးခြမ်း' လို့ သံညှပ် ထိုးတော့သူ့စိတ်ထဲက တွေးပြီး မျက်နှာပျက်လို့ လူသိကုန်မှာတဲ့ကွ'
'ဟာဒါဖြင့် မင်းဟာနည်းလမ်းကို မရှိတော့ဘူး'
ကျွန်တော်က စိတ်လျော့စွာ ပြောလိုက်သည်။ သို့သော်သူက
' ငါကတော့ မလျှော့ဘူးမောင် သူ့မရလဲ မနေနိုင်အောင်ဖြစ်နေတာကိုးကွ၊ အချစ်မှာမျက်စိမရှိဘူးဆိုပါတဲ့ စကား လဲရှိနေတာ ငါရုတ်တရက်စိတ်ကူးရတာနဲ့ ' စိတ်ချ ဒီတစ်ရက် နှစ်ရက်အတွင်း ရွှေခြေကျဉ်း တရံ လက်ဝယ် နှံပါမယ်လို့ ၀န်ခဲကတိပေးခဲ့တယ်'
'မင်းက ဘယ်လိုများ အကြံရလို့တုန်း'
'ငါရတာ ဒီလိုကွ၊ ငါတည်းတဲ့ အိမ်မှ ကျောချင်းကပ်လမ်းမှာ ဆေးလိပ်ကြောငြာတဲ့ ' စိမ်းပြာညိုညက်' အဖွဲ့ရှိတယ်၊ အဲ့ဒီအဖွဲ့မှာ အဒေါ်ကြီးသမီး မြင့်မြင့်ကြီးရဲ့ ရွှေခြေကျဉ်း ငါ့မျက်စိ ထဲ မြင်ယောင် နေတာကိုးကွ၊ နာမည်ကြီး ဆေးလိပ်ခုံပိုင်ရှင် သူဋ္ဌေးသမီးဆိုတော့ ရွှေခြေကျဉ်းကြီးက ၀င်းလို့မှည့်လို့ ဒါပေမယ့် သူ့ခြေသလုံးကြီးက ညိုလို ပြာလို၊ သူတို့အဖွဲ့ နာမည် ပေးတာတောင် သူ့အမေက သူ့သမီး ခြေသလုံးကြည့်ပေးတာ ထင်ပါရဲ့ကွာ၊ ဒါနဲ့ ငါက ဒီရွှေခြေကျဉ်းကြီးတော့ ဒီခြေသလုံးကြီးကချွတ်ပြီး ငါ့ကောင်မလေး ပေးမယ်လို့ သန္နိဌာန်ချလိုက်တယ်'
ကျွန်တော်ကဖြတ်၍
'အောင်မာ မင်းက ဘယ်လိုများ ချွတ်မှာတုန်း'
'မင်းနားထောင်လေကွာ ဒေါင်း အမောက်နဲ့ လူမှာဦးဏှောက်နဲ့။ ငါတည်းတဲ့ အိမ်နောက်ဖေးက သူတို့ အိမ်အရိပ် အခြေလှမ်းကြည့်နေပြီး၊ နေ၀င်ရီသရောအချိန် သူအိမ်သာအတက်မှာ ငါနောက်ပေါက်ကနေပြီး ခြေကျဉ်းနှစ်ခုဆွဲပြေးတာပါဘဲကွာ'
ကျွန်တော်မှာ သူ့စကား ဆက်နားမထောင်နိုင်တော့ဘဲ ခွက်ထိုးခွက်လန်ရီမိပါတော့သည်။ မျက်ရည်များပင် ထွက်သည်ဟုထင်မိပါသည်။ ဤတွင် သူက ကျွန်တော့ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်ကာ
'ဟေ........ အေးဆွေ ........ မင်းဒါက ငါ့အတွက် ၀မ်းသာစရာလးကွ........'
ကျွန်တော်အရီရပ်၍ အံ့အားသင့်ကာ ........
'ဟေ့ မင်းအင်မတန်လိုချင်နေတဲ့ ခြေကျဉ်းကြီး မင်းရလာတာ ငါဝမ်းသာစရာမဟုတ်လားကွာ'
'ဘယ်က ငါရရမှာလဲကွ ၊ ငနဲမကြီးက ၀က်အော်သလိုအော်လို့ ပုလိပ်ကလိုက်တော့မိသွားတယ်၊ ဒါနဲ့ ငါအခု အချုပ်ခန်း ထဲရောက်နေတာပေါ့ကွ'
ဤတွင်မှ ကျွန်တော်မှာ ယခု ကျွန်တော်တို့ရောက်နေသော နေရာသည် အချုပ်ခန်း။ တင်မောင်ကို ပြောနေသောစကားသည် သူအဖမ်းခံရပုံအကြောင်းများဖြစ်သည်ကို ပြန်လည်သတိရလျက် သူ့အတွက် စိတ်မကောင်းဖြစ်သွားကာ
' အေး........ဒါနဲ့ မင်းက ဂါတ်ထဲရောက်တော့ ရှက်လို့ မင်းနာမည်အမှန်မပြောဘဲ သန်းဆွေလို့ လိမ် ပြောတာပေါ့'
သူသည် ခေါင်းငိုက်စို်က်နှင့်
'အေးကွ ........'
'ငါဖြင့်ကွာ ပုလိပ်ကလာပြီး ရန်ကုန်က သန်းဆွေလို့ပြောတော့ သတင်းစာထဲကြည့်ပြီး စာရေးဆရာ သန်းဆွေ အောက်မေ့သွားတယ်'
'အေးကွ၊ ငါသည်နာမည်ပြောမိတာလဲ သူ့အကြောင်းနဲ့ တိုက်ဆိုင်လို့ဘဲ'
'ဘယ်လိုလဲကွ'
'ငါ .......အိမ်သာနောက်ကပ်ချောင်းနေတုန်းမှာဘဲ အထဲကငနဲမကြီးက ' အော် .....ကိုသန်းဆွေ ... ကိုသန်းဆွေ အလွမ်းဝတ္ထုမှာဖြင့် မြင့်အသဲခိုက်အောင် ရေးတတ်ပါပေရဲ့' ဆိုပြီး စက်.......... စက်နဲ့'
'ဟ....... ဘာတွေလဲဟ'
'မျက်ရည်တွေကျလာတာကွ၊ အဲဒီလို သူ့မျက်လုံး မျက်ရည်တွေဖုံးနေတုန်းမှာ ငါက ခြေကျဉ်းအတင်းဆွဲပြေးတာ'တောက်'မအေပေး ပုလိပ်ကြောင့်ပေါ့ကွာ၊ ဒါနဲ့ ဂါတ်ထဲ ရောက်လို့ နာမည် မေးတော့ ပါးစပ်ထဲ လွယ်လွယ်တွေ့ရာ သန်းဆွေလို့ ပြောလိုက်တာကွ၊ ဟော.........ဟော .......... အခုလာ နေတဲ့ ငနဲပေါ့ကွ၊ ငါ့နာမည်မေးတာ' ဟုဆိုသဖြင့် သူပြရာ ကျွန်တော်အလှည့်ကြည့်လိုက်ရာ ကျွန်တော့အား ယခင် တောင်ပြုံးပွဲတော်တုန်းက အိမ်ပြန်ပို့သော ရာဇ၀င်အုပ် ကိုအေးမြင့်ကို မြင်ရပါသည်။
ကိုအေးမြင့်သည် ကျွန်တော့ကို မှတ်မိသည်ဖြစ်၍
' သြ ........ ဦးအေးဆွေ ကြွလာပြီလး၊ ခင်ဗျာ့မိတ်ဆွေက အရင်တောင်ပြုံးတော်တုန်းက ၀င်းစိန် ဆိုတဲ့နာမည်နဲ့ ဆေးရုံတက်တယ်၊ အခုတော့ သန်းဆွေဆိုတဲ့နာမည်နဲ့ ဂါတ်ထဲရောက်လာ တယ်'
ကျွန်တော်မှာ ကိုအေးမြင့်၏ ဖော်ရွေခြင်းကို ပြုံးရပါသည်။
တင်မောင်ကို မူ ခွေးနှင့် မျောက်ကဲ့သို့ မျက်စောင်းခဲနေပါသည်။
ကိုအေးမြင့်က ဆက်လက်၍
'ဦးအေးဆွေက အခု အာမခံရအောင် လာတာမဟုတ်လား'
'အာမခံရုံတင်မဟုတ်ဘူး၊ ကျွန်တော့သူငယ်ချင်း လွတ်သည်အထိ ဆောင်ရွက်ရပါမယ်'
ကိုအေးမြင့်သည် ခေါင်းကုတ်ကာ
'လွတ်အောင်ဆိုတော့ မလွယ်ဘူးဦးအေးဆွေ ... ကျွန်တော်တို့ဂါတ်ကိုတော့ ပိတ်လို့ဆို့လို့ရပြီ ထားပါတော့ ဟိုတဘက်ကိုဖြင့် ကျေနပ်အောင်ပြောလို့ရမယ် မထင်ပေဘူး၊ မန္တလေးမြို့မှာ တကဲ့ နာမည်ကြီးထိပ်သီးဘဲ၊ အခု သူ့သမီး ခြေကျဉ်းဝတ် အရေပြားပွန်းသွားတာကိုဘဲ ရာဇ၀တ်ကောင် ကြိုးပေးပစ်မှ ကျေနပ်မလောက် ဖြစ်နေတယ်'
တင်မောင်ကိုမှာ ကြက်သီးမွေးညှင်းထသွားသည်ဟု ကျွန်တော် ထင်လိုက်ပါသည်။ သို့သော် သူ့မျက်နှာ သည် သံတိုင်ကြားမှ ရုတ်တရက် ရွှင်လန်းသွားကာ အပြင်ဘက်လှမ်းကြည့်၍
'ဟေ့ ဟေ့ အေးဆွေ၊ ပေါ်အူးလဲ့ လိုက်လာတာဘဲကွ၊ ဟိုမှာ လာနေတယ်'
ကျွန်တော် သူပြရာလှည့်ကြည့်လိုက်ရာ ပေါ်အူးက
'ဆရာ ... ဒေါ်ကြီးစိုးက ဆရာဘယ်ထွက်သွားလဲ ကြာလိုက်တာ သွားခေါ်ချေဆိုလို့လာခဲ့ရတယ် ဆရာ'
'အေး ...ေ အး ... လာပါအုံးကွာ၊ ဟောဒီမှာ သန်းဆွေဆိုတာကွ၊ ငါ့သူငယ်ချင်းဒုက္ခရောက်နေပြီ ကွာ၊ မင်းကြံစမ်းပါ အုံး'
တင်မောင်ကိုမူ ပေါ်အူး၏လက်ကို သံတိုင်ကြားမှ လှမ်းကိုင်ကာ ...
'ကယ်စမ်းပါအုံးပေါ်အူးရာ ... ငါဂေါ်စိတ်မွှန်ပြီး မိုက်ရူးရဲ လုပ်မိတယ်ဆိုတာ ကိုဝန်ခံပါတယ်၊ မင်းမကယ်ရင်ဖြင့် ငါ့နာမည်နဲ့ ငါတို့ဆွေမျိုးဂုဏ် ထိခိုက်တော့မှာဘဲ'
ကျွန်တော့သူငယ်ချင်းဟူသမျှ ပေါ်အူးအကြောင်း သိကြသည်နှင့်အညီ အရေးအခင်း အကျဉ်း အကြပ်ရှိသမျှ ပေါ်အူးကို အားကိုးကြကုန်သည်။
'ဒီအကြောင်းများ ငါဦးကြီးသိသွားရင် ဘယ်လောက်စိတ်ဆိုးလိမ့်မလဲဆိုတာ မင်းစဉ်းစားကြည့် တော့ကွာ 'တင်မောင်ကိုက ဆက်ပြောသည်။
စင်စစ် တင်မောင်ကိုမှာ သူ့ဝါသနာအလျောက် မိန်းကလေးတွေနှင့် ပတ်သက်လာလျှင် ဤကဲ့သို့ တေ၍ ပေ၍ နေသော်လည်း အောက်တန်းစား ဂျပိုး ထဲကမဟုတ်။ ရန်ကုန်တွင် နာမည်ကြီး လူချမ်းသာမျိုးထဲက ဖြစ်ပါသည်။ ယခု သူ့မှာ မိဘမရှိ။ သူ၏ ရစရာအမွေအနှစ်များကို သူဦးကြီး တစ်ယောက်က ထိန်းသိမ်း ထားသည်။ သူ့ဦးကြီးသည် သူ့ကိုသားရင်းပမာချစ်၍ ကျောင်းနေရန်၎င်း၊ သို့မဟုတ် သူတို့ ကုန်တိုက်ကြီး တွင် အလုပ်ဝင်ရန်၎င်း ပြောသည်။ သို့သော် တင်မောင်ကိုက နားမထောင်ချေ။ ရသမျှငွေကို သုံးပြီး ဤသို့လျှင် မြို့တကာ ရှောက်၍ နောက်ပိုးနေခြင်းဖြင့် အချိန် ဖြုန်း၏ ကျွန်တော် နှင့် မူကား ငယ်စဉ်ကပင် ကျောင်းနေ ဘက် သူငယ်ချင်းမို့ ခင်မင်ခဲ့ကြသည်။
ကျွန်တော်သည် ဤအကြောင်ကို ကိုအေးမြင့်အား တီးတိုးပြော၍ တင်မောင်ကိုကို အာမခံနှင့် နှုတ် ပြီးနောက် သူ့အမှုပြီးရာပြီးကြောင်းကို ပေါ်အူးနှင့်တကွ မျက်နှာစုံညီ အခွင့်နည်းလမ်းရှာကြံသည်။
ကိုအေးမြင့် 'အဲဒါ့ဘဲဗျာ၊ ရုံးလဲအမှုမတင်ရသေးတော့ ကျွန်တော်တို့ ဂါတ်ထဲကပြီးမယ်ဆို ပြီးနိုင် ပါတယ်။ အဲဟိုတဘက်က ကျေနပ်ဖို့ဘဲ လိုတယ်။
ပေါ်အူး 'ဒီခြေကျဉ်းပိုင်ရှင်မိန်းကလေးရဲ့မိခင်က 'စိမ်းပြာညိုညက်' အဖွဲ့ခေါင်းဆောင်တဲ့ ဒေါ်စိန်ညိုနော်'
'ဟုတ်ပါတယ် မန္တလေးမှာ နာမည်ကြီး လူချမ်းသာတယောက်ပေါ့။
'အခု လက်ပူးလက်ကြပ်မိတဲ့ ရွှေခြေကျဉ်းက ရာဇ၀တ်အုပ် မင်းတို့ လက်ထဲမှာ ရှိမယ်နော်'
'ရှိပါတယ်'
'ကဲ ... ဒါဖြင့် ကျွန်တော် တတ်နိုင်သလောက် အခွင့်နည်းလမ်းရအောင် ရှာမယ်လေ၊ ရာဇ၀တ် အုပ်မင်းကလဲ ကျွန်တော်လိုတဲ့ အကူအညီပေးလိမ့်မယ်လို့ မြှော်လင့်ပါတယ်။
'တတ်နိုင်သလောက် ပေးပါ့မယ်လေ၊ ကျွန်တော်တို့ ပုလိပ်ဘက်က ဒါလောက်အမှုကလေးနဲ့လဲ ဂုဏ်မယူချင်ပါဘူး၊ နှစ်ဘက်ကြေအေးလို့ ပြီးသွားကြရင် ကျေနပ်တာဘဲ'
'ကောင်းပါလေဗျာ'
ဤအချိန်၌ ပေါ်အူး၏ မျက်နှာအမူအရာမှာ ကျွန်တော်ကပင် ကိုယ့်လက်အောက်လူအဖြစ်နှင့် မကြည့်ရဲ လောက်အောင် ထက်မြက်ကြီးမြင့်သော အသွင်ကို ဆောင်နေပါသည်။
'ကဲဟေ့ အေးဆွေ၊ မင်းင့ါကို အချုပ်ခန်းထဲက ထုတ်လာတာကတော့ ဟုတ်ပြီ၊ အခု ငါနေတို့ထိုင်ဘို့ မန္တလေးမှာ စီမံပေးအုံးကွ၊ ငါ့ပဌမတည်းအိမ်တော့ မပြန်ဝံ့ဘူး၊ ဒီအကြောင်း သူတို့သိသွာပြီ ထင်အောင် ငါရှက်တယ်'
ကျွန်တော်သည် ပေါ်အူးအား ယခု ကျွန်တော့မှာ မိတ်ဆွေတစ်ယောက်နှင့်တွေ့၍ နံနက်စာ အတူ စားရမည်ဖြစ်ကြောင်း ဒေါ်ကြီးစိုးကို ပြောရန်မှာ ကြားလွှတ်လိုက်ပြီး (တင်မောင်ကိုနာမည် ကိုတော့ မပြောရဲပါ၊ သူ့ကိုဆိုလျှင် ကျွန်တော့ဒေါ်ကြီးက ယောင်က ၀င်းစိန် ဘီအေဘီအယ်လ် လက်မှတ်ငှားနှင့် လိမ်လည်မှုကြောင့် နားထင်နှစ်ဘက်ကို လက်နှစ်ဘက်နှင့် ထိုးဖောက်သတ်ချင် လောက်အောင် မုန်းနေပါသည်။) ကျွန်တော်တို့နှစ်ယောက် လျှမ်းစိန်ဟော်တယ်တွင် ထမင်းစားနေ စဉ်၌ တင်မောင်ကိုက သူ့အတွက် ကျွန်တော့ကို အပူကပ်လိုက်ပြန်ခြင်း ဖြစ်ပါသည်။
ကျွန်တော်မှာ ခွန့်လုဆဲထမင်းလုပ်ကိုပင် ရပ်လိုက်ကာ
'အေး ... အဲ့ဒါက တမျိုးခက်တာဘဲကွာ ... နို့ မင့်သည့်ပြင်  ရပ်ကွက်မှာကော တည်းစရာအိမ် မရှိဘူးလား'
'မရှိဘူးကွ'
'အော ... ငါတခုအကြံရတယ်ဟေ့' ကျွန်တော်သည် ဘဲကင်ကို ခရင်းနှင့်ထိုးလိုက်ရင်းဘဲ ကင်အရောင်နှင့်တူသော ရဲရင့်စာအုပ်ဆိုင် ကိုဘဇံ၏ မျက်နှာကို မြင်ယောင်လာသည်နှင့် မင်းဒီမန္တလေးမှာ ရဲရင့် ကိုဘဇံဆိုတာသိလား'
'ဟင့်အင်း ... ကြားတောင်မကြားဘူးဘူး'
'အေး ... အဲ့ဒါပိုကောင်းတယ်'
'ဘာလို့လဲကွာ'
'ဒီလိုကွ သူက စာအုပ်နဲ့ အသက်မွေးတဲ့လူဆိုတော့ စာရေးဆရာဆိုရင် အင်မတန်ကြည်ညိုတယ် တဲ့၊ ရန်ကုန်ကစာရေးဆရာတွေလာရင် သူ့အိမ်မှာ တည်းကြခိုကြတာဘဲတဲ့၊ အလှည့် အပတ်ကောင်းရင် ငွေလဲချေးသတဲ့၊ လူက အညာသားလူရိုး လူအရုပ်ပါကွာ၊ ငါနဲ့တခါ 'ဗမာပြည်ရှိ ငှက်ကလေးများအကြောင်း စာအုပ်ထုတ်တုန်းက စကားပြောဘူးပါတယ်၊ ညာ ညာသလိုရမဲ့လူပါ။ ဒီတော့ မင်းက စာရေးဆရာယောင်ဆောင်ရလိမ့်မယ် ဆောင်တတ်ပါ့ မလား'
တင်မောင်ကိုလည်း ဟင်းချိုကို ရွှတ်ကနဲသောက်လိုက်ပြီး ...
'အို ... စာရေးဆရာဂျိုပေါက်တာမှတ်လို့ကွာ'
'ကဲ ... ဒါဖြင့်ကောင်းပြီ၊ ရန်ကုန်ကစာရေးဆရာတွေထဲမှာ သူ ဘယ်စာရေးဆရာ မတွေ့ဘူးသေး သလဲဆိုတာ ငါထမင်းစားပြီးတော့ သွားစုံစမ်းမယ်၊ မင်းက ဒီမှာဘဲ နေရစ်ခဲ့'
ထို့နောက် ကျွန်တော်တစ်ယောက်တည်း ထွက်ခဲ့လေသည်။ ရှုမ၀တိုက်ခွဲဟူသော ရဲရင့်စာအုပ်ဆိုင် ရှေ့သို့ ရောက်သောအခါ ကိုဘဇံဆိုသူကို မတွေ့ရသေး။ ဆိုင်ပေါ်၌ အသက်သုံးဆယ်ကျော် အဒေါ်တစ်ယောက် ရှိသည်။ ကျွန်တော်မှာ တင်မောင်ကိုအား စာရေးဆရာယောင်ဆောင်ခိုင်းရာ၌ ဒီကောင့်မှာ ဖောင်တိန် မျှပင်မရှိ၍ ၀ယ်ပေးရမည်ဖြစ်ရာ ထိုဆိုင်မှာပင် ဖောင်တိန်တွေ တော်တော်စုံ အောင်တွေ့သည် နှင့် ပတ်ကားတချောင်းကို ကောက်ကိုင်လိုက်ပြီး။
'ဒီဟာ ဘယ်လောက်လဲဗျ'
ထိုအဒေါ်သည် နားကိုအတော် အာရုံစိုက်၍ ထောင်ပြီး။
'၃၅ိ'
'၃၀ိ မရဘူးလား'
'၂၀ိက တပြားမှ မလျှော့တော့ဘူး၊ နောက်ဆုံးဈေးဘဲ'
ကျွန်တော်မှာ ပြုံးမိပါသည်။ နားထိုင်းသူများထံ ၀ယ်ရသည်မှာ တနည်းအားဖြင့် ကောင်းလေ သည်။ ဆစ်တဲ့ဈေးမကြားဘဲ သူရောင့်မည်ဈေးကိုသာ တိုက်ရိုက်ပြောတတ်၏။
ဤအကြိုက်၌ ကိုဘဇံသည် ဘိုင်စကယ်နှင့် ရောက်လာကာ ကျွန်တော့ကိုမြင်သည်တွင် ယခင်က သူ့ကို ပိုက်ဆံတမတ် အလကားပေးခဲ့ဘူးသည်ကို မှတ်မိ၍ ဆလံပင်ထပ်မံ ပေးတော့ခမန်းပြုလျက်
'အော ... ဆရာ ဘာအလိုရှိပါသလဲ၊ ယူတော်မူပါခင်ဗျာ'
ကျွန်တော်သည် သူဆောင်ကျင်းလာသော ထီစာအုပ်တွေကို ကြည့်ကာ
'ဘယ့်နှယ် စာအုပ်ဆိုင်ထွက်ရုံနှင့် သူဌေးဖြစ်နှေးလို့ ထီဆိုင်ပါဖွင့်သလားဗျ'
'အဟဲဟဲ ...' သူ၏ သွားသံချေးတက်နီကြောင်ကြောင်တွေကို ဖွင့်လျက် 'ဘယ်သူဌေးတော့ ဖြစ်နိုင် မလဲဗျ၊ နည်းနည်း ပါးပါး လှူနိုင်တန်းနိုင်အောင် ထီစာအုပ်ကလေးတွေပါတွဲလုပ်ရတာ ခင်ဗျာ့၊ အရင် အပတ်က ကျွန်တော့ဆိုင်က သောင်းဆု နှစ်ခုတောင်ပါတယ်ဗျာ ထိုးသွားပါအုံး အခုတပါတ်တော့ သိန်းဆုပါမှာ အမှန်ပါ၊ ကျွန်တော့မိန်းမက အိပ်မက်သတဲ့ခင်ဗျ၊ လူဖြူဖြူချောချောတယောက် ဒီဆိုင်က သိန်းဆု ပေါက်တယ်လို့'
အညာသားများ ဆွယ်တရားမခေပါ။ အသားညိုညို အဒေါ်ကြီးဆိုလျှင် သူကမျိုးပြောပေလိမ့်မည်။ သို့သော် ကျွန်တော်သည် ထီအကြောင်းနှင့်ပတ်သက်၍ နောက်ထပ် ဘာမျှမပြောတော့ဘဲ မဂ္ဂဇင်း စာအုပ်ကို မာတိကာလှန်ကြည့်လိုက်ပြီး
'အမယ် ... ဒီမဂ္ဂဇင်းက စာရေးဆရာတွေ စုံလို့ပါလား'
'ဟုတ်ကဲ့ အားလုံးကောင်းတဲ့ လူချည်းဘဲခင်ဗျာ့၊ ၀ယ်ပါ'
'ခင်ဗျား ... ဒီစာရေးဆရာတွေထဲက တွေ့ဘူးတဲ့လူရှိသလား'
'တချို့တွေ့ဘူးပါတယ်ခင်ဗျာ့၊ ၀ယ်ပါ'
'သန်းဆွေဆိုတာ တွေ့ဘူးသလား'
'ဒီသင်္ကြန်ပွဲတော်မှာ ပါလာလို့ မနေ့ကဘဲ ကျွန်တော့ဆီက ငွေ ၂၀ိ ချေးသွားသေးတယ်ခင်ဗျာ့ ၀ယ်ပါ'
'မင်းအောင် ကော သိသလား'
'သူလဲပါလာတယ်ခင်ဗျာ့ ၀ယ်ပါ'
'ဒီ ... ဆိုင်ပေါ်ကဟာ ခင်ဗျာ့မိန်းမလား'
'ဟုတ်တင်ခင်ဗျာ့ ၀ယ်ပါ၊ အာ ... ဟုတ်ပါဘူး'
အညာသားစကား မှား၍ သွားပါသည်။ ကျွန်တော်က သူ့ဘာမေးမေး '၀ယ်ပါ ... ၀ယ်ပါ' ဆိုသော စကား အဆုံးသတ်ကို ကြားပြင်းကပ်၍ တမင်ဖောက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ယောက်သား ရီကြ ပြီးနောက် ကျွန်တော်က
'ဆရာကြီး ရွှေဥဒေါင်းဆိုတာကော တွေ့ဘူးသလား'
'သူကတော့ အခု ဒီမန္တလေးတင်နေတာဘဲဗျာ ... ကျွန်တော့ အစ်ကိုကြီးဘဲ၊ ကျွန်တော်စာအုပ် ထုတ်မလို့ သူ့ဆီ ဘာသာပြန် ၀တ္ထုတစ်ပ်ုတောင် တောင်းထားပါသေးတယ်'
'နို့ပြီး ... ငွေဥဒေါင်းဆိုတာကော'
'အား ... ဟား ... ဟား သူတော့' အညာသားသည် စကားမဆက်သေးဘဲ သူ့သွား သံချေးတက် တွေဖြဲ၍ ရယ်လိုက်ပြီး 'ခွေးသိဝက်သိဘဲဗျာ၊ သူ့ဓာတ်ပုံမဂ္ဂဇင်းထဲမှာ ဟိုလူနဲ့တွဲပါ၊ ဒီလူနဲ့ တွဲပါ၊ အခုတဖက်မှာ စာပေဗိမာန်ဆုရတဲ့ ဆရာတက်တိုးနဲ့တောင် တွဲပါလိုက်သေးတယ်၊ အရင်တလောကလဲ မဟာဆွေတို့ မြမျိုးလွင်တို့ သာဓုတို့နဲ့ တွဲပါလိုက်သေးတယ်'
'နို့ခင်ဗျာ ... သာဓုဆိုတာကော တွေ့ဘူးပြီလား'
'အာ ... သူ့တော့ လူချင်းမတွေ့ဘူးသေးဘူးခင်ဗျာ့၊ ဓာတ်ပုံမြင်ဘူးတာဘဲ ရှိသေးတယ်၊ လူဒေါင် ကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ ကတုံးဆံတောက်နဲ့၊ ကျွန်တော့မိန်းမလိုဘဲ နားလေးတယ်လို့ ပြော ကြတယ်'
ဤနေရာ၌ ကျွန်တော့စိတ်ကူးတွင် ဒေါင်ကောင်းကောင်း နှာတံပေါ်ပေါ်ဆိုသည်ကို လူပုံစံချင်း တင်မောင်ကိုနှင့် ဟပ်မိ၍ သို့သော် တင်မောင်ကိုက ကတုံးဆံတောက်မဟုတ် အမေရိကန်ဇာတ် လိုက်လို ဂေါ်ဆံတောက်နှင့် ဖြစ်နေသောကြောင့်
'ခင်ဗျားပြောတာမှန်တယ်ဗျာ။ ဒါပေမယ့် အခု သူကတုံးဆံတောက်နဲ့ မဟုတ်တော့ဘူး။ သူ့ဝတ္ထု ဇာတ်ညွှန်းနဲ့ သူဇာတ်လိုက်လုပ်မယ်ဆိုပြီး ရုပ်ရှင်မင်းသားစတိုင် ဖြစ်နေတယ်'
အညာသား အံ့အားသင့်ကာ
'အာ ... ဟုတ်လား၊ ဒီလိုဆိုသိပ်ကောင်းမှာပေါ့ဗျာ၊ ကျွန်တော်ကြည့်ချင်လိုက်တာ'
'ကြည့်ချင်ရင်အခုတောင် တွေ့နိုင်ပါတယ်ဗျာ ... သူဒီမန္တလေးသင်္ကြန်ပွဲကို လာတယ်ဗျ၊ စာရေး ဆရာအသင်း ကိုယ်စားလှယ်အဖြစ်နဲ့ မဟုတ်ဘူး၊ သူ့ဟာသူ သီးခြား'
အညာသားမျက်လုံးကလေး ကြောင်တောင်ဖွင့်ကာ
'အာ ... တွေ့ချင်လိုက်တာဗျာ ... ဘယ်မှာတည်းသတဲ့လဲ'
'ဘယ်မှာတည်းမယ်တောင် မသိသေးဘူး၊ ဒီနေ့မှ ရောက်လာတာ'
'အာ ... ဒီလိုဆို ကျွန်တော့အိမ်တည်းဘို့ တောင်းပန်ရမှာဘဲ၊ ကျွန်တော်ကလဲ ဆရာကြီး ရွှေဥဒေါင်းဝတ္ထုပြီး နောက်တစ်အုပ်ထုတ်ဘို့ သူ့ဆီက၀တ္ထုတစ်ပုဒ်လိုချင်နေတာနဲပ အဆင်သင့်ဘဲ၊ သူ့ဘယ်မှာ တွေ့ရမလဲ ခင်ဗျာ တွေ့ပါရစေ ...'
အညာသားမှာ ၀မ်းသာအားရနှင့် အတော်ပင် လောဘဇော်တိုက်၍ နေပါပြီ။ သို့သော် ကျွန်တော်က ဣနြေ္ဒရရနှင့် လက်ကနာရီကို ကြည့်လိုက်၍ ဆယ့်နှစ်နာရီခွဲနေပြီကို မြင်ရသည်နှင့် ...
'အင်း ... ကျွန်တော်နဲ့ နာရီပြန်တချက်မှာ နေ့လည်စာ စားဘို့ လျှမ်းစိန်ဟိုတယ်မှာ ချိန်ထားတာတဲ့ ဗျ၊ အခု နာရီဝက်လိုသေးတယ်'
'အာ ... ဒါဖြင့် ဒီနေ့လည်စာပါ ကျွန်တော်က ခင်ဗျားရော ... ကျွေးပြစေဗျာ၊ ခင်ဗျားအခုသွားတော့ မလား၊ ကျွန်တော်ပါ တခါထဲလိုက်ခဲ့မယ်လေ'
အညာသားတော့ သဲနေပြီကော။ ကျွန်တော့စိတ်ထဲတွင် တွေးမိကာ သို့သော် သူတို့ နှစ်ယောက်ကို တိုက်ရိုက် တွေ့ပေး၍ မဖြစ်သေးသည်နှင့် လက်ပတ်နာရီကို ငုံ့ကြည့်ပြီး
ကျွန်တော်က ဒီနာရီဝက်အတွင်းမှာ ခလေးမတစ်ယောက်နဲ့ သွားတွေ့စရာရှိသေးတယ်ဗျာ၊ ခင်ဗျား သူ့တွေ့ချင်ရင် နာရီပြန်တချက်တော့ လျှမ်းစိန်ကို လာခဲ့ပေါ့'
'ဟုတ်ကဲ့ခင်ဗျာ .... ဆက်ဆက်ကြိးလာခဲ့ပါ့မယ်'
ကျွန်တော် လျှမ်းစိန် ဟိုတယ်သို့ ပြန်ရောက်သောအခါ ...
'ဟေ့  တင်မောင်ကိုရေ မင်း ဒီအချိန်မှာ အအေးစိမ်ဘီယာကလေး မသောက်ချင်ဘူးလား'
သူသည် စိတ်ပျက်လက်ပျက် ထိုင်နေရာမှ ခေါင်းမော်ကာ ...
'ဟာ ဘယ့်နှယ်ပြောပါလိမ့် သူငယ်ချင်းရာ၊ မင်းနဲ့ ငါ ခုမှ တွေ့တဲ့လူချင်းကနေတာဘဲ'
'ကဲ ... ဒါဖြင့် သဘောရှိမှာကွ၊ ဒကတစ်ယောက် မကြာမီ ရောက်လာလိမ့်မယ်'
ထို့နောက်၌ ကျွန်တော်က အကျိုးအကြောင်းကို ပြောပြကာ ...
'အဲ့ဒါဘဲ တင်မောင်ကို မင်း စာရေးဆရာသာဓုလုပ်ရမှာဘဲ သာဓုက နားထိုင်းသတဲ့ကွ၊ မင်း နားထိုင်းချင်ယောင်ဆောင်တတ်ပါမလား'
'သိကြားမင်းတောင် နွားယောင်ဆောင်တတ်သေးတာကွာ'
တင်မောင်ကိုသည် ဘီယာလက်လေးလုံးခန့်ကို ဒလဟောဒိုးမျိုချ လိုက်လေသည်။ ကျွန်တော်တို့ နှစ်ယောက် ဘီယာတစ်ယောက်တစ်လုံးစီ ကုန်ကြသောအခါ၌ ကိုဘဇံရောက်လာကာ ...
'အား ...  ရောက်နှင့်နေကြပလား၊ သုံးဆောင်တော်မူကြပါခင်ဗျာ။ သဘောရှိ သုံးဆောင်တော်မူကြ ပါ။ ဒီနေ့ ကျွန်တော် ကံကောင်းတယ် ထင်ပါတယ်ခင်ဗျာ့။ ဘာပြုလို့လဲဆိုရင် ပထမဦးဆုံး လှမ်းကြည့်တဲ့အခန်းမှာဘဲ ဆရာတို့ကို တွေ့နေရပါတယ်ခင်ဗျာ'
အော် ... အညာသားများ သနားစရာ သူတွေ့လွယ်အောင်ဘဲ ကျွန်တော်တို့က တမင် ခန်းဆည်း ခတ်လှပ်လှပ်ထားတာ။
အင်း ... ခင်ဗျာ့ ကံကြီးလဲ ကောင်းပါလိမ့်မယ်။ ကျွန်တော်စိတ်ထဲမှ ရေရွတ်ပြီးနောက် တင်မောင်ကို ဘက် လှည့်ကာ ...
'ဆရာသာဓု ဒါ မန္တလေး ရဲရင့် ဦးဘဇံလေ'
ကျွန်တော်က ခတ်ကျယ်ကျယ်ကလေး ပြောလိုက်သည်။ ဤတွင် အလွဲပို၍ အလိုက်ကန်းဆိုး သိတတ်သော အညာသားက ကျွန်တော့ထက် ကျယ်လောင်အသံနှင့်
တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ့
တင်မောင်ကိုမှာ မျက်နှာ    ရှုံ့၍သွားရှာသည်။
ကျွန်တော် အိမ်သို့ပြန်ရောက်သောအခါ မိမိ၏ မတော်စဖူး အတော်ထူးသော စိတ်ကူးဥာဏ်ဖြင့် တင်မောင်ကို ဟန်ကျ ပန်ကျ ဖြစ်သွားပုံကို ပေါ်အူးအား ၀မ်းသာအားရ ပြောပြမိပါသည်။
သို့သော် ပေါ်အူးမူ ကျွန်တော်ပြုလုပ်ခဲ့ပုံကို မနှစ်သက်လှချေ။
'ဆရာ့ဟာက လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ကြည့်ရင်တယ် ... မသင့်လျော်လှဘူးပေါ့ ခင်ဗျာ'
'အေး ... ဒီလိုတော့လဲ ဟုတ်တာဘဲ၊ သို့သော် အကြောင်းသင့်တဲ့အခါမှာ အညာသားကျေနပ် လောက်အောင် အလျော်ပေးလိုက်ရတာပေါ့ကွာ။ ပျော်စရာဆိုတာ ငွေပေးဝယ်တိုင်း မရပေဘူးကွ။ ငါ့ဟာတော့ ငါအခုအထိ အတော်ကျေနပ်နေတာဘဲ။
ကဲဟေ့ စီးကရက်တလိပ်ညှိပေးစမ်းကွာ'
သူနှင့် ကျွန်တော် စကားဖြတ်လိုက်လေသည်။
ထိုမှ နောက်ပိုင်း၌ကား ပေါ်အူးမူ တင်မောင်ကို အတွက် ဟိုသွားဒီသွားနှင့် အလုပ်များ၍ ကျွန်တော် သာ မန်းရေသဘင် တွင် ပျော်ရွှင်လျက် ရှိပေသည်။
လှည့်လည်ကြသော လုလင်ပျိုတီးဝိုင်းအဖွဲ့တွေနှင့် လုံမပျိုတို့၏ ဧည့်ခံမဏ္ဍပ်တွေက ကဗျာ ဆန်ဆန် နာမည်တပ်လို့ 'နွဲ့ယဉ်ယဉ်'တဲ့။ '၀ါဝါ၀င်း'တဲ့၊ 'မြ၀တီလုံမေ'တဲ့၊ 'မြ၀တ်ရည်'တဲ့။ 'မြမာလာ'တဲ့ မဟ၀ှာ ကလေးက ပြူငှာလှပေသည်။ 'ရှုတိုင်းယဉ်'တဲ့ ရှုတိုင်းယဉ်ဆိုလို့ ယဉ်တိုင်းသာ ရှုရပါလျှင် ...
'တနွေကျော် ... မိုးသော်နှောင်းပါလို့
တဆောင်းတဲ့ ကုန်သည်ပင်။
မြင်ရသူ ... ပျို့မောင်ကြီးမှာ
ငြီးလိမ့်မထင်။
ခုံးမျက်စ,ယဉ် ... နထင်ကချိုင့်
(အယ် ... ဟုတ်ပါဘူး) သဇင်နွဲ့ပျိုချော၊
ပျိုဖြူဖြူ ကြာမူဆန်းတယ်
ငန်းရော့ခေါ်တော ...
(မဟုတ်သေးပါဘူးနော်) နန်းသူပေလော'
ထိုမှ တသိုက် '၀င်းလိုက်မယ်' ဆိုတာတွေကလဲ အလှညီပါပေရဲ့။ 'ရှုတိုင်းယဉ်' 'ယဉ်တိုင်းရှု' ဆိုတာလို '၀င်းလိုက်မယ်' '၀ယ်လိုက်မင်း' ဆိုရင်ဖြင့် တစ်ယောက်လောက်တော့ ဈေးမေးချင်ပါရဲ့ ဗျာ၊ (ကိုကျော်ဝင်းရဲ့) 'ယဉ်မူရာ မျက်နှာပေးတွေက မြင်သူမှာ တသက်ငေးလောက်ပါရဲ့
အော် ... မျက်ချေးတောင်မှ မပွတ်နိုင်၊
(မဟုတ်သေးဘူးခင်ဗျာ့) ရမက်သွေးပုံက မာယာကြွယ်။
ယမင်းမကိုဋ်ရယ်တို့
'၀င်းလိုက်မယ်'ခေါ် မည်သညာနဲ့
ပျော် ... ကြည်စွာ ...
ပျော်ကြည်စွာ (ဟာ ... တော်ပြီဗျာ ... ကျွန်တော် ရှေ့ဆက်မစပ်တတ်တော့ဘူး)
ရွှေမန်းရေသဘင်ကို သဘောကျလွန်း၍ ကျွန်တော် မတတ်တတတ်နှင့် ကဗျာစပ်မိပါသည်။ အမှား မှားအယွင်းယွင်း ရှိသည်ကို သည်းခံတော်မူကြပါခင်ဗျာ။ ကျွန်တော်ပင် ဤမျှပျော်နေလျှင် တင်မောင်ကို မှာလည်း သူ့အား ကြည်ညိုစွာ ပင့်ခေါ်သွားသော အညာသားနှင့် ကျွန်တော့ထက်ပင် ပို၍ ဇိမ်တွေ့ နေလိမ့်မည် ထင်ပါသည်။ သို့သော် တနေ့ညနေ သူရှိရာ ဦးဘဇံတို့အိမ် ရောက်သွား သည်၌ ကျွန်တော်မှာ အံ့သြဘွယ်ရာကို တွေ့နေရပါသည်။ ကိုယ့်လူကောင်းစားနေလိုက်ပုံမှာ ရုတ်တရက်ဖြင့် ကျွန်တော့မျက်စိပင် ကျွန်တော်မယုံနိုင် ဖြစ်သွားပါသည်။
အကြောင်းမှာ တင်မောင်ကိုသည် ကွပ်ပြစ်တစ်ခုပေါ်တွင် ဘုန်းကြီးထိုင်, ထိုင်လျက် သူ့ရှေ့ ကွပ်ပြစ်အောက်၌ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်က ကြုံ့ကြုံ့ထိုင်နေကြသည်။ သူ့နောက် တွင်မူ ဦးဘဇံတို့လင်မယားက ပုဆစ်တုပ်ထိုင်၍ သို့ကို ယပ်ခတ်နေကြသည်။
ဦးဘဇံသည် ကျွန်တော့ကိုမြင်လျှင် 'အော် ... ဦးအေးဆွေထိုင်ပါ'ဟုသာ နေရာတခုညွှန်ပြပြီး ယပ်ခတ်မြဲ ခတ်နေသည်။
အဖြစ်ကဆန်းသည်။ တင်မောင်ကိုမှာ သူ့အား ဤသို့ခစားနေကြသော်လည်း မျက်နှာမှာ ရွှင်လန်းဟန် မရှိ။ ကျွန်တော့ကို မြင်သည်၌ မကျေနပ်သောအမူအရာနှင့်ကြည့်ပြီး သူ့အောက်က နှစ်ယောက်သို့ ...
'ကဲ ... ခင်ဗျားတို့ လင်မယားက ဘယ်လိုဖြစ်လာကြတာလဲ၊ ဆိုစမ်းပါလုံး'
ကျွန်တော်မှာ တင်မောင်ကိုအား ရောက်ရောက်ချင်းပင် သူ့ကို အရပ်လူကြီးများ ခန့်ထားသလားဟု တွေးနေပါသည်။
တင်မောင်ကို၏ အမေး၌ ယောက်ျားဖြစ်သူက ကျယ်လောင်သောအသံနှင့် ...
'ဆရာ ဟော့ဒီ ကျွန်တော့မိန်းမ မခင်သန်းဟာ'
သူ့နဘေးက မိန်းမကို မျက်စောင်းခဲ၍ ...
'မနက်အိပ်ရာထတဲ့အခါတိုင်း သူ့ထမီကြီးနဲ့ ကျွန်တော့ကိုယ်ပေးက ကျော်ကျော်သွားပါတယ်'
တင်မောင်ကိုသည် အတော် နားအောင့်စွာနှင့် ထောင်ရပြီး။
' ဟုတ်သလား မခင်သန်း'
မိန်းမကလည်း ကျယ်လောင်စွာပင်.....
' ဟုတ်ဆို ဒီလိုပ့ါဆရာ၊ သူက ဘယ်တော့မှ အိပ်ရာက ကျွန်တော်မအရင် စောစောမထဘူး
ဆရာရဲ့'
ဤတွင် ယောကျာ်းက
' ဟေ့ နင့်အရင်စောစောထနိုင်ပါ့မလား၊ င့ါမှာ သူငယ်ချင်းမြေးဖော်နဲ့ ညဥ့်နက်သန်းခေါင် လယ်ရသေးတယ်၊ နင်တို့ မိန်းမချင်းလို အိမ်ကုပ်အတင်းပြောနေရုံနဲ့ မပြီးဘူး'
တင်မောင်ကိုက လက်တား၍....
' အို.... သိပ်ကျယ်ကျယ်ကြီး မအော်ပါနဲ့လေ၊ ကျုပ်ကြားပါတယ်၊ နေပါအုံး မခင်သန်းက သူ့အပေါ် ကျော်မဆင်း ဘဲ မဖြစ်ဘူးလား'
 ' မဖြစ်ဘူးဆရာရဲ့၊ သူ့အရပ်က ရှည်ရှည်ကြီးနဲ့ စန့်စန့်ကြီးအိပ်တတ်တာ ကုတင်ခြေရင်းနဲ့ ခေါင်းရင်း ထိနေတယ် ဆရာရဲ့'
' နို့ တဘက်ကလှည့်ဆင်းရင်ကော'
' မဖြစ်ဘူးဆရာရဲ့၊ ကျွန်မတို့အိမ်ခန်းကလေးက ကျဉ်းကျဉ်းကလေးရယ်၊ တဘက်မှာ နံရံနဲ့ ကပ်နေတယ်၊ ခြေရင်း ခေါင်းရင်းလဲ အတူတူပဲ'
' နဲနဲမှရွေ့မဖြစ်ဘူးလား'
' မဖြစ်ဘူးဆရာရဲ့၊ ရတဲ့ဘက်ရွေ့လိုက်ရင် ကျွန်မတို့ကို ...ဟင် ဟုတ်ပါဘူး။ အိပ်ရာကို လမ်းက မြင်ကုန်မယ်'
' မြင်တော့ဘာဖြစ်သတုန်း'
'ရှက်တယ်'
' ကဲ... ဒါဖြင့် တဘက်နဲ့တဘက် လူချင်းပြောင်းအိပ်ကြ'
' ဟာ .... ဒီလိုဆိုတော့ ' ယောကျာ်းသည် ကျယ်လောင်စွာဖြင့် မိန်းမက ကျွန်တော့လက်ျာ ဘက်နေတော့ ရှင်မွေးလွန်း မင်းနန္ဒာ လို ကျွန်တော် ဘုန်းနိမ့်သွားအုံးမှာပေါ့ ဆရာရဲ့'
' ဟာ... ဒါဖြင့် ကုတင်ကို ခြေရင်းခေါင်းရင်း လှည့်လိုက်ရင် ကောဗျာ'
' တင်မောင်ကိုမှာ အတော်စိတ်တိုဟန်ပေါ်နေသည်။ သို့သော် မိန်းမဖြစ်သူက.....
' ဒီလိုလဲ ဘယ်ဖြစ်မှာလဲ ဆရာ၊ ကျွန်မတို့ ဗမာ့ထုံးစံနဲ့ အနောက်ဘက်ခေါင်းထိုးနေရမှာပေါ့'
ဤနေရာ၌ တင်မောင်ကိုမှာ အကြံရကြပ်သွားသည်။ အတော်ကြာမျှတွေ၍ စဉ်းစားသည်၊ ဦးဘဇံ တို့လင်မယားက နောက်မှ အတွင်းသားယပ်ခပ်ပေးနေကြသည်။ နောက်ဆုံး၌ တင်မောင်ကိုသည် အကြံ ရဟန်ဖြင့်.....
' ကဲ... နည်းလမ်းကောင်းတခုတော့ တွေးမိပြီလေ'
လင်မယားနှစ်ယောက်သည် ပြာပြာသလဲနှင့်....
' အမိန့်ရှိပါ ဆရာ'
' မစ, တော်မူပါဆရာ'
တင်မောင်ကိုသည် ယောက်ျားဖြစ်သူကို ကြည့်ပြီး ' ခင်ဗျာ့အလိုက ခင်ဗျာ့မိန်းမအပေါ်ကို သူ့ထမီနဲ့ လွှားသွားတာကို မကြိုက်တာမှုတ်လား'
' ဟုတ်ပါတယ်ခင်ဗျာ၊ ယောက်ျားအပေါ် ထမီကြီးနဲ့ လွှားလွှားသွားတယ်ဆိုတော့ ဘယ်ကောင်းမလဲဆရာ'
'ကဲ... ဒါဖြင့် မခင်သန်းက မနက် အိပ်ရာထတဲ့အခါမှာ  ထမီကိုချွတ်ပြီး ခင်ဗျာ့လင်ရဲ့ ပုဆိုးတထည်ကို ၀တ်ဆင်စေဗျာ'
ဤဆုံးဖြတ်ချက်ကိုကား နှစ်ဦးစလုံးပင် နှစ်သက်ကြကုန်သည်။ ရွှင်လန်းစွာ ခံယူကြကုန်သည်။ ဦးဘဇံတို့ လင်မယားမှာလည်း သူတို့အိမ်ပေါ် တင်ကိုးကွယ်ထားသော ဆရာအတွက် ၀မ်းသာရှာလွန်း၍ ဤဖြတ်ထုံးအပြီး၌ ကိုယ်များကိုပင် အငြိမ်မနေနိုင်ဘဲ ဟိုလှည့် သည်စောင်းနှင့် ခတ်လိုက်ကြသည့် ယပ်တောင် များမှာလည်း ကျိုးလုမခန်းပင်။
' အော်.... ဒါကြောင့် ဦးသာဓုလို့ နာမည်ကြီးပေတာ'
' ဒါကြောင့်လည်း မြန်မာပြညိ တရိုးဟိုးဟိုးကျော်ပေတာ'
လင်မယားနှစ်ယောက်သည် တယောက်တပေါက် ချီးကျူးကာ တင်မော်င်ကို ကို ရှိခိုးကြကုန်သည်။ ဤကိစ္စအပြီး၌ တင်မောင်ကိုသည် ၀တ်ကျွတ်သည့်အလား ကျွန်တော်နှင့် အပြင်လမ်းလျှောက်ဟု ဦးဘဇံကို ပြော၍ ထွက်ခဲ့ပြီး လမ်းမရောက်သည့်၌ မျက်နှာကြီး ၇၅ ခေါက်ချိုးနှင့်
'ဘယ်နှယ့်လဲ အေးဆွေ မင့်အကြံကြောင့် ငါတော့ ဒုက္ခကြီး အကောင်းကောင်းရောက်နေပြီကော'
ကျွန်တော်မှာ သူ့မျက်နှာကို မြင်ရခြင်းဖြင့်ပင် သနားစိတ်ပေါက်ကာ
' ဟ...ဘယ်လိုများလဲကွာ'
' ဘယ့်နှယ့် စာရေးဆရာ သာဓုဆိုတာက အိမ်ထောင်ရေး ၀တ္ထုတွေရေးနေတဲ့ အိမ်ထောင်းရေး မာစတာဆိုဘဲကွ'
' ဒီတော့ ဘာဖြစ်သလဲ'
'ဘာဖြစ်ရမလဲ မင်းအခု မြင်ခဲ့တဲ့အတိုင်းပေါ့။ င့ါမှာနေ့ရောညပါ မအားဘူး။ လင်မယားအရှုပိအတွေးတွေ ရှင်းနေရတာဘဲ။ ဦးသာဓုဒီမှာတည်း တယ်ကြားလို့တဲ့ကွာ လာလိုက်ကြတာ အရှိုရှို...။ စာရေးဆရာ ကြည်ညိုလို့ဆိုတော့ ငါက နှုတ်ခမ်းနီ ပါးနီကြိုက် စာရေးဆရာဆိုတာကြားဘူးတာနဲ့ မြာအနိပ်ကလေး ဘာလေးများ လာမလားအောက်မေ့ပါတယ်၊ တကတဲ ဘယ်ဟုတ်လိမ့်မလဲကွာ လာလိုက်ကြတာ လင်ကွဲမယားကွဲတို့ လင်မယားရန်ဖြစ် နေတာတို့။ ယေက္ခမနဲ့ မတဲ့တာတို့။ မနေ့ကလာတဲ့ မသန်းအိဆိုတဲ့ မိန်းမတယောက်များ ကြည့်ဦးလေ သူ့ယောက်ျားက တခြားမိန်းမတယောက်နဲ့ ဘာလိုလိုကြားလို့တဲ့
' ဆရာ ကျွန်မ ဘယ့်နှယ့်လုပ်ရမလဲ ' တဲ့။
' ဒီတော့ မင်းက ဘယ်နှယ့်အကြံ ပေးလိုက်သလဲ'
'ငါက သောက်မြင်ကပ်ကပ်နဲ့ ' အို... မခဲယဉ်းပါဘူဗျာ။ အိုးရွဲ့ စလောင်းရွဲ့နဲ့ဖုံးဆိုတဲ့ စကားရှိတယ် သူက မိန်းခလေးတစ်ယောက်နဲ့ဘာလိုလိုဆိုရင် ခင်ဗျားကလည်း ယောက်ျား တယောက်နဲ့ ဘာလိုလို လုပ်ပစ် လိုက်ပေါ့ဗျာ။
ခင်ဗျားတို့အဖို့က သာလွယ်ပါသေးတယ်' လို့ပြောလိုက်တယ်။ အဲဒါလည်း သဘောကျလို့ကွာ ' ဒါကြောင့် စာရေးဆရာ ဦးသာဓုလို့ ကျော်ပေသာ' တဲ့ ချီးမွမ်းသွားသေးတယ်ကွ။ အဲနောက်တဦး လူထုသတင်းစာတိုက်က ညအယ်ဒီတာဆိုလား ကိုဝင်းမြင့်ဆိုတဲ့ လူလာထိုင်တာလဲ ကြည့်ဦးလေ သူဟာ လူရိုး လူကောင်းပါတဲ့ အရက်ကလေးတွေ့တိုင်း သောက်တာနဲ့ ပိုက်ဆံရှိရင် ဖဲကလေးရိုက်တာနဲ့ အဆင်သင့်လို့ မယားငယ်ကလေး တခါနှစ်ခါ ယူဘူးတာနဲ့ သူ့မိန်းမက သူ့ကို မကြည်မဖြူ ညူညူစူစူ ဖြစ်လို့တဲ့ကွာ'
 '  အို...အို...အို.... တကဲ့သနားစရာ လူပါလား၊ မင်းကဘယ်လို အကြံဥာဏ်ပေးလိုက်သတုန်း'
'ငါအကြံဥာဏ်ပေးလိုက်တာက ခင်ဗျာ့ မိန်းမတယ်လွန်တာဘဲ၊ ရင်ဝဖနောင့်နဲ့ပေါက်လို့ ပြောလိုက် တယ်ကွ။ အဲဒါသူက သဘောကျလွန်းလွန်လို့ကွာ ဆရာအမိန့်ရှိတဲ့အတိုင်း တသွေမတိမ်း လိုက် ပါမတဲ့၊ ပြောသွားသေးတယ်ကွ'
'ဟင် ... မင်းတော့ သာဓုကိုယ်စား တယ်ကောင်းစားနေလိုက်တာဘဲ'
'ဟ ... ဘယ်ကောင်းစားရမလဲကွ၊ အခု ငါ့နားတွေ အူကုန်ပြီ မင့် စာရေးဆာ သာဓုက နားထိုင်း တယ်တဆိုတော့ ငါ့ကို နာရွက်နားကပ်ကပ်ပြီး အော် အော် ပြောကြာတာ ကြာရင် ငါတကယ် နားထိုင်းသွားမှာတောင် စိုးရတယ်။ အေးဆွေ မင့်အကြံဥာဏ်ဟာ အစက ကောင်းမလိုလိုနှင့် အခုမှ သောက်သုံးမျက်မှန် သိရတယ်။ ငါတော့ စိတ်ညစ်လှပြီ။ ဘယ့်နှယ်နေ့မအားညမအား  လင်မယား အရှုပ် အထွေးတွေကလာ၊ ငါ့ကို နားထိုင်းတယ်ဆိုပြီး အော် အော် ပြောကြ။ မအော်ပါနဲ့ ကျုပ်ကြား ပါတယ် ဆိုလဲဘဲ 'ဟာ ဆရာက ကျွန်မတို့ အသံ နာမှာစိုးလို့လား။ ကိစ္စမရှိမပါဘူး အားမနာနဲ့ ကျွန်မတို့လည်ချောင်း ကွဲချင် ကွဲပါစေတော့ ဆရာကြားရင် ပြီးတာပါဘဲ'တဲ့။
ကဲ မင်းဘဲ စဉ်းစားကြည့်တော့ အေးဆွေ၊ နို့ပြီး ကိုဘဇံ ဆိုတဲ့ လူကလဲ ငါ သူ့အိမ် နေရစားရတာနဲ့ မကာမိပါ ဘူးကွာ၊ နေ့တကပ်ကပ် ညတကပ်ကပ်နဲ့ သူ့ကို လုံးချင်းဝတ္ထုတစ်ပုဒ် ရေးပေးဘို့တဲ့ကွာ ပူစာနေ လိုက်တာ ငါကလဲ့ ဘာပြန်ပြောရမှန်း မသိလို့ ဆိုင်းပါအုံး ပြောတာကို အို နာမည်ကလေးဘဲ ပေးပါ တော့ပေး ပါတော့ဆိုတာနဲ့ ငါက နားမှအေးစေတော့လို့ အိမ်ထောင်ရေး ၀တ္ထုလဲ ဖြစ်ရမယ်ဆိုတော့ ပြီးလွယ် စေကြောင်း 'လင်နဲ့မယား ဆင်နဲ့နွား'လို့ ပြောလိုက်တယ်ကွ'
'အို ... လင်နဲ့မယား ချဉ်နဲ့ဆားတာ ကြားဘူးပါတယ်၊ မင့်ဟာသဘောအဓိပ္ပာယ်လဲ'
'အေး ... သူကလဲ မင့်လိုဘဲမေးလို့ ပြန်ပြောလိုက်ရတယ်ကွ'
'ဘယ်လိုပြောလိုက်တုန်း'
'ရုတ်တရက် စိတ်ကူးရရာဘဲ လင်နဲ့မယား ဆင်နဲ့နွားဆိုတာက မယားကလင်ကို ဆင်ကြည့် ကလေး ကြည့်ပေးရမယ်။ လင်က မယားကို နွားကဲ့သို့ လုပ်ကျွေးရမယ်လို့၊ အဲဒါသဘောကျလွန်းလို့ တဲ့ကွာ။ ဒီအကြောင်းအခါ ကျော်ရင် သတင်းစာထဲ ထည့် ကြော်ငြာရမတဲ့ ဘယ်နေ့များပါလာလိမ့် မလဲ မသိဘူး'
သို့သော် ဘယ်နေ့မှ မပါခဲ့တော့ချေ။ အကြောင်းမှာ နှစ်ဆန်းတရက်နေ့တွင် ယခင်က ပုလိပ် ကလေးပင် ကျွန်တော့အိမ်သို့ ရောက်လာပြန်ကာ။
'ဆရာ'
'ဟေ ... ဘာလဲကွ'
'ဆရာ့လူ အချုပ်ခန်းထဲ ပြန်ရောက်နေပြီ'
'ဟေ ... ဘာမှုနဲ့လဲကွာ'
'ရဲရင့် ဦးဘဇံက လာတိုင်တာလဲ လိမ်လည် ညာစားမှုတဲ့'
ကျွန်တော်ရိပ်မိပါပြီ ထို့ကြောင့် ငွေအချို့ကို အိတ်ထဲထည့်၍ ဦးဘဇံဆီသို့ ပထမသွားသည်။ လူချင်း မြင်လိုက်ရလျှင်ပင် အညာသား ကျွန်တော့ကို ရန်တွေ့တော့သည်။
' ဘယ့်နှယ့်.... ခင်ဗျား မဟုတ်က ဟုတ်ကလူကို ဆရာသာဓုလုပ်ပြီး လည်ဆယ်ရတာလဲ။ မနေ့ကဘဲ ရန်ကုန်က ဆရာတဦး ရောက်လာလို့ အကုန်ပေါ်တယ်'
ကျွန်တော်က ပြုံးဖြဲဖြဲနှင့်ပင်
ခင်ဗျာ့ကို စာရေးဆရာတွေ ချစ်တတ်မှန်းသိလို့ စကြည့်တာပါဗျာ'
' ခင်ဗျား ကြည့်စားတာက ဒီမှာလူတွေ ဘယ်လောက် ဒုက္ခရောက်ကုန်တယ်ထင်သလဲ။ လင်မယား အရှုပ် အရှင်းတွေ သူမဟုတ်ကဟုတ်က အကြံပေ်းဥာဏ်ပေးတွေ လုပ်တာနဲ့ မသန်းအိ ကလေးဆိုရင်  အခုသူ့လင်နဲ့ကွဲသွားပြီး ကိုဝင်းမြင့်ဆိုတဲ့လူကလဲ မူးမူနဲ့ ရင်ဝတကယ် ဖနောင့်နဲ့ပေါက်လို့ အခု မိန်းမ ဆေးရုံတက်ရတော့မလို ဖြစ်နေပြီ'
' နို့ ခင်ဗျားတို့က သူ့စကားယုံကြည်တာကိုးဗျ'
' တကယ်စာရေးဆရာ ဦးသာဓု မှတ်နေတာကိုးဗျ၊ ကျွန်တော်မှာလဲ သူ့ကိုဘုရားတစ်ဆူ ဂူတစ်လုံးလုပ်ပြီး ကျွေးလိုက် မွေးလိုက်ပြုစုလိုက်ရတာ ဒါနဲ့ အားမရသေးဘူး ငွေ ၅၀ိ ကလဲ ချေးလိုက်သေးတယ်'
ကျွန်တော်မှာ အညာသားကြည့်၍ ပြုံးမိကာ
'အင်း ........ ခင်ဗျား သူ့အတွက် စုစုပေါင်းငွေ ဘယ်လောက်ကုန်သွားမယ်ထင်သလဲ'
'တစ်ရာထက် ဘယ်အောက်မလဲဗျ'
'ကဲဗျာ ဒါဖြင့်' ကျွန်တော်သည် အိတ်ထဲတွင် အသင့်ပါလာသော ရာတန်ခေါက်ကိုဖြန့်၍ နှစ်ရွက်ဆွဲ ပေးလိုက်သည်၌ ဘဲကင်ပဲငံပြာရည်လောင်းထားသလို နီညို၍နေသော အညာသား၏မျက်နှာ ရုတ်တရက် ၀င်းထိန်သွားပြီး သူ့သွား သံချေးတက်တွေဖြဲကာ
'အဟဲ ဟဲ အဟဲ ဟဲ ဆရာဒီလိုသာ ကြည်စားမယ်ဆိုရင် အခါတစ်ရာကြည်စားပါဆရာ၊ တခါတရာရ ရင် အခါတရာဆို ငွေတသိန်း အယ်ဟုတ်ပါဘူး ငွေတစ်သောင်း'
အညာသားမှာ သိန်းစုစိတ်ဆွဲနေဟန်တူပါသည်။
သူနှင့် အတူ ဂါတ်ထဲရောက်၍ ဋ္ဌာနအုပ်ကိုပြောပြီး တင်မောင်ကို ကို အချုပ်ခန်းထဲမှ ထုတ်သောအခါ တင်မောင်ကိုက မထွက်ဘူးဟု ငြင်းနေပါသည်။
' ကျွန်တော်က ' ဟေ့ကောင် လာလကွာ'
'မလာဘူး၊ မင်း ငါ့အချုပ်ခန်းထဲကထုတ်ပြီး။ ငါဘယ်သွားနေရအုံးမှာလဲ'
ဤတွင် ငွေတစ်ရာအမြတ်ရထားသော အညာသားက
' ကျွန်တော့အိမ် ပြန်နေချင်လဲ နေနိုင်ပါတယ်ဗျာ'
' မနေဘူး ခင်ဗျားအိမ်မှာ သာဓု လုပ်နေရတာထက် အချုပ်ခန်းထဲနေရတာက ကောင်းသေးတယ်'
တင်မောင်ကိုမှာ  အတော်စိတ်တို၍ နေပါသည်။ သူ့ဘက်ကကြည့်သော် တိုမည်ဆိုလည်းတိုစရာ။ သူ့ခမြာ ရွှေမန်းမြာဂေါ်ရအောင် လာပါသည်။ မစွန်ဘဲ အချုပ်ခန်းထဲ  နှစ်ခါရောက်နေရသည်။နား ထိုင်းလုပ်၍လည်း အအော်ခံရသည်။ ထို့ကြောင့် ကျွန်တော်က ချော့မော့သော အသံနှင့်။
'ထွက်ခဲ့တော့လေကွာ၊ မင့် ......... ဒီမှာ ဦးဘဇံက ကြေပါပြီဆိုနေတာ၊ ဘယ် အချုပ်ခန်းထဲနေလို့ ဖြစ်တော့မလဲကွ'
'မထွက်ဘူးကွာ သူအမှုနဲ့ အချုပ်ခန်းထဲ နေမဖြစ်ရင် ပထမရွှေခြေကျဉ်းအမှုနဲ့နေမယ်ကွာ မင့်အာမခံကို ပြန်ရုပ်သိမ်းလိုက်'
ဤတွင် ဌာနအုပ်က ရယ်မော၍ ..........
'အဲဒီအမှုလဲ မရှိတော့ဘူးဗျ၊ ဟိုအဒေါ်ကြီးက မနေ့ကဘဲ သူ့တိုင်ချက်သူလာရုပ်သိမ်းသွားပြီ'
ကျွန်တော်မှာ ဟာကနဲ မျက်လုံးကျယ်၍သွားသည်။ ပေါ်အူးကို ရုတ်တရက် သတိရလိုက်သည်။
ထိုမှ တင်မောင်ကိုက
'ဟေ့ ....... ဒါဖြင့် အေးဆွေ၊ မင်းငါ့ကို ရန်ကုန်ပြန်ဘို့ လေယာဉ်ပြန်လက်မှတ်ယူပေးခဲ့ ပေါ်အူးလဲ ပြောလိုက် လဆန်းရင်ငါ့ဆီမှာ ငွေ ၂၀၀ိ လာယူလို့'
တင်မောင်ကိုမှာ တလလျှင် ၅၀၀ိ သူ့ဦးကြီးဆီမှ အသုံးစရိတ်ရသူဖြစ်ပါသည်။ ဤအဆင့်အတန်းရှိလျက်နှင့် မြို့တကာလည်၍ သူ့ဂုဏ်နာမကိုမဖော်ဘဲ အပျိုချောတွေ့တိုင်း နောက်ပိုးနေသည်မှာ သူ့ဝါသနာ သူ့ဦးကြီးက မိန်းမပေးစားမည်ဆိုတိုင်းလည်း ငြင်း၏။ သူကြိုက်တာ သူ့ဟာသူပိုး၍မှလိုချင်သည်ဟု ဆို၏။
'ပေါ်အူး ဘယ့်နှယ်တင်မောင်ကိုကိစ္စ တော်တော် ကြိုးစားလိုက်ရသလား'
'ဒီကိစ္စမှာတော့ ဆရာကျွန်တော့ကို ဘာမှ ချီးမွမ်းစရာမရှိဘူးဆရာ၊ သူ့ဟာနဲ့သူအကြောင်း သင့်နေပါတယ်'
'အင်း ........ ဆိုစမ်းပါအုံး'
'သဲလွန်စလိုက်ဘို့ရလာတာက ဒီလိုဆရာရဲ့၊ ဒီစိမ်းပြာညိုညက်အဖွဲ့ရှင် ဒေါ်စိမ်းညိုနာမည်ကို ကျွန်တော်တို့ ပထမရောက်တဲ့နေ့ကပဲ ဒေါ်မွှေးအုံးဆိုတဲ့ အဒေါ်ကြီးက ဆရာ ဒေါ်ကြီးစိုးကို ပြောနေတဲ့ စကားထဲမှာ ကြားဘူးတယ် ဆရာ့တောင် ကျွန်တော်ပြောပါသေးလား တချို့နာမည် တွေ မှတ်မိတယ်လို့'
'အေး အေး ...'
'ဒီဒေါ်မွှေးအုံးဆိုတဲ့ အဒေါ်ကြီးက ပစ္စည်းရှိတဲ့ မျက်နှာကြီး နာမည်ကျော်တွေရဲ့ လက်ပါးစေ တိတ်တိတ်ပုန်း အပေါင်ပွဲစား အရောင်းသမားကိုးဆရာရဲ့ ဒီတော့ သူက ဘယ်သူ့ဆီမှာ ဘာပစ္စည်း ရှိတယ်၊ ဘယ်သူ့ဟာ ဘာပစ္စည်းဟာ ဘယ်တုန်းက ဘယ်သူ့ဆီမှာ ပေါင်ထားတယ် သို့မဟုတ် ရောင်းလိုက်တယ်ဆိုတာ သူအကုန်သိတယ်။ ဒါနဲ့ ကျွန်တော် သူကို ငွေ ၅ကျပ်ပေးပြီး ဒေါ်စိမ်းညို အကြောင်းမေးတော့ ဒေါ်စိမ်းညိုမှာ အခုတလော တော်တော် စီးပွားလျှောနေတဲ့အကြောင်း ဒီသင်္ကြန်ပွဲအတွက် သည့်ပြင် အလုပ်ပြိုင်တွေနဲ့ တန်းတူလိုက်နိုင်အောင် ဘာတွေဘာတွေ ပေါင်ရ တဲ့အကြောင်း သူပြောပြတယ်။ ဒီပေါင်တာထဲမှာ ရွှေခြေကျဉ်းတရံပါတယ်ဆိုတာ ကျွန်တော် သိရ တယ်။ ဒေါ်စိမ်းညိုမှာ ရွှေခြေကျဉ်း ဘယ်နှစ်ရံရှိသလဲမေးတော့ တရံဘဲတဲ့၊ ဒါနဲ့ ဟိုအဆွဲခံရတဲ့ ခြေကျဉ်းကကောဆိုတော့ သူမသိဘူးတဲ့
ကျွန်တော်ဖြတ်၍ ...
'ဒီသင်္ကြန်အတွင်း သူ့သမီးဝတ်ဘို့ ငှားထားတာဖြစ်မှာပေါ့ကွယ် ...'
'ဘယ် ဒီလိုနာမည်ကြီးတွေက တစ်ယောက်ဆီ တစ်ယောက် ငှားမလဲဆရာရဲ့ ဂုဏ်ပျက်ခံလို့၊ ဒါနဲ့ ကျွန်တော် ရာဇ၀တ်အုပ်ကို အေးမြင့်နဲ့ ပတ်သက်ပြီး ဂါတ်တဲမှာ ဒီခြေကျဉ်းသွားကြည့်တော့လား လား ရန်ကုန်သွားပြီး တိတ်တိတ်ပုန်းဝယ်ထားတဲ့ ဦးဘိုးခြမ်းကိုးဆရာရဲ့၊ ဒီတော့မှ ကျွန်တော် ဒေါ်စိမ်းညိုဆီ သွားပြီး အကြပ်ကိုင်တာဘဲ 'အဒေါ်တို့က အမှုလုပ်ရင် ကျွန်တော်တို့ကလဲ အဒေါ်တို့ ရွှေခြေကျဉ်းကြီး အတု ဖြစ်တဲ့ အကြောင်း သတင်းစာတွေထဲပါအောင် ထုတ်ဖေါ်ရမှာဘဲ'လို့။
ပြီးပါပြီ
>>>ဆက်ဖတ်ရန်>>> >>
Monday, January 18, 2010
ပန်းသတင်း (ဇန်နဝါရီ ၁၃)
တရုပ်ဟိမဝန္တာ
သော်တာဆွေ (အေးဆွေ-ပေါ်ဦး)
    “အား...အား... သွတ်သွတ်.... သွတ်သွတ်...ဟား”
    လွန်ခဲ့သောညက တက္ကသိုလ်ကြူတာကိုအုန်းခင်၏ လူပျိုဘ၀ နှုတ်ဆက်ပွဲည အရက်ပါတီတွင် အသောက် လွန်ခဲ့၍ ယခုနံနက်၌ ဇက်ကြောတွေ လေးလံနေသဖြင့် အပေါ်အူး၏ အနှိပ်ကိုခံရင်း သက်ပြင်း ကြီးကို မှုတ်ထုတ်လိုက်ကာ....
    “ကောင်းသဟေ့... မနက်စောစော အနှိပ်ခံရတာ... ဒါကြောင့် ငါ့သူငယ်ချင်း အောင်ရွှေကြီးက ပြောတာ၊ ညကများ အရက်မူးလွန်ရင်ကွာတဲ့ မနက်စောစော ၀မ်းပက်လောက် ထပ်သောက်။ ပရီးမီးယား ဆံပင် ညှပ်ဆိုင်သွား၊ ဆံပင်ညှပ်ရင်း အနှိပ်ခံဇိမ်ဘဲတဲ့။ ဒါကြောင့် ဒီကောင်ညများ အရက်မူးလွန်သွားတဲ့နေ့၊ နောက်တ မနက်မှာ တွေ့ချင်ရင် အဲဒီဆံပင်ညှပ်ဆိုင် လိုက်သွားရတယ်ကွ။ ဇိမ်တော့ အင်မတန် ခံတဲ့ကောင်ကြီး”
    ပေါ်အူးသည် ကျွန်တော်၏ ပခုံးကို တတောင်ဆစ်နှစ်ဘက် ဘယ်ပြန်ညာပြန် ထောက်ရင်း....
    ဒါဖြင့်ဆရာ သူ့ခေါင်းတော့ ဒုက္ခဘဲ၊ ဆံပင်မရှည်ရှည် ညအရက်မူးလွန်တိုင်း မနက်တိုင်း သွားညှပ် နေရမှာပေါ့....
    “ဟ ဒီလိုတော့ ဘယ်ဟုတ်မလဲကွ။ ငါအပြောလိုသွားလို့၊ အဲဒီပရီးမီးယားမှာ ဆံပင်မညှပ်လဲ အနှိပ်ခံနိုင်တယ်။ ခေါင်းတို့ ဇက်တို့တင် နှိပ်မလား တကိုယ်လုံးအနှိပ်ခံမလား၊ လျှပ်စစ်ဓာတ်နဲ့ နှိပ်တာ လဲရှိတယ်။ အား...အား.... မင်းလဲ ပရီးမီးယားကကောင်တွေလို အနှိပ်ကောင်းတာပဲ၊ အေး...အေး.. အဲဒီအကြော ဆွဲလိုက်စမ်းပါအုံးကွာ + x + အား... တကိုယ်လုံး ပူရှိန်းသွားတာဘဲ။
ဟေ့ဒီမှာပေါ်အူး လည်ပင်းမှာ မေ့ကြောရှိသတဲ့ကွ၊ အဲဒီမေ့ကြောကို နှိပ်လိုက်ရင် မေ့သွားရောတဲ့။ မင်းအဲဒီလို မေ့အောင်နှိပ်တတ်လား”
    “ကျွန်တော် အဲဒီမေ့ကြောနဲ့တော့ မလုပ်တတ်ဘူးဆရာ... ဟောဒီ အုပ်ဆက်နေရာကို တော့ လုပ်နိုင်တယ်”
    “ဘယ်လိုလုပ်မလဲ”
    ဒုတ်ကောင်းကောင်းနဲ့ နောက်ကနေတီးလိုက်တာပေါ့ ဆရာ”
    “အို... မင့်ဟာကလဲ ဒါတော့လူတိုင်း လုပ်နိုင်တာပေါ့ကွ၊ မေ့ရုံမကဘူး၊ အသက်ပါ ထွက်သွားအုံးမယ်”
    “ကျွန်တော်ပြောတာက ဒီလိုလူပြိန်းရိုကမဟုတ်ဘူး ဆရာ မေ့ရုံလေးတင်ရယ် ဒဏ်ရာလဲ မရရဘူး၊ အရိုက်ခံရမှန်းတောင် သူ့ကိုယ်သူမသိရဘူး၊ သတိရတဲ့အခါမှာတော့ “ငါဘာဖြစ်သွားပါ လိမ့် ခေါင်းထဲက မူးနောက်နောက်နဲ့”လို့ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးနေရမယ်”
    “မင်းဒီလိုဖြစ်အောင် ရိုက်တတ်လား”
    “ဟိုအရင်က (ချစ်ဒုတ်ခ)ကို ခင်မောင်ဇော်ကိစ္စတုန်းက ဆေးရုံသုံးရက်တက် ငါးရက်တက် ရိုက်တတ် တဲ့လူလို ကျွန်တော်လဲ အဲဒီအမေ့ရိုက်ကို လေ့ကျင့်ခဲ့တာဘဲ ဆရာ၊ အ်ခုပြောရင်းဆိုရင်း လက်တွေတောင် ယားလာတယ်”
    “အမယ်မလုပ်ပါနဲ့ကွာ...၊ မင့်ဘယ်သူ့များ နှံချင်နေလို့တုန်း...”
    “သက်ရှိသတ္တ၀ါတော့မဟုတ်ပါဘူးဆရာ၊ ဟောဟိုဆရာတရုပ် ဟိမ၀န္တာကြီးကို ရိုက်ခွဲလိုက်ချင်တာပါဘဲ
    ကျွန်တော်သည် နှိပ်နေသော ပေါ်အူးလက်များမှ ဇတ်ကနဲ ရုန်းဖယ်လိုက်ကာ....
    “တော် တော် ပေါ်အူး မင်း...ဒီကိစ္စကို မလျှော့သေးဘူး။ ရိုက်ခွဲဘို့တောင် ကြံစည်နေတယ်၊ တယ်တော်တဲ့လူ။ ဒီနေရာမှာ မင့်မျက်စိဟာ သကြီးမက ဆယ်အိမ်ခေါင်းပါ လွှဲလိုက်လေကွယ် ဘယ့်နှယ် များ ဖြစ်ရတယ်လို့။ မင့်မျက်စိကို ပွတ်သပ်ပြီးများ... ကြည့်စမ်းပါအုံး၊ ဒီ... ငါ့တရုပ် ဟိမ၀န္တာကြီးဟာ ဘယ်လောက် ကျက်သရေရှိသလဲ၊ ဘယ်လောက်ကြီးမားခံထယ် သလဲ၊ ဒါတရုပ်ပြည်ဟောင်း သုခုမ ပညာကွဲ့”
    ကျွန်တော်တောင် တော်တော်ဘဲ ပြောပစ်လိုက်ပါသည်။ ကြည့်ပါမိတ်ဆွေ။ လွန်ခဲ့သော သုံးရက်က၊ ကျွန်တော်မြို့ထဲလျှောက်လည်ရင်း၊ လေလံပွဲတခုတွေ့သည်နှင့် တရုပ်ပန်းအိုးကြီး တလုံးကို သုံးရာနှင့် ၀ယ်ခဲ့ပေသည်။
    နားရွက်ချွန်လဲပါသည်။ မုတ်ဆိတ်မွှေးလဲပါသည်။ ကိုယ်မှာအတောင်နှင့် ခြေလေးချောင်းနှင့် ခွာလည်းပါသည်။ ဖနောင့်၌ အတက်လည်းရှိသေးသည်။ ကျောရိုးဆူး တောင်ကြီးများလည်း ထောင်နေ သေးသည်။ အမြီးမှာလည်း ကေသရာခြင်္သေ့ ရုပ်ကဲ့သို့ ကော့နေသေးသည်။ မိတ်ဆွေစဉ်းစားကြည့်ပါ ဘယ်လောက်များ ထူးဆန်းအံသြဘွယ် ကောင်းပါသလဲ ဤကောင်မျိုးတွေ တရုပ်ပြည်ကြီး၌ တကယ် ရှိမရှိ တော့ ကျွန်တော်မသိ၊ သို့သော် မြန်မာလူမျိုးတို့ ရွတ်ဖတ် သရဇ္ဈယ်လေ့ရှိသော နဂါးဂဠုန် ဂုံမ္ဘာန် ယက္ခံ၊ ဂန္ဓဗ္ဗ ဆိုသည့် အကောင်မျိုးတွေ ကဲ့သို့ ဖြစ်ချိမ့်မည်။ ကျွန်တော်တို့သည် ၄င်းတို့ကို တကြိမ်တခါမျှ မတွေ့ မမြင်ဘူး၊ တခါတရံ၌ အဖိုးတို့အဖွားတို့ ဘုရားရှိခိုးတွေထဲမှာသာ ကြားရပါသည်။ အကယ်တန္တိကား ဟိမ၀န္တာ ၌ ရှိသည်ဟု လူကြုံစာပါးမရသော ဌာနကို ဆိုထား၏။
    ထို့ကြောင့် ကျွန်တော်သည် ဤအကော်ငမျိုးတွေ ရေးချယ်ထားသော ထိုပန်းအိုးကြီးကို ယဉ်ယဉ် ကျေးကျေး “တရုပ်ဟိမ၀န္တာ”ဟု နာမည်ပေးကာ ဧည့်ခန်းတွင် အကျထားလိုက်၏။
    ဒါကို ပေါ်အူးက သဘောမကျဘူးတဲ့ မိတ်ဆွေရယ်
    “ဟေ့ ပေါ်အူး”ရ ကျွန်တော်စကားဆက်သည်။ “မင်းက သဘောမကျရှိရမည်၊ ငါ့ဖြင့် လေလံပွဲမှာ တရုပ် ပန်းချီကို လေ့လာနေတဲ့ လက်ဝဲစာရေးဆရာ တယောက်နဲ့ အကြိတ်အနယ် ဆွဲခဲ့ရတာကွ။ သူက ၂၇၅-ကျပ် အထိတောင် လိုက်ပေးတယ်။ ငါက ၃၀၀ိ-ပေးလိုက်တော့မှ သူ့မိန်းမက “တော်ပါတော့ ကိုကိုသိန်း ရယ်”တဲ့ “ဒီငွေသုံးရာကို ကြည်ကြည့်တို့ စိန်ကတ္တီပါ ထမီသာ ၀ယ်ပေးပါတော့၊ ကိုကို့ဟာက ပန်းချီ ဆောင်းပါး ဘယ်နှစ်ပုဒ် ထွက်မှာမို့လဲ”ဆိုတော့ ငနဲသွားကလေးဖြဲပြီး ငြိမ်ကြသွားတာကွ။ အမယ်... ငါ ကုလားတွေနဲ့ ချယ်ဂါလီပေါ်တင်နေတော့ သူလိုက်လာပြီး ပန်းအိုးကို သေသေချာချာကြည့်ပြီး တယ်တရုပ် ပြည် အနုပညာတွေဟာ တိုးတက်နေပါလား....။ ကြွေသားပေါ်မှာ ဒီလိုရေးဆွဲနိုင်တာ ကမ္ဘာပေါ်မှာ တရုပ်ဘဲရှိတယ်တဲ့၊ ကဲ...၊ ပေါ်အူး၊ စာရေးဆရာပညာရှိတောင် ချီးမွမ်းရတာကွာ မင်းက သုခုမ ပညာကို ဘာများနားလည်လို့လဲ”
    သို့သော် ပေါ်အူးသည် မလျှော့သော မျက်နှာထားနှင့်....
    ကျွန်တော် နားမလည်ဘူးဆိုတာ ၀န်ခံပါတယ်၊ အခုကျွန်တော်ပြောနေတာကလဲ ဒီကြွေပန်းအိုးမှာ ရှိတဲ့ ပန်းချီနဲ့ ဘာမှမပတ်သက်ပါဘူး။ ဒီလောက်ကြီးတဲ့ပန်းအိုးကို ဒီဧည့်ခန်းမှာ ထားတာသာ”
    “ဟပန်းအိုကို ဧည့်ခန်းမထားလို့ ရေချိုးခန်း သွားထားရမှာလားကွာ၊ အပါ့ကွာ ပေါ်အူးရာ မင်း.... အိမ်ကြီး အိမ်ကောင်းတွေ မရောက်ဘူးသလိုဘဲ၊ ဒါတ်(က) အဗင်းနယူးက ဦးကျော်မင်း K.S.M အိမ်သွား ကြည့်စမ်း ငါစစ်မဖြစ်ခင်က တွေ့ရတာအခုရှိသေးလားတော့ မသိဘူး၊ ဟောဒီလို တလုံးတာင် မဟုတ်ဘူး နှစ်လုံးကွ၊ ဧည့်ခန်းနဲ့ ထမင်းစားခန်းအကြားမှာ ထားတာ ဘယ်လောက် ကျတ်သရေရှိသလဲ၊ သူ့အိုးတွေ မှာ ဟော့ဒီ ငါ့အိုးလိုတောင် တရုပ်နဂါး ဂဠုန် ဂုမ္ဘဏ် ယက္ခဗ္ဗတွေ မစုံးသေးဘူး နို့ပြီး ငါ့အိုး လောက်လဲ မကြီးဘူး....”
    “အဲဒါ ပိုဆိုးတာပေါ့ ဆရာ”
    “ဘာ... ပိုဆိုးတယ်၊ မင့်စကား ငါနားမလယ်သေးပါဘူးကွယ်...”
    “ဒီလိုဆိုဆရာ... ကျွန်တော်ပြောတာကို အေးအေးဆေးဆေး နားထောင်ပါအုံး၊ ဆရာ့အိမ်နဲ့ အခုနကပြောတဲ့ ဦးကျော်မင်းအိမ်နဲ့ ဘယ်အိမ်ကကြီးသလဲ”
    “ဟ... ဦးကျော်မင်းအိမ်က ကြီးတာပေါ့ကွ၊ သူ့အိမ်အောက်ထပ်က တိုက်ခံ အပေါ်ထပ်ဘုံဆောင် မျှော်စင် လသာခန်းတွေနဲ့ နေရာထိုင်ခင်းချင်း စာမယ်ဆိုရင်၊ ငါ့အိမ်ဆယ်ခန်းမကဘူး”
    စင်စစ် ကျွန်တော့အိမ်မှာ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ ကပ်သီးကပ်သပ်မျှ ရှိရသော Cottageခေါ် တိုက်ပြားကလေးမျှ ဖြစ်ပါသည်။ လှပရုံသာရှိ၏ ဘယ်နေရာမျှ ကျယ်ကျယ်ဝန်းဝန်းမရှိချေ။ လူပျိုဘ၀ သို့မဟုတ် လင်ကိုယ်မယားလောက်နှင့်သာ သင့်လျော်၍ အိမ်ထောင်ကြီး လျှင်ကား မဟန်တော့ချေ။
    “နို့ပြီး... ဧည့်ခန်းချင်းကော ဘယ်ဒင်းက ကြီးသလဲဆရာ....”
    “ဟ..သူ့အိမ် ဧည့်ခန်းနဲ့ ထမင်းစားခန်းက အောက်ထပ် အလယ်ပိုင်းတခုလုံး လုပ်ထားတာ၊ ငါ့အိမ်တဆောင် လုံးလောက်ရှိတယ်ကွာ”
    “ဒီတော့ သူ့အိမ်မှာ ဒီပန်းအိုးမျိုး နှစ်လုံးမဟုတ်ဘူး၊ လေးလုံးထားနိုင်တယ်ဆရာ။ ဆရာ့ဧည့်ခန်း ကလေးထဲမှာ ဒါကြီးတလုံးထားလိုက်တာဟာ”
    “ဘာဖြစ်သလဲ”
    “တဲကုပ်ကလေးထဲ ကျွဲကြီး ဆွဲသွင်းထားတာနဲ့ တူတယ်ဆရာ”
    “အမာ...အမာ...၊ ငါ့အိမ်ကို တဲကုပ်နဲ့ နှိုင်းရမလားကွ”
    “ဒါဖြင့်ဆရာ.... ဘုရားတန်ဆောင်းထဲက ခေါင်းလောင်း၊ ဆွမ်းစားကျောင်း ပြောင်းထားတာ နဲ့ တူတာ ပေါ့ဆရာ”
    “အင်း... ဒီတော့ကော သူ့ဟာသူနေတာ ဘာဖြစ်သလဲ”
    “သူ့ဟာသူနေတာတော့ ဘာမျှမဖြစ်ပါဘူးဆရာ။ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ အထားအသို အခမ်းအနား အပြင်အဆင် နားလည်တဲ့လူမြင်တော့ ဒီအိမ်ရှင်ရဲ့ စိသဘောအခြေအနေကို ထင်မြင်ချက် ဆိုးမှာပေါ့ဆရာ”
    “ဘယ်လိုဆိုးမှာလဲ”
    “အနီးဆုံး ဥပမာပြရရင်တော့ တိုင်ပြည်ပျက်တဲ့ ၁၉၄၀-၄၂ ခုနှစ်၊ ရန်ကုန်တဘက်ကမ်း အေးရွာတို့ ၀ါးရုံဆိပ်တို့က သမ္ဗာန်သမားတွေအိမ်ထဲမှာ ဆိုဖာတွေ ကြေးကုတင်ကြီးတွေ ရေဒီယိုတွေ မြင်ရသလို နေတာပေါ့ဆရာ”
    “တော်....တော်...ပေါ်အူး”
    သူပြောတာ ဟုတ်ချင်ဟုတ်မည်၊ မှန်ချင်မှန်မည်။ သို့မဟုတ် ကျွန်တော် မခံမရပ်နိုင်ဖြစ်ကာ ထိုင်ရာမှ ငေါက်ခနဲထလိုက်ပြီး...
    “နောက်ထပ် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘာမျှမပြောနဲ့တော့ ငါ့ကိုသာ အ၀တ်အစားပြင် ပေး၊ ဒီနေ့ ဘယ်သူဘဲလာလာ ဘယ်သူကဘဲ ဖုန်းဆက်ဆက် ငါတနေ့ခင်းလုံး ရွှေကြာပင် မဂ္ဂဇင်း တိုက်မှာ ရှိတယ် ပြောလိုက်”
                x        x        x
    မိတ်ဆွေသည် ကျွန်တော့သူငယ်ချင်း စာရေးဆရာ အောင်မြသွင် (ကလောင်နာမည် စမ်းစိမ့်သွင်)ကို မှတ်မိလိမ့်မည် ထပ်ပါသည်။ တကြိမ်သောအခါတွင် ကျွန်တော်သည် သူ့အတွက်ကြောင့် သူယောင်ဆောင်၍ မြောင်းမြမြို့ စက်ရှင်မင်းကြီး ဦးဒေါင်စိုင်းအိမ်သို့ သွားရောက်ခဲ့ပြီး ရုတ်တရက် သွားလုလု ဂျောင်းခဲ့ ရသည် မိတ်ဆွေတွေးမိပါသေးစ။
    ကျွန်တော်မှာ စာပေသမားမဟုတ်မူ၍ ရွှေကြာပင်မက အခြေအနေကို နားမလည်ပါ ကိုယ်တိုင် အယ်ဒီတာလုပ်နေသော အောင်မြသွင်ပြောသည့်အတိုင်းဆိုလျှင် သူတို့မဂ္ဂဇင်း စာကောင်း အတတ် သာတတ်လျှင် မရေးနိုင်ဘဲ ဘ၀မြင့်ရောဂါ စွဲကပ်နေသူတို့ စီမံအုပ်ချုပ်သည်ဖြစ်၍ တိုင်းပြည် လူထုနှင့် အောက်ခြေလွတ်စာတွေသာ များနေသောကြောင့် အရောင်းရနည်းပါးသည်။ သို့ရာတွင် အကြောင်းသင့် သော အသင်းအဖွဲ့များကို အလကားပေးနေခြင်းဖြင့် ဆထက်တပိုး စောင်ရေတိုး လျက်ရှိ၏။
    ကျွန်တော်ကိုယ်တိုင်မှာလည်း ၄င်းရွှေကြာပင် မဂ္ဂဇင်းကြီး တိုးတက်ရာတိုးတက်ကြာင်းဖြင့် တနွယ်ငင် တစင်ပါဆိုဘိသို့ သူငယ်ချင်း အောင်မြသွင်နှင့် ပတ်သက်၍ တလလျှင် တစောင်ကျ ဖရီးလက်ခံနေရသူ ဖြစ်ပေရကား မိမိကိုယ်တိုင် စာပေ၀ါသနာမပါသည် မှန်သော်လည်း ကိုယ့်အပေါ်၌ ဤသို့ အမှီသဟဲ ပြုနေသော မဂ္ဂဇင်းတစ်ခုကို တခါတရံ၌ လူကိုယ်တိုင် သွားရောက်ချီးမြှောက်သင့်သည်ဟု ယူဆ သည့် အားလျော်စွာ ယခုလာခဲ့ခြင်းဖြစ်ပေသည်။
    ကျွန်တော် သူ့အခန်းထဲသို့ ရောက်သွားသောအခါ အောင်မြသွင်မှာ အများအားဖြင့် အယ်ဒီတာဆိုသူတို့၏ ထုံစံအတိုင်း မိမိရှေ့ရောက်လာသူအား သွေးကြီးပြလိုခြင်း၊ အလုပ်များ ချင်ဟန် ဆောင်ခြင်း၊ စာပေသမားဆိုတာ ဒီလိုဘဲဟူသော အူတူတူစတိုင်မျိုး လုပ်ပြလိုခြင်းစသော အတုမြင် အတတ် သင် သောက်ကျင့်ဆိုးတို့ စွဲကပ်နေမည် မှန်သော်လည်း ကျွန်တော့လိုလူကို ဤအမူအရာမျိုး လုပ်ပြ၍ ကား ကျွဲပါးစောင်းတီး နွားထီးနို့ညှစ်မြသာ ရှိမည်ဖြစ်ကြောင်း ဒီကောင်သိပြီးသည်နှင့် အထူး အထွေ ဘာမျှလုပ်မနေတော့ဘဲ မြင်လျှင်မြင်ခြင်းပင် ရင်းနှီးဖော်ရွှေစွာ...
    “ဟဲ့လို...အေးဆွေ....ကမ်းမွန်”
ကျွန်တော်သည် သူ့စားပွဲပေါ်သို့ ဦးထုပ်တင်၍ သူ့ရှေ့ကုလားထိုင်တွင် ထိုင်လိုက်ပြီး....
    “အခုလထုတ် ရွှေကြာပင်မဂ္ဂဇင်းဖြင့် တယ်.... ကောင်းကွာ”
    သူသည် အတွင်းစိတ်ဓာတ် ဘ၀င်မြင့်သွားမည် မှန်သော်လည်း အပြင်က တယ်ဝမ်းသာဟန်မပြဘဲ....
    “ကဗျာ တွေရော ဆောင်းပါးတွေရော ၀တ္ထုတွေရော မြိုင်တယ်ကွနော်”
    “ဟာ... ဘာမှပြောစရာမရှိဘူး”
    “ကျမ ကဝေမယ် ၀တ္ထု ဘယ်နှယ့်လဲ”
    အို...သိပ်ကောင်းတာဘဲ”
    “ဂန္တ၀င်ဝတ္ထုကွ၊ တကဲ့ စာကောင်းပေကောင်း”
    “အေး...ဟုတ်တယ်ကွ၊ ဘယ်သူရေးတာလဲ”
    “သူ့ကလောင်နာမည်ပါသားဘဲ”
    စင်စစ် ကျွန်တော်မှာ သူ့မဂ္ဂဇင်းတွင် စာတလုံးမျှ ဖတ်သည်မဟုတ်ချေ။ လာပို့သောနေ့၌ ဟိုလှန်ဒီလှန် အရုပ် မျှကြည့်ပြီး တနေရာရာ ပစ်တင်ထားလိုက်၏
    “အို...ငါက စာတွေဖတ်ပါများတော့ ကလောင်နာမည်တွေ မေ့မေ့နေတယ်ကွာ”
    “ကြူကြူအေးကွ”
    “အေး...ဟုတ်ပြီ... ဟုတ်ပြီ... ခုမှသတိရတယ်။ မိန်းခလေးလား....”
    “ဟုတ်တယ်”
    “ဘယ်လောက်ကြီးပလဲ”
    “နှစ်ဆယ့်တနှစ်”
    “အပျိုလား”
    “အစစ်”
    “ဟ...မင့်ဟာ သေချာလှချည့်လား၊ ရုပ်ကော ချောတယ်ထင်တယ်”
    “ချောတယ် အေးဆွေ... ချော်တယ်၊ တော့ထက်တော့... တော်တော်ချောတယ်၊ မချောမှန်က ငါရသေ့ ပျံ-ဈာမလျှော၊ ချောလို့သာပ၊ ငါစင်မက်မော၊ ရတက်ဇော၊ ဈာန်လျှော၍ ကျရသည်” ဆိုတဲ့ ဦးကြင်ဥ စာအတိုင်း ဘဲ သူငယ်ချင်းရ”
    ဤနေရာ၌ ကျွန်တော်ဒေါ်ကြီးစိုး၏တူ၊ မအပါ။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့အတွင်း သဘောကို အစင်းချောကြီး သိနေပါပြီ။ ထို့ကြောင့် သူ့လက်ကိုဆုပ်ကိုင်လိုက်ကာ..
    “ဟေ့...သူငယ်ချင်း၊ ရင်းရင်းနှီးနှီးပြောစမ်းကွာ၊ မင်းသူ့ကို ကြိုက်နေပြီမဟုတ်လား”
    “အေးကွ”
    “ဘယ်လောက်ကြာပြီလဲ”
    “ခုနစ်လ ကျော်သွားပြီ”
    “မင်း သူ့ကို ဖွင့်မပြောသေးဘူးလား”
    “ငါဘယ့်နှယ်လုပ်ပြောမလဲကွာ”
    “မင့်ပါးစပ်ရှိသားဘဲ၊ ဒါမှမဟုတ် မင်းတို့ စာရေးဆရာချင်းဘဲ စာနဲ့ရေးပြောပေါ့”
    “မဖြစ်ဘူးအေးဆွေ... မဖြစ်ဘူး”
    “ဘာလို့မဖြစ်ရတာလဲ၊ မင့်ကို ပြန်ကြိုက်ပုံမပေါ်လို့လား”
    “ဒီလိုလဲမဟုတ်ဘူးကွာ၊ သူကက ငါ့ကိုဆရာဆရာနဲ့ သိပ်ကြည်ညိုတာ၊ သူ့ဝတ္ထုရေးခပိုက်ဆံရရင် ဖောင်တိန်ဝယ်ပေးတာနဲ့ စာအုပ်ဝယ်ပေးတာနဲ့ သူတို့အိမ် ထမင်းစားဘိတ်တာနဲ့“
    “ဟ...ဒီလိုဆို သာလွယ်တာပေါ့ကွ၊ ကိုယ့်ဘက် တ၀က်ကျိုးနေပြီဘဲ”
    မဟုတ်သေးဘူး အေးဆွေ၊ သူကငါ့ကို စာရေးဆရာ အယ်ဒီတာအဖြစ်နဲ့ လေးစားခင်မင်တာ၊ အဲ့သည်လိုနေတာ ငါကချစ်စကား ကြိုက်စကား သွားပြောလိုက်တော့”
    “အောင်မာ မင့်နှယ်ကွာ စာရေးဆရာရော အယ်ဒီတာရော ရဟန္တာမဟုတ်ဘူး၊ နွားမဟုတ်ဘူးဆိုတာ မိန်းကလေးတွေ ပိုသိပါတယ်ကွ”
    “နို့ပြီး သူက ငါနဲ့ဆိုရင် မြင့်လှတယ်ကွာ”
    “ဘာလဲ ခလေးမက သိပ်အရပ်ရှည်နေသလား၊ ဒီလိုဆိုလဲ ဘာလုပ်မလဲ”
    “မဟုတ်ဘူးကွ၊ အခြေအနေ အဆင့်အတန်းပြောတာ၊ ပညာက ဘီအေ မြန်မာစာဂုဏ်ထူးနဲ့ အမျိုး အနွယ်ကအထက်တန်းစား”
    “မင်းကကော အောက်တန်းစားမို့လား”
    “မဟုတ်ပေမဲ့ ငါ့မှာ နာမည်ပျက်ရှိတယ်လေကွာ...”
    “ဘာနာမည်ပျက်လဲ”
    “မနှစ်က ငါ့အရက်တိုက်ပြီး မင်းဘဲမြှောက်ပေးလို့ ပုလိပ်ကို လက်သီးနဲ့ထိုးမှုနဲ့ ထောင်တလ ကျတာလေ(သွားလုလုဂျောင်း ၀တ္ထု)
    ဤကိစ္စ မိတ်ဆွေသတိရကောင်း ရပါလိမ့်မည်။
    “အို...ဒါဘာဆိုင်လဲကွာ၊ အရက်မူးရမ်းလို့ ဒဏ်ရာရပြီး ဆေးရုံတက်ရတဲ့ စာရေးဆရာတောင် ရှိသေးတာ၊ စာရေးဆရာဆိုတာ လူထဲကလူဘဲမဟုတ်လား၊ ပုထုဇဉ်သားဘဲ... မှားချင်မှားမယ်၊ မိုက်ချင် မိုက်မယ်၊ ဒီလိုဖြစ်ဘူးမှလဲ လူ့ဘ၀နဲ့ ပိုမိုရင်းနှီးတယလို့ မင်းတို့စာေ၇းဆ၇ာတွေဘဲ ပြောကြတယ် မဟုတ်လား၊ နို့ပြီး စာရေးဆရာထောင်ကျတာကော အဆန်းလား၊ ငါ့ကိုတင်မောင်ရင်းမိန်းမ စာရေး ဆရာမကြီး ကျင်စာရီပြောဘူးတယ်။ ချားလ်စ်ဒစ်ကင်းစ်တို့ အိုဟင်နရီတို့ဟာ ထောင်ထွက်တွေဘဲတဲ့ ဒစ်ကင်းစ်ကြွေးမူ ဟာသ စာရေးဆရာကြီး အိုဟင်နရီက အလွဲသုံးစား ၄၀၆ နဲ့တဲ့”
    “နို့မင့် ကောင်မလေးက စာရေးဆရာမမဟုတ်လား ...”
    “သူကတော့ဟုတ်ပါပြီ။ သူ့မိဘ ဆွေမျိုးတွေက....”
    “ဟ... မင့်ဟာက သူနဲ့ပေါင်းမှာလား၊ သူ့မိဘဆွေမျိုးတွေနဲ့ ပေါင်းမှာလား”
    “ဒါတော့ဟုတ်တာပေါ့ကွ၊ နို့ပေမယ့် သူ့လူကြီးတွေဘက်က သဘောတူမှုရအောင်က
    “ဟကောင်ရ၊ တိုင်းပြည် လူထုကို နည်းပေးလမ်းပြ စာရေးဆရာမ လုပ်နေတဲ့လူက ဒီကိုယ်ရေးကိုယ်တာ ကိစ္စမှာ ကိုယ့်သဘောနဲ့မပြီးနိုင်ရအောင် မင့်ကောင်မလေးက ငါကြားဘူးတဲ့ ဟိုသူဌေးသမီး စာရေး ဆရာမလို သူပို့တဲ့စာလဲ ဆင်ဆာနဲ့အပြကလာတဲ့ ဆင်ဆာနဲ့ စစ်ဆေးပြီး အကျယ်ချုပ် ခံနေရတဲ့ ခလေးမ မျိုးလား”
    “ဒီလိုတော့လဲ၊ မဟုတ်ပါဘူးကွာ၊ တခါတလေ ငါ့ဆီလာပြီး တယောက်ချင်း တနေ့ခင်းလုံး စာပေ အကြောင်း ဆွေးနွေးနေသေးတယ်...”
    “အဲဒါ... ငါအစရခက်နေတယ်၊ သူနဲ့ငါစာပေအကြောင်းပြောရင်းက ဒီကိစ္စစမယ် စိတ်ကူးလိုက်ရင်ဘဲ ငါ့ရင်ထဲက ဒိတ်ဒိတ်..... ဒိတ်ဒိတ်ခုန်လာတယ်၊ လက်တွေခြေတွေ တုန်နေတယ်၊ လူမနေတတ် မထိုင်တတ် ဖြစ်လာတယ်၊ အသံတွေ ဘာတွေ ဆွံ့သလိုဖြစ်လာတယ်၊ ဒီတော့ သူက “ကိုသွင် ဘာဖြစ်လဲ နေမကောင်း ဘူးလားလို့ ကရုဏာသက်တဲ့ မျက်နှာထားနဲ့ မေးတတ်တယ်၊ ဒီတော့ ငါ့စိတ်ထဲ ဘယ့်နှယ်ဖြစ်မှန်း မသိဘူးကွာ...”
    “ဒေါက်ဒေါက်...ဒေါက်ဒေါက်...
    ယင်းသည့်အခိုက်ဝယ် အခန်းနောက်ဖေးဘက်အပေါက်မှ တံခါးခေါက်သံကြားရလေရာ အောင်မြသွင်မှာ အမှတ်သညာ ရပြီးသော အမူအရာမျိုးဖြင့် “ဟောလာပြန်ပြီကွ”ဟု တီးတိုးရေရွတ်လိုက်ပြီး “ခမ်းမင်း”ဟု ခေါ်လိုက်သည်နှင့် ကျွတော်မှာ သူ့မဒီတော့်ထက်တော် တော်တော်ချောကလေးကို မြင်ရတော့မည်ဟု ကိုယ်ဟန် အနေအထားကို ပြင်လိုက်ပါသည်။ သို့ရာတွင် ၀င်လာသူကား အသက်ငါးဆယ်ကျော် ဘူတာကြီး၊ သက္ကလပ် အင်္ကျီထူကြီး၊ ပိုးလုံချည်ကွက်တုံးကြီးနှင့် ခြေလှမ်းပုံမှာ ပိုင်စိုးပိုင်နင်းရှိလှသည် မျက်နှာထား မှာ ဧည့်သည် တယောက်အနေဖြင့်မဟုတ်ဘဲ စာသင်ခန်းထဲသို့ ဆရာကြီးဝင်လာသည့်နှယ်။
    အောင်မြသွင်လည်း ကျောင်းသားပမာ နေရာမှ ပြူးပြူးပြာပြာထကာ လူကြီးကို ထိုင်ရန် ကုလားထိုင်ပြင်ပေး၏။
    လူကြီးကလည်း ဤ၀တ္တရားပြုခြင်းမျိုးကို မထူးခြားသော အမူအရာနှင့် ထိုင်ချလိုက်ပြီး စာရွက် လိပ်ကြီးကို ထုတ်လိုက်က “ဒီဝတ္ထုတော့ မင်းကြိုက်မှာအမှန်ဘဲ၊ အရင်ပေးထား တာတွေထက် ကောင်းတယ်။ ဇာတိသွေးဇာတိမာန်တက်ကြွအောင် ရေးထားတာ၊ နာမည်က “ဗမာတို့ဘုန်း မိုးသို့ချုံး”ကွ၊ ခေါင်းစည်း ရုပ်ပုံကို ကောင်းကောင်းထည့်ပါ ငါ့သဘောတော့ စကြာမင်းသားနဲ့ မြစိမ်းမင်းသမီး၊ ဘက်နမ်း နေကြတာကို ဘိုးဘိုးအောင်က ချောင်းကြည့်ပြီး ပြုံးနေတဲ့ပုံဆွဲစေချင်တယ်၊ နို့ပြီး အဲဒီရုပ်ပုံ အောက် ကလည်း (ဗမာတို့ဘုန်း မိုးသို့ချုံး “မုံ့လုံးရေဘော် ပဲကြီးလှော်)လို့ စာလုံးမဲနဲ့ ထည့်စေချင်တယ်၊ အဲ့ဒါ ငါထွင်တဲ့ တပေါင်စကားကွ၊ အဓိပ္ပါယ်အကျယ် ၀တ္ထုမှာ မင်းဖတ်ကြည့်လေ...”
    အောင်မြသွင်မှာ လေးစားစွာပင်
    “ဟုတ်ကဲ့ ဆရာကြီး”
    “ကဲအဲဒါ ဘယ်လမဂ္ဂဇင်းမှာ ပါမယ်ဆိုတာ ငါနက်ဖန်ခါ သိချင်တယ်၊ ၁၂ နာရီမထိုးခင် လာခဲ့မယ်၊ ငါသဘက်ခါ မန္တလေးသွားမလို့၊ ငါ့ဝတ္ထုကို မန္တလေးကနေဘဲ ဖတ်တော့မယ်၊ မင့်ငါလိပ်စာ ပေးခဲ့မယ်၊ ကိုယ်စား လှယ်တွေ မပို့ခင် ငါ့ဆီကို အစောဆုံးပို့လိုက်နော်၊ ကဲငါသွားမယ်၊ ခရီးထွက်ဘို့ ပြင်စရာ လေးတွေရှိသေးတယ်၊ နက်ဖန် 12 နာရီမထိုးခင် လာခဲ့မယ်နော်...”
    သူ့ကိုယ်ကာယကြီး အခန်းထဲမှ ပျောက်ကွယ်သွားသောအခါ၌ မျက်လုံးအကြာင်သားနေ လိုက်ရသော ကျွန်တော်က....
    “ဟေ့..ဒါ ဘယ်သူကြီးလဲကွ”
    အောင်မြသွင်သည် ကျွန်တော်၏အမေးကို မဖြေသေး စာပွဲပေါ် တတောင်နှစ်ဖက်ထောက် ကာ လက်နှစ်ဖက် နှင့် ထိုးဖွရင်း....
    “သေချင်းဆိုးကြီး၊ လမ်းမရောက်ကားတိုက်ခံရပါစေကွာ၊ မန္တလေးသွား လေယာဉ်ပျံပျက် ကျပါစေ ကွာ...”
    “ဟ.. ဘာလို့ဒီလောက် ကျိန်နေရတာလည်း၊ လေယာဉ်ပျံပျက်ကျတော့ သူတယောက်ထဲ သေမှာ မဟုတ်ဘူး”
    “ဒါဖြင့် မန္တလေးရောက်မှ ရွှေဆိုင်တန်းထဲ ငှက်ပျောခွံတက်နင်းပြီး မြီးညောင့်ရိုး ကျိုးပါစေကွာ ဆန်တန်းထဲသွားရင်း လမ်းလယ်ချထားတဲ့ ဆန်အိတ် ပဲအိတ်တွေ ကွေ့ရှောင်ရင်း နှုတ်သီးကောင်းတဲ့ အပျိုကြီးနဲ့ တိုးမိပါစေကွာ၊ ရဲရင့်စာအုပ်ဆိုင်ရောက်ရင် ကိုဘဇံမိန်းမ နားထိုင်းပထိုင်းနဲ့ တွေ့ကရာတွေ လျှောက်ပြော ပါစေကွာ....”
    “ဟကောင်ရ... မေတ္တပို့လှချည့်လား၊ သူဘယ်သူမို့တုန်း”
    “ငါတို့ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီးကွာ...”
    “ဟာ... ကိုယ့်ဆရာကြီး ဒီလိုဘဲ ဆုတောင်းရသလားကွ”
    “ဆရာကြီးက လာဒုက္ခပေးနေတာတော့ မင်းကမသိဘူး။ မဟုတ်ကဟုတ်က ၀တ္ထုဆောင်းပါးတွေ ရေးလာကွ။ အတာ ဖတ်ခိုင်း၊ ဘယ်စာမူ ဘယ်အပတ်ပါမလဲမေး၊ သူ့ကိုယ်သူထင်နေတာက ငါတောင် စာရေးဆရာ အယ်ဒီတာတွေရဲ့ ဘိုးအေဖြစ်ရမယ်လို့ အောက်မေ့နေတာကွ၊ ရေလာတဲ့စာတွေလဲ ကြည့်အုံးလေ၊ မင်းအခုကြားတဲ့ နာမည်မျိုးတွေနဲ့ “ရွှေသစ္စာခေါ်ဘီအေ မောင်ဘခင်”၀တ္ထု၊ “ခင်လေကြီး၏ မေတ္တာစစ်” “ထီးလက်နှင့် မပိုးအူတို့၏ နတ်စိမ်းဘ၀ နောက်ဆက်တွဲဇာတ်လမ်း ၀တ္ထုဆန်း” ဆိုတဲ့ဟာမျိုးတွေကွ၊ ဘိုးတော်ဘုရားလက်ထက်က စာဖတ်ပရိတ်သတ်တော့ ဖတ်မလားမသိဘူး၊ အဲဒါ ငါက သူနားပူ နားဆာနိုင်လွန်းလို့ တပုဒ်တလေထည့်လိုက်ပြန်ရင်လဲ ငါ့အထက်လူကြီးတွေက ဆူကြမှာဘဲ”
    “ဟ မင့်ဘယ်ဒီတာ ခန့်ထားတာဘဲ၊ မင့်မဂ္ဂဇင်းမှာ မင်းထည့်ချင်တာ မထည့်နိုင်ဘူးလား”
    “အမယ်လေး... ဝေးပါသေးရဲ့ငါ့လူ၊ ထည့်မဲ့စာကို ပုံမနှိပ်ခင် သူတို့ပြရသေးတယ်ကွ၊ အထူးသဖြင့် ကွန်မြူနစ်အားပေး၊ လက်ဝဲလေသံပါမှာစိုးလို့ကွ၊ ငါ့မှာ အခုခက်နေတာက လက်ဝဲသူငယ်ချင်း စာရေးဆရာတွေက ဒီမဂ္ဂဇင်းတိုက်မျိုး ရန်သူအားပေး လုပ်ရပါမို့လားလို့ ဟော့ဒီရှေ့ပေါက်က တရုံးရုံးနဲ့တက်လာကြပြီး ဆူတာကတစ်မျိုး၊ ဟော့ဒီအဘိုးကြီးက နောက်ဖေးပေါက်က တက်တက်လာပြီး သူ့စာမူတွေ ကြိတ်ကြိတ်ပေးတာကတစ်မျိုး...”
    “အေး...အေး... သူ့ငါကြည့်နေတယ်။ တက်လာတော့လဲ နောက်ဖေးပေါက်၊ ပြန်ဆင်းလာတော့လဲ ဒီလမ်း၊ အိမ်ရှေ့က ဘာလို့မတက်တာတဲ့လဲ”
    အမယ်လေးကွာ သူ့လိုပုဂ္ဂိုလ်ကြီးက ငါ့လို လူငယ်ဆိုစာမူ လာပေးရတာ လူများမြင်ရင် ရှက်လို့တဲ့ကွာ။ အင်း.... နက်ဖန်တော့ ဒီမျက်နှာကြီး နောက်ဖေးတံခါးက ၀င်လာတာမြင်ရချေသေးရဲ့ကွာ...။ ငါ့ဘယ့်နှယ်လုပ်ရပါ့မလဲဧ
    “ဟကောင်ရ ကိုယ့်ဝတ္တရားအတိုင်း မှန်တဲ့အတိုင်း ပြောလိုက်ပေါ့ကွာ”
    “မင်းကပြောတော့ လွယ်လိုက်တာ... ငါ... သူ့မျက်နှာမြင်တော့ ဘယ်လိုဖြစ်ဖြစ်သွားလဲ မင်းသိလား”
    “သိပေါင်ကွယ်”
    “မင်း-မင်းတို့ ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီးက ငါငယ်ငယ်တုန်းကဘဲ အူအတက်ပေါက်ပြီး သေသွားတာ”
    “အေး... အဲဒါမင်းကုသိုလ် ကောင်းတယ်။ ငါဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြမယ်၊ ငါသူ့မျက်နှာမြင် သူ့အသံကြားရပြီဆိုဘဲ ငါဟာ တခါတည်း ဆယ့်ကိုးနှစ်သားလေး ပြန်ဖြစ်သွားပြီး ဟိုတုန်းက အတိုင်းဘဲ သူ့ကို ကြောက်သွားတယ်ကွ။ အဲဒီတုန်းက ခုံအောက် ကြံဖက်တွေပစ်လို့ ဒဏ်ပေးတာတွေ။ အမေပုကြီး ဇီတော်ပင် ဇီးသီးခိုးတာ လာတိုင်လို့ အရိုက်ခံရတာတွေ... သစ်ပင် တက်တာ မိသွားလို့ တိုင်ဘက် ခိုင်းတာတွေ.. ရေကူးတာသိသွားလို့ ကြိမ်ဒဏ်နှက်တာတွေ၊ ကောင်မလေးတွေ သွားစမိလို့ လက်မြှောက်ခိုင်းတာတွေ ပြန်သတိရပြီး ရင်ထဲတဒိတ်ဒိတ် ဖြစ်လာတယ်ကွာ၊ အခုဘဲ အော်ပြု ငေါက်လိုက်အုံးမလားလို့ အောက်မေ့မိတယ်ကွာ... ငယ်ကြောက် ငယ်နိုင်များဟာ တယ်အစွဲကြီးတာဘဲကွာ”
    “အဲဒါမင်းကိုယ်မင်း.... သတိထားပေါ့ကွ၊ ငါမငယ်တော့ဘူး၊ တိုင်းပြည်တာဝန်ထမ်းတဲ့ စာရေးဆရာကြီး အယ်ဒီတာကြီး ဖြစ်နေပြီ။ သူအခု ငါ့ကျောင်းအုပ်ဆရာကြီး မဟုတ်တော့ဘူး သူ့ကျောင်းကသင်ရတာက လေးတန်းရယ်၊ အခုငါက ကော်လိပ်ထွက် သူ့ထက်ပညာသာတယ်။ စာပေဗဟုသုတ ကြွယ်တယ်လို့ ကိုယ့်ကိုယ်ကို အားပေးပြီး အမြင်မှန်ကို ပြောပေါ့ကွာ...”
    “အေး- အဲလို ငါ့ကိုယ်ငါတင်းပြီး ပြောမယ်လို့ စိတ်ကူးတယ်၊ ကြိုးစားပေါင်းများလှပြီကွ၊ ဒါပေမယ့် ဒီနေရမှာသွားတူနေတာက ကြူကြူအေးကို ချစ်စကားပြောမယ်ကြံတာတွေလိုဘဲ ပါးစပ်ပြင်လိုက်ရင်း ရင်ထဲ တဒိတ်ဒိတ်ခုန်ပြီး အသံတွေ ဆွံ့ဆွံ့နေတယ်ကွ၊ ဘယ်လိုဖြစ်မှန်းမသိဘူး”
    “မင့်ဟာက တယ်ခက်တာကိုးကွ.. နေရာတကာ မကြောက်ရမှာ ကြောက်နေတာဘဲ"
သူငယ်ချင်း တယောက်မှာ အခက်အခဲ တွေ့နေပြီဆိုလျှင်၊ ကျွန်တော် မနေတတ်တော့ချေ။ ထိုနေ့ ညနေ အိမ်ပြန် ရောက်သောအခါတွင် (နေရာတကာ တပည့်အားကိုးဘဲ ဆိုချင်လဲဆိုကြပါတော့)
'ပေါ်အူး ... ရေ'
'ဆရာ'
'မနက်က မင်းနဲ့ ငါနဲ့ မကျေနပ်ကြတာကို ခဏရပ်ထားလိုက် ပြီးတော့၊ အခုမင်းဦးနှောက်ကို ခလောက်လိုက်စမ်းကွာ'
'ဆရာ ဘယ်သူ့ အမှုယူလာပြန်ပလဲ'
'အောင်မြသွင်ပေါ့ကွာ၊ မင်းစာရေးဆရာမကြူကြူအေးကို တာကြားဘူးလား....'
'အရပ်မြင့်မြင့်လေ သူနဲ့တွဲတော့ ခပ်ပုပုသူငယ်မ တယောက်နဲပ၊ ဆူးလေဘုရားလမ်း စာအုပ်ဆိုင် မှာတွေမှာ မကြာခဏ တွေ့တာဘဲ'
'ပေါ်အူး ... ကမ္ဘာမှာ မင်းမသိတာ မရှိပါလားကွာ'
'နို့ပြီး သူရေးတဲ့ ၀တ္ထုတွေ ကဗျာတွေလဲ ဘတ်ဘူးပါတယ်' ကျမ ကဝေမယ်' 'လိုက်ဘမ်းခြမ်းနှင့် ထွက်ပြေးခြင်း' 'ခွေးပြည်မှာ တသက် ငရဲပြည်မှာတရက်' 'နေ့ခင်းလယ်ကြီး အိပ်ပြီးတော့နေ' ဆိုတော တွေလေ၊ နာမည်တွေလဲဆန်းတယ်၊ စိတ်ကူးလဲ ထူးခြားတယ် အရေးအသားလဲ ထွင်တယ်'
'အေး ... အေး ... မင်းပြောမှ သတိရတယ်၊ ငါသူ့ကဗျာ တစ်ပုဒ်ဖတ်ဘူးတယ်ထင်တယ်၊ နာမည်က 'ရှင့်မဆလာ့ဆရာဆိုလားဘဲ ငါနည်းနည်းပါးပါးတောင် မှတ်မိပါသေးတယ် ......။ အဲ အဲ - သတိရ ပြီ၊ 'ရှင်အပ္ပနားကြီး၊ ထောင်းစမ်း မဆလာတဆုံလောက်။ ရော့ လေးညှင်းဖာလာ ဇီရာယူလေ၊ တမာဂူအိုး ဟိုနားတိုး ထားဆုံနဲ့ ကျည်ပွေ့ ဒီမှာ တွေ့လား၊ အမေ့ကိုလည်း မပြောနဲ့ ဟောတော့ ကြည့်စမ်း၊ အရမ်းကြီး ထောင်းတော့၊ နှာခေါင်းထဲတောင်မွှန်လိုက်တာ ဟတ် ချိုး - အဟွတ်၊ ရှင်က ဒီမှာ မဆလာ ကောင်းကောင်း မထောင်းတတ်ဘူးလား အရာကြီး'တဲ့ တော်တော် အရေးအသား နွဲ့တယ်ကွ၊ စကားပြောတော့လဲ တီတီ တာတာ ရှိလိမ့်မယ်ဒါနဲ့ အယ်ဒီတာ အောင်မြသွင်က အသဲ အမဲစွဲနေတယ်ကွ'
'ခလေးမကလဲ ပြန်ချစ်ပါလိမ့်မယ် ဆရာ၊ သူတို့ရေးကြတဲ့ ၀တ္ထုတွေ၊ ကဗျာတွေမှာ တယောက် တယောက် စောင်းချိတ်ကြူနွှဲထားတာတွေ တွေ့၇တယ်'
'အေး ... ဒါနဲ့တောင် ဒီကောင်က လူချင်းစရမှာ ခက်သတဲကွ'
'ဒါမျိုးဖြစ်တတ်တာဘဲ ဆရာ'
'ဖြစ်တတ်တာတင် မဟုတ်ဘူး၊ ဒီကောင်ကိုက ပိုဆိုးပါတယ်ကွာ၊ သူ့ကျောင်းအုပ် ဆရာကြီးဆို တာကိုလဲ အလုပ်နဲ့ ပတ်သက်ပြီး ပြောသင့်တဲ့ စကား မပြောဝံ့တာကလဲ တခက်ရှိနေသေးတယ်ကွ' အစချီပြီး အောင်မြသွင် ၏ ဖြစ်ထေါကို ပေါ်အူးခုံရုံးတွင် တင်ပြလိုက်ပါသည်။
ပေါ်အူးသည် ကျွန်တော် ပြောသည်တို့ကို နားထောင်ပြီး
'အင်း ... ဒါက ဆရာ ... ကိုယ့်မှာ ထိုက်တန်တဲ့ အခြေအနေ အခွင့်အရေးရှိရက်သားနဲ့ ကိုယ့်ကိုယ် ကို ယုံကြည်မှုမရှိဘဲ အစိုးရိမ်လွန် အကြောက်လွန်နေတာဘဲ ... ညံ့ဖျင်းတဲ့ စိတ်ဓာတ်ပေ။
အေး ... အေး ... အင်္ဂလိပ်လိုတော့ Inferiority Complex ခေါ်တယ်ကွ၊ ဒီကောင့်မှာ အဲဒီအတွက် နဲ့ဘဲ အခု ရင်ဆိုင်နေရတဲ့ ပြဿနာနှစ်ရပ်မှာ အခက်ကြုံနေရတယ်ကွ'
ဒါက ... ဆရာပထမတခု အောင်မြင်သွားရင်ဖြင့် ဒုတိယ ဟာပါ တဆက်ထဲ ကိစ္စပြီးသွားနိုင်ပါ တယ်။
'ဘယ်ဒင်းက ပထမလဲ'
'ကြူကြူ အေးပါ့ဆရာ့'
'ဒါဖြင့် ဘယ်လိုလုပ်မလဲ'
'စဉ်းစားပါရစေအုံး ဆရာ'
စဉ်းစားစဉ်းစား တည အိပ်လိုက်ရင်ဖြင့် မင်းခေါင်းဟာ အသစ်ဖြစ်ပြီး၊ ဦးနှောက်ထဲမှာ အသင့် ဖြစ်နေလိမ့်မယ်။
တနေ့တာလုံး ပင်ပမ်းနွမ်းနယ်ခဲ့သော သားတော် သမီးတော်တို့အားတို့အား အိပ်စက်နားနေ အားသစ်ကို ဖြစ်ပေါ်စေရန် ညဥ့်အချိန်ကို ဖန်တီးပေးတော်မသော ဘုရားသခင်ကို ကျေးဇူးတင်ပါ ၏။'
ခရာဇ်ယာန်ဘာသာ၏ နံနက်ခင်း ချီးမွမ်းခြင်းကို အောက်မေ့မိပါသည်။
ကျွန်တော်သည် ယခုနံနက်ခင်းမိုးသောက်၌ အားသစ်များ တိုး၍ ဦးနှောက်ထဲတွင် အကြံကောင်း ဥာဏ်ကောင်းများပင် ၀င်နေပါသည်။
'ပေါ်အူးရေ ...'
ချက်ခြင်းအဖြေမရ။ လျှပ်စစ်ဘဲလ်ကို တော်တော်ကြာကြီး  နှိပ်လိုက်မှ ပြာရိပြာယာ ရောက်လာ သဖြင့် ...
'မင်း ... ဘယ်မှာ သွားနေလဲ'
'ဧည့်ခန်းမှာထိုင်ပြီး ဆရာ့ပန်းအိုးကြီးကို ကြည့်နေပါတယ်'
'ဘာလဲ ... ငါ့ တရုပ်ဟိမ၀န္တာကြီးကို မင်း သဘောကျလာပြီလား'
'ကျပါဘူး ဆရာ'
ကျွန်တော် ခပ်ငေါက်ငေါက်ပင် ...
'နို့ ... ဘာလို့ ကြည့်နေရတာလဲ'
'ညက ကိုအောင်မြသွင်အတွက် စိတ်ကူးတာမှာ ဒါကြီးက မျက်စိထဲကို ကိုးလိုးကန့်လန့် ပေါ်လာလို့ ဆရာ'
'ဟေး ... တော်တော့ တော်တော့ ပေါ်အူး'
(ဒီကောင့်သဘောမှာ ဤပန်းအိုးကြီးကို သူ့ဆန္ဒအတိုင်း လိုက်နာမှ ကျွန်တော်ခိုင်းသည့်ကိစ္စကို သူဆောင်ရွက်မည်ဟု ဆိုလိုသည်။)
ထို့ကြောင့် 'မင့် ... အကူအညီကို ငါမလိုချင်တော့ဘူး၊ ငါ့ ... သူငယ်ချင်းအတွက် ငါ့ခေါင်းထဲမှာဘဲ အကြံဥာဏ်ပေါ်လာပြီ'
'ကောင်းပါပြီ ဆရာ'
'မင်း ... ငါ့အကြံဥာဏ်သိရရင်ဖြင့် အံ့သြမှာဘဲ'
'ဟုတ်ကဲ့ ဆရာ ...'
'မင်း ... ငါ့ကို ဂျုံမှုံ့ တပိသာလောက် ၀ယ်ပေး'
'အခု သွားဝယ်ရမလား ဆရာ'
'နေအုံး ... မင်း ငါ့စိတ်ကူးကို နားထောင်သွားအုံး၊ ငါ့ ... အကြံက စိတ်ပညာနဲ့ ပတ်သက်ပြီး တော်တော်လေးနက်တယ်ကွ၊ ဒီမှာ ပေါ်အူးမင့်ဆွေမျိုး မိတ်ဆွေတွေထဲမှာ မင့်ထက်ငယ်ပြီး မင့်ဂုဏ်သိက္ခာကို လေးစားကြည်ညို ရိုသေတဲ့ သူတွေရှိမယ် မဟုတ်လား ...'
'ရှိပါ တယ် ဆရာ'
'အေး ... အဲ့ဒီ လူတွေက မင့်ကိုကြောက်ရွံ့ပြီး ရွှတ်ရွှတ်နောက်နောက် မလုပ်ဝံ့ဘူး၊ မင်း အလို မကျမှာကို မပြောဝံ့ဘူးမဟုတ်လား ...'
'ဟုတ်ပါတယ် ဆရာ ...'
'နို့ပေမယ့် အကယ်၍ မင်းဟာ နဂိုအိနြေ္ဒ ဟန်မူရာမဟုတ်ဘဲ အရက်မူးပြီး အ၀တ်အစား ဖရိုဖရဲနဲ့ ကခုန်နေမယ်၊ သို့မဟုတ်  မင့်တူမအိမ် မီးဖိုခန်းအောက်ဖြတ်လျှောက်ရင်းနဲ့ အပေါ်ကလက်ဆေး ရေ သွန်ချလိုက်တာ တကိုယ်လုံး ရွှဲသွားမယ်ဆိုရင် အခုန လူငယ်တွေက မင့်ကို ခဏတာ လောက် လေးစားကြောက်ရွံ့မှု ပျောက်သွားပြီး လှောင်ကြ ပြောင်ကြမယ်၊ ရီမောကြမယ်။ ယခင်က မပြောခဲ့ ဘူးတဲ့ စကားလုံးမျိုးနဲ့ ပြက်ရယ်ပြုဝံ့ကြလိမ့်မယ် မဟုတ်လား'
'ဖြစ်နိုင်ပါတယ် ဆရာ'
'အေး ... အဲ့ဒါဟာ ငါ့ကိုယ်တွေ့ထဲက အသိဥာဏ် ရလာတာကွ၊ ဘယ်လိုလဲဆိုရင် ငါဟို အရင် မန္တလေးသွားနေတုန်းကကွ၊ တနေ့ခင်းမှာ ဦးကြီးသိန်းက ဘယ်လိုက ဘယ်လို စိတ်ကူးပေါက် တယ် မသိပါဘူး၊ တကတဲ ငယ်မူပြန်ပြီးတော့ ဒေါ်ကြီးစိုး အိပ်တယ်နေတာကို အိုးမဲနဲ့ နှုတ်ခမ်းမွေး တွေ မုတ်ဆိပ်မွေးတွေ ဆွဲတယ်၊ ဒေါ်ကြီးစိုးလဲ အိပ်ရာက နိုးရောဟေ့ ...၊ ငါက ရီရုံမကဘူး၊ 'ဟာ ဒေါ်ကြီးစိုးက နေ့ခင်း အအိပ်ကြီးလိုက်တာက တညလုံး က,ရတဲ့ မင်းသမီးမငွေမြိုင်ကြီးကျနေတာ ဘဲ' ဘာညာနဲ့ ပြောရောဟေ့ ဘာလို့လဲဆိုတော့ ငါ့စိတ်ထဲမှာက ဒေါ်ကြီးစိုးနေ့ခင်း နေ့ခင်း ရေချိုးပြီး သနပ်ခါး ခြေဆုံး ခေါင်းပိုင်းလိမ်း၊ မျက်ခုံးမွေးဆွဲနဲ့ လုပ်နေတာကို ကြည့်ကြည့်ပြီး 'ခင်ဗျား ကြီးကလဲ အိပ်နေတာဘဲ ပိုလိုက်တာဗျာ၊ မငွေမြိုင်ကြီးပွဲ ထွက်ခွာနီးကျနေတာဘဲ 'ဘာညာ ပြောချင်နေတာက ကြာပြီကိုးကွ၊ ကြောက်လို့သာ မပြောဘဲ နေခဲ့ရတာ၊ အဲဒီအခါကျတော့ ပြောရဲ သွားတယ်ဟေ့ ...၊ ကဲ ... အဲ့ဒါက မင်းစဉ်းစားကြည့်တေ့၊ ငါဆိုယင် ဒေါ်ကြီးစိုးကို ဘယ်လောက် ကြောက်သလဲ၊ မင်းသိတဲ့အတိုင်း အခု အောင်မြသွင်လဲ သူ့ဆရာကြီးအပေါ်မှာ ဒီစိတ်မျိုး ပေါက်အောင်လုပ်ပေးရမယ်ကွ'
'ဘယ်လို လုပ်ရမှာလဲဆရာ'
'ဘာခက်လဲကွာ၊ အခုန မင့် ၀ယ်ခိုင်းတဲ့ ဂျုံ့မှုံ့ကို အိတ်ထဲထည့် သူ့ဆရာကြီးဝင်မယ့် နောက်ဖေး လှေကားပေါက် တံခါးဘောင်ပေါ်တင်၊ တံခါးတွန်းဖွင့်လိုက်တဲ့အခါမှာ တခါထဲ လောင်းချလိုက် သလို ဖြစ်အောင် လုပ်ထား၊ သက္ကလပ်အင်္ကျီမီးခိုးရောင်ကြီးနဲ့ ပိုးလုံချည်ကွက်တုံးကြီး ၀တ်ထား တဲ့ ငနဲကြီးတခါထဲ ဖိုးသူတော်ဖြစ်သွားတာ မြင်ရရင် အောင်မြသွင် ခွက်ထိုးခွက်လန် မရီဘဲ နေမလား ကွာ၊ သူ့စိတ်ထဲ ပြောချင်တာလဲ တခါထဲ ထွက်လာရောပေါ့၊ အ ဟတ် ဟတ် ဟား ပေါ်အူး ငါ့အကြံ မကောင်းဘူးလား၊ သွားကွာ ... ဂျုံ့မှုံ့သာ ၀ယ်ချေပါ'
ကျွန်တော်သည် အခန်းဝ တံခါးဘောင်ပေါ်တို့၌ ရေပုံးတင်ထားခြင်း၊ ဂျုံ့အိတ် တင်ထားခြင်းတို့မှာ ငယ်စဉ်တောင်ကျေးကလေးဘ၀ကပင် ကျွမ်းကျင်သူဖြစ်ပေရကား အောင်မြသွင်၏ အလုပ်တိုက် သို့ ၁၀နာရီ မထိုးမီ သွားရောက်ကာ အဘိုးကြီးဝင်မည့် တံခါးပေါက်၌ သူ့အတွက် ထောင်ချောက် ကို ကျနစွာ စီမံထားလိုက်လေ၏။
မိမိအလုပ် မိမိကျေနပ်သောအခါ၌ တိုက်အောက်သို့ ဆင်းခဲ့ကာ ရှေ့မျက်နှာစာတွင် လမ်းလျှောက် ရင်း အောင်မြသွင်ကို စောင့်မြှော် နေခဲ့လေသည်။
သို့ရာတွင် ခွေးမသားမှာ ဒီနေ့မှ ဘာကြောင့် နောက်ကျသည် မသိ။ အခြား အလုပ်သမားတွေ ရောက်ပြီး ဆယ့်တချက်တီးသည်တိုင်အောင် ပေါ်မလာသေးချေ။
ထိုကြောင့် ကျွန်တော်သည် ၀မ်းထဲ ခပ်ဟာ ဟာ ရှိသည်နှင့် မနီးမဝေးရှိ လဘက်ရည်ဆိုင်သို့ သွား သည်။
နာရီဝက်မျှ ကြာမည် ထင်ပါသည်။ အောင်မြသွင် ရောက်လာပြီအထင်နှင့် သူ့အခန်းသို့ တက်ခဲ့ သောအခါတွင် ...
အလို ဘုရားရေ ...
ဒီကောင် မရောက်သေး။ သူ့ဆရာကြီးသာ ကျကျနန ထိုင်လျက် ရှိသည်။ သူ့ကိုယ်မှာလည်း အဖြူစက်ဆို၍ တမှုံ့မျှမရှိ။ ငနဲကြီးဒီနေ့မှ ရှေ့ပေါက်က အဘယ့်ကြောင့် ၀င်လေဘိသည်။
ကျွန်တော် မျက်နှာချို သွေးလိုက်ကာ ...
'အော် ... ဦး၊ ဦးတပည့် မရောက်သေးဘူးလား'
'မရောက်သေးဘူး ကွယ့် ...'
'ဒီကောင် ဒီနေ့မှ ဘာကြောင့် နောက်ကျရတယ် မသိပါဘူးဗျာ။ ရော့ ... ဦး စီကရက်သောက်ပါ'
စီးကရက်ဘူး ထိုးပေးလိုက်ပါသည်။
'ဦး ... ဆေးပြင်းလိပ် သောက်တယ်ကွယ့်'
သူ့ဆေးပြင်လိပ်ကြီးကို သူအိနြေ္ဒရရ ဖွာနေသည်။
ကျွန်တော် သူ့မျက်နှာကို တော်တော်ကြာမျှ ခပ်စိမ့်စိမ့် ကြည့်နေပြီးနောက် ....
'ဦး ... ဒီနေ့နောက်ဖေးလှေကားက ဟက်မလာခဲ့ဘူး မဟုတ်လား ...'
'အေးကွယ် ... သူတို့ တိုက်အုပ်က ဒီလှေကားက တက်တာ ဆင်းတာ မကြိုက်ဘူးဆိုတဲ့ အကြောင်း မနက်က ဘဲ စာလာပေးတယ်'
ကျွန်တော် မျက်လုံးပြူးကာ ...
'ဘယ်သူ လာပေးတာလဲ ...'
'မသိပါဘူးကွယ်၊ သူငယ်တယောက် ဂျုံ့မှုံ့ အိတ်ကလေး ကိုင်လို့ ...'
(မအေပေး ခွေးမသား ပေါ်အူး) ကျွန်တော့စိတ်ထဲမှ ရုတ်တရက် ရေရွတ်လိုက်မိသည်။
ယင်းသည့်အခိုက်ဝယ် ...
'ကျွန်တော် အလွန်ပျော်တာ ချစ်သူလေးရဲ့ ပျိုကညာပွေ့လို့သာနေချင်တာ လာဒါဒါ၊ ဒါဒါ ... ဒါ။ ငါလိုလူ ဇဗ္ဗူဝယ် ရှိတယ် စိတ်ကထင်ဘူးကွယ် လယ်ဒယ် ဒယ်ဒယ် ဒယ်'
အောင်မြသွင်၏ မမပျော်စဖူး ထူးထူးခြားခြား ကျူးရင့်သံနှင့်အတူ ခွေးမသား သဏ္ဍာတော်ငွေ့ အမှုမဖြစ်အောင် ဘုံးလိုက်ရသော ပြည်တော်ချစ်ပုဂ္ဂိုလ်ကြီး၏ မျက်နှာမျိုးနှင့် ၀င်လာကာ
'ဟဲ့လို့  အေးဆွေ ဟဲ့လို ဆရာကြီး ရောက်နေကြတာ ဘယ်လောက်ကြာပြီလဲ ဆရာကြီးကို ပြောစရာရှိတာ ပြောရအုံးမယ်။ ဆရာကြီးကို ကျွန်တော်က ကျေးဇူးသိသော တပည့်ဟောင်းကြီးအနေနဲ့ ချစ်ကြည် လေးစားစွာ အကြံပေးရယင်ဖြင့် ဆရာကြီးဟာ နောက်ထပ်ဘယ်တော့မှ ၀တ္ထုမရေးဘို့ အဲ ရေးပြီးသားရှိရင်လဲ ကိုယ့်အရှက် ကိုယ်ငဲ့သောအားဖြင့် လူမြင်မခံဘဲ မီးနဲ့ရှို့ပစ်ဘို့ပါဘဲ နို့ပြီးမန္တလေးသွား မြို့ရိုးကျုံး မြောင်းကြည့်ပြီး ရာဇ၀င်ဝတ္ထုရေးမယ်ဆိုတာလဲဘဲ အဲဒီ အကြံပယ်ဖျက်လိုက်ပြီးတော့"
သူဤသို့ ပြောနေစဉ်၌ လူကြီး၏မျက်နှာမှာနီရဲ၊ ရဲရာမှ မဲသွားပြီး ထိုင်ရာမှ ၀ုံးကနဲထကာ တဟုန်တည်း လစ်ပါတော့သည်။
ကျွန်တော်ပင် သနားအားနာဖြစ်မိကာ အဖိုးကြီး၏အတ္တဘောကြီး ပျောက်ကွယ်သွားသည်၌…..
'ဟေ့ …. အောင်မြသွင် မင်းဒီနေ့ဘာဖြစ်လာတာလဲကွာ…. မင့်အပြောင်းအလွှဲမြန်လှချည့်လား'
'မြန်ဆို ငါ အခုသိပ်ပျော်နေတယ် အေးဆွေ …. သိပ်ပျော်တယ်၊ ဒီအချိန်မှာ ငါမလုပ်ရဲ မပြောဝံ့ တာမရှိဘူး ကွမှတ်ထား၊ ငါကောင်မလေးကြူကြူအေးနဲ့လဲ သစ္စာနှံ့ခဲ့ပြီကွ'
'ဟေ့ ….. ဘယ်မှာလဲ'
'မင့်အိမ်မှာလကွာ မင်းမသိဘူလား ၁၀ နာရီလောက်ကဘဲငါ အလုပ်လိုက်သွားမယ်ပြင်နေတုန်း မင်းတပြည့် ပေါ်အူးက မင်းကဆို ဖုန်းဆက်ခေါ်လို့ငါ မင့်အိမ်သွားတယ်၊ ရောက်တော့ ပေါ်အူးက မင်းအပြင် ထွက်သွားလို့ ခဏစောင့်ပါဆိုလို့ ဧည့်ခန်းမှာ ငါသူညွှန်ပြတဲ့နေရာ ထိုင်ပြီး စာဖတ် နေတယ်၊ တော်တော်ကြာတော့ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ငါမေ့လဲကျသွားတယ်၊ သတိ ရလို့မျက်စိဖွင့်ကြည့်တော့ လားလား ငါကကြမ်းပေါ်မှာတုံးလုံ ငါ့ကောင်လေးက ငါ့ကိုဖက်ပြီး မျက်ရည်စက်လက်နဲ့ ဒီတော့ငါက သူ့လက်ကလေးဆွဲပြီးချော့ရတာပေါ့ကွ ဟားဟား ဟားဟား…. အေးဆွေ မင်းမိန်းမကလေး အငိုတိတ်သွားအောင် ချော့ဘူလား။ ငါ အခု သူနဲ့ ရုပ်ရှင်သွားကြည့်မလို့ ခွင့်စာပေးရအောင်လာတာကွ အပေါက်ဝမှာဘဲ ကိုယ်ဘော့စ်နဲ့ တွေ့ပြီး ပြီ၊ သွားမယ်ကွ အေးဆွေ'
သူ ပြောပြောဆိုဆိုနှင့် ထွက်သွားလေရာ
'ဟေ့ ဟေ့ ကောင်ရ ငါနားလည်အောင်များရှင်းစမ်းပါအုံးကွ …..
'ငါ့မှာအချိန်မရှိဘူးကွ၊ အောက်မှာ မင့်တပည့် ပေါ်အူးရှိတယ်'
အခန်းထဲ၌ သူ့စကားသံကျန်ခဲ့သော်လည်း လူမှာပျောက်ကွယ်သွားလေပြီ' ကျွန်တော်အမြန်လိုက် ပါသော်လည်း အောက်ရောက်သောအခါ၌ သူ့ကိုမတွေ့ရတော့ မော်တော်ကားတစ်စီး ထွက်ခွာ သွားသည်ကိုသာ မြင်ရလေသည်။
ကျွန်တော်ပေါ်အူးကို ဟိုဟိုဒီဒီ ကြည့်လေရာ ခွေးမသားနောက်ဖေးဘက် စပယ်ရုံကလေးအနီး၌
'ဟေ့ …….. ပေါ်အူး ' …….ပေါ်အူး'
ကျွန်တော်သူ့ဆီကို အမြန်သွားသည်။ သူကတော့ သူ့အမူအတိုင်း အေးစက်စက်နှင့်ပင်……
'ဘာလဲဆရာ'
'မင်း အောင်မြသွင်ကို မေ့အောင် ဘယ့်နှယ်လုပ်လိုက်တာလဲ'
'ဒုတ်ကောင်းကောင်းနဲ့ နောက်ကနေ အုပ်ဆက်တီးလိုက်တာဘဲပေါ့ဆရာ'
'ဒီတော့ ဟိုကောင်မလေးက ဘယ်ကရောက်လာတာလဲ'
'ကိုအောင်မြသွင်ကို ကျွန်တော် မရိုက်ခင်ကဘဲ သူ့ဆီ ဖုန်းဆက်ပြီး …….. 'ဒီမှာ ကိုအောင်မြသွင် မတော်တဆ ဝေဒနာရပြီး ခင်ဗျာ့နာမည်ကို တ, တ, နေတယ် အမြန်လာခဲ့ပါ' ပြောလိုက်တော့ သူအတော်ဘဲ ပျာပျာယာယာ ဖြစ်တယ်၊ ဒီတော့မှ ကျွန်တော်က သူ့အရောက်မှန်းပြီး ကိုအောင်မြသွင် စာကုန်း ဖတ်နေတုန်း နှက်လိုက်တာဘဲဆရာ့'
'ကဲ …….. နောက် သူသတိရလာတော့ မင်းကဘာဖြစ်လို့ လို့ပြောလဲ ………'
'အထူးပြောနေစရာ မလိုပါဘူးဆရာ ဆရာ့တရုပ် ဟိမ၀န္တာကြီးက သူ့နဘေးမှာ လဲကျနေတာဘဲ'
'ဟေ့ …….. မင်းက တွန်းလှဲထားလို့လား'
'တွန်းမလှဲပါဘူးဆရာ ကိုအောင်မြသွင် အုပ်ဆက်တီးပြီး နောက်တချက်  တရုပ်ဟိမ၀န္တာကြီး လယ်ဆစ်ကို ဆော်လိုက် တာဘဲ'
' ဟာ …….. ဒီလိုဆိုတော့ မကွဲဘူလား'
'ကွဲလိုက်တာမှ အစိတ်စိတ်အမွှာမွှာပေါ့ဆရာ ဘယ့်နှယ်လုပ်မလဲ ဒီပန်းအိုးမျိုးဆိုတာက လဲရင်ကွဲရမယ်၊ ကွဲလောက်အောင်ပြင်းထန်မှလဲ သူ့နောက်ဆက်ထိလို့ သတိမေ့သွားတယ်ဆိုတာ ယုတ္တိရှိမပေါ့၊ မတတ်နိုင်ဘူး ဆရာ ကျွန်တော်လဲ သူ့ကို သတိမေ့အောင် တွယ်လိုက်ပြီးမှ 'ဟ သတိရရင် ဘယ်လို ပြောရပါ့မလဲ' ဆိုတာ ရုတ်တရက်အကြံရပြီး လုပ်မိလုပ်ရာ လုပ်လိုက်ရတာပါဘဲ ဆရာ'
ကျွန်တော် မအ, ပါသူ့နပ်နော အကုန်သိပြီးသား။
'ကဲ ….. လာ လာ ပေါ်အူး အိမ်ပြန်ကြမယ် ငါ့ခေါင်းနေပူလိုကတာ……….'
'ပူမှာပေါ့ဆရာ ဆရာ့ခေါင်းဦးထုတ်မှမပါခဲ့တာ အပေါ် ကိုအောင်မြသွင်အခန်းမှာ ကျန်ခဲ့လိမ့်မယ် ထင်တယ်၊ ကျွန်တော်သွားယူလိုက်မယ်'
'အို … နေပစေ နေပစေ' ကျွန်တော်သူ့ကို စိတ်ကောက်နေသည်ဖြစ်၍ 'ငါ့ဟာငါသွားယူမယ်' ကျွန်တော် ပြောပြောဆိုဆိုနှင့် လှေကားကို အပြေးတက်သည်။
တံခါး တွန်းဖွင့်လိုက်ရာ
အလိုလေး …. အလိုလေး ……
ဟတ်ချိုး … ဟတ်ချိုး ………
မျက်လုံးထဲလဲဝင် တကိုယ်လုံးလဲဖြူဖြူဖွေး။
ကိုယ့်ထောင်ချောက်နဲ့ကိုယ်မိနေပါပကော။
အကြောင်းမှာ ကျွန်တော်သည် တရုပ်ဟိမ၀န္တာကြီး ဆုံးရှုံးရသည်နှင့် မွှန်ထူပြီး နီးစပ်ရာ လှေကားမှ ကမူးရှူးထိုး တက်လာခဲ့သောကြောင့် ……..
'ဟတ်ချိုး …. ဟတ်ချိုး ဟေ့ ……… ပေါ်အူး လာပါအုံးကွ'
'အော် ……..ဆရာ …….. ဖြစ်မှဖြစ်ရလေ ဆရာ့ အပေါ်အင်္ကျီ ချွက်လိုက်ဆရာ'
သူ တကိုယ်လုံးပွတ်သတ်သုတ်သင်ပြီး
'ကိုယ်ကတော့ စင်သွားပါပြီ ခေါင်းကတော့ ဆူးလေဘုရားလမ်းသွားပေတော့ဆရာ'
'ဘာလုပ်ဆူးလေဘုရားလမ်းသွားရမှာလဲကွ'
'ပရီးမီးယား ကို ခေါင်းလျော်ရအောင်လေဆရာ၊ ဆရာဒီနေ့ ဂျုံ့အိတ်တင်ရ လူထိုင်စောင့်ရနဲ့ တော်တော် ညောင်းရော့မယ် အနှိပ်လဲခံခဲ့တာပေါ့ဆရာ'
ပြီးပါပြီ
ရွှေမန်းသင်္ကြန် မျှော် (အေးဆွေ-ပေါ်ဦး)
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, January 16, 2010
ပန်းသတင်း (ဇန်နဝါရီ ၁၂)
ထောင်လှောင်နေ
သော်တာဆွေ
"အား ... ပေါ်အူး"
"ဆရာ"
ကျွန်တော်သည် နံနက်အိပ်ရာမှနိုး၍ ချောင်းတချက်ဟန့်လိုက်သဖြင့် ထုံးစံအတိုင်း သွားတိုက်ဆေး တင်ပြီးသား သွားပွတ်တံနှင့် ရေဖလားကိုကိုင်၍ အိပ်ခန်းထဲသို့ ၀င်လာသော ပေါ်အူးအား မျက်စိဖွင့်ကြည့် လိုက်ရာ ပေါ်အူး၏ ကိုယ်မှာအငြိမ်မနေ တရိပ်ရိပ်လှုပ်၍နေသဖြင့် ..
မင်းကြည့်ရတာကွာ အနှစ် ၂၀လောက်ကြာနေတဲ့ ဘိုင်စကုတ်ဟောင်းကြီးကို ကြည့်ရသလိုဘဲ တုံတုံမှုန်မှုန် ကြီး ဖြစ်နေပါလားကွ"
ပေါ်အူးသည် ကုတင်နံဘေး၌ ခြေစုံရပ်ကာ တည်ငြိမ်သော အသံဖြင့် ...
"ဟုတ်ကဲ့ဆရာ တခြားကြောင့်မဟုတ်ပါဘူး၊ ညက ဆရာ့ဗိုက်ထဲဝင်သွားကြတဲ့ အရက်တွေက ပါတီအား ကောင်းပြီး ဆရာ့မျက်စိကို မတရားလှည့်စားနေလို့ပါဆရာ"
"အေး ... ဟုတ်ပြီ"
ကျွန်တော့်မှာ ညက အဖြစ်အပျက်တွေကို တရေးရေးမြင်ယောင်၍ စိတ်ထဲ၌ ဇဝေဇ၀ါဖြစ်သည်နှင့် ...
"အင်း ... ညက ငါ့ကား ငါ့မမောင်းဘဲနဲ့ ငါ့အိမ်ထဲ ငါပြန်ရောက်နေတယ် ထင်တယ်ကွ"
"ဟုတ်ပါတယ်ဆရာ"
"ဟင်း ... ညက ပါတီမှာ ငါ့မိတ်ဆွေတွေ အကုန်လုံးတယောက်မကျန် ဒေါင်းပြီထင်တာ ဘယ် အရက် ပီးဆေး ထိုးထားတဲ့ကောင်များ ငါ့ကားကို မောင်းပို့လိုက်သလဲမသိဘူး"
"မောင်းပို့လိုက်တာ မဟုတ်ဘူးဆရာ၊ မောင်းယူခဲ့ရတာပါ"
ကျွန်တော်သည် သူ့စကား၏ အဓိပ္ပာယ်ကို နားလည်သဖြင့် မျက်ခုံးရှုံ့ကြည့်လိုက်ကာ ...
"ဟေ့ ညကထမင်းစားပွဲကို မင့် ငါ ခေါ်မသွားခဲ့ဘူး အောက်မေ့တယ်"
"ဟုတ်ပါတယ်ဆရာ ဒါပေသိ ဆရာဖြစ်မယ့် အခြေအနေကို ကျွန်တော် ကြိုတင်သိတာနဲ့ တမင်လိုက်ပြီး ဟော်တယ်အောက်က စောင့်နေပါတယ်ဆရာ"
"အား ... မင်းဘယ့်နှယ်လုပ်ပြီး ကြိုတင်သိနိုင်သလဲ"
"မနေ့ညတုန်းက ဆရာ့သူငယ်ချင်း ရေတွင်းဆိုး ကိုဖေသန်းက ဆရာ့ကို "ကိုဆွေရေ ခုညတော့ ကော့က် တေးလ် ဘဲ" ဆိုတာနဲ့ သိတာပါဆရာ"
ဟုတ်ပါပေသည်။ လွန်ခဲ့သောညက ကြွက်တွင်း အဘ "ရေတွင်းဆိုး" ခေါ်ရသော ကိုဖေသန်းနှင့်အတူ အင်္ဂလိပ်ဘာသာ (Cock tail) ကော့က်တေးလ် မြန်မာလို ကျွန်တောင် ထင်သမျှ ဘာသာပြန်ရလျှင် (ဤနေရာ၌ ဒစ်ရှင်နာရီ ဆရာတွေနှင့်သဘောကွဲလွဲကောင်း ကွဲလွဲပေလိမ့်မယ်) ကြက်ဖအမြီးကဲ့သို့ ပြည့်ဖောင်း ဝေဆာ သိုက်မြိုက်ခန်းနား၊ စုံလင်စိုပြေလှစွာ အရက်မျိုးစုံ ကြိုက်သလို ရောနှော၍ သဘောရှိ ကလောဟိ ရသော သောက်ပွဲကြီးကို တက်ခဲ့ကြပါသည်။
ဤပါတီမှာ အင်္ဂလန်ပြည်သို့သွား၍ အင်္ဂလိပ်အစားကို စားကာ အင်္ဂလိပ်ပိုက်ဆံကို မြန်မာပြည်သို့ ပြန်ပို့ရန် (၀ါ) တနည်းအားဖြင့် ရှုပ်ထွေးလွတ်လပ်သော မြန်မာနိုင်ငံတော်သားအဖြစ်မှ အင်္ဂလိပ်ကြေးစား စာမှုထမ်း လုပ်ရန် လန်ဒန်သို့ ထွက်ခွာတော့မည့် မိတ်ဆွေတယောက်အတွက် စပါယ်ရှယ် ကျင်းပ သည်ဖြစ်၍ ဤသောက်ပွဲ၌ အရောင်ကင်းမဲ့သော"ဂျင်"ကို ဘေ့စ်လုပ်ထားသဖြင့် နောက်ထပအရောင်နှင့် ကိုယ်လိုချင် သည့် အရက်တို့ကို ကြိုက်သလောက် သဘောကျစရာ ကောင်းသည်ကို "ကော့က်တေးလ်" အကြောင်း နားလည်သူတို့ သိကြပါလိမ့်မည်။
ကျွန်တော့်မှာ နဂိုကလည်း ၀ါသနာခပ်ပြင်းပြင်း ပုလင်းတွေကလည်းစုံလှ၍ ဇလုံထဲမှ မပြတ် ခပ်ခပ်ထည့် ပေးနေသော ဂျင်နှင့် ဘီယာရောပြီးသားကို ကိုယ့်ဖာသာကိုယ် နောက်ထပ် ဘရန်ဒီ ၀ီစကီတွေနှင့် ကြိုက်သလောက် ထည့်ထည့်ပြီး အနည်းဆုံး သုံးနှစ်လောက် ခွဲရမည့် သူငယ်ချင်းအတွက် သုံးခါလည်စာ ဖူလုံအောင် သောက်လိုက်ရာ ကိုယ့်အိမ်ကိုယ် မည်ကဲ့သို့ ပြန်ရောက်မှန်း မသိသည့်တိုင်အောင် ဖြစ်ခဲ့ရ ပါသည်။
စင်စစ်အားဖြင့် "တပည့်လိမ္မာ ဆရာအံဖတ်လွတ်" ဆိုသည့်အတိုင်း ပေါ်အူး၏ ကျေးဇူးကြောင့်သာ မိတ်ဆွေအား ယခုကဲ့သို့ ကျွန်တော့်အိပ်ယာထဲမှ ကျွန်တော်နေ၍ နှုတ်ဆက်နိုင်ခြင်း ဖြစ်ပါသည်။
ပေါ်အူးမှာ မည်မျှတော်သနည်း။ မည်မျှ အကြံဥာဏ်ကောင်းသနည်းဆိုသည်ကို မိတ်ဆွေ တစတစနှင့် သိလာပါလိမ့်မည်။
"အေး ... တော်ပါပေ့ ပေါ်အူးရယ်"
ကျွန်တော်လည်း သူ့အား ထုံးစံအတိုင်း ချီးကျူးရပြီးနောက် အိပ်ယာမှထကာ သူ လက်ထဲမှ သွားပွတ်တံနှင့် ရေဖလားကို ယူလိုက်ပါသည်။
ကျွန်တော် မျက်နှာသစ်ပြီးသောအခါ၌ ပေါ်အူး လက်တွင်းမှ ဖလ်ခွက်ထဲတွင် ရေနှင့်ဖရုဆော့ နပမ်းလုံးနေပြီဖြစ်၍ ကျွန်တော် လှမ်းယူလိုက်ကာ မျက်စိမှိတ်၊ အသက်အောင့်၊ နှာခေါင်းရှုံ့ပြီး တမော့တည်းနှင့် အကုန်ကျိုက်ချ လိုက်ရပါတော့၏။
"အား ..." သောက်ပြီး၍ ဖလ်ခွက်ကိုပြန်ပေးရင်း"ပေါ်အူးရေ ... အခုမနက် ငါ ... ငရုပ်သီးစိမ်းစပ်စပ် ကြက်သွန်ချဉ် များများနဲ့ မြူစွမ်ဝမ်းဘဲပေါင်း စားချင်တယ်ကွာ"
ပေါ်အူး၏ ကိုယ်မှာ တည်ငြိမ်စွာဖြင့် ...
"ကျွန်တော် ဒီအတိုင်း စီမံပြီးပါပြီ ဆရာ"
ဆရာအလိုကို မပြောဘဲနှင့် သိတတ်သောပေါ်အူး။
ကျွန်တော့်မှာ ကိုယ်အလိုရှိရာကို ပါးစပ်မဟဘဲနှင့် ရနိုင်ပါလျက် ဤကဲ့သို့ ပြောလိုက်မိသည့်အတွက် ပေါ်အူး၏ အသိဥာဏ်ကို စော်ကားရာရောက်သွားပါသဖြင့် ကျွန်တော့်ကိုပင် ကျွန်တော် အတော် စိတ်မကောင်း ဖြစ်မိပါသေးသည်။
"အေး ... ငါမလိုတာပြောမိလို့ ၀မ်းနည်းပါတယ်ကွာ၊ ကဲ ... သွားတော့ သွားတော့ အား အား လာပါအုံးကွ ပေါ်အူး"
ပေါ်အူး ကျွန်တော့်ကို ကျောခိုင်းသွား၍ ပြန်တုံးလုံးလှဲတော့မည်ဟု ခေါင်းရင်းဘက်သို့ မျက်နှာမူလိုက်ရာ ကျွန်တော့်အိပ်ရာခေါင်းရင်းဘက်၌ တရိုတသေချိတ်ဆွဲထားသော ဓာတ်ပုံနှစ်ခု အနက်မှ ရီရီလေး၏ ဓာတ်ပုံမှာ ပြောင်ပြောင်လက်လက် ရှိနေ၍ ခင်မြမြမောင်မောင်၏ပုံမှာ ဖုံတွေ မှုံတွေနှင့် ညစ်ပတ်နေသည်ကို တွေ့ရသောကြောင့် အခန်းပေါက်ဝသို့ ရောက်နေသော ပေါ်အူးအား ပြန်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
သူသည် ကျွန်တော့်အနီးသို့ ပြန်လာပြီး ခြေစုံရပ်ကာ ...
"ဆရာ ..."
ကျွန်တော်သည် ဓာတ်ပုံနှစ်ခုကို ညွှန်ပြပြီး မျက်ခုံးကိုတွန့်၍ သူ့မျက်နှာကို မချင့်မရဲကြည့်ကာ ...
"မင်းကွာ မနက်တိုင်း ဟောဒီဓာတ်ပုံနှစ်ပုံကို ဖုံသုတ်ရတဲ့ ကိစ္စမှာ ရီရီလေးဓာတ်ပုံသာပွတ်တိုက်ပြီး ခင်မြမြမောင်းမောင်းရဲ့ ပုံပေါ်ကိုရောက်အောင် တခုစီ တခုစီ ပို့တယ်ထင်တယ်ကွ"
ကျွန်တော် စိတ်ပေါက်ရှိသည်နှင့် "ဂျက်ကျလက်ကျ" ကြိမ်းမောင်းလိုက်ခြင်း ဖြစ်ပါသည်။ ပေါ်အူး၏ မျက်နှာမှာ သုံမှုံသွားလျက် ဘာမျှပြန်မပြောသေးဘဲ တွေ၍နေပါသည်။
"ဟေ့ ... ပြောပါကွ မေးတာကို"
ကျွန်တော် မေးလိုက်သော မေးခွန်းမှာ ကျွန်တော့်အဖို့ အလွန်အသားပါလှသည်ဖြစ်သောကြောင့် ခပ်ထန်ထန် ကလေးပင် ထပ်ဆင့်လိုက်ပါသည်။ ဤသို့မေးခွန်းမျိုးမှာ ကျွန်တော့် ဦးဏှောက်ထဲ၌ တခါတရံ မှသာ ပေါ်တတ်သည်။
ပေါ်အူးသည် ကျွန်တော်၏ ရင့်ကျက်သော အသံကို ကြားမှ တံတွေးတချက်မျိုလိုက်ပြီး။
ကျွန်တော် မရီရီလေးဓာတ်ပုံပေါ်က ဖုံတွေကို ခင်မြမြ မောင်းမောင်းကြီးပုံပေါ်ရောက်အောင် တမှုန့်မကျန် ပို့တယ်ဆိုတာတော့ မဟုတ်ပါဘူးဆရာ"
"အေး ... ဒါဖြင့် ရီရီလေးဓာတ်ပုံသာ သုတ်ပြီး ခင်မြမြမောင်းမောင်းရဲ့ပုံတော့ မသုတ်ဘူးဆိုတာ ဟုတ်တယ်ပေါ့"
ကျွန်တော်က ၀တ္ထုတွေထဲက စုံထောက်တယောက်၏ အမူအရာမျိုးဖြင့် ခန့်ညားစွာ မေးလိုက်ရာ ပေါ်အူးသည် ညိုးကြုံသောမျက်နှာကလေးနှင့် ...
"ဟုတ်ပါတယ်ဆရာ"
"အေး ... ဒါဖြင့် ငါ အမြတ်တနိုးထားတဲ့ပုံချင်းအတူတူ မင်းက ဘာကြောင့် သိုးနဲ့ဆိတ်ခွဲခြားနေရတာလဲကွ"
"ကျွန်တော်တို့ အိမ်နားက မိတ်ဆွေ ခရာဇ်စယန်တယောက်၏ သမ္မာကျမ်းစာအုပ်ကို တကြိမ်သောအခါက တောင်လှန်မြောက်လှန်နှင့် မတောက်တခေါက်ဖတ်ဘူးသဖြင့် ဆီဆိုင်လား မဆီဆိုင်လားတော့မသိ ပေါ်အူးအား စကားလုံးအဆန်းနှင့် နှံ့လိုက်ခြင်းဖြစ်ပါသည်။
ပေါ်အူးသည် ယတိပြတ် ဆုံးဖြတ်ပြီးသောအသံနှင့် ...
ကျွန်တော် ဆရာ့ ခင်မြမြမောင်းမောင်းကြီးကို သဘောမကျလို့ဘဲဆရာ"
ကျွန်တော်သည် မျက်လုံးကို ခပ်ပြူးပြူးဖြဲလိုက်ကာ ...
"ဟဲ့ .. ခင်မြမြမောင်းမောင်းကို သဘောမကျဘူး ရီရီလေးကိုတော့"
ပေါ်အူး ခေါင်းညိတ်ပြပါသည်။
ဤနေရာ၌ ရီရီလေးနှင့် ခင်မြမြမောင်းမောင်းမှာ မည်သူများဖြစ်ကြသည်ကို မိတ်ဆွေတို့ သိရှိသွားအောင် ရှင်းလင်းပါစေ။
သူတို့နှစ်ယောက်မှာ ကျွန်တော်၏ ခင်မြမြမောင်းမောင်းမှာ မည်သူများဖြစ်ကြသည်ကို မိတ်ဆွေတို့ သိရှိသွားအောင် ရှင်းလင်းပါစေ။
သုတို့နှစ်ယောက်မှာ ကျွန်တော်၏ ရင်းနှီးသော မိတ်ဆွေဂုဏ်သရေရှိ အပျိုချောကလေးများ ဖြစ်ကြ ပါသည်။ အမှန်အားဖြင့် ယဉ်ကျေးအောင် "မိတ်ဆွေဟုဆိုရသော်လည်း စင်စစ် ရိုးရိုးမိတ်ဆွေမဟုတ် ကျွန်တော်က လူမျိုး သူတို့ကအပျို၊ ဆွေမျိုးလည်း မတော်စပ် တဦးနှင့်တဦး "ဂေါ်ဓာတ်"ဖြင့်သာ ရင်းနှီး နေကြခြင်းဖြစ်၍ ကျွန်တော်ကလည်း စွန်လိုစွန်ငြား ဂေါ်မည်တို့ကလည်း ကျွန်တော်တို့ "ဂေါ်စေ" ဂက်စေ ပျော်စေ မက်စေ စာရင်း၌ တင်သွင်းထးသည် ဖြစ်သောကြောင့် တဦးနှင့် တဦး ကူးလူး ဆက်ဆံနေကြသော "ဂေါ်မိတ်"များ ဖြစ်ကြသည်။
သူတို့နှစ်ယောက်မှာ အချောအလှချည်း ဖြစ်သော်လည်း ပုံသဏ္ဍာန်နှင့် စိတ်နေ သဘောထားမှာ တဦးနှင့် တဦး လုံးဝ မတူကြပါ။
"ခင်မြမြမောင်းမောင်း" ဆိုလျှင် မိတ်ဆွေ စဉ်းစားကြည့်ပါ။ နာမည်မှာ နာမည်ကျော် ရှေးမြန်မာ သီချင်းကြီးတခုတည်းမှ ယူငင်မှည့်ခေါ်ထားသည်ဖြစ်၍ မည်မျှလောက် ကဗျာဆန်ပါသနည်း ယခုခေတ် မိန်းကလေးတွေ နာမည်သုံးလုံးတွဲ လေးလုံးတွဲ (တိုချင်လဲ တလုံးထဲ)နှင့် အဆန်းထွင်နေကြသော ဒီလောကကြီးတွင် သူ့နာမည်လောက် ကဗျာဆန်သော နာမည်ကို မိတ်ဆွေကြားဘူးအုံးမည် မထင်ပါ။ ကဗျာ ဆန်ရုံတင်ပါလား မကသေးပါ သူ့နာမည်နှင့်သူ့ကိုယ်ကာယကို နဘေထပ်ယူလိုက်ပါလျှင် ခင်မြမြမောင်းမောင်း တင်ကွကွ ဖေါင်းဖေါင်းရင်ကြွကြွ ဆောင်းဆောင်း အို ... မြင်သမျှ အကောင်းချည်း ဖြစ်နေပါ၍ ကျွန်တော့် သဘောအရ "တဏှာဆန်"သည်ဟုလည်း ဆိုချင်ပါသေးသည်။ (ရိုင်းများသွား သလားခင်ဗျာ သည်းခံပါ။)
ပြုပြင်ဝတ်ဆင် နေထိုင်ပုံမှာ သူ၏ ပြည့်ဖြိုးထွားကျိုင်းသော ကိုယ်လုံး တုံးတုံးခဲခဲကြီးတွင် မိန်းမတို့ ဂုဏ်အင်္ဂါအဖုအထစ်တို့ကို တင်းတင်းရင်းရင်း ကွင်းကွင်းကွက်ကွက်ကြီး ထင်ရှားအောင် ဖက်ရှင် တမျိုးမျိုး ထွင်၍၀တ်သည်။ သူ့ကိုယ်က သူများနှင့်မတူအောင် ပိုလှလာသည်။ လှလာတော့ "အလှ"သည် "အပြ"နှင့် ဆက်သွယ်နေသဖြင့် စက္ခုရှင်များ ပေါသောအရပ်ကိုသွားသည်။ သူ့အလှ သူကြော်ငြာသည်။ "ကင်ဗာဆာ" မိတ်ဆွေများများထားသည်။ ဤမျှဆိုလျှင် မိတ်ဆွေ ခင်မြမြ မောင်းမောင်း၏ စိတ်နေသဘောထားကို သိလောက်ပါပြီ။
ရီရီလေးမှာကား နွဲ့နှောင်းပျော့ပျောင်းသော ငါးရဲ့ကိုယ်ကလေးနှင့် စိတ်နေသဘောထားရှိ၏။ ယဉ် ကဗျာစာပေဖတ်ခြင်း၊ ရေးခြင်းကို ၀ါသနာပါသည်။ မျက်နှာကလေးမှာလည်း ခင်မြမြမောင်းမောင်းကဲ့သို့ ယောက်ျားတွေ မနေတတ် မထိုင်တတ်ဖြစ်အောင် ကြာဗြဟ္မာမူရာတွေ မများ နာမည်နှင့် လိုက်အောင် ရီရီကလေးပင် နေတတ်လျက် ကျွန်တော် သူ့အိမ်သို့သွား၍ ဧည့်ခန်းမှ စောင့်နေပြီဆိုလျှင် ပြာပြာသလဲ ဆင်းလာ " ဟင် ... ကိုဆွေရောက်နေတာကြာပြီလား ရီလေ ဟိုမဂ္ဂဇင်းတို့ကဗျာရေးနေတယ် စာရေး နေတယ်" နှင့် စတင်နှုတ်ဆက်တတ်ပါသည်။
ခင်မြမြမောင်းမောင်းနှင့် တွေ့လိုက်လျှင်မူကား " ဟေ့ကိုဆွေခု တပတ်ကာလ်တန်က ရုပ်ရှင်ကောင်းတယ် မင်း... ကိုယ်အခုဘဲ ကားလျှောက်မောင်းပြီး ကွန်တီနင်တယ်လ်က ရေခဲမုန့်စားခဲ့သေးတယ် ကိုဆွေကိုယ်နဲ့ လျှောက်လည်ဘို့ "ဒိတ်"လိုချင်ရင် တနာရီလောက် လက်မြှောက်ထားဆရာ" စသော စကားမျိုးတို့ကို ပြောတတ်ပါသည်။ သူ၏ ပြောပုံဆိုပုံ ပြုမပုံတို့မှာ ကြားရ မြင်ရသမျှတွင် စွဲမက်စရာချည်းသာ ဖြစ်နေ ပါသည်။
ယခု ကျွန်တော့် အိပ်ရာခေါင်းရင်း၌ ဆွဲချိတ်ထားသော သူတို့ဓာတ်ပုံနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါဦး ရီရီလေး ဓာတ်ပုံမှာ ရိုးရိုးအ၀တ်အစားနှင့် ယဉ်ယဉ်ကလေး တင်ပလွှဲထိုင်နေသော ပုံဖြစ်၍ ခင်မြမြ မောင်းမောင်းပုံမှာကား Pin-up Girl "အပ်အပေါ်" မိန်းမလေး ဖြစ်သည့်အားလျော်စွာ ရေကူး အ၀တ်အစား နှင့် ကိုယ်လုံးကိုယ်ထည် တုံးတုံးတစ်တစ်ကြီး အလှပြထားသဖြင့် သူ့ပုံကို ကြည့်မိလျှင် တော်တော်နှင့် မျက်စိခွာ၍ မရ နောက်တော့လည်း စိတ်ထဲက တော်တော်နှင့်မထွက် ရက်ရက်စက်စက်ကြီးကို စွဲမက်စရာ ကောင်းလှ ပါပေသည်တကား။
ယခုမူ ပေါ်အူးလူမိုက်သည် ကျွန်တော် အလွန်တရာ မြတ်နိုးမက်မောလှသော ဤပုံကြီးကို ဖုံမသုတ်ဘဲထားသဖြင့် ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက်ကြီး မမြင်ရတော့၍ ကျွန်တော့် မျက်စိ အာရုံနှင့် စိတ်ကူးပျက်ရသည်။ ထို့ကြောင့် ကျွန်တော် စိတ်ဆိုးလှ၍ ဤမက်မောစရာပုံကြီးကို အားမလို အားမရ ကြည့်ကာ ...
ဟေ့ ... ပေါ်အူးရ မင်းက ဘာ့ကြောင့် ခင်မြမြမောင်းမောင်းကို သဘောမကျရတာလဲကွ
ညက အရက်ရှိန်ကလည်း ကျန်သေး၍ တပည့်မိုက်ကို ခပ်ပြင်းပြင်းကလေးပင် ငေါက်လိုက်ပါသည်။ ပေါ်အူးကား အိနြေ္ဒမပျက် မရွံ့ရဲသော မျက်နှာထားနှင့် ချောင်းတချက် ဟန့်လိုက်ပြီး ..
"ဒီမှာ ဆရာ ..."
"အေး .. ဆိုစမ်း"
"ဒီလို တစိမ်းယောက်ျားကလေးတွေကို မိန်းကလေး သူငယ်ချင်းလို သဘောထားပြီး ရုပ်ရှင်အတူသွားကြည့် နှစ်ယောက်ထဲ ကားလျှောက်စီး ကားပေါ်က အဆင်းအတက်မှာ လက်ဆွဲတင်လက်ဆွဲချနဲ့"
ကျွန်တော်က သူ့စကားကိုဖြတ်၍ ...
"ဟေ့ ဒါက ခေတ်ရှေ့ကပြေးနေတဲ့ မိန်းကလေးသူ ဗိုလ်ဆန်ဆန် နေတတ်တာဘဲကွ"
"ဗိုလ်ဆန်တာကတော့ ဟုတ်ပါတယ်ဆရာ၊ ဒါပေသိ သိပ်ဆန်လွန်းအားကြီးတော့ ကျွန်တော်တို့ တိုင်းပြည်က ပူတယ်၊ ဗမာ့သွေး ဗမာ့စိတ်နဲ့ မသင့်လျော်လှဘူးဆရာရဲ့၊ နို့ပြီး သူ့ဟာကလည်း တယောက် ယောက် ချစ်သူထားပြီးတော့ တွဲနေတာမဟုတ်ဘူး၊ ယောက်ျားကလေးတွေ အလဲလဲနဲ့ ... ယောက်ျား ကလေး တွေသာ ပြောင်းတယ်၊ သူ့နားတယ်မရှိဘူး၊ ဖက်ရှင်အမျိုးမျိုးဝတ်ပြီး နေ့တိုင်း လမ်းသလား နေတာဘဲ ..."
ပေါ်အူးပြောတာ ဟုတ်ပါသည်။ သို့သော် ခင်မြမြမောင်းမောင်း၏အပြောမှာ ကမြင်းကျောထချင်သော ကျွန်တော်တို့ မြန်မာ မ,စကား၌ "ရီးစားတထောင်-လင်ကောင်တယောက်" ဟု ဆိုသည်။ သူသည် ယခု မည်သူ့ကိုမျှ ရီးစားအဖြစ် ထားသေးသည်မဟုတ်။ ကျွန်တော်တို့လို အကောင်မျိုးတွေကို ဝေ့လည် ကြောင်ပတ်လုပ်၍ သူ့ကိုယ်သူ ပျော်အောင်နေသည်။ ကျွန်တော်လို မောင်ရင်တွေကလည်း ရနိုးရနိုးနှင့် အနံ့ခံရင်း ကျေနပ်နေ၏။ တရုတ်စကား၌ "ဘ၀သည် ရီခြင်းနှင့် ငိုခြင်းပေါ်တွင် ရှိ၏"ဟု ဆိုသည်။ ထို့ကြောင့် ခင်မြမြမောင်းမောင်းသည် တိုတောင်းလှသော ဘ၀ကလေး၌ ရီနိုင်သလောက် ရီရအောင် ကြိုးစားရနေသည်။ တယောက်ယောက်နှင့် အိမ်ထောင်ပြလိုက်ပါလျှင် ယခုကဲ့သို့ ယောက်ျားကလေး အလဲလဲတို့၏ အပြုအစုကိုခံရတော့မည်မဟုတ်။ နောက်ဆုံး တနေ့မှသာ သူ့ကိုယ်ကို တယောက်ယောက် သို့ ပုံအပ်လိုက်မည်။ ဤအခါကျမှ လင်မှတ်မှတ် သားမှတ်မှတ် တည်တော့မည်။ ယခုအခါမူ သူ၏ ပျော်ရွှင် လွတ်လပ်သောဘ၀ကို မတိုတောင်းစေချင်ပါနှင့်ဦး၊ ကျွန်တော်နှင့် ဖူးစာထိုက်လျှင် ကျွန်တော်နှင့် ရမည်ဟု ကျွန်တော် က သူ့ကို ဗိုလ်ဆန်ဆန် (You marry me) "မင်း ငါ့ကို လက်ထပ်ပါ" ဟု ဆိုတိုင်း သူက ပြန်ပြောလေ့ ရှိပါသည်။
ထို့ကြောင့် ကျွန်တော့်အား ယောက်ျားကလေးတွေနှင့် မျက်နှာများလွန်း၍ဟု ဆိုပြီး တားမြစ်နေသော ပေါ်အူးအား ...
"ဟေ့ ... ပေါ်အူးရ သူက အခု လွတ်လွတ်လပ်လပ်ဘ၀မို့သာ ပျော်အောင်နေတာ၊ နောက် အိမ်ထောင်ကျတဲ့အခါမှာ တည်တည်ကြည်ကြည် နေမှာပေါ့ကွ ..."
ပေါ်အူးသည် မျက်နှာကို ရှုံ့မဲ့လိုက်ကာ ...
"အို ... ဆရာ့နှယ် ... အခုဒီလိုနေလာတဲ့ မိန်းမဟာ နောက်ကျကော တည်မတဲ့လားလို့၊ ခြံ့ပြင်ထွက် မြက်စားဘူးတဲ့ နွားလို အရသာဟောင်းတွေ ပြန်သတိရပြီး ဒီအတိုင်း ပြန်နေချင်အုံးမှာပေါ့ဆရာရဲ့။ နို့ပြီး သူ အခုအတိုင်း ၀တ်ပုံစားပုံတွေ သုံးဖြုန်းလည်ပတ်ပုံတွေ၊ ကားအမျိုးမျိုးစီးချင်တာတွေ ကြည့်ရတာဖြင့် သူနဲ့ရတဲ့လင်ဟာ အလိုလိုက်နိုင် လိုက်ရော့။ မလိုက်နိုင်ရင်တော့ ဒုက္ခဘဲသာမှတ်ပေတော့။ ဆရာက အခု သူ့မရခင်သာ ဒုက္ခမမြင်ဘဲ သုခထင်နေတာ၊ ဆရာ့လက်ထဲရောက်လာလို့ ဆရာ၊ သူ့အလိုလိုက်ရပြီဆိုရင် ဆရာစိတ်မောပြီး ရူးတောင် ရူးရချေရဲ့။ နို့ပြီး မိန်းကလေးဆိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ဣနြေ္ဒ နဲနဲမှမရှိဘူး။ တခါတလေ သူ့မိန်းကလေးအဖော်တွေနဲ့ ဂျစ်ကားနဲ့လာပြီဆိုရင် သူ့တင်ပါးဆုံ ဂွအုံကြီးကလည်း ကားကား၊ လုံချည်နခမ်းတွန့်အနားဖွာဖွာကြီးကိုလည်း ခြေကျင်းဝတ်ပေါ်အောင် ၀တ်ထားပြီး။ ဂျစ်ကား နောက်ဘက် ကနေ လွှားကနဲ ကားကနဲ နောက်ပြန်ခုန်တက်လိုက် ခုန်ဆင်းလိုက်တာများ ကျွန်တော့် မျက်စိထဲ.."
" ဟ ဒါကတော့ သူ "ဆပ်စပင်ဒါ" ၀တ်ထားမှာပေါ့ကွ"
"အင်း ... သူ "ဆပ်စပင်ဒါ"ဟာ အဖြူတော့မဟုတ်ဘူးဆရာရဲ့"
"တယ် ... ဒီကောင် မျက်စိ စူးရောက်တဲ့ကောင်ဘဲ၊ အခု တက်ခေတ် ဂျစ်ကားနဲ့ မိန်းကလေးတွေဟာ အများအားဖြင့် ဒီလိုချည့်ဘဲကွ"
"ဘယ်လိုဖြစ်ဖြစ်ဆရာ၊ ဒီလိုအချိန်ရှိသမျှ အခွင့်အရေးရှိသမျှ ပျော်မယ်ဆိုတာတော့ ကျွန်တော် မကြိုက်ဘူး ဆရာ၊ နောက်နောင်မှာလည်း ပျော်စရာအခွင့်အရေးကို ရှာတတ်တယ်ဆရာရဲ့၊ အစမ်းသဘော ဖြစ်မယ် ဆိုရင်တော့ ဆရာနဲ့-သူနဲ့ တလေလောက် နမူနာပေးစားကြည့်ချင်တယ်ဆရာ။ ဒါမှ ငါ့တပည့်ပြောတာ ဟုတ်ပါလားဆိုတာ သိရအောင်"
မိတ်ဆွေ စဉ်းစားကြည့်ပါ။ ပေါ်အူးပြောတာ ဟုတ်ချင်ဟုတ်ပါလိမ့်မည်။ သို့သော် ကျွန်တော်က ဆရာ၊ သူကတပည့်၊ သူ့စကားကို နားထောင်ရမည်ဆိုလျှင် ကျွန်တော် မည်မျှ ရှက်စရာကောင်းပါသနည်း။ ထို့ကြောင့် ကျွန်တော်က ခက်တင်းတင်းပင် ...
"ဟေ့ ပေါ်အူးရာ မင်းဘာပြောပြော ခင်မြမြ မောင်းမောင်းလို တုံးတုံးတစ်တစ် ချစ်စရာ ကောင်းတာကြီး တော့ ငါ လက်မလွှတ်နိုင်ဘူးကွ"
ပေါ်အူးသည လက်လျှော့ခြင်းမပြုဘဲ ...
"အောင်မာ ဆရာက ဒီလိုလှတာ ၀တာကြီးတွေ မက်မနေပါနဲ့၊ ဒါတွေဟာ သင်္ခါရပစ္စည်းတွေပါ ဆရာ၊ ဟို"နောက်တီး"ဆိုတဲ့ စာရေးဆရာရေးတဲ့ "မ,နှင့် အလှ" ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်ပါ။ သူ့ မာတိကာကိုက "လှတုန်းဝတုန်းဘဲ" "စက်ကုန်ဖွင့်လိုက်ပြီ" "နဲနဲရော့သွားတယ်" "ပုံပျက်သွားပြီ" "ကျန်တော့ ကျန်သေးတယ်" "ဟင် ... ကုန်ပြီ" "အို ..တကယ့်ကို မရှိတော့ဘူး"ဆိုတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ ကျကျနန အလှရမက်ရဲ့ သင်္ခါရသဘောတရားကိုရေးတာ သိပ်ရှင်းတာဘဲဆရာရဲ့"
ပေါ်အူးက ကျွန်တော့်ကို ဤသို့ တရားချနေစဉ် စောစောက "ဖရုဆော့တ်" သောက်ထားလိုက်သော ကျွန်တော့်ဗိုက်မှာ ဂိုးဂိုးဂွိဂွိ ဖြစ်လာသဖြင့် ပေါ်အူး၏ တရားသံကို စိတ်ရှည်စွာ နားမထောင်နိုင်တော့ဘဲ ...
"ဟေ့ ... တော်ကွာ ပေါ်အူးရာ ... ငါကဆရာ၊ မင်းကတပည့်၊ မင်းပြောတာ နားထောင်ရမလားကွ၊ ခင်မြမြမောင်းမောင်း ဓာတ်ပုံကိုသာ ကြည်ကြည်လင်လင် တိုက်ထာားလိုက်။ ငါ့ဗိုက်ထဲက ၀ါနင်ပေးလာပြီး၊ အိမ်သာသွားတော့မယ်"ဟု ဆိုပြီး ထခဲ့ပါသည်။
ပေါ်အူးမှာ မကြည်သာသောအသံဖြင့် ...
"အင်း ... ဒါမျိုးကြီး နမူနာတယောက်လောက် ခဏတွေ့စေချင်တယ်ဗျာ" ဟု ညည်းညူရင်း ကျန်ခဲ့သည်။
ကျွန်တော်သည် မြူစွမ်ဝမ်းဘဲပေါင်းကို စားလိုက်၍ ၀မ်းငါးခါမျှသွားပြီး ရေချိုးလိုက်ကာ ကြည်ကြည် လင်လင် ဖြစ်လာသည်တွင် အပြင်ထွက်ရန် အ၀တ်အစားများလဲနေစဉ် ပေါ်အူးသည် ကျွန်တော့် အခန်း ထဲသို့ ၀င်လာလျက် ...
"ဆရာ အပြင်မှာ ဧည့်သည် ရောက်နေတယ်ဆရာ"
"ဟေ့ ... ဘယ်သူလဲ .. ဘယ်ကတဲ့လဲ"
"ဒေါ်လှလှကြီးတဲ့ဆရာ၊ မန္တလေးကတဲ့"
"သူတယောက်ထဲလား"
"မဟုတ်ဘူးဆရာ ... သူ့သားနဲ့တူတယ်၊ လူငယ်တယောက်ပါတယ်"
"အင်း ... မန္တလေးက ဘယ်ဒေါ်လှလှကြီးများပါလိမ့ိ" ကျွန်တော်သည် ရုတ်တရက် စဉ်းစားမရသဖြင့် ခေတ္တမျှ တွေနေပြီးမှ ...
"အေး ... သိပြီဟေ့ ... သိပြီ။ မိန်းမဖြူဖြူ၀၀ကြီးမဟုတ်လား"
"ဟုတ်တယ်ဆရာ။ ၀,ဒါမှ စိတ်ပျက်စရာကောင်းအောင်ကို ၀တယ်ဆရာ။ နို့ပြီး မျက်မှန်ကြီးကလည်း အကြီးကြီးနဲ့ ဘယ်သူလဲဆရာ"
"ရွှေမန်း-လှလှကြီး"ဆိုတဲ့ စာရေးဆရာမကြီးပေါ့ကွာ၊ တခါတခါ ရေဒီယိုကနေပြီး "အမျိုးသမီးတွေ ယောကျားတွေနဲ့ ရင်ဘောင်တန်းလိုက်ပါ..." "ယောက်ျားတွေ မယားငယ်ယူရင် မိန်းမတွေက အညံ့မခံပါနဲ့"၊ "သူများလင်ခိုးတာ ဆင်ခြင်ပါ၊ "အဆင်သင့်လို့ ခိုးမိရင်လဲ လူမသိပါစေနဲ့"ဆိုတဲ့ အမျိုးသမီး သင်ခန်းစာတွေ လျှောက်ပြောနေတဲ့ မိန်းမကြီးပေါ့ကွ။ နို့ပြီး သူ တလောက အိန္ဒိယကို ၁၀ ရက်လောက်သွားလည်ဘူးတာနဲ့ "အိန္ဒိယပြည်အတွင်းရေး" ဆိုတဲ့ စာအုပ်ကိုရေးလို့ ကုလားတွေပွက်လောရိုက်ကုန်တာ သူပေါ့ကွ၊ အခု ငါ့အိမ်လဲ အာကိစ္စများလာပါလိမ့်၊ ငါ့အိမ်အတွင်းရေးဆိုတဲ့ စာအုပ်များ ရေးမလို့လားမသိဘူး၊ သွားဟေ့ ပေါ်အူး ... ငါ အ၀တ်လဲပြီးရင် လာခဲ့မယ်လို့ ပြောလိုက် ..."
ကျွန်တော် အ၀တ်လဲပြီး၍ ဧည့်ခန်းသို့ ထွက်လိုက်သောအခါ၌ ကျွန်တော့်အိမ်က အကြီးဆုံးသော ကုလားထိုင်တွင် သူ၏ ကြီးမားသော ကိုယ်ကာလကြီးနှင့် ပြည့်ပြည့်တစ်တစ်ကြီး စို့ရိုက်သွင်းထားသလို ထိုင်နေသော ဒေါ်လှလှကြီးသည် သူ့ပါးစပ်တွင်းမှ ရှိသမျှသွားအားလုံးကို တခုမကျန် ဖြဲထုတ်လိုက်ကာ ...
"ဟေး ... မောင်အေးဆွေ ကျန်းကျန်းမာမာဘဲကွဲ့နော်၊ မတွေ့ရတာကြာပြီ။ တွေ့ရတာ ၀မ်းသာ လိုက်တာ ကွယ် ... ဟဲဟဲ ... ဟဲဟဲ...
အလွန်ပင် တကယ့်ကို မချိတရီကြီး ၀မ်းသာသော မျက်နှာမျိုးနှင့် စတင်နှုတ်ဆက်လိုက်ပါသည်။ ကျွန်တော်ကလည်း အားကျမခံဘဲ ...
"ဟုတ်တယ် ဒေါ်ဒေါ်။ ရတနာသုံးပါးဂုဏ်ဆရာသမား မိဘဘိုးဘွားဂုဏ်တွေကြောင့် ကျန်းမာပကိတိ ချမ်းသာစွာဘဲရှိပါတယ်၊ ကျွန်တော်လည်း ဒေါ်ဒေါ့်ကို ဒီလို မမြှော်လင့်ဘဲနဲ့ တွေ့ရလို့ ၀မ်းသာလိုက်တာဗျာ ... ဟားဟား ... ဟားဟား ... မပြောပါနဲ့တော့"
"အေးကွယ် မောင်က မန္တလေးမရောက်တာလည်း တော်တော် ကြာသွားပြီကိုးကွယ့်၊ ဟောဒါ ဒေါ်ဒေါ့်သား မောင်မောင်ရွှေဘဲကွယ့်၊ မောင်အေးဆွေနဲ့ မတွေ့ဘူးသေးဘူးထင်တယ်၊ လူကလေးဟောဒါ မေမေ ခဏခဏ ပြောနေတဲ့ မောင်အေးဆွေလေ ... လူကလေးကြားဘူးတယ် မှုတ်လား၊ ဟို ... ဂုဏ်ဘန်းရပ်က ဒေါ်ဒေါ်စိုးရဲ့ တူပေါ့ကွယ်"
သူ့သား မောင်မောင်ရွှေဆိုသူမှာ တကယ့် ကလေးသူငယ် ကလေးသဖွယ် သူ့လက်မကို သူ့ပါးစပ်နှင့် ကိုက်နေရာမှ သူ့အမေက မိတ်ဖွဲ့ပေးသည်တွင် ကျွန်တော့်ကို မော့ကြည့်လိုက်ကာ ခေါင်းတချက်ညိတ်ပြီး သူ့လက်မ သူပြန်ကိုက်နေပါသည်။ သူ့အသက်မှာ ၂၀ ကျော်မျှ ရှိနေပြီဖြစ်သော်လည်း လူရည် မလည် သေးသော ကလေးသူငယ်ကလေးနှင့် တူပါသည်။
သူတို့သားအမိနှစ်ယောက်မှာ မအေကကိုယ်လုံးကိုယ်ထည်ကြီးမားဝကားသလောက် သားမှာ သေးငယ် ကြုံလှီသဖြင့် သားအမိဆိုသည်ကိုပင် မယုံကြည်လိုပါက မည်သူမျှ အပြစ်ဆိုနိုင်စရာရှိမည် မဟုတ်ချေ။
ဒေါ်လှလှကြီးမှာ ကျန်းမာခြင်း၊ ၀ဖြိုးခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့် ပြည့်စုံ၍ ဟက်ဟက်ပက်ပက်ကြီး ရယ်မော တတ်လျက် မောင်မောင်ရွှေမှာမူကား ဖြူဖတ်ဖြူရော် အသားအရေကလေးနှင့် စကားမျှ ကောင်းစွာ မပြောတတ် သလို သူ့လက်မသူကိုက်၍သာ ကုတ်ချောင်းချောင်းကလေး နေပါသည်။
ကျွန်တော်သည် မောင်မောင်ရွှေကို ကြည့်ပြီးကာ ...
"တွေ့ရတာ ၀မ်းသာပါတယ်ဗျာ၊ ဒီလို ကျွန်တော့် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်လာတာကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ်ဗျာ"
"အော် ... လာဆို မင့်အဒေါ် ဒေါ်ဒေါ်စိုး ကိုယ်တိုင်ကလည်း ရန်ကုန်ရောက်ရင် သူ့တူ မောင်အေးဆွေ အိမ်မှာ ၀င်တည်းပါ၊ လိုသမျှ အကူအညီတောင်းပါနဲ့ မှာလိုက်တာကိုးကွယ့်၊ ဒါနဲ့ ဒေါ်ဒေါ်တို့သားအမိလည်း ဒီကို တန်းလာခဲ့တာဘဲ"
ဤစကားကို ကြားလိုက်ရသည်တွင် ကျွန်တော့်မှာ အတော်ပင် ၀မ်းသာ၍ သွားပါသည်။ အကြောင်းမူကား မန္တလေးမြို့က ကျွန်တော့်အဒေါ် ဒေါ်ကြီးစိုးသည် ကျွန်တော် မန္တလေးမြို့သို့ သွားရောက် လည်ပတ်စဉ်က သူသဘောမကျသော မိန်းမတယောက်နှင့် ကြိုက်ဖူးသဖြင့် ကျွန်တော့်ကို စိတ်ဆိုးနေခဲ့ရာ ယခုကဲ့သို့ သူ့မိတ်ဆွေအား ကျွန်တော့်အိမ်၌ တည်းခိုရန်မှာကြားလိုက်သည်ကို ထောက်သဖြင့် ဒေါ်ကြီးစိုး ကျွန်တော့် အပေါ်၌ စိတ်ပြေသွားပြီကို သိရသောကြောင့် ဖြစ်ပါသည်။
"အား ... ၀မ်းသာလိုက်တာ ဒေါ်ဒေါ်ရယ်၊ ဒေါ်ကြီးစိုးနဲ့ ဦးကြီးသိန်းတို့ မသေးတို့ ဘော်ဘီတို့ ကျန်းကျန်း မာမာဘဲ မှုတ်လား၊ နေပါခင်ဗျာ ... ကျွန်တော့်အိမ်မှာ ဒေါ်ဒေါ်တို့ သားအမိနှစ်ယောက် သဘောရှိသလို နေနိုင် ပါတယ်"
ဒေါ်လှလှကြီးသည် သူ့မျက်မှန်ကို လက်နှင့် မတင်လိုက်ကာ ...
"ကျေးဇူးတင်ပါတယ်ကွယ်၊ ဒေါ်ဒေါ်တော့ မနေနိုင်တော့ဘူးကွယ်၊ ဗမာပြည်က ထောင်တွေအကြောင်း စာတအုပ် ရေးမလို့၊ သာယာဝတီထောင်တို့ ပေါင်းတည်ထောင်တို့ကို လျှောက်ကြည့်မယ်လို့၊ ဒေါ်ဒေါ် အဲဒီတွေ သွားနေတုန်း ဟောဒီက သားကလေးကို မောင်အေးဆွေ ဆီမှာ အပ်ထားခဲ့ချင်တာပါဘဲကွယ်"
"အော ... စိတ်ချပါ ခင်ဗျာ၊ ကျွန်တော့်ညီလေး အရင်းလိုစောင့်ရှောက်လိုက်ပါမယ်"
"ကောင်းပါလေကွယ် ... အစဦးတော့ သူ့ကိုပါ ဗဟုသုတဖြစ်အောင် လျှောက်ခေါ်သွားမလို့ဟာ သူက ရထား ခရီးရည်မစီးနိုင်ဘူးကွယ်၊ ခေါင်းမူးတတ်တယ်၊ လူက အင်မတန်နုတဘဲကွယ်၊ မန္တလေးမှာဆိုရင် အိမ်ထဲက အိမ်ပြင် ထွက်တယ်မရှိဘူး၊ အဲဒါကြောင့် လူက မြို့အကြောင်းမလယ်မ၀ယ်နဲ့ကွယ်"
"ဟာ ... ဒေါ်ဒေါ် ရန်ကုန်ရောက်လာလို့ ရှိမှတော့ လူရည်လည်သွားအောင် ကျွန်တော် သူ့ကို ဟော်တယ်တွေ၊ ကပွဲတွေ ဘားတွေ ကစားဝိုင်းတွေကို ခေါ်ပြလိုက်ပါမယ်၊ ဗဟုသုတ ဖြစ်သွားအောင်"
ဒေါ်လှလှကြီးသည် ကျွန်တော် ပြောနေသည်ကို ပြုံးပြုံးကြီး ခေါင်းခါလိုက်ကာ ...
"မောင်အေးဆွေ ... ဒေါ်ဒေါ့်သားအဖို့ ဒါတွေ မလိုပါဘူးကွယ်၊ ကူကလည်း အပျော်အပါးတွေ ၀ါသနာ မပါဘူးကွယ့်၊ စာအုပ်ကောင်းကောင်း ပေးထားလိုက်ရင် ပြီးတာဘဲ၊ သူက စာရေးဆရာမ သားပီပီ အင်မတန် စာဘတ် ၀ါသနာ ပါတယ်ကွယ့်၊ ဟင် ... ဟုတ်တယ် မှုတ်လား လူကလေး"
သူ့သားဘက်သို့လှည့်၍ မေးလိုက်ပါသေးသည်။ သူ့သားကလည်း မျက်စိကိုအောက်ချ၍ လက်မကို ကိုက်နေရာမှ ခေါင်းညိတ်ပြလိုက်ပါသည်။ စင်စစ် ဒေါ်လှလှကြီး စကားပြောနေပုံမှာ သူ့သားကို သူ့အနား၌ ရှိသည်ဟူ၍ပင် အောက်မေ့ဟန်မတူ။ သားကလည်း သူ့အကြောင်းကို ပြောနေပါလားဟု မသိသကဲ့သို့ပင် အေးစက်စက်နိုင်လှပါသည်။
ပေါ်အူးသည် ကော်ဖီနှင့် မုန့်များယူလာ၍ စားသောက်ပြီးကြသည်တွင် ဒေါ်လှလှကြီးက ...
"ကဲ ... မောင်အေးဆွေ၊ ဒေါ်ဒေါ်လူကလေးကို ခဏ ခေါ်သွားအုံးမယ်၊ နေ့လည်လောက်တော့ ပြန်လွှတ်လိုက်ပြီး ဒေါ်ဒေါ် သာယာဝတီကို သွားမယ်ကွယ်၊ ဘယ်နှစ်ရက်ကြာမယ်တော့ အမှန် မပြောနိုင်သေးဘူး၊ သူတို့ ထောင်အခြေအနေကို အတော်နှံ့နှံ့စပ်စပ်ကြည့်ရမှာ ဗမာပြည်ထောင်တွေက အတော်ညံ့တယ်လို့ ပြောနေကြတာ။ ကောင်းကောင်းမွန်မွန် ဖြစ်သွားအောင် စာတအုပ်တော့ ရေးလိုက်အုံးမှကွယ့်၊ အဲဒီ ဒေါ်ဒေါ် ပြန်မလာခင်အတွင်း လူကလေးကို ကောင်းကောင်း ကြည့်ထား လိုက်ပါကွယ်၊ သူက ရန်ကုန်မြို့ကြီးကို ဒါ အကြိမ်ပထမ ရောက်တာဘဲကွယ့်"
"စိတ်ချပါခင်ဗျာ စိတ်ချပါ ကျွန်တော် တာဝန်ယူပါတယ်"
"လူကလေးကလည်း မင့်ကိုကိုစကားကို နားထောင်ကွယ့်နော်"
သူ့သားမှာ အသက် ၂၀ ကျော်မျှ ရှိပြီဖြစ်သော်လည်း လေးငါးနှစ်သားကလေးကို သွန်သင်သကဲ့သို့ မှာကြားနေပါသည်။ သူ့သားကလည်း လက်မကိုသာ ကိုက်နေလျက် စကားမပြောတတ်သကဲ့သို့ သူ့မိခင် အား ခေါင်းညိတ်၍သာပြပါသည်။ ကျွန်တော့်မှာ ယခုအချိန်အထိ ဒီအသက် ဒီအရွယ်နှင့် ဤမျှ ဆိတ်ငြိမ် နူးညံ့သော ယောက်ျားကလေးမျိုးကို မတွေ့ဘူးခဲ့သေးပါ။
ဒေါ်လှလှကြီးသည် ထီးနှင့် လက်ဆွဲသားရေအိတ် ဆွဲကိုင်ပြီး မတ်တတ်ထလိုက်ကာ သူ့သားကို ဦးထုပ် ဆောင်းပေးနေရင်း ...
"ကဲ ... လူကလေးကလည်း မင်းကိုကိုနဲ့ ရန်ကုန်မြို့ကြီးမှာ နေရတုန်း နား မျက်စိ ဖွင့်ကြည့်ပါကွယ်" ဟု မှာကြားခဲ့ပါသေးသည်။ သူ့သားမူကား ပါးစပ်မှ ပြန်မပြော ခေါင်းညိတ်၍သာ ပြပါသည်။ ကျွန်တော်မှာ ရောက်ကတည်းက မောင်မောင်ရွှေ၏ အသံကို မကြားရသေးပါ။ စကားမှ ပြောတတ်ပါလေစ။ ဘယ်လို အကောင် ကလေးပါလိမ့်။ ကျွန်တာ့် စိတ်ထဲ၌ ဇဝေဇ၀ါ ရှိသည်နှင့် သူတို့သားအမိ ထွက်ခွာသွားပြီးနောက် ပေါ်အူးကို ခေါ်၍ ...
"ဟေ့ .. ပေါ်အူး၊ ခုန ဟိုအဒေါ်ကြီးပြောတဲ့ စကားတွေ မင်းကြားတယ်မှုတ်လား"
"ကြားသားဘဲ ဆရာ"
"သူ့သားကို ဒို့အိမ်မှာ ထားခဲ့မလို့တဲ့ကွ"
"ဟုတ်ကဲ့ ဆရာ ..."
"ဘယ့်နှယ် ကောင်ကလေးမှန်း မသိဘူး၊ ပြော့စိုစိုကလေးနဲ့ စကားလဲမပြောဘူး"
"ဟုတ်ကဲ့ ဆရာ ..."
ပေါ်အူးမှာ ကျွန်တော် ပြောနေသည်တို့ကို စိတ်ပါဝင်စားဟန်မရှိဘဲ ၀တ်ကြေ၀တ်ကုန်သာ လုပ်နေခြင်း ဖြစ်ပါသည်။ ခါတိုင်း အခါများဆိုလျှင် ကျွန်တော် အရိပ်အမြွက်လောက် ပြောရုံမျှနှင့်ပင် ဘယ်သင်းက ဘယ်လို၊ ဘယ်သူက ဘယ်သို့ဟု ရှင်းလင်းပြောပြတတ်ပါသည်။ ယခုမူ ခင်မြမြမောင်းမောင်း ကိစ္စနှင့် ပတ်သက်ပြီး သူစိတ်ကောက်နေသည်ကို ကျွန်တော် သိပါသည်။
ပေါ်အူးနှင့် ကျွန်တော်မှာ ဆရာတပည့်ပင် ဖြစ်သော်လည်း သူကသာ ကျွန်တော့်ကို နည်းပေးလမ်းပြ လုပ်နေ၍ ကျွန်တော်က လိုက်နာရသည်သာများပါသည်။ သူ့အလိုကို ဆန့်ကျင်လျှင် သူက တင်းမာ၏။ တကြိမ် သောအခါက (သည့်မောင့်လက်သံဝတ္ထု) ကျွန်တော် ဘင်ဂျိုတီးသည်ကို သူတားမြစ်၏။ ကျွန်တော် က နားမထောင်သောကြောင့် သူအလုပ်မှ ထွက်သွား၏။
ကျွန်တော် နောက်ဆုံးဘင်ဂျိုကို ရိုက်ခွဲပစ်လိုက်မှသူပြန်လာ၏။ ဤမျှခေါင်းမာသောသူပင်။ ကျွန်တော့် မှာလည်း သူ့အကူအညီမရှိလျှင် မနေတတ် မထိုင်တတ်ပင်ဖြစ်နေ၍ အခြားလူများကို သူ့နေရာ၌ အစား ထိုးဘူး ပါသော်လည်း သူ့လောက်မတော်သည်ကို တွေ့ရသဖြင့် သူ့ကိုပင် လက်မလွှတ်နိုင် ဖြစ်နေ ပါသည်။ စင်စစ်ပေါ်အူးသည် ကျွန်တော့်အပေါ်၌ အလုပ်ရှင်နှင့် အလုပ်သမားဟု သလောထားရုံသာ မဟုတ်ဘဲ၊ ကျွန်တော့်အား နည်းပေးလမ်းပြ ဆုံးမသွန်သင်နေသော အထိန်းတော်ကြီးသဖွယ် ဖြစ်နေ ပါသည်။ သူသွန်သင် ညွှန်ကြားသည်တို့မှာလည်း အဟုတ်အမှန် အကောင်းချည်းသာဖြစ်ပါသည်။ သို့သော် ကျွန်တော့် စိတ်ဓာတ်မှာ သူကတပည့် ငါကဆရာဟု သဘောထားလျက် ကျွန်တော်က တတ်နိုင် သမျှ ခေါင်းမာတတ်သူ ဖြစ်ပါသည်။
ယခုကြည့်ပါဦးတော့။ ကျွန်တော့်ချစ်သူ ခင်မြမြ မောင်းမောင်း ကိစ္စနှင့်ပင် သူနဲ့ကျွန်တော်ဘုကျ၍ နေကြပါပြီ။ ကျွန်တော်ကလည်း ဂုဏ်မာနပျော့ညံ့သူမဟုတ်မူ၍ အလျှော့မပေး နံနက်စာ ထမင်းစား ပြီးသည်နှင့်ပင် ...
"ဟေ့ ပေါ်အူး ... ငါ မောင်းမောင်းဆီ သွားအုံးမယ်၊ မင်း မောင်မောင်ရွှေဆိုတဲ့ ဟိုချာတိတ် ကလေး ရောက်လာရင် နေရာထိုင်ခင်းပေးထားလိုက်" ဟု သူ့ကိုအရွဲ့တိုက်မှာကြားပြီး ကားနှင့် ထွက်ခဲ့ပါသည်။
စင်စစ်အားဖြင့် ထိုနေ့တနေ့လုံးတွင် ခင်မြမြ မောင်းမောင်းနှင့် မတွေ့ရမူ၍ ရောင်ဒဗူဟော်တယ်၌ ဘီလိယက် ထိုးရင်း ဘီယာသောက်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပါသည်။
ညနေ ၆ နာရီ၌ အိမ်သို့ပြန်ရောက်၍ ...
"ဟေ့ ပေါ်အူး၊ မောင်မောင်ရွှေ ပြန်ရောက်လာပြီလားကွ ..."
"ပြန်ရောက်လာပြီး ပြန်ထွက်သွားတယ်ဆရာ"
"သူ့ မေမေနဲ့ဘဲလား"
"မဟုတ်ဘူးဆရာ သူ့မိတ်ဆွေတယောက်နဲ့"
"ဟေ့ ...သူက ရန်ကုန်မှာ မိတ်ဆွေတွေဘာတွေနဲ့လားကွ၊ လူကောင်းသူကောင်း မှဟုတ်ပါလား၊ ကောင်လေး က ရိုးအအနဲ့"
"ဒီအတွက် ဆရာပူစရာလိုမယ် မထင်ပါဘူးဆရာ"
"နို့ သူထမင်းစားမှီပြန်လာမယ်တဲ့မှုတ်လား"
"မလာဘူးတဲ့ဆရာ"
"ဘယ်လိုတဲ့လဲ"
"အိမ်မှာ ဘာဟင်းချက်သလဲလို့မေးတယ်၊ ကြက်သားရို့စ်နဲ့ အစိမ်းကြော်လို့ပြောတော့ သူမစားဘူး လို့ပြောသွားတယ်ဆရာ
"ဟာ ဒီကောင်လေးက သက်သတ်လွတ်စားမယ့်ကောင်လေးနဲ့ တူပါတယ်ကွာ၊ နက်ဖြန်ကျ သူကြိုက်သလို ချက်ပြုတ် ကျွေးလိုက်ပါကွာ"
ည ဆယ်နာရီကျော် ကျွန်တော် အိပ်ရာဝင်သည့်တိုင်အောင်မှ မောင်မောင်ရွှေ ပြန်မလာသေး။ ကျွန်တော့် မှာမူ သူ့မိခင်ကြီးက စိတ်ချလက်ချ အပ်ပစ်ခဲ့သည်ဖြစ်သောကြောင့် ဤမလယ်မ၀ယ် ကောင်ကလေး အတွက် စိတ်သောက ရောက်ရပါတော့သည်။ စိတ်ကောက်နေသော ပေါ်အူးကလည်း ကျွန်တော့်ကို ဘာအကူ အညီမှမပေး။ သူ့ဖာသာသူ ခတ်အေးအေးပင် နေပါသည်။
ညဥ့် ၁၁ နာရီခန့် ကျွန်တော်မှေးကနဲ အိပ်ပျော်သွားသည်တွင် အိမ်ရှေ့တံခါးမှ ကုတ်သံခြစ်သံကြားရသဖြင့် ရုတ်တရက် လန့်၍နိုးပါသည်။ ထိုအသံမှာ ရပ်သည်မရှိဘဲ တဗျင်းဗျင်းနှင့် ပွတ်တိုက်ကုတ်ခြစ်နေပြီးနောက် ၀ုန်းကနဲ ကျသံကြီးကို ကြားလိုက်ရပါသည်။
"ဟေ့ .. ပေါ်အူး .."
"ဆရာ .."
"အပြင်ဘက်က ဘာသံလဲ မီးဖွင့်ပြီး သွားကြည့်စမ်းကွာ"
"ကောင်းပါပြီဆရာ ..."
ပေါ်အူး မီးဖွင့်ပြီး၍ တံခါးမင်းတုံးဖြုတ်သံ ကြားရပြီးနောက် ...
"ဘာလဲဟေ့ ပေါ်အူး"
"မောင်မောင်ရွှေလေးရယ်ဆရာ..."
"ဟေ ...ဘယ်လိုဖြစ်နေတာလဲ..."
"လဲနေတယ်ဆရာ ..."
"ဟင် ... ဘယ်လိုများ ဖြစ်လာတာပါလိမ့်" ဟု ဆိုပြီး အပြင်ထွက်ကြည့်လိုက်ရာ မောင်မောင်ရွှေ ကလေးမှာ အံဖတ်တွေ ဗလပေနှင့် အရုပ်ကြိုးပြတ် လဲနေသည်ကို တွေ့ရပါသည်။
ကျွန်တော့်ခေါင်း၌ မီးတောက်ကာ ...
"ဟေ ... ပေါ်အူးရေ၊ အံဖတ်တွေနဲ့ တခုခုအစားမှားလာပြီ ထင်တယ်ကွ၊ ဆရာဝန် သွားခေါ်မှဘဲ"
ပေါ်အူးသည် မထူးခြားသောအသံနှင့် ...
"ခေါ်စရာမလိုပါဘူးဆရာ၊ ဆရာခြေထောက်က မ ကျွန်တော်ခေါင်းကချီပြီး သူ့အိပ်ရာထဲသွားပို့လိုက်မယ်၊ မနက်ကျ အကောင်း ဖြစ်သွားပါလိမ့်မယ်"
ပေါ်အူးပြောသည့်အတိုင်း အိမ်ထဲသို့ ချီသွင်းရာ မောင်မောင်ရွှေကိုယ်မှ အရက်စော်နံလှသဖြင့် ...
"ဟေ့ ပေါ်အူး၊ ဒီကောင်လေးကို ဘယ်သူများ အရက်ချော့တိုက်လိုက်ပါလိမ့်၊ ခက်တော့တာပါပဲကွာ၊ ကောင်ကလေးက မအူမလယ်နဲ့ ..."
ပေါ်အူးက မည်သို့မျှ ပြန်မပြော၊ မောင်မောင်ရွှေမှာလည်း အမူးလွန်နေ၍ မျက်လုံးမှဖွင့်မကြည့်နိုင်။ ကျွန်တော့်စိတ်ထဲ၌ ဒီကောင်လေးအား မနက်မှ ဆုံးမစကားပြောမည်ဟု စိတ်ကူးကာ သူ့ကို အိပ်ရာထဲ ပို့ပြီးနောက် ကျွန်တော့်အိပ်ရာသို့ပြန်ခဲ့ပါတော့သည်။
နံနက်လင်းသောအခါ၌ ကျွန်တော်သည် အိပ်ရာမှထ၍ မျက်နှာသစ်ပြီး မောင်မောင်ရွှေ၏ အခန်းသို့ ကူးခဲ့ပါသည်။ အပေါင်းအသင်းများ၏ သွေးဆောင်မှုကြောင့် မသောက်စဖူး သောက်သူဖြစ်၍ ခေါင်းကိုက် ခဲလျက် နေမကောင်း ထိုင်မသာကြီးဖြစ်ကာ ငြီးငြူနေသည်ကို တွေ့ရမည်။ ဤအခါ၌ ကျွန်တော်၏ ဆုံးမစကား ကို ကောင်းစွာ နားထောင်၍မှားမိကြောင်း ၀န်ခံလိမ့်မည်ဟု အောက်မေ့ခဲ့၏။
သို့သော် ကျွန်တော် ထင်သမျှ တက်တက်စင် လွဲချေသည်။ မောင်မောင်ရွှေမှာ ကြည်လင်ရွှင်ပြစွာနှင့် အ၀တ် အစားများပင် လဲပြီးနေ၍ ခေါင်းဖီးရင်း အိစက်ညက်ညောတဲ့ ဖဲမွေ့ရာ ... ချစ်တလင်းခေါ်မယ်၊ ပျို့ချစ်ဆွေ ဇာနည်ဘွားဟာ ယောက်ျားလည်းပီသတယ်၊ ယောက်ျား ခင်ဗျားက သူကဘဲ ပိုပြန်ပါတယ်၊ သူ့ထက်ကဲချင်တယ် စသော စကားလုံးများနှင့် အမြီးအမောက်မတဲ့၊ ရှေ့နောက် မညီသလောက် တဏှာ ရာဂစိတ် ထကြွဘွယ် ကောင်းလှသော သီချင်းကို သီဆိုလျက်နေပါသည်။
ကျွန်တော်သည် အံ့အားသင့်မိကာ
"ဟဲ့လို ... မောင်မောင်ရွှေ"
"ဟဲ့လို ... ကိုအေးဆွေ"
မနေ့က သူ့အမေရှေ့၌ စကားမပြောသော်လည်း ယခုမူ သွက်လက်လှချေတော့သည်။
"မင်း ညက ဘယ်လိုဖြစ်လာတာလဲ"
သူသည် ပြုံးစိစိမျက်နှာနှင့် ...
"ဘယ်လိုဖြစ်လာတယ်လို့ ခင်ဗျားထင်သလဲ"
"အရက်မူးလွန်လာတယ်လို့ ထင်တာဘဲ"
သူသည် ခင်ဟက်ဟက်ကလေးပင် ရယ်မောလိုက်ခါ ...
"ဟုတ်လိုက်လေ နောင်ကြီးရာ ..."
ကျွန်တော်က မျက်နှာထားခပ်တည်တည်နှင့်ပင် ...
"အင်း ... ညက မိတ်ဆွေ တယောက်ယောက်က တိုက်တွန်းတာနဲ့ မှားလာထင်ပါရဲ့ကွာ ... နောက် သတိထားတာပေါ့ကွာ"
သူ့အား အခွင့်လွှတ်အောင် တောင်းပန်စေရန် လမ်းကြောင်းပေးလိုက်ပါသည်။ သို့သော် သူက ကျွန်တော့်စကားကိုမမူဘဲ ...
"အို ...ဘယ်သူကမှ တိုက်တွန်းလို့မဟုတ်ပါဘူး၊ ကိုယ့်ဟာကိုယ် သောက်ချင်တာနဲ့ နင်းကန်သောက် လာတာဘဲ၊ သောက်လိုက်တာမှ တပုလင်းပြီးတပုလင်း၊ သောက်ကောင်းလိုက်တာလည်း မပြောနဲ့တော့ ဒီနေ့လည်း သောက်အုံးမှာဘဲ ... နက်ဖန်လည်း သောက်အုံးမှာဘဲ၊ သဘက်ခါရော အို ... နောက်ကိုလည်း ဘဲ ဒီလိုဘဲသောက်အုံးမှာဘဲလေ၊ ကန်တော် ၀ါမပြောတတ်ပါဘူး၊ ဘုရားစူးရပါစေရဲ့"
ကျွန်တော့်မှာ အောင့်သက်သက်နှင့် မျက်လုံးပြူးကာ ...
" ဟ ... ဒီလိုဆို ခက်ရချေကွာ၊ ငါ့ဘက်ကများ နေကြည့်ပါအုံးကွ"
"အို ... ခင်ဗျားဘက်ကနေ ဘာကို ဘယ်လို ကြည့်ရမှာလဲ ..."
"ဟ ...ကောင်ရ၊ မင့်မေမေက မင့်ကို ငါ့အပ်သွားတာကွ၊ မင်းဒီလိုလုပ်နေရင်း မင့်မေမေလာတော့ ငါဂျောက်မကျ ဘူးလားကွ..."
"အို ... ခင်ဗျား ဂျောက်ကျတာမကျတာ ကျွန်တော် မတတ်နိုင်ဘူး၊ ကျွန်တော့်အဖို့ကို ခင်ဗျား စဉ်းစားစမ်း ပါအုံး၊ ကျွန်တော်ဟာ အခု အသက် ၂၂ နှစ်ရှိပြီး ဒီရန်ကုန် မြို့ကြီးကို ရောက်ရတာဟာ ဒါပထမအကြိမ်ဘဲ၊ မန္တလေးမှာဆိုရင် ကျွန်တော်တို့ လူမျိုးက ဘုရားလူကြီးမျိုး စီးပွားလမ်းအပေါက်တဲ့လည်း ဘုရားရှိခိုး မတဲ့ပြန်ရင်လည်း နင်းကန်ရှိခိုး အမျိုးမျိုး ဆုတောင်းရွှေချနေတဲ့ လူစုထဲမှာ သူတော်ကောင်း ကလေးလုပ်ပြီးကြီးပြင်းခဲ့ရတာဗျ၊ ဘယ်မှာ လောက်ကီစည်းစိမ်သုခကို ခံစားခဲ့ဘူးရမလဲ၊ အခု မေမေက စိတ်ရူး ပေါက်ပြီး ကျွန်တော့်ကို လျှောက်ခေါ်လာတာနဲ့ ဒီရောက်တော့ ကျွန်တော် ခရီးရှည်မသွားနိုင်ဘူး၊ ခေါင်းမူးတယ်လို့ လိမ်ပြောပြီး ခင်ဗျာ့အိမ်မှာ နေခဲ့တာဗျ၊ နို့ပြီး ခင်ဗျားကိုလည်း တပည့်တယောက်နဲ့ တကိုယ်တည်း ပွေနေတဲ့ လူပျိုကြီးဆိုတော့ ကျွန်တော်က ပွေနည်း ထွေနည်းတွေ ညွှန်ပြလိမ့်မယ်လို့ မျှော်လင့် ခဲ့တယ်ဗျ။
"အခုတော့ဗျာ ... ခင်ဗျားကြီး ကဘဲ ...လူ့ သူတော်ကောင်းကြီးလုပ်ပြီး၊ ကျွန်တော့်ကို တားမြစ်နေတယ် ဆိုတော့ ... ကျွန်တော့်ကို အံ့သြလို့ မဆုံးပါဘူး ... ဒီမှာ ... ကိုအေးဆွေ ခင်ဗျား သေသေချာချာ စဉ်းစားစမ်း။ ဒီရန်ကုန်မြို့မှာ ... ဟော်တယ်တွေ ... အရက်တွေ ... မိန်းမတွေနဲ့ ... ငွေရှိ, ရှိသလောက် ကာမဂုဏ် ဆီ အီမ၀နိုင်စရာတွေဟာ ... ဘာလုပ်ဘို့ ရှိနေတာလဲ ... ကဲ ... ဆိုစမ်း ..."
သူကဘဲ ကျွန်တော့်ကို မေးခွန်းထုတ်၍ နေပြန်ပါသည်။ ကျွန်တော်က ပြုံးမဲ့မဲ့နှင့် တွေနေမှ သူက ဆက်လက်၍ -
"ကျွန်တော်တို့လို လူရွယ်ကလေးတွေ ပျော်ဘို့ ပါးဘို့မဟုတ်လား ... ဒီမှာ ကိုအေးဆွေ လူ့ဘ၀မှာ နံနက်ခင်း ရယ် မွန်းတည့်ချိန်ရယ် ... ညနေပိုင်းရယ်ဆိုပြီး၊ သုံးမျိုး သုံးစားရှိတယ်၊ ဒီသုံးမျိုးမှာ နံနက်ခင်းဟာ ပျော်စရာအကောင်းဆုံးဘဲ မဟုတ်လား၊ ဒီပျော်စရာကောင်းတဲ့ နံနက်ခင်းကလေးမှာ၊ ကျွန်တော် အခွင့်ရတုန်း ပျော်ပါးပြစေလားဗျာ၊ ခင်ဗျားက ကျွန်တော့် မေမေမှာခဲ့တာနဲ့၊ ခင်ဗျာ့ တာဝန်ကျေတယ်ဆိုတဲ့၊ ခင်ဗျာ့ ကိုယ်ကောင်းဘို့ ဂုဏ်ပုဒ်ကို လိုချင်တဲ့အတွက် ကျွန်တော့်ရဲ့ သာယာတဲ့ နံနက်ခင်းလေးကို ဖျက်မယ်၊ တားဆီးမယ်ဆိုရင်တော့၊ ခင်ဗျာ့လောက် ရက်စက်တဲ့ လူ လောကမှာ ရှိအုံးမှာလားဗျာ။ ဒီလိုဆိုရင် ခင်ဗျာ့လို ကြင်နာသက်ညှာမှု မရှိတဲ့    လူ၊ လူတဖက်သားရဲ့ အလိုဆန္ဒကို မသိတတ်တဲ့လူ၊ အဲဒီလို လူမျိုးတယောက်ရဲ့ စကားကို ကျွန်တော် လိုက်နာသင့်သလားဗျာ။ ခင်ဗျား သေသေချာချာ စဉ်းစားစမ်း"
" အလို ... ခက်ရချည့်၊ လာလဲ လာတဲ့ အကောင်ကလေး မနေ့ကတွင် ကျွန်တော့်မှာ သူ့အမေရှေ့၌ စကားမှ ပြောတတ်ပါ့မလားဟု အောက်မေ့ခဲ့ပါသည်။
သူသည် စီးကရက်တလိပ်ကို မီးညှိသောက်လိုက်ကာ ဆေးလိပ်ဘူးကို ကျွန်တော့်ဘက်သို့ ပစ်ပေးလိုက်ပြီး မှ တဖန် ဆက်လက်၍ ...
"ဒီမှာ ကိုအေးဆွေ ... ခင်ဗျား တခု စဉ်းစားစမ်းပါအုံး။ ခင်ဗျားဟာ ကျွန်တော့်ထက်လည်း အသက်ကြီးတယ်။ ရန်ကုန်မြို့ပေါ်မှာ နေတဲ့ လူလည်းဖြစ်တယ်။ ဒီမြန်မာပြည်ရဲ့ မျက်နှာဖုံး၊ ရန်ကုန်မြို့ကြီးရဲ့ စည်ကားသိုက်မြိုက်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဘယ်ပေါ်မှာ တည်သလဲ၊ တခြားမြို့တွေနဲ့ မတူအောင် ပျော်မှု ပါးမှု စည်းစိမ်ခံစားမှုတွေ ပေါများတဲ့အပေါ်မှာ တည်တယ်မဟုတ်လား၊ လူတွေဟာ ဒီပျော်ပါးမှုတွေကြောင့်၊ ရန်ကုန်မြို့ကြီးကို နှစ်သက်ကြတယ်၊ မက်မောကြတယ်၊ အထင်ကြီးကြတယ်၊ မြို့ကြီးသားဆိုတဲ့ ဂုဏ်ကို ယူကြတယ်။ စင်စစ် အဓိပ္ပါယ် တော့ဗျာ၊ ရန်ကုန်မြို့ကြီးဟာ ဒီလိုစည်းစိမ် ခံစားမှုတွေနဲ့လူတွေကို သွေးဆောင်နိုင်တယ်။ စွဲမက်စေတယ်၊ ရန်ကုန်မြို့ကြီးကို ရောက်လာပြီဆိုရင် ဘယ်သူဟာ မပျော်ဘဲ၊ မနှစ်သက်ဘဲ နေနိုင်သလဲ။ ဒါဟာ ရန်ကုန်မြို့ကြီးရဲ့ သတ္တိထူးဘဲ ... တကယ်လို့သာ ကျွန်တော့်လို ချာတိတ်ကလေးက ကိုယ့်မှာ အခွင့်အရေးရှိပါရက်နဲ့ ရန်ကုန်မြို့ကြီးရဲ့ ပျော်ပါးမှုတွေကို မခံစားဘဲ နေနိုင်တယ်ဆိုရင် ခင်ဗျာ့ ရန်ကုန်ကြီးက အလာကားပေါ့ဗျ၊ ဘယ်မှာပျော်ပါးမှုတွေနဲ့ လူတွေကို သွေးဆောင်နိုင်တယ်ဆိုတဲ့ ဂုဏ်ရှိတော့မှာလဲ ဒီလိုဆိုရင် ခင်ဗျားတို့မြို့ကြီးရဲ့ဂုဏ်ကို မထိခိုက်ပေဘူးလား ကိုအေးဆွေ ... ခင်ဗျား ... သေသေချာချာစဉ်းစားကြည့်စမ်း ..."
ချာတိတ်ငယ်က ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်၍ မေးခွန်းထုတ်နေပြန်ပါသည်။ သူ့စကားမှာလည်း ဟုတ်သလိုလိုပင်ရှိနေ၍ ကျွန်တော်ဘာမျှ ပြန်မပြောနိုင်မှီပင် သူကတဖန် ဆက်လက်ကာ ...
အဲဒီတော့ ကိုအေးဆွေ ကျွန်တော့်ရဲ့ သာယာတဲ့ နံနက်ခင်းကလေးကိုလည်း မဖျက်ချင်ပါနဲ့။ ခင်ဗျားနေတဲ့ ရန်ကုန်မြို့ကြီးရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေချင်ပါနဲ့ ... နို့ပြီး ခင်ဗျာ့ရှေ့တင်ဘဲ ကျွန်တော့် မေမေက ကျွန်တော့်ကို "လူကလေးရေ မြို့ကြီးပြကြီး ရောက်တုံးမှာ "မျက်စိဖွင့်" လို့ မှာသွားတာလဲ၊ ခင်ဗျားအကြားဘဲ။ ကဲ ... ဒီတော့ဆရာရေ၊ "ပျော်သလိုသာနေ ကိုယ့်လူရေ အကြိုက်တွေ့တော့ ၀မ်းသာလုံး ဆို့ ... ဆို့ ..." ဆိုတဲ့ သီချင်းလိုဘဲ နေပါရစေတော့ဗျာ။ အော် ... ဒါထက် ... " သူသည် မျက်နှာ အမူအရာနှင့် စကားကြောင်း ပြောင်းလိုက်ကာ၊ "ခင်ဗျားတပည့်ဟာ နာမည်ဘယ်သူ ... အေး ... ပေါ်အူး ... ပေါ်အူး ... ဒီလူ တယ်တော်တဲ့ လူဘဲဗျ ... မနက် စောစောက ကျွန်တော့်ကို လိမ္မောရည်လား၊ ဘာရည်လဲ မသိဘူး လာပေးတာ အဲဒါ သောက်လိုက်တာနဲ့ လူကိုတခါထဲ ခေါင်းရှင်းသွားတာဘဲဗျို့ သူပြောတယ် အဲ့ဒီ အဖျော်ရည်ဟာ အရက်မူးတဲ့ လူတွေအတွက် နောက်တမနက်မှာ ခေါင်းရှင်းသွားအောင် သူ တည်ထွင် ထားတာတဲ့ တော်တယ်ဗျ၊ ခင်ဗျားလူ ကျွန်တော်နဲ့တော့ အံကိုက်ဘဲ။ ကျွန်တော်ကလည်း နင်းကန်သောက် မှာနဲ့ သူ့မှာလဲ ဖြေဆေးရှိတာနဲ့ ... ကဲ ... ဒီနေ့တော့ စောစောစီးစီးကဘဲ လျှောက်ထွေ ရအောင် သွာအုံးမယ်ဗျာ ... ခင်ဗျားကော ကျွန်တော်နဲ့ လိုက်ခဲ့ပါအုံးတော့ ရန်ကုန်မြို့ကြီးရဲ့ စားကျက်တွေ နှံ့အောင် ပြစမ်းပါဗျ"
ကဲဗျာ မိတ်ဆွေ၊ သူ့စကားတွေ ခင်ဗျား ကြားတဲ့အတိုင်းပါဘဲ။ ဒီကောင်မျိုး ဆုံးမတားဆီးလို့ ရပါအုံးမလား... စဉ်းစားဘဲ ကြည့်ကြပါတော့။
ကျွန်တော့်မှာ ဤသတ္တ၀ါကလေးအား မည်သို့မျှ တားဆီး၍ မရနိုင်တော့သည်ကို သိရှိရသဖြင့် သူ့ကို တယောက်တည်း လွှတ်ထား၍လည်း မဖြစ်သောကြောင့် ထိုနေ့၌ ကျွန်တော် သူနှင့်အတူ လိုက်သွား ပါသည်။
သို့သော် ဤနေ့သည်၊ ကျွန်တော် သူနှင့် အတူသွားသော ဆဋ္ဌမနေ့နှင့် နောက်ဆုံးနေ့ ဖြစ်ပါသည်။
ကြည့်ပါဦးတော့ -ညပိုင်း၌ မိန်းခလေးတွေရှိသော ဟော်တယ်သို့ သွားချင်သည်ဆို၍ ကျွန်တော် ပို့ပါသည်။ အားရပါးရ နင်းကန်သောက်ပြီး ဆူသည်။ ဟော်တယ်က မိန်းခလေးတယောက်အား အင်္ဂလိပ်ဓာတ်ရှင် (သူတို့ မန္တလေး စကားအတိုင်း) ထဲက ဇာတ်လိုက် မင်းသမီးနဲ့ မင်းသားလိုဆိုပြီး ကျွန်တော်တို့ မြန်မာ လူမျိုးအဖို့ နားမျက်စေ့၌၊ ကြား၍ မြင်၍ မတင့်တယ်သော အနောက်နိုင်ငံ အောက်တန်းစား ရုပ်ရှင်ထဲက ဖိုမ ဆက်ဆံမှုမျိုး ပြောဆိုပြုမူသည်။ မည်မျှ ဆိုးဝါးတဲ့ ကောင်ပါသနည်း။
ထိုမျှမကသေးပါ။ သူကတော့ ဆူချင်သမျှ ဆူပြီး တဘက်ခန်းက ဆူသည်ကို နားညည်းတယ်ဟု ဆိုပြီး ဟိုဘက်သည်ဘက် ကာထားသော ခန်းဆီးမှန်ကို လက်သီးနှင့် ထိုးခွဲသည်။ ၄င်းနောက် စားပွဲပေါ်က ပန်းကန်တွေ ပုလင်းတွေကို ခြေနှင့်ကန်ချပြီး စားပွဲပေါ်တက်၍ "တက်ပ်ဒန်းစ်" ကသည်။
နောက်ဆုံး အတိုချုံး၍ပြောရလျှင် ကျွန်တော့်မှာ အခြားဘက်အခန်းက လူတွေကို တောင်းပန် ဟော်တယ်ရှင် ကိုလည်း စားတာ သောက်တာအပြင် ကွဲရှသည့်အတွက် အလျော်များပေး၍ သူ့ကို မေ့အောင် လုပ်ပြီး ထမ်း၍ ဆင်းခဲ့ရပါတော့သည်။
ထိုအကြိမ်မှစ၍ ကျွန်တော် နောက်ထပ်သူနှင့်အတူ မလိုက်တော့ပါ။
သူမူကား ကျွန်တော့်ကို သူရဲဘောနည်းသူတယောက်ဟုဆိုပြီး နှုတ်ဆက်စကားပြောမှ မလုပ်တော့ဘဲ ကျွန်တော့်အိမ်ကို သူပြန်ချင်တဲ့အချိန် ပြန်လာသည်။ သွားချင်တဲ့အချိန်၌ သွားသည်။ နောက် ၃-၄ရက်လောက် ကြာသောအခါတွင်မူ သူတယောက်တည်း မဟုတ်တော့ဘဲ သူ့အဖော်တွေပါ ကျွန်တော့် အိမ်သို့ ခေါ်လာပြီး ညဥ့်နက်သန်းခေါင် ဆူဆူပူပူလုပ်သည်။ ကျွန်တော်က တားဆီးတောင်းပန်လျှင် ကျွန်တော့် ကို သူ့အဖော်တွေကပါ မူးမူးရူးရူးနှင့်ဝိုင်းပြီး အရူးလုပ်သည်။ မည်မျှလောက် ခက်ပေသနည်း ခင်မြမြမောင်းမောင်း ကိစ္စနှင့်စိတ်ကောက်နေသော ပေါ်အူးကလည်း ကျွန်တော့်ကို အကူအညီ မပေးတော့ပါ။ သူ့ဘာသာ သူ လုပ်စရာရှိသည်ကို ၀တ္တရားအတိုင်း လုပ်ကိုင်၍ နေပါသည်။
ကျွန်တော့် ကိုယ်မှာ သီတင်းတပတ်အတွင်း၌ ဆယ်နှစ်လောက် အသက်ကြီးသွားသည်ဟု ထင်ရပါ၏။
တနေ့သော နံနက်ခင်း၌။
"ပေါ်အူးရေ ..."
"ဆရာ ..."
"ငါတော့ ... ဟိုကောင်လေးကြောင့်ခက်ပြီကွ"
ပေါ်အူးသည် မထုံတေတေးနှင့် မြုံစေ့စေ့လုပ်၍ နေပါသည်။ ကျွန်တော်က များစွာပင် ညှိုးငယ်သော မျက်နှာနှင့်
"မင်းကြည့်ကွ .. ဒီကောင်လေးပြောလို့ ဆိုလို့လဲမရဘူး အိမ်က နှင်ထုတ်ပစ်ရပြန်လည်း... သူ့အမေ မျက်နှာထက် ဒေါ်ကြီးစိုးကို ငါကြောက်ရတယ်... ဒေါ်ကြီးစိုးကိုယ်တိုင်က ငါ့အိမ်မှာတည်းပါ ခိုပါလို့ လွှတ်လိုက် တာကွ...ဒီအတိုင်း အိမ်မှာထားပြီး ပြောမရ ဆိုမရနဲ့ ကြည့်နေရပြန်ရင်လည်း တနေ့နေ့ တခုခု ဖြစ်လာတော့ ငါ့အိမ်မှာ အပ်ထားရက်နဲ့ ဒီလိုဖြစ်ရမလားဆိုပြီး ငါ့အပေါ်မှာ တာဝန်ကျအုံးမယ်ကွာ ဟင် ...မဟုတ်ဘူးလားပေါ်အူးရဲ့..."
ကျွန်တော်က သူ့မျက်နှာကို အားမလိုအားမရ ကြည့်ပြီး မေးလိုက်မှ၊ သူက မထုံတေတေးနှင့်ပင်...
"ဟုတ်ပါတယ် ဆရာရယ်"
"ကဲ ... ဒီတော့ ငါဘယ့်နှယ်လုပ်ရမလဲကွာ ..."
မသိဘူးဆရာ..."
ကျွန်တော့်မှာ သူ့ဆီက အကူအညီရမလား အားကိုးတကြီးမေးသည်ကို၊ သူဤကဲ့သို့ ပြန်ပြောလိုက်သဖြင့်၊ ရင်ထဲ၌ ဟာကနဲဖြစ်သွားပါသည်။
"ဟေ့၊ မင့်ခေါင်းထဲမှာ အကြံဥာဏ်ကလေးများ မရှိတော့ဘူးလားကွာ ..."
"မရှိဘူးဆရာ ..."
ပေါ်အူး ခေါင်းထဲ၌ အကြံဥာဏ်မရှိဘူးဆိုသည်မှာ သူလိမ်၍ပြောခြင်းသာဖြစ်ပါသည်။ သူခေါင်းထဲ၌ အကြံဥာဏ်တွေပြွတ်သိပ်နေအောင် ရှိသည်ကို ကျွန်တော် သိခဲ့ပြီးဖြစ်ပါသည်။ ယခုသူနှင့် ကျွန်တော် စကားပြောနေသည်မှာ ကျွန်တော်၏ အိပ်ခန်းထဲတွင် ဖြစ်၍ ကျွန်တော့်ခေါင်းရင်း`၇ှိ သူတမင် အရွံ့တိုက်ပြီး ပြောင်လက်နေအောင် ဆီသုတ်ထားသော ခင်မြမြမောင်းမောင်း၏ ဓါတ်ပုံတွင် သူမျက်စောင်းခဲနေသည်ကို ထောက်ရှုခြင်းအားဖြင့်၊ သူ့စကားကို ကျွန်တေ် လိုကနာပါက မောင်မောင်ရွှေနှင့် ကျွန်တော့်ကိစ္စမှာ တမိနစ်အတွင်း ငြိမ်းချမ်းသွားမည်ဟူသော အဓိပ္ပါယ်သည် သူ၏ခန့်ငြားသော မျက်နှာ၌ ပေါ်လွင်၍နေပါ၏။
သို့သော် ကျွန်တော်က ဆရာ သူကတပည့်..."မင့်စကားငါ နားထောင်ပါတော့မယ်ကွာ" ဟု အောက်ကျခံပြီး မပြောလိုပါသဖြင့်၊ ဟေ...ဖြစ်ချင်သလိုဖြစ်ကြပေါ့ကွာ"ဟူသော သဘောနှင့်သူ့ကို နောက်ထပ်ဘာမျှ ဆက်၍မပြောဘဲ နေလိုက်တော့သည်။
ကျွန်တော် စိတ်သက်သာမှုဖြစ်စေရန် ခင်မြမြမောင်းမောင်းထံမှ "ဒိတ်" တောင်း၍ လည်ပတ်ခြင်း။ ရုပ်ရှင်ကားများကို တကားပြီး တကားကြည့်ခြင်းဖြင့် မောင်မောင်ရွှေ၏ ညှင်းဆဲမှုကို ကြန့်ကြန့်ခံခဲ့ပါသည်။
သို့သော် မောင်မောင်ရွှေရောက်၍ ဆယ်ရက်မြောက်သော နေ့တွင်မူကား၊ ကျွန်တော်သည် ရုပ်ရှင်  ညပွဲကြည့်၍ ၁၀-နာရီလောက်၌ အိမ်သို့ပြန်လာခဲ့ရာ၊ အိမ်ရှေ့ခန်းမှာ မှောင်နေသဖြင့် ဓါတ်မီးခလုပ်ဆီသို့ စမ်း၍သွားနေစဉ်၊ ကျွန်တော့် ခြေထောက်သည် အရာဝတ္ထုတခုကို တိုက်မိပြီး၊ ၀ုန်းကနဲ မြည်ဟိန်းသံကြီးနှင့်အတူ ကျွန်တော့်လုံချည်ကို တစုံတခုက ဒလကြမ်း ချိတ်ဆွဲလိုက်သည်တွင် ကျွန်တော့်မှာ ငယ်သံပါအောင် ကုန်း၍ အော်လိုက်ရင်း နောက်သို့ တအားခုန်၍ ဆုတ်လိုက်ရပါသည်။
ပေါ်အူးသည် ကျွန်တော့် အသံကြောင့် သူ့အိပ်ခန်းထဲမှ ထွက်လာကာ ...
"ဆရာ ... ကျွန်တော့်ကို ခေါ်သလားဆရာ ..."
"ခေါ်ရုံတင်မကဘူးကွ ဟေ့ လာစမ်း ... လာစမ်း ဒီအခန်းထဲမှာ ဘာကောင်ကြီးလဲကွ ..."
ကျွန်တော့်မှာ အသံတုန် လူတုန်ပင်ဖြစ်နေသော်လည်း ပေါ်အူးမှာ မထူးခြားသော အသံဖြင့် ...
"အော်ဂလီပါ ဆရာရဲ့"
ဟေ့ ဘာလဲကွ အော်ဂလီဆိုတာက
"ခွေးပါ ဆရာ"
"ဟေ ...ဘယ်ကခွေးလဲကွ"
"ကိုမောင်မောင်ရွှေရဲ့ ခွေးပါဆရာ"
ဟာ ... ဒီကောင်နှယ်ဘယ်က ခွေးများယူလာပါလိမ့်၊ မီးဖွင့်စမ်းပါအုံးကွာ ..."
ပေါ်အူး မီးဖွင့်လိုက်သည်တွင် တိုင်၌ချည်ထားသော ဘူးလ်တယ်ရီယာ ခွေးကြီးတစ်ကောင်သည် ကျွန်တော့်အား ကာလကြာမြင့်စွာက မှတ်သားထားသော ရန်သူကြီးသဖွယ် မျက်တောင်မခတ်ဘဲ မာန်ဖီ၍ ကြည့်နေပါသည်။ ပေါ်အူးမူကား ကြောက်ရွံ့ခြင်း မရှိဘဲ သူပိုင်ခွေးကဲ့သို့ ယုယစွာကိုင်တွယ်လျက်
"ကိုမောင်မောင်ရွှေရယ် ... မန္တလေးယူသွားဘို့ ၀ယ်ခဲ့တာတဲ့ အင်မတန်၊ အိမ်စောင့်ကောင်းတဲ့ ခွေးကြီး ဆရာရဲ့" ဟုဆို၍ ပွတ်သပ်ပေးနေပါသည်။
ခွေးကြီးမှာ ပေါ်အူးကိုမူ၊ သူ့သခင်ကဲ့သို့ သဘောထား၍ ကျွန်တော့်ကိုကား၊ ရန်သူသဖွယ် မျက်စောင်းခဲ နေပါသဖြင့်...
"ဟေ့. မင်းခွေးကောင်းတာက ငါ့အိမ်ထဲနေပြီး ငါတို့ကို မာန်ဖီနေတော့ မခက်ဘူးလားကွ"
"ဟာ...ဆရာ ဒါခဏပါ၊ နောက်ဆရာနဲ့ သူ ရင်းနှီးသွားတော့ ဟန်ကျသွားမှာပေါ့ဆရာ"
"ဟေ့ .... သူနဲ့ငါ ရင်းနှီးသွားအောင် ငါက ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲကွ"
"ဒါတော့ ကျွန်တော် ဘယ်ပြောနိုင်မလဲဆရာ ... အော်ဂလီရဲ့ သဘောပေါ့..."
"အောင်မာ ... မင်းခွေးသဘောဘဲ ငါက နာခံရမလိုဖြစ်နေပြီ၊ ငါ့အိမ်မှာ ဘယ်ထားနိုင်မလဲကွ၊ အခု ဘယ်မလဲ သူ့သခင်မောင်မောင်ရွှေရယ် ရှိရဲ့လား"
"မရှိဘူးဆရာ၊ ညနေက သူ့ခွေးသူဆရာ အိပ်ယာဝင်ခါနီး သောက်ဖို့ ကျွန်တော် လုပ်ထားတဲ့ ဆိတ်ရိုး ဆွတ်ပြုတ် ကို ထမင်းနဲ့ ဖျော်ကျွေးပြီး မြို့ထဲထွက်သွားတယ်ဆရာ"
ကျွန်တော့်စိတ်ထဲ ထောင့်ကနဲ ဖြစ်သွားကာ ...
ဟေ...သူက ငါသောက်ဖို့ ဆွတ်ပြုတ်ကို သူ့ခွေးကို ကျွေးတယ်..."
"ဟုတ်တယ် ဆရာ..."
"မင်းက ဘာမှမပြောဘူးလား..."
"ကျွန်တော်က ပြောတော့ ဆရာကအိမ်ရှင်၊ သူကဧည့်သည်ကိစ္စမရှိပါဘူးလို့ ပြန်ပြောတယ်ဆရာ"
"ဟေ... လူကိုသာ သူ့အမေနဲ့ ဒေါ်ကြီးစိုးမျက်နှာကြောင့် မလွှဲသာလို့သာသည်းခံရမယ်၊ ခွေးတော့ လက်မခံနိုင်ဘူးကွာ... သူပြန်လာရင်ပြောလိုက်"
"ဒါကို ကျွန်တော် ပြောကြည့်ပြီးပြီဆရာ၊ သူက သူ့ခွေးကို သူ့ထက်ပိုပြီးသည်းမခံနိုင်ရင် ဆရာဟာ အလကားလူဘဲလို့ ပြန်ပြောတယ်ဆရာ၊ သူမန္တလေးမပြန်ခင်လေး သည်းခံလိုက်ပါဆရာ..."
ပေါ်အူးက ကျွန်တော့်ကို နားချ၍ နေပါသေးသည်။ သို့သော် ကျွန်တော့်ရင်ထဲ၌ ဗလောင်ဆူနေသဖြင့် ...
"ငါသည်းမခံနိုင်ဘူးကွာ"
"ဆရာသည်းမခံနိုင်ရင် ဘယ်လိုလုပ်မလဲ"
"ငါအိမ်က ထွက်သွားမယ်ကွာ"
"ဆရာ ဘယ်ကိုသွားမလဲ"
မှော်ဘီလှပဒါးရွာက ငါ့မိတ်ဆွေ ကိုတင်အေးတို့အိမ် သွားနေမယ်ကွာ"
ကျွန်တော်ကော လိုက်ရအုံးမလား ဆရာ"
မလိုက်နဲ့ကွာ... မင်းသူ့အရိပ်အခြေသာကြည့်နေ သူ့အမေရောက်လာပြီး ပြန်ခေါ်သွားမှ ငါ့ဆီ အကြောင်းကြားလိုက်
"ကောင်းပါပြီဆရာ"
"ကဲ...ဒါဖြင့် ငါ့အ၀တ်အစားတွေ ခုညပြင်ထားလိုက်၊ မနက်ဖြန် မနက်စောစောသွားမယ်"
"ဟုတ်ကဲ့ဆရာ"
ကျွန်တော်သည် ဧည့်သည်တော် မောင်မောင်ရွှေ၏ ဒဏ်ကို မခံနိုင်တော့သဖြင့် မှော်ဘီမြို့ လှပဒါးရွာသို့ ရောက်ခဲ့ရပါပြီ။ ကျွန်တော့်မိတ်ဆွေ ကိုတင်အေးကလည်း ၀မ်းသာအားရနှင့် ဧည့ခံပြုစုကာ သူ့အိမ်၌ရှိသော ဘဲတအုပ်သာမ၊ ဦးလေးကိုထွန်းရင်အိမ်က ကြက်မြီးကောင်ပေါက်တွေပါ ကုန်သည်တိုင်အောင် စိတ်တိုင်းကျ စားသောက်နေထိုင်ရန် ပြောပါသည်။
သို့သော် ကျွန်တော့်စိတ်ထဲ၌ ကောင်းစွာမပျော်နိုင်။ မောင်မောင်ရွှေအတွက်ကိုသာ သောကရောက်နေလျက်၊ သူ့အမေပြန်လာ၍ သူ့သားကို ခေါ်သွားပြီဟူသော ပေါ်အူးစာကိုသာ မျှော်လင့်နေမိပါတော့သည်။
ပေါ်အူးစာကား၊ ခုနစ်ရက်ကြာသည့်တိုင်အောင် ရောက်မလာ ရန်ကုန်မြို့ကြီးပေါ်တွင် စိတ်ထင်သလို သုံးဖြုန်းလည်ပတ်နေခဲ့သော ကျွန်တော့်မှာ၊ နဘေးလယ်ကွင်း ရှုမျှော်ခင်းသာရှိသော ဤရွာကလေး၌ သီတင်းတပတ်ထက် ပို၍မနေနိုင်။ ထို့ကြောင့် ပေါ်အူးစာကို မစောင့်နိုင်တော့ဘဲ ခုနစ်ရက်အတွင်း ဘယ်လိုများဖြစ်နေကြပြီလဲဟု ရင်ထဲတထိတ်ထိတ်နှင့် ရန်ကုန်သို့ ပြန်ခဲ့ရပါတော့သည်။
"ဟေ့...ပေါ်အူး"
ကျွန်တော် အိမ်သို့ ရောက်သောအချိန်မှာ နေ၀င်ဖြိုးဖြဖြစ်၍ ဟိုညက ကျွန်တော့်ကိုနှံ့လိုက်သော အော်ဂလီကို သတိရသဖြင့် ကိုယ့်အိမ်ထဲပင် ကိုယ်ရဲတင်းစွာ မ၀င်ဝံ့သေးဘဲ ပေါ်အူးကို လှမ်းခေါ် လိုက်ရပါသည်။ ပေါ်အူးသည် အိမ်ထဲမှ ထွက်လာကာ ..
"ဟာ ဆရာပြန်လာပြီ"
"အေးကွ.. ဟိုကောင့်ခွေးကြီးကော"
"မရှိတော့ဘူးဆရာ..သေသွားပြီ"
"ဟေ..ဘာဖြစ်လို့လဲ"
"သူ့ခွေးသူ ... သတ်ပစ်တယ်ဆရာ"
"ဟင်... ဘာပြုလို့တဲ့လဲ"
"သူ ညအချိန်မတော် ပြန်လာတဲ့အခါမှာ သူ့ကိုဟောင်လို့တဲ့ဆရာ"
"ဟာ...တယ်မိုက်တဲ့ ကောင်လေးဘဲ။ နို့ သူကော အခုဘယ်မှာလဲ"
"ထောင်ထဲမှာဆရာ"
ကျွန်တော်မျက်လုံးပြူးသွားကာ...
"ဟေ..ထောင်ထဲမှာ..."
"ဟုတ်တယ်ဆရာ"
"ဘာမှုနဲ့လဲ၊ သူ့ခွေးသူသတ်တဲ့အမှုနဲ့လား"
"မဟုတ်ဘူးဆရာ"
"ပုဒ်မငါးနဲ့လား"
"မဟုတ်ဘူးဆရာ၊ ရဲကုလားတယောက်မဏိကို ကွမ်းကျွေးလိုက်လို့ဆရာ"
"ဟေ...ဘာလဲကွ၊ ရဲကုလားဆိုတာက"
"ကုလားပုလိပ်ကိုပြောတာပါဆရာ"
"ဘာလဲ သူကကုလားပုလိပ်ကို..."
"နောက်ကနေ ဒုတ်နဲ့ဘေလိုက်ပါတယ်ဆရာ"
"ဟင်..လာဖြစ်လို့တဲ့လဲ"
"မသိတော့လားဆရာ .. မူးမူးရူးရူးနဲ့ ရမ်းတာဖြစ်မှာပေါ့ ဆရာ"
ကျွန်တော်သည် ဆိုဖာပေါ်သို့ကိုယ်ကို ပစ်ထိုင်လိုက်ကာ...
"အဲ ..သူ့မေမေ မသိနိုင်ပါဘူးဆရာ။ သူကျတာက ခုနစ်ရက်ထဲဘဲ။ သူ့မေမေပြန်မလာခင် လွတ်လာ ပါလိမ့်မယ်ဆရာ။ အခုဘဲ လေးရက်ရှိသွားပါပြီ"
"အေး...တကယ်လို့ သူမလွတ်ခင် သူ့မေမေရောက်လာရင် ကော"
"အဲဒီလိုဆိုတော့လဲ နဲနဲပါးပါး စိတ်ကူးဥာဏ်ထုတ်ပြီး တမျိုးတဖုံလှည့်ပြောရတာပေါ့ဆရာရယ်"
ကျွန်တော့်မှာ ခေါင်းပူသလောက် ပေါ်အူးတွင် စိတ်အေးလက်အေးရှိလှသည်။
"ဘယ်လိုလှည့်ပြောရမှာလဲကွ"
"ကိုမောင်မောင်ရွှေရယ် ... ဒေသန္တရ ဗဟုသုတအတွက် တွံ့တေးကို ခဏသွားလည်နေတယ်လို့ ပြောပေါ့ ဆရာရယ်"
"ဟေ... ရန်ကုန်အနီးပတ်လည် မြို့တွေအများကြီးရှိရက်သားနဲ့ လာဖြစ်လို့ တွံ့တေးကိုမှ မင်းရွေး ပြောလိုက်တာလဲ"
ကျွန်တော့်တပည့် ပေါ်အူးမှာ ဘာပြောပြော ဘာလုပ်လုပ် အင်မတန် ပိပိရိရိရှိအောင် စိတ်ကူးဥာဏ် ထုတ်တတ်သူဖြစ်ပါ၍ ကျွန်တော်က သူ့အကြောင်းပြချက်ကိုသိရန် မေးလိုက်ပါသည်။
ပေါ်အူးသည် ကိုယ်ကိုမတ်မတ်ရပ်ကာ ...
"တွံ့တေးကို ရွေးချယ်တဲ့ကိစ္စမှာ အကြောင်း ၂ ချက်ရှိပါတယ်ဆရာ"
"အင်း ...ဆိုစမ်း"
"ပထမအချက်က တွံ့တေးမြို့မှာ စဥ့်အိုးလုပ်တယ်၊ ဆားချက်တယ်၊ ငါးပိထွက်တယ်ဆိုတော့ သူတို့ မန္တလေးမြို့မှာ ဒီလိုလုပ်ငန်းတွေ မမြင်ဘူးတဲ့အတွက် တမင်သက်သက်ကြည့်ရအောင်သွားတယ်လို့ ပြောနိုင်ပါတယ် ဆရာ"
"အေး...ဟုတ်ပြီ၊ ဒုတိယအချက်ကကော"
"ဒုတိယအချက်ကတော့ သူ့အမေကြီးဟာ သူ့သား ဘယ်သွားသလဲဆိုတာကို ကျွန်တော့်လည်းမေးမယ်၊ ဆရာ့ကိုလည်းမေးမယ်၊ ဒီတော့ ဆရာက မေ့တတ်တဲ့အတွက် ကျွန်တော်က တွံ့တေးလို့ ပြောထားပြီး ဆရာက ဒိပြင်မြို့နာမည်တွေလျှောက်ပြောနေမှာစိုးလို့ဆရာ၊ တွံ့တေးဆိုတော့ စနေနံ တ,၀မ်းပူ နှစ်လုံးထပ်နဲ့ မြန်မာပြည်မှာ သူတမြို့ဘဲရှိတယ်။ နို့ပြီး သူလို တ,0မ်းပူချည်းပါတဲ့ "တောက်တဲ့"တို့၊ "တစ်တီတူး"တို့နဲ့လဲတွဲပြီး မှတ်ထားနိုင်တယ်ဆရာ။ ဒါကြောင့် ကျွန်တော် တွံ့တေးကိုရွေးလိုက်တာပါ"
ကျွန်တော်သည် ပေါ်အူး၏လက်ကို ဇတ်ကနဲ လှမ်းဆွဲလိုက်ကာ ...
"တော်တယ်ကွာ ပေါ်အူး၊ မင်းတယ်တော်တဲ့ကောင်" စိတ်ပါလက်ပါ ချီးမွမ်းလိုက်ရပါသည်။
"ဒါတောင်ဘဲဆရာ... တွံ့တေးဆိုတာနဲ့ ဆရာ့စိတ်ထဲမှာစွဲနေတဲ့ တာဂွတွေ၊ ကံဘဲ့ရွာတွေ လျှောက်ပြော နေမှာ စိုးရသေးတယ်ဆရာ"
"အေး...ငါသတိထားပါ့မယ်ကွာ"
ပေါ်အူးမှာ အင်မတန်အကြံဥာဏ်ကောင်းသူ ဖြစ်ပါသည်။ ယခုကြည့်ပါဦးတော့၊ သူ့ဆရာ မေ့တတ်သည်ကိုပင် ထည့်၍စဉ်းစားပြီး ကြိုတင်စီမံတတ်ပါသည်။ ကျွန်တော့်မှာ အတော်ပင် စိတ်သက်သာ ရာ ရ၍သွားပါ၏။
မောင်မောင်ရွှေအတွက်ကို ကြည့်လိုက်ပြန်လျှင်လည်း သူထောင်သို့ ရောက်သွားခြင်းမှာ လူနာ တယောက်အား ဆေးရုံပို့လိုက်သကဲ့သို့ပင် သင့်လျော်လှပါသည်။ အကယ်၍သာ သူ့အမေပြန်မလာမီ သူရန်ကုန် တွင် ထောင့်အပြင်ဘက်၌ နေရပါက ကျွန်တော့်အဖို့ရော၊ သူ့အတွက်ပါ မည်မျှလောက် ဆိုးဝါးချေမည်နည်း။ လူသတ်မှုကြီးပင် ဖြစ်မည်လော။ သူပင် အသတ်ခံရမည်လော။ ဟော်တယ် လှေကားပေါ်က လိမ့်ကျ၍ပင် ခြေကျိုးလက်ကျိုး ဖြစ်နေမည်လော။ မည်သူပြောနိုင်ပါသနည်း၊ ယခုမူ၊ မူး၍ ပလိပ်ရိုက်မှုကလေးနှင့် ထောင်ခုနစ်ရက်မျှသာ ကျသွားသည်။ တော်ပါသေး၏။ အတော့်ကို တော်ပါ သေး၏။
သူ ထောင်ကမလွတ်မီ သူ့အမေပြန်လာလျှင် ပေါ်အူးစီမံထားသဲ့သို့ပင် ပြောရမည်။ သူထောင်ကလွတ်ပြီးမှ ပြန်လာရင်ကား ကိစ္စမရှိ၊ "ငါလည်း မကောင်းမဖြစ်ရအောင် မင့်မေမေလည်း စိတ်မချမ်းမသာမဖြစ်ရအောင် မင်းဘာမျှမပြောနဲပ၊ ဘာမျှမဖြစ်သလိုနေ"ဟု တိုင်ပင်ထားပါက ကောင်ကလေးမှာလည်း ထောင်ကျဘူး ပြီးဖြစ်၍ နောင်တ,တရားရနေချေမည် ဖြစ်သောကြောင့် ဘာမျှစိုးရိမ်စရာရှိတော့မည် မဟုတ်ပါ။
သို့သော် ကျွန်တော့်အတွက် မဟုတ်တာ မကောင်းတာတွေဖြစ်ဖို့ရန် ကြိုတင်စီမံထားကြလေသလားမှ မသိ၊ မောင်မောင်ရွှေထောင်ကျ၍ ခုနစ်ရက်မြောက်သောနေ့ လွတ်လုတည်းကာနီးကလေးမှ နံနက်စောစောကြီး သူ့အမေ ဒေါ်လှလှကြီးရောက်လာပါတော့သည်။
ကျွန်တော့်မှာ မျက်နှာသစ်ပြီး အ၀တ်လဲနေစဉ် ဖြစ်၍ ပေါ်အူးက ဒေါ်လှလှကြီးရောက်နေကြောင်း လာပြောလေသည်တွင် ရင်ထဲ၌ ဒိတ်ကနဲ ဖြစ်သွားပါသည်။ သို့သော် ပေါ်အူးသွန်သင်ထားသည့်အတိုင်း ပြောမှဘဲဟု စိတ်၌ခဲကာ အပြင်သို့ ဣနြေ္ဒရရ ထွက်ခဲ့ပါသည်။
"ဂွတ်မောနင်း ဒေါ်ဒေါ်၊ ဒေါ်ဒေါ် မနက်အစောကြီး ရောက်လာပါလား"
"ဟုတ်တယ် အစောကြီးရောက်လာတာဘဲ"
ဒေါ်လှလှကြီးမှာ သူ ယခင်ကထိုင်သွားသော ကုလားထိုင်ကြီးပေါ်မှာပင် ကြပ်ကြပ်တည်းတည်းကြီး ထိုင်လျက်ရှိသော်လည်း မျက်နှာထားမှာမူ ဟိုတုန်းကကဲ့သို့ ရှိသမျှသွားတွေအကုန်ဖော်မထားရုံမက တချောင်းမျှ မမြင်ရအောင်ပင် နှုတ်ခမ်းချင်းတင်းတင်းကြီးစေ့ ထားကာ ကျွန်တော့်စကားကို တိုတောင်း ပြန်ပြောလိုက်ပါသည်။
သို့သော် ကျွန်တော်က ဟန်ကိုယ့်ဘို့ မာန်သူ့ဘို့ ဆိုသည့်အတိုင်း ဣနြေ္ဒမပျက်စေဘဲ...
"ပေါ်အူးရေ ဒေါ်ဒေါ်တို့ ကော်ဖီယူခဲ့ပါကွယ်"
"တော်ပြီ ...ကျေးဇူးတင်ပါတယ်"
"တော်ပြီ" ဆိုသော စကားမှာ တစုံတရာကိုစားပြီး သောက်ပြီး၍ ၀,ုမှ (သို့မဟုတ်) ကျေနပ်မှ သုံးရမည့် စကားပင်ဖြစ်သော်လည်း သူတို့ရွှေမန်းသားများမှာ တစုံတဦးက လောကွတ်ပြုလိုက်ပါက အလိုမရှိလျှင် သို့မဟုတ် အားနာလျှင် သုံးနေကျစကားဦးဖြစ်သည့်အတိုင်း ကျွန်တော် ဧည့်ဝတ်ကို လက်မခံလိုကြောင်း တိုတောင်းစွာ ပြန်ပြောလိုက်ပါသည်။
ကျွန်တော်က လက်မလျှော့သေးဘဲ...
"အော် ...ဒေါ်ဒေါ်က ကော်ဖီမသောက်လို့လား။ ဒါဖြင့် ပေါ်အူးရေ လဘက်ရည်ဖျော်ခဲ့ပါကွယ်"
"အို...တော်ပြီ...တော်ပြီ...ဘာမှမသောကချင် မစားချင်ပါဘူး..."
ဤစကားကိုပြောရာ၌ ဒေါ်လှလှကြီး၏ မျက်နှာထားမှာ နိုင်ငံခြားဖြစ် ကော်ဖီ လဘက်ရည်တွေ အသုံးပြုခြင်းမှ တားမြစ်ရန် ဖွဲ့စည်းထားသော အသင်းကြီး၏ ဥက္ကဌကြီးနှင့် တူလှပါသည်။
ကျွန်တော်သည် သူ့အား အစားအသောက်နှင့် ပျူငှာ၍ မရေတော့ပြီကို သိသည်နှင့် စကားကြောင်း ပြောင်းလိုက်ကာ...
"အော်..ဒေါ်ဒေါ်...သာယာဝတီ ထောင်နဲ့ ပေါင်းတည်ထောင်ကို အတော် နှံ့နှံ့စပ်စပ် ကြည့်ခဲ့ပြီးပြီပေါ့"
ဒေါ်လှလှကြီးသည် တင်းမာသောမျက်နှာထားနှင့်ပင် ...
"ဟုတ်တယ် ...ကြည့်ခဲ့ပြီးပြီ..."
"ဒါဖြင့် ပေါင်းတည်ထောင်မှာ ယောက်ျားထောင်နဲ့ မိန်းမထောင် တဖက်နဲ့တဖက် ထောင်သားအချင်းချင်း ဆက်သွယ် မရဘူးဆိုတာနဲ့ သာယာဝတီထောင်မှာ ပုဒ်မ ငါးနဲ့ဖမ်းတဲ့လူတွေကို နှိပ်စက်တယ်ဆိုတာဟာ မဟုတ်မမှန် ကြောင်း သိခဲ့ပြီမှုတ်လား"
ကျွန်တော့်မှာ သူ့ကိစ္စနှင့်ပတ်သက်၍ သဘောကျလေမလားဟု ပေါက်တယ်ကရ လျှောက်ဖျန်း နေပါသော်လည်း ဒေါ်လှလှကြီးသည် ကျွန်တော့်စကားကြောင်းကို ဂရုမစိုက်ဘဲ နောက်ဆုံး၌ မအောင့်အီး နိုင်သော အသံကြီးဖြင့် ...
"မောင်အေးဆွေ လူကလေးမောင်မောင်ရွှေကို ဂရုမစိုက်ဘဲ ပစ်ထားတယ်ထင်တယ်"
ကျွန်တော့်မှာ ရုတ်တရက် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်၍ သွားပါသည်။ သို့သော် ပေါ်အူး အားကိုးနှင့် မျက်နှာမပျက်စေဘဲ...
"အာ...ဒေါ်ဒေါ် ဘယ့်နှယ်ပြောပါလိမ့် ဂရုစိုက်ပါတယ်ဗျာ၊ ဘယ်မှာ ပစ်ထားလိမ့်မလဲ ဒေါ်ဒေါ် ပေါ်အူး မေးကြည့်ပါတော့"
ကျွန်တော့်မှာ ဂျောင်ပေါက်တေ့နေပြီဖြစ်၍ ပေါ်အူးကအချိန်မှီလာကယ်ရန် သူ့နာမည်ကို စကားထဲ ထည့်ပြောလိုက်ရပါသည်။ ပေါ်အူးမှာလည်း နောက်ဖေးခန်း၌အလုပ်လုပ်ရင်း ကျွန်တော်တို့ စကားသံကို နားထောင် နေဟန်တူပါသည်။
ဒေါ်လှလှကြီးသည် ကျွန်တော့် မျက်နှာကို စိမ်းစိမ်းကြည့်ကာ ...
"အင်း ... ဒါဖြင့် မောင်မောင်ရွှေဟာ မောင်အေးဆွေရဲ့ မျက်စိအောက်မှာ မပြတ်နေခဲ့တာပေါ့"
"ဟုတ်ပါတယ်ဒေါ်ဒေါ် ကျွန်တော်တို့နှစ်ယောက် စားလဲအတူတူ သွားလဲအတူတူ မနက်စောစော အိပ်ရာက ထကြပြီဆိုရင် ကော်ဖီသာသောက်ပြီးအ၀တ်အစားလဲ ညီအစ်ကို နှစ်ယောက်မြို့ထဲထွက် လည်ကြတာဘဲ နောက်ပြီး မနက်စာစား မှီပြန်လာ၊ စားသောက်ပြီးကြရင် သူက စားဝါသနာအိုးကလေးဘဲ တခါထဲ စာအုပ်ဆွဲကိုင်တာဘဲ ကျွန်တော်ကတော့ တရေးတမော အိပ်တယ်။ တခါတလေဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်ရုပ်`၇ှင်တွေ ဘာတွ နေ့ခင်းပွဲသွားကြည့်ကြတယ်၊ ညဆိုလည်း ၈ နာရီမှန်မှန် အိပ်ရာဝင်ကြတာဘဲ သူကလည်း ပျော်လို့ ကျွန်တောက်ကလည်း ညီလေးတယောက် အဖော်ရတာနဲ့ ၀မ်းသာ  အားရ ဖြစ်နေတာဘဲ အဲဒီလို ဖြစ်နေတုန်းမှ အခုသူက တွံ့တေးကို အလယ်ထွက်သွားတာနဲ့ ကျွန်တော် တယောက်ထဲ လွမ်းကျန်ခဲ့တာ"
ဒေါ်လှလှကြီးသည် အံ့သြသော မျက်စိကြည့်ပုံမျိုးကြီးနှင့် ကျွန်တော့်စကားကိုဖြတ်ကာ
"ဟင် အခု တွံ့တေးကို သွားနေတယ်လား"
"ဟုတ်ပါတယ် ကျွန်တော်က အရေးကြီးတဲ့ ကိစ္စတခုနဲ့ ရုတ်တရက် မှော်ဘီလှပဒါး`၇ွာကို ခဏသွားရတုန်း မောင်မောင်ရွှေက ကျွန်တော်မရှိရင် ပျင်းတယ်ဆိုပြီး တွံ့တေးကို ဒေသန္တရဗဟုသုတအတွက် ထွက်သွားပါတယ် ဒါလဲ လူ့အဖို့ ကောင်းပါတယ်လေ တွံ့တေးမှာဆိုတော့ မန္တလေးမှာမမြင်ဘူးတဲ့ စဥ့်အိုးလုပ်တာတို့ ဆားချက်တာတို့ ငါးပိလုပ်တာတို့ကို မြင်ရမယ်ပေါ့ ဒေါ်ဒေါ့်သားက စာရေးဆရာမ သားပီပီ အင်မတန် ဗဟုသုတစုဆောင်းချင်တဲ့ သူငယ်လေးဘဲ သူကြီးရင်လည်း ဒေါ်ဒေါ့်လို စာရေးဆရာ တယောက် ဖြစ်မှာဘဲ ထင်ပါတယ်"
ကျွန်တော့်မှာ ပေါ်အူးသင်ထားသည့်အတိုင်း အဖွားကြီးကို လျှောက်လှိမ့်နေစဉ် မိန်းမကြီးသည် မကျေမနပ်ဖြစ်နေသော မျက်နှာကြီးနှင့် ...
"မောင်မောင်ရွှေ တွံ့တေးကို သွားတာ အသေအချာဘဲနော် ..."
ဟုတ်ပါတယ်ဒေါ်ဒေါ် ကျွန်တော် ဘာလုပ်လိမ်ပြောနေမှာလဲ မယုံ ပေါ်အူးကိုခေါ်မေးကြည့်ပါလား ဟေ့...ပေါ်အူးလာပါအုံးကွ"
ကျွန်တော့်မှာ ကိုယ့်စိတ်ကိုယ်မယုံ ဖြစ်လာသည်နှင့် ပေါ်အူးကို အကူအညီခေါ်လိုက်ရပါသည်။ ပေါ်အူးထွက်လာသော အခါ...
"ဟေ့ ပေါ်အူးမင်းက မောင်မောင်ရွှေကို ငါပြန်လာမှ ဆရာနဲ့အတူတူသွားလို့တောင် ပြောသေးတယ်မှုတ်လား"
"ဟုတ်တယ်ဆရာ"
ပေါ်အူးက ကျွန်တော်၏ စကားကြောင်းကို လိုက်၍ ထောက်လိုက်သဖြင့် ကျွန်တော်က ဒေါ်လှလှကြီးအား "ကဲ မဟုတ်လား" ဟူသော အမူအရာနှင့် ကြည့်လိုက်ရာ ဒေါ်လှလှကြီးမျက်နှာမှာ ရုတ်တရက် ကွဲအက်တော့မခန်း တင်းမားခက်တရော်လှစွာ...
"ကဲ .. ဒါဖြင့် မောင်အေးဆွေ မနေ့က ဒေါ်ဒေါ်ရောက်ရောက်ခြင်း ရေးမဲ့စာအုပ်အတွက် ရန်ကုန်ထောင်ထဲကို ၀င်ကြည့်တော့ ကျုပ်သားကလေး မောင်မောင်ရွှေဟာ ထောင်သား အင်္ကျီအစင်း ကလေးဝတ်ပြီး အုံးဆံထုနေတာ တွေ့ရတာကို မောင်ဘာပြောချင်သလဲ"
သေဟဲ့ နန္ဒိယ။
ကျွန်တော် ဘာမျှမပြောနိုင်တော့ပါ၊ ပေါ်အူးသင်ထားသောစကားလည်း ကုန်ပါပြီ။ စူးစူးဝါးဝါး ကြည့်နေသော ဒေါ်လှလှကြီး၏ မျက်စိအောက်၌ လင်ကြီးက လင်ငယ်နှင့် လက်ပူးလက်ကြပ်မိနေသော မိန်းမကဲ့သို့ ပါးစပ်အဟောင်းသားနှင့် ကြက်တက်တက်ဖြစ်၍ နေပါတော့သည်။
ဒေါ်လှလှကြီးသည် ပိုင်ပိုင်နိုင်နိုင် မျက်နှာထားကြီးနှင့်
" ဟင်... မောင်အေးဆွေ ဒါဟာ ကျုပ်သားကလေးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုထား လိုက်တာဘဲလား၊ ကျုပ်ကတော့ ယုံကြည်လို့ ပုံအပ်ထားခဲ့တယ်၊ ကျုပ်သားကလေးဟာ ငယ်ပါသေးတယ်၊ လူမှုရေးရာ ဘာမှနားမလည်သေးဘူး၊ ရန်ကုန်လို မြို့ကြီးပြကြီးကို တခါမှ မရောက်ဖူးသေးဘူးလို့ ကျကျနန မှာပစ်ခဲ့တယ် မန္တလေးက မင့် ဒေါ်ဒေါ်စိုး စကားကြောင့် မင့်ကိုယုံပြီးပုံခဲ့တာပါကွယ် နို့မို့ ငါ့မှာ တခြား မိတ်ဆွေတွေ အများကြီးရှိပါတယ်၊ ခုတော့ဖြင့် ယုံသမျှ ပုံသမျှ ဖုံထအောင် လုပ်ရက်ပါပေ့ကွယ် လုပ်ရက်ပါပေ့"
ကျွန်တော့် နှုတ်မှ ပြောရန် စကားတလုံးမျှ ရှာမတွေ့တော့ပါ။ ဒေါ်ကြီးစိုး၏ မျက်နှာကိုသာ မျက်စိထဲ၌ မြင်ယောင်လာပါသည်။ ဤအကြောင်းကို သိ၍ ဒေါ်ကြီးစိုး ဒေါပွလျှင် ကျွန်တော့်မှာ ဒုက္ခအဓိပတိဒုက္ခ။ ဒေါ်ကြီးစိုးသည် ကျွန်တော်ငယ်စဉ် ကလေးကပင် ဆဲဆိုမာန်မဲလာသူဖြစ်၍ ကျွန်တော့်မှာ သူ့ကို ငယ်ကြောက် ကြောက်ရပါသည်။ ထို့အပြင် ဒေါ်ကြီးစိုး စိတ်ဆိုးပြီဆိုလျှင် အခြားသူများနှင့်မတူ ကမ္ဘာပျက်တော့ခမန်းအသံကုန်လွှင့်တက်၍ ကျွန်တော့်ကို မဆိုထားဘိ သူ့ယောက်ျား ဦးကြီးသိန်းပင် တောင်ပြေးရတော့မလိုလို မြောက်ပြေးရတော့မလိုလို အနားက ခွေးဘော်ဘီကိုဘဲ ကိုင်ပေါက်ရ တော့မလိုလိုနှင့် မနေတတ်မထိုင်တတ် ဖြစ်ရပါသည်။
တကယ် စင်စစ် ဒေါ်ကြီးစိုး စိတ်ဆိုးပြီဆိုပါက မန္တလေးနှင့် ရန်ကုန်ကိုပင် ချက်ချင်းလေယာဉ်ပျံနှင့် လိုက်လာမည် ကျွန်တော့်ပါးနား လက်ဝါးတ၀ဲဝဲနှင့် ကြိမ်းမောင်းတော့မည်။ ကျွန်တော် တခြားမြို့သို့ ပြေး၍လည်းမလွတ် သူ့ဒေါသကို အကြွေးမထားဘဲ ချက်ချင်း မတွေ့တွေ့အောင် လိုက်တော့မည်။ အမှန်ကား ဒေါ်ကြီးစိုးစိတ်ဆိုး၍ ကျွန်တော်ပြေးရန်မှာ မြန်မာပြည်ကလေးသည် အလွန်ငယ်လှပါ၏။
ယခု၌ပင်လျှင် ကျွန်တော့်ရှေ့၌ ဒေါဖောင်းနေသော ဒေါ်လှလှကြီးကိုမမြင် ဒေါ်ကြီးစိုး၏ နီရဲနေသော မျက်နှာကိုသာ မြင်ယောင်လျက် ကျွန်တော့်ကိုယ်မှာ ချာချာလည်၍ လေထဲ၌ လွင့်နေသလို ထင်ရကာ မျက်စိ တွေဝေပြီး နားနှစ်ဖက်အူ၍ပင် နေပါသည်။
သို့သော် ဤခဏကလေးအတွင်း၌ ကျွန်တော့်ကိုယ်မှာ လူသေကို အသက်ပြန်၍သွင်းလိုက်သလို ဖြစ်လာသည် ကား ပေါ်အူး၏ အသံထွက်လာခြင်းပင်ဖြစ်ပါသည်။
"ဒေါ်ဒေါ်လှခင်ဗျား၊ ဒေါ်ဒေါ့်ကို ကျွန်တော် ရိုသေစွာ တဆိတ်ကလေး အစီရင်ခံပြစေခင်ဗျာ"
"လာပြီ-လာပြီ ပေါ်အူး ကျွန်တော့်တပည့်ပေါ်အူး သူ့ဆရာကို ဂျောက်ထဲကဆွဲတင်ပါတော့မည်။
"ဒီကိစ္စမှာ ကျွန်တော်သိသမျှ ရှင်းလင်းရရင်"
ပေါ်အူးသည် စကားစရင်း ဒေါ်လှလှကြီးမျက်မှောက်သို့ ချဉ်းကပ်လာသည်။ ဒေါ်လှလှကြီးက မကျေနပ်သော မျက်နှာကြီးနှင့် ပေါ်အူးအား အစေခံကလေးတယောက်အနေဖြင့် တုန်လှုပ်သွားအောင် မျက်စောင်းခဲ ၍ ကြည့်လိုက်သည်။ သို့သော် ပေါ်အူးက ဒီအကြည့်မျိုးလောက်တော့ အပျော့။ ပေါ်အူး ပေါ်အူး နုံနုံ ကာယ ပေါ်အူးမဟုတ် မြန်မာပြည် ဘုရင်ခံ ဒေါ်မံစမစ်က ဦးစောအား ယူဂန်ဒါက ပြန်ခါနီးတွင် He is strongman ဟု ချီးကျူးသလို ကျွန်တော်ကလည်း ပေါ်အူးအား He is my strong man ဟု ချီးကျူး လိုက်ချင်ပါသည်။
ပေါ်အူးသည် ဒေါ်လှလှကြီးရှေ့တွင် ခြေစုံရပ်ကာ ...
ဒေါ်ဒေါ်ဟာ ကျွန်တော့်ဆရာ ကိုဆွေရဲ့အပေါ်မှာ အထင်လွဲစရာ ဖြစ်နေတယ်လို့ ကျွန်တော် ဆိုချင်ပါတယ် ခင်ဗျာ ဘာပြုလို့လဲဆိုရင် အမှန်စင်စစ်အားဖြင့် ဆရာကိုဆွေဟာ ဒေါ်ဒေါ့်သားကလေး မောင်မောင်ရွှေ ဖြစ်သွားသတဲ့ကိစ္စကို သူဘာမျှမသိရှာတော့ ကိုမောင်မောင်ရွှေကို ခါတိုင်းရှိနေကျ စာကြည့ခန်းထဲမှာ မတွေ့လို့ ကျွန်တော့်ကိုမေးတော့၊ ကျွန်တော်က အဖြစ်အပျက်အမှန်ကို ပြောလိုက်ရင် ဆရာဟာ စိတ်မကောင်းဖြစ်ရုံမက သူ့ညီလေးအရင်းလို ချစ်နေတဲ့ မောင်မောင်ရေအတွက် သိပ်ပြီး အကြီးအကျယ် သောက ရောက်သွားမှာကို စိုးတာနဲ့ ကျွန်တော်ကဘဲ ဖြစ်ပြီးသားကိစ္စ သိလဲ မထူးပါဘူးလေးဆိုပြီး ဆရာစိတ်မချမ်းသာ မဖြစ်ရအောင် ကိုမောင်မောင်ရွှေဟာ တွံ့တေးကို အလယ်သွားနေတယ်လို့ လှီးလွှဲပြီး ပြောလိုက်မိခြင်း ဖြစ်ပါတယ် နို့ပြီး ကိုမောင်မောင်ရွှေဟာ မြင့်မြတ်တဲ့ စိတ်ထားတခုနဲ့ သူ့ကိုယ်သူ တမင်သက်သက် ထောင်ကျအောင် လုပ်တာလို့ ကျွန်တော်က အမှန်အတိုင်းပြောရင်လဲ ဆရာက ကျွန်တော့် စကားကို ယုံမှာမဟုတ်ဘူး ခင်ဗျာ ..."
ဤနေရာ၌ ဒေါ်လှလှကြီးသည် မျက်လုံးပြူးကြီးကို ဖြဲထုတ်လိုက်ကာ ...
"ဘာ ... မောင်မောင်ရွှေက သူ့ကိုယ်သူ တမင်သက်သက် ထောင်ကျအောင် လုပ်တယ် ..."
ပေါ်အူးက ဣနြေ္ဒရစွာပင် ...
"ဟုတ်ပါတယ်ခင်ဗျာ။ အမှန်ကို အစီရင်ခံရရင် ... စင်စစ်မှာတော့ ဒေါ်ဒေါ့်သားလို စိတ်သဘောထား ကြီးရင့်မြင့်မြတ်တဲ့ ယောက်ျားကောင်းတယောက်အဖို့ ဒီကိစ္စဟာ ဒါလောက် အံ့သြစရာရှိမယ်မထင်ပါဘူး။ ဘာပြုလို့လဲဆိုရင် ကိုမောင်မောင်ရွှေကလေးဟာ ဒေါ်ဒေါ်က ထောင်တွေအကြောင်း စာတအုပ်ရေးဘို့ စုံစမ်းရအောင် သွားတယ်ဆိုကတည်းက သူ့မေမေကို မွေးကျေးဇူးတခါမျှ မဆပ်ရသေးဘူး။ မိခင်ရဲ့ ကျေးဇူးဟာ အင်မတန်မှ ကြီးတယ်။ ဘုရားတောင်မှ နို့တလုံးဘိုးဘဲ ကျေတယ်လို့ပြောကြတယ်။ သူလဲဘဲ မိခင်ရဲ့ကျေးဇူးကို နို့တလုံးဘိုး မတတ်နိုင်တောင် တစက် နှစ်စက် လောက်တော့ တနည်းနည်းနဲ့ တတ်နိုင် သမျှ ဆပ်မှဘဲလို့ ဟော့ဒီ ကျွန်တော့်ဆရာကို ခဏ ခဏ ပြောနေတာ ကျွန်တော် အမြဲတမ်းလိုလို ကြားနေရပါတယ်၊ ဟုတ်တယ် မဟုတ်လား ဆရာ"
ဤတွင် ကျွန်တော်က အလျင်အမြန် ကောက်တဲ့၍ -
"ဟုတ်ပါတယ် ဒေါ်ဒေါ် ... ဟုတ်ပါတယ်၊ အမှန်ပါဘဲ" ဟု အူးရှူးထိုးသံနှင့် ၀မ်းသာအားရ ကျူးရင့် ထောက်ခံ လိုက်ရပါသည်။
ဒေါ်လှလှကြီး၏ မျက်နှာလည်း ရုပ်ရှင်မင်းသမီးကြီးအမူအရာပြောင်းလိုက်သလို ရုတ်တရက် ရွှင်လန်း၍ သွားပါသည်။
ပေါ်အူးက ဆက်လက်၍ ...
"ဒါနဲ့ ... သူ ... အဲဒီလို ပြောပြောနေပြီး ဆရာ မှော်ဘီသွားတဲ့ နေ့မှာဘဲ ထောင်ကျခံပြီး သူ့မေမေရေးမယ့် စာအုပ်မှာ ကိုယ်တွေ့ဗဟုသုတပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရဲကုလားတယောက်ကို နောက်ကနေ ဘေဘာပါဘဲ ခင်ဗျာ၊ ကျွန်တော်ဖြင့် အံ့သြပါရဲ့ ရုံးမင်းက သူ့ကို လူငယ်မို့လို့ ဒဏ်ရာကလည်း သိပ်မကြီး တာနဲ့ ၃ ရက်ဘဲချတာကို သူကမကျေနပ်ဘဲ အနည်းဆုံး ခုနစ်ရက်တော့ ချရမယ်ဆိုတာနဲ့ ရုံးမင်းကလည်း အံ့သြပြီး သူ့စကားမလွန်နိုင်ဘဲ သီတင်းတပတ် ချလိုက်ရတာပါ။ ဒီနေ့ဆိုရင် စေ့ပြီ။ သူထွက်လာတော့မယ် ဒေါ်ဒေါ် သွားကြိုဘို့ဘဲ ရှိပါတော့တယ်"ဟု ပေါ်အူးက စကားအဆုံး သတ်လိုက်သည် တွင် ဒေါ်လှလှကြီးသည် ထိုင်ရာမှ ငေါက်ကနဲထလိုက်ကာ ...
"ကဲ ... မောင်အေးဆွေ ဒေါ်ဒေါ် အထင်လွဲမိတာ သည်းခံပါနော်၊ ရုတ်တရက်မို့ စိတ်ဆိုးလို့ ပြောလိုက်မိတာတွေကို တောင်းပန်ပါတယ်ကွယ်"
"ဟာ ... ကိစ္စမရှိပါဘူး ဒေါ်ဒေါ် ကျွန်တော်ဘက်မှ မအောက်မေ့ပါဘူး"
"မောင်ပေါ်အူးလည်း ကျေးဇူးတင်ပါတယ်ကွယ်၊ မင်းရှင်းလင်းပြလို့ ဒေါ်ဒေါ်သိရတာ ကဲ ... ဒေါ်ဒေါ်သွားမယ် ခွင့်ပြုပါအုံး"ဟု ဆိုကာ သူ့ထီးနှင့် ဘေးဆွဲ သားရေအိတ်ကြီးကို ကောက်ယူပြီး ...
"အော် ... သားကလေး၊ သားကလေး မေမေ့ ကျေးဇူးကို ဆပ်ချင်တဲ့ သားကလေး၊ မင်းဒီလို  လုပ်လိုက်တာဟာ နို့တစက်ဘိုးမဟုတ်ပါဘူးကွယ်။ နို့နှစ်လုံးဘိုးပါမကအစစ အရာရာအကုန်လုံး အောက်ခြေ သိမ်း မကျန် ကျေပါတယ်ကွယ်" ဟု နငတ်မှ ရေရွက်ရင်း အိမ်ပေါ်မှ ထွက်သွားတော့၏။
ပေါ်အူး မျက်နှာကား မချိုမချဉ်နှင့်။
ကျွန်တော်မူကား မနေတတ် မထိုင်တတ် ဖြစ်အောင်ပင် ပေါ်အူးကို ချီးကျူးနေမိရာမှ ...
"ဟေ ... ဒါထက် ပေါ်အူးရ ဟိုကောင်လေးက သူ့ အမေကို မင်းပြောအတိုင်း မပြောရင် ဂျောက်ကျ အုံးမယ်ကွ ..."
"ဒါကို စိတ်ချပါဆရာ၊ ကျွန်တော်က သူ့ကို ဖြစ်မိမှဖြင့် မင့်မေမေမျက်နှာကောင်းရအောင် ဒီအတိုင်းပြောလို့ သင်ပြီးသားပါ..."
ကဲ မိတ်ဆွေ ပေါ်အူးဟာ ဘယ်လောက် အကြံဥာဏ်ကောင်းတယ်... ပိရိစေ့စပ်တယ်ဆိုတာ သိပြီ မဟုတ် လား ...
ပေါ်ူအူး ... ပေါ်အူး ကျွန်တော့်တပည့်ပေါ်အူး ကျွန်တော်ရဲ့ အသက်ကို ကယ်သောသူ ထို့ကြောင့်ပင် သူ့ကို ကျွန်တော် လက်မလွှတ်နိုင်ဘဲ၊ နည်းပေးလမ်းပြ လက်စွဲတော် တယောက်အနေနှင့် သူ့စကားကို အမြဲတမ်း နားထောင်၍ နေရပါသည်။
"ဟေ့ ... ပေါ်အူး ဒီကိစ္စမှာ မင့်ကျေးဇူး ငါ့အပေါ်ကြီးလှတယ်ကွာ။ ငါ့ဆီက မင်းလိုချင်တာကို တောင်းစမ်း"
ပေါ်အူးသည် မျက်နှာထား ခပ်ပျော့ပျော့ ပြင်လိုက်ကာ
"ကျွန်တော် ပထမ လိုချင်တာကတော့ ..."
"ကဲဟေ့ ... ခင်မြမြမောင်းမောင်းကြီးကို စိတ်ထဲက ဖြတ်ပစ်လိုက်ဘို့ပါဘဲဆရာ"
ကျွန်တော်မှာ "ပျော်နိုင်တုန်း ပျော်နိုင်သမျှ ပျော်မည်" ဟု ဆိုသည်ကို မောင်မောင်ရွှေ တယောက်နှင့်ပင် အော်ကျောလန်သွားပြီဖြစ်၍ -
"အေးဟေ့ သူ့ဓာတ်ပုံကြီးကို ရိုက်ခွဲပစ်လိုက်တော့"
"ကျေးဇူးပါဘဲ ဆရာ ကျွန်တော် ဒုတိယ လိုချင်တာက ..."
"ငွေ ၅၀ိ ဆရာ"
"ဟင် .. ငွေ ၅၀ိ ..."
ပေါ်အူးမှာ ငွေကို မတောင်းစဖူး တောင်းသဖြင့် ကျွန်တော် အံ့သြသွားပါသည်။
"ဟုတ်ပါတယ် ငွေ ၅၀ိ ဆရာ ကျွန်တော်ပေးဘို့ ကတိခံထားလို့ပါ"
"ဘယ်သူ့ကိုလည်း"
"မောင်မောင်ရွှေကိုပါဆရာ"
"ဟေ... ဘာကိစ္စကြောင့်လည်း"
"သူနဲ့ကျွန်တော်နဲ့ အလောင်းအစား ပြုထားလို့ပါဆရာ"
"ဘယ်လို အလောင်းအစားလည်း"
"ဆရာမရှိတုန်း သူမူးပြီး ပြန်လာတဲ့ညမှာ ကျွန်တော်က "ဟေ့ မောင်မောင်ရွှေ၊ မင်းမိုက်ရင် ဟိုရဲကုလားကို ရိုက်ဝံ့ပါ့မလား မေးတော့ သူက ငါရိုက်ဝံ့ရင် ငွေ ၅၀ိ ပေးမလားလို့ ပြန်ပြောတယ်ဆရာ၊ ဒါပါဘဲ"
အဲ... မိတ်ဆွေ ပေါ်အူးရဲ့ ဆင်လုံး ထွင်လုံးကို သိလောက်ပါပြီ။
ပေါ်အူး ပေါ်အူး တကယ်တော်တဲ့ ပေါ်အူး သူသာ နိုင်ငံရေးနယ်ဝင်ပြီး ကြုံးလိုက်မယ်ဆိုရင် ပါတီမစုဘဲ တောမခိုဘဲ အယ်ဒီတာမလုပ်ဘဲနှင့် ၀န်ကြီးဖြစ်မယ့် ပေါ်အူးပေတကား။
ကျွန်တော်သည် အိတ်ထဲမှ ငွေတရာထုတ်ယူကာ -
"ရော့ဟေ့ ပေါ်အူး ၁၀၀ိ ယူကွာ"
"ကျေးဇူးပါဘဲ ဆရာ အော် ... ဒါထက် မမရီရီလေးတို့အိမ်က ဒီမနက်ဆွမ်းကျွေး ည ကိုးဆူးကပ်တဲ့ ဆရာ လာဘိတ်ထားတယ် ဆရာ အခုမနက် ထမင်းစားမှီ သွားလိုက်ရင် ကောင်းမယ်ဆရာ"
"သွားမယ်ကွာ ရီရီလေး" ဖေးဗရိတ်ကာလာ ဖြစ်တဲ့အ၀တ်အစားနဲ့ ငါ့ကိုထင်စမ်း"
"အသင့်ပါဘဲ ဆရာ၊ ရှပ်အင်္ကျီ ကြည်ပြာနုရောင်၊ အပေါ်အင်္ကျီခိုရောင်နဲ့ ဗန့်ကောက်လုံချီ မရမ်းရင့်ရောင် အသင့်ထုတ်ထားပါတယ်"
ဤမျှအလိုလိုက်၍ အကြိုက်သိတတ်သော ပေါ်အူး။
"ကျွန်တော် အလွန်ပျော်တာ ချစ်သူကလေးရဲ့ အိမ်သာ"
"ဟာ ... ဆရာ၊ မနံဘူးလားဆရာ"
ကျွန်တော အ၀တ်အစားဝတ်ရင်း မိမိသွားမည့်ကိစ္စနှင့် ဆီလျော်အောင် သီချင်း ကျူးရင့်လိုက်သည်တွင် ရှပ်အင်္ကျီလက်ကြယ်သီး တပ်ပေးနေသော ပေါ်အူးကကောက်၍ နောက်ခြင်းဖြစ်ပါသည်။
"ကျွန်တော့်မှာ သူပြောသည့် စကားအဓိပ္ပါယ်ကို နားလည်၍
"အေး မင်းပြောတာ ဟုတ်သားဘဲကွ ပြင်ဆိုမှဘဲ"
"ကျွန်တော် အလွန်ပျော်တာ ချစ်သူကလေးရဲ့ထံသာ သွားလို့သာ လယ်ချင်တာလာ ဒါ -ဒါဒါ-ဒါ"
ပြီးပါပြီ
------------------------
တရုပ်ဟိမဝန္တာ မျှော် (အေးဆွေ ပေါ်အူး)
.
>>>ဆက်ဖတ်ရန်>>> >>