Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Friday, December 4, 2009

လွတ်လပ်ခြင်း




လွတ်လပ်ခြင်း...တွယ်ငြိခြင်း ထက်
 ပို လို့...
 ငါ မိသားစုကို စွန့်ခဲ့တယ်၊

 လွတ်လပ်ခြင်း..ချစ်ခြင်းထက်
 နှစ်သက် လို့...
 ငါ ချစ်သူကို စွန့်ခဲ့တယ်၊

 လွတ်လပ်ခြင်း...စီးမြောခြင်းထက်
 ကြိုက် လို့...
 ငါ ဧရာဝတီကို စွန့်ခဲ့တယ်၊

လွတ်လပ်ခြင်း...အားလုံးထက်ပို
ငါ မြတ်နိုးလွန်းလို့
အမိ မြန်မာပြည်ကို စွန့်ခဲ့တယ်၊

ဟေ့... သတိသာ ထားကြ
ငါ လွတ်လပ်ခြင်း ရဘို့
သေခြင်းနဲ့ လဲ ရဲတယ် .....


 .
>>>ဆက်ဖတ်ရန်>>> >>

Friday, November 20, 2009

အချစ်မိုး

 မိုးဖွဲဖွဲ အောက်မှာ
 မစဲဘဲ တသဲသဲ ရွာလိုက်တာ
 အဲဒါ အချစ်မိုး တဲ့..

 လျှပ်ပန်းတချက်
 ပျက်ခနဲ လက်လိုက်
 တသိမ့်သိမ့် ရင်မှာဖိုရှိုက်
 မောဟိုက်လို့မပြီးနိုင်ဘူး..

 မောင်..အဲဒါ အချစ် လားဟင်

...
>>>ဆက်ဖတ်ရန်>>> >>