Showing posts with label မဝင်းမြင့်. Show all posts
Showing posts with label မဝင်းမြင့်. Show all posts

Saturday, July 9, 2011

မဝင်းမြင့် ၏ မြသေလာတောင်ဆွေးဖွယ်နှောင်သည် အပိုင်း (၃၃)ဇာတ်သိမ်း

ရန်ကုန်သို့ပြန်ရောက်သောအခါ ကံအားလျော်စွာ ဦးထွန်းသစ် နေထိုင်သောအိမ်မှာ ပြောလောက်အောင် ပျက်စီးမှု မရှိဘဲ လူနေထိုင်၍ ဖြစ်နိုင်သော အခြေအနေကို ၀မ်းသာဖွယ်ရာ တွေ့ရလေသည်။ ဦးထွန်းသစ်က ကြည်ဖြူစွာ ပင် သဘောတူ၍ ရန်ကုန်သို့ တစ်ပါတည်း လိုက်လာသော ကိုစောအောင်က ရန်ကုန် ရောက်လျှင်ပင် ဖခင်ကြီးနှင့် ကိုမျိုးခိုင်အား တွေကလိုလှပြီ ဖြစ်သော်လည်း ကိုမျိုးခိုင်၏အိမ် ဘယ် နေရာမှာ ရှိမှန်း မသိသောကြောင့် ခင်ခင်လေးအား မေးရလေသည်။

" နေပါဦး ကိုစောရဲ့၊ ဘာဖြစ်လို့ ဒီလူကို အလျင်စလို တွေ့ချင်နေရတာလဲ၊ ဖြည်းဖြည်းမှသွားပေါ့၊ အမောဖြေ စမ်းပါဦးကိုစောရယ် "
အစ်ကို အစ်ကိုနှင့် တစ်ကိုတည်းကိုနေသော ကိုစောအောင်အား ခင်ခင်လေးက ပြောဆို မေးမြန်းလိုက်၏။
" ဖေဖေက အစ်ကို့ အိမ်မှာ ရောက်နေတာ ခင်လေးရဲ့၊ အစ်ကိုနဲ့ ခင်လေးတို့က သိဟောင်း ကျွမ်းဟောင်း ဆိုတော့ ဒေါ်မှုံကို သိမှာပေါ့ "
" ဒေါ်မှုံကို သိတာပေါ့ ကိုစောရဲ့ "
" အဲဒီဒေါ်မှုံက စစ်ဖြစ်တော့ သထုံက ကိုစောတို့ ဒူးရင်းခြံမှာ လာနေတယ်၊ အစ်ကိုရော ဒေါ်မှုံရော နှစ် ယောက်လုံးပေါ့၊ နောက် အစ်ကိုက ရန်ကုန်ကို သွားမယ်ဆိုပြီး ထွက်သွား၊ အစ်ကို ထွက်သွားပြီး ဂျပန်တွေ ကြောင့် ဒေါ်မှုံတို့ ဒူးရင်းခြံမှာ မနေနိုင်တော့ဘဲ ကိုစောအဖေရော ဘကြီးရော ဒေါ်မှုံက ခေါ်ပြီး ရန်ကုန် အစ်ကို့ အိမ် ကို ရွှေ့သွားကြတယ် ခင်လေးရဲ့ "
" အဲဒီ အချိန်က ကိုစော လိုက်မသွားဘူးလား " ခင်ခင်လေးက ဖြတ်မေးလိုက်သည်။

" ဂျပန်တွေချချင်တာနဲ့ မလိုက်ဘဲ သထုံမျာ နေရစ်ခဲ့လို့ အစ်ကို အိမ်မသိဘဲ ဖြစ်သွားတာ ခင်လေးရေ့၊ အစ်ကိုနဲ့လဲ အဲဒီအချိန်ကစပြီး ကွဲသွားကြတာ တော်လှန်ရေးတာဝန်နဲ့ စစ်ကိုင်းရောက်မှ ပြန်တွေ့ရတာပဲ၊ ကွဲနေကြတာ ကြာလို့ အားလုံးကို တွေ့ချင်တယ်၊ ဒါကြောင့် အမောမဖြေနိုင်သေးဘဲ မေးနေရတာ ခင်ဗျ"
ကိုစောအောင် က ကလေးဆိုးကြီးဟန်နှင့် ပြောသည်ကို ခင်ခင်လေးက သဘောကျစွာ ရယ်လိုက်ပြီး ကိုမျိုးခိုင် ၏ အိမ်တည်ရှိရာကို သေချာစွာ ပြောပြလိုက်သည်။
" ကိုစော သွားလိုက်ဦးမယ်၊ ည ဒီမှာ ပြန်အိပ်ရမလား " ကိုစောအောင်က ခပ်တည်တည် မေးလိုက်၏။

" ဟင်းနော် ... ကိုစောကို ဘယ်သူက အိပ်ခန်းပေးသေးလို့လဲ၊ ဟိုမှာပဲအိပ်၊ ခင်လေးဆီကို တစ်နေ့တစ်ခေါက် မှန်မှန် မျက်နှာလာပြ ... "
ခင်ခင်လေးက အမိန့်ပေးလိုက်၏။
" ကောင်းပါပြီခင်ဗျာ ... အမိန့်တော်အတိုင်းပါ ... အဖေကတော့ ... သူ့ချွေးမ ကို မြင်ရင် ဘယ်လောက်ချစ် မလဲ မသိဘူး "
" ကိုစောနော် ... သွားမှာကို သွားစမ်း ... "
ခင်ခင်လေးက ချစ်စဖွယ် မာန်မဲလိုကသည်ကို ကိုစောအောင်က နှစ်ခြိုက်ကျေနပ်စွာ နာခံပြီး ထွက်လာခဲ့ လေသည်။

*
အိမ်ဦးခန်းတွင် ဦးဘိုးဦး၊ ဦးစောခိုင်နှင့် ဒေါ်မှုံအား ထိုင်စေပြီး ကိုမျိုးခိုင်က ရိုသေစွာ ကန်တော့လိုက်သည်။ ဦးစောခိုင် တို့ သုံးယောက်မှာ ကိုမျိုးခိုင်၏ အပြုအမူကို နားမလည်ကြသဖြင့် ကြောင်တက်တက် ကြည့်နေ ကြသည်။
ကျွန်တော် ၀တ်ကြောင် ကို ငြီးငွေကလို့ သင်္ကန်းစီးတော့မယ်အဘ၊ ဒီနေ့ပဲ ပဲခူးမြို့နားက စမ်းကြီးတောရ ကျောင်းကို သွားမှာမို့ အဘတို့ကို နှုတ်ဆက်ကန်တော့တာပါ "
ကိုမျိုးခိုင် က ညိုးငယ်သော မျက်နှာဖြင့် ရှင်းပြလိုက်၏။

" လူလေးရယ် ... ဒေါ်မှုံတို့ကို ဒီအတိုင်း ပစ်ထားခဲ့မှာလား ... "
ဒေါ်မှုံက မျက်ရည်ကျပြီး မေးလိုက်သည်။
" သြော် ... သားကြီးက သင်္ကန်းဝတ်ပြီးထွက်၊ သားငယ်ကလဲ သေမှန်း ရှင်မှန်းမသိ၊ အဘတို့မှာ မျက်စိ သူငယ်နဲ့ ကျန်ရစ် ရ မှာလားကွယ် ... "
ဦးစောခိုင်က ၀မ်းနည်းသံဖြင့်မေးသည်။ ဦးဘိုးဦးကား ဘာမျှမပြော၊ စိတ်မကောင်းသော မျက်နှာဖြင့်သာ ကိုမျိုးခိုင်အား ငေးစိုက်ကြည့်နေသည်။
" ညီလေး အပြန်ကို ကျွန်တော် စောင့်ပါတယ်အဘ ... ကျွန်တော် သင်္ကန်းဝတ်ချင်နေတာ ကြာပါပြီ၊ အဘ တို့ အားကိုးမဲ့ ကျန်ရစ်မှာစိုးလို့ အခုလောက်ကြာအောင် ဆိုင်းနေတာပါ။ ညီလေး ရန်ကုန်ကို ပြန်လာလိမ့် မယ် ဆိုတာ ကျွန်တော် စုံစမ်းလို့ သိပြီးပါပြီအဘ၊ အခု တစ်ရက် နှစ်ရက်အတွင်း ရောက်မလား မပြောတတ် ဘူး "
ကိုမျိုးခိုင် က ခြောက်သွေ့ အက်ကွဲသောအသံဖြင့် ပြောလိုက်၏။

" အဲဒိ တောရကျောင်းကို ဒေါ်မှုံပါ လိုက်ခဲ့မယ်လေ လူလေး ... "
ဒေါ်မှုံက ငယ်စဉ်ကစပြီး ထိန်းကျောင်း ယုယကာ အတူနေလာ၍ သားရင်းလိုဖြစ်နေသော ကိုမျိုးခိုင်နှင့် မခွဲလို ရှာပေ။
" ဒေါ်မှုံနေရစ်ဥိးလေ ...၊ ညီလေး ရန်ကုန်ရောက်ရင် ဒိအိမ်ကို လာမှာ သေချာပါတယ်၊ ညီလေး မင်္ဂလာ ဆောင် မှာ လက်ဖွဲ့ပစ္စည်းတစ်ခု ဒေါ်မှုံကို ကျွန်တော် အပ်ခဲ့ပါရစေ ...၊ သူ လာတဲ့နေ့မှာ ပေးပါ၊ အဲဒီကိစ္စ ပြီးရင် ဒေါ်မှုံ လိုက်ချင်လိုက်ခဲ့ပေါ့ ... " ဒေါ်မှုံ ၀မ်းသာသွားလေသည်။

" မောင်စောအောင် လာတဲ့အထိ ဆိုင်းပါဦး သားကြီးရယ် ... "
ဦးစောခိုင်က တောင်းပန်လိုက်သည်။
" မဆိုင်းပါရစေနဲ့ အဘရယ် ...၊ ဒီနေ့ဒီရက်မှာ ကျွန်တော် သွားမယ်လို့ စိတ်ကို ဆုံးဖြတ်ပြီးဖြစ်နေလို့ပါ၊ ညီလေး လာတဲ့အခါ ဒီအိမ်မှာ ဆက်နေချင်လဲနေပါအဘ "
" သားကြီးက တစ်သက်လုံး သင်္ကန်းဝတ်တော့မှာလား "
ဦးစောခိုင်က တားမြစ်ရန် မဖြစ်ကောင်းသည့်ကိစ္စမို့ ၀မ်းနည်းသည့်မျက်လုံးဖြင့် ကိုမျိုးခိုင်၏မျက်နှာကို ချစ်ခင်စွာ ကြည့်ပြီး မေးလိုက်သည်။
" ပျော်သလောက်ဆိုပါတော့ အဘရယ် ... "
" ဒါထက် ခုနက ညီလေး မင်္ဂလာဆောင် လက်ဖွဲ့ဖို့ဆိုတာ ကြားလိုက်ပါတယ်၊ သားငယ်က မင်္ဂလာဆောင် မှလား ... ဘယ်က မိန်းကလေးလဲကွယ့် "
" ညီလေးမှာ ဖူးစာဖက် တွေ့နေပြီ အဘရဲ့....၊ ဘယ်က မိန်းကလေးလဲဆိုတာ ညီလေးလာရင် သိမှာပေါ့၊ ကဲ ကျွန်တော် သွားဖို့ အချိန်တန်ပါပြီ အဘရော၊ ဦးကြီးရော နှုတ်ဆက်ခဲ့ပါတယ် "
ကိုမျိုးခိုင်က ပြောကာ ထိုင်ရာမှ ထလိုက်ပြီး ...
" ဒေါ်ခင်မှုံ ခဏ ကျွန်တော့် အခန်းထဲ လာပါဦး "
ဟု ဒေါ်မှုံ ကိုခေါ်ကာ အခန်းထဲဝင်သွားသဖြင့် ဒေါ်မှုံက လိုက်သွားလေသည်။

ဦးစောခိုင်နှင့် ဦးဘိုးဦးသည် မူလထိုင်နေသော နေရာမှာပင် ဆိတ်ငြိမ်စွာ ထိုင်နေကြသည်။ အတန်ငယ် ကြာသော အခါ ကိုမျိုးခိုင်သည် အခန်းတွင်းမှထွက်လာသည်။ ဦးစောခိုင်နှင့် ဦးဘိုးဦးကို လှည့်မကြည့်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငိုက်စိုက်နှင့် အိမ်ပေါ်မှဆင်းသွားသည်ကို ဦးစောခိုင် ဦးဘိုးဦးနှင့် ဒေါ်မှုံ တို့မှာ လွမ်းတ၀မ်းနည်းသောမျက်နှာဖြင့် ငေးစိုက်ကြည့်နေလိုက်ကြ၏။
ဦးစောခိုင်၊ ဦးဘိုးဦးနှင့် ဒေါ်မှုံတို့ တစ်ယောက်နှင့် တစ်ယောက် မလှမ်းမကမ်းအကွာစီမှာ သုံးပွင့်ဆိုင် ထိုင်ပြီး အတွေးစ ကိုယ်စီဖြင့် ငေးနေကြသည်မှာ မည်မျှ ကြာသွားသည်မသိ။
" အဖေ ... "
ဟု ၀မ်းသာအားရခေါ်လိုက်သံကြောင့် သုံးယောက်လုံး အသံကြားရာကို ကြည့်လိုက်ကြသည်။

" ဟယ် ... သား ပြန်လာပြီ "
" မောင်စောအောင် ... "
ဟူ၍ ဦးစောခိုင် နှင့် ဦးဘိုးဦးက ပြိုင်တူ ခေါ်လိုက်ကြ၏။ ဒေါ်မှုံကား အငေးသား ကြည့်နေသည်။
" အားလုံး နေကောင်းကြေတယ်နော်၊ ကျန်းကျန်းမာမာ ပြန်တွေ့ရတာ ၀မ်းသာလိုက်တာ၊ ဒါထက် အစ်ကိုရော၊ အစ်ကို ပြန်ရောက်နေတယ် မဟုတ်လား အဖေ "
ကိုစောအောင် က ၀မ်းသာစွာ ပြောဆိုမေးမြန်းရင်း အိမ်အတွင်းကို မျက်လုံးလှည့်ကြည့်လိုက်သည်။ ဒေါ်မှုံက ကပျာကသီ ထကာ အခန်းတွင်းသို့ ၀င်သွားလေသည်။
" မောင်မျိုးခိုင် အခုတင်ကပဲ ထွက်သွားတယ် သားရယ်၊ တစ်နာရီ ကျော်ကျော်လောက်ပဲ ရှိဦးမယ်နော် အဘဦး" ဦးစောခိုင်က ဖြေလိုက်သည်။

" အေးကွယ့်၊ လက်မတင်လေး လွဲသွားတယ် "
ဦးဘိုးဦးက ပြောလိုက်သည်။
" အစ်ကို ဘယ်ကို သွားလဲအဖေ၊ သူ ဘယ်အချိန် ပြန်လာမယ်တဲ့လဲ "
" သူ အိမ်ပြန်မလာတော့ဘူး သားရယ်၊ ပဲခူး မြို့နားက --ကြီးတောရဆိုတဲ့နေရာမှာ သင်္ကန်းဝတ်မယ်ဆိုပြီး ထွက်သွားတယ်ကွယ့် "
ဦးစောခိုင်က ထွက်သွားသော ကိုမျိုးခိုင်နှင့် ပြန်ရောက်လာသော ကိုစောအောင်တို့အတွက် ၀မ်းသာဝမ်းန်း ရောနှောသော အသံဖြင့် ပြောလိုက်၏။
" အို ... အစ်ကို ဘာစိတ်ကူးရသွားပါလိမ့် " ကိုစောအောင်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။

ထိုအခိုက် ဒေါ်မှုံသည် အခန်းတွင်းမှ စာအိတ်ပြာကလေးတစ်ခုကို တရိုတသေကိုင်ပြီး ထွက်လာသည်။
" မောင်စောအောင် ဟောဒီမှာ မင်းအစ်ကိုက မင်္ဂလာလက်ဖွဲ့ပစ္စည်းတဲ့ ပေးခဲ့လေရဲ့ "
ဒေါ်မှုံက ပြောကာ စာအိတ်ပြာကလေးကို လှမ်းပေးလိုက်သည်။ ကိုစောအောင်က ဒေါ်မှုံထံမှ စာအိတ်ကို လှမ်းယူကာ ...
 ဘာပစ္စည်းများ အစ်ကိုက လက်ဖွဲ့သွားပါလိမ့် "

ဟု စာအိတ်ကလေး ကို ယုယမြတ်နိုးစွာကြည့်ပြီး ပြောလိုက်သည်။ စာအိတ်ပေါ်မှာကား ကိုမျိုးခိုင် လက်ရေးဖြင့် ...
" ညီ မောင်စောအောင်နှင့် ညီမ ခင်ခင်လေးသို့ "
ဟု ရေးထားသည်ကို တွေ့ရ၏။ ချစ်သူ ခင်ခင်လေးရှေ့ကျမှ အမြတ်တီိုး မျက်နှာစုံညီစွာ အိတ်ကိုဖွင့်မည် ဟု စိတ်ကူးကာ ကိုစောအောင်က မင်္ဂလာလက်ဖွဲ့ စာအိတ်ကလေးကို အိတ်ထဲသို့ ထည့်လိုက်သည်။ ဒေါ်မှုံ အား ကိုစောအောင် မေးလိုက်၏။

" အစ်ကို ဘာများ မှာသွားသေးလဲ ဒေါ်မှုံ "
" မောင်စောအောင်နဲ့ ပတ်သက်လို့တော့ ဘာမှမမှာပါဘူးကွယ်၊ ဒေါ်မှုံကိုတော့ စကားထူးထူးဆန်းဆန်း ပြောသွားတယ် "
" ဘာပြောသွားသလဲ ဒေါ်မှုံ "
ကိုစောအောင်က သိလိုသဖြင့် မေးလိုက်၏။ ဦးစောခိုင်ကလည်း အာရုံစိုက်လိုက်၏။

" သြော် ... ဒေါ်မှုံက ဘာကြောင့် သင်္ကန်းစည်းချင်တာလဲလို့ မေးတော့ လူကလေးမျက်နှာဟာလေ ငိုတော့ မှာလို့ ညိုမှိုင်းလာတယ်၊ အသံအက်အက်နဲ့ ပြောသွားရှာတာက ... ကျွန်တော့် အဖေ အလွဲသုံးစားလုပ်ခဲ့တဲ့ အကြွေး တွေရော၊ ကျွန်တော့်အတွက် အသစ်တင်လာတဲ့ အကြွေးတွေရော၊ တခြားနည်းနဲ့ ဆပ်စရာမရှိလို့ ကျွန်တော့် အသည်းနှလုံးကို အစားထိုးပြီး ဆပ်ခဲ့ပါပြီ၊ ကြွေးတွေ ကြေကောင်းပါရဲ့လို့ အောက်မေ့တယ်တဲ့၊ ဒါကြောင့် ကျွန်တော့် ဘ၀ဟောင်းကို မေ့ပျောက်ချင်လို့ သင်္ကန်းစဉ်းတာပါလို့ ပြောသွားတယ်၊ ဘာအကြွေး လဲမောင်စောအောင်၊ သူ ကြွေးဆပ်ပုံက အဆန်းကွယ့် "
ဒေါ်မှုံက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ ကိုစောအောင်ကမူ မျက်လုံး အကြောင်သားဖြင့် ငေးနေ တော့၏။ ဦးစောခိုင်က တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးနေပြီးမှ ...
" သားကြီး မောင်မျိုးခိုင် မိဘတွေက ဘယ်သူလဲ ဒေါ်မှုံ၊ အရင် သထုံမှာ ဒေါ်မှုံ ပြောခဲ့တာ ကျုပ်တို့ မယုံဘူး၊ အမှန်အတိုင်း ပြောစမ်းပါ "
ဟု မေးလိုက်၏။ ဒေါ်မှုံကလည်း လူချင်းခွဲရမည့် အတူတူ မထူးတော့ဟု သဘောထားကာ ...
" လူကလေးအဖေက မန္တလေးက ဦးဘဆွေ၊ လူကလေး အမေက မန္တလေးက မဟာနွယ် ဦးတင်မျိုး ဒေါ်ခင်ခင်ထားတို့သမိး ဒေါ်ခင်မျိုးတဲ့ "
ဟု အမှန်အတိုင်း ဖွင့်ပြောလိုက်သည်။ ဦးစောခိုင်နှင့် ကိုစောအောင်တို့ မျက်လုံးအပြူးသားနှင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြလေသည်။ ဒေါ်မှုံက သူတို့အား ဆက်လက် စိတ်ဝင်စားခြင်း မရှိတော့ဘဲ ...

" လူကလေးနှယ် ခဏလောက် ဆိုင်းလိုက်ရင် ဒေါ်မှုံပါ တစ်ပါတည်း လိုက်နိုင်သားနဲ့ အလောတကြီး ထွက် သွားတယ်၊ ကဲ ... သူမှာခဲ့တဲ့ကိစ္စ ပြီးပြီ၊ လူကလေးနောက် လိုက်သွားဖို့ ယူစရာကလေးတွေ ပြင်ဦးမျ "
ဒေါ်မှုံက တဖျစ်တောက်တောက် ရေရွတ်ကာ အခန်းတွင်း ပြန်ဝင်သွားလေသည်။ ဦးစောခိုင်ကမူ ရှေးဖြစ် ဟောင်းကို ပြန်ပြောင်းတွေးတော ဆွေးမောမိရာမှ ဒေါ်မှုံစကားကို သေသေချာချာ စမ်းစစ်လိုက်ပြီး ...
" သား ... မင်္ဂလာဆောင်တော့မယ်ဆို၊ မိန်းကလေးက ဘယ်သူလဲ" ဟု မေးလိုက်၏။

" နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီကို ကျွန်တော် စွဲလမ်းမိတာ အစ်ကိုသိလို့ ဘုရင်မ ရုပ်ရည်နဲ့တူတဲ့ မိန်းကလေးကို သူကိုယ်တိုင် တွေ့မြင်အောင် ဖန်တီးပြီး နေရာကျအောင် ဆောင်ရွက်ပေးခဲ့ပါတယ်အဖေ၊ မိန်းကလေးမိဘကလဲ သဘောတူ၊ ကျွန်တော်တို့ လူငယ်ချင်းလဲ မေတ္တမျှပြီးပါပြီ၊ အဖေ လိုက်ခဲ့ပါလို့ ကျွန်တော် တောင်းပန်မယ်လို့ပါ "
ကိုစောအောင်က အသံလေးလေးဖြင့် ပြာလိုက်၏။ ဦးစောခိုင်ကား ဒေါ်မှုံ၏စကား၊ ကိုစောအောင်၏ စကားကို ဆက်စပ်တွေးတောနေရာမှ ဦးခေါင်းကို ဖြေးလေးစွာ ညိတ်ကာ ...
" အင်း မြသေလာတောင်ကတော့ ရောက်သမျှလူကို ဆွေးစေအောင်သာ ဖန်ပါပေါ့လား၊ အေးလေ ... သား သဘောကျရင် အဖေမကန့်ကွက်ပါဘူး "
ဟု စကားကို တိုတိုပြောကာ ငေးမြဲတိုင်းငေးကာ တွေးမြဲတိုင်း တွေးနေသည်။

" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ် အဖေ "
" အေး ... အေး ... "
ဦးစောခိုင်ကလှည့်မာကည့်ဘဲ ခွင့်ပြုလိုက်၏။ ကိုစောအောင်သည် ခင်ခင်လေးထံ အမြန်ဆုံးရောက်အောင် ပြန်လာခဲ့လေသည်။ အိမ်ကိုလည်း ရှင်းလင်း သိမ်းဆည်းနေသော ခင်ခင်လေးသည် မမျှော်လင့်သော အချိန်မှာ ပြန်ရောက်လာသော ကိုစောအောင်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ...
ကိုစောအဖေနဲ့ မတွေ့ခဲ့ဘူးလား"ဟု မေးလိုက်၏။
" အဖေ့ကိုတော့ တွေ့ခဲ့တယ်၊ အစ်ကို့ကို မတွေ့လိုက်ရဘူး ခင်လေးရယ်၊ လက်မတင်လေး လွဲသွားတယ် "
ကိုစောအောင်က ကုလားထိုင်တစ်လုံးပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း ပြောလိုက်၏။

" သူက ဘယ်ကို ကြွသွားသတဲ့လဲ "
ခင်ခင်လေးက မကြည်ဖြူသော ငေါ့သံဖြင့် မေးလိုက်၏။
" ပဲခူး စမ်းကြီးတောရကို သင်္ကန်းဝတ်ဖို့ ထွက်သွားပြီတဲ့ "
ခင်ခင်လေးက ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
" ဘာဖြစ်လို့ ရယ်တာလဲ ခင်လေးရဲ့ "
ကိုစောအောင်က ခင်ခင်လေးရယ်သည်ကို နားမလည်ပေ။
" သြော် ... လူဆိုးကို ဒူးတုပ်ရှိခိုးခဲ့တဲ့ လူဖျင်းလူညံ့ကြီးက ရဟန်းအဖြစ်နဲ့ သူများကရှိခိုးတာခံရဦးမှာ တွေးပြီး ရယ်မိတာပါ ကိုစောရဲ့ "
" အစ်ကို့ကို ထိခိုက်မပြောပါနဲ့ ခင်လေးရယ်၊ ဒါထက် ဦးက ဘာပြောသေးလဲ "
ဟု ကိုစောအောင် က စကားလွှဲလိုက်၏။

" ဖေဖေက ပျက်စီးနေတဲ့ မြို့ရွာတွေမြင်ခဲ့တော့ သံဝေဂရပြီး အေးအေးဆေးဆေး တရားအားထုတ်နေချင်ပြီတဲ့၊ ကိုစောနဲ့ ခင်ခင်လေးတို့ကိစ္စ မြန်မြန်ဆောင်ရွက်ချင်တဲ့ဆန္ဒ ရှိနေတယ် "
ကိုစောအောင် က သဘောကျစွာ ပြုံးလိုက်ပြီး ...
" အဖေ့ကိုလဲ ပြောခဲ့ပြီးပါပြီ၊ နက်ဖြန် ခေါ်လာခဲ့ပါမယ်၊ ဒါထက် အစ်ကိုက ကိုစောနဲ့ခင်လေးအတွက် မင်္ဂလာ လက်ဖွဲ့ပစ္စည်း ပေးလိုက်တယ် ခင်လေးရေ့ ဟောဒီမှာ "
ကိုစောအောင်က ကြည်နူးစွာ ပြောကာ ကိုမျိုးခိုင်၏ လက်ဆောင်စာအိတ်ပြာကလေးကို အိတ်တွင်းမှ ဆွဲ ထုတ်လိုက်၏။ ခင်ခင်လေးသည် ကိုစောအောင်နှင့် ကပ်လျက်ရှိသော ကုလားထိုင်မှာ လာထိုင်ပြီး စာအိတ် ကလေးကို ကြည့်လိုက်၏။

" အမယ် ... ညီနဲ့ညီမ ဆိုပါကလား၊ အထဲက ဘာလဲကိုစောရဲ့"
" မသိသေးဘူး ခင်လေး ဖွင့်လိုက်မယ် "
ကိုစောအောင်ကပြောကာ စာအိတ်ကလေးကို မစုတ်မပြတ်စေရန် တယုတယ ဖွင့်လိုက်၏။ စာအိတ်ထဲတွင် ကား ကိုမျိုးခိုင်၏ လက်ရေးနှင့်ကဗျာတစ်ပုဒ်ရေးထားသော စာရွက်တစ်ရွက်သာပါသည်။ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ စိတ်အားထက်သန်စွာ ဖတ်လိုက်၏။ ကိုမျိုးခိုင်၏ ကဗျာကား အောက်ပါအတိုင်းဖြစ် သည်။
(မြသေလာတောင် ဆွေးဖွယ်နှောင်)
    နတ်မိစံရာ၊ မြသေလာတောင်၊ ဆွေးဖွယ်နှောင်သည်၊ မျှော်ယောင်မှန်းဆ၊ လွမ်းတတဖြင့်၊ ဗလ တပ်မှူး၊ အချစ်ရူးခဲ့၊ နှစ်ကူးရင့်ငြောင်း၊ တစ်ခေတ်နှောင်းမူ ပေဟောင်းစာမွန်၊ သူလမ်းညွှန်၍၊ မိုးစွန်သီခေါင် မြစိမ်းတောင်မှ ကြီးလှတေဇာ၊ ဆေးဗုဒ္ဓါကို၊ အရှာသွားသူ၊ နှစ်ယောက်လူတို့၊ မတူစိတ်ဝမ်း၊ ဤဇာတ်လမ်း ကား၊ မျှော်မှန်းမမြင်၊ ဆုံးမထင်တည့်။
    ရွှင်ဖြစ်ဟောင်း၊ ဤအကြောင်းကို၊ မေ့ကောင်းစေဖွယ်၊ မှန်းရည်ရွယ်၍၊ နှစ်သွယ်နောင်ညီ၊ မြတောင် ဆီသို့၊ စိတ်ညီကြိုးပမ်း၊ ရောက်အောင်လှမ်းသော်၊ လွမ်းခန်းကိုသာ ကြုံခဲ့ပါ၏။
ဘုံသာခန်းတွင်း၊ ကိုယ်ရောင်လင်းမျှ၊ မြဆင်းရည်တူ၊ မြတောင်သူကြောင့်၊ ဆွေးပူမအေး၊ နောင့်ညီလေး ကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေးနှင့်၊ ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့။

မယ်မောင်နှစ်ဦး၊ ချစ်ရည်မြူးစေ၊ တောင်းဆုချွေ၍ ညွှန်းစေ၍စာ၊ နောင်ကြီးမှာအံ့။
ရီပြာညိုလဲ့၊ နောင်စငဲ့ကို လှည့်၍ဘယ်ခါ၊ မကြည့်ပါနှင့် သေလာမြတောင်၊ ဆွေးဖွယ်နှောင်ဟု၊ ညီမောင်သား မြေး၊ သတိပေးလော့၊ ဖြစ်ရေးကုန်စင်၊ မေ့စေချင်သည်၊ ပျော်ရွှင်သုခ၊ ပြည့်ကြစေ။
ကိုစောအောင် နှင့် ခင်ခင်လေးကား ကဗျာကို ဖတ်နေသည်ဟုမထင်၊ ကိုမျိုးခိုင်ပြောဆိုမျာကြားနေသကဲ့သို့ အောက်မေ့ကာ ရင်ထဲမှာ တလှိုက်လှိုက် ဖြစ်နေကြသည်။ ကိုစောအောင်၏ ရင်တွင်းမျာကား အစ်ကိုရင်း တစ်ယောက် ကို လွမ်းဆွတ်တမ်းတနေသော်လည်း၊ ခင်ခင်လေး၏ စိတ်ထဲမှာကား ကိုမျိုးခိုင်၏ ပြုမူပြောဆို ခဲ့ပုံကို ပြန်လည် အမှတ်ရနေသည်။

ကိုမျိုးခိုင်၏ ကဗျာငါးပုဒ်မှ စတုတ္တမြောက်ကဗျာ၏ အဓိပ္ပာယ်ကို စဉ်းစား မိလာသည်။ အကျိုးအကြောင်းကို ရေလည်စွာမသိသော်ငြားလည်း ကိုမျိုးခိုင်က သင်တိုင်းဝတ်စေ ကာ တောစံပယ်ချုံနားတွင် လူရောင်ပြစေခဲ့ခြင်း၊ ကိုစောအောင်ထံမှ သေနတ်ကိုယူပြီး ခါးတွင်ပတ်ထားလျက် လူဆိုးသုံးယောက်ကို အညံ့ခံခြင်း၊ ခင်ခင်လေး ချစ်မေတ္တာပျက်ပြား မုန်းတီးစေရန် ပြုမူပြောဆိုခဲ့ခြင်း၊ ကိုစောအောင်နှင့် မေတ္တာမျှအောင် ကိုယ်တိုင် ကြိုးစားပေးခြင်းနှင့် ကိုမျိုးခိုင်နှင့် လူသုံး ယောက်တို့ ငွေပေးငွေယူပြောဆိုပုံကို ဖခင် ဦးထွန်းသစ်မြင်ခဲ့ကြားခဲ့ခြင်းတို့ကို ဆက်စပ်တွေးတောမိလေ သည်။ ခင်ခင်လေး၏ မျက်နှာသည် မှိုင်းညို့ လာသည်။ ကိုမျိုးခိုင်၏ လက်ရေးကဗျာစာရွက်ကို စူးစူးစိုက်စိုက် ကြည့်နေရာမှ ...
" မြတောင်သူကြောင့် ဆွေးပူမအေး၊ နောင့်ညီလေးကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေးနှင့် ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့ "
ဟူသော အပုဒ်ကို ကြေကွဲစွာ တစ်လုံးချင်း ရွတ်ဆိုလိုက်၏။

" အစ်ကို့ကဗျာက အသက်ပါလိုက်တာနော် ခင်လေး "
ကိုစောအောင်က လှိုက်လှိုက်လှဲလှဲပြောကာ ခင်ခင်လေး၏ မျက်နှာကို ကြည့်လိုက်သည်။ ခင်ခင်လေးက မှိုင်းညို့သောမျက်နှာ၊ မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် ကဗျာစာရွက်ကို ကြည့်နေရာမှ ...
" ကဗျာထဲပါတဲ့ မြတောင်သူဆိုတာ ကိုစော တစ်ခါက ပြောခဲ့တဲ့ သီးခြားကမ္ဘာလေး တစ်ခုက ခင်လေး ရုပ် ရည်မျိုးပေါ့နော် "
ဟု ငိုသံပါကြီး ဖြင့် မေးလိုက်၏။

" ဟုတ်တယ် ခင်လေးရဲ့၊ ဒါကြောင့် ညီလေး စိတ်ချမ်းသာအောင် မြတောင်သူနဲ့တူတဲ့ ခယ်မလေးကို သူကိုယ်တိုင် ရှာပေးခဲ့တာပေါ့ "
နောက်ကြောင်းရာဇ၀င်ကို ဘာမှမသိသော ကိုစောအောင်က ခင်ခင်လေး၏ အမေးကို ဖြေလိုက်သည်။ ခင်ခင်လေး၏ မျက်လုံးတွင် ဝေနေသော မျက်ရည်မှာ ပါးမို့မို့ပေါ်သို့ ဖြည်းညင်းစွာ ကျလာလေသည်။
" အို ခင်လေး ဘာကြောင့် မျက်ရည်ကျရတာလဲကွယ်၊ ဟင် ... ကိုစောကို ပြောပြပါဦး ခင်လေး "
ကိုစောအောင်က ပျာပျာသလဲ ယုယစွာမေးလိုက်၏။

အစ်ကိုမျိုးခိုင်ရဲ့ ကဗျာကိုဖတ်ရတာ ခင်လေး ၀မ်းနည်းတယ်၊ အစ်ကို့ကို ခင်လေး အထင်သေးခဲ့တယ်နော် "
ခင်ခင်လေးက ပြောရင်းငိုလိုက်သည်။
" တိတ်ပါကွယ် ခင်လေး၊ စမ်းကြီးတောရဆိုတာ ပဲခူးနားတင်ပါ၊ ကိုစော လိုက်ပို့ပေးပါမယ် "
ကိုစောအောင်က လက်ကိုင်ပ၀ါဖြင့် ခင်ခင်လေး၏ မျက်ရည်များကို သုတ်ပေးကာ ချော့မော့ ယုယလိုက်၏။ ခင်ခင်လေးသည် ငြိမ်သက်စွာ တွေဝေငေးမော တွေးတောနေသည်။ ကိုစောအောင်ကို စွန့်ခွာ၍ ကိုမျိုးခိုင် ထံပြန်လျှင် ဖြစ်နိုင်ပါမည်လောဟု တွေးလိုက်သောအခါ သူတော်ကောင်းဘောင်အတွင်း ၀င်ရောက်ကာ ဘုရားသားတော်အဖြစ်ဖြင့် မြင့်မြတ်သော ရဟန်းတစ်ပါးအား ဖျက်ဆီးရမည့်အရေးသည် ရင်လေးဖွယ် ကောင်းလှပေသည်ဟု စဉ်းစားကာ ထိတ်လန့်သွားရှာသည်။ စကားလွန်ထားကာ လူကြီးမိဘများပင် သိပြီး ဖြစ်နေသော ကိုစောအောင်အဖို့မှာလည်း ဖခင်ကြီး၏ အသက်သခင် ကျေးဇူးရှင်လည်းဖြစ်၊ မိမိကိုယ်တိုင် ကလည်း ကိုမျိုးခိုင်ကို အထင်သေးစွာ စွန့်ခွာပြီး ရွေးချယ်ထားသူဖြစ်၍ ကိုစောအောင်ကို ရှောင်ဖယ်၍မ ဖြစ်နိုင်ကြောင်းကို သိသည်။

မိမိကိုယ်တိုင်က လော်လီဖောက်ပြား၍ ဖြစ်ရခြင်း မဟုတ်ဘဲ အရင်းခံ အကြောင်းရင်းကို တွေးလိုက်သော အခါ အသက်ပေးချစ်ကြသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့၏ ကြီးမားလှသော ခင်မင်တွယ်တာမှုကို ကောင်းစွာ သဘောပေါက်လာတော့၏။
မိမိနှင့် ကိုမျိုးခိုင်တို့ အကြောင်းကို ဘာမှမသိရှာသော ကိုစောအောင်အား စိတ်ဆင်းရဲမှု မဖြစ်စေလိုတော့ ပေ၊ ခင်ခင်လေးသည် မျက်စိကို စုံမှိတ်ကာ ဦးခေါင်းကို မသိမသာ ခါယမ်းလိုက်၏။ ရင်တွင်းမှ အဆွေးတွေကို မှုတ်ထုတ်လိုက်သည့်အလား သက်ပြင်းချလိုက်ပြီး ...
" အစ်ကို ကိုမျိုးခိုင်ထံ ဘယ်တော့ လိုက်ပို့ပေးနိုင်မှာလဲ ကိုစော" ဟု အသံအက်အက်ဖြင့် မေးလိုက်၏။

" ခဲအိုတော် ရဟန်းကြီးကို သိပ်ဖူးချင်နေပြီထင်တယ် "
ကိုစောအောင်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
" သူ့ကဗျာကို ဖတ်ရတာ ခင်လေး သိပ်သနားနေတယ် ကိုစော၊ အစ်ကိုကို ခင်လေး အထင်မှား အမြင်မှား ဖြစ်ခဲ့တာ တောင်းပန်ချင်လို့ပါ "
" မကြာခင် ပို့ပေးပါ့မယ် ခင်လေးရယ်၊ နက်ဖြန် အဖေ့ကို ခေါ်လာပြီး လူကြီးချင်း တိုင်ပင်ဆွေးနွေး၊ လက်ထပ်ဖို့ အစီအစဉ် အားလုံး တိုင်ပင်ပြီးမှ ကိုစော အဖေရော ... ခင်လေး အဖေကိုရောခေါ်ပြီး အစ်ကို့ဆီကို တစုတဝေး သွားကြ တာပေါ့၊ ကိုစောပြောတာ သဘောတူရဲ့လား "

ခင်ခင်လေးသည် တစ်ဖက်သို့ ငေးနေရာမှ ကိုစောအောင်၏ မျက်နှာကို ရီဝေသော မျက်လုံးဖြင့်ကြည့်ကာ ဦးခေါင်း ကို ဖြည်းလေးစွာ ညိတ်လိုက်ရင်းက စိတ်တွင်းမှ ...

မြတောင်သူ့ကြောင့်၊ ဆွေးပူမအေး၊ နောင့်ညီလေးကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေး နှင့်၊ ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့။

ဟူသော ကဗျာကို ကိုမျိုးခိုင်ကိုယ်တိုင် ကြေကွဲစွာ ရွတ်ဆိုပြနေသကဲ့သို့ ထင်ယောင် ကြားယောင်လိုက်မိ ရှာလေသည်။

မ၀င်းမြင့်
ပြီးပါပြီ

.
-------------------------
>>>ဆက်ဖတ်ရန်>>> >>

Friday, July 8, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃၂)

" ကိုစော ပြန်ဦးမယ် ခင်လေးရယ်၊ စစ်သားဆိုတာ တာဝန်မယ့် အချိန်လွန်အောင်နေလို့ မဖြစ်သေးဘူး "
မခွဲနိုင် မခွာရက်သောလေသံဖြင့် ကိုစောအောင်က နှုတ်ဆက်လိုက်ပြီးမှ ...
" သြော် ... ခင်လေးတစ်ယောက်ထဲပြန်လို့ မဖြစ်သေးပါဘူး၊ ကိုစောလိုက်ပို့ပေးမယ် "
ဟု ပြောလိုက်သည်။ ခင်ခင်လေးသည် ငြင်းဆန်ခြင်းမပြုဘဲ ကိုစောအောင်နှင့် ရင်ပေါင်းတန်းယှဉ်ကာ ပဲစား ချောင်သို့ ရှေ့ရှုလာနေရာမှ ...
" ကိုစောအောင်ရဲ့ မိဘဇာတိမျိုးရိုးကို ခင်လေးသိပါရစေ၊ ကျေးဇူးရှင် တစ်ယောက်ဖြစ်လို့ နောင်ခါ ကိုစော တို့ ရှိရာ မေးမြန်းလာပြီး ကျေးဇူးတုံ့ပြန်ရမယ့် တာဝန်ရှိနေပါတယ် "
ခင်ခင်လေးက မေးမြန်းလိုက်သည်။

" ကိုမျိုးခိုင်က အစ်ကိုအရင်းလို နေတဲ့လူပါ၊ သူ့ကိုမေးရင် ကိုစောရဲ့ ရာဇ၀င်ကို သိပါလိမ့်မယ် ခင်ခင်လေး၊ ကျေးဇူးစကား ကိုတော့ မပြောစေချင်ဘူး၊ ကိုစောက ကျေးဇူးကို မျှော်ကိုးပြီး ကူညီတာ မဟုတ်ပါဘူး ခင်လေး"
ကိုစောအောင်၏ စကားကို ခင်လေးကများစွာ နှစ်ခြိုက်သွားသည်။ စိတ်ထားမြင့်မြတ်လှသည်ဟု အားကိုး ကြည်ညိုသော သဘောပေါ်လာမိ၏။ အခြားသူများဖြစ်ပါက ကျေးဇူးကို မမေ့ရဘူးနော်၊ ဘယ်လိုနည်းနဲ့ ဆပ်နိုင်မှာလဲ၊ ကျေးဇူးဆပ်ခိုင်းတဲ့အခါကျတော့ ငြင်းမှာလား ဟူသော ရိသဲ့သဲ့ စကားကိုပြောကောင်း ပြော ကြ ပေလိမ့်မည် ဟု ခင်ခင်လေးတွေးမိသည်။
ကျေးဇူးကို မျှော်ကိုးပြီး ကူညီတာ မဟုတ်ပါဘူးဟု ကိုစောအောင်က သူ့အဓိပ္ပာယ်နှင့်သူ ပြောစေကာမူ ခင်ခင်လေးကလည်း သူ့အဓိပ္ပာယ်သူတစ်မျိုးကောက်ကာ ရဲဝံ့စွာ ပြန်မေးလိုက်သည်။
" ဒါဖြင့် ကိုစော ဘာကိုမျှော်ကိုးပြီး ကယ်တာလဲ "
ကိုစောအောင်အဖို့ ရေငတ်တုံး ရေတွင်းထဲ ကျသွားသဖြင့် အလိုက်သင့်ပင် ရေသောက်လိုက်၏။

" ခင်လေးက ကိုစောမြတ်နိုးစွဲလန်း ချစ်ခင်တဲ့ ရုပ်ရည်ရှိသူမို့ ခင်လေးကိုချစ်လို့ ကူညီတာပါ၊ ကျေးဇူးဆပ်တာကို မလိုချင်ဘူး၊ ခင်လေးကချစ်တာကိုပဲ လိုချင်တယ် "
ခငလခင်လေးသည် အကြီးအကျယ် အံ့အားသင့်သွားတော့၏။ လမ်းလျှောက်နေသောခြေလှမ်းပင် ရပ်သွား ကာ ကိုစောအောင်အား အငေးသား ကြည့်နေမိသည်။ ဤမျှလောက် တိုတောင်းသော အချိန်အတွင်းမှာ ဤကဲ့ သို့ မကွယ်ဝှက် သွယ်ဝိုက်ခြင်းမရှိဘဲ ပွင့်ပွင့် လင်းလင်း ပြောလိမ့်မည်ဟု လုံးဝ မမျှော်လင့်မိခဲ့ချေ။

" စိတ်ဆိုးသွားပြီလား ခင်လေး "
ကိုစောအောင်ကပါ ရပ်တန့်ပြီး မေးလိုက်သည်။
" နေဦး ... ခင်လေးမရှင်းတာ မေးပါရစေ၊ ကိုစောမြတ်နိုးစွဲလမ်းချစ်ခင်တဲ့ ရုပ်ရည်ရှိသူမို့ ခင်လေးကို ချစ် တယ်ဆိုတော့ ဒီရုပ်ရည်မျိုးရှိသူ မိန်းမတစ်ယောက်က ကိုစောကို ပိုင်ဆိုင်ခဲ့ဖူးသလားလို့ သိချင်လို့ပါ "
ခင်ခင်လေး၏ အမေးကြောင့် ကိုစောအောင်က ပြုံးလိုက်၏။

" ကိုစော အမှန်အတိုင်းပြောနေတယ်လို့ ခင်လေးယုံကြည်ပါ။ ကိုစော ချစ်သူရည်းစား တစ်ခါမှ မထားခဲ့ဘူး၊ အစ်ကို ကိုမျိုးခိုင်အားလုံး သိပါတယ်၊ ဒါပေမယ့် မယုံနိုင်အောင် ထူးဆန်းတဲ့ သီးသန့်ကမ္ဘာကလေးတစ်ခုမှာ ခင်လေး ကိုတွေ့ခဲ့ဖူးတယ်၊ အဲဒီအချိန်ကစပြီး ခင်လေးကို စွဲလမ်းချစ်ခင်လို့ တစ်ကိုယ်တည်းဘ၀နဲ့ နီးအောင် ဘယ်လို ကြံရမလဲလို့တွေးရင်း အချိန်ကုန်ခဲ့ရာက အခုမမျှော်လင့်ဘဲ ဆုံရတာမို့ မကွယ်မ၀ှက် ဖွင့်ပြောတာ ပဲ၊ ခင်လေး ကိုစော ကို ချစ်နိုင်မလား "
" ဘယ်ကမ္ဘာမှာများ ခင်လေးကို တွေ့ခဲ့ရပါလိမ့်နော် "
ခင်ခင်လေးက စိတ်ဆိုးသံ အလျဉ်းမပါဘဲ ကနွဲ့ကလျ ချစ်စဖွယ်မေးလိုက်၏။

ခင်ခင်လေးသည် ခင်ခင်လေးသာလျှင်ဖြစ်သည်။ နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီ မဟုတ်ကြောင်းကိုကား ကိုစောအောင် တွေးမိပြီးဖြစ်၏။
သို့သော် စွဲလမ်းခဲ့သော နန့်နောင်းခါရီကို ဘယ်လိုမှ မျှော်မှန်း၍ မဖြစ်နိုင်သောကြောင့် ရုပ်ရည်ချင်း တူညီ သော ခင်ခင်လေးကို ကိုစောအောင်သည် နန့်နောင်းခါရီ အမှတ်ထားပြီး ချစ်မြတ်နိုးလှ၏။
" အိပ်မက်ထဲမှာပေါ့ ခင်လေးရဲ့၊ ဝေ့လည်လည် မလုပ်ပါနဲ့ ခင်လေးရယ် ... ချစ်နိုင်မယ် ... မချစ်နိုင်ဘူးဆိုတာ တိတိ လင်းလင်း ပြောစမ်းပါ၊ ကိုစောက စစ်သားတစ်ယောက်ပါ ခင်လေး ... အချိန်လဲ မရှိဘူး၊ ခဏခဏလဲ မလာ နိုင် ဘူး၊ တစ်ခါတည်း သိသွားချင်တယ် "
ခင်ခင်လေး၏ အမူအယာ လေသံက ချစ်ဟန်ပေါ်နေသည်ကို အကဲခတ်မိသော ကိုစောအောင်က ရဲရဲပင် မေးလိုက် သည်။

ခင်ခင်လေးက ခပ်ပြုံးပြုံးမျက်နှာဖြင့် ကိုစောအောင်အား မောကြည့်ကာ -
" ခင်လေးက ဟို တောင်ကုန်းစောင်းမှာ အလွယ်တကူလက်ညိုး လက်မကလေးနဲ့ ချိုးဆိတ်ယူရင်ရအောင် ပွင့်နေတဲ့ တောစံပယ်ပန်းကလေးမှ မဟုတ်ဘဲ၊ စဉ်းစားဖို့အချိန် - ဖေဖေနဲ့ တိုင်ပင်ဖို့ အချိန်လဲ ပေးဦးမှာပေါ့ ကိုစော ရဲ့ " ဟု ဖြေကြားလိုက်သည်။
" ခင်လေးဘက်က စဉ်းစားကြည့်ရင်လဲ ဟုတ်တာပေါ့လေ၊ ဘယ်တော့ အဖြေပေးနိုင်မှာလဲ "
" ဖက်ဆစ်တော်လှန်ရေးပြီးလို့ တိုင်းပြည် အေးချမ်းတဲ့အခါမှာ ခင်လေးတို့ ရန်ကုန်ပြန်မယ်၊ အဲဒီအချိန် ကိုစော ခင်လေးတို့ဆီ အရောက်လာမယ်ဆိုရင် တိတိကျကျ အဖြေပေးမယ်လေ၊ ခင်လေးတို့ အိမ်လိပ်စာ ကိုလဲ ပေးခဲ့ပါမယ် "

" ကောင်းပြီ ... ရောက်အောင်လာခဲ့မယ် ခင်လေး၊ ကိုစောအကြောင်းကိုတော့ အစ်ကို ကိုမျိုးခိုင်ကိုပဲ မေး ကြည့်နော် "
ကိုစောအောင်နှင့် ခင်လေးတို့ စကားတပြောပြောနှင့် လာနေသည်ကို ပဲစားချောင်အ၀င် ကျောက်တုံးကြီး တစ်ခု အကွယ်မှာ ဆိတ်ငြိမ်စွာထိုင်ရင်း၊ ကိုစောအောင်နှင့် ခင်ခင်လေးတို့၏ အရိပ်အခြေကို တိတ်တဆိတ် ကြည့်နေသူ ကိုမျိုးခိုင်၏ ရင်တွင်းမှာကား အသည်းနှလုံးတို့ ကြွေပြုန်းတော့မည်သို့ ပြင်းထန်သော စိတ်ဝေဒနာ ကို ခံစားရရှာလေသည်။
*
သမီးရေ လာစမ်းပါကွယ် ... ဖေဖေ ပြောစရာရှိနေတယ် "
ခရေပင်ဘကီး အရိပ်အောက်မှာ နှီးကျောဖျာတစ်ချပ်ခင်းပြီး အေးအေးလူလူထိုင်နေသော ဦးထွန်းသစ်က ခေါ်လိုက်သဖြင့် ခင်ခင်လေးသည် ဇရပ်ပေါ်မှဆင်းလာပြီး ဖခင်အနားမှာ ရိုသေစွာ ထိုင်လိုက်သည်။
" တစ်နေ့ကသမီးနဲ့ မောင်မျိုးခိုင် ပဲစားချောင်အပြင်ဘက်ကို လမ်းလျှောက်သွားရင်း လူဆိုးတွေနဲ့ တွေ့ တယ်ဆို "
ဦးထွန်းသစ် အမေးကြောင့် ခင်ခင်လေးက အံ့အားသင့်သွားသည်။

" ဖေဖေ ဘယ်လိုသိလဲ "
ခင်ခင်လေးသည် ထိုအကြောင်းကို ဖခင်သိကစိတ်မကောင်းဖြစ်မည်စိုး၍ မပြောဘဲနေခဲ့သည်။ ကိုမျိုးခိုင်က လည်း သူ့သတ္တိနည်း၍ ရှက်စဖွယ်ဖြစ်ခဲ့ရသည်ကို လူသိမခံဟု တွေးခဲ့၏။ ဖခင်အား မည်သူပြောမည်နည်းဟု တွေးမိ၏။
" မောင်မျိုးခိုင်က ပြောတယ်သမီး၊ သမီးတို့ကို ကယ်တာ ဖေဖေ့ ကျေးဇူးရှင် ဗိုလ်ကလေးစောအောင်လို့ ပြောတယ် "
" ဟုတ်ပါတယ် ဖေဖေ "
ခင်ခင်လေးက ဖြေလိုက်သည်။

" သမီး ဘာဖြစ်လို့ ဖေဖေ့ကို ဒီအကြောင်း မပြောတာလဲ ... "
ခင်ခင်လေးသည် အနည်းငယ် တွေနေပြီးမှ ...
" ဗိုလ်ကလေး စောအောင်ကကယ်လို့ သမီးလွတ်ခဲ့ရတယ် ဆိုတာ လူသိမှာရှက်လို့ပါ ဖေဖေ "
ဟု မခံချိမခံသာ ပြောလိုက်၏။

" အို ... ဘာရှက်စရာလဲ သမီးရဲ့၊ ဗိုလ်ကလေး စောအောင် အကြောင်း မောင်မျိုးခိုင် ကောင်းကောင်းသိလို့ ဖေဖေ့ ကို ပြောပြတယ်၊ ဒီဗိုလ်ကလေးက ဒီဂရီရပေမယ့် ကောလိပ်ကျောင်းထွက်တစ်ယောက်ဖြစ်တယ်၊ မျိုး ရိုး ကလဲ မြန်မာ့ဘုရင်မင်းမြတ်လက်ထက်က စစ်မှုထမ်း အမျိုးအနွယ် ဆွေသန့်မျိုးသန့်ကောင်းတွေတဲ့... "
" သထုံမှာ ဒူးရင်းခြံအပိုင်နဲ့ ပစ္စည်းအင်အား အသင့်အတင့် ရှိတဲ့အပြင် စိတ်နေသဘောထား ဇွဲသတ္တိမှာ ဘာမှ ဆိုစရာအပြစ်မရှိတဲ့အပြင် အပျော်အပါး သိပ်ကင်းတယ် ဆိုပါကလား မောင်မျိုးခိုင် ကတော့ အားရပါးရ ချီးကျူး တယ် သမီးရဲ့၊ ဒီလို တပ်မတော် ဗိုလ်တစ်ယောက်က ကယ်တင်တာကို သမီး ဘာကြောင့် ရှက်နေရ တာ လဲကွယ်၊ ကျေးဇူးရှင်ကို မထိန်ဝှက်ကောင်းဘူး သမီးရဲ့ "
ဦးထွန်းသစ်က အကြောင်းရင်းမသိရှာသဖြင့် ကိုမျိုးခိုင်၏ သတင်းပို့ချက်များကို သမီးအားပြောပြနေသည်။

" သမီရှက်တာက အဓိပ္ပာယ်တစ်မျိုးပါ ဖေဖေ "
" ဟေ ... ဘယ်လိုလဲ သမီး "
ဦးထွန်းသစ်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။
" ကိုမျိုးခိုင်တစ်ယောက်လုံး ရှိနေပါရက်နှင့် သူ ၀င်ကယ်လို့ လွတ်ရတာ၊ ကိုမျိုးခိုင် အတွက် ရှက်လို့ပါ ဖေဖေ "
ခင်ခင်လေးက ဒေါသသံနှောပြီး ပြောလိုက်၏။
 အင်း ... ဆိုစမ်းပါဦး၊ မောင်မျိုးခိုင်လဲ အခု သုံးလေးရက်အတွင်း ရွှင်ရွှင်လန်းလန်းကိုမရှိဘူး၊ တမှိုင်မှိုင် တ ငေးငေး နဲ့"
ဦးထွန်းသစ်က ပြောလိုက်သည်။

ဟို လူဆိုးတွေနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး သမီးသူ့ကို စကားမှ အလျဉ်းမပြောတာ၊ သူမှိုင်မှာပေါ့ဖေဖေဖ၊ သမီး သူ့ကို စကားပြောဖို့မဆိုထားနဲ့၊ မျက်နှာတောင် မကြည့်ချင်တော့ဘူး ဖေဖေ၊ ဖြစ်ပုံက ... "
ခင်ခင်လေးသည် လူဆိုးများနှင့်တွေ့ရပြီး ဖြစ်ပျက်သည့် အခြေအနေကို တစ်လုံးမကျန် အသေးစိတ် ပြောပြ လိုက်ပြီး ...
" ဘယ်လောက် အားကိုးစရာကောင်းသလဲ ဖေဖေ၊ သမီကို ရက်ရက်စက်စက် လူဆိုးလက် ၀ကွက်အပ်တယ်၊ ခြောက်လုံးပြူးကြီးရှိရက်နဲ့ ဓားရှည်ကိုင်လူဆိုးကို ထိုင်ရှိခိုးတယ်၊ သမီး တစ်ယောက် တည်း ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးတယ်၊ ဗိုလ်လေးစောအောင်ကြောင့်ပေါ့ မဟုတ်ရင် သမီးဘ၀ကို တွေးတောင် မတွေး ၀ံ့ဘူး၊ သမီး သူ့ကို မုန်းတယ်ဖေဖေ၊ လက်ထပ်ဖို့လဲ စိတ်မရှိတော့ဘူး "
ခင်ခင်လေး က စိတ်နာစွာဖြင့် ပြောလိုက်ရာ ဦးထွန်းသစ်သည် သမီးကို ကြည့်နေရာမှ သက်ပြင်းချလိုက်၏။

" သြော် ... မောင်မျိုးခိုင် ... ဒါလောက်အထိ ညံ့ဖျင်းတဲ့စိတ်ရှိသကိုး ... "
ဦးထွန်းသစ် သည် ယူကျုံးမရပြောလိုက်ပြီး ဇရပ်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ အဆင်သင့်ပင် ဇရပ်ရှေ့မှ ၀ရန်တာ သို့ ထွက်လာသော ကိုမျိုးခိုင်အား မြင်လိုက်သဖြင့် ...
" မောင်မျိုးခိုင်ရေ ... လာဦးဟေ့ ခဏ "
ဟု လှမ်းခေါ်လိုက်၏။ ကိုမျိုးခိုင်သည် ဇရပ်ပေါ်မှ ဆင်းလာကာ ဦးထွန်းသစ် ရှေ့တွင် မျက်နှာပျက်ပျက်နှင့် ထိုင်လိုက်၏။ ခင်ခင်လေးကား ကိုမျိုးခိုင်ကို လုံးဝ မကြည့်ချေ။ တင်းမာသော မျက်နှာထားဖြင့် မျက်နှာလွှဲ နေသည်။ ဦးထွန်းသစ်က သမီးပြောသည့်အတိုင်း ပြန်လည်ပြောပြကာ ...
" ဟုတ်သလား မောင်မျိုးခိုင် " ဟု မေးလိုက်၏။

" ဟုတ်ပါတယ် ဦး "
ကိုမျိုးခိုင်က မျက်နျာလွှဲနေသော ခင်ခင်လေးအား တစ်ချက်ကြည့်ပြီး အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
" မောင်မျိုးခိုင် ယောက်ျားပီသလိမ့်မယ်လို့ ဦး ထင်ထား အားကိုးခဲ့တယ်ကွယ်၊ အခုလို ညံ့ဖျင်းတဲ့စိတ်ဓာတ် သတ္တိ မျိုး ထားတော့ ဦး ရှက်လဲရှက်၊ စိတ်လဲမကောင်းဖြစ်တယ် မောင်မျိုးခိုင် "
ကိုမျိုးခိုင်သည် ဦးထွန်းသစ်စကားကို ခေါင်းငုံ့နားထောင်ရာမှ ...
" ဦးနဲ့ ခင်လေးတို့ အယူအဆကတစ်မျိုး၊ ကျွန်တော့် အယူအဆက တစ်မျိုးပါ "
ဟု တုံးတိတိပြောလိုက်သည်။ အသံမှာကား အက်ကွဲသံ ပေါ်နေသည်။

" ဘယ်လိုလဲ မောင်မျိုးခိုင် ရှင်းစမ်းပါဦး "
ဦးထွန်းသစ်က မကျေနပ်သောအသံဖြင့် မေးလိုက်၏။
" ခင်လေးအတွက် အသက်စွန့် ကယ်လိုက်မယ်ဆိုရင် ကျွန်တော် သေချင်လဲသေသွားမယ်၊ ကျွန်တော် သေရင် ကျွန်တော့် ကျေးဇူးရှင်တစ်ယောက်ကို ကျေးဇူးမဆပ်လိုက်ရဘဲ နေမှာစိုးလို့ ကျွန်တော် အသေမခံ ချင်တာဘဲဦး "
ကိုမျိုးခိုင်က ဦးထွန်းသစ်ကိုရော ခင်ခင်လေးကိုရော မကြည့် မှုန်မှိုင်းရီဝေသော မျက်လုံးများဖြင့် အဝေးကို လှမ်းမျှော်ကြည့်ကာ ပြောလိုက်သည်။
" သြော် ... မောင်ရင့်သဘောက အားနွဲ့သူ မိန်းမသားတစ်ယောက် ဘယ်အဖြစ်ရောက်ရောက် ငါ မသေပြီး ရောဆိုတဲ့ သဘောထား၊ သတ္တိမရှိတဲ့ လူညံ့ လူဖျင်းတစ်ယောက် ဖြစ်ပါတယ်လို့ တည့်တည့် ၀န်ခံလိုက်စမ်း ပါ မောင်မျိုးခိုင် " ဦးထွန်းသစ်က ဒေါသကို ချုပ်တည်းထားရသော အသံဖြင့် ပြောလိုက်သည်။

" ဦးတို့ ထင်ချင်သလို ထင်နိုင်ပါတယ် "
ကိုမျိုးခိုင်က သံပြတ်ဖြင့် ပြောလိုက်၏။ ခင်ခင်လေးသည် မခန့်လေးစားဟန်ဖြင့် ပြောလိုက်သော ကိုမျိုးခိုင်၏ လေသံကြောင့် ဒေါသထောင်းခနဲထွက်လာသည်။ ကိုမျိုးခိုင်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်၏။
" ရှင့်ကို ထင်နေတာမဟုတ်ဘူး ကိုမျိုးခိုင်၊ လူဖျင်းလူညံ့ အသုံးမကျ အားကိုးမရတဲ့ လူတစ်ယောက်လို့ အတိ အလင်း ပြောတယ်၊ ဒီနေရာမှာ ရှင်သာဗိုလ်လေးစောအောင် သတ္တိမျိုးရှိလိုက်ရင် ... အို ... နှိုင်းမရပါ ဘူးလေ၊ ဗိုလ်လေးစောအောင် လို လူမျိုးကတော့ ရှာမှရှားပါ "
ကိုမျိုးခိုင်က မချိပြုံးပြုံးကာ ...
" ခင်လေးက ဗိုလ်လေးစောအောင်ကို သဘောကျနေပြီ ဆိုပါတော့ " ဟု ဒေါသကို ဆွပေးလိုက်၏။

" ကျတယ်လေ၊ ဒီလို အားကိုးထိုက်တဲ့ ယောက်ျား တစ်ယောက်ကို ဘယ်လိုမိန်းမမဆို အားကိုးမှာပဲ၊ ရှင့်ကို လူညံ့ တစ်ယောက်ပါလားလို့ စဉ်းစားမိလေ ကိုစောအောင်ကို သဘောကျလေပဲ "
လူ့သဘာဝကား ဒေါသဖြစ်လလျှင် စိတ်ထဲရှိသမျှ ဖြစ်သမျှကို မဆင်ခြင် မချင့်ချိန်ဘဲ ပွင့်ထွက်လာတတ် သည့် အလျောက် နဂိုကပင် ကိုစောအောင်အား ညွတ်နေသော ခင်ခင်လေးသည် ဒေါသအလျောက် အမှန် အတိုင်းဖွင့်ထုတ်လိုက်ပြီးမှဖခင်အား ရှက်ရွံ့အားနာဟန်ဖြင့် အရှိန်သတ်ကာ လိုက်ပြီး ဖခင်ဦးထွန်းသစ်အား မသိမသာ အကဲခတ်ကြည့်လိုက်သည်။ သို့သော် ဦးထွန်းသစ်ကား သမီးအား စိတ်ဆိုးဟန် မပေါ်ချေ။

" ဦး သမီးစိတ်က ဗိုလ်လေးစောအောင်ဆီ လှည့်သွားပြီ ဦးရဲ့၊ စကားအဓိပ္ပာယ်ကို ဦး စဉ်းစားမိရဲ့ မဟုတ် လားဦး "
ကိုမျိုးခိုင်က စိတ်မကောင်းဟန်၊ ၀မ်းနည်းဟန် လုံးဝမပြဘဲ အရေးမစိုက်သလို ခပ်ပေါ့ပေါ့ လေသံဖြင့် ပြော လိုက်သည်။
ပညာပြည့်စုံပြီးလို့ သူ့ဘ၀သူ ဖန်တီးနိုင်တဲ့ အခြေအနေကို ရောက်နေတဲ့ သမီးသဘောထားကို အစကတည်းက ဦး မကန့်ကွက်ဘဲ လိုက်လျောခဲ့တယ်ဆိုတာ မောင်မျိုးခိုင် အသိသားပဲ၊ အခုလဲ သမီး သဘောအတိုင်း ဆုံးဖြတ်ပါစေ "
ကိုမျိုးခိုင်အား အထင်သေးနေပြီဖြစ်သော ဦးထွန်းသစ်က ထိုမျှသာပြောပြီး ထိုအကြောင်းကို ဆက်လက် မဆွေးနွေးလိုဟန်ဖြင့် ရုတ်ခနဲထခါ ထွက်သွားလေသည်။

" ခင်လေးက ကိုယ့်ကိုအားကိုးမထိုက်တဲ့ လူဖျင်းလူညံ့လို့ အတိအလင်းပြောသလို ကိုယ်ကလဲ ခင်လေး ဗိုလ်စောအောင်ကို ချစ်နေပြီလားလို့ အတိအလင်းမေးတယ် "
ကိုမျိုးခိုင်က ခံခက်ဖွယ်လေသံ၊ ပြုံးဖြဲဖြဲ မျက်နှာဖြင့် ခပ်လှောင်လှောင် မေးလိုက်၏။ ဖခင်ဖြစ်သူ ထွက်ခွာ သွားပြီဖြစ်၍ ခင်ခင်လေးသည် ကြည့်မရအောင် အမြင်ကပ်လာပြီဖြစ်သော ကိုမျိုးခိုင်အား ...
" ဟုတ်တယ်၊ ကိုစောကို ချစ်နေပြီ တော်လှန်ရေး ပြီးပြီးချင်း ရန်ကုန်ကို လိုက်ခဲ့ဖို့ မှာထားတယ်၊ ရှင်းပြီလား၊ ရှင်နဲ့ကျွန်မလဲ တစ်ယောက်ကို တစ်ယောက် မေ့လိုက်ကြစို့ "
ဟု ပြောင်ပြောင် ဘွင်းဘွင်းပင် ပြောလိုက်၏။

" ခင်လေး တကယ်ပြောနေတာနော်၊ ဗိုလ်စောအောင်ကို ပြန်ပြောလိုက်ရမလား"
ကိုမျိုးခိုင်က သူငယ်ချင်းချင်း နောက်ပြောင် ကျီစားသကဲ့သို့ ရယ်မောကာ မေးလိုက်၏။ ဂရုမစိုက် မခန့်လေး စား ပေါ့ပေါ့တန်တန် လေသံ အမူအရာဖြင့် ပြောဆိုနေသော ကိုမျိုးခိုင်အား ခင်ခင်လေးသည် အမုန်းကြီး မုန်းသွားပြီဖြစ်၏။
" ပြောလိုက်ပါ၊ ကျွန်မ ရှင့်ကို စွန့်သင့်လို့စွန့်ပြီး ကိုစောချစ်သင့်လို့ ချစ်တယ်ဆိုတာ "
ခင်ခင်လေးက လေးလေးနက်နက် ပြောကာ ထိုင်ရာမှ ထလိုက်၏။

" ကောင်းပါပြီ ခင်ဗျာ၊ ပြောလိုက်ပါမယ် မခင်ခင်လေးရဲ့ "
ဦးခေါင်းညွတ်ကာ အရွဲ့တိုက်ပြောလိုက်သော ကိုမျိုးခိုင်အား ခင်ခင်လေးက အံခဲကာ တစ်ချက်မျှကြည့်ပြီး ထွက်သွားလေသည်။ ခင်ခင်လေး ထွက်သွားလျှင်ပင် ကိုမျိုးခိုင်၏ မျက်နှာပေါ်မှ မခန့်လေးစား၊ ပြုံးဖြဲဖြဲ အမူ အရာသည် ပျောက်ကွယ်သွားလေသည်။ အသည်းကြွေမျှ စိတ်ဒုက္ခရောက်ရသူ၏ အမူအရာသည် မျက်နှာ မှာ ပေါ်လာသည်။ ဝေ့လည်လာသော မျက်ရည်ကို လျှံမကျစေရန် အံခဲကာ မျက်တောင်ကို သွက်သွက်ခပ် လိုက်လေသည်။

*
ဒုတိယ ကမ္ဘာစစ်ကြီးလည်း ပြီးဆုံးခဲ့လေပြီ။ ဖက်ဆစ်ဂျပန် တော်လှန်ရေးလည်း ပြီးဆုံးခဲ့လေပြီ။ ပဲစားချောင် တွင် ခိုလှုံနေသော စစ်ပြေးတစ်စုကား ကိုယ့်ရပ်ကိုယ့်ဌာနေသို့ ပြန်လည်ကြရတော့မည်ဖြစ်၍ ၀မ်းသာရွှင် မြူးစွာ အထုပ်အပိုး ပြင်နေကြပြီဖြစ်၏။ ဆွေမျိုးတစ်သိုက် လူစုမကွဲမီမှာ ကိုစောအောင်သည် ပဲစားချောင်သို့ အချိန်မီ ပြန်ရောက်လာလေသည်။
" ဦး နေကောင်းပါရဲ့လား "
ဦးထွန်းသစ် အား ကိုစောအောင်က ရိုသေစွာ နှုတ်ဆက်လိုက်၏။

" ဟေ ... မောင်စောအောင်ပါလား၊ အေး ... နေကောင်းပါတယ်ကွယ်၊ တို့တစ်တွေလဲ ရန်ကုန်ပြန်ကြ တော့မှာကွယ့်၊ မောင်စောအောင် ရောက်လာတာ အချိန်မီပဲ၊ သန်ဘက်ခါဆို တို့ပြန်ကြတော့မှာ "
အသက်သခင် ကျေးဇူးရှင် ဖြစ်နေရာတွင် ဇာတိမျိုးရိုး၊ အကျင့်စာရိတ္တ၊ စိတ်နေသဘောထား၊ ပညာအရည် အချင်းပါ မကျန် ကိုမျိုးခိုင်က စုံစေ့စွာ ပြောပြထားပြီးဖြစ်၍ လေးစားခင်မင်နေသော ဦးထွန်းသစ်က ၀မ်းသာ အားရ နှုတ်ဆက်စကား ပြောလိုက်၏။
" သမီးရေ ... မောင်စောအောင် ရောက်လာပြီဟေ့ "
ဦးထွန်းသစ်က ဇရပ်အတွင်းခန်းတွင် ပစ္စည်းများ သိမ်းဆည်းနေသော ခင်ခင်လေးအား လှမ်းပြောလိုက်၏။

" ဟုတ်ကဲ့ ... ဖေဖေ "
အခန်းတွင်းမှ တုံ့ပြန်လိုက်သော ခင်ခင်လေး၏ အသံသည် ခရီးပန်းလာသော ကိုစောအောင်၏ ရင်ထဲမှာ အေးသွားပြီး အမောပြေသွားသည်ဟု ထင်လိုက်၏။ အသံကြားရာ အခန်းတံခါးဝဆီသို့ လှမ်းကြည့်လိုက် သည်။
" ကိုစောတို့ တာဝန်တွေ ပြီးဆုံးပြီနော် "
ခင်ခင်လေးက ဖခင်နှင့် မလှမ်းမကမ်း ကိုစောအောင်နှင့် မျက်နှာချင်းဆိုင်မှာ ပိပိရိရိထိုင်ကာ နှုတ်ဆက် လိုက်သည်။
" ပြီးဆုံးပါပြီခင်လေး၊ ဒါကြောင့် ကိုစောလာခဲ့တာပေါ့၊ ဦးကိုရော ခင်လေးကိုရော အခုလို ကျန်းကျန်းမာမာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရတာ သိပ်ဝမ်းသာတယ်၊ လာသာလာခဲ့ရတယ်၊ ရန်ကုန်ပြန်သွားကြပြီလားလို့ စိတ်တထင့်ထင့်ပဲ "
ကိုစောအောင်က ရွှန်းလဲ့တောက်ပသော မျက်လုံးဖြင့် ခင်ခင်လေးအား စိမ့်စိမ့်ကြည့်ပြီး ပြောလိုက်၏။

လ" သန်ဘက်ခါဆို ပြန်တော့မှာ ကိုစောရဲ့၊ အခု ခင်လေးပစ္စည်းတွေ သိမ်းနေတာ "
ခင်ခင်လေးသည် ဖခင်ရှေ့မှာဖြစ်၍ သံမှန်ဖြင့် ဣနြေ္ဒရရ ပြောနေသော်လည်း မျက်လုံးများမှာ နှစ်သိမ့် ၀မ်း မြောက်ကြည်နူးခြင်းကို ထင်ထင်ရှားရှား ဖော်ပြနေသည်။
" ဒါထက် အစ်ကိုတစ်ယောက်ကော၊ အစ်ကို မျိုးခိုင်လေ "
ကိုစောအောင်က မေးလိုက်သောအခါ ဦးထွန်းသစ်နှင့် ခင်ခင်လေးတို့သားအဖ တစ်ယောက်မျက်နှာတစ် ယောက် ဖျပ်ခနဲ ကြည့်လိုက်ကြ၏။
" ခင်လေးမသိဘူး ကိုစော၊ အမှတ်တမဲ့ပဲ နေခဲ့တယ် ပဲစားချောင်မှာ မနေတော့ဘဲ ထွက်သွားတာ တော် တော်ကြာပြီ၊ ဖေဖေ့ကို ပြောသွားတယ်ထင်တယ် "
ခင်ခင်လေးက ဖခင်မျက်နှာ လှမ်းကြည့်ပြီး ဖြေလိုက်၏။ ကိုမျိုးခိုင် ဘယ်ကိုထွက်သွားသည်ကို ခင်ခင်လေး တကယ်ပင် မသိချေ။

ခရေပင်အောက်မှာ တစ်ယောက်နှင့် တစ်ယောက် စကားပြောမတဲ့ဘဲ မုန်းတီးစွာ နေခဲ့ကြရာမှ တစ်ပတ် လောက်အကြာတွင် နောက်ဆုံးအကြိမ်အဖြစ် ကိုမျိုးခိုင်က ပြောသွားသော စကားကို ခင်ခင်လေးက သတိရလိုက်မိသည်။
" ခင်လေးက ဗိုလ်စောအောင်ကို ချစ်ပါတယ် ဆိုတဲ့အကြောင်း ကိုယ် သွားပြောခဲ့ပြီ၊ ဗိုလ်စောအောင် ခမျာ ၀မ်းသာရှာလွန်းလို့ ဟောဒီမျာ စာပေးလိုက်တယ် ခင်လေးရေ့၊ ချစ်သူဆီကစာ ၀မ်းသာကြည်စွာ ဖတ်ပေ ရော့ "
ဟု ပြောကာ ထိုင်နေသော ခင်ခင်လေး၏ ပေါင်ပေါ်သို့ စာကိုပစ်တင်ကာ ချာခနဲလှည့်ထွက်သွားသော ကိုမျိုးခိုင်ကို ထိုနေ့မှစ၍ ပဲစားချောင်မှာ မတွေ့မမြင်ရတော့ချေ၊ မုန်းတီးစိတ်နာပြီးဖြစ်သော ခင်ခင်လေး သည် ကိုမျိုးခိုင်အကြောင်းကို မေ့ပျောက်ထားလိုက်၏။

" အစ်ကို ဘယ်ကိုထွက်သွားလဲဦး၊ ကျွန်တော်နဲ့ ပတ်သက်ပြီး ဘာများ မှာသွားသေးလဲခင်ဗျာ "
ချစ်လှစွာသော အစ်ကိုရင်းတစ်ယောက်ပျောက်ဆုံးရသော ညီငယ်ကဲ့သို့ ကိုစောအောင်က မေးလိုက်၏။ ဦးထွန်းသစ်က ရုတ်တရက် မဖြေသေးဘဲ အတန်ငယ်တွေနေသည်။
" ခင်လေးက ကျွန်တော်နဲ့ မတူတန်တော့ပါဘူး ဦး၊ ဗိုလ်စောအောင်နဲ့ မေတ္တာရှိနေကြပါပြီ၊ ညီလေး မသေ မပျောက်ပြန်ရောက်လာတဲ့အခါ သူတို့ မေတ္တာကို မဖျက်ဆီးပါနဲ့လို့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်လဲ ပဲစားချောင်မှာ မနေဘဲ ထွက်သွားဖို့ စိတ်ဆုံးဖြတ်ပြီး ဦးကို နှုတ်ဆက်ပါတယ် "

ဟု ကိုမျိုးခိုင်က ပြောသွားသော စကားကို ပြန်လည်သတိရသော ဦးထွန်းသစ်က ...
" အေး ... ဘယ်ရယ်လို့တော့ ပြောမသွားဘူး မောင်စောအောင်ရဲ့၊ ဒီသူငယ် ဘာ အရှုပ်အရှင်းတွေဖြစ်သွား လဲမသိဘူး၊ တစ်နေ့ ချောင်အ၀က သစ်ပင်အောက်မှာ လူသုံးယောက်ကို ငွေပေးနေတာမြင်တယ်၊ ဦးကလဲ အမှတ်မဲ့ ထွက်အလာမှာ အသာကွယ်ပြီး အကဲခတ်ကြည့်နေလိုက်မိတယ်။ ဟိုလူ သုံးယောက်က သူပေးတဲ့ ငွေတွေယူပြီး ...
" ကျေးဇူးတင်ပါတယ်ဆရာ၊ နောင်ကိုလဲ ဒီလို လွယ်လွယ်နဲ့ ငွေရမယ့် အလုပ်မျိုးဆို ခေါ်စမ်းပါဦးတဲ့ "
လူတစ်ယောက်က ပြောသွားတယ်ကွယ့်။

" ဆရာက အကြံပိုင်သား၊ မဟုတ်ရင် ကျွန်တော်တို့ သေနတ်စာ မိမှာတဲ့ "
ဟိုလူသုံးယောက်လဲ ထွက်သွားရော၊ သူလဲ ခေါင်းငိုက်စိုက်ချပြီး ကျန်ရစ်တာပဲ၊ ဓားပြတိုက် ဝေစုခွဲကြတာ လားမသိဘူး၊ ကဲ ... ဦးလဲ ဆရာတော် သွားဖူးလိုက်ဦးမယ် မောင်စောအောင် "
ဦးထွန်းက ကိုမျိုးခိုင်အား အထင်သေးစွာ ပြောပြီး ထသွားလေသည်။ ကိုစောအောင်သည် မည်ကဲ့သို့ ဖြစ်ပျက် သွားမှန်းမသိရသော ကိုမျိုးခိုင်အတွက် စိတ်မကောင်းစွာ ကိုင်နေမိလေသည်။ အတန်ကြာမှ သက်ပြင်းချ လိုက်ကာ ... " ခင်လေး " ဟု ခေါ်လိုက်၏။

" ကိုစော "
ခင်ခင်လေးက ထူးလိုက်သည်။
" ကိုစောနဲ့ ခင်လေး မေတ္တာရှိနေတာ ဦး သိပြီလား"
" မသိဘူးထင်တယ် ကိုစော၊ ဒါပေမယ့် ဖေဖေက ငြင်းမယ် မထင်ပါဘူး၊ ကိုစောကို သူ တော်တော်ချီးကျူး တယ် "
ကိုမျိုးခိုင် ဘာပြောသွားသည်ကိုမသိသော ခင်ခင်လေးက အဖြေပေးလိုက်၏။ သို့သော် ကိုမျိုးခိုင်ကို လုံးဝ မလိုလားတော့သော ဦးထွန်းသစ်၏ သဘောထားကို ခင်ခင်လေးက ကောင်းစွာသိပြီးဖြစ်၍ ကိုစောအောင် ကို သဘောတူလိမ့်မည်ဟု ခင်ခင်လေးက အတတ်တွေးလိုက်သည်။

" ဦးကို အသိပေးချင်တယ်ခင်လေး၊ သန်ဘက်ခါ ခင်လေးတို့ ရန်ကုန်ပြန်ကြရင် ကိုစောလဲ တပါတည်းလိုက်ခဲ့မယ်၊ ဖေဖေက သထုံမှာ ဂျပန်တွေကြောင့် မနေနိုင်ဘဲ ရန်ကုန်မှာ ရောက်နေတာ တော် တော်ကြာပြီ၊ ဦးကသိထားပြီးဖြစ်တော့ ရန်ကုန်ရောက်ရင် ကိုစော ဖေဖေကို ခေါ်လာခဲ့တော့ ကြောင်တက် တက် မဖြစ်ဘူးပေါ့၊ လူကြီးချင်း ပြောဆိုပြီး လက်ထပ်ရေးစီစဉ်မှ ခင်လေးတို့ သားအဖ သဘောကျသလို ဖြစ်စေမယ်၊ မကောင်းဘူးလား ခင်လေး "
" ကောင်းပါတယ်၊ ဖေဖေ့ကို ခင်လေး ပြောပြထားလိုက်မယ်လေ "
ဖခင်အကဲကို ခတ်မိသော ခင်လေးက ရဲရဲပင် ပြောလိုက်သည်။

" ကိုစော လက်ထပ်ပွဲမှာ အစ်ကို ရှိစေချင်လိုက်တာနော်၊ ရန်ကုန်က သူ့အိမ်ကို ပြန်ရောက်နေရင် သိပ်ဝမ်း သာရမှာပဲ၊ လက်ထပ်ပွဲ အမီတော့ အစ်ကို့ကို တွေ့အောင်ရှာမှဖြစ်မယ်၊ ဘယ်ထွက်သွားတယ် မသိဘူး "
ကိုစောအောင် က အစ်ကိုမျိုးခိုင်အား တမ်းတမ်းတတညည်းညူလိုက်သောအခါ ခင်ခင်လေးက စိတ်မ၀င် စား ဟန်ဖြင့် မျက်နှာကို မသိမသာ တစ်ဖက်သို့ လှည့်လိုက်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 6, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃၁)

နောင်စငဲ့ တောင်တန်းနှင့် နန်နောင်းခါရီကို လွမ်းမိရှာကြောင်း ကိုမျိုးခိုင်ကကောင်းစွာ အကဲခတ်လိုက်မိ၏။ သို့သော် ကိုစောအောင်က အမူအယာမပျက်စေဘဲ လျင်မြန်စွာ စကားဆက်လိုက်၏။
" ကျွန်တော်တို့ခြံက အစ်ကိုသိတဲ့အတိုင်း သစ်ပင်အုပ်ကကောင်း၊ စားပင် သီးပင်တွေကလဲများ၊ ခြံနောက် ကလဲောနဲ့ တစ်ဆက်တည်းဆိုတော့ ဂျပန်တွေက မျက်စိကျဟန်တူပါတယ်၊ တစ်နေ့ ကျွန်တော် ကိစ္စတစ်ခုနဲ့ ကျိုက်ထိုဘက်သွားနေတဲ့အချိန်မှာ ဂျပန်စစ်တပ်တစ်ခုရောက်လာပြီး ကျွန်တော်တို့ ခြံကို သိမ်း တယ်တဲ့ အစ်ကိုရယ်၊ အိမ်မှာရှိနေတဲ့ အဘွားကြီး အဘိုးကြီးတွေကို နှင်ထုတ်တယ်တဲ့၊ သူတို့သုံးယောက်လဲ သယ်နိုင်သရွေ့ ပစ္စည်းကလေးတွေနဲ့ ကျွန်တော်တို့ရှိရာ လိုက်အလာ လမ်းမှာတွေ့တာပေါ့လေ။ ဒေါ်မှုံက ၇န်ကုန်မှာ အစ်ကိုလဲရှိ။ မရှိလဲနေ၊ ရန်ကုန်အိမ်မှာပဲ ပြန်နေမယ်ဆိုလို့ ကျွန်တော်လဲ သဘောတူလိုက်ပြီး အဖေနဲ့ ဦးဘိုးဦးကိုပါ လိုက်သွားစေတယ် "
" ဒါဖြင့် အဘတို့ ရန်ကုန်ရောက်နေကြပြီပေါ့ "
ကိုမျိုးခိုင်က စကားဖြတ်ပြီး မေးလိုက်၏။

" ရောက်ပါလိမ့်မယ် အစ်ကို၊ ဒေါ်မှုံနဲ့အတူ သွားကြတာပဲ၊ ကျွန်တော်လဲ ခံပြင်းတာနဲ့ ရန်ကုန်မလိုက်သေးဘဲ သထုံကို ပြန်လာခဲ့တယ်။ ခြံပတ်လည်မှာ ကင်းချပြီး ဘယ်သူမှ ၀င်ခွင့်မပေးဘဲ၊ ဂျပန်တွေက စတိုင်ကျကျ နေကြတာကိုး၊ ကျွန်တော်လဲ ကိုယ်ရောင် ဖျောက် စောင့်ကြည့်ပြီး အလစ်မှာ ကင်းကျနေတဲ့ ဂျပန်လေး ယောက်ကို ၀င်သတ်ခဲ့ပြီးမှ ရန်ကုန်ထွက်လာခဲ့တယ် ...
" ဒါပေမယ့် အစ်ကိုနေတဲ့အိမ်ကို ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်တော် မေးမထားမိတော့ ခက်တော့တာပဲ အစ်ကိုရေ့၊ ရန်ကုန်မှာ အခြေအနေမရှိ တ၀ဲလည်လည် ဖြစ်နေလေ ဂျပန်တွေကို ဒေါသဖြစ်လေမို့ စစ်ထဲ ၀င်တာပါပဲ"

ကိုစောအောင်က သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီး ကိုမျိုးခိုင်ကို တွဲချိကာ ထိုင်ရာမှ ထလိုက်၏။
" အချိန် သိပ်မရဘူး အစ်ကို၊ တာဝန်ကရှိသေးတယ်၊ အစ်ကိုတို့ နေရာကို လိုက်ပို့ပေးမယ်၊ ဘယ်မှာနေကြ လဲအစ်ကို "
" ပဲစားချောင်မှာနေတယ် ညီလေး "
" ကဲ ... သွားကြစို့၊ ရဲဘော်တို့ရေ၊ ဦးကြီးကို တွဲခဲ့ပါကွယ်"
" ခဏဖြစ်ဖြစ် အစ်ကိုတို့နေရာလိုက်ပြီး အမောဖြေပါဦး ညီလေးရယ် "
ကိုမျိုးခိုင်က ကွဲကွာနေသော ညီငယ်လေးအား မခွဲနိုင်သကဲ့သို့ တောင်းပန်လိုက်သည်။

" မဖြစ်သေးဘူးအစ်ကို တာဝန်ကရှိသေးတယ်၊ အစ်ကိုတို့ကို ပဲစားချောင်အ၀အထိ ပို့ပေးနိုင်မယ်၊ အထဲကို ကျွန်တော်တို့ မ၀င်တော့ဘူး၊ ဒါပေမယ့် မကြောက်ပါနဲ့ အစ်ကို၊ စစ်ကိုင်းတောင်ရိုး ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ အမြဲရှိပါတယ် "
စကားပြောရင်း လာခဲ့ကြရာမှ ပဲစားချောင်းနား နီးလာသည်။
" ညီလေး ... အဆင်သင့်တဲ့ အခါတိုင်း အစ်ကို့ဆီလာနော် "
" လာပါမယ် အစ်ကို "

အကြောင်း ညီညွတ်တိုက်ဆိုင်၍ လမ်းကြုံ အခွင့်အခါသင့်သည့်အခါတိုင်း ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ ရံဖန်ရံခါတွေ့ကြရသည်။
ဝတ္တရားအရ တာဝန်ကို ထမ်းဆောင်ကာ ပြောဆိုဆက်ဆံသင့်သူကို စကားပြောနေရသော်လည်း ပျော်ရွှင် ကြည်နူးသည့်စိတ်ဟူ၍ လုံးဝမရှိတော့သော ကိုစောအောင်၏ စိတ်သဘောကို ကိုမျိုးခိုင် သိလာရသောအခါ ရင်ထဲမှာ နာမိသည်။
" ညီလေးရယ် ... ပျော်ပျော်ရွှင်ရွှင် နေစမ်းပါကွယ်။ ညီလေးဘ၀ကို ဒီအတိုင်း တစ်သက်လုံး အလွမ်းဇာတ် ခင်းသွားတော့မှာလား "
လမ်းကြုံ၍ ပဲစားချောင် အပြင်ဘက်မှာ ကိုစောအောင် ရောက်လာသည့်အခိုက် ကိုမျိုးခိုင်က မချိတင်ကဲ မေးလိုက်၏။ ကိုစောအောင်သည် ခြောက်သွေ့စွာ မချိပြုံး ပြုံးလိုက်၏။

" ကျွန်တော် လူမှန်းသိတဲ့အရွယ် ကျောင်းသား အရွယ်က စပြီး အချစ်ရေးကို လုံးလုံး စိတ်မကူးခဲ့ဘူးအစ်ကို၊ မိန်းမဆိုတာကို ချစ်ရမှန်းတောင် မသိခဲ့ပါဘူး ...
" နန့်နောင်းခါရီကို တွေ့တော့ စိတ်ကို ဘယ်လိုဆုံးမလို့မှ မရအောင် ချစ်ခဲ့တယ်၊ နှစ်ယောက်လုံးက ချစ်လျက်နဲ့ ချစ်ခွင့်မရတဲ့ ကျွန်တော့်ဘ၀ကို စိတ်နာမိတယ်၊ ကုသိုလ်ကံပေါ့လေ"
ကိုစောအောင်က ပြောကာငေးနေသည်။ ကိုမျိုးခိုင်ကလည်း ဘာမှ မပြောသာတော့ဘဲ ကိုစောအောင်ကို စိတ်မကောင်းစွာ ကြည့်နေမိ၏။ ကိုစောအောင်သည် တောတောင် ရှုမျှော်ခင်းကို ငေးစိုက်နေရာမှ ..
" သြော် ... နန့်နောင်းခါရီ၊ သူ့ရှေ့မှာ မမြင်ရက်ပါဘူးလို့ အသက်ကို ကယ်တင်ပြီး အဝေးနှင်ခဲ့တဲ့ နောင်စငဲ့ ဘုရင်မကြီးရယ် "
ဟု အသည်းမှကွဲအက် ထွက်လာသော အသံဖြင့် တမ်းတလိုက်၏။
" ညီလေးရယ်၊ တစ်ကိုယ်တည်းနေလေ ဆွေးလေပေါ့၊ မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင် ချစ်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ပါလားကွယ်၊ ညီလေးဘ၀လဲ တည်တံ့စို ပြည်သွားမှာပေါ့ "
ကိုစောအောင်က ကိုမျိုးခိုင်ကို လှည့်ကြည့်ကာ ဦးခေါင်းကို ဖြည်းလေးစွာ ယမ်းလိုက်၏။

" သူ ကျွန်တော့်ကို ချစ်ရက်နဲ့ မဖြစ်နိုင်တဲ့ ဘ၀မို့ ချုပ်တည်းထားလိုက်ရှာတာ၊ အစ်ကိုလဲ အကဲခတ်မိတယ် မဟုတ်လား၊ သူက အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် ယောက်ျားမယူဘဲ အပျိုစင်ဘ၀နဲ့ နေသလို ကျွန်တော်ကလဲ သူကလွဲရင် ဘယ်သူ့မှ မယူချင်ဘူး အစ်ကို "
" ရူးပါဘိ ညီလေးရာ "
" ဟုတ်ပါတယ် အစ်ကို၊ ကျွန်တော် ရူးနေတာပဲ၊ အခုလို ငြိမ်ငြိမ်အေးအေး ထိုင်နေရလေ ကျွန်တော် ရူးလေ ပဲ၊ တိုက်ပွဲတွေ များများဝင်နေရရင် တာဝန်မှာ စိတ်ဝင်စားပြီး အရူးသက်သာတယ်၊ ဒါကြောင့် ကျွန်တော် အမြဲ တိုက်ပွဲဝင်နေချင်တယ်၊ ဘယ်တိုက်ပွဲဖြစ်ဖြစ် ကျွန်တော် သွားပါရစေလို့ အထက်အရာရှိထံ ခွင့်ပန်ထား တယ် အစ်ကို "
ကိုစောအောင်၏ စကားမှာ သူ့ဘ၀ သူ့အသက်ကို ပမာမထားတော့ပြီး ဟူသော အဓိပ္ပာယ် ထင်ထင်ရှားရှား ပေါ်နေသည်။

တိုက်ပွဲတွေကို မကြောက်မရွံဆင်နွှဲရင်း သေလိုသေ၊ မသေခဲ့သော် သူ့ဘ၀မှာ ရပ်တည်ရာမရ ပျက်စီးရှာ တော့မည်ဟု ကိုမျိုးခိုင် တွေးမိသောအခါ ညီရင်းတစ်ယောက်ကဲ့သို့ ယူကျုံးမရ ဖြစ်မိရှာ၏။
" ပြန်မယ် အစ်ကို "
ကိုစောအောင်က တုံးတိတိပြောပြီး ထိုင်ရာမှ ထလိုက်သည်။
" ညီလေး ဘယ်တော့ လာဦးမလဲ "
" မပြောနိုင်သေးဘူး အစ်ကို တစ်ပတ်လောက်ကြာမှ ကျွန်တော် လာနိုင်မယ် ထင်တယ်၊ တကယ်လို့ လာ ဖြစ်ရင် တနင်္ဂနွေနေ့ပဲ လာခဲ့မယ်နော်၊ မနက် ဆယ်နာရီလောက်ပေါ့ အစ်ကို "
" အေး အေး ... အဲဒီနေ့ အစ်ကို ထွက်စောင့်နေမယ် "
*
" ဟော မောင်ကဖြင့် ထူးထူးဆန်းဆန်း လုပ်လာပြန်ပြီ၊ ဘာစိတ်ကူး ပေါက်လာပါလိမ့် "
မဟာမိတ် တပ်များက ရိက္ခာ လက်နက်များ ချပေးသည့် လေထီးစ အဖြူနှင့် အနီကို ပင်ပင်ပန်းပန်း ရှာ ဖွေဝယ်ယူကာ အနီနှင့် အဖြူကို လက်တစ်လုံးမျှသာ အစင်းကလေးများစပ်စေပြီး လှပသော ပန်းပွားများ တပ်ထားသည့် သင်တိုင်းရှည်တစ်ထည်ဖြစ်အောင် မည်သူ့ထံမှာ ချုပ်လုပ်စေခဲ့မှန်း မသိရသော သင်တိုင်း အင်္ကျီကို ယူလာသော ကိုမျိုးခိုင်အား ခင်ခင်လေးက အံ့သြစွာ မေးလိုက်၏။
" ခင်လေးအတွက် မောင်ယူလာခဲ့တာ "
ကိုမျိုးခိုင်က ပြုံးသော မျက်နှာဖြင့် ဖြေလိုက်သည်။

" ဒီသင်တိုင်းကြီးကို ခင်ခင်လေးက ဘာလုပ်ရမှာလဲ မောင်ရဲ့ "
" အို ... ပဲစားချောင် အပြင်ဘက်က တောင်ကုန်းစောင်းမျာလေ တောစံပယ်တွေ ပွင့်နေတာ ဖွေးနေတာပဲ၊ အဲဒီစံပယ်ပင်တွေကြားမှာ ဟောဒီသင်တိုင်းကို ခင်လေးက ၀တ်၊ ဆံပင်ကို ဖားလျားချပြီး တောစံပယ် အနွယ်လိုက်ကြီး ပွင့်နေတာကို ခေါင်းမှာ ခွေပန်ပြီး စံပယ်ပင်တွေကြားမှာ ရပ်နေရင်လေ ဘယ်လောက် လှလိမ့်မလဲလို့ မောင်စိတ်ကူးမိတယ် ခင်လေးရဲ့၊ တနင်္ဂနွေနေ့ကျရင်လေ အဲဒီနေရာကို မောင်တို့ သွားရ အောင်၊ သင်တိုင်းကိုဝတ်တာ လွယ်ပါတယ်၊ ခင်လေး အခု အင်္ကျီလုံချည်ဝတ်တဲ့အတိုင်း ချွတ်လဲဖို့ မလိုပါ ဘူး၊ အပေါ်ကတပ်ပြီး ခေါင်းစွပ် ၀တ်လိုက်ရုံပါ၊ ခင်လေး အဲဒီလိုဝတ်တာ မောင်ကြည့်ချင်လွန်းလို့ပါ "
"မောင်တစ်ယောက်ဟာလေ အင်မတန် ရှာရှာဖွေဖွေ စိတ်ကူးတတ်တယ် "
ခင်လေးက ချစ်စဖွယ်ပြုံးပြီး ပြောလိုက်သည်။

" ၀တ်ပြမယ် မဟုတ်လား ခင်လေး "
" မောင့်သဘောပါ၊ ဘယ်အချိန်ဝတ်ပြရမလဲ "
အမြဲတမ်း ကိုမျိုးသဘောကို လိုက်လျောခဲ့သော ခင်ခင်လေးက အလျှော့ပေးလိုက်သည်။ ကိုမျိုးခိုင်က အတန်ငယ် စဉ်းစားနေပြီးမှ ...
" တောစံပယ်တွေ ပွင့်နေတဲ့ တောင်ကုန်းစောင်းကလေးကို သိတယ် မဟုတ်လား၊ ခင်လေးနဲ့ မောင်နဲ့ တစ်နေ့က လမ်းလျှောက်ရင်း ရောက်ကြသေးတယ်လေ "
" သိပါတယ် မောင်ရဲ့ "

" ဆယ့်တစ်နာရီလောက်မှာ တောစံပယ် ပန်းချုံကြားမှာ မောင်ပြောတဲ့အတိုင်း ၀တ်စားဆင်ယင်ပြီး ချစ်စရာ ကောင်းအောင် ရပ်နေတဲ့ ခင်ခင်လေးကို မောင်တွေ့ချင်တယ် "
" သဘောတော်အတိုင်းပါလို့ ပြောခဲ့ပါပြီ မောင်ရဲ့၊ ကဲ ... ပေး ... မောင့်သင်တိုင်းကြီး သိမ်းခဲ့ပြီး ဖေဖေ့ကို ထမင်းသွားကျွေးရဦးမယ် "
ကိုမျိုးခိုင် လက်ထဲမှ သင်တိုင်းကို ခင်ခင်လေးက လှမ်းယူကာ လှည့်ထွက်သွားသည်။ ကိုမျိုးခိုင်သည် မှုန် မှိုင်းသော မျက်လုံးဖြင့် ခင်ခင်လေးအား မျက်တောင်မခပ် စိုက်ကြည့်လိုက်ပြီး စိတ်ကို တင်းလိုက်သည့် အလား အံခဲလိုက်လေသည်။
*
" ဟော ... ညီလေးနဲ့ အစ်ကို ချိန်းထားသလို ပြိုင်တူ ရောက်လာတာ ဟန်ကျလိုက်တာ "
ကိုမျိုးခိုင်က သူနှင့်ပြိုင်တူ ရောက်လာသော ကိုစောအောင်ကို ဖက်ပြီး ၀မ်းသာအားရဟန်ဖြင့် ပြောလိုက်၏။
" ဒီနေ့ ကျွန်တော် မလာတော့ဘူးလို့လဲ အစ်ကို၊ နောက်တော့ အစ်ကို စောင့်နေမယ်လို့ တွေးမိတာနဲ့ ထွက် လာတာ .... "
" ညီလေး လာတာ ကံကောင်းသွားတာပေါ့၊ ညီလေး ၀မ်းသာစရာ သတင်းတစ်ခု အစ်ကို ပြောပြမလို့ "
" ဘာလဲ အစ်ကို "
ကိုစောအောင်က အံ့သြဟန်ဖြင့် မေးလိုက်သည်။

" ညီလေးရဲ့ နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီပေါ့ "
" ခင်ဗှာ - သူ ဘာဖြစ်လို့လဲအစ်ကို "
ကိုစောအောင်က စိတ်ဝင်စားစွာ မေးလိုက်၏။
" ဒီ ... စစ်ကိုင်းကို ရောက်နေတယ် "
" ဘာ ... ဘာ ... အစ်ကို သူ ဒီကို ရောက်နေတယ် ဟုတ်လား "
ကိုစောအောင်က ထခုန်မတတ် အံ့သြသွားလေသည်။

" ဟုတ်တယ်ညီလေး ဒါပေမယ့် သူ့ဘ၀ ဇာတ်မြှုပ်ထားတယ်၊ မြန်မာလိုပဲဝတ်တယ်၊ မြန်မာလိုပဲပြောတယ်၊ တစ်ခါ တစ်ခါ လူအလစ်မှာ ဟောဒီ တောင်ကုန်းစောင်းက စံပယ်ချုံနားကို နောင်စငဲ့ဘုရင်မ အဆင်အပြင် မျိုးနဲ့ လာတတတ်တယ်၊ သူလာမယ်ဆိုတာ သတင်းရလို့ အစ်ကိုက ညီလေးကို မျှော်နေတာ "
" အစ်ကို တကယ်ပြောတာလား "

ကိုစောအောင်သည် မယုံနိုင်အောင် ၀မ်းမြောက်အံ့သြမိသည်။ အမြဲတန်း မှိုင်းညို့ရောင်သန်းနေသော မျက်နှာသည် တိမ်ကင်းသော လမင်းလို ၀င်းဝင်းပပကြည်လင် ရွှင်လန်းနေသည်။
" တကယ်ပါညီလေးရဲ့၊ ဒါပေမယ့် အစ်ကိုပြောတာ နားထောင်ရမယ်၊ ရုတ်တရက် ချက်ချင်း ညီလေးသွား မတွေ့ရဘူး၊ စကားမပြောရဘူး၊ သူ့ကို ဘယ်အခါကမှမသိဘူး မကျွမ်းဘူးသလိုနေရမယ်၊ ညီလေးတို့နှစ် ယောက်နေရာကျအောင် အစ်ကို့တာဝန်ထား၊ ညီလေး အထူးသတိထားရမှာက သူ့ကို နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီဆိုတာ လုံးဝ လေသံမတိမ်းနဲ့နော် ... အခုတင်က အစ်ကိုပြောသလို သူ့ဘ၀သူ ဇာတ်မြှုပ်နေတာ ညီလေးရဲ့ ... "

ကိုစောအောင်ကား ၀မ်းသာလုံးဆို့နေသည့် အလား စကားပင် မပြောနိုင်အောင်ဖြစ်ကာ ကြည်လင်ရွှင်မြူးစွာ ကိုမျိုးခိုင်ကို စေ့စေ့ကြည့်ပြီး ခေါင်းကိုသာ အတွင်ညိတ်နေလေသည်။
" ဘာ ညီလေး ... ဒီချုံအကွယ်က စောင့်ကြည့်နေ ... ညီလေး သေနတ်ကြီးကို အစ်ကို့ပေးစမ်းပါကွယ်...၊ စစ်သားသေနတ်ကို သေသေချာချာ ကြည့်ချင်လို့ "
ကိုစောအောင်က ခါးတွင်ချိပ်ထားသော ခြောက်လုံးပြူး ခါးပတ်ကို ဖြုတ်ပြလိုက်သည်။ ကိုမျိုးခိုင်က စတိုင်ပါ ပါသူ့ခါးတွင် ပတ်လိုက်ပြီး ...
" ဒီလိုဆုေိတော့ အစ်ကိုလဲ၊ တော်လှန်ရေးစစ်ဗိုလ်ကြီးနဲ့ တူမသွားဘူးလား ညီလေး "

ကိုမျိုးခိုင်က ပြောပြောဆိုဆို တောစံပယ်တွေ ဖွေးနေအောင် ပွင့နေသော ခပ်လှမ်းလှမ်း တောင်ကုန်းစောင်းကလေးသို့ လျင်မြန်စွာ ထွက်ခွာသွားသဖြင့် ကိုစောအောင်သည် အစ်ကို ဘာဖြစ်သွား ပါလိမ့် ဟူသော အတွေးဖြင့် ကိုမျိုးခိုင်သွားရာ တောင်ကုန်းစောင်းကလေးကို လှမ်းကြည့်လိုက်သည်။
ကိုစောအောင်မျာ မှင်သက်မိသလို ဖြစ်သွားလေသည်။ အဖြူအနီစင်း သင်တိုင်းကို ၀တ်ကာ ဆံပင် ဖားလျားချထားသော ဦးခေါင်းတွင် တောစံပယ်တစ်နွယ်ကို အခွေလိုက် ပန်ဆင်ပြီး၊ ဖြူဖွေးသော အပွင့်များ ခဲနေသည့် တောစံပယ်ချုံကြားမှာ ပြုံးရယ်ရွှင်ချိုသောမျက်နှာဖြင့် ရပ်နေသော ခင်ခင်လေးကား ... နောင်စငဲ့ ဘုရင်မ နန့်နောင်းခါရီနှင့် ရုပ်ဆင်းသဏ္ဍာန် တူညီလှပေသည်။
ကိုစောအောင်၏ မျက်လုံးတွင်ကား နန့်နောင်းခါရီအစစ်ပင် ဖြစ်နေသည်။

" ခင်လေး အခုလို ဆင်ယင်ထားတာ မောင့် စိတ်တိုင်းကျ ဖြစ်ရဲ့လား "
ခင်ခင်လေးက သူ့ရှေ့ရောက်လာပြီဖြစ်သော ကိုမျိုးခိုင်အား ပြုံးပြုံးလေး မေးလိုက်၏။
" အို ... ခင်လေး သိပ်လှပါလားကွယ် "

ကိုမျိုးခိုင်၏ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများက ရီဝေကာ အသံမှာ အက်နေသည်ကိုကား ခင်ခင်လေး သတိမထားမိချေ။
" အလို ... မောင်က စစ်ခါးပတ်နဲ့၊ ခြောက်လုံးပြူးနဲ့ ပါကလား... ဘယ်ကရလာတာလဲမောင်ရဲ့ "
ခင်ခင်လေးက အံ့သြသံဖြင့် မေးလိုက်သည်ကို ကိုမျိုးခိုင်က တစ်စုံတစ်ရာ ပြန်မဖြေမီ ခင်ခင်လေးနောက်ဘက် ချုံကွယ်မှ လူသုံးယောက် ဘွားခနဲပေါ်လာသည်။
ဓားရှည် တစ်ချောင်းစီ ကိုင်ထားသော လူဆိုးသုံးယောက်အနက် တစ်ယောက်က ခင်ခင်လေး ပါးစပ်ကို ပိတ်ခါ ချုပ်ကိုင်သည်။ ကျန်နှစ်ယောက်က ကိုမျိုးခိုင်ထံ ပြေးသွားကြပြီး ချုပ်ကိုင်လိုက်၏။
" မအော်နဲ့နော် သေသွားမယ် "
ဟူ၍လည်း ကြိမ်းလိုက်ကြ၏။

ကိုမျိုးခိုင်ကား ခုခံရုန်းကန်ခြင်းမပြုပေ။ လူဆိုးနှစ်ယောက် သူ့အနား ရောက်လာသည့် အချိန်ကပင် မြေပေါ် သို့ဒူးတုပ်ထိုင်ချကာ လက်အုပ်ချီမိုး ရှိခိုး တောင်းပန်နေတော့သည်။
" ကျွန်တော့် အသက်ကို ချမ်းသာပေးပါခင်ဗျာ၊ ဟိုမိန်းမကို ခင်ဗျားတို့ သဘောပါ၊ ကျွန်တော့်ကို မသတ်ကြပါနဲ့ "

ကိုမျိုးခိုင်က ငိုသံပါကြီးနှင့် တုန်တုန်ခိုက်ခိုက် တောင်းပန်နေသည်ကို မြင်ကြားရသော ခင်ခင်လေးသည် လူဆိုး လက်က ဓားကိုသာ လုယူ၍ ရပါက ကိုမျိုးခိုင်အား အသေခုတ်သတ်ချင်စိတ် ပေါ်လာသည်။
ခြောက်လုံးပြူး သေနတ်ကြီး တစ်လက်လုံး ရှိနေပါလျက်နှင့် ဓားရှည်မျှသာ ကိုင်ထားသော လူဆိုးကို ခုခံခြင်း မပြုဘဲ ငိုတော့မလို ရှိခိုးတောင်းပန်နေသော ကိုမျိုးခိုင်အစား များစွာ ရှက်မိတော့သည်။ ခင်ခင်လေးသည် သူ့အား ချုပ်ကိုင်ထားသော လူဆိုးလက်မှ ရုန်းကန်ထွက်ရန်ပင် သတိမရတော့ဘဲ မုန်းတီးရွံရှာ စက်ဆုတ်စွာသော မျက်နှာဖြင့် ကိုမျိုးခိုင်ကို စေ့စေ့ကြည့်ရင်း အောက်နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားလိုက်၏။

ချုံထဲမှ မှင်တက်မိသလို ကြည့်နေသော ကိုစောအောင်သည် ကျားပျိုတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ခုန်ထွက်လာသည်။
" ပြေးဟ ... ပြေးဟ၊ ဒီလူကို တို့သုံးယောက် နိုင်မှာ မဟုတ်ဘူး၊ သတ္တိရော ခွန်အားရော တို့ထက်သာတယ် "
ကိုစောအောင် အနားမရောက်မီပင် လူဆိုး သုံးယောက်သည် အချင်းချင်း သတိပေးပြောဆိုကာ လျင်မြန်စွာ ထွက်ပြေးကြလေတော့၏။
" အမယ်လေး ညီလေး ရောက်လာပေလို့သာ၊ မဟုတ်ရင် အစ်ကိုတို့သေမှာ ညီလေးရဲ့ "
ကိုမျိုးခိုင်က တုန်ယင်သောအသံဖြင့် ဆီးပြောလိုက်၏။

" အစ်ကိုတို့ အနာအကျင် မဖြစ်ပါဘူးနော် "
ကိုစောအောင်က ကိုမျိုးခိုင်နှင့် ခင်ခင်လေးအား တစ်လှည့်စီ ကြည့်ရင်း မေးလိုက်၏။
" အစ်ကိုက အနာလဲ မခံချင်ဘူး၊ အသေလဲ မခံနိုင်ဘူး၊ ဒါကြောင့် သူတို့ကို ရှိခိုးတောင်းပန်ရတာပေါ့၊ ခင်လေးရာ ဘာဖြစ်သွားသေးလဲ "
ကိုမျိုးခိုင်၏ အမေးကို ခင်ခင်လေးက မဖြေပေ။ အင်္ကျီ လုံချည်ပြည့်စုံစွာ ၀တ်ဆင်ထားသောသူ၏ ကိုယ်ပေါ်က ထပ်ဝတ်ထားသော သင်တိုင်းကိုချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဖားလျားချထားသော ဆံပင်ကို စုကိုင်ကာ တစ်ပတ်လျှို ထုံးလိုက်ပြီး ကိုမျိုးခိုင်၏ မျက်နှာကို အစိမ်းဝါးစားတော့မည်ကဲ့သို့ တင်းမာစွာ ကြည့်နေသည်။

" ကြောက်လိုက်တာ ခင်လေးရာ၊ ကိုယ် ဒီမှာ ကြာကြာမနေရဲတော့ဘူး၊ ပြန်မယ်၊ ခင်လေး မကြောက်ဘူး လား "
ကိုစောအောင်ထံမှ ယူထားသော ခြောက်လုံးပြူး ခါးပတ်ကို ကိုမျိုးခိုင်က ဖြုတ်ကာ ပြန်ပေးပြီး ပြေးတော့ မည့်ဟန်မျိုးပြင်ကာ ခင်လေးအား ပြောလိုက်၏။
" ရှင်က အင်မတန် မြတ်နိုး အားကိုးစရာကောင်းတဲ့ လူတစ်ယောက်ဆိုတော့ ဟိုလူတွေက တစ်ပြန်ကျော့လာပြီး သတ်လို့သေနေဦးမယ် မြန်မြန်ပြေး၊ ကျွန်မကို အဖော်မညှိနဲ့၊ ကျွန်မ သဘောအတိုင်း ကြောက်ချင်မှ ကြောက်မယ်၊ ပြန်ချင်မှ ပြန်မယ် "
ခင်ခင်လေးသည် မုန်းတီးရွံရှာခြင်း၊ ဒေါသဖြစ်ခြင်းတို့ ရောထွေးသော အသံဖြင့် စိမ်းကားစွာ ပြောလိုက်၏။

ဟိုမိန်းမကို ခင်ဗျားတို့သဘောပါ၊ ကျွန်တော့်ကိုသာ မသတ်ကြပါနဲ့
ဟု ကိုမျိုးခိုင်က လူဆိုးများအား တောင်းပန်လိုက်သော အသံသည် ခင်ခင်လေး အသည်းထဲ နားထဲမှာ မမေ့နိုငအောင် စွဲသွားလေသည်။ အစွမ်းသတ္တိနည်းလှ၍ ကြင်နာမှု ကင်းသော လူပျော့ လူညံ့တစ်ယောက် ကိုမှ ငါချစ်မိလေခြင်းဟု စိတ်ထဲမှာ ယူကျုံးမရ ဖြစ်သွားလေသည်။
" ဒါဖြင့် ကိုယ်တစ်ယောက်တည်း ပြန်တော့မယ်၊ မနေတော့ဘူး၊ ညီလေး သူ့ကို ကူညီလိုက်ပါ "
ကိုမျိုးခိုင်သည် ဣနြေ္ဒမဲ့စွာပင် တုန်ယင် ကြောက်ရွံ့သည့် အမူအရာဖြင့် ပဲစားချောင်ဘက်သို့ ခပ်သွက်သွက် ပြေးလေသည်ကို ခင်ခင်လေးသည် အံခဲကာ ကြည့်လိုက်လေသည်။
" နာမည်က ခင်လေးတဲ့လား "

ခင်ခင်လေး၏ မျက်နှာကို မ၀နိုင်အောင် တစိမ့်စိမ့်ကြည့်ပြီး ကိုစောအောင်က မေးလိုက်သည်။
" ခင်ခင်လေးလို့ ခေါ်ပါတယ်၊ အခုလို ကူညီကယ်တင်တာ ခင်လေး ကျေးဇူးတင်လို့ မဆုံးပါဘူး၊ ကျေးဇူးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ သိပါရစေ "
ကိုမျိုးခိုင်အတွက် ဖြစ်ရသော ဒေါသကို ချုပ်တည်းကာ ခင်ခင်လေးက အသံကို နဂိုသံဖြစ်အောင် ကြိုးစားပြီး ပြောလိုက်၏။

" ကျွန်တော်က မျိုးချစ် ဗမာ့တပ်မတော်ကပါ၊ နာမည်က စောအောင်လို့ ခေါ်ပါတယ် "
" သြော် ... ကိုစောအောင်တဲ့လား "
ခင်ခင်လေးက အလိုက်သင့် တုံ့ပြန်လိုက်ပြီး ...
" ဒါထက် အခုနက သူရဲကောင်းကြီးနဲ့ ကိုစောင်အောင်က သိဟောင်း ကျွမ်းဟောင်းလား "ဟုမေးလိုက်၏။
ခင်ခင်လေး၏ ရုပ်ရည်မှာ နန့်နောင်းခါရီနှင့် တူသော်လည်း အသံမှာ လုံးဝ ဆက်စပ်မရအောင် ခြားနား သည်ကို ကိုစောအောင် သတိထားလိုက်မိ၏။

နန့်နောင်းခါရီ အသံကခပ်လေးလေးနှင့်သာယာသည်။ ခင်ခင်လေး၏အသံက ခပ်သွက်သွက်ဖြင့် ကြည်လင် ချိုအေးသည်။ သို့သော် အသံက အရေးမကြီး နန့်နောင်းခါရီဟု အမည်သညာရှိနေသော ရုပ်ဆင်းသဏ္ဍာန်ကို စွဲလန်းချစ်ခင်နေခြင်းသာဖြစ်သည်။
" ညီရင်းအစ်ကိုလို ချစ်နေတဲ့သူပါ ခင်လေး၊ ကျွန်တော်က အစ်ကိုလို့ခေါ်ပြီး သူက ညီလေးလို့ခေါ်ပါတယ်၊ ဟိုတလောက အစ်ကိုနဲ့သူ့အဖေဆိုတဲ့ အဘိုးကြီးကို ဂျပန်တွေ သတ်မယ့်ဆဲဆဲမှာ ကိုစောတို့ ကယ်လိုက်ရ သေးတယ် "
ကိုစောအောင်က သူ့ကိုယ်သူ ကိုစောဟု နာမည်ထည့်စကားပြောလိုက်၏။

" သြော် ... ဖေဖေနဲ့ သူ့ကိုကယ်လိုက်တဲ့ ဗမာ့တပ်မတော်က ဗိုလ်လေးစောအောင် ဆိုတာလား "
ခင်ခင်လေးက အံ့အားသင့် ၀မ်းမြောက် ကျေးဇူးတင်သောအသံ၊ ချိုရွှင်လေးစား ကြည်ညိုသော မျက်နှာ ထားဖြင့် မေးလိုက်၏။
" ဟုတ်ပါတယ် ခင်လေး "
" ဖေဖေဆိုတာ သူ့အဖေ မဟုတ်ဘူး၊ ခင်လေးအဖေ ကိုစောရဲ့၊ ဖေဖေပြောပြလို့ ကျေးဇူးရှင်ကို ခင်လေး တွေ့ချင်နေရတာနဲ့ အဆင်သင့်ပါပဲ၊ အခုလဲတစ်ခါ ခင်လေးကို ကယ်ပြန်ပြီနော်၊ ဘယ်လိုကျေးဇူးတွေကျေ အောင် ဆပ်ရပါ့မလဲ၊ ဖေဖေသိရင် ကိုစောကို ချီးကျူးအုံးမှာ "

ကိုစောအောင်က သူ့ကိုယ်သူ ကိုစောဟု သုံးသည့်အတိုင်း ခင်ခင်လေးကလည်း လိုက်လျောကြည်ဖြူစွာ ကိုစောဟူ၍ပင် ခေါ်သည်ကို ကိုစောအောင်သည် အတိုင်းမသိ ကြည်နူးနှစ်သိမ့်မိလေသည်။ တစ်စုံတစ်ရာ ပြန်မပြောဘဲ ခင်ခင်လေး၏ မျက်နှာကိုသာ တစိမ့်စိမ့်ကြည့်နေလေသည်။
ယောက်ျားပီပီ တည်ကြည်ခံ့ညားသော ရုပ်ရည်နှင့် သတ္တိခဲ မြန်မာ့သားကောင်းရတနာ အသက်သခင် ကျေးဇူးရှင် ၏ ချစ်ခင် မြတ်နိုးမှုကို အတိအလင်း ဖော်ပြနေသော မျက်လုံးအရှိန်ကြောင့် ခင်ခင်လေး၏ မျက်နှာ သည် ပန်းသွေးရောင်သန်းကာ ခေါင်းငုံ့နေလိုက်မိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 5, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃ဝ)

အခန်း(၁၆)

" ဟော ... လူကလေးတို့ ပြန်လာပြီ "
" ဟယ် ... သားတို့ ရောက်လာကြပြီကော "
ဦးစောခိုင်နှင့်ဒေါ်မှုံအသံက ၀မ်းသာရွှင်မြူးစွာ ထွက်ပေါ်လာလေသည်။
" သားတို့နှစ်ယောက် မသေမပျောက် ပြန်ရောက်လာကြပြီနော်၊ အဖေ ၀မ်းသာလိုက်တာကွယ် "
ခရီးပန်းလှသဖြင့် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသော ကိုမျိုးခိုင် နှင့် ကိုစောအောင်အား ဦးစောခိုင်က အားတက်သရော မေးလိုက်သည်။
" မအောင်မြင်ခဲ့ဘူး အဖေ၊ ကြိုးပမ်းချက်ကော ရည်မှန်းချက်ကော။ မျှော်လင့်ချက်ကော အားလုံး လွဲခဲ့တယ်"

အဓိပ္ပာယ်မျိုးစုံပါဝင်သော စကားဖြင့် ကိုစောအောင်က ဖြေပေးကာ ဖခင်ထိုင်နေသော သင်ဖြူးပေါ်သို့ အား အင်ကုန်ခမ်းနေသူကဲ့သို့ လဲလျောင်းပြီး အိပ်လိုက်သည်။
" ဘယ်လို ဖြစ်လာကြသလဲသားတို့၊ နောင်စငဲ့ကို မရောက်ကြဘူးပေါ့ "
ဦးစောခိုင်က အရေးမကြီးသောလေသံဖြင့် မေးလိုက်၏။  --- ကပင် သွားစေလိုသော ဆန္ဒမထက်သန်ခဲ့ဘဲ၊ သားဖြစ်သူ၏သဘောကို လိုက်လျောခဲ့ရသဖြင့် မေးသင့်သော မေးခွန်းဖြစ်၍သာ မေးလိုက်ရသည်။ ဦးစောခိုင် ဘာကိုမှ မမျှော်လင့်ချေ။ မသေမပျောက် ပြန်ရောက်လာကြသည်ကိုပင် ၀မ်းသာဆုံးအောင် ဖြစ်ရ၏။

" ရောက်ခဲ့ပါတယ် အဖေ ... "
ကိုစောအောင်က ထိုမျှသာဖြေကာ တိတ်နေလိုက်ပြီး လဲလျောင်းနေရာက မျက်နှာကို အိမ်ခေါင်မိုးဆီသို့ မော့ကာ အဓိပ္ပာယ်မရှိ စူးစိုက်ကြည့်နေသည်။
ကိုစောအောင်၏ စိတ်ထဲမှာ အနာဟောင်း မပေါ်အောင် ကိုစောခိုင်လည်း ကျေနပ်အောင် မိမိက အကျိုးအ ကြောင်း သင့်လျော်ရုံ ပြောပြမှဖြစ်မည်ဟု စဉ်းစားလိုက်၏။
" ကျွန်တော်တို့ ဆာလာတယ် ဒေါ်မှုံရေ၊ စားစရာတစ်ခုခုလုပ်ပါဦး၊ တောထဲမှာ ငတ်ခဲ့သမျှ အိမ်ရောက်မှ အတိုးချစားမယ်... "
အနားတွင် ထိုင်နေသော ဒေါ်မှုံအား ကိုမျိုးခိုင်က ပြောလိုက်သည်။

" အေး ဟုတ်ပါရဲ့၊ လူကလေးတို့ ပြန်လာတာနဲ့ ဒေါ်မှုံလဲ ၀မ်းသာမေ့မောပြီး ထိုင်ကြည့်နေလိုက်တာ မီးဖိုထဲ ၀င်ဦးမှပဲ။ ဦးဖိုးဦးလဲ စားသောက်စရာ ရှာဖွေဝယ်ချမ်းဖို့ ထွက်သွားလေရဲ့ ဘာတွေပါလာမယ်မသိဘူး၊ ဂျပန်ခေတ်မှာ တကယ်ရှားပဲကွယ်၊ လူကလေးတို့ ရောက်ခဲ့တဲ့ နေရာမှာတော့ ပေါမလာ၊ မပြောတတ်ဘူး...၊ ဒေါ်မှုံတို့ဖြင့် အစားကောင်း အသောက်ကောင်း ငတ်နေတာ စစ်မဖြစ်တဲ့ အချိန်ကတည်းကပဲကွယ့် ... "

ဒေါ်မှုံက တပြစ်တောက်တောက်ပြောကာ မီးဖိုချောင်ဆီသို့ ထသွားလေသည်။ ကိုမျိုးခိုင်က ဦးစောခိုင်ဘက် မျက်နှာမူလိုက်ပြီး တွေ့ကြုံခဲ့ရပုံကို အကျဉ်းရုံး ပြောလိုက်၏။
 " နောင်စငဲ့ကို ရောက်ခဲ့ပါတယ်အဘ၊ ခရီးကကြမ်း လမ်းက ခဏခဏမှားလို့ ဒီလောက် ကြာသွားတာပါ၊ နောင်စငဲ့က အဘတို့ ပေစာမှတ်တမ်းမှာ ညွှန်းထားသလို မဟုတ်တော့ဘူး၊ တော်တော်ကို ဆုတ်ယုတ်ပျက် စီးနေပြီ၊ မှတ်တမ်းမှာပါတဲ့ နေရာတွေမှာလဲ မဟုတ်တော့ဘူး၊ လူတွေသစ္စာကတိ မတည်ကြတော့လို့ မြ ဘုရားရော ဆေးပင်တွေရော အလိုအလျောက် ပျောက်ကွယ်ကုန်တာ နှစ်ပေါင်းတော်တော်ကြာပြီပြော တယ်၊ တောင်ထိပ်ရောက်အောင် တက်ဖို့ နောင်စငဲ့သားတွေက ခွင့်ပေးပါတယ်၊ ဒါပေမယ့် တောရိုင်းတိရစ္ဆာန်တွေ အားကြီးလွန်းလို့ ကျွန်တော်တို့လဲ အကျိုးမရှိတဲ့အတူ ဒုက္ခမခံတော့ဘဲ ပြန်လာခဲ့ တာပဲ အဘရဲ့ "
ဘုရင်အကြောင်း လုံးဝမှ လေသံမဟဘဲ ကိုမျိုးခိုင်က ပြောပြလိုက်၏။

" ဘုရင်မဆိုတာရော တွေ့ခဲ့လား "
ဘာမျှ မသိရှာသော ဦးစောခိုင်က သိုဝှက်ထားသည့် အကြောင်းကိုမှ မေးလိုက်သည်။
" တွေ့တော့တွေ့ခဲ့ပါတယ်အဘ၊ ဒါပေမယ့် သူတို့တစ်တွေက သူတို့နေရာကို လူစိမ်းဝင်တာ မနှစ်မြို့ဘူး၊ ကြာရှည် လက်မခံရင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိရတယ်၊ အဘတို့ပေစာ မှတ်တမ်းကတော့ တကယ့်ကို အဖိုးတန်တဲ့ ဖြစ်ရပ်မှန်ကို မှတ်တမ်းတင်ခဲ့ပေမယ့် အခုမျက်မြင်အခြေအနေမှာတော့ ယုံတမ်း စကားလို ဖြစ်နေတာပဲ အဘရဲ့ "
" အေးပေါ့ကွယ်၊ အခုခေတ်လူတွေနဲ့ မထိုက်တန်တော့လို့ ကွယ်ပျောက်ကုန်တယ်ပဲ မှတ်ယူရမှာပေါ့ ... "
ဦးစောခိုင်က ထိုမျှသာ ပေါ့ဆဆပြောလိုက်၏။ သို့သော် သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါလျက် နှင့် လက်လွှတ်ရသည်ကို သတိရဟန်ဖြင့် အတန်ကြာ ငေးနေပြီးမှ " တောက် လူယုတ်မာကို အဖော်ပြမိလို့ သာပေါ့ကွယ် မဟုတ်ရင် ဆေးပင်တွေ အဘရတာပေါ့ "

ဟု တောက်ခေါက်ကာ မချင့်မရဲပြောလိုက်၏။ ကိုမျိုးခိုင်သည် ခေါင်းနပန်းကြီးသွားကာ မျက်နှာမပျက်မိ အောင်သတိထားလိုက်ရသည်။
ကိုစောအောင်ကား တစ်ခွန်းမှ ၀င်ရောက် ပြောဆိုခြင်း မပြုဘဲ မျက်စိမှတ်ကာ ငြိမ်နေသည်။ မှိတ်ထားသော သူ၏ မျက်စိတွင် နန့်နောင်းခါရီကို မြင်နေပေသည်။ ငြိမ်နေသော သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်တို့သည် နောင်စငဲ့တောင်တန်းကို ရောက်နေပေမည်ဟု ကိုမျိုးခိုင်အတတ်တွေးမိ၏။
" ကျွန်တော်တို့ ခရီးထွက်နေချိန်မှာ အဘတော်တော် ကျန်းမာတယ် ထင်တယ်၊ အဘ ၀လာတယ် "
ကိုမျိုးခိုင်က စကားလွှဲလိုက်၏။

" အေးကွယ် ... စားသောက်လို့လဲကောင်းတယ်၊ အား တော်တော် ပြည့်လာလို့ ခြံအလုပ်ကိုတောင် အဘ ဆင်းလုပ်နေနိုင်ပြီပဲ၊ အဘဦးနဲ့ မယ်မှုံကလဲ ကူညီကြတယ်လေ "
" အဘကျန်းမာတော့ ကျွန်တော်လဲ စိတ်ချမ်းသာတာပေါ့၊ ဒါထက် ကျွန်တော် ရန်ကုန် ပြန်ဦးမယ်အဘ၊ အိမ်လဲ ပစ်ထားခဲ့ရတာ ဘယ်လို ဖြစ်နေလဲ မသိဘူး၊ တိုင်းပြည်အခြေအနေလဲ စုံစမ်းရင်းပေါ့ "
ကိုမျိုးခိုင်က အကြောင်းပြ ပြောဆိုလိုက်သည်။ စိတ်ထဲက စီစဉ်ချက်ကား စစ်ကိုင်းသို့လိုက်ပြီး ခင်ခင်လေး အား သွားတွေ့ဆုံရန် ဖြစ်သည်။

" အင်း ... အဘကတော့ သားရင်းနဲ့မခြား ခင်မင်တွယ်တာလို့ မသွားစေချင်သော်လဲ မောင်ရင့် အကြောင်း ပြချက်ကလဲ ခိုင်လုံနေတော့ တားလို့မဖြစ်ပေဘူး၊ ဘယ်တော့သွားမလဲ "
" နျစ်ရက် လောက် အမောဖြေပြီးမှ သွားမယ် အဘ၊ ဒေါ်မှုံကိုတော့ ကျွန်တော် ထားခဲ့ဦးမယ်နော် အဘ၊ အခြေအနေ ကြည့်ပြီး ခေါ်သင့်မှ ပြန်ခေါ်မယ် "
" အေး ... အေး၊ ကြည့် စီစဉ်ပေါ့ သားရယ်၊ သြော် ... စစ်ကြီး ဖြစ်လာခဲ့တာ နှစ်နှစ်ကျော်နေပေါ့၊ လူတွေ ဒီဒုက္ခဘယ်တော့မှ လွတ်ပါ့မလဲ "
ဦးစောခိုင်က ညည်းညည်းညူညူပြောကာ လဲလျောင်းနေသော သားဖြစ်သူ ကိုစောအောင်အား ငုံ့ကြည့်လိုက်ပြီး ...
" သားလဲ မောမောနဲ့ အိပ်ပျော်သွားရှာပြီ။ ကဲ ... အမောဖြေကြဦး၊ အဘလဲ ခြံထဲဆင်းလိုက်ဦးမယ် "
ဦးစောခိုင်က ပြောဆိုကာ ထိုင်ရာမှ ထလိုက်၏။
" ဟုတ်ကဲ့ ... အဘ "
-------------------
အခန်း(၁၇)

ကိုမျိုးခိုင်သည် စစ်ကိုင်းတောင်ရိုး ပဲစားချောင်သို့ ပေါ့ပါး သွက်လက်သော ခြေလှမ်းဖြင့် ရောက်လာသည်။ ပဲစားချောင်မှာ အုပ်ချုပ်သူ ဆရာတော်ကြီး၏ စည်းကမ်း စနစ်ကျမှုကြောင့် တစ်ကြောင်း။
နေထိုင်သူများ သေ၀ပ်လိမ္မာ၍တစ်ကြောင်း၊ ဆူဆူညံညံ လူသံဟူ၍ မကြားရလောက်အောင် အေးချမ်းဆိတ် ငြိမ်လှသည်။
ချောင်အတွင်းရှိ မိမိတို့ ခိုအောင်းရာ ကျောင်းဇရပ်မှ အပြင်ပသို့ အရေးတကြီးကိစ္စမရှိဘဲ ကူးသန်းသွားလာ ထွက်ခွာခြင်းမရှိ၍လည်း အမှတ်မဲ့ကြည့်သော် ရဟန်းရှင်လူ၏ အရိပ်အရောင်ကိုပင် မမြင်ရအောင် ရှင်းနေ သည်။

ကိုမျိုးခိုင်သည် ခင်ခင်လေးတို့ ရှိမှရှိကြပါသေးရဲ့လားဟူသော ဇဝေဇ၀ါစိတ်ဖြင့် ၀င်ရောက်လာခဲ့၏။ အဆင် သင့်ပင် စိပ်ပုတီးကိုင်ကာ တရားထိုင်ရာမှ ထွက်လာသော ဦးထွန်းသစ်အား မြင်ရသဖြင့် ၀မ်းသာစွာအသံပြု နှုတ်ဆက်လိုက်သည်။

ခင်ခင်လေးသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော ကိုမျိုးခိုင်ကို မြင်ရသောအခါ ၀မ်းသာမဆုံး တပြုံးပြုံး ဖြစ်နေရှာသည်။
သူတော်ကောင်းတို့ ကိန်းအောင်းမွေ့လျော်ရာ ဤဒေသမှာ ဒုက္ခသည်အဖြစ် လာရောက်မှီခိုနေကြသည့် အခိုက် အိမ်ထောင်ပြုရန်မျာ မသင့်တော်၍ တစ်ကြောင်း၊ တိုင်းပြည် အခြေအနေကောင်းမှ တင့်တင့်တယ် တယ် လက်ထပ်မည်ဟူသော ရည်စူးချက်က တစ်ကြောင်းကြောင့် ကိုမျိုးခိုင်နှင့် ခင်ခင်လေးသည် သစ္စာရှိရှိ ပိရိသေ၀ပ်စွာ ဣနြေ္ဒရရ နေလာခဲ့ကြရာမှ ဖက်ဆစ်ဂျပန်ကို တစ်ပြည်လုံးက တော်လှန်သောအချိန်သို့ ရောက်လာလေသည်။

ပြေးရင်းလွှားရင်း တွေ့ရာမြင်ရာကို အကုန်ရမ်းကား မွှေနှောက် သွားတတ်သော ဂျပန်များကြောင့် တထိတ် ထိတ်တလန့်လန့် နေရသောအချိန်မှာ အပျိုအရွယ်မိန်းကလေးများ အန္တရာယ်အများဆုံးဖြစ်သည့်အလျောက် ကိုမျိုးခိုင်သည် မိမိကိုယ်တိုင်က လက်ဖျားနှင့် မထိရက်ခဲ့သော ချစ်သူ ခင်ခင်လေးအား မျက်စိအောက်က အပျောက်မခံနိုင်အောင် စိုးရိမ်ပူပန်နေမိလေသည်။
စီကနဲ ညံကနဲကြားလျှင် ပဲစားချောင်းအတွင်းရှိ ယောက်ျားသားမှန်သမျှ မိမိတို့ သက်ဆိုင်ရာ မိန်းမသား များ၊ ကလေးများကို လုံခြုံရာသို့ ကွက်ဝှက်ကြရသည်မှာ ဒုက္ခကြီးလေးလှပါတော့သည်။
ကိုမျိုးခိုင် စိုးရိမ်ပူပန်သည့် အတိုင်းပင် ဂျပန်တစ်စုသည် ပဲစားချောင်သို့ တစ်နေ့သောအခါ ဆိုက်ရောက် လာ၏။

ရဟန်း သာမဏေများမှလွဲ၍ ဒုက္ခသည် လူဝတ်ကြောင်များ ရှောင်ရှားပုန်းအောင်းကြသည်တွင် ကံဆိုးရှာ သော ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့မှာ ရှောင်တိမ်းချိန်မရလိုက်ဘဲ ဂျပန်များ မိသွားလေတော့သည်။
ကြီးနှင့်တုပ်ကာ ဆွဲထုတ်သွားသည်ကို ခင်ခင်လေးနှင့်တကွ ပုန်းအောင်းနေသူများပင် မသိလိုက်ကြချေ။ ပဲ စားချောင်မှ တော်တော်ဝေးသော တောင်စောင်းတစ်ခုသို့ရောက်မှ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်အား ဂျပန်များက ရိုက်နှက်စစ်ဆေးကြလေသည်။

" မြန်မာ့ တပ်မတော်က စစ်သားတွေ ဒီမှာ ရောက်နေတယ် ဆိုတာ သိတယ်၊ သူတို့ ဘယ်နားမှာနေလဲ ...
စကားပြန်မှတစ်ဆင့် ဂျပန်စစ်ဗိုလ်က မေးလိုက်၏။ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့ လုံးဝမသိချေ။ မသိကြောင်း ပြော၍လည်း မသက်သာ အရိုက်ခံရသည်။ သိပါသည် ဆိုရအောင်လည်း မြန်မာ့တပ်မတော်သားတွေ ရောက်လာသည့် သတင်းကို သိုးသိုး သန့်သန့်မျှပင် မကြားမိ။
" ခင်ဗျားတို့ နှစ်ယောက် မှန်တဲ့အတိုင်း ပြောကြပါ ...၊ မပြောရင် အခုချက်ချင်းသတ်လိမ့်မယ် "

စကားပြန်က လေသံမာကျောကျောဖြင့် ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ မပြောလည်းသတ်၊ ပြောလည်း သတ်မည့်သူများအား အသနားခံ တောင်းပန်လိုစိတ် မရှိတော့ချေ။
ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်သာနေသည်။ ဦးထွန်းသစ်ကသာ လွတ်လိုလွတ်ငြား တောင်းပန်လိုက်၏။ သို့သော် အကြောင်းမထူးချေ။

" တစ်ခွန်းမေး တစ်ခါရိုက် ဖြစ်နေရာ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့ ထိုင်ပင်မထိုင်နိုင်ကြတော့ချေ။ မြေပေါ်မှာ တုံးလုံးလဲကာ ဂျပန်များ၏ စစ်ဖိနပ်နှင့် သေနတ်ဒင်အောက်တွင် လိမ့်နေကြလေသည်။
ထိုအခိုက် ဆူညံစွာ မြည်ဟည်းထွက်ပေါ်လာသော သေနတ်သံများနှင့် တစ်ပြိုင်နက် ဂျပန်အချို့သည် ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့အပေါ်သို့ ပုံလျက် ထပ်လျက် လဲကျကြလေသည်။ ကျန်ဂျပန်များမှာ ကြောက် ကန်ကန်သည့် သဘောဖြင့် ပြန်လည် ပစ်ခတ်ရင်း တောင်အောက် လျှိုကြီးအတွင်းသို့ ပြေးဆင်းပျောက် ကွယ်ကုန်ကြသည်။

အရိုးကြေလုမျှ ရိုက်နှက်ထားသော ဒဏ်ရာများနှင့် ကြိုးတုပ်ထားခြင်း ခံနေရသော ဦးထွန်းသစ်နှင့် ကိုမျိုးခိုင် တို့မှာ အပေါ်မှ ပိနေသော ဂျပန်များ၏ ကိုယ်ခန္ဓာကြီးများကို ဖယ်ရှားရန် မတတ်နိုင်ဘဲ ရှိနေစဉ်မှာ အပြေးအလွှား လာသော ခြေသံများနှင့်အတူ ...
" ရဲဘော်တို့ တောင်အောက် ဆင်းပြေးတဲ့အကောင်တွေကို တောင်ခြေမှာစောင့်တဲ့ ရဲဘော်တွေက တာဝန် ယူလိမ့်မယ်၊ ဆက်မလိုက်ကြနဲ့တော့ ဟိုလူနှစ်ယောက်သေပြီလား၊ ရှင်နေသေးလား၊ မြန်မြန်ယူထုတ်ကြ စမ်း"

ဟူသော ခပ်အုပ်အုပ်ပြောလိုက်သည့် အမိန့်သံကိုာကားရသည်။ ကိုမျိုးခိုင်သည် ထိုအသံကို နားစွင့်ထောင် လိုက်မိသည်။
ထိုအခိုက် အပေါ်မှပိနေသော ဂျပန် ကိုယ်ခန္ဓာများကို ဆွဲချလိုက်ကြသဖြင့် ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့မှာ အသက် မှန်မှန် ပြန်လည်ရှူရှိုက်နိုင်ကြလေသည်။
" မသေသေးဘူး ဗိုလ်လေး"
ရဲဘော်များက ဖြေလိုက်ပြီးသည်တွင် ...
" ကဲ ... ကဲ၊ ပွေ့ထူပြီး ကြိုးတွေဖြေကြစမ်း "
ဟု ဗိုလ်လေးဆိုသူက ပြောပြောဆိုဆို ကိုမျိုးခိုင်အား သန်မာသော လက်များဖြင့် ပွေ့ထူဆွဲချီလိုက်သည်။ ကိုမျိုးခိုင်သည် ဗိုလ်လေး၏ မျက်နှာကို မော့ကြည့်လိုက်၏။
" ညီလေး ရယ် "

ကိုမျိုးခိုင်သည် ဗမာ့တပ်မတော် ဗိုလ်လေးအား မိခင်ကို သားငယ်ဖက်သလို ဖက်ပြီး လှိုက်လှဲစွာ ခေါ်လိုက်၏။
" ဟင် ... အစ်ကို "
ဗိုလ်လေးစောအောင်က ကိုမျိုးခိုင်အား ပွေ့ထားရာမှ အံ့အားသင့်စွာ ထူးလိုက်သည်။
" ဖြစ်ရလေ အစ်ကိုရယ် ...၊ ကျွန်တော်တို့နဲ့ တွေပေလို့ပေါ့၊ ဟိုဦးက အစ်ကို့အဖေလား "
ကိုစောအောင် က ရဲဘော်တစ်ယောက်၏ ရင်ခွင်ကို ချိနဲ့ပင်ပန်းစွာမှီနေသော ဦးထွန်းသစ်အားကြည့်ပြီး မေး လိုက်သည်။

" ဆိုပါတော့ညီလေး၊ နေပါဦး။ ညီလေးက စစ်ထဲ ဘယ်တုန်းက၀င်ပြီး စစ်ဗိုလ်ဖြစ်လိုက်တာလဲကွယ် "
" ဂျပန်တွေကြောင့် ၀င်တယ်ဆိုပါတော့ အစ်ကို၊ သထုံကအစ်ကို ထွက်သွားပြီးတဲ့နောက် ကျွန်တော် တော်တော်ပဲစိတ်ညစ် လွင့်ပါးခဲ့တယ် "
ကိုစောအောင်က စကားကိုရပ်လိုက်ပြီး ဧရာဝတီမြစ် တစ်ဘက်ကမ်းဆီမှ မှိုင်းမှိုင်းရောင်ပြေး တိမ်နှင့် ထွေးနေသော မန္တလေးတောင်ဆီကို လှမ်းမျှော်ကြည့်ကာ မျက်နှာမသိမသာ ညိုးသွားရှာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 4, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၉)

အခန်း (၁၅)

ဘုရင်မကို မြင်လိုက်ရပြီးသည့် အချိန်မှစ၍ ကိုမျိုးခိုင်သည် နောင်စငဲ့တွင် နေရသည်မှာ ငြီးငွေ့ခြင်းဖြင့် ပြင်းစွာ နှိပ်စက်နေတော့၏။
တစ်နေ့တစ်ရက်မှ ပျော်ရွှင်ခြင်းမရှိသော်လည်း ဇွတ်တရွတ် နိုင်လှသော ကိုစောအောင်ကို ပြောမရသဖြင့် တစ်နေ့တစ်နေ့နှင့် တရွေ့ရွေ့ အချိန်တွေကုန်လာခဲ့ရာ တစ်နှစ်နီးပါးပင်ကြာခဲ့လေပြီ။
အချိန်ကြာမြင့်သည်နှင့်အမျှ နောင်စငဲ့ ဘာသာစကားကို ကိုမျိုးခိုင် ရေလည်စွာ ပြောဆိုတတ်လာသည်။ တစ်ရပ်တစ်မြေမှ လာသောသူများဖြစ်လင့်ကစား နောင်စငဲ့ဘာသာကို တတ်ကျွမ်းပြီးဖြစ်၍ နောင်စငဲ့သား သုံးယောက်၏ အသက်ကို ကယ်တင်သူများ ဖြစ်သည့်အပြင် ဘုရင်မ၏ ဆုံးမစကားကို နာခံလွယ်သောသူ များဟု ဘုရင်မက ယူဆကာ အထူးအခွင့်အရေးပေးသောအနေဖြင့် ဘုရင်မသည် သုံးလလျှင် တစ်ကြိမ်မျှ ခေါ်ယူတွေ့ဆုံကာ စကားပြောဆိုဆွေးနွေးပြီး တစ်ရပ်တစ်မြေမှ အကြောင်းများကို မေးလေ့ရှိသည်။

ကိုစောအောင်အဖို့ကား နေမြင့်လေ အရူးရင့်လေဖြစ်နေရှာတော့သည်။ ဘုရင်မအား ကိုစောအောင်က မေတ္တာသက်ဝင် ချစ်ခင်နေကြောင်းကို နီးစပ်ရာ နောင်စငဲ့သားများ ရိပ်မိစပြုလာသည်ကို ကိုမျိုးခိုင်က အကဲခတ်မိသည်။
တစ်ကြိမ်သော အခါက ဘုရင်မထံ သွားရောက်လည်ပတ် စကားပြောပြီး ပြန်လာသောအခါ၌ သေနတ်များ တစ်လက်မျှ ရှာမတွေ့အောင် ပျောက်ဆုံးနေသည်ကို ကိုမျိုးခိုင် သိရသောအခါ မျက်လုံးပြူးသွားလေသည်။
မည်သူ့ကိုမှလည်း မေးမြန်း၍မရ၊ ဤဒေသမှာ ကြာရှည်နေလျှင် အသက်ဘေးကို စိုးရိမ်ဖွယ်ဖြစ်တော့မည် ကို ကိုမျိုးခိုင်တွေးမိ၏။

" ညီလေးရယ် ... မဖြစ်နိုင်တာကို မျှော်မှန်းမနေပါနဲ့ကယ် ... ပြန်ကြရအောင်၊ အခု တို့အခြေအနေကို ဒီဒေသမှာ နေလို့ မဟုန်တော့ဘူး ညီလေးရဲ့ "
စိတ်အာရုံတွင် ဘုရင်မကလွဲပြီး ဘာကိုမှ မစဉ်းစားသော ကိုစောအောင်အား ကိုမျိုးခိုင်က တောင်းပန် လိုက်၏။
" အစ်ကို ပြန်ချင်ပြန်လေ ... ကျွန်တော် ဒီမှာ နေခဲ့ဦးမယ်၊ အဖေတို့ကို အစ်ကို သင့်တော်သလို ကြည့်ပြီး ပြောလိုက်ပါ "
ကိုစောအောင်က ဘုရင်မနေသည့်အိမ် တည်ရှိရာသို့ မျှော်မှန်းကြည့်ရင်းက ပြောလိုက်၏။
" မဟုတ်သေးပါဘူး ညီလေးရာ ... တစ်ယောက်တည်း ဒီလူတွေကြားမှာ ညီလေးကို မထားခဲ့နိုင်ပါဘူး၊ နောက်ပြီး အစ်ကို တစ်ယောက်တည်း ပြန်သွားတော့ အဘက ဘယ်လို ထင်မလဲ၊ ညီလေး စဉ်းစားဦးမှပေါ့ "
ကိုမျိုးခိုင်က ညည်းညည်းညူညူ ပြောလိုက်သည်။

" စိတ်ရှုပ်စရာတွေ မပြောစမ်းပါနဲ့ အစ်ကိုရာ "
ကိုစောအောင်က ကလေးဆိုးကြီးလို ပြောကာ ဆက်လက် နားမထောင်လိုသော ဟန်ဖြင့် အိပ်ရာထဲ လှဲ အိပ်လိုက်လေသည်။
ကိုမျိုးခိုင်သည် ကိုစောအောင်အား စိတ်မချမ်းသာစွာ ကြည့်ကာ ဦးခေါင်းကို ဖြည်းလေးစွာ ညိတ်လိုက်မိ ရင်းက ရင်လေးစရာကောင်းသော အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရလိုက်၏။
မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွေးများကို သုတ်သင်ထားပြီး ဆံပင်မတိုမရှည် ဖြစ်နေသော ရုပ်ရည်သန့်ပြန့် ကြည် လင်သည့် ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ နှစ်ယောက်အား ဖြူဖပ်ဖြူရော် အသားအရေ၊ မို့သောမျက်ခွံ၊ ကြောင်တက်သော မျက်လုံးဖြင့် ခေါင်းတုံးပြောင်အောင် ရိပ်ထားသော နောင်စငဲ့ သားများထက် ပိုမို အရေးပေးသော နောင်စငဲ့သူများကြောင့် နောင်စငဲ့သားများက မလိုမုန်းထားသော မျက်နှာဖြင့် ကြည့်ကြ သည်။

ဘုရင်မနျင့် အကျွမ်းဝင်၍ ကိုစောအောင်က ဘုရင်မအား ချစ်ခင်နေသည်ကို မရှုစိမ့်သော အမူအရာများ ထင်ထင် ရှားရှား ဖော်ပြနေကြသည်။
ကိုမျိုးခိုင်သည် တွေးရင်း တွေးရင်း စိတ်ထဲက မချမ်းမြေ့ဘဲ ဖြစ်လာသည်။ ထိုသို့ မချမ်းမြေ့စရာကို တွေးရင်းမှ ဘုရင်မ၏ ပုံသဏ္ဍာန် မျက်စိထဲမှာ ပေါ်လာသောအခါ ချစ်သူ ခင်ခင်လေးအား အူလှိုက် သည်း လှိုက် လွမ်းဆွတ် တမ်းတမိလာသည်။

ကိုစောအောင်ကိုလည်း တစ်ယောက်တည်း မထားခဲ့ရက် သည့်အတွက် အသက်ဘေးမှ ဝေးအောင် ဤ နောင်စငဲ့ဒေသမှ ပြေးရန်မှာ ဘုရင်မမှလွဲပြီး ဆောင်ရွက်ပေးနိုင်သူ မရှိဟု စဉ်းစားမိသောအခါ ဘုရင်မ၏ အကူအညီကို တောင်းဆိုရန် စိတ်ကို ဆုံးဖြတ်လေသည်။

ကိုမျိုးခိုင်သည် သူတို့ ကယ်ဆယ်ခဲ့သော အဘိုးကြီး သုံးယောက်အနက် အကြီးအကဲနှင့် အကျွမ်းဝင်သော အဘိုးကြီး တစ်ယောက်ထံ ကိုစောအောင်ကို အသိမပေးဘဲ တိတ်တဆိတ် သွားရောက် တွေ့ဆုံပြီး ဘုရင်မထံ အရေးကြီးသော ကိစ္စကြောင့် ယခုချက်ချင်း ၀င်ခွင့် တောင်းပေးစေလိုကြောင်း ပြောကြားလိုက် လေသည်။
" အေး ... ငါလဲသတိပေးဖို့ နင်တို့ဆီလာမယ်လို့၊ နင်ရောက်လာတာနဲ့အဆင်သင့်ပဲဟေ့ "
အဘိုးကြီးက တိုးတိတ်စွာ ပြောလိုက်၏။
" ဘာလဲ အဖေ "
ကိုမျိုးခိုင်က ထိတ်လန့်စွာ မေးလိုက်သည်။

" နောင်စငဲ့ သားတွေက နင်တို့ကို မကျေနပ်လို့ သတ်ဖို့ကြံစည်ထားကြတယ်၊ ရွာက မထွက်နိုင်အောင် စည်းရိုးတံခါးရှိသမျှ ဒူးလေးကိုင်တွေ အပြည့် စောင့်နေကြတယ်၊ နက်ဖြန်ဆိုရင် နင်တို့ကို ဖမ်းကြတော့မှာ "
အဘိုးကြီး၏ စကားကြောင့် ကိုမျိုးခိုင်မှာ တုန်လှုပ်သွားလေသည်။ လက်မတင်ကလေးပါလားဟု တွေးကာ ...
" ငါ့ကို ဘုရင်မထံ အခု အမြန်ဆုံးရောက်အောင် ပို့ပေးပါ အဖေ "
ဟု တောင်းပန်လိုက်၏။

" အေး ... နင်ရောက်လာတာ အချိန်တော်ပဲ၊ အခုည မိုးချုပ်စပြုလို့ မှောင်နေပြီ၊ ငါလိုက်ပို့ပေးမယ်၊ ဘယ်သူမှ မြင်မှာ မဟုတ်ဘူး "
အဘိုးကြီးက ပြောရင်း ထိုင်ရာမှ ထကာ ...
" လာခဲ့ "
ဟု ခေါ်ပြီး ရှေ့မှ ထွက်သွားလေသည်။
" ငါ့ကို ဘုရင်မထံ ပို့ပေးပြီး အိမ်မှာ ကျန်ရစတဲ့ ငါ့ညီလေးကို ဘုရင်မထံ ဆက်ဆက်ခေါ်ခဲ့ပါနော် "
ကိုမျိုးခိုင်က စိတ်ပူစွာ မှာကြားလိုက်၏။

" စိတ်ချ ငါ့သား၊ ငါတို့အသက် ကယ်ထားတဲ့ နင်တို့ ညီအစ်ကိုကို ငါတတ်နိုင်သလောက် ပြန်ကယ်မယ်။ နင် ဟောဒီလမ်းက ၀င်သွား၊ ဘုရင်မနေတဲ့အိမ်ကို အမြန်ဆုံးရောက်တဲ့ဖြတ်လမ်းပဲ၊ ဒီလမ်းက ယောက်ျား အစောင့်မရှိဘူး၊ မိန်းမတွေပဲရှိတယ် "
အဘိုးကြီးက လမ်းညွှန်ပြလိုက်ပြီး နောက်ကြောင်းသို့ သုတ်ခြေတင် ပြန်သွားလေသည်။ ကိုမျိုးခိုင်သည် ဘု၇င်မနေရာ အိမ်ကြီးအတွင်းသို့ ချောချော မောမော ရောက်သွားလေသည်။ ရံရွှေတော် မိန်းမများသည် ဘုရင်မကိုယ်တိုင်က အရေးတယူ လက်ခံ စကားပြောလေ့ရှိသော ဧည့်သည်များဖြစ်၍ တားဆီးခြင်းမပြုချေ။

" ဘုရင်မကို တွေ့ခွင့်ပြုပါ "
တစ်ယောက်သော ရံရွေတော်သည် ကိုမျိုးခိုင်အား နှစ်လိုသော အပြုံးဖြင့် ကြည့်ကာ ...
" လာခဲ့ ... လာခဲ့ "
ဟု ပြောပြီး ခေါ်သွားလေသည်။

တစ်ခုသော အခန်းတွင်းဝယ် လှပစွာ ပြင်ဆင်ထားသော ဘုရားဆောင်ရှေ့၌ ဘုရင်မ ထိုင်နေသည်ကို တွေ့ရသည်။ ဥာဏ်တော် တစ်ထွာမျှသာရှိသည့် စိမ်းလဲ့သော မြဆင်းတုတော်သည် ပူဖော်ထားသော နံ့သာဆီ မီးရောင်ဝယ် ကြည်ညိုဖွယ်ရာ ဖူးတွေ့ရ၏။ ဘုရားဆောင်ရှေ့ရှိ မြေပန်းစိုက် အိုးများမှာ ထိုးစိုက် ထားသော ပန်းရနံ့နှင့် ဆီမီးပူဇော်ထားသော နံ့သာဆီမှာ မွှေးကြိုင်နေလေသည်။
" ဧည့်သည်က တွေ့ချင်လို့ပါတဲ့ ဘုရင်မ "
ကိုမျိုးခိုင်အား အခန်းဝမှာ ထားခဲ့ပြီး ရံရွှေတော်က ဘုရင်မထံ ၀င်သွားကာ ရိုသေစွာ ဒူးထောက်ပြီး ပြော လိုက်၏။
" အချိန်မတော်ကြီးမှာ ဘာကိစ္စတဲ့လဲကွယ် "
သာယာချိုအေးသော အသံဖြင့် ဘုရင်မက မေးလိုက်၏။

" မသိပါ ဘုရင်မ၊ အခန်းဝမှာ စောင့်နေပါတယ် "
ရံရွှေတော်၏ စကားကြောင့် ဘုရင်မသည် ဘုရားခန်းဆောင်မှ ထွက်လာလေသည်။ အခန်းပြင်ဘက် ရောက်သောအခါ ကိုမျိုခိုင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပိုးရောင်တောက်ပသော အ၀တ်ကို ခင်းထား သည့် ခုံတစ်ခုပေါ်မှာ ထိုင်လိုက်၏။ ကိုမျိုးခိုင်က ထုံးစံအတိုင်း၊ ဘုရင်မနှင့် ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်သည်။
" အရေးကြီးတဲ့ကိစ္စ ရှိသလားကွယ် "
ဘုရင်မက ကိုမျိုးခိုင်၏ မျက်နှာ မကြည်လင်သည်ကို အကဲခတ်မိ၍ အသံကိုနှိမ်ပြီး မေးလိုက်သည်။

" အရေးကြီးပါတယ် ဘုရင်မ၊ အချိန်မရလို့ တိုတိုပဲ ပြောပါရစေ၊ ငါ့ညီလေး အခုပဲ ရောက်လာပါလိမ့်မယ်၊ သူ့ကို ဒီနောင်စငဲ့က အခုချက်ချင်း ထွက်ခွာသွားဖို့ အမိန့်ချ နှင်ပေးပါ "
တုံးတိတိ ပြောလိုက်သော ကိုမျိုးခိုင်စကားကြောင့် ဘုရင်မသည် ချစ်စရာကောင်းအောင် မျက်ခုံးကိုပင့်ကာ ...
" ဘာဖြစ်လို့လဲ "
ဟု နားမလည်သဖြင့် မေးလိုက်၏။

ကိုစောအောင်တစ်ယောက် နောက်ပါးရောက်နေပြီလား ဟု စိတ်မလုံသည့် အလျောက် ကိုမျိုးခိုင်က နောက် သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ဘုရင်မဘက်သို့ ပြန်လည်မျက်နှာမူတာ ...
" ဒီ နောင်စငဲ့မှာ ငါမနေချင်တော့ဘူး၊ ဘုရင်မလူတွေကလဲ တို့ကို နက်ဖြန် ဖမ်းသတ်ဖို့ စီစဉ်ထားကြပြီးပြီ၊ ငါ့ညီလေးက ဘုရင်မကိုယ်တိုင် မနှင်ရင် သူ နောင်စငဲ့ မခွာဘဲ အသေခံလိမ့်မယ် ဘုရင်မ၊ သူရောက်လာ ရင် အခုချက်ချင်း ထွက်ခွာသွားဖို့ နှင်ပေးပါ "

ဘုရင်မသည် အပူတပြင်း စိုးရိမ်ကြီးစွာ ပြောနေသော ကိုမျိုးခိုင်၏ စကားကို နားမလည်နိုင်ချေ။ ရေလည် အောင် အကျိုးအကြောင်း မေးမည်ပြုစဉ် ကိုစောအောင် ၀င်ရောက်လာလေသည်။
ကိုစောအောင်ကား ဘာကိုမျှ တွေးတော စဉ်းစားမိဟန် မတူဘဲ ဘုရင်မထံ ရောက်လာရသည့်အတွက် ရွှင် လန်းနှစ်သိမ့်သော မျက်နှာဖြင့် ကိုမျုးခိုင်အနားမှာ ၀င်ထိုင်လိုက်သည်။
" အစ်ကိုက ဒီရောက်နှင့်နေပြီနော်၊ ဘာအကြောင်းကိစ္စပေါ်နေကြပြီလဲ အစ်ကို "

ကြည်လင် သာယာခြင်း မရှိသော ကိုမျိုးခိုင်မျက်နှာနှင့် အံ့အားသင့်ဟန်ပေါ်နေသော ဘုရင်မအား တစ် လှည့်စီကြည့်ကာ အကြောင်းတစ်ခုခုရှိပြီဟု ကိုစောအောင်က တွေးလိုက်၏။
" ကိစ္စကတော့ ပေါ်နေပြီ ညီလေး၊ နောင်စငဲ့သားတွေက နက်ဖြန်ဆို အစ်ကိုတို့ကို ဖမ်းပြီး သတ်ကြတော့ မယ်၊ ဒါကြောင့် ဘုရင်မထံ လာရောက် အကူအညီတောင်းနေတာ "
ကိုစောအောင်က အံအားသင့်စွာဖြင့် ဘုရင်မအား လှည့်ကြည့်လိုက်၏။

ထိုအခိုက် ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ နေထိုင်ရာ အိမ်မှာ မတွေ့ရဘဲ ပျောက်သွားသည်ကို သိရသော နောင်စငဲ့သားများသည် တစ်ရွာလုံးပိုက်စိတ်တိုက်ရှာ၍ မတွေ့သည်တွင် လူစုလူဝေးနှင့် ဒူးလေးကိုယ်စီစွဲ ကာ ဘုရင်မအိမ်တော်ကို ၀ိုင်းကြလေသည်။ တစ်ယောက်တစ်ခွန်းဆူညံစွာဖြင့် မကျေနပ်သော အချက်များ ကို ဟစ်အော်ကြလေသည်။
" တစ်ရပ်တစ်မြေလာပြီး ငါတို့အထွတ်အထိပ်ထားတဲ့ ဘုရင်မကို မတူမတန် ချစ်ကြိုက်နေတဲ့ ဧည့်သည် နှစ်ယောက်ကို ငါတို့ စီရင်ပါရစေ၊ ဘုရင်မ ခွင့်ပေးပါ" ဟူ၍ လည်းကောင်း ...
" ဒီလူနှစ်ယောက် တို့နောင်စငဲ့ တစ်နေရာမှာ ပုန်းနေမှာ၊ ရွာပြင်ကို ဘယ်နည်းနဲ့မှ မထွက်နိုင်သေးဘူး" ဟူ၍ လည်းကောင်း ... ။
" ရှာလို့တွေ့ရင် သတ်ခွင့်ပေးပါ ဘုရင်မ "

ဟူ၍လည်းကောင်း၊ ကြောက်မတ်ဖွယ်ဒေါသကြီးစွာ ဟစ်အော်နေကြသည်။ ခုခံစရာ လက်နက်ဟူ၍ ဓား တစ်ချောင်းမျှပင် မရှိတော့သော ကိုမျိုးခိုင်နှင့် ကိုစောအောင်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် လိုက်ကြပြီးမှ ...
" တို့အတွက် ဘုရင်မသိက္ခာ ထိခိုက်လိမ့်မယ်၊ အိမ်တော်ပတ်လည်မှာ နောင်စငဲ့သားတွေ ၀ိုင်းနေတော့ ထွက်လမ်းရှိမှာမဟုတ်ဘူး "
ဟု ကိုမျိုးခိုင်က စိတ်မချမ်းမြေ့စွာ ပြောလိုက်၏။

" ဖြစ်ချင်ရာဖြစ် ကျွန်တော် ရင်ဆိုင်မယ် "
ကိုစောအောင်က ပြောပြောဆိုဆို ထိုင်ရာမှ ထလိုက်၏။ အံ့အားသင့်ခြင်းဖြင့် အငေးသားဖြစ်နေသော ဘုရင်မသည် ထိုအခါမှ သတိဝင်လာသည့်အလား ထိုင်ရာမှ လျင်မြန်စွာ ထကာ ...
" ဒီမှာပဲ ငြိမ်ငြိမ်နေခဲ့ကြဦးကွယ် အေးချမ်းအောင် ငါ သွားပြောလိုက်ဦးမယ် "
ဟု မှာကြားကာ အိမ်တော်ရှေ့ လသာဆောင် ဘက်သို့ ထွက်သွားလေသည်။

ဒေါသကြီးစွာ ဆူဆူညံညံ အော်ဟစ်နေသော လူအုပ်ကြီးသည် ထိန်လင်းစွာသာနေသော လရောင်အောက် ၀ယ် ဘွားခနဲထွက်ပြီး ရပ်လိုက်သော ဘုရင်မကို တွေ့ရသောအခါ ရိုသေသောအားဖြင့် အသံများ၊ ဆိတ်ငြိမ်သွားပြီး ခေါင်းဆောင်လုပ်သူတစ်ယောက်ကသာ လိုလားချက်ကို တောင်းဆိုလိုက်၏။
" အလွန်မှ စင်ကြယ်မွန်မြတ်၍ နောင်စငဲ့သား အားလုံးက မိခင်သဖွယ် ဖြူစင်သော မေတ္တာထားခြင်းခံရ သောဘုရင်မအား ညစ်ညမ်းသော စိတ်နဲ့ ချစ်ကြိုက်နေသူဧည့်သည်နှစ်ယောက်အား သေဒဏ်နှင့် အသင့် တော်ဆုံးဖြစ်ပါတယ်၊ ငါတို့ သတ်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ဘုရင်မကန့်ကွက်လျှင် နောင်စငဲ့ သားများစိတ်ဝမ်းကွဲပါလိမ့်မယ် "

ခေါင်းဆောင်၏ လေသံမှာ မာကျော ခက်ထန်လှသည်။ အတွင်းခန်းမှ ပြတ်သားစွာ ကြားနေရသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ နားထဲတွင်ကား အခု နန်းတက်တဲ့ ဘုရင်မက ဘုန်းကံ နည်းရှာတယ်၊ အရင် ဘုရင်မတွေဆိုရင် မြောက်မြားလှတဲ့ နောင်စငဲ့သားများကို တစ်ချက်လွှတ်အာဏာနဲ့ အုပ်စိုးခဲ့တယ် ဟူသော အဘိုးကြီးများစကားကို ပြန်လည် ကြားယောင်လိုက်၏။
" ဒီဧည့်သည်နှစ်ယောက်က အခု ဘယ်မှာလဲ "
ဘုရင်မက တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။

" သူတို့နေဖို့ ပေးထားတဲ့ အိမ်မှာ မရှိဘူး၊ ရွာပြင်ထွက်ဖို့က ရွာတံခါးတိုင်းမှာ အစောင့်ထားတဲ့ ဒူးလေးကိုင် တွေ ရှောင်ထွက်လို့မဖြစ်ဘူး၊ ဒီရွာထဲ တစ်နေရာမှာ ရှိတယ်ထင်တယ်၊ ရှာလို့ တွေ့ရင် သတ်ခွင့်ပေးပါ ဘုရင်မ ... "
ခေါင်းဆောင်လုပ်သူက ဖြေလိုက်၏။ ဘုရင်မ၏ အသံသည် အတန်ကြာ ဆိတ်ငြိမ်နေပြီးမှ ...
" ကောင်းပြီ ရှာလို့တွေ့ရင် သဘောအတိုင်း စီရင်လိုက် "
ဘုရင်မသည် မုသားလွတ် အမိန့်ပေးလိုက်၏။ နောင် သားများသည် ဘုရင်မ၏ ရှောရှောရှူရှူ ကြည်ဖြူသော အမိန့်ကို အားရကျေနပ်ဟန်ဖြင့် " ရှာကြဟေ့ ... တွေ့တဲ့လူ သတ်လိုက်ဟေ့ ... "ဟု အော် ဟစ်ကာ ထွက်သွားကြသည်။ အိမ်တော်ပတ်ဝန်းကျင်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

" သင်တို့နှစ်ယောက် ငါ့ကို ကြိုက်နေတယ်ဆိုတာ ဟုတ်သလား ... "
လသာဆောင်မှ ပြန်ဝင်လာသော ဘုရင်မက ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ရှိရာသို့ ပြန်ရောက်လျှင် ရောက်ခြင်း --- လိုက်၏။
ကိုမျိုးခိုင်ကမူ မဖြေပေ၊ ဆိတ်ဆိတ်နေလိုက်၏။ ရှက်ရွံ့အားနာသောစိတ်နှင့် ဘုရင်မအား မကြည့်ဘဲ မျက် နှာကို တခြားဘက်သို့ လှည့်ထား၏။
ကိုစောအောင်ကမူ ရဲရင့်သော မျက်နှာဖြင့် ဘုရင်မအား စေ့စေ့ကြည့်ကာ ... ။

" ဘုရင်မကို ချစ်ကြိုက်နေတာ တို့နှစ်ယောက်လုံး ချစ်ဘကိုက်တာမဟုတ်ဘူး။ ငါတစ်ယောက်တည်းက ချစ်ကြိုက်တာ "
ဟု ပြတ်ပြတ်သားသား ပြောလိုက်၏။ ကြီးမားသော စုံမက်မြတ်နိုးခြင်းအရှိန်ကို အစွမ်းကုန်လွှတ်ကာ တောက်ပသော မျက်လုံးဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သော ကိုစောအောင်၏ မျက်လုံးဒဏ်ကို ဘုရင်မ သည် ရင်ဆိုင်ရန် မရဲဝံ့သည့်အလား မျက်လွှာချကာ ခေါင်းငုံ့လိုက်၏။

ငါ့ညီလေးကို နောင်စငဲ့က ထွက်ခွာဖို့ ဘုရင်မကိုပစ်တိုင်နှင့် ပေးပါဟူသော ကိုမျိုးခိုင် စကားအဓိပ္ပာယ်ကိုဘုရင်မ ရေလည်သွားလေပြီ။
အတန်ကြာမှ ဘုရင်မသည် ဦးခေါင်းကို မော့ကာ ...
" မအပ်မရာကို သင်ဘာကြောင့် ကြံစည်စိတ်ကူးချင်ရသလဲ၊ ငါ့မျက်စိအောက်မှာ သေကြေပျက်စီးမှာကို မမြင်ချင်လို့ ငါ့လူတွေကို မုသားလွတ် အဖြေပေးလိုက်တာ၊ နောင်စငဲ့က အခုည အခုချိန်မှာ ချက်ချင်း ထွက်သွားပါ ... "
ဟု တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။

" ဘုရင်မကို ခွဲခွာပြီး အသက်ရှင် မနေလိုတော့ပါ၊ နောင်စငဲ့သားတွေ သတ်ရင်လဲ သေပါစေ၊ ဘုရင်မရှေ့မှာပဲ ငါ အသေခံမယ်၊ နောင်စငဲ့ ဒေသက ငါ ဘယ်ကိုမှ မသွားပါရစေနဲ့ ... "
ကြေကွဲလှိုက်လှဲစွာ ပြောလိုက်သော ကိုစောအောင်အား ဘုရင်မသည် ငေးစိုက်ကြည့်ကာ မျက်နှာညိုးသွား လေသည်။ စင်ကြယ်မြင့်မြတ်သော အကျင့်သိက္ခာကို ထိန်းသိမ်းကာ အပျိုစင်ဘ၀ဖြင့် နေရလင့်ကစား ပုထုဇဉ် လူသားမိန်းမတစ်ယောက်သာလျှင်ဖြစ်သော ဘုရင်မသည် ကိုစောအောင်အတွက် စိတ်ထိခိုက် သွားရှာပြီဖြစ်ကြောင်း ကိုမျိုးခိုင် ကောင်းစွာ အကဲခတ်လိုက်မိသည်။
ဇါတ်တရွတ်နိုင်လှသော ကိုစောအောင်ကား မိမိစကားကို မည်သည့်နည်းနှင့်မှ နားဝင်မည် မဟုတ်၍လည်း ကိုမျိုးခိုင်သည် ဘုရင်မအား ဖျောင်းဖျပေးစေလိုသည့် အမူအရာကို ထင်ရှားစွာပြသည့် မျက်နှာဖြင့် အားကိုး မျှော်လင့်စွာ မော်ကြည့်လိုက်၏။

ကိုမျိုးခိုင်၏ မျက်နှာထားကို ဘုရင်မ ရိပ်စားမိဟန်တူသည်။ ဘုရင်မသည် ညိုးသွားသော မျက်နှာကို လျင် မြန်စွာ ပြင်လိုက်၏။
" သင် ... ငါ့ကို တကယ်ချစ်သလား .... "
ဘုရင်မက မေးလိုက်၏။
" တကယ်ချစ်ပါတယ် ဘုရင်မ "
" ကောင်းပြီ၊ သင် တကယ်ချစ်ပါတယ်ဆိုတဲ့ ဘုရင်မအဖို့ အကျင့်သိက္ခာပျက်ပြားတဲ့ မိန်းမတစ်ယောက်အဖြစ် ရောက်ပြီး လက်အောက်ငယ်သားများက မရိုမသေ ဒဏ်ခတ်သတ်ဖြတ်လို့ မရှုမလှသေရမှာကို သင်ကြည့်ရက်မလား "
ဘုရင်မက ၀မ်းနည်းသံ မသိမသာနှောင့်ပြီး ပြောလိုက်၏။

" မကြည့်ရက်ပါဘူး ဘုရင်မ "
" အေး ... မကြည့်ရက်ရင် အခုချက်ချင်း နောင်စငဲ့က ထွက်ခွာပါ၊ ငါနဲ့ ရံရွှေတော်နှစ်ဦးက သင်တို့ လွတ် မြောက်အောင် လျှို့ဝှက်တဲ့လမ်းက လိုက်ပို့ပေးမယ်၊ ငါ့အိမ်တော်မှာ ကြာကြာနေရင် နောင်စငဲ့သားတွေ သိ လိမ့်မယ်၊ သင် မထွက်ခွာဘူးဆိုလျှင် ငါ့အရှက်ကို အသက်နဲ့လဲရမှာမို့ အခုချက်ချင်း လတ်တလောသေစေ တဲ့ အဆိပ်ကို သောက်လိုက်မယ် "
ဘုရင်မ၏ အသံမှာ ငိုသံပါနေသည်။ သူသည် အရှက်ကို ထိန်းသိမ်းလိုသည့် ဆန္ဒတစ်ခုတည်းသာ ရှိပါက ယခုချက်ချင်း နောင်စငဲ့သားများအား အသိပေးလိုက်လျှင် ဖြစ်ကောင်းပါလျက် သူ့အသက်ကို အဆိပ်ဖြင့် စီရင်ရန်ပင် မလိုချေ။
စကားအဓိပ္ပာယ်မှာ ရှင်းလှပေ၏။ ရက်စက်စွာ။ စီရင်မည့် နောင်စငဲ့သားများလက်သို့ ကိုစောအောင်အား သူမအပ်ရက်သည်မှာ ထင်ရှားနေကြောင်း ကိုမျိုးခိုင်က ကောင်းကောင်းကြီး အကခြတ်လိုက်မိ၏။

" ညီလေးအတွက် ဘုရင်မ စိတ်ထိခိုက်နေတာ မြင်ပြီမဟုတ်လား၊ သူ့ကိုတကယ်ချစ်ရင် သူ့အရှက်နဲ့အသက်ကို ငဲ့ကွက်ပါ ညီလေး၊ နောင်စငဲ့က ထွက်ကြပါစို့နော် "
ကိုမျိုးခိုင်က ညင်သာသောအသံဖြင့် ကိုစောအောင်၏ ပခုံးကိုဖက်ပြီး ပြောလိုက်သည်။ ကိုစောအောင် သည် မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် ဘုရင်မအား စိမ်းစိမ်းစိုက်ကြည့်ကာ လေးလံသောသက်ပြင်းကို ချလိုက်၏။

" ကဲ ... သွားစို့ ညီလေးရယ် "
ကိုမျိုးခိုင်ကပြောကာ ကိုစောအောင်ကိုဆွဲပြီး ထိုင်ရာမှ ထလိုက်၏။ ကိုစောအောင်သည် ရုန်းကန်ခြင်းမပြုဘဲ မတ်တတ်ရပ်လိုက်သည်။
" အချိန်လင့်လို့ မသင့်တော်တော့ပါဘူး ဘုရင်မ၊ တို့ ညီအစ်ကို နောင်စငဲ့က လွတ်မြောက်အောင် လမ်းကို အမြန်ဆုံးပြပါ "
နောင်စငဲ့ဒေသမှာ အကျိုးမဲ့ အချိန်ကုန်ပြီး အသက်အန္တရာယ်ဖြစ်မည်ကို မလိုလားသော ကိုမျိုးခိုင်က ဘုရင်မအား နှိုးဆော်လိုက်သည်။

" ကောင်းပြီ ... သွားကြစို့ "
ဘုရင်မက ပြောပြီး ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့အား အထူးခင်မင်နေသော ရံရွှေတော်နှစ်ဦးကို ရွေးပြီး ခေါ်လိုက်သည်။ ကိုမျိုးခိုင်တို့လူစု ဘုရင်မအိမ်တော်မှ ထွက်ခွာအံ့ဆဲဆဲ အချိန်ကား သက်ကြီးခေါင်းချ ကြက်တွန်သံကိုပင် ကြားရပြီဖြစ်၍ ည ဆယ့်တစ်နာရီမျှရှိနေပြီကို ကိုမျိုးခိုင် မှန်းဆမိသည်။ ကုသိုလ်ကံက ထောက်ကူသည့်အလား ထိုအချိန်မှာ မိုးသားများ ပိတ်ဖုံး၍ လမင်း၏ အလင်းရောင်သည် မှိုင်းမှောင်သွား ပြီဖြစ်ရာ ကိုမျိုးခိုင်တို့လူစုသည် ဘုရင်မအိမ်တော်မှ မည်သူတစ်စုံတစ်ယောက်မှ မမြင်စေဘဲ ချောမောစွာ ထွက်ခွာနိုင်ခဲ့ကြလေသည်။ တစ်လမ်းလုံး မည်သူကမှ စကားမပြောကြဘဲ တိတ်ဆိတ်ငြင်သာစွာ လာခဲ့ ကြလေသည်။ ဘုရင်မက ရှေ့ဆုံးမှ သွားသည်။ ကိုမျိုးခိုင်နှင့် ကိုစောအောင်က ဘုရင်မနောက်မှ လိုက်သည်။

ရံရွှေတော်နှစ်ဦးကား နောက်ဆုံးမှလိုက်လာကြသည်။ အိမ်ငယ်မှ အတန်ငယ် ဝေးကွာသောနေရာ သစ်ပင် အုပ်တစ်ခုသို့ ရောက်သောအခါ ဘုရင်မသည် ရုတ်တရက် ရပ်လိုက်ပြီး ...
" ဧည့်သည်နှစ်ယောက် မျက်နှာကို အ၀တ်နဲ့စည်းလိုက် "
ဟု ရံရွှေတော်နှစ်ဦးအား အမိန့်ပေးလိုက်ပြီး ...

" သင်တိုပကို ငါ့ရင်ထဲ အသည်းထဲက ထားတဲ့ စေတနာကြောင့် နောင်စငဲ့ ဘုရင်မတွေရဲ့ အစဉ်အလာကို ဖျက်ပြီး အခုလို ကိုယ်တိုင် လိုက်ပို့ရခြင်းဖြစ်တယ်၊ နောင်စငဲ့သားတွေသိရင် သစ္စာမရှိ၊ သမာဓိမတည်တဲ့ ဘုရင်မရယ်လို့ နန်းချအပြစ်ပေးမှာ အမှန်ပဲ၊ ယခုပါလာတဲ့ရံရွှေတော်နှစ်ဦးက တစ်သက်လုံး နှုတ်လုံပါမှ ငါ့အဖို့ သက်သာရာရမယ်၊ သို့သော် ... ဖြစ်လာမယ့် အရေးတွေ ငါတွေးမပူပါဘူး၊ သင်တို့နှစ်ယောက် ငါ့မျက်စိအောက်မှာ မသေကြေဘဲ ချမ်းသာစွာ လွတ်မြောက်သွားဖို့ကိုသာ လိုလားပါတယ်၊ မျက်နှာကို အ၀တ်စီးမှာ မငြင်းဆန်ကြပါနဲ့ကွယ် ... "
ဘုရင်မ၏အသံမှာ အနည်းငယ်တုန်နေသည်။

" ညီလေး ငြင်းဆန်မနေနဲ့နော်၊ ညီလေးအပေါ်မှာ စေတနာမေတ္တာထားတဲ့ ဘုရင်မကို ငဲ့ညှာပြီး စိတ်ကို ချုပ် တည်းပါညီလေး ...၊ ညီလေး အချစ်နောက်ကို မစဉ်းမစား ကိုယ်ရောစိတ်ရောပါသွားရင် ဘုရင်မမှာ နစ်သွား လိမ့်မယ် ... "
ရံရွှေတော်နှစ်ဦးက သူတို့ပခုံးပေါ်မှာ တင်ယူလာသော အ၀တ်ဖြူများနှင့် ကိုမျိုးခိုင်နှင့် ကိုစောအောင်၏ မျက်နှာကို စည်းနေစဉ်မှာ ကိုစောအောင် စိတ်နောက်ကိုယ်ပါ ပြုမည်စိုး၍ ကိုမျိုးခိုင်က စိုးရိမ်စွာ ဖျောင်းဖျ လိုက်၏။

ကိုစောအောင်ကား တစ်စုံတစ်ရာမှမပြော၊ အသက်ကိုပြင်းပြင်းရှူရှူကာ ငြိမ်နေသည်။ ရံရွှေတော်နှစ်ဦးသည် မျက်လုံးနေရာကို ဂရုစိုက်ပိတ်ပြီးဖြစ်ကြောင်း ဘုရင်မအား ပြောကြားလိုက်၏။
ဘုရင်မသည် ခါးတွင်ချည်ထားသော ပိုးခါးစည်းကြိုးကိုဖြေကာ တစ်ဖက်အစကို ကိုမျိုးခိုင်နှင့် ကိုစောအောင်အား ကိုင်ဆွဲစေပြီး တစ်ဖက်သောအစကိုဆွဲကာ လမ်းပြခေါ်ဆောင်သွားလေသည်။
မျက်ကန်းသဖွယ် ဘာကိုမှမမြင်ရသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့မှာ ဂူအတွင်းဝင်ရသလိုလို၊ ဥမင်လိုဏ်ခေါင်းကို ဖြတ်ရသလိုလို ချောက်ကမ်းပါးဆင်းရသလိုလို တောင်ပေါ်တက်ရသလိုလိုဖြင့် မှန်းဆ၍ မရသောခရီးကို စမ်းတ၀ါးဝါးလိုက်လာခဲ့ရာမှ တောကြက်တွန်သံများကို ကြားရသောအချိန်တွင် ခရီးလမ်းဆုံးရောက်သည့် လက္ခဏာဖြင့် ဘုရင်မသည် ရပ်တန့်ကာ ...
" သင်တို့ မျက်နှာမှာ စည်းထားတဲ့ အ၀တ်တွေကို သင်တို့ ကိုယ်တိုင်ဖြေကြရမယ်၊ ဒါပေမယ့် အ၀တ်ကို မဖြေမီ သင်တို့ စိတ်ထဲက ဗုဒ္ဓ၊ သံဃလို့ အကြိမ်ငါးဆယ်စီ ရွတ်ဆိုပါ။ အကြိမ်ငါးဆယ်စေ့မှ အ၀တ်ကို ဖြေကြနော်၊ ဒီနေရာက မြောက်အရပ်ကို မျက်နှာမူပြီး ပြန်ကြပေရော့ ... "

ဟု ၀မ်းနည်း ကြေကွဲသံဖြင့် ပြောလိုက်၏။
" နောင်စငဲ့ဒေသက လွတ်ပြီလား ဘုရင်မ ... "
ကိုစောအောင်က မေးလိုက်သည်။
" လွတ်ပြီ ... ငါပြောတဲ့စကားကိုသာ လိုက်နာပါ ... "
ဘုရင်မက ပြောပြီး အသံတိတ်သွားသည်။ ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် ဘုရင်မ မှာကြားသည့် အတိုင်း စိတ်တွင်းမှ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟု အကြိမ်ငါးဆယ် ရွတ်ဆိုကာ မျက်နှာစည်းထားသော အ၀တ်များကို ဖြေလိုက်၏။

အချိန်မှာ အရုဏ်ရွှေတော် နှစ်ယောက်ကား အရိပ်အရောင်ပင် မတွေ့ရအောင် ပျောက်ကွယ်သွားပြီဖြစ်၏။
မှိုင်းညို့ရီမှောင်သော နောင်စငဲ့ တောင်တန်းကြီးကား အရုဏ်ဦး၏ မှုန်ရီမှုန်မွှား အလင်းရောင်ဝယ် မှေးမှေး မှိန်မှိန် မျှသာ တွေ့ရလေသည်။
နောင်စငဲ့ဒေသ ဘုရင်မစံရာကို လာခဲ့ကြစဉ်ကလည်း အဘိုးကြီး သုံးယောက်နောင်မှညအမှောင်ဝယ် ယောင် ၀ါးဝါးလိုက်ခဲ့ရ၍ လမ်းမမှတ်မိခဲ့၊ အခု အပြန်ခရီးမှာလည်း မျက်လုံးကို အလုံပိတ်စည်းပြီး ခေါ်ခဲ့ သည်ဖြစ်၍ လမ်းစကို မှန်းဆ၍ မရနိုင်အောင် ဖြစ်ရလေသည်။

ကိုစောအောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မလှုပ်မယှက်ရပ်၍ နောင်စငဲ့တောင်တန်းဆီသို့ ငေးစိုက်တွေဝေစွာ ကြည့်နေရှာသည်။
" ညီလေး .... ကိုယ့်ကို ဘာဝကြင်ဖော်အဖြစ် စိတ်မကူးနိုင်သူ ထူးဆန်းတဲ့ ဘ၀မှာရှိနေတဲ့ မိန်းမတစ် ယောက်အတွက် စိတ်ဆင်းရဲ စွဲလမ်းနေတာ အကျိုးမရှိပါဘူး၊ အဘတို့ထံ အမြန်ရောက်အောင် ပြန်ာကတာ ကောင်းပါတယ်။ အခု လောက်ကြာနေရင် အဘတို့ စိတ်ပူနေရှာလျရော့မယ် ညီလေး၊ တို့ညီအစ်ကို သထုံကထွက်လာတာ နှစ်နှစ်နီးပါးရှိပြီနော် "
ကိုမျိုးခိုင်က ချော့မော့သတိပေးကာ ကိုစောအောင်၏ လက်မောင်းကို ယုယစွာဆွဲခေါ်ရာ လိုက်ပါရင်းက ...
" နန့်နောင်းခါရီက ကျွန်တော့်ကို ရက်စက်ရင် ကျွန်တော် ဒါလောက် စိတ်မထိခိုက်ပါဘူးအစ်ကို၊ သူ ကျွန်တော့်ကိုချစ်ပါတယ်၊ ရိုးတွင်းခြင်ဆီထိအောင် စွဲနေတဲ့ သူတို့ အစဉ်အလာ ဓလေ့ထုံးစံကြီးကြောင့်... "
ကိုစောအောင်၏ အသံသည် ဆို့နင့်ကြေကွဲစွာ တစ်ပိုင်းတစ်စနှင့် ရပ်လိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ကိုမျိုးခိုင်၏ နောက်သို့ လိုက်လာသည်။
" ဘာပဲဖြစ်ဖြစ်လေ၊ သူကမှ ညီလေးကို လက်မခံနိုင်ဘဲ ဟာ ဆွေးနေလို့မဖြစ်သေးဘူး၊ အဘဆီ မြန်မြန်ပြန် ရောက်အောင် လမ်းစရှာဖို့ အရေးကြီးတယ် ညီလေး၊ အခု တို့ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး၊ သူ့မှာလိုက်တဲ့အတိုင်း မြောက်ကို မျက်နှာမူသွားကြစို့ ညီလေး ... "
ကိုစောအောင်သည် ထွက်ပြူစနေရောင်တွင် ပြာမှောင်မှောင် မြင်နေရသော နောင်စငဲ့တောင်တန်းအား တမ်းတကြေကွဲစွာ တစ်ချက်ချ လှည့်ကြည့်လိုက်ပြီး ကိုမျိုးခိုင်နှင့်အတူ မြောက်အရပ်သို့ မျက်နှာမူကာ ခြေလှမ်းပြင်လိုက်သည်။
--------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 2, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၈)

အခန်း (၁၃)

နောင်စငဲ့ တောင်တန်းကြီးမှ ဖြာထွက်လာသော တောင်စွယ် တစ်ကျောမှာ အသစ်ပြန်လည် တည်ထောင် ထား သည့် နောင်စငဲ့ မြို့(၀ါ) အိမ်ခြေသုံးရာမျှသာရှိသော နောင်စငဲ့ ရွာကြီးကား ဘာသာဘာဝ ငြိမ်သက် အေးချမ်းစွာ နေခဲ့ရာမှ မမျှော်လင့်သော ဂျပန်စစ်သားများ၏ ရက်စက်မှုကြောင့် သေဆုံးရသည့် မိဘမောင်ဘွားဆွေမျိုးသားချင်း သက်နျင်းကြင်သူများကြောင့် ရွာကြီးတစ်ရွာလုံး ကြိမ်မီး အုံးသို့ ညိုးချုံးပူဆွေး ငိုကြွေး တမ်းတနေရသည်ကို ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ ကြေကွဲဖွယ်ရာ တွေ့ရ လေသည်။

သေကြေ ပျက်စီးရျာသော လူများအတွက် ဘုရင်မမှာ များစွာ စိတ်ထိခိုက်လှသဖြင့် တစ်လမျှသော အချိန် အတွင်း မှာ မည်သူနှင့်မျှ တွေ့ဆုံခြင်းမပြုဘဲ အဓိဋ္ဌာန်ကို ဆောက်တည်ကာ ဘုရားကို အာရုံပြုမည်ဖြစ်၍ ကိုမျိုးခိုင် နှင့် ကိုစောအောင်တို့မှာ ဘုရင်မကို တွေ့ခွင့်မရသေးချေ။
သီးသန့် ဆောက်ထားသော အိမ်ငယ်တစ်ဆောင်မှာ နေရပြီး အဘိုးကြီး သုံးယောက်နှင့်တကွ နောင်စငဲ့ သားများက ကျွေးမွေးထားသော သတ်သတ်လွတ် ထမင်းဟင်းကို စားသောက်နေရသည်။
နောင်စငဲ့သို့ ရောက်ပြီး လေးငါးရက်မျှ ကြာသောအခါ ကိုစောအောင်ထံ နေ့စဉ် တစ်နေ့တစ်ခေါက် လာနေ ကြဖြစ်သော အဘိုးကြီးသုံးယောက်နှင့်အတူ ရွာကို ဘုရင်မကိုယ်စား အုပ်ချုပ်နေသော အဘိုးကြီးတစ် ယောက် လိုက်ပါလာသည်။

" အဖေ ... ဗုဒ္ဓစံရာ တောင်ထွတ်ကို တို့ညီအစ်ကို သွားချင်တယ်၊ ခွင့်ပြုမလား အဖေ "
ကိုစောအောင် က အကြီးအကဲ အဘိုးကြီးအား ခွင့်တောင်းလိုက်၏။ အဘိုးကြီး၏ ဖြူဖပ်ဖြူရော် မျက်နှာကြီး မှာ စိတ်မကောင်း သောအသွင် ပေါ်လာပြီး ကိုစောအောင်အား ဤသို့ ပြောပြလိုက်၏။
" ငါ့သားများပြောတဲ့ ဗုဒ္ဓဆိုတာ ဘိုးဘွား မိဘများလက်ထက်ကတော့ ဖူးခွင့်ကြုံလို့ ဖူးထိုက်လို့ ဖူးခဲ့ကြရ တယ်။ နောင်စငဲ့ မြို့ကြီး ပျက်စီးပြီးမှ အခုနေတဲ့ မြို့သစ်ကလူတွေ ဘယ်သူမျ မဖူးရတော့ဘူးကွယ့်၊ လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းတဲ့ လူယုတ်မာတွေ၊ တိုင်းပြည်ကို သစ္စာဖောက်တဲ့ လူမသာတွေကြောင့် မြဗုဒ္ဓရော၊ မြရတနာတွေရော၊ ဗုဒ္ဓဆေးပင်ရော ကွယ်ပျောက်ခဲ့ပြီ သားတို့ရေ၊ ဟိုတုန်းက အဖိုးတန် မြင့်မြတ် တဲ့အရာ တွေရှိလို့ နောင်စငဲ့ တောင်ထွတ်ကို ဘယ်သူမှ လာခွင့်မပေးခဲ့သော်လည်း အခုတော့ အားလုံး ပျောက်ကွယ် သွားတဲ့အတွက် သွားလိုတဲ့လူ သွားကြပေါ့ကွယ် ...

" အဲ ... လမ်းခရီးဆိုတာတော့ တောကြီးအတိ ပိတ်ဖုံးနေလို့ နည်းနည်းမှ မလွယ်ကူတာ အမှန်ပဲ၊ လမ်းက လုံးလုံးသားပျောက်သွားပြီကိုး၊ အခုတော့ တို့တစ်တွေရဲ့ ၀တ္တရားက တို့နေတဲ့မြို့ကို ခွင့်မပြုဘဲ နိုင့်ထက်စီး နင်း ၀င်လာသူ၊ တို့ ဘုရင်မကို ရန်မူမယ့် သူကိုသာ တို့က ကာကွယ် ခုခံတော့တယ်၊ မြဗုဒ္ဓစံတော်မူခဲ့ရာ တောင်ထွတ် ကိုတော့ အကာအကွယ် မပြုတော့ဘဲ လက်လွှတ်လိုက်ပြီ၊ ကာကွယ်စရာလဲ ဘာမှမရှိတော့ဘဲ ကိုး၊ ဆင်နေ၊ ကျားအောင်း၊ မြွေ ဆိုးပေါင်းစုံနေကြတဲ့ တောင်တက်ခရီးလမ်းကို ငါ့သားများ မကြောက်ရင်လဲ သွားကြလေ "
" ဘုရင်မထံ ခွင့်ပန်ရဦးမှာလား အဖေ " ကိုစောအောင်က မေးလိုက်သည်။

" ခွင့်ပန်စရာ မလိုပါဘူးကွယ်၊ အဖေ ပြောခဲ့တဲ့ အတိုင်း မြတောင်ထွတ်ကို တို့ လက်လွှတ်ထားပြီဟာပဲ၊ အင်း ... အခု ဘုရင်မက ဘုန်းကံနည်းရှာတယ်၊ သူ့ကုသိုလ်ပေါ့လေ "
အဘိုးကြီးက ညည်းညည်းညူညူ ပြောလိုက်၏။
" ဘာကြောင့်လဲ အဖေ "
ကိုစောအောင်က မေးလိုက်သည်။

" သြော် ... ဟိုအရင် ဘုရင်မတွေကတော့ မြတောင်ထွတ်ပေါ်ကို တစ်နှစ်တစ်ကြိမ် အခမ်းအနားကျင်းပပြီး တက်ဖူးကြရတယ်၊ စည်ကား သာယာဝပြောလှတဲ့ နောင်စငဲ့မြို့ကြီးက လူတွေ အများကြီးကို တစ်ချက် လွှတ် အမိန့်တော်နဲ့ အုပ်ချုပ်နေရတယ်၊ စံအိမ်တော်ကလဲ ခမ်းခမ်းနားနားနဲ့၊ ဘုရင်မကိုယ်တော်မှာလဲ မြရတနာ တွေကို သီကုံး ဆင်မြန်းခဲ့ရတယ်၊ အခု ဘုရင်မမှာ တိုင်းသူ ပြည်သားကလဲနည်း၊ မြတောင်ထွတ် ကိုလဲ မတက်နိုင်၊ မြဗုဒ္ဓကိုလဲ မဖူးမြော်ရ၊ ဒီနေရာ၊ ဒီဌာနမှာ၊ ဘုရား၊ ဒီရတနာတွေနဲ့ ဒီဆေးပင်တွေရှိပြီး ရတနာတွေ ၀တ်ဆင်ကာ ခမ်းခမ်းနားနားနေတဲ့ ဘုရင်မရှိနေတယ်လို့ သတင်းလွင့်သွားရင် ယုတ်မာသူတွေ က ရန်မူမှာ စိုးလို့ မထင်မရှားနေရရှာတယ် သားရယ် ...

" ဘုရင်မဆိုတဲ့ အမည်သညာရှိရုံ သီးသန့်စံအိမ်တစ်ခုရဲ့ ရံရွှေတော်တစ်စုနဲ့သာ နေရရှာတာကလား၊ ဒါနဲ့ တောင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အသားဖြူနီနီ၊ ဆံပင်ဝါ၀ါ၊ မျက်လုံးပြာပြာ၊ နှာခေါင်းချွန်ချွန် လူယုတ်မာ တစ်စု လာသေးတယ်၊ အဲဒီ တစ်စုကတော့ တစ်ယောက်မှ မလွတ်ဘူးကွယ့်၊ အားလုံး တို့နောင်စငဲ့သားတွေ ရဲ့ ဒူးလေးစာ မိသွားကြတယ်၊ အခု သားတို့ကတော့ တို့ရဲ့ အမျိုးအဆွေလဲဟုတ်၊ ကျေးဇူးရှင်လဲဟုတ်တာမို့ တို့က အခုလို မြို့ထဲဝင်ခွင့်ပြုပြီး ကောင်းကောင်း လက်ခံထားတာကွယ့် "

" ဒါဖြင့် နောင်စငဲ့တောင်ထွတ်ကိုတက်ဖို့ရာ ဘာအတားအဆီးမှမရှိရင် နက်ဖြန်ပဲတက်မယ် အဖေ " ကိုစောအောင်ကား စိတ်ထက်သန်စွာ ပြောလိုက်၏။

" ဒါတော့ နင်တို့သဘောပေါ့၊ မောရုံရှိမှာပဲလို့ ငါထင်တယ်၊ ဘာရည်ရွယ်ချက်မှမရှဘဲ ကံအားလျော်စွာ ရောက်သွားတဲ့လူအဖို့ ဖူးခွင့်ကြုံရင် ဖူးထိုက်ရင် မြဗုဒ္ဓကို ဖူးရမယ်၊ တစ်ခုခု လိုချင်ဇောနဲ့ သွားရင်တော့ ဘယ်တော့မှ တောင်ထွတ်ကို မရောက်နိုင်ဘူး၊ ရောက်သွားဦးတော့ ဘာမှ တွေ့မှာ မဟုတ်ဘူး "
အဘိုးကြီးကပြောလိုက်သော စကားကြောင့် ကိုစောအောင်မှာ စိတ်မလုံလဲ ဖြစ်သွားမိသည်။
" ကဲ ... ငါတို့ ပြန်ကြစို့ဟေ့ "
အကြီးအကဲ အဘိုးကြီးကပြောပြီး ထိုင်ရာမှ ထပြန်သွားသောအခါ ကျန်အဘိုးအို သုံးယောက်ကလည်း လိုက်သွားကြလေသည်။
နောင်စငဲ့ ဘာသာစကားကို မတတ်သဖြင့် ကိုစောအောင် အနားမှာ ဆိတ်ငြိမ်စွာ ထိုင်နေသော ကိုမျိုးခိုင် အား ကိုစောအောင်က တစ်လုံးမကျန် သာသာပြန်ပြောလိုက်သည်။ ကိုမျိုးခိုင်ကား ကိုစောအောင်၏ စိတ် သဘောထားကို ဆန့်ကျင်ဘက်မပြုပေ။
--------------------------
အခန်း (၁၄)

မြဗုဒ္ဓ ကိန်းဝပ်တော်မူရာ အတိုင်းမသိ တန်ဖိုးရှိသော မြရတနာများနှင့် ဗုဒ္ဓဆေးပင်ရှိရာ နောင်စငဲ့ တောင် ထွတ်ကြီး ကို ထိပ်ရောက်အောင်တက်မည်ဟု အားခဲလာသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် မောပန်း နွမ်းနယ်ခြင်း ကို ပမာဏမထားဘဲ ဇွဲကြီးကြီးဖြင့် ခဲယဉ်းပင်ပန်းစွာ တက်လာကြသည်။
လမ်း ဟူ၍ ယောင်ယောင်ကလေးမျှမရှိဘဲ ထူထပ်လှစွာသော ဆူးပင်၊ ချုံနွယ်၊ သစ်ပင်ကြီးငယ်များ ယှက် ထွေးအုပ်ဆိုင်း ပိတ်ဆီးနေသည်ကို ဓားတစ်ယောက်တစ်လက်စီဖြင့် ခုတ်ထွင်ကာ တက်လာခဲ့ရာ ပေနှစ်ရာ ကျော်မျှ အမြင့်သို့ ရောက်လာပြီဖြစ်၏။

" အစ်ကို ... သိပ်မောနေပြီနော် ... နားဦး အစ်ကို "
ချွေးများ စိုရွှဲကာ နွမ်းဟိုက်နေရှာသော ကိုမျိုးခိုင်အား ကိုစောအောင်က ကြင်နာစွာ ပြောကာ ...
" ရော့ ... အစ်ကို၊ အမောပြေ ရေသောက်လိုက်ဦး "

ဟု ပခုံးမျာလွယ်ထားသော ရေဘူးကို လှမ်းပေးလိုက်၏။ မောဟိုက်လှသဖြင့် ကိုမျိုးခိုင်သည် စကားတစ်လုံး မှ မပြောတော့ ဘဲ ကိုစောအောင်လှမ်းပေးသော ရေဘူးကိုယူကာ မော့သောက်လိုက်သည်တွင် မော့လိုက် သော ကိုမျိုးခိုင် ၏ မျက်လုံးအစုံသည် သူတို့အထက် ပေအစိတ်မျှမြင့်သော တောင်စောင်းဝယ် မလှုပ်မယှက် ငြိမ်သက်စွာ မတ်တတ်ရပ်၍ သူတို့အား ကြည့်နေသော ထူးခြားသည့် ပုံသဏ္ဍာန်ကြောင့် ကိုမျိုးခိုင်မျက်လုံး အပြူးသားဖြစ်သွားသည်။ ကိုင်ထားသော ရေဘူး လက်မှ လွတ်ကျသွားလေသည်။

" အစ်ကို ... ရေဘူးမကိုင်နိုင်အောင် မောနေပြီ ထင်တယ် "
ကိုစောအောင် က ရယ်မောပြောကာ ရေများ ဖိတ်စင်ကုန်ပြီဖြစ်သော ရေဘူးကို ကောက်ယူလိုက်၏။ သို့ တစေလည်း ကိုမျိုးခိုင်က မလှုပ်မယှက်ပင် စကားလည်းတစ်ခွန်းမှ ထွက်မလာသောကြောင့် ...
" အစ်ကို ဘာဖြစ်လို့လဲဟင် "
ကိုစောအောင် က ထိတ်ထိတ်ပျာပျာမေးကာ ကိုမျိုးခိုင်၏ မျက်နှာကို ကြည့်လိုက်၏။ မျက်လုံးအပြူးသားနှင့် ပါးစပ် ဟကာ ငေးမောနေသော ကိုမျိုးခိုင်ကမူ သတိလစ်ဟင်းနေသူကဲ့သို့ တွေ့ရသော ပုံသဏ္ဍာန်ကိုသာ မျက်တောင်မခတ် ကြည့်နေသည်။

ကိုစောအောင်က ထူးခြားသော ကိုမျိုးခိုင်၏ အမူအရာကြောင့် ကိုမျိုးခိုင် မျက်နှာမူရာကို လှမ်းမျှော်ကြည့် လိုက်၏။ ကိုစောအောင်၏ နှုတ်မှ အံ့အားသင့်စွာ မြည်တမ်းလိုက်မိလေသည်။
" ဒါ ... ဘုရင်မပဲအစ်ကို၊ နန့်နောင်းခါရီ ဘုရင်မပဲ "
အဖြူနှင့် အနီဟင်း တောက်ပပြောင်လက်သည့် သင်တိုင်းရှည်ကို ၀တ်ကာ မည်းမှောင်ရှည်လျားသော ဆံပင် များကို ဖားလျားချထားပြီး ပန်းသရဖူတစ်ခုကို ဦးခေါင်းမှ စွပ်ထားသော ချောမောလှပသည့်ဘုရင်မ နန့်နောင်းခါရီ ကား ရံရွေတော်ဟူ၍ တစ်ဦးတစ်ယောက်မျှမပါဘဲ ကိုယ်တော်ထီးထီးကလျှင် ဤတောင် စောင်းဝယ် ရပ်နေသည်မှာ နောက်ခံသစ်ပင် ချုံနွယ် အစိမ်းရောင်များကြောင့် ဖြူဝင်းသည့် ရုပ်သဏ္ဍာန် သည် ထင်ထင်ရှားရှား ပေါ်လွင်နေသည်။

ဘုရင်မကား မတုန်လှုပ် ကျောက်သားရုပ်တုလို တည်ငြိမ်စွာ ရပ်လျက်ပင်ရှိနေသည်။
" လူအစစ်မှ ဟုတ်ရဲ့လား ညီလေး ... "
နှစ်ယောက်သား အံ့အားသင့်စွာ ကြည့်နေကြရာမျ ကိုမျိုးခိုင်က တစ်စုံတစ်ရာကို တွေးတောပူပန်မိသကဲ့သို့ စိတ်စနောင့်စနင်းဖြစ်သံဖြင့် မေးလိုက်၏။
" မသိဘူး အစ်ကို၊ ဒီကမ်းပါးယံက ရှေးဘုရင်မတွေ ရုပ်ကလာပ်ကို သိုမှီးထားခဲ့ရာ ကမ်းပါးယံဆိုရင် တစ္ဆေ ချောက်နေတာများဖြစ်မလား၊ ပုံသဏ္ဍာန်ကတော့ မှတ်တမ်းပါတဲ့ ဘုရင်မ အတိုင်းပဲ ...၊ လာပါ အစ်ကိုရာ အနားသွားကြည့်ရအောင် အစ်ကိုကြောက်သလား "

ကိုစောအောင်က ပြောပြောဆိုဆို ခြေလှမ်းပြင်လိုက်သဖြင့် ... ။
" သွားလေညီလေး ... အစ်ကိုလိုက်မယ်၊ မကြောက်ပါဘူး၊ ဒါပေမယ့် အစ်ကို့စိတ်ထဲမှာ ... "
ကိုမျိုးခိုင်က စကားတစ်ပိုင်းတစ်စနှင့်ဖြတ်ကာ ...
" သွား ညီလေး ... "
ဟု တိုက်တွန်းလိုက်ပြီး နှစ်ယောက်သား တောချုံများကို တိုးကာ တွေ့ရသေ ဘုရင်မပုံသဏ္ဍာန်ဆီသို့ လှင်မြန်စွာ လာခဲ့ကြ၏။
" သင်တို့ ဘယ်ကလာပြီး ဘယ်ကို သွားမှာလဲ "

လက်တစ်လှမ်းသာသာမျှ အကွာသို့ ရောက်လျှင်ပင် ရပ်နေရာမှ လုံးဝရွှေ့လျားခြင်းမရှိဘဲ ရဲရင့်တည်ငြိမ် သောမျက်နှာ၊ သာယာချိုလွင်သောအသံဖြင့် မေးလိုက်သော ဘုရင်မအား နှစ်ယောက်သား စူးစူးစိုက်စိုက် ကြည့်နေရာမှ ... ။
" လူအစစ်ပဲ ညီလေး ... "
" ဘုရင်မ အစစ်ပဲ အစ်ကို "
ဟု ပြိုင်တူ ပြောလိုက်မိကြ၏။
" ငါ မေးနေတာ ဖြေကြလေ "
ဘုရင်မကထပ်မံ မိန့်မြွတ်လိုက်ပြန်၏။

" တို့နှစ်ယောက်က နောင်စငဲ့သား အဘိုးကြီးသုံးယောက်ကို ရန်သူလက်က ကယ်တင်ခဲ့သူများဖြစ်တယ် ... တောင်ထွတ်ပေါ်က မြဗုဒ္ဓကို ဖူးချင်လို့ လာခဲ့ပါတယ်ဘုရင်မ "
ကိုစောအောင်က ရေလည်ချေငံစွာ ရှင်းပြလိုက်မှ ဘုရင်မ၏ မသိမသာ တင်းမာနေသော မျက်နှာသည် လျော့သွားကာ ပကတိမျက်နှာထား ဖြစ်သွားလေသည်။
ကြောက်မက်ဖွယ် တောအတိဖုံးလွှမ်းနေသော ဤတောင်တက်လမ်းမျာ တစ်ယောက်တည်းလာပြီး ယောက်ျားသား နှစ်ယောက်ကို မကြောက်မရွံ့ ရဲရင့်တည်ငြိမ်စွာ ရင်ဆိုင်ရဲသော ဘုရင်မ၏ သတ္တိကို ကိုမျိုး ခိုင်နှင့် ကိုစောအောင်တို့ ချီးကျူးမိကြသည်။

ကိုမျိုးခိုင် ကား နောင်စငဲ့ ဘာသာစကားကို မတတ်သည့် အလျောက် ၀င်ရောက် ပြောဆိုရန် မလိုဘဲ ဘုရင်မ၏ မျက်နှာကိုသာ မျက်တောင်မခတ်ဘဲ စူးစူး စိုက်စိုက် ကြည့်နေလေတော့၏။
" မြတောင်ထွတ်ကို မတက်ကြနဲ့ကွယ်၊ ဒီကပဲ လှည့်ပြန်ကြပေရော့နော် "
ဘုရင်မ က ကလေးဆိုးများအား ချော့မော့ ဖျောင်းဖျသောမိခင်၏ လေသံမျိုးဖြင့် ပြောပြလိုက်၏။ ဘုရင်မ၏ အသက်မှာ သုံးဆယ်ကျော်ပြီဟု သိခဲ့ရသော်လည်း ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့၏ မျက်စိ ပသာဒတွင်ကား အသက်နှစ်ဆယ်မျှသာ ခန့်မှန်းရအောင် နုပျိုလှပါပေ၏။

" မြဗုဒ္ဓကို ဖူးချင်လွန်းလို့ ခဲယဉ်းစွာ လာခဲ့ရပါတယ် ဘုရင်မ တောင်ထွတ်ကို ရောက်အောင် တက်ပါရစေ "
အားနွဲ့သူ မိန်းမသား တစ်ယောက်မျှသာဖြစ်၍ ဂရုစိုက်ခြင်းမပြုဘဲ ရှောင်ကွင်းတက်သွားလဆင် ဖြစ်နိုင် သော်လည်း ကိုမျိုးခိုင်နှင့် ကိုစောအောင်၏ စိတ်တွင် ဘုရင်မအား မြင်လျှင် မြင်ခြင်း ချစ်ခင်ခြင်း၊ ကြည်ညို ခြင်း၊ ကြင်နာခြင်းစိတ်တို့ ပေါ်ပေါက်လာသည့်အတွက် ဆန့်ကျင်ဘက် ပြုမူလိုသောစိတ် မရှိဘဲ အနူးအညွတ် ခွင့်တောင်းနေကြခြင်းဖြစ်သည်။

" ငါပြောတဲ့ စကားကို နားထောင်ကြပါ၊ ငါ့တိုင်းသူ ပြည်သားများအတွက် စိတ်မခမ်းသာလွန်းလို့ မနေ့က တောင်ထွတ်ပေါ် ငါတစ်ကိုယ်တည်း တက်ခဲ့တယ်၊ ငါ့လူများအတွက် ဆုတောင်းမေတ္တာ ပို့လိုတဲ့ အတွက် ကြောင့် ငါ့မှာ ဘေးရန်မတွေ့ဘဲ ချောချောမောမော တောင်ထွတ်ပေါ် ရောက်ခဲ့တယ်၊ မြေုဒ္ဓကိုလဲ ကြုံတောင့် ကြုံခဲ ဖူးတွေ့ခဲ့ရတယ်၊ လမ်းမှာ ဆင်ရိုင်းရှိတယ်၊ ကျားရှိတယ်၊ မြွေဆိုးတွေရှိတယ်၊ သင့်တို့ အတွက် အသက် အန္တရာယ် ရှိလာလိမ့်မယ် ...

" ဘာကြောင့်လဲဆိုတော့ သင်တို့မှာ မြဗုဒ္ဓကို ဖူးလိုတဲ့ စေတနာသက်သက် မဟုတ်ဘဲ တစ်စုံတစ်ခုသော အရာကို လိုချင်လို့ တောင်ထွတ်ပေါ် တက်လာတာ မဟုတ်လား၊ တမလွန်ဘ၀သို့ ပြောင်းကြွလေပြီးသော ငါ့အစ်မတော် ဘုရင်မများ၏ ၀ိညာဉ်ကို တိုင်တည်ပြီး ငါ အမှန်အတိုင်း ပြောခြင်းဖြစ်တယ်၊ ငါ့ကို မလိမ်ကြနဲ့၊ မှန်တဲ့အတိုင်း ပြောကြ၊ တောင်ထွတ်ပေါ်က ဘာကို လိုချင်သလဲ "
နောင်စငဲ့ဘာသာကို နားမလည်သော ကိုမျိုးခိုင်အဖို့ အမူအရာ မထူးခြားသော်လည်း ကိုစောအောင်ကမူ မသိမသာ မျက်နှာပျက်သွားလေသည်။ ဘုရင်မ၏ မျက်နှာထားနှင့် အသံကြောင့် ကွယ်ဝှက် လိမ်လည်လို သောစိတ် မရှိချေ။

" လူသတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ဗုဒ္ဓဆေးပင်ကို လိုချင်လို့ပဲ ဘုရင်မ "
ကိုစောအောင်၏ အဖြေကြောင့် ဘုရင်မ၏ တည်ငြိမ်သော မျက်နှာမှာ ပြုံးရောင်သန်းသွားလေသည်။ သို့သော် ကြည်လင်သော အပြုံးကား မဟုတ်၊ ကြေကွဲဝမ်းနည်းသော မချိပြုံးဖြစ်၏။ ဘုရင်မသည် ဦးခေါင်း ကိုဖြည်းလေးစွာ ခါရမ်းလိုက်သည်။

" မတန်တော့ဘူးကွယ်၊ လူတွေက သစ္စာလဲမရှိ၊ ကတိလဲမတည်၊ သမာဓိလဲ ပျက်ကြတော့ ဗုဒ္ဓဆေးပင်တွေ ကွယ်ပျောက်ခဲ့ပြီး သင်တို့နေရပ်မှ လောဘ၊ ဒေါသ၊ မောဟ ထူပြောတဲ့ လူတွေအတွက် မဆိုထားနဲ့၊ ငါတို့ နောင်စငဲ့က သတ်သတ်လွတ် စားနေကြတဲ့ လူတွေအတွက်တောင် သစ္စာဖောက်သူများကြောင့် သုံးခွင့်မရ အောင် ပျောက်သွားပြီပဲ၊ မဖြစ်နိုင်တဲ့ကိစ္စကို မကြံစည်ကြနဲ့ ပြန်ကြနော် "
ကိုမျိုးခိုင်နှင့် ကိုစောအောင်သည် ဆိတ်ငြိမ်စွာဖြင့် ဘုရင်မ၏ မျက်နှာကို အငေးသား စိုက်ကြည့်နေမိသည်။ ထိုအခိုက် ကျားဟိန်းသံနှင့် ဆင်အော်သံသည် မိုးခြိမ်းသလို ကြောက်မက်ဖွယ်ကြားရလေသည်။
မမျှော်လင့်ဘဲ ရုတ်တရက် ကြားရသဖြင့် ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့မှာ အမှတ်တမဲ့ ဖြစ်၍ ဆတ်ခနဲ တုန်လှုပ်သွားကြသည်။ ဘုရင်မအား တည်ငြိမ်မြဲ တည်ငြိမ်လျက်ပင်။

" ကြားကြတယ်မဟုတ်လား၊ ဒီတောင်ထွတ်ကို နောင်စငဲ့သားတွေ လက်လွှတ်လိုက်ရတော့ သဘာဝ တောတိရစ္ဆာန်များက စောင့်ရှောက်နေကြတယ်၊ မသမာသောစိတ်န့ တက်ရင် အသက်ဆုံးရှုံးမှာမလွဲဘူး၊ ငါ့စကားကို နားထောင်၊ လာပြန်ကြမယ် "
ဘုရင်မသည် အေးမြတည်ငြိမ်သော အသံဖြင့် ပြောကာ တောင်အောက်သို့ ရှေ့ရှုဆင်းသွားလေသည်။ ကိုမျိုးခိုင်သည် ဆင်းသွားသော ဘုရင်မအား မျက်ခြည်မပြတ် လှမ်းမျှော်ကြည့်ရင်း ကိုစောအောင် ဘာသာ ပြန်ပြောနေသည်ကို နားထောင်နေသည်။ ကိုစောအောင်၏ စကားဆုံးသောအခါ ...
" ညီလေး ဘယ်လိုသဘောရသလဲ " ဟု မေးလိုက်၏။

" ဘုရင်မစကားကို နားထောင်တော့မယ်အစ်ကို၊ လမ်းမှာ တွေ့ရမယ့် ဘေးရန်ကို ကြောက်လို့ မဟုတ်ဘူး၊ ဘုရင်မကို ချစ်လို့ သူ့စကားကို နားထောင်တာ "
ကိုစောအောင်က ဆင်းသွားသော ဘုရင်မအား ငေးမျှော်ကြည့်ရင်းက ဖြေလိုက်၏။
" ဘာ ... ညီလေး က ဘုရင်မကို ချစ်တယ် " ကိုမျိုးခိုင်က အံ့သြစွာ မေးလိုက်၏။

" ဟုတ်တယ် အစ်ကို ကျွန်တော့်စိတ်မှာ ဘယ်လိုဖြစ်မှန်းမသိဘူး၊ ချစ်သူရည်းစားရယ်လို့ မထားခဲ့ဘူး၊ ချစ် ရည်စူးရယ်လို့ အခု ဘုရင်မကို တွေ့ရတော့ ကြည့်လေ စွဲမက်မြတ်နိုးစရာကောင်းလေ၊ ဒါလောက် ကျက်သ ရေရှိပြီး ချစ်စရာကောင်းတဲ့ မိန်းမ လောကမှာ မရှိဘူးလို့ ထင်တယ်၊ ကျွန်တော် ချစ်တယ်အစ်ကို၊ သူ့ကို ချစ်တယ် "
ကိုစောအောင်သည် စိတ်ရင်းဖြောင့်သူတစ်ယောက် ဖြစ်သည့်အလျောက် ကွယ်ဝှက်မှုမရှိဘဲ စိတ်တွင်း ရင်တွင်းမှာ ဖြစ်သမျှကို လှစ်ဟလိုက်သည်။ ကိုမျိုးခိုင်က စိတ်ရှုပ်သော မျက်နှာဖြင့် ကိုစောအောင်အား ကြည့်လိုက်၏။

" ဖြစ်ပါ့မလား ညီလေးရာ၊ ဘုရင်မအနေနဲ့ တစ်သက်လုံး ယောက်ျားယူမှာလဲမဟုတ်၊ အသက် အရွယ်ချင်း ကလဲ မတူ၊ ဘုရင်မက ကြည်ဖြူအုံးတော့ နောင်စငဲ့သားတွေက သည်းခံမလား ညီလေး ဒူးလေးစာမိသွား မှာပေါ့ "
" အို ... ဘုရင်မကသာ ကြည်ဖြူပါစေ၊ အသက်အရွယ်တွေ နောင်စငဲ့သားတွေကို ကျွန်တော့် စိတ်ထဲမှာ မတွေးပါဘူး။ ဒီဒေသကလွတ်အောင် ဘုရင်မကို ဆောင်ကြဉ်းသွားနိုင်ပါတယ် "
ကိုစောအောင်က တဇွတ်ထိုး ပြောနေသည်။

" ခက်လိုက်တာ ညီလေးရာ၊ အစဉ်အလာ ဘုရင်မတွေ အဖြစ် အပျိုစဉ်ဘ၀နဲ့ သစ္စာသမာဓိကို ထိန်းနေကြ ရတာ၊ ဘယ်က ရောက်လာမှန်းမသိတဲ့ ညီလေးလိုလူကို အလွယ်တကူ ချစ်နိုင်ပါ့မလား၊ စဉ်းစားဦးမှပေါ့ "
" သူ ချစ်လာတဲ့အထိ နောင်စငဲ့မှာပဲ ဇွဲကြီးကြီးနဲ့ စောင့်မယ် အစ်ကိုရေ "
ကိုမျိုးခိုင်က အကျိုးသင့် အကြောင်းသင့် ဖျောင်းဖျ ချော့မော့၍ မရချေ။
" ကဲ ... ညီလေး သဘောပဲကွယ်။ လာ ... သွားကြစို့ ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး၊ အစ်ကို့စိတ် ထဲမှာ နေရတာ စိတ်မသန့်ဘူး၊ ဒီကျောက်ကမ်းပါးယံဟာ ဘုရင်မတွေ ရုပ်ကလာပ် သိုမှီးရာဌာနလား မသိဘူး၊ သွားစို့ ညီလေး ရယ် "
နောင်ခါမှ နားဝင်အောင်ပြောတော့မည်ဟု ကိုမျိုးခိုင် ဆုံးဖြတ်ကာ ကိုစောအောင်ကို အချိုသပ်ပြီး ခေါ်လာ ခဲ့ရသည်။
-----------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 1, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၇)

အခန်း (၁၂)

ခရီး အသော့နှင်လာခဲ့သော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် သုံးရက်မြောက်သော ညနေ၀ယ် မှိုင်းညို့ ရီမှောင်သော နောင်စငဲ့ တောင်ကြီး၏ အခြေသို့ ကပ်မိကြပြီဖြစ်၏။ နှစ်ယောက်သား အထူး သတိထားကာ မီးဖို ပင် မဖိုတော့ဘဲ ပြောင်းဖူးမှုန့်ကို မပြုတ်ဘဲစားပြီး ချုံကြီးတစ်ခုအတွင်းမှာ ဆိတ်ငြိမ်စွာ ခိုအောင်းနေ သည်။
အချိန်မှာ ညနေစောင်းနေပြီ ဖြစ်သော်လည်း ၀င်လုဆဲ နေရောင်ကြောင့် အမှောင်ရိပ် မသန်းသေးဘဲ လင်းလျက်ပင်ရှိသေးသည်။

ထိုအခိုက် မသဲကွဲသော ဗလုံးဗထွေး ဆူဆူညံညံအသံများကြောင့် နှစ်ယောက်သား ချုံထဲတွင်အောင်းနေ ရာမှ ထက်ကြပ်မကွာ ယူဆောင်လာသော ခြောက်လုံးပြူးနှင့် နှစ်လုံးပြူးသေနတ်များကို ပြန်လည် စစ်ဆေး ကြည့်ကာ အရေးရှိက ပစ်ရန် အသင့်ပြင်ထားကြပြီး သတိကြီးစွာထားကာ နားစွင့်နေကြသည်။
" ကျောက်ဥဒေါင်းကြီး မြည်လိုပမျာ တို့လာတာသိပြီးထွက်ရှာကြသလား မသိဘူးညီလေး "
ကိုမျိုးခိုင်က လေသံဖြင့် တီးတိုးပြောလိုက်၏။ ကိုစောအောင်ကမူ ဘာမျှပြန်မဖြေသေးဘဲ တဖြည်းဖြည်း နီး ကပ်လာသောအသံများကို စိတ်အားထက်သန်စွာ စူးစိုက်နားထောင်နေရာမှ ...
" နောင်စငဲ့က လူတစ်စု ဒုက္ခရောက်လာပြီထင်တယ် " ဟု တီးတိုးပြန်ပြောလိုက်သည်။

" ဟင် ... ညီလေး ဘယ်လိုသိလဲ"
ကိုမျိုးခိုင်က အံ့အားသင့်စွာ မေးလိုက်သည်။
" စကားသံတွေ အစ်ကိုကြားတယ် မဟုတ်လား "
" ကြားတယ် ညီလေး၊ ဒါပေမယ့် အစ်ကိုမှ နားမလည်ဘဲ "
" စကားသံတချို့က ဘာစကားလဲ မသိဘူး၊ ကျွန်တော် နားမလည်တဲ့ စကားတစ်မျိုး အစ်ကို၊ စကားသံတချို့ ကကျွန်တော် နားလည်တဲ့ နောင်စငဲ့ ဘာသာအစ်ကိုရဲ့ "
" ဟုတ်လား ညီလေး၊ ဘာတွေဖြစ်ကြလဲ "

" နောင်စငဲ့ ဘာသာနဲ့ပြောတဲ့ စကားတွေမှာ တို့ဒေသကို လာစော်ကားရင် တို့ကာကွယ်ရမယ်၊ နင်တို့ သတ် ချင်သတ်လိုက် မကြောက်ဘူး၊ ငါတို့တတွေဟာ သူတော်ကောင်းတွေ၊ ငါတို့ကိုပြစ်မှားရင် နင်တို့လဲ သေခြင်း ဆိုးနဲ့ သေမယ်လို့ အဓိပ္ပာယ်ရတယ်အစ်ကို၊ အဲဒီတော့ ...
ကိုစောအောင်၏ စကားမဆုံးမီ တောချုံများကို တဗြုံးဗြုံးတဗြင်းဗြင်း တိုးခွေ့လာသောအသံများ နီးကပ်စွာ ကြားရသဖြင့် နှစ်ယောက်သား တိတ်ဆိတ်စွာဖြင့် ချုံအတွင်းမှ ချောင်းကြည့်လိုက်ကြ၏။
" ဟာ "
" ဟင် "

ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ များစွာ အံအားသင့်သွားကြသည်။ ဖြူဖပ်ဖြူရော် အသားအရည်၊ မျက်ခွံမို့မို့ ကြောင်တက်တက်မျက်လုံးဖြင့် ခေါင်းတုံးပြောင်အောင် ရိတ်ထားသော အနီနှင့်အနက်စင်း သင်တိုင်းရှည် ကြီးများ ၀တ်ထားကာ ဦးခေါင်းတွင် ကွဲပြဲသော ဒဏ်ရာများဖြင့် သွေးများပေကျံနေသော လူသုံးယောက်ကို ဘောင်းဘီ၊ အင်္ကျီ၊ သားရေဖိနပ်ကြီးများကိုယ်စီစီး၍ သေနတ်၊ ဓားရှည်များ ကိုင်ထားသော လူဆယ်ယောက် ခန့်က နှုတ်မှ ဒေါသကြီးစွာ အော်ဟစ်ရေရွတ်ရင်း ရိုက်နှက်ကာ ကြိုးနှင့် ချီဆွဲခေါ်လာသည်ကို တွေ့ရသည်။
" ဒါ ဂျပန်စစ်သားတွေပဲဖြစ်မယ် ညီလေး "
သတင်းစာ မဂ္ဂဇင်းများတွင် ဂျပန်စစ်သားများ၏ ဓာတ်ပုံကို တွေ့မြင်ဖူးနေသော ကိုမျိုးခိုင်က ကိုစောအောင်အား လက်တို့ပြီး လေသံဖြင့် ပြောလိုက်၏။

" ဟုတ်လိမ့်မယ် အစ်ကို၊ အခု စစ်ဖြစ်နေတာပဲ၊ ဂျပန်တွေ ထိုင်း - မြန်မာနယ်စပ်က ၀င်လာရင်း နောင်စငဲ့ကို တွေ့သွားဟန်တူတယ် ...
" ဟို လူသုံးယောက်ဟာ နောင်စငဲ့သားတွေပဲ ဖြစ်မယ်၊ သူတို့ရုပ်ရည်နဲ့ ၀တ်ဆင်ပုံက မှတ်တမ်းထဲကအတိုင်းပဲ အစ်ကို၊ သူတို့ပြောနေတာလဲ နောင်စငဲ့ ဘာသာပဲ "
ကိုစောအောင်ကလည်း လေသံဖြင့် ရှင်းပြလိုက်၏။
" ဒုက္ခပါပဲ ညီလေးရာ၊ နောင်စငဲ့ ဒေသတစ်ခုလုံး သူတို့ချေမှုန်းပြီးများ ဖြစ်နေပြီလား "
ကိုမျိုးခိုင်က တွေ့ရသောရှုမြင်ကွင်းကို စိတ်မချမ်းမသာစွာဖြင့် ညည်းလိုက်သည်။

ဘာဖြစ်လာမှန်းမသိရသော ထိုလူစုသည် ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ ပုန်းအောင်းရာ ချုံရှေ့တည့်တည့် သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာကာ ရပ်ဆိုင်းလိုက်ပြီး နောင်စငဲ့သား သုံးယောက်အား ဘာတွေမှန်း မသိ ဒေါသကြီးစွာ ပြောကာ သေနတ်ဒင်ဖြင့် ရက်ရက်စက်စက် ရိုက်လိုက်သည်။
ကြိုးနှင့် တုပ်ထားပြီးသော နောင်စငဲ့သား သုံးယောက်မှာ ပုံလျက်လဲသွားသည်ကို ချုံအတွင်းမှ မြင်လိုက်ရ သော ကိုစောအောင်သည် အံကိုတင်းတင်း ခဲလိုက်ပြီးမှ ...
" ဖြစ်ချင်ရာဖြစ် အစ်ကို၊ ကျွန်တော် မကြည့်ရက်တော့ဘူး၊ အစ်ကို ကျွန်တော်နဲ့အတူ စွန့်စားနိုင်မလား "
ဟု တီးတိုးပြောပြီး ခြောက်လုံးပြူးဖြင့် ဂျပန်စစ်သားများအား ချုံအတွင်းမှ ချိန်လိုက်၏။

" ချညီလေး ... အစ်ကို သတ္တိရှိပါတယ် "
ကိုမျိုးခိုင်က သဘောတူလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ဘက်မှ ကျည်ဆံဆယ့်နှစ်တောင့်သည် ပတ်ဝန်း ကျင်ကို ဂရုမထားဘဲ လဲနေသူ နောင်စငဲ့သား သုံးယောက်ကို မဲနေသည့် ဂျပန်စစ်သားရှစ်ယောက်အား အရုပ်ကြိုးပြတ်သံလို ပုံလျက်သား လဲကျသွားစေတော့သည်။
ကျည်ဆံမမှန်ဘဲ ကျန်နေသော ဂျပန်စစ်သားနှစ်ယောက်သည် ပြေးမည့်ဟန်ပြင်လိုက်သည်တွင် ခြေလေးငါး လှမ်းမျှအရောက်မှာ ကိုစောအောင်လက်မှ နှစ်လုံးပြူးသေနတ် ကျည်ဆံကြောင့် လဲကျသွားလေသည်။

" ငါတို့ကို ပြစ်မှားလို့ သေချင်းဆိုးနဲ့ သေကြပြီ "
လဲနေသော နောင်စငဲ့သားသုံးယောက်ထံမှ အသံသဲ့သဲ့ထွက်လာသည်။
" အစ်ကို ချုံထဲက အရမ်းမထွက်နဲ့ဦး၊ သူတို့ မသေသေးရင် သေနတ်နဲ့ လှမ်းပစ်နိုင်မှာ၊ အကဲခတ်ဦး အစ်ကို "
ကိုစောအောင်က သတိရှိစွာပြောပြီး နှစ်ယောက်သား အတန်ကြာ ငြိမ်ဝပ်စွာနေကြပြီးမှ ချုံထဲမှ အသံမကြား အောင်ငြင်သာစွာ ထွက်လာကြသည်။
အချို့ ဂျပန်များမျာ မသေမရှင် ဖြစ်နေကြသေးသည်ကို တွေ့ရသည်။ နှစ်ယောက်သား အရိပ်အခြေကိုကြည့်ကာ လျှင်မြန်ဖျတ်လတ်စွာ သေနတ်လက်နက်များကို သိမ်းယူလိုက်ကြ၏။ သွေးရဲရဲ ဖြင့် လဲနေကြသော နောင်စငဲ့သား သုံးယောက်သည် ကိုမျိုးခိုင်နှင့် ကိုစောအောင်အား သနားစဖွယ် မော် ကြည့်နေကြသည်။

" အစ်ကိုရေ ... ဟိုကောင်တွေအတွက် စိတ်ချရပြီပဲ၊ ဒီလူ သုံးယောက်ကို ကြိုးဖြေကြရအောင် "
ကိုစောအောင်က ပြောပြောဆိုဆို နောင်စငဲ့သားများအား တုပ်ထားသောကြိုးကို ဓားနှင့် လှီးဖြတ်လိုက် သည်။ ကိုမျိုးခိုင်ကလည်း ကူညီဖြတ်ပေးသည်။
အနှောင်အဖွဲ့မှ လွတ်ကြပြီဖြစ်သော နောင်စငဲ့သား သုံးယောက်အား ကိုမျိုးခိုင်နှင့် ကိုစောအောင်က ပေ နေသော သွေးများကို သုတ်ပေးကာ လွယ်အိတ်အတွင်းမှ ဆေးကို ထုတ်ပြီး အနာဒဏ်ရာများအား ကောင်း မွန်စွာ ထည့်ပေးသည်။

နောင်စငဲ့သားသုံးယောက်သည် သူတို့အား ကယ်တင်သူများအဖြစ် စဉ်းစားမိကြဟန်ဖြင့် တွန်းလှန် ရုံးကန် လှုပ်ရှားခြင်းမပြုဘဲ ငြိမ်သက်စွာ အပြုအစုခံယူနေကြသည်။
    " အဖြစ်အပျက်ကို မေးကြည့်ပါဦး ညီလေး "
ကိုမျိုးခိုင်က ဆေးထည့်ပေးခြင်းကို အစသပ်ပြီး ကိုစောအောင်ကို ပြောလိုက်၏။
" မေးပါ့မယ်အစ်ကို ... သူတို့နည်းနည်းမှ အမောပြေပါစေလို့ ကျွန်တော် စကားတစ်ခွန်းမှ မစသေးတာပါ ... "
ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ စကားပြောနေကြသည်ကို နောင်စငဲ့ သားသုံးယောက်သည် ကြောင်တက် တက် မျက်လုံးများဖြင့် အငေးသား ကြည့်နေရှာသည်။ သုံးယောက်လုံးမှာ အသက်ငါးဆယ် ပတ်ဝန်းကျင်မှာ သာ ရှိနေသည်။ အရွယ်ကြီးရင့်သူချည်း ဖြစ်နေသည်ကို ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ အကဲခတ်မိသည်။

" အစ်ကိုရေ ... ဒီအနားမှာ ဟို အလောင်းကောင်တွေနဲ့ မကောင်းပါဘူး၊ အဘိုးကြီး သုံးယောက်ကို နေရာရွေ့ ရအောင် "
" အေး ... ကောင်းတယ် ညီလေး "
နှစ်ယောက်သား စိတ်တူ သဘောတူဖြင့် အဘိုးကြီးသုံးယောက်အား နေရာမှမရွှေ့မီ ဂျပန်များ၏ သေနတ် များ ဓားများကို ချုံတစ်ခုအောက်တွင် အမှတ်တရ ထားလိုက်ပြီးမှ အဘိုးကြီး သုံးယောက်အား ကြင်နာစွာ တွဲယူ လိုက်ကြ၏။

" အစ်ကိုက ကျွန်တော့်လောက် အားမကောင်းဘူး၊ တစ်ယောက်ပဲတွဲ၊ ကျန်နှစ်ယောက်ကို ကျွန်တော် တာဝန် ယူမယ် "
ကိုစောအောင်က နှစ်ယောက်သော အဘိုးကြီးအား တစ်ဘက်တစ်ချက် နှိမ်နင်းစွာ တွဲယူလာသကဲ့သို့ ကိုမျိုးခိုင် သည် သူ့တာဝန်ယူရသော အဘိုးကြီးတစ်ယောက်အား နိုင်နင်းစွာ ခေါ်လာနိုင်ခဲ့သည်။
အတော် ခပ်ဝေးဝေး သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သောအခါ နေရာတကျ ထိုင်မိကြလျှင်ပင် ကိုစောအောင် က စကားစလိုက်၏။
" အဖေတို့ ဘယ်လို ဖြစ်နေကြတာလဲ "

နောင်စငဲ့ ဘာသာဖြင့် ပီသစွာ မေးလိုက်သော ကိုစောအောင်အား အဘိုးကြီးသုံးယောက်သည် ဆတ်ခနဲ ပြိုင်တူကြည့်လိုက်ကြသည်။
" တို့သုံးယောက်ကို နင် ဘယ်လိုသိသလဲ "
ဟု ပြိုင်တူ မေးလိုက်ကြ၏။ သုံးယောက်သား၏ မျက်နှာထားလေသံမှာ အသက်သခင်ကျေးဇူးရှင်အဖြစ် ကြည်ညိုခြင်း၊ ဘာသာတူစကားကို ပြောသည့်အတွက် ၀မ်းမြောက်ခြင်း အမူအယာသည် ထင်ထင်ရှားရှား ပေါ်နေသည်။

ကိုစောအောင်က ကြည်လင်သောအပြုံးဖြင့် ပြုံးလိုက်ပြီး အဘိုးကြီး သုံးယောက်၏ အမေးကို အောက်ပါ အတိုင်းဖြေကြားလိုက်၏။
" ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်က အဖေတို့ နောင်စငဲ့ဒေသကို အုပ်ချုပ်ခဲ့တဲ့ စတုတ္ထမြောက် နန့် နောင်းခါရီ ဘုရင်မလက်ထက်မှာ တစ်တိုင်းတစ်ပြည်က ရောက်လာပြီး ဘုရင်မအသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီလူက ငါတို့ အဘေးတော်တယ် အဖေရဲ့ "
အဘိုးကြီးသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကိုစောအောင်က အဘိုးကြီး သုံးယောက်အား အကဲခပ်ရာမှ ...
" ရာဇ၀င်ကြောင်းချီ ပြောရတယ်အစ်ကိုရဲ့ "

ဟု ကိုမျိုးခိုင်အား လှည့်ပြီး ဘာသာပြန်လိုက်၏။ ကိုမျိုးခိုင်ကမူ ကိုစောအောင်သိရသမျှ၊ သူသိရမည်ဖြစ်၍ သူတို့ ဘာသာစကားကို နားမလည်သည့်အလျောက် ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဆိတ်ငြိမ်စွာ နေလိုက် သည်။
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသော အဘိုးကြီးသုံးယောက်က အတန်ကြာမှ ကိုစော အောင်ဘက်သို့ လှည့်လိုက်၏။ တစ်ယောက်သော အဘိုးကြီးက စကားဆိုလိုက်သည်။
" အေး ... နင်ပြောတဲ့ နောင်စငဲ့ ဒေသဆိုတာရယ်၊ စတုတ္ထမြောက် နန့်နောင်းခါရီ ဘုရင်မဆိုတာရယ်က ဟုတ်ပြီ၊ ဒါပေမယ့် ဘုရင်မအသက်ကို ကယ်တဲ့ ကျေးဇူးရှင်ဆိုတာတော့ ငါတို့ မသိသေးဘူး "
" အဲဒီအချိန်က ငါတို့မှ လူမဖြစ်သေးဘဲ "
တစ်ယောက်သော အဘိုးကြီးက ပြောလိုက်၏။

" နှစ်ပေါင်း နှစ်ရာလောက်ကဆိုရင် တို့ ဘယ်သိမှာလဲ၊ နင်ကရော ဘယ်လိုသိထားလဲ "
တစ်ယောက်သော အဘိုးကြီးက မေးလိုက်၏။
" ပြောမှာပေါ့ အဖေ၊ ငါ သေသေချာချာ ပြောပြမယ်၊ ငါပြောပြီး နင်တို့ ဒီရန်သူတွေနဲ့ ဘယ်လို ဖြစ်လာကြ တယ်ဆိုတာ ပြောရမယ်နော် "
ကိုစောအောင်၏ တောင်းဆိုချက်ကို အဘိုးကြီးသုံးယောက်က ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

" အဲဒီဘုရင်မရဲ့ ကျေးဇူးရှင်တို့အဘေးက ဒီအကြောင်းတွေကို သားစဉ်မြေးဆက် သိရအောင် သူ့တိုင်းပြည် ပြန်ရောက်တဲ့အခါ သေသေချာချာ စာရေးထားခဲ့တယ်၊ နောင်စငဲ့ ဘာသာစကားရော စာရော သင်ပေးခဲ့တယ်၊ အခု တို့လာတာက အဘေး ရေးခဲ့တဲ့ စာတွေဖတ်ပြီး နောင်စငဲ့ဒေသက လူတွေအားလုံး သူတော်ကောင်းတွေဆိုတာ သိရလို့ ချစ်လို့၊ ကြည်ညိုလို့ တို့အမျိုးအဆွေတွေလိုပဲ တွေ့ချင်တာနဲ့ လာခဲ့ တာ၊ နင်တို့ကို မြင်မြင်ခြင်း ဒီအ၀တ် ၀တ်ပြီး ဒီစကားပြောတော့ နောင်စငဲ့က တို့ အမျိုးတွေပဲဆိုပြီး ရန်သူ လက်က ကယ်လိုက်တာ အဖေရဲ့၊ နင်တို့ တိုင်းပြည်ကို ၀င်ခွင့်ပြုပြီး ဘုရင်မကို တွေ့မြင်ရအောင် ဆောင် ရွက်ပေးပါ "
အဘိုးကြီးသုံးယောက်က ကိုစောအောင်ကို စေ့စေ့ကြည့်ကာ ဦးခေါင်းညိတ်လိုက်ကြ၏။

" အေး ... နင့်အဘေးက တို့ရဲ့ စတုတ္ထမြောက် ဘုရင်မကို ကယ်ခဲ့တယ်၊ အခု နင်တို့က တို့အသက်ကို ကယ်ခဲ့တယ်၊ ဒီလို သူတော်ကောင်းတွေကို ၀င်ခွင့်ပြုရအောင် အကြီးအကဲကို ငါတို့ပြောပေးမယ်၊ အကြီး အကဲက ခွင့်တောင်းရင် ဘုရင်မကလဲ ခွင့်ပြုတယ်တဲ့၊ ဒါပေမယ့် နင် အခုတင်ကပြောတဲ့ စတုတ္ထမြောက် နန့် နောင်းခါရီတော့ မဟုတ်ဘူး၊ အခု အုပ်ချုပ်နေတာက သတ္တမမြောက် နန့်နောင်းခါရီပဲ၊ သက်တော် သုံးဆယ့် နှစ်နှစ်ပဲ ရှိသေးတယ် "
အဘိုးကြီး၏ စကားကို ကိုစောအောင်က ကိုမျိုးခိုင်အား ဘာသာပြန်ပြလိုက်၏။

" ဒါဖြင့် အစ်ကိုတို့ ဖတ်ရတဲ့ မှတ်တမ်းအရဆိုရင် အခုနှင့် မနန်းတက်တာ နှစ်နှစ်ပဲ ရှိသေးတာပေါ့နော် ညီလေး "
ကိုမျိုးခိုင် က ပြောလိုက်၏။
" ဟုတ်တယ် အစ်ကို "
ကိုစောအောင်က ကိုမျိုးခိုင်၏ စကားကို ထောက်ခံလိုက် အဘိုးကြီးများဘက် လှည့်လိုက်သည်။
" ကဲ ... အဖေတို့အကြောင်း ပြောဦး "
" အေး ... အေး ... ပြောပြမယ် "
တစ်ယောက်သော အဘိုးကြီးက နိဒါန်းချီလိုက်ပြီး အောက်အတိုင်း ပြောပြလိုက်၏။

" ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်က နောင်စငဲ့က လူတစ်ယောက် သစ္စာဖောက် တယ်ကွယ့်၊ သူက ဘယ်လို သစ္စာဖောက်လဲဆိုတော့ တစ်နေ့ သူဟာ နောင်စငဲ့ သပြင်ဘက်ကို ကိစ္စတစ်ခု နဲ့အထွက်မှာ တခြားတိုင်းပြည်က တစ်စုနဲ့ သွားတွေ့တယ်၊ အဲဒီလူတစ်စုက အသားနီစပ်စပ် အရပ်မြင့်မြင့် ဆံပင်နီနီ၊ မျက်လုံးအပြာကြီးတွေ နှာခေါင်းချွန်ကြီးတွေနဲ့၊ လူတွေနဲ့လဲ မတူဘူး၊ အဲဒီလူတစ်စုက သူ့ကို ထားပြီး သူတို့ အ၀တ်မျိုး ၀တ်တတ်အောင် သူတို့အစား စားတတ်အောင် သူတို့ စကားမျိုး ပြောတတ် အောင် လုပ်တာကိုး၊ တို့ နောင်စငဲ့သား တစ်ယောက် ပျောက်သွားတယ်၊ မတွေ့ဘူးဆိုတာလောက်ပဲ သိ တယ်၊

ဒီလူတွေလက်ထဲရောက်တာ တို့မှမသိဘဲ၊ ကြာတော့ တို့နောင်စငဲ့သားလဲ သစ္စာသိတတ်ပြီး ဟိုလူ တွေလို ၀တ်စား စကားပြောတတ်လာတော့ မြဗုဒ¨ရှိတာတွေ၊ မြရတနာ ရှိတာတွေ၊ ဗုဒ္ဓဆေးပင်တွေ အကြောင်း သူပြောပြဟန် တူပါတယ်၊ သူကပဲ လမ်းပြ မြတောင်ထွတ်ပေါ်ကို တိတ်တိတ် လမ်းပြ ခေါ်တင် လာတယ် ....
" ဒါပေမယ့် ကျောက်ဥဒေါင်းကြီးရဲ့ အချိန်မီ သတိရချက်ကြောင့် တို့ နောင်စငဲ့သားတွေက ဒူးလေးနဲ့ ထွက်လာတယ်၊ သူတို့ကလဲ ခုနက နင်တို့ပစ်တဲ့ဟာမျိုးလို အသံမြည် လက်နက်နဲ့ ပြန်ပစ်တော့ တို့နောင် စငဲ့သားတွေ သေတဲ့လူသေ လွတ်တဲ့လူ လွတ်သွားကြတယ် ...

" အဲ ဟိုသစ္စာဖောက် နောင်စငဲ့သားလဲ ဒဏ်ရာရသွားတော့ သူ့သားမယား ဆွေမျိုးများက တိတ်တဆိတ် ၀ှက်ထားပြီး ဆေးပင်နဲ့ ကုပေးလိုက်တာကို ဘုရင်မ သိတော်မူလို့ တော်တော် စိတ်မချမ်းသာဖြစ်တယ် ...
" အဲဒီ ကိစ္စကြောင့် သစ္စာဖောက် နောင်စငဲ့သားနဲ့ သူ့သားမယား ဆွေမျိုးများအားလုံးကို အရှင်ပိတ်လှောင် ထားဖို့ အမိန့်ပေးတော်မူတယ်၊ သတ်ဖို့တော့ မဟုတ်ပါဘူး၊ တစ်သက်လုံး ဂူထဲပိတ်လှောင်ထားဖို့ပါပဲ ...
" ဒါကို ခင်မင်ရာ နီးစပ်ရာလူအချင်းချင်း စိတ်ဝမ်းကွဲကြပြီး နောင်စငဲ့သားတွေ မညီမညွတ် ဖြစ်ကုန်တာပေါ့၊ ဘယ်သူ့ လက်ချက်မှန်း မသိလိုက်ဘူး၊ ရန်သူလာရင် အချိန်မီ သတိပေးလေ့ရှိတဲ့ ကျောက်ဥဒေါင်းရုပ်ကြီး ဟာ အပိုင်းပိုင်း အစစဖြစ်အောင် ကျိုးပဲ့ပျက်စီးသွားတယ် "

" သြော် ... ဖြစ်မှ ဖြစ်ရလေ၊ ယုတ်ကန်းလိုက်တဲ့ လူတွေ"
အဘိုးကြီး စကားမဆုံးမီ ကိုစောအောင်က နှမြော ၀မ်းနည်းစွာ ပြောလိုက်၏။ အဘိုးကြီး ပြောပြနေသော စကားများကို နားထောင်နေရသော ကိုစောအောင်၏ မျက်စိထဲတွင် ကြေကွဲဖွယ် ကောင်းလှသော နောင် စငဲ့ဒေသ၏ ဆုတ်ယုတ်ပျက်စီးလာပုံကို ရုပ်ရှင်ကြည့်ရသလို ကွင်းကွင်း ကွက်ကွက်မြင်လာသည်။
ကျောက်ဥဒေါင်းရုပ် ပျက်စီးသွားသောအခါ ဘုရင်မသည် များစွာ စိတ်ထိခိုက်တော်မူရှာသည်။ ငိညာဉ်ကင်း ကွာလေပြီးသော ဘုရင်မများ၏ ရုပ်ကလာပ်များကိုလည်းကောင်း၊ တောင်ထွတ်ရှိ မြဗုဒ္ဓကိုလည်းကောင်း၊ ရိုသေစွာ ရှိခိုးတိုင်တည်ပြီး အောက်ပါအတိုင်း သစ္စာဆိုတော်မူလေသည်။

" မသမာသောစိတ်ရှိသည့် တစ်တိုင်းတစ်ပြည်မှ လူများသည် ကျွန်ုပ်တို့ အထွတ်အမြတ်ထားရာ မြဗုဒ္ဓ၊ မြရတနာများနှင့် ဗုဒ္ဓဆေးပင်များကို ဖျက်ဆီးရန် ကြံစည်ခဲ့ကြသည်။ အသက်မသေ လွတ်မြောက်သွားသော ရန်သူများသည် နောက်တစ်ကြိမ် ကြိုးစားကာ ကျွန်ုပ်တို့ တိုင်းပြည်ကို ဖျက်ဆီးရန် လာကြဦးမည်မှာ မလွဲချေ ...
ထိုတိုင်းတစ်ပါးသား လူယုတ်မာများ၏ ပယောဂကြောင့် သစ္စာရှိရှိဖြင့် ညီညွတ်ခဲ့သော ကျွန်န်ုပ်တို့၏ တိုင်း သူပြည်သားများမှာလဲ စိတ်ဝမ်းကွဲပြားကြရလေပြီ၊ ထို့ကြောင့် မသိသော လူယုတ်မာများ၏ ဘေးရန်မှ ကင်းဝေးစေရန် မြရတနာနှင့် ဗုဒ္ဓဆေးပင်များသည် ကွယ်ပျောက်ပါသား၊ သဒ္ဓါ ကတိတည်သော သူတော် ကောင်းစိတ်ရှိသူလျှင် ဖူးမြော် တွေ့မြင်နိုင်ပါစေသား၊ တိုင်းပြည်ကို မညီညွတ်ခြင်းမှ ကွဲပြားအောင် ကြံ ဆောင်သူများသည် မိမိတို့ အကုသိုလ်တရားက ပြန်လည် စီရင်ပါစေသား "

ဘုရင်မသည် ဤသို့ စိတ်မချမ်းမြေ့စွာဖြင့် သစ္စာဆိုတော်မူပြီး သုံးရက်အကြာဝယ် နောင်စငဲ့ဒေသမှ တစ် ၀က်မျှသောသူတို့သည် အမည်မဖော်နိုင်သော ဝေဒနာဖြင့် ကြမ္မာကုန်လေသည်။ ဂူထဲတွင် လှောင်ထားသော သူတို့သည်လည်း သေကုန်ကြလေသည်။
ဘုရင်မသည် ကြီးစွာသော စိတ်မချမ်းမြေ့မှုဖြင့် နောင်မြို့ဟောင်းကိုစွန့်ခွာကာ ကျန်သမျှသောလူစုဖြင့် မြတောင်ထွတ်နှင့် ဝေးရာ တောင်စောင်းတစ်နေရာဝယ် မြို့သစ်တည်စေပြီး စံနေခဲ့လေသည်။ ဘုရင်မ ကံ တော်ကုန်သောအခါ ကျန်သည့် ရုပ်ကလာပ်ကို ယခင် ဘုရင်မများ၏ ရုပ်ကာလ သိမ်းဆည်းထားရာ ကျောက်ဂူတွင် အစဉ်အလာမပျက် ထည့်သွင်းကာ သိမ်းဆည်းလိုက်သော်ငြားလည်း ၀မ်းနည်းကြေကွဲဖါယ် ကောင်းလှသည်ကား ဘုရင်မများ၏ ရုပ်ကလာပ်ကို မပျက်စီးရအောင် ဆေးစီရင်နိုင်သော အတတ်ကို တတ်မြောက်သူတို့မှ တိုင်းပြည်သစ္စာဖောက် လူစုထဲတွင် ပါဝင်ကြသဖြင့် ဘုရင်မ၏ သစ္စာစူး၍ သေကြေ ပျက်စီးကုန်ကြပြီဖြစ်ရာ ဆဋ္ဌမမြောက် နန့်နောင်းခါရီ ဘုရင်မ၏ ရုပ်ကလာပ်မှာ ဆေးမစီရင်နိုင်ခဲ့ချေ။

ဝိညာဉ်ကင်းကွာပြီး၍ လေးငါးရက်မျှရှိလျှင်ပင် ရွှေစင်ရုပ်လိုလှပသော ဘုရင်မ၏ ရုပ်ကလာပ်မှာ ပျက်စီးခဲ့ ရရှာလေပြီ။
ကျန်ရစ်သော နောင်စငဲ့သား အားလုံးနှင့်တကွ နန်းမွေ ဆက်ခံသော သတ္တမမြောက် နန့်နောင်းခါရီ ဘုရင်မ၏ သဘောတူ ဆုံးဖြတ်ချက်အရ နောင်စငဲ့သူ မိန်းမများ ၀တ်ဆင်သည့် မြကျောက်ရတနာအားလုံးကို လည်းကောင်း၊ ဘုရင်မ စံနန်းမှာရှိသည့် တန်ဖိုး မဖြတ်နိုင်အောင် ထိုက်တန် သော မြများ၊ ကြောင်မျက်ရှင်များ အားလုံးကို ကြမ္မာကုန်လေပြီးသော ဘုရင်မ၏ ရုပ်ကလာပ်များသိုမှီးရာ ကျောက်လိုဏ်ဂူတွင် ထည့်သွင်းလိုက်သည်။

ကျောက်လိုဏ်ဂူအား ယခင်ကဲ့သို့ သစ်သားတံခါးဖြင့် ကာကွယ်ပိတ်ဆို့ခြင်း မပြုတော့ဘဲ ကျောက်သားဖြင့် ပြန်လည်ပိတ်ဆို့ကာ မူလရှိရင်းစွဲကျောက်ကမ်းပါးယံနှင့် တပြေးတည်း တသားတည်းဖြစ်စေ၍ ဂူနေရာရှာဖွေ မတွေ့နိုင်စေရန် သေသပ်ပိယိစွာ တစ်ခါတည်း ပိတ်ဆို့ ထားလိုက်ကြလေသည်။
မြဗုဒ္ဓစံရာနှင့် ဗုဒ္ဓဆေးပင်များရှိရာ တောင်ထွတ်သို့ တက်သည့် လမ်းသည်လည်းကောင်း၊ ဘုရင်မ၏ ရုပ် ကလာပ်များနှင့် ကျိုးပဲ့ပျက်စီးသွားရှာသော ကျောက်ဥဒေါင်းရုပ်ကြီးကို သိုလှောင်ထားရာ လိုဏ်ဂူသို့သွား သည့် လမ်းသည်လည်းကောင်း၊ လုံးဝ အစပျောက်ခဲ့လေပြီ။
တောကြီး မျက်မည်းအတိသာ ဖုံးလွှမ်းလျက်ရှိတော့၏။ မူလပထမ နောင်စငဲ့ တိုင်းပြည်တည်ရာဒေသသည် ကား ဘုရင်မ သစ္စာဆိုတော်မူကာ စွန့်ခွာခဲ့သော အချိန်မှစ၍ တောအတိ ဖုံးလွှမ်းကာ ပျောက်ကွယ်သွားခဲ့ ပြီဖြစ်၏။

ယနေ့ နံနက်ပိုင်း အချိန်တွင်ကား ဂျပန်စစ်သားများသည် ထိုင်းနယ်စပ်မှဖြတ်ကာ မြန်မာပြည်အတွင်း ၀င် ရောက်လာစဉ် လူအုပ်ကွဲကာ နယ်ကျသွားဟန်တူ၏။
အင်အား ငါးဆယ်မျှရှိသော ဂျပန်တစ်စုသည် အသစ်တည်ထောင်ထားသော နောင်စငဲ့၏ သစ်လုံးများ ကာရံထားသည့် စည်းရိုးတံခါးမှ အတင်း ၀င်ရောက်လာသည်။
လူစိမ်း သူစိမ်း အ၀င်မခံသော နောင်စငဲ့ ထုံးစံအရ ဒူးလေးဖြင့် ပစ်သောအခါ ဂျပန်များကလည်း သေနတ် ဖြင့် ပစ်သည်။ နှစ်ဖက်စလုံး အတုံးအရုံးသေကြေပျက်စီးရာမှ ကျန်ရစ်သည့် ဆယ်ယောက်မျှသော ဂျပန်များ သည် လူအင်အားချင်း မမျှတော့သည့်အလျောက် လက်လှမ်းနီးရာ ဤအဘိုးကြီး သုံးယောက်ကို ဆွဲခေါ် လာကြသည်။

ဒူးလေးကိုင်ကာ လိုက်လာသော နောင်စငဲ့ သားများအား လက်သီးဆုပ်မျှကြီးသော အလုံးများဖြင့် ပြန်လည် ပစ်ပေါက်သည်။ ထိုအရာဝတ္ထုမှ မိုးချုန်းသကဲ့သို့ ကြောက်မက်ဖွယ် အသံများမြည်ဟီးပြီး ဒူးလေးကိုင် နောင်စငဲ့သားတို့ အများအပြား သေကြေကြသဖြင့် ဆက်မလိုက်ဝံ့ကြတော့ချေ။
ဖမ်းမိသော အဘိုးကြီးသုံးယောက်အား မချိမဆန့် ရိုက်နှက်ခေါ် ဆောင်လာရာမျ ကိုစောအောင်တို့နှင့်တွေ့ ကာ အသက်ချမ်းသာရာ ရကြရှာလေသည်။
အဘိုးကြီးများ၏ နောက်ကြောင်းပြန် ဇာတ်လမ်းဆုံးသောအခါ ကိုစောအောင်သည် ၀မ်းနည်းခြင်း၊ စိတ်မ ကောင်းခြင်းဖြင့် ကိုမျိုးခိုင်အား ဘာသာပြန်လိုက်၏။
" မိုးချုပ်းသလို အသံမြည်တဲ့ အရာဆိုတာ လက်ပစ်ဗုံး ဖြစ်လိမ့်မယ် ညီလေးရဲ့ "
ကိုမျုးခိုင်က ထင်မြင်ချက်ပေးလိုက်၏။

" ဟတ်ုမှာပေါ့ အစ်ကို "
ကိုစောအောင်က ထိုမျှသာပြောပြီး တစ်စုံတစ်ရာတွေးသလို ငေးနေသည်။
" မြဘုရားရော၊ ဗုဒ္ဓဆေးပင်ရော၊ မြတောင်ထွတ်ကိုတက်ရာလမ်းရော လုံးဝ ပျောက်ကွယ်နေပြီဆိုတော့ ညီလေး ဘယ်လို စီစဉ်မလဲ၊ အဆုံးအထိ လိုက်ဦးမလား၊ ဒီကပဲ လှည့်ပြန်မလား "
ကိုမျိုးခိုင်က မေးလိုက်သည်။
" ကျွန်တော်လဲ ဒါကိုပဲ စဉ်းစားနေတယ်အစ်ကို၊ အစ်ကိုကို စိတ်လျော့လိုက်ပြီလား "
" အစကတည်းက အစ်ကို ပြောခဲ့ပြီကော ညီလေးရာ၊ ဒါတွေကို မက်မောလို့ အစ်ကိုလိုက်လာတာ မဟုတ်ပါဘူးလို့ ညီလေးတစ်ယောက်တည်း သွားရင်းလာရင်း တစ်ခုခုဖြစ်မှာ စိတ်မချတဲ့အတွက် ညီလေးကို ချစ်လို့ လိုက်လာတာ၊ ညီလေး သဘောအတိုင်း ဆုံးဖြတ်ပါ "

" ကျွန်တော့် သဘောအတိုင်းဆိုရင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ လမ်းဆုံးရောက်အောင် လိုက်ချင်တယ် အစ်ကို
" ညီလေး သဘောပါလို့ဆိုနေ၊ ညီလေးနဲ့ မခွဲပါဘူးကွယ်"
" သူတို့ နားမလည်သော ဘာသာစကားဖြင့် ပြောဆိုနေသည့် ကိုစောအောင်နှင့် ကိုမျိုးခိုင်အား အဘိုးကြီး သုံးယောက်က အံ့သြခြင်းဖြင့် ငေးမောကြည့်ရှုနေရာမှ ...
" ကဲ ... တို့လဲ ကောင်းကောင်း လမ်းရှောင်နိုင်ပြီ ပြန်မယ် နင်တို့ လိုက်မယ် မဟုတ်လား "
ဟု တစ်ယောက်သောအဘိုးကြီးက မေးလိုက်၏။

" မှောင်နေပြီ အဖေရဲ့၊ မနက်မှ သွားပါလား "
ကိုစောအောင်ကပြောလိုက်၏။
" ဟဲ့ ... ဘယ်လောက်မှောင်နေပေမယ့် တို့က လမ်းသိပြီးသား "
အဘိုးကြီးများကပြောကာ ထိုင်ရာမှ ထလိုက်ကြ၏။
" အစ်ကို ရောက်အောင် သွားရမယ့်အတူတူ သူတို့နဲ့ လိုက်သွားတာက ပိုပြီး အဆင်ပြေပါတယ် "
ကိုစောအောင် စကားကို ...
" ဟုတ်တယ် ညီလေး "
ဟု ကိုမျိုးခိုင်က ထောက်ခံလိုက်၏။
----------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>