Showing posts with label ရွှေစင်ဦး ရဲ့ စာစုများ (Essay). Show all posts
Showing posts with label ရွှေစင်ဦး ရဲ့ စာစုများ (Essay). Show all posts

Thursday, September 10, 2015

မွေးနေ့ အလွန် ( ချစ်ချစ်ကြီး နှင့် လစ်ဗင်းတူဂဲသား )

မြန်မာပြည်နေယောက်ကျားများ နဲ့ အခုအချိန်မှာ အသင့်တော်ဆုံး ကွာရှင်းပြတ်ဆဲခြင်း မွေးနေ့ လက်ဆောင်လေး ချစ်ချစ်ကြီး ကို ပေးအပြီးမှာတော့ ချစ်ချစ်ကြီး ဟာ အတော်ပျော်ပြီး လွတ်လပ်ပြီ ဆိုပြီး ပိတိဖြာနေပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ရွှေစင်ဦး နှင့် ချစ်ချစ်ကြီးတို့ ကွာရှင်းပြတ်စဲ ကြလေပြီ

တနေ့တည ကျွန်ုပ် တို့ လင်မယားနှစ်ယောက်သည် သူ့ဟာ သူပွတ် ကိုယ့်ဟာကိုပွတ် ဖြင့် အိပ်ရာ ထဲတွင် ဇိမ် ကြနေကြပါသည်။ အတန်ကြာသော အခါ ချစ်ချစ်ကြီး သည် ဖေစ့်ဘွတ်ခ် ထဲမှ မစားရ ၊ အညှော်မခံ ရသော အရာများကို ပွတ်ရုံ၊ ကြည့်ရုံ ဖြင့် အားမရတော့ဘဲ " မိန်းမ ထ၊ ထ မောင် ဒီနေ့ည စားရတာ အားမရဘူးကွာ ညလည်စာလေး မကျွေးချင်ဘူးလား" ဟု အင်မတန် ခယသော လေသံဖြင့် နူးညံ သိမ့်မွေ့
စွာ ပြောလာပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 11, 2014

အချစ်ဆုံး အဖိုး နဲ့ ရှမ်းဆေးတော်ကြီး တခွက်

ရွှေစင်ဦး ဖေ့စ်ဘွတ်ခ် စသုံး ကထဲက စေတနာ အပြည့် နဲ့ တင်ကြ တဲ့  မြန်မာ့ရိုးရာ နဲ့ တခြား ရိုးရာ ဆေးနည်းပေါင်းစုံ ကို ဖေ့စ်ဘွတ်ခ် မှာ တွေ့ ရတဲ့ အပြင် ဆေးမြည်းတို လို့ ခေါ်တဲ့ ဘယ်ဆေးကျမ်း ထဲ မှာ မှ မပါတဲ့ ဆေး နည်း တွေ လည်းတွေ့ရပါတယ်။

အဖိုး နဲ့ ခမည်းခမက် တော်တဲ့ ရှမ်းအဖိုး ရဲ့ ပွဲတွေ့ရှမ်းဆေးတော်ကြီး ကို လဲ သတိရ သွား ပါတယ်၊ ကျနော့် အဖိုးဟာ အသက်၈၆ နှစ် မှာ ဆုံးသွားပေမဲ့ မဆုံး ခင် လပိုင်း လောက် မှာဘဲ ကျန်းမာရေး တော်တော်ဆိုးသွားတာပါ၊  ကျန်တဲ့ အချိန်တွေမှာ တော်တော်လေး ကျန်းမာရေးကောင်း ပါတယ်၊ အသက် ၈၀ ကျော်ထိ မန္တလေး လာလိုက် ရန်ကုန်သွားလိုက် လုပ်နေ ပါ တယ်၊  နောက်ဆုံး  ရှမ်းဆေးတော်ကြီး နဲ့ တွေ့ မှ ဘဲ ဘယ်မှ မသွားရတော့ဘဲ ရန်ကုန် က အဒေါ် အကြီးဆုံး ရဲ့ အိမ်မှာ အကျယ်ချုပ် ကျသွားပါတော့တယ်၊ အဲဒီ အကြောင်းလေး ကို အမှတ်ရ လို့ နဲနဲလေး ရေးပါမယ်။
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 24, 2013

ထမင်းမဝ တဲ့ ရွှေစင်ဦး နဲ့ ကျန်းမာရေးပညာပေး

ညီမ မဒမ်ကိုး က အစားအသောက်တွေ နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပေး ပိုစ့် လေး ဘလော့ဂ် မှာ ရေးခိုင်းပါတယ် ... ကျနော့် အရင်ရေး တဲ့ ဘလောဂါ တွေရှိပါတယ်  ... အင်မတန် အကျိုးရှိပါတယ် ... အတော်ပြည့်စုံပါတယ် .... ကျနော် မှာတော့ ပညာဗဟုသုတ ကလည်း နည်း ... ရှာဖွေ တူးဖော်ဖို့ ဝိရိယ ကလည်း မရှိတော့ ... ကျနော် နဲ့နီးစပ်ရာ ကို အစားအသောက် နဲ့ ကျန်းမာရေး ပညာလေး ပေးကြည့်တဲ့ အတွေ့အကြုံလေးဘဲ ရေးမယ် စိတ်ကူးပါတယ် ....

ဆိုင်မှာ ကလေးတွေ ဟင်းချက်ပါတယ် ... ဆီလျှော့သုံးဖို့ ပညာပေးပါတယ် ... တလ နေတော့ စာရင်းချုပ် ကြည့်ပါတယ် ... ထူးမခြားနား ပါဘဲ ဒီဆီ ဒီဆီ ကုန်တာပါဘဲ .. ဆက်ပြောရင်လည်း ကပ်စီးအိုး ဖြစ်ရတော့မယ် ဆိုတော့ မပြောတော့ပါဘူး ... ဆိုင်သုံးဖို့ သကြားဝယ်ခိုင်းပါတယ် ... အကောင်းဆုံးလို့ သူတို့ ယူဆတဲ့ အဖြူဆုံး သကြား ကို ဝယ်လာပါတယ် ... ချွတ်ဆေးမသုံးတဲ့ သကြားအညို တွေ ၀ယ်ဖို့ ပြောပါတယ် ... သူတို့ နားမလည်ပါဘူး .. ဈေးချိုတဲ့ သကြားဆိုတော့ မကောင်းဘူးလို့ ဘဲထင်ပါတယ် ... ဆရာမ ဂျီးများတယ်ပေါ့ ...

ဟင်းသီးဟင်းရွက် ချက်ရင် ဓါတုဆေးဝါး ဒဏ်တွေ နဲနဲ ခံသာအောင် ... ဆားရည်နဲ့ တနာရီလောက် စိမ်ပြီးမှ ကြော်ဖို့ ချက်ဖို့ ပြောတယ် ... ပြောရင်တော့ ဟုတ်ကဲ့ ပြောတာဘဲ ... လုပ်မလုပ် မသေချာ ပါဘူး .. ဆိုင်မှာ အသီးအရွက် မစားတဲ့ ကလေးတွေ ရှိပါတယ် ... လုံးဝ မစားတာပါ ... ဟင်း အနှစ်နဲ့ ချက်ရင်တောင် အသား ကို ရေဆေးပြီး  .. ထမင်း ကို ဆီဆမ်းဆားဖြူး ပြီး အသား သက်သက် နဲ့ စားပါတယ် ... ဟင်းသီးဟင်းရွက် မစားရင် ဖြစ်လာမဲ့ ရောဂါ တွေ ကို အာပေါက် မတတ်ပြောပြပါတယ် ... ကျနော့် ရှေ့တော့ ဟုတ်ကဲ့ ပြောပြီး ထမင်းပန်းကန်ထဲ ထည့်တယ် .. ခဏနေ သွားကြည့်ရင် ဟင်းပန်းကန် ထဲ ပြန်ထည့် တယ်... အမှိုက်တောင်း ထဲ ပစ်ထည့် တယ် ... ကျနော် မမြင်ချင်ယောင် ဘဲ ဆောင်ပါတော့တယ် ...

အိမ်က တူလေးတွေ (https://www.facebook.com/htetmyatayechan.maymyo, https://www.facebook.com/minluaye.chan.7 ,https://www.facebook.com/phyothant.kyaw.18 , နဲ့ တူမချောလေး https://www.facebook.com/sunyeinnyeinchan.mdy )  ဟာ အိတ်ခွံလှလှလေး တွေ နဲ့ ထဲ့ထားတဲ့ Junk food မုန့်တွေ ကို အများကြီး စားပါတယ် .. တခါကများ တူငယ်လေး  https://www.facebook.com/minluaye.chan.7 က ကြက်ပေါင်လား .. ကြက်ခြေထောက်လား မသိဘူး ... အိတ်လှလှလေး နဲ့ ထဲ့ထား တဲ့ မုန့် က သိပ်ကောင်းတယ် အစစ်နဲ့ သိပ်တူလို့စားပါလို့ လာကျွေးတယ်... အန်တီ မစားဘူး ... သားလဲ မစားရဘူး ... မကောင်းဘူး .. ရေရှည်ခံအောင် လုပ်ထားတဲ့ အတွက် အန္တာရာယ် များတယ် ... ငှက်ပျောသီး .... ကန်စွန်းဥ.. ပိန်းဥ.. အာတလွတ်ဥ ... ပြောင်းဖူး ..ပဲမြစ် .. မြေပဲပြုတ် ... ထန်းပင်မြစ်  စတဲ့ ရာသီပေါ်လေး တွေ ဘဲ စားဖို့ ပြောပြပါတယ် .. လုပ်ပေးပါတယ် ... သူ တို့ မစားပါဘူး ..... ဒါတွေ မှ မကြိုက်ရင် မုန့်ပြစ်သလက်လေး ... မုန့်ပေါင်းလေး ....  စားပေါ့ လို့ ပြောတော့ ... အန်တီရွှေစင်ဦး စိတ်မှန်ရဲ့ လားလို့ အကြည့်ခံရပါတယ်...

ချစ်ချစ်ကြီး https://www.facebook.com/thein.soekywe ညီမအလတ် https://www.facebook.com/paukpauk.estateagent နဲ့ ချစ်ညီမ https://www.facebook.com/seesein.shin  တို့ ဟာ အအေးဗူး လှလှလေး တွေ ကို ရေခဲသေတ္တာ ထဲက ထုတ်ပြီး တဗူးပြီး တဗူး အားရပါးရ သောက်ကြပါတယ် ... မနေနိုင်တဲ့ ရွှေစင်ဦး က  သံပရာသီးလေး ညှစ်ပြီး သကြားလေး ဆားလေး နဲ့ သံပရာရေ လေး ဖျော်သောက်ကြပါလား ပိုကောင်းပါတယ် ... သံပရာ ရေ မကြိုက်ရင်လည်း မန်ကျီးရည် သောက် ... ဟို ဗွီဗွီ ဆိုတာ ကို မသောက်ဘဲနဲ့ (ဝိုင်တပုလင်း နဲ့ မည်သို့ မှ မပတ်သက်ပါ) မီးဖိုချောင်ထဲက ပုလင်းထဲ မှာ အိမ်က မန်ကျီးပင် ကြီး က ရတဲ့ မန်ကျီးသီးမှည့် လေးတွေ ကို အခွံချွတ်ပြီး ဆားနဲ့လုံးထားပါတယ်... အဲဒါလေး ထန်းလျှက်လေး နဲ့ ဖျော်သောက်ပါလား လို့ ပြောပြန်တော့  ကိုယ်ဘဲ တခြားကမ္ဘာက လူသား  ...  ကိုယ် ဘဲ လူ့ ဂွစာ..  ဖြစ်ရပြန်ပါတယ် ...

အိမ်က ယောင်းမလေး https://www.facebook.com/chan.daughter နဲ့ မောင်အငယ်ဆုံးလေး https://www.facebook.com/nyein.chan.104 တို့ မိသားစု ဟာ မနက်အစောစာ အဖြစ် ရှမ်းခေါက်ဆွဲ .. ဆန်ပြား .. ဖက်ထုတ် .. လိုမျိုး ဆိုင်က အစာ တွေ ကို နေ့တိုင်းစားပါတယ် ... ပိုက်ဆံလည်း ကုန်တယ် .. ရေရှည် ဆိုရင် ဆိုင်အစားအစာ ဆိုတော့ ကျန်းမာရေး အတွက်မကောင်းဘူး ... မနက် အစောထပြီး ထမင်းအိုးလေး တည် ထမင်းပူလေး နဲ့ ပဲပြုတ်လေး .. အကြော်လေး  နဲ့ စားကြပါလား ... လို့ ပြောဖို့ ကြံရွယ်ပါတယ် ... မနက်မိုးလင်း က မိုးချုပ် စာသင်ရတဲ့ ယောင်းမလေး မျက်နှာပြန်မြင်ပြီး ပြောချင်တာတွေ မြို့ချထားရပါတယ် ...

နောက်ဆုံးတော့ ကျနော့် ဖေဖေ မကွေးပြောင်းတုန်း က ကြုံရတာလေးတွေ ပြန်သတိရမိတယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ က ကျနော်ရဲ့ ဖေဖေ မကွေးတက္ကသိုလ် ကိုပြောင်းရတယ် ... အဲဒီအချိန်က တက္ကသိုလ် ဖြစ်ပြီလား မဖြစ်သေးဘူးလားတော့ မမှတ်မိတော့ပါ..

ထမင်းစားချိန်ရောက်ရင်  ကျောင်းသား တချို့ ရဲ့ ခါးမှာ ပုလင်းလေးတွေ အသီးသီး ထိုး လို့ ... တချို့ ကျောင်းသားတွေ ကတော့  ပုလင်းလေးတွေ ကိုင်လို့  ထမင်းစားဆောင် Dining room  ကို သွားကြတယ် ...  အစောပိုင်းကတော့ ဘာရယ်မသိတတ်ဘူး ... နောက်တော့မှ ဆီပုလင်းလေး တွေ ဆိုတာသိလာတယ် ... အညာသားတွေ ဆီကြိုက်ပုံ က ဘာဟင်းချက်ချက် ဆီမဆမ်း ဘဲ မစားတတ်ကြဘူး .... အိမ်က မောင်အကြီးဆုံး https://www.facebook.com/zaw.maymyo  ကလည်း ဆီသိပ်ကြိုက်တယ်.. ဘာဟင်းချက်ချက် ဆီဆမ်းလိုက် ရမှ ဆားဖြူး လိုက်ရမှ ကျေနပ်တယ် ..... ဒီခေတ်လိုမျိုး ဆီမသန့် တာတွေ... ဆီကြောင့် ဖြစ်တဲ့ ရောဂါတွေများ ရကြရင် အညာသားတွေ ဒုက္ခရောက်ပြီပေါ့ ....

အဲဒီခေတ် ကတော့ ကိုယ့် ပဲခင်းထဲက ရတဲ့ ပဲနဲ့ ကိုယ့်ကြိတ်ဆုံ နဲ့ ကိုယ်ဘာသာ ကြိတ်တဲ့ ဆီ ဆိုတော့ ပြဿနာ သိပ်မရှိဘူးထင်ပါရဲ့ ... အခု ပုံအတိုင်းသာ အဲလို ဆီ ဆက် စား နေရင်တော့ အသက်တိုမှာ သေချာပေါက်ပါဘဲ ... များသောအားဖြင့် တော့ တချို့တလေကလွဲ လို့ နေပုံထိုင်ပုံ စားသောက်ပုံ တွေ သိပ်မပြောင်းကြပါဘူး ..

မကွေးတက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ ကျနော့် ဖေဖေ https://www.facebook.com/hla.myint1  က မိသားစု မပါတော့ ထမင်း ဟင်း ချက်မစားပါဘူး .. ဆိုင်တွေမှာ ကြုံသလို ဘဲ စားပါတယ်... တနေ့တော့ ထမင်းဆိုင် တဆိုင် မှာ ထမင်းစားပါတယ် .. ဆိုင်မှာ ယင်ကောင်တွေ သိပ်များနေတော့ ထမင်းစားတဲ့ ဖေဖေ လည်း  ထမင်းစားလိုက် ယင်မောင်း လိုက်နဲ့ အလုပ် ရှုပ်နေတာပေါ့ ... နောက်တော့ ဖေဖေ ဒုက္ခ ကို မကြည့်ရက်တဲ့ ဆိုင်ရှင် အဒေါ်ကြီးက ...
 ဆရာ ရယ် ထမင်းစားရတာ ဒုက္ခများလိုက်တာကွယ် ... ယင် စားတာ သိပ်မကုန်ပါဘူး ... ဒေါ်ကြီး ပြန် ထဲ့ ပေးပါမယ် ... ထမင်း သာ အေးအေး စားပါလို့ ပြောတယ်တဲ့ ... ဖေဖေ ခမျာလည်း ယင် မမောင်းဘဲ ထမင်းဆက် စားရရင်လည်း အခက် ... ယင်မောင်းပြန်ရင်လည်း ယင်စားတာလေး တောင် မသဒ္ဒါ တဲ့ လူ့ကပ်စီးအိုးကြီး ဖြစ်ရတော့ မယ် ...  ဆိုပြီး ထမင်းမဝ ဘဲနဲ့ ထ လာခဲ့ရသတဲ့ ... (တကယ်တော့ ညစ်ပတ်တဲ့ ဆိုင်တွေကို ဟာသလုပ်ထားတဲ့ ပုံပြင်လေး တပုဒ်လည်း ဖြစ်နိုင်ပါတယ်)

ကျနော်လည်း အခုတော့  ကျနော့် ဖေဖေ  လို ထမင်းမဝ ဘဲ ထ ရမဲ့ ဘဝရောက်နေပါပြီ .... အားလုံးဘဲ ကျန်းမာရေး အသိ ကြွယ်စွာ နဲ့ စားသောက် နေထိုင်ပြီး ...အသက် ရာကျော် ရှည်ပါစေဗျာ ....

(ညီမ မဒိုးကန် လည်း ကျေနပ်ပါနော်)

 .....................................................................................................................................
မနက်ဖြန် 25 - 10 - 2013 သောက်ကြာနေ့ ကျနော်မွေးနေ့ပါ ... ဝက်သားအိုးကြီးချက် နဲ့ ဆွမ်းလောင်းပါမယ် (နေ့တိုင်းတော့ အရောအနှောလေးပေါ့) ...

ရှစ်ဆယ့်ရှစ် အရေးတော်ပုံပြီးတော့ ကျနော့် မောင်အလတ်လေး https://www.facebook.com/ko.win.1840  စစ်ကိုင်းချောင် တခုမှာ ကိုရင်ကြီး သွားဝတ်ပါတယ် ... သုံးလလောက်ကြာပါတယ် ... ကျနော် တို့အိမ်ကလည်း အစားအသောက် သိပ်မပို့နိုင် ... ချောင်ကလည်း သိပ်ခေါင်တော့ သူခမျာ အစားအသောက် ရှားပါး ပါတယ် ... လူထွက် လာတော့ အိမ်မှာ ကိုရင်ကြီး အတွေ့အကြုံတွေ အမြဲပြောပြပါတယ် .....

တပတ်မှာ တရက် ရွာတရွာက ဘုံဆွမ်းကို ဝက်သားအိုးကြီးချက်နဲ့ လောင်းပါတယ် တဲ့ ... အဲဒီဘုံဆွမ်းလောင်း မဲ့ ရက်များဆို စောစောစီးစီး ထပြီးဆွမ်းခံရတာ တက်ကြွနေတယ်လို့ ပြောပါတယ် ... မောင်လေး က ဝက်သားသိပ်ကြိုက်တယ်လေ .. ဘာဘဲဖြစ်ဖြစ် အာသဝေါ တရားမကုန်ကြသေးတော့ အမြဲတမ်း အမှတ်နဲ့ မစားနိုင်ကြဘူးပေါ့ ... အနည်းဆုံးတော့ ဆွမ်းခံကြွတဲ့ စာသင်သားကိုရင်လေးများ ၀က်သားအိုးကြီးချက် နဲ့ ဆွမ်းစားရင်း သာသနာ တည်မြဲရေးအတွက် တရားစာပေများ ကျက်မှတ်နိုင်ကြ ပါစေ လို့ ဆုတောင်းပြီး မွေးနေ့ ဆွမ်းဟင်းလေး လောင်းပါတယ်ဗျာ ....

ချစ်သော စာဖတ်သူ များ နဲ့ ဘလောဂါ များအားလုံး ... မြန်မာပြည်အတွင်းမှာ... ကမ္ဘာအရပ်ရပ် မှာ နေထိုင်ကြတဲ့ လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံး ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော် ရှည်စေဖို့ မွေးနေ့ ဆုမွန်လေး တောင်းပေး လိုက်ပါတယ်....

(ချစ်သော ဖေဖေ နဲ့ မေမေ ကိုလည်း ဒီစာလေး နဲ့ မွေးနေ့ မှာ ကန်တော့ပါတယ် .. ချစ်သော မောင်နှမ များအားလုံး ချစ်သော တူ တူမ များအားလုံး ကို လည်း ထည့်သုံး ထားတဲ့ အတွက် ဟုတ်သော်ရှိ ... ဟုတ်သော်ရှိ ...  ခွင့်လွှတ်ကြပါလို့ ပြောရင်း အမကြီး အတွက် မွေးနေ့လက်ဆောင် ကောင်းကောင်းလေး များပေးကြ ပါ လို့ တောင်းဆိုပါတယ် )

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

အစားအသောက်နဲ့ ပတ်သက်လို့ ပညာပေးရေးကြတဲ့ ပို့စ်လေးတွေ ဖတ်ကြည့် လို့ ရအောင် ထပ်မံ ရှယ်လိုက်ပါတယ် .. တကယ်ဖတ်သင့်တဲ့ ပိုစ့် လေး တွေ ပါဘဲ ...

ညီမဒိုးကန် ရဲ့ ကျန်းမာဘေးကင်းရောဂါရှင်း (သို့ ) ကြိုတင်ကာကွယ် ကင်ဆာအန္တာရာယ်
http://madankoo.blogspot.com/2013/09/blog-post_12.html

ကိုညီလင်းသစ် ရဲ့ ယူရီးယား (သို့) ရင်းနှီးနေသော တစိမ်း
http://nyilinnthit.blogspot.com/2013/09/blog-post_24.html

ညီမ မိုးငွေ့ ရဲ့ အစားအသောက်နှင့် ကင်ဆာ
http://coralnyo.blogspot.com/2013/10/blog-post_8.html

တီတီဆွီ ရဲ့ အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့) MSG (သို့) ၆၂၁ ရှာပုံတော်
http://auntysweet.blogspot.com/2012/07/msg-621_23.html
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 2, 2013

ဘလော့ဂ်ဒေး အမှတ်တရ မှောက်ပြတဲ့ စာလေး


အင်တာနက် သုံးရင်း 31-8-2013 ဟာ ဘလော့ဂါဒေး ဆိုတာ အမှတ်ရတယ်... စာရေးချင်စိတ်ပေါ်လာလို့ စာရေး ကြည့်တယ်... ဘလောဂါမသက်ဝေ က အိတ်သွန်ဖာမှောက် ဆိုလို့ ရွှေစင်ဦး လည်း မှောက်ဖို့ စဉ်းစား လိုက်တော့ မှောက်စရာ အိတ် က မရှိ ... ရှိတဲ့ အိတ်ကို ချွတ် မှောက် ရင်လည်း မြန်မာ အလင်းဆောင်မဲ့ ခင်ဝင့်ဝါ လေး ငိုသွားမှာစိုးလို့ မမှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ... ရွှေစင်ဦး မှာ ဘာအိတ် မှ မရှိပါဘူး.. အသုံးလိုသမျှကို အင်္ကျီအိတ် ထဲမှာဘဲ ထည့်ထားတဲ့ အတွက် ဒီတက်ဂ်ပိုစ့် လေး ကို အကျီ ချွတ် မခါနိုင်တဲ့ အတွက်ရေးလို့ မဖြစ်ပါဘူး ... ဒါကြောင့် ရောက်တတ်ရာရာ အခုတလော စဉ်းစားဖြစ်ခဲ့တဲ့ အိတ်သွန်ဖာမှောက် ဇာတ်လမ်းကြောင်းလေး တွေဘဲ ရေးပါမယ်.....

အင်တာနက် ပေါ်မှာ အထူးသဖြင့် ဖေစ်ဘွတ်ပေါ်မှာ လူမျိုးရေးခွဲခြားမှု့ တွေ အများဆုံး တွေ့နေပါတယ် ... နိုင်ငံ အရေးနဲ့ ပါတ်သက်လို့လည်း ဘာသာရေး လူမျိုးရေး ခွဲခြားမှု့ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများဆုံး တွေ့နေပါတယ်... မန္တလေး သူ တယောက်အနေ နဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှု့ သဘောထား ခံယူချက်တွေ အတွက် ကိုယ့်ကို ကိုယ် ပြန်စမ်းစစ် မိပါတယ် ... ငယ်ငယ်လေး ကထဲက လူမျိုးရေး ခွဲခြားခဲ့လား .. ခွဲခြားရမှန်း မသိပါဘူး.. ဘာသာရေး ခွဲခြားခဲ့လား .. ဒါတော့ ခွဲတယ် ... ဘယ်သာသာဝင် တွေရဲ့ ဘယ်နေ့ဆို ဘယ်လို အစားတွေ စားရမယ် ဆိုတာဘဲ ခွဲခြားခဲ့ပါတယ် ...   ခရစ်စမတ် နီးရင် ပျော်တယ် ... ခရစ်ယာန် သူငယ်ချင်း   တွေနဲ့ ပျော်ကြမယ် ... မုန့်စားမယ် ...

တရုတ်နှစ်သစ်ကူး နီးရင် သူငယ်ချင်းတရုတ်မလေး အိမ်က ၀က်ခြံ ကို စေ့စေ့ မကြည့်တော့ပါဘူး ... နှစ်ကူးရက် ရောက်မှဘဲ ပါးစပ်ထဲ ထည့်ပါတယ် .... တနှစ်ကို ဝက်တကောင် သတ်ပြီးတော့ ဝက်နဲ့ ပတ်သက်တဲ့ ဟင်းမျိုးစုံ ချက်ပြီး နှစ်ကူးစားသောက်ပွဲ မှာ ပျော်ပျော်ကြီး ဆင်နွဲလေ့ ရှိတဲ့ အကျင့် သူငယ်ချင်း အိမ်မှာ ရှိပါတယ်.....

 အစ်နေ့ လည်း အတူတူပါဘဲ ... ငယ်သူငယ်ချင်း တယောက် ရဲ့ မေမေ က အစ် နီးရင် ကျနော်တို့စားချင် တဲ့ အစာတွေ မေးနေကြပါ... အုန်းထမင်း ချက်ရမလား ... ဒန်ပေါက် ချက်ရမလား ... ဒန်ပေါက် ဆိုရင်လည်း အမဲသား မစားမှန်းသိတော့ ကြက်သား.. ဆိတ်သား နဲ့ ချက်ကျွေး ပါတယ် ... ဟိန္ဒူ မီးထွန်းပွဲ ဆိုလည်း မုန့်အချိုတွေ မလိုင်မုန့်တွေ အဝတီးကြပါတယ် ... ကိုယ်နဲ့ ဘာသာမတူသူတွေ နဲ့ သူတို့ ရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ခဲ့တာတွေ ပါ ... ကျန်တဲ့ အပိုင်းတွေ ကတော့ သူငယ်ချင်း တွေ ထုံးစံ အတိုင်းဘဲ ... ပျော်စရာရှိပျော်ကြ စိတ်ကောက်စရာရှိကောက်ကြ ပါဘဲ...

သူက ကုလား ဖြစ်လို့ ... တရုတ် ဖြစ်လို့ ... ဆိုပြီး မစဉ်းစားမိပါဘူး ... ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဒီလိုပါဘဲဗျာ ... အခုကြမှ ဘယ်နဲ့ ဖြစ်ပြီး ဒီလောက် မုန်းတီးနေကြတာလည်း ...ငယ်စဉ်ဘဝ ကနေ အရွယ်ရောက်တဲ့ အထိ ဘယ်တရုတ် .. ကုလား ကမှ နှောက်ယှက်တာ မပြောနဲ့ ရီးစား စာပေးတာတောင် မခံရဘူးပါဘူး  ...  အခုအချိန်မှာ မျိုးချစ်ပုဂ္ဂိုလ် များက မျိုးစောင့်ဥပဒေ ဆိုတာ တွင်တွင်ပြောနေကြတော့ ... အရပ်ထဲမှာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်တာ တာတွေ ကိုပြန် စဉ်းစား မိပါတယ်...

ကျနော် တို့ ငယ်ငယ်သမဝါယမ ခေတ် ... ပါတီကောင်စီခေတ် က ပါတီကောင်စီ လူကြီး .. ရပ်ကွက်လူကြီး လုပ်တဲ့ ဦး....... ဆိုတာရှိတယ် ... သူက ဗုဒ္ဓဘာသာ ... သူ့မိန်းမ က အစ္စလမ်ဘာသာဝင် ... ကလေး   တွေ မွေးထားတာ အများကြီးဘဲ .. ကျနော်တို့ မောင်နှမ တွေ နဲ့ အစဉ်အဆက် သူငယ်ချင်း တွေဘဲ .. သူ့သားသမီး တွေ လည်း အတိအကျတော့ မသိပေမဲ့ ဗုဒ္ဓဘာသာ ယူတာများတယ် ထင်ပါတယ် ... သူတို့ လင်မယား လည်း ချစ်ချစ်ခင်ခင်ပါဘဲ ... အခု သူ့သားသမီး တွေတောင် အင်တာနက် သုံးပြီး ကျနော် ရေးတဲ့ စာကို ဖတ်ချင်ဖတ်နိုင်ပါတယ် ... သူတို့လင်မယားလည်း အိုအောင်မင်းအောင် အခု အချိန်ထိ   ပေါင်းသင်း   နေကြ ပါတယ် ...


ကျနော် တို့ ငယ်ငယ်က ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မှာ ကိုကုလား လို့ ကျနော်တို့ ကခေါ်တဲ့ ကျနော်တို့ ထက် အသက်ရော အတန်းရော အများကြီးကြီး တဲ့ အိမ်နီးခြင်း တယောက် အကြောင်း ကို လည်း စဉ်းစားမိပါတယ် ... သူတို့ မိသားစုက အဖေ တယောက်လုပ်စာနဲ့ စားနေရတဲ့ အတွက် အဆင်မပြေကြ ပါဘူး .. မောင်နှမ တွေလည်း အများကြီးရှိပါတယ် ... ကိုကုလား က အကြီးဆုံး... ဗမာ ဗုဒ္ဓဘာသာပေမဲ့ အသားမဲတာ ကို အကြောင်းပြုပြီး ကိုကုလား နံမည်တွင်တာပါ ... သူ ဆယ်တန်းအောင် တော့ သူ့အဖေ အလုပ် လုပ်တဲ့ဌာန မှာ အလုပ်သွင်းပေးတယ် .. မိသားစု အဆင်ပြေခါစ ရှိသေးတယ် ... မိန်းမ ယူသွားပါတယ်..

မိန်းကလေးက အစ္စလာမ် ဘာသာဝင်ပါ ... သူ့ အမေကြီး အော်အော် ငိုတာ အခုထိကြားယောင်မိတယ် ... ကုလားလို့ ငါနာမည် မှည့်မိလို့များ တကယ် ကုလား ဖြစ်သွားတာလား ကုလား ရဲ့ ဆိုပြီးတော့ပါ  ... ကိုကုလား က အဲဒီဘာသာကိုပါ ပြောင်းလိုက်ရတာကိုး ... ဟိုတလောက သူ့အဒေါ်နဲ့ တွေ့လို အမှတ်တရ ကိုကုလား အကြောင်းမေးလိုက်ပါတယ် ... သူ့ မိသားစု နဲ့ အဆင်ပြေပြေ ပါဘဲတဲ့ ... ဒါပေမဲ့ ဒီဘက်က ဆွေမျိုး မိတ်ဆွေ များနဲ့တော့ အဆက်အသွယ် မရှိပါဘူး လို့ ပြောပါတယ် ......

နောက်တယောက် ကတော့ ကျနော် ကျောင်းပြီး မှ သိခဲ့ရတဲ့ သူငယ်ချင်းမလေး သူက လည်း အစ္စလာမ် ဘာသာဝင် ပါ ... သူ့ရီးစားက မြန်မာ ဗုဒ္ဓဘာသာ .. ငယ်ချစ်တွေ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတော့.. အချိန်တန် တော့ ယူချင်ကြတယ် .. ဒါပေမဲ့ သူငယ်ချင်း အစ္စလမ်မလေးက ဘာသာပြောင်း မှ လက်ထပ် မယ်လို့ ပြောလိုက်တယ်တဲ့ ... သူ့ရီးစား ဗုဒ္ဓဘာသာ ကလည်း ပြောင်းမယ်တဲ့ ... ကောင်လေး ရဲ့ မိဘ တွေ ညီအစ်ကို မောင်နှမတွေ ကတော့ ဘယ်သဘောတူကြမလည်း ... ကျနော့် စိတ်ထဲလည်း မကျေမနပ် ဖြစ်သွားတယ် .. ဘာလို့ ပြောင်းရမှာလည်း ကိုယ်ဘာသာ ကို ဘာလို့ စွန့်ရမှာလည်း ဆိုပြီး သူငယ်ချင်း  ကို တောင်ပြောမိပါသေးတယ် .. သူငယ်ချင်း ကတော့ သူတို့ ဘာသာက ဘာသာမတူရင် လက်ထပ်လို့ မရတဲ့ အတွက်ပါတဲ့ .. ဒါကြောင့် သူ့ချစ်သူ ဘာသာမပြောင်းချင်ရင်လည်း လက်မထပ်ဘဲ အခုလိုဘဲ တသက်လုံးနေသွားတော့မယ် လို့ ပြောပါတယ် ...

 ယောက်ကျားလေး ဘက် ကလည်း  ဘာသာမပြောင်းဖြစ်ပါဘူး ... နောက်တော့ အဲဒီ အစ္စလာမ် သူငယ်ချင်းကောင်မလေး က သူ့ရီးစား ဗုဒ္ဓဘာသာ ကောင်လေး နောက်ကို ခိုးရာ လိုက်ပြေးသွားပါတယ် ... မင်္ဂလာတော့ မဆောင်ကြတော့ဘူး ... အခုတော့ ကလေးနှစ်ယောက် ရနေကြပြီ.. ကောင်မလေး ဘက် နဲ့လည်း အဝင်အထွက် ပြန်ရှိသွားပြီ .. ကောင်လေးနဲ့ လည်း ဘာသာ မပြောင်းကြဘဲ .. ပေါင်းနေကြ ပါတယ် ... ချစ်ချစ်ခင်ခင် ပါဘဲ ... အခု ကျနော်တို့ အိမ်နား မှာဘဲ နေကြပါတယ် .........

နောက်ဆုံး တယောက်ကတော့ ကျနော် ရဲ့ အသိ ထဲကပါဘဲ ... မလေးရှား မှာ ဆယ်တန်းအောင် ကထဲက အလုပ်သွားလုပ်ပြီး မိဘ ကိုရှာကျွေးနေတာပါ ... မလေးသူလေး နဲ့ ရီးစားဖြစ်တယ် ... နှစ်ပေါင်း ကြာလာတော့ လက်ထပ်ကြတယ် ... ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အဲဒီ ယောက်ကျားလေး က အစ္စလာမ် ဘာသာ ကို အရင်ပြောင်းရပါတယ် ... သူ့ရဲ့ ဘာသာပြောင်းပွဲ ပုံတွေ ဖေစ်ဘွတ်ပေါ် မှာတင်ပါတယ် ... ပြီးရင် လက်ထပ် တဲ့ ပုံတွေ ပါတင်ပါတယ် ... လက်မထပ် ခင်က မြန်မာပြည် ပြန်လာပါသေးတယ် .. အမေနဲ့ ညီမ က ဘာသာ မပြောင်း ဖို့ မြန်မာပြည်မှာဘဲ ရှိတာလေး နဲ့ လုပ်စားဖို့ ငိုယိုပြီး တောင်းပန်ပါတယ် ...ဒါပေမဲ့လုံးဝ လက်မခံဘဲ မလေးရှား သူနဲ့ ယူသွားပါတယ် ... သူ ကြိုက်မကြိုက် မသိလို့ ဖေ့စ်ဘွတ် လင့်ခ် ကို တော့ တင်မပေးတော့ ပါဘူး...

မြန်မာမလေး များ ကုလားနဲ့ယူတာတော့ ကျနော့် မျက်မြင် မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အတွေ့အကြုံမျိုး မရှိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး ... အခု အင်တာနက် ပေါ် မှာ ဖေ့စ်ဘွတ်ခ် သုံးမှဘဲ ဘယ် မြန်မာမလေး က ဘယ်ကုလား ကို ယူလို့ ဘာဖြစ်သွားတယ် .. ဘယ်လို အနှိပ်စက်ခံရတယ် ဆိုတာ ကြားပါတယ် ... ဒါကြောင့် ချစ်ညီမ ကိုတောင် ခဏ ခဏ ပြောဖြစ်တယ် ... ငါ့ကို က ဒီလောက် ဟိုးလေးတကျော် အနှိပ်စက်ခံ ဇာတ်လမ်းတွေ ကို ဖေ့စ်ဘွတ် သုံးမှ ဘဲ တွေ့ဘူး မြင်ဘူးတာ ဆိုတော့ တော်တော် ဗဟုသုတ နည်းတယ် .. လို့ ပြောမိပါတယ် ...  ဒါတောင် ဒီဘက်ခေတ်ရောက် မှ ဒီလောက် များများတွေ့ဘူးတာပါ ... ကျနော် စသုံး တုန်းက ဒါတွေ မရှိပါဘူး .. အခုမှဘဲ ဒီမိုကရေစီ ကို လျှောက်လှမ်းတော့မှဘဲ ဒါတွေ အတွေ့များလာတာပါ ...

ကျနော် နဲ့ ဟိုတလောက ခင်မင်တဲ့ ဦးဇင်း နဲ့ မျိုးစောင့် ဥပဒေ အကြောင်း ငြင်းကြ တာ မှတ်မိအုန်းမှာပါ ... (မျိုးစောင့် ဥပဒေ နဲ့ ရွှေစင်ဦး နဲ့) တနေ့ကတော့ အဲဒီ ဦးဇင်း နဲ့ ပါလာတဲ့ ဦးဇင်း က နောက် တခေါက် ပြန် လာပါတယ် ... ဒကာမကြီး ဟိုနေ့က ဟို ဦးဇင်း....  နဲ့ဒကာမကြီး  နဲ့ ငြင်း ကြတော့ ကျုပ်လည်း ဒကာမကြီး ဘက်ကပါ .. မျိုးစောင့် ဥပဒေ မလိုအပ်ဘူး လို့ ထင်ခဲ့ပါတယ်  ... ဒါပေမဲ့ အခု စိန်ပန်းထဲ မှာ ကျုပ် မျက်မြင် ဖြစ်ရပ်မှန် တွေ တွေ့လာတဲ့ အတွက် စိတ်ပြောင်းသွားပြီ ... မျိုးစောင့်ဥပဒေ ဆိုတာ လိုအပ်ပါ တယ် ...  အဲဒါ ဒကာမကြီးလည်း စိတ်ပြောင်းအောင် လို့ လာပြောတာဆိုပြီး အစ္စလာမ်ဘာသာ ဝင် ယောက်ကျား က ဗုဒ္ဓဘာသာဝင် မိန်းမ ကို နှိပ်စက် တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ပြောပြပါတယ် ...

တပည့်တော် ယုံပါတယ်ဘုရား ... နောက်ပြီး ဗုဒ္ဓဘာသာဝင် ယောက်ကျားက ဗုဒ္ဓဘာသာဝင်မိန်းမ ကို နှိပ်စက် တဲ့ ဇာတ်လမ်းလေး တွေ လည်း တပည့်တော် ပြောပြပါမယ် ဆိုတော့ ဦးဇင်း ငြိမ်သွားပါတယ် ... လူ အခြင်းခြင်း နှိပ်စက် ညှင်းပန်းတာ ကို တပည့်တော် လက်မခံပါဘူး .. ဘယ်ဘာသာဝင်ဆိုတာ မကြည့်ပါဘူး လို့ ပြောလိုက်ပါတယ် ... ဒါပေမဲ့ ဦးဇင်း က ဇွဲမလျှော့ ပါဘူး နောက်နေ့ မှာ မျိုးစောင့် ဥပဒေ ဆိုတဲ့ အခွေလေး လာပို့သွားပါတယ် ... ဒကာမကြီး နားထောင်ဖြစ်အောင် ထောင်ပါလို့ လည်း ပြော သွားပါတယ် ... ကျနော် ယူထားလိုက်ပါတယ် ..  ဦးဇင်း စိတ်ချမ်းသာပါစေတော့ .. သူတို့ မေတ္တာရှိတဲ့ ဒကာမကြီး အမြင်မှန်ရအောင် ကျိုးစားကြတာပါ ... တကယ့် အရိုးခံ ဘာပရောဂ မှ မပါဘူးဆိုတာ ယုံကြည်ပါတယ် ...

ကျနော် တို့ မန္တလေး ဆိုတာ မီးလောင်လည်း ဘုန်းကြီးတွေ က ရှေ့ဆုံးက နေပြီး.. ဒကာ၊ ဒကာမ တွေ ကို အမြဲတမ်း အကာကွယ်ပေးနေကြ ... ၈၈၈၈ အရေးတော်ပုံကြီး တုန်းကလည်း တမြို့ လုံး  အေးချမ်းအောင် ...... စောင့်ရှောက် ပေးခဲ့တယ် ... ပြည်သူ နဲ့ လက်တွဲလို့ စစ်အစိုးရ ကို ဖြုတ်ချဖို့ ကျိုးစား ပါဝင်ခဲ့တယ် .. ၂၀၀၇ သံဃာအရေးအခင်း တုန်းကလည်း အသေခံ..... အဖမ်းခံပြီး အာဏာရှင် တွေကို ဖြုတ်ချဖို့ ကျိုးစားခဲ့ တယ် ..မသင့်တော်တာ ရှိရင်လည်း ဘုန်းဘုန်းတွေ က ဆုံးမပဲ့ပြင်ခဲ့တယ် .. ဘာသာရေး အသိကြွယ်အောင် ဆိုဆုံးမ ခဲ့တယ် ... အချစ်ဆုံး အဖိုးက လည်း ဘုန်းကြီး ၀တ်နဲ့ တချိန်လုံး ဘုရားစာသင် တရားထိုင်သင် ဆိုတော့ ဘုန်းဘုန်းတွေ ကို ကြည်ညိုပြီးသား ...  လေးစားပြီးသားပါ..  ထောင်ထဲမှာ မန္တလေး က ဂဠုန်နီဘုန်းဘုန်း..  ငြိမ်းချမ်းရေးကိုယ်တော်.. နဲ့ တခြားဘုန်းဘုန်း များ အနှိပ်စက်ခံရတယ် ကြားရတုန်းက မျက်ရေ ကျလောက်အောင် စိတ်ထိခိုက်ရပါတယ် ...

မြန်မာပြည် မှာ အထူးသဖြင့် နယ်ဘက်မှာက သားယောက်ကျားလေးများကို အလှူအတန်း လုပ်ပြီးတဲ့ အခါ သာသနာ့ဘောင်မှာ ပျော်မွေ့သွားရင် သိပ်ဝမ်းသာကြပါတယ် .. ကျောင်းထိုင်ဘုန်းဘုန်းများ ကလည်း ဥာဏ်ကောင်းတဲ့ ကိုရင်များကို လူပြန်မထွက်စေချင်တော့ပါဘူး ... အဲဒီတော့ မြန်မာပြည်က လူတော်များ (နယ်ဘက်က အများစုပေါ့) ဟာ ငယ်ဖြူ ကိုယ်တော်များ ဖြစ်နေကြပါတယ် ...

လူလောက သဘာဝတွေ .. နိုင်ငံရေးပရိယာယ် တွေ နဲ့ အာဏာရှင် တွေ ရဲ့ ညစ်ပတ် စုတ်ပြတ်ပုံ ယုတ်မာ ကောက်ကျစ်ပုံ ကို အလုံးစုံ နားမလည်နိုင်အောင် ရိုးသားကြပါတယ် .. ဒါကြောင့် ဘုန်းဘုန်း များလည်း အခုအချိန်မှာ မျိုးစောင့်ဥပဒေ လို သဘောထား ကွဲပြားစေတဲ့ အရာတွေ ကို ခဏ ထားလိုက်ပါအုန်း ... လို့ တောင်းပန်ချင်ပါတယ် ....  မျိုးစောင့်ဥပဒေ ကနေ အမုန်းမီးပွားများ ပေါက်ဖွား လာပြီး တိုင်းပြည်မအေးချမ်း တဲ့ အတွက် ကယ်တင်ရှင်များက တိုင်းပြည် ကို ဂျောက်ထဲ မကြအောင် ကယ်တင်ကြ ပါလိမ့်မယ် ဘုရား ..... တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ...

အခု တပည့်တော်တို့ မြန်မာပြည်မှာ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ လမ်းစလေး ရေးရေးပေါ်နေပါတယ် . ဒါပေမဲ့ အာဏာ လက် မလွှတ်ချင် တဲ့ သူတွေ ... အာဏာရူး တွေ ရှိနေပါတယ် ... အာဏာ လက်မလွှတ်ရအောင် ဘက်ပေါင်းစုံကနေ ပြည်သူများ.. သံဃာများ.. ဘာသာကွဲများ.. နိုင်ငံရေးသမားများ.. တိုင်းရင်းသားများ ကို စည်းရုံးရေး ပျက်ပြားအောင် အကြီးအကျယ် လုပ်ဆောင်နေကြတယ် လို့ တပည်တော်ထင်တဲ့ အတွက် အခုအချိန်မှာ လမ်းစလေးရေးရေး ကို မပျောက်အောင် ထိမ်းသိမ်းဖို့ ကလွဲပြီး မျိုးစောင့်ဥပဒေ အပါအဝင် ညီညွတ်ရေး ပျက်ပြားစေတဲ့ အရာအားလုံး ကို စိတ်မ၀င်စားပါဘူး လို့ ပြောချင်ပါတယ် ဘုရား ...

နောက်ဆက်တွဲ အနေနဲ့ ပြောရရင် ကျနော် နဲ့ သိကျွမ်းတဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိပါတယ် ... တနေ့က ဆရာမ က ဗုဒ္ဓဘာသာလား လို့ မေးပါတယ် .. ဟုတ်တယ်လို့ ပြောတော့ စီဒီခွေလေး ထုတ်ပေးပါတယ် ... ၉၆၉ မှာ ဈေးဝယ်ဖို့ ဆိုတဲ့အခွေလေးပါ .. ကျနော်ဖွင့်မကြည့်မိပါဘူး ... တော်တော်လည်း စိတ်ပျက် သွားပါတယ်  .. M.Res လုပ်နေတဲ့ ကလေးတွေပါ ... ဒီလို ပညာတတ် ကလေး တွေ ရဲ့ ဦးနှောက်ထဲ မှာ  ဒီလို အတွေးအခေါ်တွေ ၀င်ရောက်နေ တာ ဟာ တိုင်းပြည် အတွက် မကောင်းတဲ့ အလားအလာ တွေပါ ...

ကျနော် တို့ မြန်မာပြည်ကြီး တိုးတက်ဖွင့်ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ တွေ လိုအပ်နေတဲ့ အချိန်မှာ အမြင်ကျဉ်းမြှောင်းတဲ့ ၉၆၉ မှာ ဈေးဝယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကို လည်း လက်မခံနိုင်ပါဘူး .. ဒီအတိုင်းသာ ဆက်သွားနေရင် ၉၆၉ မှာ ဈေးဝယ်ရရုံတင် မကဘူး.. နောက်ဆိုရင် အပ်ချီလုံး တလုံးနဲ့ ဓါတ်ခဲ တလုံး ... ဆန်တပြည် ကို တနေကုန် တန်းစီပြီ ထုတ်ရတဲ့ သမ၀ါယမ ခေတ်ကို ပြန်ရောက်ပြီး ... အာဏာရှင် တွေ လက်အောက် မှာ ပြန်လည် ဒူးထောက်ရလိမ့်မယ် ... လို့ ကျနော် ထင်ပါတယ်..

ဘလော့ဂါတဦး အနေနဲ့ ရေးသင့်တယ် ထင်တဲ့ ပိုစ့်လေးကို ဘလော့ဂ်ဒေး အမှတ်တရလေး ရေး လိုက် ပါတယ် ...  ဧရာဝတီအရေး ကဲ့ သို့ အရေးကြီးတဲ့ နောက်ထပ်... နှစ်ပေါင်းများစွာ အာဏာရှင် များ လက်ထဲ ဆက်လက် နေရမဲ့ အရေးလို့ လည်း ကျနော် ထင်ပါတယ် ... ဒါကြောင့် ဒီပိုစ့် လေး ကို ရေးပါတယ်


 ကျနော့် ဘလော့ဂ်လေးမှာ လေးနှစ်ကျော် ဖတ်ရှု့ အားပေးခဲ့ကြတဲ့ စာဖတ်သူ မိတ်ဆွေ များကိုလည်း အထူးကျေးဇူး တင်ပါတယ် ... အခုတလော အလုပ်နည်းနည်း များတဲ့အတွက် ... ဘလော့ဂ်လိပ်စာလည်း အပြောင်းအလဲ ဖြစ်သွားတဲ့ အတွက် ...  စာတင်တာ နည်းနည်း အဆက်ပြတ်သွားပါတယ် ... အားလုံး ကို တောင်းပန်ပါတယ် ... ဘလော့ဂါ မိတ်ဆွေများလည်း လင့်ခ် လေးပြောင်းချိတ်ပေးကြပါ... ကျနော်လည်း ဆက်လက်ပြီး စာကောင်းလေးများ တင်ပေးနိုင်ဖို့ ကျိုးစားပါမယ် ....

 ကျနော့် ဘလော့ဂ်လေး မှာ တင်ထားတဲ့ ဆောင်ပုဒ်လေး ရှိပါတယ် ...  အောက်မှာထပ်ဖော်ပြ ထားပါတယ် ... အဲဒီအတိုင်းဘဲ ကျနော် ကျင့်သုံး မှာပါ ...
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
အားလုံးကိုလေးစားလျှက်
ရွှေစင်ဦး 
http://www.shwezinu.blogspot.com
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 1, 2012

ရွှေစင်ဦး တော့ ဆက်မပွတ်တော့ဘူး


ကျနော် ဒီတခေါက် ရန်ကုန်သွားတဲ့ အကြောင်းရင်း ထဲမှာ ဆက်မပွတ် သင့်တဲ့ အခုရေးမဲ့ အကြောင်းလဲ ပါဝင် ပါတယ်.... ဘာတွေ ကို မပွတ်သင့်တာလည်း .....
>>>ဆက်ဖတ်ရန်>>> >>

Friday, January 27, 2012

ရွှေစင်ဦး နဲ့ အသစ်စက်စက် ကိုမှ ချစ်လျှက် နေချင်တဲ့ ....

ကျနော့် အဖွား မကြာခဏ ပြောတဲ့ ဂျပန် ပိုက်ဆံ အကြောင်း... ပစ္စည်း တွေ ဈေးကြီး လို့ ပိုက်ဆံ များများ ပေး ရရင်.. ပိုက်ဆံ တွေ က ဂျပန် ပိုက်ဆံ ဖြစ်နေပြီ .... လို့ သူ့ဟာသူ ညည်းညူ ရုံ အားမရလို့..  ... ဂျပန် ခေတ် ဈေးသည် တွေ စီ ဈေးဝယ်ရင် ပိုက်ဆံ အသစ်ချပ်ချွတ် မှ ယူတာတို့ ... အခု ငါ့မြေး တို့ သုံးနေတဲ့ ပိုက်ဆံ မျိုး ဆို ဘယ်ဈေးသည် မှ မယူဘူး တို့  ထောင်မလဲ သဲကော် မှ လက်ခံတာလေ  လို့ ပြောလေ့ ရှိတယ်... 

ငယ်တုန်းက တော့....  ထောင်မလဲ သဲကော် တွေ ဘာတွေ ပြောရင် မရှင်းလို့ ပြန်မေးမိတယ်... ပိုက်ဆံ နွမ်း နေရင် ထောင်မရဘူး ... သဲ လဲ ကော်လို့ မရဘူး... ဒါကြောင့် ထောင်မလဲ တဲ့ သဲကော် လို့ ရတဲ့ အသစ် ချပ်ချွတ် ပိုက်ဆံ မှ သုံးလို့ ရတာလေ လို့ ပြောလို့ အံသြမိရတယ်... ရွှေစင်ဦး တို့ သုံးနေတဲ့ ပိုက်ဆံ တွေ က ဟောင်းနွမ်းစုတ်ဖတ် နေတဲ့ ပိုက်ဆံလေးတွေ လေ.....

အခုလည်း တခါ အံသြမိပြန်ပြီ.... 

ရွှေစင်ဦး လွန်ခဲ့ တဲ့ တပတ်က ကိစ္စတခု ရှိလို့ ရန်ကုန် မြို့ ကြီးကိုရောက်ခဲ့ရပြန်တယ်.. သြ စာဖတ်သူ များ ကို တခုပြောချင်သေးတယ်... ရွှေစင်ဦး ဟာ ရန်ကုန် မလို့ မန္တလေး မလို့ ဆိုတဲ့ ဒေသ အစွဲ မရှိ ပါဘူး... ကိုယ်ရောက်တဲ့ နေရာမှာ ဖြစ်တဲ့ ပြဿနာလေး တွေ ကို ရိုးရိုးသားသား တင်ပြခြင်း သာဖြစ်ပါတယ်...

မန္တလေး မှာ ဖြစ်ခဲ့တဲ့ ပြဿနာလေး တွေ ကိုလည်း ကျနော် ရေးဖူးပါတယ်... ဖတ်ချင်သူများ ဒီနေရာ မှာ ဖတ်လို့ ရပါတယ်... ဒီစကားလေး ကျနော် ထဲ့ ပြောခြင်းဟာ ကျနော် ဟာ ဇာတိစွဲ လူမျိုးစွဲ ရှိသူ တယောက်လို့ ထင်မှာစိုးလို့ပါ... ဘယ်နေရာမှာ ဘဲ ဖြစ်ဖြစ် ဘယ်လိုလူမျိုးကဘဲ လုပ်လုပ် မှန်ကန် တယ် လို့ ကိုယ်ထင်တဲ့ ဘက်က ရပ်တည် မှာ သာ ဖြစ်ပါတယ်...

အင်း ရွှေစင်ဦး ဟာ ရောက်တဲ့ နေရာ သောက်ရုံ ပေါက်ရုံ မကဘူး.. ပြဿနာ လည်း ရှာတတ်သူ ဖြစ်နေ ပါပြီ... ရန်ကုန် မှာ တညအိပ် ရောက်ပါတယ်... အမတင့် အိမ်က မုံဟင်းခါး ကို စားဖြစ်အောင် သွားစားတယ် (မုန့်ဟင်းခါး ကလည်း စားကောင်းလွန်းလို့ .... လာဖြစ်လို့ တော်သေးရဲ့ ... နို့ မို့ဆို ဒီလောက်ကောင်း တဲ့ မုန့်ဟင်းခါး နဲ့ လွဲ ရမှာလို့ မှတ်ချက်ချမိပါတယ်) ... နောက်ထပ်... ပြဿနာ တခုရှာလာ ပါတယ်..

မုန့်ဟင်းခါး စားပြီး တော့ ပြန်မဲ့ နေရာကို အမတင့် က လိုက်ပို့တယ်.. သိပ်ဝေးလွန်းတယ် ... တက်စီ ငှားလို့ ရတဲ့ နေရာမှာ ချပေးခဲ့ပါလို့ ပြောမိတယ်... အတူ ပါလာတဲ့ ညီမငယ် အနော် က စိန်ဂေဟာ မှာဘဲ ချပေးလိုက်ပါ.. သူ ထီးဝယ်စရာရှိတယ် ပြောတာနဲ့ .. စိန်ဂေဟာ (ပါရမီ) မှာဆင်းပြီး ဟိုငေးဒီငေး ဝင်ငေး ကြတယ်... အနော် တယောက် ကတော့ သူကြိုက်တဲ့ ထီး ကို သဲကြီး မဲကြီး ရှာဖွေနေတယ်... 

ကိုယ်လည်း ငေးချင်ရာ ငေးပြီး ပြန်လှည့် လာတော့ အနော်တယောက် ငါးထောင်တန် လေး ဟိုထောင်ကြည့် ဒီလှဲ့ ကြည့် လုပ်နေတယ်... ဘာဖြစ်လို့ လည်း ညီမ လို့ မေးတော့ .. ဒီပိုက်ဆံ မှာ အစွန်းလေး နဲနဲ ပါလို့ ပြန်လဲခိုင်းနေလို့ တဲ့... ဒါနဲ့ ညီမ ပြန်လဲပေးနေတာ လို့ ပြောတယ်... သူ့ ပိုက်ဆံ ကို ကျနော် ယူကြည့်မိတယ်.. 

မပြောပ လောက်ပါဘူး... ဒီလောက်ကတော့ ညီမလေး ရယ် လူတွေ သုံး နေတာဘဲ ဘာမှ မဖြစ်ပါဘူး လက်ခံသင့် ပါတယ်လို့ ပြောတော့ ကောင်တာ က ကလေး မလေးက ... ညီမ တို့ နံမည် နဲ့ ပိုက်ဆံ အပ်ရတာ... အဲလိုမျိုး လက်ခံမိရင် ညီမ တို့ စိုက်ပြီး ပြန်လဲ ပေးရတယ် တဲ့... အင်း ဒီကလေး မှာ အပြစ်မရှိ ပါဘူးလေ လို့ ပြောရင်း သည်းခံ ခွင့်လွှတ်ပြီး ဆက်ကြည့်နေတယ်...

ခဏနေတော့ အနော် က နှုတ်ခမ်းနီ အဆီ တဲ့ နောက်ဘာလဲ မသိဘူး အလှ ကုန်လေး တွေ ဝယ်တယ်... အလှကုန် ကောင်တာ မှာ ပိုက်ဆံရှင်းပြန်တယ်... ခုန ငါးထောင်တန် ပြန်ထဲ့ပေးမိပြန်တယ်.... ပိုက်ဆံ ကို ပြန်လဲ ခိုင်းပြန်တယ်... ဒီတခါတော့ ကျနော်လည်း နဲနဲ ပြောမိတယ်... ညီမ ရယ် ဒါက လူ တွေ လက်ထဲမှာ သုံးနေပြီဘဲ ... ဒီလောက်လေး စွန်းတာ လက်ခံသင့်ပါတယ်လို့ပြောတော့... ခုန ထီးကောင်တာ က ကလေးမလေး ပြောတဲ့ အတိုင်းပြန်ပြောပြန်တယ်.. သြ သူတို့ မန်နေဂျာ လား ပိုင်ရှင် လား ... ဒီလောက်စည်းကမ်း တင်းကြပ်ကြလား... အံသြမိတယ်... 

ဈေးဝယ်သူ မှာ ငါးထောင်တန် တရွက် ဘဲ ပါရင် ဘယ်လို့လုပ်မလဲ... နောက်ပြီး အဲလို မလိုအပ်ဘဲ ပြန်လဲ ခိုင်းတဲ့ အတွက် ဈေးဝယ်သူ မှာ စိတ်အနှောက်အယှက် ဖြစ်ရတယ်... ကောင်တာ က ဝန်ထမ်းကလေး တွေ လည်း စိတ်ညစ်ရတယ်.... မလိုအပ်တာ ကို အကျယ်ချဲ့ ပြီး ... ဂျပန်ခေတ် က ထောင်မလဲ သဲကော် တဲ့ ဂျပန်ပိုက်ဆံ နဲ့ ငါးထောင်တန် ကို အသွင်တူအောင် လုပ်နေတဲ့ အတွက် စိတ်ဆိုးတယ်...

တကယ်တော့ သာမာန် ဈေးဝယ်သူတွေ ဟာ ဂျပန်ခေတ်က ပိုက်ဆံလို ငါးထောင်တန် ကို ဂုံနီအိပ် နဲ့ ထဲ့ မသုံးနိုင်သလို ... သာမန် လူတန်းစားတွေ ဈေးဝယ်သွားရင် ငါးထောင်တန် သိပ်များများလည်း ထဲ့ နိုင်မယ်မထင်ပါဘူး... ဒီကြားထဲ က မရှိမဲ့ရှိမဲ့ ငါးထောင်တန်လေး ပြန်လဲခိုင်းလို့ အပိုပါမလာတဲ့ ဈေးဝယ်သူ ခမျာ သူလိုချင်တဲ့ ပစ္စည်း မရ ယုံမကဘူး ... ငါးထောင်တန် ကို တရွက်အပြင် ပို မကိုင် နိုင်တဲ့ အတွက် လူပုံ အလည် မှာ အရှက် ရစရာဖြစ်အုန်းမယ် (ညီမ အနော် မှာ တော့ ငါးထောင်တန် အပို ပါလို့ တော်ပါသေးတယ်) ....

အဲဒီလို စိတ်အနှောက်အယှက် ဖြစ်စရာ တွေ ကြုံရတဲ့ အတွက် စိန်ဂေဟာ က ချစ်ညီမ စစ ဝယ်ချင်တဲ့ အိုင်ဖုန်း တို့ အိုင်ပက် တို့ လည်း မဝယ်ဖြစ်တော့ သလို ... ချစ်ချစ်ကြီး မှာလိုက်တဲ့ ... ကုန်တိုက်ကြီး တတိုက်လုံး က ပစ္စည်း တွေ လည်း မဝယ်တော့ဘူး .... စိတ် ဆိုး တယ် လို့ အနော် ကိုပြောလိုက် တယ်... ပိုစ့် တခုလည်း ရေးမယ် လို့ ပြောတော့ ... အလွန်အလွန် မှ အကြောက်ကြီး ကြောက်တတ် ရှာသော သူရဲကောင်း ညီမ အနော် က အလုပ်ရှုတ်ပါတယ် မမ ရယ် ရေးမနေပါတော့ နဲ့ လို့ဆိုပြီး ရွှေစင်ဦး မသိအောင် တက်စီ သမား ကို အဲဒီ ပိုက်ဆံ ငါးထောင်တန် ပေးလိုက်တယ်.... 

သြ ချစ်ညီမ အနော် ရေ ကိုယ့် အမကြီး ကိုလျှော့တွက်လေရောသလား... ကားပေါ်ရောက်တော့ သုံးမိမှာ စိုးလို့ ... ဟိုပိုက်ဆံ မမ ကို ပေးထား ပိုစ့် တင်ရင် ဓါတ်ပုံ ရိုက်ရအုန်းမယ်လို့ ပြောတော့... မရှိ တော့ဘူး တဲ့... အခုလေးတင် ဘာမှ ဝယ်တာ မဟုတ်ဘဲနဲ့ ဘယ်ရောက်မှာလဲ ပြောမှ တက်စီ ဆရာကြီး ကို ပေးလိုက်ပြီတဲ့....

အင်း ဘယ်ရမလဲ ... ရွှေစင်ဦး တဲ့... တက်စီ ဆရာကြီး ရေ ဟောဒီက အသစ်လေး ယူနော် ခုန ပိုက်ဆံ လေး ပြန်ပေးပါလို့.. ပြောတော့ တက်စီ ဆရာ ခမျာလည်း ကားမောင်းရင်းတန်းလန်း ဟိုရှာ ဒီရှာ နဲ့ ရအောင်ရှာ ပြီး ပြန်ပေးရှာပါတယ်... ကဲ စာဖတ်သူများ ကြည့်လိုက်ကြပါအုန်း.. ဘာတွေ များ ဖြစ်နေ လို့လည်း...

စိန်ဂေဟာ မှ တာဝန်ရှိပုဂ္ဂိုလ်ကြီး များ ခင်ဗျား... ဂျပန် ခေတ်က ပိုက်ဆံ လို ငါးထောင်တန်  အသစ် စက်စက် ကို မှ မလိုချင်ပါနဲ့.. ခေတ်သစ် ကို လူဟောင်း .. စိတ်ဟောင်း ... လူဟောင်း ... စိတ်သစ် ... တွေ နဲ့ သွားနေတဲ့ ဒီမိုကရေစီ ခေတ်မှာ ... စိန်ဂေဟာ မှ ဝန်ထမ်းကလေး များ နဲ့ စိန်ဂေဟာ မှာ အားပေး နေကြတဲ့ ဈေးဝယ်သူ များ အဆင်ပြေ စေရေး အတွက်  ... တင်းကြပ် တဲ့ စည်းမျဉ်းစည်းကမ်း လေး များ ကို နဲနဲ လောက် လျှော့ ပါလို့ ... မေတ္တာရပ်ခံ ပါတယ်ဗျာ...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 27, 2011

ရောက်တဲ့ နေရာမှာ သောက်... ပေါက် တဲ့ ရွှေစင်ဦး နဲ့ ရန်ကုန်မြို့တော်ကြီး

ရောက်တဲ့ နေရာမှာ သောက် ပြီး ပေါက် တတ်တဲ့ ရွှေစင်ဦး တယောက် ရန်ကုန် မြို့တော်ကြီးမှာ ဒုက္ခ ရောက်ခဲ့ ရပုံ ကို နဲနဲ လောက် ရေးပြချင်ပါတယ်...

မရည်ရွယ်ဘဲ ချစ်ဖေဖေ ရဲ့ ကျေးဇူးကြောင့် ရန်ကုန် မှာ တလလောက် နေဖြစ် သွားပါတယ်... တနေ့တော့ ရန်ကုန်မြို့လည်ကောင် ၃၈လမ်း အလယ်ဘလောက် ကို သွားဖို့ ကိစ္စ တခုပေါ်လာ ပါတယ်... ဆေးရုံ တည်ရှိရာ မင်္ဂလာဒုံ ကနေ သွားဖို့ Taxi နဲ့ ဆိုရင် ၆ဝဝဝ လောက် ကုန်မယ် တဲ့ . ၅၁ ဘတ်စ်ကား စီးရင်တော့ ၂ဝဝ ကျပ်နဲ့ အိုကေ မယ်ဆိုတော့  ဘတ်စ်ကား နဲ့ ဘဲ သွားပါတယ်...

တယောက်ထဲ သွားဖို့ပေမဲ့ ချစ်မေမေ က ဆယ်ကျော်သက် သမီးချောချောလေး ကို စိတ်မချဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ အတူ လိုက်လာပါတယ်... တကယ်တော့ နေမကောင်းလို့ ဂျီ ကြနေတဲ့ (နေကောင်း ရင် တော့ ဂျီ မကြတတ်ပါဘူး.. ဟဲ...ဟဲ...) ချစ်ဖေဖေ အနားက လွတ်မြောက်ရာ နယ်မြေ ကို ရှာခြင်းပေလားမသိ....

ဒီလိုနဲ့ ဆူးလေ မှာ ကားပေါ်က ဆင်းပြီး ၃၈လမ်း ကို လမ်းလျှောက်သွားပါတယ်... စောစောစီးစီး ရေတဝ သောက် လို့ ပေါက်ချင်လာပါတယ်... ဗိုက်ကလည်း ဆာလာပါတယ်... သန့်သန့်ရှင်းရှင်း နဲ့ ခပ် ကြီးကြီး  လဘ္ဘက်ရည်ဆိုင်ကြီး မှာ ပေါက်ဖို့ သောက်ဖို့ ဝင်ပါတယ်....

လဘ္ဘက်ရည် တွေ ဝက်သားပေါင်း တွေ မှာပြီး.... အိမ်သာသွားချင်လို့ ဘယ်မှာ သွားရမလည်း လို့ မေးတော့ စားပွဲထိုးကလေး မျက်နှာ က မချိုမချဉ် နဲ့ သူ့ အဖော် တယောက်ကို သွားမေးပါတယ်... သူတို့ နှစ်ယောက် တော်တော်ကြာကြာ တိုင်ပင်ပြီးလေမှ.. ဒီဆိုင်မှာ မိန်းမ သွားတဲ့ အိမ်သာ မရှိဘူး အမ တဲ့.....

အင်း ... ပေါက်ချင်တဲ့ ဒေါသ နဲ့ မခံချင်စိတ် က ထိပ်တက်လာပါတယ်... မေမေ လာ မိန်းမ သွားလို့ ရတဲ့ အိမ်သာ မရှိရင်.. မိန်းမ လည်း မစားဘူး... သွားမယ် ဆိုပြီး... လည်း ပြောလိုက်ရော.. ချစ်မေမေ ခမျာ ပါးစပ်ထဲ က ဝက်သားပေါင်း လေး ကို မြိုချရတော့ မလိုလို... ထွေးထုတ် ရတော့ မလိုလို... လဘ္ဘက်ရည် ခွက် ထဲ မွှေနေတဲ့ ဇွန်းလေး ကိုဘဲ ဘေးချပြီး ရွှေစင်ဦး နောက် ထ လိုက်ရတော့ မလိုလို.. ဖြစ်နေပါတယ်...

အဲဒီအချိန်ကြမှ... လဘ္ဘက်ရည် ဖျော်တဲ့ ကောင်တာက အဖျော်သမားလေးက သော့လေး တချွင်ချွင် နဲ့ ကယ်တင်ရှင် လုပ်ပြီး အမ လာ... လာ... ဆိုပြီး ခေါ်ပါတယ်... ရွှေစင်ဦး လည်း ဒေါသ ကို ထိမ်းသိမ်းပြီး တဇောင့်ဇောင့် နဲ့ သော့လေး ကို ယူပြီး အိမ်သာ ရွှေတံခါးကြီး ကိုဖွင့် လို့ ... ပေါက်လိုက်ရပါတယ်...

ကိုယ် ပေါက်လို့ ပြီးတော့မှ ... မေမေ လာ.. လာ ပေါက်ဆိုတော့ ... မေမေ က တော်ပြီတဲ့... စားပွဲ ရောက်မှ ဒို့တော့ အငြိုငြင် ခံပြီး မပေါက်သေးဘူး လို့ပြောတယ်... အင်း ရွှေစင်ဦး ကတော့.... အငြိုငြင် ခံပြီး ပေါက်ခဲ့ရပါတယ်... 

၃၈လမ်း က ရွှေစင်ဦး တို့ သွားမဲ့ ဆိုင်က မဖွင့်သေးပါဘူး..... အငြိုငြင်ခံပြီး မပေါက်ခဲ့ တဲ့ ချစ်မေမေ လည်း ကြာတော့ ပေါက်ချင်လာပါပြီ.... အင်း ဒီနားမှာ အိမ်သာ နဲ့ တူတာလည်း မတွေ့ ဘူး .... ရွှေစင်ဦး လည်း ဆိုင်တွေ ဝင်ပြီး ဘုရားလည်း ဖူး လိပ်ဥ လည်း တူးရမှာ ကို ကြောက်သွားပြီ ဆိုတော့... အပိုင်ကြံ ရပါတယ်...

အင်း...မေမေ ရေ ဒီတခါတော့ သေချာတဲ့ အင်တာနက် ဆိုင်ဘဲ သွားကြမယ်ဆိုပြီး... အနီးဆုံး တဆိုင်ဖြစ်တဲ့ ..... ဆိုက်ဘာ အင်တာနက် ဆိုင် ထဲကို ဝင်ပါတယ် စက် ခဏသုံးပြီး ကောင်တာ က ကလေး စီမှာ အိမ်သာသွားချင် လို့ ဘယ်မှာ သွားရမလည်း ဆိုတော့ ... သြ အမ အိမ်သာ တော့ ရှိတယ်... သော့ က မရှိလို့ သွားမရဘူး ခင်ဗျာ တဲ့...

စိတ်မတိုချင် မှ တိုစရာတွေ နဲ့ ကြီး တွေ့တော့ တာဘဲ... မင်းတို့ ဆိုင်က ဘယ်လို ဆိုင်လည်း... မင်းတို့ ရော အိမ်သာသွားချင်ရင် ဘယ်ကသော့ ရလည်း ဆိုတော့ ကျနော် တို့ က .. ဘယ်လို..ညာလို နဲ့ ယောင် ဝါးဝါး လုပ်နေပါတယ်.. 

အင်း အိမ်သာ ပေး မတက်ချင်စရာ (အိမ်သာ ထဲ မှာ ပေါက်ကွဲ စေတဲ့ ဟာ ချတဲ့) ရုပ်ကလေးများ ပေါက် နေလားလို့ ဆေးရုံ ရောက်မှ မှန်ထဲ ပြန်ကြည့် ရအုန်းမယ် လို့ တွေးလိုက်ပါတယ်... စိတ်ပျက်ပျက်နဲ့ အင်တာနက် မသုံးတော့ ဘဲ ဆက်ထွက် လာ ပါတယ်...

မေမေ ရေ ၃၈လမ်း ဆိုင်ကြ မှ အိမ်သာ ဝင်တာပေါ့လို့ ပြောတော့... ချစ်မေမေ က စိတ်ဓါတ်ကျနေ တဲ့ အသံ နဲ့ အဲဒီဆိုင်ကလည်း ကြည့်ရတာ လွယ်မယ် မထင်ပါဘူးအေ တဲ့... ရွှေစင်ဦး လည်း ချစ်မေမေ ကို တော်တော် သနားသွားပါတယ်... မေမေ ပြောတာလည်း ဟုတ်ပါတယ်... အဲဒီဆိုင်က မေမေ နဲ့ ရွှေစင်ဦး တခါ သွားဖူးပါတယ်... လူမျိုးခြား တော်တော် ဇာတ်ကြီး တဲ့ ပုံ ပေါက်ပါတယ်....

ဒါနဲ့ ၃၈ လမ်းနားမှာ အများသုံး အိမ်သာများ ရှိမလားလို့ ဟိုကြည့် ဒီကြည့် နဲ့ သွားလိုက်တော့ ကယ်တင်ရှင် မန္တလေး က အင်းဝ ကွန်ပျူတာ အရောင်း ဆိုင်ခွဲ ဆိုင်းဘုတ်ကြီး ကို ထီးထီး ကြီး တွေ့လိုက် ပါတယ်... ရွှေစင်ဦး တို့ က အင်းဝ တော့ အပိုင်ဘဲ... မေမေ ရေ မပူနဲ့တော့ လို့ ပြောပြီး ဆိုင်ထဲကို ဝင့်ဝင့် ကြွားကြွား ဝင်ခဲ့ပါတယ်....

ကိုတင်ထွန်း (ဆိုင်ပိုင်ရှင်) ရှိလား မေးပြီး... ခပ်တည်တည် နဲ့ ဟိုပစ္စည်းမေး ဒီပစ္စည်း မေးနဲ့ နောက်ဆုံး မှ အိမ်သာ မေးပြီး ဝင်ခဲ့ရပါတယ်.... ပေါက်ချင်တဲ့ အချိန်မှာ ပေါက်လိုက်ရတဲ့ အရသာ ကတော့ မေ့မရနိုင် တဲ့ ရွှေရန်ကုန်က အရသာ အရှိဆုံး ခံစားမှု့လေး ပါဘဲ......

ဘယ်လို ရွှေမြို့တော် ကြီးပါလိမ့်... ရိုးရိုးသားသား ပေါက် ဖို့ တော်တော်ခက်ခဲ တာဘဲ ( ဆန်းဆန်း ပြားပြား ပေါက်ဖို့တော့ လွယ်ပါ့) ... 

ရွှေစင်ဦး တို့ ရွှေမန္တလေး မှာတော့ ဆိုင်ကြီးလေ အိမ်သာတွေ သန့်ရှင်း.. ကောင်းမွန်လေ (ငယ်ရင်လည်း ငယ်သလို ကောင်းပါတယ်) ပါဘဲ... အင်တာနက် ဆိုင်တွေ မှာ လည်း ကောင်းလိုက်တဲ့ အိမ်သာတွေ... သောက်ချင်တိုင်း သောက်... ပေါက်ချင်တိုင်း ပေါက် ပါဘဲ ....

အင်း .. ဆက် မလွယ်နိုင်လို့ နီးစပ်ရာ အိမ်မှာ ခွင့်တောင်းပြီး ဝင်ချင်ရင်လည်း လိုလိုလားလားပါဘဲ..... သြ ရွှေရန်ကုန် ရယ်... တလွဲ ပေါက်ဖို့ လွယ်သလောက် ... တကယ် ပေါက်ဖို့တော့ ခက်ခဲလိုက်ပါဘိ လို့... သြ ချလိုက်မိပါတယ်....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 22, 2011

ချစ်သော ဧရာဝတီ ရှင်သန်ရမည်


ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တချို့ ကလည်း အသံထွက် ကန့်ကွက် ကြတယ်... တချို့ ကလည်း အသံတိတ် ကန့်ကွက် ကြတယ်... ဒါပေမဲ့ ဧရာဝတီ က မွေးဖွားသူ အားလုံး ဧရာဝတီ ကို ချစ်ကြမယ် လို့ ယူဆ တဲ့ အတွက် ဧရာဝတီ နာကြင် မှာကို အားလုံး ကြောက်ကြမယ် လို့ ကျနော် ယုံကြည် ပါတယ်.....

ရွှေစင်ဦး ဟာ ဧရာဝတီ နာကြင်မှာကို  သက်သေ လိုက်ပေး နိုင် တဲ့ ပညာရှင် တယောက် မဟုတ် ခဲ့ဘူး ... အတွက်အချက် ကောင်းတဲ့ စီးပွားရေးပညာရှင် တယောက်လည်း မဟုတ်သလို.... ဧရာဝတီ လွမ်းချင်း တွေကို အနုပညာ မြောက်အောင် ရေးဖွဲ့ နိုင်သူလည်း မဟုတ်ပြန်ဘူး.... ဒါအပြင် အမိ ဧရာဝတီ ရဲ့ ရာဇဝင်လေး ကိုတောင် ပြည့်စုံအောင် မသိခဲ့ပါဘူး....

အခု ကျနော်တို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဘလော့ဂ် လေး များ ကနေ ပြီး ကျနော် တို့ သိချင်နေတာတွေ  ကို....  အားလုံး.. အားလုံး သော ဘလောဂ့်ဂါ များ ဟာ တာဝန်ကျေပြွန်စွာ နဲ့ ဖြည့်ဆည်း ပေးလိုက်ကြ ပါပြီ.... အနုပညာမြောက် တဲ့ ကဗျာတွေ... စာတွေ.. ကို လည်း သီကြူးပေးလိုက်ကြပါပြီ......

အဲဒီအတွက် ... အမိဧရာဝတီ အတွက် တာဝန်ကျေပြွန်ခဲ့ ကြတဲ့ ချစ်သော ဘလော့ဂ်ဂါ မောင်နှမ များ ကို အထူးကျေးဇူးတင် ပါတယ် ....

ကျနော်တို့ မြန်မာနိုင်ငံ ကြီးဟာ အများကြီး ပြောင်းလဲလာပါပြီ.... ကျနော်တို့ နိုင်ငံ အတွက် ဧရာဝတီ တင် မကသေးဘဲ  အမိမြန်မာပြည် တည်ဆောက်ရေး အတွက်  အခြား ... အခြားသော တာဝန် ကိုယ်စီ လည်း ရှိကြပါသေးတယ် ဆိုတာ အားလုံး မမေ့ကြပါနဲ့....

ကျနော် တို့ တိုင်းပြည် ရဲ့ အတိတ် ကာလ က ဖြစ်ရပ် တခု ကို ပြန်လည် သတိရမိတယ်... အဲဒီမှာ ကျနော် မှတ်မိတဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားသံ လေး အချို့ ကိုပြန်လည်တင်ပြချင်ပါတယ်...

လမ်းဘေးမှာ ရပ်ပြီး ကြည့်ရဲ သူက ကြည့်ပါလိမ့်မယ်..

လက်ခုပ်တီးပြီး အားပေးသူက အားပေးလိမ့်မယ်...

အတူတွဲပြီး လိုက်ရဲသူက လိုက်ပါလိမ့်မယ်..

ပင်ပန်းနွမ်းနယ် နေတဲ့ တိုက်ပွဲဝင် သူတွေကို ရေတိုက်ရဲ သူက တိုက်လိမ့်မယ်..

ငွေကြေးအင်အား ရှိသူတွေက အစားအစာ တွေကို ကျွေးချင်ရင်ကျွေးလိမ့်မယ်....

အားလုံး အားလုံး ဟာ ကိုယ်နိုင်ရာကို ကိုယ်လုပ်ကြမှာပါဘဲ... အဲဒီအတွက် ငါလုပ်သလို သူမလုပ်ရ ကောင်းလား... ဒီလောက်တောင် သတ္တိမရှိဘူးလား... ဒါလေးတောင် မစွမ်းဆောင် နိုင်ဘူး လားဆိုပြီး .. အဲဒီ လူတွေ အပေါ်မှာ အညှိုး မထားကြပါနဲ့ မိတ်ဆွေ က နေ ရန်သူ ဖြစ်သွားနိုင်ပါတယ်...

လူမျိုးရေး ခွဲခြားမှု့ ဆိုတာလည်း အလွန် ကြောက်စရာကောင်းပါတယ်... တကယ်တော့ ဧရာဝတီ ရေတပေါက် သောက်ဘူးသူတိုင်း ဧရာဝတီ ကို ချစ်ကြမှာပါ.... ကျနော် တို့ အားလုံးဟာ ခေတ်တခတ် ရဲ့ သားကောင် တွေဘဲ မဟုတ်လား.....

အားလုံး.. အားလုံး ကိုယ် တတ်နိုင်တာ ကို ကိုယ်လုပ်ကြရင် တာဝန်ကျေပြွန် ပါပြီလို့ ကျနော် ပြောချင် ပါတယ်...

အခုလည်း ကျနော် တို့ အားလုံး အမိဧရာဝတီ အတွက် ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တိုက်ပွဲဝင် နေကြပါတယ်...

မသိသေးသူ တွေ ကိုရှင်းပြကြ... လက်တွဲခေါ်ဆောင်ကြ ရင်း အစွမ်း ရှိသမျှ ဧရာဝတီ အတွက် တိုင်းပြည် အတွက် လုပ်ဆောင်ကြပါလို့ လည်း တိုက်တွန်း နှိုးဆော် ချင်ပါတယ်...

ရွှေစင်ဦး ဟာ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး နဲ့ အတူ အမိမြန်မာပြည် အတွက် ထိခိုက်စေမဲ့ စီမံကိန်း မှန် သမျှ ကို ထာဝရ ကန့်ကွက် နေပါကြောင်း နောက်ဆုံး ကြေငြာ မောင်းခတ်လိုက်ရပါတယ်...
.........................................................

(အခု ကျနော် သတိရတဲ့ ဆရာကျော်ရင်မြင့် (ထင်ပါတယ်) ရဲ့ စာပေဟောပြောပွဲ ထဲက ပုံပြင်လေး အကြောင်း နဲနဲ ပြောပြချင်ပါတယ်.... ရွာတရွာ မှာ ဇာတ်ပွဲ တပွဲ လာက ပါတယ်... မကြာခဏ ဇာတ်ကြော်ငြာ တဲ့ သူက ပရိတ်သတ်များ တောင့်တ နေတဲ့ မျှော်လင့် နေတဲ့ မင်းသား အောင်မင်းခေါင် မကြာခင် ဖျော်ဖြေပါမယ် .. လို့ ခဏခဏ ကြော်ငြာ ဝင်သတဲ့ ...

ပရိသတ် က လည်း မင်းသားအောင်မင်းခေါင် ဆိုတာ ဘယ်သူများ ပါလိမ့် .... ငါတို့ လည်း မမျှော်လင့် ပါဘူး.. မတောင့်တ ပါဘူး ဆိုပြီး စဉ်းစားရင်း စောင့်စားနေကြသတဲ့... နောက်ဆုံး မင်းသား အောင်မင်းခေါင် ကပြပါပြီ....

မင်းသား အောင်မင်းခေါင် ကို ကြည့်ပြီး.... ပရိတ်သတ် တဦး က ထအော် သတဲ့... အမယ် မင်းသား အောင်မင်းခေါင် ဆိုလို့ ဘယ်သူလည်း မှတ်ပါတယ်.. ဒို့ရွာတောင်ထိပ် က ငပွေး ပါလားဟဲ့ တဲ့....  အခုလည်း ရွှေစင်ဦး မှာ စာဖတ်သူ များအတွက် ထူးထူး ခြားခြား တင်ဆက်စရာ မပါဘဲ ဘလောဂ့်ရွာ ထိပ် က ငပွေး ဖြစ်သွားတဲ့ အတွက် လည်း တောင်းပန် ပရစေဗျာ....)

 လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

ဧရာဝတီ နဲ့ ပတ်သက်လို့ ရေးခဲ့ ပြီးသားလေး ကို အမှတ်တရ အတူတူ ဖြစ်စေချင်လို့ပါ 

ရွှေစင်ဦး လည်း ဧရာဝတီ ကို လွမ်းတတ်တယ်


မနက် မိုးလင်း တာ နဲ့ ကိုယ့် ဗိုက် ကို ကိုယ် ပွတ်ပြီး နိုးလာကြတဲ့ သားသမီး ခြောက်ယောက် ကို တနေ့ တမျိုး ဆိုပေမဲ့ အမျိုးမများ လှ တဲ့ ထမင်းကြော် .... ကောက်ညှင်းပေါင်း .... ပဲထမင်း .... ထမင်းဆီဆမ်း နဲ့ အကြော် ....  မြုံပစ်သလက် .... ဆိုတာတွေ ကို တလှည့်စီချက်ပြုတ်ကျွေးရင်း....ဆိုင်က ပါဆယ် ဝယ်လာ တဲ့ လက်ဘက်ရည် လေး နဲ့ အီကြာကွေး လေး တခြမ်းတဖဲ့ ကို အမောပြေ စားရင်း.. မေမေ့ သားသမီး တွေ ကို သနား တယ် လို့ ချစ်သောမေမေ က အမြဲတမ်း ပြောလေ့ ရှိပါတယ်....

မေမေ ဘာလို့ သနားတာလည်း ဆိုတာ မရိုးနိုင်အောင် ကြားဘူးနေလို့..
ရွှေစင်ဦး ဟာ ငယ်ငယ်လေး ကထဲ က ဧရာဝတီ ကို ချစ်သလို ဧရာဝတီ လွမ်းတတ်ပါတယ်...

အင်္ဂလိပ်မင်း များ လက်ထက်က ဘဘကြီး (မေမေ ရဲ့ ဖေဖေ) ဟာ ဧရာဝတီ သဘောင်္ ကိုယ်စားလှယ် ကြီး ဖြစ်တဲ့ အတွက် မေမေ တို့ မိသားစု ဟာ မြင်းခြံဆိပ်ကမ်း ...... ဆိပ်ကမ်း တွေ က ဆိပ်ခံ ဘောတံတားကြီး ပေါ်မှာ ဆောက်ထား တဲ့ ဧရာဝတီ ပေါ် က နှစ်ထပ် အိမ်ကြီးပေါ်မှာ နေခဲ့ရသလို... ဧရာဝတီ မြစ်ရိုး တလျှောက် သဘောင်္ နဲ့ အတူ မေမေ.. လျှောက်လိုက်သွားရင်း... တွေ့ရှိခဲ့တဲ့ မရိုးနိုင်တဲ့ ဧရာဝတီ ပုံရိပ်များ နဲ့ ဧရာဝတီ က ကျွေး တဲ့ အစားအစာ တွေ အကြောင်း ကို အမြဲတန်း နားထောင် နေရတဲ့ အတွက် ဖြစ်ပါတယ်...

ဧရာဝတီ ရေကိုသောက်.. ဧရာဝတီကြောင့် ရတဲ့ အလုပ်ကိုလုပ်... ဧရာဝတီ က ကျွေးတဲ့ ထမင်းစား.... ဧရာဝတီ ရေပြင် မှာ အိမ်ဆောက် ... ဧရာဝတီ ကို ဘဝလုပ် နေခဲ့ရတဲ့ အဖိုး .. အဖွား နဲ့ မေမေ တို့ရဲ့ သမီး ရွှေစင်ဦး ဟာ ငယ်ကထဲ က ဧရာဝတီ ကို ချစ်ခဲ့သလို.. ဧရာဝတီ ပုံပြင်များ နဲ့ ကြီးပြင်းခဲ့ ရပါတယ်..။

အစားအသောက် မက်မော တဲ့ အကောင်းကြိုက်တဲ့ ရွှေစင်ဦး ဟာ... မနက်မိုးလင်း စာ ဆိုရင် မေမေ တို့ ငယ်ငယ်က .. ဘာစားလည်း ဟင် လို့ မေးတတ်ပါတယ်...

မေမေတို့ မနက်ဆိုရင် ပေါင်မုံမီးကင်.. ဝက်ပေါင်ခြောက်..   ကြက်ဥပြုတ်.. ကြက်ဥကြော် တူတံဆိပ် ထောပတ်... လဘက်ရည်.. လဘက်ရည် ဆိုရင် လဘက်ခြောက်နှပ်ပြီးသား တခါးရား..  နွားနို့တခါးရား ... သကြားခဲ.. တဲ့... ကိုယ် ကြိုက် သလို ဖျော်သောက်တာပေါ့ တဲ့... ငါးသလောက်ဥ ပေါ်ချိန်ဆိုရင် ငါးသလောက်ဥ ကြော်ကြီးများတောင် ပါ ပါသေးတယ်တဲ့ ... အင်း မေမေ က ဒဂုန်တာရာ ရဲ့ ဇာတ်လိုက် ဘဲလို့ ပြောရင်း ကိုယ့်နှုတ်ခမ်းကိုယ်သိမ်း လို့ တိတ်တိတ်ကလေး လှည့် ထွက်ခဲ့ရတယ်...။

အင်္ဂလိပ်မင်း များ လက်ထက် က ဧရာဝတီ သဘောင်္ကိုယ်စားလှယ် ကြီး ရဲ့ သမီး မနက်စာ နဲ့ မဆလ ခေတ် က ကျောင်းဆရာ တယောက် ရဲ့ သမီး မနက်စာ က ကွာပါပေတယ်.....

မေမေ ဟာ သနားစရာကောင်းပါတယ်.. သားသမီး နဲ့ ယောက်ကျား ဗိုက်ဝအောင် အဟာရပြည့် ဝအောင် မနက်စာ ကို အဲလို စီမံ ကျွေးပေမဲ့ .. သူခမျာတော့ မနက် အစောစာ ကို ထမင်း တွေ ကောက်ညှင်း ပေါင်း တွေ မစားတတ်ပါဘူး.... မစားနိုင်ပါဘူး...  အိမ်မှာ ရွှေစင်ဦး တို့ ငယ်ငယ်ကတော့ နို့ဆီဗူး နဲ့ လဘက်ခြောက် နှပ်ပြီး သောက်နိုင်သေး ပေမဲ့ ... တစ တစ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ  နဲ့ တနှစ် ထက် တနှစ် များလာတဲ့ သားသမီး တွေ ကြောင့် အိမ်မှာ လည်း လဘက်ရည် ဖျော် မသောက်နိုင်တော့ ပါဘူး....။

မနက်မိုးလင်း ရင် ရွှေစင်ဦး တို့ အတွက် ရိက္ခာကို မေမေ က ချက်ပြုတ် ပေးသလို မေမေ အတွက် ရိက္ခာကို လည်း သားသမီး တယောက်ယောက် က သွားဝယ်ပေးရပါတယ်... လဘက်ရည် ဂျိုင့်ဆွဲလေး တခွက်.. အီကြာကွေး လေး တချောင်း.. နံပြားလေး တချပ်ပေါ့....
မှတ်မှတ်ရရ ရွှေစင်ဦး မောင်အလတ် (အလွန်အမင်း အစအနောက်သန်သူ) တယောက် ဟာ မေမေ အတွက် လဘက်ရည် ဂျိုင့်ဆွဲလေး ကို သမဝါယမ ဆိုင် က တခွက် ကို သုံးမတ် (ရ၅ပြား) နဲ့လား မသိဘူး အမြဲ ဝယ်ပေးရပါတယ်... ရွှေစင်ဦး တို့ အိမ် နဲ့ ကပ်ရက်မှာ လည်း အလွန် ကပ်စီးနဲပြီး အလွန် အပေါက်ဆိုး တဲ့ အဒေါ်တယောက် နေပါတယ်... သူကလည်း သူ့သားငယ် (မောင်လေး နဲ့ အသက် အတူတူ) ကို အမြဲ လက်ဘက်ရည် ဝယ်ခိုင်းပါတယ်....။

တနေ့ တော့ မောင်လေး ဟာ..ဂျိုင့်လေး ဆွဲပြီး လက်ဘက်ရည် ဝယ်လာရင်း ပါးစပ်ကလည်း အော် လာပါတယ်... မေမေ ရေ လက်ဘက်ရည် တွေ ဈေးကျသွားပြီ... ရော့ ပိုတဲ့ ပိုက်ဆံ ပြန်အမ်းတယ် နော် ဆိုပြီး ပြောပါတယ်... မေမေ ကလည်း ပိုတဲ့ ပိုက်ဆံ ဆိုပြီးယူလိုက်တော့ ဘာမှ မပိုပါဘူး... ပါးစပ် ကို လက်ညှိုးကပ် ပြီး နှုတ်ပိတ်ပါတယ်....။

မေမေ ကလည်း ထွေထွေထူးထူး မေးမနေပါဘူး... ခဏနေ တော့ မှ ကပ်ရက်အိမ် က ဆူညံ ဆူညံ သံတွေ ကြားပါတယ်.. လဘက်ရည် ဈေးကျရဲ့ သားနဲ့ ပိုက်ဆံ ပြန်မအမ်းလို့ ညာလို့ ဆိုပြီး သူ့သားကို ဆူနေသံ ပါ... အဲဒီကြမှ မောင်လေး ဟာ အဲဒီအဒေါ် ကို ကြံဖန်စ နေတာပါလား ဆိုတာသိပါတယ်..။

မောင်လေး ရဲ့ အစအနောက် တွေကတော့ ပြောရရင် ဇာတ်လမ်းတပုဒ် ဖြစ်မှာမို့ ဧရာဝတီကို ဘဲ ပြန်သွား  လိုက် ကြရအောင်....

တခါတလေမှာ ... ရွှေစင်ဦး မကြိုက်တဲ့ မကောင်းတကောင်း ဟင်း များကိုစားရင်း... မေမေ့ ရဲ့ ဧရာဝတီ က ကျွေးတဲ့ ထမင်းဝိုင်း များကို သတိရမိပါတယ်...

မေမေ တို့ မေမေ (မေမေကြီး) ဟာ ရုပ်ရည်ချောမော သလို အင်မတန် ကျွေးချင်မွေးချင် တဲ့ စိတ်ကောင်း စေတနာ ရှိပါတယ်... မေမေ တို့ အိမ် မှာ ဟင်းချက်တယ် ဆိုရင်... တော်ရုံ အိမ်ထောင်စု ၃-၄ စု စာလောက် ချက်ရပါတယ်တဲ့... တပည့်တပန်း တွေ ဆွေမျိုးသားချင်းတွေ အတွက်ရောပေါ့.... 

ဧရာဝတီ မြစ်ဝကျွန်းပေါ်က ထွက်တဲ့ မွှေးကြိုင်နေတဲ့ ပုသိမ် ပေါ်ဆန်းမွှေး စစ်စစ် နဲ့ ချက်ထား တဲ့ .. ထမင်းမွှေးမွှေး  နဲ့ ... ဧရာဝတီ က ရတဲ့ ငါးသလောက် လတ်လတ်ကြီးတွေ... နှုတ်ခမ်းမွှေး တန်းလန်း နဲ့.... ပုဇွန်ထုပ် တထွာလောက် ကြီးတွေ.. ဟာ ရွှေစင်ဦး ရဲ့ အိမ်မက် ထဲ ထိတောင် လာရောက် ကြည်စယ် ကြပါ တယ်...

ဧရာဝတီ က ပေးတဲ့(ငါးကျည်း..ငါးပြေမ..ငါးရံ့လုံး) အကောင်ကြီး တွေ နဲ့ လုပ်ထားတဲ့ သုံးဦးစပ် ငါးပိရေချို မွှေးမွှေးလေး နဲ့ အတို့အမြှုတ် အတွက် ဧရာဝတီ မြေနုကျွန်းပေါ် က ခရမ်းသီး မျက်မမြင်လေး တွေ... ဗူးသီးနုနု.. ဗူးညွှန့်နုနု လေးတွေ ဟာလည်း ကြားရုံ  နဲ့ ပါးစပ်တပြင်ပြင် ဖြစ်စေပါတယ်...
အဲဒီအချိန် မှာ ရွှေစင်ဦး တို့ ဖေဖေ ဟာ ဒီမိုကရေစီ ကို ဆန့်ကျင်ပြီး သမဝါယမ က ပေးတဲ့ ငါးပိ ညိုညစ်ညစ် လေး တွေ ကိုတောင် စားသောက် ခွင့် ပါမစ်ပိတ်ထားတဲ့ အတွက်... ငါးပိ နံ့ ရရင် တောင် ထမင်းဆာ တဲ့ ရွှေစင်ဦး အတွက် ကတော့ ... အသံလေး ကြားရတာနဲ့... တော်တော်ချင်ခြင်း ပြေ သွားရ တဲ့ လွမ်းရတဲ့ ဧရာဝတီပါ.....

(ငါးပိ မစားရတဲ့ ဖေဖေ ရဲ့ မတရားတဲ့ ဥပဒေ နဲ့ ပတ်သက် လို့ စာလေး တပုဒ် ရေးဘူးပါသေးတယ် ဒီမှာ ဖတ်လို့ ရပါတယ် ...) 

တခါတခါ တော့ မေမေ့ ကို မနက်စာဟင်းချက်ဖို့ ကူလုပ်ပေးရင်း မေမေ ရေ ဧရာဝတီ က ပေးတဲ့ ဟင်းတွေ ပြောပြပါအုန်း ဆိုရင်... တခါမှ မမြင်ဘူးတဲ့ ပုဇွန်ကင် ... ငါးသလောက်ကင်...ဒုံးခြောက် အကြီးကြီး တွေ နဲ့ ဧရာဝတီ ထဲက ရတဲ့ ငါးကြင်းရွှေဝါ အကွင်း အကွင်းကြော် ကြီး တွေ...  ငါးရံအူချက် ..... တွေ ကို တမ်းတမိလောက်အောင် မေမေ ရယ် ပြောတတ်ပါပေတယ်...

ရွှေစင်ဦး တို့ ရဲ့ ထမင်းဝိုင်း မှာတော့ ဧရာဝတီ က ရတဲ့ ငါးလမြွေ တုတ်တုတ် ကြီးတွေ ကို ရေချိုချက်..... တခါတလေတော့ ဥနိုင်းချင်း နဲ့ ငါးပုဏ္ဏား အကောင်ကြီး တွေ ဆီပြန်ချက်... တခါတလေ တော့ လည်း ... ငါးပတ်မွှေဆီပြန်... ငါးသလောက်ကြော်... တို့တော့ စားနိုင်ခဲ့ပါတယ်.... သြ နှုတ်ခမ်းမွှေး သေးသေး လေး တွေ နဲ့ ပုဇွန်လေး တွေလည်း မကြာမကြာ စားပါတယ်....  ဒါတွေဟာ ရွှေစင်ဦး တို့ စားနိုင် တဲ့ ဧရာဝတီ ကပေးတဲ့ အကောင်း ဆုံး စားဖွယ်ရာ တွေဘဲပေါ့.....

ဘဘကြီး တို့ (မေမေ တို့) မိသားစု ဟာ ဧရာဝတီ နဲ့ ကပ်ရက် ဒေးဝန်းရပ်ကွက်ထဲမှာ လည်း မျိုးရိုး စဉ်ဆက် နေခဲ့ တဲ့ အိမ်မဲကြီး နဲ့ ခြံကျယ်ကြီး ရှိပါတယ်... အခြေအနေ အမျိုးမျိုးကြောင့်  မေမေ တို့ ဧရာဝတီ နဲ့ ဝေးခဲ့  ရသလို.... အိမ်ကြီး နဲ့လည်း ခွဲခဲ့ရပါတယ်....

ကျနော်တို့ သားအမိ တတွေ ဟာ မေမေ ..  ဧရာဝတီ ကို လွမ်းတိုင်း .... အိမ်ကြီး ကို လွမ်းတိုင်း ဧရာဝတီ ကြည့် ... အိမ် ကြည့်သွားခဲ့ကြပါတယ်..... အိမ်ကြီး ဟာ မေမေ တို့ နဲ့ ဘယ်လို မှ ပတ်သက်မှု့ မရှိတော့ ပေမဲ့ မေမေ ဟာ သားသမီး တွေ ကို .... ဟိုအခန်းလေး က မေမေ နေခဲ့တဲ့ အခန်းလေးပေါ့.... ဒီဘက် အခန်း မှာ မေမေကြီး နဲ့ ဘဘကြီး နဲ့ နေတယ်... ဟိုဘက် က အခန်း က မေမေတို့ ကြီးကြီး အပျိုကြီး အခန်း ပေါ့... ကြီးကြီး ပျင်းတဲ့ အခါ မေမေ တို့ မောင်နှမ တွေ ကို ပိုက်ဆံ ဝေပေးပြီး ကြီးကြီး နဲ့ ပိုကာဒေါင်း ကြတယ်လေ...

အဲဒီ ဆင်ဝင်ဘေးက.. ပိတောက်ပင်ကြီး အောက်  မှာ ....ပက်လက် ကုလားထိုင် လေး နဲ့ မေမေ ထိုင်ပြီး စာဖတ် နေတုန်း.. ရပ်ကွက် က အလှူခံ တဲ့ လူတွေ ရောက်လာပြီး... ကလေးမ ရေ စိတ်ကူးယဉ် တာလေး တွေ ခဏရပ်ပြီး ဟောဒီက အလှူခံ လေး လာထဲ့ ပါအုန်း လို့ လာ လာအော်တယ်.. မေမေ ဖြင့် အရမ်း စိတ်ဆိုး တာဘဲ လို့ ပြောရင်... ကျနော် တို့ မှာ စကပ်ဖားဖား လေး နဲ့ ဆံပင် တိုတိုလေး ကို ကျစ်ဆံမြီး ကျစ် ထားတဲ့...  အပျိုပေါက်စ ချောချောလေး မေမေ စိတ်ဆိုးနေ တဲ့ ပုံ ကို စဉ်းစားပြီး ပုံဖော် ကြတယ်....

နောက်ပြီး ကျနော် တို့ ဧရာဝတီ ကို သွားကြည့် ကြတယ်.... မြစ်ကမ်းနဘေး က အုပ်ဆိုင်း နေတဲ့ သစ်ပင်ကြီး တွေ ရဲ့ အောက်မှာ ဧရာဝတီ ရင်ငွေ့ကို ခိုလှုံရင်း မေမေပြောတဲ့ ဧရာဝတီ ပုံပြင်များ ကို နှလုံးသား နဲ့ ခံစား ကြပါတယ်....

ကျနော် ဟာ ငယ်ကထဲက ခုချိန်ထိ စိတ်ရှုတ်ထွေးတဲ့ အခါ.... နာကျင်ခံစား  ရတဲ့ အခါ.. ဧရာဝတီ ရဲ့ ရင်ခွင် မှာ ဝင်ရောက် ခိုလှုံရ ပါတယ်...... ဧရာဝတီ ကပေးတဲ့ အင်အား တွေ နဲ့ ဘဝ အမောတွေ ဖြေရ ပါတယ်.......

လွန်ခဲ့တဲ့ သုံးနှစ်လောက် က အထိ မေမေ့ ရဲ့ ငယ်ဘဝ ပုံရိပ် ထဲက အိမ်ကြီးကတော့ ရှိ နေပါ သေးတယ်.. နှစ်ချို့ပင်များ နဲ့ အုပ်ဆိုင်း နေတဲ့ ခြံဝန်းတဝက် ကို ရောင်းလိုက်ကြပေမဲ့.. အိမ်ကြီး ကတော့ ပုံစံ မပျက် ကျန် နေပါတယ်...

ဒီအိမ်ကြီး ကို လည်း မေမေ နဲ့ ကျနော် တို့ နောက်ထပ် ဘယ်နှစ်နှစ် များ သွားကြည့် အလွမ်းဖြေနိုင် တော့မှာလည်း... တချိန်မှာ တော့ အိမ်ကြီး ကို ဖျက်ပြီး ရာဇဝင် အသစ် တွေ ဖန်တီးကြလိမ့်မယ်... ဒါတွေဟာ သဘာဝ တရားတွေပါဘဲ.... သူတို့ အတွက် ဒီအိမ်ကြီး မှာ ရာဇဝင် မရှိသလို သမိုင်း မရှိဘူး.... သာမန် အိမ်အို အိမ်ဟောင်း ကြီး တလုံး ပါဘဲ.......

အများနဲ့ မသက်ဆိုင် တဲ့ ပုဂ္ဂလိက ခံစားချက် တွေ ကို သာ ပေးစွမ်း နိုင်တဲ့ အတွက် အိမ်ကြီး ရဲ့ ဆုံးရှုံးမှု့ ဟာ မပြောပ လောက်ပါဘူး...

ဒါပေမဲ့ အားလုံး နဲ့ သက်ဆိုင်တဲ့ အားလုံး အတွက် ရာဇဝင်တွေ ရှိခဲ့ တဲ့ ... ဘယ်တော့ မှ မအိုဟောင်း နိုင်တဲ့ .... ကမ္ဘာတည်သ၍ ရှိနေရမဲ့ ..  ဧရာဝတီ ကို တော့ ကျနော် တို့ အဆုံးရှုံး မခံနိုင်ပါဘူး.....


တကယ်တော့ ဧရာဝတီ ဆိုတာ ... နိုင်ငံသားတိုင်း ချစ်မြတ်နိုးရာ... တွယ်တာအားကိုးရာ... မိခင်ကြီး ပါဘဲ..... အမေ မရှိတဲ့ သားသမီးများ မရှိနိုင် သလို ဧရာဝတီ နဲ့ မပတ်သက် ခဲ့ဘူးတဲ့ မြန်မာပြည်သူ ပြည်သား များ လည်း မရှိနိုင်ပါဘူး.....

ကျနော် တို့ ကြားဖူးနေတာက အဖေ မပေါ်တဲ့ သား-သမီး တဲ့ အမေ မပေါ်တဲ့ သား-သမီး ဆိုတာတော့ မရှိပါဘူး .. အခုတော့ ကျနော်တို့ မြန်မာပြည်သူပြည်သား အားလုံး ဟာ မကြာခင်မှာ နှစ် အနည်းငယ် အတွင်း မှာ အမေ မပေါ်တဲ့ သားသမီး များဖြစ်ကြရတော့မယ်...

မကြာလှ တဲ့ အချိန် အတွင်း မှာ  .... ဘယ်တော့ မှ မသေဆုံးမဲ့ ... အမြဲနုပျို နေတဲ့.. သားသမီး များကို ထာဝရ ကျွေးမွေးစောင့်ရှောက် နေတဲ့... ချစ်သော အမေ ကို ရထားတဲ့ ... သားသမီးများဟာ...  အမိမဲ့ သား ရေနည်းငါး  ဆိုသလို ..... ကမ္ဘာ့ အလည် မှာ မျက်နှာ ငယ်ကြရ တော့မယ်...

အို .... အမေ... ချစ်သော အမေ ... အမေ့ ကို ဘယ်လို ကျနော် တို့ကယ်တင်ကြရမလည်း...
 
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး.
အားလုံးသော ဧရာဝတီချစ်သူများ သို့ 

ဧရာဝတီ ကို မြန်မာပြည်သူ များ အားလုံး ချစ်ကြမယ် ထင်ပါတယ်... ဧရာဝတီ ကို မချစ်သူ အသင်ဘယ်သူ လည်း ဆိုတာတော့ အားလုံး သိကြမှာပါ...

သားသမီး အားလုံး ဟာ မိခင် ကို ချစ်ကြတယ် .. မြတ်နိုးကြတယ်.. တွယ်တာကြတယ်.. မိခင် ကို  အဘယ် လူသား မှ မသတ်သလို... သတ်ဖို့ ကြံသူ ငမိုက်သား ကိုလည်း  ငရဲ က ခွင့်မလွှတ်ပါဘူး...

အမိဧရာဝတီ ကို လည်း အဘယ် လူသားက မှ ဖျက်စီး ဖို့ ကြံရွယ် မှာ မဟုတ်ပါဘူး...  ကြံရွယ်သူများ ကို လောကပါလ တရား က ခွင့်လွှတ်မယ် မထင်ပါဘူး..

ကျနော့် တို့ ရဲ့ အမေ ဧရာဝတီ ဟာ  နှိပ်စက် ညှင်းပန်းခြင်း ကို စတင် ခံစားနေရပါပြီ.... မကြာခင် မှာ ဘဲ ကျနော် တို့ သားသမီး များ ကယ်တင်လို့ မရနိုင်တော့ တဲ့ အခြေအနေ ကို ရောက်သွားပါတော့မယ် ...

ဒါကြောင့်  မိခင်ဧရာဝတီ အသက်ဆက်လက် ရှင်သန် ဘို့ မြန်မာပြည်သူ ပြည်သား တိုင်း 

ဧရာဝတီ ဆည် တည်ဆောက်ရေး စီမံကိန်း ကို 

ကန့်ကွက်ကြပါ... ရှုံ့ချ ကြပါ.....

မိမိ ကျရာ နေရာ က နေပြီး ဧရာဝတီ ကို ကာကွယ်ကြပါ... 

အခု ကျနော် မြန်မာနိုင်ငံ အတွင်း မှာ နေပါတယ်... ဧရာဝတီ ရဲ့ အဖြစ်မှန် ကိုမသိသူ တွေ ... အများကြီး ရှိပါတယ်... ကျနော် တို့မှာ ရှင်းပြ ရမဲ့ တာဝန်တွေ အများကြီးရှိပါတယ်... အမေ့ ရဲ့ သားသမီး တွေဟာ.... အမေ့ အရိပ် ကို ခိုနေပေမဲ့ ... အမေ ကို သတ်ဖြတ်နှိပ်စက် တော့ မှာ သူတို့ မသိကြပါဘူး.. အားလုံး ဟာ မိမိဘဝ စားဝတ်နေရေး အတွက် ပင်ပန်းတကြီး အားထုတ် နေကြတဲ့ အတွက်ဖြစ်ပါတယ်....

ဒါကြောင့် အင်တာနက် သုံးတဲ့ သူတွေ ဆိုရင် ဧရာဝတီ နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ... သတင်း တွေ အားလုံး ကို  ဖောဝပ်မေးလ် ပို့ကြပါ... 

အင်တာနက် မသုံး တဲ့ သူတွေ အတွက်လည်း.. မိမိသိသမျှ ကို လက်လှန်းမှီသလောက် တယောက် တတ် နိုင် ရင် တယောက် ရှင်းပြဖို့ အားထုတ် ကြပါ...ဧရာဝတီ ကို ကယ်တင်ကြပါ....

ဧရာဝတီ ဟာ အစိုးရ တခုထဲရဲ့အရေး မဟုတ်ပါဘူး... မြန်မာပြည်သူ တွေ နဲ့ ဆိုင်တဲ့ 
အမျိုးသားရေးပါ....

အားလုံး ဘဲ အမျိုးသားရေးတာဝန် ကို ကျရာနေရာ က ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်....

အားလုံး သော အသိပညာရှင်.. အတတ်ပညာရှင်... အနုပညာရှင် များနည်းတူ... ဘလောဂ့်ဂါ အားလုံး ဟာ လည်း ကိုယ်ပိုင် ဘလောဂ့် ပေါ်ကနေ ဧရာဝတီ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် တဲ့ အကြောင်း ဆောင်းပါးတွေ .. သတင်းတွေ ရေးကြ ဖော်ပြကြ ပါတယ်.... 

ဒါအပြင် ကျနော့် နဲ့ ဘလောဂ့်ဂါ မိတ်ဆွေ များဟာ အခုလာမဲ့ ၂၃ ရက်၊ သောက်ကြာနေ့၊ စက်တင်ဘာလနှစ်ထောင့်ဆယ့်တစ် မှာ မိမိတို့ ရဲ့ ကိုယ်ပိုင် ဘလောဂ့် လေးများက နေပြီး ဧရာဝတီ စီမံကိန်း ကို ကန့်ကွက်ကြောင်း ဆောင်းပါးများ သတင်းများ ကို ဖော်ပြပေးဘို့ .. ရေးပြီးသား သူများ ကလည်း အသစ် ရေးတင်နိုင်ရင် ရေးပေးကြဘို့ နဲ့ .. မရေးနိုင် ရင်လည်း အဟောင်းကို ဘဲ ပြန်လည် ဖော်ပြပေး ဘို့ ဆုံးဖြတ် ထား ကြပါတယ်...

ဘလောဂ့်ဂါ အားလုံး ရေးဖို့ အဆင့်သင့် မဖြစ်ရင်လည်း ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် ဆိုတဲ့ တကြောင်းလေး ကိုဘဲ ဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...

ကျနော် တို့ မြန်မာဘလောဂ့်ဂါ များ အားလုံး ဧရာဝတီ ကို ချစ်သူများဖြစ်ပါတယ်... ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် ပါတယ် ဆိုတာ  အလေးအနက် ထားပြီး .. 

ချစ်မိတ်ဆွေ မြန်မာဘလောဂ့်ဂါ များအားလုံး

၂၃ရက် (သောက်ကြာ) နေ့  မှာ

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် 
ဆိုတဲ့ အကြောင်း ...

အနဲဆုံး တကြောင်းဘဲ ဖြစ်ဖြစ်....  ဘလောဂ့် ပေါ် မှာ တင်ကြဖို့..

 ဘလောဂ့် မောင်းထု 
လို့ ရွှေစင်ဦး က ကြော်ငြာလိုက်ပရစေ....

ချစ်သော ဘလောဂ့်ဂါ အားလုံး ညီစေနော်.....
ချစ်သော စာဖတ်သူ အားလုံး ညီစေနော်.... အလှည့်ကျ မနွဲ့ ကျစတမ်း..

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး

လေးစားစွာဖြင့်စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 19, 2011

ဧရာဝတီချစ်သူများ နဲ့ ဘလောဂ့်ဂါ များသို့ ရွှေစင်ဦး မှ ပန်ကြားချက်

အားလုံးသော ဧရာဝတီချစ်သူများ သို့ 

ဧရာဝတီ ကို မြန်မာပြည်သူ များ အားလုံး ချစ်ကြမယ် ထင်ပါတယ်... ဧရာဝတီ ကို မချစ်သူ အသင်ဘယ်သူ လည်း ဆိုတာတော့ အားလုံး သိကြမှာပါ...

သားသမီး အားလုံး ဟာ မိခင် ကို ချစ်ကြတယ် .. မြတ်နိုးကြတယ်.. တွယ်တာကြတယ်.. မိခင် ကို  အဘယ် လူသား မှ မသတ်သလို... သတ်ဖို့ ကြံသူ ငမိုက်သား ကိုလည်း  ငရဲ က ခွင့်မလွှတ်ပါဘူး...

အမိဧရာဝတီ ကို လည်း အဘယ် လူသားက မှ ဖျက်စီး ဖို့ ကြံရွယ် မှာ မဟုတ်ပါဘူး...  ကြံရွယ်သူများ ကို လောကပါလ တရား က ခွင့်လွှတ်မယ် မထင်ပါဘူး..

ကျနော့် တို့ ရဲ့ အမေ ဧရာဝတီ ဟာ  နှိပ်စက် ညှင်းပန်းခြင်း ကို စတင် ခံစားနေရပါပြီ.... မကြာခင် မှာ ဘဲ ကျနော် တို့ သားသမီး များ ကယ်တင်လို့ မရနိုင်တော့ တဲ့ အခြေအနေ ကို ရောက်သွားပါတော့မယ် ...

ဒါကြောင့်  မိခင်ဧရာဝတီ အသက်ဆက်လက် ရှင်သန် ဘို့ မြန်မာပြည်သူ ပြည်သား တိုင်း 

ဧရာဝတီ ဆည် တည်ဆောက်ရေး စီမံကိန်း ကို 

ကန့်ကွက်ကြပါ... ရှုံ့ချ ကြပါ.....

မိမိ ကျရာ နေရာ က နေပြီး ဧရာဝတီ ကို ကာကွယ်ကြပါ... 

အခု ကျနော် မြန်မာနိုင်ငံ အတွင်း မှာ နေပါတယ်... ဧရာဝတီ ရဲ့ အဖြစ်မှန် ကိုမသိသူ တွေ ... အများကြီး ရှိပါတယ်... ကျနော် တို့မှာ ရှင်းပြ ရမဲ့ တာဝန်တွေ အများကြီးရှိပါတယ်... အမေ့ ရဲ့ သားသမီး တွေဟာ.... အမေ့ အရိပ် ကို ခိုနေပေမဲ့ ... အမေ ကို သတ်ဖြတ်နှိပ်စက် တော့ မှာ သူတို့ မသိကြပါဘူး.. အားလုံး ဟာ မိမိဘဝ စားဝတ်နေရေး အတွက် ပင်ပန်းတကြီး အားထုတ် နေကြတဲ့ အတွက်ဖြစ်ပါတယ်....

ဒါကြောင့် အင်တာနက် သုံးတဲ့ သူတွေ ဆိုရင် ဧရာဝတီ နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ... သတင်း တွေ အားလုံး ကို  ဖောဝပ်မေးလ် ပို့ကြပါ... 

အင်တာနက် မသုံး တဲ့ သူတွေ အတွက်လည်း.. မိမိသိသမျှ ကို လက်လှန်းမှီသလောက် တယောက် တတ် နိုင် ရင် တယောက် ရှင်းပြဖို့ အားထုတ် ကြပါ...ဧရာဝတီ ကို ကယ်တင်ကြပါ....

ဧရာဝတီ ဟာ အစိုးရ တခုထဲရဲ့အရေး မဟုတ်ပါဘူး... မြန်မာပြည်သူ တွေ နဲ့ ဆိုင်တဲ့ 
အမျိုးသားရေးပါ....

အားလုံး ဘဲ အမျိုးသားရေးတာဝန် ကို ကျရာနေရာ က ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်....

အားလုံး သော အသိပညာရှင်.. အတတ်ပညာရှင်... အနုပညာရှင် များနည်းတူ... ဘလောဂ့်ဂါ အားလုံး ဟာ လည်း ကိုယ်ပိုင် ဘလောဂ့် ပေါ်ကနေ ဧရာဝတီ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် တဲ့ အကြောင်း ဆောင်းပါးတွေ .. သတင်းတွေ ရေးကြ ဖော်ပြကြ ပါတယ်.... 

ဒါအပြင် ကျနော့် နဲ့ ဘလောဂ့်ဂါ မိတ်ဆွေ များဟာ အခုလာမဲ့ ၂၃ ရက်၊ သောက်ကြာနေ့၊ စက်တင်ဘာလနှစ်ထောင့်ဆယ့်တစ် မှာ မိမိတို့ ရဲ့ ကိုယ်ပိုင် ဘလောဂ့် လေးများက နေပြီး ဧရာဝတီ စီမံကိန်း ကို ကန့်ကွက်ကြောင်း ဆောင်းပါးများ သတင်းများ ကို ဖော်ပြပေးဘို့ .. ရေးပြီးသား သူများ ကလည်း အသစ် ရေးတင်နိုင်ရင် ရေးပေးကြဘို့ နဲ့ .. မရေးနိုင် ရင်လည်း အဟောင်းကို ဘဲ ပြန်လည် ဖော်ပြပေး ဘို့ ဆုံးဖြတ် ထား ကြပါတယ်...

ဘလောဂ့်ဂါ အားလုံး ရေးဖို့ အဆင့်သင့် မဖြစ်ရင်လည်း ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် ဆိုတဲ့ တကြောင်းလေး ကိုဘဲ ဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...

ကျနော် တို့ မြန်မာဘလောဂ့်ဂါ များ အားလုံး ဧရာဝတီ ကို ချစ်သူများဖြစ်ပါတယ်... ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် ပါတယ် ဆိုတာ  အလေးအနက် ထားပြီး .. 

ချစ်မိတ်ဆွေ မြန်မာဘလောဂ့်ဂါ များအားလုံး

၂၃ရက် (သောက်ကြာ) နေ့  မှာ

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် 
ဆိုတဲ့ အကြောင်း ...

အနဲဆုံး တကြောင်းဘဲ ဖြစ်ဖြစ်....  ဘလောဂ့် ပေါ် မှာ တင်ကြဖို့..

 ဘလောဂ့် မောင်းထု 
လို့ ရွှေစင်ဦး က ကြော်ငြာလိုက်ပရစေ....

ချစ်သော ဘလောဂ့်ဂါ အားလုံး ညီစေနော်.....
ချစ်သော စာဖတ်သူ အားလုံး ညီစေနော်.... အလှည့်ကျ မနွဲ့ ကျစတမ်း..

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး
.
Bloggers for Ayeyarwady  မှာ လည်း ဝင်ရောက်ဖတ်ရှု့ နိုင်ပါတယ်

20 comments:

သဒ္ဓါလှိုင်း said...
အားလုံးသောဘလော့ဂါများ ညီညွတ်စွာနဲ့ ကလောင်ကိုစွဲလို့ အမိဧရာဝတီ ရှင်သန်နိုင်ဖို့ အတွက် တာဝန်ကျေနိုင်ကြပါစေ။ ချစ်တဲ့ ညီမသဒ္ဓါ
အင်ကြင်းသန့် said...
ိဟုတ်ပါတယ်....ဧရာဝတီနဲ့ပတ်သက်လို့ လောလောဆယ်ဖြစ်ပျက်နေတဲ့ အဖြစ်မှန်တွေနဲ့ သတင်းတွေကို သေသေချာချာ မသိသေးတဲ့သူတွေ တော်တော်များများရှိနေပါသေးတယ်။ အားလုံးကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်အောင် ကူညီပေးဖို့၊ အမိဧရာဝတီကို အချိန်မီကယ်တင်နိုင်ဖို့ တစ်တပ်တစ်အား ပါဝင်ကြပါစို့လား....။ ဘလော့ဂါ မောင်နှမများတင်မက အားလုံးသော မြန်မာပြည်သူပြည်သားများလည်း မိခင်ဧရာဝတီအတွက် တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ကြပါစေ....။ အင်ကြင်းသန့်
kiki said...
အဝေးမှနေပြီး စားလည်း ဒီစိတ် ၊သွားလည်း ဒီစိတ်၊ စိတ်၏ဆင်းရဲခြင်းကို ခံစားနေရသူတယောက် အနေနဲ့ ၊ အနီးကပ် မျက်မြင် ကိုယ်တွေ့ ဒုက္ခများစွာ ကိုယ်တိုင်ခံစားသူများ အားလုံး ကို ကိုယ်ချင်းစာမိပါတယ် ။ ဧရာဝတီ ကယ်တင်ရေးဟာ အမျိုးသားအရေးကြီး ဖြစ်တဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်  ကန့်ကွက်ကြဖို့ သဘောတူပါတယ်။ အရိုးကျေကျေ အရေခမ်းခမ်း ၊ဘယ်သူခွဲခွဲ တို့မကွဲ ပေါ့ မရွှေစင်ရေ.... ။ ကိကိ
အဖြူရောင်နတ်သမီး said...
ဟုတ်.. ရေးမယ်..မကြီးရေ...
အဖြူရောင်နတ်သမီး said...
ဟုတ်.. ရေးမယ်..မကြီးရေ...
ချော(အစိမ်းရောင်လွင်ပြင်) said...
တစ်တပ်တအား ပါဝင်ပါ့မယ် အစ်မ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကိုယ့်တိုင်းပြည် ဒုက္ခမရောက်ဖို့၊ တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့၊ မြန်မာပြည်သားမှန်ရင် တာဝန်ရှိပါတယ်။ အားလုံးသိအောင် အသိပေးလှုံ့ဆော်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူပြည်သားတွေ အကျိုးများမှာမဟုတ်ဘဲ လူတစ်စုသာ အကျိုးရှိမဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို အလေးအနက် ကန့်ကွက်ပါတယ်။
KMC@ချင်းလေး said...
ညီညာစွာကန့်ကွတ်မယ်ဆိုရင်မကြာခင်ရင်အေးရတော့မှာပါ။ ခုတောင်စီမံကိန်းအစီအစဉ်ကိုပြန်လည်သုံးသပ်ဖို့ပြင်ဆင်နေ တယ်လို့ကြားသိရပါတယ်။ကျနော်တို့အားလုံးညီညွတ်ကြဖို့အချိန် အမှန်တကယ်ရောက်လာပြီမို့တတ်နိုင်သလောက်ပါဝင်မယ်ဆိုတာ ကတိပြုပါတယ်။အားလုံးကိုလေးစားလျက်(KMC)
Anonymous said...
I protest Irrawaddy dam project.You protest that project.We all Burmese,Myanmar(all tribes)and people who lived,lives in this country protest that project except brainless,blind and deaf......people:( WE LOVE IRRAWADDY FOR OUR MOTHERLAND AND OUR NEXT GENERATION. LONG LIVE IRRAWADDY! Gyidaw
PhyoPhyo said...
မရွှေစင်ရေ .. မနွဲ့တော့ပါဘူး။ နည်းပညာပိုင်းတွေတော့ သေချာနားမလည်ဘူး။ စာတွေအကုန်လိုက်ဖတ်နေတာ။ ဧရာဝတီကို ချစ်တဲ့ စိတ်နဲ့ နိုင်သလောက်တာဝန်ယူပါ့မယ်။ ၂၃ ရက်နေ့ တိတိ ရေးတတ်သလိုလေးတော့ရေးပါ့မယ်။ ချစ်တဲ့ pp
Nge Naing said...
မရွှေစင်ဦးရေ ပြည်တွင်းက ဘလော့ဂါတဦးအနေနဲ့ အခုလို Initiate လုပ်ပြီး ဆော်အောတာ ၀မ်းသာပါတယ်။ ဧရာဝတီအကြောင်းကိုတော့ ပို့စ်တခု တင်ချင်နေတာတော့ ကြာပြီ။ ဒါပေမဲ့ မအားလို့ ဘလော့ဂ် မရေးဖြစ်တာလည်း ကြာပြီ။ မအားဆို ဘလော့ဂ်ဒေးအတွက် tag တာကိုတောင် ရေးမယ်လို့ ပြောပြီးမှ လုံးဝ အချိန်မရခဲ့လို့ မရေးလိုက်ရဘူး။ ဧရာဝတီနဲ့ ပတ်သက်တဲ့ သတင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးသတင်းတွေတော့ ဖတ်ဖြစ်ပြီး ကိုယ်တိုင်ရေးမအားပေမဲ့ သဘောကျတဲ့ပို့စ်တွေကို ပြန်ဖေါ်ပြတာပဲ လောလောဆယ်မှာ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ကျရင်တော့ ရေးဖြစ်အောင် ကြိုးစားမယ်။
Anonymous said...
အမရေ စောစောရောက်ပြီးပြီဗျ စီဘောက်မှာ ထပ်တွေ့လို့ ထပ်လာတယ်ဗျို့ ၂၃ ရက်နေ့ အတွက် ကြိုးစားပြီးရေးကြည့်ပါ့မယ်ဗျာ ငွေလမင်း
barbielay said...
This post has been removed by the author.
barbielay said...
ရေးမယ်အမ ဧရာဝတီ မြစ်ကြီးကိုထာဝရရှင်သန်စေချင်ပါတယ်။
ကောင်းမွန်ဝင်း said...
အိုကေ၊ အစ်မရွှေစင်။
jasmine(တောင်ကြီး) said...
အမရွှေစင်ရေ စာရေးဖို့အဆင်မပြေလို့ ကဗျာတော့ရေး တင်ထားတယ်...ရေးပြီးသာတင်ရတယ် အားမရပါဘူး.... ထပ်ရေးပါဦးမယ်... ချစ်ခင်တဲ့ jasmine
kztk said...
ဆရာမရေ.. ၂၃ ရက်နေ့အတွက် ဘလော့ဂါတွေအားဝိုင်း တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကန့်ကွက်တဲ့ ပို့စ်တွေ တင်လိုက်ကြရအောင်ဗျာ. ကျွန်တော်လည်း အဲဒီနေ့အတွက် ကြိုးစားပြီး တစ်ပုဒ်လောက်ထပ်ရေးမယ်ဗျာ... ခင်မင်စွာဖြင့် ကိုဇော်သိင်္ခ
ညီရဲ said...
ရေးပြီးနေပြီ အစ်မ... သောကြာနေ့ ကို စောင့်နေတာ... အစ်မတို့ လို သတ္တိရှိရှိ ဦးဆောင်သူတွေ ရှိနေမှတော့ ဒီအရေးတော်ပုံ အောင်မှာပါ... ကျွန်တော် ယုံကြည်တယ်။
မင်းဧရာ said...
အမကြီးရယ်.. အမပိုစ့် လေးနဲ့အတူ ဘလောက်ဒ်ဂါတွေရဲ့ ညီညွှတ် မှု့ကိုတွေ့ရတော့ စာဖတ်နေရင်းနဲ့ မျက်ရည်တောင် ၀ဲရတယ်ဗျာ ကျွန်တော်တို့ ဘလောက်ဒ်ဂါ တွေညီ သလို ပြည်သူလူထု တစ်ရပ်လုံးကပါ အဲလိုညီလိုက်ရင် ဘယ်လောက်များ သူတို့ခံနိုင်မလည်း ကျွန်တော် ရေးပါ့မယ် အမကြီး။
ahphyulay said...
အင်း... ဖတ်ရင်းနဲ့  စိတ်မကောင်းဘူးဗျာ..။ ဒုသမ္မတနဲ့ အဖွဲ့ က ဆက်လုပ်ချင်ပြီး သမ္မတနဲ့ အဖွဲ့ ကတော့  စဉ်းစားချင်နေတယ် လို့ သိရတယ်၊ လွှတ်တော်မှာ မဲခွဲမဲ့ သဘော ရှိတယ်တဲ့ ။ ခက်တာက ပြိုင်တူခေါင်းညိတ်၊ ခေါင်းခါ လုပ်နေကြတဲ့ ကြံ့ ဖွတ်အုပ်စုက ကြီးစိုးနေတော့  ခက်တယ်ဗျာ..။ ရင်ထဲမှာ တုန်နေအောင် “ နာ ” တတ်ပါ တယ်ဗျာ..။ ဧရာဝတီက မြန်မာပြည်ရဲ့  အသဲနှလုံးပါပဲ။ ဒီပွဲက တရုပ်ဆန့် ကျင်ရေး ပွဲလည်းဖြစ်ပါမယ်။ ကျွန်တော်လည်းပါမယ်ဗျာ။ ခင်တဲ့  အဖြေးလူ..။
လသာည said...
အဲဒီအစီအစဉ် ကောင်းပါတယ် မမ..
>>>ဆက်ဖတ်ရန်>>> >>