Showing posts with label ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ. Show all posts
Showing posts with label ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ. Show all posts

Sunday, September 30, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၄)ဇာတ်သိမ်း

လူစီဘဲလ်က ရာဂျာကိုမယူလျှင် သူကတော့ ယူမှာအမှန်ပင်ဟု ပြောတတ်သည်။ သူက ရာဂျာသည် သူ့တစ်သက်တာ တွင် တွေ့ဖူးသမျှ လူတွေအားလုံးထက် အဆအရာ သန်းပေါင်း များစွာ နှိုင်း မရအောင် သာ သူဖြစ်သည် ဟု ယူဆထားသည်။
သို့သော် လူစီဘဲလ် က လူဝီတစ်ခါတုန်းက သူ ပြောခဲ့သော စကားများကိုလည်း ကြားယောင်မိသည်။
ကို ဆက်ဖတ်ရန်.....

''သူက နင့်ကို စိတ်ပျော်အောင်ထားနိုင်မယ့် သူမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ကိုယ်သူကလွဲလို့ တခြားဘယ်သူ့ကို မှ ချစ်တတ်တဲ့သူမှ မဟုတ်တာ။''
ထိုဝေဖန်စကား ကို ကြားယောင်မိတော့ လူစီဘဲလ်သည် မျက်ရည်များပင် ကျလာမိသည်။ သို့သော် လူဝီစကား ကို အတည်မယူသာပါ။ လူဝီ က ရာဂျာကို  မနာလိုသူပင်ဖြစ်နိုင်သည်။
လူစီဘဲလ်၏ မူပျက်နေပုံကို သူ့အဖေလည်း သတိထားမိသည်။ ထိုအခါ သူ့အဖေလည်း စိတ်မကောင်း ဖြစ် မိသည်။ သို့သော် သူမက အားပေးသည်။
''စိတ်မပူပါနဲ့ အဖေရယ်။ လူစီဘဲလ်က ခုမှ အချစ်နတ်အဖမ်းခံထားရတဲ့ ကောင်မလေးဖြစ်နေ တာကိုး။ နွေဦးပေါက်ရာသီလိုပေါ့လေ။ နေသာလိုက်၊ မိုးရွာလိုက်နဲ့ပေါ့ တစ်ခါတစ်လေ လည်း နေပူ မိုးရွာ ရောထွေးနေတတ်တဲ့ သဘောပါပဲ။''
''ဘာတွေ သူက ခုမှချစ်တတ်တာတဲ့လား။ သူချစ်တတ်တာ ကြာပြီမဟုတ်လား။''
''မဟုတ်ဘူးလေ၊သူက ခု ရာဂျာနဲ့ လူဝီ ဘယ်သူ့ကို ရွေးချယ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေတာကိုး။ ဒါကြောင့် သူစိတ်ရှုပ်နေ တာပေါ့ အဖေကြီးရဲ့။''

''ဒါပေမဲ့ ငါ့သမီးအတွက် စိတ်ပူတယ်ကွာ''
လူစီဘဲလ်ကလည်း သူ့ဖေဖေစိတ်မကောင်း ဖြစ်နေသည်ကို မသိမဟုတ်၊ သိသည်။ သို့သော် သူကလည်း ဟန်မဆောင်နိုင်။  သူ့မျက်နှာသွင်ပြင်သည် ဖုံးကွယ်၍ မရအောင် ဖြစ်နေသည်။
ဒါကို သူ့ဖာသာ သူလည်း မကျေနပ်။
သူ့ရင်တွင်း ပဋိပက္ခများလည်း မျှော့ကြိုးတစ်ခုကို တစ်ဖက်မှ တစ်ဖက်သို့ ဆွဲလိုက်၊ လွှတ်ပစ် လိုက် ဖြစ်နေသလိုပင် တည်ငြိမ်မှု ကင်းမဲ့စွာ လှုပ်ရှားနေရသည်။
သို့ဖြင့် အစားသောက် ပျက်လာသည်။ စားမဝင် အိပ်မပျော် ရက်တွေ များလာသည်။ တစ်ခါတစ်ခါ တစ်မှေးလေး မျှပင် အိပ်မရဘဲ မိုးလင်းသွားသော ညများကို ကြုံလာရသည်။
တစ်ခါတစ်ခါလေတော့ လည်း တစ်ယောက်တည်းနေ၍ မရသဖြင့် အဖော်အတင်းခေါ်ပြီး စကားပြောနေရသည်။

တစ်ခါတစ်လေတော့လည်း ဘယ်သူမှအနားတွင် ရှိသည်ကို မကြိုက်သဖြင့် လူတွေကို နှင်ထုတ်မိသည်။
တစ်ယောက် တည်း လမ်းလျှောက်နေသော တစ်နေ့တွင် လူဝီနှင့် တွေ့သည်။
အဖော် မလိုချင်ဘူးလား ဟေ့၊ လူနှစ်ယောက်ရှိတာတောင် များနေတယ် ထင်ရင်တော့ တို့မလားပါဘူးကွယ်။
မဟုတ်ပါဘူး
လူဝီက သူ့လက်ကလေးကို ဆွဲကာ လမ်းကြားလေး အတိုင်း လျှောက်လာကြ သည်။ ကောင်းကင် တွင်တော့ ငွေလမင်းလေးသည် လှပစွာ တွယ်ချိပ်နေသည်။ လူစီဘဲလ် က လမင်းလေး ကို မော့ကြည့် လိုက် သည်။ ရာဂျာက လမင်းကို သိပ်ချစ်တတ်တာပဲ။ ရာဂျာချစ်တဲ့ လမင်းလေးပါလား။

ထိုအချိန်တွင် သူ့လက်ကို လူဝီကတွဲထားကြောင်း သူသတိပြု မိလိုက်သည်။ ဒါဟာ ရာဂျာအပေါ် သစွာဖောက် သလိုဖြစ်နေမှာပဲ၊ သူက လက်ရုတ်ပစ်လိုက်သည်။ လူဝီက အံအားသင့်နေသည်။
ဘာဖြစ်လို့ ဒီလိုချက်ချင်းလုပ်လိုက်တာလဲဟင်။
ငါက ရာဂျာ အကြောင်း စဉ်းစားနေတာပေါ့၊ အဲဒီအချိန်မှာ ငါက နင်နဲ့လက်တွဲနေတာ ကောင်းမလား
ငါကတောင် ဘာမှမဖြစ်တာ၊ နင်ကတော့ ဘာဖြစ်သွားတာလဲဟ
နင်က သူ့အကြောင်း တွေးနေတာ သိမှမသိဘဲ ငါအကြောင်း နင်တွေးမနေဘူးဆိုတော့ ငါသိပါတယ်ဟာ
လူဝီ၊ ငါ ရာဂျာ ကို ချစ်တယ်ဟယ်။
လူဝီက ဘာမှပြန်မပြော။

နင်မယုံဘူးလားဟင်
ငါ ယုံပါတယ်ကွာ
ဒါဖြင့် ဘာဖြစ်လို့ ပြုံးနေတာလဲဟ
လူစီဘဲလ်ရယ်၊ ငါ့မှာ ပြုံးပိုင်ခွင့်လေးတောင် မရှိတော့ဘူးလား ဟယ်
အဲဒါက သိပ်အရေးကြီးတဲ့အကြောင်း၊ သိပ်အရေးပါတဲ့ ကိစ္စ ပြောနေတုန်းမှာ နင်က ပြုံးနေတော့ ကောင်း မတဲ့လား အချစ်ဆိုတာ လောကမှာ အရေးကြီးဆုံး၊ အရေးအပါဆုံး ကိစ္စ မဟုတ်ပါဘူးကွာ၊ အချစ် ဆိုတာ ပျော်စရာ၊ ကြည်နူးစရာလောက်ပါပဲ။
ငါတော့ နင့်ကို နားမလည်းဘူး လူဝီ၊ နင်က ရာဂျာကို ကပျက်ကချော်လုပ်နေတာလား လူဝီက သူ့လက်ကို ထပ်ဆွဲလိုက်ပြန် သည်။

ငါက အရာရာကို ကပျော်ကချော်လုပ်တာ မဟုတ်ပါဘူး။ နင်ပြောနေတာက ထာဝရအမှန်တရား တွေမှ မဟုတ်တာ လူစီဘဲလ်က သူ့လက်ကို ပြန်ဖြုတ်လိုက်ပြန်သည်။
ငါတော့ နင်ကို နားမလည်းနိုင်ဘူးကွာ၊ နင် ရာဂျာကို သဘော မကျဘူး မဟုတ်လား ပြောစမ်းပါဟာ
သူ့ပါးပြင်ပေါ် မျက်ရည်စီးကြောင်းကြီးက ဆင်းလာနေသည်။
ငါသူ့ကို သဘောကျပါတယ်၊ ဒီတက္ကသိုလ် ရောက်ပြီးကတည်းက အများကြီး တိုးတက်ပြောင်းလဲ လာခဲ့တာ ငါသိ ပါတယ်။ ဒါပေမဲ့ သူအိန္ဒယ ပြည်ရောက်ရင် ဒါတွေအားလုံးဟ မိုးဦးကျ မိုးစက်မိုးပေါက် တွေနဲ့အတူ အကုန်လွင့်စင် ပျောက်ကွယ် သွားမှာ သေချာတယ်။ သူက ဗြဟ္မဏလူမျိုး။ အမှိုက်သိမ်း သမားတွေ ဆိုတာ အောက်တန်းစား ဆိုတဲ့ အသိုင်းအဝိုင်းထဲ ပြန်ရောက်သွားမှာ သေချာတယ်။
နင်ပြောတာ မှားနိုင်တယ်၊ နင်ပြောတာ မှားနိုင်တယ် မဟုတ်ဘူးလား။

လူစီဘဲလ်က ဒေါသတကြီးပင် ပြန်အောက်လိုက်သည်။
ဟုတ်ပါတယ်၊ ငါမှားတတ်ပါတယ်၊ ဒါပေမဲ့ အရာရာတိုင်း မှာတော့ ငါမမှားပါဘူးဟာ၊ မှားလည်းတစ်ခါတစ်ရံသာ မှားတတ်တာပါ လူဝီရယ် နင်ကတော့ လူတစ်မျိုးပဲ၊ အိန္ဒိယပြန်တာနဲ့ ရာဂျာ အကုန် ပြောင်းလွဲသွားရော့တဲ့လား ဟင် .. ပြောင်းလွဲနိုင်တယ် ပြောတာပါ၊ အခွင့်အရေး တချို့ကြောင့် မပြောင်းလဲချင်လည်း မပြောင်း လဲနိုင်ဘူးပေါ့လေ၊ ဒါပေမဲ့ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို သူလွန်ဆန်နိုင်မတဲ့လား။
လူဝီ နင်ပြောတာတွေ တစ်ဖက်သတ် ကျတယ်ဟာ၊ ရာဂျာဟာ ဆန္ဒပြပွဲတုန်းက ဘယ်လောက်တက် ကြွခဲ့သလဲ။ ဘာဂတ်ဆင်း အကြောင်း မိန့်ခွန်းပြောတုန်းက ဘယ်လောက် စိတ်အားထက်သန်ခဲ့သလဲ ဟုတ်ပါတယ်၊ ဒါကို ဘယ်သူ ကမှ မငြင်းနိုင်ပါဘူး။

သိပ်ခံစားမှု ပြင်းထန်နေတဲ့ အချိန်မှာ သူ့အသည်းထဲ နှလုံးထဲက ပွင့်အန်လိုက်တဲ့ စကားတွေပဲ၊ မတရားမှုကို မျက်ဝါး ထင်ထင်မြင် လာတဲ့အခါ မခံချင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် ပေါက်ကွဲထါက်လာတဲ့ စကားတွေပဲ။ ဒါပေမဲ့ မိန်းကလေး ရယ်။ စိတ်ခံစားမှုဆိုတာက မတည်မြဲပါဘူး။ ပြောင်းလွဲတတ်ပါတယ်။ ခုမြင်ခုပျောက်ဖြစ်တတ် ပါတယ် ကွယ်" "'ဒါတော့မှန်ပါတယ်"
" အရေးကြီးတာက ရေရှည်ခံနိုင်ဖို့ပါ။ တိုက်ပွဲဟာ ရှည်ကြာမယ်၊ ခက်ခဲမယ် အဲဒါတွေကို ရင်ဆိုင်ရဲမှ"
"နင်ကကော ဘာဆက်လုပ်မှာလဲ"
"ငါကတော့ ရင်ထဲအသည်းထဲကကို ကတိပေးရဲတယ်။ ဒီတိုက်ပွဲအတွက်ဆိုရင် ငါ့အလုပ်၊ ငါ့ပညာ၊ ငါ့ဘဝတစ်ခုလုံးကိုတောင် လိုအပ်လာရင် စွန့်လွတ်လိုက်ဖို့အသင့်ပဲ။ နင်ငါ့အကြောင်း သိပါတယ်၊ လူစီရယ် ငါက တရှုးထိုး၊ ဝုန်းဝုန်းဒိုင်းဒိုင်း မလုပ်တတ်ဘူး။ ငါကဖြည်းဖြည်းနဲ့ မှန်မှန်သမားပဲ။ ငါတို့လျှောက်ရမယ့်လမ်းကို ငါ တစ်နေ့ပြီး တစ်နေ့မရရအောင် ဖောက်သွယ်မယ်လေ။ မရမချင်းကို ဆက်လုပ်သွားမယ့်လူပါ။ ဒါပေမဲ့ ငါ့ဘေး မှာတော့ မင်းရှိနေစေချင်တယ်ကွယ်"

"ငါသိပါတယ်ဟာ၊ ငါသိပါတယ်"
လူစီဘဲလ် က ညင်ညင်သာသာပင် ပြန်ပြောလိုက်လေသည်။
"ငါက အမှည့်လွန်တဲ့အသီးလို ငြိမ်ငြိမ်လေး အသက်ထွက်မယ့်သူ မဟုတ်ပါဘူး။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အသေခံဆို ခံမယ့်လူတွေကြားက လူတစ်ယောက်ပါကွာ။ ငါက စောစောက ကြွေကျသွားတဲ့ ကြယ်လေး လိုပဲဖြစ် ချင်တယ်။ မင်းသာ ငါ့အပ်းမှာ ရှီနေရင် တော်ပါပြီကွယ်၊ ငါမင်းကို လိုလားတယ်။ ငါမင်းကိုချစ်တယ်ကွယ်"
လူစီဘဲလ်က ဘာမှမပြော၊ သို့သော် မျက်ရည်တွေကတော့ တားမရဆီမရတော့။
"ငါရော ရာဂျာရော မင်းမျက်ရည်တွေနဲ့ မတန်ပါဘူးကွယ်၊ အချိန်ကျလာရင် မင်းအသည်းနှလုံးက ဘာလုပ်ရမယ် ဆိုတာ ပြောလာမှာပါကွယ်"
လူဝီက ပြောလိုက်လေသည်။

ဆည်းဆာရည်သည် လှပလွန်းလျသည်။
"ဒီအချိန်ဆို မောင်တို့နိုင်ငံမှာတော့ နွားရိုင်းသွင်းချိန်လို့ခေါ်တယ်ကွ။ နေဝင်ဖြိုးဖျမှာ နွားတွေကို ခြံထဲပြန်သွင်းတဲ့ အချိန်ကိုးကွ" "နွား၇ိုင်းသွင်းချိန် ဟုတ်လားမောင်။ ကျွန်မလည်း အိန္ဒိယလိုက်ပြီး အဲဒီအချိန်ကို ကြည့်ချင် လိုက်တာ" "ကြည့်လို့ရတာပေါ့လေ။ မောင်နဲ့ အတူတူလိုက်ခဲ့လေ"
သူတို့နှစ်ယောက်လုံးသည် ဒေါက်တာအေမိစ်အိမ်၏ ဝရန်တာမှနေ ၍ တောင်ကုန်းလေး များ ဘက် မျှောက်ကြည့်နေကြသည်။
တောင်ကုန်းလေး များမှာ ခရမ်းရောင်ခြုံထည်ကို လွှမ်းထားကြသည်။
ပိုးစုန်းကြူးလေး များလည်း ဟိုမှ သည်မှ ထွက်ပေါ်လာခဲ့ပြီ။

"လူစီဘဲလ် မောင်လေ မင်းကို တစ်ခုခုပြောချင်တယ်ကွယ်"
ရာဂျာက လူစီကို သိုင်းဖက်ကာ ပြောသည်။
"ပြောစရာရှိတာ ပြောပေါ့မောင်ရဲ့"
ဒါပေမဲ့ မောင်မပြောခင်၊ မင်းစိတ်မဆိုးပါဘူးဆိုတဲ့ ကတိ တစ်ခုတော့ လိုချင်သေးတယ်ကွယ်
ကတိပေးပါ တယ် မောင်ရယ်
ရာဂျာက တုံးဆိုင်းနေသည်။ နောက်မှ ပြောသည်။
ဝါရှင်တန် မှာ ဒေါက်တာမေတာနဲ့ မောင်တွေ့ခဲ့တယ်။ သူက မောင့်ကို ဘန်နီကာပို့တာဟာ မှားပြီး ပို့တာလို့ ပြော သည်။

ဘာ၊ မှားပြီးပို့လိုက်တာ ဟုတ်လား
ဟုတ်တယ်၊ မောင်သွားရမှာက မက်ဆာချူးဆက်ပြည်နယ် ဘန်ကာတက္ကသိုလ် တဲ့၊ ခုတော့ မောင်စဉ်းစားချိန် ရပါသေးတယ်၊ လာမယ် ဇွန်လမှာ အဲဒီကိုပဲ ပြောင်းတက်မလား၊ ဒီမှာပဲ ဆက်နေမလားဆိုတာ
အို ဒီမှာပဲနေပေါ့။ မောင်က ဒီတက္ကသိုလ်က ခွာမသွားနိုင်ပါ ဘူးနော်။ ဒါက ပြသာနာမှမဟုတ်တာ မောင်ရယ်
လူစီဘဲလ် ၏ အသံ တွင် သံသယရိပ်များကား လွှမ်းနေသည်။
မောင် ဘာလုပ်ရမလဲ စဉ်းစားနေတယ်ကွ
လူစီဘဲလ် က ရာဂျာလက်တွင်းမှ ရုန်းထွက်လိုက်သည်။

ဘာ၊ ဘာတဲ့၊ စဉ်းစားနေတုန်း ဟုတ်လား
စိတ်မဆိုးပါနဲ့ကွယ်၊ ခုနက ကတိပေးထားတာ မေ့သွားပြီး လား။ မောင်က သွားမယ်မှ မပြောသေးတာ။ စဉ်းစားတုန်း ပဲ ရှိသေးတယ်လို့ ပြောထားပြီ မဟုတ်လားကွ
ဘာဖြစ်လို့လဲ
မောင် ဆုံးဖြတ်ချက်က မောင့်အနာဂတ်ရေးကို လွှမ်းမိုးထား တယ်ကွာ။ မင်း သိပ်နားမလည်းသေးဘူးနဲ့ တူတယ်။
နားမလည်သေး ဘူး မမေးပါနဲ့မောင်။ ကျွန်မ ကောင်းကောင်းကြီး နားလည်ပါတယ်။ နားလည်လွန်းလို့ ခုချိန်မှာ ကျွန်မ ဟာလည်း ဆွံအပြီး၊ နားထိုင်းပြီး ဘာမှမမြင်ရတဲ့ ဆွံအ နားမကြား မျက်ကန်းတစ်ယောက် ဖြစ်ချင် လှပါပြီ မောင်ရယ်
စိတ်မဆိုးပါနဲ့ကွယ်၊ မောင် တောင်းပန်ပါတယ်။
စိတ်မဆိုး ပါဘူး၊ ကျွန်မ အရှင်းဆုံး စကားလုံးတွေနဲ့ ပြန်ပြော ပြပါမယ်။ ဘန်ကာဆိုတာက လူဖြူတွေရဲ့ နာမည် အကြီးဆုံး၊ အကျော်ကြားဆုံး တက္ကသိုလ်၊ အဲဒီတက္ကသိုလ်ကျောင်းဆင်းဆိုရင်၊ အိန္ဒိယအပြန်မှာ သိပ်မျက်နှာ ပွင့်မှာ မဟုတ်လား

လူစီဘဲလ်ရယ်၊ မောင်တောင်းပန်တယ်ကွယ်၊ ဆက်မပြောပါနဲ့တော့
ဆက်မပြောရဘူးတဲ့လား၊ မောင့် အတွေးအခေါ်တွေကို ဖွင့်မပြောရဘူးတဲ့လား၊ ဒါတော့ မရဘူးမောင်၊ မောင် ဟာလေ ကျွန်မတို့ အတွက် ဘာမှဂရုစိုက်တဲ့သူ မဟုတ်ဘူး။ လုံးလုံးဂရုစိုက်တဲ့လူ မဟုတ်ဘူး၊ မောင်က ဒီ မှာလည်း မနေချင်ဘူး၊ ကျွန်မတို့လို အထိအခိုက် အနှိမ်အပြု ကိုလည်း ခံရမှာ ကြောက်တဲ့လူပဲ
ဒါတော့ မမှန်ပါဘူးကွယ်
ဒါမှန်ပါတယ်၊ မောင်လည်း သိပါတယ်၊ မောင် ဆန္ဒပြပွဲထဲ ပါခဲ့တာတို့၊ တက်ကြွချင်ယောင် ဆောင်တာတို့ဟာ အလကား ပဲ၊ အားလုံး လိမ်ညာနေတာချည်းပဲ ရာဂျာက လူစီဘဲလ်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

မောင် မလိမ်ပါဘူးကွယ်၊ မောင် ဘန်ကာကို မသွားချင်းပါဘူး၊ မောင် ဒီမှာပဲ နေချင်ပါတယ်၊ ဒါပေမဲ့ အိန္ဒိယမှာ အလုပ် တစ်ခု ရရေးဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ လူစီမသိဘဲကိုး။ မောင်တို့လို ပညာ တတ်တွေအဖို့ ပိုပြီး အလုပ်ရဖို့ မရဖို့ ပူစရာမလိုပါဘူး ပူစရာလိုတာပေါ့ကွယ်၊ မောင်က အလကားမနေချင်းဘူး။ လပ်ကနောင်း တက္ကသိုလ် မှာ စာသင်ပြချင်သေးတယ်
သြော် ဒါဆိုလည်း၊ ဘန်ကာက ရတဲ့ဘွဲမှ ဟုတ်သတဲ့လား။ ဘန်နီကာက ရတဲ့ဘွဲ့ကတော့ အသုံးမချနိုင် ဘူးပေါ့လေ သိပ် ဒေါသမကြီးနဲ့လေကွယ်၊ မောင် တောင်းပန်တယ်နော်  မောင်က ကျွန်မကို ဘာလုပ်စေချင်လို့လဲ၊ ငိုရမလားဟင်၊ ငိုရတော့မလား ပြောပြောဆိုဆို လူစီဘဲလ် ငိုချင်လိုက်သည်။ ရာဂျာ က ပွေ့ဖက် လိုက်သည်။ ငိုစရာ မလိုပါဘူကွာ၊ မောင် မသွားတော့ပါဘူး။

လူစီဘဲလ်က သူ့ကို တွန်းပစ်လိုက်သည်။
သွားပါ မောင်၊ သွားသာ သွားပါ
မောင်သွားလည်း ဘာထူးမှာမို့လို့လဲကွာ၊ မောင်လည်း ဒီကိုလာလို့ ရသားပဲ။ မင်းလည်း ဟိုကိုလာပေါ့ ဟုတ်လား" "သြော် ဘယ်လိုပြောလိုက်တာလဲ ရာဂျာရယ်၊ ဘန်နီကာက တစ်ခါခွာပြီးရင်လေ ကျွန်မတို့ ဘယ်တော့ မှ ထပ်မတွေ့နိုင်ကြတော့ဘူးသိလား"
"ဒီလိုဆိုရင်တော့ မောင်မသွားတော့ဘူး။ ဒီမှာပဲ နေတော့မယ်နော်"
ရာဂျာက လူစီဘဲလ် အား နမ်းလိုက်သည်။ ထို့နောက် တင်းကျပ်စွာ ဖက်လိုက်ကာ မေးလိုက်ပြန်သည်။
"လူစီဘဲလ်ရစ် မောင် ဘာလုပ်မယ်ဆိုတာ ပြောပါလားကွယ်၊ မောင်ဘာလုပ်သင့်တယ်လို့ ထင်သလဲကွယ်"

"ကျွန်မ မသိဘူး၊ ရာဂျအချစ်ရယ်၊ ကျွန်မက အသည်းလှိုက် အူလှိုက် ဒီမှာ မောင်နေရမယ်လို့ ပြောကော ရမတဲ့လား။ ကျွန်မ ခုစိတ်မဆိုးတော့ပါဘူး မောင်။ မောင် ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျွန်မ နားလည်ပါပြီ။ ကျွန်မ လည်း ဒါမျိုးတွေ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မာရီယန်၊ ဂျင်မီနဲ့ ဂျိုးဇက်တို့ အရိုက်ခံရတာတွေ၊ ဘုန်းတော်ကြီး မာသီယာစ် လက်အချိုးခံရတာတွေ၊ ဆွင်ဆန်ကြီး နံပါတ်တုတ်နဲ့ အနှက်ခံရတာတွေ ကို တွေ့ကြုံပြီးနောက်တော့ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ နားလည်ခဲ့ပါပြီ။ ဘန်နီကာ က ဘန်ကာ မဟုတ်ဘူး ကျွန်မ သိတယ်။ ကျန်ခဲ့တဲ့ နှစ်တွေကလည်း ဒီကကျောင်းသား တစ်ချို့ ဘန်ကာကို ပြောင်းသွားကြတာ သိတယ်၊ ဒါပေမဲ့ ခုတော့ တစ်မျိုးပြောင်းသွားပြီး၊ ကျွန်မတို့ရဲ့ တိုက်ပွဲက ကျွန်မတို့ကို ခွန်အားသတ္တိပေးခဲ့ပြီလေ။ ကျွန်မ တို့ဟာ ဒီမှာနေပြီး ဒီတိုက်ပွဲဝင်နေရာကနေ ဆက်ပြီး တိုက်ပွဲတွေ နွှဲသွားကြရမယ်။ အောင်ပွဲရတဲ့အထိ ဆက်တိုက်သွားရမယ်။ ကျွန်မတို့နဲ့ မောင်နဲ့ ကမတူဘူးလေ၊ မောင်က ဒီကိုရောက်စ ကတည်းက ပြေးချင်နေတဲ့သူ။ မောင်က ဒီမှာအထိုက် အလျှောက် နေနေပေမယ့်၊ မောင့်ဆန္ဒကတော့ အမြဲပဲဒီနေရာ က ပြေး ချင်နေတာ မဟုတ်လား"

"မင်းပြောတာတွေက တစ်စိတ်တစ်ပိုင်းအားဖြင့်တော့ မှန်ပါတယ်ကွာ၊ ဒါပေမဲ့ လူစီဘဲလ်ရယ်၊ တစ်စိတ် တစ် ပိုင်းလောက်သာ မှန်တာပါ။ မောင်ဒီကိုရောက်စက တုန်လှုပ်ခဲ့မိပါတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကခဏပါပဲ။ မင်းတို့ဖေဖေရယ်၊ လူဝီရယ်၊ ပါမောက်က္ခဒင်တန်ရယ်ကို တွေ့မိ တော့ ချီးကျူး မိတယ်။မောင် ရွှေမြင်လို့မှ ရွှေမှန်းမသိတဲ့ အရူးမဟုတ်ပါဘူးကွ်။ မောင် ဒီမှာပျော်ပါတယ်၊ မင်းကိုလည်း ချစ် ပါတယ်" "ဒါပေမယ့် ဘန်ကာက မောင့်ကိုခေါ်နေပြီမဟုတ်လား"
သူ့ဒေါသများသည် ခုမှပြိုဆင်းလာတော့သည်။
"လပ်ကနောင်းရောက် လို့မှ ဒီခေါ်သံလေးကို ငြင်းလိုက်တာ ငါသိပ်မှားပါလားလို့ ထင်နေရဦးမယ်။ ဒီတော့ ကြွပါရှင် ကြွပါတော့" "လူစီဘဲလ်ရယ် မင်းက မောင့်ကိုတရိရိညှင်းနေသလားကွယ်"
"အို.. ရာဂျာရယ်။ မောင့်ကို ကျွန်မဘယ်လောက်ချစ်တယ်ဆိုတာ မောင်သိပါတယ်။ ကျွန်မက မညှဥိးဆဲ ရက်ပါဘူးနော်၊ မောင့်ဖာသာသံသယတွေကြားမှာ လုံးပါးပါးနေတဲ့သူပါ"
ရဂျာက သူ့မျက်နှာကို သူ့လက်ဖြင့် အုပ်ပစ်လိုက်သည်။ နောက်ပြီးငိုမိသည်။

သူ့ရှိုက်သံသဲ့သဲ့ကို လူစီဘဲလ်ကြားနေရသည်။
"အချစ်ရယ်၊ ဒီလိုမလုပ်ပါနဲ့ကွယ်"
သူ့တစ်သက်တာတွင် ယောက်ျားတစ်ယောက်၏ ငိုသံကို တခါမှမကြားဖူးခဲ့။
သူက ရာဂျာ့မျက်နှာပေါ်အုပ်ထားသော လက်များကို အသာအယာဖယ်ပစ်လိုက်သည်။

"သိပ်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့ကွယ် မောင့်မှာ ဆုံးဖြတ်ဖို့ အချိန်တွေအများကြီး ကျန်ပါသေးတယ်။ ရာဂျာ ရယ်။ မောင့်ကို ကျွန်မသိပ်ချစ်တယ်ဆိုတာတော့ မောင်သိစေချင်ပါတယ်ကွယ်"
"မောင့်ကို စတွေ့တွေ့ချင်းကတည်းက ကျွန်မ ချစ်ခဲ့ရတာပါ။မောင် ဒီမှာနေနေ၊ မနေနေ၊ ကျွန်မ ကတော့ မောင့်ကိုချစ်နေမယ်ဆိုတာတော့ မောင်သိစေချင်ပါတယ်ကွယ်"
ရာဂျာ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လူစီဘဲလ်က ပြုံးပြီးရာဂျာကို တစ်ချက်နမ်းလိုက်သည်။
ထို့နောက် အိမ်ထဲ သို့ဝင်ကာ တံခါးမကြီးကို ပိတ်ပစ်လိုက်တော့သည်။

ဟိန်းလတ်
၁.၉.၁၉၇၈
ညနေ ၄ နာရီတိတိ။

>>>ဆက်ဖတ်ရန်>>> >>

Saturday, September 29, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၃)

''ကွမ်းအစ်ယူခဲ့စမ်းကွာ'' မကြာမီ ချာပရာစီ ပြန်ဝင်လာတော့ ကွမ်းအစ်တစ်လုံး ပါလာသည်။ ကွမ်းအစ်မြင်ရတော့ ရာဂျာကျေနပ် သွားသည်။ အိန္ဒိယတွင် သူတို့သည် ကွမ်းစားမြဲ၊ ယခု ပြတ်နေ သည်မှာ ကြာပြီ။ ''အိန္ဒိယ က ထွက်လာတည်းက ကွမ်းမစားရတာ ကြာပြီဗျ။'' ရာဂျာ က ပြောပြော ဆိုဆို ကွမ်းတစ်ယာ ယာပြီးပါးစောင်ထဲတွင် ငုံလိုက်၏။ မေတာ ကတော့ ကွမ်းမစား။ ကို ဆက်ဖတ်ရန်.....

''ငါမင်းကို  အိမ်ခေါ်တွေ့တာက တခြားလူတွေ မကြားစေချင် မသိစေချင်တာတွေ ပါလို့ကွ။ ငါမင်းကို  ပြောမှာက တခြား မဟုတ်ဘူး။ နိုင်ငံတကာပညာရေးတက္ကသိုလ်က မင်းကို ဘန်နီကာတက္ကသိုလ်ပို့လိုက်တာ မှားပြီး ပို့လိုက်တာပါဆိုတဲ့ စာတစ်စောင် ရထားလို့ကွ''
''မှားလို့ ဟုတ်လား''
''အေး၊ မှားပြီ ပို့မိတာတဲ့၊ မင်းကို ပို့ရမှာက မက်ဆာချူးဆက်ပြည်နယ်က ဘန်ကာတက္ကသိုလ် ဒါပေမဲ့ နာမည်တွေရောကုန်ပြီး မှားသွားတာတဲ့။ ဘန်ကာ နဲ့ ဘန်နီကာ ကွာ၊ နာမည်ချင်းကလည်း ဆင်တယ် မဟုတ်လား။ စာလုံးပေါင်းချင်းကလည်း မတိမ်းမယိမ်း''
''ဒါဆို ကျွန်တော်သွားရမှာက ဘန်ကာတက္ကသိုလ်ပေါ့နော်။''
အေး ဟုတ်တယ်။ နောက် ကျောင်းအဖွင့်မှာ မင်းအဲဒီကို သွားတက်ရမယ်။ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမီ မင်း အဲဒီကို ကျောင်းပြောင်းခွင့် လျှောက်လွှာတင်ရုံပဲ၊ လျှောက်လွှာ မတင်ရင်တော့ မင်းနေရာကို တခြားကျောင်းသား တစ်ယောက် ရသွားမယ်ကွ။

ရာဂျာ ကမူ နှလုံးခုန်သံပင် ရပ်သွားသံပင် ရပ်သွားသလား ထင်လိုက်ရသည်။ အသက်ရှူလို့ပင် မရတော့၊ မေတာကတော့ သူ့ကို အကဲခတ်နေသည်။ ဘာတစ်ခွန်းမှတော့ ဝင်မတိုက်တွန်းတော့။
''ကျွန်တော် ဘယ်တော့မှ ဘန်နီကာက မခွာချင်ဘူးဗျာ။ ဘယ်တော့မှ မခွာချင်ဘူး'' ရာဂျာက ပြောလိုက်သည်။
''အေးကွာ၊ တကယ်တော့လည်း မင်းဘန်နီကာက မခွာသင့်ပါဘူး၊ မင်းအဲဒီမှာပဲ နေသင့်တာပဲ။ ဒါက မင်းတာဝန်မဟုတ်လား၊ မင်း အဲဒီမှာ ပျော်တယ်ဆိုရင် သူတို့တွေနဲ့ ရောနှောနေ နိုင်တယ်ဆိုရင် ပြီးတာပဲ မဟုတ်လား၊ နောက်ပြီး မင်းပညာသင်ပြီး နိုင်ငံပြန်လာတော့ကော ဘန်နီ ကာကပြန်လာလာ ဘန်ကာ က ပြန်လာလာ ဘာထူးမှာမို့လဲကွ၊ တူတူ ချည်းပဲမဟုတ်လား၊ ဒါပေမဲ့ တို့နိုင်ငံက ပညာတတ်အချို့က အမြင်ကျဉ်းကြ တယ်ကွ၊ သူတို့ကတော့ ဒီတက္ကသိုလ်နှစ်ခုရဲ့ ကွာခြားချက်တွေကိုသိနေကြတယ်။ မက်ဆာချူးဆက်ပြည်နယ် ''ဘန်ကာ''တက္ကသိုလ် အကြောင်း လူတိုင်း သိကြတယ်။ ဒီတက္ကသိုလ်ကိုးကွ၊ ဒီတက္ကသိုလ်က သာဆင်းရင် မင်းအစိုးရအလုပ်ကို အေးအေးဆေးဆေး ခေါင်းခေါက်ရွေးနိုင်တယ်ကွ၊ ဒါပေမဲ့ ''ဘန်နီကာ''က ဆင်လာတယ်ဆိုရင်တော့ ကွာ
မေတာ က ဆက်မပြောဘဲ ပခုံးတွန့်ပြလိုက်သည်။

ရာဂျာကတော့ ချက်ချင်းပြန်မဖြေ၊ ပြောပြန်တော့လည်း အသံလေးမှာ တိုးလွန်းလှသည်။
''ကျွန်တော် ဘန်နီကာက ဘယ်တော့မှ မထွက်ဘူးဗျာ။ ဘယ်တော့မှ မထွက်ဘူး၊ ဒေါက်တာမေတာရယ် ကျွန်တော် ကို ပြန်ခွင့်သာပြုပါတော့။''
သူ မတ်တတ်ရပ်လိုက်သည်။
ဒေါက်တာမေတာကလည်း မတ်တတ်ရပ်လိုက်သည်။
''ရာဂျာကြီးရယ်၊ နောက်တစ်ခါ ထပ်တွေ့ရင် တို့တွေ ပြေလည်သွားကြလိမ့်မယ်။ ငါက မင်းအဘိုးတို့ မင်းအဖေတို့ကို လေးစားကြည့်ညိုတဲ့ သူတစ်ယောက်ပါပဲ။ ဇွန်လမတိုင်မီတော့ တို့ဆီကို အကြောင်းကြား ဦးနော်၊  စိတ်ပြောင်းမယ် ဆိုရင်ပေါ့နော်''
ရာဂျာ က စကားပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ဒေါက်တာမေတာက လက်ကာပြီး ပြန်ပြောသည်။

''ငါသိပါတယ် ငါနားလည်ပါတယ်ကွာ၊ မင်းဘန်နီကာက ဘယ်တော့မှ သွားမှာမဟုတ်ဘူးဆိုတာ''
ရာဂျာက ဘာမှပြန်မပြော။ သို့သော် လက်အုပ်ချီကာ နမာစ်တေ့ လုပ်ပြီး ထွက်ပြီး ထွက်လာခဲ့သည်။ အပြင်ရောက်တော့ သူ့တွင် အတွေးပေါင်းစုံ ရစ်ပတ်နေသည်။ မေတာက ဘန်နီကာတက္ကသိုလ်အပေါ် အထင်သေးနေ ပုံပေါ် သည်။
ဘန်ကာ အပေါ် အမြင်ကျတော့ တစ်မျိုး။
အိန္ဒိယ ပညာတတ် လူတန်းစားတွေက ဘန်နီကာထက် ဘန်ကာကို ပိုကြိုက်ကြတယ်ဆိုပဲ။ အဲဒီအချက်လေး တစ်ခု တည်း အတွက် နဲ့ ငါက ဘာဖြစ်လို့ ကျောင်းပြောင်းရမှာလဲ။ မေတာအပေါ် သူဆက်ဆံပြောဆိုခဲ့ပုံကို သူကျေနပ် မိသည်။ ထို့အတူ လူစီဘဲလ်နှင့် သူ့အဘိုးတို့သည်လည်း ကျေနပ်ကြမည်ပင်။ ထို့ပြင် ဒေါက်တာအေမိစ်  ကိုလည်း သူဂုဏ်ယူ စွာ ပြောနိုင်တော့မည်။
သူ့ကို အခွင့်အရေးလေး ပေးတာတောင် သူက ဘန်နီကာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ပုံ။

နာရီကို ကြည့်လိုက်သည်။ အချိန်တွေ အများကြီး ပိုနေသေးသည်။
လှပသော ဝါရှင်တန်ကို လှည့်ပတ်ကြည့်ရှုနိုင်သေးသည်။ လှပသော ဝါရှင်တန်မြို့မှာလည်း ဘင်ဂျမန်ကာ ပုံစံ ရေးဆွဲပေး ခဲ့သော မြို့ကြီးပင် မဟုတ်ပါလား။
သူ ဘယ်တွေ သွားကြည့်ရမလဲ။
လင်ကွန်းဗိမာန်၊ ကွန်ဂရက်စာကြည့်တိုက်၊ ဝါရှင်တန်တရားရုံးချုပ်၊ အိမ်ဖြူတော်
သူ့ခေါင်းထဲ တွင် သူအသွားသင့်ဆုံးနေရာတစ်ခု ပေါ်လာသည်။ တက်စီငှားကာ ထိုနေရာသို့ သွားခဲ့သည်။
''ဖရက်ဒရစ်ဒေါက်ကလပ်စ်'' အထိမ်းအမှတ်ပြတိုက်။
သူ့ကို လမ်းပြတစ်ယောက်က ကြိုဆိုသည်။ အိန္ဒိယလူမျိုးဧည့်သည် သည်တစ်ယောက်ဖြစ်၍ ထိုသူက ပို ဂုဏ်ယူ သွားပုံရသည်။
ထိုအိမ်ကြီး မှာ ၁၅ ဧက ကျယ်သော ပရဂုဏ်ကြီးထဲတွင် ဆောက်လုပ်ထားကြောင်း၊ မူလမြေပိုင်ရှင်က ထိုမြေကို အိုင်းရစ် လူမျိုးနှင့် နီဂရိုးတို့အား မရောင်းခဲ့ရန် ဒီကရီပြုခဲ့ကြောင်း၊ သို့သော် ဖရက်ဒရစ်ဒေါက်ကလပ်က မရမနေ ဝယ်ယူပြီး ၁၈၉၅ ခု သူသေဆုံးချိန်အထိ နေသွားခဲ့ကြောင်း လမ်းပြက ပြောပြသည်။
ဧည့်ခန်း ထဲတွင် အမျိုးသမီးပုံကြီး ၂ ပုံရှိသည်။

တစ်ပုံမှာ  ''ဆူဆန်ဘီအင်တိုနီ'' ၏ပုံ အခြားတစ်ပုံမှာ အယ်လစ်ဇဘက်ကေဒီစတင်ကန် ၏ပုံ။
သူတို့ နှစ်ယောက်လုံးပင် အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင် ခေါင်းဆောင်များဖြစ်ကြသည်။ ဒေါက်ကလပ်စ်ကို ကြည်ညိုသူ၊ ဒေါက်ကလပ်စ်၏ မိတ်ဆွေများလည်း ဖြစ်ကြသည်။
အောက်ထပ် ဧည့်ခန်း တွင်လည်း အသားရောင်ခွဲခြားမှုကို တိုက်ဖျက်ခဲ့သော ခေါင်းဆောင်ကြီး များ၏ပုံ၊ ကျွန်ပိုင်ရှင် စနစ် ကို တိုက်ဖျက်ခဲ့သော သူရဲကောင်းကြီးများ၏ပုံများ ချိတ်ဆွဲထားသည်။
အပေါ်ထပ် တွင် သမ္မတတလင်ကွန်း လုပ်ကြံရပြီးနောက် သမ္မတကတော်က ဒေါက်ကလပ်စ်ကို ပေးခဲ့သော သမ္မတကြီး ၏ လမ်းလျှောက်တုတ်ကောက်ကို တွေ့ရသည်။
စားပွဲခုံတစ်ခုံပေါ်မှ အမျိုးသမီးတစ်ယောက်၏ ပုံကိုလည်း ရာဂျာ သတိပြုမိသည်။ မျက်လုံးပြူးပြူး၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်း ပုံ လှလှ ဆံပင်အလည် မှ ခွဲထားသော အင်မတန် လှသည့် အမျိုးသမီး ပုံ ဖြစ်၏။ တစ်ခါ ဆုံးဖြတ်ချပြီးလျှင် ဘယ်တော့မှ မပြင်တတ်သော ရုပ်မျိုးဟု ရာဂျာထင်မိ၏။

သူသည် ဒေါက်ကလပ်စ်၏ ဒုတိယဇနီး ဖြစ်သည်။
''သူက လူဖြူ အမျိုးသမီးဗျ။ နယူးယောက်မြို့က ထင်ရှားတဲ့ မိဘတွေက မွေးဖွားလာခဲ့တဲ့သူပဲ။ ကောလိပ်က ဘွဲ့ရသူ လည်း ဖြစ်သည်။ ၁၈၇၀ လောက်မှာ ဖရက်ဒရစ်ဒေါက်ကလပ်စ်နဲ့ တွေ့ပြီး လက်ထပ်ခဲ့တယ်။ သူ့ လက်ထပ်တာ ကို ဝေဖန်ကြတိုင်း သူက ကျွန်မ ချစ်လာရင် အဲဒီချစ်သူဟာ အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ် ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက် ကို လက်ထပ်ရမှာပဲလို့ ပြန်ဖြေတယ်တဲ့''
လမ်းပြလေး က ပြောပြသည်။ ကျောင်းအပြန်ရထားပေါ်တွင် ရာဂျာ ထိုစကာလုံးများကို ပြန်ကြားနေမိနေသည်။

''ချစ်လာရင် အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ်ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက်ကိုလက် ထပ်ရမှာပဲ ''ဟူသော စကား၊ သူကောလူစီဘဲလ်အပေါ် ထိုသို့ပြုမူ ကျင့်ကြံရဲပါ့မှာာလား။ သူ လူစီဘဲလ်ကို ချစ်သည်။ လူစီကို ပိုင်ဆိုင်ချင် သည် သူတို့နှစ်ယောက်၏ နောက်ခံအခြေအနေသည် မည်မျှကွဲပြားနေစေကာမူ  သူတို့နှစ်ယောက် က ပျော်ပျော်ရွှင်ရွှင်။ နေနိုင်သွားမည်သာ ဖြစ်သည်ဟု သူခံစားမိသည်။
သူပထမဆုံး အကြိမ် ရထားပေါ်တွင် တွေ့ခဲ့သော မျက်နှာဖြူမလေးကို  သတိရမိ၊ ထိုရုပ်ပုံလွှာလေးကို သူအမြဲ သတိရနေမိသည်။ သို့သော် ယခုသူလိုချင်သူမှာ ထိုမျက်နှာဖြူမလေးချောချောမဟုတ်။ ယခုသူလိုချင်သည့်သူမှာ လူစီဘဲလ်၊ သူတို့နှစ်ယောက် အတော် ကွဲပြားခြားနားနေသည်။ ဒါပေမဲ့ သူက လူဖြူမလေးကိုမချစ်။
သူချစ်သည်က လူစီဘဲလ်။
သူကောင်းကောင်း သိလိုက်ပါပြီလေ။

လူစီဘဲလ် သည် သူ့ကို ဘူတာရုံမှကြိုနေသည်။ ဂါဝန်နီ ဆွယ်တာအဖြူ၊ ဆံပင်လေးကို ဖြန့်ချထားလျက်။ သူ့ကိုကြည့်ရသည် မှာ ယခင်ကထက် ပို၍လှနေသည်။ သူ့ကို မြင်သည်နှင့် လူစီဘဲလ်သည် ကသောကမျော ပြေးလာသည်။
''ရာဂျာ၊ ရာဂျာရေ၊ ကျွန်မလေ မောင့်ကို သိပ်လွမ်းတာပဲကွယ်''
''မောင် လည်း  မင်းကို လွမ်းတာပဲကွယ်။''
''သူက နမ်း ရန် ကြံသေးသည်။ သို့သော် လူထဲသူထဲမို့ ရှက်သေးသဖြင့် ပြန်ချိုထားလိုက်သည်။''
ထို့ကြောင့် လက်ကလေးကိုသာ လှမ်းဆွဲလိုက်သည်။
''ဝါရှင်တန် က ဘယ်လိုနေလဲဟင်''
''အံ့သြစရာ ကောင်းတာပေါ့။''
''ဘာလဲ မောင့် အဖေ ပြောနေကျ အံ့သြပုံမျိုးလား။ တကယ်ပဲ အံ့သြတာလား''
''တကယ့် ကို အံ့သြစရာကောင်းတာပေါ့။''
''ဘယ်လို အံ့သြစရာကောင်းတာလဲ ပြောပါဦး''
''ဘာလဲ''
''ကျွန်မ ကားမောင်း လာတာ မောင်ရဲ့။ဒါက ပထမဆုံးအကြိမ် ဖေဖေမပါဘဲ ကျွန်မကားမောင်း ခွင့်ရတာ သိလား။ ကျွန်မ တစ်ယောက်တည်း လာခဲ့တာ''
''တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မစ္စလူစီဘဲလ်ရယ်။ ''

ဟာရီယက် က နောက်မှနေ ပေါ်လာသည်။
''မင်း ဘာလုပ်တာလဲကွ''
ရာဂျာ က မေးလိုက်သည်။
''ရှင်တို့နှစ်ယောက်လုံးကို စောင့်ကြည့်နေတာပေါ့။ ရှင်က သူ့ကို နမ်းမှာကို လူစီဘဲလ်က ကျွန်မ မမြင်စေချင်ဘူး တဲ့လေ။''
''ဟာရီယက်။ ငါနင့်ကို တစ်ခါမှ အဲဒီလို မပြောဖူးပါဘူးဟယ်''
''အေးလေ၊ ပါးစပ်က ဖွင့်မပြောပေမဲ့ စိတ်ထဲတော့ အဲဒီလိုရှိမှာပေါ့။ ဟုတ်လား''
ကားပေါ်ရောက်သော အခါ လူစီဘဲလ်က
''ဟာရီယက်၊ နင်က နောက်ခန်းသွားထိုင်စမ်း''
''မထိုင်ပါဘူး၊ ကျွန်မတို့အားလုံး ရှေ့မှာ ထိုင်မှာပေါ့။ ရာဂျာက အလယ်ကထိုင်လေ။ ဒါဆို အစ်မလေးမှာ သူရှိနေပြီ မို့ ကျေနပ်စရာပေါ့။

''ဟေ့၊ ရှေ့ခန်း ၃ယောက်ထိုင်တယ်ဆိုတာ ဥပဒေနဲ့ မညီမညွှတ်ဘူးကွ''
''ဒါတော့ မသိဘူးလေ''
ထို့နောက် ဟာရီယက်က ဇွတ်ပေကာ ထိုင်နေသဖြင့် ရာဂျာမှာ မိန်းကလေးနှစ်ယောက်ကြားတွင် ထိုင်ရင်း လိုက်ခဲ့ရသည်။
ရာဂျာ က ဝါရှင်တန်တွင် သူတွေ့ခဲ့ရပုံများကို ပြန်ပြောသည်။ ကောင်မလေးနှစ်ယောက်လုံးက တစူးတစိုက် နားထောင်ကြသည်။
သူဆန္ဒပြပွဲ ထဲ ပါသဖြင့် ဒေါက်တာမေတာက ဘယ်လိုစိတ်ဆိုးပုံ၊ သူက ဘယ်နည်းပြန်ပြောပုံများ။
နိုင်ငံတကာ ပညာရေးအကြောင်းကိုကား သူမပြောဘဲ ချန်ထားလိုက်သည်။ လူစီဘဲလ်က ထပ်မမေးမီ သူသည် ဖရက်ဒရစ်ဒေါက်ကလပ်စ် ၏ အိမ်သွားကြည့်ပုံကို စကားလမ်းကြောင်း ပြောင်းပြောလိုက်သည်။

၁၂
ရာဂျာကို သူဘယ်လောက်ချစ်သလဲ။
သူ့ကိုယ်သူ ကောင်းကောင်းသိသည်ဟု လူစီဘဲလ်ထင်မိသည်။ ရာဂျာဆိုသော နာမည်လေးကြား လိုက်ရသည်နှင့် ပင် သူ့ပါးပြင်တစ်ခုလုံး ချစ်သွေးတို့ လျှမ်းတက်ကုန်သည်အထိ။
ရာဂျာ ကို အသည်းရော နှလုံးရော ပုံပြီး ချစ်ပါသည်။ဒါပေမဲ့ ရာဂျာနှင့်အတူ အိန္ဒိယသို့ လိုက်သွားချင်သလား။
ပြီးခဲ့သော ဆန္ဒပြပွဲကြီးက သူ့စိတ်နေစိတ်ထားကို ဗြောင်းဆန်ပစ်လိုက်ပြီ။ ထိုတိုက်ပွဲကြောင့် သူ့အားမာန် များသည် ပိုပြီး တက်ကြွလာခဲ့ရသည်။
လူမှုအခွင့်အရေး တိုက်ပွဲသည် တခြားကိစ္စတွေထက် ပိုအရေးကြီးသည်။
ထိုအကြောင်း ကို စဉ်းစားလိုက်တော့ သူ့အာရုံတွင် လူစီဘဲလ်ဖပေါ်လာတတ်သည်။ ရာဂျာသည်လည်း ဆန္ဒပြပွဲ ထဲမှာ ပါတာမဟုတ်လား။ ဒါပေမဲ့ အဲဒီအထဲလည်း ပါတဲ့သူ။ နောက်ပြီး အဲဒီထဲက လူလည်း ဖြစ်တယ်လေ။

လူဝီက သူ့ကို ချစ်သည်။
သူကလည်း တစ်နည်းတစ်ဖုံ ခင်မင်မိပါသည်။
လူဝီက ရုပ်ချောသည်။ ဥာဏ်ကောင်းသည်။ နောက်ပြီး စိတ်ဓါတ် ခိုင်မာသည်။
နှိုင်းစရာ ဆိုလို့ သူ့အဖေခြေရာ နင်းနိုင်သည့် လူမျိုးဟုပင် ပြောရချေမည်။ သူ့မိဘတွေကလည်း လူဝီနှင့် သဘောတူကြသည်။
သူ့အမေ ကတော့ ရာဂျာကို ပိုသဘောကျပုံရသည်။
လူဝီအိမ်လာလျှင် မေမေက မီးဖိုချောင်ထဲ ခေါ်တွေ့တတ်ပြီး ရာဂျာလာလျှင်မူ ဧည့်ခန်းထဲခေါ်တွေ့တတ်သည်။ ဒါကလည်း နားလည်နိုင်လောက်ပါသည်။
လူဝီက လူရင်းကိုး
အသွေးတူ အသားတူ ကိုး။

သုခ၊ ဒုက္ခ ခံစားဖော် ခံစားဖက်ကိုး။
ရာဂျာကတော့။
သူအိန္ဒိယ သို့ မလိုက်ဟုဆိုလျှင် ရာဂျာကကော အမေရိကန်မှာ ဆက်နေနိုင်ပါ့မလား။
သူနေနိုင်မည်မထင်၊ နေလည်းနေချင်ပုံမရ၊ ရာဂျာသာ တခြားလူဖြူတက္ကသိုလ် တစ်ခုခု ရောက်သွားရင် သူမြင်တာ ကြားတာ သိတာတွေ ပြောင်းသွားကုန်မှာပါ။ ဒါနဲ့ သိပ်ကွာခြားတာ သူသိလာမှာပါလေ။
ရာဂျာ က ဗြဟ္မဏမျိုးနွယ်တဲ့။
ဇာတ်မြင့်သည်။
လူတိုင်းနှင့် ဒွေးရောယှက်တင် နေနိုင်ပါ့မလား။
ရာဂျာ က သိပ်ချောသည်။
  သိပ်လည်း ဥာဏ်ထက်မြက်သည်။
သိပ်လည်း အံ့သြစရာကောင်းသည်။
နောက်ပြီး သတ္တိလည်း မခေ။
ဆန္ဒပြပွဲတုန်းက သူ့လုပ်ရပ်များသည် သူ့သတ္တိကို သက်သေထူပြနေသည် မဟုတ်လား။

သို့သော် သူသည် တစ်ချိန်လုံး တစ်သက်လုံး တိုက်ပွဲဝင်နိုင်ပါမလား။
ပိတ်ထားသောတံခါး ကို အဘယ်မျှ ကြာကြာခေါက်နေနိုင်မှာလဲ။
လူစီဘဲလ် သည် သူ့ဖာသာသူ မေးခွန်းထုတ်လိုက်၊ သူ့ဖာသာသူ လှဲချလိုက် လုပ်နေသည်နှင့် တူနေသည်။ ကိုယ့်ဖာသာ ကို အမေးအဖြေ လုပ်နေသည်ကို မကျေနပ်သဖြင့် သူ့အမေကို မေးကြည့်ပြန်သည်။
''မေမေ ရာဂျာနဲ့ ပတ်သတ်လို့ ဘယ်လိုသဘောရမလဲ ဟင် ''
ထိုမေးခွန်းမှာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ အထပ်ထပ်အခါခါ မေးနေကျ မေးခွန်းဖြစ်သဖြင့် သူ့အမေ လည်း စိတ်မရှည်တော့။

''လူစီဘဲလ်ရယ်။ တခြားမေးခွန်းတွေ မမေးတော့ဘူးလား ၊ခုတော့ တစ်ခါလာလဲ ဒီမေးခွန်း နှစ်ခါလာလဲ ဒီမေးခွန်း ပဲ၊ နင်ကတော့လေ ခရစ်တိုဖာကိုလံဘတ်ထက်တောင် ဂုဏ်ပြုခံရဖို့ ကောင်းနေပြီ။ သူက အမေရိကန်တိုက် ကို တွေ့ခဲ့ရုံပဲ ရှိတယ်။ နင်ကတော့ ပြောစရာ မရှိအောင် တော်တယ်ဆို၊ ဒါနဲ့များ ငါ့ကို ထပ်မေး မနေတော့၊ ရာဂျာအပေါ် ဘယ်လိုသဘောရသလဲလို့''
လူစီဘဲလ် သည် သူ့အမေကိုမေးမရတော့ သူ့ညီမဟာရီယက်ဘက်သို့ လှည့်ရတော့သည်။
ဟာရီယက် ကတော့ ရာဂျာအကြောင်းဆိုလျှင် အမြဲပင် အငြင်းတမ်း နားထောင်တတ်သည်။ ဟာရီယက်က ရာဂျာဘက် က ရာဂျာအား မိုးကျရွှေကိုယ်တမျှပင် အထင်ကြီး၏။
ရာဂျာ သည် သူ၏စံပြ။

လူစီဘဲလ်က ရာဂျာကိုမယူလျှင် သူကတော့ ယူမှာအမှန်ပင်ဟု ပြောတတ်သည်။ သူက ရာဂျာသည် သူ့တစ်သက်တာ တွင် တွေ့ဖူးသမျှ လူတွေအားလုံးထက် အဆအရာ သန်းပေါင်းများစွာ နှိုင်းမရအောင် သာသူဖြစ်သည် ဟု ယူဆထားသည်။
သို့သော် လူစီဘဲလ်က လူဝီတစ်ခါတုန်းကူ ပြောခဲ့သော စကားများကိုလည်း ကြားယောင်မိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 28, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၂)

" အဖေထင်နေသလို ကျွန်တော့် အသက်ဟာ တန်ဖိုးမရှိလှပါဘူး။ အဲဒါ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းအတွက် တန်ဖိုးပေးဝယ်ယူရာမှာ ကျွန်တော့် အသက်ဟာ ဘာမှတန်ဖိုး မရှိပါဘူးဗျာ" တဲ့ " သူ ကွပ်မျက်ခံ ရတော့ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အိန္ဒိယ ပြည်သူ အားလုံးဟာ သူ့ကို ချီးကျူးကြတယ်။ ဂန္ဒီရဲ့ နောက်လိုက်တွေကတောင် သူ့ရဲ့သတ္တိနဲ့ ယုံကြည်ချက်တွေ ကို ချီးကျူးနေကြတယ်။ သူဟာ လူငယ်ထု အတွက် မဆုတ်မနစ်တမ်း စိတ်ဓာတ် သတ္တိ ကို ဥပမာပြလိုက်တာပဲ၊ လူကြီးတွေက ဘယ်လိုအကြံပေးကြပေးကြ လူငယ်ဆိုတာ ကိုယ့်လမ်း ကိုယ့် ရှာသွားမှာပဲ၊ အဲဒီလမ်းဟာ မှားမှားမှန်မှန်ပေါ့ " ထို့နောက် ရာဂျာသည် လက်အုပ်ချီ ဂါရ၀ပြုကာ ထိုင်ချလိုက်သည်။ ကို ဆက်ဖတ်ရန် ..........

လူဝီက မတ်တတ်ရပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
" မနက်ဖြန်လိုက်ကြမယ့် သူတွေရှိရင် တဆိတ် မတ်တတ်ရပ်ပြကြပါ။ ရေကြည့်ချင်လို့ပါ ခင်ဗျာ "
ပရိသတ်အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ပါမောက္ခအေဒင်မှ အပအပေါ့လေ။
နောက်ရက်များ အတွင်းတွင် အခြေအနေမှာ ပိုမိုတင်းမာလာသည်။ ပုလိပ်တပ်အပြင် အမျိုးသား အစောင့်တပ်ပါ ကူပြီး စောင့်ရှောက်လာရသည်အထိ။ အစောင့်တပ်သားများသည် လှံစွပ်တပ်လျက် ဓာတ်ငွေ့ကာ မျက်နှာဖုံး စွပ်လျက်။ ဘန်နီကာကျောင်းသား များ နှစ်ပြားတန်ဆိုင်နား ကပ်လာကြသောအခါ ပုလိပ်တို့က တားကြ သည်။

" ငမည်းတွေအားလုံးနောက်ပြန်ဆုတ်ကြရင် ကောင်းမယ်ထင်တယ်ကွ "
ကျောင်းသားအများက ငြင်းတော့ သူတို့က လက်နက်ပြင်ကြသည်။
" ပစ်ချလိုက်ကြစမ်း၊ ပစ်ထည့်လိုက်ကြစမ်း "
" လှံစွပ်နဲပထိုးပြီး ထောင်ထဲကို အကုန်သွင်းပစ်ကြပါတော့လား "
လူဖြူတွေက ၀ိုင်းအော်ကြသည်။
လေးရက်မြောက်နေ့၏ ညနေတွင် ဒေါက်တာအေမိစ်၊ ရာဂျာ၊ လူစီဘဲလ်နှင့် လူဝီတို့သည် တရားရုံးတွင် စီချက်ချက် သွားနားထောင်ကြသည်။

" ဒီနေ့ ဘယ်နှကောင် ဖမ်းလာသလဲကွ "
တရားသူကြီးက ပုလိပ်ကိုမေးလိုက်သည်။
" လေးဆယ်လောက်ရှိမယ်ထင်တယ်၊ အချုပ်ခန်းထဲ ပြည့်နေပြီ"
" ဒါများခက်တာလိုက်လို့ ၀က်တွေထားတဲ့ခြ့ထဲကို ငမည်းတွေ ထည့်လိုက်ပေါ့ကွ "
" ၀က်တွေကတောင် ငမည်းတွေကို လက်ခံပါ့မလား မသိဘူးနော် ဆရာ "
လူဖြူတွေက ၀ိုင်းရယ်လိုက်ကြသည်။
ထိုစဉ် တရားသူကြီးက လူမည်းတစ်ယောက်ချင်းကိုမေးသည်။

" အပြစ်ရှိသလား၊ မရှိဘူးလား "
" အပြစ်မရှိဘူး "
" ဒါဆိုရင် ဒဏ်ငွေ ဒေါ်လာ ၂၀၊ ဒါမှမဟုတ် ထောင်ဒဏ် ၂ လ "
သူက လူတိုင်း ကို ထိုသို့ပင် စစ်ဆေးစီရင်နေသည်။ သို့နှင့်ပင် ထောင်ထဲဝင်ခဲ့သော ကျောင်း သား၊ လယ်သမား၊ အရပ်သားပေါင်း နှစ်ရာ ပင်ကျော်ခဲ့ပြီ။
မိုးသဲနေသော တစ်နံနက်တွင် လူဝီ၊ ရာဂျာနှင့်၊ လူစီဘဲလ်တို့သည် နှစ်ပြားတန်ဆိုင်ထဲသို့ဝင်ရန် ကြိုးစားနေကြ သည်။ ဆိုင်ရှေ့တွင်တော့ ပုလိပ်များမရှိတော့။ လူအုပ်ကြီးကား အပြင်မှ ရပ်ကြည့် နေဆဲ။
လူစီဘဲလ်၊ ရာဂျာနှင့် လူဝီတို့က ဆိုင်ထဲသို့ဝင်သွားသည်။ အားလုံးပင် တိတ်ဆိတ်နေသည်။ ကောင်တာတွင် ထိုင်လိုက် သည်။ ဟိုနေ့က အဘွားကြီးပင် လာမေးသည်။

" ဘာလိုချင်လို့လဲကွ "
" ကော်ဖီ ၃ ခွက်နဲ့ ဒိုးနပ်မုန့်ပြား ၃ ခု "
လူဝီ က မှာလိုက်သည်။
" ဟိုမှာဝယ်ပြီး စားပါလား၊ ငါ့ကိုမှာရသလား "
" မဟုတ်ဘူး ဒီမှာမှာပြီး ထိုင်စားမလို့ "
လူဝီက ထပ်ပြောလိုက်သည်။
အဘွားကြီး က မန်နေဂျာကို သွားခေါ်သည်။ မန်နေဂျာထွက်လာသည်။ သူ့ခမျာ အတော်ချောင် ကျသွားဟန် တူသည်။ စာခြောက်ရုပ်တွင် အ၀တ်ဝတ်ပေးထားသလို ဖို့ယိုဖားယား ဖြစ်နေ၏။ မျက် တွင်းများကား ညိုနေ သည်။ မျက်တွင်းညို ထဲမှ မုန်းတီးမှုမျက်လုံးများကား သူတို့သုံးယောက်ကို စူးစိုက်ကြည့်လျက်။

" သူတို့ကထိုင်ပြီး စားချင်လို့ပါတဲ့ ဆရာ "
စားပွဲထိုးမလေး က သူ့ကို ပြောလိုက်သည်။ သူက လည်ချောင်းကို ရှင်းလိုက်သည်။ ထို့နောက် ရာဂျာ၊ ထို့နောက် လူဝီ၊ နောက်ဆုံးလူစီဘဲလ်တို့ကို ကြည့်လိုက်သည်။ အမှုန့်ဖြစ်အောင် ချေပစ် တော့မယ့် ပုံမျိုး။ ထို့နောက် သူက လည်ချောင်း ကို ထပ်ရှင်းလိုက်ပြန်သည်။ ပြီးမှ စားပွဲထိုးမလေး ကို ပြောလိုက်၏။
" ချပေးလိုက် ပါကွာ " " ဘာရယ် ဆရာ "
" မကြားဘူးလားကွ၊ သူတို့မှာတာ ချပေးလိုက်လို့ "
" ဒီနေရာ ကို လာချပေးရမှာလား ဆရာ "

" အေး ဟုတ်တယ်၊ ဒီနေရာမှာ လာချပေးလိုက်၊ အထက်က အမိန့်ကျလာတယ်၊ ချီကာဂိုက ဆိုင် ပိုင်ရှင်က ဖုံးဆက် အမိန့်ပေးထားတယ်ကွ။ ဆိုင်းအရောင်းမကျစေနဲ့တဲ့။ ငမည်းတွေ ဆိုင်မလာ ရင် တို့ ဘာမှ ရောင်းရတော့ မှာ မဟုတ်ဘူးတဲ့ကွ။ ဒီတော့ ငါက ပြောတယ်၊ ပိတ်ပစ်လိုက်ပေါ့လို့။ သူက အို ဘာဖြစ်လို့ ပိတ် ရမှာလဲ။ ငါအရူးမှ မဟုတ်တာ။ ဒီဆိုင်က ငါ့ရွှေတွင်းကွတဲ့။ ကျွန်တော်ကကောလို့ ငါကမေးလိုက်တော့ သူက ဒီမှာ မလုပ်ချင် တခြားအလုပ်သွားလုပ်ဆိုပြီး ဖုန်း ချသွားတယ်ကွာ "
" ဒါဆို ဆရာ က ဒီမှာ မန်နေဂျာဆက်လုပ်ပြီး မလုပ်ချင်တာတွေ ဆက်လုပ်တော့မယ်ပေါ့ "
စားပွဲထိုးမလေးက မေးသည်။

" ငါ့အသက် ငါးဆယ်ရှိပြီ၊ ဘယ်သူက ငါ့ကို ငှာျးင်ကြတော့မလဲ။ ငါကလည်း တခြားဘာမှ မလုပ်တတ်တော့ဘူး။ ငါဘယ်ကို သွားရမလဲ။ ငါ့မှာ ပိုက်ဆံမရှိဘူး။ ဒီတစ်နိုင်ငံလုံးမှာ ပြောဆိုနေ ကြတာက ငွေကွ "
သူက ဒေါသတကြီးပြောကာ၊ အခန်းထဲသို့ ၀င်သွားတော့သည်။
စားပွဲထိုးမလေးကမူ ပခုံတစ်ချက်တွန့်ပြကာ ရာဂျာတို့အား လှမ်းမေးလိုက်သည်။
" ကော်ဖီ အမည်းလား အဖြူလား "
" ငါတို့အားလုံးအတွက် အဖြူပဲဟေ့ "
ထို့နောက် လူဝီက သူ့စကားလုံးကိုသူ သဘောကျသွားကာ ရယ်ပစ်လိုက်သည်။ လူဝီက ရာဂျာတို့ကို ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြသည်။

" နိုက်ဂျီးရီးယား နိုင်ငံသားတစ်ယောက်က အင်္ဂလန်ရောက်သွားတယ်တဲ့ ညစာစားပွဲပြီးတော့ သူ့ကို စားပွဲထိုး က ကော်ဖီမည်းသောက်မလား၊ ကော်ဖီဖြူသောက်မလားလို့ မေးတယ်တဲ့၊ အဲဒီတော့ နိုက်ဂျီးရီးယား အမျိုးသားကြီး က ခင်ဗျားတို့ဆီမှာက ကော်ဖီတောင် အသားအရောင် ခွဲခြားနေသကိုးဗျလို့ ပြန်ပြောတယ်တဲ့ဗျ "
အားလုံး ပင် ရယ်လိုက်ကြသည်။ သူတို့စကားကိုကြားသော စားပွဲထိုးမလေးကလည်း ပြုံးပြကာ၊ ခင်မင် ရင်းနှီးသောလေသံဖြင့် -
" ရှင်တို့တတွေ ပျော်နေကြတာ မြင်ရလို့ ၀မ်းသာပါတယ်ရှင် " ဟုပြောလိုက်သည်။ ထို့နောက် ဒိုးနပ် မုန့်ပြားသုံးခု ကိုယူကာ သီးခြား ပန်းကန် တစ်ချပ်စီထည့်ပြီး သူတို့ထံ လာချပေးလိုက်သည်။
လူစီဘဲလက်က ဒိုးနပ်မုန့်ပြားကို ယူကြည့်ကာ မစားဘဲ ပြန်ချလိုက်သည်။ မုန့်ပေါ်မှာ သကြားများမှာ သူ၏ ဂါဝန် မည်းပေါ် နှင်းပွင့်များ ခြွေချသလို ကြွေကျနေသည်။ ထို့နောက် သူသည် မျက်ရည်များ ကျလာပြီး -
"ကျွန်မ မစားနိုင်ဘူး" ဟု ပြောသည်။

လူဝိက သူ့ကို လှမ်းဖက်လိုက်သည်။
"စားပါ ကလေး ရယ်။ မင်းစားရမယ်ကွယ်၊ ဒါဟာ တို့အောင်ပွဲရဲ့ သင်္ကေတပဲ၊ မင်းသာ မစားလိုက်ရင်၊ နောင် အမြဲ ကိုယ့်ကိုယ် ကို ခွင့်မလွှတ်နိုင်ဘဲ နောင်တရနေလိမ့်မယ်"
သူက ခေါင်းညိတ်လိုက်ကာ ကော်ဖီနှင့် တို့စားလိုက်သည်။ သို့သော် သူ့လည်ချောင်းထဲတွင် ပျို့တက်လာကာ မျက်ရည် များ စို့တက်လာပြန်သည်။
"ဒါပဲ တန် သလားဟင်၊ ကျွန်မတို့ သွေးတွေနဲ့ ရင်းခဲ့လို့၊ ဒီမှာ ထိုင်စားနိုင်ခွင့်လောက်ပဲရတာ တန်သလား"
"တန်တယ် အချစ်ရယ်၊ တန်ပါတယ်"
စားသောက်ပြီးသော အခါ ဆိုင်ပြင်ထွက်လာကြသည်။ မိုးကား တိတ်သွားပြီ။
နေပင် သာနေချေပြိ။ နေရောင်ခြည်အောက်တွင် ရပ်ပြီး သူတို့ တစ်ပြိုင်တည်း အော်လိုက်ကြ၏။

"ငါတို့ အစားအသောက် မှာစားခွင့် ရကြပြီ"
"အစားအသောက် မှာစားခွင့် ရကြပြီကွ"
လမ်းတစ်ဖက် မှ ကျောင်းသားများလည်း ပျော်ကုန်ကြသည်။
"တို့နိုင်ပြီဟေ့၊ တို့အောင်ပြီဟေ့"
အားလုံး ၀ိုင်းအော်နေကြသည်။
ဓာတ်ပုံသတင်းထောက် တစ်ယောက် ဓာတ်ပုံရိုက်ယူလိုက်၏။
နောက်နေ့ထုတ် သတင်းစာမျက်နှာဖုံးများတွင်
လူစီဘဲလ်၊ ရာဂျာနှင့် လူဝီတို့ သုံးယောက်သား လက်မောင်းများ ချိတ်တွဲကာ အောင်ပွဲရ သူရဲကောင်းများသဖွယ် ပြုံးနေကြပုံ ပါလာသည်။
ဓာတ်ပုံအောက်ခြေတွင် ဓာတ်ပုံခေါင်းစည်းလေးတစ်ခုလည်း ပါလာသည်။
"သူတို့ အစားအသောက် မှာစားခွင့် ရပြီ"

၁၁

တက္ကသိုလ်တစ်ခုလုံး အောင်ပွဲခံသံ ညံနေချိန်တွင် ရာဂျာသည် ကြေးနန်းတစ်စောင် ရခဲ့၏။
''ဝါရှင်တန် ကို ချက်ချင်းသတင်းပို့၊ အိမ်ကို လာတွေ့၊ရုံးမှာ လာမတွေ့နဲ့၊ စနေ(သို့)တနင်္ဂနွေလာ၊ဖုန်းကြိုဆက်  ၁၀၁၆၊ ၁၆လမ်း  အာရ်ဂျေမေတာ အိန္ဒိယအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတကာပညာရေး တက္ကသိုလ်''
သံကြိုးစာမှာ ရင့်သီးလှသည်။ ရာဂျာက ထောင်းခနဲပင် ဒေါသထွက်မိသည်။
''ဘာဖြစ်လို့ ငါက သွားရမှာလဲကွ။ မေတာဆိုတဲ့လူက တရားခံကို သမ္မာန်စာဆင့်တာ ကျနေတာပဲ''
ရာဂျာ က လူဝီအား သံကြိုးစာပြရင်း ပြောလိုက်သည်။

''မင်းသွားရင် ပိုကောင်းမယ်ထင်တယ်ကွ''
''ဘာဖြစ်လို့လဲကွ၊ ဘာဖြစ်လို့ ငါက သွားသင့်တာလဲ''
''ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံတကာ တက္ကသိုလ်က အိန္ဒိယအကြံပေးပုဂ္ဂိုလ်ကိုးကွ။ သူက တွေ့ချင် တယ် ဆိုတော့ အရေးကြီးလို့ ဖြစ်မှာပေါ့။ မင်းပညာရေးကိစ္စ ဒါမှမဟုတ် တစ်ခုခုနဲ့ ဆက်စပ်နေ လို့ ဖြစ်မှာပေါ့။ ငါ့အကြံကတော့ သွားပြီး တွေ့ကြည့်ပေါ့ကွာ။''
စနေတစ်နံနက်တွင် ရာဂျာ မေတာသွားတွေ့သည်။ ရာဂျာကို တံခါးဖွင့်ထားပေးသူမှာ အိန္ဒိဝတ်စုံဝတ် ချာပရာစီ တစ်ယောက်ဖြစ်သည်။
''ကျွန်တော်က မစ္စတာတြိဝေဒိပါ။ ဒေါက်တာမေတာက တွေ့ချင်တယ်ဆိုလို့''
ချာပရာစီက ရာဂျာအား ထုံးတမ်းစဉ်လာအတိုင်း လက်အုပ်ချီနမာ့စ်တေ့ပြုပြီး  ဧည့်ခန်းထဲသို့ခေါ်သည်။

''ကျွန်တော်တို့ ဆရာကြီးက သိပ်အလုပ်များပါတယ်။ ဒါပေမဲ့ ဆရာနဲ့ မကြာခင် တွေ့ဆုံပါလိမ့်မယ်။''
ရာဂျာ က စောင့်နေရသည်။ တစ်နာရီမျှကြာအောင် စောင့်သော်မှ ထွက်မလာသေး။ ရာဂျာ စိတ်ဆိုးလာပြီ။
''ကဲ ဆရာမေတာ ကို သွားပြောလိုက်။ ခုချက်ချင်း လာတွေ့ရင်တွေ့၊ မတွေ့ရင် ကျုပ် ပြန်တော့မယ်လို့''
ရာဂျာ က ချာပရာစီ အား အမိန့်ပေးလိုက်၏။
ချာပရာစီကား ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ့ဆရာအခန်းထဲ ဝင်သွားပြီး ပြောသည်။
'' အထဲဝင်ခဲ့လို့ ပြောလိုက်ပါ။''
အထဲမှ အသံတစ်သံ ထွက်လာသည်။ ရာဂျာ က အခန်းထဲသို့ ဝင်သွားသည်။

ခပ်ပိန်ပိန် လူညှက်ညှက်တစ်ယောက်သည် ဧရာမစားပွဲကြီး နောက်တွင် တကုတ်ကုတ် စာရေးနေသည်။ သူ့ကို မော်၍ပင်မကြည့်။
ဤသည်မှာ အိန္ဒိယပြည်တွင် အထက်လူက အောက်လူအား မထေမဲ့မြင် နှိမ့်ချိုးသည့် ဆက်ဆံပုံစံမျိုးဖြစ်သည်။ ရာဂျာ က သူ့ဒေါသကို မထိန်းနိုင်တော့။
''ခင်ဗျား ဘာလုပ်ချင်လို့ ကျုပ်ကို ခေါ်တာလဲဗျ''
မေတာက မျက်လုံးပင် ပင့်မကြည့်ဘဲ သူ့ရှေ့မှ သတင်းစာတစ်စောင်ကို ထိုးပေးလိုက်သည်။ ထို့နောက် သတင်းစာ မျက်နှာဖုံး မှ ဓါတ်ပုံတစ်ပုံ ထောက်ပြပြီး-
''ဒါအတွက် တွေ့ချင်တာကွ'' ဟု ပြောသည်။
ရာဂျာ က သူရယ်၊ လူဝီရယ်။ လူစီဘဲလ်ရယ်တို့ သုံးဦးသား ဓါတ်ပုံကိုကြည့်ပြီး အံ့သြစွာဖြင့် ပြန်မေးလိုက်သည်။

''ဒီအတွက်လားဗျ''
''အေး ဟုတ်တယ်ကွ၊ ငါ့ကိုလိမ်ဖို့ ညာဖို့တော့ ကြိုးစားမယ် မကြံနဲ့။ မင်းက ဒီဆူပူရေးသမားတွေကြားမှာ ဘာသွား လုပ်တာလဲ။ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးတွေကို ပျက်ပြားအောင် လုပ်တာလားကွ''
ရာဂျာ က ချက်ချင်းပြန်မဖြေ။
နောက်မှ-
''ခင်ဗျားမေးခွန်းကို မဖြေခင် ကျုပ်က ခင်ဗျားကို တွေ့ဖို့ တစ်နာရီကျော် စောင့်ခဲ့ရတယ်ဆိုတာ ပြောပါဦး။ ခင်ဗျားအိမ် လာကတည်းက လက်ဖက်ရည်လေး တစ်ခွက်မှလည်းမတည်။ ခုလည်း ထိုင်ပါလို့ ခင်ဗျား မပြောဘူး။ ကျုပ်က ခင်ဗျားရဲ့ ချာပရာစီ မဟုတ်ဘူးဗျ။ ဒေါက်တာ မိုဟန် လားလ်တြိဝေဒိရဲ့ မြေး။ မိုတီလားလ်တြိဝေဒိ ရဲ့ သားဗျ။ ကျုပ်ရှေ့ဆက်ပြောစရာ သိပ်မလိုတော့ဘူး ထင်တယ်''
ခုမှ မေတာ၏မျက်လုံးများက ကျယ်သွားသည်။ ချာပရာစီကို ခေါ်ပြီး လက်ဖက်ရည်တစ်ခွက်နှင့် ကုလားထိုင် တစ်လုံး ယူ ခိုင်းသည်။ ရာဂျာကထိုင်လိုက်ပြီးမှ-
''ကဲ ခင်ဗျား ဘာမေးချင်တာလဲ''
''ငါသိချင်တာက မင်း ဘန်နီကာတက္ကသိုလ်မှာ ဘာသွားလုပ်နေတယ်ဆိုတာရယ် ဆန္ဒပြပွဲမှာ ဘယ်လို ပါသွားသလဲဆိုရယ်ပါပဲ''
''ကျုပ်ကို ခင်ဗျား တို့ပဲ ဘန်နီကာတက္ကသိုလ် ပို့တာမဟုတ်ဘူးလားဗျ''

''မဟုတ်ဘူး၊ မဟုတ်ဘူး ငါတို့က ပညာသင်ဆုသာ ရွေးတာ၊ တက္ကသိုလ်ရွေးတာက အမေရိကန်တွေ ရွေး တာကွ''
''ဒါဆို ဘန်နီတက္ကသိုလ် ရောက်နေတာက ကျုပ်ကို ဘာဖြစ်လို့လာ အပြစ်တင်နေတာလဲဗျ''
''ငါအပြစ်တင်နေတာက အဲဒီမှာ မင်းရောက်နေလို့ မဟုတ်ပါဘူးကွာ၊ ဒါပေမဲ့ ဒီတက္ကသိုလ်က''
သူက စကားလုံးရှာမရ ဖြစ်နေဟန်တူသည်။ နောက်မှ ဟင်ဒီဘာသာစကား ပြောလိုက်သည်။
''ဒါက အာဖရိကလူမျိုးတွေအတွက် တက္ကသိုလ်ကွ''
''မဟုတ်ပါဘူး၊ ဒါအမေရိကန်တွေရဲ့ တက္ကသိုလ်ပါ''
''ဒါ အမေရိကန်တက္ကသိုလ်လို့ မင်းကို ဘယ်သူကပြောလို့လဲကွ''
''အမေရိကန်တွေအတွက် မဟုတ်ရင် ဘယ်သူ့အတွက်လဲ''
ဒေါက်တာမေတာ အဖြေရ ကျပ်သွားသည်။ ထို့နောက် စားပွဲခုံပေါ်သို့ ကိုယ်ကိုကိုင်းပြီး လက်သီးနှင့်ထု ကာ အော်ပြောတော့သည်။

''မင်းဟာ ဒီနေရာမှာ သွားမနေသင့်ဘူး၊ သူတို့ကိစ္စတွေမှာ ဝင်မပါသင့်ဘူး၊ အိန္ဒိယနဲ့ အမေရိကန် ချစ်ကြည်ရေး ကို နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ရတယ်ကွ၊ အထူးသဖြင့် ပညာရေးနယ် ပယ်မှာပေါ့။ မင်းရဲ့ လုပ်ရပ်ကြောင့် တို့ကြိုးစားမှုတွေ''
ရာဂျာက ပြန်မပြောနိုင်ခင်မှာပင် ချာပရာစီရောက်လာပြီး လက်ဖက်ရည်ချပေးသည်။ ရာဂျာက ဒေါသကို ထိန်းထားကာ လက်ဖက်ရည်ကိုသာ သောက်ပစ်လိုက်သည်။
''လက်ဖက်ရည်က တော်တော်အရသာ ရှိတာပဲ၊ ဒီတိုင်းပြည်ရောက်ကတည်းက ဒီလောက်ကောင်းတဲ့ လက်ဖက်ရည် တစ်ခါမှ မသောက်ဖူးသေးဘူး။ ကဲဗျာ ဒေါက်တာမေတာရယ်။ ကျွန်တော်အခြေအနေကို ခပ်ရှင်းရှင်း ပဲ ပြောပြပါတော့။''
''ကျွန်တော် အမေရိကန်ပြည်ကို ရောက်သာလာရတယ်။ ဘန်နီကာတက္ကသိုလ်ဟာ နီဂရိုးတက္ကသိုလ်မှန်း မသိခဲ့ပါဘူး၊ ပထမ သိသိချင်းတော့ ပြောင်းပြေးမလို့လဲ။ ဒါပေမဲ့ ပညာသင် အဆင့် ကလည်း မြင့်တယ်။နောက်ပြီး ကျောင်းသားတွေရော တက္ကသိုလ်ကရော၊ ကျွန်တော် အပေါ် ကောင်းကြရုံ တင် မကဘူး ကျွန်တော် ကို ဂန္ဒီ ကို ကိုယ်စားပြုတဲ့ ပထမဆုံး ကျောင်းသားအနေနဲ့ လှိုက်လှိုက်လှဲလှဲရှိကြလို့ ကျွန်တော် ဆက်နေခဲ့ပါတယ်။''

''နောက်တော့ ကျွန်တော်ဟာလည်း အသားရောင်ရှိတဲ့ လူမှန်းသိလာတယ်။ တောင်ပိုင်းပြည်နယ်တချို့မှာ ကျွန်တော် ဟာ ဟော်တယ်ကွ၊ ပျော်ပွဲစားရုံတွေ၊ ရုပ်ရှင်ရုံတွေ ဝင်ခွင့်မရခဲ့ဘူး။ ခင်ဗျားလည်း အဲဒီနေရာတွေ ကို ရောက်သွားရင် ဒီလိုပဲ အခက်အခဲနဲ့ တွေ့ဆုံရမှာ သေချာပါတယ်။
''ငါက အခက်အခဲနဲ့ တွေ့တောင် အနှောင့်အယှက် မလုပ်ဘူးကွ။ ငါက နိုင်ငံကူးလက်မှတ်ပြပြီး အိန္ဒိယ အမျိုးသား ပါလို့ ပြောမယ်။ ဒါတောင်မှ ငါ့ကို ဝင်ခွင့်မပြုသေးရင်လည်း မဝင်ဘဲနေရုံဘူးဆိုတာ။ ဒါပေမဲ့ သူက ဘာမှ စောဒကပြန်မတက် ဘဲ ပခုံးသာ တွန့်ပြလိုက်ပြီး အရေးမကြီးတဲ့ ကိစ္စတစ်ရပ်အနေနဲ့ သဘောထား ခဲ့တယ်လေ'' ဒေါက်တာမေတာက ဒေါသတကြီး ပြန်ရှင်းနေသည်။

''ဒါက အရေးကြီးတဲ့ကိစ္စ ဟုတ်လား။ ကျန်တဲ့လူတွေ အားလုံးကော ခပ်ပေါ့ပေါ့လေး ပခုံးတွန့်ပြလို့ ရကြမလား။ လူသား အချင်းချင်း အဆင့်အတန်းခွဲမှုကို ခပ်အေးအေးလေး ငုံ့ခံကြရမှာလား။ ကျွန်တော်တို့ တိုင်းပြည်မှာတောင် ကျွန်တော် တို့ အိန္ဒိယလူမျိုးတွေကို ဘယ်နေရာ မသွားရဘူး၊ ဘယ်နေရာမှ သွားရမယ်လို့ တားမြစ် ပိတ်ပင်ခြင်းခံရတဲ့ ဖြစ်ရပ်မေ့သွားပြီလား''
''ဗြိတိသျှတွေ အုပ်စိုးခဲ့တုန်းက ဒီလိုလုပ်ခဲ့တာ ငါသိပါတယ်။ အဲဒီတုန်းကလည်း ငါက သူတို့မသွားနဲ့ဆိုတဲ့ မသွားခဲ့ ဘူးလေ။ မင်းလည်း ဒီတိုင်းပြည်မှာ ငါ့နမူနာအတိုင်း နေပေါ့ကွ။ ဆန္ဒပြပွဲတွေမှာပါပြီးတော့ မသွားရဘူး ဆိုတဲ့ နေရာကိုမှ အတင်းသွားချင်တဲ့ မင်းဟာ အတော်ရှက်စရာ ကောင်းတာပဲကွာ။ ကဲ ငါအခုမင်းကို ဘာဖြစ်လို့ သမ္မာန်စာ ဆင့်ခေါ်ရတဲ့အကြောင်းကို ပြောပြတော့မယ်။ မင်း ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်က ချက်ချင်း ထွက်လာ ရတော့မယ်။ ဒါပဲ'' ''ကျုပ်ဘာလုပ်ရမယ်၊ ထပ်ပြောစမ်းပါဦး'' ရာဂျာကအသံမှာ ဒေါသကြောင့် တုန်ရီနေ ၏။

''မင်းဟာ ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်က ၄၈ နာရီအတွင်းထွက်လာရမယ်။ မင်းကြောင့် ငါတို့နှစ်နိုင်ငံ ဆက်ဆံရေး မပျက်ပြားစေချင်ဘူး၊ မင်းကို ဒီပို့ထားတာက နိုင်ငံရေးလုပ်ဖို့ မဟုတ်ဘူးကွ''
''ကောင်းပါပြီ ဒေါက်တာမေတာ၊ ၄၈ နာရီအတွင်း ကျွန်တော်ဘန်နီကာတက္ကသိုလ်က ထွက်ခဲ့ပါမယ်။ ဒါပေမဲ့ မထွက်ခင် သတင်းစာ ဆရာတွေနဲ့ တွေ့ဦးမယ်။ နီဂရိုးသတင်းစာဆရာတွေ အပါအဝင်ပေါ့။ ကျွန်တော် သူ တို့ကို ကြေညာချက်တစ်စောင် ထုတ်ပေးမယ်။ ကျွန်တောဟာ နိုင်ငံတကာပညာရေးတက္ကသိုလ်က အိန္ဒိယ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမေတာရဲ့ တိုက်ရိုက်မေတ္တာရပ်ခံချက်အရ ကျောင်းက ထွက်ခဲ့ရပါတယ်။ ကျွန်တော် ကို ဒီလိုအတင်းကျပ် ကျောင်းကထွက်ခိုင်းရတဲ့ အကြောင်းက ဘာဖြစ်လို့လဲဆိုရင် ဘန်နီကာတက္ကသိုလ်က အိန္ဒိယကျောင်းသား တစ်ယောက် က လူမှုတန်းမှု အခွင့်အရေးကိစ္စ တစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် အမေရိကန် အစိုးရကို ထိခိုက်စေမယ်လို့ သူထင်လို့ပဲ။ ကျွန်တော်ဟာ ခင်ဗျားနာမည်ရော၊ အခု စကားပြောခဲ့ တာတွေရော။ ကျွန်တော် တို့ သံအမတ်ကြီး တက္ကဆက်ပြည်နယ်မှာ ခံခဲ့ရပုံတွေရော အကုန်ပြန်ပြောပြလိုက်မယ်။ ကဲ ကျွန်တော်ကို သွားခွင့်ကို သွားခွင့်ပြုပါဦးဗျာ။
ရာဂျာက မတ်တတ်ရပ်လိုက်သည်။

မေတာက သူ့ကို ငေးကြည့်နေသည်။ ဒေါသကြောင့် မျက်နှာကြီးပင် နီနေသည်။ သို့သော် စကားပြောတော့ အယဉ်ကျေးဆုံး အချိုသားဆုံးနှင့် ပြောလိုက်သည်။
''ထိုင်ပါဦး ရာဂျာ၊ ထိုင်ပါဦး၊ သိပ် စိတ်မမြန်နဲ့လေ။ ထပ်ပြီး ဆွေးနွေးကြသေးတာပေါ့ဗျာ။''
''ဆက်ဆွေးနွေးစရာ မလိုပါဘူးဗျာ။''
ရာဂျာက ပြန်မထိုင်ဘဲ ပြောလိုက်သည်။
''ကျွန်တော် တို့ နှစ်ယောက်က ဈေးထဲမှာ သားငါးဝယ်သလို ဈေးဆစ်နေကြတာမှ မဟုတ်တာ၊ ကျွန်တော် ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။''
''ရာဂျာကြီး ရယ်၊ မလောပါနဲ့ကွာ။ ခဏထိုင်ပါဦး၊ မင်းကို ငါထပ်ဆွေးနွေးစရာ တခြားကိစ္စတစ်ရပ် ရှိနေပါသေးတယ် ကွာ။''
ရာဂျာ က မထိုင်ချင်ထိုင်ချင်နှင့် ပြန်ထိုင်ချလိုက်သည်။ မေတာက သူ့ချာပရာစီကို လှမ်းခေါ်လိုက်သည်။

''ကွမ်းအစ်ယူခဲ့စမ်းကွာ''
မကြာမီ ချာပရာစီ ပြန်ဝင်လာတော့ ကွမ်းအစ်တစ်လုံး ပါလာသည်။ ကွမ်းအစ်မြင်ရတော့ ရာဂျာကျေနပ် သွားသည်။ အိန္ဒိယတွင် သူတို့သည် ကွမ်းစားမြဲ၊ ယခု ပြတ်နေသည်မှာ ကြာပြီ။
''အိန္ဒိယ က ထွက်လာတည်းက ကွမ်းမစားရတာ ကြာပြီဗျ။''
ရာဂျာက ပြောပြောဆိုဆို ကွမ်းတစ်ယာ ယာပြီးပါးစောင်ထဲတွင် ငုံလိုက်၏။ မေတာ ကတော့ ကွမ်းမစား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 26, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၁)

“ခင်ဗျားကတော့ မရူးပါဘူး ရာဂျာ၊ ဒါပေမဲ့ ခင်ဗျားက ကြောက်တတ်တယ်ဗျ၊ ကြောက်တဲ့ အကြောင်း လည်း ရှိမှာပေါ့လေ၊ တိုက်ပွဲက အကြီးအကျယ် ဖြစ်တော့မှာကိုး။ တစ်ခါစဖြစ် လိုက်တာ နဲ့ နောက်ဆုတ်လို့ရတာမှ မဟုတ်။ ခင်ဗျားကြောက်တာကို ကျွန်တော် အပြစ် မတင်ပါဘူး။ ခင်ဗျားက ဒီပြည်သားမှ မဟုတ်တာ၊ ခင်ဗျားက ထူးဆန်းလျှို့ဝှက်တဲ့နေရာ တစ်နေရာကို ခရီးလှည့်လည်နေတဲ့ ခရီးသွားပဲ၊ ဒါကြောင့်ရန်ပွဲက ခင်ဗျား ထွက်ပေါက်ရှိမှာ မဟုတ်တော့ဘူး၊ ထွက်ပေါက်  ရှိမှာ မဟုတ်တော့ဘူး” ထိုည တွင် ရာဂျာသည် တစ်ယောက်တည်း တွေးနေမိသည်။ သူ့အနာတဂတ် အခြေအနေ ရှေ့ဆက် ဘယ်နည်း ဘယ်ပုံ စခန်းသွား ရမည်ဆိုသည်များ။ ကို ဆက်ဖတ်ရန်........

ထိုစဉ်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူကပထမတော့ ဘာမှပြန်မဖြေ။ နောက်မှ ဂျင်မီအသံမှန်း သိရ၍ ဖွင့်ပေးလိုက်သည်။ ဂျင်မီမှာ သူတို့တက္ကသိုလ်တွင် နာမည်အကြီးဆုံး ဘတ်စ်စကက်ဘော သမား။ ကျောင်းသား တိုင်းက လေးစားချစ်ခင်ကြသည်။ တံခါးဖွင့်လိုက် တော့ ဂျင်မီတစ်ယောက်တည်းမဟုတ်၊ ဂျိုးဇက်တို့ လူဝီတို့ အပါအ၀င် ကျောင်းသားတစ်အုပ် ကြီးကို တွေ့ရသည်။
“ချီးကျူးပါတယ်ဗျာ၊ ခင်ဗား ရှ်လ်ကို ရေရေလည်လည် ချဲပစ်လိုက်ပြီး အောင်ပွဲခံတာ ကျွန်တော်တို့ကြားရလို့ပါ”
ဂျင်မီ က ပြောသည်။ “ကျွန်တော် မနိုင်ခဲ့ပါဘူးဗျာ”
ရာဂျာက ပျာပျာသဘလဲ ပြန်ပြောသည်။
“မဟုတ်ဘူးလေ၊ ကောင်တာမှာ ခင်ဗျားထိုင်ရဲတာ၊ ကော်ဖီမှာသောက်ရဲတာကိုက အာဂ သတ္တိ မဟုတ်လားဗျ၊ ဒါတော်ရုံတန်ရုံ သတ္တိနဲ့ ဘယ်ရမလဲ” “ဒီလိုမဟုတ်ဘူးဗျ၊ ကျွန်တော်က သတ္တိရှိလို့ လုပ်ခဲ့တာမဟုတ်ဘူး၊ ဘာမှ မသိနားမလည် လို့ လုပ်ခဲ့တာ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ ခင်ဗျားကို ချီးကျူးပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့မြို့မှာ မီးတစ်မီးကို မွှေးနိုင်ခဲ့ပြီပဲ မဟုတ်လား၊ ခုထီးကောက် နဲ့ မိန်းမကြီးရဲ့ ခင်ပွန်းဆီက ဖုန်းလာသေးတယ်”
“ထီးကောက်နဲ့မိန်းမ က ဟုတ်လား”
“ဟုတ်တယ်လေ၊ ရှဲလ်မက်ကို ထီးနဲ့ရိုက်မလို့ လုပ်ခဲ့တဲ့မိန်းမပေါ့၊ သူ့ယောက်ျားက မြေပဲ စက်ရုံကလေ၊ ဒီတိုက်ပွဲ ကို ကျွန်တော်တို့ ဆက်တိုက်ကြမယ်ဆိုရင် သူတို့အလုပ်သမားတွေ အားလုံးကလည်း ၀ိုင်းပြီး တိုက်ပေးကြ မယ်တဲ့”
“ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမယ်ဆိုတာ စီစဉ်ဖို့အတွက် အစည်းအဝေးတစ်ခု ကျင်း ပဖို့ ပြင်ဆင်နေကြ ပါတယ်၊ ကျွန်တော်တို့ရဲ့အိပ်ပျော်နေတဲ့ မျက်လုံးတွေ ခုမှနိုးကြားလာကြ တာ နည်းနည်းတောင် နောက်ကျ သွားပါပြီ။ ဒါပေမဲ့ ဆက်လုပ်မယ့် တာဝန်ကတော့ ရှိလာပြီ ဗျ” လူဝီက ရာဂျာထံ လျှောက်လာ ရင်း ပြောလိုက်လေသည်။

ရက်များမကြာမီမှာပင် အစည်းအဝေး လုပ်ဖြစ်တော့သည်။ အစည်းအဝေးခန်းထဲ ရာဂျာဝင် လာသောအခါ အားလုံး က လက်ခုပ်ဝိုင်းတီးပေးကြသည်။ “ရာဂျာ ဒီစကားပြော စင်မြင့်ပေါ် ကြွခဲ့ပါ”
“ဂျိုးဇက်လည်း လာခဲ့ပါ” လူဝီက အပေါ်မှ လှမ်းခေါ်လိုက်သည်။ စင်မြင့်ပေါ်တွင် နေရာယူထားနှင့်ကြသူများမှာ လူဝီ ဂျင်မီနှင့် လူစီဘဲလ်။  ရာဂျာနှင့် ဂျိုးဇက်တို့ စင်မြင့်ပေါ်တက်သွားကြသောအခါ လက်ခုပ်သံများ ညံထွက် လာပြန် တော့သည်။
လူဝီက စကားစပြောသည်။
“ကျွန်တော်တို့ ဒီအစည်းအဝေးရဲ့ ဥက္ကဌအနေနဲ့ စကားပြောခွင့်ပြုပါခင်ဗျာ။ ဒီအစည်းအဝေး က သိပ်အရေးကြီး တဲ့ ပြဿနာ အရေးအခင်းတစ်ရပ်အတွက် ခေါ်ယူရတဲ့ အစည်းအဝေးပါ၊ စင်မြင့်ပေါ်မှာတော့ မစ္စလူစီဘဲလ်၊ မစ္စတာဂျင်မီနယ်မင် ကျွန်တ်ာတို့နပြအတူ နှစ်ပြားဆိုင် အရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ ဂျိုးဇက်နဲ့ ရာဂျာတို့ ရောက်နေ ကြပါပြီ”
ထိုအခါ လက်ခုပ်သြဘာသံ များ ထွက်လာပြန်၏။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ နှစ်ပြားတန်ဆိုင်ကို သွားသိမ်းပိုက်ကြမယ်၊ အဲဒီဆိုင် မှာ ကျွန်တော်တို့ ထိုင်ခွင့်တောင်း ယူကြမယ်၊ အစားအသောက် မှာစားခွင့် တောင်းကြရ မယ်။ အဲဒီလိုလုပ်ဖို့အတွက် ဆိုင်ထဲ အကုန်ဝင်ပြီး အစားအသောက် ချမပေးမချင်း မထတန်းထိုင်ပြီး ဆန္ဒပြကြရမြယ်"
ကျောင်းသားထုထဲမှ ခပ်ပုပုကောင်လေး တစ်ယောက်က ထလာသည်။
"ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ် "
"နာမည်ပြောပြီး မေးခွန်းမေးပါ "
လူဝီက ပြောသည်။
"ခင်ဗျား ကျွန်တော့်နာမည် အသိသားနဲ့ "
ကောင်လေးက ပြန်ဖြေတော့ တစ်ခန်းလုံး ပွဲကျသွားပြန်သည်။

"ဟုတ်ပါတယ်။ ဒါပေမဲ့ အစည်းအဝေး ထုံးစံအရ နာမည်ပြောပြီးမှ မေးဖို့ပြောတာပါ "
"ကျွန်တော့်နာမည် က မောရစ်အဒမ်းပါ "
"ကောင်းပြီ၊ မောရစ် ဘာမေးချင်လို့လဲ "
"ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ပြားတန်ဆိုင်ကို သိမ်းကြရမှာလဲ၊ ဘယ်သူတွေကများ ဒီညစ်ပတ်တဲ့ နေရာမှာ သွားစားချင်ကြ လို့လဲ။ အဲဒီမှာ အစားအသောက် လာချပေးပေး မပေးပေး ဘာဂရုစိုက်စရာလဲ၊ ဒီထက်ကောင်း တဲ့ ဆိုင်တစ်ဆိုင် ထောင်ပြီး စားသောက်ကြလို့ကော မရဘူးလားဗျ"
"ဒီလိုတော့ မဟုတ်သေးဘူးဗျ၊ ကျွန်တော်တို့က လူနည်းစု၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်း သားအနေနဲ့၊ တခြားပျော်ပွဲစားရုံကောင်းကောင်း မှာ ပိုက်ဆံပေးပြီးတက်စားလို့ ရတယ်ဆိုတာမှန် တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ အများစုက ဆင်းရဲတယ်ဗျ၊ ဆိုင်ကြီး ဟော်တယ်ကြီးတွေမှာ တက် မစားနိုင်ကြ ဘူး၊ နှစ်ပြားတန်ဆိုင်လောက်ပဲ ကပ်နိုင်ကြတယ်။ သူတို့အတွက် ကျွန်တော်တို့က တိုက်ယူပေးရမှာပါ "
လူဝီက မောရစ် ကို ပြန်ဖြေရှင်းပြသည်။

"ကျွန်တော်တို့ အလုပ်သမားတွေဟာ အလုပ်ဝတ်စုံတွေနဲ့ပဲ ဈေးဝယ်ထွက်ကြရတယ်။ သူတို့လို အပ်တာတွေ ကို နှစ်ပြားတန်ဆိုင်တွေ မှာ လာဝယ်ကြရတယ်။ အဲဒီဆိုင်မှာ သူတို့စားခွင့်သောက် ခွင့်တို့ မရှိဘူးလား။ သူတို့ ဘက်ကပဲ စဉ်းစားတော့ မောရစ်ရယ်။ ကျွန်တော်တို့ ကိုယ်ကျိုးအတွက် ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မိဘတွေသာ သူတို့လို လူတန်းစားတွေဆိုရင် ကျွန်တော်တို့ ဒီတက္ကသိုလ်တောင် တက်နိုင်ကြမှာမဟုတ်ဘူး "
သြဘာသံများ လျှံထွက်လာသည်။ "အန္တရာယ် မများဘူးလားဗျ"
"အေးအေးဆေးဆေး ထိုင်နေတာထက်တော့ အန္တရာယ်များတာ ပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့က လည်း စနစ်ကျမှု နဲ့ ငြိမ်ငြိမ်ဝပ်ဝပ် လုပ်သွားကြမှာပါ "
"ဘတ်စ်စက်ဘောအသင်း ကပ္ပတိန် ဂျင်မီနယ်ဆင်က ခေါင်းဆောင်ပြီး ရက် ၂ ပတ်အတွင်း အကောင်အထည် ဖော်သွားပါလိမ့်မယ်။ အောင်မြင်ဖို့ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ မကြောက်တရားနှင့် စည်းကမ်းတွေပေါ် မှာ မူတည်ပါတယ်။

ဒါကို အောင်မြင်ရင် လူသား အားလုံးဟာ အတူတူ မွေးဖွားလာကြပြီး၊ အတူတူအခွင့်အရေး တန်းတူ ခံစားကြရမယ်ဆိုတဲ့ အချက်ကို သက်သေပြကြပြိပေါ့။ လူတိုင်းပဲ ပထမတန်းစား နိုင်ငံသားတွေ ဖြစ်ကြမယ်။ ၀င့်ကြွား မာန်ထယ်စွာ သွားလာနိုင်ကြမယ်။ တစ်အိမ်ကတစ်အိမ် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွား လာနိုင်ကြမယ်။ ကျွန်တော်တို့ အားလုံးဟာ ဒီနိုင်ငံမှာ နေကြသူတွေ ဒီနိုင်ငံမှာ အလုပ်လုပ်ကြသူ တွေ ဒီနိုင်ငံနဲ့အစိုးရကို အခွန်အတုတ် ပေးကြရသူတွေ ဒီနိုင်ငံအတွက် စစ်မှုထမ်းပေးကြသူတွေ အကုန်အတူတူချည်းပဲ မဟုတ်လား။ အားလုံးဟာ အမေရိကန်လူမျိုးတွေပဲ မဟုတ်လား။ အသား အရောင် ခွဲခြားမှုဆိုတာ ရှိသင့်သေးသလားဗျာ "
"ဒါတွေအတွက် ကျွန်တော်တို့က တိုက်ယူကြရမြယ်။ စွန့်လွှတ်ပြီး တိုက်ပွဲဝင်ကြရမယ်။ ညီ၊ ညီမတို့ နှစ်ပြားတန်ဆိုင်ကို ရဲရဲရင့်ရင့် ချီတက်ကြ။ ထိုင်ခုံတွေမှာ ထိုင်ကြ။ မင်းတို့ကိုယ်မင်းတို့ အာဇာနည်တွေ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တွေလို့တော့ မမှတ်ထင်ထားကြနဲ့၊ မင်းတို့ ထိုင်နေကြ တာက ဒိုးနပ်မုန့်ပြားကို စားချင်ကြ လို့ ထိုင်နေကြတယ်လို့မှတ်ပြီးဆက်လုပ်ကြ "
"ကျွန်တော်က ဒိုးနပ်မုန့်ပြား မကြိုက်ဘူးဗျ "
တစ်ယောက်က ထ၍ ၀င်ကြောင်သည်။

" ဒါက မစားဖူးသေးလို့ပါ၊ ခင်ဗျားစားဖူးရင် လျှာလည်သွားလိမ့်မယ်၊ ကဲဗျာ ဒိုးနပ်မုန့်ကြိုက်တဲ့လူရှိ ရင် မတ်တတ် ရပ်ပြစမ်းပါ၊ ရေကြည့်ချင်လို့ "
တစ်ခန်းလုံး ပင် ၀ုန်းခနဲ ထလိုက်ကြသည်။
"ကဲ တနင်္လာနေ့မှာ စကြစို့၊ အဲဒီအခါကျမှ အသေးစိတ်အစီအစဉ်ကို ပြောပြမယ် "
တနင်္လာနေ့။
မြို့နားသို့ ဘတ်စ်ကားရောက်လာသောအခါ ပုလိပ်များသည် ဆယ်ပေစီခြားပြီး စောင့်နေသည် ကို တွေ့လိုက်ကြ ရသည်။
"ဘယ်သူတွေလာမယ်ဆိုတာ ကြိုသိထားလို့၊ မုန့်တွေဘာတွေ ကြိုဖုတ်ထားပြီနဲ့တူတယ်ကွ "
"အေး ဟုတ်လိမ့်မယ် "
" ဗလွှတ်ရွှတ်တစကားတွေ မပြောကြနဲ့ကွာ "
လူဝီက ၀င်မာန်သည်။ တစ်မြို့လုံးတွင်တော့ လူဖြူနှင့်လူမည်းအုပ်စုတို့သည် ရန်စောင်နေကြ သည်။ လူမည်း များ ဘက်တွင် ရပ်နေသော လူဖြူနှစ်ယောက်သာရှိသည်။

" ပီထရပ်ဟ်ဆွီဆန်" နှင့် " ဂျွန်မာထီးယာစ်"။
နှစ်ပြားတန် ဆိုင်ရှေ့တွင်ကား ပုလိပ်ဆယ်ယောက်က တံခါးဝကို ပိတ်စောင့်နေကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်ချင်း ဆက်ထားကြသည်။
" ကဲ ဘယ်လိုလုပ်ကြမလဲ၊ တို့အစီအစဉ်ထဲမှာ ပုလိပ်တွေက ပိတ်ဆို့ထားရင် ဘာဆက်လုပ်ကြမယ် ဆိုတာ မပါဘူးကွ "
လူဝီက ဂျင်မီကို မေးလိုက်သည်။
ဂျင်မီက မဖြေခင် မာရီယန်က ၀င်ပြော၏။
" အဲဒီကို ကျွန်မတို့သုံးယောက် လျှောက်သွားကြပြီး ဒူးထောက်ရှိခိုးလိုက်ကြရုံပေါ့"
လူဝီ ကမူ နှောင့်နှေးနေဆဲ။
" တခြားဘာမှ လုပ်စရာမရှိတာ၊ ပြန်လည်း မပြန်နိုင်ဘူးလေ "
မာရီယန်က ဆက်ပြောသည်။ လူဝီနှင့် ဂျင်မီကား ငြိမ်လျက်။
" ကျွန်မတော့ သွားတော့မယ် "
မာရီယန် က ပြောသည်။
" ငါလည်း လိုက်မယ် "
ဂျိုးဇက်ကပါ ဆုံးဖြတ်လိုက်သည်။

" သိပ်တော့ မကြမ်းကြနဲ့နော် "
" လူဝီ မင်းစောင့်နေ၊ ငါသူတို့နဲ့ လိုက်သွားမျဖြစ်မယ် "
ဂျင်မီက ပြောသည်။
"မင်းက ခေါင်းဆောင်ပဲ။ မဖြစ်ပါဘူး "
" ဖြစ်ပါတယ်ကွာ "
မာရီယန် သည် ဂျိုးဇက်နျင့် ဂျင်မီခြံရံလျက် လမ်းကိုဖြတ်ကူးလိုက် ။ လမ်းတစ်ဖက်မရောက်ခင် လူဖြူ အုပ်စုကြားထဲက ဖြတ်သွားကြရမည်ဖြစ်သည်။ ရာဂျာက လူဖြူမအုပ်စုကြီးကို ကြည့်နေမိ သည်။ မာရီယန်ကို တစ်ဖက်ကမ်း မရောက်မီမှာပင် လူဖြူမတွေက ခရမ်းချဉ်သီးများ၊ အာလူးများဖြင့် ပစ်ပေါက်ကြသည်။ အယုတ္တ အနတ္တ ဆဲရေးတိုင်းထွာမှု များသည် မိုးလုံးညံလျက်။
နှစ်ပြားတန် ဆိုင်ရှေ့ ရောက်သောအခါ ပုလိပ်တစ်ယောက်က မေးသည်။

" ငမည်းတွေ အေးအေးဆေးဆေး ဘာဖြစ်လို့ မပြန်သေးတာလဲကွ "
ဂျိုးဇက်က ခွန်းတုံ့ပြန်ရန်မလုပ်။ မာရီယန်က သူ့လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ ဂျင်မီကမူ မပြော ငြိမ်လျက်။ ထို့နောက် သူတို့အားလုံးသည် ဒူးထောက်ချလိုက်ကြကာ ဘုရားစာ ရွက်ကြတော့သည်။
ပုလိပ်တွေ က ရယ်လိုက်ကြသည်။
" ဒီခွေးမလေးက တယ်ခေါင်းမာပါလားကွ "
ပုလိပ်တစ်ယောက် က သူ့ပါးစောင်တွင် ခဲထားသော ဆေးပြင်းလိပ်ကို လက်ဖြင့်ညှပ်ကာ မာရီယန်မျက်နှာကို လှမ်းထိုး လိုက်၏။ မာရီယန်မှာ ပူလွန်းသဖြင့် ငယ်သံပါအောင် အော်လိုက်မိ သည်။ သို့သော် နေရာကမူ မရွေ့။
" ယေရှုအရှင်မြတ်ဘုရား၊ ဟိုခွေးကောင် ဘာလုပ်နေတယ်ဆိုတာ ကြည့်တော်မူပါ "
လူအုပ်ထဲ မှ အသံတစ်သံ ထွက်လာသည်။

" ကဲ မင်းကရော၊ ဘာကောင်မို့လဲကွ "
ပုလိပ်တစ်ယောက်က ဂျင်မီမျက်နှာကို ပိတ်ကန်လိုက်သည်။ နှာခေါင်းရိုးကျိုးရာမှ ထွက်လာသော သွေး များက မြင်မကောင်း။
" ငါသတ်မယ်၊ သတ်မယ်၊ ငါ့လက်နဲ့သတ်မှ ကျေနပ်မယ်ဟေ့ "
ဂျိုးဇက် က အော်ကာ ရုန်းထွက်သွားသည်။ ဂျင်မီကသူ့ကို လှမ်းဆွဲသည်။ သို့သော် ဂျိုးဇက် ကိုပုလိပ်တို့က ဖြတ်ရိုက်ပစ်ကြသည်။ ပယ်ပယ်နယ်နယ်ကြီး။ လူအုပ်ထဲမှ "ဆွင်ဆန်"ပြေးလိုက်အလာ ပုလိပ်နျစ်ယောက် က ထပ်မိသွားသည်။ တတိယပုလိပ် နံပါတ်တုတ်ဖြင့် ရိုက်ချလိုက်သည်။ တစ်ချက်ပြီး တစ်ချက်။
ဘတ်စ်ကားဖြင့် ကျောင်းသား များပြန်ခဲ့ကြသည်။ အားလုံးပင် ၀မ်းနည်းကြေကွဲမှုဖြင့် တိတ်ဆိတ်နေကြသည်။ ဘုရားကျောင်း တစ်ခုသိုပ ဖြတ်အလာတွင် မီးပုံတစ်ခုကို တွေ့လိုက်ကြရသည်။ မီးပုံမှာ ဘုန်းတော်ကြီး မာသီယပ်စ် အလောင်းကောင်ပုံ လုပ်ကာ မီးရှို့ထား ကြခြင်းဖြစ်သည်။

" ငမည်းချစ်တဲ့ လူဖြူ "
သတိထား
" နောက်တစ်ခါ နင့်အလှည့်ပဲ "
သစ်ပင်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ထားသည်။
" လူဝီမင်းကော မကြောက်ဘူးလားဟင် "
" နည်းနည်းလေးမှ မကြောက်ပေါင်၊ မနက်ဖြန် အဲဒီအချိန်ဆို အဲဒီနေရာကို ထပ်သွားဦးမှာပဲ "
ရာဂျာ ကတော့ ဘာစကားမှပင် မပြောနိုင်။ ထိုအုပ်စုနှင့်သူ လိုက်သွားသည်မှာ မှားမမှားဆိုတာ စဉ်းစားတွေဝေနေသည်။ သူဘာဖြစ်လို့ လိုက်သွားမိသလဲ။ ဂန္ဒီလို ခါဒီဝတ်စုံဖြူကြီးနဲ့ ဘာဖြစ်လို့ လိုက်မသွားမိသလဲ။

ဘယ်သူ အထင်ကြီးအောင် သူလုပ်နေတာလဲ။ ခုလိုအဖြစ်အပျက်မျိုးတွေ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်သည့် အတွက် သူလုပ်ခဲ့ခြင်းကားသေချာသည်။
ဒါ ကလေးကစားစရာကား မဟုတ်။ လူတွေသေစေနိုင်လောက်သည့် အရေးအခင်းကြီးဖြစ်သည်။
သူကော သေချင်လို့လား။ အသက်စွန့်ချင်လို့လား။
သူ၏ ငယ်ရွယ်နုပျိုသော၊ တန်ဖိုးရှိသော၊ ခက်ခက်ခဲခဲ အသက်ကိုလုယူပြီး စတင်ခဲ့သော ဘ၀ကြီးကို စွန့်ရဲပါ သလော။ မစွန့်နိုင်ဘူး၊ မစွန့်နိုင်ဘူး။
အသက်စွန့်ဖိုထားဦးတော့ နှာခေါင်းရိုးပင် အကျိုးခံနိုင်သလား။
ဂျွတ်ခနဲအရိုးကျိုးသံကို သူကြားခဲ့သည်။ သွေးတွေဖြထြွက်လာသည်ကို မြင်ခဲ့ရသည်။
သူကြောက်ပါသည်။ ခန္ဓာကိုယ် အနာတရဖြစ်မှာ နာကျင်မှာ သိပ်ကြောက်ပါသည်။

ရှဲလ်ကလွဲလို့ သူ့အပေါ် ဘယ်သူကမှ လက်မတင်ခဲ့ဖူး။ ထို့ကြောင့် ရှဲလ်၏အပြုအမူသည် သူ့ အပေါ် စော်ကားမော်ကား လုပ်ရာ ကျလွန်းသည်။ ထို့ကြောင့် လက်စားချေချင်သည်။ သို့သော် လက်စားချေမှု မှာ သိပ်တန်ဖိုးပေးဝယ်ရမည်ဖြစ်သည်။ ယနေ့ဖြစ်ရပ်က သူ့ကို သင်ခန်းစာပေးခဲ့ပြီ။
မနက်ဖြန်ဆိုလျှင် သူသည် ခါဒီလက်ယက်ထည်ကို မ၀တ်။ ရိုးရိုးအ၀တ်အစားတွေသာ ၀တ်ပြီး သူငယ်ချင်းတွေ ကို ပြောလိုက်မည်။
ငါတော့ မလိုက်တော့ဘူးကွာ။ သူတို့ကတော့ ဘယ်လိုထင်ကြမလဲမသိ၊ ငါကကော ဒီလိုလုပ်လို့ ရနိုင်မတဲ့လား။
လက်စားတော့ ချေချင် သည်။ အနိုင်ရသောအခါ အောင်ပွဲခံအုပ်စုထဲ၌ သူရှိနေလိုသည်။ ထိုအရာများကို သူလိုလား သည်။

သို့သော် ထိခိုက်နာကျင်မှုလည်း မခံချင်။
မနက်ဖြန် ဘာလုပ်ရမလဲ။
အို တတ်နိုင်သလောက် ငါလုပ်ရမယ်။ ငါ သွားကို သွားရမယ်။
သူ ဆုံးဖြတ်လိုက်ပြီ။
ကားပေါ်တွင် သူ့ရှေ့ထိုင်ခုံ၌ လူစီဘဲလ်ထိုင်နေသည်။ ထိုင်ခုံကို ခေါင်းမှီထားသည်။ မျက်လုံးတွေ ပွင့်နေသည်။ သို့သော် ဘာတစ်ခု မှ မြင်ဟန်မတူ။ မျက်နှာလေးမှာ ချောင်ကျနေသည်။ သူက လူစီဘဲလ်အား အားပေးနှစ်သိမ့် ချင်ပါသည်။ သို့သော် ဘယ်လိုနှစ်သိမ့်ရမလဲ၊ သူ့ကို ဘယ်လိုကူညီရမလဲ၊ သူကိုယ်တိုင်ပင်လျှင် သိပ်ပြီး စိတ်ဓာတ် ကျနေသည် မဟုတ်လား။
သူမြင်ခဲ့ရသော မုန်းတီးမှု၊ နှိပ်စက်မှုတို့ကိုသာတည်း။

အသားအရောင် ခွဲခြားမှုရှိသည်ကို သူသိခဲ့သည်။ အရင်ကတည်းက သိခဲ့သည်။ သို့သော် သူကဲ့သို့ ပါမောက္ခ တစ်ယောက် ၏ သမီး၊ သူ့အမေကဲ့သို့ အသားဖြူတစ်ယောက်၏ သမီးမျိုးကိုမူ ထိုခွဲခြား မှုသည် လာရောက် ထိခိုက်မည်မထင်။
သူငယ်ငယ်တုန်းက အတူတူနေခဲ့၊ စာသင်ခဲ့ကြရသော အပေါင်းအသင်းတွေ၊ အခု ဘယ်ရောက် ကုန်ကြပြီလဲ၊ ငယ်ငယ်တုန်း ကတော့ ခင်ကြမင်ကြပါသည်။ သို့သော် အရွယ်ရောက်လာသောအခါ ၌ကား သူတို့ ခင်မင်မှုတွေ သည် ပျောက်ဆုံးကုန်ကြသည်။
လူငယ်တွေအားလုံးကား အတူတူလက်တွဲကြပြီးတော့ သူတို့မိဘတွေ ချန်ထားရစ်ခဲ့ကြတဲ့ မုန်းတီး မှုတွေကို တိုက်ဖျက် ပစ်ကြမယ်ဆို ဘယ်လောက်ကောင်းမလဲ၊ ဒါတွေလည်း သိပ်ဖြစ်နိုင်မည်ဟု သူတော့ မထင်တတ်။
ဒါဆို ဘယ်လိုလုပ်ကြမလဲ။ နီဂရိုးမုန်းတဲ့သူအားလုံးကို သတ်ပစ်လို့ကော ရမတဲ့လား။ ဘာတွေ လုပ်သင့်သလဲ။
ဒီမုန်းတီးမှု ကို ယူဆောင်လာတဲ့ တရားဟာ ဘာသူလဲ။
ဘယ်သူက ဒီမီးကို မွှေးတာလဲ။
ပုလိပ်တွေ က ဘာဖြစ်လို့ ဥပဒေချိုးလိုက်သူတွေကို အကာအကွယ်ပေးတာလဲ။

နှစ်ပြားတန်ဆိုင်က ရှဲလ်မက်လိုလူမျိုးတွေ၊ မာရီယန်ရဲ့မျက်နှာကို ဆေးပြင်းလိပ်နဲ့ ထိုးသူတွေ၊ ဂျင်မီရဲ့နှာခေါင်း ကို ချိုးတဲ့သူတွေ။
နောက်ပြီး ဆွင်ဆန်ကိုကော ဘာဖြစ်လို့ သူတို့ဝိုင်းရိုက်ကြတာလဲ၊ သူက လူဖြူကိုး။ လူဖြူဖြစ်ရဲ့ သားနဲ့ လူဖြူ ဘက် မလိုက်ဝံ့သူကိုး။ သစ္စာဖောက်ကို တခြားလူဖြူတွေကိုလည်း သင်ခန်းစာ ပေး လိုက်ပုံရပါတယ်။
" ဒါက ဘာအဓိပ္ပာယ်လဲ၊ ဘာ အဓိပ္ပာယ်လဲ "
သူက အသံထွက်လာအောင်ပင် အော်မေးလိုက်မိသည်။
" ဒါကတော့ ရန်သူရဲ့မျက်နှာကို မျက်နှာဖုံးစွပ်မပါဘဲ မြင်လိုက်ရတဲ့ အဓိပ္ပာယ်ပဲ" လူဝီက ပြော လိုက်သည်။
" သူတို့အားလုံးဟာ ရန်သူတွေလား "
" ရန်သူတွေနဲ့ ရန်သူ့လက်နက် ကိရိယာတွေပေါ့ကွာ၊ တို့တတွေကို အပြီးသတ် နှိမ်ပစ်ဖို့က အရေးကြီးတယ်လေ။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ နှိမ်ချင်ကြတယ် "
" ဒီလိုဆိုရင် ဒိုးနပ်မုန့်ပြားကို နှစ်ပြားတန်ဆိုင်မှာ စားခွင့်ရတောင် ကျွန်မတို့ ဘာထပ်ရနိုင်ဦးမှာမို့ လို့လဲ "

" မဟုတ်ဘူးလေ၊ ငါတို့က အခက်အခဲတစ်ခုကို ကျော်နင်းနိုင်ကြတယ်ဆိုတာ ပြနိုင်တာပေါ့ကွ "
" ဒါဆိုရင် အစပဲရှိသေးတာပေါ့နော်၊ လူဝီ "
" ဟုတ်တယ်၊ အစပဲ ရှိပါသေးတယ်၊ ဒီထက်တော့ မပိုသေးပါဘူးကွယ် "
ထိုညက လူဝီသည် အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အခြေအနေကို ဆွေးနွေးကြကာ နောက်နေ့ တွင် ဘာ ဆက်လုပ်ကြမည်ကို ဆုံးဖြတ်ကြသည်။ ခန်းမတစ်ခုလုံး ပြည့်လျက်နေသည်။ ထိုင်ခုံနေ ရာလပ်ပင် မရှိ။ ကျောင်းသားများသည် သူ့အစီရင်ခံစာကို စိတ်ပါဝင်စားစွာဖြင့် နားထောင်နေကြ သည်။ တစ်နေ့တာ အဖြစ်အပျက်များကို နိဂုံးချုပ်အစီရင်ခံစာအပြီးတွင် ဒေါက်တာအေမိစ်နှင့် ဆော်လမွန်ဒင်တန်တို့ ၀င်လာကြ သည်။ ဒေါက်တာအေမိစ်က လူဝီကို တိုးတိုးလေး ကပ်ပြော လိုက်သည်။ လူဝီကခေါင်းညိတ်လိုက်သည်။
" ဒေါက်တာအေမိစ် က ခင်ဗျားတို့ကို စကားနည်းနည်းလောက် ပြောချင်ပါသတဲ့ "ဟု ကြေ ညာ လိုက်သည်။

" ဆရာအခုပဲ တရားရုံးက ပြန်လာခဲ့တာပါ။ ဆရာတို့ လူထဲက ငါးဆယ် အဖမ်းခံနေရတယ်။ အဲဒီ အထဲမှာ ကျောင်းသား ၁၅ ယောက်ပါတယ်။ ဂျိုးဇက်အပါအ၀င်ပေါ့၊ ကျန် ၃၅ ယောက်ကတော့ အရပ်သားတွေ။ ဘင်တန် ကတော့ ဆေးရုံရောက်နေတယ်၊ မာရီယန်နဲ့ ဂျင်မီလည်း ဆေးကုနေကြ ရတယ်။ သူတို့နဲ့ ခဏ ဆရာ စကားပြောခွင့် ရခဲ့တယ်၊ ကျောင်းသားအားလုံးဟာ ဒဏ်ငွေမဆောင် ကြဘူးဆိုလို့ ထောင်ကျနေကြရတယ်။ ဆရာ့ဖုန်း ကတော့ မနားနိုင်တော့ဘူး။ တစ်ချိန်လုံး မြည်နေတာပဲ၊ မိဘတွေဆီက မေးကြ မြန်းကြ စုံစမ်းကြနဲ့ပေါ့။ တစ်ချို့ ကလည်း ဂုဏ်ယူနေကြတယ်။ တချို့ကျတော့လည်း စိုးရိမ်နေကြတယ်။ ဆရာတို့အားလုံး ဟာ ရှေ့ဆက်ရ မယ့် ခြေလှမ်းတွေအတွက် ဂရုတစိုက် ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြရမယ်။
" သတင်းထောက်တွေလည်းရောက်နေကြပြီ။ တစ်နိုင်ငံလုံးသတင်းတွေကို စောင့်မျှော်နေကြပြီ။ ဘန်နီကာ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်တစ်ယောက်အနေနဲ့ ပြောရရင်တော့ အခုအရေးအခင်းဟာ အန္တရာယ်အကြီးမားဆုံး အရေးအခင်း လို့ ဆရာထင်တယ်... ဆရာပြတ်ပြတ်သားသား ပြောရရင်တော့ ဆရာ မှာ အားမာန် ရှိနေပါတယ်၊ သတ္တိရှိပါတယ်၊ လမ်းညွှန်မှုပေး ပါတယ်။ ဆရာတို့ အောင်မြင်မှုရမယ်လို့ ယုံကြည်နေ ပါတယ် "
ထို့နောက် ပါမောက္ခဘင်တန်ဘက်လှည့်ပြီး မေးလိုက်၏။

" ဆရာကော ပြောစရာ ရှိပါသေးလား "
ပါမောက္ခဘင်တန်က ခေါင်းညိတ်ကာ စကားပြောစင်မြင့်ဆီသို့ တက်လာသည်။ သူကတော့ ထုံးစံ အတိုင်းပင် အိ္တေ္ဒွရရ လေအေးလေးနှင့် ပြောသည်။
" ဆရာတို့ စခဲ့ကြတဲ့အလုပ်ကို နောက်ပြန်ဆုတ်လို့တော့ဖြင့် မရတော့ဘူး၊ ဆရာတို့ လူမှုအသိုင်း အ၀န်းအတွက် အရှုံးပေးလို့ မဖြစ်ဘူး၊ ရှုံးမယ်ဆိုတာ မစဉ်းစားနိုင်ဘူး၊ ဒါပေမဲ့ ပိုပြီးမြင့်မြတ်တဲ့ စည်းကမ်းနဲ့ ပိုမိုကြီးမားတဲ့ သတ္တိတွေတော့ လို တယ်ကွယ်၊ ဆရာတို့နဲ့ ပူးလုပ်ဆောင်ကြတဲ့သူ တွေကို ကာကွယ်ပေးဖို့လည်း လိုပေတယ်၊ အများစု ထောင်ထဲရောက်နေမယ်ဆိုရင်လည်း မဖြစ် ပြန်ဘူး "
" တစ်ဖက်ကကြည့်ရင်လည်း ဒါကို ကြောက်စရာ မလိုပြန်ဘူး၊ မနေ့တစ်နေ့က ရုံးတော်ကိုတောင် မ၀င်ရဲကြတဲ့ ယောက်ျားတွေ မိန်းမတွေဟာ ခုတော့ ပုလိပ်တွေကိုတောင် ဆန့်ကျင်တိုက်ခိုက်ဝံ့ကြ တာ ကိုပဲကြည့် "

" ထောင်ကို ရင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး၊ ဒါပေမဲ့ ထောင်ကျခံမလား၊ လွတ်မြောက်မှု အတွက် တိုက် မလား၊ တစ်ခုခုကိုတော့ ရွေးချယ်ကြပါ၊ မိဘတွေကတော့ စိတ်ပူနေကြတယ်၊ ရာဇ၀တ်အိုး တုန်နဲ့မထိုးကြနဲ့ပေါ့၊ ဒါပေမဲ့ ဆရာတို့ရဲ့ ဘိုးဘေးဘီဘင် ဘုန်းကြီးတွေကတော့ ဆရာတို့တိုက်ပွဲကို အားပေးနေကြမှာ အမှန်ပါပဲ "
လက်ခုပ်သံ သြဘာသံများ ဆူညံစွာ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ပါမောက္ခအေဒင်က ထပြီး ပြောလိုက် သည်။ အားလုံး အံ့အားသင့်သွားကြ၏။
" ကျွန်တော်လည်း စကားနည်းနည်းလောက် ပြောပါရစေ။ ဆရာ့အနေနဲ့တော့ ပါမောက္ခချုပ် အေမိစ်နဲ့ရော၊ ပါမောက္ခဒင်တန်နဲ့ ရော အမြင်မတူပါဘူး၊ ဒေါက်တာ အေမိစ်ကတော့ တပည့်တို့ကို တိုက်ပွဲဆက်ဝင်ဖို့ အားပေးနေတဲ့ သဘောပဲ၊ ပါမောက္ခဒင်တန်ကတော့ ထောင်ကျတာ ဂုဏ်ယူ တတ်ဖို့ တင်ပြသွားတယ်။ ဆရာကတော့ တစ်မျိုးမြင်တယ်၊ အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးခွဲ ခြားမှုတွေကို ဆရာလက်ခံရမယ်လို့ မဆိုလိုပါဘူး၊ ဒါကို သေတဲ့အထိ တိုက်ပွဲဝင်သွားရမှာပဲဖြစ် တယ်၊ ဒါပေမဲ့ မှန်ကန်တဲ့လက်နက်နဲ့ မှန်ကန်တဲ့သက်ကွင်းကို ရွေးချယ်တတ်ကြဖို့တော့ လိုတယ်။ အခုတော့ တပည့်တို့ဟာ မှားယွင်းတဲ့ လက်နက်၊ မှားယွင်း တဲ့ သတ်ကွင်းကို ရွေးချယ်ထားကြပြီ လို့ ဆရာယုံတယ်"

" နှစ်ပြား တန်ဆိုင်လေးမှာထိုင်ပြီး အစားအသောက်မှာစားခွင့်လေးလောက်နဲ့တော့ ဒီလောက်စွန့် လွှတ်ပြီး တိုက်ပွဲ မ၀င်သင့်ဘူးလို့ ဆရာထင်တယ်ကွယ်။ တပည့်တို့ဟာ ငယ်ရွယ်သူတွေ။ စိတ်အားကိုယ်အား ထက်သန်သူတွေ။ ဆရာ မင်းတို့စိတ်ဓာတ်ကို ချီးကျူးပါတယ်။ မင်းတို့ သေနင်္ဂဗျူဟာကိုတော့ မချီးကျူးဘူးကွာ။ အမေရိကန်တစ်နိုင်ငံလုံးမှာ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေလုပ်ဖို့ စနစ်တကျ စုစည်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ တွေ အများကြီး ရှိတယ်။ မင်းတို့က သူတို့ကို တပ်လှန့်နှိုးဆော်ပေးလိုက်တဲ့သဘောပဲ ရှိတယ်ကွ "
" နောက်ပြီး မင်းတို့ကို ကွန်မြူနစ်သြဇာခံတွေလို့ လူတွေက ပြောကြဦးမယ်။ ဘုန်းတော်ကြီးမယ် သီယာစ်နဲ့၊ အလုပ်သမားခေါင်းဆောင် ဆွင်ဆန်တို့ကို လူတွေက ဒီလိုပဲမြင်ထားကြတယ်။ ကွန်မြူ နစ်ထောင်ချောက် ထဲကိုတော့ အမေရိကန်နီဂရိုးတွေ အရောက်မခံသင့်ဘူး၊ မင်းတို့ မိဘတွေလည်း ဒါကိုသဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေဘောင်အတွင်းက အသား အရောင်ခွဲခြားမှု ဆန့်ကျင်ရေးနည်းလမ်းတွေကိုသာ ရှာကြပါလို့ ဆရာတိုက်တွန်းပါရစေ "

သူ့စကားဆုံးသွားတော့ လက်ခုပ်သံများ ထွက်မလာ။ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်နေကြ သည်။
လူဝီက သူသာစကားပြောလျှင်တော့ "အေဒင်"နှင့် ထိပ်တိုက်တွေ့ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခဖြစ်ကုန် တော့မှာပဲ ဟု တွေးမိ၏။ ဒေါက်တာ အေမိစ်ကလည်း စကားလုံးရွေးပြီးချေပရန် စဉ်းစားနေသည်။ ကွန်မြူနစ်ထောင်ချောက် မဟုတ်သည့်အကြောင်း သူ ရှင်းပြရပေမည်။
လူဝီက ဘာလုပ်ရမည်ကို ဆုံးဖြတ်နေတုန်း၊ ဒေါက်တာ အေမိစ်က စဉ်းစားချင့်ချိန်နေတုန်းမှာပင် ရာဂျာက စင်မြင့်ပေါ် တက်လာတော့သည်။
" ပါမောက္ခအေဒင်စကားကို ပြန်ကြားပါရစေ၊ နိုင်ငံခြားသားတစ်ယောက် ဧည့်သည်တစ်ယောက် အနေနဲ့ ပါမောက္ခကြီး တစ်ယောက်နဲ့ ၀င်ပြီး စကားအခြေအတင် ပြောမိတာ ရိုင်းတယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါခင်ဗျာ။ ဒါပေမဲ့ ဒီနေ့ ဖြစ်ရပ်တွေမှာ ကျွန်တော် ကိုယ်တွေ့မြင်လာခဲ့ရတော့ ကျွန်တော်တို့ လွတ်လပ်ရေးတိုက်ပွဲတုန်းက အသက်စွန့်သွား တဲ့ အိန္ဒိယလူငယ်လေးတစ်ယောက် ကိုသွားအမှတ်ရမိပါတယ်။ သူ့နာမည်က "ဘာဝတ်ဆင်း" တဲ့။ သူက ပန်ဂျပ်နယ်သား။ ချမ်းသာ ကြွယ်ဝပြီး သြဇာတိက္ကမမရှိတဲ့ မိဘတွေက မွေးဖွားလာသူပါ "

" ဘာဝတ်ဆင်းဟာ ၁၉၂၀ ခုနှစ်က မင်းမဲ့လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက ဗြိတိသျှတွေကို အကြမ်းဖက် ဆန့်ကျင်ကြရမယ်လို့ ယုံကြည်ကြပါတယ်။ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်မှုကိုလည်း တိုက်ရိုက် ဆန့်ကျင်ကြပါတယ်။ ဒါကြောင့် တက်ကြွတဲ့လူငယ်အများစု ဟာ မင်းမဲ့ဝါဒဘက်မှာ နားယောင်ခဲ့ကြပါတယ်။ ဒီအထဲ မှာ " ဘာဝတ်ဆင်း" လည်း အပါအ၀င်ပေါ့ "
" ဆောင်းဒါး ဆိုတဲ့ အင်္ဂလိပ်အရာရှိ တစ်ယောက်ရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး " လာလာရာဂျာပတ်ရေး" အတွက် လက်စားချေမယ်လို့ " ဘာဝတ်ဆင်း" က သစ္စာပြုခဲ့ ပါတယ်။ နောက်နှစ်နှစ်ကြာတော့ ဆောင်းဒါး အသတ်ခံရပါတယ်။ အဲဒီအခါ ဘာဝတ်ဆင်းနဲ့ အပေါင်းအသင်းတွေ ကို လူသတ်မှုနဲ့ဖမ်းလိုက်ကြတယ်။ ရှည်ရှည်ဝေးဝေး စစ်ဆေးပြီးတဲ့အခါ သူ တို့ကို သေဒဏ်ပေးခဲ့တယ်။ စွပ်စွဲမှုဟာ ခိုင်လုံသလား၊ မခိုင်လုံသလား ဘာမှမကြေညာဘူး။ ဘာဝတ်ဆင်း အဖေ ကတော့ သူ့သား လွတ်ရာလွတ်ကြောင်း ကြိုးစားရှာတယ်။ ဒီအခါ ဘာဝတ်ဆင်းက သူ့အဖေဆီ စာတစ်စောင်ရေး လိုက် တယ်"

" အဖေထင်နေသလို ကျွန်တော့် အသက်ဟာ တန်ဖိုးမရှိလှပါဘူး။ အဲဒါ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းအတွက် တန်ဖိုးပေးဝယ်ယူရာမှာ ကျွန်တော့် အသက်ဟာ ဘာမှတန်ဖိုးမရှိပါဘူးဗျာ" တဲ့
" သူ ကွပ်မျက်ခံ ရတော့ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အိန္ဒိယ ပြည်သူအားလုံးဟာ သူ့ကို ချီးကျူးကြတယ်။ ဂန္ဒီရဲ့ နောက်လိုက်တွေကတောင် သူ့ရဲ့သတ္တိနဲ့ ယုံကြည်ချက်တွေကို ချီးကျူးနေကြတယ်။ သူဟာ လူငယ်ထု အတွက် မဆုတ်မနစ်တမ်း စိတ်ဓာတ်သတ္တိကို ဥပမာပြလိုက်တာပဲ၊ လူကြီးတွေက ဘယ်လိုအကြံပေးကြပေးကြ လူငယ်ဆိုတာ ကိုယ့်လမ်းကိုယ့် ရှာသွားမှာပဲ၊ အဲဒီလမ်းဟာ မှားမှားမှန်မှန်ပေါ့ " ထို့နောက် ရာဂျာသည် လက်အုပ်ချီ ဂါရ၀ပြုကာ ထိုင်ချလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 25, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၀)

ကိုယ်တို့မြို့က ကိုယ်အချစ်ဆုံး သူငယ်ချင်းပါ။ သူ့အကြံဥာဏ် တွေကို ကိုယ်က တန်ဖိုးအထားဆုံးလေ။ သူ့စိတ်ကြိုက်ဖြစ်အောင် ကိုယ်အကြိုးစားဆုံး နေကြည့်ခဲ့တယ်။ ဒါပေမဲ့ သူက သဘောကျတယ်ကို မရှိဘူး ကွ။ တစ်ခုတော့ ပြောရဦးမယ်၊ ဒီလစ်က ရုပ်သိပ်ဖြောင့်တယ်ကွ။ မင်းသာ သူ့ကို မြင်သွားရင် ကိုယ့် ကို မေ့သွားမှာ သေချာတယ်ကွ  ... မဟုတ်တာ၊ ကျွန်မက မောင့်ကို ဘယ်တော့မှ မမေ့ဘူး သိလား။ ဘယ်တော့မှ မမေ့ပါဘူးရှင် ........ လူစီဘဲလ်သည် ပြောရင်းဆိုးရင်း ဝမ်းနည်းလာသည်။ ရာဂျာ ကို သူ ဘယ်တော့မှ မမေ့ကြောင်း သူသိသည်။ သို့သော် ရာဂျာ ကတော့ သူ့ကို အစဉ်သတိ ရနိုင်ပါ့ မလား။ ကို ဆက်ဖတ်ရန်...........

သို့သော် ရာဂျာကတော့ သူ့ကို အစဉ်သတိရနိုင်ပါ့မလား။
လူစီဘဲလ်နှင့် ရာဂျာတို့သည် ပန်းကန်များ သိမ်းဆည်းပြီးသော အခါ ဧည့်ခန်းထဲသို့ ပြန်ထွက်လာကြသည်။
ဒေါက်တာအေမိစ်က သူ့ဇနီးအား လှမ်းမေးလုက်သည်။
ရာဂျာဟာ သူ့ကို နီးဂရိုးတက္ကသိုလ် ပို့လိုက်တဲ့အတွက် အံသြ သွားတယ်ဆိုတဲ့အကြောင်း မင်းသိပြီးပြီးလားကွ''
ဒေါက်တာ၏ စကားမှာ ပြတ်တောင်းတောင်း နိုင်လှသည်။ ထို့ပြင် ရာဂျာရှေ့မှာ မေးသဖြင့် မစ္စစ်အေမိစ်မှာ မျက်နှာ မထားတတ်အောင် ဖြစ်သွားတော့၏။

ရှင်မေးတာ ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မ နားမလည်ဘူရှင့်
ရာဂျာကို အိန္ဒိယမှာတုန်းက နီဂရိုး တက္ကသိုလ်မှာ သွားကျောင်းနေရမယ် ဆိုတာကို ပြောမထားကြဘူးတဲ့ကွ''
ဒါက ပြောနေစရာ လိုသေးလားရှင်၊ ဒီကိုပဲ သူလာရမယ် မဟုတ်လား။ မင်းကော အသားအရောင်ရှိတဲ့ သူပဲ  မဟုတ်ဘူး လား။ ဟုတ်တယ် မဟုတ်လား ရာဂျာ''
မစ္စစ်အေမိစ် က ရာဂျာကို လှမ်းမေးလိုက်သည်။ ထိုမေးခွန်းမှာ သူ့နှလုံးသားကို တည့်တည့် ထိမှန်သွားသော မြားတစ်စင်း။
ထိုမြား သည် အခန်းကိုဖြတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ရင်ထဲကို စူးဝင်သွားသည်။
သူကတော့ အော်လို့သာ ငိုလိုက်ချင်ပါတော့သည်။ သူ့အဖြေသည် မည်သို့ဖြစ်သင့် သနည်း။
ဒီမေးခွန်း ကို သူဘယ်လိုဖြေရမည်နည်း။

မင်းကော အသားအရောင်ရှိတဲ့သူ မဟုတ်လား''တဲ့။
သူ့လက်ထဲ ရှိ လက်ကိုင်ပုဝါကိုသာ အဓိပ္ပာယ်မဲ့ လိမ်ကျစ်နေသည်။ သူ့လက်တွေကို ငုံ့ကြည့်လိုက်မိသည်။
အညိုရောင်လက်တွေ။
ထိုလက်များ မှာ လူစီဘဲလ်လက်တွေထက် ခပ်ဖျော့ဖျော့ နည်းနည်းလေး အသားလတ်ရုံ တမယ်။ သူတို့ အမေနှင့်တော့ မနှိုင်းယှဉ်သာ။ မစ္စစ်အေမိစ်လက်တွေက ဖြူလွန်းသည်။
သူ့လက်တွေ ကတော့ ယှဉ်လိုက်လျှင် မည်းလွန်းနေသကိုး။
ဒါဆိုရင် သူလည်း အသားအရောင်ရှိတဲ့လူပဲ။
လူမည်းပဲပေါ့။
ဟုတ်လား။ ထိုမေးခွန်းမျိုး သူ့မိဘသူတစ်ခါမှ မမေးဖူးခဲ့။

သူ့အတွက် သူက တုတ်တည်ဆောက်ကာ အကာအကွယ်ယူထားခဲ့ဖူးသည်။
ငါက ဗြဟ္မဏလူမျိုးပဲ။
ငါက ဗြဟ္မဏပဲ။
''မင်းဟာ အသားအရောင်ရှိတဲ့လူ မဟုတ်ရင်၊ ဒီကို ဘယ်လိုလာလို့ ရသလဲကွ၊ ဒီနေရာ လူဖြူတွေ ဖြတ်တောင် မဖြတ်သွားကြတဲ့ နေရာပဲ၊ ဖြတ်လည်း မဖြတ်သွားချင်ကြတဲ့ နေရာပဲ''
မစ္စစ်အေမိစ်က ဆက်ပြောနေသည်။ သူကတော့ ဘာမှပြန်မပြောနိုင်တော့၊ မကြာမီ မစ္စစ်အေမိစ်တို့ မိသားစု အားလုံး ပါတီတစ်ခုသို့ ဆက်သွားကြသည်။ ထိုအခါမှ သူသက် ပြင်းချနိုင်တော့သည်။
ရာဂျာ ကတော့ ဒီနေရာမှာ ဆက်ပြီးနေဖို့ မဖြစ်တော့မှန်း သိလာသည်။ သူ့'ပြင်ပသွင်ပြင် ကတစ်မျိုး' 'အတွင်းဓာတ်ခံယူချက် ကတစ်မျိုး'။ ပဋိပက္ခတရား နှစ်ခုကြားတွင် ဤနေရာဆက် နေရန် မလွယ်တော့။
''စိတ်ဓာတ်မကျပါနဲ့ ရာဂျာရယ်။ အမေကတော့ ဒီလိုပဲ။ သူကဖေဖေနဲ့တောင် ခရီးအတူမသွားဝံ့တာပဲကြည့်။ သူ့ကို တစ်နေ့နေ့ တစ်နေရာရာ မှာ တစ်ယောက်ယောက်က စော်ကားမော်ကား စကားပြောတာ ခံရမယ်ဆိုပြီး စိုးရိပ်နေ တတ်တာ'' ''သူကဘာဖြစ်လို့ ဒီလိုဖြစ်နေကြတာလဲ၊ အဲဒီ''
''အဲဒီလူဖြူတွေ'' ဆိုသော စကားကို သူမပြောဖြစ်။ လူဖြူဆိုသော စကားလုံးသည် သူ့နှုတ်ခမ်းများမှာ ဖွင့်မထွက်ရဲ။

''ဘာဖြစ်လို့လဲဆိုတော့ မေမေ့ အဖေက လူဖြူကိုးရှင့်''
ရာဂျကမူ လူစီဘဲလ်ကိုသာ စိုက်ကြည့်နေမိသည်။
''ဟုတ်တယ်၊ သူ့အဖေက လူဖြူ၊ သူ့အမေက အဲဒီလူဖြူအိမ်က ထမင်းချက်။ တစ်နေ့မျာ ကျူးကျူးလွန်လွန်ဖြစ်ပြီး ကိုယ်ဝန်ရှိလာတော့ မြောက်ပိုင်းမှာ သွားပြီး မေမေ့ကို မွေးခဲ့ရတယ်။ မွေးဖွားစရိတ်တောင် နည်းနည်းပါးပါးပဲ ရပါတယ်လေ'' ''သြော်ဒါကြောင့်ကိုး၊ မစ္စ်အေမိစ်က ဒါကြောင့် သိပ်လှနေတာကိုး၊ ရက်ရက်စက်စက် လှနေတာကိုး'' ရာဂျာက တွေးနေမိသည်။
နောက်ပြီး၊ နောက်ပြီး ငါနဲ့သူနဲ့လည်း ဘ၀တူပါကလား။ သူရောက် မစ္စစ်အေမိစ်ရော နှစ်ယောက်လုံးဟာ၊ အကြမ်းဖက် မှုတွေ မုန်းတီးမှုတွေ ကြားထဲက လူဖြစ်လာကြတဲ့ သူတွေပါပဲကလား။ သူတို့ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ ငိုသံတွေနဲ့ပဲ လူ့လောကကို ရောက်လာကြတယ်မဟုတ်လား။ လောကကြီးဟာ ဆန်းတယ်။ လောကကြီး က လက်မခံချင်တဲ့ သူနှစ်ယောက် လောကကြီးထဲ ဇွတ်ဝင်လာကြတာကိုပဲ ကြည့်။

''ရာဂျာရယ်၊ ကျွန်မနဲပ ဖေဖေနဲ့ကတော့ ဒီလိုစိတ်မျိုးတွေ မရှိကြပါဘူးကွယ်၊ အဲဒါကြောင့် မောင် နားလည်တယ် မဟုတ်လားဟင်''
''နားလည်ပါတယ်ကွယ်''
ရာဂျာ က လူစီဘဲလ်မျက်နှာလေးကြည့်ပြီး လက်ကလေးကိုဆုပ်ကာ ပြန်ဖြေလိုက်သည်။
''ဒီလိုဖြစ်ပျက်သွားတာ ကျွန်မ သိပ်ဝမ်းနည်းပါတယ် မောင်ရယ်၊ နို့မို့ဆို ဒီနေ့ဟာ သိပ်ပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ မကြာခင်မှာ မောင်နားလည်လာနိုင်မှာပါနော်''
''ကိစ္စမရှိပါဘူးကွယ်၊ ကိစ္စမရှိပါဘူး''
ရာဂျာက လူ့မလိုင်အလွှာကပဲ။
သူဟာ မင်းညီမင်းသား မဟုတ်ပေမယ့်၊ သူ့မျက်နှာ၊ သူ့လက်သူ့ခြေ၊ သူလမ်းလျှောက် ပုံ၊ ပြောပုံ ဆိုပုံတွေကြည့်ရင်လည်း လူ့မလိုင်လွှာ ထဲကမှန်း သိသာနေပြီ။ သူကအမေ့ ဇာတ်လမ်းကို နားလည်နိုင်ပါ့မလား။ ဆင်းရဲ တဲ့ လူမည်းမလေးတစ်ယောက်ကို သူတို့လို လူ့မလိုင်လွှာက လူဖြူတစ်ယောက် ဘလက္ကာယလုပ်ခဲ့တဲ့ ဇာတ်လမ်း ကို သူစာနာနိုင်ပါ့ မလား။
နားတော့ နားလည်နိုင်ကောင်းပါတယ်။ သူဟာ လူတွေအပေါ် စာနမှုတရား ထားတတ်တဲ့သူပဲ။

နောက်ပြီး သူက လူဖြူမှ မဟုတ်တာ၊ သူလည်း လူမည်းပဲ။
ဒါပေမဲ့ ငါတို့လို လူမည်းမျိုးတော့လည်း မဟုတ်ပြန်ဘူး။
သူတို့က အိန္ဒိယလူမျိုးတွေ။
အိန္ဒိယလူမျိုးတွေဟာ ဗြိတသျှကို တိုက်ခိုက်ခဲ့ကြတယ်တဲ့။
ရာဂျာကို ငါနားလည်ပါတယ်။
ခုပဲကြည့်လေ၊ ငါ့ရဲ့ရင်တွင်းခံစားချက်တွေကို သူ့ကိုပြောပြလိုက် ရတယ်မဟုတ်လား။ သူက 'ဟား' တိုက်မပစ်တာပဲကြည့်။
ရာဂျအကြောင်းတွေးရင်းနှင့် လူစီဘဲလ်၏ နှုတ်မှ တတွက်တွက် ရေရွတ်နေမိသေးသည်။
''သူလည်း ငါ့အကြောင်း စဉ်းစားနေမှာပဲ၊ စဉ်းစားနေမှာပဲ''
ထိုသို့ပင် ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်မှုလေးနှင့် နောက်ဆုံး၌ လူစီဘဲလ်ခမျာ အပ်မျောကျသွားခဲ့ရှာပြီ။

အခန်း (၁၀)

''မင်းလည်း လူမည်းပဲ မဟုတ်လား''
ထိုမေးခွန်းသည် ရာဂျာနားထဲ စွဲနေသည်။ ဦးနှောက်တွင်းသို့ ရိုက်ခတ်နေသည်။
''မင်းလည်း လူမည်းပဲ မဟုတ်လား''
ဒါပေမဲ့ ငါဟာ သူဆိုလိုတဲ့ လူမည်းမျုးပဲလား။ ဒီပြဿနာကိုကား သူတစ်ခါမှ အဖြေမရှာ ဖူးခဲ့ပါ။
ပြတင်းပေါက်ဘေးတွင် ထိုင်ကာ၊ လမ်းမကြီးကို ငေးကြည့်ရင်းနှင့် သူကျောင်းနေစဉ်ကာလ တွင် အဖြစ်အပျက်များကို သတိရလာသည်။
သူကျောင်းအိပ်ကျောင်းစားနေစဉ်က သူတို့ကျောင်းအုပ်ဆရာကြီးမှာ 'မက်'ဆိုသူဖြစ် သည်။ တစ်နေ့တွင် သူနှင့် ပရာကတ်ရှ် ဆိုသူ ကောင်လေးတစ်ယောက်သည် ပိတုံးကောင်ကို လုရင်းနှင့် 'မက်' ၏ရုံးခန်းထဲ သို့ ရောက်သွား ခဲ့ကြသည်။

ပရာကတ်ရှ်က
''ဆရာကြီး အဲဒီပိတုံးက ကျွန်တော့ပိတုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပိတုံးရဲ့ ညာဘက်မျက်လုံးမှာ အစင်း ၃ စင်းပါတာတောင် ကျွန်တော်သိပါတယ်။ မယုံရင် ဆရာကြီး ကြည့်ပါ''
''အဲဒီပိတုံးက ကျွန်တော့ဟာပါ ဆရာကြီး၊ သူ့ကျောကုန်းပေါ်မှာ အစက်နီလေးနှစ်စက် ပါပါတယ်။ ဒီအစက်လေးတွေ ဟာ ကျွန်တော့်ပိတုံးဖြစ်ကြောင်း အမှတ်အသားတွေပါ''
ရာဂျကလည်း အတင်းဝင်ပြောသည်။
ဆရာကြီးက သူတို့နှစ်ဦး၏ စကားများကို နားထောင်ပြီး
''ကဲ ဒါဆို ဒီပိတုံးကို ဆရာကြီးဓားနဲ့ နှစ်ပိုင်းခွဲပြီး မင်းတို့ကို တစ်ယောက်တစ်ပိုင်း ပေးမယ်ကွာ''
ဟုပြောလိုက်သည်။
ထိုအခါ ပရာကတ်ရှ်က မျက်ရည်များကျကာ အော်ပြောသည်။

''ဒီလိုတော့ မလုပ်ပါနဲ့ ဆရာကြီးရယ်၊ ပိတုံးကလေးကို ရာဂျာကိုပဲ ပေးလိုက်ပါ''
ထိုအခါ 'မတ်' ကပိတုံးကို ပရာကတ်ရှ်အား ပေးလိုက်သည်။
''ပိတုံးကိုချစ်တဲ့သူဟာ ပိတုံးပိုင်ရှင်ပဲ ဖြစ်ရမယ်ကွယ်''
ရာဂျာကိုလည်း စိတ်မထိခိုက်စေရန် 'မတ်' ကရာဂျာအား ဘောလုံးတစ်လုံးပေးခဲ့သည်။
ရာဂျာကမူ ခုတစ်ခါ ပြန်တွေးမိပြီး ရယ်မောလိုက်မိသည်။
ထိုအဖြစ်အပျက်ကလေးသည် သူ့စိတ်နေစရိုက်ကို ပေါ်လွင်စေခဲ့သည်။ သူသည် ပိတုံးလေးကို ပရာကတ်ရှ် လက်ထဲထည့်ရမည့်အစား နှစ်ပိုင်းဖြတ်ပြီး ဝေယူခဲ့ချင်သူ ပါတကား။
'မက်' သည် ဝေလပြည်နယ် တောင်းပိုင်းသားဖြစ်သည်။ အင်္ဂလိပ်အစစ်တော့ မဟုတ်။

သို့သော် ကျောင်းသားများကမူ သူ့ကို အင်္ဂလိပ်တစ်ယောက်အနေနှင့်သာ မှတ်ထားကြ သည်။ သူ့ရုံးအမှုထမ်းများ ကား အင်္ဂလိပ်ကပြားများကိုသာ ရွေးချယ်ခန့်ထားတတ်သည်။ ကျောင်းသားများအား ဟိန္ဒူ။ မူစလင်၊ ပန်ချာပီစုံလို့။ ဘာသာရေးနှင့် လူမှုအသိုင်းအ၀ိုင်း ကွဲပြားခြားနားသောသူများ။ သူတို့သည် အငြင်းအခုန် များစွာ ဖြစ်ခဲ့ကြသည်။ ပြဿနာ အရပ်ရပ်တွင် ငြင်းကြခုန်ကြသည်။ သို့သော် အသားအရောင်ပြဿနာကား လုံးဝ မပေါ်ခဲ့။
တောင်ကုန်းမြင့်လေးများပေါ်တွင် လွတ်လပ်ရေးမရမီက ထိုနေရာသည် အင်္ဂလိပ်လူမျိုး များသာ သီးသန့်နေထိုင် ခဲ့သည် ဟူသော အစွဲကို ထားဆဲ။
ကန်ပတ်လည်ကို လမ်းလျှောက်လိုသော အိန္ဒိယအမျိုးသားတစ်ယောက်သည် အောက်တွင် ဖောက်ထားသော လမ်း ကိုသာ သုံးရသည်။ အပေါ်လမ်းမှာ သူဌေးများ အတွက်လမ်း၊ အရာရှိကြီးများအတွက်လမ်း။

ရွက်လှေအသင်းကို အင်္ဂလိပ်လူမျိုးသာ ၀င်ခွင့်ပြုသည်။ ဂျဝါဟလာနေရူး၏  ဖခင် မိုတီလားလ်နေရူးက ၀င်ခွင့်ရအောင် ကြိုးစားခဲ့ပြီး အစဉ်အလာကို ဖျက်ပစ်ခဲ့သည်။
လပ်ကနောင်းတက္ကသိုလ် ရောက်သောအခါ၌လည်း ပြဿနာများစွာ ကြုံခဲ့ကြမြဲ။ သို့သော် ဇာတ်အဆင့်သိပ်ခွဲသော မိုဟန်တစ်ယောက်ပင်လျှင် အသားအရောင် ခွဲခြားမှု စကားကို ကား တစ်ခါဖူးမျှ မပြောခဲ့ဖူး ပါ။ သူ့တွင် အာဖရိကန်လူမျိုးမိတ်ဆွေ အတော်များများပင် ရှိနေသေး ခဲ့သည်။
ရာဂျမှတ်မိတာတစ်ခုတော့ ရှိသည်။
သူ့ အစ်ကိုဝမ်းကွဲ တစ်ယောက်သည် အမေရိကန်နိုင်ငံမှ ပြန်လာသည်။ တောင်ပိုင်းမြို့တစ်မြို့၌ သူ့ကို ရုပ်ရှင်ရုံ ထဲ ၀င်ခွင့်မပြု။ ထိုအခါ သူကငြင်းခုံပြီး မန်နေဂျာ နှင့်တွေ့ခွင့်တောင်းသည်။ မန်နေဂျာနှင့်တွေ့တော့ နိုင်ငံကူး လက်မှတ် သေသေချာချာ တောင်းကြည့်ပြီးမှ ရုပ်ရှင်ကြည့်ခွင့်ပေးသည်။ ရုပ်ရှင်ပြီးတော့မှ မန်နေဂျာက ရှင်းပြ သည်။

''ဟိုလူက ခင်းဗျားကို လက်မှတ်မရောင်းတာ အမေရိကန်နီဂရိုးနဲ့ မှားနေလို့ဗျ''
ရာဂျာ့အစ်ကို က သူ့ဇာတ်လမ်းကို ဂုဏ်ယူစွာ ပြန်ပြောခဲ့သည်။ ရာဂျာတို့ အဘိုး ဒေါက်တာမိုဟန်လားလ် ကမူ ဒေါပွပွနှင့် သူ့ကိုအော်ပြောခဲ့သည်။
''မင်းကတော့လေ၊ အရင်ကလည်း ရူးခဲ့၊ အခုလည်း ရူးဆဲ၊ နောင်လည်း အမြဲတမ်း ရူးနေဦး တော့မှာပဲ၊ စော်ကား လို့ စော်ကားမှန်း မသိတဲ့ကောင်''
ခုလည်း မစ္စစ်အေမိစ်က ရာဂျာကို မေးခဲ့ပြီ။
''မင်းလည်း လူမည်းပဲ မဟုတ်လား'' တဲ့။
သူက ထိုမေးခွန်းကိုပြန်မဖြေခဲ့။ သူ့ကိုယ်သူကို အမှန်ကန်ဆုံး သိမြင်နိုင်ရန် သူဘယ်တော့ မှလည်း ဖြေနိုင် လိမ့်မည်မဟုတ်။
သူက ဘယ်သူလဲ။
သူကား ဗြဟ္မဏလူမျိုး။ ကမ္ဘာကြီးကို ဖန်ဆင်းသူ၏အမျိုး။

သူအခု အမေရိကန်ပြည်ရောက်ခဲ့ပြီ။ လူစီဘဲလ်ဆိုသော ပျော်တတ်ရွှင်တတ်သော မိန်းမငယ်လေးနှင့် တွေ့ခဲ့ပြီ။
ကျွန်မ ရှင့်ကို ချစ်သတဲ့။
သူကကော တကယ်ပဲ ပြန်ချစ်ရဲ့လား။
သက်ပြင်းတစ်ချက် ချမိသည်။ သူစိတ် ဘောင်ဘင်ခတ်နေသည်။ စိတ်ငြိမ်အောင် သူအကြိုက်ဆုံးဖြစ်သော 'တဂိုး'၏ ကဗျာလေးတစ်ပုဒ်ကို ရွတ်နေမိ၏။
ငါကတော့
လေထဲမှာ အိပ်မက်တွေကို ပျိုးကြဲနေမိပြီ။
ကောင်းကင်က ပန်းတွေကို
စိတ်ပျက်လက်ပျက်နဲ့
လက်လှမ်းချူနေမိပြီ။
ကမ္ဘာကြီးပေါ်ကို အရိပ်မည်းကြီးထိုးကျနေသလို
မျှော်လင့်ချက်လှေကြီးဟာ ကမ်းခြေကို
ဘယ်တော့မှ ဆိုက်ကပ်တော့မှာ မဟုတ်တော့ဘူးကွယ်
စိတ်ကူးထဲက ရုပ်ပုံလွှာတွေဟာလည်း
ကောင်းကင်ပြင်မှာ လွင့်မျောနေပြီလား......။

နောက်ဆုံး စာပုဒ်မရောက်ခင် သူလည်းအိပ်သွားတော့သည်။
နှစ်သစ်ကူး ကို လူစီဘဲလ်၏ ၁၈ နှစ်မြောက် မွေးနေ့သဘင်ဖြင့် ဖွင့်လှစ်လိုက်သည်။ ဖြူလွနေသော ၀တ်စုံကို ၀တ်ကာ၊ နှင်းပန်းခိုင်ကြီးကို တပွေ့တပိုက်ကိုင်လျက် လူစီဘဲလ် သည် တံခါးဝမှနေ၍ လာသမျှဧည့်သည်များကို ခရီးဦးကြိုပြုနေသည်။ လူစီဘဲလ်ဘေးမှာ တော့ ၀တ်စုံစိမ်းဝတ်ထားသော ဟာရီယက်။ ဟာရီယက်ဘေး တွင်ကား သူ့အဖေနှင့် မအေ။
ဧည့်ခန်းကား အလှဆုံးပြင်ဆင်ထားသည်။ မျက်နှာကြက်ပေါ်တွင် အပြာရင်ရောင် ပိုက်ကွန်ကြီး တစ်ခုကို ဖြန့် ချိတ်ဆွဲထား၏။
ပိုက်ကွန်ထဲတွင် မှ လင်းလက်လက် ကြယ်ပွင့်လေးများနှင့် လပြည့်ဝန်းကြီးကို ချိတ်ဆွဲထား ၏။ လေမှုတ်ကိရိယာ တစ်ခု၊ ဒရမ်တစ်လုံး၊ စန္ဒရားတစ်လုံးပါသော တီးဝိုင်းငယ်လေးတစ်ခု က ငြိမ့်ငြိမ့်ညောင်းညောင်း ဧည့်ခံနေ သည်။ ကြမ်းပြင်ကား ဖယောင်းများပြောင်နေအောင် တိုက်ထားသဖြင့် ကြယ်တွေ လတွေ ကိုပင် ဟပ်ထင်နေသည်။
လူစီဘဲလ်အတွက် မွေးနေ့လက်ဆောင်များကား စားပွဲပေါ်တွင် တောင်ကုန်းတစ်လုံးမျှ မို့မောက်နေသည်။

လူဝီနှင့် ရာဂျာတူတူဝင်လာတော့ လူစီဘဲလ် ရင်တစ်ချက် ခုန်သွားသည်။ တစ်ချက်မကပါ ဘူးလေ။
ရင်ခုန်သံ ချက်ပေါင်းများစွာဆိုမှသာ မှန်လိမ့်မည်။
ဘယ်သူ ပိုချောသလဲ သူ မဝေခွဲနိုင်။
လူဝီ က အင်္ကျီအဖြူ၊ အပေါ်အင်္ကျီအနီနှင့်။
ရာဂျာကမူ လက်ယက်ပိုးထည်ဝတ်စုံနှင့်။ လက်စည်းတွင်တော့ ရွေှ့လက်ကြယ်သီးများ တပ်ထား၏။
ပျော်ပျော် ပါးပါး ကခုန်ပြီးနောက် ညဥ့်လယ်ရောက်သောအခါ မစ္စစ်အေမိစ်က ထမင်းစား ခန်းထဲခေါ်ပြီး မွေးနေ့ ကိတ်မုန့်ကြီးကို ပြသည်။
မွေးနေ့ကိတ်မုန့်ပေါ်တွင် ကနေသော မင်းသမီးလေးပုံ လောင်းထားသည်။ ဖယောင်းတိုင် ၁၈ တိုင်လည်း ထွန်းထား သည်။

"မီးမှုတ်လိုက်တော့ လူစီဘဲလ်"
ဧည့်သည်တွေက ၀ိုင်းအော်ကြသည်။
လူစီဘဲလ်က အားကုန်မှုတ်ထည့်လိုက်သည်။ သို့သော် ဖယောင်းတိုင် ၄ တိုင်မငြိမ်းဘဲ ကျန်နေသည်။
"ရူပဗေဒပညာရှင် လခနဲ့ကလေး ၄ ယောက်ရမယ်ဆိုရင်တော့ ငတ်ကြတော့မှာပဲဟေ့"
လူဝီ က ၀င်ပြောလိုက်သည်။ အားလုံးပင် ပွဲကျသွားကြသည်။
လူစီဘဲလ်က စကားမပြန်။ သူ့ကို ပြုံးပြီးကြည့်နေသော ရာဂျာဘက်သို့ မျက်စိ ကစားလိုက် သည်။
အဖြူရောင်ဝတ်စုံရှည်နှင့် ဖြောင့်တန်းသော ဆံပင်တိုလေး တခါခါနှင့် ကခုန် ၍ မောနေ သောကြောင့် လည်းကောင်း၊ ဖယောင်းတိုင်မှုတ်သဖြင့် စိတ်လှုပ်ရှားနေမှုကြောင့် လည်း ကောင်း နီနေသောပါးအို့လေးများနှင့် လူစီဘဲလ် သည် တရုတ်ကြွေ့ရုပ်လေးနှင့် တူနေသည် ရာဂျာက ထင်၏။

ဒေါက်တာအေမိစ်သည် ရေခဲပုံးတစ်ပုံးဆွဲကား ဧည့်ခန်းထဲဝင်လာသည်။
"ရှန်ပိန် သောက်ကြရအောင်ဟေ့"
ထိုစဉ် သူ့သမီးအား သူ့လက်ဆောင်ပုလဲကုံးလေးကို ဆွဲပေးလိုက်သည်။ ထို့နောက် လည်ပင်အား နမ်း လိုက်သည်။
"ဒီနှစ်ကတော့ သမီးအတွက် အအောင်မြင်ဆုံး၊ အပျော်ဆုံးနှစ် ဖြစ်ပါစေကွယ်"
"အဲဒါတော့ သေချာတယ်ဖေဖေ။ ကျွန်မလည်း ဒီလိုပဲထင်တာပဲ"
ထို့နောက် ရာဂျာနှင့် တွဲကသည်။ ရာဂျာက သူ့ခြေထောက်ကို မကြာခဏ တက်နင်းမိ သည်။ သို့သော် လူဝီနှင့် တွဲသောအခါမူ ကရသည်မှာ အဖြောင့်။ လူဝီက သိပ်အကကောင်း သည်။ သူ့ကို ဦးဆောင်ပြီးပင် ကသွားနိုင် သည်။

" ရှင်က ကျွန်မကို တကယ်ဦးဆောင်သွားနိုင်တာပဲနော်"
"ဘာကိုဆိုလိုတာလဲ ဟင်"
"ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်။ တို့နှစ်ယောက်က အတူတူပဲမဟုတ်လား၊ သူက မင်းနဲ့ မလိုက် ပါဘူးကွာ"
"ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"
"အမှန်မို့ ပြောတာပေါ့ကွ။ သူက ဒီလိုပျော်အောင်ထားမှာ မဟုတ်ဘူး။ သူက သူများတွေကို သိပ်ချစ်တတ်တဲ့သူ"
ဧည့်သည်တွေပြန် ကုန်တော့ အရုဏ်ပင် ပျိုးချေပြီ။ လူစီဘဲလ်သည် အိပ်ခန်းထဲမှ ကြမ်းပြင် ပေါ်တွင်ထိုင်ပြီး မွေးနေ့လက်ဆောင်များကို ဖွင့်ကြည့်နေသည်။ လူဝီပေးသော လက် ဆောင် မှာ  လော့ကက်သီးလေးဖြစ်၏။ အထဲတွင် သူ့ဓာတ်ပုံလေး ထည့်ထားသည်။ သူ့ကို ရွှန်းရွှန်း စားစား ပြုံးကြည့်နေ ၏။ လူဝီ၏ရုပ်ပုံလေး ကို သူက ငေးကြည့်နေမိသည်။
"ငါ နင့်ကို မချစ်ပါဘူး"
လူစီဘဲလ်က ဓာတ်ပုံကို ပြောလိုက်သည်။

"ဒါပမဲ့ ငါကတော့ မင်းကိုချစ်ပါတယ်ကွာ"
ဓာတ်ပုံက ပြန်ပြောနေသည်။
လူစီဘဲလိက လော့ကတ်သီးလေးကို ပြန်ပိတ်ကာ ဘေးသို့ ဖယ်ပစ်လိုက်သည်။ ထို့နောက် ရာဂျာ၏ လက်ဆောင်ထုပ် ကို ဖွင့်ကြည့်လိုက်သည်။ ဆာရီးလေးတစ်ထည်။
စိမ်းပြာရောင်ပိုးထည် နုနုရွရွလေး တွင် ရွှေရောင်ဖောက်ထားသည်။ အလင်းရောင်အောက် တွင် ဖိတ်လက်နေ သည်။ ကိုင်လိုက်တော့ သူ့လက်ထဲတွင်ပင် ပျော်ကျသွားမလား အောက် မေ့ရသည်။ ထို့နောက် ကိုယ်လုံးပေါ် မှန်ကြီးရှေ့တွင် ဆာရီလေးကို ခြုံကြည့်သည်။ သူ့ခန္ဒာကိုယ် သွယ်သွယ်လျလျလေးနှင့် လိုက်ဖက်လွန်းနေ၏။
မှန်ထဲတွင် မြင်နေရသော မိန်းကလေးကို သူသိပ်ချစ်မိသွားပြီ။

မှန်ထဲတွင် ရုပ်ပုံလွှာကား အိန္ဒိယ မင်းသမီးလေး။
အိန္ဒိပြည်တွင် ရာဂျာနှင့် အတူယှဉ်တွဲကာ ကျောက်သားခန်းမကြီးထဲတွင် လမ်းလျှောက်နေ ကြသည်။ ရံရွေတော်များက တစ်ဖက်တစ်ချက်တွင် ရပ်ပြီး ခေါင်းညွှတ် အရိုအသေ ပေးနေ ကြသည်။
ရာဂျာ က ဘုရင်၊ သူက မိဖုရား။
အိန္ဒိယဘုရင် ရာဂျာနှင့် အမေရိကန် မိဖုရားလေး တစ်ပါးပေါ့လေ။
မိုးကား သည်းလှသည်။ ကမ္ဘာမြေပြင်ကို ဒေါမာန်ကြီးကြီးနှင့် ရိုက်ပုတ်နေသည်။ ရာဂျာသည် ဂျိုးဇက် ကို မေးခဲ့သည်။
ဟုတ်တယ်လေ ကျွန်တော်က ဟိန္ဒူပေါ့။ ဒါပေမဲ့ မူစလင် သူငယ်ချင်းတွေ အများကြီးရှိပါ တယ်။
ထိုအချိန်မှစ၍ ဂျိုးဇက်သည် ရာဂျာအခန်းသို့ မကြာခဏလာကာ အိန္ဒိယလွတ်မြောက်ရေး တိုက်ပွဲတွင်းက ပါဝင် ခဲ့သော မူစလင်သူရဲကောင်းများအကြောင်း နားထောင်တတ်သည်။ ဥပမာ ခန်ညီနောင်အကြောင်း။

ဒေါက်တာခန်ဆာဟစ်သည် လန်ဒန်တွင်ဆေးပညာသင်ကြားပြီးနောက်ပိုင်းတွင် နိုင်ငံရေး လောကထဲသို့ ခြေစုံပစ်ဝင်ခဲသူ ဖြစ်၏။ သူ့ကိုဗြိတိသျှတို့က နေရူးတို့နှင့်အတူ ထောင်ချခဲ့၏။ သူ့အစ်ကိုကား အရပ်ခြောက်ပေ သုံးလက်မရှိသော ခန်အဗဒူဂန်ဖာခန်ဖြစ်သည်။ ထိုသူ သည်ရှပ်အင်္ကျီအနီဂိုဏ်းကို နယ်စပ်ဒေသတွင် ထူထောင်ခဲ့သူဖြစ်၏။ သူ၏ ပထန် ဂုဏ် ဆောင်တပ်နှင့် ဂန္ဒီရှေ့တန်းတပ်တို့မှာ နာမည်ကြီး၏။
"ကဲ နှစ်ပြားတန်ဆိုင်တွေရှိတဲ့ ရပ်ကွက်တော့ ရောက်ပကွ"
ဂျိုးဇက်စကားသံကြားတော့မှ ရာဂျာ၏အတွေးစများ ပြတ်သွားသည်။
ရာဂျာ တို့သည် ဆိုင်တစ်ဆိုင်ထဲသို့ ၀င်လိုက်ကြသည်။ ဆိုင်ထဲတွင်ကား ညစ်ပတ်ရှုတ်ပွနေ သည့် အပေါစား ခေါင်းလိမ်းဆီနံ့၊ ပြောင်းဖူးဖုတ်နံ့၊ ဆေးနံ့၊ သကြားရေချိုနံ့ ၊ကော်ဖီနံ့၊ ပုတ်စော်နံသောအနံ့၊ မိုးစိုနေသော ထီး၊ မိုးကာအင်္ကျီ အနံ့တို့သည် ထောင်းထောင်းထနေ၏။

ဆိုင်ထဲတွင်ကား အပေါစားပစ္စည်းမျိုးစုံကို တွေ့ရသည်။ ဈေးသည်မ ငယ်ငယ်လေးများသည် ရာဂျာကို စိုက်ကြည့်နေကြ၏။ ဈေးဝယ်သူအများစုကတော့ မိန်းမများ၊ ကလေးများ၊ မြေပဲ စက်မှ အလုပ်မား အချို့ကိုလည်း တွေ့ရသည်။
လူဖြူအချို့လည်းပါသည်။ သို့သော် လူနည်းစု။
အစားအသောက်ရောင်းသော ကောင်တာသို့ ရောက်လာသောအခါ ရာဂျာ က ကော်ဖီ သောက်မည် ဟု ပြောလိုက်သည်။
"ကျွန်တော့်ဘေး မှာ လာထိုင်ပါဗျ"
ရှောင်ဖယ်ဖယ်လုပ်နေသော ဂျိုးဇက်ကို ကုလားထိုင်ထိုးပေးလိုက်သည်။
"လာပါ့မယ်ဗျ၊ လာပါ့မယ်"
ဂျိုးဇက်ကလည်း ထိုင်ချလိုက်သည်။

အစားအသောက် ချပေးသောသူကား အရောင်းဈေးသည်မလေးများကဲ့သို့ ငယ်ရွယ်သူမ ဟုတ်။ ဆံပင်ဖွေးနေသော အဘွားကြီး။ သူသည် မျက်မှန်ထဲမှ စူးစိုက်ကြည့်လိုက်ပြီးနောက်။
"အလိုဘုရားရေ နီဂရိုးညီနောင်ပါလားဟ ဒီမှာနင်တို့က ဘာလာလုပ်သတဲ့တုန်း"
"ကျွန်တော် က နီဂရိုးရာမဟုတ်ပါဘူး၊ အိန္ဒိယလူမျိုးပါ"
" ဘာလူမျိုး တုန်း ထပ်ပြောစမ်းပါဦး"
"အိန္ဒိယပြည်က အိန္ဒိယလူမျိုးလို့ ပြောနေတာပါ"
"အေးလေ ဘာပဲဖြစ်ဖြစ် နင်လည်း အသားမည်းတာပဲ မဟုတ်လား"
ရာဂျာ က တုန်လှုပ်လွန်းသဖြင့် စကားပြန်ပင် မပေးနိုင်တော့။ ဂျိုးဇက်ကတော့ ပြုံးလို့သာနေ  သည်။

"မင်းကကော အိန္ဒိယလူမျိုးပဲလား"
အဘွားကြီးက ကျယ်လောင်စူးရှစွာပင် အော်လိုက်ပါတော့သည်။
"မန်နေဂျာ၊ မန်နေဂျာ၊ မစ္စတာရှဲလ်၊ လာစမ်းပါဦး"
လူပုပု ကျစ်ကျစ်တစ်ယောက် အခန်းထဲမှ ထွက်လာသည်။ လူသေးသော်လည်း အတော်မာ ပုံရသည်။
"လိုက်ဝိန်တန်း လက်ဝှေ့ချန်ပီယံလားမသိဘူးကွ။ သတိနော်"
ဂျိုးဇက် က ရာဂျာကို တီးတိုးသတိပေး၏။
"ဘာဖြစ်ကြတာတုန်းဟ"
သူက အဘွားကြီးကို မေးလိုက်သည်။

"သူတို့၊ သူတို့"
အဘွားကြီးက ညွှန်ပြလိုက်သည်။
"မင်းတို့ နီဂရိုးနှစ်ယောက် ဘာလာလုပ်တာလဲကွ"
"ကျွန်တော်က နီဂရိုး မဟုတ်ပါဘူး၊ အိန္ဒိယလူမျိုးပါ"
ရာဂျာက ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေသည်။
"ဒါဆိုနိုင်ငံကူး လက်မှတ်ပြစမ်း၊ ငါက မင်းတို့နိုင်ငံသားတွေကို မစော်ကားချင်ပါဘူး။ ကဲ နိုင်ငံကူးလက်မှတ် သာပြပါ" "ကျွန်တော့် နိုင်ငံကူးလက်မှတ် ပါမလာဘူးဗျ"
“ဒီလိုဆိုရင် မင်းဟာအိန္ဒိယလူမျိုးဆိုတာ ငါ့ဘယ့်နှယ့်ယုံရမလဲကွ”
“ကျွန်တော် ပြောနေပြီပဲ၊ ကျွန်တော်ပြောရင် ယုံပေါ့ဗျာ”
ရာဂျာ ၏ အသံ မှာ စိတ်မရှည်သံ။ လူ့မလိုင်လွှာမှ ခပ်တင်းတင်းအသံမျိုး။

ထိုအခါ ရှဲလ်သည် အံ့အားသင့်သွားသည်။ သို့သော် ချက်ချင်းမျက်နှာထားပြင်ပစ်ပြီး ဂျိုးဇက်ကို လက်ညှိုး ထိုးကာ- “ဒီကောင်နဲ့ ဘာလာလုပ်ကြတာလဲ”ဟု မေး၏။
“သူက ကျွန်တော့်သူငယ်ချင်းပဲ” ရာဂျာက ပြန်ဖြေ၏။
“မင်း ဒီလိုကောင်မျိုးတွေ နဲ့ သူငယ်ချင်းလုပ်ရင်တော့ မလွယ်ဘူး” ဆိုပြီး ဂျိုးဇက်ကို သူကပြောလိုက်သည်။
“ဒီက စည်းကမ်းတွေ မင်းနားလည်တယ်မဟုတ်လား။ မင်းအစားအသောက်စားချင်ရင် ကိုယ့်ဖာသာကိုယ် သွား ယူစားပေါ့။ ထိုင်မစားရဘူး၊ မှာမစားရဘူးဆိုတာ နားမလည်ဘူး လား။ မြန်မြန်စား မြန်မြန် ထွက်သွားရတယ် ဆိုတာ မသိဘူးလားကွ”
ဂျိုးဇက် ကတော့ မလှုပ်။ ကျောက်ရုပ်တစ်ခုလိုပင် ငြိမ်နေသည်။ သူ့မျက်နှာပေါ်က အပြုံးရပ် ကား ဘာဆိုဘာမှ ခံစားချက် မရှိသော အပြုံးမျိုး။

“မင်းမျက်နှာထား ပြင်စမ်းကွာ။ ငါဆွဲထိုးမိလိမ့်မယ်”
ရာဂျာ က ကြားဝင်မဖျန်ဖြေမီမှာပင် ရှဲလ် ၏ လက်သီးက ဂျိုးဇက်မျက်ခွက်သို့ ရောက်သွား ၏။ နောက်လက်သီးတစ်လုံး ကား ရာဂျာမျက်နှာကို ဖြတ်ထိုးလိုက်၏။ ရာဂျာကား ထူပူသွား ၏။ ဒီိလိုကောင် ကများ ငါ့ကို ထိုးသတဲ့လား ဟု ထောင်းခနဲ ဒေါပွသွားကားတရူးထိုးပြေးဝင် တိုက်လိုက်တော့၏။ ဂျိုးဇက်က လျှင်သည်။ သူတို့နှစ်ယောက်ကြားသို့ဝင်ကာ ဖျန်ဖြေတော့ ၏။ ဒေါသရှေ့ မထားကြပါနဲ့ ဗျာ၊ အေးအေးဆေးဆေး ပြောကြ ပါနော်”
“ငါက ဒုက္ခမပေးချင်ပါဘူး၊ ဘာဒုက္ခမှ မပေးချင်ပါဘူး၊ မင်းဟာ အိန္ဒယလူမျိုးဆိုရင် နောက် တစ်ခါလာ ရင် နိုင်ငံကူးလက်မှတ်ပါယူခဲ့။ ဟောဒီမျက်နှာမည်းကတော့ နောင်ကို မင်းမျက် နှာ မည်းမည်းသဲသဲကို ငါ ထပ်မကြည့် ချင် ဘူးဆိုတာ မှတ်ထားလိုက်”
“ပြောနိုင်ပါတယ်ဗျာ ပြောနိုင်ပါတယ်”
မန်နေဂျာ က ဂျိုးဇက် ကို ထိုးရန်လက်သီးရွယ်လိုက်ပြန်သည်။

“ကဲ ထိုးရဲရင်ထိုးလိုက်စမ်း၊ ထိုးလိုက်စမ်း၊ နင်ထိုးတာနဲ့ နင့်ခေါင်းအကွဲပဲသာ မှတ်တော့”
ရာဂျာက လှည့်ကြည့်လိုက်သည်။ မိုးကာအင်္ကျီအညို၊ လည်ရစ်အနီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး က သူ့ထီးကြီး ကို ရွယ်ထားလိုက်သည်။
“နင့်ကို ပြောနေတာပဲ၊ နင့်ခေါင်းကို ငါခွဲပစ်မယ်ပြောနေတာ”
သူက ရှဲလ် ကို ပြောလိုက်၏။
ဆိုင်ထဲမှ ဈေးဝယ်သူများမှာ အုပ်စု ၂ စုကွဲသွားသည်ကို ရာဂျာသတိထားလိုက်မိသည်။ စစ် တပ်ကြီးနှစ်တပ် တို့ သည် ရန်စောင်နေကြပြီ။ ယောက်ျားများကားမလာ။ အမျိုးသမီးများနှင့် ကလေးများသာများသည်။ အဖြူနှင့် အမည်း တို့၏ တိုက်ပွဲကြီး။ မန်နေဂျာမူ လန့်သွားသည်။
“ရန်မဖြစ်ကြပါနဲ့ကွာ။ ရန်မဖြစ်ကြပါနဲ့။ အုပ်စုခွဲလိုက်ကြပါ။ ပြန်ကြပါ။ ပြန်ကြပါ။ ပြန်ကြပါ ခင်ဗျား။ ကျွန်တော်တောင်းပန်ပါတယ်”
“တို့လည်းသွားစို့ကွာ ကလေးတွေနဲ့ မိန်းမတွေချည်းပဲ အေးအေးဆေးဆေး နေလိုက်ကြတာ ပေါ့နော်”
ဂျိုးဇက်က ရာဂျာအားပြောလိုက်သည်။ ထို့နောက် ဂျိုးဇက်သည်လည်းစည်းနီနှင့် အမျိုး သမီးကြီး ကို  နှုတ်ဆက်သည်။

“အစ်မကြီးရဲ့သတ္တိကို တကယ်ချီးကျူးပါတယ်ဗျာ”
“ကျေးဇူး တင်စရာ မလိုပါဘူးကွယ်၊ မလိုပါဘူး”
အစ်မကြီး က ပြန်ပြောသည်။ သို့သော် သူ့မျက်နှာရိပ်တွင်တော့ ကျေနပ်မှုအရိပ်အယောင် များ က ပြည့်လျှမ်းနေ သည်။
“ကျွန်တော် အစက မယုံမိဘူးခင်ဗျာ၊ လူတိုင်းက ခဏခဏ ပြောခဲ့ပေမယ့် မယုံခဲ့မိဘူး” ရာဂျာ ကပြောသည်။
“သူများတွေပြောတာ မယုံဘူး ဟုတ်လား”
“ဟုတ်တယ်၊ အရင်က မယုံမိဘူးကွာ”
“ခုတော့ ယုံပြီမဟုတ်လား၊ ဒါပဲ စာတွေ့နဲ့ လက်တွေ့ကွာတယ်ဆိုတာ၊ ဘယ့်နှယ့် မင်းမျက်နှာ အနာတော့ သက်သာ ရဲ့လား”
“မနာပါဘူးကွာ”
“ဒါကို မင်းဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူးနော်”
“ဘယ်မေ့မလဲကွာ၊ တစ်သက်လုံး မမေ့တော့ဘူး”

ထိုနောက် ရာဂျာသည် သူ့အစ်ကိုဝမ်းကွဲတစ်ယောက် ခံခဲ့ရပုံကို ပြန်ပြောပြလိုက်သည်။

“အဲဒီလို အစ်ကိုကလည်းပြောရော၊ ကျွန်တော့်အဘိုးက ဆိုလိုက်ဆဲလိုက်တာကို မွှန်ရောဗျ၊ မင်းဟာ အရူးပဲ၊ အရင်ကလည်း ရူးတာပဲ၊ အခုလည်း ရူးတာပဲ၊ နောင်လည်း အမြဲရူးဦးမှာပဲ တဲ့”
“ခင်ဗျားကတော့ မရူးပါဘူး ရာဂျာ၊ ဒါပေမဲ့ ခင်ဗျားက ကြောက်တတ်တယ်ဗျ၊ ကြောက်တဲ့ အကြောင်းလည်း ရှိမှာပေါ့လေ၊ တိုက်ပွဲက အကြီးအကျယ် ဖြစ်တော့မှာကိုး။ တစ်ခါစဖြစ် လိုက်တာနဲ့ နောက်ဆုတ်လို့ရတာမှ မဟုတ်။ ခင်ဗျားကြောက်တာကို ကျွန်တော် အပြစ် မတင်ပါဘူး။ ခင်ဗျားက ဒီပြည်သားမှ မဟုတ်တာ၊ ခင်ဗျားက ထူးဆန်းလျှို့ဝှက်တဲ့နေရာ တစ်နေရာကို ခရီးလှည့်လည်နေတဲ့ ခရီးသွားပဲ၊ ဒါကြောင့်ရန်ပွဲက ခင်ဗျား ထွက်ပေါက်ရှိမှာ မဟုတ်တော့ဘူး၊ ထွက်ပေါက်ရှိမှာမဟုတ်တော့ဘူး”
ထိုညတွင် ရာဂျာသည် တစ်ယောက်တည်း တွေးနေမိသည်။ သူ့အနာတဂတ် အခြေအနေ ရှေ့ဆက် ဘယ်နည်း ဘယ်ပုံ စခန်းသွားရမည်ဆိုသည်များ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 24, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၉)

''ဘယ့်နှယ့်၊ ရှင်က ရှင့်အဖေကို မကြိုက်ဘူးလားဟင်''
''ကြိုက်တာပေါ့။ ကြိုက်သမျှ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ငါက သူ့ကို မနာလိုဖြစ်နေမိတယ်လို့ ထင်တယ်ကွာ'' ထို့နောက် သူက သူ့အိမ်အကြောင်း ပြောပြလိုက်သည်။ လူစီဘဲလ်က ငြိမ်ငြိမ်လေး နားထောင်နေ သည်။ သူ့ လက်ကမူ ရာဂျာ ၏ လက်မောင်းများကို တွယ်ချိတ် ထားသည်။ ရာဂျာက မိန်းမသား လက်နုနုလေး ၏ အတွေ့အထိ ကို ခံစားနေရသည်။ သူက ဒီလိုယုယကြင်နာမှုမျိုးကို လိုအပ်နေ ချိန်၊ တောင့်နေချိန်၊ မေတ္တာငတ်မွတ်နေချိန်တွင် ဒီလိုအပြုအမှုလေးကြောင့် တုန်လှုပ် သွားသည်။ အိန္ဒိယ လုံမပျိုလေး များက ဒီလို ဘယ်တော့မှ လုပ်ရဲကြမည်မဟုတ်။ ထို့နောက် သူ့ဖာသာသူ သဘောကျပြီး ရယ်ချ လိုက်သည်။
ကို ဆက်ဖတ်ရန်...........

''ဘာဖြစ်လို့ ရယ်တာလဲ ဟင်''
''သြော်၊ သိပ်ပြီး ထူးဆန်းအံ့သြစရာကောင်းတဲ့ နေ့တစ်နေ့မို့ ပါကွယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်တွေ မှာ ရွှေတွေ၊ မြတွေ စီချယ်တဲ့ သရဖူတွေကို ဆောင်းထားလို့ပေါ့။ နောက်ပြီး မင်းဟာ ကိုယ့်နဲ့အတူ ရှိနေလို့ပါ။ မင်းဟာလေ သိပ်ပြီး ကြင်နာတတ်တဲ့သူပဲကွယ်။ ''အို ရာဂျာရယ်'' ရာဂျာက လူစီဘဲလ် ကို ပြုံးပြီးကြည့် လိုက် သည်။ သူကလေးခမျာတော့ မျက်ရည်တွေ ပင်လယ်ဝေလို့ပါလား။
''လူစီဘဲလ်၊ ဘာဖြစ်လို့ မျက်ရည်ကျတာလဲကွယ်။ ကိုယ်နဲ့ခုလို အတူတူရှိနေတဲ့ အချိန်ဟာ မင်းအဖို့ ဝမ်းနည်း စရာ ကောင်းနေလို့လားဟင်'' သူက ကုန်းပြီး နဖူးကလေးကို ဖွဖွလေးနမ်းလိုက်၏။ လူစီဘဲလ်ကမူ သူ့ပါးပြင်ဝယ် နှင်းဆီဖူးလေး တစ်ခု အသာအယာ ပွင့်အာလာသလို ခံစားလိုက်ရလေသည်။
ပျော်ရွှင် ကြည်နူးမှု လွှမ်းခြုံထားသော သူတို့နှစ်ဦးသည် ဖြည်းညင်းစွာ အိမ်ပြန်ခဲ့ကြသည်။

နောက်ထပ် တစ်ပတ်ခန့်ကြာသောအခါ ရာဂျာသည် ဒေါက်တာ အေမိစ်ထံမှ စာတိုလေးတစ်စောင် ရခဲ့သည်။
''ပါမောက္ခဆော်လမွန်ဒင်တန်နဲ့ မင်းတို့တွေ့ဖို့ ငါစီစဉ်ပြီးပြီ။
၁၁နာရီ မှာ တွေ့မယ်။ ခုလောလောဆယ်တော့ မင်း ဘန်နီကာမှာပဲ နေသင့်တယ်လို့ ငါထင်တယ်ကွာ။
ရာဂျာက အံ့သြနေသည်။ ဘာအဓိပ္ပာယ်မှန်းလည်း သူမသိ။
၁၁ နာရီ ထိုးသောအခါ ဒေါက်တာဒင်တန်နှင့် သွားတွေ့သည်။ ဒေါက်တာဒင်တန်သည် ဟာဗက်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ယေးလ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ဟားဗက်မှ ဒေါက်တာဘွဲ့များ ရရှိခဲ့သူဖြစ်ကြောင်း သူ့အခန်းထဲ တွင် ချိတ်ထားသော ဘွဲ့လက်မှတ်များအရ သိနိုင်သည်။ ဒေါက်တာဒင်တန်သည် အရပ် ၆ပေ၊ ၃ လက်မမျှ အရပ်မြင့်သူဖြစ် သည်။

သူ့ကို တွေ့သောအခါ ထိုင်ခိုင်းလိုက်သည်။
''ရာဂျာ မင်းနဲ့ ခုလိုတွေ့ရတဲ့ ကိစ္စကတော့ မင်းပြုစုရမယ့် ကျမ်းနဲ့ပတ်သက် လို့ ဆွေးနွေးချင် လို့ပါပဲ။ ဒေါက်တာအေမိစ်က ညွှန်းတာတော့ ဝှစ်တမန်းနဲ့ တဂိုးအကြောင်း တစ်ခုခုပြုစုဖို့ပါပဲ။ အဲဒီအကြံ သိပ်ကောင်း ပါတယ်။ မင်းအနေနဲ့တော့ စိတ်ထဲ ရည်ရွယ်ထားတာ ဘာများ ရှိသလဲ ပြောစမ်းပါဦး''
''ဝှစ်တမန်းနဲ့ ဂုရုဒက်ဖ် နှိုင်းယှဉ်ပြီး ရေးရတာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်ပါတယ်ခင်ဗျ။
''ဂုရုဒက်ဆိုတာ ဘယ်သူလဲကွ'' ''သြော်၊ ဒါက ကျွန်တော်တို့ တဂိုးကို ဂုဏ်ပြုခေါ်ဝေါ်တဲ့ အမည်ပါ။ ဂုရုဆိုတာကတော့ ဆရာကြီးလို့ အဓိပ္ပာယ်ရပြီး။ ''ဒက်''ဆိုတာကတော့ ထာဝရဘုရားလို့ အဓိပ္ပာယ်ရပါတယ်''
''သြော် သြော် ဆက်ပြောပါဦးကွယ်'' ''တဂိုးက ၈၆၁ ခုနှစ်မှာ မွေးတယ်။ အဲဒီအချိန်မှာ ဝှစ်တမန်းကတော့ အတော်ထင်ပေါ် ကျော်ကြားနေတဲ့အချိန်။ ဒါကြောင့် သူတို့ကို ခေတ်ပြိုင်လို့ မပြောနိုင်ပေမယ့်။ သူတို့နှစ်ယောက် မှာ  တူညီချက်တွေ တော်တော်များများ ရှိနေပါတယ်။

''ဘာတွေ တူတာလဲ ပြောစမ်းပါဦး''
''သူတို့နှစ်ယောက်စလုံးဟာ ဘာသာဝေါဟာကြွယ်ဝတဲ့ နေရာမှာတူတယ်။ လူမှုရေး နိုင်ငံရေး ပြဿနာတွေကို ရင်ဆိုင်ရာမှာ တူတယ်။ ကျော်ကြားတဲ့ ကဗျာဆရာကြီးတွေ ဖြစ်ရာမှာ တူတယ်လေ''
''တဂိုးသုံးတဲ့ ကဗျာဟန်နဲ့ ဝှစ်တမန်းနဲ့ကော တူတယ်ထင်သလားကွ''
''ဒါတော့ ဘယ်တူမလဲခင်ဗျ။ တဂိုးက သူ့မိခင်ဘာသာဖြစ်တဲ့ ဘင်္ဂလားဘာသာက သီချင်းတွေ။ ကဗျာတွေရဲ့ အငွေ့အသက်ယူပြီးရေးတာပဲ။ နောက်ပြီး သူက အိန္ဒိယပြည်မှာ မွေးတဲ့သူ၊ အမေရိကန်ပြည်မှာ မွေးတဲ့သူမှ မဟုတ်တာ။
သူတို့ နှစ်ယောက် ဆွေးနွေးပွဲသည် အတော်ကြာသွားသည်။ လူဝီနှင့်တွေ့သောအခါ ''ဒင်တန်'' အကြောင်း ပြောမိ သည်။
''သူ့ညီမနဲ့ ကျွန်တော်အမေက စက်ရုံတစ်ရုံတည်းမှာ အတူတူလုပ်ဖော်ကိုင်ဖက်ပေါ့။ ဒါကြောင့် သူနဲ့ ကျွန်တော်နဲ့ ရင်းနှီးခဲ့တာ ကြာပါပြီ။ သူက ပါမောက္ခဆိုပေမယ့် ကျွန်တော်နဲ့သူက သူငယ်ချင်းလိုပဲ ဆက်ဆံကြပါတယ်။ ကျွန်တော်အမေ ကတော့ စက်ရုံသေးသေးလေးတစ်ခုမှာ အလုပ်လုပ်တာ အခုဆို အနှစ် နှစ်ဆယ်ကျော် သွားပြီလေ။

''ခင်ဗျား အဖေကတော့''
''ကျွန်တော်အဖေကို တစ်ခါမှ မမြင်ခဲ့ပါဘူး။ ကျွန်တော်တို့ကို မမွေးခင်မှာပဲ အဖေသေသွားပြီလို့ အမေ က ပြောပါတယ်။ အဲဒါ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ ''မွေးချင်းက ခင်ဗျားတစ်ယောက်တည်းလား'' ''မဟုတ်ဘူး၊ အစ်ကိုသုံးယောက်ရှိသေးတယ်။ တစ်ယောက်က ဒက်တရွိုက် မော်တော်ကားစက်ရုံမှာ လုပ်တယ်။ တစ်ယောက်ကတော့ ဆန်ဖရန်စစ္စကိုက  ကုန်တင်ကုန်ချ အလုပ်သမား။ တစ်ယောက်ကတော့ အမှိုက်ကျုံးသမား။ ''ဘာကျုံးတဲ့သူလဲကွ၊ ပြန်ပြောစမ်းပါဦး။
ရာဂျာ သည် မယုံနိုင်လွန်းသဖြင့် ထပ်မေးလိုက်သည်။ သူ့အသံပင် တုန်နေသည်ကို သတိပြုမိ၏။
''ကြားတယ် မဟုတ်လား။ အမှိုက်ကျုံးသမားဆိုတာလေ။

ရာဂျာလို ဗြဟ္မဏမျိုးနွယ်တစ်ဦးသည် အမှိုက်ကျုံးသမား တစ်ယောက်၏ ညီနှင့်မှ အခန်းချင်းချင်းတူတူ လာနေရပြီကော။ ရာဂျာသည် သူ့အဖေ၏ ဒေရာဒန်ရှိ နွေရာသီစံအိမ်ကို သွားသတိရသည်။ ထိုအိမ် တွင် ရေပိုက်လိုင်း များ သွယ်မထား။ နံနက်နှင့် ညနေပိုင်းတိုင်း နောက်ဖေးဇလားများကို သိမ်းကြရသည်။ အညစ်အကြေး သန့်ရှင်းသူများသည် နောက်ဖေးတံခါးမှ ဝင်ကာ၊ ရေချိုးခန်းထဲမှ ဇလားများကို ယူကြရသည်။ ထိုအထဲတွင် မိန်းကလေးတစ်ယောက်တည်း ပါသည်။ ထိုမိန်းကလေးမှာ ငယ်ငယ်ရွယ်ရွယ် လှလှပပလေး။ ရာဂျာ သည် ထိုမိန်းကလေးကို  မြင်တိုင်းပင် ရွံ့သဖြင့် ကြက်သီးဖျန်းဖျန်း ထမိခဲ့သည်။ ဝေးဝေး ကလည်း ရှောင်သည်။ အနားသို့ အကပ်မခံ။ မိလ္လာသိမ်းသူများ။ အမှိုက်ကျုံးသူများမှာ တစ်တန်းစားတည်း။

အယုတ်ညံ့ဆုံး အတန်းအစားများ။ ''ငါ ဒီကိုဘာဖြစ်လို့ ရောက်လာတာပါလိမ့်။
စိတ်ထဲက ညည်းလိုက်သော ရာဂျာ့အသံသည် အပြင်သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
''ဘယ်သူက ခင်ဗျားကို လာခိုင်းလို့လဲဗျ။ လူဝီကလည်း ပြန်ပြော၏။ ရာဂျာ၏ ပါးကြောနားကြောများ တင်းကုန်သည်။ မျက်လုံးများမှာ မီးဝင်းဝင်းတောက် နေကြသည်။ ဘာတစ်ခု မှ ပြန်မပြောနိုင်။ ''ဘာဖြစ်တာလဲဗျ။ ကျွန်တော်က ဘာပြောမိလို့ ခင်ဗျားမျက်နှာက ခုနစ်အို၊ ရှစ်အိုကြီး ဖြစ်သွား ရတာလဲ၊ မှန်မှန်ပြောစမ်းဗျာ၊ လှည့်ပတ်တော့ မပြောနဲ့နော်။
သူက လူဝီကို ပြန်ရှင်းပြရသည်။ သူသည် ဗြဟ္မဏဇာတ်မျိုးဖြစ်ကြောင်း၊ အိန္ဒိယတွင် အမြင့်ဆုံး အမြတ်ဆုံး ဇာတ်ဖြစ်ကြောင်း။ ထိုဇာတ်မျိုးနွယ်ဝင်များသည် ဆရာသော်လည်းကောင်း၊ ဘုန်းကြီး သော် လည်းကောင်း၊ ဖြစ်ကြရကြောင်း။ထိုဇာတ်မျိုးနွယ်များ အောက်တွင်ကား လူအဖြစ်ပင် အသိ အမှတ်၊ ပြုခြင်း မခံရသော ဇာတ်နိမ့်အဖွဲ့ဝင်များ။ ထိုဇာတ်နိမ့်တို့ကမူ သားသတ် သမား မိလ္လာသမား အမှိုက်ကျုံး သမားများသာ ဖြစ်ကြောင်း၊ ဝမ်းဆွဲဆရာမအလုပ်၊ သုဘရာဇာအ လုပ်တို့ကိုလည်း ဇာတ်နိမ့်များသာ လုပ်ကြ ရကြောင်း၊ ဘယ်သူကမှ ကလေးမွေး သည့် အလုပ် ကိုလည်းကောင်း။

 လူသေအလောင်းများကိုလည်းကောင်း၊ မကိုင်တွယ်ချင်ကြကြောင်း။ သူတို့ကို မြို့ပြင် တွင်သာ နေထိုင်စေ ခဲ့ကြောင်း၊ သူတို့ နှင့် ဗြဟ္မဏမျိုး တစ်ယောက်ယောက်၊ မတော်တ ဆထိမိ ခိုက်မိလျှင်ပင်၊ ချက်ချင်း အိမ်ပြန်ကာ ရေချိုးပြီး ဆုတောင်း အာပတ်ဖြေ ရကြောင်းများ။
ရာဂျာပြောနေသည်များ ကို လူဝီသည် ဆေးတံခဲရင်းနှင့် တည်ငြိမ်စွာ နားထောင်နေသည်။
''ဒါဆို ရာဂျာနယ်၊ ခင်ဗျားလို ဗြဟ္မာဏမျိုးနွယ်ဟာ ခုတော့ ဇာတ်နိမ့်တွေကြားထဲ ရောက်နေရပြီလား။ ကျွန်တော် တို့ကို ဒီ တိုင်းပြည် ကလည်း ဇာတ်နိမ့်တွေလို့ ဝိုင်းပယ်ထားကြတာပါဗျာ။
လူဝီမျက်လုံး တွင် မျက်ရည်များ ရစ်ဝဲနေသည်ကို ရာဂျာ တွေ့လိုက်လေသည်။

''ဟုတ်ပါတယ်ရာဂျာ၊ ကျွန်တော်တို့ဟာ ဒီပြည်က ဇာတ်နိမ့်တွေပါ။ ကျွန်တော်တို့ကို လူဖြူတွေက မသတီကြ ပါဘူး။ ကျွန်တော်တို့ အနားရောက်လာရင် လူဖြူတွေက ဘေးကို ရှဲကုန်ကြရော။ သူတို့နဲ့ ထိမှာခိုက်မှာ သိပ်ကြောက်ကြတယ်။ ကျွန်တော်တို့ရဲ့ အရိပ်အယောင်တောင် သူတို့လမ်းပေါ် အကျမခံချင်ကြပါဘူး၊ နောက်ပြီး အယုတ်ညံ့ ဆုံးလို့ သူတို့သတ်မှတ်ထားကြတဲ့ အလုပ်တွေကို ဘယ်သူတွေ လုပ်ကြသလဲ။ ကျွန်တော တို့ပဲ လုပ်ကြ ရပါတယ်ဗျာ။ အမဲသတ် သမား။ငါးစိမ်းသည်တွေဟာ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ပဲ။ ဆပ်ပြာစက်တွေ၊ တာပင်တိုင စက်ရုံတွေမှာ ငရဲမီးတွေနဲ့ လူးနေကြရတာ ဘယ်သူတွေလဲ၊ လူဖြူတွေ လုပ်ချင်ကြတဲ့ အလုပ်အားလုံး ကျွန်တော်တို့လုပ်ကြ ရပါတယ်။ လူမည်းတွေထဲက ကျွန်တော်တို့လို အဆင်မြင့် တယ် ထင်တဲ့ လူတွေတောင် အမှိုက်ပုံပေါ် ထိုင်နေကြရတဲ့ အဆင့်ပါ။ ကျွန်တော်တို့ဟာ မစင်ပုံပေါ် ကဧကရာဇ် တွေပါပဲဗျာ။

လူဝီသည် ခေါင်းကို လက်များဖြင့် အုပ်ထားလိုက်သည်။ သူ့ကိုကြည့်ပြီး ရာဂျာတစ် သက်တာတွင် တစ်ခါမလုပ်ဖူးသေးသော အလုပ်တစ်ခုကို ယခုပထမဆုံး လုပ်တော့ရန် ဆုံးဖြတ်လိုက်မိတော့သည်။
ဒီရောက်ပြီး မှ ပထမဆုံးအကြိမ် ကိုယ့်အဝတ်ကိုယ် ဘီဒိုထဲ ထည့်ဖူးသည်။ ကိုယ့်ဖာသာ ကိုယ် ပထမဆုံး လုပ်တော့ရန် ဆုံးဖြတ်လိုက်မိတော့သည်။
ဒီရောက်ပြီး မှ ပထမဆုံးအကြိမ် ကိုယ့်အဝတ်ကိုယ် ဘီဒိုထဲထည့်ဖူးသည်။ ကိုယ့်ဖာသာကိုယ် ပထမဆုံး အစားအသောက် ယူစားဖူးသည်။ ပထမဆုံးအကြိမ် ကိုယ့်အခန်းကိုယ် ရှင်းဖူးသည်။
ယခုလည်း သူပထမဆုံးအကြိမ် လူဝီအား တောင်းပန်သမှု ပြုရပေတော့မည်။

''ကျွန်တော် ဝမ်းနည်းပါတယ် လူဝီရယ်။ ကျွန်တော်ဟာ အနာထဲ ဆားပက်တဲ့ သဘောမျိုး ရောက်သွားမယ်လို့ အစ က မထင်မိလို့ပါဗျာ။
လူဝီအား လက်ကမ်းပေးပြီး တောင်းပန်လိုက်သည်။
''ဒါက အရေးမကြီးဘူးဗျာ၊ ကျွန်တော်တို့ အဖို့တော့ ဒီပြဿနာမျိုးတွေ အမြဲတမ်း ရင်ဆိုင်နေကျပါ၊ ခုလို မကြေညာတဲ့ စစ်ပွဲကြီးလို ဖြစ်နေတဲ့ ပြဿနာကြီး မပျောက်သေး သရွေ့ ဆက်ပြီး ဆားအပက် ခံနေကြရဦးမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်ဗျာ။
လူဝီက ဖြည်းညင်းစွာ ပြောခဲ့လေသည်။

 ၉

ကျောင်းသားလပ်ရက်တိုင်းမှာရာဂျာမှာ မအားနိုင်အောင်ပင် ဖြစ်နေရသည်။ ဘန်နီကာ မှ ကျောင်းသူကျောင်းသား များ က သူ့ကို ပစ်ကနစ်ဖိတ်လိုက်၊ ပါတီဖိတ်လိုက်၊ ဘတ်စကတ် ဘော ပွဲ၊  ဘောလုံးပွဲ ဖိတ်လိုက်နှင့် ရာဂျာသည် အားလုံးကို လိုက်လျောကာ သွားလာနေရ ၏။
လပြည့်ည တစ်ညတွင်ကား အနီးအနားမှ ပင်လယ်ကမ်းခြေ သောင်ပြင်တစ်ခုသို့ ပျော်ပွဲစား ထွက်ခဲ့ကြသည်။
ရာဂျာ အဖို့မူ အလွတ်လပ်ကြီး လွတ်လပ်နေ၏။ တစ်ခါမှ လူအုပ်စုနှင့် လွတ်လွတ် လပ်လပ်မသွားလာဖူးခဲ့။
ဖိနပ်မပါဘဲ စိုစွတ်သော သဲသောင်ပြင်တွင် လမ်းလျှောက်ရသည့် အရသာမှ ထူးကဲလွန်း လှ၏။
သူသည် ယခင်က ပင်လယ်ပြင်ကို နီးနီးကပ်ကပ် တစ်ခါမှ မမြင်ဖူးခဲ့။ ခုတော့ သောင်ပြင်ပေါ်တွင် မတ်တတ် ရပ်ရင်းနှင့် ရှေးခေတ်က အိန္ဒိယစစ်သားများသည် အလက်စန္ဒြီးယား၊ အေသင်နှင့် ရောမမြို့များသို့ အဝေးကြီး လာရောင်ကြကာ ရေမွှေး၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်များ သယ်ဆောင်လာကြပုံကို သတိရ တွေးတောနေ မိ၏၊

ကမ်းခြေကို ဒေါသတကြီး တိုက်ခတ်နေကြသော လှိုင်းလုံးများကို ကြည့်ရင်း အနီးအနားတွင် သူတစ်ယောက် တည်း မဟုတ်ကြောင်း ခံစားသိရှိလာမိသည်။ ခြေသံကြား၍ကား မဟုတ်၊ အလိုလိုသိလာခြင်း။
သူက မလှုပ်မယှက်ပင် ရပ်နေသည်။ သူ့လက်ကို နူးနူးညံ့ညံ့ လက်ကလေးတစ်ဖက်က လာ ထိတွေ့သည် ကို ဘေးလက်လှည့် ကြည့်လိုက်သည်။ လူစီဘဲလ်ပါလား။  သူက ပွေ့ဖက်လိုက်တာ နမ်းလိုက်မိ၏။ လူစီဘဲလ်၏ နှုတ်ခမ်းပေါ်မှ ငန်ကျိကျိ ဆားအရသာလေးကိုပင် သိသွားရသည်။
ထိုနောက် တင်းတင်းကျပ်ကျပ် ကြီးပင် ဖက်လိုက်မိသည်။ ရှင် သိပ်သန်တာပဲနော်၊ ဒီလောက်သန်မှန်း အစက မသိဘူး လေသံလေးဖြင့် သူကပြောသည်။

ယောက်ျားပဲကွာ၊ ဒီလောက်တော့ အားရှိရမှပေါ့
လွတ်ထွက်သွားမှ စိုးသည့်အလား တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြန်သည်။ ထို့နောက် ဘာမပြောညာမပြော လက်တွေလွှတ်ချ လုက်ပြီး ပြောလိုက်သည်။ ငါတစ်ယောက်တည်း နေချင်တယ်ကွယ်၊ စဉ်းစားစရာတွေ ရှိနေလို့
လူစီဘဲလ်က ထွက်သွာကာ မီးပုံဆီသို့ ပြန်သွားခဲ့သည်။ မီးပုံဆီသို့ ဘယ်လိုကဘယ်လို ရောက်လာမှန်ုးပင် မသိ။ အသက်ရှုမှား လောက်အောင် မောပန်းနေခြင်းနှင့် ရိုးတွင်းချဉ်ဆီ ခိုက်အောင် ချမ်းနေခြင်း တို့ကိုသာ သိနေသည်။ သိပ်မီးပုံရှေ့မတိုး နဲလေ၊ လောင်သွားမှာပေါ့ လူဝီပြောသံကို ကြားလိုက်ရသည်။

သူက လူဝီကို ပြန်ကြည့်လိုက်သည်။ ချက်ချင်း စကားမပြောနိုင်၊ နောက်မှ ပြောလိုက်သည်။
မလောင်းနိုင်ပါဘူးဟာ၊ ငါတော့ မထင်ပါဘူး။
လောင်မယ်၊ လောင်မယ်၊ နင်တော့ လောင်မှာ သေချာတယ်။
လူဝီက ဒေါသသံဖြင့် ပြောသည်။ တကယ်လို့ မီးလောင်သွားတယ် ဆိုရင်လည်း ငါတော့ လောင်ရ ကျိုးနပ်တယ်လို့ ထင်တယ်ကွယ်။ နောက်ပိုင်းတွင် လူစီဘဲလ်သည် လူဝီ၏ သတိပေးစကားကိုသာ အဖန်အဖန်ကြား ယောင်နေမိသည်။ လူဝီခမျာ တော်တော် ခံစားနေရရှာမည်ကို သူသိပါသည်။ ထိုသို့သော ဖြစ်ရပ် ကို သူလည်း မလိုးလား၊ ဘာဖြစ်လို့လဲ ဆိုတော့ လူဝီကို သူကြိုက်ခဲ့၍၊ ချစ်ခဲ့၍။ သို့သော် ရာဂျာ ကို ချစ်ရပုံမျိုး နှင်တော့မတူပါ။ လူဝီသည် သူမှီပြီးရပ်နေသော ကျောက်ဆောင်နှင့် တူပြီး ရာဂျာကမူ မီးတောက် မီးလျှံနှင့် တူပါသည်။ ထိုမီးလျှံ၏ လောင်ကျွမ်းခြင်းကို သူခံရပေမည်။ လူဝီပြောတာ မှန်သည်။ ထိုအန္တရာယ် ကို သူသိသည်။ သို့သော် သူသည် တွန်းလှန်နိုင်စွမ်းကား မရှိပါချေ။

မိုးက နေ့စဉ်ရက်ဆက် ရွာနေသည်။ ရာသီဥတုကိုက ပူပုံပန်း၊ လွမ်းချင်ဖွယ်ရာ၊ တစ်နေကုန် ငိုပွဲဆင်ဖို့ပင် ကောင်းနေသော ရာသီဥတုမျိုး။ လူစီဘဲလ် အဖို့ကား ဓာတ်ခံလေး ကလည်း ရှိသဖြင့် ဆွေးချင် စဖွယ် ဖြစ်ရသည်။ ငိုချင်ရက် လက်တို့ပေးရော့ သလား ကိုရွှေမိုးရယ်။
နိုဝင်ဘာလ ကုန် တွင် ဘောလုံးပွဲ၊ ပွဲကြီးပွဲကောင်းတစ်ခု လာကန် ပိုပြင်းကျပ်နေမှာ စိုးလို့
လူစီဘဲလ် ကမူ သူ့စကားကို မသိကျိုးကျွံပြုပြီး ထပ်မေးပြန်သည်။ ငါတော့ နင်လာကြည့်စေချင်တယ် လူဝီရယ် ငါ မလာနိုင်ဘူး၊ အဲဒီအပတ် ရူပဗေဒကျောင်းသား ညီလာခံ ရှိသေးတယ်။ အဲဒါအတွက် မြောက်ပိုင်း သွားရဦး မယ်။

ပြန်တော့လာမယ် မဟုတ်လားဟင်၊ ပြန်လာပါနော်
ငါ အမြဲပြန်လာတဲ့ လူပါဟာ၊ ဒါကို နင်လည်း အသိသားပဲ၊ ဒါဟာလည်း နင့်အပေါ် သိပ်စွဲလန်းလို့ပါ။ ဒါပေမဲ့ ငါ့ကို အဝေးကိုတော့ သိပ်တွန်းမလွှတ် ပါနဲ့ကွာ ဘောလုံးပွဲကြည့်နေစဉ်တွင် လူစီဘဲလ်သည် ရာဂျာ၏ စိတ်မပါ လက်မပါ မထုံတက်တေး အမူအရာကို ကြည့်ပြီး လူဝီကို တမ်းတမိသည်။
ရာဂျာကမူ ဘောပွဲကို စိတ်မဝင်စားဘဲ သူ့ဖာသာသူ တွေးချင် ရာ တွေး၊ ငေးချင်ရာ ငေးနေ သည်။ ဘောပွဲမပြီးခင်တွင် မိုးစက်မိုးပေါက်လေး များသည် ဆီးနှင်းလေးများအဖြစ် ပြောင်းသွားတော့သည်။
ဆီးနှင်းပွင့် လေးများက ရာဂျာ၏ မျက်နှာပေါ်သို့ ကျလာသည်။
သူက လူစီဘဲလ်ကို လှည့်ကြည့်ကာ ဒါနှင်းပွင့်လေးတွေကွ၊ နှင်းပွင့်လေးတွေ ဟုအော်နေသည်။ ထို့နောက် မတ်တတ်ထရပ်ကာ လက်အိတ်များ ချွတ်ပြီး နှင်းပွင်းဖတ်လေး များကို လက်နှင့် ဖမ်းနေသည်။

လူစီ၏ဘဲလ်ရေ၊ နှင်းတွေကျနေပြီဟေ့
သူသည် အလွန်အမင်း ပျော်ရွှင်နေပုံရသည်။
လမ်းလျှောက်ပြန်လာရာတွင် တစ်လမ်းလုံး သူသည် နှင်းခဲတွေ ကို ကောက်လိုက်၊ မျက်နှာကို ပွတ်လိုက်၊ လျှာနှင့် ယက်ကြည့်လိုက်နှင့်။ ထို့နောက် သူသည် နှင်းခဲများကို စုလုံးပြီး နှင်းဘောလုံးများလုပ်ကာ လူစီဘဲလ်ကို ပစ်ပေါက် ကျီစယ်တော့သည်။ သိပ် အံ့သြစရာကောင်းတာပဲနော်၊ ကြည့်စမ်း နှင်းတွေကျနေ လိုက်တာ ပြောရင်းဆိုရင်း ရုတ်တရက် လူစီကို သိုင်းဖက်လိုက်သည်။ ထို့နောက် နှင်းများအောက် တွင် နှစ်ယောက်သား ဖက်ပြီး ကလိုက် ကြသည်။

ကျွန်မ ရာဂျာကို ချစ်တယ်ကွယ်
လူစီဘဲလ်က ရာဂျာအနားနား ကပ်ပြီး တီးတိုးသံဖြင့် ပြောဆိုလိုက်၏။
ကိုယ်လည်း မင်းကို ချစ်တာပါပဲကွယ်
တကယ်ပြောတာလားကွယ် ချစ်တယ်ဆိုသောစကား ရိုးရိုးလေးဖြင့် မတင်းတိမ်နိုင် သဖြင့် လူစီဘဲလ်က ထပ်မေးလိုက် ပြန်သည်။ မေယုကို စုတ်တံချီတာတို့ သမုဒ် မင်ရည်ချယ်တာတို့ဖြင့် သက်သေသက္ကရ များ ပြစေချင်သေးသည်။ ဤဆန္ဒကား ချစ်သူရှိသော မိန်းကလေးတိုင်း လိုလားတောင့်တကြ စမြဲပင် မဟုတ်ပါဘူး။ ရာဂျာက လူစီဘဲလ်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
လူစီဘဲလ်ရယ်၊ မောင့်အချစ်ဆုံး လူစီလေးရယ် နိုဝင်ဘာလ နောက်ဆုံးပတ် ကြသပတေးနေ့ တစ်နေ့တွင် ရာဂျာကို ဒေါက်တာအေမိစ်တို့ အိမ်က ညစာစားပွဲ ဖိတ်ကြားခဲ့သည်။

ဒေါက်တာ ဘုရားစာရွတ်ပြီးနောက် စွတ်ပြုတ်များ သောက်ကြသည်။
ထို့နောက် အယ်ဗီယာ၊ လူစီဘဲလ်၊ ဟာရီယက်၊ သားငယ်လေး တို့နှင့်အတူ ၁၂ ပေါင်မျှ လေးသာ ကြက်ဆင်ထည့်ထားသော ပန်းကန်ပြားကို မလာကြသည်။
ဒေါက်တာက ကြက်ဆင်သားကြီးကို ဓားဖြင့် လှီးဖြတ်နေစဉ်တွင် ရာဂျာမှာ မျက်နှာလွှဲထား လိုက်သည်။ သားစိမ်ရှင်ရှင်ကို သူမျက်စိအောက်တွင် ဖြတ်လှီးသည်ကိုသာ သူမြင်မိပါက ထိုအသားကို မျိုကျတော့မည် မဟုတ်။ ကြက်ဆင်သားကို ကန်ဇွန်းဥ၊ မုန်လာဥ၊ ပဲသီးတောင့်၊ ပဲသီးနှင့် ဆလတ်များဖြင့် ရောနှောကာ စားကြသည်။ ထို့နောက် အချိုပွဲ။

ရာဂျာအဖို့ကား ထိုညစာသည် အမြိန်ဆုံး၊ ဘယ်နှပန်ကန်း ချစားလိုက်သည်ပင် မမှိတ်မိတော့။
ထမင်းပွဲပြီးတော့ မစ္စစ်အေမိစ်နှင့် လူစီဘဲလ်တို့က ပန်ကန်များ သိမ်းနေသည်ကို သူက ထိုင်ကြည့်နေလိုက်၏။ ဟာရီယက်ကတော့ ဆိုဖာတစ်လုံးပေါ် တွင် ထိုင်ပြီး စားပိုးနင့်နေသည်။
ပူတင်းနေသော ဗုက်ကြီးကို မသယ်နိုင်ဘဲ အဆီရစ်နေ၏။
ဟာရီယက်ကို ရာဂျာက လှမ်းစလိုက်၏။ ကမ္ဘာကြီးတစ်ခု လုံးတောင် မေ့နေပြီလားကွာ ကျွန်မ ထနိုင်ပါတယ်ရှင့်၊ ဒါပေမဲ့ အခုထိုင်နေတာက ပန်းကန် မဆေးချင်လို့ပါ ထိုအချိန်တွင် ဟာရီယက် ကို လူစီက လှမ်းခေါ်လိုက်သည်။


ဟာရီယက် ဒီမှာ လာကူစမ်းပါဦးဟဲ့  ဟာရီယက်က ညည်းညူလိုက်၏။
နေပါစေကွာ၊ ငါက မင်အစား ကူလုပ်ပေးပါမယ်နော်
အို ရာဂျာရယ်၊ ရှင်က မင်းသားပဲ၊ မလုပ်ပါနဲ့၊ နေပါစေ
သို့သော် ရာဂျာက မီးဖိုချောင်ထဲ ဝင်သွားသည်။ အစားအသောက် မှာသည်ကလွဲ၍ ကိုယ့်မီးချောင်ကိုပင် ကိုယ်တစ်ခါမှ မဝင်ခဲ့ဖူးသော ရာဂျာသည် ယခုတော့ မျက်နှာသုတ်ပဝါ တစ်ထည်ဖြင့် ပန်းကန်တွေ၊ ဇွန်းတွေ၊ ဓားတွေ၊ ခက်ရင်းတွေ တစ်ပုံတစ်ပင်ကို သုတ်နေပြီ။ မမောတမ်း မပန်းတမ်း။

ဒီလစ်သာ ဒီပုံကိုမြင်ရင်တော့ ယောကျာ်းဈေး ပျက်တယ်လို့ ပြောတော့မှာပဲကွာ
ရာဂျာက ပါးစပ်မှ အမှတ်တမဲ့ ထွက်သွားသည်။
ဒီလစ်ဆိုတာ ဘယ်သူလဲဟင်
လူစီဘဲလ်က ဝင်မေးသည်။
ကိုယ်တို့မြို့က ကိုယ်အချစ်ဆုံး သူငယ်ချင်းပါ။ သူ့အကြံဥာဏ် တွေကို ကိုယ်က တန်ဖိုးအထားဆုံးလေ။ သူ့စိတ်ကြိုက်ဖြစ်အောင် ကိုယ်အကြိုးစားဆုံး နေကြည့်ခဲ့တယ်။ ဒါပေမဲ့ သူက သဘောကျတယ်ကို မရှိဘူးကွ။ တစ်ခုတော့ ပြောရဦးမယ်၊ ဒီလစ်က ရုပ်သိပ်ဖြောင့်တယ်ကွ။ မင်းသာ သူ့ကို မြင်သွားရင် ကိုယ့်ကို မေ့သွားမှ သေချာတယ်ကွ
မဟုတ်တာ၊ ကျွန်မက မောင့်ကို ဘယ်တော့မှ မမေ့ဘူး သိလား။ ဘယ်တော့မှ မမေ့ပါဘူးရှင့်
လူစီဘဲလ်သည် ပြောရင်းဆိုးရင်း ဝမ်းနည်းလာသည်။ ရာဂျာကို သူ ဘယ်တော့မှ မမေ့ကြောင်း သူသိသည်။ သို့သော် ရာဂျာ ကတော့ သူ့ကို အစဉ်သတိရနိုင်ပါ့မလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 23, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၈)

ပခုံးကို လည်း တွန့်ပြကာ ဘာမှမတတ်နိုင်ဟူသော ပုံမျိုး လုပ်ပြသည်။ သို့သော် သူ့မျက်နှာကြီးကို ကြည့်ရသည် မှာကား ကျေနပ်ဂုဏ်ယူနေပုံရသည်ဟု ရာဂျာက ထင်မိပါသည်။ ဒုတိယ ဦးစားပေး အနေနှင့် ရာဂျာကို ပန်းသီးကိတ် လှီးပေးသည်။ "ကျွန်တော် အရင်က တစ်ခါမှ ပန်းသီးကိတ် မစားဖူးပါဘူး။ သိပ်အရသာရှိတဲ့ မုန့်မှန်း ခုမှသိပါတယ်။ ပန်းသီးကိတ်နဲ့ ရေခဲမုန့် တွဲစားရတဲ့ ပထမဆုံး အရသာကို ကျွန်တော် ဘယ်တော့ မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး ခင်ဗျာ" ရာဂျာ၏ စကားကို ကြားရတော့ မစ္စက်အေမိစ်၏ မျက်နှာတစ်ခုလုံးသည် ကျေနပ်မှုဖြင့် ၀င်းပသွားလေ တော့ သည်။ "ကဲ ညစာလည်း စားပြီးပြီ။ လူစီဘဲလ်ရေ ရာဂျာကို ကျောင်းဝင်းကို လိုက်ပြချေပါလား။ လမ်းလျှောက် ရင်းနဲ့ပေါ့။ တခြားကျောင်းသားတွေ ရောက်မလာသေးခင် အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ကြည့် ရတာပေါ့" ကို ဆက်ဖတ်ရန်................

မစ္စက်အေမိစ် က ပြောသည်။
"ပန်းကန်တွေကကော ဘယ်သူဆေးမလဲ မေမေ"
"အို ပန်းကန်တွေအတွက်တော့ မပူပါနဲ့။ သမီးပြန်လာလို့ ပန်းကန်တွေ မဆေးရသေးဘူးဆိုရင် သူတို့ဟာ သမီး ကို စောင့်နေတယ်ဆိုတာ သေချာနေပြီပေါ့ကွယ့်" "ရှင်ကကော လမ်းလျှောက်ချင်ရဲ့လား"
လူစီဘဲလ်က ရာဂျာကို မေးလိုက်သည်။ "သိပ်လျှောက်ချင်တာပေါ့ ဘင်း" "မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်မကို ဘင်းလို့ မခေါ်ပါနဲ့ရှင်။ လူစီဘဲလ် လို့ပဲ ခေါ်ပါနော်" သူက ကမန်းကတန်းပင် တောင်းပန်လိုက်သည်။

ဖုံလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက် လျှောက်သွားကြသည်။ ထိုလမ်းမှာ တက္ကသိုလ်ဝင်းသို့ ဦးတည်နေသည်။ ၀က်သစ်ချပင်ကြီးများမှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အစီအရီ ပေါက်နေကြ သည်။ လမ်းကလေး ကို သစ်ပင်ရိပ်များက ထီးမိုးပေးထားသည်။ အပင်ပေါ်မှ ကြွေကျသော သစ်ရွက်ကလေး များကို လေရူးလေးက ပွေ့ချီသွားတတ်သည်။ အဝေး မှ နွားအော်သံနှင့် တစ်ချက်တစ်ချက် ထွက်ပေါ် လာသော ခွေးဟောင်းသံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ သည်။ ကိုယ့်ခြေသံ ကိုပင် ကိုယ် ကျကျနန ကြားနေရသည်။ တစ်မိုင်ကျော်ကျော် ခန့် လျှောက်ပြီးသောအခါ လဲကျနေသော ၀က်သစ်ချပင်ကြီး တစ်ပင်ဆီသို့ ရောက်လာကြသည်။
"ဒီမှာ တို့ခဏထိုင်ကြမလား ဟင်" ရာဂျာက ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး သစ်တုံးပေါ်တွင် ထိုင်လိုက်ကြ၏။

"ရာဂျာ ကျွန်မကို အိန္ဒိယပြည်အကြောင်း ပြောပြပါလား"
"ပြောစရာတွေ များလွန်းလို့၊ ဘယ်ကစပြီး ပြောရမှန်းတောင် မသိတော့ဘူး"
"ဒါဆို ရှင်တို့ မိသားစုအကြောင်းက စပြော"
"တို့အဖေ က ရှေ့နေကြီး။ တို့အဘိုးကတော့ သမားတော်ကြီးပေါ့ကွယ်"
ထို့နောက် စကားမဆက်နိုင်တော့။ အိမ်လွမ်းရောဂါထလာ ပြန်ပြီလေ။
"ရှင့်မှာ သူငယ်ချင်းကော ရှိလားဟင်။ မိန်းကလေး သူငယ်ချင်းလေ"
သူက ခေါင်းခါပြ လိုက်သည်။

"တစ်ယောက်မှ မရှိဘူး ဟုတ်လား"
"တစ်ယောက်မှကို မရှိပါဘူး"
သူက သေချာအောင် ထပ်ပြောလိုက်သည်။
လူစီဘဲလ် ရင်ထဲတွင် အေးချမ်းသွားသည်။
"ကျွန်မဟာ ရှင့်သူငယ်ချင်း ဖြစ်လာပြီပေါ့ရှင်"
ထိုသို့ သူက ပြောလိုက်ချင်သည်။ သို့သော် ထိုစကားအစား "ဆက်လျှောက်ကြရအောင်နော်" ဟုသာ ပြောလိုက်မိသည်။
ရာဂျ ကတော့ "လူစီဘဲလ်" သည်သာ ရထားပေါ်တွင် တွေ့ခဲ့သော ကောင်မလေးဆိုလျှင် ဘယ်လောက်ကောင်းမလဲ ဟု တွးနေမိသည်။
သို့ဆိုလျှင် သူသည် အိန္ဒိယပြည်အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြပေလိမ့်မည်။ အိန္ဒိယပြည်၏ အတိတ် အကြောင်း က ရွှေထီးဆောင်းခဲ့ပုံများ၊ မျက်မှောက်ခေတ် အောင်မြင်မှုများကို ပုံပေါ်လာအောင် စာပန်းချီခြယ်မှုန်းပြ မည် ဖြစ်သည်။ လူစီဘဲလ်နှင့် ကျတော့ သူသည် ရှက်သလို ရွံ့သလို ဖြစ်နေသည်။ စိတ်သိပ် မပါချင်။

သူတို့သည် တောင်ကုန်းကလေးတစ်ခုပေါ် တက်လာကြသည်။ လူစီဘဲလ်က မြေပြန့်မှ အဆောက်အအုံများကို လက်ညှိုးထိုးပြသည်။ "အဲဒီမှာ ရှင်သွားနေရမယ်" အဆောက်အအုံအားလုံးမှာ အမိုးနီနီလေးတွေချည်း၊ ၀ရန်တာတွေ လည်း ပါသည်။ သပ်ယပ်သော ပန်းခြံလေးများလည်း ရှိနေကြသည်။
"ရှင်နဲ့ အခန်းဖော်အဖြစ် နေရမယ့် လူဝီဟာ ဒီမှာတော့ အတော် ရေပန်းစားတဲ့သူပဲ၊ သူ့ကို ထရပ်ကား ပေါ်မျာတုန်းက တွေ့ခဲ့တယ် မဟုတ်လား။ အခု သူက ရူပဗေဒဘာသာ သဘောတရားပညာကို သင်နေတယ်လေ။ ဥာဏ်သိပ်ကောင်းတယ်။ ရှင်နဲ့ ပေါင်းလို့ရလိမ့် ထင်ပါတယ်"
"မင်းနဲ့ကော ပေါင်းလို့ရရဲ့လား" "တစ်ခါတစ်လေတော့ ပေါင်းလို့ရတာပဲ။ တစ်ခါတစ်လေကျတော့လည်း မျက်နှာကြော သိပ်မတည့်ဘူး။ အထူးသဖြင့် ကျွန်မအဖေပုံမျိုး လိုက်ဖမ်းတဲ့ အခါမျိုးတွေပေါ့။ ရာဂျာ ရှင်တော့ ဒီ ဘန်နီကာ မှာ ပျော်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်တာပဲရှင်" ရာဂျာ က ဘာမှပြန်မဖြေ။

"ကဲကွာ အချိန်လည်း နောက်ကျလှပြီ၊ အဆောင်ပြန်နေဖို့ ကောင်းပြီ ထင်တယ်" သူ က အေးတိအေးစက် ပြောသည်။ "စိတ်မရှိဘူးဆိုရင် ကျွန်မ လမ်းလျှောက်ပြီး လိုက်ပို့ပေးမယ်လေ"
"ရပါတယ်၊ စိတ်မရှိပါဘူး" ရာဂျာက သူ၏ စိတ်မပါလက်မပါ အမူအရာများကို နောင်တရမိ၏။ အဆောင်ရောက်သော အခါ လူစီဘဲလ် က သူ့အခန်းသည် တတိယထပ်တွင် ရှိကြောင်း ညွှန်ပြပြီး၊ အားရပါးရ ပြုံးပြ ကာ နှုတ်ဆက် သွားသည်။ ဒီလိုပြုံးတော့လည်း သူ့အမေနဲ့ အဆင်သားပဲ။
ရာဂျာ က မှတ်ချက်ချမိ၏။ အခန်းထဲရောက်တော့ ရာဂျာက မီးဖွင့်လိုက်သည်။ အခန်းမှာ အတော်ကျယ်သည်။ လူနှစ်ယောက် သက်တောင့်သက်သာ နေနိုင်သည်။ တစ်ယောက်အိပ် ခုတင်နှစ်လုံး၊ စားပွဲခုံ နှစ်ခုံနှင့် စာအုပ်စင်ကြီး နှစ်ခု ရှိသည်။ အခန်းထဲတွင် ကျောက်သင်ပုန်းတစ်ချပ်လည်း ရှိ၏။ ကျောက်သင်ပုန်းပေါ်တွင် ကား သင်္ကေတများ၊ ဂဏန်းများ ရေးထားသည်ကို တွေ့ရသည်။

ကျောက်သင်ပုန်း၏ အပေါ်တွင်ကား ဓာတ်ပုံများ၊ ရုပ်ပုံများ များစွာကို ကပ်ထားသည်။ ထိုအထဲတွင် ရာဂျာ သတိပြုမိသည်က ဓာတ်ပုံနှစ်ပုံ။
တစ်ပုံ က "ဒေါက်တာ ဂျေ ရောဘတ် အိုပင်ဟီးမား"၊ တစ်ပုံက "လူစီဘဲလ်"၏ ပုံအကြီးကြီး။ ထိုပုံ အောက်တွင် "လူဝီ အတွက် အချစ် အချစ် အချစ် များစွာဖြင့်" ဟူသော လူစီဘဲလ်၏ လက်ရေးလေးကို တွေ့ရသည်။ ရာဂျာက ပုံ ကိုရော လက်ရေးစာကိုရော သိပ်ဂရုမစိုက်။
သူက သေတ္တာထဲမှ အ၀တ်များကို ထုတ်ပြီး ဘီဒိုထဲ ထည့်သည်။ ရှပ်အင်္ကျီ၊ ခြေအိတ်၊ လည်စည်း၊ အတွင်းခံဘောင်းဘီ တို့ကို ပထမဆုံးအကြိမ် ဘီဒိုထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ဖူးခြင်း၊ အားလုံး နေသားတကျ ထည့်နိုင်သည် ကို တွေ့တော့ ကိုယ့်ကိုယ်ကို အတော်ဟုတ်လှပြီ အောက်မေ့သွားသည်။ ထို့နောက် အ၀တ် လဲ လိုက်၏။ မိနစ် အနည်းငယ်ကြာတော့ လူဝီရောက်လာပြီး၊ သူ့ကို နှုတ်ဆက်လိုက်သည်။

"ဟာ အင်္ကျီဘောင်းဘီတွေက တယ်ကောင်းပါလားဗျ"
"ဒါက အိန္ဒိယမြောက်ပိုင်းသားတွေရဲ့ ၀တ်စုံလေ။ ကျွန်တော်တို့ အိမ်မှာနေရင် ဒါမျိုးတွေပဲ ၀တ်ရတယ်။ ခင်ဗျားကြိုက် ရင် အမေ့ဆီ စာရေးပြီး တစ်စုံမှာပေးပါ့မယ်။ ဒီပုံအတိုင်း ရစေ့ရမယ်"
ရာဂျာက ရယ်ပြီး ပြောသည်။ "ကြယ်သီးတွေကတော့ ရွှေကျယ်သီးတွေပါလားဗျ"
"ဟုတ်တယ်လေ၊ ခင်ဗျားမသိဘူးလား၊ အိန္ဒိယပြည်ဟာ ရွှေနဲ့ ကျောက်မျက်ရတနာတွေ သိပ်ချမ်းသာ တဲ့ နိုင်ငံဗျ" ရာဂျာက ဓာတ်ပုံတစ်ပုံကို နံရံတွင် ချိတ်နေသည်ကို လူဝီက သတိပြုမိ၏။ "ဒီကောင်မလေးက ဘယ်သူလဲဗျ" "ကျွန်တော့် ရည်းစားလေ" "နာမည်ကကော" "မီနာကူမာရီ တဲ့" "မဆိုးဘူးဗျ၊ ခင်ဗျားထက်တော့ နည်းနည်းပို အသက်ကြီးတယ် ထင်တယ်" "ခင်ဗျား သိသလား" "သိပ်သိတာပေါ့" ရာဂျာကထပ်ပြီး ရယ်လိုက်ပြန် သည်။

"နားထောင် လူဝီ နားထောင်၊ မီနာကူမာရီဆိုတာက ကျွန်တော်တို့ဆီက ထိပ်တန်းရုပ်ရှင်မင်းသမီးဗျ။ ခင်ဗျားရဲ့ နံရံမှာ မိန်းမလှလေးတွေ ပုံတွေချည်း အများကြီး ချိတ်ထားတော့ ကျွန်တော်လည်း အားကျ မခံ တစ်ပုံတစ်လေ ပြန်ချိတ်တာပေါ့ဗျာ" "ဒါဖြင့် ဒီ ငွေဘောင်နဲ့ ဆွဲထားတဲ့ ရုပ်ဖြောင့်ဖြောင့် အဘိုးကြီးကလည်း မင်းသားပဲလား" "မဟုတ်ပါဘူး၊ ဒါကတော့ ကျွန်တော့်အဘိုးပါ။ ဒေါက်တာ မိုဟန်လားလ်တဲ့" ရာဂျာက ဂုဏ်ယူ ၀ံ့ကြွားစွာ ပြန်ပြောလိုက်သည်။ "ဒါနဲ့ ဒီကျောက်သင်ပုန်းကကော ဘာလုပ်တာလဲဗျ" "ဒါက ရူပဗေဒ သင်ခန်းစာတွေ ကျက်မှတ်တဲ့အခါ ရေးပြီး လေ့ကျင့်နိုင်အောင် လုပ်ထားတာပါ" လူဝီက ဆေးတံ ကိုထုတ်၊ ဆေးထပ်ထည့်ကာ မီးညှိလိုက်ပြီး ထပ်မေးပြန်သည်။ "ရာဂျာ ခင်ဗျား ဘာဆက်လုပ်မလဲ ဟင်"
"ခင်ဗျား ဘာဆိုလိုတာလဲဗျ၊ ကျွန်တော်က ဘာဆက်လုပ်ရမှာမို့လို့လဲ" "ခင်ဗျား ဒီမှာနေမလို့လား" "ဘာဖြစ်လို့ မနေရ မှာလဲဗျ"

ဤမေးခွန်းမှာ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် ဆွေးနွေးပြီး ဆုံးဖြတ်ရမည့် မေးခွန်းမျိုးဖြစ်သည်ဟု ရာဂျာက ထင်သည်။ ယခု ဤနေရာတွင် ဆွေးမျိုးများ မိတ်ဆွေများ မရှိ၊ တစိမ်းတရံစာချည်းသာ။ ထို့ကြောင့် ဘ၀ပြဿနာတစ်ခုကို သူ့အနေနှင့် ပထမဆုံး အဖြေရှာရတော့မည်။ ခုနက အင်္ကျီတွေ ထုတ်ပြီး ဘီဒိုထဲ ထည့်သလို ပင် သူ့အတွက် အဆုံးအဖြတ်ကိုလည်း ပထမဆုံး ပေးရတော့မှာပါကလား။
"ဟုတ်တယ်။ ခင်ဗျား ဒီမှာ နေသင့်တယ် ရာဂျာ။ ခင်ဗျားဟာ ဒီကျောင်းမှာ ပထမဆုံး အိန္ဒိယ ကျောင်းသားဖြစ်ရုံမကဘူး။ ပထမဆုံး အာရှတိုက်သားလည်း ဖြစ်တယ်။ ခင်ဗျား ဒီမှာ မနေဘူးဆိုရင် အတော် နာလိမ့်မယ်ဗျ"

"ကျွန်တော် ဒီမှာ မနေချင်ဘူးဆိုတာ ခင်ဗျား ဘယ်နှယ့်သိသလဲ ဟင်"
"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နီဂရိုးတက္ကသိုလ် ပို့လိုက်တဲ့ အကြောင်းကို မသိခဲ့တဲ့လူမို့လို့ပေါဗျ"
"ဒါက ခင်ဗျား ဘယ်လိုလုပ်သိသလဲ" "ဒါကတော့ ခင်ဗျားမျက်နှာပေါ်မှာ အဖြေရှာရ တွေ့နိုင်ပါတယ်ဗျာ။ ခင်ဗျားမျက်နှာ အမူအရာ ကြည့်ရင်ပဲ ရှင်းရှင်းကွက်ကွက်ကြီး တွေ့နေနိုင်ပါတယ်။ ခင်ဗျား ထရပ်ကားပေါ် စတက် လိုက်ကတည်း က ကျွန်တော်ကတော့ သိပြီးသား။ ဒီကောင်လေးဟာ စိတ်မရှင် မကြည်မသာ ဖြစ်နေတယ်။ သူက တို့လို လူမည်းတွေနဲ့ ရောနှောချင်ပုံ မရဘူးဆိုတာ။ ကဲဗျာ ကျွန်တော်ပြောတာ ဟုတ်လား၊ မဟုတ်လား။ ဖြေစမ်းပါဦး" "ဟုတ်ပါတယ်၊ ခင်ဗျားထင်တာ မှန်ပါတယ်ဗျာ" ရာဂျာက ပွင့်ပွင့် လင်းလင်း ၀န်ခံလိုက်မိ၍ သူ့ကိုယ်သူပင် အံ့သြသွား၏။

လူဝီသည် ရာဂျာထိုငနေသော ခုတင်ဆီသို့ လျှောက်လာသည်။
"ရာဂျာ ရယ် မသွားပါနဲ့ဗျာ၊ ဒီမှာ ခင်ဗျားနေသင့်တဲ့ အချက်ထဲမှာ အရေးကြီးဆုံး အချက်တစ်ချက် ရှိတယ်။ ခင်ဗျား က ဒီနိုင်ငံအကြောင်းကို သိချင်တယ်ဆိုရင်၊ ဒီနိုင်ငံဟာ တကယ်တမ်း ဘာနဲ့တူတယ် ဆိုတာ သိချင်ရင်၊ ခင်ဗျားတို့ နိုင်ငံကို ပြန်ရောက်တဲ့အခါ အမေရိကန်နိုင်ငံဆိုတာ ဘာလဲလို့ သေသေချာချာ ပြောပြချင်တယ် ဆိုရင်လေ။ ခင်ဗျားဟာ ဒီဘင်ဂျမင်တက္ကသိုလ် မှာ နေပြီး ကျွန်တော် တို့ မျက်လုံးလုံးတွေ တပ်ပြီး အမေရိကကို ကြည့်ရှု့လေ့လာရလိမ့်မယ်ဗျို့"

(၈)

ထုံးစံအတိုင်း သူသည် အရုဏ်မပျို့ မီမှာပင် နိုးလာသည်။
ထိုအချိန်သည် နေ့လည်းမဟုတ် ညလည်းမမည်သော ကြားကာလ။
ပြတင်းပေါက်ဘေးရပ်ပြီး လေကောင်းလေသန့် ရှူသည်။ မသံဖိုသံ ပေးနေကြသော ငှက်ကလေး များ၏တေးဆိုသံ ကို နားထောင်သည်။  နှင်းစက်နှင်းပေါက်လေးများ မြက်တွေအပေါ် ဆင်းသက်လာပုံကို ကြည့်သည်။ လရောင်လေးက မမှိန့်တမှိန့်၊ နေခြည်ကလည်း မပျို့တပျို့၊ သိပ်လှတဲ့အချိန်ပဲ။
ဒီနေ့တော့ သူသည် ထိုအလှအပများကို သိပ်မခံစားမိပါ။ သူ့ စိတ်နှလုံးသည် ဗလောင်ဆူ နေသည်။ စစ်ပွဲကြီး များကို ဦးဆောင်တိုက်ခိုက် ကြသော စစ်ဗိုလ်ချုပ်ကြီးများနည်းတူ သူ့အဖို့လည်း ဦးနှောက်အလုပ် ရှပ်နေသည်။

"ဘာလုပ်သင့်သလဲ""နေရမလား" "လူဝီက ပြောတော့သူတို့မျက်လုံးတွေက တစ်ဆင့်အမေရိက ကို ကြည့်ပါတဲ့" "သူတို့ မျက်လုံးတွေက ၀မ်းနည်းကြေကွဲမှုတွေနဲ့ ပိတ်ဖုံးနေတယ်။ အဲဒီမျက်လုံးမျိုးနဲ့ သူက ကြည့်ရမတဲ့လား"
"သွားပါ၊ သွားပါ၊ ဂုဏ်တွေ၊ အာဏာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးကို သွားပါ" နှလုံးသား ကတော့ ရထားပေါ်မှ အဖြူမလေးကို သတိရပြီး ထိုသို့ပြောနေသည်။  "ဘယ်လိုသွားရမလဲ၊ ဘယ်ကို သွားရမလဲ" သူ့အဘိုးသာ နံဘေးတွင် ရှိနေလျှင်တော့ တစ်ခွန်းတည်းသာ စကားကို ဆိုမည်ပင် မုချ။

"နေပါ၊ ဆက်နေစမ်းပါ။ မင်းရဲ့တာဝန်ဟာ ဒီမှာ နေဖို့ပဲကွ" ဟူ၍ ပြောမှာ သေချာသည်။
ခုတော့ သူ့မှာက နောက်ထပ်တာဝန်တစ်ခုကပါ ပိုလာသည်။ ဒီနေ့မနက် ဘွဲ့နှင်းသဘင် အခမ်းအနာတွင် စကားပြော ရန် ဒေါက်တာ မေမိစ်က သူ့ကို တိုက်တွန်းထားသည်။ ထိုသို့စကားသာ ပြောဟောပြီးပါက ၊ ပို၍ပင် ဒီနေရာ မှ ခွာဖို့ခက်ချေမည်။ သူက သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင်ကြီး ချလိုက်မိသည်။
 "လူဝီ"နိုးလားတော့ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်သို့ ဆင်းလာကြသည်။ လက်ဖက်ရည် ဆိုင်တွင်ကား ကိုယ်ထူကိုယ်ထ စနစ်။  ကိုယ့်ပန်းကန်လေးကို  ကိုယ်ဆွဲကာ တန်းစီပြီး စားသောက်ရသည်။ ရာဂျာကတော့ အတော်အံ့သြနေသည်။ "စားပွဲထိုးရှိရင် ဘယ်လောက်ကောင်းမလဲ၊ ပေါင်မုန့်တို့၊ ကြက်ဥတို့အစား ပလာတာတို့ ပဲဟင်း တို့ရရင် လယ်လောက်ကောင်းမလဲ၊ သူတို့ အစားအစာများကို သူ့ခံတွင်း မတွေ့၊ နို့လေးပဲ နည်းနည်းသောက် လို့ ကောင်းသည်"ဟု သူထင်သည်။

နံနက်စားစားပြီးသောအခါ ကျောင်းဝင်းထဲသို့ သွားကြသည်။
စကားပြောသံ၊ ရယ်သံ၊ မောသံ၊ အော်ဟစ်သံ၊ အချင်းချင်း နှုတ်ဆက်သံတို့ဖြင့် ညံနေသည်။ လတ်ဆတ် သစ်လွင်သော လူငယ်တို့၏ အသံများသည် နံနက်ခင်းကိုအလှချယ်ထားသည်။ သူတို့ကြားတွင် ရာဂျာသည် အားလုံး ၏ အထူးဂရုစိုက် လေ့လားခြင်းကို ခံနေရမှန်း သိရှိခံစား လိုက်ရသည်။
မကြာခင်"လူစီဘဲလ်"ရောက်လာသည်။ သူက "လူဝီ" ကို ၀တ်ကျေ ၀တ်ကုန်သာ နှုတ်ဆက်လိုက်သည်။ သူ့မျက်လုံးတွေကတော့ "ရာဂျာ"ဆီတွင်သာ "ကျွန်မတော့ ဒီနေ့ သိပ်ပျော်တာပဲရှင်" "မင်းလည်း ဒီနေ့ သိပ်လှနေပါလားကွ" ရာဂျာက ပြန်ပြောလိုက်သည်။

လူဝီကတော့ "လူစီဘဲလ်"သည် "ရာဂျာ"ကို မျက်စိကျသွားမှာ စိုးနေသည်။  ၉နာရီတိတိတွင် ခန်းမကြီးထဲသို့ ၀င်ကြရသည်။ ဘွဲ့ ယူလေ့ကျင့်ခန်းလုပ်ရန် ဖြစ်သည်။
ပါမောက္ခများလည်း သူ့နေရာသူ ရောက်ကြ၊ ကျောင်းသားများနှင့် ဧည့်သည်များလည်း နေရာယူပြီးသောအခါ အခမ်းအနား စတော့၏။ ဘုန်းတော်ကြီးပျိုတစ်ပါးက ဆုတောင်း ၀တ်ပြုမှုကို စတင်သည်။ ထို့နောက် ကား နိုင်ငံတော် သီချင်းဆိုကာ အလံတော်ကို အလေးပြုကြရသည်။

ထို့နောက် ဘွဲ့ဝတ်ရုံနက်ကြီးကို ဆင်မြန်းထားသော ဒေါက်တာအေမိစ်သည် ပရိသတ်ကို နှုတ်ခွန်း ဆက်စကား မြွက်ကြားသည်။ သူ၏ ဥပဓိသံ သည် တစ်ခန်းလုံးညံသွားစေသည်။
"တက္ကသိုလ် အဖွဲ့ဝင်းများ၊ ဂုဏ်ထူးဆောင်ဧည့်သည်တော်များ၊ ကျောင်းသားဟောင်းများ၊ ကျောင်းသားသစ်များ ခင်ဗျား၊ ကျွန်တော်က အားလုံးကို ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်ရဲ့ ကိုယ်စား ကြိုဆိုနှုတ်ခွန်း ဆက် လိုက်ပါတယ်။ အခုသင်တန်းသစ်တွေ ဖွင့်ချိန် ရောက်လာပါပြီ။ တက္ကသိုလ်မှာ တစ်နှစ်ထက် တစ်နှစ် ကျောင်းသား ဦးရေ ပိုများလာပါတယ်။ ထင်ရှားကျော်ကြားတဲ့၊ နာမည်ကျော်ကြားတဲ့ ပါမောက္ခတွေ ဆိုလည်း ဒီတက္ကသိုလ် မှာ အများကြီး စုနေကြပါတယ်။

လူငယ်ထုအတွက်လည်း အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်ပေးနိုင်တာ အားလုံးအသိပါပဲ။
"ကမ္ဘာတစ်ဝှန်းလုံးမှာ ပြောင်းလွဲမှု လေမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ အဖွဲ့အစည်း ဟောင်းတွေ ချုပ်ငြိမ်း ကုန်ပြီ။ အဖွဲ့အစည်းသစ်တွေ ပေါ်ထွန်းလာပြီ။ လန်းဆန်းသစ်လွင်တဲ့ လေပြေလေညင်းဟာ ညင်ညင်သာသာ တိုက်ခတ်လေပါပြီ။ လွတ်လပ်တဲ့ အမှီကင်းတဲ့ အာဖရိက နိုင်ငံသစ်တွေ ပေါ်ထွန်းလာတာကို ကျွန်တော်တို့ မျက်စိအောက်မှာ မြင်တွေ့နေရပါတယ်။ ဒီလှုပ်ရှားမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အရှိန်အဟုန် ကြီးမား ထွန်းကားလာတာ၊ ခုဆိုရင် မှောင်မည်းတဲ့တိုက်ကြီးဟာ ထွန်းလင်းတောက်ပတဲ့ တိုက်ကြီးတစ်ခု ဖြစ်လာပါပြီ။

"၁၉၆၀ မတိုင်မီက အာဖရိကမှာ လွတ်လပ်တဲ့နိုင်ငံ ၈ ခုပဲ ရှိခဲ့ပါတယ်။ အီဂျစ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ တူနစ်ရှား၊ မော်ရိုကို၊ လစ်ဗားရီးယား၊ ဂီနီ၊ ဂါနာ၊ ၁၉၆၀ ခုနှစ်အတွင်းမှာပဲ နောက်ထပ် အာဖရိကနိုင်ငံ ၁၇ နိုင်ငံ ဟာ အချုပ်အနှောင်ကြားက လွတ်မြောက်လာပြီး ကမ္ဘာ့သမိုင်းရဲ့ မှန်ကန်တဲ့စင်မြင့်ပေါ်ကို တက်လှမ်း လာနိုင်ကြပါတယ်။ အဲဒီမတိုင်မီကဆိုရင် မော်ရီတန်းနီးယား၊ မာလီ၊ ဗောက်တာ၊ ချက်ဒ်နိုင်ငံ ဆိုတာတွေကို လူတွေ သိပ်မကြားဖူးပါဘူး။ ဒီနေ့တော့ ဒီနိုင်ငံတွေ အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ကံကြမ္မာကို ကူညီပိုင်းခြားပေး ဖို့  ကြိုးစားနေကြပါပြီ။ ဒေါက်တာအေမိစ်သည် စကားကို ခဏနားကာ ပရိသတ်အား ကြည့်လိုက်သည်။ လူစီဘဲလ်ကလည်း သူ့နံဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကျောင်းသားများအား ပီဘိတိတ်ဆိတ်နေကြသည်။ အာရုံစိုက် နားထောင်ကြသည်။ ဒေါက်တာအေစိမ် က စကားဆက်ပြောသည်။

"ကျွန်တော်တို့ အမေရိကန်နီဂရိုးတွေကတော့ အာဖရိက ကညီတော် နောင်တော်တွေနဲ့၊ အတော်အလှမ်း ကွာခဲ့ပါပြီ။ တစ်ခါတစ်လေ ရယ်စရာ ဖြစ်ရပ်တွေတောင် ဖြစ်ခဲ့ရပါသေးတယ်။ ၁၉၅၇ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့တဲ့ ဂါနာနိုင်ငံ လွတ်လပ်ရေး အခမ်းအနားမှာ အမေရိကန်အရာရှိကြီးတစ်ယောက် တစ်ယောက်တည်း ရပ်နေ တဲ့ အဝတ်အစား သားသားနားနား ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သွားမေးလိုက်တယ်တဲ့"
"ဒီနေ့လို အချိန်အခါမျိုးမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မယ့် နေ့မျိုးမှာ ခင်ဗျား ဘယ်လိုခံစားရသလဲဟင်။ ခင်ဗျားတို့ ယခုဆို ကိုယ့်အစိုးရအဖွဲ့ဝင်တွေကို ကိုယ်ရွေးချယ် တင်မြှောက်ခဲ့နိုင်ပြီ။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ကို ရွေးချယ်ခဲ့နိုင်ပြီ။ ခင်ဗျားအနေနဲ့ စိတ်ခံစားမှု ဘယ်လိုရှိနေသလဲ သိချင်ပါတယ် လို့ မေး လိုက်တယ်။

အမေးခံရတဲ့လူက၊ အမေရိကန်အရာရှိကြီးကို ကြည့်ပြီး
"ကျွန်တော်တော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့လူ ဖြစ်ရလို့၊ ကိုယ့်အစိုးရ အဖွဲ့ဝင်တွေကို ကိုယ်တိုင်ရွေးချယ် ရလို့ ကုလသမဂ္ဂကိုယ်စားလှယ်တွေကို ရွေးနိုင်ခဲ့ လို့၊ ဘယ်လိုခံစားရ တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဂါနာလူမျိုးမှ မဟုတ် တာ။ မစ္စစ်စပီက အမေရိကန်နီဂရိုးပဲဗျ" လို့ပြန်ပြောတယ်တဲ့။
"ကဲ အဲဒါပဲကြည့်ဗျာ။ ဒီလိုလမ်းကြောင်းကို ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ ဆက်လျှောက်ကြဦးမလဲ။ ကျွန်တော် တို့ဟာ မနေ့ကလည်း ဒီအတိုင်းပဲ။ တစ်နေ့ကလည်း ဒီအတိုင်းပဲ။ ဒီနေ့အထိ ခွဲခြားဖိနှိပ်မှုဒဏ် ခံနေရဆဲ ပါပဲ။

"ကျွန်တော်တို့ရဲ့ အခြေအနေတွေဟာ တိုးတက်လာနေပါတယ်လို့ သူတို့ကပြောတယ်။ ဟုတ်ကဲ့ ကျွန်တော်ရဲ့ တိုးတက်တယ်ဆိုတာက တစ်နှစ်သားလေး ဝမ်းလျားထိုးသွားတတ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ လွတ်လပ်ခွင့် ကြေညာစာတမ်းကြီးဟာ ကျွန်တော် တို့ မွေးစကတည်း က ရေးဆွဲ ခဲ့တယ် ဆိုရင်တော့ ခုဆိုကျွန်တော်တို့ဟာ အသက်ရာ ကျော် အဘိုးအဘွားတွေ ဖြစ်နေပြီလို့ ဆိုရပေမယ်။ ဒီအတိုင်း ဆိုရင်တော့ ဝမ်းလျားထိုးအဆင့်က မတက်ဘဲ၊ ဘယ်တော့မှ လမ်းလျှောက်တတ်တော့မှာ မဟုတ်ဘူး။

"ကျွန်တော်တို့ လွတ်လပ်ခွင့်အတွက် သူတစ်ပါးတွေကို အပြစ်ဖို့နေစရာ မလိုပါဘူး။ ၁၈၈၃ခုနှစ်၊ စက်တင်ဘာလ ကင်တပ်ကီပြည်နယ် လူဝီဝီးလ်မြို့မှာ ကျင်းပတဲ့ လူမည်းတွေရဲ့ အမျိုးသားညီလာခံမှာ "ဖရက်ဒရစ်၊ ဒေါက်ကလပ်စ်က"က ဒီလိုကြေညာခဲ့ပါတယ်။ လွတ်မြောက် ချင်တဲ့လူတွေဟာ ကိုယ်ဖာသာကိုယ် တိုက်ပွဲ ဝင်ကြ။ အကယ်၍ ဒီနိုင်ငံက လူမည်း ၆သန်းသာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ လက်နက်ကို စွဲကိုင်ပြီး သူတို့ရဲ့ ထောက်ခံမှုကိုယူပြီး၊ အသားအရောင် ခွဲခြားမှုနဲ့ ဖိနှိပ်မှုတို့ကို ဆန့်ကျင် ကာကွယ် နိုင်ကြမယ်ဆိုရင်  ဘာပြဿနာမှ ပေါ်မှာမဟုတ်ပါဘူး။ လူတွေစုပေါင်းပြီး တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်နိုင်ကြပါတယ်။ သူတို့ဖာစာသူတို့ ကာကွယ်မယ့်အစား မပြောတတ်ကြလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့စကားပြောတတ်ကြတဲ့ လူတွေလား။ ဒါမှမဟုတ် စကားမပြော တတ်ကြတဲ့ လူတွေလား။ ကွဲကွဲပြားပြားသိဖို့ ကောင်းပါပြီတဲ့။"

"ဟောဒီမှာ စုရုံးရောက်ရှိလာကြတဲ့။ မင်းတို့လူငယ်တွေဟာ၊ တို့အားလုံးအတွက် စကားပြောပေးဖို့ တာဝန်ရှိကြ တယ်။ ဒီအသိုင်းအဝိုင်း က ယောက်ျားလေးရော၊ မိန်းကလေးရော၊ အားလုံးဟာ အထူးအခွင့်အရေး ရှိကြတဲ့ သူတွေပဲ။ ကျွန်တော်တို့ဟာ စီးပွားရေးနဲ့ လူမှုရေး အဆင့်အတန်းတွေ မြင့်တက်လာပါပြီတဲ့။ မှန်ပါတယ်။ ဒါပေမဲ့ ဒါက လူနည်းစုပါ။ ဒါနဲ့ ကျေနပ်နေကြရမှာလား။ ဘယ်သူသေသေ ငတေမာပြီးရော တဲ့လား။ ကဲ အားလုံး ကျေနပ်ကြရဲ့လား။ "လူစီဘဲလ် သည် သူ့ဖခင်၏ စကားထဲတွင် နစ်မျောနေရာမှာ ပတ်ဝန်းကျင် တစ်ခုလုံး ကို လုံးဝ သတိမထားဘဲရှိနေစဉ်တွင် တစ်ခန်းလုံးပြည့် အော်ဟစ်လိုက်ကြသံကြောင့် လန့် ဖျန့််သွား သည်။ "မကျေနပ်ဘူး၊ မကျေနပ်ဘူး။ ဒါလောက်နဲ့ မကျေနပ်နိုင်ပါဘူး" ကျောင်းသားအားလုံးပင် မတ်တတ်ရပ်ပြီး။ လက်ခုပ်တီးကြ။ ခြေဆောင့်ကြ၊ အော်ဟစ်ကြနှင့်။

"ဒါကို မကျေနပ်ကြဘူးဆိုရင် အာဖရိကတိုက် ပြည်သူတွေလို တကယ့်လွတ်လပ်ရေး ရနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေကြ"
တစ်ခန်းလုံးပင် သြဘာသံ လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်။
အခန်းပြန်ငြိမ်သွားတော့မှ ဒေါက်တာအေမိစ်က ဆက်ပြောပြန်သည်။
"ဒီနေ့ အဖို့ ထူးခြားတဲ့အချက်တစ်ခုကို ပြောပြဦးမယ်။ ဒီတက္ကသိုလ်သမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ်၊ အာရှ က ကျောင်းသားတစ်ယောက် ဒီကိုလာပြီး ပညာသင်တဲ့ အကြောင်းပါပဲ။ သူက အိန္ဒိယက "ဂျာကုမာတြိဝေဒိ" ပါပဲ။ သူ့ကို စကားနည်းနည်းပြောဖို့ ကျွန်တော်တောင်းဆိုပါရစေ။
ရာဂျာက စကားပြောစင်မြင့်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ မျက်လုံးတွေ အများကြီးက သူ့ကို ကြည့်နေသည် ကို သူသတိထားမိ၏။ သူက ခေတ္တခဏမျှ ဘာမှမပြောဘဲ ရပ်နေလိုက်ပြီးမှ တိုးညင်းသော်လည်း ကြည်လင်ပြတ်သားသော အသံဖြင့်စပြီး ပြောလိုက်သည်။

"လေးစားအပ်ပါသော ကျောင်းဆရာကြီ၊ တက္ကသိုလ် ဆရာဆရာမတွေနဲ့ ဧည့်သည်တော်တွေ၊ ကျောင်းသူကျောင်းသားလုံးတို့ ခင်ဗျား
"အိန္ဒိယပြည်ဟာ လွတ်လပ်ရေးတိုက်ပွဲကို လွဲခဲ့ရတာ သိပ်မကြာလှသေးပါဘူး။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင် ဟာ မိုဟန်ဒတ်စ် ဂန္ဒီပါ။ သူ့ကို မဟတ္တမလို့ ခေါ်ကြပါတယ်။ သူ့ရဲ့ သူတော်စင်ဆန်တဲ့ ကျင့်စဉ်တွေကြောင့်ပါ။ သူက အကြမ်းမဖက်သော နည်းနဲ့ လွတ်လပ်ရေးကို အရယူနိုင်မယ်လို့ ယုံကြည့်ခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းကို သူ ရတာက လူနှစ်ယောက်ဆီကပါ။ တစ်ယောက်က ရုရှားလူမျိုး၊ တစ်ယောက်က အမေရိကန်လူမျိုး၊ ရုရှားလူမျိုး ကတော့ နာမည်ကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်း၊ အမေရိကန်လူမျိုးကတော့ ထင်ရှားတဲ့ သဘာဝတ္တ ပညာရှင်ကြီး ဒေးဗစ်ဟင်နရီသော်ရူး။ ''သော်ရူးရဲ့ အဘိဓမ္မာတွေဟာ အမေရိကန်ပြည်မှာ မအောင်မြင်ခဲ့ပေမယ့် အိန္ဒိယ မှာတော့ အောင်မြင်ခဲ့ပါတယ်။ သော်ရူးဟာ ဟိန္ဒူအဘိဓမ္မာ ကိုလည်း သဘောကျ နှစ်ခြိုက်ခဲ့ သူ ဖြစ်ပါတယ်။ သူက ''ဘဂဝါဂီတ'' ကိုတောင် ကျေကျေညက်ညက် လေ့လာနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

''ဂန္ဒီကကြေညာထားတာ တစ်ခုရှိပါတယ်။ ကျွန်တစ်ယောက်ရဲ့ အဆင့်အတန်းဟာ ကျွန်ပိုင်ရှင် အဆင့်အတန်း ထက် ပိုပြီး မြင့်မြတ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ပိုင်ရှင်ဆိုတာက မကောင်းဆိုးဝါး ဖြစ်ပြီး၊ ကျွန် ဆိုတာကတော့ အပြစ်ကင်းသူမို့ပါ ပဲတဲ့။ ဒီလို သဘောတရားတွေကို ကိုင်တွယ်ပြီး သူဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု တွေ ကို လုပ်ပြီးနိုင်ငံရေးပြဿနာကို ပြောင်းခဲ့ပါတယ်။
''အိန္ဒိယပြည်ဟာ ခင်ဗျားတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး လုပ်ရပ်တွေ မှာ အောင်ပွဲဆင်နိုင် ဖို့ စောင့်ကြည့်နေခဲ့ပါတယ်။ ဒေါက်တာ မာတင်လူသာကင်းဆိုတဲ့ နာမည်ကို ကျွန်တော်တို့အားလုံး သိနေကြပါတယ်။ သူဟာ သူ့အတိုက်ခံတွေအပေါ်မှာ စာရိတ္တအောင်ပွဲတစ်ခုတည်းနဲ့ ပြီးမလား။ အာဏာဖီဆန်မှု လုပ်ငန်းတွေ ကမှ အလင်းရောင်လမ်းစ မဟုတ်ဘူးလား။ ခပ်ကြမ်းကြမ်းရမ်းရမ်း နည်းတွေသုံးရင်တော့ ဒုက္ခရောက်ကြ တာပဲ အဖတ်တင်ပါလိမ့်မယ်။

''အာဏာဖီဆန်ရေး လုပ်ရပ်တွေဟာ သတိတရားနဲ့ သစ္စာတရားတို့ရဲ့ အနှစ်သာရတွေမို့ ကမ္ဘာ က လေးစားကြမှာဖြစ်တယ်။ ပင်စည်က ကျန်းမာမှ အမြစ်တွေက ခိုင်မာပါမှ အဲဒီအပင်ရဲ့ အသီးတွေက ချိုမြ ပါလိမ့်မယ်။'' ထို့နောက် သူသည် လက်အုပ်ချီလိုက်သည်။ ထို့နောက် ခေါင်းညွှတ်ကာ အရိုအသေပြုသည်။
ကျောင်းသားများက ငြိမ်ငြိမ်သက်သက် ယဉ်ယဉ်ကျေးကျေးပင် လက်ခုပ်တီးလိုက် ကြသည်။ပါမောက္ခအချို့နှင့် ဧည့်သည်အချို့တို့ကမူ လှိုက်လှိုက်လှဲလှ် ပြန်၍ လက်ခုပ်တီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ရာဂျာ၏မိန့်ခွန်း သည် ဒေါက်တာ အေမိစ်၏ အစွန်းရောက် အကြမ်းဖက်ဆန်သော မိန့်ခွန်းကို ချေပလိုက်၍ပင် ဖြစ်သည်။ လက်ခုပ် လုံးဝ မတီးသူကား သုံးယောက်သာရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့် လူဝီ။ သူတို့  သုံးယောက် သာ ရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့်  ဒေါက်တာအေမိစ်ကမူ သူနှင့်ရာဂျာတို့၏ ပဋိပက္ခလေးတော့ စပြီဟု စိတ်ထဲတွေးမိလိုက်သည်။

သမိုင်းအစဉ်အလာအရမူ အကြမ်းဖက်မှုသည် တိုက်ပွဲတိုင်းတွင် ရှိစမြဲဟု သူနည်းလည် သိရှိခဲ့သည်။
''အကြမ်းမဖက်နှင့်၊ သင်၏ ညာဘက်ပါးကို ရိုက်ပါက ဘယ်ဘက်ပါးကို လှည့်ပေးလိုက်ပါ'' ဟူသော တရားကို လက်တွေ့ တွင် ကျင့်ကြံနိုင်ကြပါ့မလား။
ပြည်တွင်းစစ်တွေ မရှိဘဲနှင့် ကျွန် များ လွတ်မြောက်လာနိုင်ကြပါ့မလား။
ကျွန်ပိုင်ရှင် များသည် နောက်ဆုံး၌ တရားပေါက်လာပြီးမှ ကျွန်တော်ကို လွတ်လပ် ခွင့်ပေးခဲ့သည့် အစဉ်အလာကော တွေ့ခဲ့ဖူး ပါသလား။ အမေရိကန်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် လေးနှစ်ကျော် တိုက်ခိုက်ခဲ့ကြပြီး လူု့အသက်ပေါင်း ၆သောင်းကျော် သေကြေပျက်စီးခဲ့ရသည်။ ဒီလိုမလုပ် ဘဲ အောင်ပွဲ မရနိုင်ဘူးလား။ လူ့အသက်တွေ ဒီလောက် ရင်းနှီးပြီးမှ တိုက်ယူ၍ရသလား။ ဟုတ်ကဲ့ ဒီလိုပဲ တိုက်ယူမှ ရနိုင်မည် ဟု ဒေါက်တာအေမိစ် က ယုံကြည်ပါသည်။ ထိုသို့တိုက်ယူ၍သာ ကျွန်ပိုင်ရှင်စနစ်သည် ဥပဒေ အရ ချေဖျက် ပျက်ပြုန်းသွားရ သည် မဟုတ်ပါလား။

ပြည်တွင်းစစ် ဖြစ်ပြီးနောက်၊ ပြန်လည် ထူထောင်ရေးကာလ အတောအတွင်းတွင် မြောက်ပိုင်းသားများနှင့် ကျွန်ပိုင်ရှင်ဟောင်း တို့၏ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်တွေ ထပ်မံ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုအခါမျိုးတွင် အကူအညီမဲ့၊ လက်နက်မဲ့ လူမည်းတွေက ဘယ်လိုပြန်ကာကွယ်ခဲ့ကြသလဲ။
ဒေါက်တာအေမိစ်က ထိုသို့တွေးနေမိသည်။ သို့သော် လူစီဘဲလ်ကမူ ထိုသို့မဟုတ်ပါ။ ရာဂျာ စကားစပြော ကတည်းက သူသည်အငေးသားနားထောင်ခဲ့ပါသည်။ ကဗျာဆရာတစ်ယောက် ကဗျာရွတ်နေသည်ကို နားထောင်သလို ပင် နားထောင်နေခဲ့ပါသည်။ သူဘာတွေ ပြောနေသည်ကို ကား သူမသိ။ သူသိသည်ကတော့ သူ၏ပြောပုံ ဆိုပုံ ဟန်ပန်ကိုသာ။
ရာဂျာ စကားဆုံးသွားသော အခါ သူသည် လက်ခုပ်ပင်မတီးမိ။ လက်ခုပ်တီးလိုက်လျှင်ပင် အလှအပလေး တစ်ခု။ ပြန်မရနိုင်သည့် အလှအပလေးတစ်ခုကို သူဖျက်ဆီးမိမှာကိုစိုး၍။ ထို့ကြောင့် သူသည် လက်ခုပ်မတီးခဲ့။ သို့သော် သဘောကား ကျ၏။ လူဝီ၏ အမူအရာမြင်မှ သူသတိပြန်လည်လာသည်။

''နင်က မကြိုက်ဘူးလား။''
''ဘာကို မကြိုက်တာလဲဟင်''
''ရာဂျာရဲ့ မိန့်ခွန်းကိုလေ။''
''ငါက မကြိုက်ဘူးလို့ တစ်ခါမှ မပြောမိသေးပါလားဟ''
''ဒါပေမဲ့ နင့်ကြည့်ရတာ သိပ်ပြီး ဘဝင်မကျနေတဲ့ပုံပဲ''
''ဒါတော့ ငါလည်း မတတ်နိုင်ဘူးလေ။''
''နင်က မနာလိုဝန်တို ဖြစ်နေတယ်လို့ ငါထယ်တယ်ဟာ''
လူဝီက ဘာမျှပြန်မပြေပဲ မတ်တတ်ထလိုက်သည်။
''မသွားပါနဲ့ဟယ်။ ငါတောင်းပန်ပါတယ်။ ငါဆိုလိုတာက အဲဒီလိုမဟုတ်ပါဘူး။
''နင်က ဒီလို မဆိုဘူးဆိုရင် ဒါမျိုးဘာဖြစ်လို့ ပြောခဲ့တာလဲ''
လူဝီက ဒေါသသံဖြင့်ပြောကာ ထွက်သွားတော့၏
အဆောင်ပြန်ရောက်တော့ လူစီဘဲလ်က ရာဂျာကို ပြောသည်။

''ရှင်စကားပြောတာ သိပ်အံ့သြစရာကောင်းတာပဲ။ လက်ထဲမှာလည်း ဘာစာရွက်မှ ရေးတာမှတ် တာမရှိဘဲနဲ့ လက်တန်းပြောနိုင် တယ်နော်။ ''စာရွက်တွေ ဘာတွေ ကိုင်ဖို့ မလိုပါဘူးကွယ်။ စကားပြောပညာဆိုတာ အိန္ဒိယပညာတတ်တွေရဲ့ ယဉ်ကျေးမှု တစ်ရပ် ပဲကွ။ ဒါနဲ့ စကားမစပ်။ သိပ်အံ့သြစရာကောင်းတာပဲဆိုတဲ့ စကားမျိုးကို ငါ့အဖေလည်း သိပ် သုံးတတ်တာပဲ။ အံ့သြစရာကောင်းတယ်ကွာ၊ အံ့သြစရာကောင်းတယ်ကွာနဲ့ သူ့အတွက် အရာရာ ဟာ အံ့သြစရာ ချည်း ဖြစ်နေတာပဲ'' ရာဂျာ၏ စကားသံထဲတွင် ခါးသီးမှုများပါနေ၍ လူစီဘဲလ်ပင် အံ့သြသွားသည်။

''ဘယ့်နှယ့်၊ ရှင်က ရှင့်အဖေကို မကြိုက်ဘူးလားဟင်''
''ကြိုက်တာပေါ့။ ကြိုက်သမျှ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ငါက သူ့ကို မနာလိုဖြစ်နေမိတယ်လို့ ထင်တယ်ကွာ''
ထို့နောက် သူက သူ့အိမ်အကြောင်း ပြောပြလိုက်သည်။ လူစီဘဲလ်က ငြိမ်ငြိမ်လေး နားထောင်နေသည်။ သူ့ လက်ကမူ ရာဂျာ ၏ လက်မောင်းများကို တွယ်ချိတ် ထားသည်။ ရာဂျာက မိန်းမသားလက်နုနုလေး၏ အတွေ့အထိ ကို ခံစားနေရသည်။ သူက ဒီလိုယုယကြင်နာမှုမျိုးကို လိုအပ်နေ ချိန်၊ တောင့်နေချိန်၊ မေတ္တာငတ်မွတ်နေချိန်တွင် ဒီလိုအပြုအမှုလေးကြောင့် တုန်လှုပ်သွားသည်။ အိန္ဒိယ လုံမပျိုလေး များက ဒီလို ဘယ်တော့မှ လုပ်ရဲကြမည်မဟုတ်။ ထို့နောက် သူ့ဖာသာသူ သဘောကျပြီး ရယ်ချ လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>