Showing posts with label ခင်ခင်ထူး. Show all posts
Showing posts with label ခင်ခင်ထူး. Show all posts

Tuesday, March 6, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၆) (ဇာတ်သိမ်း)

(" ဟဲ့ ... သူ့ယောက်ျားဖို့ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့ ... ကိုယ့်အဖေကြီး ခေါင့် ကြီးမား ကို ကျွေးတာ ကျာကျူးကတောင် ၀မ်းသာရဦးမယ် "
" အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့ ... ကျွန်မ ပြောလိုက်တယ်လေ အေး ကိုယ့်ယောက်ျားကိုယ် ဦးစား ပေးကြေးနော် ... လုပ်ကြလေ ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲ့လို့ "
ကျွန်မ ဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ ) ကို ဆက်ဖတ်ရန်...

မအိုးမအ ကလေး ဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက်ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရ သလောက် မပြီးပါဘူး။ ကျာကျူးအမေ နဲ့ ကျာကျူးအဒေါ်တို့ အပေးအယူကတိပျက်ကြရာက ရန်ဖြစ် ကြရော၊ ရန်ဖြစ်ကြတော့ ကျာကျူးကို လိမ်ထားတာ တွေပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူး တို့ အိမ်ကို ဒရွတ် သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူး ဆိုတာ အသံကလေးတစာစာ နဲ့။ ဆိတ်နှစ်ကောင်နဲ့ စကားတွေပြော နေတာများ လူကို ပြောနေ တဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့်နေတာမြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။

"နီတိုး နဲ့ နီတူးပြန်ဖြစ်သွားပြီ ဆရာမကြီး ... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး ... ကျွန်မကို လွမ်း လို့ နဲ့တူတယ် ... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ် ... မပူနဲ့ နင်တို့ကို ငါကျွေး နင်တို့မှာ သူရဲလည်း မရှိဘူး ... ဓာတ်မတည့်တာလည်း မရှိဘူး ... ငါ့အမေနဲ့ ငါ့အဒေါ်က လူတွေဖြစ်ပြီး လိမ်တာ ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "
ကျွန်မ ကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်းပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ် ... "

တစ်ရက် မှာတော့ ကျာကျူးတို့သားအမိ ဈေးသွားကြပြီး ဘုရားကြီးကို ဘုရားဖူးသွားကြတယ်။ မသွားခင် မနက်က ကျွန်မတို့အိမ်ဘက် ကူးလာလို့ ကျွန်မက မုန့်ဖိုးသုံးထောင် ထည့်ပေးလိုက်တယ်။ ဘုရားကြီးမှာ နေကုန်ကြမှာ ဆိုတော့ လမ်းစရိတ်ကော၊ စားစရိတ်ကော ကုန်ကြမှာကိုး။ အဲသည့်မနက်က ကျာကျူးက ရှိုးအပြည့်နဲ့ပါ။ မျက်နှာကလည်း မိတ်ကပ်တွေပိန်းလို့။ နှုတ်ခမ်းနီကလည်း ရဲတွတ်လို့။ ကျာကျူးတို့ ဘုရားက ပြန်လာတော့ မိုးချုပ်နေပါပြီ။ အ၀တ်မိုးချုပ်နေပါပြီ။ အ၀တ်အစားလဲပြီး ကျွန်မတို့ အိမ်ဘက်ကို ကူးလာတော့ မျက်နှာက ချွေးစေးတွေနဲ့ ကွက်ကျားရိုက်လို့။
" ဆရာမကြီး ကုသိုလ်ရအောင် ဆရာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ကျွန်မဘဲကလေးလေးကောင်ဝယ်လာတယ် တစ်ကောင်ငါးရာ တဲ့ ... တန်တယ်ဆရာမကြီးရဲ့ ... သည်ဘဲတွေ ကြီးလာရင် ပြန်ရောင်းမယ် ... ဆရာမကြီး သာဓုခေါ်တော့ "

" အေးပါအေ ... သာဓုပါ ... ပိုက်ဆံပေးလိုက်တာ ညည်းတို့စားဖို့ လှူဖို့လေ ... ဘုရားမှာ မလှူခဲ့ဘူးလား ကျာကျူ ရဲ့ "
" နှစ်ရာလှူခဲ့တယ်လေ ... လှူတဲ့လူတွေအများကြီးပဲ ဆရာမကြီးရဲ့ ... ကျွန်မတို့ရောက်တော့တောင် ဘုရား မှာ ပိုက်ဆံတွေ အများကြီးရနေပြီ"
ကျွန်မလည်း ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ ဆရာမကြီး ကုသိုလ်ရအေင် ဘဲကလေးတွေ ၀ယ်ခဲ့သတဲ့။ ကျွန်မကိုတောင် သာဓုခေါ်တော့တဲ့။ ဘဲလေးကောင်ကို နှစ်ထောင်ဖိုးဝယ်ခဲ့ပြီး ဘုရားတော့ နှစ်ရာ ဖျစ်ဖျစ်မြည်လှူခဲ့သတဲ့။ သူတကာတွေ လှူနေကြလို့ ဘုရားမှာ ပိုက်ဆံတွေရလှပေါ့တဲ့။ သူပြောချင်တာ ကို စိတ်ထဲရှိတဲ့အတိုင်း ပြောနေတာပါ။ ငေါက်ရခက် ငန်းရခက်။ ကျာကျူးက ပြော နေသေး တာ။

" ဘဲလေးကောင် ကို ကျွန်မတို့မီးနင်းပွဲနီးတော့မှ ရောင်းမယ် ... အဲသည်ကျရင် ကျွန်မ ဖန်လက်ကောက် လေးကွင်း ၀ယ်မယ် ဒါမှ ဘီလား ကို ကျွန်မ နိုင်မယ် ... ဘီလားမှာ နှစ်ကွင်းပဲ ရှိတယ် "
ဘီလားဆိုတာ ကူမဲက အဒေါ်တစ်ယောက်က မွေးတဲ့ ကျာကျူးနဲ့ ရွယ်တူ မိန်းကလေးပါ။ ကျာကျူး မျက်နှာကလေး တင်းနေပုံထောက်တော့ မီးနင်းပွဲပြန်တိုင်း ဘီလားက ဖန်လက်ကောက် တချွင်ချွင်နဲ့ လုပ်ပုံ ရတယ်။ ဒါမကို ကျာကျူးမခံချင် ဖြစ်နေပုံလည်းရရဲ့။ ကျွန်မက ဆရာမကြီးဝယ်ပေးပါ့မယ်အေ၊ မီးနင်းပွဲ ရောက်ရင်သာပြောဆိုတော့ ကျာကျူးမျက်နှာကလေးပြုံးသွားလေရဲ့။ နောက်ဆက်တွဲ စကားကြောင့် ကျွန်မ ဘာစကားဆက်ရမှန်းမသိ ဖြစ်သွားရတယ်။

“ ဒါဆိုရင် ဘဲတွေ ကို အကောင်ပွားမယ် … အများဆို အများကြီးရမှ တစ်ခါတည်း ထုတ်ရောင်းမယ် … ပိုက်ဆံ တွေ ရရင် ရွှေဝယ်မယ် … ရွှေဝတ်ရင် လူကျန်းမာတယ်လို့ အမေပြောတယ် … အခုက ကျွန်မ တို့မှာ ရွှေမရှိ လို့ ခဏခဏ နေမကောင်းဖြစ်နေတယ် “
တစ်ခါတစ်ခါ ကျာကျူး နှုတ်ကထွက်လာတဲ့စကားတွေက အဲသလိုပါ။

သည်နှစ်ထဲ ကျာကျူး က အရပ်ကလေးထွက်လာတာ ကျွန်မသတိထားမိတယ်။ အပျိုဖော်ထားမိတယ်။ အပျိုဖော်ကလေး ၀င်စဆိုတော့ ပေပေရေရေနေတဲ့ကြားက အပျိုရည်ကလေးနဲ့ ဖူးဖူးပွင့်ပွင့် ရှိ လာတာလည်း အမှန်ပဲ။ စာရယ်လို့ ကောင်းကောင်းမတတ်ပေမယ့် ဈေးဗန်းရွက်ပြီး ဈေးရောင်း တတ်လို့ တော်သေးရဲ့ အောက်မေ့မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခမကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့်ရကြတာကလည်း ကံထူးတယ်ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက်တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။

ဆွေမျိုးသားချင်းတွေက ၀င်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာ တောင် ကောင်းသေးတော့။ ကျာကျူး တို့ကလည်း စိတ်ထဲသွားချင်စိတ်ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်း သွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံ နဲ့ ဘယ်လိုခံစားမှုနဲ့ ပြန်လကြသလဲဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖ တစ်တွေ တိတ်တိတ်ကလေးပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက် ယောက်နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်း နေမ၀င်တ၀င် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံနေပြီဆိုရင် အဆင်ပြေလာလို့ပေါ့လေ... အခြေအနေကို လိုက်လို့ နောက်မနက်ကျာကူးနဲ့ တွေ့လို့ .. ညည်းအေ ကိုယ့်ဆွေမျိုးတွေပဲဟာ ရန်ဖြစ်တာ မကောင်းပါဘူး.. ကဲ ပြောစမ်း ဒီတခေါက်ဘယ်သူနဲ့ ရန်ဖြစ်လာတုံး.. လို့များဆိုရင် ကျာကျူးက ကျွန်မ ကို အကြားအမြင်ရတဲ့ ဓါတ်ဆရာမကြီးလို ကြည့်နေသေးတာပါ...အမေကြီး မှာ မြေးတွေ အများကြီးရှိတယ် ဆရာမကြီးရဲ့ ..အခုတခေါက် ရန်ဖြစ်တာက ချိုတီးနဲ့ဖြစ်တာ ... 
 
သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာကပ်စားနေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ ... အမေကြီးလည်း ငါတို့အိမ် လာကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီး ရဲ့ ... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ ... ရန်ဖြစ်ကြရော "

အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလာ နဲ့ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက် နဲ့ ရန်ဖြစ်ကြတယ်ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါး ပြန်လာလို့ ချက်ပြုတ် စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူးရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျ ချက်တော့ လို့ပြောရင် ကျာကျူးက အင်မတန် အံ့သြရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်း တွေသိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့"သိပါအေ တို့အိမ်မှာ စလောင်းတပ်ထားတာ မမြင်ဘူးလား စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲ က အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေး။

" ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ ... ဆရာမကြီး မြင်တာပြောပြပါ"
" ညည်းက မယုံလို့လား ... ညည်းအမေကြီး ကို လက်ဖက်ရည် ၀ယ်ပေးတယ်အေ ... သန်းရှာပေးတယ်အေ ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း "
" ဟုတ်တယ် ... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ "
" နာမည်တော့ ဘယ်သိပါ့မလဲအေ့ ... ကုလားမလေးပဲ "
 " အဲဒါလည်း ဟုတ်တယ် ... အဲဒါက မာလာ"
" ဒါကြောင့် ပြောတာပေါ့ ... အကုန်မြင်ရပါတယ်ဆို "
" ဒါဆို ဆေးရုံကြီးရှေ့မယ် ...  ကြည့်ပေးစမ်းပါ … အမေရောင်းတဲ့ လိမ္မော်သီးတွေ ကုန်ကာနီးပြီလားလို့ … လိမ္မော်သီးသည်တွေများတော့ မရောင်းရဘူး ဆရာမကြီးရဲ့ … အမေ့သနားလို့“

ကုန်ကာနီးပါပြီအေ … ရောင်းရပါတယ် “
သည်လိုများဆိုရင် ကျာကျူးက အင်မတန် ၀မ်းသာရှာတယ်။ ဘဲလေးကောင်ရောက်လာကတည်းက ကျာကျူး တစ်ယောက် အိမ်ရှေ့က ရေစပ်စပ်မြောင်းဘေးမှာ ငုတ်တုတ်။ ဘဲတွေက ရေကူးကြလို့။ သူ့ဘဲတွေသူ့စိတ်နဲ့တွက်ပြီး ကြီးကောင်ဝင်စေချင်ပုံရတယ်။ သီချင်းတညည်းညည်း၊ မျက်နှာတပြုံးပြုံးနဲ ထိုင်နေတာပါ။ သူ့စိတ်ထဲမှာ ရွှေလက်ကောက်တွေ တချွင်ချွင်နဲ့ ဖြစ်နေပုံလည်းရရဲ့။ တစ်ခါတော့ ကျွန်မက ဘဲထီး၊ ဘဲမညည်းသိလို့လားဆိုတော့ ဘဲဥအုတော့မှ ကြည့်ရမှာပဲတဲ့။

ဒါပေသိ ဘဲတွေက မအုလိုက်ရပါဘူး။ ခွေးဆွဲ`ကြွက်ဆွဲနဲ့ နှစ်ကောင်သေတာလည်း ကြားလိုက်ရတယ်။ နောက်နှစ်ကောင်ကတော့ နည်းနည်းလေး ထွားလာလို့ ကျွန်မကတောင် အဖတ်တင်ပါစေလို့ ဆုတောင်းမိ တယ်။ ဆုတောင်းမပြည့်ပါဘူး။ ရောဂါဝင်တာပဲလားတော့မသိဘူး။ ရက်နည်းနည်းခြားပြီး နှစ်ကောင်စလုံး သေကုန်ကြတာပါပဲ။ ကျာကျူးက ငိုလိုက်တာမှ ကျူကျူပါလို့။ ကျွန်မက ဆရာမကြီး ပိုက်ဆံ ပေးပါ့ မယ်အေ၊ ဘဲလေးငါးကောင်ထပ်ဝယ်လိုက်ပါဆိုတော့လည်း ကျာကျူးက အငိုမရပ်ဘူး။ သူ့ဘဲကလေး တွေကို သနားလွန်းလို့တဲ့။ မအေကတော့ ကျွန်မကို ကျာကျူးမသိအောင် ပြောရှာပါရဲ့။

ဆရာမကြီးနှယ် … ဘဲလေးကောင် ၀ယ်ချင်လှချည့်ရဲ့ဆိုလို့ ဘုရားကအပြန်ခြင်းနဲ့ထည့်ရောင်းတဲ့ ဘဲကလေး တွေထဲက လေးကောင် ဇွက်ဝယ်တာ … ကျွန်မ တားတာလည်း မရဘူး … အမေနဲ့ ဈေးလိုက် ရောင်းပါ ဆိုတာ ပြောလို့မရဘူး … ဘဲတွေမထားခဲ့နိုင်လို့တဲ့ … အခုတော့ ဈေးပြန် လိုက်မယ်ထင်ပါရဲ့ … သားအမိ နှစ်ယောက် ရောင်းတော့ တွင်တာပေါ့“
ကျာကျူး ခမျာ မအေနဲ့အတူ ဈေးရောင်းပြန်ပါပြီ။ မနက်မနက် သနပ်ခါးအဖွေးသားနဲ့ ဈေးဗန်းရွက်ပြီး သားအမိနှစ်ယောက် အိမ်ရှေ့က ဖြတ်ကြပြန်ပါပြီ။ ကျွန်မက အိမ်ရှေ့လမ်းပေါ် တံမြက်စည်းကြမ်းနဲ့ လှည်းကျင်း နေရင်းက မြင်လိုက်ရင် ကျာကျူးက ဈေးရောင်းတော့ အဖြစ်တော့ လို့ ချီးကျူးရတယ်။ မအေ မှ ကူဖော်လောင်ဖက်ရပါစေတော့ဆိုတဲ့ သဘောနဲ့ ပြောရတာပါ။ နှစ်ရက်၊ သုံးရက်ရှိတော့ ဘဲ အကြောင်း မပြောတော့ဘူးဆိုလို့ ဈေးရောင်းတဲ့ဘက် ခေါင်းလည်အောင် မအေရော ကျွန်မပါ မြှောက်ပင့် ပေး နေရတယ်။

မအေကဆိုရင် “ဆရာမကြီးနှယ် … ကျာကျူးက ကျွန်မထက်တောင် ဈေးရောင်းဖြစ်သေးတယ်“တဲ့။ မကြာ ပါဘူး။ ကျာကျူးရောဂါဟောင်း ပြန်ပေါ်လာပြန်ပါရော။ မြိုကထဲက ငှက်ကလေး နှစ်ကောင် ၀ယ်လာ ပြန်တာပါ။ စိမ်းစိမ်းပြာပြာ ကိုယ်လုံးကလေးနဲ့ ချစ်စရာကောင်းတဲ့ ကျေးကြုတ်ငှက်ကလေးနှစ်ကောင်ပါ။ သေးသေးကလေးတွေဆိုတော့ အိမ်ကဘဲဥ သံခြင်းထဲ ထည့်မွေးထားသတဲ့။ တစ်ရက်များ ကျွန်မတို့ အိမ်ဘက် သံခြင်းကလေး မလာပြီး တကန်တက လာပြသေးတာလေ။ ကျွန်မက ကျာကျူးရယ် ကိုယ်က ဈေးရောင်း စားရတာ ငှက်မွေးလို ညည်းတို့ ၀င်ငွေ ဘယ်လိုရမှာလဲ ဆိုတော့ ကျာ်ကျူးပြောလိုက်တဲ့ စကား ကြောင့် ကျွန်မတောင် လန့်သွားမိတယ်။

“ပိုက်ဆံတော့ မရဘူးပေါ့ ဆရာမကြီးရယ်… ဒါပေမဲ့ ငှက်ကလေးတွေကလှတယ် … သူတို့ အော်တာလည်း နားထောင်ကောင်းတယ် … ကျွန်မမွေးတော့ သူတို့စိတ်ချမ်းသာတယ် … ငှက်ကလေး တွေလိုပဲ နောက်ဘ၀ ကျရင် ကျွန်မလည်းလှမယ်၊ အသံလည်းကောင်းမယ်၊ စိတ်လည်းချမ်းသာမယ် “
“အလိုတော် … ညည်းက ဘာတွေများ စိတ်မချမ်းသာစရာရှိလို့လဲဟဲ့“

“လူဆိုတာ လိုတာရတယ်နော် စိတ်ချမ်းသာတယ် … လိုတာမရဘူးနော် စိတ်မချမ်းသာဘူး … ကျွန်မလည်း လိုတာမရရင် စိတ်မချမ်းသာဘူး ဆရာမကြီးရဲ့ “
ကျာကျူးက သူပြောတတ်သလို ပြောနေတာပေမယ့် သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါ တယ်။ ကျေးကြုတ်ကလေးနှစ်ကောင်ထွေးထွေးပိုက်ပိုက် မွေးခြင်း ကုသိုလ်ကြောင့် နောင်ဘ၀မှာ တူသော အကျိုးရမယ်လို့ ပြောနေတာမဟုတ်လား။

“ကျာကျူးရယ် … ညည်း သည်ဘ၀မှာလည်း လှပြီးသားပဲဟာ … ကျာကျူးမိဘကို နိုင်သမျှ လုပ်ကျွေးတယ်… တိရစ္ဆာန်ကလေးတွေကို ချစ်တယ် … စိတ်ကောင်းရှိတယ် … သည့် ထက်ကောင်း တာ ဘာများ ရှိသေးလို့တုံး … ညည်းစိတ်ရင်းကပဲ ညည်းကို စောင့်ရှောက်မှာပါ … တစ်ခုတော့ ဆရာမကြီး ပြောချင်တယ်“
“ဘာကိုတုန်း ဆရာမကြီး“
“ငှက်ကလေးတွေကို ဘဲဥခြင်းထဲထည့်ထားတော့ သူတို့ မလွတ်လပ်ဘူးပေါ့ … ကျပ်ကျပ်သပ်သပ် နေကြရ တော့ ငှက်ကလေးတွေခမျာ မွန်းမှာပေါ့ … ညောင်းညာမှာပေါ့ … ညောင်းညာမှာပေါ့ … ပြီးတော့ သူတို့နေရာ မဟုတ်ဘူးလေ … ငှက်ဆိုတာ တောထဲတောင်ထဲမှာ လွတ်လွတ်လပ်လပ် နေချင်ကြတာ မဟုတ်လား အခုတော့ ကျာကျူးက မွေးထားတနဲ့တူနေတယ် လွှတ်လိုက်ရင် ပိုကုသိုလ်ရတာ ပေါ့ … ကျာကျူး ပေးဝယ်ခဲ့တဲ့ ငှက်ဖိုးကို ဆရာမကြီးပေးမှာပါ “

ကျာကျူးငိုင်သွားလေရဲ့။ ဘယ်လိုတွေးမိလို့လဲတော့ မပြောတတ်ဘူး။ နှစ်ရက်လောက်နေတော့ ကျာကျူး ငှက်ကလေး တွေကို လှောင်အိမ်ထဲကဖွင့်ပြီး လွှတ်လိုက်သတဲ့။ ကျွန်မဆီကို ငှက်ဖိုးလာတောင်းလို့ သိရ တာပါ။ ကျွန်မက ၀ယ်ရင်းဈေးမေးတော့ တစ်ကောင်တစ်ထောင်တဲ့။ နှစ်ကောင်အတွက် ပိုက်ဆံပေးရင် သူ့ စိတ်ခံစားမှုကို သိချင်တာနဲ့ ညည်းငှက်ကလေးတွေကို အဲသလို လွှတ်လိုက်တော့ မနှမျော ဘူးလား ဆိုတော့ မျက်နှာကလေး အိုသွားရှာတယ်။ ပြီးမှ ပြုံးရှာတာပါ။

“လွှတ်တုန်းကတော့ နှမျောတယ် … နောက်တော့ မနှမျောတော့ဘူး … ဆရာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ပိုလှတဲ့ ငှက်နှစ်ကောင်ဝယ်လိုက်မယ် … မနေ့က ငှက်ဆိုင်မှာ ငှက်ကလေးတွေ အများကြီး ထပ်ရောက် လာ တယ်၊ အပြာနဲ့ အ၀ါနဲ့ပါတဲ့ ငှက်ကလေးတွေ အားကြီး ချစ်စရာကောင်းတယ် “
ကျွန်မ ဖြင့်လေ ကျာကျူးခေါင်းကို မခေါက်မိအောင် မနည်းအောင့်အည်းနေလိုက်ရတယ်။“

အေးပေါ့ ကျာကျူးရယ် … ညည်းက ၀ယ်လာလိုက်၊ ပြန်လွှတ်လိုက်၊ ငါက ငှက်ဖိုး ပေးလိုက်ပေါ့အေ“ ဆိုတော့ “အင်းဟုတ်တယ် … အဲဒါကောင်းတယ်“တဲ့လေ။
ကျာကျူး အကြောင်း ရေးရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ချစ်စရာလည်းကောင်းရဲ့၊ သနားစရာ လည်း ကောင်းရဲ့။ တစ်ခါတစ်ခါ သည်စိတ်၊ သည်ခန္ဓာနဲ့ ရှေ့ဘယ်လိုများရှိရှာမှာပါလိမ့်လို့ ကျွန်မ တွေးမိတယ်။ တစ်ခါတော့ ကျွန်မက ကျာကျူးစားစေချင်လို့ ကားနဲ့တင်ခေါ်သွားပြီးဆိုင်မှာ ခေါက်ဆွဲ ကျွေး တယ်။ ကျာကျူး က တို့ကနန်း ဆိတ်ကနန်း လုပ်နေလို့ “စားပါဟဲ့ ကျာကျူး ရဲ့ … ညည်း အဲသလို မစားလို့ ပိန်နေတာ“ ဆိုတော့ ကျာကျူးက မျက်လုံးပြူးကလေးနဲ့ ပြန်ပြောတယ်။

“ပိန်တာကောင်းတယ် ဆရာမကြီးရဲ့ … ဈေးဖမ်းတွေလိုက်တော့ ပြေးနိုင်တယ် … ဆရာမကြီးလိုဝရင် ဘယ်လို ပြေးနိုင်မလဲ … ဆရာမကြီးကို မိသွားမှာပေါ့ "
" ပိန်တာ ကောင်းပါတယ်အေ ... ဒါပေသိ ညည်းက ပိန်လွန်းလို့ပြောသာ"
"ပိန်တာ ဆင်းရဲလို့လေ ... ချမ်းသာရင် မတရားစားမယ် မတရား ၀ါးမယ် "
ကျာကျူးရဲ့ ဖီလိုဆိုဖီ ထင်ပါရဲ့။ ကျွန်မလည်း ရှေ့မတိုးသာလို့ ဘာမှမပြောတော့ပါဘူး။ စူပါမတ်ကက်ကြီး တစ်ခုထဲဝင်ကြတော့ ကျာကျူး အံ့သြနေတာ ကျွန်မ သတိထားမိတယ်။ သည်လို Shopping Mall ကြီး တွေထဲကို ကျာကျူး မရောက်ဖူးဘူး။ လေအေးစက် ပေးထားပြီး မီးရောင်တွေ ထိန်နေတဲ့ ခန်းမကြီး ထဲ ရောက်တော့ ကျာကျူးမျက်လုံး ကလေး ပြူးအောင် လိုက်ကြည့်တယ်။
" ဒါ ဆရာမကြီး တို့ ၀ယ်တဲ့ ဈေးပေါ့ "

" အေး ... သည်မှာ အစုံရတယ် ... ကျာကျူး ဘာလိုချင်သလဲ စဉ်းစားလိုက် အကုန်ရှိတယ် "
" နံနံပင် ရှိသလား"
" ရှိပါ့ ... "
" တညင်းသီးရှိသလား "
" ရှိပါ့ "
" ဒါဆိုကောင်းတယ် သည်ဆိုင် မဆိုးဘူး "
Shopping Mall ကြီးတွေထဲမှာ တညင်းသီးနဲ့ နံနံပင် မရှိလောက်ဘူးထင်လို့ ရိုးရိုးသားသား မေးတာ ပဲလား၊ အစုံရှိတယ်ဆိုလို့ ကျွန်မကို ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ကျွန်မသမီးက ခြင်းတစ်လုံး နဲ့ မုန့်တွေ၊ ကလေးစာအုပ်တွေ၊ ဆံကုတ်တွေ၊ ကလစ်တွေ ယူယူပြီး တစွပ်စွပ် ထည့် နေတာ တွေ့ တော့လည်း ကျာကျူး က အံ့သြနေတာပါပဲ။ " ဖွေးဖွေး က လူလည်ဖြစ်နေပြီ" တဲ့။ ကျွန်မ က ကျာကျူးကြိုက်တဲ့ အလှကုန် ပစ္စည်းကလေးတွေ ၀ယ်ပေးတော့ ပြုံးလို့။ ဖိနပ်ဝယ်ပေးတော့လည်း ကျောက်စီ ထားတဲ့ ဖိနပ်မှ ကြိုက်သတဲ့။ အင်္ကျီဝယ်ပေးတော့ ပုစွန်ဆီရောင် ဖိုးရိုးဖားရား ဒီဇိုင်းကို ရွေး သေးတာပါ။

အမေ ၀တ်လို့ မရတာဝယ်မှ ကျွန်မချည်းဝတ်ရမှာတဲ့လေ။ မအေမ၀တ်ရဲတဲ့ ဒီဇိုင်းဝယ်မှ သူချည်း ၀တ်ရမှာလို့ ပြောတာထင်ပါရဲ့။ တချို့ ထဘီတို့ ဖိနပ်တို့ဆိုရင် သားအမိ နှစ်ယောက်အတူတူ ဆူလှယ်နဲ့ ၀တ်ရတာကို ကျွန်မသိလို့ ကျာကျူးပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။ ရေခဲမုန့်ဝယ်ကျွေးတော့ ခေါင်းခါတယ်။ ကျွန်မက ကျာကျူးကြိုက်မှန်းသိလို့ လက်ဖက်ရည်ဆိုင်ဝင်တော့ မက်မက် စက်စက် သောက်ပြန်ရဲ့။
" ညည်းက လက်ဖက်ရည်ကျတော့ ခေါင်းမခါပါလား ကျာကျူး " ဆိုတော့ ကမ္ဘာပေါ်မှာ လက်ဖက်ရည် လောက် ကောင်းတာ မရှိဘူး ဆိုပါရောလား။ ခက်များ ခက်ရချေရဲ့။ ထုံးစံအတိုင်းပါပဲ၊ ကျွန်မက ငြိမ်နေရုံ ပေါ့။

ကျာကျူး က ကျွန်မသမီးအရွယ်လောက် ရှိသေးပေမယ့် ကျာကျူးနဲ့ ဆက်ဆံရတာ ကျွန်မ စိတ်ချမ်းသာ ပါတယ်။ ကျာကျူးက ရိုးဖြောင့်တယ်။ ရင်ထဲရှိတဲ့အတိုင်း ပြောတယ်။ သစ္စာရှိတယ်။ ဘ၀မှာ သူ နားလည်သလောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေတယ်။ နောက်ကိုလှည့်ပြီး မပူသလို ရှေ့ကိုမျှော်ပြီး ပူတာ မျိုးလည်း မရှိသူပါ။ ကျာကျူး ဘ၀ ကမှ အေးချမ်းပါသေးကော။ တစ်ခါတော့ ကျာကျူး ကျွန်မတို့ အိမ်ကို ရောက် လာတယ်။ ကျောက်ဆည်ဘက်၊ မြစ်သားဘက် ထင်ပါရဲ့၊ သူတို့ဘာသာ ထုံးစံ မီးနင်းပွဲ သွားကြ မလို့ တဲ့။ ကျွန်မ က မုန့်ဖိုးပေးတော့ ယူတယ်။
" ညည်း တို့ကော မီးနင်းကြမှာလား "

" မနင်းဘူး ... မီးနင်းရင် ဥပုသ်စောင့်ရတယ် ... အဖေကတော့ ပြောတယ် ... ငါ မီးနင်းရင် ပူမှာ မဟုတ်ဘူး တဲ့ ... မီး က အဖေ တို့ လောက် မပူ ဘူးတဲ့ ... အဲဒါဟုတ်မှာပဲ "
သည် တစ်ခါတော့ ကျာကျူး စကားကြောင့် မီးကျီးခဲပေါ် ခြေဖ၀ါးချလိုက်သလို ထူပူသွားမိတာက ကျွန်မ ကိုယ်တိုင် ပါ။ ကျာကျူး ရယ် ...။ ညည်းနှယ်အေ ...။

ခင်ခင်ထူး
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 5, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၅)

ခင်ခင်ထူး
ကျာကျူး


ကျာကျူး နဲ့ သူ့ဆိတ်နှစ်ကောင်ပြဿနာက ကျွန်မတို့အဖို့ရာ ခေါ်မကြား အော်မကြား ပြောမကောင်း ဆိုမရ ဖြစ်ရတာမျိုးတော့လည်း မဖြစ်လိုက်ရပါဘူး။ လည်ချောင်းကွဲအောင် တပဲပဲနဲ့ အော်နေတတ်တဲ့ ဆိတ်သံ တွေက တစ်ပတ်လောက်အတွင်းမှာ ထူးထူးဆန်းဆန်း တိတ်သွားခဲ့တယ်။ ကျာကျူးတို့ အိမ်ကလေး ရှေ့ ဆိတ်နှစ်ကောင်ချည်ထားတာ ကျွန်မတို့ အိမ်ပြတင်းပေါက်က လှမ်းမြင် နေရတုန်း ကတော့ ရေရှည်ဖြင့် ခက်ရချေရဲ့ အောက်မေ့မိသေးတာကိုး။ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် အော်ကြ ဆူကြဖြစ်မယ်ထင်ရာက ဆိတ်သံတွေ မကြားရတော့တဲ့အခါ ကျာကျူးကို ခေါ်မေးရတယ်။ ကျာကျူး က သည်အကြောင်း မေးတော့ မျက်နှာမကောင်းဘူး။ သူတို့အိမ်က ဆိတ်ရာဇ၀င်ကို မပြောချင် သလိုလို ပြောချင်သလိုလို ပြောချင်သလိုလို မျက်နှာနဲ့ ကျွန်မကို ပြောပြတယ်။

" ဆိတ်နှစ်ကောင်မရှိတော့ဘူး ဆရာမကြီး ... နီတိုးလည်း မရှိတော့ဘူး ... နီတူးလည်း မရှိတော့ဘူး ... အခုက သူတို့နာမည်ပြောင်းသွားပြီ ... ပေါက်စီနဲ့ အီကြာကွေး ဖြစ်သွားပြီ "
ကျွန်မ မေးတာက တခြား၊ ကျာကျူးဖြေတာက တခြား။ သို့ပေမယ့် နီတိုးနဲ့နီတူးဘ၀ကနေ ပေါက်စီနဲ့ အီကြာကွေး ဘ၀ ပြောင်းသွားပြီဆိုတာကလည်း စိတ်ဝင်စားစရာဆိုတော့ ဒါလည်း ဆက်မေးရမယ့် မေးခွန်း အဖြစ် ကျွန်မ မှတ်ထားလိုက်ရတယ်။ ဆိတ်ဇာတ်လမ်းကို အရင်မေးကြည့်တော့ ကျွန်မမှာ ရယ်လည်း ရယ် ချင်၊ သနားလည်းသနားဖြစ်မိပါရဲ့။

" ဆိတ်နှစ်ကောင်က သူတို့မသွားခင်ရက်တုန်းက အမေ့ကို အိပ်မက်ပေးတယ် ကျွန်မကိုလည်း အိပ်မက် ပေး တယ် ... သူတို့သည် အိမ်မှာနေရတာ ပျော်တာတော့ ပျော်ပါတယ်တဲ့ ... ဒါပေမဲ့ ကျွန်မနဲ့ ဓာတ်မတည့် ဘူးဖြစ်နေတယ်တဲ့ သူတို့ဆက်နေရင် ကျာကျူးဒုက္ခရောက်လိမ့်မယ်တဲ့"
" ဘယ်လို ဒုက္ခတုန်း ကျာကျူးရဲ့ ... ငါမရှင်းလိုက်တာအေ "
" ဆရာမကြီး စဉ်းစားကြည့်လေ ... ဒုက္ခဆိုတာ အမျိုးမျိုးရှိတယ်မှုတ်လား အဲဒီဒုက္ခတွေထဲက တစ်ခုခု ဖြစ်မှာပေါ့ ... ဘယ်ဟာရယ်လို့တော့ ကြိုပြီးတော့ ပြောလို့မရဘူးလေ "
" အေး ... သဘောပေါက်ပြီ ... ဆိတ်နှစ်ကောင် ဆက်မွေးရင် နေထိုင်မကောင်းဖြစ်မယ် ... အနာရောဂါ ဖြစ်မယ် ဈေးရောင်း မကောင်းတာမျိုးဖြစ်မယ် ... အဲသလို မဟုတ်လား "

" ဟုတ်တယ် ဟုတ်တယ် ... မကောင်းတာ ဖြစ်မယလို့ အိပ်မက်ပေးတာ ... အမေပြောတာတော့ ကျာကျူး က တနင်္လာ၊ ဆိတ်က အင်္ဂါ၊ ဓာတ်မတည့်ဘူးလို့ ပြောတာပဲ ... အမေ ပြောတာဟုတ်တယ် ... အမေ ဈေးရောင်း ရတာ အဆင်မပြေဘူး ဈေးသည်တွေ ဖမ်းလို့ ပြေးရတယ်၊ ခြေချော်ကျလို့ ခြေထောက် မျက် သွားတယ် ... ကျွန်မလည်း တစ်ရက်က ရင်ချောင်တယ် နောက်တစ်ရက်မှာ ရင်ကျပ်တယ် "
" အေးပါ ... ဓာတ်မတည့်လို့ဆိုတာထားပါတော့ ဆိတ်နှစ်ကောင်က ဘယ်ရောက်ပြန်ပြီလဲ "

" ကျွန်မတို့ အမေရဲ့အပေါ်က အစ်မရှိတယ်လေ ... ဆရာမကြီးတို့ အိမ်မှာ တစ်ခါက မြက်လာရှင်းပေး တယ်လေ ... ဆရာမကြီးတောင် မုန့်ဖိုးနှစ်ထောင်နဲ့ ကလေးတွေဖို့ဆိုပြီး ဖိနပ်တွေပေးသေးတယ်လေ ... အနီတစ်ရံ အပြာတစ်ရံလေ ... ဆူရာမကြီးက ဘီစကစ်နှစ်ထုပ်ပေးတာ အကြီးကောင်က အငယ်ကောင်ကို မပေးဘဲ ယူပြေးလို့ ဆရာမကြီး ဒေါသဖြစ်တယ်လေ "
" သေချာပါပြီ ကျာကျူးရယ် ... သက်သေတွေ တင်ပြမနေပါနဲ့တော့ ငါမှတ်မိပါတယ် ... ညည်း အဒေါ်က ဘာဖြစ် လို့တုံး "

ကျာကျူးအမေက ကျွန်မတို့အိမ်မှာ ကျွန်မတို့ မနိုင်တာတွေရှိတိုင်း ၀င်ထွက်လုပ်ကိုင်ပေးနေကျပါ။ ကျွန်မ ပြောခဲ့သလို သဘောမနော ကောင်းရှာပါရဲ့။ ဈေးရောင်း မထွက်တဲ့နေ့တွေဆိုရင် သနပ်ခါးဖုံးနေအောင် လိမ်းပြီး ကျွန်မတို့ အိမ်ဝိုင်းထဲက မြက်တွေရှင်းပေးတာမျိုး၊ သစ်ပင်တွေ မြေဆွပေးတာမျိုး၊ အိုးခွက် ပန်းကန် တွေ ဆေးကြောပြီး နေရာတကျ ထားပေးတာမျိုးတွေ လုပ်ပေးတတ်တယ်။ ရင်းရင်းနှီးနှီး ခင်ခင် မင်မင် ရှိ လာတော့ သူတို့ဘ၀၊ သူတို့အကြောင်း မိန်းမသားချင်းရယ်လို့ ကျွန်မ ကိုယ်တိုင် သိ သင့် သလောက် သိခွင့် ရခဲ့တယ်။ ကျာကျူးအနေတင်မကပါဘူး၊ ကျာကျူးအဒေါ်ကလည်း ၀ိုင်းကူတာမျိုး ရှိခဲ့ဖူးပါတယ်။ ကျာကျူးတို့အမေမှာ တစ်အူတုံဆင်းသားချင်းတွေ မနည်းဘူး။ မောင်နှမရင်းချာကချည်း ကိုးယောက် ဆိုလား ရှိသတဲ့။ ကျာကျူးအမေက မောင်နှမတွေ ကြားထဲက တစ်ယောက်ပြောပါတော့။

ကူမဲမြစ်သားဘက်မှာ မအေအိုကြီးရှိသေးတော့ မောင်နှမတော်တော်များများက ကူမဲမှာနေကြပြီး မအေနဲ့ မခွဲကြဘူး။ တစ်စုတစ်မြုံ ပလုံစီထိုးနေကြသတဲ့။ ကျာကျူးအမေက မန္တလေးသားနဲ့ အိမ်ထောင်ကျလို့ မန္တ လေးရောက်တာ အတော်ကြာပတဲ့။ ကျာကျူးအမေနဲ့ အထက်အောက် အစ်မမိသားစုကလည်း မန္တလေးမှာပဲ နေကြတယ်။ ကျာကျူးပြောတဲ့ "အမေ့ အပေါ်က အစ်မ" ဆိုတာ အမေ့အထက်က အစ်မလို့ ပြောတာပါ။ အဲသည်မိသားစုကလည်း မန္တလေးမှာ အနေကြာကြပါပြီ.။ ကျာကျူးတို့နဲ့ အိမ်ချင်းမဝေးတော့ ကျာကျူးတို့အိမ်ကို ၀င်ချည်ထွက်ချည် ရှိတဲ့အခါရှိတယ်။ ညီအစ်မချင်းမတည့်လို့ အမခေါ်မပြောရှိတဲ့အခါ လည်းရှိတယ်။ တစ်ခါက မြက်ရှင်းခိုင်းစရာရှိလို့ လာရှင်းတဲ့အခါ ကလေးတွေတသီကြီး ပါလာလို့ အိမ်က သမီးဖိနပ်ကလေးတွေ ကျွန်မကရော့ဟဲ့ အင့်ဟဲ့ ပေးဖူးတာကို ကျာကျူးက မှတ်မိလို့ သေချာအောင် ပြောနေ တာပါ။  ကျာကျူးနဲ့ စကားပြောရင် လိုရင်းမရောက်နိုင်လို့ ငေါက်ရတာများပါပြီ။ မရပါဘူး။

သူပြော တတ်သလို ပြောနေတာကိုပဲသည်းခံပြီး နားထောင်ရတာလည်း များလှပါပြီ။ ပြောသမျှစကားတွေ အထုံးပြေပြီဆိုမှ သည်လိုတော့ ဖြစ်တန်ကောင်းရဲ့၊ ဟိုလိုတော့ ဖြစ်တန်ကောင်းရဲ့လို့ ဆက်စပ်ပြီး ပုံဖော် ရတာများလှပေါ့။ အခုလည်း ဆိတ်တွေ ဘယ်ရောက်ကုန်ပြီလဲမေးတာကို လိုရင်းရောက်အောင် မဖြေ သေးဘူး။ သူ့အဒေါ်အကြောင်း အရင်ပြောနေလို့ ခေါင်းမခေါက်မိအောင် မနည်းစိတ်ကို ချိုးထားရ သေး တာ ပါ။

" အဒေါ်က ဘာမှ မဖြစ်ဘူး ... သူ့သားအကြီးကောင် စူနယားက ဖြစ်တာ ... ဒီကောင်က လူပျိုဖြစ်ပြီ မဟုတ်လား ... လူပျို လုပ်ချင်တာနဲ့ သူများဆိုင်ကယ်နဲ့ လျှောက်လိုက်တယ် ... ဆိုင်ကယ်လဲတော့ တံတောင်ဆစ် ပွန်းတယ် ... မျက်နှာတစ်ခြမ်းမည်းသွားတယ် ... သူ့အမေ ဆေးကုဖို့ ပိုက်ဆံရှာရတာပေါ့ ... ပေါက်တော့ မှ အိမ်ပေါ်က မောင်းချလိုက်တယ် .... သွားပစေကောင်းတယ် "
စကား လမ်းကြောင်းက တခြားဘက် ပြောင်းသွားပြန်လို့ ကျာကျူးပြန်တော့လို့ပဲ နှင်လိုက်ရ ကောင်းမလား၊ သည်းခံပြီး ဆက်နားထောင်ရကောင်းမလား စဉ်းစားနေတုန်းမှာပဲ ကျာကျူးပြောလိုက်တဲ့ စကား ကြောင့် ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ရတယ်။

" ဆိတ်နှစ်ကောင်မှာ သရဲပါလာတာကိုး၊ ဆရာမကြီးရဲ့ ... ကျွန်မအဒေါ်က အိပ်မက်မက်လို့သိတာ ... ဟိုတစ်ရက် က ကျွန်မ အဒေါ်အိမ်လာတာ ဆရာမကြီးတွေ့မှာပေါ့ ... သူတို့ညီအစ်မချင်း မခေါ်တာကြာပြီ ... အရေးကြီး လို့လာတာဆိုပြီး အမေနဲ့ စကားတွေ ပြောကြတယ်။ ကျွန်မ အဒေါ်ပြောတာတော့ ဆိတ်နှစ် ကောင် ရဲ့ ကျောပေါ်မှာ သရဲနှစ်ကောင် ထိုင်နေတာ အိပ်မက်ထဲမှာမြင်ရတယ်တဲ့ "
" အဲဒါနဲ့ ... "
" အဲဒါနဲ့ အမေက ကြောက်ပြီလေ ... သရဲထိုင်နေတဲ့ ဆိတ်တွေဘယ်သူက အိမ်မှာထားရဲမှာတုန်း ... သရဲက ကျွန်မတို့ ကျောကုန်းပေါ် တက်စီးရင် ဘယ်လိုလုပ်မလဲ ... ကျွန်မ အဒေါ် အိပ်မက်မက် မက်တယ် ... ကျွန်မ လည်း အိပ်မက် မက်တယ် ... မကောင်းတော့ဘူးဆိုပြီး သူများကို ရောင်းလိုက်ရတယ် "
" ဘယ်သူ့ကို ရောင်းတာတုံး ကျာကျူး "
" ကျွန်မ အဒေါ်ကိုပဲ ရောင်းလိုက်တာလေ ... ချက်ချင်း ဆိတ်နှစ်ကောင် သူကိုယ်တိုင် ဆွဲသွားတယ် ယူပါ စေလေ သူတို့မကြောက်ဘူးနော် ... သူတို့ကျောကုန်းပေါ် သရဲတက်ထိုင်လိမ့်မယ် ... ဆရာမကြီး နားသာ ထောင်တော့ "

သည်ဇာတ်လမ်းက လုပ်ကြံထားတဲ့ ဇာတ်လမ်းမှန်း ကမန်မသိတာမကြာသေးဘူး။ တစ်ရက် ကျာကျူး အမေ အိမ်ကို ရောက်လာလို့ စကားရောက်ရာက နီတိုးနဲ့ နီတူး ဆိတ်နှစ်ကောင်အကြောင်း ကျွန်မ ကောင်းကောင်း သိရတာပါ။ ကျာကျူး အမေပြောတာက ကျာကျူးက အဲသည် ဆိတ်နှစ်ကောင်ကို ရပ်ကွက် ထဲက ကျောင်း ဆရာအိမ်က ခွေးက လိုက်ဆွဲလို့ ခဲနဲ့လိုက်ထုတာ ရပ်ကွက်ထဲ ပွက်ပွက် ရိုက်သွား တာပဲ ဆိုတာလည်း ပါရဲ့။ ဆိတ်တစ်ကောင် အစာမစားဘဲ နေမကောင်းသလိုလို ဖြစ်လို့ ဆိတ်နှာခေါင်းကို ပရုတ်ဆီတွေလူးလိုက်တာ ဆိတ်ခမျာ ထွန့်ထွန့်လူးလို့ ဆိုတာ ကြားရတော့ ဖြစ်ရလေအောက်မေ့မိတယ်။

" ဆိတ်တွေကို ကျာကျူးက လူလိုစကားပြောနေတာ ဆရာမကြီးရဲ့ ... မောင်ရယ် နှမရယ် မွေးချင်းလည်း မရှိတော့ ဆိတ်ကလေးနှစ်ကောင်ကို တော်တော် သံယောဇဉ်ကြီးတယ် ... သည်ဆိတ်နှစ်ကောင်ကို ရောင်း ပြီး ငွေဖော်ရမလိုဖြစ်လာတော့ ကျွန်မဖြင့် မျက်ရည်တောင် ကျမိတယ် ... ကျွန်မက တစ်ညတော့ ဆိတ်နှစ်ကောင် ရောင်းမှ ဖြစ်တော့မယ်သမီးရယ် သူများဈေးကြွေးတွေများလာလို့ မပေးရင် မကောင်းတော့ဘူး ဆိုတော့ တစ်ညလုံး ငိုတော့တာ ဆရာမကြီးရဲ့ ... ကျွန်မတို့မှာလည်း အထုပ်ရယ် အထည်ရယ် မရှိတော့ သည်နှစ်ကောင် မျက်စောင်းထိုးရတာကိုး "

သူတို့ဘ၀နဲ့သူတို့ အကြောင်းဆိုတော့ ကျွန်မလည်း ၀င်မပြောသာဘူးပေါ့လေ။ စိတ်ထဲမကောင်းပေမယ့် ကျာကျူး က ဆိတ်နှစ်ကောင်ကို သံယောဇဉ်ဖြစ်နေမှတော့ တခြားက ငွေရှာကြည့်ပါလားလို့ အကြံ ပေးမိတယ်။ မရပါဘူး ဆရာမကြီးရယ်တဲ့။ ခေါင်းရွက်ဈေးသည်ဆိုတော့ မြတ်တော့လည်း စားလိုက်ကြ၊ ရှုံးတော့လည်း အရင်းရှာရကိုး။ ဈေးဗန်း မပျောက်ပေသိအကြွေးပါ ထည့်ရွက်ရတာနဲ့ပဲ လေးလံနေကြရှာသူတွေ မဟုတ်လား။ နောက်ဆုံး ကြံရာမရတာနဲ့ ကျာကျူးအမေကိုယ်တိုင်က အစ်မ ဖြစ်သူနဲ့ တိုင်ပင်ပြီး ဆိတ်နှစ်ကောင် သရဲကပ်နေသလိုလို ကျာကျူးနဲ့ ဓာတ်မတည့်သလိုလို ဇာတ်လမ်း ဆင်ကြရသတဲ့။ ကျွန်မရင်ထဲ ကျင်ခနဲ နာမိတယ်။ ကျာကျူးရဲ့ သနားစရာ မျက်နှာကလေးကိုလည်း မြင်ယောင် နေမိတယ်။ ကျာကျူးခမျာ မအေနဲ့ အဒေါ်တို့ ကြံသမျှ ယုံရှာလို့ တော်ပါသေးရဲ့။ လိုလို လားလားပဲ ခွင့်ပြုလိုက်ရှာသတဲ့။ သူ့အဒေါ် ဆိတ်တွေ ဆွဲသွားတဲ့နေ့က ဆိတ်တွေကို မှာနေသေးတာတဲ့။

" သွားကြတော့ နီတိုးနဲ့ နီတူးတို့ရေ ... ငါက ချစ်ပေမယ့် နင်တို့က သရဲခေါ်လာကြတာကိုး ... နင်တို့က ငါနဲ့ ဓာတ်လည်း မတည့်ဘူး ... နင်တို့ရှိရင် ငါဒုက္ခရောက်လိမ့်မယ် ... သွားကြတော့ သွားကြတော့ နင်တို့ မျက်နှာလည်း ငါမကြည့်ချင်ဘူးတဲ့ ... ကျွန်မဖြင့် ကွယ်ရာမှာ မျက်ရည်ကျမိပါတယ် ဆရာမကြီးရယ် ... တကယ် ပြောတာပါ "
ကျကျူးအမေက ပြောရင်း မျက်ရည်တွေ စို့နေလို့ ကျွန်မတောင် ရင်ထဲနင့်မိတယ်။ ကျွန်မက မရှင်းတာလေးတွေ မေးကြည့်ချင်တာနဲ့ ဆိတ်တွေကို အပြီးရောင်းလိုက်တာလား၊ ဆိုတော့ အဲသလို မဟုတ်ဘူးတဲ့။ ကျာကျူးအဒေါ်က တစ်ကောင်ဖိုးပဲ ငွေချေနှင့်လို့ တစ်ကောင်ယူထားချင်ပေမယ့် တစ်လအတွင်း ငွေချေပါ့မယ်ဆိုလို့ နှစ်ကောင်စလုံး ရောင်းလိုက်ရသတဲ့။ ကျာကျူးကတော့ သည် ဇာတ်လမ်း ကို မသိရှာပါဘူး။ ကျွန်မက ပေါက်စီနဲ့ အီကြာကွေးဆိုတာကကော ဆိုတော့ သူ့တူလေးတွေက ပေးတဲ့ နာမည်တွေတဲ့လေ။

" ကျွန်မအစ်မက ဆိတ်တွေလည်း ဆွဲသွားရော သူ့သားအငယ်နှစ်ကောင်က ချက်ချင်းပဲ သူတို့ကြိုက်တဲ့ မုန့် နာမည်တွေ ပေးတော့တာ ဆရာမကြီးရေ ... တစ်ကောင်က ပေါပ်စီတဲ့ တစ်ကောင်က အီကြာကွေးတဲ့ "
ကျာကျူးအမေက သည်အကြောင်းတွေ ကျာကျူးမသိစေချင်ဘူးဆိုလို့ ကျွန်မပါရောပြီး သည် ဇာတ်လမ်းကို မျိုချထားရတာပါ။ တစ်ရက် ကျာကျူးကျွန်မတို့ အိမ်ရောက်လာလို့ ကျွန်မက မသိချင် ဟန်ဆောင်ပြီး မေးကြည့်တယ်။
" နေပါဦး ကျာကျူးရဲ့ ... ညည်းအဒေါ်က သည်ဆိတ်တွေမှာ သရဲစီးနေတယ်လို့လည်း အိပ်မက် မက် တယ် ပြောသေးရဲ့ ... သည်ဆိတ်တွေကိုလည်း ၀ယ်သေးရဲ့ ... သူတို့ကျတော့ ဘာမှမဖြစ်ဘူးလား ... မကြောက် ကြဘူးလား "

" သူတို့က သရဲထက် ဆိုးတယ် ဆရာမကြီးရဲ့ ... သရဲကတောင် သူတို့အိမ်ကို ကြောက်လိမ့်ဦးမယ် ... ညဘက်ကြီး လည်း မှောင်ကြီးထဲ လျှောက်သွားနေကြတာပဲ ... သရဲနဲ့တောင် ခင်နေလောက်ပြီ "
မျက်လုံးပြူးပြူး အသံစူးစူးကလေးနဲ့ ပြောနေတဲ့ ကျာကျူးကိုပဲ ကျွန်မ သနားနေမိတယ်။ သည်ကလေးမ သည် ဇာတ်ထုပ် အဟုတ်မသိတာ ခပ်ကောင်းကောင်းလို့လည်း တွေးမိပါရဲ့။ သိလို့ကတော့ မလွယ် လောက်ဘူ။ တစ်ခါတလေ ဘာရယ်ဘာအကြောင်းလို့သာ မသိရတယ်။ မအေနဲ့ ခွန်းကြီးခွန်းငယ် အပြန်အလှန် အော်ဟစ်နေတာတွေ ကြားဖူးထားတော့ ကျာကျူးရဲ့ ဇွဲကို ကျွန်မ သိတာကိုး။ ဗျစ်တောက် ဗျစ်တောက် နဲ့ ပြောနေတာ မပြီးဘဲ မပြီးနိုင်ဘူး။ မအေက ထရိုက်တာလည်း ကြားရတာပါပဲ။ ဒါမျိုးဆိုရင် ကျာကျူး က သံစူးသံခွန်နဲ့ အော်ပါလေရော။

" ရိုက်ကြဗျို့ ... မအေ ဆိုပြီး ရိုက်တာပေါ့ ... ရိုက်ကြ ရိုက်ကြ ... ကျာကျူး ခံကလဲ့မှာ ခံလိုက်မယ် ... ကျာကျူး ရိုက်ကလဲ့ကျမှ မငိုကြနဲ့ ... ကြိုးတုတ်ပြီးရိုက်မှာ ... ဘာမှတ်လို့လဲ "
သည်လို ပြန်ပြောတော့ မအေက မိဘကို သည်လိုပြန်ပြောရပါ့မလားရယ်လို့ ရိုက်ပြန်ရော။ ကျာကျူး ကလည်း ပြန်အော်တာပဲ။ သားအမိနှစ်ယောက်ရန်ဖြစ်ရင် ပွက်ပွက်ရိုက်လို့။ ခွန်းကြီးခွန်းငယ် ဖြစ်ကြ သခိုက် ကျာကျူးအိမ်ရောက်လာရင် ကျွန်မက ဆီးပြီး ဆုံးမရတယ်။ မိကို တစ်နေ့ပြန်ရိုက်ဦးမယ်လို့ မပြော ကောင်းဘူး ကျာကျူးရဲ့၊ မြေမျိုတတ်တယ်ဆိုတော့ မြေမျိုတာကမှ ကောင်းဦးမယ်တဲ့လေ။
" ကျာကျူးဆရာမကြီးပြောမယ် ... မိဘဆိုတာ ကိုယ့်သားသမီးကို ချစ်ကြတာချည်းပဲ ... ဆုံးမစရာရှိတော့ လည်း ပြောပြောဆိုဆို ဆုံးမရတာမျိုး၊ တုတ်ပြပြီး ဆုံးမရတာမျိုး ရှိတာပေါ့အေ ... ဆရာမကြီးတို့ ငယ်ငယ် ကလည်း အမေက ဆုံးမစရာရှိရင် သည်လိုဆူတာ ငေါက်တာ ရိုက်တာပုတ်တာ ရှိခဲ့တာပဲ ... မိဘကို ပြန် မအော်ရဘူး ... အခုက ဘာဖြစ်လို့ သားအမိချင်း ရန်ဖြစ်တာတုံး "

" သူ့ယောက်ျားကို ဦးစားပေးလို့လေ ... ဟင်းကောင်းဆိုလည်း သူ့ယောက်ျားဖို့ ... လက်ဖက်ရည် ၀ယ်တော့ လည်း သူ့ယောက်ျားဖို့၊ နံပြားဝယ်တော့လည်း သူ့ယောက်ျားဖို့၊ ထမင်းတစ်ဆုပ်  လောက်ကျန်တော့လည်း သူ့ယောက်ျားဖို့"

" ဟဲ့ ... သူ့ယောက်ျားဖို့ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့ ... ကိုယ့်အဖေကြီး ခေါင့်ကြီးမား ကို ကျွေးတာ ကျာကျူးကတောင် ၀မ်းသာရဦးမယ် "
" အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့ ... ကျွန်မ ပြောလိုက်တယ်လေ အေး ကိုယ့်ယောက်ျားကိုယ် ဦးစား ပေးကြေးနော် ... လုပ်ကြလေ ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲပလို့ "
ကျွန်မဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ မအိုးမအကလေးဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက် ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရသလောက် မပြီးပါဘူး။ ကျာကျူးအမေနဲ့ ကျာကျူးအဒေါ်တို့ အပေးအယူ ကတိပျက်ကြရာက ရန်ဖြစ်ကြရော၊ ရန်ဖြစ်ကြတော့ ကျာကျူးကို လိမ်ထားတာ တွေပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူး တို့အိမ်ကို ဒရွတ် သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူးဆိုတာ အသံကလေးတစာစာနဲ့။ ဆိတ်နှစ်ကောင် နဲ့ စကားတွေပြော နေတာများ လူကို ပြောနေတဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့် နေတာမြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။

"နီတိုးနဲ့ နီတူးပြန်ဖြစ်သွားပြီ ဆရာမကြီး ... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး ... ကျွန်မကို လွမ်းလို့ နဲ့တူတယ် ... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ် ... မပူနဲ့ နင်တို့ကို ငါကျွေးသေးရဲ့ အောက်မေ့ မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခမကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့် ရကြတာကလည်း ကံထူးတယ်ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက်တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။

ဆွေမျိုးသားချင်းတွေက ၀င်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတော့။ ကျာကျူးတို့ကလည်း စိတ်ထဲသွားချင်စိတ်ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်းသွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံနဲ့ ဘယ်လိုခံစားမှုနဲ့ ပြန်လကြသလဲဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖ တစ်တွေ တိတ်တိတ်ကလေးပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက်ယောက် နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်းနေမ၀င်တ၀င် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံ နေပြီဆိုရင် အဆင်ပြေချိုတီးနဲ့ဖြစ်တာ ... သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာ ကပ်စား နေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ ... အမေကြီးလည်း ငါတို့အိမ် လာကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီးရဲ့ ... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ ... ရန်ဖြစ်ကြရော "

အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလာနဲ့ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ကြတယ်ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါး ပြန်လာ လို့ ချက်ပြုတ်စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူးရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျ ချက်တော့လို့ပြောရင် ကျာကျူးက အင်မတန် အံ့သြရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်းတွေသိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့"သိပါအေ တို့အိမ်မှာ စလောင်းတပ်ထားတာ မမြင်ဘူးလား စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲက အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေး။

" ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ ... ဆရာမကြီး မြင်တာပြောပြပါ"
" ညည်းက မယုံလို့လား ... ညည်းအမေကြီးကို လက်ဖက်ရည် ၀ယ်ပေးတယ်အေ ... သန်းရှာ ပေး တယ်အေ ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း "
" ဟုတ်တယ် ... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ "
" နာမည်တော့ ဘယ်သိပါ့မလဲအေ့ ... ကုလားမလေးပဲ "
 " အဲဒါလည်း ဟုတ်တယ် ... အဲဒါက မာလာ"
" ဒါကြောင့် ပြောတာပေါ့ ... အကုန်မြင်ရပါတယ်ဆို "
" ဒါဆို ဆေးရုံကြီးရှေ့မယ် ... နင်တို့မှာ သူရဲလည်းမရှိဘူး ... ဓာတ်မတည့်တာလည်း မရှိဘူး ... ငါ့အါမေနဲ့ ငါ့ အဒေါ် က လူတွေဖြစ်ပြီး လက်ခံတာ ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "
ကျွန်မ ကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်းပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ် ... "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 9, 2012

ခင်ခင်ထူး ၏ ရေချိုးဆိပ် (ရသ စာတမ်း)

ရသစာတမ်း
ရေချိုးဆိပ်
(၁)
ရွာ့မနက်ခင်း။
မိုးမလင်းခင် လင်းကြက်တွန် ကတည်းက ရွာက နိုးနှင့်ပါပြီ။ သည်ခေတ်မှာတော့ တစ်ချို့ တောင်သူအိမ် တွေမှာ တရုတ်နာရီတွေ ခပ်ကြွားကြွားချိတ်ထားနိုင်ပေသိ ကျွန်မတို့ငယ်ငယ်က ရွာမှာ ဘုန်းကြီးကျောင်း တွေက လွဲလို့ နာရီမရှိကြပါ။ ရှေးကဗျာတွေထဲကလို ကြက်သံကို ဗဟိုပြု ရပါ၏။ ဘုန်းကြီးကျောင်း တွေ မှာတော့ ချိန်သီးနာရီကြီးတွေက ခံ့ညားလှသည်။ နာရီကြီးတွေကို ပြောင်လက်တောပ အောင် တိုက်ချွတ်ထားတာဆိုတော့ ရွာကျောင်းသာအို ချင်အိုမည်။ နာရီတွေက မအိုပါ။ ချိန်သီးတွေက ဘယ်တစ်ချက်၊ ညာတစ်ချက်။ ဂျောက်ဂျက်ဂျောက်ဂျက် မရပ်မနား ရှိတာကိုပဲ ကျွန်မတို့ သွားငေး ရမြဲပင်။ သည်ခေတ်တော့ နာရီကြည့်သွားသည်ဆိုလျှင် ရယ်စရာ ကောင်းရော့မည်။ အချိန်ပြည့်လို့ ဒေါင်ဒေါင် ဒင်ဒင်မြည်တာကလည်း ကျွန်မတို့ အဖို့ရာ ထူးဆန်းသည်။ စက်နာရီက နာရီထိုးသံ တစ်ရွာလုံး မကြားနိုင်ပါ။ သည်တော့ ဦးပဉ္စင်းတွေ၊ ကိုရင်တွေက ကြေးမောင်းထထိုးကြရသည်။

ထလော့... ရွာကလေး။ ရွာ့သူတော်ကောင်းတို့... ဆွမ်းထမင်း ဆွမ်းဟင်းချက်ကြကုန် လော့။ မိုးသော အရုဏ် မှာ ဦးပေါင်းကို ဆွမ်းတော်တင်လော့။ ၀မ်းအာဟာရပြည့်စုံသော် သစ်ခင်းကိုင်းခင်း ဆင်းကြ ကုန်လော့။ ရွာသူရွာသားတွေးကလည်း မနေ့ကပင်ပန်းခဲ့တာတွေ တစ်ညတာကျောချခဲ့တာနှင့်ပင် ပြေပျောက် ရလေပြီ။ ကျွန်မတို့ မိန်းကလေးတွေကတော့ နေ့ကလေမပြူတပြူမှာ ဧရာဝတီမြစ်မ ထဲ ရေခပ်ဆင်း ကြရသည်။ ရေတစ်အိုးခထစ်ခွင် ဒါမှမဟုတ် ခေါင်းပေါ်ရွက်ပြီး မျက်နှာသစ် ဆင်းကြရခြင်း ဖြစ်၏။ မြစ်ကမ်းပါးလုံးကြီးတင် ရသည့် ရွာတွေ ဆို ပေသိ ရေတစ်ထမ်းတစ်ရွက်တော့ ထမ်းရရွက်ရမြဲပင်။ ဇိုးဇိုး ဇပ်ဇပ် ရေတစ်ဖလားခပ်ချင်လို့  ရေတွင်းရယ်၊ ရေကန်ရယ်မရှိ။ ဧရာဝတီမြစ်မကြီး ရွာခြေမှာ ရှိနေတာ ကိုယ်က မခန်းနိုင်သော နတ်မြစ်လို အောင်မေ့ကြတာမဟုတ်လား။

"သောက်ပါလေ့အေ...ချုးပါလေ့...မြစ်ဆိပ်များငရုတ်တစ်လှမ်းခရီးတစ်ခုန်ရှိသာပါ...မြစ်ကထွက်မပြေပါဘူးဟဲ့...ရေတွေဘာက်ဘက်လန်အောင်ခပ်ထားစုပေါင်...သုံးရေတစ်အိုး၊ နရေတစ်အိုး ထည့် ထားပြီးရင်ကျန်သာသောက်ရေလောက်လိုပါ"

ကြီးတော် တို့ အမေတို့က ကျွန်မအစ်မ အပျိုတွေ မြစ်ဆိပ်ဆင်းခပ်တာကို မကြိုက်မရှိ ရေဆိုတာ။ အိမ်မှာ ပြည့်ကောင်းတာ၊ ရှိကောင်းတာ၊ ပေါကောင်းများကောင်းတာ အမှန်ပင်။ သို့သော် ကျွန်မအစ်မတွေမှာ ရေခပ် ကြရင်း စကားပြောကြရသည်။ မပျိုအချင်းချင်းသာ နားလည်နိုင်သော ဘာသာစကားတွေး ရေခပ်လမ်း မှာမှ ပြောဖြစ်ကြရသည်။ ဇာတ်ပွဲအကြောင်း၊ ဘုရားပွဲအကြောင်း၊ ကူနီထတောရွာက ဘဘကျော် နတ်ပွဲ သွားကြမည့်အကြောင်း...။

ဝတ်ချင်စားချင် ရှိရသည့် အကီင်္ျပုံဆန်းတွေအကြောင်း၊ ရက်ကန်းကျထမီ တွေအကြောင်း...။ ဒါမျိုးက ရေခပ်တုန်းမှာ ဆုံကြရ၊ ပြောကြရတာမဟုတ်လားး။ သည်တော့မြစ်ရေကို တစ်ခေါက်ခပ် ရလို့လည်း မမော၊ နှစ်ခေါက်ခပ်ရလို့လည်း မမော၊ ဆယ်ခေါက်ခပ်ရဦးတော့ခပ်နိုင်ကြပါသည်။  သို့သော် မျက်နှာကောင်း မရ၊ မြစ်များထွက်ပြေးမှာကျလို့တဲ့။ နရေတစ်အိုး ဆိုတာက နွားရေအတွက် ခပ်ရခြင်း ဖြစ်ပါသည်။ နွားစာကျင်းထဲ မှာ ပဲမှော်ပဲရိုးကျေ၊ ပြောင်းရိုးကျေနှင့် မြက်စိုစဉ်းကာ ရေနှင့် စပ်စပ်လောကာ ထည့်ရသည့် ရေကလည်း ကုန်တော့ အကုန်သား။ သုံးရေအိုး ကတော့ မီးဖိုချောင်သုံး ... လက်လေး... လက်ပေါ့ သုံးဖို့ပေါ့။ သောက်ရေ ကလည်း မြစ်ရေသောက်ကြီးပြင်းရ သူတွေဆိုတော့မြစ်ရေမှပဲ လေးလေးပင်ပင် နှင့် အာသာပြေရပါ၏။

"မြစ်ရေအေးအေးကြည်ကြည် မနက်စောစောထခပ်ကြပါဟဲ့ ... လှေမလူး၊ နွားမကူးခင် ခပ်မှသန့်သန့် ကလေး ရသာ...ဘုရားဆွမ်းတော်ရဟန်းဆွမ်းတော်အတွက်ဆွမ်းထမင်း ဆွမ်းဟင်းများ ရေကလေး သန့်သန့် နဲ့ ချက်ကြလောင်းကြ ဟဲ့...မနက်စောစောထငါ့မြေး... ရေချိုးဆိပ်မှာ  မခပ်နဲ့... အထက်နား ၀ါးကြိမ်တောခြေ သွားခပ်ချေ"
အဘ က အိပ်ရာထပျင်းသော ကျွန်မကို စောစောနှိုးပြီး မြစ်ရေချိုခပ်ခိုင်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းက စက်နာရီ ငါးနာရီ မှာ ကြေးမောင်းတစ်တုံး ထိုးလေ့ရှိရာ ထိုအချိန်မှာ မြစ်မရေထဲ အကူးအလူး နည်းကြသေးသည်။ လှေသမ္ဗာန်၊ စက်တပ်လှေ၊ မီးသင်္ဘောတွေ လှိုင်းကြီးထအောင် မဖြတ်သေးခင် ရေအကြည် ခပ်ခိုင်းခြင်း ဖြစ်ပါ၏။ အဘပြောတာ အမှန်ပါ။ မနက်စောစော မြစ်ဆိပ်ဆင်းရတာ ကြည်နူးစရာ ကောင်းလှပါ၏။ ရောင်နီပြေပြေကလေးအောက်မှာ မြစ်ရေသောင်စပ်လမ်းသည်ပင် ပကတိ အေးမြ တည်ငြိမ်လျက်။ မြစ်လေက တသွေးသွေး။ အိပ်မှုန်စုံမွှားစိတ်တို့သည်ပင် ကြည်လင် လန်းဆန်း သွားရပါ၏။

ကျွန်မတို့ငယ်ငယ် လူမှန်းသိကတည်းက ရွာဘေးက စီးဆင်းနေသည့်မြစ်ကြီး အဘတို့ကတော့ အရှေ့မြစ် ခေါ်ကြသည်။ အနောက်မြစ် က ချင်းတွင်း။ အဘ၏ သမီးအကြီးဆုံး (ကြီးတော်)က ရေစကြိုနယ် ဖြုံဘူးရွာ မှာနေတာဆိုတော့ အရှေ့မြစ်နှင့် အနောက်မြစ်ကြီးက ကျွန်းရွာတွေဆီ ကျွန်မတို့ ကူးလူးနေကျ ပင်။ ကျွန်းရွာ တွေ အရှေ့ဘက်ကမြစ်ကို အရှေ့မြစ်၊ အနောက်ဘက်ကမြစ်ကို အနောက်မြစ် ခေါ်ခြင်းဖြစ်ပါ၏။ သည်တော့ ကျွန်မတို့ ဥဒယလည်း ဧရာဝတီမြစ်ကို အရှေ့မြစ်လို့ပဲ သုံးကြ တော့သည်။
(၂)

"ငှက်ကလေး စိုးစီစိုးစီ... ဝင်းပေါက်မှာမြည်
ချိန်တန်ပြီ ညီမထွေး ရဲ့.. ဆွမ်းချက်စို့လေး...... "
ကျွန်မ အရွယ်ရောက်လို့ သည်ကဗျာလေးကို ဖတ်ရတော့မှ ငယ်ဘဝရွာ့မနက်ခင်း၊ ဧရာဝတီမနက်ခင်း ကို နောက် ကြောင်းပြန် ခံစားရပါ၏။ မနက်စောစောကြီးထပြီး မြစ်တစ်မြစ်ကို ကမ်းပါးထိပ်က ရပ်ကြည့်ပါ။ မြစ်တစ်မြစ် ၏ ကျက်သရေအရှိဆုံးအချိန်ကို တွေ့နိုင်ပါ၏။ ကိုယ့်ရွာဘေးက မြစ်ကြီး တစ်မြစ် စီးဆင်း နေတာကပင် အားရှိချင်စဖွယ်။ မြစ်ရေကြည်ကြည် ခပ်ချိန်မှာ ငှက်ကလေးတွေ ကျီကျီကျာကျာ အော်မြည် ကြပြီ။ အစ်မတွေက မြစ်ရေသန့်သန့်ဖြင့် ဆွမ်းချက်ကြပြီ။ ကျက်ပြီဆိုရင်တော့ ဦးပေါင်း ပါအောင် ခူးခပ်ပြီး ဆွမ်းတော်တင်ကြသည်။ ကျွန်မတို့ရွာတွေမှာ မြေအိုးနှင့် ထမင်းချက်ကြတာဆိုတော့ ဆန်ကအိုး တက်သည်နှင့် စလောင်းဖုံးအထိ မောက်မောက်ကလေးရှိနေတတ်ပါသည်။ စလောင်းဖုံး လက်ကိုင်ကလေး ထဲအထိ ထမင်း ရောက်တော့ ဦးပေါင်းဖူးဖူးကလေးရသည်။ ဦးပေါင်းမပျက်အောင် အောက်ဖက် က ယောင်းမနှင့် ကော်ကာ ဆွမ်းထမင်းပြင်ကြကပ်ကြရသည်။ ဦးပေါင်းဖူးဖူး ပဲ့အောင်ခူးလို့  ခပ်လို့ ကတော့ အဆူအငေါက်ခံရဖို့သာပြင်။

အကြည်ခံ ထားသော ဘုရားသောက်တော် ရေအိုးထဲက သောက်တော်ရေ ငါးခွက်ခပ်။ ရိုရိုသေသေကပ်။ ဆွမ်းထမင်း ပူပူကို ကြွေရေသုတ်အုပ်ကလေးထဲ ရွာကျောင်းလေးကျောင်းက ကိုယ်တော်တွေအဖို့ရာ ခူးနှင့်ခပ်နှင့် ရသည်။ ဝေယျာဝစ္စတွေပြီးတော့ ဆရာတော်ကျောင်းက ခုနှစ်နာရီ ကြေးမောင်းထိုးပြန်ပါ၏။ အမေတို့ အစ်မတို့ ကြီးတော်တို့ ဒွေးလေးတို့ အခင်းဆင်းကြရတော့မည်။ ထမင်းပူပူထဲ နှမ်းဆီ နှစ်ပေါက် သုံးပေါက်ဆမ်းပြီး ငပိကင် ရှိတော့ ငပိကင်၊ ချဉ်ပေါင်ငပိချက် ကလေး ညကကျန်တော့ ကျန်တာနှင့် စားကြရုံပင်။ ဒါဆိုလျှင် နေတစ်မွန်းတည့်စာ အဆာခံနိုင်ကြပြီ။

"မထူး..... နွားကျောင်းမထွက်ခင် နရေကလေးဖြည့်ခဲ့ဦး....မြစ်ထဲရေကူးမနေနဲ့နော်..... လက်ပံချောင် ဘက် မသွားနဲ့ ကမ်းပါးချောက်ကြီးနက်သယ်... နွားတွေဖောင်းကားကုန်းဘက် လွှတ်မြက်တွေပေါသယ်... ဂဘလိပ် မရောက်စေနဲ့" မှာလို့သာမှာတာပါ။ မြစ်ကမ်းပါးတစ်လျှောက်က မြက်စိုကွင်းကို နွားတွေ ကြိုက်သည်။ တစ်ပြန့်ကြီး စားနိုင်ကြသည်။  ဂဘထိပ်ဆိုတာက မြစ်ကမ်းပါးထိပ်ကိုပြောတာပါ။

တစ်ခါတစ်ရံ မြစ်ကမ်းပါး ဘက်ရောက်ကြတာကို ဂရုစိုက်ကြရပါသည်။ ကျွန်မတို့က မြစ်ရေထဲ ကူးခတ်ကြရင်း နွားကျောင်းရတာကို ပိုပျော်ပါသည်။ နွားတွေကလည်း မြက်စိုမြက်စိမ်း စားကြရ၊ ကျွန်မ တို့ ကလေးတွေကလည်း ရေကူးရေဆော့ကြရ။ ဟိုတုန်းဟိုအခါကတော့ ရွာ့နောက်ကျောထွက် လိုက်သည် နှင့် မြစ်ကိုလက်နှင့်ပုတ်နိုင်ပါပြီ။ ကျွန်မတို့ရွာ တွေမှာ မြစ်ကမ်းပါးရယ်လို့ သမန်းတော၊ ကိုင်းတော ထူထူကြီးတွေမရှိ။

ရွာမြေနှင့် မြစ်ကမ်းပါး က တိုးလျှိုပေါက်ဆိုတော့ ရေကြီးခါအလျောက်၊ ရေငယ်ခါဆိုတော့ ရေငယ်ခါ အလျောက် ရေပြည့်မြစ်၊ စည်းတိမ်သောင်ပါးကြားက စီးဆင်းနေသောမြစ်၊ ရေနီကြမ်းတွေ လှိုင်းထ နေသောမြစ်၊ တောင်လေက အကြေးလှန်သည့်မြစ်... ဧရာဝတီကို နွေနွေ မိုးမိုး ဆောင်းဆောင်း မမြင်ချငို့မရပါ။ မထီတွေ့ချင်လို့မရပါ။ ရှောင်လွှဲချင်လို့မဖြစ်ပါ။ ဧရာဝတီမြစ်ကို ခရီးသွားဟန်လွှဲ မြင်ရတာမျိုး မဟုတ်။ သိုးကနဲ၊ သန့်ကနဲလှမ်းမြင်ရတာမျိုးမဟုတ်။ မိုးလင်းကမိုးချုပ် မြစ်နှင့်အတူနေ၊ မြစ်ဘေးမှာ အိပ်၊ မြစ်ရေသောက်ကြသူတွေချည်းဖြစ်၏။
ပြောစကား တွေထဲမှာ "တို့ဖြင့် တစ်သက်လုံးမြစ်ကို မအေလုပ် နေကြသာပါအေ" ဆိုသည့်စကား ပါလေ့ရှိကြတာ သာကြည့်တော့..."
(၃)

ကျွန်မ ရေးခဲ့လှပါပြီ။ ကျွန်တို့ရွာ ဥဒယသည် ဧရာဝတီမြစ်ကို မေးတင်ထားသော ရွာကလေးဖြစ်ပါ၏။ ကျွန်မတို့ ရွာ၏ မြောက်ဘက် နှစ်ရွာကျော်မှာ ဥမ္မာဒန္တီပျို့ကို ရေးခဲ့သော ဆရာပပရွှန်းအပိုင်စားခဲ့သည့် ဆီမီးခုံရွာ ရှိသည်။ တောင်ဘက်နှစ်ရွာကျော်မှာတော့ ပထမ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမှာ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုရွာရှိသည်။ မြစ်အနောက်ဘက်ကမ်း ကျွန်မတို့ရွာနှင့် မျက်နှာချင်းဆိုင် မှာတော့ ကုန်းဘောင်ခေတ်က ရွှေပြည်ဝန်လို့ ထင်ရှားကျော်စောခဲ့သော မြန်မာပညာရှိ သုခမိန် ယောမင်းကြီးဦးဘိုးလှိုင်၏ ဇာတိရေပုလဲ (ရွာပုလဲ) ရွာရှိသည်။ သမိုင်းဝင်ထင်ရှားခဲ့သော ထိုရွာသုံးရွာ ၏ ဖိုခုံလောက်ဆိုင် အလယ်တွင် ကျွန်မတို့ရွာကလေးကတော့ ရွာ့ဇနပုဒ်ကလေးမျှသာရှိပါ၏။ အဖေ က "တို့ရွာက သမိုင်းမကြီးပေသိ ဂိုဏးကြီးသယ် သမီးရဲ့"လို့ ကျွန်မတို့တစ်တွေကို ပြောပြ တတ်သည်။ ဘိုးဘွားစဉ်ဆက် မြေသီးမြေနှံကိုစား မြစ်ရေကို သောက် ရိုးရိုးသားသားရှိခဲ့ကြတာကို ဆိုလို လေသလား။ ကျွန်မတို့ ရွာတွေကို ရှေးက လှေရွာခေါ်ကြတယ်။ လှေနှင့် တက်နှင့် မြစ်ရိုး၊ မြစ်မ ထိုထိုပေါက် ၀မ်းစာရှာခဲ့ကြသူတွေ များပါသည်။ ကျွန်မတို့ မျိုးဆက်မှာပင် ဧရာဝတီနှင့် ခွဲမရချင်ခဲ့။ မြစ်နှင့် အတူ ကြီးပြင်းခဲ့ရတာ မဟုတ်လား။

သည်စာကိုရေးရင်းနဲ့ ကျွန်မတို့ ရေချိုးခဲ့ကြသည့် ရေချိုးဆိပ်ကို သတိရမိပါသည်။

ကျွန်မတို့ရွာ ရေဆိပ်သည် ညနေတိုင်လျှင် ဘုရားပွဲကျောင်းပွဲတမျှ စည်ကားနေတတ် ပါသည်။ လုပ်ခင်း၊ ကိုင်ခင်းပြန်တွေ သည်အချိန်ကျမှ ရေခပ်ကြ၊ ရေချိုးကြ။ လျှော်ကြဖွက်ကြရတာ မဟုတ်လား။ မြစ်ဆိပ်နှင့် ရွာကြားလမ်းကလေးမှာ လူတွေ ပုရွက်ကြောင်းလိုက်လို့၊ အော်ကြ၊ ဟစ်ကြ၊ ဆူကြညံကြ၊ မြစ်ဆိပ်မှာ ဆုံရသခိုက် အကြောင်း၊ နှမ်းအကြောင်း၊ ထန်းအကြောင်း၊ နတ်အကြောင်းတွေလည်းပါသည်။ မြစ်ဆိပ် သောင်းကျန်းနေကြသော ကျွန်မတို့ ကလေးတွေကို "စကားလုံး မပြောင်လိုက်တာတော်၊ သွား... တော်ရာ သွားဆော့ ချေကြ" လို့ ငေါက်ငန်းတတ် သေး၏။ ငေါက်ကာမှငေါက်ကရော မြစ်ထဲရောက်လို့ကတော့ ကျွန်မ တို့လည်း နှုတ်ခမ်းတွေပြာ၊ မျက်လုံးတွေနီ၊ လက်တွေပဲကြီးရေပွဖြစ်စေပြီး မြစ်ထဲကမတတ်ပြီ။ ရေကူးပြိုင်ကြ၊ ရေငုတ်ပြိုင်ကြ၊ ရေထဲငုတ်ပြီး တူတူပုန်းကြ၊ ရေထဲတင် စိန်ပြေးတမ်းကစား။ ၀ုန်းဒိုင်းကြဲ လို့။ တောထဲက နွားကျောင်းပြန် နွားရေတိုက်ရင်း မြစ်ထဲရောက်ကြတာဆိုတော့ မြစ်ရေကိုက်လှပြီ။

ဟေး....... တို့အိမ်က ကလေးတွေ မြစ်ထဲရှိကြသေးလားဟေ့ ..နွားကျောင်းပြန်ကတည်းက အိမ်ပြန် မရောက်ကြတာ..  ဆူလိုက်ငေါက်လိုက်ကြစမ်းပါဟေ့။
ချည်ရဲတုတ် (ချည်ရိုက်တုတ်) ဆိုတာ အ၀တ်လျှော်သည့်တုန်ကို ခေါ်ခြင်းဖြစ်၏။ ကျွန်မတို့ရွာတွေ မှာ ရက်ကန်းစင် တင်ရန် ချည်ခင်များကို ချည်စာနင်းရင်း တုတ်ဖြင့် ထုလေ့နှက်လေ့ရှိကြသည်။ အရိုက်နာလေ ချည်သားကောင်းလေဆိုတော့ သည်တုတ်ကြီးတွေနှင့် အားရပါးရ လွဲရိုက်ကြရသည်။ သည်တုတ်ကြီး တွေကို အ၀တ်လျှော်ဖွပ်သည့် နေရာသုံးတော့လည်း ချည်ရဲတုတ် ခေါ်ကြပါ၏။ သည်လို ဒေါ်ကြီး ဒေါ်လေး၊ အရီးလေး ဒွေးလေးတို့က ငေါက်ငန်းလွှတ် လို့သာ နွားတွေဆွဲပြီး အိမ်ပြန်ခဲ့ ရသော်လည်း မြစ်ဆိပ်က မခွာချင်သေး။ အပျိုတွေရေခပ်လမ်း ချောင်းကြ၊ ပိုးကြသူတွေကလည်း ဒုနဲ့ဒေး။
ဝါ၀င်ပြီဆိုလျှင် ကျွန်မရွာကို သတိရနေမိပါသည်။ ၀ါဆိုဦးကတည်း ရွာခြေရေစပ်စပ်ဝင်လေပြီ။ ရွာခြေ ၀ါးကြိမ်တောစပ်မှာ ရေတိုးငါးကလေးတွေ မြူးကြပြီ၊ ကျွန်မတို့ကလေးများအဖို့တော့ ၀ါးကြိမ်တော ခြံကြီးထဲ တိုးပြီး ငါးနုပ်ငါးသန်ဖမ်းကြခြင်းသည်လည်း ကစားနည်းတစ်မျိုးဖြစ်ပါသည်။ ကျွန်မကတော့ ကြီးတော် ချုပ်ပေးထားသော စပ်ထမီကို တိုတိုပါအောင်ဝတ်ပြီး ငါးမီးဖုတ်ချိုချို ကို သားရေစာအဖြစ် စား ကြသည်။

မြစ်ရေတိုးပြီဆိုလျှင် ရွာထဲကို အရင်မ၀င်သေးဘဲ ရွာ့တောင်ဖျားချောင်းပေါက်ကပန်းကာရွာ အရှေ့ကို ရေ၀ိုင်းသည်။ ပြီးတော့ ရွာ့မြောက်ဖျား ဘုန်းကြီး ကျောင်းနှစ်ကျောင်းကြား လမ်းနိမ့်ကို ခေါင်းထိုး စီးဝင်လေ့ ရှိပါသည်။ သည်အချိန်မှာ ကျွန်မတို့တစ်တွေ၏ ရေချိုးဆိပ်သည်လည်း ရွာ့မြောက်ဖျား ပြောင်းကြရပြီ။ ကျွန်မတို့ကလေးတွေကတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားက ရေ၀င်ချိုင့်ကျင်း တွေလို ဖြစ်နေသော ရေစီးမြောင်းပက်လက်ထဲ နွားစာကျင်းတိုတွေ စီးကြပြီ။ ရေဆန်ကို တွန်းသွား လိုက်ကြ၊ ရေစုန် ကို ပြန်မျှောချလာလိုက်ကြ၊ သောသောညံလို့။ ဆူလွန်းမက ဆူလာလျှင်တော့ ဆရာတော် က ကျောင်းဝ ထွက်ပြီး ကြိမ်လုံးပြကာ လူစုခွဲရလေ့ရှိပါ၏။

မြစ်ရေတွေရွာထဲ ကမ်းပြည့်ကမ်းလျှံ ၀င်ပြီဆိုလျှင်တော့ တစ်ရွာလုံးရေဖုံးပြီ။ သည်အချိန်မှာ မြေပြင်ရယ် လို့ မြင်ရချင်လို့ မမြင်ရတော့။ ကြည့်လေရာရာ ရေတွေ... ရေတွေ။ မြစ်ရေနှင့် ရွာရေ တစ်ဆက်တည်းဖြစ်ရပါပြီ။ တစ်ပြင်တည်းဖြစ်ရပါပြီ။ ဒါကို အမေတို့က ရွာရေစတုတ်တိုက်ပြီ လို့ သုံးတာမှတ်မိပါ၏။ အိမ်အောက်ထပ်တွေ လူနေလို့မဖြစ်တော့ အိမ်အပေါ်ထပ် တက်နေကြရသည်။ မီးဖို လည်း အိမ်ပေါ်၊ လူနေလည်းအိမ်ပေါ်၊ စားလည်းအိမ်ပေါ်၊ အိပ်လည်း အိမ်ပေါ်။ ကျွန်မတို့၏ ရေချိုးဆိပ်လည်း အိမ်ပေါ်ဖြစ်ကြရပြီ။ အိမ်ရှေ့ကပြင်ပေါ်ကနေ ၀ုန်းကနဲခုန်ချလိုက်ကြ၊ ပြန်တက် လိုက်ကြ၊ လူကြီးတွေရှေ့မှာ သိပ်မကဲဝံ့ကြတော့ အိမ်နားသီမနေကြပဲ ရောက်လေရာရာ လက်ပစ်ကူး သွားကြရင်း ဆော့ကြသည်။ လှေလှော်ပြိုင်ကြ၊ ရေကူးပြိုင်ကြ၊ ဒါကလည်း လှေရွာက ကလေးတွေအဖို့ ကစားနည်း တစ်မျိုးပင်။ မြစ်နား ကမ်းနားကြီး ကြရသူတွေမို့လားမသိ။ ရေမကြောက်တတ်ကြသလို ရေကြောင့် ဒုက!္ခ! ရောက်ကြရပါတယ်လို့ လည်းမရှိ။

ရေကြီးချိန်မှာ လူကြီးတွေလည်း တစ်အိမ့်တစ်အိမ် လက်ပစ်ကူးသွားကြရုံကလွဲလို့ တစ်ခြားနည်းမရှိ။ လှေဆိုတာက အိမ်တိုင်းအိမ်တိုင်းရှိတာမဟုတ်။ နွားစစာကျင်းကို ကလေးတွေကတော့ ရေ၀င်ခါမှာ အားရသည် မရှိ။ တစ်ရွာလုံး ရေထဲမှာဆိုတော့ တစ်အိမ့်တစ်အိမ် အိမ်လည်ချင်လျှင် ရေချိုးရင်း လည် ရသည်။ အိမ်တိုင်းနွားတင်းကုပ်တွေကို မြှင့်ဆောက်ထား တတ်ကြသော်လည်း တစ်ချို့ ရေတိုးကြမ်းသည့်နှစ်တွေမှာ နွားတင်းကုပ်တွေလည်းမြုပ်၊ လူနေအိမ်တွေလည်းမြုပ်သည့် နှစ်တွေ ကြုံရ ဖူးသည်။ နွားတွေကို ရေ၀င်လွတ်ရာ အရှေ့ကြည်းတော ရွာတွေဘက်သွားပို့ကြရသည်။ြ

ကည်းတောရွာ တွေကို တိုးရေမရောက်တော့ ရေခြောက်မိုးခြောက် ထားနိုင်သည်။ ရေမခြောက်မချင်း နွားတွေပြန်လာလို့ မဖြစ်တော့ တစ်ချို့များကြည်းတောရွာတွေမှာ တစ်လလောက် ကြာတာမျိုးပင် ရှိကြသည်။ ရွာက နိမ့်ပါးသူများ ခမျာ နီးစပ်ရာအိမ်မြင့်ကိုခို၊ တစ်ချို့နှစ်တွေ့မှာ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးကာ နေရတာမျိုးပင်ရှိခဲ့ဖူးပါ၏။ သည်တော့ရေနစ်လို့ မသေမြွေကိုက်လို့ တိမ်းပါးကြရသူများ ရှိခဲ့ဖူး သည်။ ရေကျပြီိဆိုလျှင်တော့ တစ်ရွာလုံးရွံ့နှစ်ရည်များဖြင့်ညှီကျန်ရစ်တော့သည်။ရေကြည်ရာ အထက်ဖက် ကုန်းမာမာ ဆီပြေးပြီး ရေခပ်ကြရ၊ ရေချိုးကြရပြီ။

ရေကျပြီဆိုသည်နှင့် အဝေးရောက်နေသူလူတွေ၊ နွားတွေ ရွာပြန်ကပ်ကြရပါပြီ။ ရွာလယ်လမ်းကတော့ မြေမာလမ်း ဆိုတော့ လျှောက်လိုရပါပြီ။ သစ်ပင်တွေမှာ တွယ်ကပ်နေကြသည့် မြွေတွေကို နှင်ရ ခြောက်ရ သည်။ မြစ်ရေကတိုက်လာသော နုန်းမြေတွေက သဘာဝ မြေဆီမြေနှစ်ဖြစ်ရပြီ။ မြစ်လုံးလည်းပေါ်ပြီ။ ရွာမြေလည်း ပေါ်ပြီ။

သည်ရက်ထဲ ကတောရွာ စာပေဟောပြောပွဲကအပြန် ကျွန်မညီမ၀မ်းကွဲတစ်ယောက် မန္တလေးကို လိုက်လာ ခဲ့သည်။ ညဘက်ရွာကြောင်းရပ်ကြောင်းတွေ ပြောဖြစ်ကြပါသည်။ မြစ်ရေ မ၀င်တာ နှစ်တွေကြာပြီ ဆိုတော့ သစ်ခင်းတွေမှာ မြေဆီသြဇာ ညံ့ကုန်ပြီဆိုပါ၏။ နွားစာကျက်တွေပျောက်၊ နွားစာရှားတာ တွေလည်း ကြားရသည်။ မြေက သဲဆန်လာလို့ သစ်ဥတွေ၊ ဖျင်းကုန်တာလည်းပါသည်။ အဆိုးဆုံး က ရေလိုချိန်မှာ ရေမရှိခြင်းဖြစ်၏။ တတ်နိုင်သူတွေက ရေစုတ်စက်တွေထောင်က အခင်းထဲ ရေသွင်းနိုင်သော်လည်း မသောင်သာသူ တွေအဖို့ရာတော့ ဂဏန်းလက်ကြိုးဖြစ်ကြရုံသာ။

"မြစ်ကလည်း မမထူးနှယ်... အနောက်ဖက် ဆုတ်သွားသာများ ကလေးချင်းမတည့်ကျလို့ ပေစုတ်စုတ် ရှောင်ဖယ်ဖယ် လုပ်နေသလိုပါတော်... သောင်ပြင်ကြီးဆိုသာ တစ်ပြန့်ကြီး... ရွာနဲ့မြစ်မနဲ့ ဝေးသွားတော့ မြစ်ရေ တစ်အိုး ရဖို့ သောနုတ္တိုမုဆိုး ဆန္ဒဆင်မင်းရှိတဲ့ တောထဲသွားရသလောက်ကြာသယ် အောက်မေ့ သာပဲ... အနောက်ဖက် စိုင်းသွားချက်တော့... တစ်သပ်ကြီး...
ကျွန်မ ညီမ ပြောနေချိန်မှာ ကျွန်မတို့ငယ်ငယ်က ရေချိုးဆိပ်ကို မြင်ယောင်နေမိပါသည်။ အခင်းက အပြန် ရေချိုးကြသူတွေ၊ နွားရေတိုက်ကြသူတွေ၊ ကလေး တရုန်းရုန်း၊ ခွေးတရုန်းရုန်း ဘယ်မှာရှိနိုင်ပါတော့မလဲ။ တစ်သက်လုံး က လှည့်မကြည့်ခဲ့ကြသော စက်တွင်း ကရေကို အားကိုးကြရပြီ။ ကျွန်မတို့ဘကြီး ဘိုးတိုက်ကြည် လှူခဲ့သော ရေတွင်းကလည်း ရေဆွံ့ချင်ချင်တဲ့။
"သောက်ပါလေ့... ချိုးပါလေ့...မြစ်ဆိပ်များငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်ရှိသာပါ...မြစ်က ထွက် မပြေး ပါဘူး..."

ကြီးတော်တို့ ပြောခဲ့တဲ့စကားတွေ...။ အခုတော့ ပြေးပါပကော ကြီးတော်ရ့...။ ကျွန်မ ညီမ ပြောပုံဖြင့် မြစ်ကရွာ နှင့် လှမ်းလှမ်းကစီးသတဲ့။ ပင့်လို့ ဖိတ်လို့သာ ရကြေးဆိုလျှင် ဧရာဝတီ မြစ်ကြီးရယ်...။ကျွန်မတို့ ရွာနဘေး ကပ်ပြီး စီးတော်မူပါ။ မြေဆီသြဇာ နှစ်စဉ်ချတော်မူပါလို့ လျှောက်လိုက်စမ်းချင်သေးသည်။ သို့ပေသိ ဧရာဝတီ မှာလည်း သူ့ဝေဒနာနှင့် သူမဟုတ်လား။ သူ့ဒုက္ခနှင့်သူမဟုတ်လား။
ကျွန်မ ကတော့ ငယ်ငယ်တုန်းက ရွာခြေရေချိုးဆိပ် ကို လွမ်းနေမိပါ၏။

ပိတောက်ပွင့်သစ်
ဇန်နဝါရီ 2012
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 8, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၄)

မကျာကျူးဆိတ်မွေးတာအကြောင်းမဟုတ်ဘူးနော် အိမ်ရှေ့က ကျုပ်ပန်းပင်တွေ စားပစ်ကုန်ဦး မယ် ပြီးတော့ ကျုပ်တို့စာရေးမရအောင် တပဲပဲ အော်နေမှာလည်း ထိန်းပေးဦး ကြားလားကျာကျူး ပန်းပင် တွေတော့ မစားစေရပါဘူး ဆရာမကြီးရဲ့ အော်တာတော့ ကျွန်မလည်း မတတ်နိုင်ဘူး ဆိတ်က စကားမှ မတတ်တာ။

ကျွန်မတို့လည်း ပြတင်းပေါက်က ခွာလိုက်ရတယ်။ ဆိတ်က စကားမှမတတ်တာဆိုတာက လူစကား နားမလည်ဘူးလေ လို့ ဆိုလိုချင်တာမဟုတ်လား။ ကျာကျူးနဲ့ ဆိတ်နှစ်ကောင်ကို ကျွန်မတို့ မမြင်ရတော့ ပေမယ့် လူနဲ့ဆိတ်အအော်ချင်းပြိုင်နေကြတဲ့ အသံတွေကိုတော့ ပွက်လောကြီးရိုက်အောင် ကြားနေရလေ ရဲ့ ကျာကျူးအော်သံကအော်လေ တိမ်ဝင်လေ။ ကျာကျူးကအော်လေ ဆိတ်နှစ်ကောင် ကပိုအော်လေ ခက်ကောင်းခက်ရချည့် ကျာကျူးဘာလုပ်ဦးမှာလဲ စောင့်ကြည့်ဖို့ပဲ ရှိတော့တာမဟုတ် လား။မအေလာမှ အကျိုးအကြောင်းမေးရတော့မှာပဲ။ ကျွန်မအိမ်သားကတော့ စာချိုးလေးနဲ့ထအော် လိုက်သေးတာပါ။

    ဆိတ်နှစ်ကောင်ထနောင်းပင်ညီနောင် က လွမ်းအောင်အာပြဲ အိပ်မပျော် ဆိတ်နှစ်ဖော် သံပြိုင်ကျူးတယ် ပဲ...ဟဲဟဲဟဲ...
    သည့်နောက်တော့ကျာကျူးတစ်ယောက် ဆိတ်ကျောင်းထွက်တော့တာပါပဲ။ ဆိတ်နှစ်ကောင် လည်း ကျာကျူး နဲ့ ယဉ်ပါးနေပြီပေါ့ ကြိုးတစ်ချောင်းနဲ့ တရွှတ်သိုးသီမရှိတော့ပါဘူး။ ဆိတ်နှစ်ကောင်က ဟိုတိုးသည်တိုးနဲ့ မှီရာသစ်ပင်ပန်းပင် လှမ်းဟပ်တတ်တော့ ကျာကျူးကိုယ်တိုင် နောက်ကနေ တုတ်တစ်ချောင်း နဲ့ လိုက်ရတယ်။ ကျွန်မတို့ အိမ်ရှေ့မှာ ရတန်သရွှေ့သစ်ပင်ကလေးတွေ ပန်းပင်ကလေး တွေ စိုက်ထားတာရှိတော့ ကျာကျူးဆိတ်နှစ်ကောင်ဘေးက ကင်းဝေးအောင် ကိုယ်ကလည်း လှမ်းကြည့် နေရသေးတာပါ။ စားသွားလို့ ဆူရငေါက်ရရင်လည်း ဆူတာငေါက်တာအ ဖက်တင်ဖို့ရှိလေတော့  ကျာကျူး ဆိတ်နှစ်ကောင်ကိစ္စထဲ ကိုယ်ပါပါရတယ်။ အိမ်ရှေ့ကလွတ်ပါပြီဆိုမှ စိတ်အေးရတာပါ တစ်ခါတော့ ကျွန်မက ကျာကျူးကိုခေါ်ပြောရတယ်။

    ဟဲ့ ကျာကျူးရဲ့ ညည်းတို့ဘယ်ကဆိတ်တွေများ အခါတော်ကျပါလိမ့်အေး ဆိတ်မွေးတယ် ဆိုတာ လူနေအိမ်ခြေနဲ့ဝေးတဲ့နေရာ အစာရေစာ ပေါတဲ့နေရာ လွတ်လွတ်ကင်းကင်းနေရာမှာမွေးရတာ အခုတော့ ညည်းကြည့်ရတာ ပင်ပန်းလိုက်တာအေ"
    ကျာကျူးက ခပ်အေးအေးပါပဲ အလိုတော်သူက ဘယ့်နှယ့်ကြောင့်ဆိတ်ပြသာနာထဲ ဝင်ပါပါလိမ့်ဆိုတဲ့ မျက်နှာနဲ့ ကျွန်မကို ကြည့်တယ်။ မပင်ပန်းပါဘူး ဆရာမကြီးရဲ့ ဆိတ်နှစ်ကောင်က ကျွန်မနဲ့ခင်သွားတော့ ပြောစကား နားထောင်ကြပြီ နီတိုးရော နီတူးရာ အပြင်ထွက်မပြေးကြတော့ဘူး

    ကျာကျူးဆိတ်နှစ်ကောင်က နီတိုးနဲ့နီတူးတဲ့လား သည်နာမည်တွေ ဘယ်သူပေးတာလဲ ကျွန်မ ပေးတာလေ နှစ်ကောင်စလုံးက အနီရောင်ဆိုတော့ နီတွေပါတယ် နီတိုးကသူများအပင်တွေကို သိပ်တိုး တာ ဒါကြောင့် နီတိုးခေါ်တယ် နီတူးကျတော့ ဂျစ်တူးတူးမို့လို့ နီတူးခေါ်တယ်။
    နေပါဦး ကျာကျူးရဲ့ ငါမေးမယ် မေးမယ်နဲ့ ဘယ်ကဆိတ်တွေ ဘယ်လိုရလို့ ဘယ်လို မွေးဖြစ်သွားတာတုန်း အရင်ကမွေးဖူးလို့လား။ ကျာကျူးက သည်အကြောင်းပြောချင်ချင်ပါ ဆိတ်တွေ က ကျွန်မတို့ လမ်းတောင်ဘက်က စောင်ရန်တစ်လျောက် ပေါက်နေတဲ့ အပင်တွေကို ရသလောက် လှမှ်းဆွဲ လိုက် ဝါးလိုက်လုပ်နေကြလေရဲ့ ကျာကျူးက ဆိတ်တစ်ကောင် လမ်းကူးဖို့ ပြင်နေတာကို အနားရှိတဲ့ခဲနဲ့ လှမ်းထုတယ်။

သည်ဆိတ်နှစ်ကောင်က လာလားတို့ဆိတ်တွေ တူမဲက ကျွန်မတို့ဦးလေးနှစ်ယောက် ရှိတယ်မှုတ်လား အကြီးဦးလေးက ပါကျဲ လာလားက ပါကျဲသားအကြီးကောင် ဟဲ့ပါကျဲက တရုတ် နာမည်မဟုတ်ဘူးလား ပါကျဲတို့ ဝူခုန်းတို့လေ ကုလားမှာလည်း ပါကျဲရှိတာပဲ ဆရာမကြီးရဲ့ ကျွန်မဦးလေးပါကျဲက တရုတ်ပါကျဲ မပေါ်ခင် ကတည်းက ပေါ်ပြီးသား တရုတ်ပါကျဲက နောက်မှ ပေါ်တာ။
သြော်အေး ပြောပါဦး အဲသည်ပါကျဲသား လာလားက ဆိတ်ဝယ်ချင်တယ်ဆိုပြီး နေ့တိုင်း ငိုတယ် ဒီကောင်ထမင်းမစားဘူး တအားငိုတယ် ဆိတ်ဝယ်မပေးဘူးနော် ငါအငိုမရပ်ဘူး လို့ပြောတယ် ငိုတယ်ငိုတယ် ညလည်း မအိမ်ဘဲငိုတယ် နေ့လယ်ထမင်းမစားဘဲငိုတယ် ငိုတယ် ငိုတယ် ငိုတယ် ။

ကိုင်းပါ ဆိတ်လိုချင်လို့ ငိုတယ်ဆိုပြီးပါတယ် ဆက်ပြော မဟုတ်ဘူး ဆရာမကြီးရဲ့ လာလားက သူများလိုမငိုဘူး မတရားသဖြင့်ငိုတာ အဲသလိုငိုမှ မပူဒီက ပိုက်ဆံချေးတာ။ ကျာကျူးမပူဒီက ဘယ်သူတုန်း လာလားငိုတာနဲ့ မပူဒီက ဘယ်လိုပိုက်ဆံချေးတာတဲ့လဲ။ မပူဒီက ဈေးထဲမှာ ဂျလေဘီတို့ ခါဂျာမုန့် တို့ ရောင်းတယ် မပူဒီက ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ မိန်းမလေ။
သြော် ဟုတ်ပြီ ဆက်ပြော လာလားက မတရားငိုတော့ မပူဒီက လာပြောတယ် နင်တို့သားငိုတာ ခမည်းလိုတာတဲ့ ကလေးလိုချင်တဲ့ ဆိတ်နှစ်ကောင် ဝယ်ပေးလိုက်ကြတဲ့ ဒါနဲ့ ကျွန်မဦးလေး ပါကျဲအကြီးက ပိုက်ဆံမရှိဘူးတဲ့... မပူဒီက ငါ နှစ်ဆယ်တိုးနဲ့ချေးမယ် ငါသနားလို့ ချေးတာ ပြန်ဆပ်နော် ဆိုပြီး တော့ ပိုက်ဆံနှစ်သိန်းချေးတာပဲ.
နှစ်သောင်းဖြစ်ပါလိမ့်မယ် ကျာကျူးရယ် ....။

ဟုတ်တယ် ဟတ်တယ် နှစ်သောင်း... ဆိတ်ကလေးတွေက တစ်ကောင် တစ်သောင်းဆိုတော့ နှစ်သောင်း
"ဟဲ့အခုက ဆိတ်တွေက ကြီးကြပါပြီ.... တစ်ကောင်တစ်သောင်းရပါ့မလား"
"အခုကြီးတယ်လေ...လားလားတို့ဝယ်တုန်းက ငယ်ငယ်လေး.. လားလားဆိတ်လိုချင်လို့ ငိုတယ်ဆိုတာ ဘယ်သူက ပြောသလဲမသိဘူး... ကျွန်မတို့ အဒေါ်အကြီး မူနီယားရှိတယ် မှုတ်လား.. သူက ပိုက်ဆံလာယူ လှည့်ပြောတာနဲ့ လားလားအဖေ ပါကျဲက သွားယူတယ်... မပူဒီဆီကလည်း ချေးတယ် ဒေါ်ကြီးမူနီယား ဆီကလည်း သွားယူတယ်"
"ဒေါ်မူနီယားက ဘယ်မှာနေတာလဲ"

"မြသားမှာ နေတယ်သူတို့က သားသမီးမရှိတော့လားလားကို အရမ်းသည်းတယ်"
"ဟုတ်ပြီ...ပိုက်ဆံလေးသောင်းရပြီ...ဆိတ်ဝယ်လိုက်ရောလား။"
"မ၀ယ်ဘဲနဲ့ရတယ်"
"ဟဲ့ ဘယ်လိုမ၀ယ်ဘဲနဲ့ ရတာလဲ ကျာကျူးရဲ့"

"ဆိတ်ပိုင်က သူ့ဆိတ်တွေထဲက ခပ်ငယ်ငယ်နှစ်ကေင် ရွေးယူတဲ့...မွေးဖက်မွေးပေးတဲ့... ဆိတ်နှစ် ကောင်ကြီးရင် ပေါက်ဈေးတစ်ဝက်နဲ့ ငါပြန်ယူမယ်ဆိုတော့ ဦးလေးပါကျဲက ယူပြန်ရော"
ကျွန်ခေါင်းမလည်အောင် မနည်းသတိထားပြီး ပြန်ပြောရမှာပါ။ ကျာကျူးနဲ့ ကျွန်မတို့ ဒိုင်ယာလော့ဂ် ကိုခဏရပ်ပြီး ကျွန်မရှင်းပြချင်ပါသေးတယ်။ ကျာကျူးပြောသလိုဆိုရင် သူ့အမေရဲ့မောင် ဦးပါကျဲက သားအကြီးကောင် လာလားအပမှီသလို ငိုခဲ့တာကို အကြောင်းပြုပြီး ခမည်း ဆိတ်ဝယ်ဖို့ ဖြစ်လာ တယ်။ သညလိုဖြစ်ရတာလည်း ကျွန်မစဉ်းစားရသလောက်က ငွေတိုးချေးသူ မပူဒီက ပိုက်ဆံလှည့် ချေးတာပါပဲ။ ချေးငွေ က တစ်ရာ ကို နှစ်ဆယ်တိုးနဲ့ နှစ်သောင်းရရော။

တစ်ခါ ဦးပါကျဲရဲ့ အစ်မဖြစ်သူ ကသူတူခမည်းလိုတယ်ကြားလို့ ဆိတ်ဖိုးငွေနှစ်သောင်း လာယူလှည့် ဖြစ်ပြန်တယ်။ ဒါကိုလည်း ဦးပါ ကျဲက အလွတ်မခံဘူး။ သည်တော့ ငွေလေးသောင်းလက်ထဲ ပိုက်မိရော ပြောပါတော့။ ဆိတ်ဖိုး ပေးရတော့မယ်ဆိုတော့ ဆိတ်ရှင်ကသူ့ဆိတ်ကို အပြတ်မရောင်းဘဲ မွေးဖက်ပေးလို့ ငွေမကုန်ပြန် ဘူး။ သည်တော့ဦးပါကျဲမှာ ငွေလေးသောင်းနဲ့ ဆိတ်နှစ်ကောင်ရနှင့်ပြီ။ လာလားကလည်း ဆိတ်နှစ် ကောင်ရလို့ ကျေနပ်ပြီ။

အငိုတိတ်ပြီ။ သည့်ထက်အဆင်ပြေစရာ ဘာမှမရှိဘူးလို့ ပြောရုံကလွဲလို့ ဘာကျန်မှာတုန်း။ ဒါပေမဲ့ ပြဿနာကမပြီးသေးဘူး။
တစ်လလောက်ကြာတော့ ဒေါ်ပူဒီဆီက နှစ်ဆယ်တိုးနဲ့ ငွေချေးတယ်ကြားတော့ အစ်မဖြစ်သူက သူ့ပိုက်ဆံနှစ်သောင်း ကူမဲအထိလိုက်တောင်းသတဲ့။ ဒေါ်ပူဒီကိုလည်း ဈေးထဲရန်လိုက်တွေ့သတဲ့။ ကုလားမနှစ်ယောက်ထ သက်ကြရာက ဒေါ်ပူဒီကလည်း သူ့ငွေနှစ်သောင်း မချေးတော့ဘူး ချက်ချင်း ပြန်ဆပ်ပါ ဖြစ်ပြန်ရော။ ငွေကမရှိတော့ဘူး။ အစ်မဖြစ်သူကိုရော ဒေါ်ပူဒီကိုပါ ပြည့်ဝအောင် ငွေပြန် မပေး နိုင်တော့ မိန်းမနှစ်ယောက်က ဦးပါကျဲကို ဆိုလိုက် ပြောလိုက်ကြတာ ပွက်ပွက်ရိုက်လို့တဲ့။ ရန်တွေ့ရုံက အကြောင်း မဟုတ်ဘူး။ ငွေမရမယ့်အတူတူ ဆိတ်တစ်ကောင်စီယူကြမယ်လုပ်တော့ မူရင်းဆိတ်ပိုင်ရှင်က သူ့ဆိတ်တွေ ပြန်သိမ်းတယ်။

"ပြောပါဦး ကျာကျူးရဲ့...ဒါဖြင့် ဆိတ်ကညည်းတို့ဆီ ဘယ်လိုရောက်လာတာတုန်း"
"ဆိတ်တွေကပိုင်ရှင်ဆီ ပြန်ရောက်ပြီး ခြောက်လလောက်ကြာတော့ ဦးလေးပါကျဲရဲ့ညီ ဦးစွပ်ပရားဆီ ရောက်တယ်...ကျွန်မတို့ဦးလေးအငယ် သူလည်းကူမဲမှာနေတယ်"
"ဟုတ်ပြီး...မွေးဖက်ပေးတာလား"
"၀ယ်တာ ဆရာမကြီး...တစ်ကောင်တစ်သောင်းခွဲပေးရတယ် နှစ်ကောင်ဆိုတော့ ဘယ်လောက်လဲ"

"သုံးသောင်း"
"ဟုတ်တယ် သုံးသောင်း...ကျွန်မအမေရှိတယ်မှုတ်လား...အမေက ကူမဲအလည်သွားတော့ တစ်ကောင် ငါးထောင် အမြတ်ပေးမယ့် ငါ့ရောင်းပါလို့ တောင်းတော့ ဦးလေးစွပ်ပရားက တစ်ကောင် နှစ်သောင်း ရတယ် ဆိုပြီး အမေ့ကိုပေးတယ်"
"လက်ငင်းဝယ်လိုက်တာပေါ့"
"မဟုတ်ဘူး...."
"အကြွေး"

အဲဒါကလည်း သည်လိုပါ။ မောင်နှမချင်း လိုချင်ပါတယ်ဆိုလို့ ရှောရှောရှူရှူ ပေးလိုက်တာတော့လည်း မဟုတ်ဘူး။ ဆိတ်ဝယ်ထားတဲ့ ကိုစွပ်ပရားမိန်းမက နတ်ဝင်သည်။ ကုလားကပြားမပဲ။ ခြေလေးချောင်း ၀င်ရကောင်းလားဆိုပြီး လင်ကိုရန်လုပ်ရာက အစ်မကိုယူလိုက်တော့ ဖြစ်ရတာပေါ့။ သည်လို ဆိုပြန် တော့ယောက်မဖြစ်သူ နတ်ဝင်သည်က တစ်ကောင်ဖိုးလက်ငင်း ပေးရမယ်ဖြစ်လာလို့ ကျာကျူးအမေ က မပူဒီ ဆီသွားပြီး ငွေတိုးချေးရပြန်တယ်။ သည်တော့ မပူဒီဆီမှာ ငွေတိုးနဲ့နှစ်သောင်း။ ယောက်မ နတ်ဝင်သည် ဆီမှာ ငွေနှစ်သောင်း အကြွေးတင်ခံပြီး ရလာတယ်ပြောပါတော့။
ပြဿနာက ဆိတ်နှစ်ကောင် ၀ယ်တာတော့ဟုတ်ပါရဲ့။ ကူမဲက မန္တလေးကို သယ်လာဖို့ ကားကလည်း အတင် မခံဘူး။ ရထားကလည်း အတင်မခံဘူးသည်တော့ ထုံးဘိုဘက်ကနေ ကူမဲဘက်ကို ကျောက် လာချတဲ့ ကျောက်ကားကြီးကို ဆီးထားပြီး ကျာကျူးရယ် သူ့အမေရယ် ဆိတ်နှစ်ကောင်ရယ် တောင်း တောင်းပန်ပန်နဲ့ လိုက်လာကြရတယ်။ ကျောင်းကားကြီးက မန္တလေးစက်မှုဇုန်လမ်းခွဲရောက်တော့ အရှေ့ဘက်ချိုးချလိုက်ရော။ ကျာကျူးတို့သားအမိ တဟိုးဟိုးနဲ့အော်ပြီး ရပ်ခိုင်းကြရသတဲ့။

ကျွန်မတို့ အော်တော့ ရပ်တော့ပေးပါရဲ့.... ဒါပေမဲ့ ကျွန်မတို့အိမ်နဲ့ အဝေးကြီးလေ... ဒါနဲ့ ၆၂ လမ်းဘက်ကနေ ၆၈ လမ်းရောက်အောင် ဆိတ်တွေမောင်းခဲ့ရတယ်....ဆိတ်တွေက ဂဂျီဂဂျောင်လုပ် တာနဲ့မိုးချုပ်မှရောက်တယ်.... အိမ်ရောက်တော့ သူတို့လည်း ထမင်းစားရဘူး...ကျွန်မတို့လည်း ထမင်းမစားရဘူး.. ကျွန်မတို့လည်း ထမင်းမစားရဘူ... ဆိတ်လည်းငတ်တယ်... လူလည်းငတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျာကျူးတို့ ဆိတ်နှင်ကောင် ပိုင်ကြပါပြီ။ ဘယ်လိုကျွေးလို့ ဘယ်လိုမွေးမယ်ဆိုတာ မပြောနိုင်ပေမယ့် ဆိတ်အော်သံနဲ့ပဲ အိပ်တော့မယ်ဆိုတာလို ဖြစ်ရတော့မယ်ဆိုတာ သေချာနေပြီ မဟုတ်လား။ မနက်မိုးလင်း ဆိတ်ကျောင်းထွက်တဲ့ ကျာကျူး၊ ဈေးဘန်းခေါင်းရွက်ပြီး ဈေးရောက်ထွက် တဲ့မအေနဲ့ အလုပ်ထသွားတဲ့ ဖအေ။ သားအဖသုံးယောက်ညဘက်မှ ပြန်ဆုံကြရတာပါ။ ကျာကျူးက မနက်ဆယ်နာရီလောက် အိမ်ပြန်ဝင်၊ ဆိတ်တွေချည်းထား။ ရှိကောင်းရှိရာ တစ်လုတစ်ဆုပ် စားနေတာ ကျွန်မတွေ့နေရတယ်။ ညနေ သုံးနာရီလောက်ဆိုရင်တော့ မီးတောက်တ၀င်းဝင်းနဲ့ ကျာကျူးထမင်း ချက်ပြီ။ ထမင်းအိုးကို မီးတောက်က မျိုနေတာမျိုးနဲ့ ချက်နေလို့ ကျွန်မမှာ လှမ်းလှမ်းကြည့်ရတာ အမော။

ကျာကျူးရယ် မီးဂရုစိုက်တဲ့ ....အနားမှာ ရေတွေဘာတွေ ထားရတယ် ထင်းတွေ နင်းကန်မထိုးနဲ့.. မီးတွေနဲ့ ပစ်မထားနဲ့ ..လူအနားရှိပစေ။
အဲသလို လှမ်းပြောရင် ကျာကျူးက သိပ်မကြည့်သာဘူး။ မျက်လုံးပြူးပြီး ဆင်ခြေဆင်လက်တွေ တက်တော့တာပါ။
ဟိုတစ်နေ့က ဆရာမကြီး လှမ်းပြောလို့ ကျွန်မမီးလျှော့လိုက်တယ်လေ.. အဲသည်နေ့က ထမင်းမနပ် ဘူး ထမနဲ ဖြစ်သွားတယ်... အမေက ဆူရော။
ကျွန်မတောင် ကျာကျူးတို့အိမ်က ထမင်းမနပ်တဲ့ အမှုမှာ တရားခံဖြစ်လိုက်ရသေး။ ကျွန်မက ဘာဟင်းတွေချက် မှာတုန်းဆိုတော့ ပဲသီးနဲ့ ဘဲဥကြော်မယ်တဲ့။ အရွယ်နဲ့မမျှ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ပင်ပင်ပန်းပန်း ရှိရှာတဲ့ ကျာကျူးကို ကြည့်ရင်း ကျွန်မ သနားမိတယ်။ မိဘနှစ်ပါးလုံးက အလုပ် ထွက် လုပ်ကြရသူတွေဆိုတော့ အချိန်ရယ် အခါရယ် မရှိဘူးကိုး။ ကျာကျူးချက်တာကိုပဲ အကောင်း လုပ်စားကြရတာပါ။

ပဲသီးနဲ့ ဘဲဥကြော် တာတော့ ဟုတ်ပါရဲ့ ... ပဲသီးရော ဘဲဥရော ၀ယ်ပြီးသားလား။
ပဲသီး က ရှိတယ် အမေမနေ့က ၀ယ်လာတာလေ... ဘဲဥကတော့ အကြွေးသွားယူလိုက်မယ်။
အကြွေး သွားယူလိုက်မယ်ဆိုတာ ကျွန်မတို့ ရပ်ကွက်အိမ်ဆိုင်ကလေးကို ရည်ညွှန်းပြီး ပြောလိုက် တာပါ။  ကျွန်မ က ဘဲဥကို ဆရာမကြီး တို့ အိမ် လာယူလှည့်ဆိုတော့ ဖြဲခနဲရယ်ပြတယ်။ ဆက်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မရင်ထဲ မကောင်းလိုက်တာ။
ကျွန်မ က ဘဲဥသိပ်ကြိုက်တာ ဆရာမကြီးရဲ့.. ကျွန်မ အမေတို့လို့ အရွယ်ရောက်ရင် တစ်ခါတည်း ဘဲဥ ဆယ်လုံး ၀ယ်စားပစ်လိုက်မယ် တဲ့လေ။

ဆက်ရန်
ကလျာ မဂ္ဂဇင်း ဖေဖော်ဝါရီ 2012
(မတ်လ ထုတ် မှ ဘဲ ဆက်ဖော်ပါနိုင်ပါမည်)
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 7, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၃)

(``ဖွေးဖွေးက လိပ်ပြာဖမ်းခိုင်းတယ် ဆရာမကြီးကျွန်မက ဖမ်းမပေးဘူး... ဖွေးဖွေးကို လည်း မဖမ်းနဲ့လို့ ပြောရတယ်...ကျွန်မက လိပ်ပြာတွေ ပန်းပွင့်ပေါ်နားရင် ခြောက်ထုတ်ပစ်လို့ငို တာ’’့
ကျွန်မ က ကျာကျူးမှာ သနားစိတ်ကလေး ရှိရှာလို့ အောက်မေ့မိတယ်။ လိပ်ပြာကလေး တွေကို  သမီးဖမ်းတယ် ဆိုတာလည်း မိရတယ်မရှိပါဘူး။ မိရင်လည်းအတောင်ပံကလေးတွေကို ကြည့်ပြီး ပြန်လွတ်မယ် ဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျာကျူးက လိပ်ပြာဖမ်းတာကိုပဲ ခါးခါးသီးသီး ရှိနေလို့ သေချာအောင် မေးတော့မှ သိရတာပါ။
) ကို ဆက်ဖတ်ရန်...
 
ပြောတာလည်း ကြည့်ဦးလေ။ ကျွန်မဖမ်းပေးရင် ကျွန်မကို လိပ်ပြာနုတ်မှာပေါ့ ဆရာမကြီးရဲ့" တဲ့။ ကျွန်မလည်း ကျာကျူးပြောမှ အားရပါးရ ရယ်မိတော့တယ်။ သည်စကားကလေးမ ဘယ်ကများကြား ထားပါလိမ့်။ လူကြီးတွေပြောတာကြားရာက သည်လိပ်ပြာကောင်လေးတွေလို့ ထင်ရှားတယ်နဲ့တူပါရဲ့။ ကျွန်မ က လိပ်ပြာဆိုတာ သည်လိပ်ပြာကို ပြောတာမဟုတ်ပါဘူးကျာကျူးရယ် ဆိုတော့လည်း  မျက်လုံး လေး ပြူးလို့။ 

ကျွန်မတို့ ပန်းပင်တွေကြား တစ်ခါတစ်လေ တွေ့တတ်တဲ့ ခရုကောင်ကြီးတွေကို ကျွန်မကိုယ်တိုင် အူယားလွန်းလို့ ကျာကျူးလုပ်ပါဦးဆိုရင်လက်ကို ကျွတ်ကျွတ်အိတ်စွတ်ပြီး ကောက်တယ်။ ပြီးရင် လမ်းပေါ် မှာ တစ်ကောင်ချင်းသွားထားတော့တာပါ။ ခရုလုံးကြီးတွေကို အကြောက်အလန့်မရှိဘူး ခရုတွေပုံပြီး ပြီဆိုမှ ဆားဖြူးတော့တာပါ။ ကျွန်မက ကျာကျူးရဲ့ ခရုစစ်ဆင် ရေးကို မကြည့်ဝံ့ဘူး  အဲသလို ခရုလုံးကြီးတွေကို  မကြောက်တဲ့ကျာကျူးက လိပ်ပြာအသေ တစ်ကောင်တွေ့ရင်တော့ ငန်တော်ကျား တွေ့သလိုပါပဲ။ ထခုန်တော့တာပါ။

တစ်လောက ကျာကျူးကျွန်မတို့အိမ်ကို အကူးအသန်းမရှိပြန်ဘူး သူတို့အိမ်ကဘေးဘက် လှမ်းကြည့် တော့လည်း လူမရှိတာများလို့ ဈေးတစ်လှည့်ရောင်းကြပြန်ပြီနဲ့တူပါရဲ့အောက်မေ့မိတယ်။ ကျာကျူး ရရင် ရသလို ဈေးထရောင်းချင် ရောင်းတာဆိုတော့ မိုးလင်းရင်ထွက် မှောင်မှပြန်ရောက်နေ ကျကိုး။ ကျွန်မတို့ လမ်း ထဲမှာလည်း မျက်နှာစာမှာ အိမ်ခြေမရှိသလောက်ဆိုတော့ လူသူလေးပါး ရှင်းတယ်။ ရင်ပေါင်တန်း အိမ်တွေကလည်း ကလေးသူငယ်မရှိကြတာတစ်ကြောင်း၊ ကျာကျူးလို ကောက်ကာငင်ကာ ခိုင်းနိုင်တဲ့ အရွယ် မရှိတာ တစ်ကြောင်းဆိုတော့ ကျာကျူးမရှိတာ ကျွန်မအဖို့ရာ နှံကောင်များ လက်အဆစ်ပြုတ် သလိုပဲ။

တစ်ရက်တော့ မိုးတောင်မလင်းသေးဘူး၊ ဆိတ်အော်သံတွေကြားလို့ ဘယ့်နှယ့်ကပါလိမ့်လို့ အိပ်ရာထဲက တွေးမိတယ်။ အိမ်ရာကနိုးလို့ လှမ်းကြည့်တော့ ကျာကျူးတို့အိမ်ရှေ့က သစ်ပင်ကလေးမှာ ဆိတ် နှစ်ကောင် ပြူးပြူးပါလို့။ အဝေရာကိုင်းနှစ်ကိုင်း ခုတ်ပြီးချထားတာလည်းတွေ့တယ်။ အော်လိုက် တာလည်း ပွက်ပွက်ကြီးရိုက်နေတော့ စာရေးဆရာနဲ့ ဆိတ်ခြံ မဟန်နိုင်ဘူးဆိုတာ သေချာသွားပြီ။

 ကျွန်မတို့လမ်းထဲမှာ နွားမွေး ဆိတ်မွေး မရှိကြဘူး။ လမ်းတိုလေးဆိုတော့ အိမ်က လည်းမများဘူး အိမ်မများသလို အကြောင်းဗာဟီရတွေကလည်း မရှိကြတော့ အရင်က ဘာသံမှ မကြားရသလောက်ဘဲ။ ကျွန်မတို့ ပြောင်းလာကာစက ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင် လူမနေတဲ့ဝိုင်း ကြီးထဲမှာ သံပန်းသံတံခါး လုပ်တဲ့လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးတယ်။ ယောက်ျားကြီးလေးငါးယောက်က သံတံခါးကြီးတွေ၊ သံထည်ပစ္စည်း တွေ တဒိန်းဒိန်း တဒေါင်းဒေါင်း ရိုက်ပုတ်ထုနှက်နေကြတဲ့ အသံတွေဆိုတာ နားမခံ သာဘူး။ အဆိုအဆဲ ကလည်း ပါသေးတာပါ။

သူတို့သုံးတဲ့ မီးစက်ကြီးကလည်း တစ်ရပ်ကွက်လုံး စကားပြောမဖြစ်ဘူး။ အဲသလောက် အသံမြည်တဲ့ မီးစက်မျိုး ကျွန်မမကြုံဖူးဘူး မြေကြီးတွေတောင်တုန်လို့ အနားက အိမ်တွေကရပ်ကွက် လူကြီး တိုင်တော့လည်း အကြောင်းမထူးဘူးဆိုလို့ စိတ်များတောင် ပျက်မိပါရဲ့ နောက်တော့လည်း ခြံဝိုင်းက ဈေးတည့်သွားလို့တဲ့၊ အုံလိုက်ပြောင်းသွားကြလို့ ခြံဝယ်သူဌေးကို ကျေးဇူးတောင် တင်မိပါရဲ့။ သံပန်းဆရာ က ထွက်ကာနီး ရပ်ကွက်ကို ရန်လုပ်သွားသေးတာပါ။ သည်ကတည်းက အင်မတန် အေးချမ်း သွားခဲ့တယ်၊ တစ်ကွက်ငုတ်ရပ်ကွက်ဆိုတာ့ လမ်းမကြီးနဲ့၊ လှမ်းတဲ့အပြင်၊ တစ်ဘက်လမ်းက လည်းလမ်း ပျက် ဆိုတော့ တ်ာရုံကားဆိုင်ကယ်အသွားနည်းတယ်။

အဲသလိုလမ်းထဲမှာ ကျာကျူးတို့အိမ်က ဆိတ်နှစ်ကောင် ရောက်လာခြင်းဟာ သံပန်းသံတံခါးလုပ် ငန်းရောက်လာသလိုပါပဲ။ ဆိတ်နှစ်ကောင်က ကိုယ့်နေရာမဟုတ်၊ ကိုယ့်သခင်မဟုတ်လိုက်လာ ရတာကို သိပုံ ပေါ်ပါရဲ့။ သံချီသံချနှစ်ကောင် ပြိုင်တူ၊ တစ်ခါတလေနှစ်ကောင် တစ်လှည့်စီ အော် နေကြတာ အရပ်အစဲမရှိကြဘူး။ လှမ်းမြင်ရသလောက်တော့ ဆိတ်နှစ်ကောင်က မတိမ်းမယိမ်းရယ်၊ ကျာကျူးက ရှေ့မတိုးတော့ဘူး။

"လာဟဲ့ လာလေ.... နငတို့ကို အစာကျွေးမှာလေ...ဒါအရင်က နင်တို့အိမ် မဟုတ်တော့ဘူး..နင်တို့ သခင်လည်း မဟုတ်တော့ဘူး....နင်တို့ ဆိတ်ဖြစ်ပြီး သည်လောက်တောင် နားမလည်ဘူးလား... ငါ နင်တို့ကို ဘာမှမလုပ်ဘူး....ငါ့စကားနားမထောင်ရင် နင်တို့ဘယ်လို အစာစားမလဲ...လာလေ"

ကျာကျူးက ဆိတ်ကိုအော်နေတဲ့အသံ ကျွန်မတို့အိမ်က ကြားနေရလို့ လှမ်းကြည့်ရင် ကျာကျူးက ဆိတ်လည်ပင်းကို ချည်ထားတဲ့ ကြိုးရှည်စကို တရွတ်ကန်ဆွဲ နေတာမြင်ရပြီ၊ ဆိတ်ကလည်း ပေရွက်ရွက် ဆိုတော့ ကျာကျူးရယ် နင့်လောက်တော့ အပျော့်ပေါ့ဆိုတဲ့ အာခံမှုနဲ့ နောက်ကို ပြန်ကန် ထားလိုက်တာ တစ်ထစ်မ ရွေ့ဘူး၊ ကျာကျူးကလည်းဆွဲ၊ ဆိတ်ကလည်းထောင့်ခံ။ ကျွန်မက ကျွန်မ အိမ်သားကို ခေါ်ပြတော့ သူကလည်း အသာကြည့်ရအောင်တဲ့။ ကျာကျူးက ကြိုးကိုလည်း မလွှတ်ရဲဘူး၊ မသကာ ကြိုးလွတ်ပြေးရင် လိုက်ဖမ်းဖို့ခက်ပြီလေ။ သူ့နဂိုချည်တိုင်မှာလည်း ကျန်တဲ့တစ် ကောင်က တပဲပဲ အော်လိုက်တာ နားမံသာဘူး။ တစ်ကောင်ကို ဆွဲလွဲနေတာတွေ့တော့ ကြောက်ရှာလို့နဲ့တူပါရဲ့။ ငယ်သံများ ပါလို့။ ခဏခဏတော့ ကျာကျူးက ဆိတ်ဆွဲရာပါရပါပြီ။ ပါးစပ် ကလည်းအသံစူးအသံကြောင် ကလေး နဲ့အော်နေသေးတာပေါ့။

"နင်တို့မိဘက မသင်ဘူးလား...သူများတွေ ဆိတ်မွေးတာ အကုန်လုံးလိမ္မာတယ်...ပြော စကား နားထောင် တယ်... နင်တို့မလိမ္မာဘူး စကားလည်း နားမထောင်ဘူး... မနေ့က ငါခေါ်တုန်းက အသာ လိုက်လာပြီးမှ အခုနင်တို့ သည်လိုလုပ်တာ ကောင်းသလား...နင်တို့စားဖို့ အဝေရာကိုင်းချ ကျွေးတာ လည်း နင်တို့မစားဘူး...မစားရင် ငတ်ကြလေ...နင်တို့ကိုဘယ်သူသနားမှာလဲ... အစာကျတော့ မစားဘူး.. ဆိတ်ချေးတွေကျတော့ ပါလိုက်တာ မနည်းဘူး...နင်တို့ဘာတွေနဲ့ ချီးပါတုန်း ငါ နားမလည်ဘူး"

ကျာကျူး က ပါးစပ်ထဲရှိတာတွေ ဗျစ်တောက်ဗျစ်တောက် အော်ရင်းဆိတ်ဆွဲတဲ့နောက် ပါနေတော့ တာပါ။ သူတို့ အိမ်ရှေ့ကွက်လပ်မှာက အိမ်မကြီးရဲ့နောက်ဘက် အုတ်ရေအိမ်တစ်လုံး ရှိတော့ ဆိတ်က ရေအိမ်ကို ပတ်ဆွဲလေ၊ ကျာကျူးကလည်း ကြိုးစကို ဆွဲရင်းလိုက်နေရလေ။ အခုမှ ကြည့် မိတယ်။ လူကလည်း ဂျစ်ခြောက်လိုက်လို့၊ ဆိတ်နှစ်ကောင် အော်သံတွေကြားမှာ ကျာကျူးအသံက မတိုးနိုင်ဘူး။ ကျွန်မ တို့ကတော့ ကြားနေရတာပေါ့လေ။ ပြတင်းပေါက်က ကျွန်မတို့နှစ်ယောက် ရပ်ကြည့် နေတာလည်း မြင်ပုံမရဘူး၊ ကျာကျူးအော်သံတွေကြားမှာ ကျွန်မတောင်ပါလာလေရဲ့။
"နင်တို့ အဲသလိုအော်နေ... ဟိုဘက်အိမ်က ဆရာမကြီးတို့က စာရေးဆရာတွေ.... သူတို့က ဆူတာ ပူတာ လုံးလုံး မကြိုက်ကြဘူး...နင်တို့အော်တာ အရေးမကြီးလူး ငါအပြောမခံရမှာ.. နင်တို့ ကလည်း အော်ကို အော်လွန်းပါတယ် ငါကသဘောကောင်းရင် ကောင်တယ်နော် မကောင်းရင် ဈေးထဲက ဆိတ်သားကုလားဆီ ပို့လိုက်မယ် ငါ့ကိုပေါ့ပေါ့ ကောင်မ မမှတ်နဲ့"
တစ်ခါ မှာတော့ ကျာကျူးက အနားကသစ်ငုတ်မှာ ကြိုးပတ်လိုက်တယ်။

သစ်ငုတ်ကိုတော့ ဆိတ်ကရုန်း မရဘူးကို။ ဆိတ်လည်းရပ်လိုက်ရသလို ကျာကျားခမျာလည်း ဖင်ထိုင် လျက်လဲ တော့တာပဲ။ ချွေးတွေ သံတွေနဲ့ မောပန်းတကြီး ဖင်ထိုင်ချလိုက်တော့မှ ကျွန်မတို့ ပြတင်းပေါက် က လှမ်းကြည့်နေတာကို မြင်သွားတာပါ။ ကျွန်မက "ကျာကျူး ဘယ်ကဆိတ်တွေလဲ... ဆိတ်ချောကလေးတွေပါကောဟဲ့"ဆို တော့ ကျာကျူးကသူ့ခေါင်းစုတ်ဖွားကို တဗျင်းဗျင်းကုတ်ရင်းက မျက်လုံး ပြူးကြီးနဲ့ လှမ်းကြည့် တယ်။ တစ်ခုခုပြောလိုက်တာမှန်းတော့ သိပုံပါ။ ဆိတ်အော်သံ တွေနဲ့ ဆိုတော့ လေလုံးမကွဲဘူးနဲ့ တူပါရဲ့။
"ကျာကျူးဆိတ်တွေလား...အကောင်ချောသာပဲလို့..."

ကျာကျူးက သစ်ငုတ်မှာ ချည်ထားတဲ့ ဆိတ်ကို ခဲသေးသေးတစ်လုံးနဲ့ လှမ်းထုရင်းက ပြုံးတယ်။ အားမပါ လှတဲ့ အပြုံးပါ။
"ချောတော့ ချောပါရဲ့ ဆရာမကြီးရယ် ဆိုးတာတော့ ဆိုးတယ်..... ကူမဲက လာလားပြောတာတော့ ဟိုမှာ ချည်ထားတဲ့ဆိတ် က သဦးစနေတဲ့...သဦးစနေဆိုတော့ ဆိုးတာပေါ့"
ကျွန်မက ကျာကျူးပြောလိုက်တဲ့ သဦးစနေ (သားဦးစနေ)ဆိုတာကို သဘောကျလို့ ရယ်တော့ ကျာကျူး က ငုတ်တုတ်ထိုင်လျက်က သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးလေရဲ့။ သူ့စကားသူ သဘောကျ နေပုံပါ။ ကျွန်မက ဆိတ်တွေ ဘယ်ကရလာတာတုန်းဆိုတော့ ဆရာမကြီးသိချင်ရင် လာခဲ့ မယ်တဲ့၊ အခုတော့ ဆိတ်တွေ အပြင်ထုတ်ရဦးမှာဆိုပြီး သစ်ငုတ်မှာချည်ခဲ့တဲ့ ဆိတ်ကို ထဆွဲပြန်ရော။ ကျွန်မတို့ စကားပြော နေတုန်း ခဏကလေး အအော်ရပ်နေတဲ့ ဆိတ်နှစ်ကောင်က ကြိုးစလည်းထဆွဲ ရော ပြိုင်တူအော်ကြပြန်ရော။ ကျွန်မက ကျာကျူးကိုစချင်လို့ မျက်နှာတည်တည်နဲ့ လှမ်းပြောလိုက်တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 6, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၂)

ခင်ခင်ထူး
ကျာကျူး

("အဲဒါတွေက လက်ဖက်ရည်အစစ် မဟုတ်ဘူး ဆရာမကြီးရဲ့ ... ကော်ဖီက အမှုန့်ရှိတယ်လေ ... လက်ဖက်ရည် က အမှုန့် မှ မရှိတာ ... ဘယ်လိုလုပ်ပြီး အထုပ်ထဲ ထည့်မလဲ ... နော ဆရာမကြီးရယ်"
"ဟုတ်ပါ့အေ ..." ကျွန်မလည်း ထောက်ခံတဲ့နည်းနဲ့ ခေါင်းညိတ်ရတာတွေ များလှပေါ့။ 
ကျာကျူးက လက်ဖက်ရည် တစ်ခွက်သားအမိနှစ်ယောက် မျှ သောက်ထားရင် တစ်နေကုန် ဈေးလည်း ရောင်းလည်း မမော ဘူးတဲ့။ လက်ဖက်ရည် အာဟာရသိဒ္ဓိ ပြီးတဲ့ပုံမျိုး ပြောသေးတာပါ။ ကျွန်မက "လက်ဖက်ရည် ကလည်း လက်ဖက်ရည်ပေါ့အေ ... ထမင်းတော့လည်း တစ်လုတ်တစ်ဆုတ် စားကြ ပါမှပေါ့ ... အစာအိမ် ရောဂါ ဖြစ်တတ်တယ်" လို့ ပြောမိတယ်။ ကျာကျူး ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ မှာ ဘာပြန် ပြောရမှန်းတောင် မသိတော့ပါဘူး"
"အစာအိမ်ရောဂါ က ထမင်းစားတဲ့လူမှ ဖြစ်တာ ဆရာမကြီးရဲ့ ..."တဲ့) ကို ဆက်ဖတ်ရန်... 


ကျာကျူး က အရွယ် မရောက်တရောက် ဆိုတော့ စိတ်က `နှစ်ဖန်လှ’ ပါ။ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ အခြေခံ ပညာချို့တဲ့ရှာသူဆိုတော့ လူရေလည်လှတယ် ပြောမဖြစ်ပါဘူး။ တစ်ခါ တစ် လေ ကြီးကောင်ဝင်စိတ် ကလေးနဲ့ ရေချိုမိုးချိုး၊ ဖြီးဖြီး လိမ်းလိမ်း ရှိသလို၊ တစ်ခါတလေ ပေစုတ် စုတ်နိုင်တဲ့ ကလေးဆိုး တစ်ယောက် လို ခေါင်းမလျှော်ရေမချိုး ညှင်းသိုးသိုးနဲ့ ရှိချင်းလည်းရှိ တယ်။

မအေးပြောပုံတော့ ရေတိုင်မှာ ရေချိုးဖို့ တစ်ခါတလေ ရိုက်နှက်လွတ်ရသတဲ့။ မချိုးပါ ဘူးရယ်လို့ဇွတ်ကြီး ပေနေတာမျိုး နဲ့ ခံတန်တန် လုပ်နေတတ်သတဲ့။ ရေချိုးချင်တော့လည်း ရေတိုင်ကျောက်ပြားပေါ် တင်ပြင်ချိတ် ပြီး သီးချင်းအေးအေးနဲ့ ချိုးနေလိုက်တာ အသာတွေပြာ၊  လက်ချောင်းတွေ ပဲကြီး ရေတွန့်တာတောင် မထဘူး ဆိုတာတောင် ပါရဲ့။ မအေက `ညည်း ဟာက လွန်လွန်တယ်... ခုထခဲ့’ ဆိုပြန်တော့ `အမေတို့ပဲ အမျိုးမျိုး’လို့ အသံဆူးဆူးနဲ့ ပြန်အော် တာလည်းရှိသတဲ့။ တကယ်တော့ ကျာကျူး က ရွဲ့နေတာမဟုတ်ပါဘူး။ သူ့စိတ်ထဲရေချိုး ချင်လို့ထချိုး တာပဲ။ သူ့ဝသီဖြစ်တဲ့ အထနှေးခြင်း နဲ့ ပေါင်းလိုက်တော့ ကြာချင်တိုင်ကြာပြီးပေါ့။ သုံးလေးရက် ရေမ ချိုးထား ၀တ်ထားတဲ့ အင်္ကျီ၊ ထဘီ၊ ဂါဝန်၊ စကပ် ဆိုတာ များကလည်း သုံးလေးရက် မချွတ်တော့တာ များလည်းရှိတယ်။ ကန့်လန့်လိုင်းစင်း တီရှပ်လို အင်္ကျီကိုအ၀တ် များလို့ တစ်ခါတော့ ကျွန်မက မေး ကြည့်တယ်။

    ``ကျာကျူးအင်္ကျီကလေးလှလိုက်တာ ဘယ်က ၀ယ်တာလဲ’’
    ``ကူမဲ က အဒေါ်ရှိတယ်မဟုတ်လား.. ကျွန်မတို့အိမ်လာတဲ့ ရာဂျားတို့ အမေလေ... အမေ အမလေ.. သူ့ယောကျာ်း က ဈေးထဲမှာ စမူဆာတို့ ရောင်းတယ်လေ...’’
    ``အေး...ပြောပါဦး’’
စကားက အင်္ကျိဆီမရောက်နိုင်သေးပေ သီးခံရတယ်။ သူပြောချင်တာတစ်ခုခုရှိလို့ စကားခင်း နေမှာ လို့ လည်း တွေးမိလို့ပါ။ ဒါပေမဲ့ စကားက ထွက်မလာပါဘူး။ ၀ါကျတစ် ကြောင်းပြောင်းသွားပြီးလို့ ပုဒ်မ နှစ်ချောင်း ချလိုက်သလို ရပ်သွားတာပါ။ ကျွန်မတို့တောင် သဘောပေါက်ပြီလာဆိုတဲ့ မျက်နှာနဲ့ ကြည့် နေလေရဲ့။ ကျွန်မက `ဟဲ့ ဆက်ပြောဦးလေ’ ဆိုတော့မှာ `ဘာကိုလဲ’ တဲ့။ `အင်္ကျီကလေးက လှလို့ ဘယ်က ၀ယ်တာလဲ မေးတာလေ’ ဆိုတော့မှပြုံးတယ်။ ပြီးမှာ ကျွန်မကို သဘောမပေါက်ရန် ကောဆိုတဲ့ လေနဲ့ပြောလေရဲ့။

    ``ဦးဘာဘူ ၀ယ်ပေးတာလေလို့ ဆရာမကြီးကို ပြောပြောပြီးပြီးလေ’’
    ``ဦးဘာဘူ က ဘယ်ကပါလာတာတုန်း ကျာကျူးရဲ့... လုပ်ပြန်ပြီး’’
    ``ရာဂျား တို့ အဖေလေ ကူမဲက’’
    အဲသလို့ဖြစ်တာတွေများလို့ ကျွန်မစဉ်းစားကြည့်တယ်။ သူ့စိတ်ထဲတော့ စကားတွေ စဉ်စားပြီး သား ဖြစ်လောက် ပါတယ်။ နူတ်ကထွက်လိုက်လို့ စကားကျန်ပေမယ့် ပြောမီလိုက်တယ်လို့ ထင်ပုံရရဲ့။ သူပြောချင် တော့လည်း စကားမကျန်ရုံမကဘူး၊ စကားတွေပိုလွန်းလို့ တော်ပါ တော့အေအော်ယူရ တယ်။ ပြောခဲ့ သလို့ပါပဲ။ ကျာကျူးကတစ်ခါတလေ ကလေးစိတ်၊ တစ်ခါတလေ ကြီးခေါင်ဝင်စိတ်နဲ့ဆို တာ့ ကျွန်မတို့က နားလည် ပေးရတယ်။ ကျွန်မက တစ်ကိုယ်ရေသန့်ရှင်မူနဲ့ မိန်းကလေးတစ်ယောက်နေ ပုံထိုင်ပုံ တွေ ဟင်းရွက်သင်ရင်း၊ ပဲစေ့ညှစ်ရင် ပြောပြရတယ်။
     ``မိန်ကလေးဆိုတာ နေ့တိုင်း ရေချိုးရတယ်...လက်သည်းခြေသည်းတွေရှည်တော့ လှီးရ တယ်... လက်သည်းကြား ထဲမှာ ပိုးမွှား တွေ ခိုနေတတ်တယ် ကျာကျူးရဲ့... ၀မ်းပျက်ဝမ်းနာ ဖြစ်တတ်တယ်။

    ``ဗီဒီယိုထဲက မင်းသမီးတွေကျတော့ ဘာဖြစ်လို့လက်သည်းမလှီးကြတာလဲ အရှည် ကြီးတွေ ပဲ...သူတို့ ကျတော့ ပိုးမွှားမ၀င်ဘူးလား’’
    သူတို့လည်းဝင်မှာပေါ့ ကျာကျူးရဲ့...ဒါပေမဲ့ သူတို့က သန့်သန့်ရှင်းရှင်းနေကြတာပေါ့... မင်းသ မီး တွေဆိုတော့ လက်ကလေး လှအောင်ထားကြရတာကိုး... လက်သည်းပေါ် ပန်းချီ ပုံကလေးတွေ တောင် ဖော်ထားကြတာမတွေ့ဘူးလား’’

    ``တွေ့တယ် ဆရာမကြီး...’’
    ကျာကျူးက နည်းနည်းတော့ တွေသွားပုံရတယ်။ ရိုးရိုးလူတွေကို လက်သည်း အရှည်မထားရ ဘူး၊ မင်းသမီးတွေကျတော့ ထားစေဆိုတော့ ဘာသဘောများပါလိမ့်လို့ တွေမိတယ်ထင်ပါရဲ့။ ကျွန်မက သည်စကား ဆက်ရှင်းနေရင် ရှည်မှာစိုးတာနဲ့ သွားလည်း မှန်မှန်တိုက်ရတယ်၊ သနပ်ခါးလည်း မှန်မှန်လူး ရတယ် စသည့်ဖြင့် ပြောပြတယ်။ ကျွန်မက သနပ်ခါးတုန်းကလေးတွေ ပေးတော့လည်း မက်စပ်ရှာတယ်။ သနပ်ခါးတုန်းပေးပြီး နှစ်ရက် သုံးရက်ကတော့ သနပ်ခါးတွေဖွေးနေတော့တာပါ။ ရေချိုး မချိုးတော့ ကျွန်မလည်း မသိတော့ အာမ မခံနိုင်ဘူးပေါ့။ သုံးရက်ကျော်လို့ လေးရက်လောက်ဆို ရင်တော့ မျက်နှာ အဆီပြန်ကလေး နဲ့ ဒုံရင်းဒုံရင်းပါပဲ။ တစ်ခါတော့ ကျွန်မနဲ့တင် မဖြစ်လောက်လို့ ကိုယ် စောင့်နတ်နဲ့ ခြောက်ရတယ်။

    ``ကျာကျူး... လူတစ်ယောက်စီမှာ ကိုယ်စောင့်နတ်ရှိတယ် သမီးရဲ့... သန့်ရှင်တဲ့လူတွေကို စောင့်ရတဲ့ ကိုယ်စောင့်နတ်က အင်မတန် စိတ်ချမ်းသာသတဲ့၊ သြော်... ငါစောင့်ရတဲ့လူက သန့်ရှင်လိုက် တာ... ရေလည်းမှန်မှန်ချိုးတယ်၊ သွားလည်းမှန်မှန်တိုက်တယ်၊ အ၀တ်အစားလည်း နေ့တိုင် သန့်သန့် ရှင်းရှင်းဝတ်တယ်ပေါ့လေ... အဲဒီလို့ဆိုတော့ ကိုယ်စောင့့်် နတ်က ချစ်တယ် ကိုယ်စောင့်နတ်က ချစ်ရင် ကိုယ်ကို အမြဲတမ်း စောင့်ရှောက်နေတာပဲ အိပ်မက်ကောင်းမက်တယ်... ပိုက်ဆံတွေဝင်တယ်...လူချစ် လူခင် များတယ်... လမ်းမှာခလုတ်မတိုက်ဘူး ဆူးမညိဘူး...။ ရေလည်းမချိုးဘူး၊ သွားလည်းမတိုက်ဘူး.. မိန်းကလေး ဖြစ်ပြီး ကစုတ်ကညစ်နေရင် ကိုယ်စောင့်နတ်ကမုန်းရော’’

    ``ဆရာမကြီး ကိုယ်စောင့်နတ်မြင်ဖူးလား’’
    ``မြင်ဖူးတာပေါ့ ကျာကျူးရဲ့’’
    ``ဘယ်လို့ဟာလဲ’’
    ``နတ်သားပေါ့... ပွဲထဲမှာ နတ်သားတွေမြင်ဖူးလား... အဲဒါမျိုးပေါ့... ကိုယ်စောင့် နတ်ကျတော့ ကိုယ်ရောင် ကိုယ်ဝါ တောင်ပတာပေါ့...တဖိတ်ဖိတ်နဲ့ပေါ့အေ... နတ်ခေါင်းဆောင်းတို့ စလွယ်တို့ ဖိနတ် တို့ က ရွှေအစစ် နဲ့ လုပ်ထားတာဆိုတော့ ၀င်းစက်နေတာပဲ’’
    ``ကိုယ်စောင့်နတ်က မြန်မာလို့ပြောတာပေါ့... ဟုတ်လားဆရာမကြီး’’
    ``အေးပေါ့ ကျာကျူးရဲ့...မြန်မာလို့ပြောလို့ ဆရာမကြီး နားလည်းတာပေါ့... နတ်စကား နဲ့ပြော ရင် ငါ ဘယ်သိ ပါ့မလဲ’’

ကျာကျူးက ကိုယ်စောင့်နတ်ဆိုတာတော့ စိတ်ဝင်စားပုံပါ။ သူ့မျက်စိထဲ ကိုယ်စောင့် နတ်ကို ရုပ်လုံးဖော် ကြည့်နေတယ်နဲ့ တူပါရဲ့။ စကားသံတိတ်သွားပြီး မျက်လုံးပြူးကလေးနဲ့ ကျွန်မကို စိုက်ကြည့်နေ တော့ တာ။ ကျွန်မ က သူ့စိတ်ဝင်စားတုန်း ဆက်ပြောလိုက်တယ်။
    ``ကိုယ်စောင့်နတ်က နတ်ဘင် အစည်းအဝေးသွားတဲ့ခါ ကိုယ်စောင့်ရတဲ့လူအကြောင်း နတ် ပြည်မှာ ပြောပြရတယ်... ဆိုပါတော့...ကျာကျူးကို စောင့်တဲ့နတ်က နတ်သဘင် အစည်းအဝေးမှာ ကျုပ်စောင့်ရတဲ့ မိန်းကလေး က အင်မတန် ညစ်ပတ်ပါတယ်၊ ရေလည်းမချိုးဘူး... အ၀တ်အစားလည်း မလဲဘူး... သနပ်ခါး လည်း မလိမ်းပါဘူးဆိုရင် နတ်စာရင်းကိုင်က မှတ်ထား တာ... နှစ်ခါက သုံးခါစာရင်း ထဲပါရင် အပြစ်ပေး တာပေါ့’’
    ကျာကျူး ယုံသလား၊ မယုံလေသလား တော့ မသိပါဘူး။ ကျွန်မက စိတ်ကလေးမှာ ပြင်ပါရစေ တော့ ဆိုပြီး ပြောရတာပါ။ အကဲခတ်ရသလောက်တော့ နည်းနည်းကလေး လန့်သွားပုံတော့ ပေါ်ပါရဲ့။ ခတ်တာက ကျာကျူးမျက်နှာက အကဲဖမ်းလို့ မရဘူး။ ကျာကျူးက မေးပါလေရော။

    ``ကိုယ်စောင့်နတ်က ကျွန်မနာမည် သိပါမလား’’
    ``ဟဲ့... ကျာကျူးဆိုမှတော့ သိပြီးပေါ့ဟဲ့... သည်းနာမည် ကျာကျူးပဲဟာ’’
    ``ကျာကျူးက နာမည်အရင်း မဟုတ်ဘူး ဆရာမကြီးရဲ့... နာမည်အရင်က မြသန္တာနွယ်လေ’’
ကျာကျူးကို မြသန္တာနွယ်ဆိုတဲ့ နာမည်ရှိမှန်း ကျွန်မတို့မသိပါဘူး။ မအေကလည်း ကျာကျူး၊ ဖအေ ကလည်း ကျာကျူး၊ ကူမဲ၊ မြစ်သားဘက်က သူတို့ဆွေမျိုးတစ်သိုက် လာကြ တော့လည်း  ကျာကျူး  ခေါ်ကြတာပဲ မဟုတ်လား။ ကျာကျူးက မြသန္တာနွယ်ဆိုတော့ ကျွန်မ မရယ် မိအောင် မျက်နှာပိုး သတ် ထားရတယ်။ ကိုယ်စောင့်နတ်ရှိတယ်ဆိုတာလည်း ယုံပုံရပါရဲ့။ နတ် သဘင်အစည်းအဝေး ဆိုတာလည်း ယုံပုံရပါရဲ့။ ညစ်ပတ်ရင် နတ်စာရင်းမှတ်တယ် ဆိုတာ လည်းလက်ခံပုံပေါ်ပါရဲ့။ ဒါပေမဲ့ နတ်စားရင်မှာ ကျာကျူးဆိုတဲ့နာမည်နဲ့ စာရင်းပေါက်လေသလား၊ မြသန္တာနွယ် စာရင်းပေါက်လေသလား ဆိုတာကို ဝေခွဲမရဖြစ်နေပုံပါ။ ကျွန်မ ထင်မထားတဲ့ ထောင့်ကတွေးတဲ့ ကျာကျူးကို ဘယ်လို့နား လည်းရမှန်းတောင် မသိတော့ ပါဘူး။ ကျွန်မကလည်း ဘယ်လို့ပြန်ပြောရပါမလဲ တွေးရပါပြီး။

    ``ကျာကျူး ခေါ် မြသန္တာနွယ်ပေါ့အေရဲ့’’
    ``တစ်မျိုးရှိသေးတယ် ဆရာမကြီးရဲ့’’
    ``ဟေ... လုပ်ပါဦးအေ... တို့လည်း မသိရပါလား’’
    ``ကုလား နာမည်လေ ကျွန်မ မမှတ်မိတော့ဘူး’’
    ``ကျာကျူးက ကုလား နာမည်မဟုတ်ဘူးလား’’
    ``ကျာကျူးက တခြားနာမည်’’
    ``ဘယ်လို့ တခြားနာမည်တုန်း ကျာကျူးရဲ့ သည်းဟာ ခေါင်းရှုပ်လိုက်တာအေ’’
    ``ဆရာမကြီးတောင် ခေါင်းရှုပ်ရင် ကိုယ်စောင့်နတ်လည်း ခေါင်းရှုပ်မှာပဲ’’

ကျွန်မလည်း သည်စကား သည်မှာတင်ရပ်လိုက်ရတာပါပဲ။ ကျာကျူးက တစ်ခြားနာမည်ဆို တာ အိမ်မှာ ချစ်စနိုးခေါ်တဲ့နာမည်ထင်ပါရဲ့။ အဲသလိုမပြောတတ်လို့ တခြားနာမည်လို့ ပြောတာနေ မှာပါ ကျာကျူးက ကိုယ်စောင့်နတ်လည်း ခေါင်းထဲ ထည့်ပုံမပေါ်ပါဘူး။ ခါးတိုင်လို့ပဲ ရေချိုးချင် ချိုတယ်၊ မချိုးချင် မချိုးဘူး။ အင်္ကျီအ၀တ်အစား လည်း လဲချင်းမှလဲတယ်။ ကျွန်မ သမီး ဖွေးဖွေးက  အရွယ်သာ ခုနှစ်သမီး၊ လူပုံကထွားထွားဆိုတော့ သမီးအင်္ကျီတွေက ဆယ့်သုံးနှစ်သမီး ကျာကျူး နဲ့ အတော်ပဲ။ အဲဒီလို့ဆိုတော့ သမီးအင်္ကျီလတ်လတ်လောလော ကလေးတွေ ကျာကျူးကို ပေးရတယ်။ ၀တ်လည်းဝတ်ပါရဲ့။ ကျာကျူး က ပိန်ပိန်ပါးပါး ကျူရိုး ကလေး လောက်ရှိတာ မဟုတ် လား။

တစ်ခါများ ရယ်စရာကြုံရတာလေး မှတ်မိတယ်။ ကျွန်မတို့ ခြံထဲမှာ ပန်းပင်တွေစိုက်ထား တော နှင်းဆီလို၊ စံပယ် လို ပန်းတွေ အူနေအောင် ပွင့်ကြပြီးဆိုရင် လိပ်ပြာကလေးတွေ တ၀ဲဝဲရှိ တတ်ပါတယ်။ သမီးက လိပ်ပြာကလေးတွေ ဟိုဟိုသည်သည် ကူးကူးလူးလူး ပျံကြနားကြတာကို သဘောကျလို့ လိုက်ဖမ်း တတ်တယ်။ လိပ်ပြာကလေးတွေက အရောင်စုံတော့ ကလေးသဘာဝလို့ ချင်ရှာတာပေါ့။ ဖမ်းလို့ မရနိုင်တော့ ကျာကျူးကို လိပ်ပြာကလေးတွေ ဖမ်းပေးဖို့ပြောနေတာ ကျွန်မ ကြားတယ်။ ကျွန်မလည်း ကိုယ်အလုပ်နဲ့ကိုယ် ဆိုတော့ ကျာကျူးနဲ့ သမီးခြံထဲမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိလိုက်ဘူး။ တအောင့်လောက်နေတော့ သမီးကငိုပြီးလာတိုင်တယ်။ ကျာကျူးက လိပ်ပြာဖမ်းမပေးတာတစ်ပြစ်၊ သမီး ကို ရန်လုပ်တယ်ဆိုတာက တစ်ပြစ်တဲ့။ အသံပြဲကြီးနဲ့ အော်ငိုး နေတော့ ကျွန်မလည်း ကပျာကယာ ပြေးထွက် သွားပြီး အကျိုးအကြောင်းမေးရတယ်။ ကျာကျူးက လည်း မျက်နှာတွေပျက်လို့။

``ဖွေးဖွေးက လိပ်ပြာဖမ်းခိုင်းတယ် ဆရာမကြီးကျွန်မက ဖမ်းမပေးဘူး... ဖွေးဖွေးကို လည်း မဖမ်းနဲ့လို့ ပြောရတယ်...ကျွန်မက လိပ်ပြာတွေ ပန်းပွင့်ပေါ်နားရင် ခြောက်ထုတ်ပစ်လို့ငို တာ’’့
ကျွန်မ က ကျာကျူးမှာ သနားစိတ်ကလေး ရှိရှာလို့ အောက်မေ့မိတယ်။ လိပ်ပြာကလေး တွေကို  သမီးဖမ်းတယ် ဆိုတာလည်း မိရတယ်မရှိပါဘူး။ မိရင်လည်းအတောင်ပံကလေးတွေကို ကြည့်ပြီး ပြန်လွတ်မယ် ဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျာကျူးက လိပ်ပြာဖမ်းတာကိုပဲ ခါးခါးသီးသီး ရှိနေလို့ သေချာအောင် မေးတော့မှ သိရတာပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 1, 2012

ခင်ခင်ထူး ၏ ကိုသော်တာ

 ခင်ခင်ထူး ၏ ကိုသော်တာ
(၁)
တစ်ရက်မှာ မမဂျူး(ဒေါ်ဂျူလီထွန်း) ကျွန်မတို့အိမ်ရှေ့ကို ကားတစ်စီးနှင့်ပေါက်ချလာပါ၏။ ကားပေါ်က ဆင်းဆင်းချင်းပငိ ကန်တော်ကြီးဘက် သွားရအောင်ဆိုလေသည်။
မမဂျူးက သစ်ပငိစိုက်ဝါသနာကြီးသည်။ လှနိုးလှရာ၊ ကောင်းနိုင်းကောင်းရာ သစ်ပင်တွေ ဝယ်ယူကာ ဝေဝေဆာဆာ စိုက်ပျိုးလေ့ရှိသူ ဆိုတော့ ကျွန်မနှင့် ဝါသနာတူသည်။ ကျွန်မတို့အိမ် မြေတစ်လက်ဝါး လောက် မှာ ရနိုင်သမျှအပင်တွေ စိုက်ပျိုးထားတာပင် မနည်းတော့ပါ။
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 12, 2012

ခင်ခင်ထူး ၏ ဆန်

 ဆန်
ခင်ခင်ထူး
(၁)
"ခိုးကြပြန်ပြီလားဟေ့။ဝရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် မနေရတော့ လူ့ပြည်မကောင်းတော့ပါဘူး။ မြစ်နားကမ်းနား မျောလာသမျှ ထင်းမှတ်လို့ ဆယ်ပါ သယ် ... မပွေးချည်းပါလား ကရို့ရဲ့"
>>>ဆက်ဖတ်ရန်>>> >>

Thursday, December 29, 2011

ခင်ခင်ထူး, ၏ ကျာကျူး အပိုင်း (၁)

ကျာကျူး
ခင်ခင်ထူး
"ကျာကျူးရေ"
"..........."
"ကျူကျူး ... ဟေ ကျာကျူး"
"..........."
"ကျာ ... ကျူး"
"..........."
ကျာကျူး ဆိုတဲ့ နာမည် နှစ်လုံးကို ပုဒ်စု ပုဒ်ကျခွဲပြီး သုံးမျိုးလောက် အသံကုန်ဟစ်ခေါ်ပါမှ ကျာကျူး ဆီက "ဆရာမကြီး" လို့ အသံစူးစူးသေးသေးလေးနဲ့ ပြန်ထူးတတ်တယ်။ ကျာကျူးက ထူးရင် "ရှင်"တို့ "လာပါပြီ" တို့ ဆိုတာမျိုး ထူးလေ့ မရှိဘူး။ "ဆရာမကြီး" လို့ပဲ ထူးတယ်။ ကျွန်မကိုလည်း ဆရာမကြီးတဲ့။ ကျွန်မ အိမ်သားကို ဆရာကြီးခေါ်တော့ ကျွန်မကိုလည်း ဆရာမကြီး လိုက်ခေါ်တာ ထင်ပါရဲ့။ အဲသလို တုံ့ပြန်တာ က သူနဲ့ကျွန်မ လူချင်းအတူတူရှိနေရင်လည်း သည်လိုပဲ။ သူနဲ့ကျွန်မ နှစ်ယောက်သား တစ်ခုခု ပြောကြ လို့ သူလက်ခံတယ်ဆိုရင် အမူအရာနှစ်မျိုးနဲ့ တုံ့ပြန်တယ်။ တစ်မျိုးက အသံတိတ်။ ခေါင်းညိတ် တာပါ။ တစ်မျိုး က အသံထွက်။ ဒါပေမယ့် ဟုတ်ကဲ့လို့ မပြောဘူး။ ဆရာမကြီးတဲ့။ ကျာကျူးက ဆရာမကြီး လို့ ပြောပြီ ဆိုရင် ဟုတ်ကဲ့ရှင့်လို့ ပြောတယ်ဆိုတာ ကျွန်မ နားလည်ရတယ်။ အဲဒါ ကျာကျူး ရဲ့ စတိုင်။ ဆိုပါတော့။

"သည်လိုလေ ကျာကျူးရဲ့ ... ဖွေးဖွေးတို့ကျောင်း ရှိတယ် မှုတ်လား"
"ဆရာမကြီး ..."
"ကျောင်းရှေ့ပေါက်က ၆၆လမ်း ... ဟုတ်ပြီနော်" "ဆရာမကြီး ..." "ကျောင်းရှေ့ပေါက်တည့်တည့်မှာ မ၀င်းတို့ စက်ဆိုင် ရှိတယ်"
"ဆရာမကြီး ..." "မ၀င်းကို တွေ့ရင် ..." "ဆရာမကြီး ..." စောစောက ပြောသလို ကျွန်မ ခုနစ်သံချီ လောက် နဲ့ ကျာကျူးရေလို့ ဘယ်လောက်ပဲ အော်အော် ရှိလျက်နဲ့ ထူးချင်မှ ထူးတာပါ။ အသာ အောင်း နေမှန်း သိလို့ ကျွန်မက "ကြားရင် ထူးလေ ကျာကျူးရဲ့" လို့ အော်လိုက်ရင် "မကြားလို့ပါ ဆရာမကြီး"တဲ့။ ကျွန်မတို့နဲ့ ကျာကျူးတို့နဲ့က ၀ိုင်းချင်းကပ် ဆိုတော့ နီးနီးကလေးရယ်။ ကျွန်မတို့ အိမ်က အနောက်ဘက် ပြတင်း သုံးပေါက်က မြောက်ဘက်အစွန်းဆုံး ပြတင်းပေါက်ကို လှပ်ပြီး လှမ်းကြည့် လိုက်ရင် ကျာကျူးတို့ အိမ်ကို မြင်ရပြီ။ ဝေးလှရင် ပေသုံးဆယ်လောက်ပဲ ရှိလိမ့်မယ်။

တစ်ခါတလေတော့ သူ့အတွေးနဲ့သူ နစ်ဝင်နေပုံရ တယ်။ လူမြင်နေရတာတောင် ခေါ်သံက နားထဲ မ၀င်တာမျိုးလည်း ကြုံရတယ်။ တစ်ယောက်တည်း ငေးချင် ရာငေးနေတာမျိုး၊ တစ်ယောက်တည်း စကားပြော နေတာမျိုးကလည်း ရှိသေး။ ပုတ်နှိုးလိုက်သလို အော်လိုက်မှ မျက်လုံးအပြူးသားနဲ့ ဖြစ်ချင် ဖြစ်တာပါ။
တစ်ခါများ ကျာကျူးက သူတို့ဝိုင်းဘက် ကျွန်မတို့ ၀င်းထရံခြေမှာ ရှိနေတာကို မမြင်ရတော့ ကျွန်မက ကုန်းကျုံး အော်တယ်။ တကယ်ဆိုရင် ကျာကျူးနဲ့ ကျွန်မနဲ့ နှစ်ပေတောင် မကွာဘူး။ ၀င်းထရံ ကွယ်နေလို့ သာ မမြင်ရတာကိကုး။ သူ့အမေက "ဟဲ့ ထူးလိုက်လေ" လို့ လှမ်းအော်မှ ကျွန်မ အောက်နားဆီကမှ "ဆရာမကြီး"တဲ့။ ကျွန်မက "သည်လောက်ကပ်နေတာကို ဘာလို့မထူးတာလဲ ကျာကျူးရယ်" ဆိုတော့ "ထူးတော့မလို့ကာနီး ဆရာမကြီး" တဲ့။ သူ့စကားလုံးတောင် သဘောကျမိသေးတော့။ ထူးကာနီးဆဲဆဲလို့ ပြောတာပါ။

အဲသလို တကျာကျာ တကျူးကျူး ခေါ်လို့ ရောက်လာပြီဆိုပါတော့။ ဘယ်တော့မဆို သူ့ကိုယ်ပိုင် မျက်နှာ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ရောက်လာတာချည်းပဲ။ တစ်မျိုးက ကြည်ကြည်သာသာ ရှိတဲ့ မျက်နှာ ကလေးနဲ့ပါ။ တစ်မျိုးက "ကိုယ့်ဟာကိုယ် အေးအေးမနေရဘူး ခေါ်နေတော့တာပဲ" ဆိုတဲ့ မျက်နှာအိုအိုနဲ့။ ကျွန်မ က ကျာကျူးကို မျက်နှာအိုသကော၊ မျက်နှာရွှင်သကော၊ မျက်နှာရွှင်သကောရယ်လို့ ကြေး မများဝံ့ဘူး။ ကျာကျူးက လှီလှီသေးသေးဆိုတော့ ရောက်လာရင် ပခုံးရိုး ငေါငေါကလေး ဆီးဖက်ရင်း ချော့ရတယ်။ ပိန်လိုက်တာကလည်း ထီးရိုးဝါး ကျစ်ကျစ်ကလေးကျလို့။

စိတ်ကြည်သာရင်တော့ ဘယ်သူကမှ မခေါ်ရဘဲ ရောက်လာပြီး အိမ်ရှေ့က လူခေါ်ဘဲလ်ကို နှိပ်တော့တာပဲ။ တစ်ကြိမ်မက နှစ်ကြိမ်မက အိမ်ထဲက လူလုံးမမြင်ရမချင်း နှိပ်တော့တာပါ။ "တင်း ... တောင် ... တင်း ... တောင်"နဲ့ အသံတွေ ပွက်ပွက်ရိုက်ပြီဆိုရင် ဒါကျာကျူးလက်ချက်ပဲ။ ဒါကိုလည်း ခွင့်လွှတ် ထားရတယ်။ တစ်ချက်ပဲနှိပ် ကျာကျူးရဲ့ဆိုတော့ "တစ်ချက်ပဲနှိပ်ရင် နှစ်ခါပဲ မြည်မှာပေါ့။ ခဏခဏ နှိပ်တော့ အများကြီး မြည်တာပေါ့"တဲ့။

သည်လို ပြောလာရင် ကျွန်မက "အဲဟုတ်သားပဲ၊ ဆရာမကြီး ကျာကျူး လို မတွက်မိဘူး" ဆိုရင် ပြုံး နေတော့တာပါ။ တစ်ခါတစ်လေများ ကျွန်မတို့ အိပ်နေကြသလား၊ စာရေးနေကြသလား မသိဘူး။ လူခေါ်ဘဲလ် တတောင်တောင် တတင်တင် နှိပ်နေလို့ လူလုံးပြရင်း "ဘာတုန်း ကျာကျူးရဲ့" ဆိုတော့ "ဆရာမကြီး ခေါ်သလားလို့" ဆိုတာမျိုးက ရှိသေး။ တစ်ခါတလေကျ ပြန်တော့လည်း သည်လို ရောက်လာ လို့ မယ်မင်းကြီးမ ကျေးဇူးတင်ရသေးတယ် ...

"အမေ က ဈေးသွားမလို့ ဘာမှာဦးမလဲ မေးခိုင်းလိုက်လို့" "မှာချင်တယ် ... ညည်းအမေကော ... အိမ်ကို ၀င်ခဲ့ဦးလို့ ပြောလိုက်" "ဆရာမကြီး လှမ်းပြောလိုက် ... အမေနဲ့ ကျွန်မနဲ့ မခေါ်ဘူး" "ဟော်တော် ... ညည်းပဲ အမေက မေးခိုင်းလို့ဆို ... အဲဒါ ခေါ်လို့ မဟုတ်ဘူးလား"
"မဟုတ်ဘူး ... အမေက ခေါ်တာပေါ့လေ ကျွန်မက မခေါ်ဘူး"
"ကိုင်း ... ဟုတ်ပါပြီ ... လောလောဆယ် ကျာကျူး ရောက်လာတုန်း အ၀တ်တွေ ကူလှမ်းပေးခဲ့ဦး"

သည်လို ကြုံတုန်း ကြုံသခိုက် ကြားဖြတ်ခိုင်းရင်လည်း ကျာကျူးက လုပ်ပေးရှာပါရဲ့။ အ၀တ်စိုတွေ အ၀တ်လျှော်စက်ထဲက ဆွဲဆွဲထုတ်၊ ပလတ်စတစ် ဇလားထဲထည့်၊ အပြင်က ပဲစင်နဲ့ အ၀တ်တန်းမှာ သွားလှန်း။ လှန်းတော့လည်း ဘောက်တိဘောက်ထိုး၊ ရွဲ့တိရွဲ့ထိုးကိုး။ တစ်ခါတည်း သင်တဲ့သဘောနဲ့ အ၀တ်ခါပုံခါနည်း၊ ချိတ်ပုံချိတ်နည်း၊ တန်းမှာ စီစီရီရီ လှမ်းနည်းတွေ လက်တွေ့ပြရင်း ပါးစပ်က တတွတ်တွတ်သင်တော့ ကျာကျူးက ခေါင်းတော့ ညိတ်ပါရဲ့။ ပြန်တော့ ပြောသေးတာပါ။ "ဘယ်လို လှန်းလှန်း ခြောက်တာချည်းပါပဲ ဆရာမကြီးရဲ့" တဲ့လေ။

ကျာကျူးတို့နေတဲ့ ၀ိုင်းထဲမှာက သုံးအိမ်ထောင်နေကြတာပါ။ အိမ်မကြီးမှာက နှစ်အိမ်ထောင်ကန့်ပြီး နေတယ်။ ကျာကျူးတို့က နောက်ဖေးဘက်မှာ မြေစိုက်အိမ်ကလေးနဲ့ နေကြတာပါ။ အိမ်မကြီးမှာ ဒီဗီဒီပြစက် ရှိလို့ ကျာကျူးက အိမ်ရှင့်ကလေး ကူထိန်းပေးရင်း ဇာတ်ကားကြည့်တာမျိုး ရှိတတ်တယ်။ ဇာတ်ကား က ရယ်စရာဆိုရင် ကျာကျူးက ကျုံးရယ်တာပဲ။ ဇာတ်ကားက ငိုစရာဆိုရင် တအိမ်းအိမ်း ငိုသံ ကလည်း ကျွန်မတို့ အိမ်ဘက်က ကြားရတတ်တယ်။ ကျွန်မ ကျာကျူး ရယ်သံကြားထားရင် အိမ်ပေါက် ရောက်လာတဲ့ ကျာကျူးကို "ကျာကျူးငိုတာ ဆရာမကြားရတယ်။ ဇာတ်ကားက တော်တော် သနားစရာ ကောင်းလို့လား" လို့ မသိသလို မေးတယ်။ ကျာကျူး က သူ့ကိုယ်သူ ငါငိုခဲ့တာလား။ ရယ်ခဲ့တာလား။ ပြန် စဉ်းစားပြီးမှ ပြုံးတယ်။

"အယ် ... မဟုတ်ဘူး ဆရာမကြီးရဲ့ ... ရယ်တာ ... စိုးမြတ်သူဇာလေ အားကြီးရယ်ရတယ်"
"ကျာကျူးပဲ ဟိုတစ်နေ့တုန်းက စိုးမြတ်သူဇာက ငိုရတယ်ဆို" "အဲဒါ ငိုကား ပြီးသွားပြီလေ ... အခုက ရီ(ရယ်)ကား" "ဒါဆို စိုးမြတ်သူဇာက ရယ်လိုက် ငိုလိုက်ပါလား ကျာကျူးရဲ့" "ဟုတ်တယ် ... သူက အဲသလိုပဲ ... တစ်ခါတစ်ခါ ရီ(ရယ်)တယ် တစ်ခါတစ်ခါ ငိုတယ် ... သူဒါပဲ  လုပ်တယ်"
ကျွန်မက ရယ်ချင်ပေမယ့် မရယ်ဝံ့ဘူး။ ကျာကျူးကို အဖြောင့်ပြောရတယ်။ ကျွန်မတို့က စချင်နောက်ချင်လို့ တလွဲပြောရင်လည်း အဖြောင့်ထင်ရှာသူကလေးပါ။ သူကိုယ်တိုင်ကလည်း အဖြောင့်ပြောတာပါပဲ။ တစ်ခါ "ကျာကျူးရယ် ညည်းခေါ်ရတာ အာခေါင်စပ်လို့၊ ညည်းက မထူးတော့ ငါမမောရပေဘူးလား" ဆိုတော့ "မောရပါတယ် ဆရာမကြီး"တဲ့။

"တစ်နေ့တစ်နေ့ ကျာကျူးခေါ်ရတာ လည်ချောင်းတွေ ကွဲကုန်ပြီ" ဆိုတော့ ဆရာမကြီး ပူရှိန်းပြားငုံရင် ပျောက်တယ်" တဲ့။ ရွဲ့ပြောနေတဲ့အတိုင်း။ တစ်ခါတစ်ခါလည်း ခိုင်းရတဲ့ဆီ မရောက်ပါဘူး။ သူကြည့်လာတဲ့ ဇာတ်ကားအကြောင်း ပြောနေသေးတာပါ။ မင်းသမီးထဲမှာ ဘယ်သူ့ အကြိုက်ဆုံးလဲ ဆိုတော့ ကျာကျူးက ခိုင်သင်းကြည့်တဲ့။ အခုလည်း ခိုင်သင်းကြည်ကား ကြည့်လာတာတဲ့။ ဘာကားတုံးဆိုတော့ "မော်ဒယ် ဗွေးတုတ်" တဲ့။ ကျွန်မက ရန်ကုန် အသွားကားပေါ်မှာ အဲသည်ဇာတ်ကား ကြည့်လာခဲ့တာ သတိရ လိုက်လို့ စချင်တာနဲ့ "ဟုတ်ပါ့ ကျာကျူးရယ်၊ မော်ဒယ်ဗွေးတုတ် ဆိုတဲ့ ကားမှာ ခိုင်သင်းကြည် တောသူ လုပ်တာ လှလိုက်တာ" ဆိုတော့ ကျာကျူးက ပြုံးတယ်။ ညံ့ပါဆိုတဲ့ မျက်နှာခံနဲ့ပါ။

"မလှဘူး ဆရာမကြီးရဲ့ ... သနပ်ခါးတွေ အများကြီး လိမ်းထားတာ မတွေ့ဘူးလား ... မြို့ရောက်တော့မှ  လှသွားတာလေ ... သူ့ယောက်ျားက တောသူကို မကြိုက်ဘူး ... မြို့သူကို ကြိုက်တယ် ... ခိုင်သင်းကြည် ချင်းက အတူတူပဲလေ ... တော်သူလည်း လုပ်တယ် မြို့သူလည်း လုပ်တယ်"
"ဟော ... သူယောက်ျားက သူ့မိန်းမသူ မမှတ်မိဘူးလား ကျာကျူးရဲ့" "ကျွန်မက မှတ်မိသားပဲ ... ဇာတ်ကားထဲမှာ သူ့ယောက်ျားက မမှတ်မိဘူး လုပ်ထားတယ် ... ကျွန်မက ဟဲ့ အဲဒါ ခင်ဗျားမိန်းမပဲလို့ ပြောချင်လိုက်တာ ဆရာမကြီးရယ် ... ဇာတ်ကားထဲ ပြောမရလို့" "ပြောလိုက်ရောပေါ့ အေ"

"မပြောတော့ဘူးလေ ... မင်းသားလုပ်ပြီး ခိုင်သင်းကြည့်မှ မမှတ်မိရင် နေပေါ့နော် ... ဆရာမကြီးရယ်" ကျွန်မတို့က ဟုတ်ပါ့တော် ဆိုတဲ့ မျက်နှာလုပ်ထားရသေးတာပါ။ ကျွန်မအိမ်သားက နောက်ကောဘာကား ကြည့်သေးတုံးဆိုတော့ အဲသည်ကားပဲ နှစ်ခါကြည့်တယ်တဲ့။ "ဟဲ့ ဘယ်လို နှစ်ခါတုံး" ဆိုတော့ အဲသည် စီဒီ ဓာတ်ပြားကိုပဲ နှစ်ခါထိုးကြည့်ကြတာတဲ့။ မေးကြည့်တော့မှ သဘောပေါက်ရတာပါ။ ဓာတ်ပြား တစ်ပြားကို သွားငှားရင် နှစ်ရာပေးရတော့ အိမ်မကြီးက လူတွေက တစ်ရာ၊ ကျာကျူးတို့က တစ်ရာ ထည့်ပြီး စပ်ငှားနေ ကျတဲ့။ အဲသလိုဆိုတော့ အိမ်မကြီးကစိုက်တဲ့ တစ်ရာအတွက် တစ်ခေါက်ကြည့်၊ ကျာကျူး တို့ စိုက်တဲ့ တစ်ရာအတွက် တစ်ခါပြန်ကြည့်၊ "နှစ်ရာပေးရတော့ နှစ်ခါကြည့်မှ တန်တာပေါ့ ဆရာကြီး ရဲ့" တဲ့။ ကျာကျူးက ဇာတ်လမ်းပြောပြနေလို့ ကျွန်မတို့မှာ ငုတ်တုတ်ထိုင် နားထောင်ကြ ရသေးတာပါ။ ကျာကျူးက ရုပ်ရှင်နဲ့ ပတ်သက်လာလို့ကတော့ ဆရာမကြီး ကျွန်မလောက် မသိဘူးဆိုတဲ့ မျက်နှာနဲ့ပါ။ မင်းသား မင်းသမီးတွေလည်း သိလိုက်တာမှ ဂျောင်းဂျောင်းပြေး။

ကျွန်မတို့အိမ်မှာ သမီးနဲ့ မင်းသားမင်းသမီးအတော်များများ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံတွေ အယ်လ်ဘမ်နဲ့ထည့်ထားတာ ရှိပါတယ်။ အကယ်ဒမီဆုပေးပွဲမှာ တွေ့လို့ မင်းသမီးနဲ့ တွဲပြီး ရိုက်ကူးယူထား တဲ့ ဓာတ်ပုံတွေပါ။ သည်ဓာတ်ပုံတွေထဲက မင်းသားမင်းသမီးကလေးတွေကို ကျာကျူးက အကုန် မှန်အောင် ပြောနိုင်တယ်။ တစ်ခါတော့ အယ်လ်ဘမ်ကို ကြည့်ရင်းက သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက် ဓာတ်ပုံကို တွေ့သွားတယ်။ သည်မှာတင် ကျာကျူး ထခုန်တာပဲ။ မျက်နှာကလည်း ချက်ချင်းပဲ ၀င်းမှည့် သွားလိုက်တာ မပြောပါနဲ့တော့။ မျက်လုံးကလေးတွေဆိုတာ တောက်လက်နေကြလေရဲ့။ "ကိုပေါက် က ဆရာကြီးတို့နဲ့ ခင်တယ်ပေါ့" "ခင်တာပေါ့ ကျာကျူးရဲ့ ... ကျာကျူးက ကိုပေါက်ကို သိတယ်ပေါ့" "သိတယ် ... ကျွန်မက ကိုပေါက်ကို အကြိုက်ဆုံးပဲ" "ကြိုက်ရင် ဖုန်းဆက်ပေးမယ် ... ကျာကျူး ပြောမလား" သည်လိုဆိုတော့ ကျာကျူးမျက်နှာကလေး ရွံ့သွားလေရဲ့။ "မပြောတတ်ဘူး ဆရာမကြီး ရဲ့ ... ဘာပြောရမှန်းမှ မသိတာ"

"သြော် ... ကျာကျူးရယ် ... ကိုပေါက် နေကောင်းလား ... ကိုပေါက်ကို အားပေးနေတယ် ဘာညာ ပြောပေါ့" ကျာကျူးက ရှက်ပြုံး ပြုံးနေလေရဲ့။ သူ့စိတ်ထဲ ကိုပေါက်မျက်နှာလည်း မြင်နေပုံပါ။ ကျွန်မက တယ်လီဖုန်း ထယူပြီး ဆက်မယ်လုပ်တော့ ကျွန်မလက်ကို ဆွဲထားတယ်။ နေဦးပေါ့လေ။
"ဆရာမကြီးပဲ ပြောပေးလိုက်တော့ ... စလုံး တစ်လုံးက ကျာကျူးက မေးနေတယ်လို့"

စလုံး တစ် (စ-၁)ဆိုတာက ကျွန်မတို့နေတဲ့ မန္တလေးမြို့သစ်က ရပ်ကွက် အမှတ်စဉ်ပါ။ ကျွန်မဖြင့် ရယ်ချင် လိုက်တာ မပြောနဲ့တော့။ "မန္တလေးက ကိုပေါက်ရဲ့ ပရိသတ် မကျာကျူးပါရှင်လို့ ပြောလေ ... စလုံးတစ်က ဆိုတော့ ဘယ်သိပါ့မလဲ" "မဟုတ်ဘူးလေ ဆရာမကြီးရဲ့ ... ကကြီးထဲမှာလည်း ကျာကျူး ရှိတယ် ကျာကျူး ချင်းမှားမှာစိုးလို့" "သြော် ... ဟုတ်သားပဲ ... ကျာကျူးကမှ စဉ်းစားတတ်သေးတယ် ... အေးအေး ပြောပေး မယ်" ကကြီးထဲမှာဆိုတော့ က ကကြီးရပ်ကွက်ကို ပြောတာပါ။ ကကြီးရပ်ကွက်ထဲမှာ ကျာကျူး တစ်ယောက် ရှိတာတော့ သိထားပုံရပါရဲ့။ ကျွန်မက အယ်လ်ဘမ်ထဲက ကိုပေါက်ဓာတ်ပုံတစ်ပုံ ဖြုတ်ပေး လိုက်တော့ ကျာကျူးက ပျော်သွားလိုက်တာများ အိမ်ကျရင် ထရံမှာ တုတ်နဲ့ ထိုးထားရမယ်တဲ့။

ကျာကျူး ကို အားအကိုးရဆုံးကတော့ ဈေးလွှတ်ပြီး ဟင်းချက်စရာ ၀ယ်ခိုင်းရတဲ့အခါတွေမှာပါ။ ဈေးက ကျွန်မတို့ ဝေးတယ် မဆိုသာပေမယ့် ကျွန်မအဖို့ရာ ချက်ချင်းထသွားလို့ မဖြစ်နိုင်လေတော့ ပြေးပါဦးတဲ့ ကျာကျူးရဲ့ လုပ်ရတယ်။ အေးအေးဆေးဆေးရှိတဲ့ အခါများတော့ ကျွန်မပဲ သွားလိုက်တာပါ။ များသော အားဖြင့်ကတော့ ကျာကျူး လွှတ်ရတာများတယ်။ ဈေးတင် မကပါဘူး။ လမ်းထိပ်က စတိုးဆိုင်မှာ ရေသန့်ဘူး နှစ်တွဲလောက် ၀ယ်ချေတို့၊ ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါဦးတို့၊ ခြင်ဖျန်းဆေးဘူး တစ်ဘူး လောက် ၀ယ်ပေးပါဦးတို့ဆိုတော့လည်း ကျာကျူးမှ ဇိုးဇိုးဇတ်ဇတ် ပြေးနိုင်တာပါ။ ဈေး လွှတ်ရင်တော့ အမယ်များရင် များသလို အူသွားတာမျိုး ရှိလေတော့ စာတိုကလေး ရေးပေး လိုက်ရတယ်။ စာရယ်လို့ သတ်ပုံတို့ ရေးထုံးတို့နဲ့ ကိုက်ချင်လို့တော့ မဖြစ်ဘူး။

စပါးလင်ကို ဇဘလင်လို့ ရေးပေးရတယ်။ ချင်းတက်ကို ဂျင်းဒက်ဆိုမှ သိတယ်။ ချင်ဘောက်ရွက်၊ ဂဇွန်းရွက်၊ ရုံးပဒီသီးဆိုတာမျိုးမှ အဆင်ပြေတာပါ။ တစ်ခါများ ကျွန်မရေးပေးလိုက်တဲ့ ဈေးစာရင်းထဲမှာ ကြာညို့ ဆိုတာပါတယ်။ ကျာကျူးဈေးပြန်လာတော့ ကြာပန်း တစ်စည်း ငေါက်ငေါက်ကြီး ပါလာပါလေရော။ ကြာညို မရလို့ အပြာရောင်ပဲ ၀ယ်ခဲ့တယ် ဆရာမကြီးတဲ့။ ကျွန်မမှာ ရယ်လိုက်ရတာ။ ကျွန်မ က အိမ်က ကြာညို့ပုလင်းဟောင်းပြပြီး ကြာညို့ဆိုတာ သည်ပုလင်းမျိုး ပြောတာဆိုတော့ အဲဒါ ပဲငံပြာရည် ခေါ်တယ်လေ ဆရာမကြီးရဲ့တဲ့။ သူက ဟုတ် ဟုတ်သေးတော့။ ကြာပန်း တော့ ဘုရားတင် ရပါရဲ့။
ကျာကျူး စာတတ်သလားဆိုတော့ တစ်တန်းနဲ့ ကျောင်းထွက်ထားသတဲ့။ အက္ခရာတွေ၊ ဗျည်းတွေ မမေ့သေး လို့ တွဲစပ်ပြီး ဖတ်ပုံ ရပါတယ်။

ကျာကျူး မဖတ်တတ်ရင် ဈေးသည်တွေ မေးနော် ဆိုပေသိ မေးပုံ မရပါဘူး။ ရှက်က ရှက်သေးတာ။ ဈေးလွှတ်ရင် တလှုပ်လှုပ် တနွဲ့နွဲ့ သွားနေလို့ ဈေးလည်း တော်တော်နဲ့ မရောက်ဘူး။ ၀ယ်တော့လည်း ဈေးထဲ ချာချာလည်နေတာ အကြာကြီး၊ ပြန်လာတော့လည်း ခြေလှမ်းက နောက်ပြန်ဆွဲနေတာနဲ့ ရှစ်နာရီက လွှတ်လိုက်လို့ ဆယ်နာရီပြန်ရောက်လာရင် အာဂ။ ကျာကျူးရယ် ညည်းဟာက ဆွမ်းခံပြန်ချိန်တောင် မကတော့ဘူး။ ဘုန်းကြီးကျိန်းချိန်တောင် ရောက်ပါပကော ဆိုတော့ ဆရာမကြီးက ဘုန်းကြီး တွေ ပင့်ထားတယ်ပေါ့တဲ့။ ကိုယ်မှာ လိုက်တာက တီလားပီးယား ငါးပေမယ့် ပါလာောတ့ ငါးဇင်ရိုင်း။ ငါးတော့ငါးပဲ။ တစ်ခါတစ်လေ မှားလာခဲ့တာ ရှိသလို တစ်ခါတလေ သူ ၀ယ်လာတာက အဟုတ် ဖြစ်နေလို့ ချီးကျူးရတာမျိုးလည်း ရှိသေး။

"ကျာကျူးက ၀ယ်တတ်လိုက်တာတော် ... မြစ်ငါးကလေးတွေတောင် ရလာလိုက်သေးဟဲ့" "မြစ်ငါးဆိုတာ ဘာကို ပြောတာလဲ ဆရာမကြီး" "ဟဲ့ မြစ်ထဲက ငါးပေါ့ ... မြစ်ငါးက သိပ်ချိုတာ ကျာကျူးရဲ့ ... ငါးသည်တိုင်း မြစ်ငါးမကိုင်ကြဘူး ... မြစ်ငါးသည်ကို မှတ်မိခဲ့ရဲ့လား" "ငါးသည် မမှတ်မိဘူး ဆရာမကြီးရဲ့ ... ငါးဗန်းတော့ မှတ်မိတယ် ... သံချေးတွေ တက်နေတာ" "ကောင်းပေါ့အေ ... နောင်များ ငါးဝယ်ချင်ရင် သံချေးတက်ဗန်း အရင်ရှာရမလိုပါကော ကျာကျူးရဲ့" ကျာကျူး ဈေးသွားတယ်ဆိုလို့ ဖြောင့်ဖြောင့်ဖြူးဖြူး မထင်ပါနဲ့။ လူချည်းလွှတ်ရင် ကြာလွန်းလို့ ကျွန်မ ကျောင်းဆရာမဘ၀က ကျောင်းသွား ကျောင်းပြန် စီးခဲ့ရတဲ့ ဖီးဆင့်စက်ဘီးကလေး  စက်ဘီးဆိုင်အပ်ပြီး ပြင်ပေးထားရတာပါ။

ကျာကျူး စက်ဘီး ကျင်ကျင်လည်လည် စီးတတ်မယ် ကျွန်မ မထင်ဘူး။ ကျာကျူးတို့ ပြောင်းလာကာစက ကျွန်မတို့ အိမ်ရှေ့ လမ်းပေါ်မှာ ခရိုးခရိုင်စီးနေတာ တွေ့ဖူးတာတော့ ရှိပါရဲ့။ ဘယ်သူ့စက်ဘီး ငှားစီးတယ် မပြောတတ်ပါဘူး။ ကျွမ်းကျင်ကျင်ထဲက ဟုတ်ပုံမရတော့ စက်ဘီးနဲ့ မလွှတ်ဝံ့ဘူးလေး။ လမ်းမှာ လဲမှာ ပြုမှာ ပူရ၊ တိုးမှာ တိုက်မှာ ပူရ မဟုတ်လား။ နောက်တော့ ကျာကျူးအမေက "ဆရာမကြီး ကျာကျူးက စက်ဘီး ကောင်းကောင်းစီးတတ်တယ် ... စက်ဘီးပြင်ပေးလိုက်ရင် မြန်မြန်သွက်သွက် ရောက်တာပေါ့" ဆိုတော့မှ စက်ဘီးလည်းပြင် ကျာကျူးကိုလည်း လွှတ်ဝံ့တာပါ။ ကျာကျူးက ကျွန်မကို လက်တစ်ဖက် လွှတ်တောင် စီးပြနေလို့ မလုပ်ပါနဲ့အေ ပြောရတယ်။ ကျာကျူး စက်ဘီးဆွဲထွက်လာပြီဆိုရင် သေချာ အောင် မှာရပြီ။

"ကျာကျူး ... ဆရာမကြီး ပြောမယ် ... စက်ဘီးစီးရင် မငေးရဘူး ... လမ်းကို သေချာကြည့်ရတယ် ... လမ်းကူကာနီး ရှေ့ကိုလည်းကြည့် နောက်ကိုလည်းကြည့် ဘေးကိုလည်းကြည့် လမ်းရှုပ်နေရင် စက်ဘီးကို ဆင်းတွန်း ... စက်ဘီးလေ လျော့ရင် လေထိုးစီး ... ဘရိတ်မိ မမိကြည့် ... ဆိုင်ကယ်တွေ ဂရုစိုက် ... ဈေးရောက်ရင် စက်ဘီးအပ်တဲ့နေရာကို သေသေချာချာအပ် ... စက်ဘီးဆိုင်က ပေးတဲ့ ကတ်ပြားကလေး မပျောက်စေနဲ့ ... စက်ဘီးကို အပ်တယ်ဆိုပေသိ ကိုယ်တိုင်သော့ခေတ်နော် သော့လည်း ကျမကျန်စေနဲ့ဦး ... တစ်ခု ရှိသေးတယ်"

ကျွန်မအဖို့ရာ လွှတ်သာလွှတ်ရတာ စိတ်မချနိုင်လေတော့ မှာချင်တာတွေ တွန်းမှာ ရတယ်။ ကျွန်မကသာ မှာတာပါ။ ကျာကျူးက ခေါင်းထဲတောင် ရောက်ပုံမရပါဘူး။ ဘွားတော်နှယ် ဖြစ်ရလေလဆိုတဲ့ပုံနဲ့ စူတူတူ ကြည့်နေတာပဲ ရှိတယ်။ ဟုတ်ကဲ့ တစ်ခွန်း မဟဘူး။ ဈေးမှာပြန်တော့လည်း ပထမအရေးကြီးတာ အရင်မှာ ရတယ်။ ကျန်တဲ့ ဟင်းသီးဟင်းရွက် တိုလီမိုစကလေးတွေက မေ့လို့မ၀ယ်ခဲ့ရင်လည်း ဖြစ်တယ်။ သတိရ တော့လည်း ၀ယ်ခဲ့လိမ့်မယ် သဘောထားရတော့တာပဲ။

"ကျာကျူး ... ဆိတ်သား အစိတ်သားဝယ်ခဲ့ ... ဆိတ်သားသည်ကို ဆရာမကြီးက ၀ယ်ခိုင်းတာလို့ ပြောပြ ... ဆရာမကြီးကို ဆိတ်သားသည်းက သိတော့ အရိုးတွေ အရွတ်တွေ မထည့်ဘူးပေါ့ ကျာကျူးရယ် ... ပြီးတော့ တစ်တုံးတည်းသားပေးပါလို့ ပြောနော် ... ဟိုတစ်စ သည်တစ်စ ကောက်မထည့်စေနဲ့ ... ကျာကျူးကို ကလေးဆိုပြီး မကောင်းတာ အထည့်မခံနဲ့ ... ကိုယ့်ကို အအလို့ ထင်တတ်တယ် ကြားလား ... ၀ယ်ပြီးရင် ဒိုင်မှာ ငွေတစ်ရာ ပေးပြီး ချိန်ခဲ့ ... မပြည့်ရင် ဆိတ်သားသည် ကို ပြန်ပြော ဟုတ်ပြီနော်"

"ကျာကျူး ... မြန်မာကြက်ကို သိတယ်နော် ... စီပီကြက်လို အသားပွပွ အကောင်ကြီးတွေ မဟုတ်ဘူး ... အမွေးနုတ်ပြီးသား ကြက်သေးသေးကလေးတွေ ... အကောင်လိုက် ရောင်းတာ ရှိတယ် ... လေးဆယ်သား ကောင်ဆိုရင် ရင့်လည်း မရင့်ဘူး နုလည်း မနုဘူး ... မြန်မာကြက် ဝယ်ရင် ခြေထောက်ကို ကြည့်ဝယ် ... ခြေထောက်စိမ်းတာကို ရွေးဝယ်ရတယ် ... ခြေစိမ်းဖင်ညို အလွန်ချိုတဲ့ ... မှတ်ထားနော် ... မြန်မာကြက် ခြေစိမ်း လေးဆယ်သားကောင်"
ကျာကျူးက သူ မရှင်းတဲ့ စကားလုံး၊ ဒါမှမဟုတ် နည်းနည်း ထူးခြားတဲ့ စကားလုံး ပါလာရင်တော့ ပြန်မေးတတ်တယ်။ ခြေစိမ်းဖင်ညို ကို နားလည်လိုက်ပုံ မရဘူး ထင်ပါရဲ့။

"ခြေစိမ်းဖင်ညို ဆိုတာ ဘယ်လို ပြောတာလဲ ဆရာမကြီး" "ကြက်ခြေထောက် နှစ်ချောင်း ရှိတယ် မဟုတ်လား ... ခြေထောက်က အခွံကလေးတွေ စိမ်းနေတာကို ပြောတာ ... ဖင်ညိုက ကြက်ဖင်ကို ကြည့်လိုက် ... ညိုတိုတိုလေး" ကျာကျူးက ပြုံးတယ်။ ဟုတ်ပြီပေါ့။ ကျွန်မက အဲသလို ထပ်ပြန်တလဲလဲ မှာရတာပါ။ ဈေးထဲက ကျွန်မဖောက်သည်ဈေးသည်တွေကိုလည်း ကျာကျူးနဲ့ မိတ်ဆက် ပေးထား လေတော့ ဈေးစာရင်း စာရွက်ပိုင်းကလေးပြလိုက်ရင် သိကြတာလည်း ပါပါတယ်။

ကျာကျူး ကို ဈေးလွှတ်တဲ့ ပထမဆုံး ရက်တွေတုန်းကတော့ မှာတာပါတယ် မရှိဘူး။ ဆိတ်သားမှာတော့ တစ်တုံးတည်းသား မရလိုတဲ့။ မြန်မာကြက်ကတော့ ခြေမစိမ်းလို့တဲ့။ ခြေစိမ်းပြန်တော့ ဖင်မညိုလို့တဲ့။ ကျွန်မ လည်း ကိုယ့်အမှာနဲ့ကိုယ် မိနေလို့ ရှိတာနဲ့ စားလိုက်ရတာပါ။ သည်တော့ ကျွန်မဘက်က တစ်ထစ် လျှော့ရတယ်။ ပါအောင်သာ ၀ယ်ခဲ့ပါအေ ဆိုတော့မှ ပါတော့တာပါ။ ဟင်းသီးဟင်းရွက်လည်း သည်လို တတွတ်တွတ် မှာရတာပါပဲ။ မိန်းကလေးဆိုတော့ တစ်ချိန် မီးဖိုချောင် ၀င်ရမှာ မဟုတ်လား။ သိထားတော့ ကောင်းတာ ပေါ့ဆိုတဲ့ စိတ်နဲ့ သင်ရင်း ဈေးဝယ်၊ ဈေးဝယ်ရင်းသင် လုပ်ရတာပါ။ ကျွန်မတို့ ငယ်ငယ်က အမေ တို့ ကြီးတော်တို့က သည်လို သင်ခဲ့ကြားခဲ့တာ မဟုတ်လား။

ကိုယ့်အိမ်ထောင်နဲ့ကိုယ်ကျမှ သည်တန်ဖိုး နားလည်ခဲ့ရတယ်။
"ခရမ်းသီးဝယ်ရင် အညှာကို ကြည့်ရတယ် ... အညှာကလေး စိမ်းနေမှ ... လတ်တယ်ခေါ်တာ ... ဟင်းရွက် ၀ယ်ရင် အညွန့်ကို ကြည့်ရတယ် ... အညွန့်ကလေး လန်းကော့နေတာကိုဝယ် ... ခရမ်းချဉ်သီး ကျတော့ အသီးမာတာကို ရွေးရတယ် ... အရောင်ကလေး နီရောင်ပြေးရင် တော်ပြီ ... နီမာ ခေါ်တာပေါ့အေ ... လိုက်လုံးလို့လည်း ခေါ်တယ် ..."
"နေဦး ဆရာမကြီး လိုက်လုံး ခရမ်းချဉ်းသီးလို့ မေးရမယ်ပေါ့" "မဟုတ်ဘူးလေ ... လိုက်လုံးဆိုတာ နောက် တစ်ရက် နှစ်ရက်ကျရင် မှည့်တော့မယ် အလုံးမျိုးကို ပြောတာ ... တဖြည်းဖြည်း မှည့်လိုက်လာမယ့် အလုံး ပေါ့အေ"

"နောက်တစ်ရက် နှစ်ရက် မှ မှည့်မှာကို ဆရာမကြီးက ကြိုသိတယ်ပေါ့" ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ညည်းကြိုက်တာဝယ်ခဲ့ပါအေ လုပ်ရပြန်ပါရော။
ကျွန်မက အဲသလို တစ်မျိုးချင်း တစ်မယ်ချင်း ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး သင်ပေမယ့် ကျာကျူးက ကျောင်းဆရာမရှေ့ အလီမရတဲ့ ကလေးလို မျက်စိထဲ ဂဏန်းတွေတော့ မြင်ပါရဲ့၊ နှုတ်ထွက် ကျမလာသလို မျက်လုံးပြူးကလေးနဲ့ နားထောင်နေသလိုပါပဲ။ ဟုတ်ကဲ့နေ့များတော့ ဟုတ်လို့။ မဟုတ်ပြန် တော့လည်း ဈေးကွဲချိန် ပုံတိုက်ထိုးပေးလိုက်တာတွေ ယူလာသလိုပါပဲ။

ကျွန်မက ကျာကျူး ဈေးဝယ်ပျော်အောင် "ဈေးဝယ်တော့ အဖြစ်တော်ရေ" လို့ ကျွန်မ အိမ်သားကို လှမ်း ပြောရတယ်။ အဲသလိုများ ဆိုရင် ကျာကျူးက သိပ်ကျေနပ်ရှာတာပါ။ ကျွန်မ အိမ်သားက မီးဖိုထဲ ၀င်လာပြီး ကျာကျူးကို "ဈေးဝယ်ပါရဂူဘွဲ့ ပေးရမကွ" တဲ့။ တစ်ရက်တော့ ကျာကျူးရဲ့ ကျွန်မကွယ်ရာက မှတ်ချက် စကား ပြန်ကြားရတယ်။ မအေလုပ်သူက ပြောပြလို့ သိရတာပါ။ "ကျာကျူးက အိမ်မှာ ပြောနေတာ ဆရာမရဲ့" "ဟုတ်လား ... ဘာတဲ့တုံး" "ဆရာမကြီးက  အရင်က ဟင်းရွက်လည်း ရောင်းဖူး တယ် ထင်တယ် အမေရဲ့ ... သမီးကို ဈေးဝယ်လွှတ်ရင် အကုန်သင်ပေးတတ်တယ်တဲ့" ကျွန်မဖြင့် ရယ်လိုက် ရတာ။ ကျာကျူးက အဲသလို။

ကျာကျူးတို့ မိသားစုတစ်ဖက်ခြံကို ရောက်တာ ကျွန်မတို့ မြို့သစ်ရောက်တာနဲ့ သိပ်မကွာပါဘူး။ ကျွန်မတို့ ပြောင်းလာတော့ ခေါင်းရင်းခြံက လူတွေ ရှိကြပါသေးတယ်။ ကလေးတွေလည်း ရှိတော့ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့ ဆိုရင် အဲသည်ကလေးတွေကို ခိုင်းရတာပါ။ နောကတော့ ခေါင်းရင်းအိမ်ကလည်း ပြောင်းသွား၊ ခြေရင်းဘက်ခြံမှာ ကျာကျူးတို့ မိသားစုကလည်း ရောက်လာဆိုတော့ ချိတ်မိသွားတယ် ပြောပါတော့။ ကျာကျူးတို့ နေရတဲ့အိမ်ကလည်း အိုးပိုင် အိမ်ပိုင်တော့ မဟုတ်ပါဘူး။

ခြံရှင်က သူ့ဝိုင်းကို ထားခဲ့ပြီး အဝေးမှာ စီးပွား ရှာနေသူဆိုတော့ သူ့အိမ်နဲ့ ၀ိုင်းကို သူငယ်ချင်းလင်မယားနဲ့ ကျာကျူးတို့ကို စောင့်ရှောက်ဖို့ အပ်ထားခဲ့တာပါ။ ကျာကျူးအဖေက မနက်လင်းရင် အလုပ်ထွက် သွား တတ်လေတော့ မတွေတာ များတယ်။ ကျာကျူးအအမေကတော့ ငုံးဥချိန်ငုံးဥ၊ ပြောင်းဖူးချိန်ပြောင်းဖူး၊ ဖရဲသီးချိန်ဖရဲသီး တောင်းတစ်လုံး၊ ဗန်းတစ်ဗန်းနဲ့ ဈေးလည်းရောင်းသူပါ။ ဘယ်မှာ ရောင်းတာလဲဆိုတော့ ဆေးရုံကြီး ဘက် မှာတော့။ မနက်စောစော ချက်ပြုတ်စားသောက်ပြီးရင်၊ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး ကလေး တချို့တစ်ဖဲ့ စားကြပြီးရင် ဖအေကလည်း အလုပ်သွား၊ မအေကလည်း ဈေးရောင်းထွက်။ မအေးဈေးရောင်း ထွက်ရင် ကျာကျူးလည်း ပါသွားတတ်တယ်။ မအေက အထိုင်ရောင်း၊ ကျာကျူးက ဗန်းနဲ့ကဲ့ပြီး ဆေးရုံ တစ်ဝိုက်လည် ရောင်းကြသတဲ့။ တစ်ခါတလေတော့လည်း သားအမိ နှစ်ယောက် ဈေးမထွက်ကြပြန်ဘူး။ ကျာကျူး ရောက်လာလို့ မေးကြည့်တယ်။

"ကျာကျူးတို့ ကနေ့ဈေးရောင်း မသွားကြဘူးလား" "မသွားဘူး ... ဖမ်းလို့လေ" "ဟဲ့ ဘယ်သူက ဖမ်းတာလဲ ... ငုံးဥပြုတ်ရောင်းတာ ဖမ်းတဲ့လူ ရှိသလား" "ဈေးသည်တွေကို လိုက်ဖမ်းတဲ့လူ ရှိတယ် ဆရာမကြီး ရဲ့ ... သူက မဖမ်းတဲ့နေ့ မဖမ်းဘူး ... ဖမ်းတဲ့ နေ့ဖမ်းတယ်" "ညည်းဟာ မဟုတ်သေးပါဘူး ကျာကျူးရယ် ... ဖမ်းမှတော့ နေ့ရယ် ရက်ရယ် ရှိလို့လား" "မဟုတ်လား ... သူတို့ကို ပိုက်ဆံပေးရင် မဖမ်းဘူး ... မပေးရင် ဖမ်းတယ်" "ညည်းတို့က မပေးလို့လား" "ပေးတယ် ဆရာမကြီးရဲ့ ... အခုက ပေးလို့ ဖမ်းတာ" ကျွန်မလည်း တော်တော့ တော်တော့လို့ပဲ ညည်းလိုက်မိတယ်။ ပိုက်ဆံပေးတဲ့ကြားက ဖမ်းတယ် လို့ ပြောတာလား၊ အပေးမတတ်လို့ ဖမ်းတာလား၊ တစ်ခုခုကို ပြောတာနေမှာပေါ့။ ကျာကျူးက ကလေး သာသာဆိုတော့ အဲသလောက်လည်း သိပုံမရပါဘူး။ ကျွန်မက အဲသလို လိုက်ဖမ်းတော့ ပြုတ်ပြီးသား ငုံးဥ တွေ ဘယ်လို လုပ်ကြသလဲဆိုတော့ သားအမိနှစ်ယောက် ထိုင်စားပစ်လိုက်တယ်တဲ့။ ကျာကျူး ဆက်ပြောတဲ့ စကားကတော့ ယုတ္တိတန်သား။

"ဟုတ်တယ်လေ ... ဖမ်းတဲ့ လူက ဖမ်းပြီး စားပစ်မှာပေါ့ ဆရာမကြီးရဲ့ ... သူအစားမခံဘူး ... ကိုယ့်ဟာကိုယ် စားပစ်လိုက်တာ ကောင်းတယ်" "အေး ... ဒါလည်း ဟုတ်တာပဲ" တစ်ခါတစ်လေလည်း ပျားလိမ္မော်ခေါ်ကြတဲ့ တရုတ်လိမ္မော်တွေ၊ စပျစ်သီးခိုင်တွေ ဗန်းနဲ့ရွက်ပြီး ထွက်ကြတာလည်း ကျွန်မ မြင်နေရ တယ်။ သားအမိနှစ်ယောက် သနပ်ခါးတွေဖွေး။ အပြန်တော့ မိုးချုပ်တဲ့အခါချုပ်၊ စောတဲ့ အခါ စော ပေါ့။ ရောင်းရတာ အဆင်မှပြေရဲ့လား။ ပြေးပဲပြေးလွှားနေကြရော့လား။

အိမ်ရောက်မှ မီးရောင်လက်လက်နဲ့ ချက်ပြုတ်နေကြတာ တွေ့တော့လည်း အိမ်မှာရှိတာ လှမ်းခေါ် ပေးပေါ့။ ကျာကျူးက ဟင်းကြေးများသတဲ့။ ကြေးများတယ်ဆိုလို့ ဟင်းကောင်းမှ စားချင်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အမဲသား၊ ၀က်သား၊ ဆိတ်သား မစားဘူးတဲ့။ ငါးလည်း အကောင်ကြီးရင် မစားဘူးတဲ့။ အကောင်သေး လွန်းတော့လည်း မစားဘူးတဲ့။ ကျွန်မတို့အိမ်က ထမင်းဟင်းပေးရင် ဖအေမအေက စား ပေမယ့် ကျာကျူးက မစားဘူးဆိုတာလည်း နောက်မှ သိရတာပါ။ သူ့အမေ ပြောပုံတော့ ကျွန်မတို့အိမ်က ဆန်က စေးလို့တဲ့။ စေးတော့ အီသတဲ့။ အဲသလို ဆိုတော့ စားစေချင်သကောရယ်လို့ ဘာပေးပေး ကျာကျူး ၀မ်းရောက်ဖို့ မသေချာဘူး။

အိမ်မှာလည်း သည်လိုပါပဲ။ ကျွန်မတို့ ကော်ဖီသောက်ချိန်နဲ့ တိုးလို့ သူ့ခြေသူ့လက် ဖျော်သောက်ချေ ဆိုတော့လည်း ကော်ဖီ မကြိုက်ဘူးတဲ့။ လက်ဖက်ရည်မှ ကြိုက်သတဲ့။ ကျွန်မတို့ အိမ်မှာ ဧည့်သည်များ၊ မိတ်ဆွေများ က စားစေချင်လို့ ၀ယ်လာကြတဲ့ မုန့်ပဲ သရေစာတွေ များပါတယ်။ တစ်ခါတစ်လေများ ထမင်းစားပွဲပေါ် စုတင်ထားရင် တစ်ပုံကြီး။ ကျာကျူးက ရေခဲသေတ္တာထဲ၊ ကြောင်အိမ်ထဲ ထည့် သို့ ပေးတာမျိုးတော့ ရှိပါရဲ့။ တစ်တုံးတစ်ချိုး လူရင်းမိတ်ဆွေတွေက လက်ဖက်ရည်လို၊ ပဲနံပြားလို ၀ယ် လာရင် ကျွန်မတို့ ပထမဆုံး သတိရတာ ကျာကျူးတို့သားအမိပဲ။

"ကျာကျူးရေ ... လက်ဖက်ရည်လာယူလှည့်" အဲသလို ကြားရင်တော့ ပြေးလာတော့တာပါ။ လက်ဖက်ရည် အင်မတန် ကြိုက်ရှာမှန်းသိလို့ တကန်တက ၀ယ်တိုက်ရတာမျိုးလည်း ရှိတယ်။ မအေ ဖအေ က မနက်မိုးလင်းလို့ လက်ဖက်ရည်တစ်ခွက် ၀မ်းထဲမကျရင် ဆတ်ဆတ်တုန်နေကြသူတွေဆိုတော့ ကျာကျူး ခမျာလည်း လက်ဖက်ရည် စွဲနေပုံပေါ်ပါရဲ့။ တစ်ခါတလေ လက်ဖက်ရည် သောက်ရရင် တစ်နေကုန် ထမင်းမစားဘဲ နေနိုင်တယ်ဆိုလို့  အံ့သြရတယ်။ ခက်တာက ခုခေတ်ပေါ်နေတဲ့ ရယ်ဒီမိတ် တီးမစ် ဆိုတာမျိုးကျတော့လည်း မက်ပုံမရဘူး။

"အဲဒါတွေက လက်ဖက်ရည်အစစ် မဟုတ်ဘူး ဆရာမကြီးရဲ့ ... ကော်ဖီက အမှုန့်ရှိတယ်လေ ... လက်ဖက် ရည်က အမှုန့်မှ မရှိတာ ... ဘယ်လိုလုပ်ပြီး အထုပ်ထဲ ထည့်မလဲ ... နော ဆရာမကြီးရယ်"
"ဟုတ်ပါ့အေ ..." ကျွန်မလည်း ထောက်ခံတဲ့နည်းနဲ့ ခေါင်းညိတ်ရတာတွေ များလှပေါ့။ ကျာကျူးက လက်ဖက်ရည် တစ်ခွက်သားအမိနှစ်ယောက် မျှ သောက်ထားရင် တစ်နေကုန် ဈေးလည်း ရောင်းလည်း မမော ဘူးတဲ့။ လက်ဖက်ရည် အာဟာရသိဒ္ဓိ ပြီးတဲ့ပုံမျိုး ပြောသေးတာပါ။ ကျွန်မက "လက်ဖက်ရည် ကလည်း လက်ဖက်ရည်ပေါ့အေ ... ထမင်းတော့လည်း တစ်လုတ်တစ်ဆုတ် စားကြပါမှပေါ့ ... အစာအိမ် ရောဂါ ဖြစ်တတ်တယ်" လို့ ပြောမိတယ်။ ကျာကျူး ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မမှာ ဘာပြန် ပြောရမှန်းတောင် မသိတော့ပါဘူး"
"အစာအိမ်ရောဂါ က ထမင်းစားတဲ့လူမှ ဖြစ်တာ ဆရာမကြီးရဲ့ ..."တဲ့။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး

(ရှေ့လ မှ အပိုင်း (၂) ဖော်ပြနိုင်ပါမည်)
ဇန်နဝါရီလထုတ်၊ ကလျာမဂ္ဂဇင်း၊ ၂ဝ၁၁
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 27, 2011

ခင်ခင်ထူး ၏ ခုံတော်မောင်ဂျိုက်သိုး (ဇာတ်သိမ်း)

(၃)

ကျွန်မ ရွာရောက်ရင် တည်းနေကျ ကြီးတော်တို့အိမ်ရောက်တော့ ကျွန်မကြားခဲ့တာ ပြောပြဖြစ် တယ်။  ကြီးတော်က ရယ်တော့တာပါ။ ညည်းအစ်ကိုက လူကြီးလုပ်ချင်သာရှိသာပါ။ ရပ်ရွာကို ညှာ ရှာ သူပါအေ တဲ့။ စကားက ရောက်နေပြီဆိုတော့ ကျွန်မအစ်မတွေရော၊ ညီမတွေရော၊ ကျွန်မတို့ ရွာ ရောက်နေလို့ မျက်နှာပြလာကြတဲ့ ရွာခံတွေရောက ကိုကြီးဂျိုက်သိုးအကြောင်း တစ်ယောက်တစ် ပေါက် ပြောလိုက် ကြတာများ၊ ကွယ်ရာမှာ မကောင်းပြောနေကြတာပေမယ့် ချစ်လို့ပြောနေကြတာ မှန်း ကျွန်မ သိပါရဲ့။

တစ်ခါက ဆိတ်ပြဿနာ ပေါ်ဖူးသတဲ့။ ကျွန်မတို့ရွာက ကိုဖိုးတိုးနဲ့ ကိုပေါက်တို့ နှစ်ယောက်အရှေ့ ကြည်းတောသိမ် ရွာအလှူကို သွားကြတာက စတာပါ။ ကိုဖိုးတိုးက လက်လှော်လှေကလေး နဲ့ မြစ် ထဲ ငါးရှာတဲ့ သူပါ။ ကိုပေါက်က တောင်သူ။ မနက်ခင်း အလှူမီအောင် စောစောထသွားပြီး နာရီပြန် တစ်ချက်လောက် နေပူခေါင်ခေါင်ကြီး ပြန်လာခဲ့ကြသတဲ့။

ကျွန်မတို့ရွာနဲ့ ကြည်းတောရွာတွေက နည်းနည်းလှမ်းတော့ သစ်ရိပ်ခိုလိုက်၊ နေပူပြန်တော့ ဆိတ် စာကိုင်းတစ်ကိုင်းစီချိုးပြီး ခေါင်းဆောင်းလာလိုက်နဲ့ ပြန်ခဲ့ကြတာပါ။ လမ်းမှာ ဆိတ်တစ်ကောင်နဲ့ တွေ့ကြတယ်။ ဆိတ်က တစ်ကောင်တည်း၊ ဆိတ်အုပ်ထဲက ကျန်ခဲ့တာလား၊ အနားရွာက ဆိတ် လား တော့ မပြောတတ်ဘူး။ ဆိတ်က သူတို့နှစ်ယောက်နောက် တကောက်ကောက်လိုက်လာပါ ရော၊ သူငယ်ချင်း နှစ်ယောက် စကားတပြောပြောနဲ့ လာလိုက်ကြတာ ရွာခြေဝင်တော့ ဆိတ်က ပါ လာတုန်းပဲ။ သည်တော့ နှစ်ယောက်သား ခေါင်းဆောင်းလာတဲ့ ဆိတ်စာကိုင်းပြပြီး ဆိတ်ကို ရွာထဲ ခေါ်လာကြတယ်။

''ဖိုးတိုး တို့ က ခိုးလာသာလည်း မဟုတ်ဘူး... ရွာခြေအထိ တကောက်ကောက်လိုက်လာလို့သာ ပါ လာတာကိုး... ဆိတ်ကို မောင်းထုတ်လို့လည်းမဖြစ်တော့ ဖိုးတိုးအိမ်မှာ ကြိုးချည်ထားသယ်... ဆိတ်က သူစိမ်း အိမ်ရောက်နေမှန်းသိတော့ တပဲပဲအော်လိုက်သာ နားမခံသာဘူး... ဒါနဲ့ ငပေါက် အိမ်တစ်လှည့် ပို့လိုက်သယ်... ငပေါက်မယား မိတင်ပုက လက်မခံဘူး... ကျုပ်တို့အိမ်ထားရင် ကျုပ်တို့ ဆိတ်ပဲ ဖြစ်ကရော.. သည်တော့ ဖိုးတိုးမယား သန်းကြည်က ကိုယ့်အိမ်ထားလို့ ကိုယ်ယူ ကြေးဆိုရင် ငါယူသအေ ပေါ့''

သည်မှာတင် ဆိတ်တစ်ကောင် အဝေမတည့်ကြရာက မိန်းမချင်းရန်ဖြစ်ကြတယ်။ မတင်ပု က အာ ကျယ်၊ မသန်းကြည် ကလည်း ခုနစ်တိုင်ကြား၊ ရွာထဲနှစ်ဆက်ဆဲကြ ဆိုကြဆိုတော့ အမှုက ကိုကြီး ဂျိုက်သိုး ဆီ ရောက်လာတယ်။ ကိုကြီးဂျိုက်သိုးအိမ် ဆိတ်ကြီးဆွဲလာတော့လည်း ဆိတ်ကြီးက အော် တုန်း။ ဆိတ်က ခိုး လာတာလည်း မဟုတ်တော့ အပြစ်တင်ဖို့ရာလည်း ခက်တယ်။ ဆိတ်ရောင်းပြီး ပိုက်ဆံ ခွဲ ယူကြပါလား ဆိုတော့လည်း ဘာမှန်းမသိတဲ့ဆိတ်ဆိုတော့ ဝယ်မယ့်သူကမရှိဘူး။ သည် တော့ ပြဿနာပြီးအောင် ကိုကြီးဂျိုက်သိုး က သူ့အိမ်မှာမွေးထားမယ်၊ နောက်မှ စာရင်းရှင်းတာပေါ့ ဆိုပြီး အိမ်တိုင် မှာ ချည်ထား လိုက်တယ်။ ကိုဖိုးတိုးလင်မယားရော၊ ကိုပေါက်လင်မယားရော ကျေ နပ်ကြပါတယ်။ ကြားက လူကြီး အပ်ထားရင် ပြီးတာပဲပေါ့။

''အဲသည်ဆိတ်က ဂျိုက်သိုးအိမ်မှာ နှစ်လကြာသယ်.. အော်လိုက်သာလည်း ရွာက မအိပ်ရဘူး... ဂျိုက်သိုး မယား ညည်းယောင်းမ မိဆွမ်းအုပ်က နေ့တိုင်း သစ်ကိုင်းချိုင်ပြီး ဆိတ်စာကျွေးရသာ မသက်သာ ပေါင်အေ... ဆိတ်ကလည်း စားလိုက်သာ စက်နဲ့ကြိတ်သာကျလို့''
''နောက်တော့ ဘယ်လိုပြီးသွားတုန်း ကြီးတော်ရဲ့''

''ပိုင်ရှင်ပေါ်လာသာပေါ့အေ... သိမ်ရွာက ပိုင်ရှင်လိုက်လာတော့ ဟုတ်နေသာကိုး... ချည်တိုင်က ဖြုတ်ပေးလိုက်ရသာလေ... ဆိတ်က ပိုင်ရှင်တွေ့တော့ ငေါက်ခနဲထလိုက်သာ.. မိဆွမ်းအုပ်က ဆိတ်စာ နှစ်လ ကျွေးထားရသာကော ဆိုတော့ ဆိတ်နို့နှစ်ပုလင်းပေးသွားတယ်... သူ့ခမျာလည်း အဖက်မွေးသဲ့ ဆိတ်မို့ပါတဲ့... ဆိတ်ရှင်က အလျော်တောင်းနေတုန်း သတင်းကြားနဲ့လိုက်လာသာပါ ဆိုတော့ ဘာရ မှာတုံး''
''ဖြစ်ရလေ... ''
''မဖြစ်နဲ့... ညည်းအစ်ကို ကြက်ပြဿနာတက်သာ ရှိသေးတယ်''
(၄)

တစ်ရက်တော့ ရွာတောင်ဖျားက ကိုညိုအေး ကြက်တစ်ကောင်ပိုက်ပြီး ကိုကြီးဂျိုက်သိုးဝိုင်းထဲ ဝင် လာတော့ ကိုကြီးဂျိုက်သိုးတောင် အိပ်ရာက မနိုးသေးဘူး။ မမအုပ်ကတော့ ဝိုင်ထဲတံမြက်လှည်းပြီး ပြီ။ ဆွမ်း ကပ်ပြီးပြီ။ နွားစာကျွေး နွားရေတိုက်ပြီးပြီ။ ကိုကြီးဂျိုက်သိုး နိုးရင်စားဖို့ ထမင်းကြမ်းကို ဒယ်အိုး ဆီပွတ်ပြီး အိုးကင်းပူတိုက်ပြီးပြီ၊ တစ်အောင့် တစ်ဖြုတ်နားပြီး တောထဲ(စိုက်ခင်းထဲ)သွားဖို့ ရှိတော့တာပါ။ ကြက်သမားကိုညိုအေး ရောက်လာတော့ လင်ကိုနှိုးရပြီ။ ကိုကြီးဂျိုက်သိုးက မျက်နှာ ကပျာကယာသစ်ပြီး အင်္ကျီ ချွတ်ကြီးနဲ့ တန်းလျားပေါ်မှာ ငုတ်တုတ်ထိုင်တယ်။
''ဘာတုန်းကွ ညိုအေးရ... မင်းကြက် သွေးတွေနဲ့လားလို့''

''သွေးတွေနဲ့ပေါ့ဗျ... ခင်ဗျားတူ မောင်မှတ် လက်ချက်ပေါ့... သူ့နံနံခင်း ကျုပ်ကြက်ယက်လို့သဲ့ ထင်းချောင်း နဲ့ ကောက်ပစ်လိုက်သာ ခြေကျိုးကရော... သည်မှာ ခေါင်းလည်း ကျေသွားထင်ပါရဲ့''
''ဟာ ငမှတ်... တိရစ္ဆာန်နဲ့တုမိုက်သဲ့ကောင်... မိအုပ် ငမှတ် ပြေးခေါ်စမ်း''

''ကျုပ် အခင်းထဲသွားရဦးမှာ.. လူက နောက်မှခေါ်ပါတော်... အကျိုးအကြောင်း အရင်မေးစမ်းပါဦး.. ကတည်း''
မမအုပ် က လူခေါ်တွေပါလာတော့မှာ သိတော့ တဘက်ဟောင်းခေါင်းပေါ်တင်ပြီး အခင်းဘက် ထ သွားတော့ တာပါ။ ကိုကြီးဂျိုက်သိုးက စားပွဲပေါ်တင်ထားတဲ့ ထမင်းကြမ်းအိုးခင်းပူတိုက်ကို စိတ်မ ဝင် စားဘူး။ ကိုညိုအေး ကြက်ကိစ္စ စိတ်ဝင်စားတာပါ။ ညိုအေး ပြောစမ်း... တဲ့။ မောင်မှတ်က ကိုယ့်တူ ဆိုပေမယ့် တရားဥပဒေအတိုင်း ဖြစ်စေရမယ်ဆိုတာလည်း ပါရဲ့။
''ကြက်ရာဇဝင် ပြောစမ်းကွာ ညိုအေး... သည်ကြက် မင်းကြက်လား''

''ကျုပ်ကြက်ပေါ့ဗျာ အကျိုးပေးလိုက်သာမှ ပွဲတိုင်းအောင် ကြက်ဗျ... ကျုပ်ကြက်ကို ထင်းချောင်းနဲ့ ပစ်လွှတ် လိုက်တာ ကျုပ်က ကျေနပ်မှတ်လို့... မောင်မှတ် ဝင်ရိုက်မလို့ဘဲ... ဒါပေသိ စိတ်ကိုမနည်း လျှော့ပြီး ခင်ဗျား လာတိုင်သာပဲ... ကျုပ်ကြက်အလျော်လိုချင်သယ် ဒါပဲ''
''အေးပေါ့ကွ... တိုက်ကြက် ခြေထောက်ကျိုးမှတော့ ရီးဖြစ်ကရောပေါ့... နေပါဦး... မင်းကြက်တိုက် သာ ဘယ်ရွာ သွားတိုက်တာတုံး... ရွာထဲ ကြက်တိုက်သာ လက်မခံဘူးနော်''
''ချောင်းတစ်ဖက် သွားတိုက်သာပါဗျာ... ရွာနဲ့အလွတ်ကြီးပါ... ခင်ဗျား အပိုင်ထဲ မဟုတ်ပါဘူး''

ခင်ဗျားအပိုင်ထဲ မဟုတ်ပါဘူးဆိုတာကို ကိုကြီးဂျိုက်သိုးက သိပ်သဘောကျတယ်။ ရပ်ရွာကို သူ ထိန်းထား နိုင်တယ် ဆိုတဲ့ သဘောပါတာကိုး။ ပါးတွေ နှုတ်ခမ်းတွေ တွန့်သွားအောင် ကျေနပ်နေ တာပါ။ မျက်နှာပိုးသပ်လို့မရတော့ ဒေါင်းဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက် လှမ်းယူမီးညှိတယ်။ ကိုညိုအေးကို မျက်လုံး လှန်ကြည့်တယ်။ ဆက်ပြောစမ်းပေါ့။
''ကျုပ်ကြက် က အရောင်က ဥပန်း... ဖောင်းဘက်လုသာဆိုတော့ ရှားသယ်ဗျ... အမြီးကျတော့ မဂို စပ်ပုံ ရသယ်... တချို့ကလည်း သတ္တိကျ ရစ်ဘက်လုသတဲ့''
''ကြက်ကောင်း ကွ... ဒဏ်ရာတွေနဲ့တောင်ထောင်နေသာကြည့်ပါလား''

''ခင်ဗျားသိမှာပေါ့ ကန်တော်က သံချောင်း... သူ့အဘ ဘိုးသိန်းဆိုသာ ကြက်ဝိဇ္ဇာကြီး... ဘိုးသိန်း က လှည်းသမား ငထွန်း နဲ့ တစ်ရက် ကျုပ်ယောက်ဖ ကျောက်ဒိုးနဲ့ ထလိုက်သွားသာ... ဟိုကျတော့ ကြည်ရွာသား ငအေးနဲ့ တွေ့ကရော.. ဘိုးသိန်းက ကျုပ်တို့နှစ်ယောက်စလုံး ကြက်ကောင်းကြိုက် မှန်းသိ လို့ တေ့ ပေးသာကိုးဗျ... ဒါမှ သူက ဈေးကောင်းရမှာကိုး''
''မလုပ်ကောင်းသာကွာ... ''

''ငအေးက ရှစ်သောင်းဗျာတဲ့... ကျုပ်က တစ်သိန်းဗျာလို့ ချလိုက်ရော... ရှုံးရင် ရွာပါသိက္ခာကျမှာ ကိုးဗျ... ''
''ငါပါ သိက္ခာကျသာပေါ့ ညိုအေးရ... မင်းလုပ်သာ သဘောကျသကွာ''
''အစစ်ပေါ့ဗျာ... ကြက်ဖိုးကို သူတိုးကိုယ်တိုးနဲ့ တစ်သိန်းသုံးသောင်းခွဲနဲ့ ကျုပ်ရလာသာ... ဟုတ်သ ဗျို့... ကြက် က သံခြေထောက်ပါသာကျလို့... ကျုပ်ဖြင့် ပွဲတိုင်းနိုင်သာပဲ''
''မင်းစောစောက ပြောသဲ့ကောင်တွေပါ ခေါ်ရမယ်... လူဝါးဝလို့ကွာ''

''မဆိုင်ဘူးလေဗျာ... အဲသာ ကျုပ်ကြက်ဝယ်တုန်းက ကိစ္စဗျ... အခု ထင်းချောင်းနဲ့ပစ်လိုက်သာက ခင်ဗျားတူ ငမှတ်က ပစ်လိုက်သာ''
''ကိုင်း ငါ သဘောပေါက်ပြီ... မင်းပြန်ဦး... ငါ ငမှတ် ခေါ်စစ်မယ်... မင်းကြက်ဘိုးက သုံးသောင်းခွဲ ဟုတ်လား''
''ဟာ... လုပ်ပြန်ပြီ... တစ်သိန်းသုံးသောင်းခွဲဗျ... လျော်ချင်လျော် မလျော်ရင် ကျုပ်က ကျူပင်ခုတ် ကျူငုတ်မကျန်ပဲ''
''မှန်သာဖြစ်ရမှာပေါ့ကွ... မင်းမှန်သယ် ညိုအေး... ကိုင်းပြန်ချေတော့''

ကျူပင်ခုတ် ကျူငုတ်မကျန်ထဲမှာ သူပါ ပါနေတာကို သဘောမပေါက်ဘူး၊ အေးပေါ့ကွ... လုပ်ရမှာ ပေါ့တဲ့။ ဒါနဲ့ ကိုညိုအေးပြန်တော့ သူ့တူ ငမှတ်ကို ခေါ်စစ်တယ်။ ငမှတ်က သူ့ခေါ်မယ်ဆိုတာသိ တော့ မြေကြီးနဲ့ရောနေတဲ့ နံနံပင်အကျိုးအကြေတွေ ဆန်ကောထဲထည့်လာတယ်။ သက်သေခံ ပစ္စည်းပေါ့။ ကိုကြီးဂျိုက်သိုးက နံနံပင်ကျိုးတွေကို လက်နဲ့ဖြဲကြည့်တယ်။
''လူပါးဝလို့ ဘကြီးရာ... သူက လူမိုင်လိုလို ဘာလိုလိုနဲ့ ကျုပ်ကိုကြိမ်းသေးသာ... ကျုပ်က ဘကြီး သွေးပဲဗျ ဘာကြောက်လိမ့်မတုံး... စိတ်ထဲဖျင်းခနဲဖြစ်လာရင် ရိုက်လွှတ်လိုက်ရမှ... ''
''ဒါပေါ့ကွ... တို့အမျိုးက သွေးသောက်ကြီးလေးယောက်က ဆင်းလာသာ... အာဂမှတ်လို့''

''သူ့ကြက်က တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်... ကျုပ်ကြဲထားသဲ့ အခင်းထဲဝင်ဝင်ပြီး သစ်ပင် တွေ ယက်ယက်ပစ်သာဗျ... ကျုပ် သည်းခံသာ သုံးခါရှိပြီ''
''သုံးခါဆိုရင် မင်းမှန်သယ်... ငါဆိုရင် နှစ်ခါနဲ့ လုပ်ပစ်မိမှာ... အခုက ညိုအေးက မင်းကို အလျော် တောင်းချင်ပုံ ရသယ်... သူ့စကား ကောက်ရတာလေ''
''မလျော်နိုင်ပါဘူးဗျာ... သူ့ကြက်ကလည်း ကျူးသေးအခင်းလည်း ပျက်သေး''
''မလျော်နဲ့... မင်းမှန်သယ်... ငါ့တူ သွားတော့ ငါရှင်းမယ်''

ကျွန်မက သည်တိုက်ကြက်ကိစ္စ ဘယ်လိုရှင်းကြတုန်းဆိုတော့မှ ပြဿနာပြီးရပုံကို ပြောပြကြ တယ်။ ကိုကြီးဂျိုက်သိုးက နှစ်ဖက်စလုံးမှန်တယ်ချည်း လုပ်နေတော့ နှစ်ဖက်စလုံးက အမှုနိုင်မယ် တွက် ထားကြတာပါ။ ကိုညိုအေးရှေ့ကျတော့ လျော်စေတဲ့၊ ငမှတ်ရှေ့ကျတော့ ယောင်လို့တောင် မလျော်နဲ့တဲ့။ ဆုံရှင်းကြတဲ့နေ့ကျတော့ ကိုညိုအေးအမျိုးတွေနဲ့ ငမှတ်အမျိုးတွေ ဝိုင်းတိုက်ထဲ ပြည့် လို့တဲ့။
''လူတွေ များလာတော့ ညည်းအစ်ကို ချွေးတွေပြန်လို့ပါအေ... နောက်တော့ ကြက်က ကျုးတဲ့ အတွက် ကြက်ရှင် က ကြက်ဖိုးအပြည့်မယူနဲ့... ငမှတ်ကလည်း နံနံခင်းပျက်စီးသာဆိုတော့ ကြားချပြီး ကြက်ဘိုး တစ်ဝက်လျော် စေပေါ့အေ... ငမှတ် က မလျော်နိုင်ဘူး။ ပိုက်ဆံမရှိဘူးနဲ့ဆိုတော့ ညည်း အစ်ကို က ကိုင်းသဟာဖြင့်ရင် ငါ ပိုက်ဆံထုတ်ချေးမကွာဆိုပြီး ငွေငါးသောင်းနဲ့ ဖြတ်လိုက်ကရော.''
''ကိုညိုအေး က ကျေနပ်သလား''

"သူကလည်း နဂိုကတည်းက ကြက်ဖိုး ပိုပြောထားသာဆိုတော့ ကျေနပ်သာပေါ့.... ကြက်ကျိုး ကိုမောင်မှတ် က ယူရလိုက်ရသယ်....ညည်းအစ်ကိုက ကြားကနေ အတိုးမပါဘဲ ငွေချေးရတာ ထား... ဖြစ်ချင်တော့...."
"ပြောပါဦး...."
"မောင်မှတ်က်ထဲရောက်မှ ကြက်ကျိုးက ခြေပြန်ကောင်းပြီး ပိုတောင်မာသွားသာကိုး....ဟော သည်နားက ရွာတွေမှာ ရှိသမျှတိုက်ကြက်တွေ မောင်မှတ်ကြက်နဲ့တွေ့ရင် ရှုံးသာချည်းပဲ....မောင် မှတ်ကလည်း ရလိုက်သဲ့ လောင်းကြေး....ဂျိုက်သိုးပိုက်ဆံတော့ မနည်းပြန်တောင်းရသယ်.... ဆွမ်းအုပ်က ရန်တွေ့ တောင်းလို့သာ လေ"
"ဟောတော်..."

"မပြီးသေးဘူး....သည်ကြက်ကျိုး က ခွပ်လက်ကောင်းမှန်း သိတော့ ညိုအေးက သူ့ကြက် ပြန်လို ချင်ပါတယ် ဖြစ်ပြန်ရော... မောင်မှတ်က ဘယ်ပေးမှာတုန်း... သူကလျော်ပြီး သားဟာကိုး"
"ဟုတ်တယ်လေ..."
"နှစ်ဖက်ပြဿနာဖြစ်တော့ ဂျိုက်သိုးဆီ ပြန်ရောက်ကြပြန်ရော.... ဂျိုက်သိုးက ညိုအေး မင်းကြက် မင်း ပြန်ရစေ့မယ်တဲ့... မင်းက ဥစ္စာရင်းတဲ့... သူ့တူမောင်မှတ် ကျတော့ မပေးနဲ့တဲ့.... မင်းက ဥစ္စာပွားတဲ့"

ကျွန်မလည်း ရင်မောလာလို့ ဆက်မမေးဖြစ်တော့ ပါဘူး၊ ဘယ်ပြီးဆုံးသွားကြ တယ်မသိရပေမယ့် ရှိပါစေတော့လို့ပဲ သဘောထား လိုက်ရတော့တယ်။ စိတ်ကောင်းရှိပေမယ့် ရိုးလွန်း အလွန်းတဲ့ အစ်ကို့ကို ကျွန်မ သနားမိတယ်။ မမအုပ် က ပိုတောင် သနားစရာကောင်းသေး။ အိမ်မှာ ဘာမှ မလုပ်တဲ့ လင်ကို တန်းလျားပေါ် ငုတ်တုတ်ထိုင်ခိုင်းပြီး သူကချည်း လုပ်ကျွေးနေရတာမဟုတ်လား။ အမှုတကာ ထဲ အိမ်က ပဲမနေရ၊ နှမ်းမနေရ၊ ငွေမနေရ စိုက်ထည့်ပေးနေ ရတာက ပိုသေးကိုး။
(၅)

ကိုးကြီးဂျိုက်သိုး အကြောင်းက ရေးရင်မကုန်နိုင်ပါဘူး။ ကျွန်မရွာမရောက်တာ သုံလေးနှစ်ရှိပါပြီ။ သည်နှစ်ထဲ ဂျဒိုင်း လေးရွာဘက် စာပေဟောပြောပွဲ ရောက်ရလို့ရွာဘက် ခဏကူးခဲ့တယ်။ ညဘက် ဟော ပြောရဦးမှာ ဆိုတော့ရောက်ပြန်ပါပဲ။ ကျွန်မကကြီးတော်ကြီးနဲ့ ကိုကြီးဂျိုက်သိုး တို့အိမ် ၀င်ပြီး ငွေ ကန်တော့ ခဲ့တယ်။
ကိုကြီးဂျိုက်သိုးက ခါးကိုင်းရှာပြီ။ လေးကိုင်းကွေး ကျောကုန်းကြီးနဲ့ အင်္ကျီမပါဘဲ တန်းလျားပေါ် ငုတ်တုတ်ထိုင်လျက်က ဆုတွေပေးနေရှာရဲ့။ ရပ်ရွာ အုပ်ချုပ်ရေးကလည်း ပြောင်းလေတော့ ရွာလူ ကြီး လည်း မဟုတ်ရှာတော့ပါဘူး။ မမဆွမ်းအုပ်ကတော့ ၀မ်းသာရှာသတဲ့။ သူ့ယောက်ျား အေးအေး လူလူ နေစေချင်ရှာသတဲ့။ မမအုပ်ကလည်း အခင်းထဲမဆင်းတော့ ပါဘူး။ သူရင်းငှား နဲ့  ထားတာ ကြာပြီတဲ့။ ဟုတ်ရှာကြမှာပေါ့။ အသက်တွေမှ မငယ်ကြတော့ဘဲ။

"ငါကတော့ လူကြီးကြေးကလေးနဲ့ နေရသာပေါ့ဟာ...လာကြပါသယ်.... ဆွေထဲမျိုးထဲက ရှင်းမရ သာ ငါရှင်းပေးနေရသာပဲ... မထူး ရဲ့ နင်တို့ဘေးကြီးက တလုပ်ကိုးမြို့ဝန် ခုံမင်းကြီး ဦးရွှေလုံး ဆို သာ မင်းတုန်းမင်း ခေတ်က ဒင်္ဂမော်ပေါ့ဟာ... သူ့သွေးက ငါ့ကျမှ လာပါသာငါ့နှမရဲ့"

လူကြီးကြေးဆိုတာက သက်ကြီးဝါကြီးမို့ ဆွေတွေမျိုးတွေက လက်ရောက်ကန်တော့တာ စားနေရ တယ်ဆိုတဲ့သဘော ဖြစ်နိုင်သလို ရှင်းရတဲ့ ပြဿနာရှိရင် အမှုရှင်းကြေးရတုန်းပဲ ဆိုတာလည်း ဖြစ်နိုင်တာပါပဲ။ မမဆွမ်းအုပ်က ကျွန်မလက်တွေကို ဆုပ်ရင်း ညည်းအမေ ကြီးတော်မြတင် ကို ပြော လိုက်ပါအေ.... ကြီးတော်တူ ခုံတော်မောင်ဂျိုက်သိုး တော့ နားရှာပါပြီလို့တော့ ကိုကြီးဂျိုက်သိုး က သူ့မယား ကို မျက်စောင်းထိုးသေးတာပါ။

"မနားပေါင်ဗျာ...ကနေ့တောင် ခွေးကိုက်မှုလာကြဦးမတဲ့...တရားဆိုသာ မစောင်းရဘူး ငါ့နှမရဲ့"
ကျွန်မ ပြန်မယ်ဆိုတော့ ရွာလယ်လမ်းမပေါ်က စောင့်နေတဲ့ လှည်းအထိ လိုက်ပို့ရှာတယ်။ မျက်ရည် တွေဝဲလို့....။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>