Showing posts with label ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး. Show all posts
Showing posts with label ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး. Show all posts

Saturday, June 30, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၁ဝ)ဇာတ်သိမ်း

ထိုမယ်မျှင်သည် တူမချောစိန်ကို သံယောဇဉ်ကြီး၏။ သမီးငယ် ခင်ခင်လှ ငယ်စဉ်ကဆိုလျှင် ချောစိန် ထံသို့ ခင်ခင်လှကို ပို့ထားသည်။ သူမူကာ မောင်မောင်အေး တာဝန်ကျသည့်အရပ်နှင့် ရမ်းဘိုကုန်း ကို ခေါက်တုံ့ခေါက်ပြန် သွားနေ၏။ ယခုသော်ကား အစိုးရ စစ် လေးတန်း သို့ မောင်မောင်ကြီး ရောက်နေ သ ဖြင့် မယ်မျှင် လမ်းမသလားနိုင်တော့ပေပြီ။ မည်သို့ဖြစ်စေ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး ကား ခမည်းခမက် ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ထက် အိုကံကောင်းသည် အပြော ခံ ရ၏။ သမက်နှင့် သမီးက "ဆိတ်နို့မုန့်" ဟု ခေါ်သော နူးညံ့သည့်မုန့်များပင် ဝယ်ပေးကြ သည်။ ရမ်းဘိုကုန်းတစ်ရွာလုံး နို့ဆီ နို့မှုန့် မမြင်ဖူးငြား၊ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ဘေးတွင် နို့ဆီနှင့် နို့မှုန့် အမြဲတမ်ရှိနေသည်။ သို့ပါလျက် မယ်ကြွယ်စိုး ချူချာသည်။
ခေါင်းမနာ လျှင် ခြေနာသည်၊ ခြေမနာရလျှင် ခေါင်းနာသည်။ ခေါင်းနှင့် ခြေက ကောင်းနေလျှင် ခါးနာ သည်။ ထို့ကြောင့် မယ်ကြွယ်စိုး နေကောင်းချိန်မှာ ခပ်ရှားရှားပင်။
ကို ဆက်ဖတ်ရန်...........

(၁၀)

လဆန်း ဆယ့်လေးရက်နေ့၏ ငွေလပြည့်ဝန်းသည် လပြည့်နေ့ကို နှုတ်ဆက်သောအားဖြင့် အနောက်ဘက် ခင်တန်း သို့ ရွေ့ဆင်းနေ၏။ လှည့်စားထိုးထားပါလျက် မြည်ချင်နေသော နွားလှည့်လေးစီးသည် မလင်းတလင်း မမှောင့်တမှောင်တွင် စမ်းချောင်းတွင်းသို့ အပြေးဆင်းလာ ကြသည်။
ကုန်းပေါ် တွင် ခြေသွက်သွက်ဖြင့် ပြေးခဲ့သော နွားများသည် သဲပြင်နှင့် လှည်းဘီးနှင့် ထိလျှင်ထိ ချင်းတို့ ဆိုင်းသွားကြ၏။ တပေါင်းလပြည့်သို့ တိုင်ခဲ့ပြီးဖြစ်ငြား၊ ချောင်းရေသည် မခန်းသေး။ မဆိုစလောက်ကျန်သေးစေကာမူ၊ ရေစီးကြောင်းဖြစ်လျက်စီးဆင်းနေဆဲပင်။
"နွားတွေရဲ့ အမြီးကို ဆွဲထားကြနော်"
ရှေ့ဆုံးလှည်းမှ စတင်အော်သောအခါ နောက်လှည်းတွေကလည်း လိုက်လံအော်ဟစ်ကြသည်။

"နွားမြီးတွေခတ်ရင် လူကိုစင်သယ်နော်"
ချောစိန်လည်းချောအောင်လှအောင် ပြင်ဆင်ထား၏။ သို့ကြောင့် နွားမြီးခတ်တိုင်း မျက်နှာကို ရေစင်ပြီး အလှပျက်မခံနိုင်။ သို့ကြောင့် သူ့ဘက်ကနွား၏ အမြီးကိုလှမ်းဆွဲထားသည်။ လူက အဘယ်မျှပင် ဆွဲထားကိုင်ထား စေကာမူ သဲပြင်ထဲတွင်ရုန်းရသောအခါ နွားသည်အမြီးကို လှုပ်ခတ်၏။ သတိမရှိ လျော့ရိလျော့ရဲ ကိုင်ထားသူ၏ လက်ထဲက အမြီးလွတ်ထွက်သည်။ လှည်း ပေါ်ရှိ လူတွေကို အမြီးဖြင့် ရေဖျန်းပေးတော့ သည်။ ချောစိန်ဘက်သို့ ရေမှုန်တွေ ရောက်လာသည်။
"ဟဲ့ အေးသီ၊ နွားမြီးကို မြဲမြဲကိုင်မှပေါ့ဟဲ့"
"ကိုင်တော့ ကိုင်သာပဲတော့်၊ လွတ်ထွက်သွားတာ"
ချောစိန် တို့လှည်းသည် ကုန်းပေါ်သို့ တက်မိသည်နှင့် တအီအီတကျွီကျွီမြည်တော့သည်။

"ဦးဘမင်းကြီးက အပျင်းကြီးပြီး လှည်းစားမထိုးလို့ မြည်ပြီ။ ကိုးရေလျဉ်က အဝေးကြီးလိုသေး တယ်"
ချောစိန်က ဘမင်းကို အပြစ်တင်၏။
"ဟဲ့ လှည်းစား ထိုးထားပါသယ်ဟာ၊ ကုန်းတက်မို့ မြည်သာထင်ပါတယ်၊ တော်ကြာရင် ပျောက်သွားမှာပါ"
ဘမင်း၏ ဆင်ခြေ ကို ချောစိန်မကြားပါ။ ခြေကျင်သွားသော လူအုပ်ထဲသို့ လှမ်းကြည့်နေရသော ကြောင့်ဖြစ်၏။ သည်တပေါင်းလပြည့်နေ့ကား စည့်ဆွဲရွာအနီးရှိ ကိုးရေလျဉ်တောသို့ ရမ်းဘိုကုန်း တစ်ရွာတည်းက လာသည် မဟုတ်။ ကုတင်ကြီးစုနှင့် ရမ်းဘိုကုန်းနှစ်ရွာတည်းမှ လာသည်မဟုတ်။ ရွာပေါင်းစုံ ရပ်ပေါင်းစုံမှ လာကြ သည်။ သို့ကြောင့် ခြေကျင်သမားများ ပြည့်နေ၏။ လှည်းတွေက လည်းဖုန်တထောင်းထောင်း၊ တအီအီဖြင့် ညံနေ၏။

လှည်းတစ်စီးသည် ချောစိန်တို့လှည်းကို ကျော်တက်ရန်ညာသံပေးလျက် အပြင်းမောင်းလာသည်။ ဤသည် ကို ချောစိန်မကြိုက်။
"ဦးဘမင်း မောင်းမောင်း၊ ကျော်တက်တော့မယ်"
ဘမင်း ကလည်း ဤကဲ့သို့သော အပြုအမူကို သည်းမခံ။ "ဟဲ့ဖေ့သားကြီတွေ"အော်ကာ နှင်တံကို ၀င့်သည်။ ကျွီခနဲ ကျွီခနဲ လိမ့်နေသော လှည်း သည် ချက်ချင်းမြည်သံပျောက်ပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆောင့်ပြီး ပြေးတော့ သည်။
"ဟေး ရှက်ပါသယ်ဟေ့"
ချောစိန်ခေါင်းဆောင်ပြီး အော်ခြင်းဖြစ်၏။ သို့ရာတွင် သူကကျောပေးပြီး အောသော်ငြား၊ သူ့အဖော်တွေက လက်ညှိုး ထိုးပြီးအော်သည်။ ထိုအခါ ကျော်ရန်ကြိုးစားမှု မအောင်မြင်သော လှည်းက ညာသံမပေးဘဲ အပြင်းမောင်း လာ၏။

"ဦးဘမင်း မောင်းမောင်ား၊ ဟိုလှည်းက ကျော်တက်တော့မယ်"
"လမ်းမကောင်းဘူးဟ၊ နွားတွေ ပခုံးပေါက်ကုန်မယ်၊ ကျော်ပါစေဟာ"
"အလကား ဦးဘမင်းကြီး"
ချောစိန် မကျေမနပ်အော်သည့်နည်းတူ ချောစိန်၏အဖော်တွေကလည်း ဘမင်းကိုး ၀ိုင်းဝန်းရှုတ်ချ ကြ၏။
"အလကားလူကြီး၊ ကြောက်အီးကြီး"
သို့သော် ချောစိန်တို့လှည်းကို ကျော်တက်ရန်အတွက် အပြင်းမောင်းလာသော လှည်း သည် ချောစိန် တို့လှည်းနှင့် ဘေးချင်းအယှဉ်တွင် လှည်းနားစောင့်ကျွတ်ကာ ဘီးတစ်ဖက် ပြုတ်လျက် တုံးလုံးကြီး ဖြစ်သွားလေ၏။

"ဟေး ရှက်ပါသယ်ဟေ့"
ထိုအချိန်တွင် လှည်းတစ်စီး အပြင်းမောင်းလာကာ၊ ချောစိန်တို့ လှည်းဘေးတွင် ရပ်၏။ လှည်းပေါ် မှမောင်မောင်အေး ခုန်ဆင်းလာ၏။
"ဒုက္ခရောက်သူကို မလှောင်ရဘူး၊ မပြောင်ရဘူးဟဲ့"
"ဟေ့ကောင် ဘမင်း၊ ဆင်း ဆင်း"
မောင်မောင်အေးပြောသောကြောင့် ချောစိန်တို့ လှည်းပေါ်မှ "လက်ပံပင်ဆက်ရက်"များ ငြိမ်ကျ သွား၏။ ဘမင်းလည်း လှည်းပေါ်မှ ခုန်ဆင်းကာ ဆီးပြုတ်သွားသောလှည်းထံ ပြေးသွား၏။ ထိုလှည်းမှာ လူငါးယောက်သာပါသဖြင့် လှည်းနားစောင့် ပြုတ်ကာ လှည်းဘီးကျွတ်သည်ကို မဖြုံ ပေ။ သို့ရာတွင် ၀င်ရိုးမှာ မူလကတည်းက နာနေခဲ့သည့်အတွက် အရေခွံလန်ကာ ကျိုးထွက်နေ ၏။
"ဟာ ဆရာလေး၊ အားနာစရာဗျာ"
လှည်းပေါ်မှလူများက မောင်မောင်အေးကို အားနာစကားဆိုကြ၏။

"ရွာထဲဝင်ပြီး ၀င်ရိုးဌားရ ကောင်းမလား"
"ကောင်းသယ်၊ သည်အကြံကောင်းသယ်"
သို့သော် ချောင်းဖြူရွာတွင်ရှိသော နွားလှည်းအားလုံးသည် ကိုးရေလျဉ်ကို သွားနေကြ၏။ အိမ်တွင် ကျန်ခဲ့သူများကလည်း လှည်းဝင်ရိုးအပို မည်သည့်နေရာတွင်ထားသနည်း မသိကြ။ ဤသို့ဖြင့် မောင်မောင်အေးတို့မှာ ရွာဦးမှာ ရွာဖျားသာရောက်၏။ လှည်းဝင်ရိုးငှား၍မရ။ မောင်အေးတို့မှာ ရွာဦးမှ ရွာဖျားသာရောက၏။ လှည်းဝင်ရိုးငှား၍မရ။
"ကိစ္စမရှိဘူး ဆရာလေး၊ နေပူမယ် သွားနှင့်ပါ"
မောင်မောင်အေးသည် ဘမင်းတို့လှည်းကို သွားနှင့်ရန် လွှတ်လိုက်ငြား သူမူ လှည်းကျိုးနှင့် ဆက်ပြီးနေခဲ့သည်။

မောင်မောင်အေးနေခဲ့ခြင်းမှာ ၀င်ရိုးအသစ်မလဲဘဲ လှည်းကို မည်သို့မောင်းမည်နည်း သိလိုသော ကြောင့်ဖြစ်သည်။ ဤသည်မှာလည်း အခက်ကြီးမဟုတ်ပါ။ ကျွတ်ထွက်သောဘီးကို လှည်းပေါ် တင်သည်။ သစ်ကိုင်းတစ်ကိုင်းရှာပြီး ဘီးနေရာတွင်ထောက်သည်။ လှည်းသည်ဘီးပါသောဘက် ဘီးလည်ပြီးရွေ့၏။ ဘီးမပါသောဘက်က တရွက်တိုက်ပြီးရွေ့၏။ သို့ရွာတွင် ထိုလှည်းသည် နောက်ကြောင်းပြန်၏။ လူအချို့ ထိုလှည်းဖြင့် ပြန်ပြီးပါသွားသော်ငြား အချို့ကား ကျန်နေခဲ့ရာ ထိုသူများကို မောင်မောင်အေးက သူ့လှည်းတွင် တင်လာသည်။
ကိုးရေလျဉ်သည် သဲကန္တရတွင်းက အိုအေစစ်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာဗဟုသုတခေါင်းပါး သော အရပ်ဖြစ်သောကြောင့် နတ်၏ တန်ခိုးဖြင့် စမ်းရေးစမ်းရေတွင်ပေါ်ပေါက်လာသည် ထင်ကြ ၏။ အလှူအတန်း ရှိလျှင် ကန်တော့ပွဲပေးကာ ရေတောင်းလျှင် ရေရသည်ထင်နေရှိကြ၏။

တောင်ဖျားအကျဆုံးက အုတ်ကန်ရေလျဉ်မြစိမ်းစမ်း။ ကံကော်ရေလျဉ်ဟုခေါ်ရခြင်းမှာ ကံ့ကော် ပင်တွေချည်း ပေါက်ရောက်သဖြင့် ဖြစ်ပေသည်။ ပုန်းညက်ရေလျဉ်ဆိုလျှင်လညး ပုန်းညက်ပင် တွေချည်း ပေါက်ရောက်သည်။ သို့သော် မောင်မောင်အေးတို့ရောက်ချိန်၌ ကိုးရေလျဉ်သည် ဆုတ်ယုတ်ပျက်စီးစပြုပြီ၊ နတ်ကြီးသည်ဆိုကာ မတို့ရဲ မထိရဲသောကြောင့် သစ်ရွက်ကြွေများဖြင့် မြေသြဇာကောင်းခဲ့သည်။ နှာင်းလူတို့ကား နတ်ကိုမကြောက်နိုင်ဘဲ ကိုးရေလျဉ်ကို ၀င်ရောက် ခုတ်ထွင်သည်။ စိုက်ပျိုးရေးလုပ်သည်။ တစ်ယောက် အဆင်ပြေသည်ကို မြင်ရသောအခါ နတ်မ ကြောက်သော နောက်လူများကလည်း တောတိုးကြပြန်သည်။ ကိုးရေလျဉ်သည် ဤသို့လျှင် စိုက်ပျိုးရေးသမားများကြောင့် အရိပ်အာဝါသ ပျက်စီးရသည်။ နောက်တစ်မျိုးကား သစ်ပင်တွေ ခုတ်ပြီး အုတ်ဖုတ်ခြင်းကြောင့် အရိပ်ရပင်များ လျော့ပါးသည်။ ဤနည်းဖြင့် နိမ့်ရာသို့စီးလာ သောစမ်းရေလည်း ဆုတ်ယုတ်တော့သည်။

သည်လူအုပ်တွင် ကိုဆေးရိုး ပါမလာငြား သူ့ဇနီးပါသည်။ သူ့သားနှင့်သမီးပါသည်။
မကျီးဒန်နှင့် မယ်မျှင် အမှူးပြုသူများသည် မောင်မောင်အေးကို "ဆပ္ပကျင်း"ရေလျဉ်မှ စောင့်ကာ၊ ထမင်းစားရန် အသင့်ပြင် ထားသည်။
"ဦးအေးရေ။ မောင်နှမကိုးယောက်။ အင်းဝသိုမာန်ဘွားရဲ့ ဘေးကြောင့် ပြေးလာခဲ့ရာက သည်တောအရောက် မှာ အမောဆို့ပြီးကွယ်လွန်ရာက သည်တောအရောက်မှာ အမောဆို့ပြီး ကွယ်လွန်ရာက နတ်ဖြတ်သာတဲ့ဗျ"
ဘညိန်း က သူကြားခဲ့ရသမျှကို မောင်မောင်အေးသို့ ၀မ်းသာအားရ ဖောက်သည်ချသော် လည်း မောင်မောင်အေး ခေါင်းမညိတ်။

"မင်း ခေတ်လူငယ်ဖြစ်ပြီး ယုံမနေနဲ့။ မင်းပြစ်မင်းဒဏ်သင့်လို့ ကုန်းကြောင်းပြေးလာရင်လဲ ဆိပ်ဖြူမှာမသေဘဲ သည်ရောက်မှ သေရသလား" "အေးဗျ၊ ဟုတ်သယ်"
"ရေလမ်းက ပြေးလာရင်လဲ ဟိုဘက်က ပခန်းငယ်စလေမှာ မသေဘဲ သည်ရောက်မျ သေရသ လားကွ"
"ဟုတ်သယ်နော်၊ ယုတ္တိမရှိဘူးဗျ"ဟု ဘညိန်းက သံယောင်လိုက်သော်လည်း မကျီးဒန်နှင့် မယ်မျှင်တို့ကား ရှိဦးတဖျားဖျားဖြစ်နေကြ၏။
"အရှင်ကြီး အရှင်ကောင်ားတို့တော်၊ မလိမ်မိုးမလိမ်မာ အမိုက်အမဲကို ဗွေမယူကြပါနဲ့တော်၊ တောင်းပါတယ်"
လက်အုပ် တချီချီဖြင့် ရှခိုးတောင်းပန်နေရာက မောင်မောင်အေးကို ငေါက်ငမ်း၏။

"နင်က ကံကောင်းလို့ နင့်ကို မလုပ်နိုင်ပေမဲ့၊ နင့်သားသမီးနင့်ဆွေမျိုးတွေ ကံအနိမ့်မှာ ဖမ်းစား လိမ့်မယ်တဲ့"
မကျီးဒန်မှာ သူ့ယောက်ဖ၏ ဇနီးဖြစ်သောကြောင့် မောင်မောင်အေးရိုးသေသည်။ သို့ကြောင့် ဆန့်ကျင် စကားဖြင့် မတုံ့ပြန်စေကာမူ ဘညိန်းကဲ့သို့သော် လူငယ်များကိုကား သွေးအထိုးမ လျှော့။
"ပထ၀ီ အနေအထားအရ မြင်းသဲ့ နေရာမှာ စမ်းရေမထွက်ဘူး၊ နိမ့်သဲ့ဟိုမြောက်ဘက် ငှက်ကွေး ကော်တုံနဲ့ မြေနုဘက်မှာ စမ်းရေထွက်သလို သည်ကိုးရေလျဉ်ဘက်မှာထွက်သယ်၊ အိုအေစစ် သဘောပေါ့ကွာ"
မောင်မောင်အေး၏ တရားနာသူမှာ ဘညိန်းတစ်ယောက်တည်းမဟုတ်ပေ။ ရမ်းဘိုကုန်းသား လူငယ်ကလေးတွေ ချည်း မဟုတ်။ ကြားသောလူငယ်တိုင်း ၀င်ရောက်နားထောင်ကြ၏။

"ဘုရင့်ရဲမက်တွေလိုက်ဖမ်းလို့ သေပြေးရှင်ပြေးပြေးရသဲ့ မောင်နှမ ခုနှစ်ယောက် မဖြစ်ဘဲ ဘာကြောင့်ကိုးယောက် ဖြစ်နေရတာတုံး။ ရေလျဉ်ကိုးခုမို့ မောင်နှမကိုးယောက်တဲ့။ ငါ့အထင် ပြောရရင်တော့ သည်လုပ်ဇာတ်ကို ပါးစပ်ရာဇ၀င်ပြောသဲ့ လူဟာ၊ ၀ဏ္ဏပဘာတို့ ၀ဏ္ဏကလျာတို့ မကြားဖူးလို့သာ "မဆေး၊ မကတိုး၊ မပု၊ မစု၊ မယု" ဆိုသဲ့ နာမည်တွေ မှည်သယ်ထင်တာပဲ"
"ဟုတ်သယ်ဗျ နော်၊ နှမက ရှစ်ယောက်၊ မောင်ကတစ်ယောက်တည်း"
"မောင်နန္ဒတို့ မောင်ဇေယျတို့၊ မောင်စန္ဒတို့ ရှေးခေတ်ကမှည့်ပါတော့လား။ အခုတော့ ကိုရင်ကြီးတဲ့"
"တစ်ဆိတ်ရှိ နတ်၊ တစ်ဆိတ်ရှိ နတ်နဲ့ဗျာ"
"စူးစမ်းလေ့လာမှု ဟာ ဤသည်မှာတွင် လမ်းပျောက်တာပေါ့ကွာ"
မောင်မောင်အေး သည် မတိုးတက်သော မိမိပတ်ဝန်းကျင်ရှိ လူများကိုကြည့်ကာ အားမရစွာ မြည်တမ်း၏။

"နင့်ပါးစပ်ကိုပိတ်၊ နတ်ဖမ်းစားလိမ့်မယ်"
မကျီးဒန်က လှမ်းပြောသည့်နည်းတူ၊ မယ်မျှင်ကလည်း ပြော၏။
"လှည်းတစ်စီး၊ ဘီးပြုတ်ပြီး ၀င်ရိုးကျိုးသာဟာ တော့်ကြောင့်သိလား"
မောင်မောင်အေး ပြုံး၏။
"အဲသည် လှည်းဝင်ရိုး ကျိုးသဲ့ လူတချို့ ရွာပြန်သွားကြသယ်၊ တချို့က ငါ့လှည်းနဲ့  လိုက်လာပေ မယ့် လူအုပ်ထဲ ပျောက်သွားပြီ။ အဲသည်လူတွေကို နာမည်တောင် မသိလိုက်ပါဘူး မယ်မျှင်ရာ"
"ကိုးရေလျဉ်နတ် က တော့်ကို သတိပေးတာ၊ ကံမြင့်နေသဲ့တော့ကို မထိဘဲ တော့်ဘေးက ကံနိမ့် သဲလူတွေကို သွားထိပြီး လှည်းဝင်ရိုးကျိုးသာ၊ မသေသော ကံကောင်းသယ် ပြောရတော့မှာပေါ့"
ကာယကံရှင် မောင်မောင်အေးက ပြုံးရုံသာပြုံုးငြား၊ ဘညိန်းတို့က ၀ိုင်းဝန်းရယ်မောသည်။ ထိုအခါ ဘညိန်း အမာန်ခံရ၏။

"နင်က ဘာဟီလာတိုက်နေသာတုံး"
ဘညိန်းသည် မောင်မောင်အေး၏တရားကို ဆက်နာလျှင် ခုံဖိနပ်စာ မိနိုင်သောကြောင့် ထပြီးလူ အုပ်ထဲသို့ ၀င်ရောက်ပျေက်ကွယ်သွားလေ၏။ နတ်မကြောက်သူနှင့် အုတ်ဖုတ်သူတို့ကြောင့် စိမ့်ကြီးမြိုင်ကြီး ပါးလျားစေကာမူ၊ နေပြောက်သည် အနည်းငယ်သာ ထိုး၏။ မည်သည့်ပန်း၏ ရနံ့ပါဟု အတတ်ပြော၍ မရသော်ငြား၊ ကိုးရေလျဉ်လေထုမှာ ပန်းနံ့သင်းနေ၏။ သွားသူ၊ ပြန်သူ၊ ထိုင်သူ၊ ထသူဖြင့် ဆပ္ပကျင်းရေလျဉ်မှာ လူအစည်းကားဆုံးဖြစ်သည်။ နတ်တဲ နတ်နန်းမရှိငြား နတ်အခမ်းအနားဖြစ်သည်။ နတ်အခမ်းအနား ဖြစ်ကာမှ ဖြစ်ရော နောက်ပြောင်မှုမရှိချေ။
ကိုရေလျဉ်တောကြီးမှာ အုတ်အုတ်ကျက်ကျက် လူသံများဖြင့် စည်ကားနေရာတွင် မကျီးဒန်၏ အသံ စူးစူးဝါးဝါးပေါ်လာသည်။
"ဟဲ့ ဘညိန်း၊ ဘညိန်း"
မကျီးဒန်အပါးတွင် မယ်မျှင်တို့ လင်မယားသာရှိသည်။ ဘညိန်းတို့မောင်နှမ မရှိပါ။

"ဘညိန်း မရှိဘူးလေ၊ ဘာခိုင်းချင်လို့တုံး"
မယ်မျှင်က အခြေအနေကို ရှင်ပြ၏။
"ဘညိန်း က အရေးမကြီးဘူး၊ အရေးကြီးတာက သူ့အစ်မချောစိန်"
မကျီးဒန် သည် သူဘေးရှိ ချောစိန် မည်သည့်အချိန်က ထသွားသည်ကို မသိလိုက်ပေ။ မောင်မောင်အေး၏ စကားတွင် အာရုံရောက်နေသောကြောင့် ဖြစ်သည်။ သည်ကိုးရေလျဉ်ကို ရမ်းဘိုကုန်း ကဲ့သို့သော တောင်အရပ် မှ လူများသာ လာသည်မဟုတ်ပေ။ မြောက်အရပ်မှလည်း လာသည်။ အရပ်လေးမျက်နှာ မှ လာသူများကြား တွင် ချောစိန် ကို ရှာဖွေရန်မလွယ်ကူပေ။ ချောစိန် သည်လှည်းပေါ်မှာ ကတည်းက လူအုပ်ထဲရှိ ကာလသားများထံ မျက်စိ ရောက်နေသည်။ ကာလသားအုပ်ထဲရှိ ထွန်ရထံသို့ မျက်စိအရောက် တွင်ကား ချောစိန် ဣနြေ္ဒရသွားတော့၏။

မယ်မျှင်မှာ ချောစိန်နှင့် အနေမနီးသော်ငြား၊ ရည်းစားရှိကြောင်းကား ရိပ်မိသည်။ ယခု လှစ်ခနဲ ချောစိန်ပျောက်သွားခြင်းမှာ ရည်စားနှင့်ချိန်တွေ့ခြင်းဖြစ်ရမည်ဟု ခန့်မှန်းသည်။ မကျီးဒန် ဟိုကြည့် သည်ကြည့် သမီးကို ရှာနေစဉ် မယ်မျှင်သည် မသိမသာထလာသည်။
သူ့တူမ ချောစိန် မည်သည့်နေရာတွင် ရှိနိုင်သနည်း။ မယ်မျှင်သည် ဆိတ်ကွယ်ရာကို ရှာသည်။ အင်းကြင်းပင် တစ်ပင်အောက်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ချောစိန်ကို ရိပ်ခနဲ မြင်သည်။ မယ်မျှင်ကိုလည်း ချောစိန်က မြင်သွားဟန်ရှိသည်။ ဒုတိယအကြိမ် လှမ်းကြည့်သောအခါ ချောစိန်ကို မတွေ့ရတော့ပေ။ သို့ရာတွင် ထိုနေရာသို့ မယ်မျှင်လာသည်။ ကျောက်တုံးကြားတွင် ၀ပ်နေသော တူမချော။

"အမေ့ကို ပြန်မပြောပါနဲ့ ထွေးလေးရယ်"
ချောစိန် က မယ်မျှင်ကို ဖက်ပြီးတောင်းပန်သည်။ ချောစိန့်ရည်စားထွန်ရမူ လက်အုပ်ချီမိုး ရှိခိုးပြီး တောင်းပန် သည်။
"ဒေါ်ကျီးဒန် မသိပါစေနဲ့ဗျာ"
မယ်မျှင် ကား အိမ်ထောင်ရှင်ဖြစ်သည်။ ရှေ့နောက် နှိုင်းချိန်၍လည်း စဉ်းစားတတ်ပေပြီ။ ထို့ကြောင့် အလေးအနက်ပြော ရတော့သည်။
"ဟဲ့ သမီးကိစ္စ မအေမသိလို့ ဖြစ်မလား"
"စိတ်ဆိုးပြီး ရိုက်မှာစိုးလို့ပါ ဒွေးလေးရယ်"
"အေး၊ ဆဲခါမှဆဲ၊ ရိုက်ခါမှရိုက်၊ အမေကိုတော့ ပြောရမှာပဲ၊ နေပါဦး၊ တစ်နေ့သောအခါမှာ အမေ တောင် မဟုတ်ဘူး၊ အဖေ့ကိုပါ အသိပေးရမှာ မဟုတ်လား"
"ဟုတ်တော့ ဟုတ်ပါတယ် ဒွေးလေးရယ်"
"ကဲ လာ၊ သွားကြစို့" မယ်မျှင် သည် ရည်းစားနှင့်ချိန်းတွေ့သောတူမကို မကျီးဒန်ရှေ့မှောက်သို့ ခေါ်လာသည်။

"ရည်စားနဲ့ချိန်းတွေ့တာကို တွေ့လို့ခေါ်လာသာ၊ အဲသည်လို ပွင့်ပွင့်လင်းလင်းပြောသာကို မထောက်ထားဘဲ ဆူလားပူလားမလုပ်နဲ့နော်"
မကျီးဒန်သည် သမီးကို စူးစိုက်ကြည့်၏။ မိမိက ယခုထက်တိုင် ကလေးဟုမြင်ထားသော သမီးသည် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် အရွယ်ရောက်နေပါပြီကော။
"အင်း ငါကတော့ ငါ့သမီး ငယ်သေးငယ်သေးနဲ့၊ လက်စသတ်တော့ မရွှေစာက ရည်းစားတောင် ရှိနေပြီကိုး"
သည် အချိန်ဝယ် ချောစိန်အလုပ်တတ်ဆုံ အပြုအမူမှာ ခေါင်းငုံ့ထားခြင်းသာဖြစ်၏။ ထိုအခါ မယ်မျှင် ၀င်ဖြေရသည်။

"ငါ့တူမရဲ့ ကောင်လေးက ဘယ်လိုခေါ်တုံး၊ ဘယ်ရွာကတုံး၊ ညည်းတို့ ဘယ်လိုလုပ်ပြီး တွေ့ကြ တာတုံး"
"သူ့နာမည် က ထွန်းရပါ ဒွေးလေး၊ တောင်ပစ်ကုန်းကပါ၊ ကျီးသိုက်ဘုရားပွဲမှာ တွေ့ခဲ့သာပါ ဒွေးလေး"
"သူ့မိဘကကော"
"ဦးအေးမောင် ဒေါ်လှသင်၊ ယာလုပ်သယ်၊ မုဆိုးလုပ်သယ်တဲ့ ဒွေးလေး"
မကျီးဒန် မဲ့ကာရွဲ့ကာ သူတပါးကို မှိုချိုး မျှစ်ချိုး ပြောတော့၏။
"ယာလုပ်သတဲ့၊ ယာလောက် မိုးခေါင်တဲ့အရပ်မှာ ယာလုပ်တော့မြက်ပဲ စားရမှာပေါ့၊ ဒါလောက် သစ်ကြီးဝါးကြီး မရှိသဲ့အရပ် မှာ မုဆိုးလုပ်တော့ကော ဖွတ်နဲ့ပုတက်ပဲ ရမှာပေါ့၊ ဟင်း ဟင်း ကြီးပွား ဦးမယ်"
မည်သို့ပင် မကျီးဒန်မဲ့ကာရွဲ့ကာ အငေါ်တူးစေကာမူ၊ ထွန်ရအကြောင်းကို စုံးစမ်းရပြီ။ ကျောက်ခဲ ကုန်းဘက်တွင် အသိမရှိစေကာမူ ထိုရွာဘက်၌ ကျွမ်းကျင်သော ညောင်ကုန်းသူ ညောင်ကုန်း သား၊ ရှားတောသူ ရှားတောသားများမှ တဆင့် စုံစမ်းကြည့်ရသည်။ အားရှိစရာ မကောင်းပါ။

ချောစိန်၏ရည်းစား ထွန်းရမှာ မသောင်သာသော မိဘ၏သားဖြစ်သည့်အပြင် မွေးချင်းကလည်း များသေးသည်။ မွေးချင်း စုစုပေါင်း သူပါဆိုလျှင် ခုနစ်ယောက်ဖြစ်သည်။ ထွန်းရအထက်တွင် မိန်းကလေးနှစ်ယောက် မိဦးနှင့် မိခြူးဟူ၏။ မိခြူးအောက်တွင် ထွန်းရ။ ထွန်းရအောက်၌ ထွန်းလှနှင့် ထွန်းမြ၊ မယ်ခင် မယ်ယဉ်။
မကျီးဒန် ရင်မောရသည်။ "ကံပေါ့အေ"ဟု ကံကို လွှဲချရသည်။ ကိုယ်ကိုယ်တိုင်က မဟာပထ၀ီမြေ ကြီးကို အိုးထိန်းစက်ပေါ် တင်ပြီး ထမင်းစားနေရစေကာမူ ကိုယ့်သမီးကို ကြွယ်ဝသူနှင့် အကြောင်း ပါစေချင်၏။ မကျီးဒန် မှာ င့ါသမီးလေး ငယ်လှသေးဟု အိမ်ထောင်ရေးကိစ္စ မသင်ပြမိ။ သို့ဖြစ် သောကြောင့် ကြိုက်မိကြိုက်ရာ ကြိုက် ကြပြီ။

သို့ကြောင့် မကျီးဒန် ရင်မောရသည်။ ရင်မောရသည့်ကိစ္စကိုမေ့ပျောက်စေကာ၊ လက်ငယ်းရောက် ရှိနေသော ကိုးရေလျဉ်ပွဲတော်ကို မကျီးဒန် အာရုံပြုသည်။ မောင်မောင်အေးတို့ ဘယ်ရောက်နေ ပါလိမ့်ဟု လည်ပင်းရှည်ကြည့်၏။
မောင်မောင်အေးသည် ဝေးဝေးမသွား၊ ရိပ်ခနဲ ရိပ်ခနဲ လှမ်းမြင်ရသည်။ သူသည် ပန်းကောက်အဖွဲ့ တွင်သူငယ်ချင်းများနှင့်တွေ့ကာ ဟားတိုက်ရယ်မောနေရာက မကျီးဒန်ထံ ရောက်လာ၏။
"အစ်မကြီးရဲ့ သားသမီးတွေကို ငယ်သေးတယ် ထင်မနေနဲ့နော်"
"တော်က ဘယ်မှာ ဘယ်လိုမြင်ခဲ့သတုံး"
သူ့အမေး ကို မောင်မောင်အေး ဖြေချိန်မရှိ။ မယ်မျှင်ကို လက်ဆွဲလျက် ပြေးထွက်သွားပြီး။ မကျီးဒန်၏ရှေ့ တွင်ကား မသာယာသော မျက်နှာဖြင့် ငေးမှိုင်နေသော ချောစိန်။

"ကဲပါ သမီးရယ်၊ ညည့်အဖေသိရင် ညင်ညင်သာသာဖြစ်အောင် ဘယ်လိုပြောမတုံး စဉ်းစားထား ပေါ့အေ၊ ကြိုပြီး စိတ်ညစ်မနေနဲ့"
မကျီးဒန်သည် သမီးကိုပြောရင်းက ထမင်းအိုးကို ဖွင့်သည်။ ဆွမ်းခူးသည်။ နီးရာစေတီတွင် ဆွမ်းတော်ကပ် လှူသည်။ ဘုရားဖက်တော့ အသက်ရှည်ဟူသော စကားသည်မှန်၏။ အကြောင်းမူ မကျီးဒန်မှာ ရတနာသုံးပါး ဖက်သို့ အာရုံရောက်မိသည်နှင့် စိတ်အေးချမ်းကြည်လင်လာရ သောကြောင့်တည်း။
"ဟဲ့ ထမင်းစားကြတော့မလား"
မောင်မောင်အေးနှင့် မယ်မျှင်တို့ ပြန်ရောက်လာသဖြင့် ဆီးကြိုမေးရာ မယ်မျှင်က "အစ်မနေ၊ ကျွန်မ ခူးပေးလိုက်မယ်" ပြောကာ ထမင်းအိုးနားကပ်သွားသည့် အခိုက် မောင်မောင်အေးက မကျီးဒန်ကိုပြော၏။

ချောစိန် က အရွယ်ရောက်လို့ ရည်စားထားသာ ရှိစေတာ့။
သို့သော် မောင်မောင်အေး သည် မယ်မျှင်ခူးလာသော ထမင်းကို လှမ်းယူရသဖြင့် စကားပြတ်သွား လေ၏။
"ကိုမောင်မောင်အေး တော့်စကားက ဘာတုံး၊ ချောစိန်က အရွယ်ရောက်လို့ ရည်စားထားတာ ရှိစေတော့ ဆိုတော့၊ ဘညိန်း ဘာဖြစ်သတုံဟင်၊ ကျွန်မသားလေး ရည်းစားသနာ ရှိပြီလား"
မကျီးဒန် အသက်ရှူမှားမတတ်ဖြစ်လာသောအခါ မောင်မောင်အေးသည် လက်ဝါးပေါ်တင်ထား သည့်ထမင်းအောက်ခံ ကျွန်းရွက်ကို မျက်နှာပြင်ညီညာ သည့် ကျောက်တုံးပေါ်သို့ ပြောင်းရွှေ့ချ ထား၏။

"ဟုတ်သယ် မကျီးဒန်ရေ၊ ခင်ဗျာ့သားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားသဗျ"
"အလိုလေးတော်"
မကျီးဒန် ရင်ဘတ်ကိုဖိငြား၊ မောင်မောင်အေးက အပြောမရပ်။
"သာစည်ရွာက ကျုပ်သူငယ်ချင်းရဲ့နှမ လှမေတဲ့ဗျား၊ သူ့မိဘတွေကတော့ မိရိုးဖလာ လယ်သမား ချောင်းသမားပဲ"
"ကိုမောင်မောင်အေးရယ်၊ ကိုသိုလ်လိုချင်လို့ ဘုရားပွဲကိုလာတော့မှပဲ၊ အနို့နေပါဦး၊ မိန်းကလေး ရဲ့မိဘက ဘယ်သူတွေတုံး"
"ကိုပန်းဆီ မပန်းဥတဲ့၊ သားသမီးသုးယောက်မှာ လှမေက အငယ်ဆုံး"
မကျီးဒန်မှာ နားတွေ အူလာ၏။ ကိုးရေလျဉ်၏ အအေးဓာတ်သည် မကျီးဒန်အတွက် မဟုတ်လေ ယောင်။

၁၁

မယ်မျှင် သည် ကိုးရေလျဉ်မှအပြန်တွင် သူ့အမေ မယ်ကြွယ်စိုး၏ အခြေအနေကို အားမရ သဖြင့် မောင်မောင်အေးထံ ခွင့်တောင်းပြီး အမေ့ထံပါးတွင် နေခဲ့၏။ မယ်ကြွယ်စိုးမှာ အမှတ်တမဲ့ကြည့် လျှင် လူကောင်း ထင်ရငြား၊ မကောင်းပေ။ အိမ်ချင်းကပ်နေသော သားနှင့် ချွေးမကိုမသိသည့် နည်းတူ မယ်မျှင် ကိုလည်း "ညည်းက ဘယ်သူ့သမီးတုံး" မေးနေသည်။ သို့ကြောင့် မယ်မျှင် သည်မောင်မောင်အေးထံတွင် မျက်ရည်လည်ရွဲဖြင့် တောင်းပန် ရသည်။
"အမေ့အခြေအနေ မကောင်းဘူး မောင်ကြီး"
"အေးပါကွယ်၊ ငါလည်း ခွင့်ယူလို့ရင် လာခဲ့ပါမယ်"
ထိုသို့လျှင် မယ်ကြွယ်စိုး၏အပါးတွင် မယ်မျှင် ရောက်နေသောအခါ ကိုဆေးရိုးမှာ လယ်ပြင်သို့ သွားသာ၏။ ကိုဆေးရိုးမှာ သားလူပျိုပေါက်ရှိသော်ငြား၊ စိတ်မချရ။ လယ်ပြင်တွင် ငန်းပြား စိုက်ထားခဲ့ပြီး ဝေးဝေးလံလံ လယ်ပွဲသို့သွားကာ လူပျိုလှည့်နေတတ်သဖြင့် စိတ်မချ။ ကိုဆေးရိုး သည်သူ့ဇနီး မကျီးဒန် ပူစောင့် ပူပန်ဖြတ်တတ်သဖြင့် ဘညိန်းအကြောင်းကို ပြောမပြပေ။ သားအကြောင်းကို အတန်အသင့် သိထားငြား၊ သမီးအကြောင်း ကို မသိပေ။ မသိသောကြောင့် လည်းကန့်လန့်တင် နှမ်းပင်ပေါက်များကို ကြည့်လျက် ကြည်နူးချမ်းမြနေရခြင်း ဖြစ်၏။

"မပြေးသော် ကန်ရာရှိနိုင်ပါ့မလားဗျ၊ ဒွေးနှစ်ဖော် သံဝါညှိစဉ်က တန်ပါဘိရယ်တဲ့ မဘို့မယ်"
လူချင်း မရင်းနှီးသော်ငြား၊ လယ်ပွဲ သုံးပွဲကျော်က သီးကုန်းသား၏ လွမ်းလွမ်းဆွေးဆွေး ဟစ်လိုက် သောအသံဖြစ်မှန်း ကိုဆေးရိုးသိ၏။ ထိုအခါ မန်းကျည်းပင်ပု ဘုန်းကြီးကျောင်းအနီးရှိ ယာထဲမှ ကိုကျော်အေး ကို သတိရသည်။ ဤသို့ဖြင့် မရီးဖြစ်သူ မယ်ငြိမ်းစည်ကို ပြေးပြီး မြင်ယောင်သည်။
အစ်ကိုငထွန်းကား သည် မယ်ငြိမ်းစည် ကို ချဉ်သည်ခါးသည် မပြောငြား၊ အရေးတကြီးကား တန်ဖိုးမထားပေ။ ယခု ရေနံချောင်း သို့ သူတို့ ပြောင်းသွားခြင်းသည် မည်သူ့အကြံနည်း၊ မန်ကျည်းပင်ပုတွင် နာမည်ပျက်လွန်း သဖြင့် မယ်ငြိမ်းစည် တောပြောင်းခြင်းလော။ ငထွန်းကား နယ်သစ်ရှာခြင်းလော။

ကိုဆေးရိုးသည် လယ်ပွဲအဆုံးရှိ မြောင်းပေါင်ပေါ်တွင်ရပ်လျက် တောင်အရပ်သို့ မျှော်ကြည့်နေ သည်။ မည်းမည်း အရာတစ်ခုကို မြင်သည်။ ထိုအရာသည် တဖြည်းဖြည်း ကြီးလာငြား၊ ကိုင်းတော အစပ် တွင် ပျောက်ကွယ်သွား၏။ ကိုဆေးရိုး မျှော်ကြည့်ခြင်းမှာ ထိုအရာသည် သူ့သား ဘညိန်း ဖြစ်လေမည်လော မျှော်လင့်ချက်ဖြင့် ကြည့်ခြင်း ဖြစ်၏။
ယခု ဘညိန်း မဖြစ်သဖြင့် ကိုဆေးရိုး သက်ပြင်းချ၏။ လှမေအမည်ရှိသော သည်မိန်းကလေးကို မည်သို့ သိသနည်း။ မည်သို့ငြိသနည်း။ ကိုဆေးရိုး တွေးရင်း ငေးသည်။ ငေးရင်းက တစ်ဖက် လယ်ပွဲသို့ ဆင်းခဲ့သည်။ ပျိုးခင်းသော် မျှ မထွန်းရသေးပါတကား။

လယ်ရှင်သည် လယ်လုပ်သူကို လယ်ထဲမဆင်းရန် တားမြစ်ခြင်းဖြင့် သူရင်းငှားအသစ်ချထားရန် ကြိုးစားခြင်းလော။ လယ်ရှင်သည် တရုတ်လော၊ ကုလားလော၊ ချစ်တီးလော၊ မြန်မာမြေပိုင်ရှင် လော၊ ကိုဆေးရိုး မသိပါ။ ကိုဆေးရိုးသိသည်မှာ နှမ်းကြဲသည်ဖြစ်စေ၊ မကြဲသည်ဖြစ်စေ ပျိုးခင်းအ တွက်ကား ထွန်သင့်ပြီ။
ကိုဆေးရိုး သည် ထိုလယ်ပွဲတွင်ရှိနေရမည့် ပျိုးခင်းထွန်ရေးကို မတွေ့ရသောကြောင့် စိတ်ထင့်ခဲ့ ၏။ သို့ရာတွင် ခွေးကတက်လယ်ပွဲ၊ ဖားပြုတ်ပင်လယ်ပွဲ၊ ဥနှဲပင်လယ်ပွဲနှင့် အခြားလယ်ပွဲသုံးခုမှာ ပါပျိုးခင်းထွန်ရေး မတွေ့ရသောအခါ ဥပေက္ခာတရား ရင်တွင်ပိုက်တော့သည်။

"တို့လယ်သမားတွေရဲ့ ဘ၀ကတော့"
ကိုဆေးရိုးသည် ဤမျှထက်ပိုပြီး မသုံးသပ်တတ်ပါ။ ရွာတံခါးသို့ ၀င်မိလျှင်ဝင်မိချင်း အိမ်ဘက် သို့လှမ်းကြည့်သည်။ ကြားနေကျမကျီးဒန်၏ အိုးပုတ်သံကို မကြားရပြန်သောအခါ ရင်ထဲ၌ ဟာ၏။
"မအေ မအားလဲ သမီးပုတ်ရမှာပါ၊ အခုတော့"
အမှန်ပင် မကျီးဒန်၏ ကန္နားဖျင်းမှာ တိတ်ဆိတ်နေ၏။ မကျီးဒန်ချက်ပြုတ်လုပ်ကိုင်နေသလော။ သို့ဆိုက သမီးကြီး အဘယ်မှာနည်း။ မယ်ကြွယ်စိုးသည် မကျီးဒန်၏ အမေရင်းမဟုတ်စေကာမူ အနေနီးသဖြင့် အမေရင်း သဖွယ် ဖြစ်နေ၏။ သူ့ထံတွင် မယ်မျှင်ရောက်ပြန်သော်လည်း ပစ်မထား နိုင်။ အမေမယ်ရွှေအိမ်ကလည်း "ကိုယ့်ယောက်ျား ရဲ့ အမေကိုယောက္ခမလို့ သဘောမထားနဲ့။ အမေရင်းလို သဘောထား၊ ဆက်ဆံပါ"ဟု မှာကြား သည်။ ထို့ကြောင့် မယ်ကြွယ်စိုးထံ မကျီးဒန် သွားသည်။ မယ်မျှင်ထံတွင် တိုးတိုးတိတ်တိတ် စုံစမ်း ရသည်။

"ဘယ့်နှယ်နေသတုံး"
"လျှက်မန်းရည် တစ်ပန်းကန်တော့ ကုန်လုနီးပါးပဲ"
လျှက်မန်းရည် တစ်ပန်းကန် ဆိုသည်မှာ မနည်းပေ။ ထို့ကြောင့် ၀မ်းသာအားရ ပြန်ဆင်းလာသော အခါ သမီးကြီးမရှိချေ။ ခုနက အိုးပုတ်မည့်ယောင်ယောင်၊ မြေနင်းမည့်ယောင်ယောင် လုပ်နေ သည်။
"ဘယ်သွားလိုက်ပါလိမ့်"
ရွက်အိုးများ တန်းစီထားသည့်စင်တွင် ရေအိုးတစ်လုံး လျော့နေသည်။ ရေမှုတ်အသစ်လည်း ပျောက်နေသည်။
"ဧကန္တ ရေခပ်ဆင်းသွားတာ ဖြစ်ရမယ်"
ချောစိန် ရေခပ်ဆင်းရာ တွင် ရိုးရိုးမဆင်းပေ။ တောင်ဖျားကလှရီ လာခေါ်မှ လိုက်သွားသည်။ လှရီ ကလည်းအကောင်းခေါ်ခြင်း မဟုတ်။ သူ့ထံသို့ ထွန်းရရောက်လာသောကြောင့် ထွက်လာခြင်း ဖြစ်သည်။ လက်ယက်တွင်းတွေ က နက်ကုန်ပြီ။ သို့ကြောင့် ချောင်းလယ်ဘက်သို့ ရွှေပြီး တွင်း ယက်ကြ ရေခပ်ကြရသည်။ ထွန်းရမှာ လက်ယက်တွင်း ဟောင်းထဲ ၀င်နေကာ ချောစိန်ကို စောင့်ရ သည်။ သဲပြင်ပေါ် ပြောင်ကြီး တွင် မနေရဲ။ သို့ဆိုပါက ချောစိန်နှင့်လည်း စကားပြောလမ်း မရှိ။

ချောင်းလယ်ရေစီးအနီးတွင် ရေဆုတ်သွားသော တွင်းဟောင်းရှိသည်။ ရေခပ်ဆိပ်တွင် လူပါးချိန် မို့ တွင်းဟောင်းထဲသို့ ထွန်းရအေးအေးဆေးဆေး ၀င်နေရဲသည်။ သို့သော် မကြာခဏကား ခေါင်းဖော်၍ ကြည့်ရသည်။
ချောင်းလယ် က သောင်တွင် ဆင်နီပင်နှင့် ကိုင်းပင်များ "တလိန်းထိုး"နေကြ၏။ လေဝှေ့လျှင် ရှဲခနဲ မြည်သော အသံ ကိုပင် ထွန်းရ လန့်နေရ၏။
ဤသို့ရှိစဉ် သူရှိသောတွင်းဘေးသို့ ချောစိန် ရောက်လာ၏။ သူခေါင်းဖော်ရုံ ဖော်သည်။ တွင်းဟောင်း ထဲတွင် နှစ်ယောက် ချောင်ချိစွာ ထိုင်နိုင်ငြား၊ မခေါ်ရဲ။
"ချောစိန် နေကောင်းလား"
"နေကောင်း လို့ ရေခပ်ဆင်းလာတာပေါ့တော့်"
အငေါ်တူးသည့် စကား၊ ပြေပြေပြစ်ပြစ်မရှိသောစကား ဖြစ်စေကာမူ ထွန်းရနားထဲတွင် သာယာလှ သည်။

"နင်တို့လယ်မှာ ပျိုးခင်း ထွန်ပြီလား"
"မသိတော့လားတော်၊ ကျုပ်မှ လယ်ပြင်မရောက်သာ"
"အေ ဟုတ်လား၊ နှမ်းပင်တွေကော အပေါက်စုံပြီလား"
"မသိဘူး"
ငုတ်တုတ်ကြီးထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် တိတ်ဆိတ်စွာ ကြည့်မနေရရန် လျှောက်မေးရငြား၊ ထွန်းရ သည် လယ်သမားမဟုတ်၊ ဥယျာဉ်သမားသာ ဖြစ်၏။
"တစ်ဝါကျွတ်ပြီး၊ နောက်တစ်ခါ နီးလာပြန်ပြီ ချောစိန်"
"အဲသာ ဘာဖြစ်တုံး"
"နင်နဲ့ငါနဲ့ နီးဖိုးကောင်းပြီဟ၊ ကြာရင် လူပျိုကြီး အပျိုကြီးတွေ ဖြစ်ကုန်တော့မှာပဲ"

"လူပျိုကြီး အပျိုကြီး ဘ၀ဟာ ဘယ်လောက် အေးသတုံး"
"မလုပ်လိုက်ပါနဲ့ဟာ တောင်းပန်ပါတယ်"
လက်နှစ်ဖက်ကို ကိုင်ပြီးတောင်းပန်စကား ဆိုချင်သော်ငြား၊ ထွန်းရမှာ တွင်းဟောင်းထဲက မတက်ရဲ။
"နင်သာ အပျိုကြီးလုပ်သွားရင် ငါတော့ရူးမှာပဲ ချောစိန်"
"တော်ပြောစရာက သာပဲလား၊ ဟိုမှာ ရေအိုးပြည့်နေပြီ"
"ငါပြောချင် သာကတော့ တောင်းဖို့ရမ်းဖို့အတွက် ကြောင်းလမ်းမယ့်လူကြီးတွေ ကနေ့ညနေ လွှတ်လိုက် ရမလား"
ချောစိန် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

"သည်မှာ ဘာမျှမပြောရ မဆိုရသေးဘဲနဲ့ တော်က အကြောင်းအလမ်းက လွှတ်မယ်ဆိုတော့၊ ဘာလဲ၊ လူကို ဟင်းရွက် ကန်စွမ်းရွက် မှတ်နေသလား"
"အမယ်လေးဗျာ မမှတ်ပါဘူးဗျာ၊ တောင်းပန်ပါသယ်"
ထွန်းရသည် တွင်းထဲမှ ခုန်ထွက်မတက် တောင်းပန်သည်။
"ချစ်လွန်းလို့ စကားအပြော လောကြီးသွားသာပါ။ တောင်းပန်ပါသယ်"
"နက်ဖြန် သည်အချိန် သည်နေရာကိုပဲ လာခဲ့ပေါ့၊ ကနေ့အမေတို့ အမေကြီးတို့ကို ပြောကြည့် မယ်လေ။ အခြေအနေကို နက်ဖြန်ကျမှ ပြောမယ်"
"အမယ်လေး၊ ၀မ်းသာလိုက်သာ ချောစိန်ရာ"

ထွန်းရသည် တွင်းဟောင်းထဲမှ ထရပ်ကာ ချောစိန်ကိုဖက်ငြား၊ ဖက်ခွင့်မရပါ။ ဆောင့်အတွန်းခံရ သဖြင့် တွင်းထဲသို့ ဖင်ထိုင်ကျသွား၏။ ချောစိန်မှာ လက်ဖျားဖြင့် အထိအခတ်ခံရသည်ကိုပင် ရှိန်းဖိန်းနေ၏။ သို့သော် အမေ့ထံ မည်ကဲ့သို့သော မျက်နှာထားဖြင့် ချဉ်းကပ်မည်နည်း။ မည်ကဲ့ သို့သောစကားကို စပြောမည်နည်း။
"အမေ သမီးမှာ ရည်စားရှိသယ်"ဟူ၍ ဆိုင်းမဆင့်ဗုံမပါပြောရမည်လော။
"အမေ သမီးလေ ရည်းစားနဲ့ချိန်းတွေ့တာ သူက"
အမေ့ထံ မည်သို့ချဉ်းကပ်ရမည်နည်း စိတ်ကူးလာသောကြောင့် ချောစိန်၏မျက်နှာမှာ ချို၍နေသ လော၊ မရွံ့မရဲပင်ဖြစ်နေသလော၊ ရေခပ်ချိန်မဟုတ်ဘဲနှင့် ရေခပ်ဆင်းခြင်းကိုက ပြောစရာ၊ သို့တစေ ချာစိန်မှာ စိတ်ကူးဖြင့် မောနေ၏။

အမေ့ထံသို့ မသွားဘဲ အမေကြီးထံ ဦးစွာချဉ်းကပ်လျှင် မည်သို့ ရှိမည်နည်း။ သူတို့သားအမိချင်း ပြောရဆိုရ အဆင်ပြေလွယ်မည်။
"ဟုတ်သယ်၊ အမေကြီးကို"
ချောစိန်၏ အတွေး မဆုံးပေ၊ စိတ်ကူးနှင့်အတူ အမေကြီးကို အိမ်ဘက်သို့ မျက်တောင်ကော့ကြီး တွေပင့်ကြည့်၏။
"ဟင်၊ အလို အို"
အမေကြီးတို့ အိမ်ပေါ်တွင် လူရှုပ်နေသည်။ ဆင်းကြတက်ကြသော မိန်းမတွေ၏ မျက်နှာထားမှာ စိုးရိမ်ကြောင့်ကြသော အမူအရာ များအထင်းသား ပေါ်နေသည်။ အမေကြီး အခြေအနေ မကောင်း  သေးလျှင် မိမိကိစ္စ လည်း ရွှေ့ထားဦးမှ။

ဆင်ဖြူကွန်းအောင်သိန်း
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Friday, June 29, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၉)

ဤသို့ဖြင့် ငထွန်းကား မယ်ငြိမ်းစည်တို့အိမ်တွင် အိမ်သာ ပေါ်ပေါက်လာသာအခါ ကိုရင်ကုမာရ ကိုကျော် လူထွက်သည်။ "အမေ့ကို သနားပါဦး သားရယ်" စသော အပြောတွေလည်း ပါသည်။ သိုရာ တွင် ကိုရင်သာသန က လူမထွက်။
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 28, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၈)

"အေးဟ။ မင်းနွားနှစ်ကောင်ကို တွေ့ခဲ့သမောင်။ မယ်ငြိမ်စည်က နွားစာတွေ ဘာတွေ စဉ်းလို့ဗျာ။ အစောကြီးမို့ ငါက အားနာနေပေ မဲ့ မဟုတ်ဘူးတဲ့။ ဆန်အိတ်သယ်ရအောင်လာရာမှာ ငါ့ကို ခရီးကြုံ လိုက်ပို့သာတဲ့" မောင်ဆေးရိုး လွန်စွာ ကျေနပ်၏။ သည်ပုံအတိုင်းသာ "လှည်းငှား" လိုက်စားနေလျှင် ငါးဆယ် ကျပ် ဖြင့် ပေါင်နှံ ထားသော ဆယ်ဧကကျော် ကျယ်သည့် ယာကြီးကို မကြာမြင့် မီ ရွေးနိုင်တော့ မည် ယုံကြည်သောကြောင့် ဖြစ်၏။ ကို ဆက်ဖတ်ရန်..........
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 27, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၇)

အဲသည်ကတည်းက အိမ်ထောင်ရေးကို မစဉ်းစားတာ၊ အခုအထိပါပဲဗျာ" ထိုအပြောဖြင့် ကပ္ပိယကြီး ဦးပြား သည် သူအိမ်ထောင်မပြုခြင်း၏ အကြောင်းကို နိဂုံးချုပ်၏။
"ဒါလည်း ဟုတ်သာပဲ။ သို့ပေမဲ့ ခင်ဗျားလိုသာဆိုရင် တစ်လောကလုံးမှာ လူပျိုကြီး အပျိုကြီးတွေ ချည်း ဖြစ်ကုန်တော့ မှာပေါ့" သို့သော် ဦးပြား သည် မောင်ဆေးရိုးကို ရှင်းပြမနေတော့ဘဲ ကိုသော်ကို လက်ဆွဲ လျက် ကျောင်းဘက်သို့ ထွက် သွားပြီတည်း။
ကို ဆက်ဖတ်ရန်.......
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 26, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၆)

ဦးဘ မည်သည် ကို ဆိုလိုကြောင်း မောင်ဆေးရိုး သိပါသည်။ ဦးဘ စကားမဆက်နိုင်ဘဲ တိုးလိုး တန်းလန်းဖြစ်နေ စဉ် တွင် သူ့သမီး ရောက်လာသည်။ ကြေးပြားရှစ်ပြား သူ့ဖခင် ကို ပေးသည်။ ကို ဆက်ဖတ်ရန်..............

>>>ဆက်ဖတ်ရန်>>> >>

Monday, June 25, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၅)

"ပြန်ကြရအောင်။ လ ရှိတုန်း ပြန်ကြရအောင်" "အမေကလဲ" "ဘာအမေ ကလဲ။ နင်တို့ ဘိုင်စကုတ်က ကြီးလာလိုက်၊ သေးသွား လိုက်၊ ပျောက်သွား လိုက်၊ ပေါ်လာလိုက် နဲ့ ဘာအသုံးကျ သတုံး ကိုဆေးရိုး ထ လှည်းတပ်" အိမ်ပြန်မည့် ကိစ္စကို ကန့်ကွက်သူ မှာ ချောစိန်တစ်ယောက်သာ ရှိ၏။
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 24, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၄)

"မင်း ဘာသိတုံး၊ ကောင်မလေး နဲ့ ငြိနေပြီ" "ငြိငြိတော်၊ ငြိပြီး မပြန်နိုင်ရင် ကောင်းတာပဲ" "မင်း ဟာ တော်တော်ယုတ်မာတဲ့ မိန်းမပဲ" "ကျုပ် ယုတ်မာတာ တော် အခုမှ သိလား" ငထွန်းကား သည် "အေး ဟုတ်တယ်" ပြောရုံမက ရေနွေး ပန်းကန်ဖြင့်ပါ ထပေါက်တော့သည်။ ထိုမှ ဆက်လက်ပြီး ရိုက်နှက် ကန်ကျောက်သည် အထိ ဖြစ်လာနိုင်ငြား သားနှစ်ယောက် ရောက်လာသည်။
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 23, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၃)

"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မောင်ဆေးရိုး လျှာယားနေ၏။

>>>ဆက်ဖတ်ရန်>>> >>

Friday, June 22, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၂)

"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။ "လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။ "ကိုင်း အစ်ကို လမ်းပြပေတော့"
ကို ဆက်ဖတ်ရန်...

(၂)

ရှည်လျားသော တောင်တန်းကြီးနှစ်ဖက် ညှပ်ထားသော လမ်းတစ်လမ်းသည် အနီးအနားမှာ ရှိသည်ဟု တစ်ကြိမ်မျှ မကြားဖူးသောကြောင့် ငထွန်းကားမှာ မိမိလွတ်မြောက်လာခဲ့သော တောင်ကြားလမ်းကို တအံ့တသြ လည်ပြန်ကြည့်နေ မိ၏။ ဥစ္စာစောင့်တွေက လှည့်စားသည်၊ ဘီလူး ပြိတ္တာတွေက မျက်စိလည်အောင် လုပ်သည် ဆိုရအောင် ကလည်း မိမိတို့ ညီအစ်ကိုချည်းမဟုတ်။ အခြားလှည်းလေးစီးပါသေးသည်။ နှစ်စီးမှာ ကမ်းဖြူ က။ နှစ်စီးက ဆန်ကောရွာ က ဆို၏။
"ကိုင်း အစ်ကို လမ်းပြပေတော့"
မောင်ဆေးရိုး၏ ပြောသံကြားရငြား ငထွန်းကား အံ့သြမပြေ။ လှည်းလမ်းကို နှစ်ဖက်ညှပ်မိုးထား သည့် တောင်တန်းကြီးကိုသာ ကြည့်၍ မ၀သကဲ့သို့ ဖြစ်နေ၏။
"အဖော်လှည်းတွေ သွားကုန်ပြီဟ အစ်ကိုရ"
ညီထံ မှ တတိယအကြိမ် ကြားရသည်တွင် ငထွန်းကားသည် မောင်ဆေးရိုးကို လှည့်ကြည့်မိ၏။

"အစ်ကိုပဲ လမ်းပြမယ် ပြောပြီးတော့ အခု ဘယ်လိုဖြစ်နေပြန်တာတုံးကွ ဟေ"
"အေးကွ" ငထွန်းကားသည် သူ၏ အေးကွကို သူလည်း နားမလည်ပေ။ စင်စစ်အားဖြင့် လက်ရှိမြင်ကွင်းသည် လည်း သူနှင့် စိမ်းသည်သာပင်။ တောင်ကြားတွင် အတူတကွ ပိတ်မိခဲ့သော လှည်းများလည်း သွားကြပြီ။ သို့သော် ကမ်းဖြူမှဟုဆိုသော လှည်းများကမူ လက်ဝဲဘက်လမ်းကို ထိုးပြသွားကြ၏။
"အေးကွ။ သည်လမ်းလည်း ခပ်စိမ်းစိမ်းပဲကွ။ သို့ပေသည့် အရှေ့ဘက်ကလမ်းကို လိုက်ကြတာ ပေါ့ကွာ"
ဤသို့ဖြင့် ငထွန်းကား ညီအစ်ကိုတို့၏ လှည်းသည် ယာခင်းများ အလယ်မှ ဖြတ်ချေ၊ ဖုန်းဆိုးမြေမှ ဖြတ်ချေဖြင့် မဆုံးနိုင်သော လှည်းလမ်းအတိုင်း မောင်းလာမိကြသည်။
ဤအရိပ်တွင်လည်း တစ်ချိန်သောအခါက တောဖြစ်ခဲ့ဖူးဟန်တူ၏။ ဆွေးနေသော သစ်ငုတ်အချို့ ကို မြက်ဖုတ်ကြား ချုံကြား၌ တွေ့ရ၏။ သည်နေရာတွင် ထူထပ်သိပ်သည်းစွာ တစ်ချိန်က ရှိခဲ့ဟန် တူသော တော သည် လူတို့ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးရာ လက်စလက်န အငုတ်များ ကျန်ခဲ့ ခြင်း ဖြစ်ပေမည်။

အပင်ကြီးကြီးမားမား မရှိသလောက် ရှား၏။ တစ်ပင်တလေမှာ စောင်ချမ်းပင်များသာ ဖြစ်သည်။ မြင့်သော်ငြား သစ်ပင် မဟုတ်သော အရာမှာ ရှားစောင်းပြာသာဒ် ဖြစ်သည်။ မိုးလေအဆင်ပြေခိုက် တွင် ထိုးတက် လာသော်ငြား မိုးလေ အဆင်မပြေသောနေ့၌ အချိန်မရွေး အူချောင်းပြီး လဲတတ်သော ရှားစောင်းပြာသာဒ် အပြင်၊ တောနာနတ် လည်း ရှိသေး၏။
တောနာနတ် လည်း ဟန်နှင့်ပန်နှင့် ၀င့်ကြွားစွာ ပေါက်ရောက်ငြားသူလည်း အချိန်မရွေး ကျတတ် သည်။ ချိုးငှက် များကား ဤနှယ်အပင်ကြီး မရှိသော အရိပ်မှာပင် မြည်တမ်းနေကြ၏။
"ဖွတ်ကလေး ပုတတ်ကလေး ယုန်ကလေး သင်းခွေချပ်ကလေး တစ်ကောင်တလေရရင် ကောင်းမှာပဲဟေ့"
ချုံတွေ မြတ်ဖုတ်တွေ ကို စေ့စေ့ကြည့်ရင်း ငထွန်းကား မြည်တမ်း၏။

"တစ်နေရာမှာ နေခိုပြီး ထမင်းချက်စို့ အစ်ကို"
မောင်ဆေးရိုးသည် ရှေ့သို့ မျှော်ကြည့်ရာက ငထွန်းကားကို လှည့်ကြည့်ပြီး တိုင်ပင်သည်။
"စောပါသေးတယ်ကွာ။ မင်းနွားတွေ တို့မောင်းစမ်းပါ"
ငထွန်းကားသည် မီးခိုးနံ့ရသောကြောင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်ရင်း တုံ့ပြန်၏။ မွန်းတည့်ချိန်တွင် မိမိအရိပ် မည်မျှရှိသည် ကို ဖော်ပြသော "စစ်၊ ကိုင်း၊ အ၊ နောက်၊ အုတ်၊ ကျောက်၊ စု၊ ရာ" သည် ယခုမှ အသုံးဝင်ပေတော့၏။ မြေပြောင်ပြောင်ကို မမြင်နှင့်။ တံလှပ် ထနေပြီ။
တံလှပ် မထလျှင် လေပွေပျိုးပြီ။ "ညီလေးရေ၊ ဇရပ်တစ်ဆောင်ကွ" ငထွန်းကား ၀မ်းသာ အားရအော်ငြား မောင်ဆေးရိုး မမြင်ရ။

"ဇရပ်ရှိရင် ရေတွင်းဖြစ်ဖြစ် ရေကန်ဖြစ်ဖြစ် ရှိနိုင်တယ်ကွ။ ဟန်တာပဲဟေ့၊ မောင်း မောင်း၊ တို့ပေးဟေ့"
ငထွန်းကားသည် အမှန်ပင် ဇရပ်တစ်ဆောင်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ သို့ရာတွင် ကုန်း ကမူ ပြန်ကွယ်သွားသောကြောင့် မောင်ဆေးရိုး လည်ပင်ရှည်ချိန်၌ မမြင်ရခြင်း ဖြစ်၏။ သို့သော် လှည်းလမ်း မှာ ထိုဇရပ်ရှိရာသို့ သွားနေခြင်းဖြစ်သဖြင့် နောက်ထပ် တစ်ခါမျှ မောင်းမိပြီးချိန်၌ ဇရပ် သည် ဘွားခနဲ ပေါ် လာလေ၏။ "နည်းသဲ့ဟာကြီး မဟုတ်ပါကလား" မောင်ဆေးရိုး ၀မ်းသာအားရ အော်၏။

ကိုးခန်း ရင်ကွဲဇရပ်ကြီးသည် ငထွန်းကား မျှော်လင့်သည့်အတိုင်း ရေတွင်းရော ရေကန်ပါ ရှိသည်။ ရေကန်မှာ ထန်းပင်များနှင့် သဖန်းပင်များ ၀န်းရံထားပြီး ရေတွင်းကိုမူ ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်က အုပ်ခြုံပေး ထားပေ၏။
"ဇရပ်ကသွပ်တွေကို ခွာမယူကြတာပဲ ကျေးဇူးတင်ရမယ် အစ်ကိုရေ့"
မောင်ဆေးရိုး တွေ့ဖူးသမျှ မြင်ဖူးသမျှကား သုသာန်ဇရပ်မှ ခါးပန်းနှင့် သွပ်ကိုပင် မရှောင်ဘဲ ခွာယူ ကြသည်။ လမ်းဘေးရှိ ဇရပ်များသော်ကား ပြောဖွယ်မရှိပြီ။ အမိုးဟင်းလင်း၊ ခါးပန်းနှင့် ဆင့် ဗလာ ကသာ များပေသည်။
"သည်အရပ်မှာ လူယုတ်မာ မရှိလို့ ဖြစ်မှာပေါ့ကွာ"
ငထွန်းကားက ထိုသို့ ထင်မြင်ချက်ပေးငြား၊ မောင်ဆေးရိုးက ချက်ချင်းပယ်ဖျက်သည်။

"ရွာဆက် ဝေးသယ်ထင်သယ်ဟ အစ်ကိုရ၊ သွပ်ခွာဖို့ တကူးတကန့် လာရမှာမို့ အဝေးကြီးကို မလာကြ သာ ဖြစ်ရော့သလား"
မည်သို့ ပင်ဖြစ်စေ ကိုးခန်းဇရပ်ကြီးကား ကုန်းခေါင်ခေါင်တွင် ရှိနေသောကြောင့် အဖိုးတန်လှသည်။ မိုးမိသည့်အခါ များတွင် နွားများကို သွင်းထားရန်အတွက် ဇရပ်ကို ရင်ခွဲပေးထားပြန်သဖြင့် ပို၍ အဖိုးတန်သည်။ မုတ်ဆိတ်ဖွားဖွားဖြင့် ဟိုနားတွင် တစ်ပင်၊ သည်နားတွင် တစ်ပင် လျှောက်ပြီး ထောက်ခြင်းအားဖြင့် အေးရိပ်ချဲ့သော ညောင်ပင်ကြီးကလည်း လွန်စွာ အဖိုးတန်ပေသည်။
အဖိုးတန်သည်နှင့် အညီ မှီခိုနားနေသော လှည်းများကလည်း မနည်းပေ။ ဇရပ်ဝန်းကျင်တွင် သုံးအုပ်။ ညောင်ပင်အောက်တွင် လေးအုပ် လှည်းဝိုင်းဖွဲ့ထား၏။ လူများမှာလည်း လှည်းပေါ်လှည်း အောက် ဇရပ်ပေါ် ဇရပ်အောက်၌ အိပ်နေသူများဖြင့် ပြည့်နေ၏။ နွားစာစဉ်းနေသူ၊ ဆန်ပြာနေသူ၊ ထမင်း ဟင်း ချက်ပြုတ် လုပ်ကိုင်နေသူ၊ ရေခပ်ဆင်းနေသူ စသည်များကလည်း မနည်းပေ။
သည်မျှ များပြားသော ပရိသတ်ကြားတွင် သူတို့ညီအစ်ကိုအတွက် တစ်နေရာသည် မခက်ပေ။ လှည်းပါးသော နေရာတွင် ငထွန်းကား လှည်းထိုးလျှင် မောင်ဆေးရိုးက ၀ါးကျည်တောက်ထဲ၌ ဆန်ထည့်ပြီး ရေကန်ဘက်သို့ လာသည်။

"ရေကန်မှာ ဆန်မဆေးရ။ ရေတွင်းမှာ ရေပုံးရှိ"
ဝဲပုံကိုက လှပသာယာသော အသံ ဖြစ်သည်။ စကားမှာ မပြည့်စုံငြား နားလည်သည်။
"ရေတွင်းမှာ ရေပုံးရှိတယ်ကော" "ဟုတ်ကဲ့ ကောင်းပါပြီ။ ရေတွင်းမှာပဲ ဆန်ဆေးပါမယ်"
မောကလည်းမော၊ ဆာကလည်း ဆာလောင်သဖြင့် အသံရှင်ကို မောင်ဆေးရိုး မော့မကြည့်မိ။ သို့ရာတွင် ထိုအသံရှင် ပင် မီးစွဲနေသော ထင်းစ ငါးစ လာပေးသည်။
"ဖိုခုံလှောက် မြေကြီးခဲ လုပ်တာပ" ဖိုခုံလှောက်အဖြစ် အသုံးပြုထားသော မြေကြီးခဲတွေ အသင့် ရှိသည်။ မောင်ဆေးရိုး အသင့်ယူပြီး မီးဖိုသည်။ ထမင်းအိုး တည်တသည်။ ထမင်းအိုး ငှဲ့နေချိန်တွင် ခုနက အသံရှင် ဟုထင်ရသော မိန်းကလေး ရောက်လာပြန်၏။

"ပဲပုပ်ကင် ရှိတယ်။ ဟင်း မရှိ"
ပဲပုပ်ကို မောင်ဆေးရိုး မစားဖူးပါ။ ယခု အမျိုးသမီးလာပေးသော ပဲပုပ်ကင်မှာ ဖက်ဖြင့် ထည့်ထား ငြား ဆီရွှဲနေ သည်။ အနံ့လည်း သင်းသည်။ ပဲပုပ် ကမှ ညောင်ရွက်နှင့်မို့ သားနားသေး၏။ မောင်ဆေးရိုး ဆန်ထုပ်ထဲမှ ဆွဲထုတ် လာသော ငရုတ်သီးထောင်း မှာ ဖြတ်ကတတ်ဆန်းနိုင်၏။ ပြောင်းဖူးဖက်ဖြင့် ထုပ်ထားသော ငရုတ်သီးထောင်းနှင့် ငါးပိဖုတ်။ ဆန်စေ့တွေ ပွတ်ချ ရသည်။ ဖွဲတွေ မှုတ်ထုတ်ရသည်။ ထမင်းပူပူလောင်လောင်ကြီး ကို မောင်ဆေးရိုး ဆာဆာနှင့် လွေးသည်။ ထမင်းဆယ်လုတ်ခန့် မျိုချပြီးမှ အစ်ကိုငထွန်းကား ကို မောင်ဆေးရိုး သတိရသည်။
"လှည်းထိုးပြီး ကတည်းက ပျောက်သွားတာပါ"
ထမင်းလုတ် ခွံ့ရင်းက မောင်ဆေးရိုး လည်ပင်းရှည်သည်။ ဇရပ်ပေါ်နှင့် ညောင်ပင်အောက်သို့ ကြည့်သည်။ ဇရပ်ပေါ်တွင် အော်လံကြီး တကားကားနှင့် သီချင်းစက်တစ်လုံးကို မြင်ရသည်။ လူတွေ ၀ိုင်းနေသည်။

"သေနိုင်ရိုးလား လေဘာတီရေ၊ ပေတစ်ရာကို လျှောက်ပါလို့ မြင်သလောက်ကိုတော့ ပြလိုက်ချင် တယ်။ အခြေလည်း တိုးတယ်၊ အနေလည်း တိုးတယ်၊ မသေဘဲ ကိုးကွယ်"
ထိုခေတ် ထိုအခါက ခေတ်စား လူကြိုက်များသော အငြိမ့်မင်းသမီး လေဘာတီမမြင်ရ၏ တုံးကျော်မ တေးချင်း ဖြစ်၏။ သို့ဖြစ်ငြား ရမ်းဘိုကနုးဇနပုဒ်သား မောင်ဆေးရိုးသည် မမြရင်ကို မကြားဖူးပါ။ မသိပါ။ သို့ကြောင့် ထိုသီချင်း စက်ဘေးရှိ လူအုပ်ကို ကျော်ပြီး မျက်စိ ရောက်သွား၏။
မောင်ဆေးရိုး ၏ မျက်စိရောက်သွားသော လူအုပ်မှာ တေးချင်း နားထောင်နေသူများနှင့် ပုံဟန်ချင်း မတူပါ။ မျက်နှာချင်း ဆိုင် ၀ိုင်းထိုင်နေသူများမှာ သုံးယောက်သာ ဖြစ်သည်။ ထိုသုံးယောက်ကိုမှ တစ်ဖန် လူများ ထပ်ဆင့် ၀န်းအုံနေကြ၏။

"အစိုကိုရေ၊ ထမင်းစားကြစို့"
"စားစား ညီလေး စားနှင့်"
ဖဲဝိုင်း ဖြစ်သည်။ သို့သော် စက္ကူဖဲ ဖဲဝိုင်းကား မဟုတ်။ သုံးပုံဖဲ ဖဲဝိုင်း ဖြစ်သည်။ ကစားသူမှာ သုံးယောက်သာ ရှိ၏။ ဘေးက ၀ိုင်းနေသူများမှာ လက်ထဲတွင် ကိုင်ထားသော ဖဲ၊ အောက်တွင် "ဖွက်" ထားသော ဖဲကိုကြည့်ကာ ကျန်လူနှစ်ယောက်၏ လက်ထဲက ဖဲ၊ မှောက်ထေထားသော ဖဲများကို ကြည့်ကာ ကြားထဲက ရင်တုန်ပန်းတုန် ဖဲမီးလှုံနေကြခြင်း ဖြစ်၏။
ငထွန်းကား က ညောင်ပင်စပ်မှ လှမ်းခေါ်သော ညီကို လှမ်းပြောသောအခါ ဖဲကိုင်ထားသူက လှည့်ကြည့်၏။ "သွားစားချေ ပါ၊ ပြန်လာရင် ထပေးမယ်" ဟု ပြောသော်ငြား ငထွန်းကား မသွားပေ။
"ရပါတယ်၊ မဆာသေးပါဘူးဗျာ"
သို့အတွက် ထိုသူ က တစ်ပွဲအပြီးတွင် ထရပ်သည်။ သူ့နေရာတွင် အထိုင်ခိုင်းသည်။

"ပိုက်ဆံပါရဲ့လား"
"တစ်မတ်တော့ ပါသဗျ"
ငထွန်းကားအတွက် နေရာဖယ်ပေးသူသည် ဇယ် ၁၃ခုနှင့် ကြေးပိုက်ဆံပြား ၃ပြားကို ငထွန်းကား သို့ ပေးကာ ငထွန်းကား ထံမှ မတ်စေ့အ၀ိုင်းကလေးကို ယူသွား၏။
ဖျာပေါ်တွင် ဖဲချပ် ၂၄ချပ်ကို ရှစ်ချပ်စီခွဲပြီး မှောက်ထားသည်။ ငထွန်းကားက သူ့ရှေ့ရှိ ဇယ်များကို မေးထိုးပြ၏။ ထိုဇယ်များ မှာ အပ်ချည်ရစ်သော ဘီးလုံးအသေးကို ခါးလယ်မှ ပိုင်းထားခြင်း ဖြစ်သည်။ ငထွန်းကားက သူ့ကို နေရာဖယ်ပေး သူ ရှိနေဆဲတွင် မေးငေါ့လျက် မေး၏။

"သည်ဇယ်တွေ ဘယ်သူထုတ်တာတုံး"
"ကျုပ် ထုတ်တာပါဗျာ၊ ဇယ်တစ်ခုကို တစ်ပြားနဲ့ ၆၄ခု တစ်ကျပ်ဖိုး ထုတ်ထားပါတယ်"
ငထွန်းကား ၏ လက်အောက်အိမ်မှ နှုတ်ခမ်းမွေးနှင့် သျှောင်ကြီးဗွေက သွက်လက်စွာ ဖြေသည်။ ထိုအခါတွင်မှ ငထွန်းကား သည် ကျေနပ်စွာဖြင့် သူ့ရှေ့ရှိ ဖဲရှစ်ချပ်ကို ကောက်ယူသည်။
ဖဲသမားအများစု သည် ဖဲကြီးကို လက်ရင်း၌ထားပြီး ဖဲငယ်များကို လက်ဖျား၌ ဖဲဆွဲပုံကို ကြည့်ပြီး ဖဲအပါကို ခန့်မှန်း တတ်၏။ ထို ခန့်မှန်းချက်ဖြင့် ပိတ်တတတ် ဆို့တတ်၏။
သို့ဖြစ်သောကြောင့် ငထွန်းကားသည် လက်ရင်း၌ ဖဲသေး၊ လက်ဖျား၌ ဖဲကြီးများကို ထားလေ့ ရှိသည်။ သူ့လက်ထိပ်က လူ၊ သူ့လက်အောက်ကလူများ အထင်မှားအောင် လုပ်တတ်သည်။ ယခုပင်ကြည့်။ ဖဲရှစ်ချပ် စီအပြီး ၌ ငထွန်းကား ရေရွတ်၏။

"ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့"
သူ့ဘေးတွင် ထိုင်ပြီး သူ့ဖဲကို သဲသဲမဲမဲ ကြည့်နေသူများမှာ မျက်လုံးပြူးနေကြ၏။ ပြူးရမလည်လေ၊ သူ့တွင် ပါသော ဖဲနှင့် သူအော်ပုံက တခြားစီ မဟုတ်ပါလား။
သူ့လက်ထဲ တွင် ရှိသော ဖဲမှာ ရှမ်းဖဲချည်း ဖြစ်၏။ သို့ပါလျက်နှင့် "ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့" မြည်တမ်းသောအခါ ဘေးလူတွေ မျက်လုံးပြူးရ၏။ ငထွန်းကား လက်ထဲတွင် ရှမ်းကြီးတွေချည်း ရှိသည်။ စုံလာသည်ဖြစ်စေ၊ တစ်ချပ်ချင်းလာသည်ဖြစ်စေ ရှမ်းသာ လာလျှင် ငထွန်းကားလက်မှ ပြေးမလွတ်။

သို့ရာတွင် သူ့အထက်က ဖဲငယ်ကလေးတွေ ဆင်းလာသည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထေလွှတ်ရသည်။ ထို ဖဲငယ်ကလေးကို သူ့လက်အောက်က ရိုက်ယူသည်။ စုံတိုက်သည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထိုင်ပြီး ထေနေရသည်။ ဤသို့ဖြင့် တစ်လှည့်ပြီး သွားကာ လေးစေ့ပေးလိုက်ရချိန်ဝယ် ငထွန်းကား ရှေ့သို့ ထမင်းတစ်ပန်းကန် ရောက်လာ၏။
မယ်ငြိမ်းစည် ၏ ချိုသာသော မျက်နှာမျိုး။
"မောင်ကြီးရဲ့ ညီငယ်က ဖက်နဲ့ထုပ်ပြီး ပို့မယ်လုပ်နေလို့ နှမက ပန်းကန်နဲ့ ထည့်ပြီး ယောက်သွား တပ်ပေးတာပါ"
အသံ သည် ချိုသည့်နည်းတူ မယ်ငြိမ်းစည်၏ မျက်လုံးမျိုး ဖြစ်သည်။ မြို့ကြီးပြကြီးများတွင် ကြေးဇွန်းအသုံး တွင်နေပြီ ဖြစ်ငြား ကျေးလက်တွင် "ကန်ယောက်သွား" ဖြင့်သာ ခပ်စားနေဆဲ ရှိသေး၏။ မျက်လုံးလှပြီး မျက်နှာ ချိုသော၊ အသံသာသော ထိုမိန်းမမှာ ငထွန်းကား၏ လက်အောက်က ကိုဘဒင်း၏ဇနီး မယ်အေးရှင် ဖြစ်သည်။

သို့ရာတွင် ထိုအမျိုးသမီးကို ငထွန်းကား မသိပါ။ အင်တစ်ခုဖြင့် ထည့်ပေးသော ထမင်းတွေကို ကန်ယောက်သွားဖြင့် ကော်၍ ကော်၍ စားသည်။ တက်လာသော ဖဲတွေက ဗမာနှင့် ရှမ်း မျှပြီး မပါ။ ခုနက အလှည့်တွင် ရှမ်းဖဲချည်းပါသဖြင့် ထိုင်ပြီး ထေနေခဲ့ရသည့် နည်းတူ သည်တစ်လှည့်တွင် ဗမာကြီးတွေချည်း ပါသည်။ ဆင်းလာသမျှ ရှမ်းတွေကို ထိုင်ပြီး ထေနေရကာ အဆုံးသတ်တွင် လေးစေ့ပေးလိုက်ရသည်။
ဤနည်းဖြင့် ငထွန်းကားတွင်ပါသော တစ်မတ် ကုန်ပြီ။
"အစ်ကိုရေ နေရှိတုန်း ခရီးဆက်ကြစို့လေ"
ငထွန်းကားဘေးသို့ မောင်ဆေးရိုး ရောက်လာသည်။

"အေးကွာ သွားတာပါ။ ညီလေးမှာ ပိုက်ဆံပါရင် အစ်ကို့ကို ချေးကွာ။ ရွာရောက်ရင် ပြန်ဆပ်မယ်"
"အမေပေးလိုက်သာ တစ်မတ်။ ကျီးဒန်ပေးလိုက်သာ တစ်မတ်။ စုစုပေါင်း ငါးမူး ပါသဗျာ့၊ ရော့"
မောင်ဆေးရိုးသည် ကက်ကို အနည်းအကျင်းနားလည်ငြား၊ သုံးပုံကို ဗိတ်ဗိတ်သား မသိပါ။ ပဲစေ့ ၄စေ့နှင့် မူးစေ့ ၂စေ့ကို ငထွန်းကားသို့ ထုတ်ပေးပြီး ထသွားသည်။ ငထွန်းကားမှာ မောင်ဆေးရိုး၏ ပိုက်ဆံငါးမူး လက်ခံရရှိမှပင် မင်္ဂလာရသည်။ တစ်ချီတည်းနှင့် ၁၆စေ့။

"ညီလေးရဲ့ ပိုက်ဆံက လာဘ်ကောင်းသကွ"
နောက်တစ်လှည့်တွင် ငထွန်းကား ဖူလုံသည်။ နောက်တစ်လှည့်တွင် နှစ်ဖူရပြီး ကျယ်သည်။ ဤသည်ကို ရည်ပြီး သူ့ပိုက်ဆံကို လာဘ်ကောင်းသည်ဟု ချီးမွမ်းငြား၊ မောင်ဆေးရိုး ဟင်းချနေ၏။ အကြောင်းသော်ကား သူ့ထံမှ ထမင်းတွေက ယူသွားပြီး၊ ငထွန်းကားထံ ပို့ပေးသော မယ်အေးရှင် သည် ငထွန်းကားဘေး တွင် ရောက်နေသောကြောင့် တည်း။
ငထွန်းကား၏ ဇနီး မယ်ငြိမ်းစည်ကို "မျက်လုံးမကောင်း" ဟု ငထွန်းကား၏မိခင် မယ်ကြွယ်စိုးက ပြောခဲ့ဖူး၏။ ယခု ထိုမယ်ငြိမ်းစည်နှင့် ထပ်တူထပ်မျှ မျက်လုံးမကောင်းသူမှာ မယ်အေးရှင် ဖြစ်သည်။ သူ့ယောက်ျား ဦးဘဒင် ကလည်း ဖဲနိုင်နေသောကြောင့် လျစ်လျူရှုသလော၊ မနိုင်သော ကြောင့် လွှတ်ထားရသလော။ မောင်ဆေးရိုးမှာ ကြားထဲက အနေခက်၏။
ဖဲသမားသည် အချိန်ကို မသိပေ။

ငထွန်းကားမှာ သုံးမတ်ရှုံးပါလျက် ထမည့်ဟန် မပြ။ ဦးဘဒင်နှင့် မောင်ဖိုးအိတို့၏ လူအများက ရေနံချေးမီးခွက်များ ထွန်းပေးကြ၏။ မောင်ဖိုးအိမှာ ငထွန်းကား၏ လက်ထိပ်ကလူ ဖြစ်သည်။ သူလည်း ငထွန်းကားနှယ် သုံးမတ် မရှုံးသည့်တိုင်အောင် တ်စမျှသော်ကား ရှုံးထားဟန် တူ၏။ ညစာ သည်လည်း နံနက်စာနည်းတူပင် အင်ခွက်နှင့် ကန်ယောက်သွား တပ်လျက် ငထွန်းကားထံ ရောက်လာရပြန်ပြီ။ ယခု ညစာတွင်ကား အားလုံး တစ်ညီတည်း ဖြစ်သည်။ သူငယ်အိပ်ဆိပ်တွင် လှည်းပေါ်၌ အိပနေသော မောင်ဆေးရိုးကို မယ်အေးရှင်က လာနှိုးသည်။
"မောင်လေး ကို မောင်လေးရဲ့ အစ်ကိုက အနှိုးခိုင်းလို့"
မောင်ဆေးရိုး ထလိုက်လာသည်။ ရေနံချေးမီးခွက် နှစ်ခွက်အောက်က သုံးပုံဖဲဝိုင်းသ်ည တိတ်ဆိတ် နေ၏။ သို့ရာတွင် ဖဲချပ်တွေကို ဖဲချပ်တစ်ချပ်ဖြင့် ဆွဲခြစ်သံကား ညံဆဲပင်။ မောင်ဆေးရိုးသည် သူ့အစ်ကို ငထွန်းကားဘေးတွင် တသမ်းသမ်းတဝေေ၀ သွားထိုင်သည်။

"ညီလေး အင်္ကျီချွတ်စမ်း"
ငထွန်းကားတွင် အင်္ကျီမပါ။ မောင်ဆေးရိုးသည် ခရီးထွက်ခါနီးမှ ကောက်စွပ်လာခြင်း ဖြစ်၏။ ယခု ထိုအင်္ကျီကို ငထွန်း ကား ရန်ရှာသည်။ မောင်ဆေးရိုးကား အီလေးအာလေး ဆွဲမနေပေ။ အင်္ကျီကို ချွတ်ပြီး ငထွန်းကား၏ ရင်ခွင်ထဲသို့ ထည့်ပေး၏။
"ကိုသာဒင် ငါးကျပ်ပေးဗျာ"
ငထွန်းကားသည် မောင်ဆေးရိုး၏ အင်္ကျီကို လက်အောက်အိမ်သို့ ချက်ချင်းပို့လိုက်သည်။
"ခင်ဗျာ့ အင်္ကျီ ငါးကျပ်တန်ပေမဲ့ ပိုက်ဆံမရှိဘူးဗျ"
"ရှိသလောက်ပေးဗျာ၊ ဘယ်လောက်ပေးမတုံး"
ဦးဘဒင်သည် ကြေးပြားနှင့် ပဲစေ့၊ မူးစေ့၊ မတ်စေ့များကို ရေတွက်ကြည့်နေရာက "သုံးကျပ်တော့ ရနိုင်တယ်" ဆို၏။
"အက်ႌယူထားဗ်ာ။ ရွေးနိုင်ရင် ရွေးမယ်။ မရွေးနိုင်ရင် ငါးကျပ်အဆုံးပေါ့ဗျာ"
ငထွန်းကားသည် ဦးဘဒင်ထံမှ ရသော ပိုက်ဆံများကို သူ့ရှေ့တွင် တပ်ထားသည်။ အချို့ကို ဇယ်နှင့် လဲသည်။

"ဒါလောက်ဖဲသေတာ၊ ဖဲဖမ်းပါလား"
လက်ထိပ်အိမ် မောင်ဖိုးအိက အကြံပေး၏။ ငထွန်းကား ခေါင်းခါသည်။
"ဖဲညံ့တာ မှ မဟုတ်တာ၊ လူအသုံးမကျလို့ ဖြစ်တာပဲ"
ငထွန်းကားသည် သုံးမတ်ရှုံးပြီးစေကာမူ တစ်ကြိမ်မျှ ဖဲမဖမ်းပေ။ တစ်ခါမျှလည်း နေရာမလဲပေ။ သို့ရာတွင် ငထွန်းကား၏ လက်ထိပ်မှ မောင်ဖိုးအိမှာလည်း ရှုံးနေသူဖြစ်သဖြင့် ဖဲဖမ်းပြီ။ ယင်းတိုက် နှစ်ဖြင့် ပြုလုပ်ထားသော သုံးပုံဖဲ ၂၄ချပ်ကို သုံးချပ်စီ ထပ်ပြီး ရှစ်ပုံပူးထားသည်။ ဖဲဖမ်းသူ မောင်ဖိုးအိ က ဖဲပုံ ရှစ်ပုံမှ အပေါ်ဆုံးအချပ်များကို တညီတည်း ဆွဲချသည်။ ဖဲရှစ်ချပ်သည် အလွှာ လိုက် ကျဆင်း လာလျှင် သုံးချပ်စီ ထပ်သည်။ နှစ်ပုံရလျှင် ပိုနေသော ၂ချပ်ကို ထပ်သည်။ နောက်တစ်ချပ် ယူပြီး ထပ်သည်။ ဖဲဖမ်းသူ မောင်ဖိုးအိရှေ့တွင် သုံးချပ်ဖဲပုံ ရှစ်ပုံ ဖြစ်သွားပြီ။ ထိုမှ တစ်ဖန် လေးချပ်ပုံများသို့ ပြောင်းပြီး ပုံပြန် သည်။ ခြောက်ပုံအရတွင် မောင်းဖိုအိသည် နှစ်ပုံစီ တွဲထားသည်။

"ကိုင်း အံစာထိုးပေတော့"
ဦးဘဒင်က အံစာကိုငထွန်းကားဘက်သို့ တွန်းပေးသည်။်
"ဟာ ကျုပ်မှမကျယ်တာ၊မထိုးချင်ပါဘူး" "အံစာထိုးတဲ့လူဆိုတာ ကျယ်တတ်သဗျ"
ထိုသို့ပြောမှငထွန်းကားသည်အံစာကို ကောက်ကိုင်ချေသည်။ အထက်တွင်ဆိုခဲ့သည့် "ကျယ်သည်" ဆိုခြင်းမှာ ကစားဖော်သုံးယောက်အနက် အတော်ဆုံးအခြေအနေကို ရသူဖြစ်၏။ အံစာမှာ ၆ မျက်နှာပါသော သစ်သားတုံး ကလေးဖြစ်သည်။ တစ်မျက်နှာတွင် အမှတ်အသားတစ်ခု ရေးထားသည်။ ပထမတစမျက်နှာတွင် အစက် တစ်စက်၊ ဒုတိယမျက်နှာ၌ အစက်နှစ်စက်။ ဤသို့ဖြင့် ဆဋ္ဌမမျက်နှာတွင် အစက်ခြောက်စက် ရှိသည်။
အံစာထိုး သည်ဆိုခြင်းမှာ အံစာတုံးကို ပစ်လိုက်ခြင်းဖြစ်၏။

တစ်ပွင့်ပေါ်နေခြင်းနှင့် လေးပွင့် ပေါ်နေခြင်းကို အတူတူ ဖြစ်သည်ဟု သတ်မှတ်၏။ အခေါ်အဝေါ် အားဖြင့် တစ်လေး။ လိုက်နာရန် စည်းကမ်းကား အံစာထိုးသူ ပထမ ကောက်ရခြင်း ဖြစ်၏။
နှစ်ပွင့်ပေါ်နေခြင်းနှင့် ငါးပွင့် ပေါ်နေခြင်းသည် ထပ်တူထပ်မျှ ဖြစ်သည့်အတွက် နှစ်ငါးဟု ခေါ်၏။ နှစ်ငါး၏ အကျိုးသက်ရောက်မှုမှာ အံစာထိုးသူသည် နောက်ဆုံးမှ ကောက်ယူရခြင်း ဖြစ်ပေ၏။
သုံးပွင့်ပေါ်ခြင်းနှင့် ခြောက်ပွင့်ပေါ်ခြင်းသည်လည်း အတူတူပင် ဖြစ်၏။ အခေါ်အားဖြင့် ခြောက်သုံး။ အကျိုးသက်ရောက်မှုအားဖြင့် အံစာထိုးသူ၏ လက်ထိပ်လူက စတင်ကောက်ယူရပြီး၊ အံစာထိုးသူ က အလယ်ကျခြင်း ဖြစ်ပေ၏။

"ကဲဗျာ ဟုတ်ပါပြီ၊ ကဲဟေ့"
ငထွန်းကား သည် မောင်ဖိုးအိ ဖဲဖမ်းထားသော ဖဲပုံပေါ်သို့ ပြောပြောဆိုဆို အံစာကို ပစ်ချလိုက်လေ ၏။ အံစာသည် ဖဲပုံပေါ်မှ ဖျာပေါ်သို့ လိမ့်သွားသည်။ အပွင့်လေးပွင့်ပေါ်လျက် ငြိမ်သက်နေသည်။
"တစ်လေးပါကလား"
ငထွန်းကား သည် တန်းစီထားသော လေးချပ်ပုံထဲမှ ၂ပုံကို ပြောပြောဆိုဆို ကောက်ယူသည်။ လက်ထဲတွင် ဖဲစီ၍ ပြီးရုံသာ ရှိသေးသည်။
"ကောင်းမယ့်ကောင်းတော့လည်း ပါစင်မင်္ဂလာပါခင်ဗျာ"
မှန်ပေသည်။ ရှမ်းဖဲကျူးတစ်စုံနှင့် စီတင်းတစ်စုံ။ တီတစ်စုံနှင့် မင်္ဂလာစုံတွဲ ဖြစ်သည်။

ကျူးတစ်စုံ ကို နိုင်သောဖဲ ဖရှိပါ။ ထိုကျူးတစ်စုံကို ကြောက်ရသော စီတင်းတစ်စုံကလည်း အတူတကွ ပါနေသည်။ တီတစ်စုံကလည်း မြန်မာဖဲတွင် အမြင့်ဆုံးဖြစ်သည့်အတွက် နိုင်ဖဲ ၆ချပ်ကို လက်ဝယ်ပိုင် ထားသောကြောင့် ပါစင် ခေါ်၏။
ထိုပါစင်နှင့်တွဲလျက်ပါသော မင်္ဂလာမှာ ရိုးရိုးမင်္ဂလာ မဟုတ်။ "ပါစင်မင်္ဂလာ" ဖြစ်သည့်အတွက် ကစားဖော် ၂ယောက်က ပါစင်ကြေးနှစ်စေ့။ မင်္ဂလာကြေး နှစ်စေ့။ ဖူလုံကြေး လေးစေ့။ စုစုပေါင်း တစ်ဦးလျှင် ရှစ်စေ့ ပေးရ၏။
"ဖဲဖမ်းဆော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ရေရွတ်ရာ ဦးဘဒင်က နှစ်သိမ့်၏။

"တော်လိုက်တာ၊ ပါစင်မင်္ဂလာ သည်တစ်ခါပဲ ဖြစ်သေးတယ်"
ဦးဘဒင်၏ဇနီး မယ်အေးရှင်သည် ငထွန်းကားနှင့် ကပ်ထိုင်ရာက နှာသံကလေးဖြင့် ပြောသည်။ ဦးဘဒင်မှာ ဖဲနိုင်နေ လျှင် မယားကို အရေးမလုပ်သူ မဟုတ်ချေ။ ငထွန်းကားအတွက်သော်ကား နှာသံ ကြာဗျာပါဟန်များသည် အဆန်းမဟုတ်တော့ချေ။
"ဖဲဖမ်းတော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ထပ်မံပြောသောအခါ "ရော့ဗျာ၊ ကျုပ်ရတာတွေ ခင်ဗျားယူ" ဟု ငထွန်းကားက သူ့ရှေ့ရှိ ဇယ်စေ့များကို မောင်ဖိုးအိဘက်သို့ တွန်းပေး၏။
"ခင်ဗျား ဒါဘာလုပ်တာတုံး၊ ဘာလုပ်တာတုံး"
မောင်ဖိုးအိသည် မေးလည်း မေး၏။ ထရပ်ရင်း နောက်သို့လည်း ဆုတ်၏။

"နားညည်းတယ်ဗျာ"
"နားညည်းရင် မပြောဘူးဗျာ။ ခင်ဗျားဟာတွေ ပြန်ယူ"
မောင်းဖိုးအိ၏ ဟန်ပင်က ထိုးမည်သို့ ကြိတ်မည်သို့ ရှိ၏။ သို့ရာတွင် ငထွန်းကားက မော်၍သော်မျှ မကြည့်သည့်အတွက် ပြန်ထိုင်ကြသည်။ ငထွန်းကား အံစာထိုးသည်။ ဘိတ်ကျသည်။ မင်္ဂလာ ထွက်နိုင်သည့်အတွက် မင်္ဂလာကြေးရသည်။ ထိုအလှည့်တွင် ငထွန်းကားမှား မင်္ဂလာကြေးရသည်။ ဖူလုံ သည်။ နောက်တစ်လှည့်တွင် ပါစင် မင်္ဂလာရပြန်သည်။
"တော်ပြီ၊ အိပ်ပြီ"
သည်မျှ ဖဲကောင်းနေသော သူ့အစ်ကိုကို ခရီးဆက်ရန် မောင်ဆေးရိုး မတိုက်တွန်းဘဲ လှည်းပေါ် တွင် ပုဆိုးခြုံပြီး မောင်ဆေးရိုးကွေးသည်။ မှေးမှေးမှေးမှေး ဖြစ်စဉ် သူ့ကိုယ်ပေါ်သို့ "ခေါက်ချိုးစောင်" တစ်ထည် ရောက် လာ၏။

"ဟာ ဘယ့်နှာကြီးတုံး"
မောင်ဆေးရိုးသည် ထိုခေါက်ချိုးစောင်ကို ကန်ပစ်ရာ "မခြုံချင်နေပေါ့။ သူများက စေတနာနဲ့ ခြုံပေး တာ" ဆီမန်း မန်းသံ ကြားရ၏။ အသံရှင်မှာ မယ်အေးရှင်ဖြစ်ကြောင်း မောင်ဆေးရိုး ကောင်းစွာ သိသည်။ ထိုမိန်းမသည် ကြာတွေ နှာတွေ ဗျာပါတွေနှင့် ဆွဲဆောင်မှုရှိသော်ငြား ဘုန်းကြီးကျောင်း တွင် "ကာမေသုမိစ္ဆာစာရ" ကို ကောင်းစွာ သင်ကြားခဲ့ရသော မောင်ဆေးရိုးကို မယူကျုံးနိုင်ပေ။ သို့ကြောင့် မောင်ဆေးရိုးသည် နွားနှစ်ကောင်ချည်ထားသည့်နေရာသို့ ထလာခဲ့သည်။

နွားနှစ်ကောင်မှာ ရေနှင့်ဖျော်သော အစာကို စားနေကျ ဖြစ်သည်။ သည်နေရာတွင်မူ ရေကို သီးခြားသောက်ပြီး တစ်ကောင်လျှင် မြက်တစ်ထုံးကျ စားနေရသဖြင့် အားမရ။ မောင်ဆေးရိုး၏ အနံ့ကို သိသဖြင့် ထရပ်ကြ သည်။ မောင်ဆေးရိုးက ဘို့နေရာကို ပွတ်ပေးရုံမှအပ ဘာမျှမတတ်နိုင်။ မတတ်နိုင်သောကြောင့် ဖဲဝိုင်းကို မောင်ဆေးရိုး လှမ်းကြည့်သည်။ သူ့အစ်ကို ငထွန်းကားမှာ အခြေအနေကောင်းနေ သဖြင့် မောင်ဆေးရိုး၏ အင်္ကျီကို ပေါင်နှံရာမှ ရွေးထားသည်။ သို့သော် မောင်ဆေးရိုး ၀မ်းမသာ ပါ။ နှဲသမားပါးစပ်နှင့် ဖဲသမားအဖြစ်မှာ အတူတူပဲ မဟုတ်လား။
သို့ဖြစ်သဖြင့် မောင်ဆေးရိုးသည် ဦးဘဒင်ထံမှ သူ့အစ်ကို သုံးကျပ်ဖြင့် ရွေးထားသော အင်္ကျီကို ကိုင်၍သော်မျှ မကြည့်။ သူ့အစ်ကိုဘေးတွင် ထိုးအိပ်၏။ ကြည့်စမ်း၊ မယ်အေးရှင်တို့ အတင့်ရဲပုံများ။ မီးရောင်အောက် တွင်လည်းဖြစ် ဦးဘဒင်၏ မျက်စိအောက်မှာပင် မောင်ဆေးရိုးကို စောင်ခြုံပေး၏။

"ကျုပ်တို့ သွားဖို့ကောင်းပြီ အစ်ကို"
မောင်ဆေးရိုး တီးတိုးပြောသည်။
"အေးပါ၊ အရုဏ်တက်ရင် သွားကြတာပေါ့"
ငထွန်းကားက မောင်ဆေးရိုးကြားရုံမျှသော လေသံဖြင့် ပြန်ဖြေ၏။ စင်စစ်သော်ကား ဦးဘဒင်နှင့် မောင်ဖိုးအိတို့မှာ အရပ်တကာလည်ပြီး ကက်ဆွဲရလျှင် ကက်။ ကက်မဆွဲရလျှင် သုံးပုံရိုက်နေသူ များ ဖြစ် ၏။ ငထွန်းကားမှာ သွားရင်းဟန်လွှဲ အပျော်လုပ်သော်ငြား ဦးဘဒင်တို့မှာ စီးပွားရေး လုပ်ငန်း တစ်ခုသဖွယ် လုပ်နေကြခြင်း ဖြစ်၏။
ဦးဘဒင်ရော မောင်ဖိုးအိပါ ကမ်းဖြူရွာသားများ ဖြစ်ကြသည်။ သည်သုံးပုံဝိုင်းသို့ ငထွန်းကား ၀င်နိုင်ရန် ဖယ်ပေးသူ မှာ ဥသျှစ်ကုန်းသား ဖြစ်၏။ ဥသျှစ်ကုန်းမှာ ကမ်းဖြူနားက ရွာတစ်ရွာ ဖြစ်သည်။ ဖယ်ပေးသူမှာ ဦးဘဒင်နှင့် မောင်ဖိုးအိ တို့ မလှန်နိုင်သော မောင်သာအေး ဖြစ်သည်။

စင်စစ်အားဖြင့် သူတို့သည် နွားစာအ၀ယ် ထွက်ဟန်ဖြင့် သည်နေရာ၌ ဖဲရိုက်ကြခြင်း ဖြစ်၏။ ငထွန်းကား ထသွား လျှင်လည်း သုံးပုံဝိုင်း ဆက်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကက်ဝိုင်းဖြစ်မည်မှာ သေချာ၏။ ယခု ငထွန်းကား ၀င်လာ သဖြင့် ဥသျှစ်ပင်ရွာသား မောင်သာအေး အိပ်ချိန်စားချိန် ကောင်းစွာရနေခြင်း ဖြစ်ပေ၏။
ငထွန်းကား မှာ အကျင့်မကောင်းပေ။
သူသည် ဤသုံးပုံဝိုင်းတွင် ၀င်ရောက်ထိုင်မိပြီး သုံးလေးလှည့်မျှ ဆ်ကတိုက်နိုင်လျှင် သူ ထမည်။ ယခုသော်ကား ရှုံးသောကြောင့် မဲခြင်း ဖြစ်သည်။ အဘယ်မျှ မဲပါသနည်းဟူမူ ထမင်းသုံးနပ်ကို ဖဲရိုက်ရင်း စားကာ အိပ်ချိန် တစ်ချိန် မေ့လျှော့ခဲ့ပြီ။

မည်သို့ဆိုစေ သာလာယံဇရပ်ကြီးနှင့် ညောင်မုတ်ဆိတ်ပင်ကြီးကို လွှမ်းခြုံထားသော ညဥ့်အမှောင် သည် တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့သည်။ သိပ်သည်းသော အမှောင်ထုကြီး ပြယ်စပြုပြီ။ မောင်ဆေးရိုးသည် သူ့အစ်ကိုမနှိုးဘဲ နိုးလာသည်။ မျက်လုံးကို ပွတ်ပြီး ငထွန်းကား၏ ဘယ်ဘက် ပခုံးပေါ်သို့ လှမ်းကြည့်၏။ မောင်ဆေးရိုး ထိုးမအိပ်မီက ငထွန်းကား၏ပခုံးပေါ်တွင် တင်ထားသော အင်္ကျီ မရှိပြိ။
သို့ဖြစ်ရကား သူ့အစ်ကို ရှုံးမဲ မဲဦးမည်ဟု မောင်ဆေးရိုး တွက်သည်။ သို့ကြောင့် သူ့အစ်ကိုဘေး တွင် မောင်ဆေးရိုး ပြန်လှဲသည်တွင် ငထွန်းကားက ညာလက်ဖြင့် ခံထားသည်။
"မအိပ်နဲ့တော့၊ သွားကြရအောင်"
"အင်္ကျီကော" ဟု မေးရင်း၊ မောင်ဆေးရိုး ထထိုင်၏။
"ညီလေးရဲ့အင်္ကျီလား။ ရွေးလိုက်၊ ပြန်ပေါင်လိုက်နဲ့။ အေးလေ၊ အရှုံးနဲ့ပိုင်းတာပဲ ကောင်းပါတယ်"

မောင်ဆေးရိုး စောဒက မတတ်ကပါ။ သူသည် ငါးကျပ်ဖြင့် ဆုံးသော အင်္ကျီကို နှမြောသော်ငြား မပြောတော့ ပါ။ ပြောမိသောကြောင့် သံသရာရှည်နေလျှင် နောက်ထပ် ဘယ်နှရက်ထိုင်ဖြစ်မည်ကို မည်သူမျှ အတပ် မပြောနိုင်ပါ။ မန်ကျည်းပင်ပုရွာမှ မယ်ငြိမ်းစည် မျှော်ခြင်း မမျှော်ခြင်းထက် ရမ်းဘိုကုန်းမှ အမေ မျှော်ရော့မည်။
သို့ကြောင့် အင်္ကျီစကား တစ်ခွန်းမျှ မပြောဘဲ မောင်ဆေးရိုး ထလာသည်။ နွားနှစ်ကောင်ကို လှည်းတပ်သည်။
"မောင်လေး သွားတော့မလား"
မယ်အေးရှင် ရောက်ဖြစ်အောင် ရောက်လာသေးသည်။

"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မေင်ဆေးရိုး လျှာယားနေ ၏။ "ခင်ဗျားလောက် အရှက်နည်း သဲ့မိန်းမ။ တစ်သက် မတွေ့ဖူးဘူးဗျာ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 21, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး အပိုင်း (၁)

(၁)

ဓားပြကြီးသည် လှည်းဝင်ရိုးသံကို ဂရုတစိုက် နားထောင်နေသည်။
"နားထောင်ကြမ်းဟေ့၊ လှည်းဝင်ရိုးသံက ကျွီခနဲ ကျွီခနဲ တယ်သွက်တာပဲကွ။ ပစ္စည်းမပါဘူး၊ လူချည်းပဲကွ"
ဓားပြကြီး မိုးသီး သည် ပြောပြောဆိုဆို ထရပ်သည်။
"အဲသည်လှည်း ကို လုမယ်ဟေ့။ အရေးတကြီးကိစ္စရှိလို့ အဖော်မရှာဘဲ တစ်ကိုယ်တော် ထွက်လာတဲ့ သူဌေး လှည်း ကွ"
မိုးသီး ၏ စကားအဆုံးတွင် ချုံပုတ်များ ချိုင့်ဝှမ်းများထဲမှ ဓားပြတွေ ထွက်လာသည်။ စုစုပေါင်း ခုနစ်ယောက်။ ဓားကိုင်နှင့် လှံကိုင်၊ ဒူးလေးကိုင်များ။
မိုးသီး ရပ်နေသော သစ်ပင်ရိပ်သည် အခြားနေရာများထက် ကုန်းကျသောကြောင့် လရောင်အားကိုး ဖြင့် အသော့နှင် လာသော နွားလှည်းကို စီးပြီး မြင်ရ၏။ လရောင်အောက်တွင် ဖုန်းတထောင်းထောင်းဖြင့် သွက်သွက်နှင် လာသော နွားလှည်းမှာ လှည်းယဉ်မဟုတ်။

လှည်းမောင်းသူရောမှ နှစ်ယောက်တည်းသာ ဖြစ်သည်။
"ဟေ့ ဟိုလှည်း ရပ်လိုက်စမ်း"
ဓားပြကြီးမိုးသီး သည် ပြောလည်း ပြော၏။ သစ်ပင်ရိပ်မှလည်း ထွက်၏။ လရောင်ထဲသို့ သူထွက်မှ ငယ်သားတွေပါ လိုက်ထွက်၏။
"ဟာ ဓားပြတွေ ပါကလား။ အစ်ကို ပါးစပ်ပိတ်ထား ငါပြောမယ်"
လှည်းမောင်းသူ မှာ ရမ်းဘိုကုန်းသား မောင်ဆေးရိုး ဖြစ်၏။ လှည်းပေါ်တွင် ခရီးသည်အဖြစ် ပါလာသူမှာ သူ့ အစ်ကို ငထွန်းကား ဖြစ်သည်။ ငထွန်းကားသည် မန်ကျည်းပင်ပုရွာတွင် သားနှစ်ယောက်နှင့် မယားနှင့်နေရာ က မိဘနှင့် ညီအစ်ကိုမောင်နှမများကို လွမ်းသောကြောင့် လှည်းကြုံဖြင့် လိုက်လာခဲ့သည်။ သူ့တွင် မွေးချင်း များများ မရှိ။ ညီမောင်ဆေးရိုး၊ နှမ မယ်မျှင်သာ။
သူသည် ရွာတွင် တစ်လ ကိုးသီတင်း နေ၏။ ဦးကျန်ကြီး မယ်ကြွယ်စိုးတို့သည် ဝေးဝေးလံလံက သားကြီး ရောက် လာသဖြင့် ၀မ်းသာ၏။ မိဘ လုပ်ကျွေးရာတွင် များသောအားဖငြ့် နဖူးက ချွေးခြေ မပေါ် ကျအောင်သာ လုပ်ကိုင်ကြ၏။ ငထွန်းကားသော်မူ "ကျွန်ကြီးငနွား" ဖြစ်သည်။ သို့ကြောင့် သားကြီးကို ကြည်ဖြူ ၀မ်းသာငြား စိုးရိမ်လာ၏။

"လင်မယားများ စိတ်ဆိုးလာရော့သလား"
မည်းမည်း သည်းသည်း ကျွဲကြီးတစ်ကောင်နှယ်ရှိသော ငထွန်းကား၏ ဇနီးမှာ ရွှေတဆုပ်ရွာမှ မင်ကြောင်ဆရာ ဦးရဲတင်း ဒေါ်မင်းဘော် တို့၏ သမီး မယ်ငြိမ်းစည် ဖြစ်သည်။ မယ်ငြိမ်းစည်သည် အလှထက် အယဉ်ကဲနေငြား မျက်လုံး မကောင်းပေ။
မယ်ငြိမ်းစည် ကြက်မျက်သင့်၍၊ မျက်လုံးစွေ ၍ "မျက်လုံးမကောင်း" ဟု ဆိုခြင်းမဟုတ်။ ယောက်ျား တိုင်းကို ပြီတီတီ လုပ်သည်။ ကြာမျက်လုံးဖြင့် ကြည့်သည်။ ထို့ကြောင့် မျက်လုံးမကောင်းဟု အမေ မယ်ကြွယ်စိုး က ပြောခြင်း ဖြစ်သည်။
မယ်ငြိမ်းစည် သူတို့အမျိုးထဲသို့ ၀င်လာသည့်အတွက် မောင်ဆေးရိုးတို့မှာ ဂုဏ်နိမ့်ပါသည်။ ရွာတောင်ပိုင်းက ဦးဘမှီ အိမ် ဓားပြအတိုက်ခံရရာ ဓားပြအချို့ကို မိသည်။ ရွာတွင်းမှ လက်ထောက် ချသူမှာ မယ်ငြိမ်းစည် ဖြစ်ကြောင်း ထိုဓားပြ များက အစစ်ခံသည်။ သို့ကြောင့် ငထွန်းကား၏ညီ မောင်ဆေးရိုးမှာ ထို မရီးကြောင့် ဂုဏ်ပျက်ရ မျက်နှာငယ်ရ၏။ ထိုသို့ မလိုအားအပ်သူ ဖြစ်စေကာမူ ဦးကျန်ကြီး၊ မယ်ကြွယ်စိုးက မြုံ မနေပါ။

"ဟဲ့ လင်မယားများ စိတ်ဆိုးလာသလား"
ပျာပျာသလဲ မေးကြ၏။
"လင်မယား စိတ်ဆိုးမလာပါဘူး။ အဖေတို့ အမေတို့ နေလို့ထိုင်လို့ ကောင်းကြရဲ့လားမသိဘူး၊ တစ်ခေါက် တစ်ကျင်း သွားချေဦးမယ် ပြောပြီး လာတာပါ" တစ်ခုမူ ပြောစရာ ရှိ၏။
ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ အိမ်သို့ ငထွန်းကား ရောက်လာချိန်တွင် မောင်ဆေးရိုး၏ သားငယ်က မှက္ခရုနာ ပေါက်နေ၏။ အိမ်ကြီးတွင် အဖီဆွယ်နေသူ၏ အဖြစ်အပျက်ကို ငထွန်းကား ကောင်းစွာ သိနေ သည်။ ကောင်းစွာ မြင်နေသည်။
ကလေး က နို့မစို့နိုင်။ တအင်အင် မြည်နေသည်။ ဟိုဟာ ကောင်းသည်ဆို လုပ်လိုက်၊ သည်ဟာ ကောင်းသည် ဆို လုပ်လိုက်ဖြင့် သံသရာလည်နေ၏။ ဝေဒနာရှင် ကလေးသာ ဆင်းရဲသည်မဟုတ်။ မိဘနှစ်ပါးပါ အအိပ်ပျက် အစားပျက် ဖြစ်ကြရ၏။

သည်အချိန်တွင် ရောက်လာသော ဧည့်သည်က ငထွန်းကား။
"ကလေး ဘာဖြစ်သတုံး"
"မှက္ခရုပါကွာ၊ ပါးစပ်တစ်ခုလုံး ဖွေးနေသာ"
"အမယ်လေး မှက္ခရုနာများ ခက်လွန်လွန်းလို့"
ငထွန်းကား၏ ခက်လွန်လွန်းလို့မှာ သဒ္ဓါသုမန ဇာတ်ထုပ်ထဲကလို မဟုတ်ပေ။ ပေပင် မှ ပေရွက်ခြောက် ကို ပြာချပြီး၊ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးခြင်း ဖြစ်သည်။ သူ့ဆေးနည်းဖြင့် နောင်တွင် ဘညိန်းဖြစ်လာမည့် အကောင် သက်သာ သွားသဖြင့် ငထွန်းကား နောက်ဆံငင်နေခြင်း ဖြစ်၏။

သို့သော် အမေက သူ့သားအကြောင်း၊ သူ့ချွေးမအကြောင်း သိသည်။ သားအနှောင်အဖွဲ့သာ မရှိလျှင် သည် မိန်းမ ကို အချိန်မရွေး ပစ်ထားခဲ့နိုင်သော လူစားဟူ၍လည်း မယ်ကြွယ်စိုး သိသည်။
"ကလေး လည်း သက်သာနေပေါ့ဟယ်၊ ပြန်ပြန်" သို့သော် ငထွန်းကား အထုပ်အပိုး မပြင်။
"သား ငဆေးရိုး၊ နင့်အစ်ကို ကို လှည်းနဲ့လိုက်ပို့လိုက်စမ်း"
ငထွန်းကား သည် သားမယားရှိရာ မန်ကျည်းပင်ပုသို့သွားပါလျက် လမ်း တွင် သောင်တင် နေနိုင်၏။ ထမင်းစားနေရာ က အိမ်ရှေ့ ရှိ ငရုတ်ပင် သို့ ငရုတ်သီး ဆင်းခူးရာ သုံးနှစ်ကြာမှ ပြန်ရောက်သူမှာ ငထွန်းကား ကဲ့ သို့သော လူစားမျိုး ဖြစ်၏။

"ပြန်ပြန်၊ မင်းရောက်နေသာ တစ်လကျော်ပြီ။ လူလေး မင့်အစ်ကိုကို လှည်းနဲ့လိုက်ပို့လိုက်"
အမေ့ အမိန့်အရ မောင်ဆေးရိုး လှည်းပြင်သည်။ ရေဗလုံအိုးနှင့်က တစဘူး။ ဘူးသီးခြောက်နှင့်က တစ်ဘူး၊ ရေကို အဓိကထားပြီး ဆန် သုံးနပ်စာ တင်လျက် အိမ်မှ ထွက်လာကြ၏။ ရမ်းဘိုကုန်းမှ စလင်းသို့ သွားသော လမ်းသည် အကျဉ်းသားများ၏ ကောင်းမှုကြောင့် ဖြူးနေ၏။ သာစည်ရွာနား က ဗွက်မှာလည်း မင်းတုန်းမင်း နန်းမစံမီကတည်း အုတ်တံတား ဖြစ်နေပြီ။
သို့သော် ငထွန်းကားမှာ နွားနှင့်ဖက်ပြီး လယ်ထွန်လာသူ ဖြစ်ရာ အလွယ်မကြိုက်ပေ။
"သည်လမ်းကသွားရင် အသွားအပြန် ၅ရက် ကြာမယ်ကွ"
သို့ကြောင့် မောင်ဆေးရိုးမှာ အစ်ကို၏ ညွှန်ကြားချက်အရ မြင်းခေါင်းရွာဘက်က လှည့်မောင်းရ သည်။ ကျောက်လမ်းမဟုတ်သောငြား ခရီးတိုသည်။ ၀န်စည်စလယ်မပါသည့်အတွက် တော်ရုံ သဖြင့် ဗွက်ကို မမှုပေ။

ဝန်စည်စလယ်ပါသော လှည်းများသည် ဗွက်ကို ကြောက်၏။ သို့အတွက် ခရီးဝေးချင်ဝေးပါစေ၊ အဖော်ကို ရှာသည်။ အဖော်ပါမှသာ တစ်ဦးကိုတစ်ဦး ကူညီနိုင်ပေမည်။ ငထွန်းကားတို့ညီအစ်ကိုမှာ သော်ကား စားအိုး စားခွက်သော်မျှ မည်မည်ရရ မပါပေ။ နေပူချိန်တွင် နားပြီး ညပါမရှောင် မောင်းလာသောကြောင့် နေ့တွင်းချင်း ရွာရိပ် ကို ခိုမိပြီ။
မန်ကျည်းပင်ပု နယ် ထဲသို့ ၀င်မိမှ ဓားပြနှင့်ဆုံသည်။ ဓားပြက ခုနစ်ယောက်မို့၊ မောင်ဆေးရိုးက စိတ်ဆတ်သော သူ့ အစ်ကို ကို အဖယ်ခိုင်းပြီး၊ သူက ဓားပြကို ထိုင်ပြီး ရှိခိုး၏။
"ကျွန်တော့်အစ်ကို က မန်ကျည်းပင်ပုရွာကပါ။ နာမည် ငထွန်းကားပါ။ ကျွန်တော်က ငဆေးရိုး ခေါ်ပါတယ်။ ရမ်းဘိုကုန်း ကပါ။
ဆန်ကလေး တစ်ပြည် ကလွဲလို့ အဖိုးတန်ပစ္စည်း မပါပါဘူး ခင်ဗျာ"
"နေပါဦးကွ၊ မင့်အစ်ကို မှာ ပါးစပ်မပါဘူးလး"
ဓားပြကြီးမိုးသီး ၏ စကားက ငထွန်းကားကို မခံချင်အောင် ဆွ၏။

"ပါးစပ်ပါပေမဲ့ အပြောအဆို မတတ်မှာစိုး"
"ဖယ်စမ်းကွာ"
ဓားပြကြီးမိုးသီး သည် မောင်ဆေးရိုးကို တွန်းပစ်ခဲ့၏။ လှည်းရိပ်ခိုပြီး ထိုင်နေသော ငထွန်းကားကို ခြေဖြင့် ကန်၏။ ငထွန်းကား သည် ကန်လာသောခြေကို လက်ဝါးစောင်းခုတ်လျက် ထရပ်၏။ ဓားပြ ကြီးမိုးသီး တဟားဟား ရယ်မော၏။
"လက်စသတ်တော့ ကျားကိုစီး စားလို့မကုန်တဲ့ ယောက်ျားကြီးပဲကွ။ အဲသာနဲ့များ ဟိုကောင် က ရှေ့နေ လုပ်သေး တယ်"
ဓားပြကြီးက ပြောပြောဆိုဆို မောင်ဆေးရိုး ကို ပြေးကန်သည်တွင် ငထွန်းကား က ပိတ်ဆီးဟန့်၏။
"ကျုပ်နဲ့ ခင်ဗျားနဲ့ ကတောက်ကဆဖြစ်မှာစိုးလို့ ကျုပ်ညီက ကြားဝင်တာပဲဗျ။ ခင်ဗျား လက်နက် အားကိုး၊ လူဦးရေအားကိုး နဲ့ အနိုင်မကျင့်နဲ့။
ဓားပြကြီး သည် ငထွန်းကားကို စိုက်ကြည့်လျက် တိုးကပ်လာ၏။ ငထွန်းကားသည် တိုးကပ်လာ သော ဓားပြကို မျက်တောင် မခတ် ဘဲ ပြန်ကြည့်နေ၏။

"မင်းညီ အရင်းလား"
"ဘာလုပ်မလို့တုံး"
"မင်းစကားပြောတာ မောက်မာလှချေကလား။ ယောက်ျားစွမ်းပြိုင်ချင်သလား"
ငထွန်းကားသည် ၀န်းရံထားသော ဓားပြများကို ကြည့်သည်။
"ခင်ဗျားတို့ ကိုယ်ပေါ်က ဒူးလေးကို ဖယ်လိုက်ရင် ရှစ်ယောက်နဲ့ တစ်ယောက် ချရဲတယ်။
ဓားပြကြီး ရယ်မောသည်။
"တော်တော် လေကျယ်တဲ့လူပဲ"
ဓားပြကြီးက သူ၏ လက်ဝဲလက်ဖျံကို ထောင်ပြသည်။

"အပြောမကြီးနဲ့။ ငါက လက်ဖျံတစ်လုံးတည်း ရှိတယ်။ ဘယ်သူမျှ ငါ့ကို အံမတုရဲဘူး"
"ကျုပ်လည်း ကျုပ်လမ်း ကျုပ်သွားချင်တာပါပဲ။ ရန်မဖြစ်ချင်ပါဘူး"
"ရတယ်လေ၊ လှည်းနဲ့ နွား ထားခဲ့ပြီး မင်းတို့ သွားနိုင်တယ်"
"ဆင်းရဲသားမှာ လှည်းနဲ့ နွားပဲ အားကိုးစရာ ရှိတာ။ ခင်ဗျား ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့လူပဲ"
"ဟ ကိုယ်ချင်းစာရင် ဓားပြလုပ်နေမလားကွ"
ငထွန်းကား နားလည်လိုက်ပါပြီ။ ဤဓားပြကား ခိုက်ရန် မဖြစ်ပွားရလျှင် မပြီးသည့် ဓားပြ ဖြစ်သည်။ ထို့ကြောင့် ပုဆိုး ကို ခါးတောင်းကျိုက်သည်။ သျှောင်ကို ပြင်ထုံးသည်။ ထို့နောက် ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ် သည်။

"ဟေ့ ဒူးလေးချထား၊ တစ်လံကွာမှာ ဆုတ်နေ"
ဓားပြကြီး မိုးသီးသည် ဒူးလေးကိုင် သုံးယောက်ကို လှည့်ပြီး အမိန့်ပေး၏။ သူကိုယ်တိုင်ကား ဓားကို မြှောက်ပြီး ပြေး ၀င်၏။ "ကျားဘသား" ဟူသည့် ၀မ်းခေါင်းသံကြီးနှင့်အတူ ဓားတခြား လူတခြား ဖြစ် လျက် ဓားပြကြီး ငမိုးသီး လွင့် သွားသည်။
"ခင်ဗျားအားကိုး သဲ့ဓား မရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မတုံး"
ငထွန်းကား၏ စကားမဆုံးမီ ဓားပြကြီး၏ ခြေထောက်က လွင့်ဝဲလာသည်။ ငထွန်းကား တိမ်းရှောင် သည်။ နောက်ပြန်ကန်သည်။ ဓားပြကြီး အွန့်ခနဲ မြည်လျက် လေးဖက်ထောက်ကျသွား၏။
သို့သော် ဓားပြကြီး တစ်ခုန်အကွာအဝေးတွင် ဓားရှိသည်။ ထိုဓားကို ထပြီးမယူ။ ထရပ်ပြီး လက်ပန်းပေါက် ခတ်သည်။ ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ်သံမစဲမီ လက်သီးတွေရော ခြေဖျားတွေပါ ငထွန်းကားထံ ၀ံပျံ လာ၏။ ငထွန်းကား ငဲ့ကာစောင်းကာ တိမ်ရှောင်ငြား၊ ဓားပြကြီး၏ ခြေမမှ ခြေသည်းက ပါးကို ခြစ်သွား၏။

"ဟာ အစ်ကို"
မောင်ဆေးရိုး ပျာယာကြီး ခတ်သွားငြား ငထွန်းကားသော် မတုန်လှုပ်။ နီရဲသော သွေးတွေ ပေါက်ခနဲ ပေါက်ခနဲ ကျသော်ငြား သူ့အကြည့် က ဓားပြကြီးထံမှာသာ ရှိသည်။ သူတို့နှစ်ယောက် သည် တစ်ယောက်ကဲကို တစ်ယောက် ကြည့်နေကြရာ တစ်အောင့်မျှ ကြာသွားသည်။
"ဟိတ်ကျားဘသား"
ဓားပြကြီးမိုးသီး ပြေးလာပြီး ခြေဖျားဖြင့်ခတ် လက်ဝါးစောင်း ခုတ်သည်။ ငထွန်းကားက ရှေ့ကို တိုးပြီး လက်နှစ်ဖက် ကို ဖမ်းချုပ်သည်။ သူ့ရှေ့ကို တိုးသဖြင့် မြေကြီးမှာ ငထွန်းကားပခုံးပေါ် ရောက်သွားသည်။ သို့သော် ပခုံးပေါ်ရောက်လာသူကို ငထွန်းကားက ကြာရှည်မထား။ ချက်ချင်း ကိုင်ပေါက်သည်။

ငထွန်းကား၏ ပေါက်ချက်က ပြင်းသည်။ ပြင်းသော်ငြား ဓားပြက ပေါ့ပါးစွာ လှုပ်လှည့်သဖြင့် မတ်တတ်ကျသည်။ ပေါ့ပါးစွာကျသော မြေကြီး၏နောက်၌ ငထွန်းကား ကပ်လျက်ပါလာသည်။ တံတောင်ဖြင့် ထောင်းသည်။ အွတ်ခနဲ မြည်လျက် ဓားပြကြီး ခါးကုန်း အသွားတွင် ငထွန်းကားက ဖနောင့်ဖြင့် ပေါက် သည်။ ဓားပြကြီး လေးဖက်ထောက်ကျသည်။ ဆက်လျက် ဖနောင့်ပါလာသဖြင့် ဓားပြကြီး ကိုယ်ကို လှည့်သည်။ ဤတစ်ချက်ကား အကြီးကျယ်ဆုံးအမှားပေတည်း။ ဓားပြကြီး ကိုယ်ကို လှည့်လိုက်ချိန် တွင် ၀င်လာသော ဖနောင့်ချက်က ဓားပြကြီး၏နံရိုးကို ရိုက်ချိုးလိုက် သတည်း။
"တော်ပြီ၊ ငါ ရှုံးတယ်၊ သွားတော့"
သွေးအန်သော ဓားပြကြီးထံ ငယ်သားများ အပြေးစုပြုံကြ၏။ မောင်ဆေးရိုးသည် လှည်းပေါ်သို့ အပြေး တက်သည်။ အတင်းမောင်းသည်။ ငထွန်းကားကလည်း "ငါ့ကို စောင့်ပါဦး" တစ်ခွန်းမပြော။ လှည်းနောက်သို့ အား သွန်လျက် ပြေးလိုက်လာသည်။ အတော်ကြီး ပြေးမိမှ လှည်းရံတိုင်ကို ကိုင်မိပြိး၊ လှည်းပေါ်သို့ လွှား ခနဲ ရောက် လာ၏။

သတ်ပုတ်ရသဖြင့် ငထွန်းကား မှာ အားကုန်သည်။ ပြေးနေသော လှည်းနောက်သို့ အပြေးလိုက်ရ ခြင်းကား ပို၍ ပင်ပန်း သည်။ သို့ကြောင့် ငထွန်းကားမှာ စကားမပြောနိုင်ဘဲ မောင်ဆေးရိုးကို လက်ဖြင့် ပုတ်၏။ မောင်ဆေးရိုး လှည့် ကြည့်သော်ငြား နားမလည်။
"လမ်း လမ်း လမ်း"
လမ်းဟူ၍ မောင်ဆေးရိုး ကြား၏။ သို့ရာတွင် လမ်းရိုးဟု ပြောသလော၊ လမ်းဟောင်းကို ပြောသလော။ လှည်း ကိုလည်း ရပ်မထားဝံ့။
"အစ်ကို ဘာပြောသတုံး"
"မှားမှား လမ်းမှား"
ထိုအခါတွင် ကား မောင်ဆေးရိုးသည် လှည်းကို ထိုးရပ်လိုက်လေ၏။

"လမ်းမှားလာသယ်၊ ဟုတ်လား အစ်ကို"
"အေးကွ။ ဒါပေမဲ့ မောင်း မောင်း၊ ငါ လမ်းပြမယ်"
သို့ကြောင့် နွားစားကျက်ဟု ထင်ရသော လွင်ပြင်ထဲသို့ မောင်ဆေးရိုးမှာ လှည်းကို ဆက်လက် မောင်းနှင် လာရ၏။ မကြာမီ လှည်းလမ်းတစ်ခုကို တွေ့ငြား၊ ငထွန်းကားလည်း မျက်စိလည်နေဟန် ရှိသည်။
"မောင်းကွာ မောင်းသာမောင်း"
ကုန်းတစ်ခုပေါ်သို့ အရောက်တွင် မောင်ဆေးရိုးတွင် လှည်းကို ထိုးရပ်ကာ "အစ်ကို ကြည့်ပါဦး၊ မျက်စိ လည်သာ ပြေပြီလား" ဟု မေးသည်။

"ဟား နင့်ဖေကလွှား၊ ကျောင်းတော်ရာသွားတဲ့လမ်းပါကလား။ ညီလေး ဖဲ့ ဖဲ့ ဘယ်ဘက်ကို ဖဲ့ဆင်း ဟ။ နေ မထွက်မီ ရောက်လာမှာကွာ။ သည်ဓားပြတွေ ရှုပ်တဲ့အတွက် နောက်တစ်နေ့ တစ်နေကုန် ပြီပေါ့"
မောင်ဆေးရိုး မှာ ဤသို့ဖြင့် သူ့အစ်ကို ငထွန်းကား ညွှန်ကြားသည့်အတိုင်း မောင်းလာရာ မိုးလင်း ချိန်တွင် တောင်ကြားလမ်းတစ်ခု၏ အစပ်ကို မေးတင်မိလေ၏။
"အဲသည်လမ်းဟာ ငါမသွားဖူးတဲ့လမ်းပဲဟ ညီလေးရ"
မောင်ဆေးရိုးအတွက် အားပျက်စရာဖြစ်သော ငထွန်းကား၏ စကား။ သို့ရာတွင် အလားတူ နွားလှည်း များကို မြင်ရသဖြင့် မောင်ဆေးရိုး စုံစမ်းကြည့်ရာ မန်ကျည်းပင်ပု လမ်းခွဲသို့ ရောက်ကြောင်း သိရလေ၏။

တောင်ကြားလမ်းမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ ၀ဲယာတောင်မြင့်ကြီးတွေ၏ ကြားက သွားရသော လမ်းဖြစ်သည်။ တောင်ကြားလမ်းသို့ ၀င်လာသည်နှင့် တစ်ပြိုင်နက်တည်း နိမ့်သော တောင် ပြေလျှောသောတောင် ကို မတွေ့ရ။ ရှေ့ဆက်သွားလေလေ မြင့်လေလေ။
နေရောင် ကို မော့ကြည့်မှ မြင်ရသည်။
မောင်ဆေးရိုး တို့ ညီအစ်ကို၏ ရှေ့တွင် လှည်းနှစ်စီး သွားနှင့်သည်။ လှည်းကို မမြင်ရငြား ဖုန်ကား မသေသေး။ နောက်လှည်းတွေ ပါလာကြောင်းကိုကား လှည်းဝင်ရိုး အီသံကြောင့် သိရခြင်း ဖြစ်သည်။
"အစ်ကိုရေ၊ အခုနေ တောင်ကြားထဲကို မြစ်တစ်ခုခု စီးဝင်လာရင် ဘယ့်နှယ်လုပ်မတုံး"
ကြည့်ရင်းကြည့်ရင်း စိတ်အားငယ် လာသဖြင့် မောင်ဆေးရိုးမေးရာ၊ ငထွန်းကား၏အဖြေက ရှင်း၏။

"သေရုံပဲ ရှိတာပေါ့ကွာ"
"မသေဘူးဗျ"
ဝဲ ယာ တောင်ကမ်းပါးယံများတွင် ကုတ်စရာ တွယ်စရာများ တွေ့သည်။ ပျံလွှားငှက်များကို မြင်ရ သည်။ သို့ ရာတွင် ထိပ်ပိုင်းတွင်သာ ငှက်များကို မြင်ရ၏။ အောက်ခြေသို့ ဆင်းမလာကြချေ။
နွား များသည် နားရွက်ကို ပေပြီး သွားလေ့ ရှိ၏။ ယခု လှည်း ဆွဲနေသော နွားတစ်ရှဉ်း မှာ နွားရွက် တွေ ထောင်နေသည်။ သူတို့ မနှစ်သက်သော နေရာ ဖြစ် ၏။ နွားသင်္ချိုင်း ရှိသော နေရာ ကို ဖြတ်သန်း သွားရလျှင် နွားတွေ လန်လေ့ရှိ၏။ အမှောင့် ပယောဂ ရှိသောနေရာ ဆိုလျှင်လည်း နွားတွေ လန့်တတ်၏။ ယခု လှည်းထဲက နွားတစ်ရှဉ်းမှာ ထိုအသွင်မျိုး ဖြစ်နေသည်။
ထိုအခါ မောင်ဆေးရိုး က သတိပေးသည်။

"အစ်ကိုရေ၊ နွားတွေရဲ့ အနေအထားက မကောင်းဘူးဗျ"
ငထွန်းကား မူ တောက်တက်ခတ်၏။
"သည်ဓားပြတွေ နဲ့ မတွေ့ရင် အိမ် မှာ တစ်ရေးတစ်မော ရပြီကွ"
နေလုံးကို မြင်ရပြီ။
နားကွဲမတတ် ဆူညံသော အသံများ ကြားရသည်။ နွားနှစ်ကောင်း ထိုးရပ်သွားကာ လဲမယောင် ပြိုမယောင် ဖြစ်နေစဉ် ခေါင်းပေါ်သို့ အမှုန်အမှိုက်တွေ ခဲတွေ ကျလာ သည်။ မြင်နေရသော နေရောင် ပျောက် သွားပြီ။ "ငလျင်လှုပ်တာကွ" "ဒါဖြင့် ဘယ့်နှယ်လုပ်မတုံး" မောင်ဆေးရိုး မော့ကြည့်သည်။ မိုးသို့ပျံ့ လွင့်နေသော တောင်နံရံ များသည် အချင်းချင်းထိကပ် လျက် တောင်ကြားလမ်းကို လက်ယှက်မိုးထားဟန် ရှိနေပေသည်။

"နေရောင်ပျောက်သွားပေမဲ့ မမှောင်ဘူးကွ"
ငထွန်းကားသည် လှည်းပေါ်မှ ခုန်ဆင်းသည်။ လှည်းရှေ့သို့ ပြေးကာ ခဲကြီးကျောက်ကြီးများကို ဖယ်ပေးသည်။
"မောင်း ညီလေး၊ မောင်း မောင်း"
သို့စဉ်တွင် နောက်လှည်းများမှ လူများ ပြေးလာကြ၏။
"ငလျင် လှုပ်တာဗျ" "နှစ်ဖက် တောင်နံရံကြီးတွေ အချိန်မရွေး ပြိုကျနိုင်တယ်"
ပါးစပ် မှ မည်သို့ပင် ပြောစေကာမူ လမ်းပိတ်အောင် ပြိုမကျသေးသဖြင့် ရှေ့က ငထွန်းကား လမ်းရှင်းပေးသည် ကို မောင်ဆေးရိုး၏ လှည်းက သွက်သွက်မောင်းသည်။ ငထွန်းကား၏ တစ်ယောက်အားဖြင့် ကြီးမားနေသော ကျောက်တုံးများ ကို နောက်လှည်းမှ လူများက ကူညီပေးကြ သည်။

"အစ်ကိုရေ၊ မနားနဲ့ဗျို့။ အချိန်မရွေး ပြိုကျနိုင်တယ်"
မောင်ဆေးရိုး၏ လောဆော်မှုကြောင့် ငထွန်းကား မနားနိုင်။ နောက်လှည်းများမှ လူများလည်း မနား ရဲကြ။ တောင်ကြားလမ်းတစ်ခုလုံး ပိတ်သွားပြီ ထင်ရ၏။ သို့ရာတွင် နေရောင်နှင့် အလင်းရောင် မမြင်ရပြီ။ အလင်းရောင် အားနည်းပြီး ကျောက်တုံးတွေ စုပုံပိတ်ဆို့နေသော နေရာ သို့ အရောက် တွင် မောင်ဆေးရိုးရော ရှေ့ - နောက် လှည်းများပါ ရပ်နေကြရပြီ။
"ကဲ ဘယ့်နှယ် လုပ်ကြမတုံး"
ရှေ့ဆုံးလှည်း မှ လှည်းသမားက မေးသည်။

"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။
"လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။
"ကိုင်း အစ်ကို လမ်းပြပေတော့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>