Showing posts with label စာရေးဆရာ ကိုအောင်ဆန်း. Show all posts
Showing posts with label စာရေးဆရာ ကိုအောင်ဆန်း. Show all posts

Wednesday, December 28, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၆ဝ) (ဇာတ်သိမ်းပိုင်း)

ပဲပြုတ်နှင့် နံပြား

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင် သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန်ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲ က စာပေများ ရေးသား ခဲ့သည်။ အယ်ဒီတာလည်း လုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များ ပြားသည့် ကြား ကပင် စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည် သာ အရေးအကြီးဆုံး ဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက်အကျိုးရှိစေသော ဆောင်း ပါးတွေသာ အရေးများသည်။ ရသ စာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ဝတ္ထုတွေလည်း မရေး ဖြစ်ခဲ့။
သို့ရာတွင် အတိုဆုံးဝတ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ အမှတ်တမဲ့ ရေး သားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။

ကြည်....
    ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်။
    အောင်

အထက်ပါ ပေးစာလေးကို ဝတ္ထုတိုတစ်ပုဒ်အဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရှိးစဉ်လာ စာပေ သဘောတရားအရဆိုလျှင် ဝတ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည်။ (အောင်နှင့်ကြည်) ဇာတ်လမ်းပါရမည်။ ပါတာပေါ့၊ သိပ်ချစ်ကြသော ဇနီးမောင်နှံနှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြား လှသော နိုင်ငံတာဝန်တွေ ထမ်းဆောင်နေရသဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ် ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့်မရဘဲ စာတိုလေးနှင့် သာ ဆက်သွယ် နေရသည်။

ဇာတ်ဆောင်စရိုက်ပီပြင်ရမည်။ ထိုစဉ်က "အောင်"သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိ ထားသူဖြစ်၏။ သူသားစားချင်လျှင် အကောင်းဆုံးဟိုတယ်ကြီးများမှာ စားသောက်ဖွယ်ရာများ ကို မှာယူ သုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုတ်နှင့် နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံ ချွေတာခြင်း သဘောကို တွေ့နိုင်သည်။

အမှန်အားဖြင့် ပဲပြုတ်နှင့် နံပြားလောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကိုလှမ်းမှာရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ်ကြီးသူ၊ သစ္စာရှိသူ ဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူ ကိုယ်တိုင် ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တတ်သူဖြစ်သည်။ မိန်းမကို ချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။
သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ရှာ။ တခြားသူတွေသာ ဆိုလျှင်...

ကြည်...
    နေကောင်းရဲ့လား၊ ကိုယ်လဲ အလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေ မယ့် စိတ်ကတော့ ကြည့်ဆီကိုပဲ အစဉ်သဖြင့် ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့လက်ရာ လေးတွေကိုလဲ တမ်းတနေမိတယ်။ ပဲပြုတ်နဲ့ နံပြားရရင်လည်း ပို့ပေးပါအုံး။ ဘယ်လို စားစရာမျိုးပဲ ဖြစ်ဖြစ် ကြည့်ရဲ့လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။

ပိုတောင်လွမ်းတဲ့
ကိုအောင်ဆန်း

စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာကတစ်ကြောင်း၊ ပြီးတော့ တုံး တိတိကြီး။ ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပိုမဆို တတ်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများကောင်းစားရေးကို ပို၍စိတ်ဓါတ်ထက်သန်သူ စသော စရိုက်သဘာဝများရှိကြောင်း ထင်ရှားစွာမြင်နိုင်သည်။ ဝတ္ထုတို တစ်ပုဒ်တွင် ရသပါရမည်ဆိုသည်။ ကြည့်ရအောင်။ တစ်ဦးအပေါ် တစ်ဦး နားလည်စာနာတတ် သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေးကြသော ဇနီးမောင်နှံ၏ချစ်ခြင်း မေတ္တာကိုကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။

သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေကို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့်မရရှာကြ။ များပြားလှ သော တိုင်းပြည် တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ကရုဏာရသမြောက်သည်။
"ဟင်... ဒီလို ထိပ်တန်းပုဂ္ဂိုလ်ကြီးက ပဲပြုတ်နှင့် နံပြားမှ စားချင်သတဲ့။ အံ့ရော"ဆိုပြီး အဗ္ဘုတြရသ အဖြစ် မြင်နိုင်သလို "ဖြစ်မှ ဖြစ်ရလေ"ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွက် နေပြနသည်။

ထိုဇနီးမောင်နှံတို့၏ဖြူစင်သန့်ရှင်းသော ဘဝကိုကြည့်ပြီး စိတ်တည်ငြိမ်အေးချမ်းသာယာမှုကို ရရှိ စေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း စသော ဦးတည်ချက်များကလည်း ဝတ္ထုတိုကောင်းတစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကား ပြောလျှင် ဤဝတ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘဝသရုပ်မှန်ဝတ္ထုဟု ယူဆနိုင် သည်။
ဤဝတ္ထု တွင် ဇာတ်သိမ်းခန်းပါဝင်ခြင်းမရှိ။

သို့ရာတွင် ခေတ်သစ်စာပေအယူအဆအရ ဇာတ်လမ်း သည် အရေးမကြီး။ ဇာတ်ကွက်ကသာ ပဓါန ကျသည်။ ဓမ္မဓိဌာန် စာပေအဖွဲ့အနွဲ့တွင် အဖြစ်အ ပျက်တစ်ခုကို ကွက်၍ မီးမောင်းထိုးပြသည်။ အရင်အတိုင်း ဖော်ပြသည်။ စာဖတ်သူက နှစ်သက်သ လို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန် ဝတ္ထုများတွင် ဇာတ်လမ်းတောင်ရှိချင်မှ ရှိ သည်။ ဇာတ်သိမ်းခန်းလည်း ပါချင်မှပါသည်။ ထို့ကြောင့် ဤဝတ္ထုတို ခေတ်ပေါ်ဝတ္ထုတစ်ပုဒ်ဟူ၍ လည်း ဆိုကောင်းဆိုနိုင်လိမ့်မည် ထင်သည်။

ကျွန်တော်သည် "ပဲပြုတ်နှင့် နံပြား"ကို ကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝ ဆုံး၊ ရသအမြောက်ဆုံး ဝတ္ထုတိုလေးတစ်ပုဒ်အဖြစ် စိတ်ကူးယဉ် ခံစားကြည့်မိခြင်းဖြစ်ပါသည်။

မင်းလူ

(မောင်စိမ်းနီ စုစည်းသော စာရေးဆရာကိုအောင်ဆန်း စာအုပ်ကြီး ပြီးဆုံးသွားပါပြီ စာဖတ်သူ အားလုံး ကို အထူးကျေးဇူးတင်ရှိပါသည်)

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 27, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၉)

အောင်ဆန်း (သို့မဟုတ်) အမျိုးသားခေါင်းဆောင်

ဟိုးယခင် အတိတ်ကာလကို ပြန်လည်တွေးတောမိတိုင်း ဧရာဝတီတိုင်း ဆကာကြီးမြို့ကလေးမှာ နေထိုင်ခဲ့စဉ် က ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများ လုပ်ကြံခံရသဖြင့် ဆကာကြီးမြို့ ဈေးရုံကြီးထဲမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် ကျင်းပချိန် မိမိကဖခင်ကြီး၊ ပခုံးပေါ်ထိုင်ကာ အခမ်းအနား ကို ငေးကြည့်ရင်း ဘုမသိဘမသိ မျက်ရည်ဝဲခဲ့လေသလား မသိ၊ ငယ်ဘဝကို ပြန် လည်ကာ တရေးရေး မြင်ယောင်မိတတ်သည်။

မိမိအထက်တန်းကျောင်းဘဝ ကျောင်းသားများ သမဂ္ဂမှာ ဝင်ရောက်လုပ်ခဲ့စဉ်ကာလ မြန်မာနိုင်ငံ ရေးသမိုင်း ကို လေ့လာသင်ကြားရင်း ဗိုလ်ချုပ်ရဲ့ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝကို စိတ်ဝင်စားခဲ့ သည်။ အောင်ဆန်း သည် ကျောင်းသားဘဝကပင် ပလွှားဝင့်ကြွားမှုမရှိ။ ပင်နီအင်္ကျီ၊ ပိန်းတိန်းဖိနပ် စီးကာ ခေါင်းစုတ်ဖွား နှင့် နေတတ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ တွင် အမှုဆောင် လူကြီး ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ရ သည်။ အိုးဝေ မဂ္ဂဇင်းတွင် ကျောင်းအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး "ခွေးသရမ်းကြီး လွတ်နေသည်" ဆောင်းပါး ပါလာရာ ကျောင်းအုပ်ကြီး ဒီဂျေစလော့က ဆောင်းပါးရှင်အမည်ကို ဖော်ခိုင်းသည်။ မဂ္ဂဇင်း အယ်ဒီတာ ပီပီ ထုတ်ဖော်ခြင်းမပြုသဖြင့် အောင်ဆန်း ကျောင်းထုတ်ခံရသည်။ ၁၉၃၆ ခု ကျောင်းသားသပိတ် ဖြစ်ပေါ်ခဲ့ပြီး၊ တက္ကသိုလ် အာဏာပိုင်များက အောင်ဆန်းကို ကျောင်းနေခွင့် ပြန်ပေးလိုက်ရတော့သည်။

ကျောင်းသားဘဝ သမဂ္ဂ လုပ်ကြစဉ် လူငယ်သဘာဝ အောင်ဆန်းကို အတုယူအားကျခဲ့မိသည်။ အောင်ဆန်း ကျောင်းသားဘဝမှ နိုင်ငံရေးနယ်ပယ်ရောက်သွားပြီး သခင်အောင်ဆန်းဖြစ်ခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံးဝင် ဂျပန်ပြည်ရောက်သွားပြီး ရဲဘော်သုံးကျိပ်နှင့် မြန်မာပြည်ပြန်လာ နောက်ပိုင်း ဂျပန်များ၏ဖက်ဆစ်အပြုအမူကြောင့် မဟာမိတ်များနှင့် ပူးပေါင်းကာတော်လှန်ရေးလုပ် ခဲ့သည်။ ဤသည်မှာ တစ်ကဏ္ဍ။

မြန်မာနိုင်ငံသို့ မဟာမိတ်အင်္ဂလိပ်တို့ ပြန်ဝင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော လူမျိုး များ၊ ပါတီအဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြရင်း သဘောထားကွဲပြားကာ ကွန်မြူနစ်ပါတီအား အဖွဲ့ ချုပ်ကြီးမှ ထုတ်ပယ် လိုက်သည်။ နောက်တစ်ချက်ကား ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့သမား နှင့် စေ့စပ်ကာ လွတ်လပ်ရေး အတွက် ကြိုးပမ်းသည်ဟူသော အချက်များကြောင့် မိမိ၏ကျောင်း သားဘဝ ပတ်ဝန်းကျင်ရိုက်ခတ်မှု လူငယ် သဘာဝ တက်ကြွမှုများ ပေါင်းစပ်ကာ ဗိုလ်ချုပ်အပေါ် ဘဝင်မကျ လက်မခံနိုင်ဖြစ်ခဲ့မိသည်။ မြန်မာ့ လွတ်လပ်ရေးကိုလည်း အတုအယောင် လွတ်လပ်ရေး ဟု မြင်ခဲ့မိသည်။

နောက်ပိုင်းတွင် အောင်ဆန်း၏နိုင်ငံရေးဘဝနှင့် ဖြတ်သန်းမှုကို အသေးစိတ်လေ့လာကြည့်မိသော အခါ သူ့အပေါ် တွင် မိမိမြင်ခဲ့သော အမြင်များ ပြောင်းလဲလာခဲ့တော့သည်။ ၁၉၄၀ ပြည့်နှစ်က ဟင်္သာတခရိုင် ဒေါင့်ကြီး ကျေးရွာ၌ ချင်းတောင်တန်းနှင့်ပတ်သက်ပြီး တရားဟောသဖြင့် ကျုံမငေး သခင်တင်မောင် နှင့်အတူ ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟင်္သာတရာဇဝတ်ဝန် ဇေးဗီးယား (Mr. Xavier) က ဝရမ်း ထုတ်လိုက်ပြီး ဆုငွေ ၅ ကျပ်ပေးမည်ဟု ကြေညာခံရသည်။

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန် လုံးပမ်းနေစဉ်ကာလ အင်္ဂလိပ် အစိုးရက အောင်ဆန်းအား ဗြိတိသျှအစိုးရ ရန်သူတော်စာရင်းတွင် အမှတ်စဉ် ၅ အဖြစ် ကြေညာခဲ့ လေသည်။ ဂျပန်များ မြန်မာနိုင်ငံဝင်လာပြီးနောက်ပိုင်း ဂျပန်ဖိနှိပ်ညှင်းပန်းမှုများကြောင့် အောင် ဆန်းသည် တစ်နိုင်ငံလုံးရှိ အားများကိုစုရုံးကာ ပြတ်သားစွာ တော်လှန်တိုက်ခိုက်ခဲ့သည်။ နောက် ပိုင်း တွင်လည်း ပြန်လည်ဝင်ရောက်လာသည့် ဗြိတိသျှနယ်ချဲ့သမားများကိုလည်း နည်းအမျိုးမျိုးဖြင့် ဆန့်ကျင် တိုက်ခိုက်သည်ကို မြင်ရပေသည်။ နောက် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများ... ကြောင့် အမြင် ပြောင်းလဲခဲ့ရသည်။

ဆရာဒဂုန်တာရာက သူ၏အောင်ဆန်း (သို့) အရိုင်းဆိုသည့် ရုပ်ပုံလွှာအဖွဲ့တွင် အောင်ဆန်းအား "သူ့တွင် နိုင်ငံရေး ဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သော လူ တစ်ဦးဖြစ်၏။" ဟု ရေးခဲ့သည်။ ထို့နောက် "သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောက်၏၊ ကိစ္စမရှိ၊ သူ သည် ဧည့်ခန်းဆောင် မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက် နှင့် တစ်ခု တည်း ကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏" ဟု ထပ်မံဆိုလိုက်သည်။
(၃)

အောင်ဆန်းကား ကမ္ဘာသိ မြန်မာသိ မြန်မာ့လွတ်လပ်ရေး ဖခင်နှင့် မြန်မာ့အမျိုးသားခေါင်းဆောင် တစ်ဦး ဖြစ်သည်။ အောင်ဆန်းဆိုလျှင် သူ့မိဘအမည် မွေးဖွားရာဒေသတို့ကို အထူးပြုရေးသား ဖော် ပြဖို့ပင် လိုမည်မထင်။ လူတိုင်းလိုလို သိပြီး၊ အမှတ်ရပြီး ဖြစ်သည်။ သူငယ်စဉ်က ထိန်လင်း၊ တို့ဗမာ အစည်းအရုံး ကာလ သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဘဝ ဗိုလ်တေဇ၊ ဂျပန်ခေတ်အစိုးရ စစ်ဝန်ကြီးဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း နောက် ဖဆပလ ဥက္ကဋ္ဌ၊ အမျိုးသားခေါင်းဆောင် ဦး အောင်ဆန်းဖြစ်သည်။ ငယ် နာမည် ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူက အောင်သန်းဖြစ်၍ သူ့အား အောင်ဆန်းဟူ၍သာ တစ်လျှောက်လုံး တွင်တော့သည်။

အောင်ဆန်း၏အဘိုးဖြစ်သူကာ နာမည်ကျော် ရွှေလရောင်ဘွဲ့ခံမြို့လုလင် မြို့သူကြီး ဦးမင်းရောင် ဖြစ်သည်။ ဦးမင်းရောင်ကား ခရစ်နှစ် ၁၈၈၅ တွင် မန္တလေးနေပြည်တော်မှ နေလနှစ်ဆူပါတော်မူ ချိန်၊ သူ့ကျွန် အဖြစ် နွံနစ်မခံ ဇာတိမာန်ဖြင့် ကုလားဖြူတို့အား လူ ၃၀၀၀ ခန့်စုပြီး နယ်ချဲ့တို့ကို တော်လှန် ခဲ့သည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဦးမင်းရောင်ဘွဲ့ မဟာကဗျာ လေးချိုးကြီး ဖြင့် "တောင်မန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်၊ ပြေမြန်မာတောင် မစိုးရရှာတဲ့၊ သြော်... အခေါင် မမြန်း၊ အမှောင်သမ်း သမို့ အောင်ပန်းညို့ခဲ့ရတဲ့... အောင်ဆန်းတို့ ရွှေလရောင်အဘိုး" ဟူ ၍ အောင်ဆန်း ၏အဘိုးဖြစ်သူအား ဂုဏ်ပြုရေးဖွဲ့သီကုံးခဲ့ပေသည်။

အောင်ဆန်းကား နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်ခဲ့သော်လည်း ကျောင်းမဂ္ဂဇင်း ဒဂုန်မဂ္ဂဇင်းနှင့် ဂန္ထ လောကမဂ္ဂဇင်းတို့တွင် ဆောင်းပါးများရေးခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း ဆောင်းပါးများရေး သည်။ အကြောင်းအရာအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် ကျောင်းသားများ အဝတ်အစားဆင် ယင်မှု ကိစ္စရပ် များကို ရေးသားခဲ့ပေသည်။ ကျောင်းသားဘဝကတည်းက အဆောင်တွင် စာအုပ် မျာ ဟိုတစ်ပုံ၊ သည်တစ်ပုံ ပြန့်ကြဲကာ အလွန်စာဖတ်သူ တစ်ယေယာက်ဟု သိရသည်။

ဆရာဒဂုန်တာရာက "အောင်ဆန်း သို့မဟုတ် အရိုင်း"တွင် "ကိုအောင်ဆန်းသည် မြန်မာစာအရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တစ်ခါတစ်ရံ ဟာသဉာဏ်ပါ ၏။ "ဟုရေးသည်။ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍လည်း "သူ၏မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော် လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ ၏။ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်ရှိနေ သည်။ သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်"ဟူ၍ မှတ်ချက်ချခဲ့လေ သည်။

၁၉၄၃ ခုနှစ် ဂျပန်ခေတ်တွင် စစ်သေနာပတိအဖြစ် အောင်ဆန်းဆောင်ရွက်ရင်း အလုပ်တာဝန်များ ပိလာသည်။ ဂျပန်ကို တော်လှန်ရန်အတွက် လျှို့ဝှက်ကြံစည်ကာစလည်း ဖြစ်သည်။ ထို့နောက် များပြား လှသော တာဝန်များ ပိကာ အောင်ဆန်းတစ်ယောက် အပြင်းအထန်ဖျားသဖြင့် အလံပြ ဘုရားလမ်းရှိ ပြည်သူ့ ဆေးရုံ (ယခု ကာကွယ်ရေးဝန်ကြီးဌာန) တွင် တက်ရောက်ကုသခဲ့သည်။ ဤ သို့ တက်ရောက် ကုသရင်း ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်နှင့် ဖူးစာဆုံခဲ့ရသည်။

အောင်ဆန်း လက်မထပ်မီ သုံးလေးရက် အလိုလောက်မှာ သခင်ဗဟိန်းကို လာရှာရင်း ဆရာဒဂုန် တာရာနှင့်တွေ့သည်ဟု ဆိုသည်။ အောင်ဆန်းက "အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာ လည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလဲ အနုပညာရှိတာပဲ။ အနု ပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေးအစစ်ပဲ"ဟု ပြောရင်း "ဒီမယ် အိမ် ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူးဗျ၊ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်"ဟု မမေးဘဲ သူ့ဟာသူ ပြောနေ၏ လို့ ဆရာတာရာက အောင်ဆန်းကို သူ၏ရုပ်ပုံလွှာအဖွဲ့၌ ရေးခဲ့သည်။ ဆရာတာက "လက်ထပ်ပြီးစက ကျွန်တော် ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ တိုင်ပင်ရန် အင်းယားကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့ရ၍ မပြုံးမိအောင် ဟန် ဆောင်နေရ၏"ဟု ဆက်ရေး လိုက်သည်။

အောင်ဆန်းကား အနေအထိုင်ရော အစားအသောက်ပါ ရိုး၏။ သူ့ရဲ့ဒေါ်ခင်ကြည်ဆီ ရေးသောစာ မှာ "ကြည်ရေ... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဟူ၍ ဖြစ်သည်။
အောင်ဆန်းကား စိတ်ထဲရှိသည်ကို တဇောက်ကန်းနိုင်နိုင် လုပ်တတ်လေသည်။ ကြမ်းလည်း ကြမ်း ကြမ်း ဟု ကြားဖူး၏။
ဒဂုန်တာရာ ရေးထားသည့် သူထက်စောပြီး ကျောင်းရောက်နှင့်သည့် သူ့မိတ်ဆွေ အောင်ဆန်းအ ကြောင်း ရေးထားသည့်စာထဲမှာ-
"သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လိုအများက ထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီး သည် မကြီးသည် ကိုမသိ၊ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏"။

"နှစ်ကိုကား အသေအချာမမှတ်မိတော့ သပိတ်မှောက်နှစ်လည်း အထိမ်းအမှတ်တစ်ခု သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲက ထ၍ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ် ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကား များသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ "ရဲရင်ထွက်"စသော အသုံးမျိုးသုံး၏။ လက် သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေ သည်"ဟူ၏။

၁၉၄၆ ခုတွင် အောင်ဆန်းဦးစီးသည့် ဖဆပလအဖွဲ့ချုပ်သည် လွတ်လပ်ရေးပေးရန် အင်တင်တင် လုပ်နေ သည့် ဗြိတိသျှတို့အကျပ်တွေ့စေရန် ၁၉၄၆ ခုတွင် အမှုထမ်းပေါင်းစုံတို့အား သပိတ်မှောက် ရန် အချက်ပေး လိုက်သည်။ ထိုသပိတ်ကြောင့် ဘုရင်ခံ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင် ဆန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ရသည်။ ၁၉၄၇ ခုတွင် ဗြိတိသျှအစိုးရက ဖိတ်ကြားသည့် ဗိုလ်ချုပ်အောင်ဆန်း သည် ကိုယ်စားလှယ်အဖွဲ့သည် နန်းရင်းဝန် မစ္စတာအက်တလီနှင့် အောင် ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုလိုက်ကြသည်။ အောင်ဆန်းအက်တလီ စာချုပ်ချုပ်ခါနီးတွင်မှ ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့က သဘောမတူဟု ဆိုကာ လက်မှတ်မထိုးကြချေ။ ဗိုလ်ချုပ်အောင် ဆန်း ဒေါပွကာ "ဒီစာချုပ်ကိစ္စမှာ အကုန်လုံး ဆွေးနွေးပြီးလို့ လက်ခံပါပြီပြောမှ ကျွန်တော်တို့မပါပါ ဘူး ပြောတယ်၊ ကျွန်တော့်ကို ချောက်ချဖို့ပဲ။ ဒါပေမဲ့ မကြောက်ဘူး"ဟု ပြောခဲ့သည်။

အောင်ဆန်းသည် "အောင်ဆန်း အက်တလီစာချုပ်"အရ လွတ်လပ်တော့မည့် မြန်မာနိုင်ငံ၏ပထမ ဆုံး ရွေးကောက်ပွဲကို ကျင်းပလိုက်သည်။ အောင်ဆန်းဦးဆောင်သည့် ဖဆပလအမတ်နေရာ အများစုရကာ အစိုးရသစ်ဖွဲ့လိုက်သည်။ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကျင်းပကာ ဗိုလ်ချုပ်သည် ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရာ လမ်းညွှန်ချက် အဆိုတင်သွင်းလေသည်။
"တစ်နှစ်အတွင်း လွတ်လပ်ရေးရကို ရရမယ်"ဟု အောင်ဆန်းက ကြွေးကြော်ကာ လွတ်လပ်ရေးအ တွက် ကြိုးပမ်းရင်း မသမာသူနယ်ချဲ့လက်ပါးစေ အာဏာရူးတစ်စုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ကြီးများ လုပ်ကြံခံလိုက်ရလေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အာဇာနည်များအတွက် ဘာဝနာတမ်းချင်းကြီးတွင်...
"သြော်... အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က အောင်မတမ်းချို့ စေဖို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမ်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့် အောင် ဆန်းတို့ မသာမယာ ဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့၊ ချုပ်သ နှင့် ယင်းအလို တွင် (အိုကွယ်) ဒေါင်းလံပဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်" ဆိုတဲ့ လေးချိုးကဗျာ ကြီးကို စပ်ဆို ခဲ့လေသည်။

ညွှန့်သစ်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, December 26, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၈)

မှိုင်းညို့သော သုသာန်ကလေး

(၁)
    "ကဏန်းမ ရွှံ့စိုစို
     တစ်ကိုယ်လုံး နီတွေး။
     လက်မတထောင်ထောင်နဲ့
     တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့
     ဒီဆင်းပြီလေး။
     သူ့ကိုယ်သူလျှင်
     ဘာထင်လေ မသိ။
     ဟိုငါးပျံ လတာစွန်းမှာ
     သူ့ကျွမ်းဟန်ချည့်။"

ဆရာစိမ်း ရေ... လမု၊ လတာတွေနဲ့ ဒီချောင်းအရပ်က သုသာန်ကလေးအကြောင်း ပြောချင်လို့ ဆရာဇော်ဂျီ ရဲ့ဗေဒါလမ်းကဗျာနဲ့ နှုတ်ခွန်းဆက်လိုက်တာပါ။ မြစ်ဝကျွန်းပေါ်က တချို့ရွာကလေး တွေမှာ ဒီတက်ရင် ရေလွှမ်းသွားတတ်တဲ့ သင်္ချိုင်းလေးတွေရှိတယ်။ ဒီရေကျချိန်ကိုတွက်ပြီး အသုဘပို့ကြရတယ်။
အဲဒီ သင်္ချိုင်းလေးကိုနောက်ခံထားပြီး လတာစွန်းမှာ ကျွမ်းအမျိုးမျိုးပစ်နေတတ်တဲ့ ဟန်သမားတွေရဲ့ အမူအရာ ကို ရေးဖွဲ့ချင် စိတ်ပေါ်လာဖူးတယ်။

ဒါနဲ့ "မှိုင်းညို့သော သုသာန်ကလေး"ကို ရေးဖြစ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလထုတ် မိုးဝေ မဂ္ဂဇင်း မှာ ဒီဝတ္ထုတိုလေးကို ပထမဆုံးဖော်ပြခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ "မြတ်သင်းနှစ်ယောက်နှင့် ဝတ္ထိုများ" စာအုပ်ထုတ်တော့ သူ့ကို ထပ်ပြီး ပုံနှိပ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ထုတ်ဝေတဲ့ ဂျပန်နိုင်ငံ က စာစောင် တစ်ခုမှာလည်း ပြန်လည်ဖော်ပြခဲ့ဖူးပါသည်။

(၂)

"အူဝဲ... အူဝဲ"
သင်္ချိုင်းဝတ္ထုကို မွေးကင်းစကလေးငိုသံနဲ့ စဖွင့်ထားပါတယ်။ ပြီးမှ ဘစံခို အိုမင်းမစွမ်းဖြစ်နေ ကြောင်း၊ ဦးဖူးညို လေဖြတ်နေကြောင်း၊ သင်္ချိုင်းကုန်းလေးကို သွားကြည့်မယ့်အကြောင်း၊ ညနေမှာ တော့ နိဗ္ဗာန်ဆိပ်ဦး ဘုရားကို သွားဖူးယ့်အကြောင်းတွေ စီပြီးရေးပါတယ်။ ဝတ္ထုလေးရဲ့ပထမအခန်း ပါ။
"ဒီအခန်းက ဇာတိ၊ ဗျာဓိ၊ မရဏနဲ့ အမတနိဗ္ဗာန်ဆိုတဲ့ တရားသဘောကို ဖွဲ့ထားတာပါ"လို့ မိတ် ဆွေတစ်ဦးကို ပြောပြတော့ "ဟုတ်မှလဲ လုပ်ပါ ကိုယ့်လူရယ်"ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ပြုံးစိစိကြည့် တာကို ခံ လိုက်ရဖူးတယ်။ မိုးဝေမှာ ဒီဝတ္ထုလေးပါလာတုန်းက ကြုံခဲ့ရတာလေးကို ပြောပြတာပါ
ဝတ္ထုလေးရဲ့ဇာတ်လမ်း ဒီလို...

(၃)

မြစ်ဝကျွန်းပေါ်က ပြင်သာမြို့ကလေးကို အလည်ရောက်လာတဲ့ သင်းအောင်ဟာ မှိုင်းညို့သော သုသာန်ကလေးကို သွားကြည့်ချင်နေတယ်။ အဲဒီသုသာန်လေးထဲမှာ ကိုမိုးရဲ့အုပ်ဂူလေး ရှိနေတာ ကိုး။ အတော်ပါပဲ။ အဲဒီမြို့ကလေးက ဦးဘတူဆိုတဲ့ ပုဂ္ဂိုလ်ကွယ်လွန်သွားတာမို့ အသုဘပို့သူတွေနဲ့ အတူ လိုက် သွားခဲ့တယ်။

သုသာန်လေးထဲက အုတ်ဂူတွေဟာ ထွန်ယက်ပြီးစ ယာပြင်မှာ တစ်ပိုင်းတစ်စမြုပ်ထားတဲ့ သစ်စေ့ တွေလို ဖရိုဖရဲပြန့်ကြဲနေကြတယ်။ ခါးဆန့်ရပ်နေတဲ့ ကညင်ပင်ကြီးတစ်ပင် ခြေရင်းမှာ ကိုမိုးရဲ့ အုတ်ဂူလေးကို တွေ့ရတယ်။ ကညင်ပင်ကြီးပေါ်က ချာလည်ချာလည်နဲ့ ကြွေကျလာတဲ့ ကညင်သီး လေးတွေဟာ ကို မိုးဂူပေါ်မှာ ခိုနားလာကြသတဲ့။ ကညင်သီးလေးတွေ ကြွေကျလာပုံဟာ လေယာဉ် ပေါ်က လေထီး စစ်သည် တွေ ခုန်ဆင်းလာသလိုပဲတဲ့။

သင်းအောင်ဟာ အုတ်ဂူဟောင်းလေးကို ငေးစိုက်ကြည့်နေမိတယ်။ ဖက်ဆစ်တော်လှန်ရေးကာလ က ကျဆုံးခဲ့ရရှာတဲ့ အညတြပြောက်ကျားရဲဘော်လေးတစ်ဦးဟာ ဒီအုတ်ဂူလေးထဲမှာ ငြိမ်းချမ်းစွာ အိပ်စက်နေရှာလိမ့်မယ်လို့ တွေးနေတယ်။
အုတ်ဂူလေးမှာ ကမ္ဗည်းစာတမ်း တစ်စုံတစ်ရာ ရေးထိုးထားတာမရှိပါဘူး။ မိုးရေကြောင့် စွန်းထွက် နေတဲ့ အမည်းစက်တွေ၊ ရေညှိတွေကြောင့် စွဲငြိနေတဲ့ အစိမ်းပြောက်တွေပဲ ရှိပါတယ်။ ဒီအစက် အပြောက်တွေ၊ အစွန်းအကွက်တွေဟာ ဒြပ်မဲ့ပန်းချီကားတစ်ချပ်လိုပါပဲ။ အမည်းစက်တွေ၊ အစိမ်းပြောက်တွေနဲ့ ဖွဲ့ယှက် ထားတဲ့ ဝိုးတဝါးပုံရိပ်တွေထဲမှာ ကိုမိုးရဲ့စိတ်ဝေဒနာအတွေးတွေ၊ မှာတမ်း တွေကို သင်းအောင်က စူးစမ်း ရှာဖွေကြည့်နေတယ်။

အဲဒီအချိန်မှာပဲ သုသာန်ဇရပ်လေးထဲက လူတွေ ပြိုဆင်းလာကြယ်။ သရဏဂုံတင်ပြီးပြီဖြစ်တဲ့ ဦးဘ တူရဲ့ရုပ်ကလာပ်ကို သယ်လာကြတယ်။ ကျောက်တုံးကြီးတစ်တုံးကို ခေါင်းပြုပြီး တလားကို ချထား လိုက်ကြတယ်။
"ယနေ့မှစ၍ သင့်ကို တာဝန်မှ ရပ်စဲလိုက်သည်။ သင်သွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်ပြီ"
ဦးဘတူရဲ့ရုံးအကြီးအကဲက ကျောက်တုံးပေါ်မှာ တက်ရပ်ပြီး အမိန့်ပြန်တမ်း ဖတ်တယ်။
တလားပေါ်မှာ သစ်သီးခြင်းတစ်ခြင်း တင်တာကိုတွေ့လိုက်ရပြီး ကျောက်တုံးပေါ်ကို လူတစ် ယောက် တက်လာပြန်တယ်။ ဦးဘတူက ကုန်စိမ်းဆိုင်ပိုင်ရှင်တဲ့။ ကုန်စိမ်းအသင်းဥက္ကဋ္ဌတဲ့။ ဒါ့ ကြောင့် ကုန်စိမ်းအသင်းကလည်း အမိန့်လာပြန်တယ်။

ဟော... ကျောက်တုံး ပေါ်ကို လူပိန်ပိန်တစ်ယောက် တက်လာပြန်ပြီ။ ဒီလူကတော့ ပြင်သာမြို့ ရောက် နမန္တာရွာသားများအသင်းကတဲ့။ ဦးဘတူနာမည်ဟာ နမန္တာရွာတည်နေသရွေ့ ကွယ် ပျောက်လိမ့်မည် မဟုတ်တဲ့အကြောင်း၊ နမန္တာရွာရဲ့ဂုဏ်ကို ဦးဘတူက အကြိမ်ကြိမ်မြှင့်တင်ခဲ့တဲ့ အကြောင်းတွေကို "နမန္တာရွာ၏သားကောင်းစင်စစ် ဧကန်ဖြစ်သူ၊ အို... အသင်ဦးဘတူ... "ရယ်လို့ တိုင်တည်သမှုပြုပြီး လူပိန်ပိန် က အော်ဟစ်ချီးမွမ်းနေတာ အကြာကြီးပဲ။ ပြီးမှ အမိန့်ပြန်တမ်းဖတ်တယ်။

ဒီတစ်ခါ ကျောက်တုံးပေါ်တက်လာတဲ့ လူကတော့ အားကစားဝတ်စုံ ဝတ်ထားတယ်။ ဆုတံဆိပ် တွေလည်း ရင်ဘတ်မှာ ချိတ်ဆွဲထားတယ်။ သူက ရပ်ကွက် အားကစားအသင်းခေါင်းဆောင် ဦးဘ တူအတွက် အမိန့်ပြန်တယ်။
သင်္ချိုင်းထဲမှာ ယောဂီမယ်လေးတွေရဲ့ ချိုအေးကြည်မြတဲ့ ရှစ်လုံးဖွဲ့ကဗျာရွတ်သံ ပေါ်ထွက်လာ တယ်။ ကြေးစည်ပုံခတ်နှိပ်ထားတဲ့ အဝါရောင်စလွယ် ဆင်မြန်းထားသူတစ်ယောက် ကျောက်တုံး ပေါ်မှာ ရပ်နေတယ်။ နေရောင်ထိုးထားလို့ သူ့အရိပ်က သေတ္တာပေါ်မှာ တလှုပ်လှုပ်နဲ့။ အရိပ်ကျနေ ပုံက တလားခေါင်းရင်းကနေ ခြေရင်းအထိ ပိတ်စအနက်ကြီးတစ်ထည်နဲ့ အတင်းဖုံးအုပ်ပေးနေသ လား ထင်ရသတဲ့။ ကဗျာရွတ်သံစဲသွားတော့ စလွယ်ဆင်ထားသူက ဓမ္မာရုံဝေယျာဝစ္စအသင်း ဥက္ကဋ္ဌ ဦးဘတူအတွက် အမိန့်ပြန်စာဖတ်တယ်။

နေရင့်လာပြီမို့ ပရိသတ်အချို့ ထီးဖွင့်ဆောင်းကြတယ်။ တချို့က နီးရာသစ်ပင်ရိပ်အောက်ကို ဝင် ကြတယ်။
"သြော်... တွက်ဆသင်္ချာ၊ သုံးရက်အကျူး၊ လေးရက်သို့ ကူးပြီထင့်၊ ဖူးရောင်မာ၊ ခန္ဓာအကောင်း၊ မရူမလှ၊ ဒုကရ၊ အသုဘအပေါင်းပေမို့၊ ထောင်းညက်ညက်ကျေ၊ ဒွတ္တိံသညွတ်၊ ဝဋ်ကိန်းက လွတ် နိုင်ဘု၊ ကောဋ္ဌာသေ၊ လေထွေဓာတု၊ အဋ္ဌကလာပ်၊ စမပြတ်အောင်၊ ကြပ်ကြပ်များရှုလိုက်လျှင်၊ ကိုယ်ဟုဟုတ်၊ နိစ္စနိစ္စ၊ ဘိဇ္ဇနတွင်ဖြင့်၊ ထိတ်စရာ့ရုပ်ပါကလား"
ဇာတ်ပွဲထဲက မင်းသားကြီးလေသံမျိုးနဲ့ လင်္ကာရွတ်သံကြားရပြန်ပြီ။ မင်းသားကြီး တောကစားရာမှ ကျားသေ တွေ့လို့ ကမ္မဋ္ဌာန်းရှုပုံကို စာပေါင်ပဲ့ပဲ့ အာစောက်ကျကျနဲ့ ရွတ်ပြနေတာ။ ပိုးပဝါအုပ်ပေါင်း ပေါင်းထား တဲ့ လူတစ်ယောက် ကျောက်တုံးပေါ်မှာ ရပ်ရင်း ရွတ်နေတာကိုး။

အဝါရောင်ဖဲပြားကွပ်ထားတဲ့ ကတ္တီပါအင်္ကျီအနီကို ဝတ်ထားတယ်။ လင်္ကာရွတ်အပြီးမှာ မင်းသား ကြီးက ရပ်ကွက်ဒိုးပတ်ဝိုင်းခေါင်းဆောင် ဦးဘတူအတွက် အမိန့်စာပြန်ဖတ်တယ်။
"တွီ... တွီ... တွီ... "
ခရာတုပ်သံသုံးချက် ရုတ်တရက်ပေါ်လာလို့ လူတွေအထိတ်တလန့်ဖြစ်ကုန်ကြတယ်။ ဖုံးထိုင်း၊ ဖုံး ထိုင်းနဲ့ ပြေးလွှားသံတွေ ကြားရပြီး ကရာတေးဝတ်စုံဝတ်ထားသူတွေ ခေါင်းဘေးမှာ တန်းစီရပ်နေ ကြတယ်။

"ကျားသစ်နက်သိုင်းအဖွဲ့ နာယကကြီး ဦးဘတူအား အလေးပြု"
သိုင်းအဖွဲ့သားတွေက စက်ရုပ်လေးတွေကို ညီညီညာညာ လှုပ်ရှားနေကြတယ်။ အဲဒီအချိန်မှာပဲ ပရိသတ်နောက်ပိုင်းက ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ လူတချို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြတယ်။
"ဒီရေတက်လာပြီဟေ့... ရေတက်လာပြီဟ"
ခရာဆူးချုံတန်းကို ကျော်စပြုလာတဲ့ ရေဖွေးဖွေးကို မြင်ကြရတယ်။ ကျောက်တုံးကြီးနားမှာ အချီ အချ စကားပြောသံတွေကို ကြားနေရတယ်။

"မင်း တို့ အမိန့်ပြန်စာဖတ်မယ့် အဖွဲ့က ဘယ်နှစ်ဖွဲ့ကျန်သေးလဲ"
"ငါးဖွဲ့လောက် ကျန်သေးတယ်"
"ဟာ... မဖြစ်တော့ဘူး၊ ဖတ်မနေကြနဲ့"
"ကျန်တဲ့စာရွက်တွေ အကုန်လုံး ခေါင်းထဲသာ ဖွင့်ထည့်လိုက်ကြတော့"

"မြန်မြန်လုပ်ကြဟေ့... မြန်မြန်ကွဲ့"
သင်းအောင်က ကိုမိုးရဲ့ဂူကို ဦးညွတ်အလေးပြုပြီး သုသာန်လေးထဲက တည်ငြိမ်စွာ ထွက်လာခဲ့ တယ်။
ဒီရေကတော့ သုသာန်လေးထဲက အမှိုက်သရိုက်အားလုံးကို ဖယ်ရှားဆေးကြောပစ်တော့မယ့်အ လား တရိပ်ရိပ်... တရိပ်ရိပ် တက်နေဆဲပဲ။

(၄)

ကြာခဲ့ပါပြီ။ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊ မော်တော်နဲ့ပဲဖြစ်ဖြစ် လှေကလေးနဲ့ပဲဖြစ်ဖြစ် ရေကြောင်းခရီးသွားရ လို့ ကမ်းပေါ်က မှိုင်းညို့ညို့ သုသာန်ကလေးတွေကို မြင်ရတဲ့အခါတိုင်း မိုးရေကွက်တွေ၊ ရေညှိ ပြောက်တွေ စွဲငြိနေတဲ့ အုတ်ဂူဟောင်းလေးတစ်ခုကို သတိရနေမိတုန်းပါပဲ။
သြော်... ဒါနဲ့၊ ကိုမိုးဆိုတာဟာ စာရေးဆရာ ကိုအောင်ဆန်းရဲ့ နာမည်ဝှက်တစ်ခုရယ်လို့ တချို့ လူငယ်တွေခမျာ မသိကြရှာတော့ဘူးတဲ့ ဆရာစိမ်းရဲ့။

မြတ်သင်း.
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, December 25, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၇)

 ..........သို့မဟုတ်...........
မပြီးသေးသော ပန်ချီကား

ဇော်ခိုင်ဦး

ဓါတ်ပုံပေါင်းများစွာကို မြင်ခဲ့ဖူး၏။ ယနေ့အထိ ထိုဓါတ်ပုံလောက်မစွဲ။ မြင်ခဲ့ဖူးသော ဓါတ်ပုံများထဲတွင် ရှုခင်းပုံတွေလည်း ပါသည်။ ပန်းချီကားကို ပြန်ရိုက်ပြထားသော ပုံမျိုးလည်းပါသည်။ သို့ပေမယ့် လွန်ခဲ့သောနှစ်များစွာက ဖျတ်ခနဲမြင်တွေ့ခွင့်ရလိုက်သော အဖြူအမည်းခပ်ဝါးဝါး ဓါတ်ပုံကားတစ်ချပ်က နှလုံးသားထဲ စူးစူးနစ်နစ် စွဲထင်နေစေခဲ့ သည်ဟု ဆိုရမည်။ ထိုဓါတ်ပုံမှာ ဓါတ်ပုံဝါသနာရှင် ပင်လယ်ပျော်ဦးလှဖေ၏ မှတ်တမ်း ဓါတ်ပုံလေး။ ၁၉၄၇ ခုနှစ်…လွမ်းစရာ့ရာသီဥတုတွင် မြင်ရသော (သို့)မြင်လိုက်ရသော အာဇာနည်ဗိမာန်ကြီး စတင်တည်ဆောက်နေစ အခါသမယပင်ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူဖြူဖြူတို့ကို ယာယီ ကာရန် ထားဆဲ သစ်သားခြံစည်းရိုးအနက်အလံတိုင်တစ်တိုင်တွင် လွင့်ထူထားသော ပြည်ထောင်စု အလံတော် ကြီးမှာ မှိုင်းပြာရီဝေနေသော နောက်ခံမိုးသားနှင့်အတူ မြင်နေရ သည်။ စတင်တည်ဆောက်နေစဖြစ်၍ အမိုးအကာ များလည်းမရှိသေး။ ထင်းထင်း ကြီးမြင် နေရသည်က အုတ်ဂူဖြူဖြူ နောက်မှ သက်တမ်းရင့် ကုက္ကိုပင်ကြီး များလားမသိ။ မိုးပေးထား သလိုလို…။

မိမိတို့ငယ်စဉ်က အာဇာနည်နေ့ကျရောက်ပြီဆိုလျှင် ၂၆ဘီလမ်းအတိုင်း ပွဲကုန်အရပ်ရှိ ၂၁.အ.ထ.ကမှ မြို့တော်ခန်းမ သို့ စကားတပြောပြောဖြင့် နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲတန်းစီပြီး လျှောက် ခဲ့ကြရသည်။ ၂၆ဘီလမ်းတစ်လျှောက်မှာ မြင်းခွာသံ တခွပ်ခွပ်ကြားခဲ့ရသည်။ နာရီစင်မှာ နာရီထိုးသံကြားခဲ့ရသည်။ ဈေးချိုရုံကြီး ၁၂ရုံလှမ်းမြင်ခဲ့ရသည်။ လမ်း ၈၀ထောင့်အရောက်တွင် နေ့တိုင်း မြင်နေကျ မြင်ကွင်းပေမဲ့ မရိုးတမ်းထပ်ကြည့်ရသည်က ကျုံးရေပြင်နှင့် မြို့ရိုး။ ၇၈ လမ်းနားရောက်ခါနီး လမ်းညာ ဘက်ရှိ Bekind to an imals by not eating them … ဟူသော အသားစား ရှောင်ကြဉ်ရေး အဖွဲ့ နှိုးဆော်စာလေးကိုလည်း ရွတ်ဆိုခဲ့ရသည်။

ကျုံးဘေးရှိ မြို့တော်ခန်းမရောက်လျှင် စနစ်တကျစီတန်းဝင်စေပြီး ကျဆုံးလေပြီးဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီးများကို ငြိမ်သက်စွာ အလေးပြုခဲ့ရသည်။ ငယ်နုစဉ်ကျောင်းသား ဘ၀ဆိုတော့ ထိုစဉ်က ရခဲ့သော တန်ဖိုးမျိုးနားလည်ရကောင်းမှန်း မသိခဲ့။ တန်ဖိုးထား ရကောင်းမှန်းလည်း မသိခဲ့။ အခမ်းအနား ပြီးလျှင် ပြန်ရဖို့ အရေးသာ စိတ်စောနေခဲ့မိသည်။ ထိုစဉ်က ဦးညွှတ်အလေးပြုခဲ့ရသော အာဇာနည်ခေါင်း ဆောင်ကြီးများ အနက် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ခပ်ထင်းထင်းမှတ်မိခဲ့သည်။ နောင် လက်လှမ်း မီ သလောက် စာတွေဖတ်ဖြစ်လာသောအခါမှ မိမိငယ်စဉ်က ဦးညွှတ်ခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းမှာ စာပေ ၀ါသနာဘက် တမ်းညွှတ်သော (၀ါ)စာရေးဆရာဖြစ်ချင်သော ပုဂ္ဂိုလ်ကြီးဟု သိလိုက်ရသည်။ အထက်တန်း ကျောင်းသားဘ၀၊ က္ကသိုလ်ကျောင်းသားဘ၀၊ သခင်ဘ၀၊ ဗိုလ်ချုပ်ဘ၀… တစ်လျှောက်လုံး စာရေး၊ စာဖတ် မပြတ်ခဲ့သောသူဟုလည်း ထပ်မံသိခွင့်ရ လိုက်ပြန်သည်။

ကိုယ်တိုင်အထက်တန်းကျောင်းသားဖြစ်မှ ပြဌာန်းစာ ဖြစ်သော ပင်ရင်းစကားပြေလက်ရွေးစင်စာအုပ်တွင် ရွှေဥဒေါင်း၊ မြမျိုးလွင်၊ မှော်ဘီ ဆရာသိန်းကြီး၊ သခင် ဘသောင်း၊ သိပ္ပံမောင်ဝ… အစရှိသော ကလောင် များ ထဲမှ အောင်ဆန်း ဟူသော ကလောင်အမည်လေးကို ထင်းကနဲတွေ့မြင်လိုက်ရသည်။ သေနင်္ဂဗျူဟာ စစ်ပညာ အောင်ဆန်းတဲ့။ တည်းဖြတ်သူဦးဘသောင်းပေးပို့လိုက်သဖြင့် ရှေးပညာရှိ လက်ဝဲသုန္ဒရ အမတ်၏ သေနင်္ဂဗျူဟာဟာ စစ်သမိုင်းနှင့်ဗျူဟစက္ကိ ပျို့နှစ်ရပ်ဖတ်ခွင့်ရခြင်းအပေါ် ၀မ်းမြောက် လှကြောင်း ရေးသားထားသည်။ တစ်နည်းဆိုရလျှင် ဦးဘသောင်း တည်းဖြတ် သော စစ်သမိုင်းစာအုပ်မှ ကိုအောင်ဆန်း ၏ အမှာမုခ်ဦး ပင်ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘ၀က အများသူငါ ကျောင်းသားများထက် ကိုအောင်ဆန်းက ခေါင်းတစ်လုံး ပိုမြင့် ခဲ့သူအဖြစ်ပေါ်လွင်သည်။ အဓိက စာဖတ်ခြင်းပင်။ စာကိုအငမ်းမရ ဖတ်ခဲ့ရသူဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိ ထဲမှ သူနေထိုင်သောအခန်းမှာ စာအုပ်သေတ္တာတွင်းမှ စာအုပ်များမှာ ခြတောင်ပို့ပမာ တစ်အုပ်ပြီး တစ်အုပ် ထုတ်၍ စာအုပ်သေတ္တာပေါ်မှာပင် တင်ကာ၊ ပစ်ကာထားပုံရ၏။ စာအုပ်တို့မှာ တစ်အုပ် ပေါ် တစ်အုပ် စီစီရီရီမရှိ၊ ဟိုစောင်းဒီရွဲ့နှင့် ထပ်လျှက်သာရှိ၏။ စားပွဲပေါ်၌၎င်း၊ စာအုပ်သေတ္တာ ပေါ်၌ ၎င်း တွေ့မြင်ရသော စာအုပ်များမှာ အလှူပွဲတွင် ပန်းပေါက်ပေါက်ကြဲထားဘိ သည်နှင့် မခြား ဘဲ ပြန့်ကြဲလျက် ရှိတော့၏။

စာသမားတစ်ယောက် ပီသစွာနေထိုင်ခဲ့သော မြင်ကွင်း၊ တက္ကသိုလ်ကျောင်းများ သမဂ္ဂ အစည်းအဝေး များတွင် အင်္ဂလိပ်လိုထည့်၍ပြောတတ်သူဟုလည်း ကျော်ကြားခဲ့ သည်။ အခြားကျောင်းသားများက ဗမာလို ပြောပါဗျ ၀ိုင်းအော်နေလည်း အမှုမထားဘဲ ပြောမြဲပင်ဆက်ပြောသည်။ ဘာကိုမျှမမှု၊ ပြောင်ကြ လှောင်ကြလည်း သူမလျှော့၊ စိတ်လည်းမဆိုး၊ ဂန္ထလောကမဂ္ဂဇင်းတွင် ဘာသာပြန်စာပေပြိုင်ပွဲ ၀င်ပြိုင် ဖူးသည်။ ထိုစဉ်က ကလောင်အမည်မှာ ပဲခူးကဝေဖြစ်သည်။

ဆရာကြီးခင်ဗျား…
ကျွန်တော်တို့ သမဂ္ဂအသင်းကြီး၏ ဆဌမနှစ်ပတ်လည်အစည်းအဝေးကို သီတင်းကျွတ်လဆန်း ၆ ရက်နေ့ ၇နာရီခွဲ အချိန် တွင် ကျင်းပမည်ဖြစ်ရာ မြန်မာပြည်နှင့် တကွ အိန္ဒိယပြည်၊ အင်္ဂလန်ပြည်ရှိ ခေါင်းဆောင်ကြီး များ ပညာချွန်သူများထဲသို့ ထိုနေ့အရောက် သ၀ဏ်လွှာများ ရေးသားပေးပို့ကြပါရန် တောင်းပန် ထားပါကြောင်း… ဆရာကြီးကလည်း ကျွန်တော်တို့၏ အသင်းကို ထောက်ပံ့သောအားဖြင့် ဆရာကြီး နှစ်သက်ရာ သ၀ဏ်စာတစ်ခုကို လေးချိုးနှင့်ဖြစ်စေ၊ ရိုးရိုးစကားပြေနှင့်ဖြစ်စေ မစပါမည် အကြောင်း ရိုသေ လေးမြတ်စွာ အစီရင်ခံပါသည် ခင်ဗျား။
    အောင်ဆန်း
    ဒုတိယဥက္ကဌ
ကိုအောင်ဆန်း သည် ဓမ္မစေတီ၊ မှာပုံတော် အစရှိသော ၀တ္ထုကြီးများကိုလည်း ရေးသားခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ထံမှ သ၀ဏ်လွှာတောင်းခံခြင်းမှာလည်း စာပေစိတ်အပြည့်အ၀ရှိပြီး စာပေတန်ဖိုး နားလည်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်း မြင်တွေ့ နေရပြန်သည်။ ရှေးစာပေ၊ ခေတ်စာပေဟူ၍မခွဲခြားဘဲ စာစုံ ဖတ်ခဲ့သူ တစ်ယောက် အဖြစ်လည်း ဘေးတိုက်မှ တွေ့မြင်လိုက်ရပြန်သည်။

အယ်ဒီတာကိုအောင်ဆန်း
သတ္တိရှိရှိ၊ တာဝန်သိသိ
စာ၏၀န်တာ၊ ငါ့ဝန်တာဟု
တာဝန်သိစိတ်၊ ခြင်္သေ့စိတ်နှင့်
အင်္ဂလိပ်ကျောင်းအုပ်ရှေ့ကအယ်ဒီတာ။
ခြိမ်းခြောက်သော်လည်း မဖြုန်၊
ချော့မြှောက်သော်လည်း မတုန်၊
အိုးဝေအယ်ဒီတာ၏ဂုဏ်။
ငရဲခွေးကို
ရေးသူဖော်ခိုင်း၊ ရာဇ၀င်ရိုင်းရော့မည်
ခြောက်တိုင်းမကြောက်၊ ဒူးမထောက်သည်
ရဲရဲတောက် အယ်ဒီတာ။
ကျောင်းအထုတ်ခံကာ
အမှန်ဘက်က၊ ရပ်တည်ပြသည်
သမဂ္ဂအယ်ဒီတာ၊ သူခေါင်းမာ၍
၁၉၃၆ အရေးတော်ပုံ ပေါ်ခဲ့သည်။
အကယ်၍သာ
အယ်ဒီတာကိုအောင်ဆန်း၊ ရာဇ၀င်နွမ်းခဲ့လျှင်
လွတ်လပ်ရေးလမ်းပွင့်ပါ့မလား။
အယ်ဒီတာ့စားပွဲ၊ သူ့အံဆွဲမှ
ခဲစာလုံးတွေရဲ့တန်ဖိုးများ
လွတ်လပ်ရေးရဲ့ ရွှေတံခါး။

အထက်ပါ ကဗျာကိုဖတ်ပြီး စာရေးဆရာကိုအောင်ဆန်းအား ဦးညွှတ်လိုက်ပါ သည်။ ထာဝစဉ် ဦးညွှတ် လိုက် ပါသည်။

ဇော်ခိုင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, December 24, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၆)

သူရယ်...လူတွေရယ်... ပြီးတော့ ၀ါဒတွေရယ်...

သူ့ကို ကျွန်တော်တို့ မမြင်ဖူးလိုက် ၊ ကျွန်တော်၏ မိဘများလည်း မမြင်ဖူးလိုက်ကြ။ သို့သော် သူ့ ကို ကျွန်တာ် တို့ သိနေသည်။ သူ့ဓာတ်ပုံမှတစ်ဆင့် သူ့ကိုကျွန်တော်တို့ သိနေကြသည်။ သူ့စာများမှ တစ်ဆင့် သူ့ကို ကျွန်တော်တို့ မြင်တွေ့နေရသည်။ သူ့အကြောင်းကို ရေးသားထား သော အခြား သူများ၏ စာများမှ တစ်ဆင့် သူသည် ကျွန်တော်တို့နှင့် ပို၍ ရင်နှီးကျွမ်းဝင်လာပါ သည်။ သူသည် ကျွန်တော် တို့၏ သွေးထဲ၊ သားထဲ၊ အကြောများထဲ၊ စိတ်ဝိညာဉ်ထဲမှာ စိမ့်ဝင်စီး နွေးနေသော ခွန်အား ရောင်ခြည် တစ်မျိုးလည်း ဖြစ်သည်။

သူ့ကို ကျွန်တော်တို့ မမီလိုက် သော်လည်း သူ့ကိုသိမီလိုက်သော၊ သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သော လူကြီးသူမ များက သူ့အကြောင်း ကျွန်တော်တို့ကို ပြေပြဖူးသည်။ လူကြီးသူမများသည် သူ့အကြောင်းကို ပြောနေရလျှင် ခြောက်သွေ့သော နှုတ်ခမ်းများသည် စိုနုလာ၏။ အရေတွန့်သော ပါးပြင် တို့သည် ပန်းနုရောင်သန်း၍ ဖောင်းအိလာ၏။ မျက်စိတို့တွင် မျက်ရည် ကြည်တို့သည် ဝေ့သီ နေကြ၏။ နားရွက်တို့သည် နီးမြန်းလာကြ၏။ အသံတို့သည် တက်ကြွ အားရှိလာ၏။ နှုတ်မ်းသားတို့ တစ်ဆတ်ဆတ် ခုန်၏။ သူသည် သူတို့ သူအား ချစ်လာစေရန် မကြိုးစားခဲ့။ သို့သော်သူက သူတို့အား မည်မျှ ချစ်ကြောင်းကို သူတို့၏ သွေးကြောများက သိနေကြ လေသည်။

သူသည် ဤကမ္ဘာလောကထဲကို လူသားပီသစွာ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီလ၏ ဒုတိယပါတ် မြောက် စနေနေ့တွင် သူ့ကိုသူ၏ မိဘများက မွေးဖွားသန့်စင်ပေး လိုက်သည်။ သူသည် သူ၏တိုင်းပြည်ကို ချစ်သည်။ သို့သော် သူသည်တိုင်းပြည်ကို ချစ်သည်၊ ချစ်သည်ဟု ကျီးငှက် တစ်ကောင်ကဲ့သို့ မအာတတ်။ သူ၏လုပ်ရပ်များမှ အသံထွက်လာခြင်းသာ ဖြစ်သည်။ သူသည် သူ့နိုင်ငံတော် ကို အကောင်းဆုံးရေးဆွဲနိုင်ခဲ့သော ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်။

သူရေးခဲ့သော ပန်းချီကားကို ကြည့်၍ ကျွန်တော်တို့၏ ၀ိညာဉ်သည် နွေးဖျဖျလင်း၏ ကုန်ခန်း သွားသော အားတို့သည် ပြန်၍ ပြည့်ဖောင်းလာ၏။ ငိုက်မြည်းလျက်ရှိသော စိတ် သည် လန်းဆန်း စွာနိုးလှုပ်လာ၏။ သူ၏ ပန်းချီကား သည် အစောင့်အရှေောက် ရှိဟန်တူသည်။ ကြည့်သူတို့ကို ဖမ်းစားနိုင်၏။ ကြားသူကိုလည်း ညှို့ငယ်ယူနိုင်စွမ်း။ သူသည် သည်ပန်းချီကားကို စိတ်နှလုံးဖြင့် ရေးခဲ့ ဟန်တူသည်။ ပန်းချီ ကို ရေးသောသူ၏ လက်သည် ပြည်သူ၏ နှလုံးစည်းချက်တို့ဖြင့် ခုန်၏။ ထိုစည်းချက်တို့ဖြင့် မြည်သော အသံသည် သူ့နှတ်ခမ်းကို ရုန်းဖွင့်၍ ထွက်လာကြဟန် တူသည်။
ထို့ကြောင့်သာ မဟုတ်လော၊ ပြည်သူသည် သူဖြစ်၍ သူသည်လည်း ပြည်သူဖြစ်ခဲ့သည်။

သူသည် နတ်ဒေ၀ါကဲ့သို့ အရှိန်အ၀ါကြီးသော်လည်း လူသားစင်စစ်တစ်ဦးသာ  ဖြစ်၏။ သူ့မှာ လူသား စိတ် ခံစားမှု ရှိနေသည်။ သူ့တွင် ဇနီးလည်း ထင်ရှားရှိသည်။ သားတွေလည်း ရှိသည်။ သမီးများလည်း ရှိပါသည်။ သူသည် ဇနီးကိုချစ်၏။ သူသည်သူ့သားတွေကို ချစ်၏။ သူသည် သမီးလေး ကိုလည်းချစ်၏။ သို့သော် သူသည်ပြည်သူကို ပို၍ချစ်ဟန်တူ၏။ ၀က်အူချောင်းလေး တစ်တုံး၊ နှစ်တုံးဖြင့်သာ နေ့လည်စာ ကို ပြီးစေနေရသော်လည်း သူ၏မိတ်ဆွေ အားတိုင်းပြည်တိုးတက်ကြီးပွားရေကို မြိန်ရည်ရှက်ရည် ပြောပြ နေတတ်၏။ သူ၏မိတ်ဆွေက ရင်းနှီးသူများအား အောင်ဆန်းငတ်နေပြီ သွားကြည့်ကြပါဦးဟု ဆိုဖူးသည်။

သူသည် သူ့ပြည်သူကို ချစ်သလို အခြားသူများကိုလည်း ချစ်သည်။ နောက်ဆုံးဆင့်မှာ သူသည် လူသားကိုသာ အဓိကထားစဉ်းစားလာသည်။ သူသည် သူ့တိုင်းပြည်ကိုသာမက အခြားနီးစပ်ရာ တိုင်းပြည် များ ကိုလည်း စုစည်း၍ အဖွဲ့အစည်းကြီးတစ်ခု ထူထောင်လို ခဲ့သည်။ သူရေးခဲ့သော စာ များတွင် ဖတ်ရသည်။ သူ၏စိတ်ကူး အတွေးအခေါ်များသည် အဘယ်ကြောင့် ဤမျှဆန်းသစ် ၍သူဖြတ် သန်းသော ခေတ်ကို လွန်နေရဘိသနည်း။ အနီးစပ်ဆုံး စဉ်းစားရန် ရှိသည်မှာ သူသည် ပညာတတ်သည်။ သူသည် စာဖတ်သည်။ သူသည်စာရေးသည်။ သူသည် ခေတ်ကို မျက်ခြည် မပြတ်။ သူကသာ ခေတ်ကို ကျော်တတ်သည်။

သူသည် မိခင်ဒေါ်စု၏ သားဖြစ်သည်။ သည်သည် ဘုန်းကြီးကျောင်းသား ဖြစ်သည်။ သူသည်အမျိုး သားကျော င်းက ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ဖြစ်သည်။ သူသည် ဥပဒေကျောင်းသားပင် ဖြစ်ခဲ့သေးသည်။ သူသည်နိုင်ငံရေးသမား တစ် ဦးဖြစ်သည်။ သူသည် စစ်သား တစ်ယောက် ဖြစ်သည်။ သူသည် နိုင်ငံရေးသမားထပ်ဖြစ်သည်။ သူသည် အာဇာနည် တစ်ဦးဖြစ်သည်။

သူအသက်ကြီးမှ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားဖြစ်ခွင့်ရသည်။ သူမိခင်ရင်ခွင် ထဲကထွက်ပြီး ဘုန်းကြီးကျောင်းဝန်းထဲကို ရောက်လာသည်။ ဘုန်းကြီးကျောင်းကို သွားလိုလျှင် မိခင်ရင်ခွင်မှ ထွက်ရမည်။ သူထွက်လိုက် သည် ။
ဦးသောဘိတကျောင်းမှာ သူဘုန်းကြီးကျောင်းသားဖြစ်လာသည်။ ဘုန်းကြီးကျောင်းမှ ပညာသင်ပြီး တော့ သူ အမျိုးသား ကျောင်းမှာ တက် လိုသေးသည်။ အမျိုးသားကျောင်းမှာ တက် လိုလျှင် ဘုန်းကြီးကျောင်း က ထွက်ရမည်။ သူထွက်လိုက်သည်။

သူအမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်လာသည်။ အမျိုးသာကျောင်းမှာ အောင်မြင်ပြီးဆုံးသော အခါ တက္ကသိုလ်မှာ သူဆက်လက်လေ့လာလိုသည်။ တက္ကသိုလ်မှာ လေ့လာလိုလျှင် အမျိုးသား ကျောင်းက ထွက်ခွာ ရမည်။ သူထွက်ခွာခဲ့သည်။
သူတက္ကသိုလ်ကျောင်းသား ဖြစ်လာသည်။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း။ သူကျောင်းသေား ခေါင်းဆောင်ဖြစ်လာသည်။ သူကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ် လာသည်။ သူအိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်လာသည်။ သူကျောင်းပြီးသွားသည်။ သူဥပဒေကျောင်းသား အဖြစ် ဆက်လက် လေ့လာသည်။ သူ တို့ဗမာအစည်းအရုံးထဲမှာ သခင်အဖြစ်နဲ့ နိုင်ငံရေး လုပ်သည်။ သခင်အောင်ဆန်း။ သူ ကျောင်းက ထွက်လိုက်သည်။

လွတ်လပ်ရေးအတွက် ရရင်ရ၊ မရရင်ချဖို့ သူဂျပန်ပြည်မှာ စစ်ပညာသွားသင်သည်။ လွတ် လပ်ရေး အတွက် စစ်တပ်ကို သူတည် ထောင်သည်။ လွတ်လပ်ရေးအတွက် စစ်တပ်ကို ဦးဆောင် ပြီး သူတိုင်းပြည်ထဲကို ပြန်ဝင်လာသည်။ သူနဲ့အတူ သူတို့ပါလာသည်။ သူတို့ ထွက်သွားကြ သည်။ အပြောင်းအလဲတွေ သိပ်များသွားသည်။ သူတို့ထွက်သွားကြသည်။ သူတို့ပြန်ဝင် လာကြသည်။ သူသည် စစ်တပ်ကို ဦးဆောင်ထားဆဲ။ သို့သော် နိုင်ငံရေး လုပ်လိုလျှင် စစ်တပ်က ထွက်ရမည်။ သူထွက်လိုက်သည်။ သူနိုင်ငံရေးခေါင်းဆောင် ဖြစ်လာသည်။
လွတ်လပ်ရေး၊ လုံးဝလွတ်လပ်ရေး၊ ထိုအသံကိုသူ့ပြည်သူတွေရဲ့ နားမှာ ကြားရတာကိုက ချိုသည်။ ဂါတာမန္တာန်ကို ရွတ်ဖတ်သရဇ္ဈာယ်သလို ထိုအသံကို ရွတ်ဆိုနေရသော သူ့နှုတ်မှာ လည်းချိုနေသည်။ သူ့နှလုံးအိမ်မှာလည်း ချိုသည်။ သူ့စိတ်ဝိညာဉ်မှာလည်း ချိုသည်။ လွတ်လပ် ရေး။ လုံးဝလွတ်လပ်ရေး။

လေပြည်လေညင်းလေးတွေ နဲ့ ယိမ်းနွဲ့နွဲ့ရှိနေသော၊ စိတ်ကူးဖြင့် တင်ကြိုခံစားသူတို့ရင်မှာ ရှိန်း တမြမြနွေးနေသော၊ အပျိုပေါက်မလေးတွေသည်ပင် ရှက်သွေးရောင်ဖြန်းသော ပါးပြင်နီထွေးထွေး လေးတွေနဲ့ လှမ်းမျှော်ရင်ခုန် မောနေရသော၊ လုလင်ပျိုတွေကလည်း အားအင်ကိုပြင်၍ တိမ်းမူး လျက်ရှိနေသော၊ အဘွားအိုတို့ကလည်း ကြာမြင့်စွာ ကွဲကွာနေသော သားကို ပြန်တွေကရတော့ မလိုစိတ်အားထက်သန်နေသော၊ အဘိုးအို တို့ကလည်း မိမိတို့ငယ်စဉ်က ပျော်ရွှင်ခဲ့ဖူးသည်ကို ပြန်ပြော နေရသလို ကြည်းနူးနေရသော လွတ်လပ်ရေးပန်းခင်း။ ထိုပန်းခင်းကို လှမ်းမျှော်မြင်နေရ လေပြီ။
တိုင်းပြည် မှာ နေတဲ့သူတွေ ဒုက္ခပင်လယ်ဝေ၍ ဆင်းရဲတွင်းနက်လည်း ကိစ္စမရှိ၊ မိမိအာဏာရလျှင် ပြီးရော ဆိုသည့်အမှောင်ကြိုက်သူများ သူ့ကိုလုပ်ကြံလိုက်ကြသည်။ သွေးအိုင်ထဲမှာ လင်းတဲ့ကြယ် များ၊ သူ နဲ့အာဇာနည်မျာ။

နှစ်တွေ၊ လတွေ၊ ရက်တွေ၊ ပြီးတော့ လက်ပြထွက်ခွာသွားတဲ့ သက္ကရာဇ်တွေ၊ တစ်ရွက်ချင်းစီ တစ်ရွက်ချင်းစီ ကြွေကျ။ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ၀ါဒတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ဖူးသည်။ ၀ါဒတွေ အမျိုးမျိုး ပြိုကျ ခဲ့ဖူးသည်။ လူတွေရဲ့ အသက်တွေနဲ့ ယစ်ပူဇော်ထားတဲ့ဝါဒများ၊ လူသားတွေ သွားရာလမ်းမှာ ပန်းတွေလို ချခင်ပေးထားတဲ့ ၀ါဒများ။ ကမ္ဘာ့နိုင်ငံတွေမှာ ၀ါဒတွေ အမျိုးမျိုးပြောင်း သွားသလိုခေါင်းဆောင်တွေလည်း အမျိုးမျိုးပြောင်းသွားခဲ့သည်။

တချို့တွေက တိုင်းပြည်ချမ်းသာဖို့ ၀ါဒတွေကို သုံးစွဲသည်။ တချို့တွေက ၀ါဒတစ်ခုခုအတွက် တိုင်းပြည်ကို အဆင်းရဲခံသည်။ ပြောင်းကြသည်။ ပြောင်းလဲခဲ့ကြသည်။
ဝါဒတွေအတွက်၊ လူတွေသာယာဝပြောဖို့အတွက် ၀ါ ဒတွေပန်းပန်ဖို့က အဓိကလား။ လူသားတွေ လူသားပီပီသသနဲ့ သက်သောင့်သက်သာ ဖြစ်ရေး ပို၍သက်ထောင့်သက်သာ ဖြစ်ရေးတွေ က အဓိက လား။

နှစ်တွေ ဘယ်လောက်ကြာကြာ အခုထိမပြောင်းလဲတာတစ်ခုတော့ ရှိနေသည်။ ဒါကို ယုံကြည် လိုက်ကြပါ။
ဆယ့်ကိုးဇူလိုင် မမေ့နိုင်။ အာဇာနည်နေ့။ ဒါတို့မြေ၊ ဒါတို့တိုင်းပြည်၊ တို့ပိုင်တဲ့မြေ။

အင်ဒြာငပုတော။
ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Friday, December 23, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၅)

စာရေးဆရာတစ်ယောက် လျော့ပါးသွားခြင်း

ကျွန်တော် သည် ဦးလေးဘကြီးအရွယ် စာရေးဆရာကြီးများ အကြောင်းတွေကို မဂ္ဂဇင်းဂျာနယ် တော်တော် များများ ၌ ရေးခဲ့ဖူးပါသည်။ သို့သော် သူတို့၏ စာပေအနုပညာနှင့် ပတ်သက်၍ လုံးဝမ တို့ မထိ ခဲ့ပါ။ မတို့မထိရဲပါ။ ဖျတ်ခနဲ ကြုံဆုံရပုံ အဖြစ်အပျက်လေးများကို စာရေးပါသည်။ ထိုအခါ ကျွန်တော် နှင့် ဆရာကြီးများ၏ ဆက်ဆံရေးကို တွေ့ရပါမည်။ ဒါသည်လည်း အခြေခံအကြောင်း ရှိပါသည်။

ကျွန်တော့်ကို မွေးသော (၁၉၅၁) တွင် အဖေသည် လျှမ်းလျှမ်းတောက် စာရေးဆရာဖြစ်နေပါပြီ။ ထိုနှစ်မှာပင် စာပေဗိမာန်ဆုကို တပ်ထဲကမြတ်ကိုကို ၀တ္ထုဖြင့် ရရှိပြီး ထိုစာအုပ်ကိုပင် တက္ကသိုလ် ၀င်တန်း ၌ ပြဋ္ဌာန်းခဲ့ပါသည်။ ဆိုလိုသည်မှာ အရောင်းရဆုံး စာရေးဆရာစာရင်းဝင် ဖြစ်သည့်ပြင် သိက္ခာရှိသော စာပေသမား စာရင်းလည်း ၀င်ခဲ့ခြင်းပင်။ ထိုအခါ အဖေသည် သူ့အိမ်ကို စာပေ အိမ်လုပ်ပါသည်။ ပုံနှိပ်စက် ထောင်ပါသည်။ ယခင်ကလည်း "ပဒေသာ"မဂ္ဂဇင်းကို စာရေးဆရာများ စုပေါင်း ရိုက် ထုတ်ဝေ ခဲ့ရာ အဖေပါဝင်ခဲ့ပါသေးသည်။ ထို့ကြောင့် အဖေ့အိမ်မှာ စာရေးဆရာ ပေါင်းစုံ စုရပ်ဖြစ်ခဲ့ပါသည်။ ထိုကာလ မှာ ကျွန်တော့်ကို မွေးသောကြောင့် ကျွန်တော်မှာ ထိုဆရာ များလက်ပေါ်တွင် ကြီးပြင်း ခဲ့ ရပါသည်။

စာရေးဆရာများ၏ အလှည့်ကျ ချီပိုးချော့မြူခြင်းကို ခံခဲ့ ရပေရာ နိမိတ်ပုံအားဖြင့် ပြောရလျှင် စာရေးဆရာ အငွေ့များ ကျွန်တော့်တွင် ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့ပါသည်။ ထူးခြားသည်မှာ ထိုခေတ်က စာရေးဆရာများသည် ၀ါဒရေးရာ၌ အလွန် ပြင်းထန်စွာ ကွဲပြားသော်လည်း လူချင်း အလွန် ချစ်ခင်ခဲ့ကြပါသည်။ ကွန်မြူနစ်စာရေးဆရာနှင့် အရင်းရှင်စာရေးဆရာ တို့ စာမျက်နှာပေါ်မှာ ကလော် ဆဲကြသော်လည်း အရက်ဆိုင်မှာ တွဲ၍ ဖက်ငိုကြပါသည်။

ထိုသို့သော စာရးဆရာများ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်မှာ ကျွန်တော်ကံကောင်းလှပါသည်။ ခုနှယ်အခါ ကျွန်တော်စာမျိုးစုံ ရေးသားနိုင်သည်မှာ ထိုအငွေ့အသက်များကြောင့်ဟု ယုံကြည်နေ ပါသည်။
ဆရာကြီး မင်းသုဝဏ်အစ၊ ဆရာဗန်းမော်တင်အောင်အလယ်၊ ဆရာသော်တာဆွေအဆုံး အားလုံး လိုလို နှင့် ကျွမ်းဝင်ခဲ့ရသော ကျွန်တော့်မှာ ဦးအောင်ဆန်း နှင့်တော့ မဆုံးစည်းခဲ့ရပေ။ အကြောင်းမှာ ဦးအောင်ဆန်း ကျဆုံးတော့ ကျွန်တော်မမွေးသေးသောကြောင့် ဖြေစ်ပါ သည်။ အကယ်၍ ဦးအောင်ဆန်း ကျဆုံး မသွားပါက ကျွန်တော်သည် ဦးအောင်ဆန်း လက်ပေါ်မှာလည်း ကြီးပြင်း ခဲ့ရမည်မှာ သေချာ ပါသည်။ အကြောင်းမှာ အဖေပြောပြောနေသော စကားတစ်ခွန်းကြောင့် ဖြစ်ပါသည်။

"ကိုအောင်ဆန်းက လွတ်လပ်ရေးရပြီးရင် စာရေးဆရာလုပ်ဖို့ စိတ်ကူးရှိတာကွ" တဲ့။
အဖေ နှင့် ဦးအောင်ဆန်းမှာ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဖြစ်ပါသည်။ အဖေက အလယ်ပိုင်း ဒို့ဗမာ အစည်းအရုံး အတွင်ရေးမှူး သခင်ဖေသန်း ဖြစ်ပါသည်။ သို့သော် အဖေသည် လွတ်လပ်ရေး မရခင် နယ်ချဲ့ ဆန့်ကျင်ရေးကာလမှာကတည်းက နိုင်ငံရေးနယ်မှ ထွက်ခဲ့ပါသည်။
လွတ်လပ်ရေး က ဘယ်ဆီနေမှန်း မသိသေးဘူး။ ဂိုဏ်တွေကွဲကုန်ကြလို့ နိုင်ငံရေးကို အဖေစိတ် ကုန် သွားတယ်ဟု အဖေကပြန်ပြောပြပါသည်။

အဖေသည် တစ်နေ့ ထမင်းတစ်နပ်သာ စားရသော ဘ၀ဖြင့် ပညာကို မရအရသင်ခဲ့ရာမှ "ကျွန်ပညာ အလိုမရှိ"ဟူသော နိုင်ငံရေးသမားကြီးများ၏ လှုံ့ဆော်ချက်အရ ကိုးတန်းနှင့် ကျောင်းထွက်ပြီး နိုင်ငံရေး လောက ထဲ ၀င်ခဲ့သူဖြစ်ပါသည်။ ရေနံမြေသပိတ်တွင် ရှေ့ဆုံးတန်းမှာ "အသေခံ တပ်ဗိုလ်"အဖြစ် ချီတက် ခဲ့ရာ ခြေထောက်သေနတ်မှန် ခံရပါသည်။ (ထို့ကြောင့် နိုင်ငံဂုဏ်ရည် ဘွဲ့ရပါသည်။) ထိုမျှ တိုင်းပြည် အတွက် အလုပ်လုပ် (လွတ်လပ်ရေးအတွက် ဆန္ဒပြင်းပြခဲ့) သော် လည်း စောစောကပြောသလို လွတ်လပ်ရေး မရမှပင် နိုင်ငံရေးသမားများ သူတစ်လူ ငါတစ်မင်း ဖြစ်ကြ သဖြင့် စိတ်ကုန်ပြီး ထိုလောက မှ ထွက်ကာ ကလေးပေါင်ဒါ လုပ်ရောင်း စားပါတော့သည်။ "ပူတူးတူး"ပေါင်ဒါတဲ့။ ရောင်းအား ကောင်း သဖြင့် ထူထူထောင်ထောင် ဖြစ်ခဲ့ပါသည်။ အဖေသည် နိုင်ငံရေးကို စိတ်ကုန်သွားသော်လည်း နိုင်ငံရေး သမားများ ကိုမူ ချစ်ခင်ဆဲဖြစ်ပါသည်။ လိုအပ်သည့် အကူအညီပေးဆဲ ဖြစ်ပါ သည်။

ဥပမာ အဖေနေသော ကျားကူးကွက်သစ် (ယခုတပ်မတော် စစ်သမိုင်းပြတိုက်နေရာ)ရှိ လက်ဖက် ရည် ဆိုင် တွင် နိုင်ငံရေးသမားများ အခမဲ့သောက်စားရန် စာရင်းဖွင့်ပေးထားသည်။ ထိုနားက ဆံပင်ညှပ် ဆိုင် တွင်လည်း ၎င်းအတိုင်း စာရင်းဖွင့်ပေးထားသည်။ အိမ်သုံးစရိတ်ကအစ နိုင်ငံရေးအတွက် အသေးသုံး စရိတ် များ ထုတ်ပေးပါသည်။ ဒါတွေက အသေးအမွှားတွေဖြစ်သည်။
ကြီးကြီးမားမား အကူအညီပေးခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်း တရားလည်ဟောသောအခါတွင် ဖြစ်သည်။ စာဖတ်သူတို့ ဓာတ် ပုံတွင် မြင်ဖူးကြပါလိမ့်မယ်။ ဗိုလ်ချုပ်တရားလည်ဟောသော မော်တော်ကား၊ အော်လံနှင့် မိုက်ခရိုဖုန်း။ ထိုပစ္စည်းများနှင့် ထိုမော်တော်ကားမှာ အဖေ့ပစ္စည်း များဖြစ်ပါ သည်။ "ပူတူးတူး"ပေါင်ဒါ ကြော်ငြာလှည့်သော မော်တော်ကားနှင့် အော်လံ၊ အသံချဲ့ စက်တို့ဖြစ်ပါသည်။ ဗိုလ်ချုပ် ကလည်း အားမနာတတ်၊ အဖေကလည်း နိုင်ငံအတွက်ဆို ကူညီ ချင်နှင့် အဆင်ပြေလှပါသည်။

စကားမစပ် ပြောရပါဦးမယ်။ ဗိုလ်ချုပ်က ကျွန်တော့်အဖေ၏ အ သက်ကို ကယ်ဖူးသည့်အကြောင်း။
တစ်နေ့တွင် (ကျွန်တော် မင်းသားဖြစ်နေပါပြီ)။ ခြံထဲသို့ မော်တော်ကား အကောင်းစားကြီးဖြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက် ရောက်လာသည်။
"ဟေ့ သခင်ဖေသန်း ရှိသလား"ဟု ပိုင်စိုး ပိုင်းနင်း အော်သံ၊ အလွန်ရင်းနှီးသော လေသံဖြင့် မေးပါသည်။ ထိုစဉ်က ကျွန်တော်က အောက်ထပ်မှာနေပြီး အဖေက အပေါ်ထပ်မှာ နေပါသည်။
အဖေ သည် ဧည့်သည် အလွန်ကြောက်ပါသည်။ အထူးသဖြင့် အရည်မရ အဖတ်မရ စကားကြော ရှည်သော ဧည့်သည်ကိုကြောက်ပါသည်။

ထို့ကြောင့် "ဧည့်သည်"ဟူသော ပညာပေးရုပ်ရှင် ရိုက်ခဲ့ ပါသည်။ ထို့ကြောင့် ဧည့်သည်လာလျှင် ကျွန်တော်က အကျိုးအကြောင်းမေးပြီး အပေါ်ထပ်တက် အကြောင်းကြားရပါသည်။ အဖေမတွေ့လိုလျှင် အလိမ္မာ စကားသုံးပြီး ပြန်လွှတ်ရပါသည်။ တွေ့လို လျှင်အပေါ်ထပ် ခေါ်သွားရပါသည်။ ထိုနေ့ကတော့ တိုက်တိုက် ဆိုင်ဆိုင် ထိုလူကြီး ရောက်ခိုက် မှာပင် အပေါ်ထပ်မှ အဖေဆင်းလာသည်နှင့် ကြုံသွားပါ သည်။ အဖေသည် အိမ်သာတက်ရန် ဆင်းလာခြင်း ဖြစ်ပါသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာ အစုံ နှင့် ရေနွေးကြမ်းအိုးပါ ယူလာပါသည်။ အိမ်သာထဲမှာ ရေနွေးကြမ်းသောက်ရင်း သတင်းစာ အကုန် ဖတ်ပါသည်။

သို့နှင့် ထိုလူကြီးနှင့် မျက်နှာချင်းဆိုင်ဆုံလေရာ ထိုလူကြီးက ၀မ်းသာအားရ....
"ဟေ့ သခင်ဖေသန်း၊ နေကောင်းတယ်နော်"
"ဟာ သခင်မောင် (နာမည်ပြောင်းထားပါသည်) ဘယ်ကလှည့်လာလဲ"
"ဒီလို ပဲ" "အကြောင်းရှိလား" "ဘာရယ် မဟုတ်ပါဘူး" "ဒါဆို ကြုံတုန်း ချေးဝင် ပါသွားပါလား"

အဖေ၏ ထိုစကားကြောင့် ထိုပုဂ္ဂိုလ်ကြီး မျက်နှာပျက်ပြီး စိတ်ဆိုးသွားပါသည်။ အဖေမူကား ဘာမျှ မဖြစ်သလို အိမ်သာဘက် ထွက်သွားပါသည်။
ထိုလူကြီး သည် ကားပေါ်ပြန်တက်၍ ၀ူးခနဲမောင်းထွက်သွား ပါသည်။ (မြန်မာဧည့်ခံစကားမှာ ကြုံတုန်း ထမင်း စားသွားပါ လားဟူ၍ သာရှိသည်မဟုတ်လား။ ခုတော့ ကြုံတုန်းချေးဝင် ပါသွား ပါလားတဲ့)
အိမ်သာ မှ ဆင်းလာမှ အဖေက ဇာတ်ကြောင်းလှန်ပါသည်။

နယ်ချဲ့ဆန့်ကျင်ရေးကာလက ဖြစ်ပါသည်။
ဝေးလံသော ပြည်နယ်တစ်ခုသို့ ဗိုလ်ချုပ်အမှူးပြုသော နယ်ချဲ့ဆန့်ကျင်ရေးသမားများ စည်းရုံး ရေး ဆင်းကြပါ သည်။ အဖေကလည်း ထုံးစံအတိုင်း သူ့မော်တော်ကား၊ အသံချဲ့စက်ဖြင့် လိုက်ပို့ ပါ သည်။ ဟိုမှာ အလုပ်ရှုပ်နေကြစဉ် တစ်နေ့စောစောက ပြောသော သခင်မောင်(ဆိုပါစို့) ပုဂ္ဂိုလ် သည် ဒေသခံတိုင်းရင်းသူကလေး ကို ချစ်ကြည်ရေးအနေဖြင့် ပရောပရီလုပ်နေပါသည်။ ဒါကို အဖေ သိ သွားတော့ သွားတားပါသည်။ ထိုအခါ ထိုပုဂ္ဂိုလ်က ရှက်ရှက်ဖြင့် သေနတ်ဆွဲပါတော့ သည်။ အဖေလည်း ဓားဓားချင်း ပေါ့ဟူသော သဘောဖြင့်ပြန်ပြီး နီးရာသေနတ်ပြန်ယူပါသည်။ တကယ် တော့ အဖေသည် သေနတ် ပစ်တတ် ဖို့ဝေး လို့ ကိုင်ပင်မကိုင်ဖူးပါ ။ ယှဉ်ပစ်လျှင် အဖေသေဖို့သာ ရှိပါသည်။

"သခင်ဖေသန်း သေနတ်ဆွဲသွားတယ်" ဟူသော သတင်းစကားကြားကြားချင်း ဗိုလ်ချုပ်သည်  အဖေတို့ ရှိရာ သို့ အပြေးရောက်လာပါတော့သည်။
"ဗိုလ်ချုပ် ၀င်တားလို့ပေါ့ကွာ။ နော့မို့ဖြင့် အဖေသေပြီ"ဟု အဖေက ပြန်ပြောပါသည်။
"အင်း၊ ကိုအောင်ဆန်း က အဖေ့အသက်ကိုကယ်ခဲ့ဖူးတယ်။ ကိုအောင်ဆန်း အသက်ကိုတော့ အဖေ မကယ် နိုင်ခဲ့ဘူးကွာ"ဟူ၍လည်း အာဇာနည်နေ့ရောက်တိုင်း အဖေ ၀မ်းနည်းပက်လက် ပြောတတ် ပါသည်။

သုမောင်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, December 22, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၄)

ရေနံချောင်းက....ကွ ရွှေကြာငုံက....ကွ

ဒုတိယကမ္ဘာစစ်ကြီးပြီးစ တစ်နှစ်ကျော်ကျော်...။
မြန်မာ့လွတ်လပ်ရေးရဖို့က မပြီးမပြတ် မရေမရာ...။

တစ်နေ့....
ရေနံချောင်း ချောက် ကျောက်ပန်းတောင်းလမ်းဆုံမှာ စတေရှင်ဝက်ဂွန်ကား စက်အဖုံးပေါ်တက်ရပ် ပြီး ဗိုလ်ချုပ်အောင်ဆန်း က လူထုက်ု လွတ်လပ်ရေးအတွက် ကြိုးပမ်းကြရန် မိန့်ခွန်းပြောကြား နေတဲ့ အချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရေနံချောင်းလူထုကြီးက ဂါးဗါးမင်းကျောင်းဝင် (ယခု အစိုးရ အထက်တန်း ကျောင်းဝင်း) ကြီးထဲမှာ ပြည့်လျှံကျအောင် တိုးဝှေ့စောင့်ဆိုင်းနေကြချိန်ပေါ့။
၆တန်းကျောင်းသား၊ ရတန်းကျောင်းသား ဖြစ်ခါနီး ကျွန်တော်လည်းပါတယ်။ တိုးတိုးဝှေ့ဝှေ့ လည်တမော့မော့နဲ့...။
ရောက်လာပါချေပြီင်္....။

ကာကီရောင် စစ်ဝတ်စုံဖျော့ဖျော့ ပိကက်နဲ့။ လူထုကြီးကို ၀ဲယာကြည့်ပြီး ရင်းနှီးဖေါ်ရွှေတဲ့ မျက်နှာနဲ့ နှုတ်ဆက်ရင်း ခြေလှမ်းက ရှေ့ကို တည့်တည့်မတ်မတ်။ ဘောလုံးကွင်းထဲက လူထုကြီးက ဖယ်ပေး ထားတဲ့ လမ်းအတိုင်း ဘောလုံးကွင်းကြီးကို ဖြတ်ပြီး အရှေ့ဘက်ထပ်က ကုန်းပေါ်အရောက်တက် လိုက်တယ်။ သူ့ဘေးမှာ တစ်လျှောက်လုံးပါလာတဲ့သူက ထောင်ထောင်မောင်းမောင်း ဗိုလ်မှူးလရောင် ဖြစ်ပါတယ်။

ကွင်းပေါ် စကားပြောခွက်ရှိရာမှာ သွားရပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက စ ပြောတယ်။
"ရေနံချောင်းက လူထုကြီးခင်ဗျား။ လွတ်လပ်ရေးရအောင် ကြိုးစားကြဖို့အတွက် ပြောရအောင် ရောက်လာပါတယ်။ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်က လူထုကြီးက ရွေးကောက်တင်မြှောက်ပေး လိုက်တဲ့အမတ်တွေနဲ့ မြန်မာ့လွတ်လပ်ရေး ကို အေးအေး နဲ့ရအောင် ဗြိတိသျှဆီက တောင်းယူပါ့မယ်။ ဒီလိုလုပ်ဖို့ ရေနံချောင်းက ဖဆပလ အမတ် တွေကို ရွေးကောက်တင်မြှောက်ပေးဖို့ လိုပါတယ်။

ကျွန်တော်တို့ ဖဆပလ အမတ်တွေကို ရေနံချောင်းမှာ ဆရာကြီးဦးကျော်ဇံက ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့ အတွက် အခုရေနံချောင်းရောက်ရောက် ချင်းဒီကိုမလာခင် ဆရာကြီးဆီ ကျွန်တော်အရင်ဝင်ပြီး ကန်တော့ ခဲ့ပါတယ်။ ဆရာကြီး ရွေးကောက်ပွဲ မ၀င်ဖို့၊ ဖဆပလအမတ်တွေကို မယှဉ်ပြိုင်ဖို့ လွတ်လပ်ရေးကို အေးအေးနဲ့မရရင် ကြမ်းယူရမှာမို့ ကြမ်းနိုင်တဲ့အမတ်၊ လူငယ်အမတ်တွေလိုပါတယ်၊ ဆရာကြီး နုတ်ထွက် ပေးပါလို့ ကျွန်တော့ဆရာကြီး၊ နေရှင်နယ်ကျောင်းတုန်းက ဆရာကြီးကို ကန်တော့ပြီး တောင်းပန် ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးက ပြောမရပါဘူး"
ဒီတော့ လူထုကြီးကို ကျွန်တော်ပြောချင်တာက ကျွန်တော့ဆရာကြီး ဦးကျော်ဇံ ကို မဲမပေးကြပါနဲ့။

ဖဆပလအမတ်လောင်း သခင်တင်ဦးနဲက သခင်စောလင်းတို့ကို မဲပေးကြပါ။
မြန်မာ့ လွတ်လပ်ရေးရကို ရရမယ်။ လွတ်လပ်ရေးကို အေးအေးနဲ့ ရအောင်ယူရမယ်။ မရရင်တော့ တိုက် ယူရမယ်
ဗိုလ်ချုပ်အောင်ဆန်းက လိုရင်း တိုရှင်း ပြောခဲ့ပါတယ်။ ရေနံချောင်းလူထုကြီး ဘာလုပ်ရမယ်ဆိုတာ ကို ထပ်ရှင်းပြစရာ မလိုအောင် သဘောပေါက်သွားခဲ့ပါတယ်။ ကိုယ့်ရေနံချောင်းမှာ ပညာသင်ကြား ပြီး ထူးချွန်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ယူလို့ မဆုံးဆောင်ရှိနေကြပါတယ်။ အဲဒါ....

"ရေနံချောင်းက....ကွ"
လို့ဂုဏ်ယူဝင့်ကြွားတဲ့အသံ တွေထွက်လာတယ်။
"ရွှေကြာငုံက...ကွ"လို့လည်း ထပ်ဖြည့်ပြောကြပါတယ်....
အော် နောက်တစ်နှစ် နှစ်နှစ်ဆိုရင် နှစ်ပေါင်း ၆၀ရှိတော့မှာပါကလား။

ခင်မောင်အုန်း။
(ဆရာဦးခင်မောင်အုန်း မကွယ်လွန်မီ ၂၀၀၅ ခုနှစ်က ရေနံချောင်း မဂ္ဂဇင်းအတွက် ရေးသားပေးခဲ့ သော စာမူ ဖြစ်ပါသည်။)

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 21, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၃)

ကာလမသုတ် ဗိုလ်ချုပ်နှင့် ကေသမုတ္တိနဂုံး အလွမ်း

သည်နေ့ သည်လ၊ သည်နှစ်ဆီမှ ပြန်လည်ရေတွက်ကြည့်လျှင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ဂဏန်း အရေအတွက် အားဖြင့် တိတိကျကျဆိုရန် မလွယ်ကူလှသော်လည်း ယေဘုယျခန့်မှန်း၍ ပြောရလျှင် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာနီးပါး ရှိခဲ့လေပြီ။ နှစ်ပေါင်း နှစ်ထောင်ကျော်ဆိုသည့် အတိတ်မှာ ဝေး ကွာ လွန်းစွာ ကျန်ရစ်ခဲ့လေပြီ။ ထိုသို့ ဝေးကွာလွန်းခြင်းက အခြားသူတစ်ဦးဦးအတွက် သူစိမ်းဆန် ကောင်း ဆန် နေမည်။ အေးတိအေးစက်ဖြစ်ကောင်း ဖြစ်နေမည်။ မိမိအတွက်တော့ သည်လိုမဟုတ်။ မိမိနှင့် ကိုယ်တိုင် ကိုယ်ကျ ဆုံတွေ့ခဲ့ဖူးခြင်းလည်း အလျှင်းမရှိ။ ပတ်သက်ဆက်နွှယ်မှုလည်းမရှိသော ပုံရိပ်နှင့် အသံ တို့က မိမိနှင့် ထူးထူးခြားခြား ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ နွေးထွေးနီးကပ်လွန်းလှ သည်။ တကယ်တော့ မိမိသည် ထိုနေရာ ထိုဒေသ ထိုပုံရိပ် ထိုအသံတို့ကို လေးစားကြည်နူးမှုဖြင့် လွမ်း ဆွတ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ နှစ်ခြိုက်စွဲလမ်းမှုဖြင့် စိတ်ကူးယဉ်ပုံဖော်မိခြင်းသာ ဖြစ်ပါလိမ့်မည်။

ထိုနေရာမှာ မဇ္ဈိမဒေသ ကောသလတိုင်းအတွင်းရှိ ရွာငယ်နိဂုံးတစ်ခုသာဖြစ်သည်။ ကေသမုတ္တိနိဂုံးဟု အမည် တွင်၏။ ထိုရွာနိဂုံးတွင် နေထိုင်ကြသော မင်းသားတို့ကို အမျိုးအနွယ်အစွဲပြု၍ ကာလာမမင်း သားများ ဟု ခေါ်တွင်ကြလေသည်။ ထိုကာလမအမျိုးသားတို့သည် ဉာဏ်ရည်ထက်မြက်ကြသူများ၊ စူး စမ်းလေ့လာလိုစိတ်ရှိကြသူများ ဖြစ်ဟန်တူသည်။ သူတို့သည် သူတို့ရွာငယ်နိဂုံးသို့ ရောက်ရှိလာကြ သော ရဟန်း ပုဏ္ဏား တို့၏အယူဝါဒအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရသောအခါ သူတို့၏ မျက်ကန်းကြည်ညို လိုစိတ် မရှိခြင်းက သူတို့၏ဦးနှောက် သူတို့၏အသိဉာဏ်တွင် မေးခွန်းများစွာ ဖြစ်ပေါ်လာစေ၏။ တစ်နေ့ တစ်ချိန် တွင် ထိုရွာငယ်နိဂုံးသို့ ဗုဒ္ဓကြွရောက်တော်မူခဲ့လေသည်။

သူတို့သည် ဗုဒ္ဓနှင့်တွေ့ဆုံခဲ့ရ သည်နှင့် သူတို့ရင်ဆိုင်ရသော အခက်အခဲ၊ သူတို့တွေဝေနေသော ပြဿနာ များကို မေးလျှောက်ကြ လေသည်။ သူတို့၏မေးခွန်းအနှစ်ချုပ်မှာ "သူတို့နေထိုင်ရာ နိဂုံးသို့ ရဟန်း၊ ပုဏ္ဏား အသီးသီး တို့ အစဉ် အဆက် ရောက်ရှိလာကြပြီး ထိုရဟန်း ပုဏ္ဏားတို့သည် မိမိတို့အယူဝါဒကို ထွန်းပစေလျက် သူတစ်ပါး တို့၏အယူဝါဒကို ကဲ့ရဲ့ရှုတ်ချကြ၏။ မထေမဲ့မြင် ပြုကြ၏။ ချေဖျက်ကြ၏။ ထိုရဟန်း ပုဏ္ဏား တို့အနက် မည်သူသည် မှန်ကန်သည့်စကားကို ဆိုသူဖြစ်ပါသနည်းဟု ယုံမှား သံသယ ဖြစ်နေကြပါသည်"ဟု မေး လျှောက်ကြသည်။
ထို မင်းသား တို့၏အမေးကို ဗုဒ္ဓက

"ကာလာမမင်းသားတို့၊ သင်တို့ဟာ"
(၁)    တစ်ဆင့်စကား ပြောသံကြားကာမျှကို ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊
(၂)    ရိုးရာအစဉ်အလာနှင့် ကိုက်ညီသောစကား ဖြစ်၍လည်းဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည် မယူကြလေ နှင့်၊
(၃)    ရှေးက ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ (ထုံးရှိ၍လည်း) ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေ နှင့်၊
(၄)    ပိဋိပတ်(စာပေ)နှင့် (ကျမ်းဂန်နှင့်) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း မယူလေနှင့်၊
(၅)    မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း (ဆင်ခြင်တုံတရားနှင့် ညီသည် ယုတ္တိရှိသည်ဆိုပြီး) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်၊
(၆)    နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်းအတည် မယူလေနှင့်၊
(ရ)    အချင်းအရာကို ကြံစည်စိတ်ကူးပြီး (သဘောကျရုံဖြင့်)လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည် မယူလေနှင့်၊
(၈)    ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒနှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊
(၉)    မှတ်ထိုက်ယူတိုက် လက်ခံထိုက်တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီလို့ ချက်ချင်း အတည် မယူလေနှင့်၊
(၁၀)    ငါတို့လေးစားတဲ့ ရဟန်းရဲ့ စကားဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီလို့ ချက်ချင်းအတည်မယူ လေနှင့်၊ ကာလာမမင်းသားတို့၊ အကြင်တရားတွေဟာ

(၁) မကောင်းတဲ့ အကုသိုလ် တရားတွေ
(၂) အပြစ်ရှိတဲ့ တရားတွေ
(၃) ပညရှိသူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မည့် တရားတွေ
(၄) ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာဖြစ်သည်၊ ဆင်းရဲဖို့သာ အကြောင်း ရှိတယ်လို့ဆိုရင် အဲဒီတရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ တစ်ပြိုင်နက် စွန့်ပယ်သင့် တယ်
ကာလာမ အမျိုးကောင်းသား မင်းသားတို့ကို ဗုဒ္ဓရှင်းလင်းဟောကြားခဲ့သော တရားတော်သည် အင်္ဂု တ္တရနိကာယ် တိကနိပါတ်၌ ကေသမုတ္တိသုတ်ဟု အမည်တွင်၏။ ကာလာမမင်းသားတို့ကို အကြောင်းပြု၍ ဟောကြားခဲ့သောကြောင့် ကာလာမသုတ္တန်ဟု ထင်ရှားသည်။

မည်သည့်ခေတ်၊ မည်သည့်ကာလတွင်မဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ သို့မဟုတ် ၀ါဒတစ်စုံတစ်ရပ် သည် မိမိ၊ သို့မဟုတ် မိမိတို့ဝါဒကို ယုံကြည်ရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းအားထုတ်ခဲ့ ကြ ကြိုးပမ်းအားထုတ်နေကြဆဲသာ ဖြစ်သည်။ ဗုဒ္ဓကမူ ထိုသို့မဟုတ်ခဲ့ချေ၊ အယူဝါဒတစ်ခုခုကို သက်ဝင် ရန်၊ ယုံကြည်ရန်၊ သင့်မသင့် မှန်မမှန် ဆုံးဖြတ်ရာတွင် အခြားသူတစ်ဦး တစ်ယောက်၏ လွှမ်းမိုးမှုထက် မိမိကိုယ်တိုင် ဝေဖန်စီစစ်ဆုံးဖြတ်နိုင်ရန်သာ ညွှန်ပြခဲ့သည်။ ထို့ကြောင့်လည်း ထိုကေသမုတ္တိသုတ္တန် တရားတော်သည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ဗုဒ္ဓ၀ါဒကို လေ့လာကြသော သုတေသန ပညာရှင် များပါ အံ့သြချီးမွမ်းရသော အလေးဂရုပြုရသော သုတ္တန်ကြီး တစ်ခုလည်း ဖြစ်သည်။

ထိုသုတ္တန် တရားတော်သည် ဗုဒ္ဓ၀ါဒ၏ အခြားအမည်တစ်ခုဖြစ်သော ၀ိဘဇ္ဇ၀ါဒကို ပုံဖော်ပေးရာလည်း ရောက်၏။ ဗုဒ္ဓ၀ါဒ သည်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့အောက် ပြားပြားဝပ်ဝပ်ရောက်ကာ အရာရာကို ကြောက်ရွံ့ သေ၀ပ် နေရသော အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားခြင်းငှာ မစွမ်းသာသော လူ့ အဖွဲ့အစည်း မျိုးကို လိုလား သောဝါဒမဟုတ်ဘဲ ဝေဖန်ပိုင်းခြားမှု စူးစမ်းစီစစ်တတ်သည့် ယဉ်ကျေးသော လူ့ အဖွဲ့အစည်း အမြင့် ဆုံးအားဖြင့် ပိုင်းခြားနိုင်မှု(ပညာသိက္ခာ)တို့ဖြင့် လွှမ်းခြုံဝန်းရံထားသော ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအမျိုးကိုသာ လိုလားကြောင်း ဖော်ပြသော သုတ္တာန်ကြီးတစ်ခုလည်း ဖြစ်သည်။

ထိုသုတ္တန်ဒေသနာကြီးကို မိမိဖတ်ရှုမိသည့်အခါကပင် အံ့သြဘနန်းဖြစ်ခဲ့ရသည်။ မိမိယုံကြည်ကိုးကွယ် သော အယူဝါဒတစ်ရပ်၏ လွတ်လပ်ခြင်း (freedom) တန်ခိုးရှင် ဖန်ဆင်းရှင် တစ်ဦးဦးအပေး ကြောက် ရွံ့မှု ကင်းခြင်း (freedom) သန့်ရှင်းစင်ကြယ်ခြင်း (fair) အတွက် ဂုဏ်ယူဝင့်ကြွားခဲ့ရလေသည်။

မှတ်မှတ်ရရ ထိုနေ့က မိမိရေးသာေးနသော စာတစ်ပုဒ်အတွက် ကိုးကားရန် အချက်အလက်အချို့လို ၍ စာအုပ်စင် ကို မွှေနှောက်မိသည်။ အကြောင်းအရာကို သိနေသော်လည်း မည်သည့် စာအုပ်တွင် ဖတ် ခဲ့ဖူးမှန်း မမှတ်မိတော့။ စာအုပ်တွင် တစ်အုပ်ပြီး တစ်အုပ်လှန်ရင်းမှ စာအုပ်တစ်အုပ်ကို ပြန်ဖတ် မိသည့် အခါ မိမိတို့ ထိုစာအုပ်ထဲ နစ်ဝင်သွားခဲ့သည်။ ထိုစာအုပ်တွင် ဆောင်းပါးအများစု ပါရှိလေရာ ထို ဆောင်းပါး ကို ရေးသားသူက အသက်နှစ်ဆယ်သာသာ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ဆောင်းပါးကိုဖတ်ရင်း သူ့ကိုအားကျမိခဲ့သည်။

လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဆောင်း ပါးတစ်ပုဒ်မှာလည်း အင်္ဂလိပ်စာဖြင့် ရေးသားထားရာ မိမိမှာ အလွန် အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါသည်။ ဆောင်းပါးနှစ်ပုဒ် စလုံးတွင် ဗုဒ္ဓ၏ အယူအဆများကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားသည်။ အထူးသဖြင့် ကေသမုတ္တိသုတ် (ခေါ်)ကာလာမသုတ္တန်ကို ရည်ညွှန်း ရေးသားထားခြင်းဖြစ်ရာ အသက်နှစ်ဆယ်သာသာ တက္ကသိုလ် ကျောင်းသားတစ်ဦး၏ လက်ရာ ဆိုသည်ကိုပင်မယုံနိုင် လောက်အောင် သေသပ်ကောင်းမွန်လွန်းလှသည်။ ထို့ကြောင့်လည်း ထို လူငယ် သည် မိမိတို့ ချစ်မြတ် နိုးရသော၊ လေးစားအားကျရသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိ သည်။ ထိုဆောင်းပါးရှင်မှာ နောင်တစ်ချိန်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အေင်ဆန်း ဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား မောင်အောင်ဆန်းပင် ဖြစ်ပါသည်။
သာမန်အားဖြင့် မိမိတို့သည် ဗိုလ်ချုပ်ကျဆုံးပြီး ဆယ်စုနှစ်သုံးခုအတွင်း လူလားမြောက်ခဲ့ရသူများ ဖြစ်ရာ ဗိုလ်ချုပ် နှင့် အလှမ်းကွာဝေးသူများသာ ဖြစ်သည်။

ဗိုလ်ချုပ်၏ အကြောင်းအရာများကို လက်လှမ်းမှီသလောက် ဖတ်ရှု့ရသည့်အခါတိုင်း ဗိုလ်ချုပ်၏ရိုးသားမှု၊ ရဲဝံ့ပြတ်သားမှုများကို လွတ်လပ် ရေးအတွက် ကြိုးပမ်းလှုပ်ရှားမှုများနှင့်သာ တွဲ၍ဖတ်ရှုရလေသည်။ ဗိုလ်ချုပ် သည် ကျောင်းသားဘ၀မှ စ၍ အမျိုးသားခေါင်းဆောင်ကြီးဘ၀အထိ လုထုလှုပ်ရှားမှုများ၊ လွတ်လပ်ရေး တိုက်ပွဲများကြား၌သာ ရှင်သန်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေး ခေါင်ေးဆာင်တစ်ယောက်၊ စစ်ရေး ခေါင်ေးဆာင် တစ်ယောက် သာဖြစ်သည်။ ထို့ကြောင့်လည်း မိမိသည် ဗိုလ်ချုပ်ကို သူ၏ ရိုးသားတည်ကြည်မှု၊ ရဲဝံ့ပြတ်သားမှုများ အတွက်အကြိမ်ကြိမ်အခါခါ ဦးညွတ်ခဲ့မိသည်။ သို့သော်လည်း ဗုဒ္ဓ၏အဆုံးအမ ဒေသနာများနှင့်တော့ မဆက်စပ်မိခဲ့။ ဗိုလ်ချုပ်၏ စာပေလက်ရာဆောင်းပါးများကို ဖတ်ရှု မိသည့်အခါ ဗိုလ်ချုပ်သည် ဗုဒ္ဓအ ဆုံးအမ တရားများကို အလွန်နှစ်ခြိုက်သူဖြစ်ကြောင်း တွေ့ရလေသည်။ အထူးသဖြင့် ဗိုလ်ချုပ် သည် ကာလမသုတ္တန်ကို စွဲလန်းသဘောကျသူ ဖြစ်သည်။

၁၉၃၅ ခုနှစ်၊ ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ဗိုလ်ချုပ်၏ ပထမဆုံးလက်ရာ ဆောင်းပါးကို တွေ့ ရလေသည်။ ထိုစဉ်က ဗိုလ်ချုပ်သည အသက် ၂၀သာ ရှိသေးသည့် တက္ကသိုလ်ကျောင်းသား လူငယ်တစ်ယောက်သာ ဖြစ်သည်။ ဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခြင်း ဖြစ်ပြီး ဆောင်း ပါးအမည်မှာ (Burma and Buddhism ဖြစ်သည်။ ထိုဆောင်းပါးတွင် ဗိုလ်ခုပ်က Do not believe in anything because you have hear it. အစချီ ကာလမသုတ္တန်ကို ဖော်ပြရေးသားထားသည်။ ထို့ပြင် ၁၉၄၇ခုနှစ်၊ နိုဝင်ဘာလထုတ် မန္တလေးသူရိယ (အမျိုးသားနေ့အထူး) စာစောင်တွင်လည်း ကျောင်း သားဝတ္တရားဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာတွင်)

"ပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတော ပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ကို မွေးရန်လို၏ ဤအချက်ကို ပညာရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက (academic freedom) ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ပြောင်းလဲစေသည့် ရီနေစန်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာအကြောင်းရင်းတည်း၊ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း" ဟု ကာလာမသုတ္တန်ကို မမေ့မလျော့ ထည့်သွင်းရေးသား ခဲ့ လေသည်။

ထိုဆောင်းပါးများကို ဖတ်ရှုနေရင်း လွတ်လပ်သည့် အခြေအနေနှင့် နည်းပညာအမြောက်အမြား တိုး တက်သည့် ခေတ်တွင် ကြီးပြင်လာသည့် မိမိသည် အရှော်ကြီး ရှော်သလောက် နယ်ချဲ့စနစ်အောက် တွင်ရုန်းရင်းကန်ရင်း အတော်ကြီး တော်ခဲ့သော ဗိုလ်ချုပ်ကို လေးစားအားကျမိပါသည်။ ထို့အတူ မြတ်ဗုဒ္ဓ၏ ကာလာမသုတ္တန်ကြီး ဖြစ်ပေါ်ခဲ့ရာနေရာ ကေသမုတ္တိနိဂုံးမှ ဝေဖန်ဆန်းစစ်တတ်သော အမျိုးကောင်းသား ကာလာမအမျိုးကောင်းသားတို့ကိုလည်း စိတ်နှင့်မှန်း၍ လွမ်းမိပါတော့သည်။

နီဟိန်းမော်

ညွှန်း။  မြန်ဟန်- ဗိုလ်ချုပ်အေင်ဆန်း၏စာပေလက်ရာ။
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 20, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၂)

(၃)

ကျွန်တော်သည် ထိုအမျိုးသားခေါင်းဆောင်ကြီး နှစ်ဦးတို့၏သမိုင်းကြောင်းများကို ဖြန့်ကြက်တွေး တော နေမိရင်း နောက်ဆုံးတွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ပြောကြား ခဲ့ဖူးသော အဆိုအမိန့်တစ်ခုကိုသာ သတိရနေမိပါတော့သည်။
"နိုင်ငံရေးဝါဒ တွေ မည်မျှပင် အားကောင်းပါစေ၊ အမျိုးသားရေးဝါဒကိုမူ ဘယ်သောအခါမှ လွှမ်းမိုး နိုင်လိမ့်မည် မဟုတ်ပေ။"

မိုးသစ်ဝေ

ကိုးကားစာရင်း
၁။    မောင်ထွန်းသူ - (ဘာသာပြန်) ဆိုင်ဂုံ
၂။    တက္ကသိုလ်နေဝင်း -  ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း
၃။    မောင်ကျော်ရင် - ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဂန္ထဝင်
မန္တလေးထဲက ဗိုလ်ချုပ်လမ်း

"စာအုပ်တစ်အုပ်ကိုဖတ်လျှင် စာအုပ်ကိုကျော်လွန်၍ မြင်နိုင်ရမည်။ သို့မှသာ ပညာတည်းဟူသော အဆီအနှစ် ကိုရပေမည်။"
အောင်ဆန်း

"တစ်ကမ္ဘာလုံးဟာ၊ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီး နဲ့ အတူ နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင် တဲ့ ဗမာ (မြန်မာ) ပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။"
အောင်ဆန်း

စာပေ စာတမ်းငယ်... မှ အိုးဝေမဂ္ဂဇင်း ၁၉၄၉ (၁၃၁၀ ခု)
မန္တလေးရဲ့ဟေမန္တ ဒီဇင်ဘာဆောင်းရက်တွေဟာ အေးရှလို့၊ အအေးလှိုင်းကျနေရော့သလား မသိ၊ အေး လိုက်တာ၊ ဒီရက်မှာ မနက် ၅ နာရီလောက်ထ ကျုံးနံဘေးမှာ လမ်းလျှောက်လို့ နှင်းမှုန်ပျပျဝေ ဝေထဲမှာ ၁၂၁၈ က တည်ခဲ့သော မန္တလေးရဲ့ပဒေသာရာဇ် မြို့တော်အိုကြီးက ၁၃၆၈ ခုနှစ်မှာ ၁၅၀ ပြည့်ခဲ့ ပါရောလား။ ကျွန်တော်နဲ့ လမ်းလျှောက်လိုက်လာကြတဲ့ တူလေး စောစစ်နိုင်ကို နဲ့ တူလေး ထွန်းတက်နီ တို့ ညီအစ်ကို နှစ်ယောက်က ခြေလှမ်းတွေသွက်လို့။ တစ်ခါက ထီးသံ၊ စည်သံ၊ နန်းသံ တွေနဲ့ တလူလူ လွင့် ခဲ့တဲ့ မြို့ရိုးအိုကြီးထဲက နန်းတော်တွေ၊ ဗုတ်တလုပ်ကန်တွေက ပဒေသရာဇ် ဒေါင်းတံဆိပ်နဲ့ အိပ်ပျော်၊ အိပ်မောကျလို့။ ကျုံးရေသေထဲက ပျံလွင့်လာတဲ့ နရီသံမဲ့ရေဒီယိုသံက ကျွန်တော့်ကို လှုပ်နှိုး လိုက်တယ်။ ကမ္ဘာကြီးထဲမှာ ကမ္ဘာကြီးရဲ့ရင်ခုန်သံတွေက ကျုံးနံဘေးမှာ တောင် လာပွင့်လို့။

ကျွန်တော် တို့ တူဝရီးသုံးယောက် ကျုံးနံဘေးက လမ်းလျှောက်ရင်း နာရီစင်ကြီးဆီ၊ ဘွန်ဆိုင်းနာရီ စင်ဖြစ် နေတဲ့ နာရီစင်ကြီးရှိရာဆီ ၂၆ လမ်းကနေ အောက်ဆင်းလာကြတယ်။ လမ်းလျှောက်ပြန်သူ၊ သွားသူတွေနဲ့ လှုပ်ရှားနေတဲ့ ဆောင်းမနက်ခင်းကို ချွေးစတွေနဲ့ အာခံလိုက်ကြပြီ။ ဆောင်းအအေး ဓာတ်ထဲက နေတောင် ၂၁ ဒီဇင်ဘာ ၂၀၀၈ မနက်ခင်း ၆ နာရီထိုးဖို့ ငါးမိနစ်အလိုမှာ ငလျင်လှုပ် သွားတယ်။ သြော်... ဆောင်းမနက်ခင်း ထဲမှာတောင် အအေးလှိုင်းတွေကြားကနေ မန္တလေးမှာ ငလျင်လှုပ်သွားပါရောလား။ ကျွန်တော် ရယ်၊ စောစစ်နိုင်ကိုရယ် သွန်းထွတ်ဦးရယ် နာရီစင်နား ရောက်သွားတော့ ဘွန်ဆိုင်နာရီစင်ကြီး ရင်ပေါ် က လမ်းဆီ ရောက်သွားပေါ့။ ဩော်... ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာ လျှောက် နေတာပါလား။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ရောက်နေတာပါ။

ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ သံတိုင်ကြီးတွေနဲ့ ရပ်နေတဲ့ ကြော်ငြာဘုတ်ကြီးတွေက ကျွန် တော်တို့ကို ငုံ့ကြည့် ပါရောလား။ ဈေးချိုတော်သစ်ကြီးရှေ့က ဖြတ်လာကြတော့ ဆောင်းမနက်ခင်း မန္တလေးဟာ မှုန်တဝါးဝါး နဲ့ ဘွားခနဲ ပေါ်လာတော့မယ်။ ၂၇ လမ်းဖြတ်၊ ၂၈ လမ်းကျော်၊ ၂၉ လမ်း ဝါးတန်းထိပ် မှာ တော့ ဈေးကားတွေနဲ့ဆူလို့ ညံလို့...။

 ၁ ပေမီးချောင်းလေးတွေ ထွန်းပြီး ရောင်းနေ တဲ့ ဆောင်းသီးနှံကုန်စိမ်းသည်တွေ ဖြစ်ကြတဲ့... ခရမ်းချဉ်သီး သည် တွေ၊ မုန်လာထုပ်သည်တွေ၊ ပန်းမုံလာသည်တွေ၊ မုန်ညှင်းရွက်သည်တွေ၊ အာလူးသည် တွေ၊ ပဲစိမ်းသည်တွေရဲ့ အသံတွေနဲ့ ဝေ စီနေတဲ့ ကုန်စိမ်းမနက်ခင်းရှေ့က ဖြတ်တော့ ထွန်းဦး စာအုပ်ဆိုင် တံခါးတွေကပိတ်လို့၊ စာအုပ် တွေက ဆိုင်ထဲကနေ အိပ်ခြင်းမဲ့အတောင်ပံတပ်ပြီး မန္တလေးမြို့ အနှံ့ ခြေဆန့်ပျံသန်းလို့...။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးက ယူနီစန်ကလေးကလည်း လှုပ်ရှားစပြုပြီး လှုပ်လှုပ်ရှားရှားနဲ့။ ဟော ယူနီစန် နဲ့ မျက်နှာချင်းဆိုင်က ထီဆိုင်တွေကလဲ အိပ်လို့ ပိတ်လို့။ ထီဆိုင်တွေနောက်မှာ တစ်ခါက ဒါ ဟံသာဝတီ သတင်းစာတိုက်ပါလား။ ဩော်... ခုတော့ ရတနာပုံသတင်းစာတိုက်ပေါ့။ အဲဒီရှေ့က ဈေးတန်းလှည်း တွေရှောင်ရင်း၊ ဈေးကားတွေရှောင်ရင်း လမ်း ၃၀ ကနေ ကျော်ဖြတ် ၃၁ လမ်းထိပ် ရောက်တော့... "ဓမ္မသာလာ"ခန်းမကြီးကလည်း သူ့တံခါးတွေကိုပိတ်ထားတုန်း စက်မှုလား၊ စက်မှုလား၊ စစ်ကိုင်း လား၊ တောင်မြို့လားဆိုတဲ့ စပယ်ယာခေါ်သံတွေက ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးပေါ်မှာ လျှံကျလို့။

၃၂ လမ်းထိပ်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၂ လမ်းထိပ်က ပွဲထိုင်ကိတ် နဲ့ အအေး ဆိုင် လည်း မရှိရှာတော့ပါလား။ ပွဲထိုင်လက်ဖက်ရည်၊ နံပြား၊ စွပ်ပြုတ်၊ ရေခဲမုန့်၊ မုန့်တီ တို့ဟာ အင် မတန် နာမည်ကြီး ခဲ့တာပေါ့။ သူ့တောင်ဘက်မှာ ဝင်းလိုက်ရုပ်ရှင်ရုံကြီးရှိတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံ ကြီးကတော့ ဒီနေ့တိုင် ပြည်သူတွေအတွက် အပမ်းဖြေစရာအဖြစ် ရှိနေပါသေးတယ်။ ဂန္တဝင်ဇာတ် မင်းသားကြီး ရွှေမန်းတင်မောင် နေထိုင်သွားခဲ့တဲ့၊ ခေါင်းချသွားခဲ့တဲ့ တိုက်ကြီးကလဲ ပရိဘောဂဆိုင် ကြီးဖြစ်လို့။ ၃၃ လမ်းထိပ် က လူထုစာအုပ်တိုက်ကတော့ ဦးလေး (လူထုဦးလှနဲ့) ဒေါ်ဒေါ် (လူထု ဒေါ်အမာ) တို့ မရှိ တော့ပေမယ့် စာအုပ်တိုက်အနေနဲ့ကတော့ ရှိနေဆဲပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းလမ်း နဲ့ ၃၃ လမ်းထောင့်က အောင်သပြေ မိုးကာဆိုင်ကြိးဟာ အရင်က ဒေါ်နှင်းပွင့် ဆေးပြင်းလိပ်ခုံ ပေါ့။ အဲဒီအရင်က မြေကွက်လပ်ကြီးလေ အဲဒီမြေကွက်လပ်ကြီးပေါ်မှာ ကျွန်တော့် အမေကြီးပွား (အမေကြီးဒေါ်ချစ်ပွားပြောတဲ့) ဗေဒါကြီးဟာ ဆိုင်းဘုတ်တပ်စရာမလိုဘူး။ ဒါပေမဲ့ မန္တလေး အလှူ တွေမှာ ဗေဒါကြီးပါမှ ပြီးသတဲ့လေ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။ အဲဒီနေရာရွာ ရွာစား ကျော်စိန်ဗေဒါကြီး နဲ့ လေဘာတီ အမေဒေါ်မြရင် တို့ အငြိမ့်ညွန့်ပေါင်း ကခဲ့တဲ့နေရာပေါ့။

လက်ဆယ်ကန် ယပ်ဝင်း (၅၆၅ ရပ်ကွက်ထဲက) ဘုရားတကာ ဦးထင်၊ ဒေါ်မမလေးတည်ထားတဲ့ "မဟာလောက ဇိနရံသီ"ဘုရားပွဲတော်ဖြစ်တဲ့ နတ်တော်လပြည့်နေ့မှာပေါ့။ မန္တလေးမှာ ရွာစားကြီး စိန်ဗေဒါ နဲ့၊ လေဘာတီမမြရင်တို့ ကခဲ့ကြတဲ့ အငြိမ်ညွန့်ပေါင်းဟာ အင်မတန်နာမည်ကြီးခဲ့တာပေါ့။ အဲဒီမှာ နာမည်ကျော် နဂါးဒေါ်ဦးရဲ့ နဂါးဆေးလိပ်ခုံနဲ့ ကြုံဝှာကြားထဲဝင်သွားရင် ကျွန်တော် မွေးဖွား ရာ လက်ဆယ်ကန် ယပ်ဝင်း... ဇာတိပေါ့။ ကျွန်တော့်ဇာတိ မြေသင်းခဲတွေကြားမှာ အနုပညာပွင့် တွေ ဝေလို့။ ဝင်း ထဲက မဟာလောက ဇိနရံသီ ဘုရားဘေးမှာ သျှန်တက္ကသိုလ် ဆိုတာရှိတယ်။ အောင်သျှန်(မန်းတက္ကသိုလ်)ရဲ့ ကျောင်းပေါ့။ ဒီကျောင်းမှာ ဆရာဂျမ်းလာတယ်၊ ဆရာစွမ်း လာ တယ်၊ ဆရာ မောင်သာနိုး လာတယ်၊ ဆရာဦးအေးကျော် (မန်းတက္ကသိုလ် မြန်မာစာ) လာတယ်၊ ဦးဆန်းထွန်း လာတယ်၊ အောင်သျှန် (မန်းတက္ကသိုလ်)ရဲ့ "လေမဟုတ် အလုပ်နဲ့သက်သေပြမယ်" ဆိုတဲ့ သျှန်တက္ကသိုလ် ပေါ့။

ကျွန်တော်တို့ တူဝရီးသုံးယောက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာရှိတဲ့ လမ်းအနောက်ဘက် ခြမ်းက မန်းမြို့တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုက်ကြတော့ အတိတ်ရုပ်ပုံလွှာ ကားချပ်တွေက ပေါ် လာတယ်။ ဩော် ကျွန်တော်တို့ထိုင်နေတာ တကယ့်နေရာပါလား။ မန်းမြို့တော်ကဖေးရဲ့ တောင်ဘက် ကြုံဝှာ ခေါက်ဆွဲဆိုင် ဘေးမှာ လက်ဆည်ကန်ရှိတယ်။ လက်ဆည်ကန်မင်းသမီးက လက်နဲ့ဆည် ခဲ့တဲ့ကန်မို့ လက်ဆည်ကန်လို့ ခေါ်ပါသတဲ့။ ဒီလက်ဆည်ကန်က ၈၄ လမ်းလို့ခေါ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရဲ့ အနောက်ဘက်မှာရှိတဲ့ လက်ဆည်ကန်ယပ်ဝင်းအရှေ့ထိပ်မှာရှိ တဲ့ လက်ဆည်ကန်ကို ကိုယ်စား ပြုပြီးခေါ်တဲ့ လက်ဆည်ကန်ပေါ့။ ကျွန်တော်တို့ အဘိုးအဘွားတွေ ဖြစ်တဲ့ "ကိုမောင်ကို၊ မချစ်ပွား ပေယပ်တောင်လုပ်ငန်း"ရှိလို့ လက်ဆည်ကန် ယပ်ဝင်းပေါ့၊ ဒါ လက် ဆည်ကန်လေ။

ဒီလက်ဆည်ကန်မှာ သခင်ဘဟိန်း ထိုင်ခဲ့ဖူးပါသတဲ့။ ဒီလက်ဆည်ကန်မှာ ဗိုလ်ချုပ်အောင်ဆန်း လာခဲ့ဖူး သတဲ့။ ဒီလက်ဆည်ကန်မှာ ဒဂုန်တာရာ ခဏနေခဲ့ဖူးသတဲ့။ ဒီမှာ ကျွန်တော် ဖတ်ပြပါရစေ။ ကဲ... နှလုံးသား နဲ့ နားထောင်။

ရှမ်းပြည် အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တစ်ပတ် ခန့် တည်းခိုရလေသည်။ ထိုအခါ သူ၏ဖခင် ဦးမှင်က သူ့ကို စကားမပြော၊ မခေါ်ဘဲ နေသော အခိုက်ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအ တွက် ရှူးဖိနပ် ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။
တစ်ည ကျွန်တော်တို့ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့်လာခိုက်ဖြစ်၍၊ ကိုဘဟိန်း ထံ သို့ အလည်လာ၏။ ကိုဘဟိန်း အပြင်သို့ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကား ပြောလျက်ရှိ၏။ ကိုဘဟိန်းအကြောင်းရောက်သွားသောအခါ ဖခင်ဦးမှင်က "သူ့ကို ကျုပ်တို့က ဘယ်လောက်၊ အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဘူး" ဟု ပြောလေသည်။

သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ၊ ဦးမှင်သည် ကျွန်တော်ဘက်သို့လှည့်၍ "ကို အောင်ဆန်း နဲ့ ဘဟိန်း ဟာ အတူတူပဲ၊ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်"ဟု ပြော လေသည်။

ဒါ... မဟာကဗျာဆရာကြီး ဒဂုန်တာရာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ရေးခဲ့တဲ့ "ဗဟိန်း သို့မဟုတ် ကဗျာ" ဆိုတဲ့စာထဲကပေါ့။ ၈၄ လမ်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်က (၃၂ နဲ့ ၃၃ ကြားက) လက်ဆည်ကန် မှာ သခင်ဗဟိန်း နေခဲ့ဖူးတယ်။ ဒဂုန်တာရာ ၈ ပတ်ခန့် အလည်လာဖူးတယ်။ ဗိုလ် ချုပ်အောင်ဆန်း လာဖူးတယ်။ ဩော်... ဒီနေ့တော့ ရာဇဝင်သမိုင်းဖတ်စာထဲမှာ လက်ဆည်ကန် ဟာ ထိန်ထိန်တောက်လို့။ သမိုင်းဇာတ်ကောင်တွေနဲ့ လှုပ်ရှားဖြတ်သန်းခဲ့ကြတဲ့ "ရာဇဝင်ကို ဖြတ် သန်းခြင်း"ထဲက ဂန္ထဝင် လက်ဆည်ကန်ပါလား။

သခင်ဗဟိန်း ဆုံးပါးကွယ်လွန်သွားတဲ့အခါ လွမ်းဆွတ်အောက်မေ့ဖွယ် ကဗျာတစ်စကို ဆရာဒဂုန် တာရာက အလင်္ကာကဗျာပေါင်းချုပ် စာမျက်နှာ ၁၀၈ မှာ ဖော်ပြခဲ့တဲ့ "လီနင်ဂူ"ကဗျာထဲမှာ ဟော သလို မော်ကွန်းထိုးခဲ့တယ်။

ရင်းတွင်း၌ကား
လှိုက်ဖိုရှိုက်မက်၊ တသက်သက်တည့်
ပေါ်လျက်လာသည်၊ မျက်ရည်ပျံ့ဆွတ်
လွတ်လပ်ရေးအတွက်၊ တိုက်ပွဲရက်တွင်
အသက်ဆုံးရ၊ သခင်ဗဟိန်း
စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း
တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ
မပြတ်စည်းရုံး၊ တိုက်ရဦးမည်
မဆုံးသေးသည့်၊ တော်လှန်ရေး။

သခင်ဘဟိန်းကို မြေမြှပ်သဂြုင်္ိဟ်ခဲ့တဲ့နေရာဟာ မန္တလေးရဲ့အနောက်ထောင့် စိန်ပန်းရပ်မှာရှိတဲ့ ရွာ ဟိုင်းဈေး အနောက်ဘက် ရွာဟိုင်းသင်္ချိုင်းမှာ ဖြစ်ပါတယ်။ ဒီသင်္ချိုင်းမှာ ကျွန်တော့်အဖေ ဦးခင် မောင်တို့၊ အမေကြီးဒေါ်ချစ်ပွားတို့၊ အမေကြီးဒေါ်ငွေယုံတို့၊ ညီ ထွန်းဦးတို့ကို သဂြုင်္ိဟ်ခဲ့တဲ့နေရာပါ။ ဒီရွာဟိုင်း သင်္ချိုင်း ထဲမှာ မြို့မငြိမ်း အုတ်ဂူရှိတယ်။ သခင်ဘဟိန်း အုတ်ဂူရှိတယ်။ မော်ဒန်ပန်းချီဆရာကြီး ဘဏ်ခင်မောင် ရဲ့မြေပုံရှိတယ်။ သခင်ဘဟိန်းကို သဂြုင်္ိဟ်တဲ့နေ့ မန္တလေးကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လာရောက်ပြီး ဝမ်းနည်းမိန့်ခွန်းကို ပြောခဲ့တာကို သိလိုက်ရတော့ သမိုင်းတစ်ကွက် ထဲက သမိုင်း ရုပ်ပုံလွှာ တွေက တဖျတ်ဖျတ်နဲ့ စီကာစဉ်ကာ မှန်ကူကွက်ထဲက ထွက်ကျသတဲ့။ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီးပေါ်ကနေ လက်ဆည်ကန်ရင်ခွင်ထဲက  ကျွန်တော့်အတွေး ဝိဥာဉ်လိပ် ပြာက ခြင်္သေ့ လည်ပြန်နဲ့ အတိတ်ရုပ်ပုံလွှာထဲကနေ ပစ္စုပ္ပာန်ပါမက အနာဂတ်ရင်ခွင်ဆီ ပျံသန်းလို့။ သခင်အောင်ဆန်း ရဲ့ စာရုပ်ပုံလွှာနဲ့ လူရုပ်ပုံလွှာက ဖျတ်ခနဲ၊ ဖျတ်ခနဲ ပေါ်လာပါတော့တယ်။ ဩော်... အာဂ စာရေးဆရာ အောင်ဆန်း။

မောင်နွေထက်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 19, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၁)

ဟိုချီမင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ

"ဟိုချီမင်း"ဟုဆိုလိုက်လျှင် သူ့ကိုကွန်မြူနစ်ပါတီစစ်စစ်၊ အမေရိကန်နယ်ချဲ့တို့ကို ခါးခါးသီးသီး တိုက်ခိုက် တွန်းလှန် ခဲ့သော ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ပြေးမြင်မိပါပေလိမ့်မည်။ ကျွန်တော်လည်း ဤသို့ပင် မှတ်ယူထားခဲ့ဖူးပါသည်။ ဆရာမောင်ထွန်းသူ ဘာသာပြန်သော "ဆိုင်ဂုံ" ဝတ္ထုကို ဖတ်ရသော အခါတွင်မူ ကျွန်တော် ယခင်ဖတ်ဖူးခဲ့ရသော သမိုင်းအချက်အလက်များ တွင် မပါဝင်သေးသည့် ဟိုချီမင်း၏ဘဝအစိတ်အပိုင်းတချို့ကို ထပ်မံမြင်တွေ့လိုက်ရပါသည်။

စာအုပ်အများစုက ရေးသလိုပင် ဤစာအုပ်ထဲတွင်လည်း ဟိုချီမင်းသည် နာမည်မျိုးစုံဖြင့် ဘဝမျိုးစုံ တွင် ကျင်လည်ရင်း ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်စသော ကမ္ဘာ့နိုင်ငံ လွတ်မြောက်ရေးအတွက် ပြည်ပ အကူအညီ အဆက်အသွယ်များ ရှာဖွေခဲ့သည့် ပုံရိပ်များကို မြင်တွေ့ရပါသည်။ သူ လေ့လာ ခဲ့သော နိုင်ငံရေး ဒဿန များ၊ ဆည်းပူးခဲ့သော ပညာရပ်များလည်း စုံလင်လှပါဘိ။ အနောက်တိုင်း ဒဿနများ၊ အနောက်တိုင်း သမိုင်းပညာများမှအစ၊ ကွန်မြူနစ်ဝါဒများအဆုံး အားလုံးကို ကျယ် ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ သည်ကို တွေ့ရပါသည်။

ကမ္ဘာအရပ်ရပ်သို့ လှည့်လည်ပြီးနောက် ဟိုချီမင်းသည် ဗီယက်နမ်နိုင်ငံသို့ ပြနလည်ခိုးဝင်လာကာ နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံလွတ်မြောက်ရေး ကြိုးပမ်း နေကြသော မျိုးချစ်ခေါင်းဆောင်များကို စုစည်း၍ ဗီယက်နမ်လွတ်မြောက်ရေးအဖွဲ့ချုပ်ဟု အဓိပ္ပါယ် ရသော "ဗီယက်မင်း" အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

ထိုဗီယက်နမ်အဖွဲ့သည် ကနဦးအစပိုင်းတွင် နောင်အခါ ခါးသီးသောရန်သူများဖြစ်လာကြမည့် အမေရိကန် တို့နှင့် မိတ်ဆွေပမာ ဆက်ဆံခဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည့် သာဓကကို ဤဝတ္ထု တွင် တင်ပြ ထားပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ခဲ့ကြရာ၌ ဗီယက်မင်း ပြောက်ကျား များသည် အမေရိကန်တို့ဘက်မှပင် ကူညီတိုက်ခိုက်ပေးခဲ့ကြသည်ဆို၏။
နောက်ပိုင်း ဗီယက်မင်းတို့က မြောက်ဗီယက်နမ်ကို ပြင်သစ်ကိုလိုနီဘဝမှ လွတ်မြောက်ရန် တိုက်ပွဲ ဆင်နွှဲသော အခါ စစ်လက်နက်အကူအညီရရန် အမေရိကန်နိုင်ငံအား ချဉ်းကပ်ဖူးသည်ဟူသော ကျွန်တော် မဖတ်ဖူးခဲ့သည့် ထူးထူးခြားခြား ဖြစ်ရပ်ကိုလည်း သိလာရပါသည်။

ဟိုချီမင်းအနေနှင့် ပြင်သစ်ကွန်မြူနစ်ပါတီသို့ ဝင်ခဲ့ဖူးခြင်း၊ ဗီယက်မင်းအဖွဲ့တွင် ကွန်မြူနစ်များ ပါဝင်နေခြင်း တို့ကို ထောက်ရှု၍ အမေရိကန်တို့သည် ဟိုချီမင်းတို့အား ကွန်မြူနစ်များဟု မြင်နေ သည်က တကြောင်း မိမိတို့၏မဟာမိတ်ပြင်သစ်တို့နှင့် ဆက်ဆံရေးပျက်ပြားမည်ကို စိုးရမ်၍ တကြောင်း ဟိုချီမင်း တောင်းဆို ခဲ့သော အကူအညီကိုပေးရန် ငြင်းပယ်ခဲ့၏။ ထိုသမိုင်းအချိုးအကွေ့ ကပင် ဗီယက်မင်းအဖွဲ့ကို တရုတ်ကွန်မြူနစ် တို့နှင့် ပိုမိုနီးစပ်ရင်းနှီးသွားစေသည့်အပြင် နောင်အခါ တွင် လူပေါင်းသန်းနှင့်ချီ သေဆုံးခဲ့၊ အမေရိကန်တို့ အရှက်တကွဲ အရှုံးကြီးရှုံးစေခဲ့သည့် ဗီယက်နမ် စစ်ပွဲကြီးကိုပါ ပေါ်ပေါက်စေရန် လမ်းကြောင်း ပြပေးခဲ့ခြင်းဖြစ်သည်ဟု စာရေးသူက ဇာတ်ကောင် တစ်ယောက်နေရာမှဝင်၍ သုံးသပ် ထားပါသည်။

အမေရိကန်အကူအညီကို ချဉ်းကပ်စဉ်က အမေရိကန်စစ်ဗိုလ် ဂျိုးဇက်ရှားမင်းအား ဟိုချီမင်း ပြောခဲ့ သော စကား မှာ မှတ်သားဖွယ်ကောင်းလေသည်။
"ကျုပ် တစ်ခါတုန်းက ပြောခဲ့ဖူးတယ်မဟုတ်လား ဗိုလ်ကြီးရှားမင်း။ ကျုပ်ရဲ့ပါတီဟာ ကျုပ်နိုင်ငံပါ... လို့၊ ဒီစကား ဟာ လူကြားကောင်းအောင် လိမ်ညာပြောခဲ့တဲ့စကားမဟုတ်ဘူး၊ ကျုပ် ပါရီမှာသွားနေ တော့ လီနင် ကို ကြည်ညိုလေးစားစရာဖြစ်လာတယ်။ ဘာပြုလို့လဲဆိုတော့ သူက သူ့နိုင်ငံ၊ သူ့နိုင်ငံ သားတွေကို လွတ်မြောက် အောင် ကယ်တင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်တယ်ဆိုတာ ကျုပ်သိလိုက်ရလို့ပါ။

နောက်တစ်ခါ သူရေးခဲ့တဲ့ အမျိုးသားရေးနှင့် ကိုလိုနီဝါဒရေးရာ ပြဿနာများ ကျမ်းကို ဖတ်လိုက် ရပြန်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျလောက်အောင် ဝမ်းသာလုံးဆို့ခဲ့မိပါတယ်။ အဲဒီ စာအုပ်ကို ဘိုနာပတ် လမ်းထဲက ကျုပ် ငှားနေတဲ့ ထပ်ခိုးကလေးထဲမှာ တစ်ယောက်တည်း ဖတ်နေ တာပါ။ ဒါပေမဲ့ ကျုပ် ကိုယ်ကျုပ် မထိန်းနိုင်ခဲ့ဘူး၊ သူရေးထားတာတွေကို သဘောကျလွန်းလို့ စာ ဖတ်နေရာက ထခုန်ပြီး ဗီယက်နမ် အာဇာနည်သူရဲကောင်း ရဲဘော်တို့ ငါတို့လိုနေတာ ဒါပဲ။ လွတ် လပ်ရေးအတွက် ငါတို့ လမ်းစဉ် ဟာ ဒီဟာပဲလို့ အော်လိုက်မိတယ်"

"ကျုပ်ဟာ ပြင်သစ် ကွန်မြူနစ်ပါတီကို ပထမဆုံးပါတီဝင်အဖြစ် စာရင်းသွင်းခဲ့တဲ့ ထိပ်ဆုံးကလူတွေ ထဲမှာ တစ်ဦးဖြစ်ခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်လောက်အကြာမှာ အင်ဒိုချိုင်းနား ကွန်မြူနစ်ပါ တီကို တည်ထောင် ခဲ့ပါယ်။ ဒါပေမဲ့ ကျုပ်ရဲ့လုပ်ရပ်တွေကို အချက်တစ်ချက်က အမြဲလွှမ်းမိုးနေ တယ်။ ကျုပ်ရဲ့ နိုင်ငံ လို အားနည်းတဲ့ နိုင်ငံတစ်နိုင်ငံဟာ အလွန်အားကြီးတဲ့ ပြင်သစ်နိုင်ငံရဲ့စိုးမိုးမှု ကို တွန်းလှန်ချင်ရင် ပြင်ပ အကူအညီကို မရလို့မဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်ပဲ၊ ခင်ဗျားတို့ရဲ့ခေါင်း ဆောင်ကြီး ဂျော့ဝါရှင်တန် ဟာ ဗြိတိသျှတွေကို တွန်းလှန်နိုင်ဖို့အတွက် ပြင်သစ်ဆီက အကူအညီ ကို လက်ခံခဲ့ရတယ်မဟုတ်လား။

ခင်ဗျားတို့က ကွန်မြူနစ်လို့ခေါ်နေတဲ့ ဝါဒဟာ အဖိနှိပ်ခံ လူတန်း စားတွေကို သူတို့ဘာသာ သူတို့ စည်းကမ်းတကျ နဲ့ စည်းရုံးပြီး ဖိနှိပ်ချုပ်ခြယ်နေတဲ့ လူတန်းစားကို ဆန့်ကျင်တတ်အောင် သင်ပေးတယ်။ အဲဒါတွေဟာ တန်ဖိုးအင်မတန်ကြီးတဲ့ သင်ခန်းစာတွေပါ။ ဒါပေမဲ့ နောက်ဆုံးမှာ အမေရိကန် ပြည်ထောင်စု ရဲ့ ကူညီအားပေးမှုဟာ ကျွန်တော်တို့အတွက် အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်ချက် တစ်ခုဖြစ်နေတာကိုပဲ တွေ့ရပါတယ်။ ကျုပ်တို့အ နေနဲ့ ဒီဝါဒကပေးတဲ့ စိတ်ဓာတ်အင်အားကို အလေးအနက် ထားပြီး အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေ မဲ့ ဗိုလ်ကြီးရှားမင်း၊ ကျုပ်ဟာ ကျုပ်ရဲ့ အခြေခံသဘောထားကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ကျုပ်ရဲ့ပါတီဟာ ကွန်မြူနစ်ပါတီမဟုတ်ပါဘူး၊ ကျုပ် ပါတီ ဟာ ကျုပ်နိုင်ငံပါ"
အခြား ဇာတ်ကောင် တစ်ဦးဖြစ်သော ထရန်ဗန်ကင်ကလည်း ဂျိုးဇက်ရှားမင်းကို ယခုလို ပြောပြခဲ့ပါ တယ်။

"ပြင်သစ်တွေနဲ့ တရုတ်တွေကသာ ဗီယက်မင်းအဖွဲ့ကို ကွန်မြူနစ်လို့ ဝါဒဖြန့်နေတာပါ။ ပြင်သစ် တွေ ကတော့ အခုအချိန်အထိ နောင်တစ်နေ့မှာ ကျွန်တော်တို့နိုင်ငံကို ပြန်လည်အုပ်စိုးမယ်ဆိုတဲ့ အိပ်မက် မက် နေတုန်းပဲ မဟုတ်လား။ တရုတ်တွေကတော့ သူတို့ရဲ့ရုပ်သေးအမျိုးသားပါတီတစ်ရပ် ဒီနိုင်ငံထဲမှာ တည်ထောင် ဖို့ ကြိုးစားနေကြတာမဟုတ်လား။ အဲဒိတော့ ပြောကြမှာပေါ့၊ တော်လှန် ရေးကို သူမကြိုက် ပါဘူးလို့ ဦးလေးဟိုပြောခဲ့တဲ့ အကြိမ်ပေါင်းဟာ မနည်းတော့ပါဘူး၊ တစ်ချိန်တုန်း ကတော့ သူဟာ ကွန်မြူနစ် ဝါဒ ကို ယုံကြည်သက်ဝင်ခဲ့တဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီစိတ်ကူးယဉ် မှုဟာ တိုင်းပြည် အတွက် လက်တွေ့အကျိုးရှိနိုင်မဲ့ဟာတွေ မဟုတ်ဘူးဆိုတာ သူကောင်းကောင်း သဘောပေါက်နေတာပဲ။

ဒါကိုလည်း သူကိုယ်တိုင် ပြောပြဦးမှာပါ။ ကျွန်တော်ကတော့ ဦးလေးဟို ရဲ့ လက်ရှိအတွေးအခေါ်နဲ့ ယုံကြည်မှု သစ်တွေကို လက်ခံတယ်၊ လွတ်လပ်ရေး ရလာတဲ့အခါမှာ ဘယ်လိုအစိုးရမျိုး တည်ထောင်မယ် ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်ရမှာပါ။ သူတို့နှစ်သက်တဲ့ အစိုးရမျိုး တည်ထောင်ခွင့်ဟာ ပြည်သူတွေ လက်ထဲ မှာပဲ ရှိပါတယ်။ တကယ်လို့ ခင်ဗျားတို့နှစ် သက်မယ်ဆိုရင်တော့ ကျွန်တော်တို့ကို သမ္မတနိုင်ငံ စနစ် လိုလားတဲ့ အမျိုးသားရေးဝါဒီသမားတွေပဲ လို့ ခေါ်ချင်ခေါ်ပါ"

ဤဆိုင်ဂုံစာအုပ်ကို ဖတ်ပြီးသွားသောအခါ ဟိုချီမင်းနှင့် ပတ်သက်၍ ကျွန်တော့်အနေဖြင့် ပိုပြီး နား လည် သဘောပေါက် လာသလို ခံစားလာရသည်။ တကယ်တော့ ကွန်မြူနစ်၊ ဆိုရှယ်လစ် စသော နိုင်ငံရေး ဝါဒ တွေ မည်သို့ပင် လွှမ်းခြုံခဲ့ပါစေ၊ ထိုဗီယက်နမ်ခေါင်းဆောင်ကြီး၏တကယ့်အစစ်အမှန် ခံယူချက်ကား နိုင်ငံ လွတ်မြောက်ရေး၊ နိုင်ငံကောင်းစားရေး၊ တစ်နည်းဆိုရသော် အမျိုးသားရေးဝါဒ ပင် ဖြစ်နေပါတကားဟု ကျွန်တော် ဆင်ခြင်နေမိပါသည်။
(၂)

ကျွန်တော်သည် "ဆိုင်ဂုံ"စာအုပ်မှာ ဟိုချီမင်းအကြောင်းကို ဖတ်ရှုနေစဉ်မှာပင် ကျွန်တော်တို့ အမျိုး သား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာများကို ပြန်မြင်ယောင်နေမိကာ ထိုခေါင်း ဆောင်ကြီး နှစ်ဦး၏ ဘဝဖြစ်စဉ်အချို့ ဆင်တူနေပုံကိုလည်း ယှဉ်ထိုး စဉ်းစားနေမိပါ၏။

ပထမဆုံး မြင်တွေ့မိသည်မှာ သူတို့နှစ်ဦးစလုံး၏ မိမိတို့နိုင်ငံကို သူ့ကျွန်အဖြစ်မှ လွတ်မြောက် အောင် အားထုတ် လိုသည့် ပြင်းပြသော ဆန္ဒများပင်ဖြစ်ပါသည်။ နောက်ထပ် တူညီသည်များကိုပြရ လျှင် သူတို့ နှစ်ဦး နှင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒများ ဆက်နွယ်ပုံ၊ နိုင်ငံလွတ်မြောက်ရေးအတွက် နိုင်ငံခြား အကူအညီများကို ခက်ခဲစွာ ရှာဖွေခဲ့ရပုံများပင် ဖြစ်ပါသည်။
အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင်ရေး သူရဲကောင်းဗိုလ်မင်းရောင်၏မြေး ပီသစွာပင် ဗိုလ်ချုပ်အောင်ဆန်း သည် လည်း နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်အပြည့်ရှိခဲ့လေသည်။ ကျောင်းသားဘဝကပင် နိုင်ငံ ရေးလှုပ်ရှားမှု များတွင် ပါဝင်ခဲ့ပြီး တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီးနောက် "သခင်အောင်ဆန်း" ဖြစ်လာခဲ့သည်။ နိုင်ငံရေး စာပေများကိုလည်း အပတ်တကုတ် လေ့လာခဲ့၏။

ထိုခေတ်အခါက မြန်မာလူငယ်များကို နိုင်ငံရေးမျက်စိဖွင့်ပေးရန် တည်ထောင်ခဲ့သော "နဂါးနီ" စာအုပ် အသင်းကြီး သည် လက်ဝဲစာအုပ်များကို အဓိကတင်သွင်းခဲ့ပေရာ သခင်အောင်ဆန်းသည် အခြား ထိုခေတ် လူ ငယ်များနည်းတူ ကွန်မြူနစ်၊ ဆိုရှယ်လစ်စာပေများနှင့် ရင်းနှီးခဲ့ပြီး ထိုဝါဒများအပေါ် တိမ်းညွတ် ခဲ့ဖူး ပါသည်။ ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် "ဗမာပြည်ကွန်မြူနစ်ပါတီ"ကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ရာ၌လည်း သူသည် အထွေထွေ အတွင်းရေးမှူးတာဝန်ကို ယူခဲ့၏။ ဤအချက် ကြောင့်ပင် "ဗိုလ်ချုပ်အောင်ဆန်းသည် ကွန်မြူနစ်တစ်ယောက်များလား"ဟု နောင်အခါတွင် အခြား သူများက အထင်လွဲခဲ့မှုများ ဖြစ်ခဲ့ရသည်ဟုဆိုပါသည်။

အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်း၏မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်လျှင် နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးတစ်ခုတည်းကိုသာ ဦးတည်၍ အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းခဲ့၊ ပါဝင် လှုပ်ရှားခဲ့သည်ကို တွေ့ရပါမည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ထိုအဖွဲ့အစည်းပေါင်း မြောက်များစွာထဲမှ တစ်ဖွဲ့သာ ဖြစ်ပါသည်။ လွတ်လပ်ရေးပန်းတိုင်သို့ ရသမျှနည်းနှင့် လှော်ခတ်ခဲ့ ရာတွင် အသုံးပြုခဲ့သော "တက်" တစ်ချောင်းမျှသာဖြစ်ပါသည်။

နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တက်ကြွလျက်ရှိနေကြသော အမျိုး သား ခေါင်းဆောင် များ၊ အဖွဲ့အစည်းများကို ပူးပေါင်း၍ "ဗမာ့ထွက်ရပ်ဂိုဏ်း"ကို ၁၉၃၉ ခုနှစ်၊ စက် တင်ဘာလ ၁ ရက် နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ဝင်များအားလုံး သဘောတူညီသည်မှာ "လွတ် လပ်ရေးတိုက်ပွဲ ဆင်နွှဲ ရာတွင် အနည်းဆုံး နိုင်ငံခြားသို့ ဝါဒဖြန့်မှုရရှိဖြစ်မြောက်ရန် လိုအပ်ပေသည်။ တစ်ဆင့်တိုးပြီး နိုင်ငံခြား အကူအညီ ရရှိမည်ဆိုပါကလည်း ပို၍ကောင်းမွန်မည်" ဟူ၍ဖြစ်ပါသည်။

ထွက်ရပ်ဂိုဏ်းခေါင်းဆောင် ဒေါက်တာဘမော်မှတစ်ဆင့် ဂျပန်တို့၏ကမ်းလှမ်းချက်အရ သခင် အောင်ဆန်း သည် နိုင်ငံခြားအကူအညီအတွက် ဂျပန်တို့နှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။ ဂျပန် တို့သည် သူတို့အား ကွန်မြူနစ်များဟု အထင်မှားနေခဲ့သဖြင့် ပထမတွင် သူတို့နှင့် ပူးပေါင်းဆောင် ရွက်ရန် အကြောင်း အမျိုးမျိုးပြ၍ ငြင်းပယ်နေခဲ့သည်ဟု နောင်အခါတွင် ဗိုလ်ချုပ်က ပြန်လည်ရေး သား ခဲ့ဖူး ပါသည်။

"ခင်ဗျားဟာ ကွန်မြူနစ်တစ်ယောက်လား" ဟူသော ဂျပန်တို့၏မေးခွန်းကို ဗိုလ်ချုပ်က
"နိုင်ငံခြားမှ နည်းစနစ်ပုံစံတစ်ခုကို အခြားနိုင်ငံတစ်ခု၌ တိုက်ရိုက်ကူးယူ အသုံးချခြင်းကို ကျွန်ုပ်တို့ မယုံကြည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ နည်းစနစ်မျိုးစုံကို သေချာစွာ လေ့လာသုံးသပ်ပြီးမှ ကျွန်ုပ် တို့ တိုင်းပြည်အခြေအနေနှင့် ဆီလျော်အောင် ပြုပြင်သုံးသပ်ယူကြောင်း၊ ကွန်မြူနစ်ဝါဒနှင့် ပတ် သက်၍ ကျွန်ုပ်တို့မနှစ်သက်စရာ အချက်အလက်တွေရှိစေကာမူ ကွန်မြူနစ်တို့၏ စနစ်ကျသော စီးပွားရေးစီမံမှုမှာ တကယ့် ချီးကျူးစရာကောင်းကြောင်း၊ ထို့ကြောင့် (ဂျပန်အပါအဝင်) အခြားနိုင်ငံ များကပင် ထိုစနစ်ကို အတု ယူပြီး ကျင့်သုံးနေကြောင်း" ပြန်လည်ဖြေကြားခဲ့ပါသည်။
ကျွန်တော် သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဆက်သွယ်ပုံကို စိတ်ဝင်စားသ ဖြင့် ခြေရာ လိုက်ကောက်ကြည့်မိပါသည်။

ဖွဲ့စည်းကာစတွင် အထွေထွေအတွင်းရေးမှူး တာဝန်ယူ ခဲ့သည်ဆိုသော်လည်း မည်သို့ ဆက်လက် လှုပ်ရှားခဲ့သည်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထား ချက်များ မတွေ့ရပါ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တစ်သားတည်း မဖြစ်ခဲ့၊ နောက်ပိုင်းတွင် ကွန်မြူ နစ်ပါတီအတွင်း မရှိခဲ့တော့ဟု ခန့်မှန်းရပါသည်။ လန်ဒန် ခရီး တွင် ဗြိတိသျှကွန်မြူနစ်ပါတီနှင့် တွေ့ ဆုံခဲ့စဉ်တွင် "ဗိုလ်ချုပ်သည် ဗြိတိသျှ ကွန်မြူနစ် ပါတီ အကြောင်း လေ့လာမေးမြန်းပြီး မိမိတို့မြန်မာ နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုများကို အသေးစိတ် ရှင်းလင်း တင်ပြရင်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဘာကြောင့် သဘောထားကွဲလွဲရပုံကိုပါ ရှင်းလင်း ပြောပြခဲ့ပါသည်" ဟူသော တက္ကသိုလ်နေဝင်း၏ ရေးသားချက်များအရ ထိုကောက်ချက်ကို ချမိခြင်း ဖြစ်ပါသည်။

ဂျပန်တို့၏အကူအညီကို တောင်းခံသည့်အကြောင်းကို ပြန်ကောက်ရလျှင် နောက်ဆုံးတွင် ဂျပန်တို့ သည် သခင်အောင်ဆန်း အပေါ် နားလည်လာခဲ့၊ အကူအညီပေးမည်ဟု ကတိပေး၊ ထို့နောက် ရဲ ဘော်သုံးကျိပ် စစ် ပညာသင်၊ ဂျပန်တို့၏ဖက်ဆစ်သရုပ်ကို မြင်လာကြရ၊ မြန်မာပြည်ထဲ ပြန်မဝင် လာမီပင် ပြန်လည် တော်လှန်ရန် နှစ်ကြိမ်မျှကြံစည်ခဲ့၊ သို့သော် မဖြစ်မြောက်၊ မြန်မာပြည်လည်း လွတ်လပ်ရေးအတုသာရှိပြီး ဖက်ဆစ်လက်အောက်ရောက်ရှိခဲ့၊ ဖက်ဆစ်ဆန့်ကျင်ရေး ဆောင်ရွက် ရန် ဖဆပလ၊ ဖတပလ စသည့် အဖွဲ့အစည်း များ ဖွဲ့စည်းကာ မြေပေါ်မြေအောက် စည်းရုံးရေး ဆောင်ရွက်၊ ၁၉၄၅ မတ်လတွင် ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲခဲ့၊ မဟာမိတ်တပ်များနှင့် ပူး ပေါင်းပြီး ဖက်ဆစ်များကို တိုက်ထုတ်နိုင်ခဲ့။

ဗိုလ်ချုပ်သည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လို၍ ဂျပန်တို့အကူအညိကို တောင်းခဲ့သည်။ ဂျပန် တို့က ပိုဆိုးနေသည်ကိုတွေ့သောအခါ မိမိတို့အမှားကို ချက်ချင်းမြင်ပြီး ဂျပန်တော်လှန်ရေးအ တွက် မဆိုင်းမတွ ပြင်ဆင်ခဲ့ပါသည်။ မိမိတို့ တိုက်ထုတ်ခဲ့သော မဟာမိတ်တပ်များနှင့် ပြန်ပူးပေါင်း ရန်လည်း ဝန် မလေးခဲ့။ သူ၏ခေါင်းထဲတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူသည်မရှိ။ မိမိနိုင်ငံ လွတ်မြောက်ရေး သာရှိ၏။ မိမိနိုင်ငံကောင်းရေး၊ သာယာဝပြောရေးသာရှိ၏။

"ဖက်ဆစ်တော်လှန်ရေးသမိုင်း" ဆောင်းပါးတွင် ဗိုလ်ချုပ်က အောက်ပါအတိုင်း ရေးသားခဲ့လေ သည်။
"ကျွန်ုပ်တို့သည် ခရီးလမ်း၏အစတွင် မှားချင်မှားခဲ့ပေမည်။ အတိတ်ကာလအတွင်းက ကျွန်ုပ်တို့ သည် မှားယွင်း မှုများကို ပြုမူခဲ့ချင်လည်း ပြုမူခဲ့ကြပေလိမ့်မည်။ သို့သော်လည်း ဘယ်အချိန် ဘယ် အခါကမှ မျိုးချစ် စိတ်ဓာတ် ၏ခရီးလမ်းကြောင်းမှ ရှောင်ဖယ်သွေဖည်၍ မသွားခဲ့ကြောင်းကိုတော့ ကျွန်ုပ်က ရဲဝံ့စွာ ပြောလိုက်ပါသည်။"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 18, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅ဝ)

မြန်မာပြည်သူလူထု ကို တစ်ားတည်းပြုဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ဒီလွတ်လပ်ရေးကြိုးပမ်းမှု နှလုံး ရည် တိုက်ပွဲစဉ် မှာ သူ့ရဲ့ထက်မြက်ကျယ်ပြန့်တဲ့ အတွေးအမြင်တွေကို အခြေခံပြီး မှန်ကန်ရိုး သားတဲ့ စကား တွေကို လက်နက်ပြုကာ တစ်ပွဲပြီးတစ်ပွဲ၊ ပရိသတ် တစ်မျိုးပြီးတစ်မျိုးရဲ့အလယ်မှာ လူထု ရဲ့အသည်းစွဲ ဗိုလ်ချုပ်ဘဝ ကို လှမ်းတက်ခဲ့တယ်။ အသက်ငယ်ရွယ်ပေမယ့် နိုင်ငံရေးသုခမိန် ပမာ သူမြင်သမျှ သူ တွေးသမျှ သူ့ပြည်သူလူထုသိအောင် ရင်ထဲ ဦးနှောက်ထဲရောက်အောင် သိ အောင် မိန့်ခွန်းစကားတွေ ဟောပြောချက် တွေနဲ့ ဗိုလ်ချုပ် မနားမနေ ကြိုးပမ်းခဲ့ရတယ်။

ဖက်ဆစ်တော်လှန်ရေးအပြီး ဘုရင်ခံနဲ့အတူ ရန်ကုန်ပြန်ရောက်လာတဲ့ စစ်ပြေးဆင်းမလားအစိုးရ ဟာ သူ့ရဲ့ အမှုဆောင် ကောင်စီမှာ ဖတပလအဖွဲ့ချုပ် ခေါင်းဆောင်တွေပါဝင်ဖို့ ဖိတ်ခေါ်ပေမယ့် ဗိုလ်ချုပ် တို့က ဝင်မပါခဲ့ဘူး။ ဘုရင်ခံကတခြား မြန်မာနိုင်ငံရေးသမားကြီးတွေနဲ့ စက္ကူဖြူအစိုးရကို ဖွဲ့ ခဲ့တယ်။ ဖဆပလ ရဲ့အထက်မြန်မာပြည်စည်းရုံးရေးခရီးစဉ်က ပြန်အလာ ရွှေတိဂုံစေတီတော်အ လယ်ပစ္စယံ၌ ကျင်းပ တဲ့ ပြည်သူ့အစည်းအဝေးပွဲကြီးတွင် ဖဆပလဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိရှိလျှင် ရွေးကောက်ပွဲ လုပ်ကြရအောင်”လို့ စိန့်ခေါ်ခဲ့တယ်။

ထိုဘုရင်ခံ၏အလိုတော်ရိ ဗမာဝန်ကြီးသစ်များသည် ကျုပ်တို့တစ်ပြည်လုံးက အဖွဲ့စုံပါတီစုံပါတဲ့ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ဆိုတာ သိပါလျက်နှင့် ပါတီတစ်ဖွဲ့တည်းသာရှိသော တိုင်းပြည် သည် ဖက်ဆစ် တိုင်းပြည် ဖြစ်သည်ဟု ပြောင်လိမ်သောစကား၊ ယောင်ဝါးသောနိုင်ငံရေးသဘောကို ပြောဆို လိုက်ရာ သူတို့ကတော့ ဘယ်လိုအကြောင်းတွေကြောင့် ဒီမိုကရေစီစနစ်ကို လိုက်တယ်လို့ ပြနိုင်ပါသလဲ။ ရာထူး လိုချင် လို့ ရာထူးပါတယ်ဆိုရင် တိုင်းပြည်ကို မလိမ်မကောက်ပဲ ပြောရာရောက် လို့ တိုင်းသူ ပြည်သား တွေကို ရိုသေလေးစားတဲ့သဘောဖြစ်နိုင်သေးတယ်။ ဒီမိုကရေစီကို ကာယံကံ မြောက် မလိုက်နာ နိုင်ပေမယ့် ဒီမိုကရေစီစိတ်ရှိသေးတယ်လို့ ခေါ်နိုင်သေးရဲ့။ အခုတော့ ဒီမိုကရေ စီစနစ်နဲ့လည်း ဘယ်လို လုပ်လို့မှ သူတို့လုပ်တာ ညီညွတ်တယ်လို့ မပြောနိုင်၊ တိုင်းပြည်ကိုလည်း ထပ်လှည့်စား ပြန် ဆိုတော့ ဒီလိုလူမျိုးတွေမှ ဖက်ဆစ်မဟုတ်ဘူးဆိုရင် ဘယ်သူ့ကိုဖက်ဆစ်ခေါ်ရ မှာလဲ။

ကျွန်ုပ်တို့ကလည်း အခြိမ်းအခြောက် အနှောင့်အယှက်အမျိုးမျိုးမှ ကင်းလွတ်သော ရွေးကောက်ပွဲ ကို အလို ရှိသည်ဖြစ်ရာ အင်္ဂလိပ်အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ကျွန်ုပ်တို့ပါ ရှင်းလင်းစွာ ဆောင်ရွက် နိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်းစုံအသင်းကြီးမှ ကိုယ်စားလှယ်အဖွဲ့ကြီးကို ဖိတ်ခေါ်၍ ကျွန်ုပ် တို့ ဗမာနိုင်ငံတွင် ရွေးကောက်ပွဲ ကို ကြည့်ကြပ်စီမံစေ က အားလုံးအဖို့ ကျေနပ်စရာဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ် တို့သည် ကမ္ဘာ၏ အစစ်အဆေးကို ခံရန် အသင့်ရှိသည့်အပြင် ထိုကမ္ဘာ့အစစ်အ ဆေးအရ လွတ်လပ် သော ရွေးကောက်ပွဲကို အမြန်ကျင်းပလော့ဟု ဗြိတိသျှအစိုးရအား အရေးဆို လိုက်ကြောင်း။

(ရွှေတိဂုံစေတီတော် အလယ်ပစ္စယံပြည်သူ့အစည်းအဝေးကြီး ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌမိန့်ခွန်း (၁၈-၄-၄၅)

အဲဒီနောက်ပိုင်း လည်း ရွှေတိဂုံစေတီတော် အလယ်ပစ္စယံကုန်းမြေမှာ ပြည်သူလူထုရှေ့မှောက် ထပ်ခါ ရောက်လာပြီး “မြန်မာ့လွတ်လပ်ရေး ပြဿနာများ”ကို လူထုနားဝင်အောင် ဗိုလ်ချုပ်ပြောနိုင် ခဲ့တယ်။ ပြည်ပ ရေးရာ အခြေအနေ၊ ပြည်တွင်းရေးရာပုထုဇဉ်တို့ရဲ့သိပ္ပံပညာရပ်ဖြစ်တဲ့ နိုင်ငံရေးအ ကြောင်း၊ ဗြိတိသျှ အစိုးရရဲ့ချေးခါးအူမတွေနဲ့လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ဖဆပ လအဖွဲ့ကြီးရဲ့ အောက်မှာ ဘယ်လိုသွေးစည်းညီညွတ်စွာ လိုက်ပါသ့်ကြောင်းစသဖြင့် ဗိုလ်ချုပ်က ကျယ်ပြန့်ပွင့်လင်းစွာ ရှင်းပြ ခဲ့ပါတယ်။

ကိုယ့်အင်အားကို ကိုယ်သိ၍ ၎င်းအင်အားဖြင့် သမိုင်း၏ဘီး တို့ကို စနစ်တကျလည်ပတ်လေ အောင် ခိုင်မြဲစွာ ဆက်စပ်ပေးပြီးသော ကျွန်တော်တို့ပြည်သူတို့၏ ညီညွတ်သော ဆန္ဒနှင့် ဉာဏ်ပညာတို့ကို မည်သည့် မိုးမြေက ခုခံတားဆီးနိုင်စွမ်းရှိပါမည်နည်း။ ကျွန်တော်တို့မှာ စနစ်ကျသော တိုးတက်မှုအတွက် ဆောင်ရွက် နေကြပြီဖြစ်သည်။ ပြည်သူလူထု၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျွန်တော် တို့၏ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနှင့် စော လျ၉င်စွာ ရယူမည်ဖြစ်သည်တဲ့။ မျိုးချစ်စိတ် ထက်သန် လှပေမယ့် ဒီနေ့အာဆီယံလိုအဖွဲ့အစည်းမျိုး သဘောသွားကို လူထုနားပေါက်အောင် ပြောကြား သွားခဲ့ ဖူး သေးတယ်။

ပြင်သစ် အင်ဒိုချိုင်းနားပြည်နယ်များ၊ ယိုးဒယားပြည် မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှားပြည်နယ် များနှင့် ကျွန်ုပ်တို့မြန်မာပြည်တို့ကို မကြာမြင့်မီ ပူးပေါင်း၍ “အင်ဒိုချိုင်းနားပြည်ထောင်စု”ဟူသော အမည်နာမဖြင့် ပြည်ထောင်စုတစ်ခု တည်ထောင်ရန်လိုကောင်းလိုလာပေလိမ့်မည်။ ဤကဲ့သို့ ပြော ဆိုရာ၌ လေထဲတိုက်အိမ်ဆောင်ခြင်း သဘောမျိုးနှင့် ပြောသည်မဟုတ်။ ထိုတိုင်းပြည်များသည် ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကြီးပွားရေး အဖက်ဖက်တွင် ရာဇဝင်သဘောအရ အလွန် နီးကပ် ဆင်တူသော တိုင်းပြည်နိုင်ငံများဖြစ်ကြရာ ၎င်းတို့သည် ပြည်ထောင်စုတစ်ခုဖြစ်လာ နိုင်ပေသည်။

… သို့အတွက် မိမိ၏အမျိုးသားကိစ္စကိုသာမက လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နည်း လမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်းဆက် ဆံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့အသီးသီးတို့၏ အကျိုးယုတ်ဖို့ဝေးစွ၊ အမျိုးမျိုးသော အကျိုး ထူးများ၊ ခံစားရန်ပင်ရှိသည်ဟု ဆိုလိုပေသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန်မြင့်မြတ် သော ဝံသာနု ရက္ခိတ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးရှိ အောင် နည်းလမ်း တကျ ဆက်သွယ်ပေါင်းသင်းရာလည်း ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာ တစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွားမှုရှိနိုင်ပေလိမ့်မည်။

(အလယ်ပစ္စယံမိန့်ခွန်း၊ ၁၇-၁-၄၆ စတင်သော နိုင်ငံလုံးဆိုင်ရာညီလာခံ ဥက္ကဋ္ဌမိန့်ခွန်း (၂၀-၁-၄၆)

မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေးအတွက် နိုးကြားစုစည်းတဲ့အင်အားကို မျက်ဝါးထင်ထင် တွေ့ နေရပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟာ ကိုယ့်အားကို ကိုယ်ယုံကိုးစွာနဲ့ အုပ်စိုးသူ ဗြိတိသျှတို့ကို ဒီလိုလည်း အသိပေးသံပြုခဲ့တယ်။ ကျွန်တော်တို့ရွေးကောက်ပွဲတော့ ကျင်းပပေးပြီး တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့မပေးလျှင် ဘယ်လိုလဲ။ ကျွန်တော့်အမြင်မှာ တိုင်းပြုပြည်ပြုလွှတ်တော်မှ မိုးပေါ်မှကျလာမည် မဟုတ်။ ဖြစ်ရပ်ဖြစ်စဉ်တို့အရ ပေါ်ထွက်ရမည်သာဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရ အောင်လုပ်ပြီး ဗြိတိသျှအစိုးရအား ကျွန်တော်တို့ လိုလားချက်များကိုပေးရန်၊ မပေးက မပေးသည့် အလျောက် ဖြစ်ပေါ်လာမည့် ဂီတသံကို နာခံရန် အကျပ်ကိုင်ရမည်။ ၂၃-၁-၄၆ မှာတော့ ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင် ရဲ့ တက်ရောက်လာတဲ့ လူထုနှစ်သိန်းကျော် ရှေ့မှောက်မှာ အမျိုးသား ညီညွတ်ရေး အဆို ကို ဗိုလ်ချုပ် က တင်သွင်းခဲ့ပါတယ်။

ရှေးအခါက ကျွန်တော်တို့လိုချင်တာက အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်မျိုး၊ တစ်တိုင်းတစ် ပြည်လုံးက တင်မြှောက်လိုက်တဲ့ လွှတ်တော်။ အကုန်လုံးယောက်ျားတိုင်း မိန်းမတိုင်း အရွယ်ရောက် သူတိုင်း မှန်သမျှ မဲပေးနိုင်ပြီးတော့ အဲဒီလူတွေက လွတ်လပ်တဲ့နိုင်ငံသစ်ကြီးထူထောင်ဖို့ အာဏာ ပေးလိုက်တဲ့ အာဏာပိုင်တိုင်းပြုနိုင်ငံပြုလွှတ်တော်ရအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုရင် ညီညွတ် ရမယ်။ မညီညွတ်ရင် မရဘူးလားဆိုတော့ အင်မတန်ကြာမယ်။ ခရီးရှည်မယ်။ ဒီတော့ကာ ညီညွတ်ရေး ဟာ အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ (historical necessity) အချိန်အခါအလိုက် ဒီ တိုင်းပြည် ဒီလူမျိုးရဲ့အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီးဖြစ်နေတယ်။ အဲဒီ တော့ ညီညွတ်ရေး မျိုး ရအောင် လုပ်ရမယ်။

… ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီ သော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစားအစည်းအရုံးများ၊ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေးအင်အားစုပေါင်းစုံရာဖြစ် သော ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောင်ကာ ဗမာပြည် လွတ်လပ်ရေး ကိုအရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း။

ဗိုလ်ချုပ်ဟာ ကမ္ဘာ့အခြေအနေကိုလည်း မျက်ခြည်မပြတ်တဲ့သူဖြစ်တယ်။ ဝါးလုံးခေါင်းထဲ လသာ နေခဲ့သူ မဟုတ်တော့ ကမ္ဘာ့အခြေအနေနဲ့ ယှဉ်ပြီး မြန်မာ့လွတ်လပ်ရေးကိုရအောင် ထိထိရောက် ရောက် ဘယ်လို လုပ်မလဲဆိုတာ ဖဆပလအဖွဲ့ချုပ်မှာ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ၁၉၄၅ ခု ဩဂုတ်လ ထဲက တင်ပြခဲ့ပြီးဖြစ်ပါတယ်။ တစ်ခုတည်းသော အမျိုးသားရေးအင်အားစုကြီး မှာ စုစုစည်းစည်းရှိကြောင်း ပြသကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခု ကမ္ဘာကြီးအခြေအနေဟာ သိပ် ကောင်းနေတယ်။ ကမ္ဘာကြီးဟာ အများပြည်သူတို့ဆန္ဒအရ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ကိုယ့် အရေးကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကို အရင်စစ်ကြီးပြီးစကထက် ပိုခရီးရောက်ရောက်နှင့် အသိ အမှတ်ပြုနေရတယ်။ အခု ကမ္ဘာစစ်ကြီးအတွင်းမှရော၊ အပြီးမှာရော ကမ္ဘာကြီးဟာ အင်မတန် ပြောင်းလွဲနေတယ်။ ဗမာပြည်မှာလည်း ပြောင်းလွဲနေတယ်။  ရှေးနည်းရှေးစနစ် အယူမျိုးတွေနှင့် လုပ်လို့ရမယ်လို့ ထင်တဲ့သူတွေဟာ ကမ္ဘာကြီးမှာလည်း ပပျောက်ကုန်ပြီ။ ဗမာပြည်မှာလည်း ပ ပျောက်မှာပဲ။ ကမ္ဘာတံတိုင်းကြီးမှာရှိတဲ့ ဒီသင်ခန်းစာတွေကို ကျွန်တော်တို့ အလေး ဂရုပြုပြီး တညီတ ညွတ်တည်း နိုင်ငံ၏လွတ်လပ်ရေးကို အမြန်ရအောင် ကြိုးစားကြပါ။ အဲဒီလို ထိထိ ရောက်ရောက် လုပ်နိုင်အောင် ပြည်သူ့လွတ်တော်ရေးအဖွဲ့ချုပ်ကြီးအတွင်းသို့ ဝင်ရောက်ကြပါဆိုတာကို နောက် ဆုံးထပ်လောင်း၍ တိုက်တွန်းပါတယ်။

လိုအပ်လာတဲ့အချိန်မှာတော့ ခြေမကောင်းခြေမ၊ ဂျပန့်လက်အောက်မှာကတည်းက ဗိုလ်ချုပ်ကိုယ် တိုင် ဖဆပလ ကို ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး စတင်သန္ဓေတည် ဖွဲ့စည်းခဲ့တာ (၁၉၄၄၊ ဩဂုတ်) ဖြစ်ပေမယ့်လည်း ဖဆပလအဖွဲ့ချုပ်ထဲကနေ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ခဲ့ရ တယ်။

အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးရာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်ကိုင်ဖက် တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ် အစစ်ဆေး ခံရန်အသင့်ရှိသည်။ ကွန်မြူနစ်ခေါင်းဆောင်တွေရော၊ တခြား ဖဆပလပြင် ဘက်က ခေါင်းဆောင် တွေရော အစစ်ခံဝံ့ရဲသလားလို့ ကျုပ်နောက်ဆုံးစကားဆိုလိုက်တယ်။
(ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်မှ အဘယ့်ကြောင့်ထုတ်ပစ်ရကြောင်း ရှင်းလင်းတင်ပြသော မိန့်ခွန်း ရွှေတိဂုံအနောက်မုခ် (၂၀-၁၀-၄၆)

အောင်ဆန်းအက်တလီစာချုပ် ချုပ်အပြီး လန်ဒန်ကနေပြန်လာတဲ့ ဗိုလ်ချုပ်ဟာ ကြားဖြတ်အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်လို့ မြန်မာ ပြည်သူ လူထုကို ရဲရဲရင့်ရင့် ကတိပေးခဲ့တယ်။ ဗိုလ်ချုပ်တို့ လန်ဒန်ပြန် ကိုယ်စားလှယ်အဖွဲ့ ကို ရန်ကုန်မြို့တော် မြူနီစပယ်အဖွဲ့ဝင် လူကြီးများနဲ့ မြို့မိမြို့ဖတွေက ၂၈-၂-၄၇ မှာ ဂုဏ်ပြုဧည့်ခံ ပွဲတစ်ရပ်ကျင်းပရာ ဧည့်ခံပွဲမှာ ဗိုလ်ချုပ်က “ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး။ ကျွန်တော် အဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကျွန်တော်ယုံတယ်၊ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့ လွတ်လပ်ရေးလည်း ယုံကြည်တယ်။ ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”လို့ မိန့်ကြားခဲ့တယ်။ ၁၇-၄-၄၇ ရက်နေ့ မြန်မာ့နှစ်ဆန်းမှာ ပြောကြားခဲ့တဲ့ နှစ် သစ်ကူးမိန့်ခွန်းမှာတော့ သူ့ပြည်သူလူထုထဲက အတိုက်အခံသမားတွေ၊ သတင်းစာတွေ၊ အမှုထမ်း တွေကို ဒီလိုပြောခဲ့ပါတယ်။

အတိုက်အခံသမားတွေကို ပြောချင်တယ်

အသရေပျက်မှုဖြစ်စေတဲ့ စကားမျိုးကလွဲလျှင် တရားဥပဒေအတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ဆဲ ချင်တာ ဆဲနိုင်တယ်။ ဝေဖန်ချင်တာ ဝေဖန်နိုင်တယ်။ အသရေပျက်မယ့် စကားမျိုးကို မခံနိုင်ဘူး။ ကျုပ်တို့ရထားတဲ့ အာဏာတွေကို ခင်ဗျားတို့လက်ထဲရောက်အောင် ဘာပရိယာယ်နှင့် သုံးသုံး သုံး နိုင်တယ်။ တိုင်းပြည်နှင့် လူထုကို ထိခိုက်မယ့် ပရိယာသုံးလျှင် ချရလိမ့်မယ်။ အတိုက်အခံသမား များကို ပြောချင်တယ်။ ညစ်ပတ်တဲ့ အကြံက လွဲလျှင် တရားသဖြင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အာဏာ ကိုလုဖို့တွေး၍ လုပ်နိုင်တယ်။ ဆူပူ နိုင်တယ်။ မတရားသဖြင့် ဆူပူလုပ်ကိုင်ခိုင်းလျှင် သည်းခံမယ် မဟုတ်ဘူး။
သတင်းစာ တွေကိုလည်း ပြောလိုက်မယ်။

သတင်းစာတွေကိုလည်း ပြောလိုက်မယ်။ ဒီအစိုးရလက်ထက်နှင့် အခြားအစိုးရလက်ထက် သေ သေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျုပ်တို့ ဘယ်လိုအစိုးရလဲဆိုတာ သိစေချင်တယ်။ ကျုပ် တို့ကို ထောက်ခံချင် ထောက်ခံ၊ အားပေးချင်လည်း အားပေး၊ အတိုက်အခံ ဝေဖန်ချင်တဲ့ သတင်း စာကလည်း ဝေဖန်၊ သဘောအတိုင်းပဲ။ ဆိတ်လစေ့ သတင်းစာလည်း လုပ်ချင်လုပ်ကြ။ သို့သော် အစိုးရအကြည်ညို ပျက်စေချင် တဲ့စကားမျိုး တိုင်းပြည်ဆူပူလှုပ်ရှားစေမယ့် စကားမျိုး၊ မဟုတ်မမှန် လိမ်လည်လှည့်ဖြား ရေးသားတဲ့ ဟာမျိုးတွေကို သည်းခံမယ်မဟုတ်ဘူး။
အမှုထမ်းတွေကိုလည်း ပြောချင်တယ်။

အစိုးရအမှုထမ်းတွေကိုလည်း ပြောပြလိုတယ်။ အစိုးရအမှုထမ်းတွေဟာ တိုင်းပြည်နှင့် လူထု အကျိုးကိုကြည့်၍ ကျုပ်တို့အစိုးရအဖွဲ့က ဆုံးဖြတ်ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာ ပါ။ အစိုးရအမှုထမ်းတွေက အခု ဖဆပလအစိုးရအဖွဲ့ဟာ ဟိုတုန်းက အစိုးရအဖွဲ့လိုမျိုး မဟုတ်ဘူး ဆိုတာ သတိပြုဖို့လိုတယ်။ ဖဆပလအစိုးရအဖွဲ့ဟာ လူထုအကျိုးကိုကြည့်၍ ဆုံးဖြတ်တဲ့လုပ်ငန်း စဉ်ကို တစ်သဝေမတိမ်း တာဝန်ကျေပွန်စွာလုပ်ကိုင်ဆောင်ရွက်လျှင် ဘယ်သူ့မှကြောက်စရာမလို ဘူး။ ဖဆပလ အဖွဲ့၊ ပြည်သူ့ရဲဘော်အဖွဲ့က လူတွေလည်း ကြောက်စရာမလိုဘူး။

ဖဆပလအစိုးရ ဖွဲ့ထားပေမယ့် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်လုပ်။ ဖဆပလအစိုးရဆိုပြီး ပြည်သူ့ရဲ့ဘော်ကို လည်း အရမ်းကြောက်စရာမလိုဘူး။ ဖဆပလအဖွဲ့ဝင်တွေ ပြည်သူ့ရဲဘော် တွေ ကလည်း ငါတို့အဖွဲ့ အစိုးရဆိုပြီး အစိုးရအာဏာယူပြီးသုံးဖို့ အစိုးရကိုယ်စားလုပ်ဖို့လည်းမဟုတ်ဘူး။ အခွင့်အရေး လည်း မရှိဘူးဆိုတာ သတိပြုပါ။ သို့သော် ဖဆပလအဖွဲ့ဝင်နှင့် ပြည်သူ့ရဲဘော်တွေဟာ ဒီ့ပြင် လူတွေ ထက်တော့ အခွင့်အရေးပိုရမှာပဲ။ ပြည်သူ့ရဲဘော်တွေလည်း လုပ်ချင်တာ လုပ်လို့ မရဘူး ဆိုတာ သိ ဖို့အရေးကြီးတယ်။

၁၃-၆-၄၇ မြို့တော်ခန်းမကြီးမှာ ကျင်းပတဲ့ ပြည်သူ့အစည်းအဝေးကြီးမှာတော့ လက်ရှိတည်နေတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ရဲ့ပုံသဏ္ဍာန်နဲ့ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရစေရန် အာမခံကြောင်း စတာ တွေကို ပြောတဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းဟာ နောက်ဆုံးမိန့်ခွန်းပါပဲ။ ဗိုလ်ချုပ်ကို မသိမီလိုက်ရပေ မယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင်မှု တွေကို ပုံပြင်သဖွယ် ကြားနာခဲ့ရာက အာဇာနည်နေ့တွေမှာ ကြားခဲ့ ရဖူးတဲ့ အဲဒီ အသံလွှင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ရဲ့ဝိဥာဉ်ကို ဖမ်းမိနိုင်ခဲ့တယ်။

လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာကို ဗိုလ်ချုပ်က ရှင်းခဲ့တယ်။ ဗမာတိုင်း ဗမာတိုင်း အရွယ် ရောက်တဲ့ လူမှန်သမျှ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်း ဥပဒေ နဲ့ စစ်ထဲ ကို ထည့်ရလိမ့်မယ်။ အဲတာမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက် ရမယ်ဆို တာ ခင်ဗျားတို့ တိုက်ချင်တိုက်ချင် မတိုက်ချင်မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ။

ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာဖြစ်ရမယ့် တာဝန်မျိုးပဲလို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။  စကားခပ်ရိုင်း ရိုင်း ဆိုရင် အတော့်ကိုပြဲအောင် ကြိုးစားနိုင်မှ လုပ်နိုင်မှ အဲဒါအတော့်ကို ကုန်းလုပ်နိုင်မှ ရုန်းလုပ်နိုင် မှ အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။ ဗိုလ်ချုပ်က သတိပေးခဲ့တယ်။ ခင်ဗျားတို့ သောက်ကျင့် တွေ ကို ဖျောက်ရလိမ့်မယ်လို့ ဗိုလ်ချုပ်ကပြောခဲ့၊ ဗမာတွေ ထက်တယ်၊ ထက်တယ်နဲ့ တလွဲ ဆံပင်ကောင်း ကြတယ်လို့ ဗိုလ်ချုပ် က ဝေဖန်ခဲ့။

လှေပြိုင်ပွဲမှာ မနိုင်သေးဘူး။ ကျောရုံနဲ့ တက် ထောင်ပြီ။ ဘောလုံးပွဲမှာ လူချ၊ လမ်းပေါ်မှာ ဆေးရိုးလှမ်း၊ ဗိုလ်ချုပ် စိတ်ပျက်ခဲ့မှာ။ တခြားလွတ် လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်းလှမ်း လိုက်မှ အဲဒီလိုလိုက်နိုင်တဲ့ အခါကျမှ နောက် ၁၀ နှစ် အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူ ညီတူဖြစ်သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထား စေချင်တယ်။

ဗိုလ်ချုပ် အဲဒီနောက်ဆုံးစကားတွေကိုပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဆိုတာ ကျွန်တော်တို့ သတိထား ဖို့ လိုမယ်ထင်ပါတယ်။ နှစ်ပေါင်း ၆၀ ခရီးကို ကျွန်တော်တို့စုန်ဆင်းခဲ့သလား ဆန်တက်ခဲ့သလား။
စာရေးဆရာဖြစ်ချင်တဲ့ ဗိုလ်ချုပ် စာနဲ့မရေး၊ စကားနဲ့ရေးသွားတာတွေ ကျန်ကောင်းကျန်ရာ ကျန်ပါ သေးတယ်။ ဘာမားချဲလင်းရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၇-၃-၄၅ မှ ၁၃-၇-၄၇) ရှိ တယ်။ “စစ်စစ် ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေးကို ဆောင်ရွက်ခဲ့ရသော်လည်း သူ၏အ တွေးအခေါ် တို့မှာ ဝါရင့်သော နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ်မျိုးဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏အတွေး အခေါ်များ ရင့်သန် လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ်လည်း ရင့်သန်လာကြစေရန် လူထု တစ်ရပ်လုံး ကြိုးစား သင့် လှပေသည်”လို့ ဗမာ့နိုင်ငံရေး သုခမိန်မှာ ဆရာမောင်ထင်က ရေးခဲ့ပါ တယ်။

ဗိုလ်ချုပ်ရဲ့စကားတွေမှာ သူ့ရဲ့မျိုးချစ်စိတ် ဇာတိ၊ အမှန်တရားကို ချစ်မြတ်နိုးမှု ဇာတိ၊ စွဲမြဲ ဇွဲ သန်မှု ဇာတိ၊ အမြင်ကျယ်မှု ဇာတိ… စသည် စသည် ကောင်းမြတ်တဲ့စကားထဲက ဇာတိတွေကို ကျွန်တော် တို့ သတ္တိ အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့အလယ်ပစ္စယံမိန့်ခွန်းက စကားတစ် ခွန်းကို ကျွန်တော်တို့ အကိုးအကား ပြုနိုင်ပါလိမ့်မယ်။

“သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသူများ ကိုသာ အားမကိုး မူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ် အောင် စွန့်စား ရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစားခွင့်ရ ကြလိမ့်မည်။ ဗျတ္တိ ရှိသော သူရဲကောင်းများအဖြစ် အောင်စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ် ကို ခံစားခွင့်ရကြလိမ့်မည်။”

လွန်းရာ
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 17, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၉)

စကားနှင့် ဇာတိ

မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကို ဖတ်ဆစ်ဂျပန်တော် လှန်ရေး စဖို့ရာ တပ်ထွက်အခမ်းအနား ကျင်းပတဲ့ ၁၉၂၅ခု၊ မတ်လ ၁၇ရက်နေ့ကနေ နောက်ဆုံးလွတ်လပ်ရေး အလံတင် အခမ်းအနားကို ကျင်းပနိုင်ခဲ့တဲ့ ၁၉၄၈ ခုဇန်န၀ါရီလ ၄ရက်နေ့ ထိလို့ သတ်မှတ် ကြည့် နိုင်ပါတယ်။ အဲဒီသုံးနှစ်နီးပါးအချိန်ပိုင်းက အဖြစ်အပျက်တွေကို အချိန်မျဉ်း ဆွဲပြီး မှတ်တမ်း တင်ကြည့် မယ်ဆိုရင် အတော်လေး စိပ်စိပ်ရေးဆွဲသွားရမှာ ဖြစ်ပါတယ်။

သဘောအရ ပြောရမယ်ဆိုရင် အဲဒီအချိန်က သက်ရှင်လှုပ်ရှားခဲ့တဲ့ ပြည်သူလူထုတစ်ရပ်လုံး ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းရဲက ဇာတ်ဆောင်တွေဖြစ်ခဲ့ပြီး (ပေမယ့်)အထင်ရှားဆုံး၊ အရေးပါဆုံး၊ လူသိ အများဆုံး၊ လူအများချစ်ခင်ကြည်ညို လေးစားတာ အခံရဆုံး ပုဂ္ဂိုလ်အဖြစ် သဘောထားမကွဲ တညီ တညွတ်တည်း ရွေးချယ်ညွန်ပြနိုင်သူ ပြညွှန်ထိုက်သူကတော့ ဗိုလ်ချုပ် အောင်ဆန်းပါပဲ။

တက္ကသိုလ်ကျောင်းသားဘ၀ တက္ကိသိုလ်ကျောင်းသားသမဂ္ဂရဲ့ နှစ်လည် မဂ္ဂဇင်း ကို ကိုအောင်ဆန်း အယ်ဒီတာ လုပ်တဲ့နှစ်မှာ အိုးဝေဆိုတဲ့ စာပေဆန်တဲ့ အမည်ပေးပြီး ထုတ်ဝေခဲ့၊ အယ်ဒီတာအဖြစ်နဲ့ ဆောင်းပါး ခေါင်းကြီးစတာတွေ ရေးခဲ့၊ မတိုင်ခင်မှာလည်း "ပဲခူးကဝေ"ဆိုတဲ့ ကလောင်အမည်နဲ့ စာပေ လက်စွမ်း ပြခဲ့ဖူးတဲ့သူဟာ လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ဗြိတိသျှ အစိုးရလက်အောက် ကြားဖြတ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်အဖြစ် စိတ်ရောကိုယ်ပါ နှစ်မြုပ်အလုပ်များ နေတဲ့ အချိန်မှာသူရဲ့နိုင်ငံရုးလုပ်ဖော် ကိုင်ဖက် တွေ မိတ်ဆွေတွေရဲ့ကြား တိုင်းပြည်လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း နိုင်ငံရေးကထွက်ပြီး စာကလေး ဘာကလေး ထိုင်ပြီရေးဦးမယ်ဆိုတဲ့အကြောင်း တသသပြောဆိုဖူးတဲ့ ဖြစ်ရပ်လေးဟာ ရိုးရိုးလေး နဲ့လွမ်းစရာပါ။ သူကဦသိန်းဟန် (ဆရာဇောဂျီ) ဘက်ကိုလှည့်ပြီး ပြောလိုက်သတဲ့။ "ဒီမယ့်ဗျာ့ ဆရာ ရဲ့ ကျွန်တော်လည်း အနုပညာသမားပါဗျာ"။

မတိုင်ခင်မှာလည်း ၁၉၄၅ခုနှစ် စစ်ကြီးပြီးစ တော်လှန်ရေးမျိုးချစ် ဗမာ့တပ်မတော်ကြီး၏ သေနာပ တိ ဂျင်နရယ် အောင်ဆန်းကို အထူးစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသတင်းစာဆရာများ၊ သတင်း ထောက်များရဲ့ စုံးစမ်းအကဲခတ်တဲ့ အမေးကိုလည်း "ကျုပ်တော့ အခုစစ်လည်းပြီးပြီမို့ စစ်တပ်ကို ဆက်လက် ဦးစီး ရှေ့ဆောင်မလုပ်တော့ပါဘူး။ ကျုပ်ကိုယ်စား အခုဒိုတိယစစ်သေနာပတိ ဗိုလ်လက်ျ်ကပဲ ဦးစီးပါလိမ့်မယ်။ ကျုပ် အဖို့တော့ နိုင်ငံရေးကို ထိထိရောက်ရောက် ၀င်လုပ်လိုက် ဦးမယ်။ ဒါလဲ ဗမာပြည် လွတ်လပ်ရေး ရတဲ့အထိပါပဲ။ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်ပြီး အေးအေးဆေးဆေး စာအုပ်ကလေ ဘာလေး ရေးမယ် ကြံတာပဲဗျာ"ဆိုတဲ့ အဖြေကိုချည်းပေးခဲ့ တယ်ဆိုပါတယ်။

သမိုင်းနဲ့ တိုင်းပြည် အခြေအနေကပေးအပ်တဲ့ အဆမတန် ကြီးမားလှတဲ့ တာဝန်ထုပ်ကြီးကို အားကြိုး မာန်တက် မညည်းမညူ တစ်ချောင်းတည်းသော စိတ်နဲ့ စွန့်စားထမ်း ရွက်ခဲ့ပေမယ့် သူရဲ့နှလုံးသားက အေးချမ်း တဲ့ စာရေဆရာဘ၀ကို အိမ်မက်လျက်ရှိတဲ့ နှလုံးသား ပါကလား။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)၊ အာဇာနည်အဖြစ်ကျဆုံးခဲ့ချိန်မှာ (တပ်မှ ထွက်နိုင်ငံရေးနယ်မှာ ဦးဆောင် လှုပ်ရှားနေ တဲ့ သူဟာ) ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ အများက ခေါ်ဝေါ်သိရှိနေကြဆဲပေမဲ့ တရားဝင် အားဖြင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်ဦးအောင်ဆန်းဟာ သူရည်မှန်းခဲ့သလို စာရေးဆရာဘ၀ကို စောက်ချ လုပ်ကိုင် မသွားရရှာပေမယ့် သူရေးခဲ့တဲ့ စာတွေ၊
နိုင်ငံခေါင်းဆောင်အဖြစ် လူထုကိုသူပြောခဲ့တဲ့ စကားတွေဟာလည်း မြန်မာပြည်ရဲ့ သမိုင်းနဲ့ မြန်မာပြည်သူ လူထု ရဲ့ နှလုံးသားမှာ စွဲထင်အောင် သူရေးခြစ်ခဲ့တဲ့ စာလုံးအမှတ်အသားတွေ လို့ဆို နိုင်ပါတယ်။
ဆိုခဲ့တဲ့လွတ်လပ်ရေးသမိုင်းနဲ့ ဇာတ်ရှိန်အမြင့်ဆုံးကာလအဓိက ဇာတ်ဆောင်ရဲ့ နှုတ်ပြောစကား များကို ကျွန်တော် တို့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၁၇-၃-၄၅ မှ ၁၃-၇-၄၇)ဆိုတဲ့ စာအုပ်မှာ ကျွန်တော်တို့ အတော်လေး ပြည့်ပြည့်စုံစုံ တွေ့နိုင်ပါတယ်။ တချို့မိန့်ခွန်းတွေက အပြည့်အစုံ မှတ်တမ်းတင်ချက်တွေ ဖြစ်ပြီး တချို့က သတင်းစာတွေရဲ့ ပြန်လည်ဖော်ပြချက် သတင်းတွေ ဖြစ်ပါ တယ်။ အများစုက မြန်မာလို ဟောပြောချက် တွေဖြစ်ပေမယ့် အဲဒီခေတ်အင်္ဂလိပ် လက်အောက် အချို့နေရာနဲ့ အခမ်းအနားတွေမှာ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်လိုဟောပြောခဲ့တဲ့ မိန့်ခွန်း ၉ ပုဒ်ကို လည်းတွေ့ရပါတယ်။

"အခုအခါ ကျုပ်ဟာ (ပတ်ပလစ်မှာ ပေါ်ပြူလာဖြစ်နေတဲ့လူပဲ)"။ ဒါပေမယ့် ကျုပ်ဟာ ဘုရားလည်း မဟုတ်၊ မှော်ဆရာမျက်လှည့်ဆရာလည်း မဟုတ်၊ လူပဲ၊ နတ်လည်း မဟုတ်၊ လူလောက်ပဲ အစွမ်း ရှိမှာပဲ။ ကျုပ် အသက်က အင်မတန်ငယ်တယ်။ ကျုပ်အခုထမ်းရတဲ့ တာဝန်ဟာလည်း တစ်တိုင်း တစ်ပြည်လုံးရဲ့ တာဝန် ကို ရှေ့ဆုံးက ထမ်းနေရတယ်။ ကျုပ်ကိုယ် ဒီတာဝန်တွေကို ထမ်းနိုင် လောက်အောင် အရည်အချင်း ပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ်စိတ်တိုတတ်တယ်ဆို တာကိုလည်း လူအများ သိကြတာပဲ။ ဒါကျုပ် နဂိုပဲ။ အလုပ်ရင်ပြီး အနှောက်အယှက်များရင် စိတ်တို တတ်တယ်။ ဒါကို ပြုပြင် နိုင်သမျှ ပြုပြင်ဖို့ကြိုးစားမယ်။

(စက္ကူဖြူစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲတွင် ပြောကြားသော မိန့်ခွန်း ၂၉-၉-၄၆)

ဗိုလ်ချုပ်ဟာ နယ်ချဲ့လက်ပါးစေတွေရဲ့ လက်ချက်၊ အတိအကျဆိုရင် ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်နဲ့ ကျဆုံး တဲ့ အချိန်မှာ ၃၃နှစ်ထဲမှာပဲ ရှိသေးတဲ့အတွက် သူ့ကိုယ်သူပြောခဲ့သလိုပဲ တိုင်းပြည် ခေါင်းဆောင် အနေနဲ့ အင်မတန်ကို ငယ်သေးတယ်လို့ဆိုနိုင်ပါရဲ့။ ဒါပေမယ့် သူ့ရဲ့ ဖြောင့်စင်းမှန်ကန်တဲ့စိတ်၊ ထက်မြက် တဲ့ ပညာဥာဏ်၊ ရဲရင့်တဲ့သတ္တိ၊ ကြံ့ခိုင်တဲ့ဇွဲနဲ့ ဘွင်းဘွင်းရှင်း ရှင်းပြောတတ်တဲ့ စရိုက် တွေကြောင့် ရိုးရိုးပြည်သူလူထုက ချစ်ခင်လေးစား ရုံမကဘဲ သူ့ထက် အသက်၊ ၀ါကြီးတဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်နဲ့ လေးစားအပ်တဲ့ ရန်သူတော်အင်္ဂလိပ်အရာရှိ တွေကိုယ်တိုင်ရဲ့ အလေးစားခံရတဲ့ သူ ဖြစ်ပါတယ်။

နောင် တော်လှန်ရေးပန်းခြံဖြစ်လာတဲ့ ရွှေတိဂုံဘုရားအနောက်မြောက် ဘက်ကွင်းပြင်ထဲက စစ်ရေးပြ အခမ်းအနားနဲ့ တပ်ထွက်အခမ်းအနားမှာ သူပြောတဲ့ တပ်ထွက်မိန့်ခွန်းဟာလည်း တိုတောင်းသလောက် ရှင်းလင်း ထိရောက်လှပါတယ်။ "ရဲဘော်တို့ ဆိုတဲ့ အာလုပ်စကားနဲ့" ဒါပဲ ဆိုတဲ့ အပြီးသတ် စကားက လွဲရင် ၀ါကျ ၉ခုပဲပါတယ်။
"အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ် တွေကလည်း သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေး ထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတတ်မယ်။"
ဗမာ့ရန်သူကို ချေမှုန်းကြ။

အနီးကပ်ဆုံး ရန်သူကိုရှာပြီး တိုက်ကြ။
၁၉၄၄၊ သြဂုတ်လ ၁ရက် ဂျပန်ကပေးတဲ့ လွတ်လပ်ရေး ပထမနှစ်ပတ်လည် အခမ်းအနားမှာ ကတည်း ကဗိုလ်ချုပ်ဟာ စစ်ဝန်ကြီးအဖြစ် ပြောတဲ့မိန့်ခွန်းမှာ ဂျပန်ပေးတဲ့ လွတ်လပ်ရေးဟာ အမည်ခံ အတု အယောင် လွတ်လပ်ရေးသာ ဖြစ်တယ်လို့ မိန့်ကြားခဲ့ပြီး ဖြစ်ရာ နောင်တစ်နှစ်မ လည်မီမှာပဲ တပ်ထွက် မိန့်ခွန်း နဲ့ ဂျပန်ဖက်ဆစ်တွေကို မောင်းထုတ်ဖို့ ပြောင်ကျကျ တိုင်သံပေး လိုက်ပြီးဖြစ်သွားပါတယ်။ "ခေါင်းဆောင် လုပ်တဲ့ လူတွေဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စ တွေကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်။

ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တဲ့နေရာမှာ စွန့်ရဲရ မယ်။ ပရိယာယ်သုံးသင့်တဲ့ နေရာမယ် သုံးရမယ်။ အချိန်အခါလိုက်ပြီး လုပ်ရမယ်"လို့ ပြောတဲ့ ဗိုလ်ချုပ်ဟာ သူရဲကမွေးရာပါ သဘာဝအရ မမှန်တဲ့ စကား ကိုတော့ ဘယ်တော့မှ မပြောတတ်ဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့ အလေ့ရှိတာကြောင့် ဂျပန် လက်အောက် ဂျပန်တော်လှန်ရေး ကိုဆောင်ရွက်စဉ်က လုပ်ဖ်ာကိုင်ဖက်တွေဟာ ဗိုလ်ချုပ်ရဲ့ အပြော တွေ အပေါ် တစ်ခါတစ်ရံ ရင်တထိတ်ထိတ်ရှိခဲ့ရပါတယ်။ ဒါပေမဲ့အမှန်တရားကို ရဲစွမ်းအားကောင်းစွာ စစ်စစ် မှန်မှန် စွဲကိုင် ထားတဲ့ ဗိုလ်ချုပ်ဟာ သူ့နိုင်ငံလွတ်လပ်ရေးအပေါ် အပြောမဟုတ် ပြည့်စုံတဲ့ ကံသုံးပါး အလုပ် နဲ့ အသက်၊ ဘ၀ပုံအပ်ထားခဲ့တဲ့ စေတနာကံကြောင့် တွင်းဝင်ဖြောင့်ခဲ့တာပါပဲ။

၁၉၄၅ မေလထဲမှာ ဗမာ့တပ်မတော်က ရန်ကုန်ကိုသိမ်းနိုင်ခဲ့ပြီး မဟာမိတ်တပ်တွေနဲ့ ဗြိတိသျှ အုပ်စိုးသူ တွေလည်း ပြန်ရောက်ခဲ့ပါပြီ။ ဇူလိုင်လကုန်ပိုင်းမှာ ရန်ကုန်ဘုရင်ခံအိမ်မှာ ဂျပန်လက်နက်ချ စာချုပ် လက်မှတ် ရေးထိုးပွဲ ကျင်းပနိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလအဖွဲ့ချုပ်ကြီးနဲ့ မြန်မာ တစ်မျိုးသားလုံး ခါးတောင်းကျိုက်မဖြုတ်နိုင်သေးပါဘူး။ ဗြိတိသျှအစိုးရရဲ့ စက္ကူဖြူ စီမံကိန်း ကို ကန့်ကွက် ဖျက်သိမ်းပြီး မြန်မာပြည်ကို အပြီးတိုင်လွတ်လပ်ရေး ပေးဖို့ဆက်လက် တိုက်ပွဲ ၀င်ခဲ့ ကြ ရပါတယ်။

နောင်တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ဖဆပလအနိုင်ရရှိရေးနဲ့ လွတ်လပ်ရေးကို ဦးတည်တဲ့ အမျိုးသား ညီညွတ်ရေးအတွက် နိုင်ငံအနှံ့ စည်းရုံးရေး ခရီးစဉ်အတွင်း အာလံမြို့ (အောင်လံမြို့)မှာ ကျင်းပ တဲ့ တော်လှန်ေ၇းနေ့အခမ်းအနား (၂၇-၃-၄၇)မှာ ဒီနယ်ဟာ တော်လှန်ရေး စတဲ့နယ် ဖြစ်တယ်။ တော်လှန်တယ် ဆိုတာ အဓိပါယ်ဘာလဲ။ များသောအားဖြင့် ယူဆနေကြတာက သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့ တော်လှန် ရေးရယ်လို့ နှစ်မျိုးရှိတယ်လို့ ဗိုလ်ချုပ်မိန့်ကြားခဲ့သလို အင်္ဂလိပ် အစိုးရလက်ထဲက မြန်မာရဲ့ မူလ အချုပ်အခြာအာဏာကို နှလုံးရည်သုံးပြီး ပြန်လည်ရယူဖို့ အားထုတ် ခဲ့ကြရတယ်။

မြန်မာပြည်သူလူထုရဲ့ ညီညွတ်မှု၊ လွတ်လပ်ရေး စိတ်နိုးကြားမှုနဲ့ ဖက်ဆစ်တော်လှန်ရေးအတွင်း ဗမာ့ တပ်မတော် ရဲ့ လက်ရုံးရည်ထက်မြက်မှုတေါကို လက်တွေ့အရကို ခံ့ညားနေရပြီဖြစ်တဲ့အုပ် စိုးသူ ဗြိတိသျှ တို့အနေနဲ့ မြန်မာပြည်လွတ်လပ်ရေးကို နောက်ဆုံးအသာတကြည်နဲ့ မပေးဘဲ နေမရအောင် ဗိုလ်ချုပ် ဟာ သူ့ရဲ့ အမှန်တရားမကင်းကွာတဲ့ စကားတွေနဲ့ တစ်နည်းတစ်ဖုံးသော နှုတ်မှုစွမ်းရည်ကိုသုံးပြီး ပြည်သူ လူထုအမှန်အတကယ် အသားတည်း ဖြစ်စေဖို့ ခိုင်မြဲသထက် ခိုင်မြဲအောင်ချုပ်ခဲ့ရတယ်။ ရုပ်ရှင်ရဲ့ အမြန်ပြကွက် လို ချုပ်ကြည့်ရင် ကျွန်တော်တို့ဖျတ်ခနဲ ဖျတ် ခနဲ ဒီလိုတွေ့ရနိုင်မယ်။

၁၉၄၅၊ သြဂုတ် ၁၆၊ စတုတ္တအကြိမ် မြန်မာနိုင်ရေး ခေါင်းဆောင်များ အစည်းအဝေးပွဲကျင်းပရာ သာဘာပတိ အဖြစ် ပြုလုပ်၍ "ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး" ခေါင်းစဉ်ဖြင့် မိန့် ခွန်း ပြောကြား၊ သြဂုတ် ၂၉ မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့နှင့်အနောက် အစည်းအဝေးတွင် အင်္ဂလိပ် ဘာသာဖြင့် မိန့်ခွန်း၊ စက်တင်ဘာ ၁၊ ဖဆပလအဖွဲ့ချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေဖြင့် အဖွဲ့ချုပ်၏ လုပ်ငန်းများ အနေဖြင့် အဖွဲ့ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း၊

အောက်တိုဘာ ၁။ "စက္ကူဖြူစီမံကိန်း အလိုမရှိ" ကြွေးကြော်ဆန္ဒပြခဲ့သော အလုပ်သမားလုထု အင်အား ပြပွဲ ကြီးတွင်၊

အောက်တိုဘာ ၂၇၊ အလုပ်သမားလူထု အင်အားပြပွဲ ကြီးတွင်၊

အောက်တိုဘာ ၂၇၊ (အသစ်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ဗိုလ်မှုးချုပ်အဆင့်ဖြင့် လက်ထောက် စစ်ဆေးရေး အရာရှိချုပ် ရာထူးကမ်းလှမ်းခြင်းကို ငြင်းပယ်ကာ မျိုးချစ်ဗမာ့ တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှ ဗိုလ်ချုပ်အောင်ဆန်းနုတ်ထွက်ပြီး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက် ခဲ့) နံနက်ပိုင်း ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘုရင်၏ အမှုဆောင် ကောင်စီတွင် ဖဆပလ ခေါင်းဆောင်များ မပါဝင်ရတော့ခြင်းနှင့် ပတ်သက်၍ရှင်းလင်း၊

နိုဝင်ဘာ ၅၊ မန္တလေးမြို့ နေသူရိန်ရုံကြီးတွင် ကျင်ပသည့် လူထုအစည်းအဝေးပွဲသို့ တက်ရောက် မိန့်ခွန်းပြော ကြား၊

နိုဝင်ဘာ ၁၈၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့အစည်းအဝေး ပွဲကြီးတွင် "သတ္တိရှိလျှင် ရွေးကောက်ပွဲလုပ်ကြရအောင်"ဟု၊ ၁၉၄၆ခု၊ ဇန်န၀ါရီ ၁၇၊ လွတ်လပ်ရေး တိုက်ပွဲနှင့် ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကျဆုံးခဲ့ရရှာသော အာဇာနည်များ အထိမ်းအ မှတ်ယာယီ ကျောက်တိုင် စိုက်ထူပွဲ အခမ်းအနား ရွှေတိဂုံစေတီတော် အလယ်ပစ္စယံကုန်းမြေ၊ တက်ရောက် မိန့်ခွန်း ပြောကြား

ဇန်န၀ါရီ ၂၀၊ ဖဆပလ အလယ်ပစ္စယံညီလာခံ စတုတ္တနေ့တွင် မိန့်ခွန်းပြောကြား၊ ဇန်န၀ါရီ ၂၃၊ ဖဆပလ လူထုညီလာခံကြီးတွင် "အမျိုးသားညီညွတ်ရေး" အဆိုကိုတင်သွင်း၊

မတ်၂၇၊ ဖက်တစ်တော်လှန်ရေး ပထမနှစ်ပတ်လည်နေ့ အခမ်းအနား ကန်တော်မင်ပန်းခြံ (ယခု ကန်တော် မင်္ဂလာပန်းခြံ)၊ "ငါတို့သွေးအနီပြိုင်ခဲ့သောနေ့"၊

ဧပြီ ၂၉၊ နံနက် ၁၀နာရီခွဲတွင် ကန်တော်ကလေး မြူနီစပယ်ကျောင်းတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းဆရာ များ ညီလာခံတွင်တက်၍ မိန့်ခွန်းပြော၊ မေ ၁၊ စစ်ပြီးခေတ် ပထမဆုံး မေဒေးနေ့ အခမ်းအနား ကို ကန်တော်မင်ပန်းခြံအတွင်း၌ ကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်၍ ကမ္ဘာ့အ လုပ်သမား နေ့ မိန့်ခွန်းကို...၊

ဇွန် ၇၊ံနက်ပိုင်းတွင် ဖဆပလအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော ပြည် သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှုကို ရှုတ်ချသော လုထုဆန္ဒပြအစည်းအဝေးကြီးကို ကန်တော်မင် ပန်းခြံ၌ ကျင်းပရာ တက်ရောက်၍ မိန့်ခွန်း ပြော၊

ဇွန် ၁၄၊ နံနက် ၁၀နာရီတွင် တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်း)၊ အမှတ် ၂၅ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ "ဗမာပြည် အာဏာရှင် ဘယ်သူလဲ"ဟု ရှင်းလင်း၊

စက်တင်ဘာ ၂၉၊ ဖဆပလအဖွဲ့ချုပ်က ဦးဆောင်၍ စက္ကူဖြူ အုပ်ချုပ်ရေး ကန့်ကွက် ဆန္ဒပြပွဲကို မူလအစီအစဉ်အတိုင်း ကန်တော်မင်ပန်းခြံ၌ ကျင်းပရာ တက်ရောက်ပြီး "လူထုတိုက်ပွဲနေ့" ခေါင်းစီးဖြင့်၊
အောက်တိုဘာ ၂၀၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၌ ကျင်းပသော ဗမာပြည်ကွန်မြူနစ်ပါတီအား ဖဆပလ မှ ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြပွဲ၊ တက်ရောက် ရှင်းလင်း၊ "ကွန်မြူနစ်တွေ"၊

အောက်တိုဘာ ၂၈၊ ပြည်သူ့ ရဲဘော်တပ်ဖွဲ့များကို ဗိုလ်ချုပ်အောင်ဆန်းက "လွတ်လပ်ရေးကို အလျင် လုပ်ရမည်" ဟူ၍ ဒီဇင်ဘာ ၈၊ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသော အင်္ဂလိုဘားမားမင်းကောင်စီ အစည်းအဝေး တွင် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့်၊ ဒီဇင်ဘာ ၁၈၊ မော်လမြိုင်၊ သံဖြူဇရပ်ရွာ၌ စစ် အတွင်း သေးဆုံးသွာသော ချွေးတပ်သားများအတွက် သရဏဂုံတင်ပွဲအခမ်းအနား၊ တက်ရောက် မိန့်ခွန်း ပြောကြား၊ ဒီဇင်ဘာ ၂၅၊ တောင်ကြီးမြို့ လူထုအစည်း အဝေးပွဲ၊ ဒီဇင်ဘာ ၂၆၊ ညောင်ရွှေမြို့ လူထု အစည်းအဝေးပွဲ၊

ဒီဇင်ဘာ ၂၈၊ ရန်ကုန်မြို့လုံးဆိုင်ရာ ဗမာ့လွတ်လပ်ရေး တပ်မတော်နေ့ လူထုအစည်းအဝေး အခမ်းအနားတွင် မိန့်ခွန်းပြောကြား၊ ၁၉၄၇ ဇန်န၀ါရီ ၁၊ ည ရ:၄၀ နာရီ အင်္ဂလန်ပြည်၊ လန်ဒန်မြို့ သို့ သွားမည့် မြန်မာ့ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်သို့ အသံလွှင့် မိန့်ခွန်း ပြောကြား "အားရှိမှအခွင့်အရေးရမယ်"၊ ဇန်န၀ါရီ ၅၊  ညနေ ၅:၁၀ နာရီတွင် အိန္ဒိယပြည်၊ ဒေလီရေဒီယိုမှ ဗမာပြည် သို့ မှာကြားသော ဗိုလ်ချုပ်အောင် ဆန်းမိန့်ခွန်းကို ဒေလီရေဒီယိုမှ အသံလွှင့်ခဲ့၊ ည၈:၃၀ နာရီ တွင် "အေးရှညီညွတ်ရေး"ခေါင်းစဉ်ဖြင့် မိန့်ခွန်းကို ဒေလီရေဒီိယိုမှ အသံလွှင့်ခဲ့၊

ဇန်န၀ါရီ ၂၉၊ လန်ဒန်မြို့၊ ဒေါ်ချက်စတာဟိုတယ်အောက်ထပ်ရှိ ခန်းမဆောင်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်း သတင်းစာ ရှင်းလင်းပွဲ၊ ဖေဖေါ်ဝါရီ ၃၊ လန်ဒန်မြို့မှ ပြန်လည် ရောက်ရှိလာခဲ့သော မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ ဖဆပလအဖွဲ့ချုပ်တွင် "ဘိလပ်မြန်မာဆွေးနွေးပွဲ" ခေါင်းစဉ်ဖြင့် သတင်းစာရှင်း၊ ဖေဖေါ်ဝါရီ ၄၊ ည ရ:၃၀ နာရီတွင် အသံလွှင့်ရုံမှ လန်ဒန်ပြန်မိန့်ခွန်းကို "ယူတတ်မှရမယ်" ခေါင်းစီးဖြင့် မိန့်ခွန်း ပြောကြား၊ ဖေဖေါ်ဝါ ရီ ၅၊ တောင်သူလယ်သမား အစည်းအရုံး ညီလာခံပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းက "မြေစနစ် ကိုပြုပြင်ပြောင်းလဲချင်တယ်" ခေါင်းစီဖြင့်၊
ဖေဖေါ်ဝါရီ ၈၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒိုမီနီယန် (Dominioun) အတွင်းဝန်ကလေး မစ္စတာဘော့တွမ်လေ (Botttomely) တို့ တောင်တန်းဒေသ ဆိုင်ရာ ပင်လုံညီလာခံ တတ်ရောက်ရန် ပင်လုံမြို့သို့ ရောက်ရှိ၊ နေ့လယ် ၁၁နာရီခွဲတွင် ရှမ်းပြည် သမိုင်း၌ တစ်ခါမျှမတွေ့ကြုံဖူးသော ကချင်၊ ချင်း၊ ဗမာ၊ ရှမ်းခေါင်းဆောင်များ၊ ဗြိတိသျှအရာရှိများ နှင့် ရှမ်းပြည်လူထုများ၊ လူထုအစည်းအဝေးပွဲကြီး စတင် ကျင်းပရာ သဘာပတိအဖြစ်တောင်ပိုင်း စော်ဘွားကြီး စပ်ခွန်ပန်းစိန်ကဆောင်ရွက်၊ ဗိုလ်ချုပ်အောင်ဆန်း က "မြန်မာများက စိုးမိုးလို၍မ ဟုတ်"၊ ၁၉၄၇ ဖေဖေါ်ဝါရီ ၉၊ ရှမ်းကျောင်းသားများ ဆန္ဒပြ အစည်းအဝေး တွင် "သွေးခွဲမှုများကို မခံကြရန်" မေတ္တာရပ်ခံ၊

ဖေဖေါ်ဝါရီ ၁၁၊ စော်ဘွားများ ညစာစားပွဲ သို့တက်ရောက်လာသော ဗိုလ်ချုပ်က "ညီညွတ် စေချင်တယ်" ဟူ၍ ၊ ဖေဖေါ်ဝါရီ ၂၈၊ လန်ဒန်ပြန် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် မြို့တော် မြူနီစပယ်အဖွဲ့ဝင် လူကြီး များ နှင့် မြို့မိ၊ မြိုကဖများက ဂုဏ်ပြုဧည့်ခံပွဲတွင် ဗိုလ် ချုပ်အောင်ဆန်းက "တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် လုပ်ပေးမယ်"ဟု၊ ၁၉၄၇ ဖေဖေါ်ဝါရီ ၁၅၊ ဖဆပလဗဟိုဦးစီးအဖွဲ့ အစည်းအဝေး တွင် "တောင်းတဲ့အတိုင်းရလို့ လက်ခံလာတယ်"ဟု မတ် ၁၊ မြန်မာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်အစည်းအဝေးတွင် "အရေးကြီးသော စက်မှုလုပ်ငန်းများကို ပြည်သူပိုင်လုပ်မည်"ဟု၊ မတ် ၁၃၊ တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲနှင့် ပတ်သက်၍ "နိုင်ငံရေးစားဖားကြီးတွေ" ခေါင်းစီး ဖြင့် အသံလွှင့်ရုံမှ၊

မတ် ၁၉၊ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံရေးရှင်းလင်းပွဲကို ကန်တော်မင် ပန်းခြံ ၌ ကျင်းပရာ တက်ရောက်ရှင်းလင်း၊

မတ် ၂၁၊ မုံရွာမြို့တွ င် "စိတ်ချက်ရမယ့် အတ်များလိုတယ်"ဟု၊ ည ၈:၃၀ နာရီတွင် အသံလွှင့်ရုံမှ "လွတ်လပ်ရေးမှတ်ကျောက်" ခေါင်းစီး ဖြင့်အသံလွှင့်မိန့်ခွန်း၊ ၁၉၄၇ မတ် ၂၅၊ နတ်မောက်မြိုက ဒီပင်္ကရာ ကျောင်းတိုက် အတွင်း ကျင်းပ သောလူထုအစည်းအဝေးပွဲ၊ "စိတ်ပြောင်းကြစမ်းပါ"၊ မတ် ၂၆၊ တောင်တွင်းကြီးမြို့၊ ရွှေအင်းတော် ဘုရားတွင် "ညီညီ ညွတ်ညွတ်နဲ့ တောင့်ခံပါ"၊ မတ် ၂၇၊ အာလံ (အောင်လံ)မြို့ နံနက်ခင်း၌ ကျင်းပသော တော်လှန်ရေးနေ့အခမ်းအနားတွင် "တော်လှန်ရေးနှစ်မျိုး" ခေါင်းစီးဖြင့်၊

ဧပြီ ၂၊ မြေပုံ မြို့၌ ကျင်းပသော လူထုအစည်းအဝေးပွဲတွင် "ဒါတွေဟာ လွတ်လပ်ေ၇းတိုက်ပွဲလား"၊ ဧပြီ ၅၊ ည ၆နာရီခွဲ တွင် အသံလွှင့်ရုံမှ တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းပြောကြား၊ "လမ်းနှစ်ခွ" ခေါင်းစီးဖြင့်၊ ဧပြီ ၁၇၊ အသံလွင့်ရုံမှ မြန်မာနှစ်သစ်ကူးမိန့်ခွန်းအဖြစ် "လုပ်ငန်းစဉ်ခြောက်ရပ်"ကို အသံလွှင့်၊

မေ ၁၉၊ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံကို ဂျူဗလီခန်းမ၌ကျင်းပရာ သဘာပတိဗိုလ်ချုပ် အောင်ဆန်း က ဖဆပလအမတ်များအတွက် ဖဆပလပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း၊ မေ ၃၀၊ နေ့လယ် ၂နာရီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ဗိုလ်ချုပ်အောင်ဆန်းက "မကျေနပ်ရင် ထွက် ပေးမယ်"၊ ဇွန် ၇၊ ရန်ကုန်မြို့ ဆိုရန်တိုဗီလာ (Sorrento Villa) အဆောက် အဦး၌ မြန်မာပြည် ပြန်လည်ထူတောင်ရေးလုပ်ငန်း ကွန်ဖရင့်အစည်းအဝေး "ပြန်လည်ထူထောင် ရေး"မိန့်ခွန်း၊ ဇွန် ၁၀၊ နံနက် ၈ နာရီ တွင် ဖဆပလမှ ကြီးမှူးကျင်းပသော လူထုဆန္ဒပြပွဲကြီးကို ဗန္ဓုလပန်းခြံတွင် ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း က "အမြဲတမ်းအဆင့်သင့်ရှိရမယ်"ဟု၊

ဇွန် ၁၈၊ တိုင်းပြုပြည်ပြုလွှတ်တော်၌ လုံးဝလွတ်လပ်ေ၇းအဆိုကို ဗိုလ်ချုပ်အောင်ဆန်းကတင်သွင်းစဉ်၊ "ဘယ်သူ့လက်အော်ကမှမနေချင်ဘူး" ခေါင်းစီးဖြင့် မိန့်ကြားခဲ့၊ ဇူလိုင် ၁၃၊ ဖဆပလမှကြီးမှူးကျင်း ပသော မြန်မာပြည်နိုင်ငံရေးရှင်းတမ်း လူထုအစည်းအဝေးပွဲကြီးကို ရန်ကုန်မြို့တော် ခန်းမရှေ့၌ ကျင်းပ ရာ မြို့တော်ခန်းမလသာဆောင်မှ နေ၍ "တိုင်းပြုပြည်ပြုလွှတ်တော်" ခေါင်းစီးဖြင့် မိန့်ကြားပြောကြား၊ (ဗိုလ်ချုပ်ပြောခဲ့တဲ့ နောက်ဆုံး မိန့်ခွန်း၊ တစ်ခါက လူငယ်ပျိုနုတွေ အာဇာနည် နေ့တိုင်းမြန်မာ့အသံ အသံလွှင့်မိန့်ခွင်းအဖြစ် ကြက်သီးတဖြန်းဖြန်းထ နာကြားခဲ့ရဖူးတဲ့မိန့် ခွန်း)

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>