Showing posts with label Myanmar Blogs. Show all posts
Showing posts with label Myanmar Blogs. Show all posts

Thursday, February 25, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၇)

MBBA မြန်မာဘလော့ အကယ်ဒမီဆု ရွေးချယ်ရေး အဖွဲ့ကြီး

နှင့် ပတ်သက်၍

ရွှေစင်ဦး ၏ ယူဆချက်

အင်း အကယ်ဒမီ ဆု ကြီး နဲ့  ဒီနှစ်တော့ လွဲသွားပြီ (နောက်နှစ်တော့ ရမဲ့အတိုင်း)...၊ စတာပါဗျာ.. ဘယ်နှစ်မှာဘဲ လုပ်လုပ် ကျနော့် ရဲ့ မူဝါဒ နဲ့ မညီတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ...၊ ကျနော့် သဘောက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ ဆုတွေကို စာရင်းပေးပြီး ပြိုင်တာ မထောက်ခံဘူးဗျ..၊ အနိမ့်ဆုံး ဥပမာဗျာ.. ကျနော်တို့ ပြည်ကြီး မှာ စာပေ နဲ့ပတ်သက်ရင် အမျိုးသား စာပေဆု..၊ စာပေဗိမ္မာန်ဆု.. ဆိုပြီး နှစ်စဉ် ပေးလေ့ ရှိတယ်..၊ ဘယ်လို အနေအထား မျိုးမှာ ဆု ကိုရွေးချယ်လည်း ဆိုတာ ကျနော် သိသလောက် ပြောမယ်.. ကျနော် အမှတ်မှားရင် လည်း ပြင်ပေးကြပါ..။

စာပေဗိမ္မာန်ဆု အတွက်ဆိုရင် ပြိုင်ပွဲဝင်ရတယ်ဗျ..၊ အဲဒီပြိုင်ပွဲဝင် တဲ့ အထဲကမှ အကောင်းဆုံးလို့ ထင်တာကို ဆုရွေးချယ်ရေး အဖွဲ့က ဆုပေးတယ်..၊ နောက်တခါ အမျိုးသား စာပေဆု..၊ ဒီဆုကြတော့ တနှစ်အတွင်းမှာပုံ နှိပ် ထုတ်ဝေထား တဲ့ အထဲက ဆုရွေးချယ်ရေး အဖွဲ့က အကောင်းဆုံး လို့ သတ်မှတ်တဲ့ စာရေးဆရာ က ဆုရတယ်..၊ ပြိုင်ဘို့ မလိုဘူးဗျ.. ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ.. ဘယ်လောက် ဂုဏ်ခြင်းကွာလည်း ဆိုတာ..၊ အကယ်ဒမီ အဖွဲ့ကြီး အနေနဲ့ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ ဆုပေးပွဲ လုပ်တာကို ဝမ်းသာပါတယ်..၊ သို့သော် အားစိုက်ထုတ်မှု့ တခုတော့ လုပ်ပြီး ပြိုင်ပွဲ ဝင်ဘို့ အဆင့်မှီ တဲ့ ဘလော့ဂ် တွေကို တော့ အရင် ရွေးချယ်ပေးသင့်ပါတယ်..။

ဒီနှစ် အတွက် ဆိုရင် ပြိုင်ပွဲဝင် ဘလော့ဂ် တော်တော်များများ ဟာ ကိုယ့်သဘောမပါဘဲ ပြိုင်ပွဲ ဝင်ရတဲ့ သူတွေများ ဖြစ်နေပါတယ်.. စာဖတ်သူများ (သို့မဟုတ်) တယောက်ယောက် ကဂျောက်ချလိုက် လို့ ပါရတဲ့ ဘလော့ဂ် တော်တော် များများ ကျနော် တွေ့လို့ပါဘဲ.၊ စည်းမျဉ်း စည်းကမ်း ထဲမှာ ဘလော့ဂ် ပိုင်ရှင် ကိုယ်တိုင် စာရင်း သွင်းရမယ် ဆိုတာ ထဲ့ ထားပြီး စာရင်း သွင်းသူဟာ ဘလော့ဂ် ပိုင်ရှင် ဖြစ်မှန်း တောင် သိအောင် မစစ်ဆေးနိုင် ဘူး  ဆိုတာ တမျိုးကြီးပါဘဲ...။

နောက်ပြီး တချို့ ဘလော့ဂ် ဆု ခေါင်းစဉ် များဟာ ကိုယ်ကိုကိုယ့် အကောင်းဆုံးလို့ ယူဆပြီး ယှဉ် ပြိုင်ဘို့ မသင့်တော်တဲ့ ဆုများဖြစ်နေပါတယ်ဗျာ..၊ မြန်မာ ဘလော့ဂ်များ တိုးတက်ရေး ဘာ၊ ညာ အော်နေပြီး မြန်မာ ဘလောဂ်ဂါများ ဂုဏ်သိက္ခာ ရှိအောင် စဉ်းစား မပေးတာ လည်း နောက် တမျိုးကြီး ပါဘဲ..။

ကဲနောက်ဆုံး ပြောချင်တာကတော့ ကျနော် ဟာ ကျနော် လိုချင်တဲ့ မူ မဟုတ်တဲ့ မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆု ပြိုင်ပွဲကို ဘယ်နှစ်မှာမှ ဝင်ပြိုင်မှာ မဟုတ် ပါဘူး..၊  နောက်ပြီး ကျနော်ဟာ  ပြိုင်ပွဲ မှာ ပြိုင်နိုင် လောက်အောင် လည်း အဆင့် မရှိပါဘူးဗျာ....၊  ဒီနှစ် လည်း ကျနော် ပြိုင်ပွဲ မှာ ပါတယ်ဆိုတာ သိရ တာနဲ့  နှုတ်ထွက် မလို့ပါဘဲ.. ဒါပေမဲ့ ကျနော့် ကို လေးစားလို့ ပေးထားတဲ့ မဲလေး မဲ ကို တန်ဘိုးထား တဲ့ အတွက် နှုတ်ထွက် ခြင်း မပြုခဲ့တာပါ... ဒါက ပြိုင်ပွဲ နဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေပါ...။


အရှုံးကိုဝန်ခံခြင်း 

ကဲ အကယ်ဒမီ ပြိုင်ပွဲကြီးလည်း ပြီးသွားပြီ.. နိုင်တဲ့ သူတွေလည်း နိုင်..၊  ရှုံးတဲ့ သူတွေလည်း လဒ မှိုင် မှိုင်လို့  မျောက်ထိုင် ထိုင် နေတယ်..(ကျနော့် ကိုယ် ကျနော် ပြောတာဗျ) ..၊ ဒီနေ့ ဆုရ စာရင်း တွေ ထွက်တယ် ဆိုလို့ (ကိုမိုးကြီး လာပြောတာ..ကျေးဇူးပါ) ကျနော် လည်း ပြိုင်ပွဲ ဆုရစာရင်း တွေ သွားကြည့် ရင်း အင်း ငါတော့ ရှုံးပြီ.. ဒိုမိန်းကြီး နဲ့ လည်း လွဲပြီ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်ဗျ... တကယ်တန်း တော့ ဗျာ.. စာဖတ်သူများ ဟာ အကင်းမပါးကြပါဘူး ..၊ ဘလော့ဂ် လောကကြီး အကျိုး အတွက် ဘယ်သူ က ဆောင်ရွက်နေလည်း ဆိုတာ လည်း မသိကြဘူး .... ကျနော် ဆိုရင် ဘလော့ လောကကြီး စည်ပင် သာယာရေးအတွက် ဘယ်လောက်များ ကြိုးစားခဲ့ ရသလည်း.. လမ်းတွေဖောက် ၊ တံတားတွေဆောက်...(ယောင်သွား လို့ပါဗျာ.. ခုလေးတင် သတင်းစာ ဖတ်ထားလို့ပါ) ဆိုတာ မသိချင် ယောင် ဆောင်နေ ကြ တာတော့ မကောင်းဘူးထင်တယ်ဗျ..။

ကဲ.. ထားလိုက်ပါတော့ဗျာ.. ရှုံးတာလည်းရှုံးပါပြီ.. ဒါပေမဲ့ ရှုံးတာကို ဝန်ခံရဲတဲ့ သတ္တိတော့ ရှိရမယ်ဗျ.. ၊ ကျနော်က ဝန်တော့ ခံချင်ပါတယ်.စိတ်ထဲတော့ သိတ်မပါဘူး..၊ ဒိုမိန်းကြီး နဲ့ ထိုင်းနိုင်ငံ စားရိတ်ငြိမ်း ဆိုတာကြီးက  ဝန်မခံရဲအောင်ကို ဖြစ်နေတယ်..၊ ကြီးလိုက်တဲ့ လောဘ.. ၊ မတော်တရား လုပ်ချင်တဲ့ လောဘ..  ဒီလောက် အများပြည်သူ ရှေ့မှာ..၊ ကမ္ဘာ အရပ်ရပ်က ဂုဏ်သိက္ခာရှိသော လူများရှေ့မှာ မဲပုံးကြီး ထောင်ပြီး ဒီလောက် မဲတွေပြတ်နေတာတောင် .. အရှုံးကို ဝန်မခံနိုင်အောင် ဖြစ်နေတယ်ဗျာ...၊ ဖြစ်နှိုင်ရင် အကယ်ဒမီ ဆုပေးပွဲ ကြီး နောက်တကြိမ်လုပ်ခိုင်းပြီး  မနိုင်မခြင်းပြိုင်ရ ကောင်းမလား လို့ပါ...အကြံဆိုးတွေ.. အကြံဆိုးတွေ .. ....။

ဒါပေမဲ့ ဒီတခါ ပြိုင်ပွဲ လုပ်ရင်တော့ ကျနော် မနှိင် နှိုင်တဲ့ လူတွေ မထည့်တော့ ဘူးဗျ.. ဥပမာ .. ဂုရုကြီးသမီး ဘလော့ဂ်တို့ မြစ်တို့၏ မာယာဘလော့ တို့ ကို မြစ်ကျိုးအင်း တို့ ဆိုရင် ကျနော် စာရင်း ကို အသွင်းမခံတော့ဘူး.. ကျနော့် ငယ်နိုင် တွေ ဖြစ်တဲ့ ကိုကြီးကျောက် တို့ ကိုမောင်တို့ ကိုမိုး တို့ ဆိုရင် လာခဲ့ လာခဲ့... သဘောထားကြီးကြီး နဲ့ ကျနော် ကိုယ်တိုင် မဲရုံကြီး ရှေ့မှာ မဲပုံးကြီး ဘေးထားပြီး ခန့်ခန့်ကြီး ကို ဓါတ်ပုံ အရိုက်ခံ အုန်းမှာဗျ..ကဲ ချစ်သော ဘလော့ဂ် ဂါ တို့ရေ  ဘယ်လိုလည်း ကျနော် မနိုင်မချင်း အကယ်ဒမီ ဆုကြီး အတွက် မဲပုံးထောင်ဘို့ ဘဘောတူကြတယ်နော် ....၊ ကဲ.... ကြာသလား လို့ ကျနော် ဆုရရင် မမေ့ပါဘူးဗျာ.. အတူတူ ဝေမျှ စားကြ တာပေါ့...။

ကဲ..ဒါကတော့  ကျနော် နဲ့ အတူ ပြိုင်ပွဲကို အသဲတထိပ်ထိပ် ရင်တဖိုဖို နဲ့ အရှုံး အနိုင်ကို ပဓါန မထားဘဲ.. ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြတဲ့. ချစ်သော အရှုံးသမား ဘလောဂ်ဂါများ ( မဲတမဲ တိုးသွားတိုင်း တိုးသွားတိုင်း...  တပက် တပက် တီးခဲ့ ကြတဲ့ ဘလော့ဂ်ဂါ အသောက်သမား များ  (ကိုမိုး.. ကိုနွေဆူး..ကိုဏီလင်းညို...)  တို့ကို မရည်ရွယ်ပါ... ) ကို.. အပြုံးလေး နဲ့ အရှုံးကို ယဉ်ဆိုင်ဘို့ စနောက် ပြီး ရေးခဲ့ တာပါ......။

တကယ်တန်းတော့ တသက်တခါ ဒီလိုလေး မဲပုံးထောင်ပြီး လူလိုသူလို အရွေးမခံရဘူး ဘူး ဆိုတော့ အခွင့် အရေး ရတုန်း ကျနော် ကိုယ် ကျနော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ လိုလို ဘာလိုလို နဲ့ အရှုံးကို ဝန်ခံတာလေး ဘာလေးနဲ့ လုပ်နေတာပါဗျာ... ။

ကျနော်သာ အရှုံးကို ဝန်မခံရင် ပထမ ရတဲ့ ဘလော့ဂါလေး ခမျာ တလည်လည် နဲ့ တရားဝင် အနိုင်မရမှာ ကို ကိုယ်ချင်းစာပြီး သနားလွန်းလို့ပါ  http://shwezinu.blogspot.com  လေး အရှုံးကို ဝန်ခံပါတယ်. ကျနော် ဟာဖြင့် စာဖတ်သူ ပရိသတ် ကြိုက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး.. ကျနော် တကယ် ရှုံးပါတယ် .. ပထမ ရတဲ့ ဘလော့လေး က တော်လွန်းပါတယ်.. ကျနော်က ရှော်လွန်းပါတယ်.. ကဲ ပထမ ရတဲ့ ဘလော့ဂ် လေး ခင်ဗျား.. ဆက်လက် ပြီးတော့ အစွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်နိုင် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် ။

နောက်ဆုံးအနေနဲ့ အခု မြန်မာဘလော့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတဲ့ သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ဆုရခဲ့ ကြတဲ့ ချစ်သော ဘလော့ဂါ များကို ဂုဏ်ပြုချီးကျူးရင်း ကျနော် ရွှေစင်ဦး အရှုံးကို ဝန်ခံပါတယ်... ဆိုတာကို စာဖတ်သူများအား အသိပေးပြောကြားပါတယ် ခင်ဗျား.....။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
ဆုကြည်ချင်လျှင်- http://www.mmblogpress.org/for-regt-to-vote-for-vote/
.
(Connection မကောင်းတဲ့ အတွက် ကျနော် အနိုင်ရ ဆုမဲများကို မတင်ပြနိုင်ပါဘူး ဆီပုံးထဲမှာ ကိုမိုးကြီး ပြောထားတဲ့ လင့် အတိုင်းသွားကြည့် ကြပါခင်ဗျာ.. ကျနော် ခေါင်းစဉ် အောက်က ဆိုရင် နှင်းနဲ့မာယာ..၊ နောက်... ကိုပီတာ..၊ ကိုမြစ်ကျိုး တို့ ပထမ ဆုရသွားပါတယ် ဗျား )
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 9, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၆)


အကောင်းဆုံး လူမှု့ဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု
  • မိုးချိုသင်း (http://moechothin.blogspot.com) (28%, 94 Votes)
  • နှင်းနဲ့ မာယာ (http://mysterysnow.blogspot.com) (24%, 82 Votes)
  • SHWE ZIN U (http://shwezinu.blogspot.com) (16%, 55 Votes)
အမယ်လေး ဗျာ အကယ်ဒမီ ဆုကြီး ရဘို့ နီးပါပြီဆိုမှ အနှောင့်အယှက် တွေကများပါ့. ကိုကြီးကျောက် ကြီး အောက်လမ်း နည်းတွေ သုံးပြီ ထင်တယ်..၊ ကိုယ့် နှမလေး အရွယ်ပါဗျာ.. အသက်ကြီး မှ မဲတွေ ဘာတွေ နိုင်ချင်မနေပါနဲ့..၊ ကျနော် လို ငယ်ရွယ်သော ဘလော့လောက အတွက် အကျိုးပြုလုပ်ငန်း တွေကို တက်တက်ကြွကြွ လုပ်ဆောင် နိုင်သော..၊ ဘလော့ဂါ များ ချစ်ခင်ကြသော.. (ကိုယ်ရည်သွေး တာလေးကလည်း များပါ့ဗျာ) ကိုယ့် နှမလေး အရွေးခံ ရမှာကို မနာလို မရှိပါနဲ့ဗျာ....။

ကဲ..ကိုကြီးကျောက်..အသာထားလို့...ပြောစရာလေးတွေ ပြောရအုန်းမယ်...အခု အချိန်မှာဆိုရင်.. ကျနော် ဟာ ဘလော့ဂ် အကယ်ဒမီ ဆုကြီး နဲ့ တဖြည်းဖြည်း နှီးကပ် လာပြီဆိုတော့ အင်း .. ငါ များ အနိုင်ရရင် ဘာဆုတွေများ ရမလည်း ဟဲ့ ဆိုပြီး မဟားဒယား ဆုပေးပွဲ ကို ပြေးကြည့် မိတယ်ဗျ... အမယ်လေး ဗျာ.. ဒိုမိန်းကြီး တဲ့ .၊ ဘာကြီးလည်း ဗျာ ကိုမိုးကြီးတော့ သိတန် ကောင်းရဲ့ ဟိုနေ့က ပို့စ် လေး ဖတ်မိတာတော့ ဘလော့ဂ် ကြီး ဘာလုပ်နည်း ဆိုလား ရေးထားတာ တွေ့ရဲ့ ဆိုပြီး... စဉ်းစားလိုက် တယ်ဗျ...။

ဒါပေမဲ့ ဗျာ..ကိုမိုးကြီး နဲ့ တွေ့ဘို့အချိန်ထိကို မစောင့်နိုင်ဘူး လောဘများ ပြောပါတယ်..... ဒါနဲ့... မနှစ်က ဆုပေးရေး အဖွဲ့ ကို ပြေးကြည့် မိတယ်ဗျ..၊ ဆုရွေးချယ်ရေး အဖွဲ့နားမှာ ကိုမြစ်ကျိုး ကြီး တောင် ဟိုမေး ဒီမေး လုပ်နေတာ တွေ့ခဲ့သေး..၊ ကိုမောင် လည်း တွေ့ခဲ့ ပါ့ဗျ...အပေါက်ဝ က မျှော်နေလေရဲ့.....။

ရှေ့ဆက်သွားတော့...ဆု ရထားတဲ့ ကိုမင်းဒင် တို့ နဲ့ တွေ့ဆုံခန်းကို ဖတ်မိတယ်..၊ ကိုမင်းဒင် က သူလည်း ဆုရတဲ့ အချိန်ထိ ကောင်းကောင်း မသိဘူး ဆိုတော့ တော်သေးရဲ့ပေါ့ အဖော်ရှိသေးရဲ့လို့..၊ မနိုင်းနိုင်းစနေ ကတော့ ဘလော့ စပေါ့ လိုမျိုး အလကား ရထားတာ နဲ့ အတူတူ ဆိုလား..၊ အင်း သူကတော့ လှူဘို့ တန်းဘို့ စာအုပ်တွေ ခဲတံတွေ ရရင် ပိုကောင်းမယ်တဲ့..၊ ကျနော် လည်း ရှေ့ ဆက် မဖတ်တော့ ဘူး ဒီလောက်ဆိုရင် ရပြီပေါ့..၊ ဒါဟာ .. တန်ဘိုး ရှိတာ တခုဘဲပေါ့...။

တန်ဘိုး ရှိတဲ့ ဆုကြီး အကြောင်းစဉ်းစားရင်း.... မအိပ်ခင်လေး စိတ်ကူးယဉ် မိတယ်..၊ ဒီဆုကြီး ကို ရရင်  ခွဲ ဝေ ရောင်းချမယ်ပေါ့.. ဟိုး ကျနော့် ဘလော့ဂ် ကို လာနေကြ .. ဂျပန်နိုင်ငံ က ဒေါ်ဝါးတား တို့ ရောင်းရရင် ဈေးကောင်း ပေးပါ့မလားပေါ့ ....၊ အင်း မိုမိဂျိလေး လည်း ချော့ မော့ ရောင်းအုန်းမှပေါ့...၊ စိတ်ကူးများ ပြောပါတယ်..၊ ခဏနေ တနှစ်ပြည့်သွားရင် မရတော့ ဘူး ဆိုတာကလည်း ပါရဲ့ ... ။

နောက်ဆုံးတော့.... ဆုရွေးချယ် ရေးအဖွဲ့ ကို အချိုသပ်ပြီး ကျနော် သေ မှ ပြန်အပ်ပါ့မယ်ဆိုပြီး .. မသိသလို.. မျက်နှာပြောင်တိုက် နေလိုက်ရင်ရော ဆိုပြီး.....အမျိုးမျိုး စိတ်ကူးနေတာ တခြားလူများ ကြားသွားရင် ရှက်စရာတောင်ကောင်းပါရဲ့...၊ ဒါပေမဲ့လည်း လေ..အရှက်ဆိုတာ အတက် လေးနဲ့လား လို့ မေးရအောင် ကို ဒီ ဘလော့ လေး ထောင်မိမှ ဘဲ အရှက်ကုန် သွားတာ ကြာပါပေါ့..ကဲ လုပ်စရာရှိတာလေး လုပ်မှပါ... ဘလော့လေး ရှေ့ထွက် ပြီး သိချင်သူ ကိုမျှော်မိပါတယ်..။

ဟိုးနားက ခပ်ရေးရေးလေးက သိချင်သူ များလား..၊ ဟုတ်ပါ့ဗျာ... ကိုယ်တော်က ဟိုငေး ဒီငေး နဲ့ ကျနော် ထွက်ကြို နေတာကိုများ မသိသလို လုပ်နေပြန်ပါရောလား...။

မြန်မြန်လေးဗျ...၊...ဒီမှာ မျှော်နေတာ အတော် တောင်ကြာနေပြီ...၊ နောက်ကြလိုက်တာဗျာ...၊ ကဲ ... စလိုက် ကြရအောင်..အင်တာဗျူးလေး...။

သိချင်သူ........အင်တာဗျူး လေး စ တာတော့ ဟုတ်ပါတယ်ဗျာ..၊ ဒေါ်ရွှေစင်ဦး မဲစာရင်းလေး များရော သွားကြည့် မိသေးလားဗျ...

ရွှေ...... ကြည့် ပါတယ်ဗျာ..  စက္ကန့် မလတ် အကဲခတ် လျှက်ပါ..

သိချင်သူ......ဒါဆိုရင် မဲ စာရင်း ကွာဟ မှု့ကိုလည်း သိမှာပေါ့နော်.....

ရွှေ....သိပါတယ်ဗျာ....ကျနော် ဟာ ပထမ နေရာနဲ့ တဝက် တိတိ မဲကွာ နေပါတယ်....

သိချင်သူ..... ဒါဆိုရင် တော့ ကျနော် လည်း သွားပရစေအုန်း ခင်ဗျား.. ပထမ နေရာကို ရောက်နေတဲ့ ဂုရုကြီး သမီး ဘလော့ နဲ့ တွေ့ဆုံခန်း လုပ်ရအုန်းမှာ ဖြစ်တဲ့အတွက် ...ခွင့်ပြုပါနော်...

ရွှေ........ ခဏလေး..ခဏလေး..... နေပါအုန်းဗျာ. မဲပေါင်းစည်း ရေး.... မဲပေါင်းစည်း ရေး...

သိချင်သူ... တော်ပါပြီ ဗျာ...ဘာ မဲပေါင်းစည်းရေး လည်း....အရှက်မရှိ.. ခင်ဗျား ရဲ့ စိတ်ကူးယဉ် အကယ်ဒမီ မဲပေးပွဲ ကြီး မှာ အနိုင်ရရှိရေး စီမံကိန်း ကြီးကို စွန့် လွှတ်လိုက်ပါတော့ ဗျာ...

ကမ္ဘာကြီးက ပြောင်းလဲ နေပြီဗျ... အားလုံးက စောင့်ကြည့် နေကြတယ်... ခင်ဗျား လိမ်ချင်သလို လိမ်..၊ လုပ်ချင်သလို လုပ်နေတဲ့ ခေတ်ကြီး ကုန်ဆုံးနေပြီဆိုတာ မသိတာတော့ အံသြလို့ မဆုံးဘူးဗျာ...ကဲ..ကဲ သနားသဖြင့် နှုတ်ဆက်ခဲ့မယ်..good bye

ရွှေ....... အမလေး..လေး.. မပေး..ပေး ..ပေး...ငါ့ အကယ်ဒမီ ဆုကြီးပေး...ငါ့ အကယ်ဒမီ ဆုကြီးပေး.. ပေး......ပေး.........

သိချင်သူ..... နိုင်ချင်ဇော နဲ့ ရူးသွားရှာပြီ...နဲ သေးတယ်..သေသွား အေးတာဘဲ.. ဒီလောက် ယုတ်ကန်း နေတာ...... ဂုရုကြီး သမီး ဘလော့ဂ် မဲနိုင်ရေး..ဒို့အရေး...ရေး...

ရွှေ..........ဟင်း...သာကူး.....(သတိတချက် ရ အလာတွင် ထအော်လိုက်ခြင်း)

ဖေဖော်ဝါရီ လ (၁၅) ရက် (မဲပိတ်ရက်)

ဘလော့ဂ် လောက ၏ နောက်ဆုံး စက်ရပ် သတင်း အဖြစ် ဘလော့ဂါ ဒေါ်ရွှေစင်ဦး သည် အကယ်ဒမီ ဆုကြီး ကို ရချင်ဇော နှင့် မသမာ မှု့ နည်းပေါင်းစုံ ကို သုံးခဲ့ သော်လည်း  ဂုရုကြီး သမီး ဘလော့ဂ် အား မည်ကဲ့ သို့မှ မနိုင် ပါသဖြင့်.. စိတ် ကယောက်ကယက် ဖြစ်သွား၍ တံတားလေး  စိတ်ကု ဆေးရုံ သို့ ပို့လိုက် ရပါကြောင်း... ဘလော့ဂ် ချစ်သူ အားလုံးအား အသိပေး ကြေညာအပ်ပါသည်...။

(..ကောင်းလေစွ...ကောင်းလေစွ...ကောင်းလေစွ....)

အားလုံးကိုကျေးဇူးတင်လျှက်

စာရေးသူ-ရွှေစင်ဦး (နောက်ဖြစ်-ရှေ့ဖြစ် ဟောသူ) 
(ကိုကြီးကျောက် (စုန်း၊ ကဝေ၊ သရဲ စပါယ်ရှယ်လစ်) ၏ နှမ )
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 7, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၅)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂ်ဆု
  • သံလုံငယ် (http://thanlonnge.info) (34%, 127 Votes)
  • ညီနေမင်း (http://www.nyinaymin.com) (31%, 119 Votes)
  • IT Reshare Site (http://sbsangpi.blogspot.com) (14%, 52 Votes)
အကောင်းဆုံး သာသနာတော်အကျိုး ပြု စာပေဘလော့ဂ်ဆု
  • သီတဂူစတား (http://www.sitagustar.net) (39%, 58 Votes)
  • အဖြူရောင်မတ္တာ (http://www.apymt.com) (18%, 26 Votes)
  • ထေရ၀ါဒ ဗုဓ္ဓသာသနာ ပြန့်ပွားရေး (http://www.theravadasarsanar.blogspot.com) (18%, 26 Votes)
အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေဘလော့ဂ်ဆု
  • စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (47%, 84 Votes)
  • အာဇာနည် (http://arzarni.blogspot.com) (14%, 25 Votes)
  • မျိုးချစ်မြန်မာ (http://myochitmyanmar.org) (12%, 22 Votes)
အကောင်းဆုံး လူမှု့အကျိုးပြု ပရဟိတအသင်းအဖွဲ့ဘလော့ဂ်ဆု
  • စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com) (68%, 91 Votes)
  • RAVEN Blood Donor Club (http://mm.ravenbdc.org) (11%, 15 Votes)
  • SAW (http://socialactionforwomen.blogspot.com) (10%, 13 Votes)
အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု
  • မန်မာစာပေမြန်မာစကား (http://myanmarsar.zaung.net) (37%, 77 Votes)
  • kiki-idiotlove (http://www.kiki-idiotlove.com) (27%, 55 Votes)
  • ဧရာဝတီစာကြည့်တိုက် (http://www.awdlibrary.co.cc) (18%, 37 Votes)
အကောင်းဆုံး လူမှု့ဘ၀သရုပ်ဖော်စာပေဘလော့ဂ်ဆု
  • နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (28%, 64 Votes)
  • မိုးချိုသင်း(http://moechothin.blogspot.com) (27%, 62 Votes)
  • SHWE ZIN U (http://shwezinu.blogspot.com) (14%, 33 Votes)
အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများနှင့် ရသကဗျာစာပေဘလော့ဂ်ဆု
  • မြစ်ကျိုးအင်း (http://page-28.blogspot.com) (32%, 95 Votes)
  • MYpoemBAG (http://mypoembag.mmgenius.com) (18%, 53 Votes)
  • ကိုရင်နော် ခင်လေးငယ် (http://koyinnawkhinlaynge.blogspot.com) (13%, 38 Votes)
အကောင်းဆုံးအစုအဖွဲ့ဘလော့ဂ်ဆု
  • ငပေါများဂေဟာ (http://www.crazyvilla.net) (34%, 60 Votes)
  • စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (21%, 38 Votes)
  • Public Health in Myanmar (http://health.ngoinmyanmar.org) (12%, 21 Votes) 
အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု
  • ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com) (37%, 73 Votes)
  • သက်တန့်ချို (http://thettantcho.blogspot.com) (34%, 67 Votes)
  • mysteries tour (http://www.myanmarreader.co.cc) (7%, 13 Votes)
အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု
  • မိုးအိမ့်ဖြူ (http://www.blog.moeeaintphyu.net) (29%, 64 Votes)
  • လင်းဦး​ (​စိတ်ပ​ညာ) (http://linoo.myanmarbloggers.org) (12%, 27 Votes)
  • တွေးမိတွေးရာ... ရေးမိရေးရာ... (http://maydar-wii.blogspot.com) (10%, 21 Votes)
သြ...အချိန်နှင့် တပြေးညီ မဲ ရလဒ် များကို ဖော်ပြလို့.. သူကိုသူများ အမေရိကန် ရွေးကောက်ပွဲ ဝင်တာကြနေတာဘဲ..

သိချင်သူ.....ကဲ ဘလော့ဂ်ဂါ ဒေါ်ရွှေစင်ဦး ခင်ဗျား ကျနော် တို့ အချိန်ရှိတုန်း မှာ နောက်ဆက်တွဲ အင်တာဗျူး လေးကို စလိုက်ကြရအောင် ခင်ဗျား
  
ရွှေ............ဟုတ်ကဲ့ ကျနော် ပြောဘို့ အဆင့်သင့်ပါဘဲ.. ဒီလို ပြောချင်လွန်းလို့ ညကထဲက မအိပ်ဘဲ စောင့် နေပါတယ်

သိချင်သူ......အခုဆိုရင် ဒေါ်ရွှေစင်ဦး ရဲ့ ဘလော့ဂ် ဟာ တတိယ နေရာကို ရောက်သွားပြီနော်..အဲဒီလို ရောက်အောင် အချိန်တို အတွင်းမှာ ဘယ်လို များ မဲတွေ ရအောင် လုပ်ခဲ့ ပါသလဲ ခင်ဗျား

ရွှေ............နောင်လာနောက်သား များ ကျနော် ကဲ့သို့ ကျင့်သုံးနိုင်အောင် ဆရာစားမချန် အားကျိုး မာန်တက် ကျနော်ရဲ့ မဲဆွယ်မှု့များကို ပြောပြပါမယ်

ကျနော်ဟာ ပထမဆုံး ကျနော့် ရဲ့ ဂျီတော့ခ် ကို ၂၄ နာရီ ဖွင့်ထားပါတယ်.. နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း များ online ကို မျက်စေ့လည် ပြီးများ ရောက်လာခဲ့ ရင် စက္ကန့် မဆိုင်း hi လုပ်လိုက် ပါတယ် ခင်ဗျား.. ပြီးတော့ သူတို့ ဘာပြောပြော ကျနော် စိတ်မဝင်စားပါဘူး.. အခွင့် သင့်တာနဲ့ ဟေ့ ငါ့ကို မဲပေးပြီး ပြီလား.. အရင် မေးပါတယ်..တချို့ ကတော့ ပေးပြီးပါပြီပေါ့.. တချို့ကလည်း ဘာမဲလည်းပေါ့ အေးအဲဒါဆိုရင် ငါ့ဘလော့ ကို အခုဖွင့်လိုက် ဆိုပြီး မဲပေးနည်း အမြန် သင်တန်း ဖွင့်ပြီး ရှင်းပြပြီး ပေးခိုင်းပါတယ်ခင်ဗျား..

သူတို့ တကယ်ပေး မပေးလည်း သိရအောင် ကျနော်ဟာ မဲ အရေအတွက် ကိုလည်း စောင့်ကြည့် နေပါတယ်..၊ သူတို့ ကိုလည်း ကြိုတင် သတိပေးထားပါတယ်၊ ငါ အခု မဲ တွေကို ကြည့်နေတယ် ၃၀ ရောက်နေတယ်.. နင် အခုပေးလိုက်ရင် ၃၁ ဖြစ်မှာပေါ့ဗျာ.. အမှန်ကတော့ သူတို့မညာ ရဲအောင် ချိန်းခြောက် တဲ့ သဘောပေါ့... သူတို့ ကလည်း ကြောက်ကြောက် နဲ့ ပေးရှာတယ်ခင်ဗျား.. မဲလည်း တခါထဲ တက်သွားရော သူတို့ကို လှည့် ကို မကြည့်တော့ဘူး အရေးလုပ်လည်း နှုတ်ဆက် မနေဘူး.. ကျနော်ဟာ နောက် တမဲ အတွက် ကြိုးစားရအုန်းမှာ ကိုးဗျား... ဒါကတော့ ချိန်းခြောက်၊ အနိုင်ကျင့် ပြီး မဲ ရယူတဲ့ နည်းပေါ့ 

နောက်တခါ မလှိမ့်တပတ်လုပ်တဲ့ နည်း၊ လှည့်ဖျား တဲ့ နည်းကိုလည်း သုံးပါသေးတယ်.. ဥပမာ

ကျနော် မှာ စင်ကာပူမှာ ရောက်နေတဲ့ ငယ်သူငယ်ချင်း အင်ဂျင်နီယာ တယောက်ရှိပါတယ်..၊ သူ ဟာ အင်မတန် တိကျဖြောင့်မတ်တဲ့ သူငယ်ချင်းပါ.. သူ ကို ကျနော် မဲပေးခိုင်းတော့ သူက မပေးသေးဘဲ နဲ့ သေချာ ကြည့်သေးတယ်ဗျ..... ခင်ဗျား နဲ့ အတူ ပြိုင်မဲ့ ထဲက ကိုကြီးကျောက် ရဲ့ ဘလော့ဂ် ကိုလည်း ကျနော် ကြိုက်တယ်ဗျ တဲ့.. ကျနော် က အင်း သူ့ကိုတော့ ငါ ခြိမ်းခြောက် လို့ မရလောက်ဘူး ငါ့ ရဲ့ မလှိမ့် တပတ် လုပ်တဲ့ နည်းကိုဘဲ သုံးရတော့မှာ ဘဲ ဆိုပြီး .. နင်ကြိုက်ရင် နောက်တခါ ကိုကြီးကျောက် ကို ပေးပေါ့ အခုတော့ ငါ့ ကို အရင် ပေးလိုက်နော် ဆိုပြီး ပေးခိုင်းလိုက်တယ်..  သူ့စီက မဲလည်း ရရော.. ကျနော် ဟာ သူစီက ကိုကြီးကျောက် ကိုရော ဘယ်လိုပေးရမလည်း ဆိုတော့ အေး နောက်နှစ်မှသာ ပေးလိုက်တော့ ဆိုပြီး ကိုကြီးကျောက် ရဲ့ မဲတမဲ ကိုလည်း အဲဒီလို လှည့်ဖျား ယူခဲ့သေးတယ် ခင်ဗျ....

သိချင်သူ......သြ တော်လိုက်တာနော်

ရွှေ.........ဒါထက့်ပိုတော်တာ တွေ တွေ့ရအုန်းမယ်ခင်ဗျား

သိချင်သူ......ဆက်ပြောပါခင်ဗျား
ရွှေ..........ကျနော် ဟာ ပြိုင်ဘက်ကို အဆက်မပြတ် လေ့လာ နေရမယ် ဆိုတဲ့မူအတိုင်း ကျနော် ရဲ့ ပြိုင်ဘက် တွေဆီကို သွားရောက် လေ့လာခဲ့ ပါတယ်.. 

သိချင်သူ...... ဘယ်သူတွေစီလည်း ခင်ဗျား..ကိုမောင် လား ကိုကြီးကျောက် လား 

ရွှေ....... အဟင်း..ဟင်း.. ကျနော်က သူတို့ကို အခုဆိုရင် ပြိုင်ဘက်လို့ ကို သဘောမထား တော့ပါဘူး ခင်ဗျား.. တန်းမတူ ပါဘူး.. 

သိချင်သူ......မသိလို့ပါခင်ဗျား...ဆက်ပြောပါ..

ရွှေ........ကျနော့် အထက်က ဘယ်သူတွေရှိလဲ.. ပထမ နေရာက မြစ်တို့ ၏ မာယာ

သိချင်သူ... မှားနေပြီ ထင်တယ်.. နှင်းနဲ့ မာယာ.. နှင်းနဲ့ မာယာ.......၊ နှင်းနဲ့ မာယာကို အဲဒီလို့ လေ့လာ လိုက်တော့ ဘာဖြစ်လည်း ခင်ဗျ.. 

ရွှေ..... ပြောစရာ အပြစ်မရှိပါဘူး၊ အရေးအသား လေးကလည်း ကောင်း အတွေးအခေါ် လေးကလည်း အဆင့် အတန်းမြင့် ကောင်းတယ် ခင်ဗျ.. ဒါပေမဲ့ ကျနော် ဟာ အပြစ် ရှာ စရာ မရှိတော့ သူ ဘယ်တုန်း ကများ ဒီဘလော့လေး ကို စရေးတာလည်း ပေါ့ ဗျာ..လေ့လာတယ် ခင်ဗျ..

သိချင်သူ... ဘာဖြစ်လို့လည်းဗျ

ရွှေ........ အမှန်တော့ဗျ..အကယ်ဒမီဆုကြီး ရဲ့စည်းမျဉ်းစည်းကမ်းထဲမှာ တလ ကို တခါ ကိုယ်ပိုင် ပို့စ် တင်ရမယ်..ဆိုတဲ့ စည်းကမ်း ပါတယ်ဗျ.. ကျနော် ဟာ အဲဒီ စည်းကမ်း နဲ့ မညီရင် ချက်ခြင်း အကြောင်း ကြားပြီး ပြိုင်ပွဲ က နေပယ်ဘို့ အကြံဆိုး ထုတ်တာပါခင်ဗျ...

သိချင်သူ.... တော်လိုက်တာဗျာ..

ရွှေ... ကျနော့် ရဲ့ အပေါ်က ရောက်နေတဲ့ ဂုရုကြီး ရဲ့သမီး ဘလော့ ကိုလည်း ရောက်သေးတယ် ခင်ဗျ.. သူ့ အရေးအသား လေး ကလည်း ဂုရုကြီး နည်းတူပါဘဲ ကောင်းလိုက်တာ...

သိချင်သူ.... ဒါဆိုရင်တော့ ဂုရုကြီး သမီးနဲ့ ဒီဆုကြီးနဲ့ တော့ ထိုက်တန်တယ်ပေါ့နော်

ရွှေ..... အမယ်လေး..လေး.. ဘယ်လိုများ ပြောလိုက်တာလည်းဗျာ....ဒီဆုကြီးက ဘယ်သူနဲ့ မှ မထိုက်တန် ဘူးဗျ..ကျနော် နဲ့ မှ ထိုက်တန်တာ.. ကျနော် သာလျှင် ဘလော့ စာချစ်သူများ အတွက် အပင်ပန်းခံပြီး  ဘလော့ဂ် လောကကြီး သာယာ ဖွင့်ဖြိုး ဘို့ စည်ပင်သာယာ ဘို့ ကိုယ်ကျိုးမဖက် ဘလော့ဂ်ချစ် စိတ် အပြည့်အဝနဲ့လုပ်ခဲ့တာ ဆိုတော့ ကျနော် သာလျှင် ဒီ ဆုကြီးနဲ့ အထိုက်တန်ဆုံးပါ..

သိချင်သူ..... ဒါပေမဲ့စိတ်တော့ မဆိုးနဲ့နော်.. မဲတွေက တအားပြတ်နေတော့ ပထမ နေရာကို ရောက်ပြီး နိုင် ဘို့ လွယ်ပါအုန်း မလားခင်ဗျ....

ရွှေ......အဲဒီအတွက်တော့ မပူပါနဲ့ခင်ဗျ.. ကျနော့် မှာ အစီအစဉ် ရှိပြီး သားပါ..

သိချင်သူ....... ကျနော့် ကို ပြောပြနိုင်ပါသလားဗျာ

ရွှေ....... ဘာလို့ မပြောနိုင်ရမလည်း ခင်ဗျာ.. ကျနော် ကြောက်ရမဲ့သူ ဘလော့ဂ် လောကမှာ တယောက်မှ မရှိပါဘူး...ကျနော် ပြောပြပါမယ်...

နောက်ဆုံး အချိန်ကြရင် ကျနော် ဟာ မဲပေါင်းစည်းရေးလုပ်မှာ ခင်ဗျား...  ဘယ်အမှတ်စဉ် မှာဘဲ ကျနော် ရောက်နေနေ......သူများ မဲ ပုံး တွေထဲက မဲတွေ ကို ကျနော့် မဲ တွေထဲ ပေါင်းထည့် တဲ့ မဲပေါင်းစည်း ရေး ခင်ဗျ.... မဲပေါင်းစည်းရေး.......

သိချင်သူ..... တော်လိုက်တာဗျာ...မဲပေါင်းစည်းရေး....မဲပေါင်းစည်းရေး
                    ထိုက်တန် ပါပေတယ်....မြန်မာဘလော့ အကယ်ဒမီ ဆုကြီး နဲ့ ထိုက်တန်ပါပေတယ်..

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
(အကြိမ် တစ်သောင်း နှင့် နှစ်ကြိမ် မြောက် မဲဆွယ်ခြင်း)
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 5, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၄)


နောက်ဆုံးရ  မြန်မာဘလော့ အကယ်ဒမီဆုကြီး သတင်း

ကဲဘလော့ ချစ်မိတ်ဆွေများ ခင်ဗျား ကျနော်ဟာ မြန်မာ ဘလော့ အကယ်ဒမီဆုကြီး ကို မဲဆန္ဒ ၁၀၀% အပြည့် ရပြီး နိုင်ချင်ဇောနဲ့  မဲအနိုင် ရရှိရေး ကော်မတီ အဖွဲ့တဖွဲ့ ဖွဲ့ပြီး တညလုံး မအိပ် မစား မသောက် မပေါက် ဘဲနဲ့  အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ် ခင်ဗျား..။

အစည်းအဝေး ဆုံးဖြတ်ချက် အရ ပထမဆုံး ကျနော့် ရဲ့ မဲဆန္ဒ ရှင်များ နဲ့ ကလေး ရော ခွေးပါ မကျန် ပါးစပ် ထဲမှာ စွဲပြီး ညတရေးနိုး ရင်တောင် ထရွတ်ရမဲ့ ကြွေးကြော်သံ ၃ ရပ်ကို ကန့်ကွက်မဲ မရှိ ထောက်ခံမဲ အပြည့်နဲ့ သဘော တူညီမှု့ ရရှိသွားပါပြီခင်ဗျား..။

ကဲ ပထမ ဆုံး အနေနဲ့ ကျနော့် ရဲ့ ကြွေးကြော် သံများကို ကျနော့် ဘလော့ ကို မဖတ်ရမနေနိုင်သူများ အား လိုက်လံ ကြွေးကြော် ကြရန် နှိုးဆော် တိုက်တွန်းလိုက်ပါသည်..။

ကြွေးကြော် သံများ 
(သုံးကြိမ်တိတိရွတ်ရန်)

၁။ မြန်မာစာပေ ချစ်သူတိုင်း ရွှေစင်ဦး ကို မဲပေးကြ
၂။ မဲမပေးသူ ရွှေစင်ဦး ရန်သူ
၃။ ရွှေစင်ဦး မဲနိုင်ဖို့အရေး   (တို့အရေး ) သုံးကြိမ်

နောက်ဆုံးရ သတင်း

ဘလော့ဂါချုပ်ကြီး ရွှေစင်ဦးက မဲပေးပွဲတွင် အကြပ်ကိုင် ခြိမ်းခြောက်ခြင်း 
စာဖတ် ပရိတ် သတ်ကြီးများ ခင်ဗျား 

အကယ်၍ ကျနော်၏ ကြွေးကြော် သံများအား ရွတ်ဆိုရန် ငြင်းပယ်ခဲ့သော် ၃ ရက်တိတိ စာအသစ် မတင်သော နည်း ဖြင့် ဒဏ်ခတ် အပြစ်ပေးမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်

ကျနော် ဟာ မဲ အနိုင်ရရှိရေးအတွက် ၂၄ နာရီ လုံးလုံး အဆက်မပြတ် ဒရစပ် လုပ်ကိုင်ခဲ့ ပါတယ် ခင်ဗျား..
ကဲ.....အခုဆိုရင် လွန်ခဲ့တဲ့ ၂ရက် က ကျနော် နဲ့ မဲတူနေတဲ့ ကိုကြီးကျောက် ထက် ကျနော်ဟာ (၅) မဲတိတိ သာသွားပါပြီဆိုတဲ့ သတင်းကောင်း ပြောချင်ပါတယ်..

နောက်ပြီး ကျနော့်ထက် မဲ အပြတ်အသတ် သာနေတဲ့ ကိုမောင် နဲ့ လည်း သူ အပေါ်ရောက်လိုက် ကိုယ် အောက်ရောက်လိုက် တလှည့်စီ ဖြစ်နေပါပြီ ခင်ဗျား.. (အထင် မလွဲလိုက်ပါနဲ့  ခင်ဗျာ မဲ နေရာကို ပြောတာ ပါနော် ) (အင်း တော်တော် တော် တဲ့ ငါ ပါလား)...

ဒါကတော့ ကျနော် ပိုက်ဆံပေး ခေါ်ထားတဲ့ ဘလော့ဂါလစ် နဲ့ အထူး အင်တာဗျူးခင်ဗျား...

ဘလော့ဂါ ဒေါ်ရွှေစင်ဦး ခင်ဗျား ကျနော် သိချင်သူပါ ဒေါ်ရွှေစင်ဦး ရဲ့ ရည်ရွယ်ချက်က ဒီ ဘလော့ အကယ်ဒမီ ဆုပေးပွဲကြီးမှာ ၁၀၀ % အပြည့် နဲ့ မဲ အနိုင်ရဘို့လို့ သိရပါတယ်.. မဲတွေကလည်း အံသြ လောက် အောင် တက်လာတယ် ခင်ဗျား.. အဲဒီလို မဲတွေရအောင် ဘယ်လိုများ လုပ်ခဲ့ သလည်း ဆိုတာ သိချင်ပါတယ်...ကဲ ကျနော် စ မေးမယ်နော် မလိမ်မညာ မရှက်မကြောက် ဘဲ ရဲရဲ ဖြေပါ ခင်ဗျား..

သိချင်သူ.....ဘာတွေများ လုပ်ခဲ့ လို့ ဒီလောက် မဲတွေတက်လာတာလည်းဗျာ..သိချင်လိုက်တာ..

ရွှေ.........ကျနော်နဲ့ ပြိုင်ဘက်တွေဖြစ်တဲ့  ကိုကြီးကျောက် တို့ ကိုမောင် တို့ကို သွားမပြောရင် တော့ ပြောပါ မယ် ခင်ဗျား....

သိချင်သူ....စိတ်ချ ကျနော် မပြောပါဘူး

ရွှေ.. ပထမဆုံး ကျနော် နဲ့ ချစ်ညီမ ဟာ သိသမျှ ဘလော့တွေ အားလုံးကို သွားရောက်လည်ပတ်ပြီး ကျနော့် ကို မဲပေးဘို့ တိုက်တွန်း နှိုးဆော်ခဲ့ ပါတယ်ခင်ဗျား...

မဲလေး တမဲ ကိုင်ပြီး ဟိုလိုလို ဒီလိုလို လုပ်နေတဲ့..ကိုဏီလင်းညို တို့ ကိုမိုးခါး တို့ လို လူမျိုး တွေကိုလည်း သူတို့ အကြိုက်လေး တွေ ပေးပြီး မဲဆွယ် ခဲ့ပါတယ်ခင်ဗျား..(သိချင်သူများ တိုက်ရိုက် ဆက်သွယ်မေးမြန်း နိုင်ပါတယ်)

ဒုတိယ အနေနဲ့ ကျနော် နဲ့ အတူ ပြိုင်ပွဲဝင်ကြတဲ့ ဘလော့ မောင်နှမ တွေအိမ် ကိုသွားပြီး  တဘလော့ဂ်ဆင်း တဘလော့ဂ်တက် မဲဆွယ်ခဲ့ ပါတယ်ခင်ဗျား...

ဥပမာ 
အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများ နှင့် ရသစာပေ ဘလော့ဂ်ဆု ထဲက

အုပ်စုတူ ဖြစ်နေတဲ့ ကိုမြစ်ကျိုး ၊ ကိုမိုး၊ ကိုနွေဆူး တို့ အားလုံး ကို ကျနော် ခင်ဗျား တို့အတွက် မဲပေးခဲ့ ပါတယ်..ကျနော့် ကိုလည်း ပေးကြပါဆိုပြီး တလေသံ ထဲ ပြောခဲ့တယ် ခင်ဗျ..သူတို့က ပြိုင်ပွဲ ဝင်တဲ့ သူ အခြင်းခြင်း ဆိုတော့ ငါတို့ အတွက်တောင် သူပေးရင် သူအတွက် လည်း ငါတို့ ပေးရမယ် ဆိုပြီး ပေးကြ တယ်ခင်ဗျား...။

အထူးသဖြင့် ကိုမိုးတို့ ကိုနွေဆူး တို့ဟာ ပွဲသိပ်ကြပ်နေတဲ့ အတွက် အတော် စိတ်ညစ်နေကြတာ ဆိုတော့ တမဲ ရ နဲလား ဆိုပြီး မစဉ်းစား မစဉ်ချင် ဘဲ ပေးကြတယ် ခင်ဗျား..

ကိုမြစ်ကျိုးကတော့ ထိပ်ဆုံးက ကျနော် ဆိုတော့ မဲမဆွယ်ဘဲ တိတ်တိတ်ပုန်း  ကြက်တိုက် နေတယ်ခင်ဗျား.. 
ဒါပေမဲ့ ကျနော့် ရဲ့ မဲဆွယ် မှု့ကိုတော့ မခံနိုင်ရှာ ပါဘူး..

ကိုမြစ်ကျိုး ရေ ကျနော့် သမီးတွေက ချောတယ်နော်..လို့ ပြောလိုက်တာနဲ့ တခါထဲ တမဲ ရလာတယ် ခင်ဗျား..


နောက်ပြီး
အကောင်းဆုံး ဘာသာပြန် ရသစာပေဆုမှာ 

ထိပ်ဆုံး ကနေ သူလိုလို ကိုယ်လိုလို နဲ့ ပထမ နေရာကို သူရောက်လိုက် ကိုယ်ရောက်လိုက် နဲ့ အပြိုင်ဖြစ် နေကြတဲ့ ကိုသက်တန့် ကိုလည်း ကိုသက်တန့် ရေ ဘယ်သူမှ မပြောနဲ့ နော် သူငယ်ချင်း အတွက် ကိုယ် မဲပေးခဲ့ ပြီ ဆိုပြီး တမဲ ရနဲလား ဆိုပြီး ဆွယ်ခဲ့ ရသေးတယ်ခင်ဗျား...

အဲ..နောက်ဆုံးကျန်တာက ကျွန်တော့် သမီးတွေဗျ.. သူတို့လေးတွေကတော့ ကျနော့် လက်ခုပ် ထဲက ရေဆိုတော့ ကျနော့် မပြောခင်ကထဲက ဒို့ဆရာမကို မဲပေးမယ်..ဒို့ဆရာမ ဘလော့ ကို လာလည် တဲ့ သူမဲပေးမယ် ဆိုပြီး တတွတ်တွတ် ရွတ်နေကြတယ်ခင်ဗျား..

ဒါကို သိရဲ့သားနဲ့ ပိုသေချာအောင် ငါ့သမီး တွေကို လကုန်ရင် လခ တိုးပေးမယ်..ဆရာမကို မဲပေးကြနော် ဆိုပြီး စိတ်ချရအောင် မဲဆွယ်သေးတာ ခင်ဗျား...ကဲ..တိုးပေးမဲ့ လခက (ပြား ၂၀၀၀၀) တိတိ ဆိုတာကို တော့ ခင်ဗျားတို့ကို ခင်လွန်းလို့ တိုးတိုး ပြောခဲ့မယ် နော် သမီးတွေတော့ မသိပါစေနဲ့...

အဲ နောက်ဆုံး တခုကတော့ လာဘ်ထိုးတာ ခင်ဗျား ဥပမာ.. မနေ့ကဆိုရင် လိုင်း တွေပြင်နေတော့ စာတွေ ဘယ်လိုမှ တင်လို့ မရဘူး အဲဒါ  ညီမ မိုမိဂျိ ကို g-talk ထဲကနေ ကြိုတင်ပြီး ပို့ပေးလိုက်တယ်ခင်ဗျား..

နောက်တခါ ညီမ အင်ကြင်း ကိုလည်း ဇီးထုတ် တွေ စားချင်သလောက် ကြွေးပါမယ် ဆိုပြီး သွားပြော ရတယ် ဗျ..

သူငယ်ချင်း ချစ်ကြည်အေး ကို လည်း ထမီ တက်ဂ် ပို့စ် တင် မက ပါဘူး ချစ်ချစ်ကြီးရဲ့ ပုဆိုး တက်ဂ် ပိုစ့်ပါ ရေးပေး ပါမယ်ပေါ့...

ညီမ မမေဓါဝီ ကိုလည်း မဲ သာပေးပါ ဖတ်ချင်တာ တင်ပေးပါမယ်ဆိုပြီး ပြောခဲ့တယ်ခင်ဗျား...

သိချင်သူ...ထူးချွန်ပါပေတယ် ခင်ဗျား..မြန်မာ ဘလော့ဂ် အကယ်ဒမီဆုကြီး နဲ့ ထိုက်တန်လှပါပေတယ်...

ဒါက အရေးပေါ် ပထမ အင်တာဗျူးပါ..အခွင့် သင့်ရင် ဆက်လက်ဖော်ပြပေးပါမယ်...

လုပ်သင့် လုပ်ထိုက်တဲ့ အရာ ဘာများကျန် ခဲ့ ပါသေးလည်း .....

နောက်ဆုံး တော့ ကျွန်ုပ် ၏ ဘလော့ အား စာလာဖတ်ကြသော စာချစ်သူများ အား အထူး သတိပေး ရုံဘဲ ကျန်ပါတော့တယ်ခင်ဗျား...

ကိုယ်ဖိ ရင်ဖိ အသက်သေသေ အရိုးကြေကြေ မဲဆွယ် နေတဲ့ ကြားက ကျနော် များ မဲ ရှုံးခဲ့ ရင် ကျနော် ဘလော့ ပေါ် မှ စာများ အား အသင်တို့ မြင်ရတော့ မည်မဟုတ်..

ကျွနှ်ပ် သည် သင်တို့ အား စာဖြတ် သောနည်း ဖြင့် ဒဏ်ခတ် အပြစ်ပေးမည် ဖြစ်ပါသည်.....

စာမပြတ်ချင်ရင်တော့ အခုချက်ခြင်း မဲတမဲလောက် သနားပါခင်ဗျား .....
(ခြောက်လိုက်. ချော့လိုက် ဆိုတာ ဒါမျိုးနေမှာ အရှက်ကိုမရှိဘူး)

ကဲ SDL လေး နဲ့ ဒေါ်ဝါးတား တို့ လည်း ကြားတယ်နော်....

ကဲ ပရိတ်သတ်ကြီးရေ ကြွေးကြော် သံလေးနဲ့ ပိတ်လိုက်ကြရအောင်
(သုံးကြိမ်တိတိ ရွတ်ရန်)

၁။ မြန်မာစာပေ ချစ်သူတိုင်း ရွှေစင်ဦး ကို မဲပေးကြ
၂။ မဲမပေးသူ ရွှေစင်ဦး ရန်သူ
၃။ ရွှေစင်ဦး မဲနိုင်ဖို့အရေး   (တို့အရေး ) သုံးကြိမ်

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး 
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
(အကြိမ် တစ်သောင်း နှင့် တကြိမ် မြောက် မဲဆွယ်ခြင်း)
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 3, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃)

အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေဘလော့ဆု

    *မိုးချိုသင်း (http://moechothin.blogspot.com) (27%, 22 Votes)
    *နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (23%, 19 Votes)
    * မောင်မောင်၏ဘလော့ (http://maungmaungmfs.blogspot.com) (14%, 11 Votes)
    *ဖိုးစိန်(http://phoesein.blogspot.com) (14%, 11 Votes)
    * သက်ပိုင်သူ (http://www.thetpaingthu.com) (10%, 8 Votes)
    * For those who love reading (http://lettwebaw.mylovecafe.com) (9%, 7 Votes)
    * ရွှေရတုမှတ်တမ်း (http://penai22.blogspot.com) (5%, 4 Votes)
    * my NOTEBOOK (http://pan-nwe.blogspot.com) (5%, 4 Votes)
    * SHWE ZIN U (http://shwezinu.blogspot.com) (5%, 4 Votes)
    * လောရှည်ကတဲ့ပွဲ (http://opera.lawshay.com) (5%, 4 Votes)
    * လေနုအေး (http://laynuaye.blogspot.com) (2%, 2 Votes)
    * TTSweet (http://auntysweet.blogspot.com) (2%, 2 Votes)
    * သက်ဝေ (http://thet-wai-blog.blogspot.com) (-21%, 2 Votes)


အင်း....... မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃) ကို ရေးရအုန်းမယ်ဗျ..၊ ကျနော်က ဒီဆုကြီး နဲ့ ဘယ်လို မှ မသက်ဆိုင်တဲ့အတွက် နှမလက်လျှော့ နေလေတော့လုပ်ထားတာ ကြာပါပြီဗျာ..၊ နောက်ပြီး ကျနော့် သဘောထား ကိုလည်း ကျနော့် ရဲ့ Myanmar Blogs  Label ထဲမှာ အကယ်ဒမီဆု (၁) ၊ (၂) ဆိုပြီး  ရေးထား ပြီးသားပါဗျာ..၊ စာရေးချင် လို့ ဘလော့ လေးတခုထောင်ပြီး စာရေးနေပါတယ်..စာဖတ်စေချင်လို့ စာကောင်းလေးတွေ တင်ထားပါတယ်..၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး.၊ အဲဒီ မြန်မာ ဘလော့ အကယ်ဒမီ  ဆုကြီး အကြောင်းကိုလည်း မနော်မြေ ဘလော့ ကို အလည်ရောက် သွားမှ ဖတ်မိ လို့ စာရေး ချင် စိတ် ပေါ်လာတာနဲ့ ရေးမိတာပါ....။

ကျနော့် သဘောနဲ့ ကျနော် ဘယ်တော့မှ စာရင်းပေးပြီး ပြိုင်မှာ မဟုတ်ပါဘူး....ပြိုင်ဘို့ အဆင့်လည်း မရှိပါဘူး..၊ နောက်တချက်က ကိုယ်ဘာသာကိုယ် စာရင်းသွင်းပြီး ပြိုင်ရတဲ့ မူကို မကြိုက်ပါဘူး..၊ အပိုင်း (၂) ထဲမှာ အတိအလင်း ရေးပြီးသားပါ..၊ မဖတ်ရသေးသူများ ပြန်လည် ဖတ်ကြည့်နိုင်ပါတယ်..။

ဒီနေ့ ကျနော် လိုင်းလေး နဲနဲ ကောင်းတာနဲ့ g-talk ထဲဝင်လိုက်ပါတယ်..၊ ချစ်မိတ်ဆွေ ဘလော့ဂါ တဦး နဲ့ တွေ့လို့ ကျနော့် နံမည် ကို မဲပေးလိုက်ကြောင်းပြောလာပါတယ်..၊ အဲဒီကြမှ ကျနော့် ဘလော့ နံမည်ဟာ ပြိုင်ပွဲ စာရင်းထဲမှာ ပါနေကြောင်း သိရပါတယ်..၊ ကျနော်လည်း ရှက်ရှက် နဲ့ ကျနော် စာရင်းမသွင်း ထားဘူး ဘယ်လို ရောက်နေလည်း မသိဘူးဆိုပြီး ရှက်စိတ်က ငယ်ထိပ် ရောက်သွားပါတယ်ဗျာ...၊ အဲဒါနဲ့ အမြန် သွားကြည့်တော့မှ ကျနော့် ဘလော့ နံမည် ဟာ အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေ ဘလော့ဆု   မှာ ထင်းထင်းကြီး တွေ့လိုက်ရပါတယ်ဗျာ..ရှက်ရှက်နဲ့ ငါ ဘဲဥ မှ ကွဲရဲ့လား ဆိုပြီး မရဲတရဲ နဲ့ view results မှာ ကြည့်လိုက်တော့ အ..ဟဲ..ဟဲ..  ၄ မဲ ဗျ.. ကောင်းလိုက်တာ ..၊ ဘဲဥတော့ ကွဲသွားပြီ ဆိုပြီး ပထမဆုံး စဉ်းစားလိုက်တယ်..။

ဒုတိယ က တရားခံရှာ ရတယ်ဗျ..အိမ်မှာ အနီးကပ်ဆုံးနေတဲ့ ချစ်ညီမ ကို ရန်လုပ်ပြီး မင်းများ စာရင်း ပေးလိုက်တာလား ဆိုပြီး ချောက်တခါ..ချော့တခါ လုပ်ရပြန်တယ်..၊ သူကလည်း မပေးပါဘူးဗျာ.. ကျုပ်တို့ ရွာသူ တွေ ဘယ်နားသွား ဘာလုပ်ရမှန်းတောင် သိတာ မဟုတ်ပါဘူး.. ဆိုပြီးပြောလိုက်မှ ယုံလိုက်ရတယ်..၊ နောက်တခါ ချစ်မောင်လေး ဗျ..၊ သူကလည်း ကျနော့် ဘလော့ ဖတ်နေကြဆိုတော့ သူများ စာရင်း သွင်းလိုက်လား ဆိုပြီး အိပ်ကောင်းခြင်း မအိပ် ရအောင် ခုလေးတင် ဖုန်းဆက် မေးလိုက်တယ်..၊ သူကလည်း မဟုတ်ပါဘူး တဲ့ဗျာ..၊ အဲဒီတော့ တရားခံ ချစ်ချစ်ကြီး ပေါ့ ..၊ အလကားစတာပါဗျာ..အခုမှ ကြုံလို့ ကြွား လိုက်ပါအုန်းမယ်.. ချစ်ချစ်ကြီးက ကျနော့် ဘလော့ကို မဖတ်ပါဘူး..၊ ကျနော်က သူကြိုက်မယ် ထင်တဲ့ ဟာလေးတွေ print ထုတ်ပေးမှ ဖတ်ပါတယ်..။

အဲဒီတော့ တယောက် ယောက် တော့ တယောက်ယောက်ပေါ့ ဗျာ.. ကျနော့် ကို ချစ်ခင်တာလား ဂျောက်ပေါက် ချတာလားတော့ မသိတော့ပါဘူး.. ချစ်ခင် တာဖြစ်ဘို့များပါတယ်..ဆု စာရင်းထဲ ထည့်ထား တာဆိုတော့ သူ့စိတ်ထဲမှာ ကျနော့် ဘလော့ ဟာ ဆု နဲ့ ထိုက်တန် တယ် ထင်လို့ နေမှာပေါ့ ဗျာ..၊ အစကတော့ ကျနော် ဆုရွေးချယ် ရေးအဖွဲ့ကို အကြောင်းကြားပြီး ဘလော့ နံမည် ဖျက်ခိုင်းမလို့ပါ အခုတော့ သဘောထားပြောင်းသွားပါပြီ..ကျနော့် ကို ချစ်ခင်လို့ ပေးထားတဲ့ မဲ လေး မဲ ကို အားနာတဲ့ အတွက် ကြောင့် ၎င်း ..၊ ဘဲဥ ကွဲ သွားပြီ ဖြစ်တဲ့ အတွက် ကြောင့်၎င်း..၊ နောက်ပြီး ဆုရွေးချယ် တဲ့ အဖွဲ့ကို အားနာ၍ ၎င်း.. ကျနော် စာရင်း မဖျက်ခိုင်းတော့ပါဘူး....၊ ကျနော် စာရင်း ပေးတာတော့  လုံးဝ မဟုတ် ပါဘူးနော်...  ဘုရားစူး..မိုးကြိုးပွတ် ...။

ကဲ..တရားခံ မမ လား ကိုကို လား မသိတော့ရေ......စာရင်းသွင်းပြီး မဲနိုင်အောင် ကွင်းဆင်း လှုတ်ရှား ပါလေတော့ .....၂၀၁၀ ဖေဖော်ဝါရီ ၁၅ ရက် မဲပိတ်ချိန်က နီးပါပြီ..စတင်ပြီးတော့ လူထု ထဲ ကွင်းဆင်း အဲ.. ယောင် လို့... ဘလော့ ထဲ ဆင်းပြီး... မဲ ဆွယ်ကြပါကုန်လော...လာဘ် ထိုး သင့် သည် များကို (ကျနော် ဟာတွေ မဟုတ်) သင်တို့ ဟာတွေ နဲ့ လာဘ် ထိုး ၊ ချိန်းခြောက် သင့်တာ ချိန်းခြောက်..၊ အနိုင်ကျင့် သင့်တာကျင့်....ပြီး အနိုင် ရအောင် လုပ်ပါတော့ဗျား..စာရင်းပေးသူမှာ တာဝန်အပြည့်ရှိပါသည် ခင်ဗျာ..။

အဲ..အဲ..ကိုကြီးကျောက်ကြီး နဲ့ မဲ တူနေတဲ့ အတွက် ကိုကြီးကျောက် ရဲ့ အောက်လမ်း ပညာများ၊ သရဲ..သစ္ဆေ..မှင်စာ..ဖုတ်ကောင် များကိုလည်း သတိထား ရှောင်ရှားကြလေလော...၊ နောက်တခု သတိပေး စရာကား မဲစာရင်း ကို အမြဲဖွင့် ပြီးတော့ check လုပ်နေပါလော ကိုကြီးကျောက် နိုင်မဲ့ သဘော ရှိရင် ဟိုး နောက်ဆုံး ပို့စ် ထဲမှာ ပါတဲ့ သူရဲ့ မော်တော်ကား သစ်သစ်ကြီးထဲမှာ ဘလော့ မရေးနိုင်အောင် ပိတ်လှောင် ထားစေသော်.. ကိုကြီးကျောက် ကြီး ဘလော့ ဆင်းပြီး မဲ မဆွယ်နိုင်ရင် ခင်ဗျားတို့ ချစ်တဲ့ http://shwezinu.blogspot.com ကြီး သေချာပေါက် နိုင်မှာဗျ..ကဲ ကိုယ်လူတို့ရေ ကြာသလားလို့... .ဝိုင်းလိုက်ကြရအောင်..ကိုကြီးကျောက် မော်တော်ကားကြီး......

စာရေးသူ-ရွှေစင်ဦး 
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/

စာကြွင်း

ကဲ ကျနော် နဲ့ အတူ ပြိုင်ပွဲ ဝင်မဲ့ ချစ်သော ဘလော့ဂါ အပေါင်းတို့ ရေ စတင်ပြီးတော့ မတရားသော နည်းများဖြင့် ဗြောင်ကျကျ (မျက်နှာပြောင် တိုက်၍) မဲဆွယ် နေပါပြီ သတိထား၍ ရှောင်ကြ ရှားကြ လေလော .....

အပိုင်း (၁) ထဲမှာ ကျနော့် ကို မဲပေးထားတဲ့ ၁၄ ယောက်လည်း ဘယ်ပျောက် သွားကြတယ် မသိဘူး.. ဟင်းနော် သူများက အခုမှ ၄ မဲထဲ ရသေးတယ်.. သူများကို မဲပေးမယ် မဲပေးမယ် ဆိုပြီး.. မညာကြနဲ့ဗျ.....

(သြ.. ရောဂါ.. ရောဂါ.. နောက်ဆုံး အချိန် တွင်းနှုတ်ခမ်း နားရောက်နေတာတောင်.. မဲနိုင်ချင်တဲ့ ရောဂါ.. )

ကျွန်ုပ် မဲ မနိုင် လျှင်ကား သင်တို့ သေဖို့ သာ ပြင်ပေတော့.......အဲ..အဲ..ပြောတာလွန်သွားပြီ.. မနာလို စိတ်တွေ ကြီးလွန်းလှချီလား... သတိထား.. သတိထား...

ကဲ..ကဲ..စတာပါဗျာ..အားလုံးဘဲ ကိုယ်နှစ်သက်ရာကို ကိုယ့် ဆန္ဒ နဲ့ အညီ သွားရောက် မဲပေး နိုင်ကြပါပြီ....
တရားမျှ တ သော မဲ ပေးမှု့အား ကြိုဆိုလျှက်.....
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 10, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၂)

ကျနော် တော့ ခက်နေပြန်ပြီ စားလည်း ဒီစိတ် ၊ အိပ် လည်း ဒီစိတ် နဲ့ တော်တော် ဒုက္ခရောက် နေပါပြီ..၊ ကိုယ် မှာ ဖြင့် ဘာအရည်အချင်းမှ မရှိဘဲနဲ့ အနိုင်ရချင် တာလည်း လွန်ရော..။

ကျနော့် အပိုင်း (၁) ထဲ မှာ ကျနော်များ ဝင်ပြိုင်ရင် ဘယ်သူတွေများ မဲပေး ကြမလည်း ဆိုပြီး အားစမ်း ထားတော့ မဲ ပေးမဲ့ သူတွေ ရှိတော့ ရှိသား..၊ ဘဲဉတော့ ကွဲကောင်းပါရဲ့ ...၊(သော်တာဆွေ ရဲ့ ထန်းသမား ထေကြီး လောက်တော့ အဖြစ်ဆိုးမယ် မထင်ပါဘူးနော်) ကျနော် လုပ်တဲ့ ပုံစံ လည်း ကြည့်အုန်းလေ..၊ ပထမ တခါ လူပျိုဘလော့ဂါ ကြီးများကို သမီး တွေနဲ့ မျှားထားတယ်..၊ ကို ဝင်းဇော် တို့ ကိုမြစ်ကျိုးအင်း တို့ ဘကြီးကျောက် .... တို့ သတိထားနော် (အဲဒါ ငါးစာ) ။

လာဘ်ထိုးခြင်း...၊ ခြိမ်းခြောက်ခြင်း...၊ အပေးအယူ လုပ်ခြင်း၊ အကျပ်ကိုင်ခြင်း..၊ ခင်မင်မှု့ ကို အခွင့် ကောင်း ယူခြင်း.. ၊..နည်းပညာ ကို မကောင်းတဲ့ ဘက်မှာ အသုံးချခြင်း.. ၊ပြိုင်ဘက် ကို အလဲထိုးခြင်း ဆိုတဲ့ အောက်လမ်း နည်းမျိုးစုံ သုံးထားတာ ဆိုတော့ ဘယ် ငြင်းရဲ ကြတော့ မှာလည်း အားလုံးက.... ဒို့ကတော့ ဘလော့ အကယ်ဒမီ ဆုကြီးကို ဒို့ ဘော်ဘော် ကြီး http://shwezinu.blogspot.com ကလွဲ လို့ ဘယ်သူ့မှ မပေးနိုင်ပါဘူး ဆိုပြီး ထောက်ခံမဲ တွေ အပြည့်အဝနဲ့ မဲ နိုင်အုန်းမှဗျ..စိတ်သာချကြတော့..။

ပြိုင်ဘက် ဘလော့ဂါ များလည်း အခုကထဲ က အရှုံးကို ရင်ဆိုင်ဘို့ ရဲရဲ ဝံဝံ ပြင်ဆင်ထားကြပါ..။ ကျနော် နိုင်မှာ သေချာပေါက်ပါ..။

ကြုံ လို့ ထည့် ပြော လိုက်ရအုန်းမယ်.. Singapore မှာလည်း ကျနော့် သူငယ်ချင်း အပျိုကြီး မမ တွေ တော်တော် များများ ရှိတယ်ဗျ.. အရေးကြုံတော့ လည်းပြန်သတိရလာပါတယ်..၊ သူတို့ ကတော့ အတော် ရိုးကြတယ်..၊  သူတို့ က ဘလော့ ဆိုလိုလည်း ကျနော့် ဘလော့ လေး တခုဘဲဖတ်ဘူးတာ. ဒါတောင် ကျနော်က ဘယ်လိုဖွင့်ရတယ် ဘယ်လို ပိတ်ရတယ် ဆိုတာ အကြိမ်ပေါင်း ၁၀၀၀ လောက် gtalk ကနေတမျိုး..၊ email ကနေ တဖုံ နည်းမျိုးစုံ နဲ့ သင်ထားလို့ ကျနော့် ဘလော့ လေး ဖတ်တတ်သွားတာ..၊ သူတို့ ဖတ်တတ် သွားတော့ ကျနော် က တခါ သင်ပေး ရသေးတယ်.. နင်တို့ က ငါ့ဘလော့ တော့ ဖတ်ပါတယ်..။

နင်တို့ အပြောအရ ကြိုက်လည်း ကြိုက်တယ် ပြောတယ် ဒါဆိုရင် လေ ငါ့ အတွက် နင်တို့ မန့် ပေးကြအုန်း လေ... ပြီးတော့ ဆီပုံး ထဲလည်း ရောက်ကြောင်း ရေးခဲ့ ကြအုန်းဆိုတော့ မမန့်တတ် လို့တဲ့ email နဲ့ ပို့ပို့ ပြီး သူတို့ ရောက်ကြောင်း ဖတ်ကြောင်း ကြိုက်ကြောင်း သတင်းပို့ ကြတယ်ဗျ...၊ သူတို့ ကို မဲပေးခိုင်းဘို့ တော့ ကျနော် တော်တော် ရင်လေးသေးတယ်ဗျာ..ကဲ ကိုကြီးကျောက် ရေ မဲပေးနည်း လေး သင်ပေးမလား...။

အပျိုကြီး စစ်စစ်တွေ နော် ရေမရောဘူး.....ဒီတခါတော့ email ပေးလို့ မရသေး ဘူး.သူရို့ကို မေးရအုန်း မယ်...ကဲ...ttinaye..ရေ...kklay..ရေ အမေရိကားက sandarygn... ရေ ဘယ်လိုလည်း ဟေ့ ငါ အကယ်ဒမီ ဆုကြီးရရင် လေ နင်တို့ ကို မမေ့ပါဘူး.. အခု ကိုကြီးကျောက် ဆိုတဲ့အမေရိကားက ဘလော့ဂါ လူပြို ကြီးက စိတ်ချရပါတယ်ဟေ့ မဲပေးနည်း အထူးအမြန် သင်တန်းလေး မြန်မြန် တက်လိုက်ကြနော်..မဲပေးပွဲ ကြီးက နီးလာပြီ.. ငါ့ မှာ မဲအနိုင်ရဘို့ အောက်လမ်း နည်းမျိုးစုံ သုံးနေရလို့ မအားလို့ပါနော်..။

သြ..မေ့တော့ မလို့ စိတ်ချရတဲ့ သေချာပေါက် မဲ ပေးမဲ့ japan က wather ray..တို့ အုပ်စု ရော မဲပေးတတ် ရဲ့လား ကိုကြီးကျောက်.... သူတို့ သင်ချင်ရင်လည်း သင်ပေးလိုက်နော် သူတို့ကလည်း အပျိုကြီးတွေဘဲ ချောလည်း တော်တော်ချောတယ်..။ ကိုမြစ်ကျိုးအင်း တို့ ကိုမိုးတို့ ကိုဝင်းဇော်တို့ကိုဏီလင်းညိုတို့ နွေဆူးလင်္ကာ တို့ ကိုဘကြိုင်ကြီး...... တို့ (တခြား ကျန်ခဲ့တဲ့ လူပြိုကြီး ဘလော့ဂါများ ရှိနေသေးရင်လည်း အားမငယ်ပါနဲ့ ကျနော် ပြန်ထည့် ပေးပါမယ်.. ဆီပုံးထဲ မှာ ကြော်ငြာ သာဝင်လိုက်ပါ..) မနာလို မရှိနဲ့ နော် ကျနော် က ကျောက် မှ ကျောက် ကို ယုံ ကြည်လို့ပါ..။ ယုံကြည်မှု့ ပျက်ပြားအောင် စပိန်မလေး တွေနဲ့ စိုးမြတ်လုံးတင်.. တို့နဲ့ ဆိုတဲ့ သတင်းတွေကို မပြောပါနဲ့ အကုန်ကြားပြီးသားပါ..။

ကျနော် ပြိုင်ပွဲဝင် မယ်ဆိုတော့ ပြိုင်ပွဲ စည်းမျဉ်း စည်ကမ်းတွေ ပြိုင်ပွဲဝင် ရမဲ့ အချက်အလက်တွေ နဲ့  ပြိုင်ပွဲ ဝင် နိုင်မဲ့ ခေါင်းစဉ် တွေကို ပြန်ကြည့်တော့ တော်တော်ကြီးကို ကောင်းမွန်တာ တွေ့ရတယ် ခင်ဗျား.. ဒါပေမဲ့........(သတိထားတော့)

အဲဒီ သတင်းအချက်အလက် တွေ ဖတ်ပြီးတော့ ကျနော် တို့ မြို့က မဟာမြတ်မုနိ ဘုရားကြီး ဂေါပက လူကြီး လျှောက်ရမဲ့ လျှောက်လွှာ ပါတဲ့ သတင်းစာ ကိုဖတ်ပြီး ကျနော့် အဖိုး ပြောတာကို သတိရ သွားတယ် ခင်ဗျား..

ဟား..ဟား..ဂေါပက လူကြီး နေရာရဘို့ လျှောက်လွှာတင် ရမယ်တဲ့..၊ ဘယ်လိုကြီးလည်းဟ တဲ့..၊ ဂေါပက လူကြီး ဆိုတာ အင်မတန်မှ သိက္ခာသမာဓိ ရှိပြီးတော့ လူအများ ယုံကြည် ကိုးစားတဲ့ လူမျိုးမှ ခန့်ရတာ ဒါမျိုး  မြို့မိမြို့ဖ လူကြီးလူကောင်းတွေကို အိမ်တိုင်ယာရောက် သွားပြီးတော့ ဂေါပက လူကြီးလုပ်ပါ ဆိုပြီး တောင်းတောင်း ပန်ပန် နဲ့ ခန့်ရတာဟ တဲ့..ဟား..ဟား..ဆိုပြီး ရီနေတယ်..။

အဖိုး ထက် ၁၀ နှစ်လောက် ကြီးတဲ့ ကျနော်က အဖိုးကလည်း လျှောက်လွှာထဲမှာ ကျနော် ဟာ လူကြီးလူကောင်း ဖြစ်ပါတယ်.. သိက္ခာသမာဓိ ရှိပါတယ်..ဘုရား ငွေများကို ဘတ် မပြေးပါဘူး၊ ကျနော် နဲ့ အတူ လျှောက်လွှာတင်တဲ့ ဟိုလူကြီး ဟာဖြင့် လိမ်လည်မှု့နဲ့ အမှု့ ဖြစ်ဘူးပါတယ် လို့ ရေးထား မှာပေါ့ ..ဟား..ဟား...ဆိုပြီး ပြန်ရီပစ်လိုက်တယ်..။

အခုလည်း အကယ်ဒမီ ဘလော့ ဆုကြီး ဆိုတာ ဂုဏ်သိက္ခာ နဲ့ ဆိုင်တဲ့ ဆု လို့ထင်ပါတယ်..၊ အဲဒီတော့ အကယ်ဒမီ ဆုကြီးကို ရဘို့ အရည်အချင်း ရှိတဲ့ ဘလော့ များကို ကော်မတီ တရပ်ဖွဲပြီး ကော်မတီက ကွင်းဆင်း လေ့လာ ပြီးတော့ ဒီဆုကြီးမှာတော့ ထိုက်တန်တဲ့ ဘလော့ ဘယ် ၂ခု ရှိတယ်..၊ ဟို ဆုကြီး အတွက် ဆိုရင် (http://shwezinu.blogspot.com) လေးကိုလည်း မမေ့ စေနဲ့ ဆိုပြီး အရင်ရွေးထား..၊ နောက် တဆင့် မှ ထပ်ပြီး မဲပေးခိုင်း ရင် မြန်မာ ဘလော့ဂါ တွေ ရဲ့ ဂုဏ်သိက္ခာ ဟာပိုမိုပြီး မြင့်တက်လာမလား လို့ စဉ်းစားမိ ပါတယ်..။


ကျနော်ထင်တာကတော့ ဘယ်ဘလော့ ဂါမှ ပေးတဲ့ ဆုကို မက်မော လို့ ဝင်ရောက် ယှဉ်ပြိုင် ကြတယ်လို့ မထင်ပါဘူး..၊ ဆုရတယ် ဆိုတဲ့ ဂုဏ်သိက္ခာ ကို လိုချင်တာဘဲ လို့ထင်ပါတယ်..၊

ကျနော်တို့ ဘလော့ဂါ (အမယ်..သူကိုယ်သူ..ဘလော့ဂါ တဲ့) များဟာ ဘလော့ တခု တည်ထောင်ရတာ မလွယ်ပါဘူး..၊ စားချိန် မစားရ အိပ် ချင်ရဲ့ သားနဲ့ မအိပ်ရ..၊ ခေါင်းတွေ ပူ နေအောင် ဘယ်သူ ကို ဘယ်လို ဂျောက်ချ ရမလည်း ဆိုတာ တည တည စဉ်းစားရတာ မလွယ်ပါဘူးခင်ဗျား..၊ အဲဒီ့ အတွက် အကျိုး အမြတ် ဆိုတာ ဘာမှ မရှိပါဘူး..၊ တခါတလေ မျက်စိလည် လမ်းမှား ပြီး ရောက်လာ တဲ့ comment လေးတွေကို အကြိမ် ပေါင်း တထောင်လောက်  မအိပ်ဘဲ မစားဘဲ ဖတ်ရတာ နဲ့ ဆီပုံး ထဲက ရောက်ကြောင်း စာလေးတွေ ဖတ်ပြီး ပိတိ ကိုစား ဘလော့ ရေး နေရသူများပါ..။

နည်းပညာ ဘလော့ များဆိုရင် ပိုပြီးတော့ သနားဘို့ကောင်းပါတယ် သူတို့ တတ်ထားတဲ့ ပညာ နဲ့ လုပ်ငန်း ခွင်ထဲမှာ သာ ဒေါ်လာစားတွေ ဖြစ်ပြီး ဆရာကြီး တွေ လုပ်ချင်လုပ်နေကြမယ် ဘလော့ ထဲ မှာ တော့ တပည့် ကြီးတွေပါဘဲ ခင်ဗျား.. ဟိုဘလော့ က ဟိုဟာ ဖြစ်လို့..၊ ဒီဘလော့က ဒါလေး လုပ်ချင်တာနဲ့..၊ ဟိုဟာ တင်ပေးရင် ဒါ..ဒါတင်ပေးရင် ဟိုဟာနဲ့ ဂျီး များလိုက်ကြတဲ့ မြန်မာ ဘလော့ဂါ များပါဘဲခင်ဗျား..(ကျနော် ရှေ့ဆုံးကပါ) ဒါတွေအားလုံးကို တပြားမှ မရဘဲ စေတနာ အပြည့်နဲ့ ဘလော့ ထဲ အရောက် လိုက်ပါ ဆောင်ရွက်ပေးနေကြတာပါ..။

(အဲဒီ အတွက် ဘလော့ အကယ်ဒမီ ဆုကြီးကို ထိုက်ထိုက်တန်တန် ရစေချင်စမ်းပါတယ်.. ဖားထား ရတာဗျ..ကျနော့် ကို မဲပေးကြမှာက နည်း ပညာ အုပ်စုက အများစု ပါတယ်..)

အဲဒီတော့ ကျနော် တို့ ဘလော့ဂါများ ကို သနားသော အားဖြင့် (ဆုပေး ပွဲ အဖွဲ့ ကြီး ခင်ဗျား စာရင်း ပေးရ တဲ့ မူကြီးကို ဖျက်လိုက် ကြပါ့လားဟင်..)

အဲဒီတော့ ချစ်သော ဘလော့ဂါ အပေါင်း တို့ ကျနော်လို အေးအေး ဆေးဆေး ဘလော့ထိုင်ရေးပြီး မဲဆွယ် နေလိုက်ကြရအောင်နော်.....။

(ဟဲ့ ရွှေစင်ဦး.. ရ နင် ဘာတွေ လျှောက်ပြောနေတာလည်းဟင် အခုမှ ဘလော့ လေးရေးတာ ၅ လတောင် မပြည့်သေးဘူး ဆရာကြီး က အတော်လုပ် .. နင့်ထက် အဆပေါင်း များစွာ (ယှဉ်တောင် မယှဉ် နိုင်ပါဘူး ခင်ဗျား..) တော်တဲ့ ဘလော့ ဘိုးအေ၊ ဖွားအေ တွေတောင် ဆု တွေ ယူပြီး သွားကြလို့ ဒီနှစ် အတွက် တောင် အပြိုင်အဆိုင် မဲ ဆွယ်နေကြပြီ..၊ နင် လုပ်တာနဲ့ ကိုမိုးကြီး တို့ ကိုမြစ်ကျိုးအင်း တို့တောင် စာရင်းသွင်း မလို လုပ်နေတာ လက်တွန့် သွားပြီ.. နင်တော်တော် မကောင်းတဲ့ ဘလော့ဂါမ ပါလားဟင်..)

အမယ်လေး ...ပြောဆို နေလိုက်တာလေ.. ဘာမှလည်း မသိဘဲနဲ ငါးစိမ်းသည်မ ကြနေတာဘဲ..ဘလာ့ဂါမ ရဲ့..၊.....နင်ဟာလေ...အကယ်ဒမီ ဘလော့ဆုကြီး ကို ရချင်လွန်း လို့ အဆင့် မမှီတော့ စာရင်းလည်း မသွင်းရဲ.....ရကလည်းရချင်..ဆိုတော့ နည်းလမ်းရှာပြီး.. လျှောက် အာချောင်နေတာ.. ကျောက် ရဲ့ မှင်စာလေးနဲ့ တွေ့သွားချင်လို့လား..ဟင်း..ဟင်း.... ။ (ကြောက်ပါပြီဗျ.. အနော် နောက်မပြော တော့ ပါဘူး..ရှေ့တော့ပြောအုန်းမယ်နော်...)

စာရေးသူ-ရွှေစင်ဦး
မဲပေးချင်ရင်  http://shwezinu.blogspot.com
(ဒါရောဆို ကြော်ငြာတာ အကြိမ် တသောင်း မြောက် သွားပြီ)
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 8, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၁)


ဒုတိယ အကြိမ်မြောက် မြန်မာဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကို မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂ္ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၁၀ ခုနှစ် နှစ်ကူးကာလတွင် အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစံနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှုများကို ကမကထပြု ပံ့ပိုးပေးခြင်းခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစု ၏ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များအရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2009 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2009 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆု များတွင်

* အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု
* အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် နှင့် ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု
* အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၇ ဆုအထိ ပါဝင်ပြီး၊ ဘလော့ဂ် ပိုင်ရှင်များကိုယ်တိုင် မိမိဝင်ရောက်လိုသည့် ဘလော့ဂ် အမျိုးအစားများ အလိုက် ဝင်ရောက် စာရင်းသွင်းရန် လိုအပ်မည် ဖြစ်ကာ၊ အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ် တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2009 မှ အစီစဉ် ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေး ရွေးချယ်မှုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်မည် ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ မြန်မာ စံတော်ချိန်ည (၁၂း ၀၀) တိတိတွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိတွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည်ဟု သိရှိသည်။


 ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အတွက် ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပ ပေးသွားမည် ဖြစ်ပြီး၊ ဘလော့ဂ်ဆု ရရှိသူများအတွက် နေထိုင် စားသောက်စရိတ် အတွက် MBAA 2009 အစီအစဉ်မှ တာဝန်ယူ သွားမည်ဖြစ်ကာ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းမှ ဆုရှင်များအတွက် ခရီးစရိတ်ပါ ထပ်မံကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ်ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကာ၊ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် ဤနေရာတွင် ဝင်ရောက် ကြည့်ရှု့နိုင်ကြပြီ ဖြစ်သည်။

ဘလော့တွေ လိုက်လည်ရင်းနဲ့ ချစ်တဲ့ မနောမြေ ဘလော့ ထဲက ကိုဒူကဘာ ရဲ့ အကယ်ဒမီ ဆုကြီး အတွက် ကြေငြာချက်ကို တွေ့လိုက်တော့ အတော်ဝမ်းသာသွားတယ်ဗျ..။

အဲ ငါတော့ ပွပြီပေါ့..၊ ဒီတခါတော့ အပိုင်ကြံ မှပေါ့..ဆိုပြီး..ပျော်လိုက်ရတာ..၊ ထိုင်းနိုင်ငံ မပြောနဲ့ မြန်မာနိုင်ငံ ထဲတောင် နှံအောင် မရောက်ဘူးတဲ့ ကျနော့် အတွက်တော့ ထိုင်းနိုင်ငံ ထဲ ဆုယူသွားဘို့ စားရိပ်ငြိမ်း ဆိုတာ ကြီး ကို တွေ့တော့ ပိုတောင် ပျော်သွားပါတယ်..။

ဒီတခါတော့ ရွှေစင်ဦး တို့ အရှုံးမပေးနိုင်ဘူး..ငါ ကို ထောက်ခံမဲ့ မဲတွေ ကြို ပြီး အစမ်းကောက်အုန်းမှ ဆိုပြီး အမေရိကန် ရွေးကောက်ပွဲ အကြို စစ်တမ်းကောက် ယူပွဲကြီးကို အားကျ လို့ ကိုယ့်စိတ်ထဲကိုယ် မဲကောက် ယူမိတယ်ခင်ဗျား..။

ငါဘလော့ ထဲ မှာ လာလာ အားပေးနေ တဲ့ ဂျပန်နိုင်ငံ က မိုမိဂျိ လေးကို မမ ဘလော့ ကို မဲမပေးရင်လေ နောက်ကို ဟင်းချက်မကျွေး တော့ဘူးဆိုပြီး အကျပ်ကိုင် ပြီး မဲပေးခိုင်းရင် တမဲရမယ်..၊ နောက်ပြီး ချစ်ခရီး ၁၁ နှစ်ကို ဆက်မရေးရင် ဘလော့ လာမဖတ်ဘူးဆိုပြီး ဆက်ရေးခိုင်းတဲ့ ဂျပန် က မဝါးတား ကိုလည်း နောက်တခါ ၁၁ နှစ် အလွန် အမုန်းခရီး ဆိုပြီး ဆက်ရေးပေးပါမယ် မဲလေး တော့ ထဲပေးပါ ဆိုပြီး မဲဆွယ်ရမယ်..၊ အမြဲတန်း စာလာဖတ်တဲ့ std လေးကိုလည်း တခြား ဘလော့ တွေ မပေးဘဲနဲ့ ကျနော့် ကိုမဲပေးအောင် တိတ်တိတ်ပုံး လာဘ် ထိုးပြီး မဲပေးခိုင်းရမယ်....အင်း စဉ်းစား လိုက်ရင်တော့ ပေါ်အုန်းမှာပါ.. ဆိုပြီး ...အကယ်ဒမီ ဆုကြီးကို စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားတယ်ဗျ..။

နောက်နေ့တော့ ငါမှာ သူငယ်ချင်း ဘလော့ဂါတွေရှိသားဘဲ သူတို့ကိုလည်း မဲပေးခိုင်းရမယ်..၊ ဒါပေမဲ့ သူတို့က သိပ်မသေချာဘူး သူတို့ဘလော့လေး သူတို့ ပေးကြမှာ ဆိုတော့ အင်းခက်လှပါပြီ..။

အကယ်ဒမီ မဲပေးပွဲကြီး အတွက် မဲ များများရအောင် ညည အကြံထုတ် နေရတာနဲ့ ကောင်းကောင်း တောင် အိပ်မပျော်ပါဘူး ဗျာ ခက်လိုက်တဲ့ အကယ်ဒမီ မဲပေးပွဲကြီး ရယ် စိတ်များရယ် ညစ်ပါဘိ..၂၀၁၀ မှာ မဲ အများဆုံး ရ ပြီး အကယ်ဒမီ ဆုကြီးကို ရအောင် ဘယ်လိုများ အကန်ကျောက် (အကောက်ကြံ ) ရမလည်း ဆိုတာ စဉ်းစားရင်း စဉ်းစားရင်း နဲ့ အင်း..ငါက ဘာဆုကြီး အတွက် လျှောက်လွာတင် ရမလည်း ဆိုပြီး အိပ်ရင်းတန်းလန်း တခါ ဘလော့ ဖွင့် ဖတ်လိုက်ရပြန်ရော..။

အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု

 ဒီဆုကြီးကိုတော့ ငါလျှောက်ရင်လည်း ဖြစ်နိုင်ပါတယ် ကိုအိုင်တီ တို့ ကိုမိုး တို့ မိုးကောင်းကင် ဘလော့က ကိုဇော်သိင်္ခ တို့ sangpi တို့ကိုအမြန်ဆုံး ဘုရားပုံ လေး ဘယ်လို ထည့်ရမလည်း လို့ အပူကပ်ပြီး  ထည့်ခိုင်း၊  ရောင်ခြည်တော်လွှတ် နေတဲ့ ပုံလေး မှနော်လို့ အလကား ရတဲ့ နည်းပညာတွေ သွားဖြဲကြည့်၊  ဘုန်းဘုန်း  တွေ ဘလော့ နဲ့ ကိုသန့်ဇင် ရဲ့ ဓမ္မစေတမန် က ဘုရားစာတွေ ကော်ပီကူး၊ ပို့စ် အသစ်တွေ မြန်မြန်လုပ် ပြီး တနေ့ကို ဘုရားစာ post ၁၀ခုလောက်တင်..အင်း တလ အတွင်းတော့ မှီလောက်ပါတယ်..။ မိုးကြိုးတွေ ပစ်ကုန်ရင်တော့ ဒုက္ခ မတန်မရာ တွေမှန်းရမလား ဆိုပြီး.. ခက်ပခက်ပ..။


အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု


 အင်းဒီဆုကိုတော့ ငါဘယ်နည်းနဲ့ မှ မရနိုင်ဘူး..၊ ဒါပေမဲ့ ဒီဆုကြီး ကို အမှီပြုပြီး ငါ့ကို ဘယ်သူက အကူအညီ အပေးဆုံးလည်း ..၊ ငါ့ကို ကျော်နိုင်ခွနိုင်တဲ့ နည်းလေးပေးတဲ့ မိုးကောင်းကင် လည်း မေ့လို့ မရဘူး..၊ Christmas countdown လေးလုပ်ပေးထားတဲ့ အိုင်တီ ဘလော့ လေးလည်း မေ့လို့ မရဘူး..၊ i paper ယူနည်းလေး ပြောတဲ့ ကိုအိုင်တီလေးလည်း သနားစရာပါ..၊ ကိုမိုး ကြီးကလည်း ငါ့ကို ခင်ရှာတယ်..၊ ငါ့ ဘလော့ ကို ဘယ်သူ အများဆုံး လာလည်း အင်း ဒါတွေ ဒါတွေကြည့် ပြီးမှ သေသေ ချာချာ ရွေးချယ်ပြိး မဲ ပေးရမယ်..အသဲကြားက မဲတပြား က တန်ဘိုးရှိတယ်ဗျ..၊ အလွယ် လုပ်ပစ်လို့ မရဘူး ကဲ နည်းပညာ ဘလော့များ မဲရချင် ရင်တော့ နောက်ဖေးပေါက်က လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ မဟုတ်ဘဲ.... လက်ခံပါတယ် ဆိုတဲ့ အကြောင်း ကြေငြာ လိုက်ပါတယ်..။

အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု


ဒီဆုကြီးကတော့ နိုင်ငံအကျိုးပြုဆိုတော့  အင်း ငါ့ဘလော့ မှာ နိုင်ငံအတွက် အကျိုးပြုတာ ဆိုလို့ မူးလို့မှ ရှုစရာ မပါ..၊ သတင်းဆိုလို့လည်း ငါတို့ အသက်၂၀၀၀ ဂုရုကွေးကြီး ကွယ်လွန် တဲ့ သတင်းလေး တခုဘဲ ရှားရှားပါးပါး ပါဘူးတာ ဆိုတော့ ဒီဆုနဲ့ ငါနဲ့တော့ မထိုက်တန်လေဘူး ဝေါင်ဝေါင် ရှေး မှ..၊ နိုင်ငံ အကျိုးပြု တာ ဘာဆိုလည်း ဆိုတာတောင် ကောင်းကောင်း မသိလေတဲ့ ငါ့ခမျာ ဘယ် ဘလော့ လေး ကိုများ မဲပေး ရမလည်း ဆိုတာ စဉ်းစားမိတာနဲ့တောင် ခေါင်းကိုက်ပါရဲ့ဗျာ..သိပ်တော့ မပူပါဘူး..သူငယ်ချင်း ချစ်ကြည်အေး ဘလော့ လေးထဲက ဆီပုံးလေးထဲ တိုးတိုးတိတ်တိတ် သွားပြီး အကြံတောင်း ရင်တော့ ပေးမှာပါလို့ ထင်ရပါရဲ့..။

 အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု

လူမှု အကျိုးပြုဘို့ နေနေသာသာ ကိုယ့် ဆိုင်က ကိုယ့် သား၊ သမီးတွေတောင် အကျိုးပြု ဘို့ ပေးဒေး နေ့ဆို ပြေးဒေး လုပ်ဘို့ ကျိုးစားလွန်းလို့ သမီးတွေက လိုက်လိုက်ဆွဲနေရတာဆိုတော့ အင်း ဒီဆုကြီး လည်း ငါဝေးဝေး ရှောင်မှ လို့စဉ်းစားရင်း..ညီမ အင်ကြင်း စီသွားပြီး အကြံတောင်းအုန်းမှ..၊ အကျိုးပြု ပရဟိတ ဘလော့ ဆိုတာလည်း ဖတ်ဘူးသလိုလို သာရှိတာ လိပ်စာလည်း မသိတော့ ဘူးဆိုတော့ ခက်ပ..၊ ညီမငယ် အင်ကြင်းတော့ ဘယ် ဟာကို မဲပေးရမယ်ဆိုတာ သိကောင်းပါရဲ့..၊ အခုကထဲက အချိတ်အဆက် လေးတော့ လုပ်ထားအုန်းမှပါ...ကိုယ်မသိရင်လည်း သိတဲ့ လူတွေစီသွားပြီး အကြံဥာဏ်လေး စောစောစီးစီး ယူမှ ..အဖိုးတန်တယ်..အသဲကြားက မဲတပြား..အဟင့်..ဟင့်..။

 အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု


အင်း ပညာရေး ဆိုတာတော့ သိပါတယ်..၊ ပညာပေး ဆိုလို့ ရေးရေးတောင် မသိတော့ အဝေးကြီး အဝေးကြီး ပြေးမှ..၊ ဒါပေမဲ့ ဒါမျိုးဆို မငယ်နိုင် တို့က ကျွမ်းကျင်တယ် ဆိုတော့ အရင်သွား ပြီး မေးထား အုန်းမှပါ..။ အင်း ဒီဘလော့ အကယ်ဒမီဆုကြီး ကတော့ နှိုတ်စက်ပဗျာ..။

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် နှင့် ဘာသာပြန်ရသစာပေ ဘလော့ဂ်ဆု

လူမှု ဘဝသရုပ်ဖော် နှင့် ဘာသာပြန် ရသစာပေဆုတဲ့ လူမှု ဘဝသရုပ်ဖော် လားဘာလားတော့ မသိဘူး ဒါ ငါ့အမေ ဒါ ငါ့အဖေ .... ဆိုတဲ့ ဘလော့ လေးဖတ်ရတာတော့ ကောင်းသား၊ ဟို နိုင်းနိုင်းစနေ ဆိုတဲ့ ဘလော့ လေးကလည်း ဘာသာပြန်တော်တော်ကောင်းဆိုဘဲ..၊ ဒါပေမဲ့ သူ့ပေးဘို့ သိပ်တော့ မသေချာ သေးဘူး ၊ ဟိုဘော်ဒါ အရင်းကြီး ကိုကြီးကျောက် ကရှိသေး နောက်ဆုံး သတင်းကြားရတာတော့ ဘယ်သူမှ ဘာသာမပြန် သေးတာတွေကို ရွေးပြန်ဘို့ ဘာစကားဆိုလား သင်နေလေရဲ့ တဲ့ ဘာသာပြန်ခြင်း အတူတူ ကိုကြီးကျောက် ပြိုင်ပွဲ ဝင် ရင်တော့ ကျောက် ကလွဲပြီး ဘယ်သူ့ မှ ပေးလို့ မရဘူး..၊ ငါ့ ဘလော့ လေး ထဲလည်း သူတယောက်ဘဲ သစ္စာရှိရှိ အသစ်တင်တိုင်း လာ လာမန့် ပေးတာဆိုတော့..ကျောက်မှ ကျောက်ဘဲ...၊ သူ့ခမြာ သနားတော့ သနားပါတယ် သူ့ ဂမ္မိရလိုင်းက ဘောင်မဝင်ရှာဘူး.. အင်းဘာသာပြန် လေးနဲ့ အကွက်တည့်ပါစေလို့ ဆုတောင်းပေးရမှာဘဲ..။

အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ 
စာပေ ဘလော့ဂ်ဆု

အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု့ စာစုတဲ့ ကိုမြစ်ကျိုးအင်း လိုဟာမျိုးလား ကို မင်းဒင် လိုမျိုး လား... ၊ စဉ်းစားရတာ ဗိုက်တောင်ဆာလာပြီ..၊ ဟို မစုဘူးအိမ် ဘလော့ ထဲက ဟင်းလေးတွေ သွားဖတ်ပြီး တံတွေး တွေမြို့ချအုန်းမှ..။ သြ ကိုလူထွင်းတို့ အညာသားလေးကိုမျိုး တို့ လည်းရှိသေး တယ်..နွေဆူးလင်္ကာ ..၊ ဏီလင်းညို..၊ ကိုဘကြိုင်ကြီး..၊ အဖြူရောင်နတ်သမီး လေး..၊ ကိုသက်တန့်ချို..၊ ကိုဘာကဒူး..သြ ရောင်လို ကိုဒူးကဘာ..၊ ခပ်ကောင်းကောင်း အဲ ခပ်ညံညံ..၊ မြှားများ.၊ ဇွန်မ..၊ မကေ ..၊မမေကျော်..၊ အချစ်မဲ့ ဂစ်တာ ..၊ အိမ်မက်လမင်း..၊ မြတ်မွန်..၊ မိုးစက်ပွင့်လေး..၊ အွန်စော..၊ အဖြူလေး၊ ရဲဝင့်သူ me art..၊ ဇာနည်မောင်..၊ မောင်ကောင်း..၊ ကိုဝင်းဇော် welcome ၊ craton..၊ မိုးမမ..၊ justfreeman..၊ penai..၊ လင်းသင်..၊ yaw net than..၊ မိုးထက်အိမ်..၊ အညာသူမလေး..၊ မဆုမွန် ၊ တောသူမလေး..၊ ကိုလင်းဦး (စိတ်ပညာ)၊ လုံမလေး..၊ ကောင်းကင်ပြာ..၊ တောင်ပေါ်သား၊ ကိုဇော်.၊ ရွှေလမ်းငွေလမ်း ဝင်းကြည်..၊ July Dream ၊ ကိုကျော်ကျော်..၊ ဆိုးသွမ်း..၊ သေမင်းတမန်၊ ရီနိုမာန်..၊ စိတ်၏ဖြေရာ..၊ ကိုဇော်မျိုးလွင်..၊ ကိုဂျေဂျူဝိုင်..- အလှတရား (ကျနော် နဲ့ ပြိုင်ဘက် ဖြစ်ဘို့များတယ်)၊ ဦးသင်ကာ (mm thinker) တို့ လည်း မေ့လို့ မဖြစ်ဘူး ငါ့ ဘလော့လေးတော့ လာရှာသား..၊ ကဲ ကျနော့် cbox က old message တွေယူလို့ မရတော့လို့ ကျနော့် ဘလော့ ထဲကို လာလည်ရဲ့သားနဲ့ အခု ရေးတဲ့ အထဲမှာ မပါရင် ကျနော် ကို ဆက်သွယ်ကြဘို့ တိုက်တွန်း ပါတယ်..ကျနော် မှာ အသဲကြားက တပြားမက တဲ့ မဲတွေ ရှိပါတယ်ခင်ဗျား..၊ (ကျနော် ကြိုက်သလောက် မဲပြားတွေ ယူလို့ ရပါတယ် ) အစောကတော့ အသဲကြားက မဲတပြား ဘဲဗျ..အခုမှ ရည်ရွယ်ချက်ပြောင်းသွားတာ..၊ အပြောင်း အလဲ မြန်လွန်းသူပါ..။

နောက်ဆုံးတော့ ကျနော့် မှာ ကိုယ့်ကိုကိုယ် နဲ့ ကျနော့် ကို ထောက်ခံသူ တွေ  အတွက် မဲပေးစရာတွေ တအားများ နေတော့ ကျနော် တခုစဉ်းစားထားပါတယ်..၊ နည်းပညာရှင် ဘလော့ဂါ တွေနဲ့ ပူးပေါင်းပြီး ၂၀၁၀ မှာ မဲ ခိုးပရစေတော့ ခင်ဗျား.. လို့ ပွင့်ပွင့် လင်းလင်း မရှက်မကြောက် ဖွင့်ပြောပရစေ..၊(ကျနော့် မှာ မြန်မာ ဘလော့ အကယ်ဒမီ ဆုကြီးရဘို့ ဒီတနည်း ဘဲရှိပါတော့တယ်.) အဲဒီ အတွက်လည်း ခွင့်လွှတ်ပါ..၊ ကျနော် ဟာဖြင့် သိပ်ကို အနိုင် ရချင်နေပါပြီ.. မဲခိုး ပရစေတော့ ခင်ဗျား....။ (မပြောလည်း သိပါတယ်)


၂၀၁ဝ အကယ်ဒမီ ဘလော့ ဆုကြီး ရဘို့အရေး ဒို့အရေး...ဒို့အရေး



ခွင့်မတောင်း ဘဲ ဘလော့ဂါ နံမည်များ ယူသုံးထားတဲ့ အတွက် ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါ တယ်..၊ နံမည် မပါစေလိုရင်ဖြင့် ဆီပုံးထဲမှာ တိုးတိုးတိတ်တိတ် လာပြောကြပါ ကျနော်ဖြုတ်ပေး ပါမယ် ခင်ဗျား..။

အင်မတန် ရည်ရွယ်ချက် ကောင်းမွန်ပြီး မြန်မာ ဘလော့ဂါ တွေအတွက် အားတက်စရာ စီစဉ်ထားတဲ့ အကယ်ဒမီ ဘလော့ ဆုကြီးကို မလေး မစားလုပ်တာ မဟုတ်ဘဲ ဝမ်းသာလွန်းလို့ ဒီ ပို့စ်လေး ကို ရေးမိ တာပါ..။ 
အမိုက်အမဲလေးကို ခွင့်လွှတ်ပြီး ဆုပေးမဲ ရေတွက်တဲ့ အခါမှာ လည်း ပိုပိုသာသာလေး (ကျနော့် ဘက်ကြီး တွန်းပို့ဘို့..) လုပ်ဘို့ မဲများတူ နေရင်လည်း ကျနော့် ကိုသာ အနိုင်ပေးဘို့ ပြောကြားရင်း ပြောမှား ဆိုမှား ရှိရင်လည်း ခွင့်လွှတ်ကြပါ ခင်ဗျား..။


အဲ ကျနော်က ဘယ်ဆုကြီး အတွက်များ စာရင်းပေးထားတာပါလိမ့်..အဟီး ရှက်စရာကြီး မပေးတော့ ပါဘူး.. ကျနော့် ဘလော့ ဟာဖြင့်


အကောင်းဆုံး သာသနာတော် အကျိုးပြု 
အကောင်းဆုံး နည်းပညာ အကျိုးပြု 
အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ
 အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့
အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေ
အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် နှင့် ဘာသာပြန်ရသ 
အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ ဆု 

တို့ကို ရသင့်ပါတယ်လို ကိုယ့်ကိုကိုယ် စာရင်းပေးပြီး ပြိုင်ရဲ ပါဘူးဗျာ....။ သူရို့ဘာသာ သူရို့ လာပေး ရင်တော့ အဟင့်....ရှက်ရှက်နဲ့ ယူရမှာဘဲ..။


စာရေးသူ-ရွှေစင်ဦး
.

>>>ဆက်ဖတ်ရန်>>> >>

Sunday, August 30, 2009

မြန်မာဘလော့ဂ်များ

ခရီးသည်၏ လွင့်မျောခြင်း http://luula18.blogspot.com
စည်းလုံးခြင်းရဲ့  အင်အား http://photayokeking.blogspot.com
အောင်စေရာပြည် http://aungsayarpyi.blogspot.com/
Art is Art http://yewintthu.blogspot.com/
ဆုံဆည်းရာ - http://www.soneseayar.blogspot.com/
ကိုထိုက် http://www.ko-htike.blogspot.com/
ဒေါက်တာလွဏ်းဆွေ http://www.drlunswe.blogspot.com/
Golden Colour Revolution http://komoethee.blogspot.com/
မေငြိမ်းhttp://maynyane.blogspot.com/
ခင်မင်းဇော် http://www.khinminzaw.blogspot.com/
ဇာဂနာ http://zarganar-windoor.blogspot.com/
ဒေါင်းမာန်ဟုန် http://dawnmanhon.blogspot.com/
အဖြူရောင်သက်တံ့ http://thewhiterainbow.blogspot.com/
နယ်ခြားမဲ့ဘလော့ဂ်ဂါများ http://bbwob.blogspot.com/
လန်နာလှုပ်ရှားမှု http://lannaactionforburma.blogspot.com/
သီရိလင်္ကာရောက်မြန်မာရဟန်းတော်များ http://lanka-msma.blogspot.com/
မြန်မာသတင်း http://myamarnews.blogspot.com/
မြန်မာသတင်းနှင့်ဆောင်းပါး http://burmanewsandarticles.blogspot.com/
မြန်မာဘလော့ဂ်လမ်းညွှန် http://myanmarblogdirectory.blogspot.com/
နေရှင်း http://blog.nationmultimedia.com/burmawatch
သမိုင်းထဲက ရက်စွဲများ http://weunite-weblog.blogspot.com/
မေဓါဝီ http://maydar-wii.blogspot.com/
သက်ဦး http://thetoo.blogspot.com/
အရှင်မေတ္တာစာရ http://ashinmettacara.blogspot.com/
လက်အစ်ဘီ http://biggestthu.blogspot.com/
တီဇက်အေ http://thantzinaung.blogspot.com/
ကလိုစေးထူး http://klosayhtoo.blogspot.com/
ရွှေ့ပြောင်းမြန်မာလုပ်သားများ http://burmesemigrantwatch.blogspot.com/
ကောင်းကင်ကို http://kaungkinko.blogspot.com/
မင်းဒင် http://mindinn.blogspot.com/
ကာရန်မဲ့အတွေးစများ http://s0wha1.blogspot.com/
LongWalkToFreedom http://longwalktofreedom.blog.com/
>>>ဆက်ဖတ်ရန်>>> >>