Showing posts with label မောင်သိက္ခာ`ရေဆူလို့ပွက်ကရော့`. Show all posts
Showing posts with label မောင်သိက္ခာ`ရေဆူလို့ပွက်ကရော့`. Show all posts

Thursday, September 24, 2009

Sunday, September 20, 2009

ဆရာ မောင်သိက္ခာရဲ့ `ရေဆူလို့ပွက်ကရော့ ` စာမြည်း

ဆရာကြယ်နီ ရဲ့ ကိုတံငါ ဝထ္ထု ကိုတော့ ခင်ဗျားတို့ဖတ်ဘူး ကြမှာပါ၊ အခု လည်း ကိုတံငါ လို ဝထ္ထု အမျိုးအစားဘဲ၊ ဖတ်လို့ တော်တော်ကောင်းတယ်၊ ဆရာ မောင်သိက္ခာ ရဲ့ `ရေဆူလို့ပွက်ကရော ` ဆိုတဲ့ စာအုပ် ကလေးပါဘဲ၊
ကျနော်တို့ခင်ဗျားတို့ ငယ်ငယ် က မြန်မာပြည်မှာ ဆိုရှယ်လစ်စနစ် ထွန်းကားစဉ် (ယခုကဲ့သို့ မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီ မထွန်းကားခင်)က သမဝါယမ ဆိုင်ဆိုတာ ရှိတယ်လေ၊ အဲဒီမှာ ကျနော်တို့ လိုချင်တဲ့ပစ္စည်းတွေကို မလိုချင်တဲ့ ပစ္စည်းတွေနဲ့ တွဲယူရတယ်၊ အခုလည်း အဲဒီလိုမျိုးပေါ့၊ ကျနော် ဘလော့ ထဲမှာ ကျနော် မဟုတ်ကဟုတ်က ရေးတာတွေကို ခင်ဗျား တို့ဖတ်ဖြစ်အောင် တွဲတွဲ တင်ပေးတာလို့ မယူဆ ပါနဲ့ မှားသွားမယ်နော် ဟား..ဟား...ဟား....
သူငယ်ချင်းတွေကို စာအုပ်ကောင်းလေးတွေဖတ်ချင်တဲ့ စေတနာပါဗျာ။ ebook ထဲမှာလည်းမတွေ့၊ ကောင်းလည်းကောင်းတဲ့ စာအုပ်ကလေးတွေကို ကျနော်ဆက်လက်တင် ပေးပါမယ်၊ ကျနော် အိပ်ရေးပျက်တဲ့ အတွက် မုံကောင်းကောင်းလေးတွေတော့ ဝယ်ကျွေးကြပါဗျာ.....
အခြေအနေအရ မူရင်းစာရေးဆရာ များစီမှာ ခွင့်တောင်းတာတွေ ဘာတွေလည်း မလုပ်နိုင်တော့ ရော်ကြေးတောင်း ရင်တော့ စုပေးကြပါဗျို့ ....
ခင်ဗျားတို့ ဖတ်ချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း ကျနော်ကိုပြောပါ၊ အတတ်နိုင်ဆုံး ကျိုးစားပြီး တင်ပေးပါမယ်၊

စာဖတ်သူများကိုအထူးကျေးဇူးတင်လျှက်

နွေဖား(ရှုမဝ ရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃ အမှတ် ၃၈၇)မောင်သိက္ခာ
အခန်း(၁)
အဘဥာဏ် ယခုလို နွေရာသီမှာမှ ဖားသားအလွန် စားချင်နေသည်။ တလောကလည်း ရေခန်းနေပြီ ဖြစ်သော ရေတွင်းပျက်ကြီး အတွင်းမှ ဖားမျိုးစုံ အတော်ကလေး ရလိုက်သေးသည်၊။ ကျော်စံကေး ဖာ:ကလေး များမှသည် စားဖားဝါ၀ါ ကြီးများအထိ ဖားမျိုးစုံပါဝင်၏၊
တပေါင်းတန်ခူး အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ ရေကန်၊ ရေတွင်းများ အတော်များများ နေပူရှိန်ကြောင့် ရေခန်းကုန် ကြသည်။ အဘဥာဏ်နှင့် မြေးဖြစ်သူ ကြွက်နီတို့ မောင်နှမ၏ ပြိုပျက်စပြုနေသော အိမ်နောက်ဖေး မီးဖိုဆောင်ကလေးကို မိုးမကြမှီ ပြင်ဆင်ရန်လိုနေသည်။ သူတို့နေထိုင်ရာ ဇလွန်ဘက်တန်း ရွာနှင့် မဝေးလှသော စာဖြူစု ရွာမှ အသိအိမ် တအိမ်သို့ သွားကာ ၀ါးနက်ဝါးတလုံးကို ခုတ်ယူလာ၏။ စာဖြူစု ရွာမှ ဇလွန်ဘက်တန်း အထိ လာရမည့်ခရီးက လယ်ကွင်းပြင်၊ အရိပ်ခိုစရာ နေရာမရှိ ၊ ရိုးပြတ်များ အကြားမှ မြေသည် ပပ်ကြားများပင် အက်နေ၏၊ သို့သော် တစ်ခုတော့ရှိသည်၊ စာဖြူစု ရွာမှလွန်ရွေ့ ခရီးလမ်းအကြားတွင် ရေနက်မြှေားင်းကလေး တခုရှိသည်။
မိုးတွင်းအခါ ရေရှိ ရွေ့ ချောင်းကလေးတမျှ သာသာယာယာ ရှိခဲ့သော ရေနုပ်မြောင်းကလေးမှာ ယခုတော့ ရေခန်းနေပြီ။
မြောင်းနဖူးတစ်နေရာတွင် ဆီးပင်အုပ်ကလေးများ၊ ဆေးရိုးပင်ကလေးများ နှင့်ဝိုင်းရံထားသော ရေတွင်းပျက်တစ်လုံးအနီးတွင် သူတို့မြေအဘိုး နှစ်ယောက် ခေတ္တ နားရွေ့ အပန်းဖြေသည်။
အီတွင် အဘဥာဏ် စိတ်ကူးတစ်ခုရလာ၏။ ပတ်ဝန်းကျင်တစ်ခုလုံးအပူရှိန်ကြောင့် ခိုကိုးစရာ နေရာမရှိ။ ရေတွင်းပျက်အတွင်းတော့ အပူရှိန် ရုတ်တရက် ထိုးဖောက်နိုင်သေးဟန်မတူ။
မကြာသေးသော အချိန်ကမှ ရေခန်းသွားသော တွင်းပျက်ကြီး၏ အောက်ခြေပေါင်(ဘောင်) အောက်တွင် အအေးဓါတ်က ကျန်နေသေးသည်။ မြေမှာလည်းခပ်ပျော့ပျော့သာ ရှိသေးသည်။
ရေတွင်းထဲမျာဆိုတော့ အလင်းရောင်နည်းပါးပြီး လူသွားလူလာလည်း လုပ်လို့ရသော နေရာမဟုတ်သမို့ ဖားများခိုဝင်နေနိုင်၏။

ဟဲ..ဟဲ စာမြည်းပါဗျာ pdf file လုပ်ပြီးမှဘဲ တဝကြီး ဖတ်လိုက်ကြရအောင်

>>>ဆက်ဖတ်ရန်>>> >>