Showing posts with label My Blog. Show all posts
Showing posts with label My Blog. Show all posts

Wednesday, August 11, 2010

ရွှေစင်ဦး ဘလော့ဂ်လေး တနှစ်ပြည့်ပြီ

၂ လပြည့်မှာ ရေးခဲ့တာပါ

ကျနော် အင်တာနက် သုံးတာ သိပ်မကြာသေးပါဘူး၊ အချိန်ပေးပြီး မသွားနိုင်တာလည်း ပါတာပေါ့၊ ပျင်းနေတာ ကတော့ အဓိက ပါ..  အခုလို ကိုယ်နဲ့ နီးနီးကပ်ကပ် အင်တာနက်သုံးဖို့ အချိန်ရသွားတော့၊ ကျနော်လည်း တအားသဘောကြ သွားမိတယ်၊ အင်တာနက် အနားကမခွာနိုင်အောင်ပါဘဲ၊ အင်တာနက် မှာ ဘလော့တွေ ဖတ်ရင်း နဲ့ ကျနော်လည်း ကိုယ်ပိုင်ဘလော့လေး တခုလောက် လိုချင်တဲ့ စိတ်တွေ ပေါ်လာပြီးတော့ ၄ရက် ၈လ ၂၀၀၉ မှာ ဘလော့ အသစ်လေးနဲ့ သဘောတွေ့လို့ပေါ့ဗျာ။

ကျနော်က စာရေးအရမ်းပျင်းတယ်၊ ဒါပေမဲ့ စာရေးဆရာ တယောက်ဖြစ်ချင် တာ ကတော့ တပိုင်းသေလို့၊ ကျနော် ကျောင်းတက်နေတုန်းကတော့ အိမ်က မောင်လေးတွေ က စာတွေဖတ်ပြီး စာမရေးလို့ မရေးတတ် ဘူး ဘာဘူး နဲ့ လျှောက်စတာနဲ့ ကျနော် က မရေးချင်လို့ အခုရေးရင် အခု ရတယ်ဆိုပြီး ဖြစ်ဖြစ် ညှစ်ညှစ် နဲ့ တပတ်လောက် မအိပ်မနား ရေးလိုက်တာ ၀ထ္ထုတို ၂ပုဒ် ဖြစ်လာပါတယ်၊ မြှားနတ်မောင် မဂ္ဂဇင်းမှာ ၂ လဆက်တိုက် ပါလာ ပြီးတဲ့နောက်တော့ ကျနော်ဟာ ဘဝင်တွေထိပ်ရောက်ပြီး တရားဝင် အပျင်းထူခွင့်၊ အကြွားသန် ခွင့်ရသွားပါတယ်။

အဲဒီအချိန်ကရေးလိုက်တဲ့ ဝထ္ထုတို ၂ ပုဒ်ဟာ ကျနော်အတွက် အနှစ် ၂၀ စာလောက် ဖူလုံသွားပြီး အခု အင်တာနက် မှာ ကိုယ်ပိုင် ဘလော့လေးရလာမှ ကိုယ် မရေးရင် ဗလာဘလော့ ဖြစ်တော့ မှာမို့ ကျိုးစား အားထုတ်ပြီး ရေးနေရပါတယ်၊ ကျိုးစားသည်းခံပြီးတော့ဖတ်ကြပါ ခင်ဗျား၊ ခင်ဗျားတို့ သည်းခံရတဲ့ အကျိုးကျေးဇူး အတွက် ကျနော်က အကောင်းဆုံးဝထ္ထု လေးတွေနဲ့ တင်ဆက်ပါမယ်၊ စိတ်ပျက်သွားပြီလား ဟဲ..ဟဲ၊ ကျနော့် ဝထ္ထု မဟုတ်ပါဘူး၊ ကျနော်အကြိုက်ဆုံး ဝထ္ထု လေးတွေကို ရွေးချယ် ပြီးတော့ ဘလော့မှာ တင်ပေး ပါမယ်နော်။

နောက် ပြီး ခင်ဗျားတို့ ကို ကျနော့်ရဲ့သူကလေးအကြောင်းလည်း ပြောရအုန်းမယ် သူက ကျနော်နဲ့အတူ ဘလော့တွေ ဖတ်ဖော် ဖတ်ဖက်တွေပေါ့ဗျာ၊ သူက ဘလော့ တွေဖတ်ရင် c box နဲ့ comment တွေကိုအရမ်း စိတ်ဝင်စားတယ်၊ သူကိုယ်တိုင်လည်း ဝင်ရေးတယ်၊ သူများတွေ အခြေအတင် ပြောထားတာတွေကို လည်း ဝင်ရောက် ငြင်းခုံဆွေးနွေးတယ်၊ အခု ကျနော် ဘလော့အသစ် လုပ်မယ်ဆိုတော့ သူကလေးက သိတ် စိတ်ဝင်စား တယ်၊ ကျနော်ရေးမဲ့ စာတွေကိုမဟုတ်ဘူးနော်၊ ကျနော်ရဲ့ c box ထဲမှာဝင်ရေးမဲ့ အကြောင်း တွေ နဲ့ comment တွေကိုပါ.... ကျနော် က ဘာမှ မဟုတ်တော့ သူခမျာလည်း သနားစရာပါ၊ တနေ့တနေ့ ဘာ comment ဘာ c box ထဲက စာတလုံး  မှ တွေ့မလာတော့ တဖြေးဖြေးနဲ့ ငြိမ်သက်လာပါတယ်။

နောက်တော့ တက်တက်ကြွကြွ နဲ့ ကျနော်ရဲ့ c box ထဲကစာတွေအကြောင်း လာပြောတယ်၊ ကျနော်လည်း အင်း အင်းပေါ့၊ ဒီနေ့တော့ စပ်ဖြီးဖြီးနဲ့ ကျနော်အနားလာပြီး ကျနော် လောကြီးသွားတယ်တဲ့၊ ဘာလည်းဆိုတော့ ကျနော် ရဲ့ c box ထဲမှာ သူတယောက်ထဲ နဲ့ နှစ်ယောက် သုံးယောက် လောက်ငြင်းခုံ နေတဲ့ ပုံစံ နဲ့ ရေးထားတာ အခုတော့ သူဘာသာသူ send လုပ်တဲ့ အချိန်တွေကို သတိထားမိသွားလို့ တော်တော် စိတ်ပျက် သွားတာ သနားစရာပါဗျာ .... ပြီးတော့ ပြောသေးတယ် လာလည်သူ မရှိရင် ခင်ဗျား စိတ်ဓါတ်ကျမှာ စိုးလို့ ကျနော် က ကူညီ တာပါ တဲ့  ဟဲ..ဟဲ... သိပ်ချစ်စရာကောင်း ညီမလေး ပါဘဲ...။

(အားလုံး သိကြမှာပါ ... ချစ်ညီမ စည်းစိမ်ရှင်ပါ....)

၃ လပြည့်မှာ ရေးခဲ့တာပါ

ကျနော့် ရဲ့ဘလော့လေး ၄ ရက်နေ့ဆိုရင် ၃လသား အရွယ်ရောက် သွားပါပြီ၊ ဖတ်ရှု့အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများအား ကျေးဇူးတင်ပါကြောင်းနှင့် သတင်းစာ အစောင် ၅၀ (အဲ ရေးလို့မရဘူးဗျ၊ တနိုင်ငံလုံး ထွက်တာမှ မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံ၊ မန္တလေးသတင်းစာ ဟဲ.ဟဲ ၄စောင်ဗျာ) မှ၎င်း၊ CDMA ဖုန်း အလုံး ၅၀၊ GSM ဖုန်း အလုံး ၁၀ဝ တို့ဖြင့်၎င်း လူကိုယ်တိုင် လာရောက် ၍ အားပေးကြသော ကျေးဇူးရှင် (အမေပေး အဖေ၊ နှမပေး ယောက်ဖ အဲအဲ ယောင်လို့) အဘ တို့အား၎င်း e-mail လိပ်စာ ၁၀ဝ နှင့် Internet ဆိုသော ဘာကြီးမှန်း မသိမှ အားပေးကြသော ... အမလေးဗျာ သတင်းစာ လေး၂ရက်လောက် ဆက်ဖတ်လိုက် မိပါတယ် ....အကျင့်တွေ ကူး သွားလိုက်တာ ....မြန်လိုက်တာ မြန်လိုက်တာ...ဟဲ..ဟဲ။ အချုပ်အားဖြင့် ဆိုရသော် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျနော် ပုံပြင်လေး တပုဒ် ဖတ်မိတယ်ဗျာ ဘလော့တွေထဲမှာလား မဂ္ဂဇင်း တွေထဲမှာလား မသိတော့ ဘူး၊ အတိအကျ မပြောနိုင်တဲ့ အတွက် ကျနော့် ရဲ့ မှတ်ဥာဏ်လေးကိုသာ ဝိုင်းပြီး ရန်လုပ်ကြပါတော့။ ကျနော် ကတော့ ရေးစရာရှိတာ ဆက်ရေးရအုန်းမှာပါဘဲ။

အဲဒီပုံပြင်ထဲမှာဗျာ မျှားပစ်ပြိုင်ပွဲလုပ်တယ်ပေါ့၊ အပစ်ခံတဲ့လူက ဘုရင်ရဲ့ ကိုယ်ရံတော်ပေါ့ သူ့ခေါင်းပေါ်မှာ ပန်းသီးတလုံး တင်ထားတယ်ဗျ.... ပထမ တယောက်ထွက်လာတယ်၊ ပန်းသီးလေးကို မှန်အောင်ပစ် နိုင်တယ်၊ ပရိသတ်က ဝိုင်းပြီးလက်ခုတ်တီး အားပေးကြတယ်၊ အဲဒီအခါမှာ မျှားပစ်သမားက ဂုဏ်ယူဝံ့ ကြွားစွာနဲ့  I am အာနိုး ပေါ့၊ တခါနောက်တယောက် ထွက်လာပြန်တယ်၊ သူကလည်း အဲဒီလိုဘဲ ပန်းသီးလေး ပြုတ်ကြသွားတဲ့ အခါမှာ ပထမ တယောက်လိုဘဲ I am ရမ်ဘို ပေါ့။

နောက်ဆုံး ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး ထွက်လာပါပြီ၊ သူကလည်း အသေအချာဘဲ ချိန်ပြီးတော့ ပစ်လိုက်တယ်ဗျာ၊ တည့်တည့်ကြီးပါဘဲ၊ ကိုယ်ရံတော်ရဲ့နုလုံးသားကို အဲဒီတော့ ကိုယ်ရံတော်လည်း ပက်လက်လန်ပြီး သေသွားတော့တာပေါ့၊ ပရိသတ်ကြီးကလည်း ဘာပြောရမှန်း မသိဘူး၊ ကြောင်နေကြ တာပေါ့၊ ဒါပေမဲ့ ဇာတ်လိုက်ကြီးကတော့ မကြောင်ဘူးဗျ၊ I am sorry ဆိုပြီးတော့ ခပ်တည်တည်နဲ့ ပြန်လှည့် ထွက်သွားပါတယ်...။

ကျနော် ပြောချင်တာကတော့ဗျာ ကျနော်လည်း အင်တာနက် က သူများဘလော့ တွေ ဝက်ဘ်ဆိုက် တွေမှာ ရေးထားတာတွေဖတ် ပရိသတ်ရဲ့ အားပေးသံတွေကို သဘောကျ ပြီးတော့ ဘလော့လေးထောင်ပြီး ဟိုရေးဒီရေး ရေးလိုက်မိတာ ၃ လ ပြည့်ပါတော့မယ်။ အဆင့်မမှီဘူး ထင်ရင်လည်း ခင်ဗျားတို့က အားနာ လို့ ဘာမှမပြောလည်း.... ၊ ကျနော်ကတော့ ခပ်တည်တည်ဘဲ I am sorry ပါဘဲ ဗျာ.......။

ရွှေစင်ဦး ဘလောဂ့် လေး တနှစ်ပြည့်ပြီ

ဘာလိုလို နဲ့ တနှစ်သားလေး ဘဝ ရောက်ခဲ့ပြန်ပြီ... ရေငတ်တုန်း ရေတွင်းထဲ ကျသလို အငန်းမရ ရေးလိုက် တာ နောက်ထပ် ရေးစရာ မှ ကျန်ပါအုန်း မလားလို့ ကို တွေးမိပါတယ်...။

ဘလော့ဂ် တခု တည်ဆောက်ရတာ လွယ်လိုက်တာ လို့ ဘလော့ဂ် လေး လုပ်ပြီးစ က တွေးမိတယ်.. ပြီးတော့ ရေးလိုက် တာ လည်း အများကြီး ဘဲ ဟောတပုဒ် ဟောတပုဒ် နဲ့ ဒါတောင် ချစ်ညီမ က တားထား ပေလို့ ....။

နောက်ပြီး ဆိုင်က ကလေး တွေ လည်း စာတွေ ရိုက်လိုက်ရတာ... မြန်မာစာ expert တွေ ကို ဖြစ်လို့ ... အင်း တနှစ်သား ဘဝရောက်လာပြီ ဆိုတော့ တနှစ်စာ အတွေ့အကြုံ လေးကို ပြန်လည် သုံးသပ် မိပါတယ်...၊  ကျနော် ဘလော့ဂ် လေး ရဲ့ အဓိက ရည်ရွယ်ချက် က 

စာကောင်းပေကောင်း တွေ ကို မျှဝေ ပေးချင်တယ်... ကျနော် က စာဖတ်ရတာ နှစ်သက်တော့ ကျနော် ဖတ်ရ သလို စာချစ်သူများ ကို ဖတ်စေချင်တယ်.. တခါတခါ များ စာကောင်း ပေကောင်း မဖတ် ရရင် သိပ်စိတ်တို တယ်... ဒါကြောင့် စာကောင်းလေး တွေ မျှဝေပေးပါတယ်.. (ဘလော့ဂ် မထောင် ခင် ကထဲက စာအုပ်တွေ ကို နီးစပ်ရာ ပေးငှားပါတယ်ဗျာ.. )။

ကျနော် ရေးချင်တာလေး တွေကို editor မရှိဘဲနဲ့ စာဖတ်သူ တွေစီ အရောက်ပို့ချင်တယ်.. editor ရှိရင် ရွှေစင်ဦး လက်ရာ စာကောင်း ပေကောင်း လေးတွေ ကို စာဖတ်သူများ မဖတ်ရမှာ စိုးရိမ် လို့ပါ.. editor ဆိုတာ ဆိုးမှန်းကောင်းမှန်း တခါတလေ သိပ်သိတာမဟုတ်ပါ... (သြ .. ချင့်ယုံ ကြပါ...)။

 တနေ့ တနေ့ ဘလော့ဂ် လည်ရင်း နဲ့ ကိုယ့် c box လေးကို ပြူးပြဲ ကြည့်ရတယ်.. ချစ်သူ များမလာကြ ပေမဲ့ လည်း .. မုန်းသူများ မကြွရောက် သွားကြတာကို ဘဲ ကျေးဇူး တင်နေရပါတယ်.... လာများ ဆဲသွားကြရင် ငါဘယ်လိုများ နေရပါ့မလည်းလို့ c box ဖြုတ်မယ် ဆိုရင်လည်း ဘယ်လိုများ ဘော်ဘော် များ နဲ့ ဆက်သွယ် ရပါ့မလည်းလို့ ... ညစ်ပတ်သူ လူတစုကြောင့် ကျနော့် ရဲ့ ဧည့်သည်တော် များ နားခိုရာ လေးကို ဖြုတ်မပစ်ချင် တဲ့ အတွက် အမြဲတမ်း ပူပင်နေရပါတယ်...(ကျန်းမာကြပါစေ ချမ်းသာ ကြပါစေ.. ရွှေစင်ဦး လေး အဆဲ မခံရပါစေနဲ့....)

နောက်ပြီး ကိုယ်ပိုင် စာလေး တပုဒ် တင်ပြီး ရင်လည်း စာဖတ်သူ များ ကြိုက်မှ ကြိုက်ကြပါ့ မလား ဆိုတဲ့ စိတ္တဇ က လည်း တော်တော် နှိပ်စက်ပါတယ်... ဒါကြောင့် (ထောင်ထဲ မှာ အော်တဲ့ အတိုင်း အားလုံး ကောင်း၏ သာ အော်ကြပါ စိတ်မဆိုးပါ... )

အရေးကြီးတာ တခု ရှိပါသေးတယ် .. ကိုယ့် ဘလော့ဂ် ဖော် ဘလော့ဂ် ဖက် လေး တွေ အသစ်တင် တဲ့ အခါ  မဖတ်ဖြစ်မှာလည်း အတော်စိတ်ပူ ရပါတယ်... သြ ကျနော် များ အသွားနောက်ကြသွား ခဲ့ ရင် .  သူတို့ ခမျာ မျှော်ကြမှာဘဲ လို့ တွေးတွေး ပြီးပူမိလို့ပါ... (တကယ်တော့ ကိုယ်ချင်းစာတာပါ....)

နောက်တခါ တခြား စာအုပ် များ တင်တဲ့ အခါ အင်မတန် ဦးနှောက်ခြောက်ရပါတယ်..စာဖတ်သူများ  ကြိုက်မှ ကြိုက်ကြ ပါ့ မလား ဆိုတာပါဘဲ.. လူတွေ က စိတ်မတူကြဘူး ကိုး တခါတလေ ကြရင် ကိုယ့် သိပ်ကြိုက် ပေ မဲ့ စာ လေး နေတော့ ဖတ်သူတွေ ပျင်း မှာကြောက်တယ် .. နောက်တခါ ဖတ်ဘူး ပြီးသားတွေ ဖြစ်နေမှာ စိုးရိမ်တယ် အင်တာနက် မှာ မရှိတာ ကိုလည်း သေချာရွေးရတယ်.. (အားလုံး အားလုံး ဖတ်ကောင်း ကြပါစေ)

အင်း ခုချိန်မှာတော့ ဘာမှ မလွယ်ဘူး ဆိုတာ ရွှေစင်ဦးလေး သဘောပေါက်သွားပါပြီ ...

ကဲ.... ရွှေစင်ဦး ရဲ့ ဘလောဂ် လေး ကိုလာရောက်ဖတ်ရှု့သူ များ နဲ့ အားလုံး ကျန်းမာချမ်းသာ စေကြောင်း ဆုမွန်တောင်းရင်း ကျေးဇူး အထူး တင်ပါကြောင်း လည်း သိစေအပ်ပါတယ်...   ကျနော့် ရဲ့ ခံစားချက် လေး ကို လည်း ပြောချင် ပါတယ်..... 

ကမ္ဘာမြေပေါ်မှာ လူသား တယောက် မွေးဖွား လာရင် အသက် ၁၂ဝ ရှည်စေဘို့ အနာရောဂါကင်း ရှင်း ဘို့ ကျန်းမာ ချမ်းသာ စေဘို့ ဆုတောင်း ပေးကြသလို...

ကျနော် လည်း ဂူးဂယ်လ် လေပေါ်မှာ ဘလော့ဂ် အသစ်ကလေး တခု မွေးဖွားလာရင် အသက် ၁၂ဝ ရှည်စေကြောင်း နဲ့ ဘလော့ဂ် လောက မှာ ငြိမ်ငြိမ်သက်သက် (အသက် မရှိသူကဲ့သို့ )...  ပိပိပြားပြား (တုံးအောက် က ဖါးကဲ့သို့)  နေထိုင်ရင်း မနေနိုင်လို့ ပါးစပ်အား လို့ လက်ယား လို့ ပြောချင် ရေးချင်ရင်..... အားလုံး မှန်ပါတယ်  .. ကောင်း ပါတယ် ခင်ဗျာ... အားလုံးကို လေးစားပါတယ် လို့သာ  ရေးတတ် ပြောတတ် ဘို့ နဲ့ အဆဲ မခံရ ဘို့ .... ဆုမွန် ကောင်း တောင်း ပေးချင် ပါတယ်ဗျာ..... (ကျနော် ကတော့ ကျင့်သား ရနေပါပြီ.. ထူးပါဘူး ဘော်ဘော် တို့ရေ )


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး (တနှစ်သား ဘလော့ဂ် ပိုင်ရှင်)
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, October 11, 2009

blog ပျောက်ဆုံးသောနေ့များ

ကျနော့် ဘလော့ လေးနဲ့ခွဲနေရတာ ၂ရက်တောင်ရှိသွားပြီ၊ ဟို ပုံပြင်ထဲကတော့ ကိန္နရာချောင်းခြား၊ တညခွဲရတာနဲ့ ရက်ပေါင်း ၇၀၀ ငိုရသတဲ့၊ အခုတော့ ကျနော်လည်း အဲဒီလို ငိုရမယ့်ကိန်းရောက်နေပြီ  ထင်တယ်၊ ဘလော့လေးက ကျနော် ချစ်ချစ်လေးလေ။

မနေ့ကစပြီး ဘာတွေဖြစ်သွားမှန်း မသိပါဘူး၊ ဘလော့ ဖွင့်လို့မရတော့ဘူး၊ ကျနော်လည်း ရေးချင်တာတွေ ရှိနေတာနဲ့ ဘယ်ဆိုင်မှာများရမလည်း ဆိုပြီး လိုက်သုံးကြည့်သေးတယ်၊ မရပါဘူးဗျာ၊ ဒါနဲ့ကျနော်လည်း အိပ်သာအိပ်လိုက် ရတာ စိတ်ကိုမကောင်းဘူးဟဲ..ဟဲ ရောဂါလေ။

မနက်လင်းတော့ မောင်လေးရောက် လာမှဖွင့်လို့ရတယ်။ ဒါပေမဲ့ မြင်သာမြင်မကြင်ရတဲ့ ဘ၀ပေါ့။ ပို့စ် အသစ်တင်နိုင် လောက်အောင် မကောင်းသေးတော့ ထိုင်ထိုင်ဘဲ ကြည့်နေရတယ်။

အခုတော့ အောင့်လို့မရတော့တာနဲ့ word ထဲမှာဘဲ ရေးနေရတယ်၊ ည လိုင်းကောင်းတဲ့ အချိန်မှ convert လုပ်ပြီး ပြန်တင်ကြည့် ရတော့မှာဘဲ၊ အခုတော့ ကျနော်လည်း တော်တော်နေတတ်သွားပါပြီ။ မနေတတ်ရင် တော်တော်ကြာ မြတ်စွာဘုရား လက်ထက်က ရသေ့ကြီးလို ငရဲပြည် ရောက်နေလိမ့်မယ်။ ရသေ့ကြီးက သေမှ၊ ကျနော် က အရှင်လပ်လပ် ငရဲပြည် ရောက်သွားနိုင်တယ် ဟား...ဟား။

ခင်ဗျားတို့တော့ ကြားဘူးမယ်ထင်ပါတယ်၊ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်နေလို့ ပြန်ပြောပြပရစေ၊ မြတ်စွာဘုရား လက်ထက်ကပေါ့ ရသေ့ကြီးတပါးရဲ့ ကျောင်းသင်ခဏ်းနဲ့ပြည့်တန်ဆာမ တယောက်ရဲ့ အိမ်နဲ့မျက်နှာခြင်းဆိုင် ဖြစ်နေသတဲ့၊ ရသေ့ကြီးက တရားအားထုတ်ရင်းနဲ့ ပြည့်တန်ဆာမ အိမ်ဘက်ကို မျက်စေ့က ရောက်ရောက်သွားသတဲ့၊ ယောက်ကျား တွေက ၀င်လိုက်ကြ၊ ထွက်လိုက်ကြ၊ ပါဂျဲရိုးတွေ ဆပ်ပ်တွေတ၀ီဝီ နဲ့ပေါ့ဗျာ ဟဲ..ဟဲ ယောင်လို့ အဲဒီခေတ်က ပေါ်မှ မပေါ်သေးတာဘဲ။ ပြည့်တန်ဆာမ ကလေးကလည်း လှမှလှ၊ အခုမှ နိုက်ကလပ် ကပြန်လာတဲ့ အတိုင်းဘဲတဲ့။

ရသေ့ကြီးက တနေ့တနေ့ အဲဒီအိမ်က မြင်ကွင်းတွေ ကြည့်ကြည့်ပြီး ဥပစ်ခါမပြုနိုင်ဘဲ ဒေါသနဲ့ မစ္စိရ စိတ်တွေဘဲ ပွားများနေသတဲ့၊ ဟဲ..ဟဲ ကျနော့် ဖေဖေ နဲ့တူတယ်ထင်တယ် (just a joke) ၊အဲဒီတော့ ရသေ့ကြီးမှာ တနေ့တနေ့ အဲဒီစိတ်နဲ့ဘဲ အမြဲတန်း ပူလောင်နေတော့တာပေါ့။

ဟို ပြည့်တန်ဆာမ လေးကတော့ သူဘာသာသူ နိုက်ကလပ် သွားတဲ့အချိန်သွား၊ မော်ဒယ်ရှိုး သွားတဲ့အချိန်သွား၊ ပျော်လို့ပါးလို့ပေါ့၊ ဒါပေမဲ့ တရားလုပ်ရမဲ့အချိန်မှာလည်းမှန်မှန်လုပ်သတဲ့၊ သူ့ရဲ့ ပြည်တန်ဆာမ အလုပ်ကိုလည်း အလုပ်တခုအဖြစ်သာ သဘောထားပြီး လုပ်သတဲ့၊ ရသေ့ကြီးကတော့ ဘယ်တော့မှ စိတ်ကမရှင်းနိုင်ဘူးတဲ့၊ သူ့စိတ်ထဲမှာ ပြည့်တန်ဆာမ အကြောင်းဘဲ ရောက်နေသတဲ့။ တရားအားထုတ် လို့လည်းမကောင်းတော့ဘူးပေါ့၊ နောက်တော့ ရသေ့ကြီးလည်းသေ၊ ပြည်တန်ဆာမ လည်းသေ။ ရသေ့ကြီး ကတော့ သေပြီးတဲ့နောက် ငရဲပြည်ရောက်သတဲ့၊ ပြည်တန်ဆာမကတော့ နတ်ပြည် ရောက်သတဲ့။

ကျနော်လည်း ရသေ့ကြီးလို ဖြစ်မှာကြောက်လို့ ပါးစပ်ပိတ် (စားတဲ့အချိန်တော့ ဖွင့်ပါတယ်)၊နားပိတ် (သီချင်းနားထောင်တဲ့အချိန်တော့ ဖွင့်ပါတယ်)၊ မျက်စိပိတ် (ဘလော့ ရေးတဲ့အချိန်တော့ဖွင့်ပါတယ်) ပြီးတော့ နေနေရပါကြောင်း။ ကျနော်က အရှင်လပ်လပ် ငရဲပြည် မရောက်ချင်ဘူးလေ ဟဲ..ဟဲ။

လူ့စိတ်ဟာတော်တော် ဆန်းကျယ်ပါတယ်၊ ကျနော် ကစာသိပ်ရေးချင်တယ်။ ဒါပေမဲ့ မရေးဖြစ်တာများတယ်၊ ပျင်းလည်းပျင်းတယ်၊ ကိုယ်တခါတလေ ရေးဖြစ်တာလေးတွေကိုလည်း ကိုယ်ဘာသာကိုယ် မကြိုက်တာနဲ့ ချောင်သိပ်ပြစ် လိုက်တာများတယ်။

အခု ဘလော့လေးလုပ်မိမှ ဒုက္ခတွေရောက်နေတော့တယ်၊ စာမရေးရမနေနိုင်တဲ့ ရောဂါ က ဘလော့နဲ့မှ ရတော့တာ ပါဘဲဗျာ၊ ကျနော်တို့ အရင်တုန်းက စာရေးတယ် ဆိုတာလည်း အိပ်ရာ ပေါ်ဝမ်းယားမှောက် ရေးချင်ရေး၊ စားပွဲမှာရေးချင်ရေးပေါ့၊ ကုလားထိုင်ပေါ်ထိုင်ပြီး ဘာမှမရေးဘဲနဲ့ ငေးကြောင်ကြောင် လုပ်နေရင်လည်း ရောဂါ (စိတ်..စိတ်) ရပြီထင်နေမှာ ကြောက်တော့ ကိုယ့်အိပ်ရာထဲကိုယ် ခြင်ထောင်ချပြီး လူမသိသူမသိရေးရတာပေါ့၊ အိပ်ရာပေါ် ရေးတော့လည်း အိပ်ချင်တော့တာပေါ့၊ နောက်ပြီး ကျနော် ကရေးပြီးတဲ့စာဆိုရင် အမြန် မဂ္ဂဇင်းထဲမှာ ပါချင်တယ်၊ စောင့်ရတာစိတ်မရှည်ဘူး။

နောက်ပြီး ငွေကလည်း မက်သေးတယ်၊ စာမူခရတဲ့ငွေကနည်းလွန်းလို့လေ ဟဲ..ဟဲ၊ ကိုယ့်တိုင်းပြည် အခြေအနေကိုယ်မသိ၊ ကိုယ့်အခြေအနေကိုယ်မသိ၊ ခက်လိုက်ပါဘိဆိုတာ ကျနော်မှအစစ်၊ နိုင်ငံခြားက စာရေးဆရာတွေနဲ့ ကိုယ့်နဲ့ဘာဆိုဘာမှမဆိုင်တဲ့ အနေအထားကိုသဘောမပေါက်ဘဲနဲ့ စာမူခ နဲတယ်လေး၊ အယ်ဒီတာ ကဟိုဖြတ်ဒီဖြတ် လုပ်အုန်းမှာလေး ဆိုပြီး မစားရတဲ့စပြစ်သီးချဉ်နေတာလေ။

အခု ဘလော့နဲ့မှ ကျနော် စိတ်နဲ့အဆင်ပြေသွားတော့တာပေါ့၊ ရေးချင်ရာရေးပြီး အမြန်တင်ပစ် လိုက်ချင်တော့တာဘဲ၊ ဟိုဘလော့ တခုလိုပေါ့ ကိုယ့်ဘလော့ မှာ ကိုယ်သာ ဘုရင် (ဘလော့ရဲ့ ဘုရင် ပါ နော်...နော်) အရှင်သခင် ပေါ့လေ၊ အဲဒီမှာ ကိုယ်ကြိုက်တာရေးတာကို ဆင်ဆာလုပ်မဲ့ အယ်ဒီတာလည်း မရှိတော့ ကိုယ်ဘာသာ မြန်မြန်ရေးပြီး မြန်မြန်တင်ပြစ်လိုက်တော့တာဘဲ။

ဖတ်သူရှိလား၊ မရှိလားလည်းမသိ၊ သူငယ်ချင်းတွေကို အီးမေးလ် ပို့ ဖတ်ခိုင်း၊ ဂျီတော့ ထဲကနေ နားပူနားဆာတိုက်ဖတ်ခိုင်း၊ သူတို့ကလည်း နားအေးပြီးရောဆိုပြီး အင်း..အင်း ဖတ်ပါတယ်ပေါ့၊  `` ဟဲ..ဟဲ တကယ်တန်း တော့ ဖတ်ချင်မှ ဖတ်မှာပေါ့၊ အခုကိုကြည့် ရန်လုပ်ခံနေရပြီ၊ တော်တော်မကောင်းတဲ့ သူငယ်ချင်းဗျ `` ခင်ဗျားတို့လည်း ဝေးဝေးရှောင်ကြနော်၊ စတာပါဗျာ၊ ဘလော့လေးတော့ မဖတ်ဘဲလည်း မနေကြနဲ့အုန်း၊ ရေးစရာလည်း မရှိတော့ဘူး၊ ဒီ ပို့စ် အတွက်တော့ ဒီမျှ နဲ့သာပေါ့ဗျာ.........။


.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 18, 2009

ကျနော်ရယ် ၂ လသား blog လေးရယ် သူကလေးရယ်

ကျနော် အင်တာနက် သုံးတာ သိပ်မကြာသေးပါဘူး၊ အချိန်ပေးပြီး မသွားနိုင်တာလည်း ပါတာပေါ့၊ ပျင်းနေတာ ကတော့ အဓိကပေါ့၊ အခုကိုယ်နဲ့ နီးနီးကပ်ကပ် အင်တာနက်သုံးဖို့ အချိန်ရသွားတော့၊ ကျနော်လည်းတအားသဘောကြ သွားမိတယ်၊ အင်တာနက် အနားကမခွာနိုင်အောင်ပါဘဲ၊ အဲဒီမှာ ဘလော့တွေဖတ်ရင်း နဲ့ ကျနော်လည်း ကိုယ်ပိုင်ဘလော့လေး တခုလောက် လိုခြင်တဲ့ စိတ်တွေ ပေါ်လာပြီးတော့ ၄ရက် ၈လ ၂၀၀၉ မှာ ဘလော့ အသစ်လေးနဲ့ သဘောတွေ့လို့ပေါ့ဗျာ။

ကျနော်က စာရေးအရမ်းပျင်းတယ်၊ ဒါပေမဲ့ စာရေးဆရာ တယောက်ဖြစ်ချင် တာကတော့တပိုင်းသေလို့၊ ကျနော် ကျောင်းတက်နေတုန်းကတော့ အိမ်က မောင်လေးတွေက စာတွေဖတ်ပြီး စာမရေးလို့ မရေးတတ်ဘူး ဘာဘူး နဲ့ လျှောက်စတာနဲ့ ကျနော် က မရေးချင်လို့ အခုရေးရင်အခုရတယ်ဆိုပြီး ဖြစ်ဖြစ်ညှစ်ညှစ်နဲ့ တပတ်လောက် မအိပ်မနား ရေးလိုက်တာ ထ္ထုတို ၂ပုဒ် ဖြစ်လာပါတယ်၊ မြှားနတ်မောင် မဂ္ဂဇင်းမှာ ၂ လဆက်တိုက် ပါလာ ပြီးတဲ့နောက်တော့ ကျနော်ဟာ ဘဝင်တွေထိပ်ရောက်ပြီး တရားဝင် အပျင်းထူခွင့်၊ အကြွားသန် ခွင့်ရသွားပါတယ်။

အဲဒီအချိန်ကရေးလိုက်တဲ့ ဝထ္ထူတို ၂ ပုဒ်ဟာ ကျနော်အတွက် အနှစ် ၂၀ စာလောက် ဖူလုံသွားပြီး အခု အင်တာနက် မှာ ကိုယ်ပိုင် ဘလော့လေးရလာမှ ကိုယ် မရေးရင် ဗလာဘလော့ ဖြစ်တော့ မှာမို့ ကျိုးစားအားထုတ်ပြီးရေးနေရပါတယ်၊ ကျိုးစားသီးခံပြီးတော့ဖတ်ကြပါ ခင်ဗျား၊ ခင်ဗျားတို့ သီးခံရတဲ့ အကျိုးကျေးဇူးအတွက် ကျနော်က အကောင်းဆုံးဝထ္ထု လေးတွေနဲ့ တင်ဆက်ပါမယ်၊ စိတ်ပျက်သွားပြီလား ဟဲ..ဟဲ၊ ကျနော့် ဝထ္ထု မဟုတ်ပါဘူး၊ ကျနော်အကြိုက်ဆုံး ဝထ္ထု တိုလေးတွေကို ရွေးချယ် ပြီးတော့ ဘလော့မှာတင်ပေးပါမယ်နော်။

နောက် ပြီး ခင်ဗျားတို့ ကို ကျနော့်ရဲ့သူကလေးအကြောင်းလည်း ပြောရအုန်းမယ် သူက ကျနော်နဲ့အတူ ဘလော့တွေ ဖတ်ဖော် ဖတ်ဖက်တွေပေါ့ဗျာ၊ သူက ဘလော့ တွေဖတ်ရင် cbox နဲ့ comment တွေကိုအရမ်း စိတ်ဝင်စားတယ်၊ သူကိုယ်တိုင်လည်း ဝင်ရေးတယ်၊ သူများတွေ အခြေအတင် ပြောထားတာတွေကို လည်းဝင်ရောက် ငြင်းခုံဆွေးနွေးတယ်၊ အခု ကျနော် ဘလော့အသစ်လုပ်မယ်ဆိုတော့ သူကလေးက သိတ်စိတ်ဝင်စားတယ်၊ ကျနော်ရေးမဲ့ စာတွေကိုမဟုတ်ဘူးနော်၊ ကျနော်ရဲ့ cbox ထဲမှာဝင်ရေးမဲ့ အကြောင်းတွေနဲ့ comment တွေကိုပေါ့၊ ကျနော်ကဘာမှ မဟုတ်တော့ သူခမျာလည်း သနားစရာပါ၊ တနေ့တနေ့ ဘာ comment ဘာ cbox ထဲ ဘာမှ တွေ့မလာတော့ တဖြေးဖြေးနဲ့ ငြိမ်သက်လာပါတယ်။

နောက်တော့ တက်တက်ကြွကြွ နဲ့ ကျနော်ရဲ့ cbox ထဲကစာတွေအကြောင်း လာပြောတယ်၊ ကျနော်လည်း အင်း အင်းပေါ့၊ ဒီနေ့တော့ စပ်ဖြီးဖြီးနဲ့ ကျနော်အနားလာပြီး ကျနော် လောကြီးသွားတယ်တဲ့၊ ဘာလည်းဆိုတော့ ကျနော် ရဲ့ cbox ထဲမှာ သူတယောက်ထဲနဲ့ နှစ်ယောက် သုံးယောက် လောက်ငြင်းခုံ နေတဲ့ ပုံစံ နဲ့ ရေးထားတာ အခုတော့ သူဘာသာသူ send လုပ်တဲ့ အချိန်တွေကို သတိထားမိသွားလို့ တော်တော်စိတ်ပျက် သွားတာ သနားစရာပါဗျာ၊ ပြီးတော့ ပြောသေးတယ် ကျနော် စိတ်ဓါတ်ကျမှာ စိုးလို့ သူက ကူညီတာပါတဲ့၊ ဟဲ..ဟဲ၊ သိပ်ချစ်စရာကောင်း သူကလေးပါဘဲ၊
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 4, 2009

ခင်မင်ရသောသူများအတွက်


ဒီနေ့ ကျနော်ရေးပြီးသား ဝထ္ထုလေး တပုဒ် ကိုတင်ချင်ပေမဲ့ ကျနော် ရဲ့ သူလေးက နှောက်ယှက်နေလို့ နောက်နေ့ မှ ဘဲ -
>>>ဆက်ဖတ်ရန်>>> >>