ဒီပို့စ်လေး ကို ချစ်သော ဖေဖေ ရဲ့ ဝါဆိုလထဲ မှာ ကျရောက်မဲ့ အသက် ( ) ပြည့် နှစ် မွေးနေ့ အတွက် ရည်ရွယ်ပြီး ရေးပါတယ်... ကွင်းထဲ မှာ ဘာမှ ထဲ့ မထားတာက ကျနော် မသိလို့ မဟုတ်ပါဘူး.. ဖေဖေ့ စိတ်ကြိုက်ဖြည့်စွက် နိုင်အောင်ပါ....။
မိဘ ကျေးဇူး ဆိုတာ ဆပ်လို့ မကျေနိုင်ပါဘူး... ကျနော်လည်း ဘယ်လိုဘဲ ဆပ်ဆပ် မကျေ ပါဘူး... အခုတော့..... မကျေသော ကျေးဇူးဆပ် ခြင်းများကို ခဏ ထားပြီး... ဖေဖေ မွေးနေ့ အတွက် ဖေဖေ ရဲ့ ကျေးဇူးတရား တွေကို ဘဲ ဖော်ထုတ် ပြောသွားပါမယ်ဗျာ...။
ကျနော့် ဖေဖေ ဟာ သားသမီးများကို ချစ်တော့ ချစ်မှာပါ ဒါပေမဲ့ တချို့ မိဘ များလို သိပ်ချစ် အနစ်နာခံ သားသမီး သာ သူတို့ ဘဝ အတွက် အရေးအကြီးဆုံး ဆိုတဲ့ အဖေမျိုးတော့ လည်း မဟုတ်ပါဘူး... ။
မိဘ ကျေးဇူး ဆိုတာ ဆပ်လို့ မကျေနိုင်ပါဘူး... ကျနော်လည်း ဘယ်လိုဘဲ ဆပ်ဆပ် မကျေ ပါဘူး... အခုတော့..... မကျေသော ကျေးဇူးဆပ် ခြင်းများကို ခဏ ထားပြီး... ဖေဖေ မွေးနေ့ အတွက် ဖေဖေ ရဲ့ ကျေးဇူးတရား တွေကို ဘဲ ဖော်ထုတ် ပြောသွားပါမယ်ဗျာ...။
ကျနော့် ဖေဖေ ဟာ သားသမီးများကို ချစ်တော့ ချစ်မှာပါ ဒါပေမဲ့ တချို့ မိဘ များလို သိပ်ချစ် အနစ်နာခံ သားသမီး သာ သူတို့ ဘဝ အတွက် အရေးအကြီးဆုံး ဆိုတဲ့ အဖေမျိုးတော့ လည်း မဟုတ်ပါဘူး... ။
ကျနော် ဘက်ကလည်း ငယ်ငယ်လေး ကထဲက မိဘ ကို တအားချစ် ... မိဘ လုပ်သမျှ အမှန် မိဘ ပြောသမျှ အကုန် လုပ်မယ် မိဘ ပြောသမျှ မဆန့်ကျင် ရ ဆိုတဲ့ စိတ်မျိုး ရှိတဲ့ သားသမီး မျိုး မဟုတ်ပါဘူး..။
အဲဒီ အတွက် ကျနော် နဲ့ ဖေဖေ နဲ့ ဟာ အမြဲလိုလို ပြသာနာ ဖြစ်နေကြပါတယ်... ဒါပေမဲ့ ဖေဖေ ဟာ မိဘ ရဲ့ တချက်လွှတ် အာဏာ နဲ့ ပြန်မပြောရ ဆိုပြီး ကျနော် တို့ မောင်နှမ တွေကို အနိုင်မကျင့် ခဲ့ပါဘူး.... ကျနော် တို့ ဖေဖေ ကို ပြန်ပြောနိုင်တယ်... ပြန်ဆွေးနွေး နိုင်တယ်ပေါ့.... ဒါပေမဲ့ ဆွေးနွေးတဲ့ အတွက် ဘယ်သူမှ တော့ သိပ်ပြောင်း လဲ သွားတယ် မရှိပါဘူး.. ဖေဖေ ကလည်း ဒီအတိုင်း .. ကျနော် ကလည်း ဒီ အတိုင်း ဘဲ...။
ကျနော် တို့ အကြိုက် မတူတဲ့ အတွက် ချစ်ပင် ချစ်သော်လည်း အမြဲတန်း တိုက်ပွဲ ဆင်နွဲ နေကြပါတယ်... အဲဒီ အတွက် ဘယ်သူ့ ကို မဆို ( တချို့ လူ နဲ့ မတူ တဲ့ သူများ က လွဲလို့ ) မတရား ဘူး ထင်ရင် မမှန်ဘူး ထင်ရင်.... ပြန်ပြောဘို့ ဆွေးနွေးဘို့ ... ဝန်မလေးတဲ့ အကျင့် ရလာပါတယ်...အဲဒီ အတွက် ဖေဖေ ကို ကျေးဇူး တင်ပါတယ်... ။
အယူအဆ တခုကို လည်း ကိုယ့်ထက် တော်သူ ကြီးသူ က ပြောလို့ ဆိုပြီး လွယ်လွယ် ဘယ်တော့ မှ လက်မခံ တတ်ပါဘူး... ဒါဟာ တကယ်တော့ အရေးကြီးပါတယ်... ကိုယ့် ဦးနှောက် ကို အသုံးမပြုဘဲ ... သူပြောရင် မှန်မှာ ဘဲ ဆိုတဲ့ အတွေးအခေါ် မျိုး ဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ်... ။
အပြန် အလှန် ဆွေးနွေး ရဲ တဲ့ သတ္တိ.. အမှန် အမှား စဉ်းစားနိုင်တဲ့ ဉာဏ်ပညာ ဟာ ဘဝမှာ အရေး အကြီးဆုံးပါ... နောက်တခါ အကြောက်တရား .. ကျနော်တို့ အားလုံးဟာ အကြောက်တရား နဲ့ ကြီးပြင်းခဲ့ ကြပါတယ်… ဒါပေမဲ့ သားသမီး အားလုံးကို အဲဒီ အကြောက်တရား နဲ အောင်… အရာရာကို ကိုယ်ပိုင် ဆုံးဖြတ် နိုင်တဲ့ ဆုံးဖြတ်ရဲတဲ့ သတ္တိ ရှိအောင်…. အခွင့်အရေး အပြည့်အဝ.... ပေးထားခဲ့ တဲ့ ဖေဖေ့ ကို ကျေးဇူး တင်ပါတယ် ... ။
နောက်ပြီး... အားလုံး ဟာ လူထဲက လူတွေပါဘဲ.. အမှား မရှိတဲ့ သူဘယ်သူမှ မရှိပါဘူး.. ဘယ်သူမှ လည်း perfect ဖြစ်မှာ မဟုတ်ပါဘူး... မိဘ ဟာလည်း လူထဲက လူပါဘဲ... အဲဒီ အတွက် မှား မှာပါဘဲ... မိဘ လုပ်သမျှ ဆရာ လုပ်သမျှ ကျေးဇူးရှင် ဖြစ်တဲ့ အတွက် အမှန်ကြီးဘဲ ဆိုပြီး မဝေဖန် နဲ့ ဆိုပြီး မတားမြစ် ခဲ့ သလို ကျနော် ကလည်း ကျနော် ခံစားရသလို ဝေဖန်ပါတယ်...။
ပိုစ့် တော်တော် များများ မှာ ဖေဖေ့ ကို ဝေဖန်ထားလို့ပါ....အခု အချိန်မှာ တော့ ဝေဖန်တာတွေ ကျနော် မလုပ်ဘဲ ဖေဖေ က အဲဒီလို ခွင့်ပေးထားတဲ့ အတွက် ကျနော် ဟာ ဘဝမှာပိုမိုပြီး နေပျော် လာပါတယ် လို့ ဘဲ ပြောပရစေ.....။
ဖေဖေ့ ကို ကျနော် ချစ်သလို ဖေဖေ ကလည်း ကျနော့် ကို ချစ်မယ် လို့ထင်ပါ တယ်....၊ အဲဒီအတွက် ဒီပို့စ် လေး ကျနော် ရေးပါတယ်... ကျနော် ငယ်စဉ် က ငယ်ဘဝတချို့ နဲ့ ဖေဖေ ရဲ့ အယူအဆ တချို့ ပေါ့ နော်......။
ကျနော် ဟာ သိတတ်တဲ့ အရွယ်က စပြီး စားရဖို့ စာဖတ်ရဖို့ ၂ခု ကလွဲ ပြီး ကျန်တာ ကို အရေးတကြီး အလုပ် အဖြစ် စဉ်းစားတာ မဟုတ်ပါဘူး ဒါထက်ပိုပြီး ဘာမှ အရေးကြီး တာလည်း မရှိဘူးလို့ကို ထင်ပါတယ် ....။
အခုခေတ် ကလေးတွေ ကျူရှင် တွေတက် စာကျက်ဝိုင်းတွေသွား တရုတ်စာ .....အင်္ဂလိပ်စာ ..... ကွန်ပျူတာ တွေ သင်ဆိုတော့ .. သူတို့ လေးတွေ ကို ကြည့်ပြီး တခါ တခါ တော့ သနားမိပါတယ်... ကျနော်တို့ ငယ်ငယ် ကများ ကျူရှင် ဆိုတာ ဘာမှန်းတောင် မသိပါဘူး...။
၆တန်း လောက် ရောက်မှ ဦးအုန်းမြင့်လှိုင် (အုန်း) က သူ့စာအုပ်ဆိုင် မှာ စာအုပ် တွေ မနားတန်း ငှားဖတ်.. သူ့ခြံထဲ မီးဝင်းဝင်းတောက် အောင် ဆော့ ဆိုတော့ အမြင်မတော် လို့ စာခေါ်သင်ပေးတယ် ထင်တာပါဘဲ... ဒါဟာ ငယ်ငယ်က ကျူရှင်လို့ ပြောရင် ရတဲ့ စာသင်တာလေး တခု... သြ .. ငယ်ဘဝ ပညာရေး အတွက် ပြောရရင် ကျနော့် ဖေဖေ ဟာ သားသမီး ၆ယောက် မွေးပြီး ဘယ်သူ ဘယ်အတန်း မှန်းတောင် ကောင်းကောင်း သိတာ မဟုတ်ပါဘူး... ။
အဲဒီအတွက် .. စာမေးပွဲ များစွာမှာလည်း ကိုယ်ဖတ်ချင်တာကို သာ ဖတ်ပြီး သွား ဖြေခဲ့ပါတယ်... အဲဒီ အကျိုးဆက် အတွက် Report card တွေထဲမှာ ရဲရဲတောက် ရွှေစင်ဦး အဖြစ် ကျော်ကြား ခဲ့ပါတယ်.....၊ ဒါပေမဲ့ ဖေဖေ ရဲ့ ဆူပူ ကြိမ်းဝါးခြင်း မျိုးကို ရောင်လို့တောင် မခံခဲ့ရပါဘူး.... အဲဒီ အတွက် လည်း ဖေဖေ ကို ကျေးဇူး တင်ပါတယ်....။
သြ... ကြုံလို့ ပြောလိုက်ရအုန်းမယ်... ကျနော် ရဲ့ မောင်အငယ်ဆုံးလေး ဟာ ဉာဏ်အလွန်ကောင်းပါတယ်... သူကျောင်းနေတော့ သူငယ်တန်း ပထဆုံး ဖြေတဲ့ စာမေးပွဲမှာ အမှတ် ၁၀၀ တွေ အပြည့်နဲ့ အဆင့် ၁ ရပါတယ်... အဲဒီအချိန်မှာ ဖေဖေ ဟာ မိသားစု အားလုံးကို မောင်လေး ဒီလို အမှတ်၁၀၀ တွေ အဆင့် ၁ တွေ ရတဲ့ အတွက် ဘယ်သူက မှ ချီးကြူး ခြင်း .. မြှောက်ပင့်ခြင်း မလုပ်ရပါဘူးလို့ တင်းကြတ်စွာ အမိန့် ထုတ်ခဲ့ ပါတယ်... ။
သူ့သားလေး ဟာ အမှတ် ၁၀၀ အဆင့် ၁ ရတုန်းက ချီးကြူးခံ ရတာမျိုး ကို နှစ်သက်ပြီး တသက်လုံး အဲဒီလို ကျိုးစား ခဲ့ပြီး ... တကယ်လိုများ အဲလို မရတဲ့ အချိန်ကြရင် ဆိုက်ကို ဝင်မှာစိုးလို့ပါတဲ့....... ဒါကို ကျနော် မှန်တယ် မှားတယ် ဘာမှ မပြောလိုပါဘူး... ကြုံလို့ပြောပြတာပါ.....။
နောက်တခါ ကျနော် ၅တန်းရောက်မှ ခွေးအကြီး လှည်းနင်းသလို a, b, c, d တွေ ရွတ်နေရတဲ့ အတွက် .... အိမ်မှာ ဖေဖေ သင်ပေးတဲ့ အင်္ဂလိပ်စာ အထူးသင်တန်း ဒါလည်း တလတောင် မကြာလိုက်ဘူး ကိစ္စ ပြတ်သွားတော့ ရွှေစင်ဦး တို့ ကလေး ဘဝက ဇိမ်တကာ ဇိမ်ပါဘဲ... ကလေး တယောက် ရဲ့ အခွင့့် အရေး တွေ အပြည့် အဝ ရခဲ့လို့ပါဘဲ.... ။
ဒါပေမဲ့ အိမ်မှု့ကိစ္စ တချို့မှာ ဖေဖေ ရဲ့ တာဝန်ပေးမှု့ များကိုတော့ ကျနော် ခံခဲ့ရပါတယ်... တချို့ ဟာတွေ ဟာ ရေးပြီးသား ဖြစ်နေတဲ့ အတွက် ပြန်မရေးတော့ ပါဘူး မဖတ်ရသေးသူများ အောက်မှာ ဖတ်ကြည့် ကြပါ..... သိပ်ပြီး ကြီးကြီးကျယ်ကျယ် တွေတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အဲလို အသေးအမွှား လေးတွေက အမြဲတန်း ဖြစ်နေကြ.....။
ငယ်ဘဝများ (၇) နှင့် မတရားတဲ့ အမိန့်အာဏာ မှန်သမျှ ဆန့်ကျင့်ကြ (၁)
ငယ်ဘဝများ (၇) နှင့် မတရားတဲ့ အမိန့် အာဏာ မှန်သမျှ ဆန့်ကျင့်ကြ (၂)
ငယ်ဘဝများ (၄) နှင့် စာတော်ဖတ်ခင်ခင်
စားကြမယ်ဟေ့ ငပိပေါင်း
လူတိုင်း လူတိုင်း ငယ်ငယ် က အိမ်မက် တွေ ရှိကြတယ်နော် ငါကြီးလာရင်တော့ ဘာတွေ လုပ်လိုက်မှာ ပေါ့ ဆိုတဲ့ ... ကိုယ် ငယ်ငယ် က လုပ်ခွင့် မရှိတာတွေကို ကြီးလာရင်တော့ ကိုယ့်မှာ လုပ်ပိုင် ခွင့် ရှိလာရင် လုပ်မယ် ဆိုပြီး စိတ်ကူးယဉ် ကြတာပေါ့လေ... ။
ကျနော် ငယ်ငယ်က စိတ်ကူးယဉ်တာလေး လည်း ပြောပရစေ ... ငါကြီး လာရင် ငါစားချင်တာတွေ စားပြစ် လိုက်မယ်တဲ့.... ငါဖတ်ချင်တာတွေကို ဖတ်ပြစ်မယ် တဲ့.... အဲဒါ ဟာ မရောင့် ရဲ တတ်တဲ့ စိတ်အခံ နဲ့ ပြောတာပါ ... ကျနော် ဟာ ငယ်ငယ်လေး ကထဲက ဖတ်ချင်တိုင်းဖတ် ကောင်းတာ မကောင်းတာ အပထား စားချင်တိုင်းစားပါ .. အစားအသောက် နဲ့ ပတ်သက်တဲ့ ဖေဖေ သဘောထားလေး ကိုလည်း အောက်မှာ ရေးပေးထားပါတယ်..။
ကျနော့် ဖေဖေ က ကျနော့် တို့ စာဖတ် နေရင် ကြိုက်တယ်... ဥပမာ.. အဝတ် လျှော်တာ တို့ ထမင်းဟင်း ချက်တာ တို့ နဲ့ တခြား ပင်ပန်းတဲ့ အလုပ်များ လုပ်နေရင် မကြိုက်ပါဘူး... စာ ဆိုတာ ကျောင်းစာ ကို ပြောတာ မဟုတ် ပါဘူး... ဘာစာဖတ်ဖတ် ပါ... ကျနော့် ဘဝမှာ စာမကျက်လို့ စာမေးပွဲ မှာ အမှတ်နဲလို့ ဆူတာမျိုး တခါမှ မရှိဘူးသလို report card မှာလည်း ဖေဖေ လက်မှတ်ထိုးတာမျိုး မရှိပါဘူး... အင်း.... ကြည့်ဘူး ရဲ့ လားတောင် မမှတ်မိပါဘူး.... ။
သားသမီး များ အားလုံး (ဘယ်သူမှ) ပင်ပင် ပန်းပန်း လုပ်တာ မကြိုက် ပါဘူး... ထမင်း ဟင်းချက်မဲ့ အစား ထမင်းဟင်း ချက်သူ ကို ငှားနိုင်တဲ့ ဉာဏ် ရှိတာမျိုး အုပ်ချုပ်နိုင်တာ မျိုး နဲ့ ပိုက်ဆံ ရှာတာမျိုး က ပို အရေးကြီးတယ် ဆိုတဲ့ အသိစိတ်ကိုလည်း သွင်းပေး ပါတယ်...။
ကျနော် ငယ်ငယ်က အကြောင်းရေးထားတဲ့ ပို့စ်တွေ ထဲမှာ ကျနော့် တို့ မိသားစု ပုံစံတွေ တော်တော်များ များ ရေးပေးထားပါတယ်... ကျနော့် ဖေဖေ နဲ့ မေမေ တို့ဟာအသက် ၂ဝကျော်ရုံလေး နဲ့ အိမ်ထောင်ပြု ကြတာဆိုတော့ သူတို့ရဲ့ အုပ်ထိမ်းမှု့ ဟာ ကျနော်တို့ မောင်နှမ တွေအတွက် အစမ်းသပ်ခံ များ ဖြစ်ခဲ့လား လို့ ကျနော်ထင်တယ်ဆိုတာကိုလေ....။
ကျနော် ငယ်ငယ် က ဖေဖေ ဟာ အစားအသောက် နဲ့ ပတ်သက်ရင် စည်းကမ်း ထိန်းချုပ်တာကို လုံးဝ မကြိုက်ပါဘူး.. ကျနော့် မေမေက ဝက်သားချက် တယ် အတိုင်း အတာနဲ့ စားခိုင်းတယ် ဖေဖေ မကြိုက်ပါဘူး အဲဒီတော့ ကျနော် တို့ ကြိုက်သလောက် စားပေါ့... ဟား..ဟား စားကြတာပေါ့... နေ့တိုင်းတော့ အဲလို အဝ မကြွေးနိုင်တော့ တပတ် တရက် နှစ်ရက် အသားချက်တယ်.. ကြိုက်သလောက်စား ပေါ့ ဘယ်သူမှ ဟန့်တား နိုင်ခွင့် မရှိပါဘူး ... ။
ကျန်ရက်များမှာတော့ အသား အစား ပဲ.. ဟင်းသီးဟင်းရွက်.. စားပေါ့... အဲဒါ ကလည်း တခြား သူဌေးအိမ် များဆိုရင် ကလေး များ မစားလို့ကို မိဘ က ချော့ ကြွေးနေရတော့ သူ့သား သမီးများ ချော့ မကြွေးရဘဲ စားနေတာကို ကျေးဇူးတင်ရမယ်ပေါ့... ဒီတော့ သူလည်း သူတတ်နိုင် သလောက် အဝကြွေးတာပါ..။
နောက်တခါ အိမ်မှာ ဝယ်လို့ ဒါမှမဟုတ် သူများ လက်ဆောင်ပေးလို့ ကိတ်မုံ တွေ ချိုချဉ်တွေ တခြား စားစရာ တွေ ရလာ ရင်လည်း နေ့ဘို့ ညစာ ထားတာကို မကြိုက်ပါဘူး အားလုံး ကိုယ့်ဝေစု နဲ့ ကိုယ် ခွဲပေး လိုက်တယ်.. ကိုယ်ဘာသာ ဘယ်လို ဘဲ စားစားပါ .. အဲဒီမှာ ကျနော် ဟာ အကြီးဆုံး ဖြစ်တဲ့ အတွက် ဝေပုံကြ ခွဲပေး ရပါတယ်... ခွဲပေးရတဲ့ သူကြီး လုပ်တဲ့ အတွက် နောက်ဆုံးမှ ယူရပါတယ်....။
အဲဒီ အတွက် ဝေစု ခွဲတဲ့ အခါမှာ အညီမျှဆုံး ဖြစ်အောင် စီမံ ရပါတယ်... ကိတ်မုံ လို မျိုးဆိုရင် အတော် ကို ညီမျှအောင် ကျိုးစား ရပါတယ်.. ကိုယ်က နောက်ဆုံး မှ ယူရတာဆိုတော့ အဝေမတတ်ရင် ဆရာ က အနည်းဆုံး ရမှာဖြစ်တဲ့ အတွက်ပါ .. ..။
တခါတလေ တော့လည်း ခေါင်းဆောင်ကြီး လုပ်ချင်တဲ့ အတွက် အနစ်နာခံသင့် ရင်ခံလိုက်ရပါတယ် (ငယ်ငယ်တုံးကပါ ..အခုတော့ တပည့်ကြီးဘဲ လုပ်ချင်ပါတော့တယ်)... အနစ်နာ ခံတတ်တဲ့ အကျင့် .... အညီ အမျှ ခွဲဝေ တတ် တဲ့ အကျင့် ရ လာပါတယ်.... အဲဒီအတွက် ဘာမဆို တရားအောင် ကျိုးစား တတ်လာ ပါတယ်..... ခေါင်းဆောင်လုပ်သူရဲ့ သဘောသဘာဝ ကို နားလည် လာပါတယ်... ။
ကျနော့် ဖေဖေ ဟာ ကျောင်းဆရာ တယောက် ဖြစ်တဲ့ အတွက် ကျောင်းသူကျောင်းသားများ ကန်တော့ တာ ကို အမြဲတန်း ခံရပါတယ်.. အထင်မကြီးကြပါနဲ့..... မုံ့ နဲ့ အလွန်ဆုံး ပုဆိုး တဘက်လောက်ပါဘဲ... တခါ ကတော့ တခေတ်တခါ က ခေတ်စား ခဲ့တဲ့ ပလတ်စတစ် ခြင်းနီကြီး နဲ့ ထည့်ထားတဲ့ ပန်းသီးများ နဲ့ တခြား ဘာညာ ကွိကွ တွေ တခြင်းလုံး အပြည့် လာကန်တော့ ပါတယ်... ကျနော် ကတော့ ခြင်းကြီး ကြည့်ပြီး ဝမ်းတွေ သာနေပါတယ်... စားရ တော့ မယ်ပေါ့... ။
ဒါပေမဲ့ ဖေဖေ ကလက်မခံခဲ့ပါဘူး.. သူတို့ ပြန်သွားတော့ ဖေဖေ့ ကိုပြောတာပေါ့.. ဖေကလည်း လို့ မုံတွေဘဲ နေမှာပါ ဘာလို့ မယူရတာလည်း ဆိုတော့ .... အောင် စာရင်း ထွက်မှ ကန်တော့ ရင် ယူမှာ ပါလို့ .. ပြောလိုက်သားဘဲ . စာမေးပွဲ စစ်နေတဲ့ အချိန် ကန်တော့ တာလက်ခံ တော့ လာဘ်စား ရာ ရောက်တယ် တဲ့...... အစား ဆိုတာလည်း တရား မှ စားရ မယ် တဲ့... အဲဒီ အတွက်..မတရား ဘူး ထင်တဲ့ အရာများ ကို ကျနော် လည်း မစားတတ် ခဲ့ပါဘူး.... ။
နောက်ပိုင်း အိမ်မှာ မုံပုံးတွေ ဖျော်ရည် တွေနဲ့ ကန်တော့ ကြတယ်.. ၊ ကျနော် တို့ မစားရ တော့ပါဘူး.... တခါတရံ တော်တော် တောင်းဆို မှ စားရတယ်... အမြဲတန်း လည်း စားရတာ မဟုတ်ဘဲ နဲ့ စားမနေနဲ့ တဲ့... အဲဒီလို အကောင်း အမွန်အမြတ်များ ဆို ဘုန်းကြီး လိုမျိုး သက်ကြီးရွယ်အို မျိုးကို ဖေဖေ က လှူဒါန်း ပါတယ်.... ဒါလည်း အသိတခု ရစေပါတယ်...။
နောက်ပြီး ကျနော့် ကို အမြဲတန်း စာဖတ်နေတဲ့ အတွက် စာဖတ်လို့ တော်ကြေး အလိမ္မာ ရှိကြေးဆိုရင် ရွှေစင်ဦး လောက် တော်တာ လိမ္မာတာ ရှိမှာ မဟုတ်ဘူး တဲ့... ဒါကတော့ ရွဲ့ ပြောတာပါ ... အမှန်တော့ ရွှေစင်ဦး ဟာ တော်ပါတယ်.. လိမ္မာပါတယ်.... အဟဲ... အဲဒီလို ပြောပေမဲ့ ကျနော် ငယ်ငယ် လေး ကထဲက စာဖတ်ဘို့ နည်းမျိုးစုံ လမ်းညွှန်ခဲ့တဲ့ ဖေဖေ့ ကျေးဇူးတရား တွေဟာလည်း မမေ့နိုင်ဆုံး အရာ တွေပါ....။
နောက်ဆုံး ပြောရရင် ကျနော့် ဖေဖေ ဟာ ကျနော့် သိတဲ့ အချိန်တွေ မှာတော့ မိသားစု အပေါ်က လွဲရင် ကျန်တာ အားလုံး မှာ မတရားတာ မမှန်တာ မလုပ်ဘူး .. အဲဒီအတွက်ကျေးဇူးတင်ပါတယ်...၊ ကျနော့် ဘဝ မှာ မိဘ နဲ့ ပါတ်သက်ရင် တသက်လုံး မျက်နှာမငယ် ခဲ့ ရ .. လိပ်ပြာ သန့်ခဲ့ ရလို့ပါဘဲ.....၊။
သြ .. အခုဖေဖေ ဟာ ပင်စင်ယူပြီးပေမဲ့လည်း မန္တလေး မြို့က ပုဂ္ဂလိက ကျောင်းကြီး တကျောင်း မှာ GCE O Level တွေကို စာသင်နေပါတယ်...၊ သူ့ ကျောင်းသား တွေ ကို IQ မြင့် တယ်ဆိုပြီး အရမ်း သဘောကျ နေပါတယ်...သူ ပြောတဲ့ joke တွေကို သဘောပေါက် တဲ့ အတွက် အသက် ၆ဝ လောက် ဦးနှောက် ရှိတယ် ဆိုပြီးတော့ပါ ... ။
ကျနော် လည်း ဖေဖေ ကို စလိုက်တယ်... joke ပြောတဲ့ ဆရာ က ၁၆ နှစ်လောက် ပြန်ဖြစ် သွားတာရော မဖြစ်နိုင် ဘူးလားလို့.....။
ဒီပိုစ့် လေး ရေးရခြင်း ရည်ရွယ်ချက် မှာ ဖေဖေ ဟာ ရွှေစင်ဦး တို့ မိသားစု အတွက် လိုအပ်ပါတယ်.. လောကကြီး အတွက် ဖေဖေ လိုအပ်ပါသေးတယ် ဆိုတာ ဖေဖေ သိစေချင်တဲ့ အတွက်ပါ… ။
နောက်ထပ် ဖေဖေ ရဲ့မွေးနေ့ပေါင်း များစွာ ကို လည်း ဖေဖေ ချစ်တဲ့ မိသားစု ဖေဖေ ခင်မင်တဲ့ မိတ်ဆွေ များနဲ့ အတူ ဖေဖေ ဖြစ်စေချင်တဲ့ ပုံစံမျိုး ရှိမဲ့ နိုင်ငံကြီး မှာ နှစ်ပေါင်း များစွာ ဆက်လက် ကျင်းပ နိုင်ဘို့ အတွက် ဖေဖေ စိတ်ကျန်းမာ ကိုယ်ကျန်းမာ ရှိစေဘို့ ဖေဖေ့ ကိုယ် ဖေဖေ စောင့်ရှောက်ပါ အားတင်း ထားပါ ဖေဖေ လို့ …. ပြောရင်း…… ဖေဖေ့ ရဲ့ ကျေးဇူး တရားများကို ပြန်လည် ခံစား ပါတယ်...။
ဖေဖေ ရေ ဘယ်လိုဘဲ ပြောပြော ဖေဖေ ကြောင့် ရွှေစင်ဦး ရှိခဲ့တာပါ ……. ကျေးဇူးပါ ဖေဖေ…..
လေးစားစွာဖြင့်
ချစ်သမီး - ရွှေစင်ဦး (ဖေဖေ စ လေ့ ရှိတဲ့ ဘလော့ဂါ မကြီး မဟုတ် ဘလော့ဂါ မလေး ပါ)
.
25 comments:
မရွှေစင်ရဲ့ ဖေဖေပို့စ်ကိုဖတ်ရတော့ အဖေမေတ္တာမရဖူးတဲ့လူမှာ ဖတ်ရင်း အားကျမိတယ်။ မျက်ရည်လည်းကျမိတယ်၊ အဖေတွေအားလုံးက အဲ့ဒီလိုပဲ သားသမီးတွေကို လမ်းပြမယ်ထင်တယ်နော်။
မရွှေစင်ကို အားကျတယ်သိလား။
ချစ်တဲ့လုလု
မရွှေစင်ရဲ့ ဖေဖေပို့စ်ကိုဖတ်ရတော့ အဖေမေတ္တာမရဖူးတဲ့လူမှာ ဖတ်ရင်း အားကျမိတယ်။ မျက်ရည်လည်းကျမိတယ်၊ အဖေတွေအားလုံးက အဲ့ဒီလိုပဲ သားသမီးတွေကို လမ်းပြမယ်ထင်တယ်နော်။
မရွှေစင်ကို အားကျတယ်သိလား။
ချစ်တဲ့လုလု
အင်း အစ်မရွှေစင်က သူ့ဖေဖေ့ကိုများ ပြောချင်တာပြောပြီး နောက်ဆုံးမှ အခုပိုစ်တစ်ခုထဲနဲ့ ကျေခိုင်းတာ ကောင်းသလား.. အစ်မရွှေစင် လူလည်ပါဗျို့းD
မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာ အန်ကယ် ကျန်းမာပျော်ရွှင်စွာနဲ့ သက်တော်ရာကျော် ရှည်ပါစေ..။
အဲဒီတုန်းက ငယ်ဘ၀မှာ ငယ်ဘ၀ရဲ့ အနှစ်သာရကို အပြည့်ရခဲ့တာ တကယ့်ကို ကံကောင်းတာပဲနော်..။ ညီမလည်း အဲလိုပဲ ကိုယ့်ကိုယ့်ကို ကံကောင်းတယ်လို့ တွေးမိတယ်။ အခုခေတ်ကလေးတွေကတော့ ၃ နှစ်ကတဲက မူကြိုကျောင်းသွားပြီး စာအော်နေရရှာတာလေ.နော်.။
ကျေးဇူးကြီးပေ တို့ဖေဖေပါပဲ..
အမ ဘလော့ဂ်မှာ ဒီလိုပို့စ်တွေ ဖတ်ရခဲဘိခြင်း..
အခန်းဆက်ချည်းရေးတာကိုး..
နှစ်ကျော့ပြန်ဖတ်သွားပါကြောင်း
မရွှေစင်ရဲ့ ဖေဖေက ၀ါဆိုလထဲမှာ (...)နှစ်ပြည့်
မယ်ဆိုတော့ ဘယ်လောက်လဲ ၄၀ လား၊ ၅၀ လား၊
မရွှေစင်ရဲ့ ဖေဖေ အသက်ရာကျော် ရှည်ပါစေလို့
ဆုတောင်းပါတယ်။
အမရွေစင်
ဖတ်ပြီးတော့ အမအဖေလို.. အမလိုလူတွေ တိုင်းပြည်အနှံ့ ပေါ်စေသော်လို့ ဆုတောင်းပါသည်..။
တိုင်းပြည်အတွက် လူတယောက်ရဲ့ ထားရှိထားအပ်တဲ့ တန်ဖိုးဟာ သိပ်ခက်တဲ့ကြားက တန်ဖိုးထိမ်းနိုင်သူတွေ သားသမီးတွေကို လမ်းပြနိုင်သူတွေဟာ မဗေဒါတို့ နိုင်ငံမှာ တကယ့် စံပြတွေပဲ ဖြစ်မယ်လို့ ယုံကြည်ရင်း..။
အမရေ.. ဒီလိုပါပဲလို့ ..။
အမအဖေလည်း ကိုယ်ကျမ်းမာသလို စိတ်လည်း ချမ်းသာအောင် နေနိုင်ပါစေလို့ ဆန္ဒပြုသွားပါတယ်..။
မဗေဒါ
မရွှေစင် ရဲ့ ဖေဖေ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။
မမရွှေဇင်...ဘာရေးရမှန်းတောင် မသိတော့ဘူး... အဲလို လူငယ်ဘဝ လွတ်လပ်မှုအပြည့်ရခဲ့တာ ကောင်းလိုက်တာ၊ မိဘတိုင်း အဲသလို မဟုတ်ဘူးနော်...သဘောကျစွာ ဖတ်သွားပါကြောင်း...:)
အစ်မရွှေစင်...ကြည်နူးဖွယ် ပို့စ်လေး ကိုလာဖတ်သွားပါတယ်။အစ်မဖေဖေသက်ရာကျော်ရှည်စေ
ကြောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ
မှားနေအုံးမယ် သေချာစဉ်းစားပြီးမှပြောဗျ
အန်ကယ်ရေ မွေးနေ့ပေါင်းများစွာ ချစ်တဲ့သမီးရွှေစင်ဦးလေးနဲ့ ဆက်လက်ငြင်းခုန် ဆွေးနွေးနိုင်ပါစေ
စည်းစိမ်ရှင်ကလည်း အမကြီးရွှေစင်ပြောတဲ့အတိုင်း အန်ကယ် ရေ အန်ကယ် ကိုယ် အန်ကယ်စောင့်ရှောက်ပါနော်
ပျော်ရွှင်ပါစေ။
ချစ်ညီမ
လေးလေး seesein
တို့လည်းအဖေနဲ့ သိပ်မတည့်ဘူး..ချစ်တော့ချစ်တယ်.. တူတူကြာကြာနေလို့မရဘူး.....သူ့အကြောင်းလည်း ရေးမလို့ပဲ
မရွှေစင် အဖေ မွေးနေ့မှ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ၊ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာ မိသားစုနဲ့ အတူတူနေနိုင်ပါစေ။
အမနဲ့ ကျနော် တူချက်ကတော့ဗျာ။ ကျနော်လည်း ကျနော့်အဖေ မွေးနေ့မှာ ဒီခေါင်းစဉ်နဲ့ပဲ စာရေးထားတာ . .၊
http://www.zaw357.net/2010/03/blog-post.html
ပျော်ရွှင်ပါစေ
ကိုဇော်
မိဘတွေဟာ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတဲ့အထိ အသက်ကြီးနေပါစေ
အိမ်ဦးခန်းမှာ ရှိနေတယ် ဆိုတဲ့အသိလေးနဲ့တင် ဘ၀တစ်ခုလုံး လုံခြုံနွေးထွေးရပါတယ်..
ညီမတော့ မိဘမရှိတော့မှ ကျေးဇူးမဆပ်လိုက်ရလေခြင်းလို့ နောင်တရမိမှာ သိပ်ကြောက်တယ်..
ဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားပါတယ်.. အစ်မရယ်.. တစ်ခါတစ်လေများ အိပ်နေရင်းနဲ့ အဖေအမေ မရှိတော့ရင်ဆိုတဲ့ အတွေးလေး
တွေးမိရင်တောင် အိပ်ရာက လန့်နိုးမိတတ်ပါတယ်..
ရွှေစင်အဖေက ကိုကြီးကျောက်ထက် တရက်ပဲကြီးတာပဲ
ကိုကြီးကျောက်က ခုမှ ၁၆ နှစ် တရက်လျော့.....
မမရွှေစင်ဖေဖေကြီး (ပူးတေတို့ အန်ကယ်ကြီး) သက်တော်ရာကျော်ရှည်ပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသားသာနဲ့ သာသနာပြုနိုင်ပါစေလို့
ချစ်ညီမပူးတေက ဆုတောင်းပေးလိုက်ပါတယ်မမ
အစ်မရဲ့ အတွေးအမြင်တွေကို စိတ်ဝင်စားတယ်။
မတူတာရှိရင်တောင်မှ စိတ်ဝင်စားတယ်။
အင်မတန်လွတ်လပ်ပြီး အင်မတန်လူသားဆန်တယ်လို့ ခံစားရလို့။
(ခုပြောချင်တဲ့ လူသားဆန်တယ်ဆိုတာ အများစု ခံယူသလို နွေးထွေး နူးညံ့ ယုယ လှိုက်လှဲ ဆိုတာမျိုးတွေကို ဆိုလိုချင်တာ မဟုတ်ဘဲ...
ပရိယာယ်ကင်း၊ အရှိအတိုင်း ဖြောင့်မတ်ပြတ်သားတယ်လို့ ခံစားရတာကို ပြောချင်တာပါ)
ရွှေစင် ဖေဖေ စိတ်ကျန်းမာ ကိုယ်ကျန်းမာ နဲ့ မွေးနေ့ ပေါင်းများစွာ ကျင်းပ နိုင်ပါစေ ...
ဖေဖေ့ကျေးဇူး..အရောက်လာဖတ်သွားပါတယ်။
မရွေစင်..
ဖေဖေ့ကျေးဇူးအကျေဆပ်နိုင်တဲ့သမီးကောင်းရတနာ
တစ်ယောက်ဖြစ်ပါစေ။
မရွှေစင်ရဲ့ဖေဖေလည်းမွေးနေ့မှသည်..နောင်နှစ်ပေါင်းများစွါထိသက်တော်ရာကျော်ရှည်ပါစေ။
အစ်မရွှေစင် ရဲ့ ဖေဖေ အသက်ရာကျော် ရှည်ပါစေ..။ ကျွန်တော်က အဖေကို အချစ်ပို တဲ့သူဗျ....။ ပြောရမယ် ဆိုရင် ကျွန်တော့် ဖေဖေ ကလည်း သားသမီးတွေ ကိုအချစ် ကြီး တာကိုး...။
မမရွှေစင်....ဖတ်ရတာကောင်းလိုက်တာ....ညီမလေးရဲ့ ဖေဖေ့ကိုတောင် သတိရသွားမိတယ်....ဟုတ်တယ်နော် ....မိဘတွေဟာ သားသမီးတွေ အတွက် လမ်းတွေကို ဖွင့်ထားပေးသင့်တယ်.... မမရွှေစင်ရဲ့ ငယ်ဘ၀ကတော်တော်ကို ပျော်စရာကောင်းတာပဲ....
မမရွှေစင်ရော မမရွှေစင်ရဲ့ ဖေဖေရော ကျန်းမာ ချမ်းသာစွာနဲ့ သက်တော်ရာကျော်နေနိုင်ကြပါစေ...
ချစ်ညီမလေး
အဖေ အများကြီးကျေးဇူး ရှိတာကိုသိတာပဲတော်ပါပြီ
မရွှေစင် အဖေ မွေးနေ့မှမရွှေစင် ဆုတောင်းတဲ့အတိုင်းပြည့်ပါစေလို့ ထပ်ဆုတောင်းပေလိုက်တယ်
မမရွှေစင်..
သဒ္ဓါလည်းဖေကြီးကိုသတိရသွားတယ်..။အမြဲတမ်းလိုလို
လန့်နိုးတတ်တယ်..ထကြည့်လိုက်တော့ဘေးနားမှာ
မရှိဘူး..။
မမရွှေစင်အဖေလည်းမိသားစုနဲ့အတူတကွ
ကျန်းမာချမ်းသာသက်တော်ရာကျော်ရှည်ပါစေ..
ဖတ်ရင်းခံစားရတယ်..
ခင်တဲ့
ညီမသဒ္ဓါ
မရေ
အပြန်လှန်ဆွေးနွေးခွင့်ပေးတာရော..
မုန့်ခွဲခိုင်းတဲ့စနစ်
ဟင်းအ၀စားခိုင်းတာရော
သိပ်သဘောကျတာပဲ
မတို့မိသားစုလေးက တကယ့်ကို သဘာဝဆန်သလို ခံစားရတယ်
...
ရဲရဲတောက် မမရွှေစင်.. အကြောက်တရား အောက်မှာ
ကျွန်တော် တို့  ကြီး ပြင်း လာခဲ့ ကြ ရတယ် ဆိုတာ
တကယ်မှန် ပါတယ်နော် ၊ အခု အဲ့ ဒီ အကြောက်တရား အောက်မှာပဲ ကျွန်တော့် တို့  ဘဝ တစ်ခုအစ သတ်
ပြီးဆုံး ရပြန်တော့ မယ်လေ၊
မရွှေစင်အဖေ ရဲ့  မှန်တာ ကို မှန်တဲ့ အတိုင်း ရင်ဆိုင်
တတ် ဘို့  ကိုယ့် လွတ်လပ်ခွင့် တွေကို ရအောင်ယူတတ်
ကာကွယ် တတ် ဘို့  လေ့ ကျင့်  ပျိုး ထောင် ပေး
တာ ကို သဘော အကျ ဆုံးပါ ပဲ ။
အမပြန်လာဖတ်ပီး လာမန့်တာပါ..
အမဖေဖေကျန်းမာပါစေ..ရောဂါဘယကင်းဝေးပါစေ..
အမဖေဖေ့ပို့စိကိုဖတ်ပီး ဖေဖေ့ကို သတိရလိုက်တာ...
မြတ်နိုး
Post a Comment