Tuesday, September 7, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁)

ငယ်ယုံပူဘော်
စာရေးသူ - မဝင်းမြင့်

သူတို့ သူငယ်ချင်း သုံးယောက်ထဲမှာဆိုလျှင် မေမေခင်က စိတ်နှလုံး သဘောထား အနူးညံ့ဆုံး ဖြစ်သည်။ ဘာကိုဖြစ်ဖြစ် လျှော့ပေးတတ်သည်။ အနာခံတတ်သည်။ ယုတ်စွအဆုံး သူငယ်ချင်း အချင်းချင်းက ခဲတံ ငှားသွားတာမျိုး၊ စာအုပ်ငှားသွားတာမျိုးကို မေမေခင် စိတ်သဘောထား သိမ်းမွေ့နူးညံ့မှန်းသိ၍ ပြန်မပေးဘဲ အမေ့ခံ ထားတတ်ခြင်း၊ စီးကြောသည့် သဘောဖြင့် ယူထားတတ်ခြင်းကို မေမေခင်သည် ဘာမှ ပြောဆို တောင်းယူခြင်းမရှိ။ သူ့အဖို့ ငွေကြေးပြည့်စုံသူ ဖြစ်သည့်အလျောက် အသစ်ထပ်ဝယ်သည်။ ဤသည်ကို ကြားက နေပြီး မခံမရပ်နိုင် ဖြစ်နေရသူက မြသွင်အေးဖြစ်၏။
"ခင်ဟာ... ဘယ်လိုလဲ... ကိုယ်ပစ္စည်းကိုယ် ပြန်တောင်းပေါ့၊ ခင် ကြောက်ရင် မြ အမုန်းခံပြီး တောင်းပေး မယ်၊ သူတို့က နိုင်ထက်စီးနင်းလုပ်နေတာ ဘာကြောင့်ခံရမှာလဲ"
မြသွင်အေး က ဒေါနှင့်မောနှင့် ဆို၏။ ထိုအခါ မေမေခင်က အေးဆေကြည်လင်သော အသံဖြင့် ပြန်ပြော တတ် သည်ကာ...

"သူများပစ္စည်းကို မရှက်တတ်လို့ ယူထားပေမယ့် ခင်က ကိုယ့် ပစ္စည်းနဲ့ ကိုယ်ပြောရမှာ ရှက်တယ်၊ ကြောက် လို့ မဟုတ်ပါဘူး မြရယ်၊ သူတို့မရှက်တတ်လို့ ယူတာ ယူပါစေ၊ ဥစ္စာရှင် မကြည်ဖြူတဲ့ ပစ္စည်းဟာ အပင်း အဆိပ် လိုပါပဲ"
ဟူ၍ တရားသံပါပါ ပြန်ပြော၏။
"သြော်.. တကယ်ကို သူတော်ကောင်း ပါလား၊ ဒါဖြင့်ခင် ဘာကြောင့် ၀တ်ကြောင် ၀တ်နေတာလဲ၊ သစ်ခေါက် ဆိုး ၀တ်ပြီး တရားကျင့်နေပါလား၊ မြက သူ့အစား မခံချင်လို့ ပြောနေရတာကို သူကများ တရားဟော ရတယ် ရှိးသေး၊ စိတ်ချင်းများ လဲလိုက်ချင်တယ်"

မြသွင်အေးက စိတ်ထက်သူပီပီ ဆိုးဆိုးဆတ်ဆတ် ပြောပြီး..
    "ကြားလား ကိုမင်းဇင်... တရားရှင် သူတော်ကောင်းမကြီးက မြကိုတရားချနေတာ"
ဟု မောင်မင်းဇင်ကို လှည့်ပြီး တိုင်တည်တတ်သည်။ ထိုအခါ မောင်မင်းဇင်က မည်သူ့ဘက်မှ မလိုက်ဘဲ သူ့ထင်မြင်ချက် ကို ဆို၏။
    "ခင်က စိတ်သဘောထား ဒီဘောက် နူးညံ့သိမ်မွေ့ပြီး သည်းခံလွန်းနေတတ်ရင် ယောင်္ကျားရတဲအခါ ယော်င်္ကျား နဲ့ ယောင်္ကျားဘက်က ဆွေမျိုးတွေ နိုင်နင်းသမျှ ငုံ့ခံဖို့ဖြစ်မယ်၊ မြက မဟုတ်မခံ ဆတ်ဆတ်ကြဲ စိတ်လဲ ရှိတယ်၊ နောက်ပြီး.."

မောင်မင်းဇင် စကားမဆုံးမီ မေမေခင်က သူ့နားထင်ကို လက်မဖြင့် ဖိပြီး မသိမသာ မျက်နှာမဲ့သွားသည်။ ဤုသည်ကို မေမေခင်အား သတိထားကြည့်နေငော မြသွင်အေးက မြင်လိုက်သည်။
    "ခင်.. ဘာဖြစ်လို့လဲဟင်"
ဟု စိုးရိမ်သံ ကြင်နာသံဖြင့် ဂရုတစိုက် ယုယစွားမေးသည်။
"ညက စာကြည့်တာ ညဥ့်နက်သွားလို့ ထင်ပါရဲ့၊ ခေါင်းထဲက တစ်ချက်တစ်ချက် ထိုးကိုက်သလိုပဲ မြရဲ့"
ဟု မေမေခင် က ဖြေ၏။

"ဟုတ်လား.. စာကြည့်တာ ညဥ့်နက်ခံရသလား ခင်ရဲ့၊ ဒီလိုခေါင်းထဲက ဖြစ်တာမျိုး သိနေရင် ဦးနှောက်ကို အနားပေးရတယ်၊ ခေါင်းကိုက်တာ ခေါင်းမူးတာကို မမွေးထားရဘူး၊ ရော့ .. ဟောဒီမှာ"
မြသွင်အေး က ပြောပြောဆိုဆို လွယ်အိတ်ထဲက ရှူဆေးဘူးကလေးကို ထုတ်ပေးပြီး..
"အဲဒါရှူလိုက်၊ ခေါင်းထဲမှာ ပေါ့သွားလိမ့်မယ်"
ဟု ပြောဆို ကုသ နေသဖြင့် မောင်မင်းဇင်၏ စကားက အခိုက်အတန့် ပြတ်နေသည်။ မေမေခင်က ရှူဆေးဘူးကလေးကို နှာခေါင်ဝမှာ တေ့ထားပြီး အားပါးတရ ရှူလိုက်၏။
"ထိပ်ပေါက်အောင် တအားရှိုက်"

မြသွင်အေးက ညွှန်ကြားချက်အတိုင်း မေမေခင်က လိုက်နာသည်။
"ကောင်းလိုက်တဲ့ ဆေးနံ့လေး.. ခေါင်းထဲမှာ ကြည့်ပြီးပေါ့သွားတာပဲ"
မေမေခင်က ဆို၏
    "ယူထား ခင်၊ မူးတတ် ကိုက်တတ်ရင် ရှူးဆေးကို ဆောင်ရတယ်"
ဟု မြသွင်အေးက ပြောသောအခါ..
"မြ အဲဒီလို တစ်ခါမှ မဖြစ်ဘူး ကိုမင်းဇင်၊ မြ မဖြစ်ပေမယ့် သွားရင်းလားရင် အဲဒီလို ဖြစ်တဲ့ လူတွေ့ရင် ကူညီရအောင်လို့ မြ အမြဲဆောင်ထားတတ်တယ်၊ မြက ၀ါသနာပါတယ် ကိုမင်းဇင်ရဲ့"
မြသွင်းအေး က သူ့ ကျောင်းလွယ်အိတ်ကို ပုတ်ပြပြီး ပြန်ပြောသည်။ ထိုအခါ မောင်မင်းဇင်က စကား ဆက်၏။

"အခုတင်က ကျွန်တော်ပြောနေတဲ့ စကားမဆုံးသေးဘူး၊ ခင်ခေါင်းကိုက်တာနဲ့ ပြတ်သွားတယ်၊ ဆက်ပြော ဦးမယ်"
"ဟုတ်သားပဲ၊ ခင့်ကြောင့် စကားပြတ်သွးတာ၊ ကိုမင်းဇင်ဆက်ပြော.."
ဟု မေမေခင်က တိုက်တွန်းသည်။ မောင်မင်းဇင်က ဆက်ပြော၏
    "ခင်က လင်အနိုင်ခံရဖို့ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ်နော်၊ မြကတော့ လင် အနိုင်ခံရမယ်... မခံရဘူးဆိုရင် ဆရာဝန် ဖြစ်နိုင်တယ်"
စိတ်ထား နူးညံ့သော မေမေခင်က ပြုံးနေသည်။ မြသါင်အေးက ပြန်ချေသည်။
"အောင်မယ်.. ကိုမင်းဇင်က ခင်နဲ့ မြကို ဘာဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်မေတွ ပြောနေလိုက်တာ၊ ကိုမင်းဇင် ဘာဖြစ်မယ် ဆိုတာရော မြပြောရမလား"
"ပြောပါဗျ.. ပြေပါ"

"ကိုမင်းဇင်က လူတစ်ဖက်သားကို အမှတ်မဲ့ မနေတတ်ဘဲ အကဲခတ်တတ်၊ လေ့လာတတ်တဲ့ လူဆိုတော့ လူဆိုးဖမ်း စုံထောက်ဘက် ရဲဘက်မှာ ဖြစ်မယ်လို့ မြ ထင်မြင်ချက်ပေးတယ်"
မြသွင်အေး စကားကြောင့် သူငယ်ချင်းသုံးယောက် အားပါတရ ရယ်လိုက်ကြသည်။ ထို့နောက် မောင်မင်းဇင်က ပြော၏။
    "တို့သုံးယောက်က ပြောမနာ ဆိုမနာတွေ၊ တစ်ယောက်ကိစ္စ တစ်ယောက် ဖွင့်ဟတိုင်ပင် အသိပေး နေသူတွေ ဆိုတော့ ခင်နဲ့ မြမှာ ဘယ်လို ကိစ္စဖြစ်ဖြစ် ကျွန်တော့်ကို အသိပေး၊ အထူးသဖြင့် ရည်းစား ထားမယ် ဆိုတာတောင် ဘယ်သူဘယ်ဝါ ဆိုတာ ပြောပါ၊ ကျွန်တော် လူကဲခတ်ပေးမယ်၊ စုံစမ်းပေးမယ်၊ ဒါမျိုး တော့ ၀ါသနာပါတယ်ဟေ့"
ကိုမင်းဇင်က မျက်နှာတည်တည်ဖြင့် စုံထောက်ဟန်ပါပါပြောရာ မေမေခင်က ရယ်ရုံသာ ရယ်နေ သော်လည်း မြသွသ်အေးက စိတ်ထက်သူပီပီ လက်ထဲ ကိုင်ထားလျက်ရှိသော ပေတံဖြင့် မောင်မင်းဇင်ကို လှမ်းရိုက်ရင်း..

    "ကြည့်စမ်း..ကြည့်စမ်း.. မြတို့က အကောင်းမှတ်လို့ နားထောင်နေတာ၊ ဟင်း.. ကိုးယ်ယူမယ့် မိန်းမသာကို ပြန်စုံစမ်းပါ၊ ကိုမင်းဇင်က ခရိုင်ရဲဝန်ရဲ့  တစ်ဦးတည်းသောသားဖြစ်လို့ ဂုဏ်မက်တဲ့ ပိုင်းလုံးမနဲ့ တွေ့မယ် သတိသာ ထားနေ"
ဟု ဆတ်ဆတ်ကြဲပြန်ပြောသည်။ မောင်မင်းဇင်က သူ့ကိုရိုက်နေသော မြသွင်အေး လက်ထဲမှ ပေတံကို ဆွဲလုယူလိုက်မှ အရိုက်ခံရ သက်သာသွားသည်။ ရိုက်သည်ကလည်း နာအောင်ရိုက်ခြင်း မဟုတ်။ ပေတံ ကိုလည်းလျှော့ရဲရဲသာ  ကိုင်ထားသောကြောင့် မောင်မင်းဇင်း လုယူရာ အလွယ်တကူ ပါသွားသည်။

    "ကျွန်တော်က စေတနာနဲ့ ပြောတာပါ၊ အထူးသဖြင့် ခင့် အတွက်ပိုပြီး စိုးရိမ်တယ်။ ဘာကြောင့် လဲဆိုတော့ မြက သတ္တိရှိတယ်၊ ဘာမဆို ရဲရဲပြတ်ပြတ် လုပ်တတ်တယ်၊ နောက်ပြီး မြ မိဘတွေကလဲ လွတ်လွတ်လပ်လပ်ထားတော့ မြက လောဘကြီးအကြောင်ကို ခင့်ထက် ပိုပြီးနားလည်တယ်၊ ခင်ကတော့ ရိုးလွန်း အေးလွန်း ပျော့လွန်တယ်ကွယ်"
မောင်မင်းဇင်က လူကြီးဆန်ဆန် ပြောသောစကားကြောင့် မြသွင်အေးက မေမေခင်ကို လှည့်ကြည့်သလို၊ မေမေခင်က မြသွင်အေးကို ပြန်ကြည့်သည်။ စုံထောက်ဥာဉ်ပါသော မောင်မင်းဇင်၏ ယူဆချက်၊ ဝေဖန်ချက် က မှန်ပါသည်။

မြသွင်အေးက ရဲရင့် ဖျတ်လတ်သည်နှင့် အမျှ စိတ်သဘောထားက ထက်မြက်ပြတ်သားသည်။ မေမေခင်က သတ္တိကြောင်ခြင်း၊ ကြောက်တတ်ခြင်း မဟုတ်သော်လည်း စကားနည်းရန်စဲ အေးအေးဆေးဆေး နေတတ်သည်။ စိတ်သဘောထား နူးညံ့ပျော့ပျောင်း၍ မည်သူနှင့်မဆို သည်းခံတတ်သော စိတ်ကြောင့် အကြောင်းမသိသူတွေက ကြောက်တတ်သည်ဟု အထင်ခံနေရသူ ဖြစ်သည်။ မေမေခင်၏ စိတ်က အမှန်တကယ် ဆိုရမူ နူးညံ့သည်နုင့်အမျှ စိတ်ထားခိုင်မာသည်ကို မောင်မင်းဇင်နှင့် မြသွင်အေးတို့က လေးလေး နက်နက် မတွေးမိခဲ့ကြပေ။

မြသွင်အေးနှင့် မေမေခင် ဟန်ပန်အမူအကျင့် စိတ်သဘောထားခြင်း မတူသလိုပင် သူတို့နှစ်ယောက် ရုပ်ရည်ကလည်း မတူကြပေ။ မြသွင်အေး၏ အရပ်က ငါးပေနီးပါးရှိသည်။ အရပ်နှင့်အမျှ တောင့်တင်း သန်စွမ်း၍ အချိုးအဆက်ကျသော ကိုယ်လုံးကိုယ်ထည် အသားလတ်လတ် တည်ငြိမ်ခံ့ညား၍ မြင်ရသူ အားကိုးချင်စိတ် ပေါ် စေသည့် ကျက်သရေရှိသော မျက်နှာမျိုး ဖြစ်သည်။ မေမေခင်ကမူ အရပ်အမောင်းမှာ မြသွင်အေးနှင့် မတိမ်းမယိမ်း ရှိသော်လည်း ဖြူဖြူနွဲ့နွဲ့ ကလေးဖြစ်သည်။

မောင်မင်းဇင်ကမူ ယောင်္ကျားပီသ၍ ခံ့ခံ့ညားညား အားကိုးအားထား ပြုချင်ဖွယ် ကောင်းသော ရုပ်လက္ခဏာ ပိုင်ရှင်ဖြစ်သည်။ တပူးတွဲတွဲနေသော သူတို့သုံးယောက်ကို တစ်ကျောင်းလုံးက မက်ထရစ်စာမေးပွဲ ဖြေကြရမည် ဖြစ်၏။ တစ်ယောက်မကျေလည်သော စာကို တစ်ယောက်က ကူညီပြသပေးရင်းဖြင့် စာမေးပွဲ စစ်ရာမှာ သုံးယောက်လုံး ချောချောမောမော ဖြေဆိုနိုင်ခဲ့ကြလေသည်။
မောင်မင်းဇင် ကြိုတင်အကဲခတ် ပြောခဲ့သည့် အတိုင်းပင် အမှတ်ကောင်းကောင်းဖြင့် အောင်ခဲ့ ကြသော သူတို့သုံးယောက်သည် မြသွင်အေးက ဆရာဝန်ဖြစ်လိုသော ဆန္ဒဖြင့် ဆေးတက္ကသိုလ် တက်သွားသည်။ မေမေခင် က လူပျော့လူအေး ရှေးဟောင်းကဗျာ တေးဂီတကို မြတ်နိုးသူပီပီ ရာဇ၀င်ဘာသာဖြင် ၀ိဇ္ဇာကို ယူသည်။ တက္ကသိုလ်မှာ နေသားတကျ ဖြစ်သောအခါ...
"ဟေ့.. တို့ သူငယ်ချင်းသံုးယောက် စိတ်ဝမ်းမကွဲတမ်းနော်၊ တစ်ပတ်တစ်ခါ မှန်မှန် ဆုံရအောင်၊ ငယ်ငယ်က အတိုင်း ပေါ့"

ဟု တက္ကသိုလ် ရောက်ကြသောအခါ အနေဝေး၍ သွေးအေးသွားမည်စိုးသော မောင်မင်းဇင်က သတိပေး နှိုးဆော် သည်။
"ဒါ မှန်တယ် ... ဘယ်လို အခြေအနေ ကိုပဲ ရောက်ရောက် တို့သုံးယောက်ငယ် သူငယ်ချင်းတွေပီပီ ရင်းနှီးမြဲ ရင်းနှီး ရမယ်၊ ညောင်ညိုပင် စခန်းတစ်ခုတော့ ထားမှဖြစ်မယ် ကိုမင်းဇင်"
မြသွင်အေး က ထောက်ခံ အကြံပေးသည်။

"အမယ်လေး စိတ်ချပါ ဝေဋုမြတ်စွာ မင်းသမီးရယ်၊ ခင် နုနယ် သိမ်မွှေ့မှန်းသိလို့ မြက နေရာရွှေးပြီးသားပါ"
"ကျေးဇူး ပါပဲ.. ဘယ်နေရာလဲ မြ"
မေမေခင်က ချစ်စရာအပြုံးဖြင့် ပြန်မေး၏။
"ခင့်ဆီမှာပဲ လာဆုံမှာပါ ၊ ရင်ရောက်တွဲ လူကစောင့်၊ သုံးယောက်စုံညီးမှ သောင်းပြောင်းထွေလာ ပြောချင်ရာပြော၊ ဒါမှမဟုတ် ရုပ်ရုင်ကြည့်ဖို့၊ လျှောက်လည်းဖို့၊ တစ်နေရာမှာ တစ်ခုခုသွားစားဖို့ တိုင်ပင် စီစဉ်ကြမယ်၊ မကောင်းဘူးလား ကိုမင်းဇင်"
သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောနေသော မြသွင်အေးကို မျက်တောင်မခတ် စိုင်ကြည့်နေသော ကိုမင်းဇင် အား မြသွင်အေးက သူ့အစီစဉ်ကို တင်ပြပြီး ဆန္ဒမဲ တောင်းလိုက်၏။
"မြ ပြောတာ မှန်တယ်"

ကိုမင်းဇင်က မပြုံးတပြုံး မျက်နှာဖြင့် ထောင်ခံသောအခါ မေမေခင်က မပြုံးတပြုံး မျက်နှာဖြင့် ဝေဖန် လိုက်၏။
"ဟို ရုပ်ရုင်တစ်ခု ထဲက အမျိုးသား ကြီးက သူ့ဇနီးပြောသမှု ဦးခေါင်းညိတ်ပြီးမစောပြေတာ မှန်တယ်ရယ်လို့ တသမတ်ထဲ ထောင်နေလို့ ရုပ်ရုင်ကြည့်ပရိသတ်တွေ တ၀ါးဝါးပွဲကျ နေတာ ခင်က ပြန်သတိရမိတယ်"

"အမယ်..အမယ်.. အဲဒီ ရုပ်ရုင်ပေါ်ချိန် အဲဒီးကား ခေတ်စားချိန်က ခင်လူဖြစ်သေးလို့လား၊ သူ့ကိုယ်သူ ရှေ့မှီ နောက်မှီ လူကြီးကျနေတာပဲ"
မြသွင်အေးက စိတ်မဆိုးဘဲ ရယ်ရယ်မောမောပင် ပြန်ပြောသည်။
"အဲဒီ အချိန် လူဖြစ်နှင့်တဲ့ လူတွေပြောသံကြားလို့ ခင် မှတ်ထားခဲ့တာ မြရဲ့"
"အေးပါလေ.. ထားပါတော့၊ မြ ပြောတာ မှန်တယ်လို့ ကိုမင်းဇင်က ထောက်ခံနေပြီပဲ၊ ခင့ိဆီမှာပဲ ညောင်ညိုပင် စခန်း ဖွင့်တာပေါ့နော်"
"ကောင်းတယ်.. ခင်က မပင်ပန်းဘဲ စောင့်ရမယ့်လူဆိုတော့ သိပ်သဘောကျတာ၊ မြ ပြောတာ မှန်ရ တာပေါ့"
ဟု ခပ်ရွှတ်ရွှတ်ပြောလိုက်သည်။

"ကိုမင်းဇင်နော်..ဘာလဲ မြကို အကောင်းပြောတာ မဟုတ်ဘူး"
မြသွင်အေးက ငေါက်လိုက်၏။
"ဘာရမလဲ..ဦးစီးတယ် ဆိုတာလေ"

"ဟောဗျ.. ဦးစီးတယ်ပြောတာ လွန်သလား၊ မြက အခုသုံးယောက်ထဲမှာ ဦးစီးသူ မဟုတ်ဘူးလား"
"ပြောရင်းဆိုရင်း ဘာလဲ.. ဦးစီး ဦးစီးနဲ့"
မြသွင်အေးက စိတ်တိုသံဖြင့် ပြေသောအခါ မောင်မင်းဇင်က ဘာမှ နားမလည်ဟန်ဖြင့် မြသွင်အေး မျက်နှာကို ကြည့်နေသည်။ မေမေခင် က လှိုက်လှိုက်လှဲလှဲ ရယ်ပြီး..
"သူ့စကားသူ နားမလည်ဘူး ရယ်လို့ အိပ်ချင်ဟန် ဆောင်နေတာ မြ ရဲ့၊ နှိုးပေးလိုက်စမ်းပါ"
ဟု ၀င်ပြောလိုက်၏။

"ဟုတ်ပါတယ်ခင်ဗျ၊ ဟန်ဆောင်တာပဲ ဖြစ်ဖြစ်၊ တကယ်ပဲဖြစ်ဖြစ် ကျွန်တော် အိပ်နေပါပြီ၊ ကဲ.. နှိုးတော့ မြ နှိုးစမ်း"
မောင်မင်းဇင်က မျက်စိမှိတ်ပြီး အိပ်ငိုက်ဟန် ပြလိုက်သောအခါ စိတ်တိုနေသော မြသွင်အေးက စိတ်တိုခြင်း ပျောက်ပြီး လက်ထဲ ကိုင်ထားသော သတင်းစာခေါက်ဖြင့် ရယ်ရင်းမောရင်း
"ဦးစီးဆိုတာ အီးစူပေါ့၊ နှိုးစမ်း နှိုးစမ်း"
ဟု ပြောပြောဆိုဆို မောင်မင်းဇင် လက်မောင်းကို ရိုက်၏။
"ဟေ့.. မြ အရင်တစ်ခါလဲ ပေတံနဲ့ရိုက်ပြီးပြီ၊ တော်နော်.. တော်နော်.. "

မောင်မင်းဇင်က သတင်းစာကို လုယူမည်ဟု ဆွဲရာ လက်အချိန်အဆပဲ မှားသလား၊ တမင်ဖြစ်သလား မသိပေ၊ သတင်းစာကို မကိုင်မိဘဲ မြသွင်အေး၏ လက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်မိရက်  ဖြစ်သွားသည်။
"အဲဒါ ဦးစီးသွားတာပေါ့"
မေမေခင်က ရွှတ်လိုက်၏။ မောင်မင်းဇင်က မြသွင်အေး လက်ကို လွှတ်လိုက်ပြီး သုံးယောက်လုံး ရယ်လိုက် ကြသည်။
"ကဲ.. ဆုံးဖြတ်ချက် အတည်ဖြစ်ပြီနော်၊ စနေနေ့တိုင်း ခင် မျှော်မယ်၊ မလာရင်တော့လား... "

မေမေခင် စကားမဆုံးမီ
"ကြက်တူရွေးဖြစ်ဖြစ်၊ သာလိကာဖြစ်ြဖစ် တစ်ကောင်လောက်ဝယ်ထား ခင်ရေ့၊ မှန်မှန်မလာတဲ့လူကို ကျေးစေတမန် လွှတ်ခေါ်ပေတော့"
ဟု မောင်မင်းဇင်က ပြောမှ မြသွင်အေးက သတိရလာသလို..
"အေး..ဟုတ်သားပဲ ခင်ရေ၊ မြန်မာဘုရင် လက်ထက်က မင်းကြီးကတော် စာဆိုတော် ခင်သုံ ရေးခဲ့တဲ့ ကျေးစေပတ်ပျိုး ကလေးကို ခင် မကြာမကြာ ဆိုပြနေခဲ့ကြတာ၊ ကဲ..ဒီနေ့ ညောင်ညိုပင် စခန်းဖွင့်တဲ့ အထိမ်း အမှတ် အဖြစ်နဲ့ ခင် ဆိုပြစမ်း"

ဟု နောက်ကြောင်းဖော် တိုက်တွန်းလိုက်သည်။ အထက်တန်းကျောင်းမှာ နေကြစဉ်က သာယညချိုအေးသော အသံဖြင့် ဤပတ်ပျိုးကလေးကို မေမေခင် ဆိုနေတတ်သည်ကို မောင်မင်းဇင်ရော မြသွင်အေးပါ မကြာခဏ ကြားခဲ့ကြဖူးသည်။ ထိုပတ်ပျိုးလေးကို သူတို့ဆိုခိုင်း၍ ဆိုခြင်းမဟုတ်ဘဲ၊ မေမေခင်သည် တစ်ခါတစ်ရံ သူ့အလိုအလျှောက် အပျင်းပြေ သီချင်းညည်းသလို အမှတ်မထင် ဆိုနေတတ်ခြင်းသာ ဖြစ်သည်။ သို့သော် မေမေခင်၏ အသံက သာယာချိုအေးသဖြင့် မောင်မင်းဇင်နှင့် မြသွင်အေးက နားထောင်ကောင်းကောင်း ရှိသည်နှင့် နားထောင်ခဲ့ကြ၍ မှတ်မိနေခြင်းဖြစ်သည်။
"ဟုတ်တယ်ဟေ့ ခင် ဆိုပြစမ်း၊ဒါမှ ကျွန်တော်လဲ အိပ်ချင်ပြေ ပြီး သေသေချာချာ နိုးလာမှာ၊ ဆက်အိပ်ချင် နေရင် ဦးစီးသူက.. "

မောင်မင်းဇင် စကားမဆုံးမီ
"အရိုက်ခံချင် ပြန်ပြီထင်တယ်"
ဟု မြသွင်အေးက ကြိမ်းလိုက်၏။
"ဒီတစ်ခါ သတင်းစာနဲ့၊ လက်နဲ့ရိုက်"
မောင်မင်းဇင်က ပြန်ပြော၏
"တော်စမ်းပါ၊ ကဲ ..ခင် သီချင်းဆိုပြ"

မြသွင်အေးက မောင်မင်းဇင်ကို ငေါက်ပြီး မေမေခင်ကို တိုက်တွန်းလိုက်၏။ မြသွင်အေးကို ကြည့်သော မောင်မင်းဇင် မျက်လုံးကို မေမေခင်က သတိထားမိသည်။ ချစ်သောသူငယ်ချင်း နှစ်ယောက်၊ ရုပ်ရည်သဏ္ဍာန် လိုက်ဖက်ညီသော သူငယ်ချင်းနှစ်ယောက် နေရာကျသွားရင် သိပ်ကောင်းမှာဟု မေမေခင်က ၀မ်းသာစွာတွေးပြီး ကျေးစေပတ်ပျိုးလေးကို ဆိုပြလိုက်သည်။
လေယဉ်မြန်း.. စေမှန်းရွေ လျော်၊ ငယ်ယုံပူဘော်
နန်းစိန်ချိုင့်ပျော်.. ကြင်နယ်ယွင်း.. မြတ်မှာတော်ရင်း
မင်းတင်ချေနော်.. ရွှေညီလာပျော်၊ စိမ်းမူးမေ့သော်..
ကြင်နယ်ယွင်း.. မြတ်မှာတော်ရင်း.. မင်းတင်ချေနော်..
လှော်သွေးဆယ်နည် ကြိုင်ရည် ပန်းပြည့်ညောင်လယ်
ကြံမျှော်မှန်းဆနောင်ဝယ် ကြင်ညာဘွားချော့ဖြေဖျား
ပျော်ပါးပေလိမ့်မယ်..

ချစ်သော သူငယ်ချင်းနှစ်ယောက်အတွက် ၀မ်းမြောက်ကြည်နူးသော စိတ်ဖြင့် ဆိုပြနေသော မေမေခင်၏ အသံက သာယာချိုအေးခြင်းတွင် ကြည်ရွှင်လန်းဆန်းခြင်းက ဖြည့်စွက်နေသည်။ သူတို့ သုံးယောက် ထိုင်နေသည့် ကံ့ကော်ပင်ကြီး၏ အကိုင်းအခက် အရွက်တို့ လှုပ်ရှားသံများသည် မေမေခင်၏ တေးသံကို အင်အားဖြည့်စွက်သည် ဖြစ်ရာ သာယာကြည်နူးဖွယ်ကောင်းသော တေးသံတွင် နစ်နေကြသည့် မောင်မင်းဇင် နှင့် မြသွင်အေးတို့သည် သူတို့နည်းတူပင် တေးသံမှာ နစ်နေဟန်တူသည်။ ခံ့ညား ချောမောသော ယောက်ျားပျို တစ်ယောက်ကို သတိမပြုမိကြချေ။
ထိုယောက်ျာပျိုးကား လမ်းလျှောက်လာရင်းမှ မေမေခင်၏တေးသံကြောင့် ကံ့ကော်ပင်နှင့် မလှမ်းမကမ်းမှာ ခြေလှမ်း တုံ့ရပ်ပြီး နားက သာယာ ချိုအေးသော မေမေခင်၏ အသံမှာ စိုက်နေသည်။ မျက်လုံးက ချောမော လှပသော တေးသံရှင်မေမေခင်၏ ချစ်စဖွယ် မျက်နှာပေါ်မှာ စိုက်နေသည်။

ဧည့်သည်တစ်ယောက်က တွေ့လိုသည်ဟူသော အကြောင်းကြားချက်ကြောင့် ကျောင်းစာကို ဂရုစိုက်ကြည့်နေသော မေမေခင်က အံ့သြ သွားသည်။ စနေနေ့မှ လွဲ၍ ယခုလို ကြားရက်၊ ယခုလို အတန်းအားလပ်ချိန်မှာ မောင်မင်းဇင်နှင်း မြသွင်အေးတို့ မည်သည့်အခါမှ မလာတတ်ကြချေ။ သုံးယောက်လုံး ကျောင်းစာကို ဂရုစိုက်ကြသည်ဖြစ်ရာ တစ်ပတ် တစ်ခါ သင်ခန်းစာတွေကို နောက်မကျ မလစ်ဟင်း ရအောင်၊ လက်မလွှတ်ရအောင် မှန်မှန် လိုက်ခဲ့ကြသည်။ စနေနေ့ကျရောက်မှ လည်ပတ် သွားလာရန်၊ ရုပ်ရှင်ကြည့်ရန်၊ တစ်ခုခုစားရန် တိုင်ပင်သတ်မှတ်ပြီး သုံးယောက်စုလျက် သွားမြဲသာ ဖြစ်သည်။ မေမေခင် အနေဖြင့် ပင်ကိုယ်က ရိုးရိုးအေးအေး နေတတ်သူဖြစ်သည့်အလျောက် မိန်းကလေး သူငယ်ချင်း ဟူ၍ ကားငယ်သိငယ်ကျွမ်း မောင်မင်းဇင်မှ လွဲပြီး ယခု တွေ့လိုပါသည်ဆိုသော ဧည့်သည် ကြောင့် မေမေခင်က အံ့သြသွားရသည်။

"ငါ့ကို သူဘယ်လိုသိလဲ၊ လူမှားနေတာများလား၊ နာမည်တူများဖြစ်နေသလား"
မေမေခင်က ဆိုပြီး  သူ့ထံရောက်လာသော စာရွက်ကဘေးကို ပြန်ကြည့်လိုက်သည်။
မောင်မောင်မျိုး
တတိယနှစ် သိပံ္ပ
စစ်ကိုင်းဆောင်
ဤကာ ဧည့်သည်၏ နာမည်နှင့် ဂုဏ်ထူးဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်လေ.. လူချင်းတွေ့မှ လူမှား နာမည်တူလား၊ ကိစ္စတစ်ခုခု ရှိလားဆိုတာ ရှင်းမှာပါ"
မေမေခင်သည် ကြားနေ့တွေမှာ အပြင်ထွက်လေ့ မရှိသည့် အလျောက် ပြင်ဆင်ဝတ်စားထားခြင်း မရှိချေ။ ဆံပင်ကို ရိုးရိုး တစ်ပတ်လျှို ထုံးပြီး ဆံမြိတ်ရစ်ထားသည်။ နက်ပြာရောင်ပေါ်မှာ ရွှေဝါရောင် အနားပန်းပါသော မာစရိုက် ချည်ထဘီး တစ်ပတ်နွမ်းကို ၀တ်ပြီး၊ နံ့သာရောင် ပိုးပျော့ပြောင် အင်္ကျီ လက်ပြတ်ကိုသာ ၀တ်ထားသည်။ ရေချိုးပြီးစက လိမ်းထားသော သနပ်ခါရေကြဲက ဖြူနုသော မျက်နှာ ပေါ်မှာ ကွက်တိကွက်ကြား ဖြစ်နေသည်။

စာကြည့်နေရာမှ မပြုမပြင် ပင်ကိုယ်ရုပ်ရည်အတိုင်း လာခဲ့သည် ဆိုသော်လည်း ဖြူဖြူနွဲ့နွဲ့ဖြင့် ချစ်စဖွယ် ချောမာလှပသော မေမေခင်မှာ သူဝတ်ထားသော ထဘီ အကီင်္ျအရောင်၊ သူ ထုံးထားသော ဆံထုံး၊ သူလိမ်းထားသော သနပ်ခါ ကြားကြားကပင် သူ့ရုပ်ရည်၊ အသားရောင်ဖြင့် ဟပ်မိကာ ချစ်စရာ ကောင်းနေသည်။ မေမေခင် ဧည့်ခန်းဆောင်း အ၀ရောက်သောအခါ၊ မိမိတို့ သက်ဆိုင်ရာ ကိုယ်စီကိုယ်ငုာ ဧည့်သည်တွေ၊ မိတ်ဆွေတွေနှင့် စကားလက်ဆုံကျနေသော ကျောင်းသူတွေကို တွေ့ရသည်။ မေမေခင်က ခပ်ကြောင်ကြောင် ဖြစ်သွားသည်။ သူမမြင်ဘူး မသိဘူးသော သူ့ဧည့်သည် မောင်မောင်မျိုးဆိုသူက မည်သည့်နေရာမှာ ရှိနေပါသနည်း။ ဧည့်ခန်းဆောင်ထဲသို့ မျက်လုံး ဝေ့ကြည့်လိုက်သော မေမေခင်အား...
"ခင်.."

ဟူသော နီးနီးကပ်ကပ် ခေါ်သံက  ပေါ်လာသဖြင့် မေမေခင်က အသံလာရာ သူ့ယာဘက်ဘေးသို့ ကြည့်လိုက်၏။ သူနှင့် တစ်ပေသာသာ အကွာမှာ ဘယ်အချိန်က ရောက်လာမှန်း မသိသော ယောက်ျားပျို တစ်ယောက်က ရပ်နေသည်။ မေမေခင်က အံ့သြသောစိတ်ဖြင့် ခပ်ကြောင်ကြောင် ပြန်ကြည့်နေဆဲမှာ..
"ခင့်ကို တွေ့ချင်တဲ့ ဧည့်သည် မောင်မောင်မျိုးဆိုတာပါ"

ဟု မောင်မောင်မျိုးက သူ့ ကိုယ်သူ မိတ်ဆက်ပေးမှ- မေမေခင်က "
"သြော်"
ဟု ဆိုကာ မောင်မောင်မျိုးကို တစ်ချက်မျှ မျက်လုံးဝေ့ကြည့်လိုက်ပြီး..
"ဟုတ်ကဲ့၊ တစ်ခါမှ မမြင်ဘူးဘဲနဲ့ ခင့်ကို တွေ့ချင်တယ် ဆိုတာ ဘာကိစ္စများပါလဲရှင်"
ဟု ယဉ်ကျေးစွပင် တည်ငြိမ်းသော ဣနြေ္ဒဖြင့် မေးလိုက်သည်။ မောင်မောင်မျိုးက မေမေခင်ကို ရွှန်းလဲ့တောက်ပသော မျက်လုံးဖြင့် ခပ်စိုက်စိုက်ကြည့်ပြီး..
"တစ်နေရာမှာ အေးအေးဆေးဆေး ထိုင်ပြောကြရအောင်လား ခင်..။

ဟု ရင်းနှီးသော လေသံဖြင့် ပြော၏။
"ကိစ္စကို အရင်သိပါရစေဦး၊ လိုက်ထိုင်သင့်တဲ့ ကိစ္စဆိုလဲ ထိုင်ရတာပေါ့"
မေမေခင်က ချက်ချင်းမလိုက်ဘဲ မေခွန်းထုတ်လိုက်သည်။ မေမေခင်၏ တည်ငြိမ်သော  ဣနြေ္ဒကို အကဲခတ်မိသည့် မောင်မောင်မျိုးက ဝေးဝေးလံလံနေရာကို မရွေးတော့ဘဲ သူတို့နှင့် ခပ်လှမ်းလှမ်း အုတ်နံရံနား ကပ်ချထားသည့် ခုံတန်းလျားကလေးကိုပင် ရွေးလိုက်သည်။
"ဟောဟို ခုံကလေးပေါ်မှာ ထိုင်ပြောကြရအောင်ပါ ခင်ရယ်၊ မတ်တတ်ရပ်နေရတာ မကောင်းပါဘူး"

 မောင်မောင်မျိုးက ပြောပြောဆိုဆို ခုံတန်းလျား ကလေး၏ တစ်ဖက်စွန်းမှ ထိုင်လိုက်သည်။ ခုံတန်းလျားကလေးမှာ သုံးပေကျော်ကျော်မျှ ရှည်၍ မေမေခင်က တစ်ဖက်စွန်းမှာ ၀င်ထိုင်လိုက်၏။ သူ တစ်ခါမှ မမြင်ဘူးသူက ဘာကိစ္စကြောင့် သူ့ကို တန်းတန်းမတ်မတ် ရွေးချယ်တွေ့သည်ကို မေမေခင်က သိချင်နေသည်။
"ကဲ ထိုင်မိကြပါပြီ၊ ကိစ္စကို သိပါရစေ"
"ကိုယ့်နာမည်ကိုတော့ ခင် သိပြီးပါပြီနော်"
ဟုတ်ကဲ့ စာရွက်ပေါ်မှာ ရေးပေးလိုက်တာ ဖတ်ရတာရယ် .. အခုတင်က ရှင့်ကိုယ် ရှင် မိတ်ဆက်ပေးလို့ ကြားရတာရယ်ကြောင့် ရှင့်နာမည်ကို သိရပါတယ်..
မေမေခင်က အစွန်းအစ လွတ်အောင် ပြောသောအခါ မောင်မေင်မျိုးက ကြည်လင်နှစ်လိုဖွယ်သော အပြုံးဖြင့် ပြောသည်။
လွန်ခဲ့တဲ့ စနေနေ့ကလေ ဟောဟို ကံ့ကော်ပင်ရိပ်မှာ ခင် သီချင်းဆိုနေခဲ့တာ မှတ်မိသေးလား...  

"ဟုတ်ကဲ့၊ ခင့်သူငယ်ချင်း နှစ်ယောက်က နားထောင်ချင်တယ်ဆိုတာနဲ့ ကျေးစေပတ်ပျိုး ဆိုပြခဲ့တယ်"
မေမေခင်က ပြန်ဖြေရင်း ငါ သီချင်းဆိုတာနဲ့ သူနဲ့ ဘယ်လို သက်ဆိုင်သွားလို့ပါလိမ့်ဟု တွေးနေသည်။
"ခင် သီချင်းဆိုနေချိန်က ကိုမျိုးကလဲ လမ်းလျှောက်လာရင်း ကြားလိုက်တော့ ခြေထောက် တစ်ခါထဲ ရွှေလို့ မရတော့ဘဲ ဖြစ်သွားတယ် ခင်၊ ခင့်အသံနဲ့ ဒီသီချင်းဟာလေ သိပ်ပဏာရတာပါပဲ၊ ခင့် အသံကို ကိုမျိုး နားထဲက မထွက်နိုင်အောင်ကို ဖြစ်ခဲ့ရတယ်၊ ဒါနဲ့ တေးသံရှင် ဘယ်သူဖြစ်ပါသလဲလို့ စုံစမ်းပြီး၊ သိရမှ အခု ခင့်ကို လာမိတ်ဆက်တာပါ ခင်ရယ်"
စကားပြော နေဆဲမှာ မောင်မောင်မျိုး၏ မျက်လုံးတွေက မေမေခင်၏ မျက်နှာပေါ်မှာသာ ၀ဲနေသည်။

ဆက်ရန်
.

2 comments:

MDW said...

"ကိုယ့်နာမည်ကိုတော့ ခင် သိပြီးပါပြီနော်"

"ဟုတ်ကဲ့၊ ခင့်သူငယ်ချင်း နှစ်ယောက်က နားထောင်ချင်တယ်ဆိုတာနဲ့ ကျေးစေပတ်ပျိုး ဆိုပြခဲ့တယ်"

အဲဒီ ၂ ကြောင်းက အဆက်အစပ်လွတ်နေတယ်။ ကြားထဲမှာ စာကျခဲ့တယ် ထင်တယ်။

SHWE ZIN U said...

မမေဓါ ရေ

ကျခဲ့တဲ့ စာကြောင်းလေး ပြန်ထဲပေးထားတယ်နော် ကျေးဇူးပါ နောက်လည်း သတိပေးပါနော် အားလုံး ပြည့်ပြည့်စုံစုံ ဖတ်ရတာပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး