ရွှေစင်ဦး လုပ်ခဲ့ တဲ့ အလုပ် ကလေး တွေ ပြောရရင်
ရွှေစင်ဦး သူများစီမှာလည်း အလုပ် ဝင် မလုပ် ကိုယ်ပိုင် အလုပ်လည်း ဘာမှ မရှိ .. ချစ်ချစ်ကြီး လုပ်စာ ထိုင်စားနေခဲ့ တဲ့ နှစ်တွေ လည်း တော်တော် ကြာကြာ ရှိခဲ့ပါတယ်... သူများ လုပ်စာ ထိုင်စား ရတာလည်း တော်တော်ဇိမ် ရှိတာကိုး.. ။
အဲဒီအချိန် မှာ မနက်ဆိုရင် စားသောက် ပြီး ကျနော် တို့ အိမ်ကို ထွက်လာကြပါတယ်.. အိမ်မှာ ချစ်ချစ်ကြီး က ကျနော့် ကို ဝင်ချထားပြီး မှ ဝိုင်းကို သွားပါတယ်.. ( လမ်း ၆ဝ - ကားဝိုင်း ပါ) နေ့လည်ကျ ထမင်း ပြန်စား.. တခါတခါ ကျတော့လည်း... ဝိုင်းမှာဘဲ နေ့လည်စာ စား ညနေကြမှ ကျနော့် ကိုလာခေါ် ပါတယ်....။
အိမ်မှာ ညီမ တွေ မောင်တွေ ကလည်း အလုပ်သွားတဲ့ သူသွား ကျောင်းသွားတဲ့ သူသွားဆိုတော့ ရွှေစင်ဦး တယောက် ထဲ တော်တော် ပျင်းပါတယ်... မေမေ တို့ကလည်း အဲဒီအချိန်မှာ အလုပ်တာဝန်ကျတဲ့ မြို့မှာ ရောက် နေပါတယ်...၊ အဲလို ဖြစ်နေတဲ့ အချိန်မှာ ရွှေစင်ဦး ဟာ စာဖတ်.. အိပ်.. စား ဒီအလုပ်တွေနဲ့ သံသရာ လည်နေပါတယ်... အဲဒီလို တော်တော် ပျင်းစရာကောင်းတဲ့ အချိန်မှာ ရွှေစင်ဦး တို့ရဲ့ အိမ် နီးနားချင်း အိမ် က အိမ်မှာ အလုပ်တွေ လာ လာ ဝိုင်းကူတဲ့ အမကြီး တယောက် က ဆိုင်ဖွင့်ပါတယ်.. နွေနေ့လည် ဆိုရင် မုန့်ပျစ်သလက်.. ဆောင်း နေ့လည် ဆို မုံပေါင်းပါ..။
သူ့ဆိုင်လေး က ကျနော် တို့ အိမ်ရှေ့က ဘန်ဒါ ပင်ကြီး ရဲ့အရိပ်ကလေး အောက်မှာ ထွက်တာပါ...၊ မီးဖို ၂ဖိုနဲ့ မုန့်ပြစ်သလက် ရောင်းတာပါ... မုန့်လုပ်ရတာ အဲဒီ အမ မှာ တော်တော် အလုပ် ရှုတ် ပါတယ်.. မုံကြိတ်ပြီး သား သွားယူရတယ်.... ဆော်ဒါ ထဲ့ ပြီး မုန့်ရည် အဆင်ပြေ အောင် (မပြစ်မကျဲ) ရအောင် လုပ်ရတယ်... မုန့်ပြစ်သလက် အနီ အတွက် ထန်းလျှက် နဲ့ စပ်ရတယ်...။
မီး အတွက် ထင်း တွေ သွားဝယ် ပြီး အနေတော် ရအောင် ခွဲရတယ်.. တခါတလေ သူများ ခြံစည်းရိုး အဆွေးအမြေ့ တွေ အိမ်ဖျက်စ တွေ ကို သွားယူရတယ်....၊ နောက်တခါ မနက် ကထဲက ပဲပြုတ် ဝယ်ထားရတယ်... နံနံပင် ကိုက်ရတယ် .. အုန်းသီးခြစ် ရတယ်.... ဆူးပုတ်ရွက် ကိုက်ရတယ်... ခရမ်းချဉ်သီး ကိုက်ထားရတယ်... အားလုံးအဆင့်သင့် ဖြစ်ပြီးဆို မှ မီးမွှေး ပြီး မုန့် sample လေးတချပ်လုပ်ပြီး မီးဖို ထောင့်မှာ ဘာနတ်လည်း မသိတင်ရတယ် ... အဲဒါ မှ ရောင်းကောင်းတယ်တဲ့.....။
မီး အတွက် ထင်း တွေ သွားဝယ် ပြီး အနေတော် ရအောင် ခွဲရတယ်.. တခါတလေ သူများ ခြံစည်းရိုး အဆွေးအမြေ့ တွေ အိမ်ဖျက်စ တွေ ကို သွားယူရတယ်....၊ နောက်တခါ မနက် ကထဲက ပဲပြုတ် ဝယ်ထားရတယ်... နံနံပင် ကိုက်ရတယ် .. အုန်းသီးခြစ် ရတယ်.... ဆူးပုတ်ရွက် ကိုက်ရတယ်... ခရမ်းချဉ်သီး ကိုက်ထားရတယ်... အားလုံးအဆင့်သင့် ဖြစ်ပြီးဆို မှ မီးမွှေး ပြီး မုန့် sample လေးတချပ်လုပ်ပြီး မီးဖို ထောင့်မှာ ဘာနတ်လည်း မသိတင်ရတယ် ... အဲဒါ မှ ရောင်းကောင်းတယ်တဲ့.....။
ရွှေစင်ဦး ဟာ အဲဒီ မုန့်ဆိုင် မှာ မုန့်ဝယ်တာ အကြောင်းပြပြီး ခပ်ကြာကြာ သွားထိုင်လေ့ ရှိတယ်.... အိမ်မှာ ပျင်းနေတဲ့ အခါဆိုရင် ပိုကြာကြာ ထိုင်ပြီး ... မုန့် ပြစ်သလက် တောက်တိုမယ်ရ တွေလည်း ဝိုင်းကူလုပ် ပေးလေ့ ရှိပါတယ်... အဲဒီအမကြီး ကလည်း ကျနော် တို့ အိမ် မှာ လိုတာ အမြဲ လုပ်ပေး တာကိုး.. အမ ရေ အဝတ်လျှော်ပေးအုန်း ဈေးသွားပေးအုန်း ဟင်းချက်ပေးအုန်း ... ဆို ဘာမှ ငြင်းတာ မရှိပါဘူး အကုန် လုပ်ပေးပါတယ်... အဲဒီတော့ သူ ဆိုင်ဖွင့်တော့ လည်း ကျနော် က ရောင်းကောင်း စေချင် တော့ ကိုယ်တိုင် လည်း အား ပေးတယ် ... အိမ်လာသမျှ ဧည့်သည် တွေလည်း မုန့်ပြစ်သလက် နဲ့ ဧည့်ခံတယ်...။
နောက် ပျင်းနေရင်လည်း အုန်းသီးလေး ကူခြစ်ပေး .. နံနံပင် လေး ကူကိုက်ပေး ရင်း ... ဘဲဥ နဲ့ လာဝယ်ရင် ဘဲဥ လေး ခေါက်ပေး .... တဲ့... မုန့် ပြစ်သလက် အကူ လုပ်ပေးပါတယ်...၊ သူ့ မုန့်ပြစ်သလက် ကလည်း တော်တော်ကောင်းဗျ... ရေပါး များဆိုရင် အဖျား သားလေး တွေ နီကြွပ် ပြီး အုန်းသီးနိုင်းခြင်း.. ပဲနိုင်းခြင်း.. နံနံပင်တွေ ဆူးပုတ်ရွက်တွေ နဲ့ တော်တော် အရသာ ရှိပါတယ်... ဝက်ဆီဖတ် တို့ အကြော် တို့ နဲ့ လည်း ရပါတယ်.... ။
နောက်တခါ ဆောင်းတွင်း ရောက်လာပါတယ်.. မုန့်ပေါင်း ပြောင်းရောင်းမယ် ပြောပါတယ်... ကျနော် က မုန့်ပေါင်း ဆို သိတ်ကြိုက်တာ အမဲရောင် ငချိတ်မုန့်ပေါင်း ဆို ပိုကြိုက်သေး... မုန့်ပေါင်း ဆို တော့ ဝမ်းသာ သွား တာပေါ့ .. အင်း စပါပြီ ဗျာ... မုန့်ပေါင်း ကလည်း အလုပ်ရှုတ်တာပါဘဲ ဒါပေမဲ့ မုန့်ပြစ်သလက် လောက်တော့ မရှုတ်ဘူး... လက်တော့ မြန်ရတယ် မီးဖို ၂ဖို နဲ့ လက်မလည် အောင် လုပ်မှ အလျှင်မှီတယ်..။
မုန့်ပေါင်း လုပ်တဲ့ အခါ ကောက်ညှင်းမှုန့် တွေ ကို စဉ့်ရေသုတ် အင်တုံထဲမှာ သိပ်နေအောင် ဖိပြီး ခပ်မာမာ လေး နယ်ထားတဲ့ မုန့် နှစ် နှပ်ပြီး သား ခပ်ဖန့်ဖန့် - ခြောက်ခြောက် လေး တွေကို ယောက်သွား အခွံလေး နဲ့ မုန့်မှုန့် မှုန်မှုန် လေး တွေ ရအောင် ဖွဖွလေး ခြစ်ရတာပါတယ်...၊ အဲဒါကို ကျနော် က အရမ်း သဘောကျ ပါတယ်... အဲဒါကြောင့် မုန့်မှုန့် လေး တွေ ကို အမြဲတန်း ခြစ်ကူပါတယ်... ။
မုန့်ပေါင်း လုပ်တဲ့ အခါ ကောက်ညှင်းမှုန့် တွေ ကို စဉ့်ရေသုတ် အင်တုံထဲမှာ သိပ်နေအောင် ဖိပြီး ခပ်မာမာ လေး နယ်ထားတဲ့ မုန့် နှစ် နှပ်ပြီး သား ခပ်ဖန့်ဖန့် - ခြောက်ခြောက် လေး တွေကို ယောက်သွား အခွံလေး နဲ့ မုန့်မှုန့် မှုန်မှုန် လေး တွေ ရအောင် ဖွဖွလေး ခြစ်ရတာပါတယ်...၊ အဲဒါကို ကျနော် က အရမ်း သဘောကျ ပါတယ်... အဲဒါကြောင့် မုန့်မှုန့် လေး တွေ ကို အမြဲတန်း ခြစ်ကူပါတယ်... ။
အဲဒီ မုံ့မှုန့် လေး နဲနဲများလာရင် မီးဖိုပေါ်မှာ ရေနွေးအိုး ကို သောက်ရေအိုး လိုမျိုးနဲ့ တည် ထားတဲ့ စီ က အငွေ့ တွေ ထပြီ ဆိုရင် ခုနက မုန့်မှုန့် မှုန်မှုန် လေး တွေကို စလောင်းဖုန်း သေးသေး လေး ထဲမှာ ထဲ့ ရတယ် ပဲစေ့ ညိုညို လေး တွေ အပေါ်က ဖြူးလိုက် ပြီး ရေနွေး အငွေ့ ပေါ်က အဝတ်ပါး လေး ထဲ ကို မုန့် ပါတဲ့ စလောင်းဖုံးလေး ထည့် ပြီး အုပ်ထည့် လိုက်တယ် .. ပြီး မှ ဘေးထွက် နေတဲ့ အဝတ်ပါး လေး ကို အဲဒီ စလောင်းဖုံး ပေါ် ပြန်တင် ထား လိုက်တယ်..၊ ခနနေရင် နပ်သွားပြီ မုန့်ပေါင်း တပေါင်း ရပြီ...။
ဖက်ကလေး ခံပြီး မုန့်ပေါင်း လေးယူ အပေါ်က နေ ဒုတ်ချောင်းလေးထိပ် မှာ အဝတ်ပတ် ထားတာ လေး နဲ့ ဆီ ပုဂံလေး ထဲ ထည့် ပြီး ခုနက မုန့် ပေါင်း လေး ကို တဘတ်ဘတ် နဲ့ ရိုက်ပြီး နှမ်းလှော် နဲ့ ဆား နဲ့ ရော ထားတာလေး ဖြူး ပေးလိုက်ရင် စားလို့ ကောင်းလိုက်တာ အရမ်း ပါဘဲ....။
ကျနော် ဟာ အိမ် မှာ နေရင်း အဲလိုပျင်းနေတဲ့ အချိန်မှာ မုံ့ပေါင်း သည် အမ နားသွားသွားထိုင်ပြီး မုံပေါင်း သွားသွား ခြစ်ကူပေးလေ့ ရှိပါတယ်.. အချိန်ရ ရသလိုပေါ့ ... ဟိုလို လမ်းဘေးလည်း မဟုတ် ကိုယ့် အိမ်ရှေ့ ဆိုတော့ အဲဒီ နား ထိုင် ကူရတာ ဘာမှ ဝန်မလေး ပါဘူး ... ဒါပေမဲ့... ကိုယ့် ဥပဓိ ကိုယ် လည်း စိတ်ချတာ မဟုတ်တော့ မလုံမလဲ စဉ်းစား ပြီးတော့မှ ... ဘယ်သူမှ တော့ ငါ့ ကို လမ်းဘေး က တကယ် မုန့် ရောင်းသူ ထင်မှာ မဟုတ်ပါဘူး ပေါ့ လေ ...အမှန်တော့ ထင်တော့ လည်း ဘာဖြစ်တာ လိုက်လို့ .. ။
တနေ့တော့ မုန့်ရောင်းတဲ့ အမ က အားလုံးအဆင်သင့် လုပ်ပြီး ပြီ ညီမ ရေ ခဏလေး ကြည့် ထားပေးအုန်း အမ ဘာလုပ်လိုက် အုန်းမယ် ဆိုလား မသိဘူး ထွက်သွားပါရော.. ကျနော်လည်း ကိုယ်ဘာသာ တော့ ရပြီ ဆိုပြီး အမ သွားသွား ရတယ် ဝယ်သူလာရင်လည်း ရောင်းထားမယ် ဆိုပြီး မုန့်ပေါင်းသည် လုပ်တော့ မယ် ဆိုပြီး ခပ်ကြွားကြွားပေါ့လေ...။
အမလေး ကူပေးရတာသာ လွယ်တာ တကယ် ကြ ဘယ်လွယ်မှာလည်း တယောက်ထဲ ချာလပတ်ရမ်း နေတာဘဲ.. အဲ လို မုန့်လုပ် ကောင်း နေတုန်း ရှိသေးတယ်... ဝယ်သူလာပါပြီဗျာ... အရိပ်အခြေ မသိ လူကဲသူကဲ မခတ်တတ် တဲ့ ဓါးသွေး တဲ့ အဖိုးကြီး... ရှေ့ မှာ ဓါးသွေးကျောက် တလုံး နောက်မှာ တလုံး ဝါးလုံး ဆိုင်းထမ်း လေးနဲ့ ဆိုင်ရှေ့ ခဏထိုင် အပမ်းဖြေပြီး ငါ့ တူမ ရေ မုန့်ပေါင်း လေး တပေါင်း လောက် ... ကျနော်လည်း အားရဝမ်းသာ နဲ့ ကိုယ် လုပ်ထားတဲ့ မုန့်ပေါင်း လေး အိုးထဲက မြန်မြန်ထုတ်.. ဆီလေး ရွှဲရွှဲ ဆမ်းပြီး စကော ထဲ ချပေးရင်း နဲ့ နှမ်းထောင်းလေး ဖြူးပေးပါတယ်... ။
အဖိုးကြီး ကလည်း စားရှာတယ်ဗျ... တမြုံမြုံ နဲ့ ခဏနေ စားရင်း တန်းလန်း... ငါ့တူမ မုန့်ပေါင်း လေး ကောင်းတာ... ခဏနေ အမလေး မစားရတာ ကြာလို့လား မသိဘူး ဆီရွှဲရွှဲ လေး နဲ့ ငါ့တူမ မုန့်ပေါင်းလေး ကောင်းတာ.. ကောင်းတာ.... လို့ ပြောရင်း နဲ့ စားနေတယ်ဗျ.. ။
အင်း လူ့စိတ်များ ပြောပါတယ်... နေရင်းထိုင်ရင်း ငါ့ တူမ မုန့်ပေါင်းလေး ကောင်းတာ .... ကောင်းတာ ဆိုတာကြီး ကို နားထဲ ကြားပြီး ..... အဖိုးကြီး ကို စိတ်တိုလာတယ်... သူ ကောင်းတယ် ဆိုတဲ့ မုန့်ပေါင်း ဟာ ကိုယ့် မုန့်ပေါင်း မဟုတ်မှန်း သိစေချင်သွားပြီး... အမ ရေ လာအုန်း အမ မုန့်ပေါင်း ကောင်းလို့တဲ့ .. အမ မုန့်ပေါင်း အမ ဘာသာ လာရောင်းတော့ သွားပြီဗျို့ ဆိုပြီး ... ထထွက်လာမိတယ်ဗျ .. အဖိုးကြီး ကတော့ ဘာသိမှာလည်း ..... မုန့်ပေါင်း လေး တမြုံမြုံ နဲ့ ဝါးရင်း... ကျန်ခဲ့လေရဲ့.... သြ... စိတ် ... စိတ် .... မဟုတ်တာ တွေ ကို အရင် ဦးအောင် တွေးတတ် တဲ့ စိတ်... ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
အမှန်တော့ ကျနော် လည်း ဒီအကြောင်းတွေ သတိမေ့ နေတာပါ ... ကိုအောင် (ပျူနိုင်ငံ) က မုန့် ပေါင်း လုပ်နည်း လေး မေးတော့ ပြန်သတိရ သွားတယ်... နောက်ပြီး နည်း မပြောတာက ကျနော် လည်း အခု ရေးထားသလောက် ဘဲ သိတာမလို့ပါ.. မုန့်စပ်နည်း တွေ နယ် နည်းတွေ မသိပါဘူး ကောက်ညှင်း မှုန့်နဲ့ တော့ လုပ်တာပါဘဲ... အခုပြောသလို လေး စမ်းကြည့် ရင်တော့ ဖြစ်မယ်ထင်တာဘဲ ကိုအောင် ရေ....။
မုန့်လုပ်စားပြီး ရင်တော့ ... ကျေးဇူးပြုပြီး ရွှေစင်ဦး မုန့်ပေါင်း လေး ကောင်းတာ လို့ မအော်ပါနဲ့နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
.
28 comments:
ဟီးဟီး မရွှေစင် မုန့်ပေါင်းလေး ကောင်းထာ။
ဆီရွှဲရွှဲလေးနဲ့ ... ဟားဟား
စလင်းမုန့်ပေါင်းကို မုံရွာကအမျိုးတွေ လာလည်ရင် ၀ယ်လာကြလို့ စားဖူးတယ်။ စီးစီးလေး။ ဖက်နဲ့ ထုပ်ထားတယ်။ ရန်ကုန်မုန့်ပေါင်းက အဲလို မစီးဘူး။ ကောက်ညှင်းမပါဘူးထင်တယ်။ ကျောက်မြောင်းထဲမှာ ရောင်းတာ ခဏခဏ ၀ယ်စားဖြစ်တယ်။
မုန့်ပေါင်းဆိုရင် ငယ်ငယ်တုန်းက အမေတို့ပြောတဲ့ "နင့်အမေ ရေနံချောင်းကို မုန့်ပေါင်းဝယ်သွားတယ်" ဆိုတဲ့ စကားလေး သတိရတယ်။
ကိုအောင် မရွှေစင်ကို မုန့်ပေါင်းလုပ်နည်းမေးတုန်းက အမေ့ကို မေးပေးမယ်လို့ ကြားဝင်ပြောထားတာ။ အမေ့ကို မေးကြည့်တော့ သိဘူး တဲ့။ ဒါနဲ့ အသာလေး မေ့ချင်ယောင်ဆောင်နေတာ။ ဟီးး ကိုအောင့်ကို သွားမပြောနဲ့နော်။ သူ့ခမျာ သိရတော့မယ်ဆိုပြီး ကျေးဇူးတွေတင်လို့ :P
အမရွှေစင်..
အဲဒီမုန့်ပေါင်းအဒေါ်ကြီးက အခု ချမ်းသာသွားပြီလား။ အမအိမ်ရှေ့ မှာတော့ အခုထက်ထိ မရောင်းလောက်တော့ဘူးထင်ပါတယ်။
အမ မုန့်ပေါင်းလေးက ကောင်းမဲ့ပုံဘဲနော်။းဝ)
မုန့်ပေါင်း တခါမှမစားဖူးဘူး...အဖြူရေပါးတော့သိပ် ကြိုက်..အနီအထူကြိုက်ဘူး...ဆူးပုတ်ရွက်ထည့်တာ စားဖူးသေးဘူး...ရေပါးနဲ့ဗယာကြော်(အကွင်းနဲ့ဟာ) မနက်စာ ခဏခဏစားခဲ့ရတယ်
မရွှေစင် တကယ်ရယ်ရတယ် :)
မကြီးရွှေစင်.....
စာဖတ်ပြီးရယ်လိုက်ရတာ.မောတောင်မောတယ်....။
ဟုတ်ပဗျာ....။
ဒီလူကြီးနှယ် ပြောစရာရှားလို့.....ဒါပဲထပ်တလဲလဲ....ဟိဟိ..း)
(အဲ့ဒီမုန့်တွေ အားကြီးကြိုက်တယ်.......။ မစားရတာ နှစ်တွေအများကြီးကြာခဲ့ပြီဗျာ။)
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
မုန့်ပေါင်းတော့ မစားဖူးဘူး
မုန့်ပြစ်သလက်ကိုတော့ ကြိုက်တယ်..။
ဒါပေမယ့် ကျွန်တော်တို့ဘက်မှာ ဆူးပုတ်ရွက်တော့
ထည့်မစားကြဘူး။
HaHa Haaaaaaaaaa....
Interesting...
Ray
ဘာကိုရယ်ရတာလဲ.. ဒုံးဝေးပါတယ်..ရှင်းပြကြပါ
ဗျို့....မုန့်ပေါင်းသည် အဒေါ်ဂျီး...မုန့်ပေါင်းတစ်ခုပေးပါဗျို့း)))
ချစ်ညီမလေး
အဖိုးကြီး က ကောင်းတဲ့လို့လည်းပြောရသေးတယ် ဘာလိုစိတ်တိုလာတယ်လဲ၊.... သြ... စိတ် ... စိတ် .... လို့ပဲမှတ်လိုက်ပါတယ်၊
ဂလုဂလု
မြန်မာမုန့်တွေကြိုက်တယ်ဗျ
မန်းလေးလာမယ်း)
မောင်ဘကြိုင်
အဲဒီ. . .မုန့်ပြစ်သလက် ဆိုတာရော ၊ မုန့်ပေါင်း ဆိုတာရောကို မစားဖူးဘူး။ နာမည်တွေပဲ ကွာသွားလို့လား မသိဘူး။ သူများတွေ မုန့်ပြစ်သလက် ၊ မုန့်ပေါင်းလို့ ပြောရင် မျက်လုံးတွေ ဝိုင်းဝိုင်းသွားမိတယ်။ ဟီး...မမရွှေစင် လုပ်ကျွေးရင်တော့မှ စားဖူးတော့မှာပဲ။ ဒီတော့မှာပဲ မမရွှေစင် မုန့်ပေါင်းလေးက ကောင်းထှာ လို့ ပြောတော့မယ်။ ခု မပြောသေးဘူး။
မရွှေစင် တကယ်ရယ်ရတယ်။ဒါနဲ့ မုန်ပေါင်းကဖြုးကျော် လို့ ခေါ်တဲ့ ဗူးသီးကြော်သေးသေးလေးတွေနဲ့ ဆိုပိုစားကောင်းတယ်။
မုန့်ပေါင်းတော့ ကြားလဲ ကြားဖူးတယ်... စားလဲစားဖူးတယ် မမရွှေစင်...... မုန့်ပစ်သလက်တော့ ကြားပဲကြားဖူးပြီး မစားဖူးလို့ လုပ်ကျွေးပါ မမရွှေစင်....
အဲခါကျရင် မမရွှေစင် မုန့်ပစ်သလက်လေး ကောင်းလိုက်တာလို့ ပြောမှာပေါ့...
မုန့်ပေါင်းလုပ်နည်း ရေးပေးတာ ကျေးဇူးကမ္ဘာပါ အမရေ၊ တခြားမုန့်လုပ်နည်းတွေ သိချင်ရင်လည်း
မေးခွင့်ပြုပါ အမ။
ဘာဘဲဖြစ်ဖြစ် အစ်မ ဒီလို ကူညီခဲ့လို့ မုန့်ပေါင်းလုပ်နည်းလေး တတ်တာပေါ့..နော်
မုန့်ပေါင်းရောင်းတဲ့အစ်မကြီးထက် အစ်မရွှေစင်လက်ရာက ပိုကောင်းမှာပါ..
ညီမလဲ ငယ်ငယ်တုန်းကဆို တတ်ချင်စိတ်တော်တော် ရှိတယ်..
သူများ လဘက်ရည်ဆိုင်မှာ သွားလည်ရင်း ပလာတာတို့ နံပြားတို့ကို တတ်အောင်သင်ခဲ့ဖူးတယ်.. ဘာဘဲဖြစ်ဖြစ် အသုံးတော့ဝင်တာပါဘဲး) တတ်ထားတော့ ကောင်းတာပေါ့နော်..
မရွှေစင်ဦး ရယ် အဘကြီး ကတော့ သဘောရိုး နဲ့
ဆိုင်ရှင် ရဲ့ လက်ရာ ဖြစ်တဲ့ မုန့်ပေါင်း ကို တကယ်စားကောင်းလို့  ချီးကျူးတာ နေမှာပါ။
တလွဲတွေ မတွေးပါနဲ့ ။ :)
" ငါတူမကြီး မုန့်ပေါင်း စားကောင်းတာ" ဟဟဟ
ရေးလဲ ရေးတတ်ပါ့နော်။ :D
ခင်မင်တဲ့
မောင်မောင်
၂ မျိုးလုံးကို အညာသားဖြစ်သောကြောင့်
အလွန်ကြိုက်ပါ၏။
မုန့်ပေါင်း....မုန့်ပေါင်း...မုန့်ပေါင်း..
ရွှေညာသူ ကြွေးတဲ့ မုန့်ပေါင်း...
အလယ်မှာ ပဲစေ့လေးနဲ့ ..စားလို့လဲကောင်း..မုန့်ပေါင်း....
အဟီး...အလယ်မှာပဲစေ့လေးနဲ့မို့စားကောင်းတာနေမှာ..
အစ်မရွှေစင် မုန့်ပေါင်းလေး စားကောင်းလိုက်တာ အဲ မွှားလို့ (အဟဲ.. ဘွာတေး နော်)
ညီမလည်း အိမ်မှာ မိသားစုလိုက် မုန့်လုပ်စားတဲ့နေ့ဆိုရင် ကူလုပ်ပေးချင်ယောင်ဆောင်ပြီး မီဖိုပေါ်က ချကာစ ပူပူနွေးနွေးကို တစ်ခုချ တစ်ခုစား ထိုင်စားပြီး အားပေးတာ။ အမေက ပြောတယ်.. “ငါကလည်းလုပ်လို့ လက်မလည်ဘူး၊ ငါ့သမီးကလည်း စားရတာ လက်မလည်ဘူး၊ ”တဲ့..
အဲလို စားချင်တား)))
ရွှေစင် စာရေးကောင်းတာနဲ့  မုန့် ပေါင်းကို မျက်စိထဲမှာ ကွေ့ ကွေ့ ကွင်းကွင်း မြင်ပြီး စားချင်လာပြီ...အဲ့လို လုပ်တဲ့လူဆီမှာတာဝန်ရှိတယ်..ဟီးးး တရားခံရှာတာပါ... :P လာအားပေးသွားတယ်နော်.... :)
အမရေ..ဟုတ်ပလူ့စိတ်တွေက..
ဆန်းကြယ်လှ၏..မလိုအပ်တာတွေ
အရင်တွေးတက်ကြတယ်။
မုန့်အညွန်းတွေဖတ်ပြီးစားချင်လိုက်တာ။....။
ဘာပဲပြောပြော..အမရွှေစင်ရဲ့မုန့်ပြစ်သလက်နဲ့
မုန့်ပေါင်းလေးက..ကောင်းတယ်။:):):)
မရဘူး..အမရွှေစင်လုပ်တဲ့ မုန့်ပေါင်းစားမယ်..
ဟီးး
အမ အဲ့မုန့်စားဖူးဘူး...ပီးတော့ အမပြောတဲ့ မုန့်ပြားသလက်လဲစားဖူးဘူး..။ဟီးး မြန်မာမုန့်တွေ သိပ်မကြိုက်တာလဲပါမယ်ထင်တယ်။ မျက်စိထဲမှာတောင်မမြင်ဘူး။ ဘယ်လိုပုံရှိလဲဟင်။
မြတ်နိုး
အမရဲ့ မုန့်ပေါင်းကို အိမ်သစ်ရောက်ပြီး အေးဆေးသွားမှ လုပ်စားကြည့်မယ် အခုတော့ ရေးမှတ်သွားတယ် အမရေး)
Very funny! I miss both of them.
မုန့်ပေါင်း အရမ်းကြိုက်တယ်ဗျာ ဒါပေသိ သူက ဆောင်းရာသီမှ စားလေ့ရှိတယ် မုန့်ပစ်သလက်ကတော့ ရာသီမရွေးစားလေ့ရှိတယ်
ဆောင်းတွင်းတောင်ရောက်ချင်လာပြီ မုန့်ပေါင်းစားချင်လို့ ကောက်ညှင်းအသစ် ငချိပ်လေးဆိုမွှေးမှမွှေး ပဲဆီသန့် စစ်စစ်လေးနဲ့နှမ်းဒေါင်းလေးသာ ဖြူးလို့ကတော့ ဘယ် ဘာဂါနဲ့မှ မလဲ ဘယ်ဒိုးနတ် မှ မကြိုက် အလိုက်ပေးတောင် မလဲနိုင်ပေါင်
အမရွှေစင်ရဲ့ လေမုန့်ပေါင်း ကောင်းတာလို့ပြောဘူးနော်
ချစ်ညီမ
seesein
ဟားဟားးး ရီရတယ် .. ဘယ်လိုပြောရမှန်းတောင်
မသိတော့ဘူးး တွေးမိလေ ရီရလေလေပါပဲ..
မမရွှေစင် ..မုန့် ပေါင်းလေးက ကောင်းတာ ..ဟီးဟီးး
ခင်မင်စွာဖြင့်
ယွန်း
ဟေ့  ...
ကျွန်တော်လည်း ကြိုက်တာပဲ၊ အဲ့ ဒီမုန့် ပေါင်းကို..၊
အဲ့ ဒီမုန့် ပေါင်း ကိုပြောတာနော် မမ ၊
ရှုပ်အောင်ရေးထားပြီး ကျွန်တော်က ရှင်းအောင်မရေး
တတ်ဘူးဖြစ်နေလို့  ။
ဂုရုကျောက် ပြောသလို ကျနော်တို့နယ်မှာလဲ မုန့်ပေါင်း ကိုပဲလွန်းစေ့ လေးတွေထည့်စား တယ်။
Post a Comment