လသာည ရဲ့ ပိုစ့် တခုထဲ မှာ ယောက်ကျား နဲ့ မိန်းမ မတူ ကွဲပြား တဲ့ အရာများကို ဖတ်လိုက်ရတယ်...၊ အဓိက မတူညီ တဲ့ အချက်များ ကိုတော့ အားလုံးသိကြမှာပါ... ကျန်တာတော့ လသာည ထဲ ဖတ်ကြည့် ကြပါ.....
မိန်းမ တွေ တခုခု ဖြစ်လို့ နာတယ် ဆိုရင် ယောက်ကျား တွေထက် ပိုနာတယ်..... ဒါဟာ မိန်းမ တွေ ပျော့ ညံလို့ မဟုတ်ဘူး သဘာဝ တရား ကို က မိန်းမ တွေကို ပိုမိုနာကျင်အောင် လုပ်ပေး ထား တဲ့ အတွက် ပိုပိုပြီး နာကျင်ရပါတယ်တဲ့....
ရွှေစင်ဦး လေး ကတော့ သာမန် နာကျင်မှု့များကို ခံနိုင်ပါတယ်... စိတ် နဲ့ လည်း ဆက်သွယ်မှု့ရှိမယ်ထင် ပါတယ်... တခုခု ဖြစ်တဲ့ အတွက် ငြီးတာငြူတာ မျိုးမလုပ်ချင်ဘူး ... နာရင်လည်း နာပေစေပေါ့.. မမြဲတဲ့ တရားအရ ခဏနေ သက်သာသွားမှာပါပေါ့....
နောက်ပြီး ကျနော် ငယ်ငယ်က အာသီးရောင် ရောဂါရှိပါတယ်... ခဏခဏ ဖျားတယ်.. အာသီးရောင်တယ် ချောင်ဆိုးတယ် လည်ပင်းနာတယ်... ၊ လည်ပင်းနာရင် အဖတ်စားရင် ပိုနာတယ်.. ဆန်ပြုတ် တွေ အရည် တွေ ဘဲ သောက်ရတယ်...
ကျနော် ငယ်ငယ် က တော့ ဖျားရင် ထမင်းမစားရဘူး တခုခု စားရမယ် ... ပျော့တဲ့ အရာမျိုး ဆိုရင်ပေါ့... ဆီချက် ခေါက်ဆွဲ စားမယ်ဘဲ... ဆီချက် က တပြားမှ မလျှော့ဘူး....
ကျနော် တို့အိမ်နား မှာ မျိုးရိုးအလိုက် ခေါက်ဆွဲရောင်း တဲ့ တရုတ်ခေါက်ဆွဲ ဆိုင် (ကိုတင်အေး ခေါက်ဆွဲ ဆိုင်) ရှိပါတယ်.... အဲဒီဆိုင်က ကြိတ်ခေါက်ဆွဲ က တအားကောင်းတယ်.... ဆီချက် ခေါက်ဆွဲ မှာတယ် ဆိုရင် အသားတုံး နီနီ ကြီးက နေ အသားသေးသေးလေးတွေ စင်းပြီးထဲ့တယ်.. နောက်တခါ နံကင် ကျွပ်ကျွပ် တွေကိုလည်း ခပ်ပါးပါး လှီးပြီးထဲ့တယ်... တခါတလေ နံကင် နဲ့ဘဲ စားချင်တယ် ဆိုရင်လည်း နံကင် အများကြီး နဲ့ လုပ်ပေးတယ်...
နောက်တခါ ခေါက်ဆွဲကြော် ဆိုရင်လည်း အသား အသဲ ဝက်အူချောင်း အစုံထဲ့ တဲ့ အပြင် ဝက်ခေါက်အစို တွေလည်း အများကြီးထဲ့ တယ်... နောက်ဆုံး ခေါက်ဆွဲ အပေါ် က ဘဲဥ တလုံး ခေါက်ပြီး ကျော်ထားတာ အချပ်လိုက် ထဲ့ပါသေးတယ်... တခြား နားရွက်သုတ် တို့ ဂေါင်းသုတ် တို့ ဆိုရင်လည်း ကောင်းတာဘဲ... ကျနော် တို့ အိမ်က တော့ နေ့တိုင်း လိုလို ဝယ်ရတယ်... ဟင်းမလောက်တာတို့ နေမကောင်း လို့ ဆီချက် စားချင် တာ တို့ ဆိုတဲ့ ကိစ္စ မျိုးတွေ အတွက်ပေါ့...
ကျနော် ငယ်ငယ်လေး ကထဲက စားလာလိုက်တဲ့ ဆိုင် အခုတော့ မရှိတော့ဘူး... ညီအကိုတွေ ကလည်း အများကြီး ... ဆိုင်တွေ ခွဲထွက်ကြ ... သူများစီမှာ အကြော်ဆရာ သွားလုပ်ကြ နဲ့ ထင်ပါတယ်.... အခု ကျနော် ခေါက်ဆွဲ စားချင်ရင် သူတို့ဆိုင် လိုမျိုး ကောင်းတာ ရှာမတွေ့တော့ဘူး... တရုတ် မဟုတ် ရှမ်းမဟုတ် ဆိုင်တွေ ဘဲ များနေတယ်... ဟိုတုန်းက လို တရုတ်ဆိုင်ခေါက်ဆွဲ ဆိုင် စစ်စစ် ကောင်းကောင်း က တော်တော် ရှားသွားပြီ...
ကဲ အာသီးရောင်ဖျားတာ ကနေ ခေါက်ဆွဲကြော် ရောက်သွားပြီ sorry ဗျာ... အဲလို ဖျားတာကလည်း အာသီး မဖြတ်ခင် ကပါဘဲ နောက်ပိုင်း ဆေးရုံတက် ပြီး အာသီး တဘက်ဖြတ်ပြီးတော့ မဖျားတော့ပါဘူး.... တခါတလေ အအေးမိ အပူမိ ရင် ကျန်တဲ့ အာသီးတပိုင်း ရောင်တာ မျိုးကလွဲလို့ ကျန်တဲ့ ရောဂါကြီးမျိုး ကျနော့် မှာ မရှိဘူး... နှလုံး တို့ သွေးတိုး တို့ ဆီးချို တို့ ရောဂါကြီးများပေါ့ဗျာ.. အဲဒါတွေ မရှိတဲ့ အပြင် ဖျားတာ မျိုးတောင် မရှိတဲ့ အတွက် ဖျားရင် ဆီချက်စားမယ် ဆိုတာမျိုးလည်း ချစ်ချစ်ကြီး ကို မပူစာ ရတော့ ပါဘူး.....
ခုနလို အာသီးတပိုင်း ရောင်တာမျိုးဆိုရင်လည်း ဆရာဝန်မ ပေးတဲ့ ဆေးတွေမှတ်ထားပြီး ကိုယ်ဘာသာ ကွမ်းယာဆိုင် တို့ ဆေးဆိုင် တို့ကနေ ဝယ်သောက်လိုက်ပါတယ် (နိုင်ငံကြီးသားတို့ ထုံးစံအတိုင်းပါ ).. သောက်တဲ့ အခါမှာ တော့ ဆေးပတ်လည် အောင် ၄-၅ ရက် လောက်တော့ အနဲဆုံး သောက်ပါတယ်... ဒါကြောင့် ကျနော့် မှာ များသော အားဖြင့် ဆေးခန်း နဲ့ ဝေးနေတယ်ပေါ့....
နောက်ပြီး ကျနော် ဟာခုနောက်ပိုင်း အသက်ကြီးလာတဲ့ အခါ ရွှေစင်ဦး မှာ ဖျားတဲ့ အကြော ကိုယ်ပူ တဲ့ အကြော ပြတ်နေတယ် .. မဖျားတတ်ဘူး ဆိုပြီး သူများဖျားရင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ်...၊ တကယ် တော့ မဖျားတာ မဟုတ်ပါဘူး... ဖျားလို့ ဖျားမှန်း မသိဘဲ ပေတတ်တဲ့ အကျင့် ကြောင့် တော်ရုံ ဆို သူဘာသာ ပျောက်သွားတာလို့ ထင်ရပါတယ်...
အင်း.. ချစ်ချစ်ကြီး မှာလည်း ရောဂါ ကြီးများ မရှိပါဘူး သွေးတိုး တို့ နှလုံး တို့ပေါ့ (ရောဂါ ပြောတာနော်.. ) ဒါပေမဲ့ အစာအိမ် ရောဂါတော့ ရှိတယ်.. တခါ တခါ ဗိုက်နာလေ့ ရှိတယ်... ကျနော် တို့ ၂ယောက် ရခါစ တုန်းက ပေါ့ သူဗိုက်နာ လို့တဲ့ အိမ်နား က ဆေးခန်း သွားပြတယ်... ဆရာဝန် မက ဆေး တွေ ၃-၄ မျိုးစပ် ပေးပြီး ဆေးထိုးလိုက်တာ ချက်ခြင်းပျောက်သွားတယ်....
နောက်သိပ်မကြာခင် မှာ နာပြန်ရော... ဆေးခန်း သွားပြမယ် လုပ်တော့ ချစ်ချစ်ကြီး က မလိုက်ချင်တော့ ဘူး မင်း ဆေးတောင်းခဲ့ တဲ့ အရင်တခါ အတိုင်းနာတာ လို့ ပြောတဲ့ ... ကျနော်လည်း မသွားရဲ ပါဘူး... ဆေး ရောင်းစား တဲ့ ဆေးဆိုင်က လူတွေလို ဆရာဝန်မ လေးကို ဆေးဝယ် ဆေးစပ်ခိုင်း လို့ ကောင်းပါ့မလား ဆိုတော့ ... အဲဒါဆို မင်း လူနာ လုပ်လိုက်တဲ့... ကျနော်လည်း မလုပ်ဘူး .. ဆေးထိုးရင် ဘယ်နဲ့ လုပ်မလဲ ဆိုတော့ ဆေးမထိုး နဲ့ ပြောပေါ့ သောက်ဆေး လေးဘဲ ပေးပါပြောတဲ့.......
အဲဒါ ဆို မောင်လည်း အဲလို ပြောပေါ့ ဆိုတော့ ... တော်ပြီကွာ မောင့် ကို ကျတော့ ယောက်ကျားကြီးတန်မဲ့ ဆေးထိုးတာလေး တောင် ကြောက်နေတယ်ဆိုရင် ဘယ်ကောင်း ပါ့မလည်း ... အဟင်း.. ဟင့် .... တဲ့ (အဲဒီလိုလေး ချွဲလိုက်တော့ လည်း ဘယ်ခံနိုင်ပါ့မလည်း).. မင်းကတော့ မိန်းမ ဆိုတော့ ကြောက်တာ သဘာဝ ကြပါတယ် တဲ့...သွားနော် တဲ့.....
အင်း မ ဘက်လိုက်တော့ မိုက် ဘက်ပါ မဟုတ်ဘဲ ... ကျား ဘက်လိုက်တော့ မိုက်ဘက်ပါ ပြီး .... အရပ် ထဲက ခင်မင်နေတဲ့ ဆရာဝန်မလေး စီသွားရပါတော့တယ်... ချစ်ချစ်ကြီး ကတော့ အပြင်ဘက် ကနေ စောင့် နေပါတယ်....
ကျနော် လည်း မျက်နှာ ခပ်ညှိုးညှိုး နဲ့ ဆရာမ အစာအိမ် နာလို့ပါဆိုတော့.... ဆရာမ က စဉ်းစားပြီး ရှင် က အစာအိမ် နာတယ် လို့ ပြောရအောင် အရင်တုန်းက အစာအိမ် နာဘူးလို့လား တဲ့ .... အဲ.. မနာဘူးပါဘူး ... နောက်မှ .. နာဘူးတယ် ဆရာမ နာဘူးတယ် ဆိုတော့ ဆရာမ က ကဲ အိပ်လိုက်ပါအုန်း ကျမ စမ်းကြည့် ပါအုန်းမယ်ပေါ့... ကျနော့် ဗိုက်ကလေး နှိုတ်လိုက် နာလားမေးလိုက် နဲ့ ကျနော် ကတော့ ချွေးပြန်နေတယ် . ဘာပြောရမှန်း မသိဘူး .. အားကျွတ်ကျွတ် နာ တယ် နာတယ် ပေါ့...
ဆရာဝန်မ ကလည်း ဘာမပြောညာမပြော နဲ့ ကဲ ရှင့်တော့ ဆေးထိုးမှ ရမယ်ဆိုပြီး .. ဆေးထိုးအပ် ကလေး ဖောက် ဆေးပုလင်း လေး ကို စုတ်မယ် ပြင်ပါတယ်.... ကျနော့် ရဲ့ ဆေးမထိုးချင်ဘူး ဆရာမ ပြောတာ တောင် နောက်ကျ နေပါသေးတယ်... ဆေးထိုးတာ မနာပါဘူး ရှင့် အနာ ချက်ခြင်းသက်သာအောင်ပါတဲ့.....
ကျနော်လည်း ... ဟာ ဒုက္ခဘဲ..... ငါ့ လည်း ဒီလောက် အနစ်နာ ခံပြီး လူနာတု လုပ်ပေးပြီးပြီ ... ဘာမှ မဖြစ်ဘဲ ဆေးထိုး တာတော့ မခံနိုင်ဘူး ဆိုပြီး... ခပ်မြန်မြန်လေး ထပြီး ဆရာမ ... ခဏနော်.. ဆိုပြီး... မောင် ရေ ...ဆရာမ ခေါ်နေတယ် ပြောပြီး ... တွန်းဆွဲလေး ခေါ်လာ... ဆေးခန်း ထဲ ပစ်သွင်းခဲ့ပြီး လစ်လာခဲ့ ပါတယ်.... အင်း မှတ်ကရော ချစ်ချစ်ကြီး ရေ....
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
23 comments:
မဂၤလာပါ...
ဆေးထိုးမှာတော့ ကျနော် လဲ ကြောက်တတ်တယ်ဗျ....
တော်ပါသေးရဲ့ လူနာပါလာလို့။ မဟုတ်လို့ကတော့ ဆရာဝန်က အတင်းထိုးတော့မယ် ပုံဘဲ။
ဒီလင်..ဒီမယား လိုက်လဲ လိုက်ဖက်ပါ့...
ချစ်လိုက်ကြတာလဲ တုန်လို့..
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
ခစ် မရယ်
ယောကျာင်္းအဲလောက်ချစ်ရသလား
:D
ကောင်းလှချည်လား...
အဟား..
ဆရာဝန်ကလဲ အတင်းကြီးကိုပဲနော် ..
မထိုးချင်ပါဘူးဆိုမှ
ဟားဟား..အစ်မကတော့ ဖြစ်ရမယ်.တော်သေးတာပေါ့
ဆေးထိုးခံရတော့မလို့ ..
ဟားဟားဟား အဲဒီအချိန် အနားမှာသာ ရှိရင် အဖော်ရအောင် ဘေးကနေ ကူရယ်ပေးတယ်..။ ဟုတ်ပနော် လိုက်လည်း လိုက်တဲ့ စုံတွဲပါပဲ..။
ကျားဖက်လိုက်တော့ မိုက်ဖက်ပါဆိုတာကိုလည်း မှတ်သားသွားပါတယ်း))))
မိုက်ဖက်ကြီး..
လသာည ဖြစ်ပါတယ်..
ရီနေရတယ်..အမရာ...ဟားဟား....
ကျားဖက်လိုက်တော့ မိုက်ဖက်ပါပေမဲ့...
အမကလဲ ချစ်ချစ်ကြီး တနားပါတယ်...
မြတ်နိုး
အချစ်ကိုယ်တွေ့ကို..
ဖတ်သွားပါတယ်။ အမရွှေစင်..
ဖတ်ပြီးပြုံးမိတယ်။
ဟားဟား....
ငါ့မမကြီး အသည်းနုပုံများ ၂ခါတောင် မချွဲလိုက်ရဘူး။ ဒီလိုအနစ်နာခံပေးတယ် :D
တော်တော်ချစ်ကြတဲ့စုံတွဲပဲကိုးးးးးးးးးး
ချစ်ညီမလေး
ဟိ ရီသွားတယ်... မမ လူနာကုတင်ပေါ်ကပုံကို မြင်ယောင်ကြည့်မိတယ်။
အော်...ဒို့အစ်မတို့များ အတုလုပ်စရာရှားလို့ လူနာမှအတု လုပ်ရတယ်လို့ဗျာ...မှတ်သားလောက်ပါပေ့ ဟေဟေ့ :)
ဗမာပြည်မှာ..အတုတွေတယ်ပေါပါ့လား..
လူနာအတုတဲ့ဗျာ...မှတ်သားလောက်ပါပေ၏။
မဘက်လိုက်တော့ မိုက်ဘက်ပါ . . .ဆိုရင်. .
ကျားဘက်လိုက်တော့ ကြိုက်ဘက်ပါ ပေါ့ အမရ. .ဟီး
ဆရာဝန်မလေးက သိနေလို့ ခြောက်တာ ဖြစ်မယ်. .
ငါနော်.. ထိုးလိုက်ရမလား. .ထိုးလိုက်ရမလားပေါ့လေ။
ရွှေစင်ဦးလေးရဲ့ ချစ်ကိုယ်တွေ့က ကိုတင်အေးခေါက်ဆွဲဆိုင် အကြောင်းများလားလို့ ဖတ်နေရင်းနဲ့ ဗိုက်တွေတောင် ဆာလာပြီ။
စာမေးပွဲပြီးပြီးချင်း ထမင်းတောင် မစားသေးဘဲ လာဖတ်တာ မရွှေစင်ရေ။ ကိုယ့်ဘလော့ကိုယ်တောင် မ၀င်ရသေးဘူး။ မရွှေစင်ရော မစည်းစိမ်ရော လွမ်းနေတာ။ မရွှေစင်ရေးတာဖတ်ပြီး နံကင်ကျွတ်ကျွတ်နဲ့ ဆီချက်ခေါက်ဆွဲလည်း စားချင်လိုက်တာ။
ချစ်ချစ်ကြီးကလဲ သိပ်ချွဲတာပဲနော်။ ဆေးခန်းတောင် ကိုယ်စားလှယ်နဲ့ သွားခိုင်းရတယ်လို့။ တော်သေးတယ် မရွှေစင် အရှောင်မြန်လို့ မဟုတ်ရင် တင်ပါးလေးပွတ်ပြီး အိမ်ပြန်လာရမှာ။
မမရွှေ
အမတ်တုတော့မလုပ်နဲနော်......နော်လို့
တုတိုင်းကောင်းဘူးရယ် တော်သေးတယ်...နာတော့မလို့ .....
ချစ်ညီမ
တော်တော်လိုက်ဖက်တဲ့အတွဲပဲ။ :)
ဟားဟားဟား
salute ရိုက်သွားပါတယ်။
တော်တော်လည်း လိုက်ဖက်တဲ့ လင်မယားပဲ။ မှတ်သားလောက်ပါတယ် ဂျီးဒေါ်ရယ်။ ခစ်..ခစ်။
အော်..မမရွှေစင်စာဖတ်ပြီး ဂလု..ဂလု လုပ်ရသေးတယ်
တရုတ်ဆိုင်က ခေါက်ဆွဲကြော်ကိုစားချင်လို့..။
ချစ်ပြီဟေ့ဆို အဲလိုချစ်တာနော်...မမရွှေစင်..
ခင်တဲ့
ညီမသဒ္ဒါ
:D :D
ချစ်ကိုယ်တွေ့က တော်တော် ရယ်ရတာပဲ :)
ရီလိုက်ရတာ မ ရယ်။
ဆရာဝန်သာ မ ကို ဆေးအတင်းထိုးပေးနေရင် အခက်။
အရမ်းဖတ်လို့ကောင်းတယ်။
ချစ်ခင်စွာဖြင့်
လုလု
ဟားဟား မမချွေချင် လူလည်အလုပ်ကောင်းတာ ကံကောင်းလို့ ဆေးထိုးမခံရတယ်....:P
မကြီးရွှေစင်ရေ......
စာလေးဖတ်ရင်း........ရယ်မိတယ်......ဟိ...း))
ဆီချက်ခေါက်ဆွဲအကြောင်းမှာတော့....မမေတို့လိုပဲ....တံတွေးမျိုချမိတယ်ဗျာ....။ ထမင်းမစားရသေးခင်လာဖတ်တာမို့လို့.....း((
အစ်ကိုကြီးလည်း.......ဆေးထိုးရင်နာမှာကြောက်တာနေမယ်.........ခိခိ......
ခင်မင်တဲ့
ဏီလင်းညို
Post a Comment