တနေ့တည ကျွနု်ပ် တို့ လင်မယားနှစ်ယောက်သည် သူ့ဟာ သူပွတ် ကိုယ့်ဟာကိုပွတ် ဖြင့် အိပ်ရာ ထဲတွင် ဇိမ် ကြနေကြပါသည်။ အတန်ကြာသော အခါ ချစ်ချစ်ကြီး သည် ဖေစ့်ဘွတ်ခ် ထဲမှ မစားရ ၊ အညှော်မခံ ရသော အရာများကို ပွတ်ရုံ၊ ကြည့်ရုံ ဖြင့် အားမရတော့ဘဲ " မိန်းမ ထ၊ ထ မောင် ဒီနေ့ည စားရတာ အားမရဘူးကွာ ညလည်စာလေး မကျွေးချင်ဘူးလား" ဟု အင်မတန် ခယသော လေသံဖြင့် နူးညံ သိမ့်မွေ့
စွာ ပြောလာပါသည်။
ရွှေစင်ဦး သည် ယခင်ညများ ၌ မည်သို့ပင်ပြောစေကာမူ မတုန်မလှုပ် နှင့် ခပ်မဆိတ် နေလေသမျှ ဒီနေ့ည ကြမှ သနားစိတ်ကလေး ဝင်သွားသဖြင့် မီးဖိုချောင် သို့ ထသွား၍ ကြက်သွန်ဖြူလေး ငရုပ်သီးစိမ်းလေး ပါးပါးလှီး၊ ပုဇွန်ခြောက်ကလေး ထောင်း၍ မြေပဲမှုန့်၊ ပဲပုတ်မှုန့် လေး ပါလေကာဖြင့် ဆီချက်ကလေး ချက်လို့ သံပရာ တစိတ်လောက် အနံထွက်ရုံလေး ညှစ်၍ ထမင်းလေး သုတ် ၍ ကျွေးလိုက်ပါသည်။စွာ ပြောလာပါသည်။
ရေနွေးတကြိုက် ထမင်းသုတ်ကလေး တလုပ်စားရင်း စိတ်ကျေနပ်မှု့ ရသွားသော ချစ်ချစ်ကြီး အားကြည့် ၍ ရွှေစင်ဦး တခုစဉ်းစားမိသွားပါသည်။
သြ ဒါ ငါကျွေးနိုင်တာ မလို့ ငါ လည်း အသက်ကြီးလို့ အိုစနာ ကြနေပြီ၊ ယောက်ကျား ဆိုတာ ဖွဲတဆုပ် နိုင် ရင်တောင် သားစိတ်မယားစိတ် မကုန်ဘူးပြောတယ်၊ တကယ်လို့များ သူ့မှာ ငါမကျွေးနိုင်တာ ကို စားချင်လို့များ မထိမ်းနိုင်၊ မသိမ်းနိုင် နဲ့ တခုခု များ လုပ်မိရင် ဖောက်ပြန်တဲ့ ယောက်ကျား မယားငယ်နေ တဲ့ ယောက်ကျား အဖြစ် ထောင်ခွန်နှစ်နှစ် ကြ တော့မှာပါလား လို့ တွေးမိရင်း စိတ်မသက် မသာ ဖြစ်လာ ပါတယ်။
ဖေ့စ်ဘွတ်ကြီး ဖတ်ရင်း ဖတ်ရင်း မဘသ နဲ့ သမ္မတကြီး တို့ အကောင်အထည် ဖော်ခဲ့ ကြတဲ့ အပေါက်စောင့် ဥပဒေရဲ့ ပြင်းထန်ပုံကိုလည်း သတိပြုမိလာပါတယ်၊ တသက်လုံး ပေါင်း လာ တဲ့ ယောက်ကျားကြီး ပေါင်ကြား ဥပဒေကြောင့် ဒုက္ခ မရောက်စေဖို့ ကွာရှင်းစာချုပ်လေး များကြိုချုပ်ထားရင် သူ့ သိပ်ပျော်သွားမလားလို့ တွေးမိသွားတယ်။
စိတ်ထဲရှိတာကို အကြွေးမထားတတ်ဘဲ ချစ်ချစ်ကြီး နဲ့ ဖွင့်ဟ တိုင်ပင်လိုက်တော့ တခနအတွင်း ဝင်းကနဲ့ ဖြစ်သွား တဲ့ မျက်နှာကြီးကို ကြည့်ပြီး ပြောပြီးသား စကား ပြန်ရုတ်သိမ်းရင် ကောင်းမလား လို့ပင်
တွေးမိပြန်သော်လည်း ထွက်ပြီးသား ဆင်စွယ် ဝင်သည် မရှိဟု စဉ်းစားရင်း ခပ်မစိပ် နေလိုက်ပါသည်။
မနက်ဖြန် ၅ရက်၉လ ချစ်ချစ်ကြီးမွေးနေ့ မှာချစ်ချစ်ကြီး ဝမ်းသာမဲ့ အကောင်းဆုံး လက်ဆောင်လေး ကို ပေး ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဒါကြောင့် ရွှေစင်ဦးနဲ့ ချစ်ချစ်ကြီး တို့ ရဲ့ ဆွေတော်မျိုးတော် အပေါင်းနဲ့ မိတ်ဆွေ သူငယ်ချုင်း တို့ ရွှေစင်ဦး တို့ ရဲ့ ကွာရှင်းပြတ်စဲခြင်း အတွက် မအံသြ ကြနှင့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည် ဆိုသော အဆို ကို ရွှေစင်ဦး ကျင့်သုံးပါပြီ။
လေးစားစွာဖြင့်
ရွှေစင်ဦး
.
3 comments:
စာတွေ ဖတ်ပြီး အသိခေါင်းပါးတယ်လို့ပြောရမလား..ပညာမဲ့တယ်ဆိုရမလား....။
အမျိုးသားရေးစိတ်မရှိဘူးလို့ပဲပြောရမလားပဲ..ဒီပို့ကိုဖတ်ပြီး ..ပို့မှာ ရေးထားတဲ့
စာတွေကိုဖတ်ပြီးမှတ်ချက်ချမိပါတယ်လေ.
ဘာဘဲပြောပြော ခင်ဗျားတို့ရဲ့ အမျိုးသားရေး စိတ်မရှိဘူး ဆိုတဲ့ မှတ်ချက်ကြောင့် အလွန်ဝမ်းသာမိပါကြောင်း
တစ်ပါးသူမထိခိုက်စေဘဲ မိမိတို့အရေးကိစ္စရပ်များ စိတ်ချမ်းမြေ့ အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းသည် ဉာဏ်ရည်မြင့်မားသူတို့၏
အမူအကျင့်သာဖြစ်သည် ဟုထင်မိပါသည်။
စဉ်းစားပုံ, ဆုံးဖြတ်ပုံများ သဘောကျမိပါကြောင်း ပိုစ်ပိုင်ရှင်အားပြောလိုပါတယ်
Post a Comment