လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် NLD အား မဲပေးကြပါစို.
အကြောင်းပြချက် အမျိုးမျိုးနဲ့ တောင်ရောက်မြောက်ရောက် လေး မရေးဖြစ်တာတောင် ကြာသွားပါပြီ... ရေးချင်တာတွေ က များ နေပါတယ် ... အမေစု မန္တလေး လာတဲ့ အကြောင်းလေးလဲ ရေးချင်တယ်... အမေရိကား က အမည် မဖော်လိုသူ ဇနီးမောင်နှံ က ရွှေစင်ဦး ရဲ့ စာလေး ဖတ်ပြီး မိုးထိအောင်စည် ရိပ်သာ က ဆရာတော်ဘုရားကြီး ရဲ့ ယာနဒါန အတွက် လှူတဲ့အကြောင်း ... နောက်ပြီး ကိုသက်တန့် နဲ့ မဒိုးကန် တို့ ရဲ့ ဖုန်း တဂ်ပိုစ့် လေး အကြောင်း... တခုခြင်း ရှင်း သွားပါမယ် ဗျာ...
အမေစု မန္တလေး လာမယ် ဆိုတော့ ပျော်လိုက်တာ.. အချိန်နဲ့အမျှ အဲဒီစိတ်က အားမာန် တွေ ကို ဖြစ် လာစေ တယ်... ပထမအကြိမ် လာဖို့ ပျက်သွားတုန်းက တော်တော်စိတ်ပျက်သွားတယ်.. အားလုံးလည်း ကျနော် နဲ့ ထပ်တူဘဲ ဖြစ်မယ် ထင်တယ်... ဒုတိယ အကြိမ်မှာတော့ ဟောပြောရမဲ့ ကွင်း သိကထဲက အားလုံး က ကွင်းဆင်း လေ့လာချင်ကြပါတယ်.. ... အဲဒီမှာ ပြဿနာ က ကွင်းပျောက်တဲ့ အဖြစ်ဘဲ...
မန္တလေး ဒေသခံတွေတောင် အဲဒီ ကွင်း မသိဘူး... လွယ်ပါတယ်... လမ်းညွှန် မဲ့ သူ တွေက အဆင့်သင့် ပါဘဲ ... လမ်းညွှန်မြေပုံလေး ဆွဲပြီး မိတ္တူကူး နီးစပ်ရာ သူတွေ ကို ဝေကြပါတယ်... တယောက်ထဲ က မဟုတ်ပါဘူး... ကွင်း သိသမျှ လူတိုင်း က ကိုယ့်ထမင်း ကိုယ်စားပြီး အမေစု စီ သွားလို့ လွယ်ကူအောင် လုပ်ပေးကြ ပါတယ် ... အဲလိုမျိုး လမ်းညွှန်စာရွက် လေး တွေ နဲ့ တမြို့လုံးက လူတွေ ကွင်း သိ သွား ပါတယ်... အမှန်တော့ အမေစု ရောက်တဲ့ နေ့ ဆိုရင် သေချာပေါက် သိမှာပါဘဲ... ဒါပေမဲ့ သိတယ် မဟုတ်လား မန္တလေး က လူများ က အမေ အတွက်ဆို အကဲပို ကြတယ် ဆိုတော့ .. အမေ မလာခင်မှာ ကို ဒို့ချစ်တဲ့ အမေ ဒီနေရာကို လာမှာ ဆိုတဲ့ အသိလေး နဲ့ ကြိုတင် ခံစားချင် ကြပါတယ်.....
အမေ မရောက်ခင် ည ကထဲက.... မြို့ထဲမှာ ခွတ်ဒေါင်းအလံထူ လို့ အမေ ကို ကြိုဆိုမဲ့ ကား တွေ က မြို့ ကို ပတ် နေပါ တယ်... လက်ခုပ်တီးကြိုဆို အားပေးတဲ့ သူ ... လမ်းဘေး က စောင့်ပြီး လက်ပြ တဲ့သူတွေနဲ့ မြို့ က စည် နေပါပြီ.... တညလုံး အိပ်ကြရဲ့လားတောင် မသေချာပါဘူး.... နောက်နေ့ မနက် မိုးမလင်းခင် ကထဲက .. စောစောထ ပြီး ကြိုဖို့ ပြင်ဆင်ရပါတယ်... အားလုံး ကျနော် လိုဘဲ ထင်ပါတယ်... အိပ်ယာထ နဲနဲ နောက်ကျသွားတဲ့ အတွက် ကော်ဖီတောင် မသောက်မိဘဲ ... လေယဉ်ကွင်း ကို တန်းသွားပါတယ်... မန္တလေး နဲ့ မိုင် ၂ဝလောက် ဝေးပါတယ်...လမ်းသစ် က သွားတာဖြစ်တဲ့ အတွက် လမ်းမှာ ဘာဆိုင်မှ မရှိပါဘူး... ဒါပေမဲ့ ကိုယ်လို သူလို့ သွားကြိုတဲ့ ကားတွေ ဆိုင်ကယ် တွေ... စက်ဘီးတွေ ကတော့ တလမ်းလုံး မပြတ်ပါဘူး...
ရောက်တဲ့ အရပ်မှာ ... မသောက်ရတာ အရေးမကြီးဘူး... မပေါက်ရတာ အရေးကြီးတဲ့ ရွှေစင်ဦး ကတော့ ပြဿနာ က စပါပြီ... ဒါနဲ့ လေယဉ်ကွင်းသွားမဲ့ လမ်းခွဲနားရောက်တော့ လေယဉ်ကွင်းဘက် ဆက်မသွားဘဲ တခြားလမ်းခွဲ အတိုင်း ဆက်လိုက်ပြီး ... ခြုံခို တိုက်ပွဲ ဝင်ရပါတယ်... ကိုယ့် ကိစ္စပြီးမှ လေယဉ်ကွင်း ဘက် ဆက်သွားပါတယ်.. အမေစု ပါတဲ့ လေယဉ်ဆိုက်နေပါပြီ... အတွင်းထဲက မထွက် နိုင် သေးပါဘူး... လုပ်ထုံးလုပ်နည်း တွေ နဲ့ ကြာနေပါတယ်.... အထဲက စားသောက်ဆိုင်မှာ ကော်ဖီ နဲ့ မုန့်နဲ့ အမြန်လွေးရပါတယ်... ဈေးကလည်း ကြီးသေး စားလို့လည်း မကောင်း... ဒါပေမဲ့ ပျော်ပျော်ကြီး လက်ခံ လိုက်ပါတယ်... ဒီနေ့ က ထူးခြားတဲ့နေ့ ...
မုံစားပြီးလဲ အမေက ထွက်မလာသေးဘူး.. ဘာတွေများ စစ်ဆေးနေကြလည်း မသိဘူး... ကဲ ပေါက် လိုက်အုန်းမယ် .. အချိန်ရတုန်း... အိမ်သာအားလုံး ရေဆွဲမရလို့ တဝက်လောက် ပြည့်ပြည့် နေတယ်.. နိုင်ငံခြားသူ တွေ ကို လဲ ဟိုတံခါး ဖွင့် ... ဒီတံခါး ဖွင့် နဲ့ တလည်လည် နဲ့ တွေ့တယ်... ဘယ်လိုများ.. ပေါက်ခဲ့ကြလည်း မသိ.. ရွှေစင်ဦး ကတော့ အောက်က မထွက်ခင် .. အပေါ်ကထွက်မှာ စိုးလို့ ထွက်ပြေး ခဲ့တယ်.. ကပ်ရက်မှာ သောတန်းလန်း နဲ့ VIP သီးသန့် အိမ်သာ တခုတွေ့တယ်... ဘယ်ရမလဲ ဝင်ချ သွားတယ်.. အမယ် အဲဒီအိမ်သာကတော့ အကောင်းဗျ.... အိမ်သာခန်းထဲ ရောက်မှ အပြင်က ငါ့များ သော့ခတ်သွားရင်ဒုက္ခ ဆိုပြီး ပူလိုက်ရသေး ..... ယုံရတာ မဟုတ် ...
ကဲ... နေရာယူတော့ မှ ဆိုပြီး အမေ လာမဲ့ လမ်းလေး တဖက်မှာ နေရာယူတယ်... ကြိုဆိုမဲ့ သူ တွေရဲ့ မျက်နှာ မှာ မျှော်လင့်ချက်တွေ အပြည့် နဲ့ ... ခဏနေ တော့ မှ ထွက်လာတယ်... လာပြီ.. ဖြတ်သွားပြီ လို့သာ ပြောလိုက်တယ်... မြင်ကို မမြင်လိုက်ရဘူး... လိုက်ပါစောင့်ရှောက်သူ ကြားထဲမှာ မြုတ် နေတယ်....
ကဲ .. လူမမြင်ရလည်း ကိစ္စမရှိ ... ဒီလိုအားပေးရရင် ဘဲ ကျေနပ်ပြီ ဆိုပြီး ပြန်ထွက်လာတယ်.... လေယဉ်ကွင်း တခုလုံး အမေစု ကို ကြိုကြတဲ့. .မန္တလေး က ဆိုင်ကယ်တွေ.. ကားတွေ နဲ့ ပြည့် နေတာ တော့ ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော်... ဒီလောက် အဝေးကြီး ထိ ကိုယ့်သဘောနဲ့ ကိုယ် လာကြိုကြတယ် ဆိုတော့.... ချော ကားဆင့်တယ် ဆိုတာတွေ ကို သနားလိုက်မိတယ်.... ဒို့ အမေစု ကို ကြိုဖို့တော့ ဘယ်သူမှ ဆင့် စရာ မလိုပါဘူး... ကိုယ့် သဘောနဲ့ ကိုယ် တမြို့လုံးက ကြို ပါတယ်...
ကြိုသာကြို ... မတွေ့လိုက်ရတဲ့ ရွှေစင်ဦး ကတော့ အရင် ကြိုထွက်ပြီးတော့ အမေ့ကို မြင်ရမဲ့ ထိပ်က လမ်းခွဲ နေရာ အဝိုင်းကြီး က ပြန်ကြိုစောင့် ပြန်တယ် ... ဟော.. အမေစု လာပြီ... အစိမ်းရောင် လေး နဲ့ အပြုံးတွေ ဝေ နေတဲ့ မျက်နှာလေး ကို ကြည့်မဝလို့ .. ကင်မရာ ခလုတ် ကို နှိပ်လိုက်ဖို့ တောင် မေ့သွားတယ်... သတိ အလွန် ရိုက်ချက် မှာတော့ နောက်ကျော ဘဲ ပါ ပါတော့ တယ်...
လမ်းခွဲကနေ မန္တလေး ဘက် ကြိုထွက်ရတယ်... လမ်းတလျှောက်လုံး တက်ကြွနေတဲ့ လူတွေ ... မျှော်လင့်ချက် တွေ နဲ့ အပြုံးတွေ တောက်ပ နေတဲ့ မျက်နှာတွေ... အို အားလုံးဟာ စု မှ စုပါလား... အိမ်ပြန်ရောက် မှ ထမင်းစားသောက်ပြီး... ကွင်းကိုသွားဖို့ အားမွေးရတယ်... မိုးလေး ကလည်း အေးလို့ ... ကောင်းလိုက်တဲ့ ရာသီဥတု.... နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ဒီလောက် ကောင်းတဲ့ ရာသီဥတု မျိုး ကို စု လာမဲ့ နေ့မှ ဘဲ မိုးနတ်မင်းကြီး က ဖန်တီးပေးပါတယ်... ကောင်းလေစွ.. ကောင်းလေစွ...
တနာရီ ထိုးခါနီးမှ ကွင်း ကို ထွက် လာပါတယ်... ပြည့်ကျပ်နေတဲ့ ကားတွေ ဆိုင်ကယ် တွေ စက်ဘီး တွေ လူတွေ ကြားထဲ တိုးဝင်ပြီး အရောက်လာခဲ့ပါတယ်.... ရောက်..ရောက်ခြင်းဘဲ .. ဟောပြောပွဲ စ တာနဲ့ တိုး ပါတယ်... ... အမေစု က အနက်ရောင် လှိုင်းကြီးတွေ အဖြစ် သာ လူတွေကို မြင်ပါတော့ တယ်တဲ့.... ၈၈ နောက်ပိုင်း ဒီလောက် လူတွေ အများကြီး ကို မမြင်ဘူး သေး ဘူးတဲ့...မန္တလေး မြို့ကြီး တမြို့ လုံး ကို ကွင်း အဖြစ် ပေးရင် တောင် လျှံကြနေအုန်းမဲ့ အမေ ကို ချစ်တဲ့ မန္တလေးပါ....
အမေ ရေ... ပြည်သူ တွေ အားလုံး ဟာ မျှော်လင့်ချက် မဲ့ နေပါတယ်... ကျနော် တို့ တိုင်းပြည် အတွက် မျှော်လင့်ချက် ရောင်နီသစ် ဖြစ်တဲ့ အမေ့ ကို အားလုံး က ချစ်ကြ ... မြတ်နိုးကြတယ် ဆိုတာ ပါဘဲ... ကျနော် တို့ မြန်မာပြည်ကြီး ကို တိုးတက်အောင် လုပ်ပေးပါ... ကျနော် တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေ ကို ပြည်တွင်းစစ် ရပ်စဲခြင်း နဲ့ ကယ်တင်ပေးပါ... တရားမျှတမှု့ ... လွတ်လပ်မှု့... ငြိမ်းချမ်းမှု့ တို့ ကို အမေ ယူခဲ့ပေးပါ.... အမေ့ အတွက် ၁၉၉ဝ မှာ ... ကျနော် တို့ ပြည်သူ တွေ တာဝန် ကျေခဲ့ပါတယ်... ကမ္ဘာမှာ ဘယ် ခေါင်းဆောင် မှ မရခဲ့ဘူးတဲ့ ထောက်ခံမဲ တွေ ကို အမေ ရခဲ့ပြီး ပါပြီ... အခု ၂၀၁၂ မှာလည်း အမေ့ အတွက် ဆက်လက်ပြီး ပြည်သူ တွေ တာဝန် ကျေစေရမယ် အမေ....
အမေ မန္တလေး ကွင်း မှာ ပြောသွားတဲ့ စကား တွေကို ပြန်ပြောရရင် NLD ကို မဲပေးတာ ကျွန်မ ကို မဲပေးတာပါ ဘဲတဲ့.. NLD ကိုယ်စားလည် တွေ မှာ လိုအပ်တာတွေ ရှိနိုင်ပါတယ် တဲ့... ပါတီ က လမ်းညွှန်မှု့ ပေးသွားမှာ ပါတဲ့... ယုံပါတယ် အမေ... မန္တလေး ပြည်သူ တွေ အတွက် စိတ်အေး လိုက်ပါတော့ .. ပြည်သူ တွေ က မလှည့်ဖြားတတ်သလို... နောက်ပြန်သွားချင်သူ များ မဟုတ်ကြပါဘူး.. အမေ သတိထားရမှာက... လှည့်စားတတ်သူတွေ နဲ့ နောက်ပြန်သွားချင် သူတွေ ပါ .. ပြည်သူ ရဲ့ ထောက်ခံမှု့ ရဖို့ အတွက် အမေ့ ရဲ့ အားတွေ အဆုံးရှုံးမခံပါနဲ့.. ဂတိပေးပါတယ် အမေ ... ပြည်သူ အတွက် အမေ ဘယ်တော့ မှ မျက်နှာမပျက်စေရပါဘူး..... လို့ ပြည်သူ့ ရင်ထဲ က စကား တွေ ပြောကြား လိုက်ပါတယ်....
ကျနော် တို့ မန္တလေး မြို့ မှာ မြို့ခြောက်တယ် ဆိုတဲ့ စကား ရှိတယ်... ကပ်ရောဂါ တွေ ကျတဲ့ အခါ... ရာသီဥတု ဆိုးဝါးလွန်းတဲ့ အခါ... မြို့ကို ဘီလူး .. သရဲ များ ဝင်စီးတဲ့အခါ မှာ.... မြို့သူမြို့သား များ အိမ်ပြင် မထွက် တဲ့ အတွက် .. ကြောက်စရာ ကောင်းအောင် မြို့ က ခြောက် သွားတတ်ပါတယ်.... မကောင်းတဲ့ ဘက် ကသာ ခြောက်တတ် တဲ့ မြို့ .... ဒီတခါ အကောင်းဆုံး ခြောက် သွားတယ်.... အမေ စု ခြေချ ခဲ့တဲ့ 3.3.2012 က လည်း မန္တလေးမြို့ကြီး ခြောက် သွား ပါတယ် .. မန္တလေး သူ မန္တလေးသား အားလုံး အမေစု ရှိရာ ကို ရောက်နေလို့ မြို့ ခြောက် ပါတယ် ....
မန္တလေး မြို့ကြီး ခြောက် သွားတဲ့ 3.3.2012...
လက်တဆုတ်စာ လူတစု အတွက် သွေးပျက်စရာ... ချောက်ခြား သွားတဲ့ မန္တလေး ရဲ့ 3.3.2012 ........ မန္တလေး သား ဖြစ်ရတဲ့ အတွက် ဂုဏ်ယူရ တဲ့ 3.3.2012...
ပုံများအား သစ်ထူးလွင် ဘလောဂ့် .. ကာတွန်းအောင်မော် ဖေစ့်ဘွတ် ... ကိုကျော်မိုးဝင်း... တို့ထံ မှ ကူးယူထားပါသည် ကျေးဇူးအထူးတင်ရှိပါသည်
သိပ်မကြာခင်မှာဘဲ ... ချစ်ချစ်ကြီး နဲ့ ရီးစားဖြစ်သွားပါတယ်.... သူ့အိမ်မှာ ဖုန်းရှိပါတယ်... အဲဒီအချိန်က စပြီး ရွှေစင်ဦး ဟာ ရပ်ကွက်ထဲ မှာ အကောင် ဖြစ်သွားပါတယ် (ထင်တာပါ) ... ဖုန်းဆက်ချင်ရင် အချိန်မရွေး ဆက်လို့ ရတဲ့ ရီးစားလေး တယောက် နဲ့... မကြာခဏ ဖုန်းခေါ်တတ် တဲ့ ရီးစားလေး နဲ့ ဆိုပြီး ကိုယ် ဘာသာ ကိုယ် လည်း .. အတော် ဟုတ်တယ် လို့ ထင် သွားပါတယ် .... (ချစ်ချစ်ကြီး ကို ကြိုက် တာ ထက် တယ်လီဖုန်း လေး ကို ကြိုက်တာ ကတောင် ပိုလေသလားမသိ)
နောက်တော့ GSM ဆိုတဲ့ သာမန်လူသား များနဲ့ လားလား မှ မထိုက် .... သူဌေးမင်း များနဲ့ သာ ကိုက် တဲ့ ဖုန်းများ ပေါ်လာပါတယ်... လက်ကိုင်ဖုန်း လေး တကိုင်ကိုင် နဲ့ မိုးကျရွှေကိုယ် များကို အသာငေး ကြည့် ပြီး သြ ဒီလိုဖုန်း တွေ ဟာ ဒီလိုလူတွေ အတွက်သာပါလား... ဒို့လို့ လူတွေ နဲ့ လားလား မှ မထိုက် ပါလား လို့ တွေးထင်မိပါတယ်... သိန်းငါးဆယ် ကျော်တဲ့ ... အဲဒီခေတ်က သိန်းငါးဆယ် ဆိုတာ ... အတော်များပါတယ်... ဒီတသက်တော့ လက်ကိုင်ဖုန်း ကိုင်ရကိန်း မရှိတော့ဘူးလို့ ကို ထင်မိပါတယ် ..
အဲလောက်ထိ တယ်လီဖုန်း နဲ့ ပတ်သက်ရင် ကျနော် တို့ မြန်မာပြည် က သာမန် လူသားတွေ ဟာ အောက်ကျ... နောက်ကျ နိုင်ခဲ့ရပါတယ်...
ခေတ် တွေ ပြောင်းလာပါပြီ... ပြည်သူ များရဲ့ လိုအင်ဆန္ဒများ ကို ဖြည့်ပေးပြီး အပြောင်းအလဲ တွေ အများကြီး လုပ်တယ် လို့ ပြောနေကြတဲ့... သမ္မတကြီး ဦးသိန်းစိန် လက်ထက် ရောက်လာပါပြီ... တယ်လီဖုန်း ဈေးတွေ လည်း အရင်ထက် စာရင် ဈေးပိုကျပြီလို့ပြောပါတယ်... နှစ်သိန်း ..နှစ်သိန်းခွဲ လို့ ပြောပါတယ်... အတော်ကြီး ကို များနေပါသေးတယ်.... တလ မှ တသိန်းဝန်းကျင် လွန်ရော ကျွံရော ရတဲ့ ပြည်သူများတောင် ... နှစ်လ ထမင်းအငတ်ခံ ပြီး ဝယ်ရ မလို ဖြစ်နေပါတယ်...
အိမ်နီးနားချင်း နိုင်ငံများ မှာ အောက်ဆုံး အလွှာ က လူများတောင် သုံးနိုင်နေရင် မြန်မာပြည်က ပြည်သူ များ ဘာလို့ မသုံးနိုင် ရမှာလဲ... သမ္မတကြီး ရေ ကိုယ့်နိုင်ငံ က ပြည်သူများကို တကယ် ချစ်တယ် ဆိုရင်တော့ ငါးထောင်တန် တွေ ဘာတွေ လုပ်မနေပါနဲ့... ကုမ္ပဏီများ အပြိုင်အဆိုင် လုပ်ကိုင် ခွင့် ကို လွတ်လွတ် လပ်လပ် ကြီး ပေးလိုက်ပါတော့ ... ငါးထောင် တောင် မပေးရဘဲ ဆင်းကဒ် အလကား ရနိုင် ပါတယ်.... ကျွန်တော် တို့ ပြည်သူ တွေ စီက ဖုန်းပြောခ နဲ့ တင် ကုမ္ပဏီ က လူကြီးမင်း များ အတွက် လည်း အများကြီး တွက်ချေ ကိုက်လောက်တယ် လို့ ထင်မိပါတယ်...
ကျနော့် အမြင် ကို ပြောရရင် အခုခေတ်မှာ တယ်လီဖုန်း ဆိုတာ... လူတိုင်း အတွက် မရှိမဖြစ် သုံးရမဲ့ ပစ္စည်း တခု လို့ ထင်ပါတယ်... ကျနော် တို့ မြန်မာပြည်သူ များ အားလုံး (ဆင်းရဲ..ချမ်းသာ မရွေး) အသုံးပြု နိုင်ရေး အတွက် တယ်လီဖုန်း နဲ့ ပါတ်သက်သမျှ ပြည်သူ ဘက်ကတောင်းဆိုခြင်း အားလုံး ဟာ တရားပါတယ် လို့ ထင်မိ ပါကြောင်း ပြောရင်း ချစ်သော ဘလောဂ်ဂါ များရဲ့ တဂ်ပိုစ့် လေး ကို ရပ်နားခွင့် ပြုပါ တော့ဗျာ....
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
......................................

အခုဆက်လက် ပြီး အမေစု ရဲ့ NLD ပါတီ နဲ့ ကိုယ်ပေးချင်ရာ ပါတီ ကို မဲ ပေးကြမဲ့ ပုဂ္ဂိုလ် များအတွက်
မန္တလေး မဟာအောင်မြေ မြို့နယ် မှာ NLD ထောက်ခံသူများက
အိမ်တိုင်ယာရောက် မဲ ပေးနည်းလေး ကို လာရောက်ရှင်းပြသွားကြပါတယ်
တဆင့်ဖောက်သည် ချရမယ်ဆိုရင်
အပေါ်ပုံပါတဲ့ အတိုင်း လေးဒေါင့် အကွက်လေး ထဲမှာ ဘယ်နံရံ ကိုမှ မထိဘဲ အမှန်ခြစ် ကလေး ခြစ်လိုက်ပါ .. အဲဒီ အမှန်ခြစ်ရဲ့ ဖင် ကို ကောက်မပြစ်ပါနဲ့ တဲ့ ပယ်မဲ ဖြစ်သွားပါလိမ့်မယ် တဲ့ အားလုံးဘဲ ကိုယ်ပေးချင် တဲ့ ပါတီ (NLD) ကို ပယ်မဲ မဖြစ်အောင် ပေးကြပါ လို့ အကျိုးတော် ဆောင်လိုက်ရပါတယ်
......................................
ပုံများအား သစ်ထူးလွင် ဘလောဂ့် .. ကာတွန်းအောင်မော် ဖေစ့်ဘွတ် ... ကိုကျော်မိုးဝင်း... တို့ထံ မှ ကူးယူထားပါသည် ကျေးဇူးအထူးတင်ရှိပါသည်
ရွှေစင်ဦး ငယ်ဘဝ က မျှော်လင့်မိတာလေး တခု ဆိုပြီး ယာနဒါန အကြောင်း ဆောင်းပါးလေး ကို ကျနော် ရေးခဲ့ပါတယ် (ဖတ်ချင်ရင်) ... အဲဒါလေး ကို ဖတ်မိပြီး လှူဒါန်းကြတဲ့ စာဖတ်သူ မိတ်ဆွေ များ .. ဘလောဂ်ဂါ မိတ်ဆွေ .... များကို အထူးကျေးဇူး တင်ပါတယ်.... အခု နောက်ဆုံး လှူဒါန်း ခဲ့တဲ့ အမေရိကန် က အမည် မဖော်လိုသူ ဇနီးမောင်နှံထံမှ ဒေါ်လာငွေ ၃ဝဝ ကျပ် လက်ခံရရှိ ပါတယ်... သာဓုပါဗျာ ... ဆရာတော် ဘုရားကြီးထံမှာ အလှူရှင် ကိုယ်စား လှူဒါန်းနေတဲ့ ပုံကို ထည့်ပေးလိုက် ပါတယ်.....
......................................
အခုနောက်ဆုံး ရေးဖို့ ကျန်တာကတော့ မြန်မာပြည်သူ အများ စောင့်မျှော်နေကြတဲ့ ငါးထောင်တန် ဖုန်း နဲ့ ပတ်သက်တဲ့ ဘလောဂ်ဂါ တယောက်ရဲ့ အမြင်လေးပါ (တဂ် ပိုစ့် ) ပါ... ကျနော့် အရင်ရေးသွားတဲ့ ဘလောဂ့်ဂါ တွေ ရဲ့ စာ တွေ ကို ဖတ်ကြည့်ရတာ အတော်ကောင်း ပါတယ် ... ရုပ်ရှင် အတိုလေးတွေ .. ပြဇာတ် အပိုင်းလေး တွေ ကြည့်နေရသလို ပါဘဲ.... မျက်စေ့ ထဲ မှာ ကွင်းကွင်းကွက်ကွက် ပါ... ကျနော် သာ သမ္မတကြီး ဆိုရင် ဒါမျိုးလေးတွေ ဖတ်ပြီး .. ငါးထောင်တန် ဖုန်း တွေ ဘာတွေ လုပ်မနေနဲ့.... အခုချက်ခြင်း.... ပြည်သူ တွေကို ဆင်းကဒ် အလကား သာဝေလိုက် ... ဘလော့ဂ်ဂါ ဆိုသူတွေကို ထောင်သွင်း အကျဉ်းချ... အမလေး ယောင်လို့ပါဗျာ.... အိုင်နောက်ဆုံး ဖုန်းလေး တွေ ပါ အဆစ် ပေးလိုက် လုပ်ပြစ်လိုက်မှာပါ... အဲလောက် ထိအောင် ကို အရေးကောင်းကြပါတယ် ....
ကျနော် ကတော့ ကျနော် သိတဲ့ တယ်လီဖုန်း အကြောင်းကို စပြောပါမယ်... မဆလ ခေတ်က တယ်လီဖုန်း ဆိုတာ အဆောင် အယောင် တခုပါဘဲ.... တယ်လီဖုန်း ပိုင်ဖို့ မပြောပါနဲ့... ကိုယ့်အရပ်ထဲ လမ်းထဲက ဖုန်းရှိတဲ့ အိမ်ကို ကိုယ့် ဖုန်းလေး လာတယ် ဆိုရင်ကို အများနဲ့ မတူတဲ့ ငါ ဟဲ့လို့ ထင်မိ သလိုလို ဘဝင်ကျစရာ အလွန် ကောင်းပါတယ်...
ကြုံလို့ပြောရရင် ... ကျနော်တို့ လမ်းထဲမှာ လေးငါးအိမ်ကျော် လောက် မှာ ဖုန်းတလုံး ရှိပါတယ်... နံပါတ် တောင် မှတ်မိပါသေးတယ်.. 22..22 ပါတဲ့... သူငယ်ချင်း များ ကို အဲဒီ ဖုန်းနံပါတ် လေး ပေးထားရင် အဲဒီအိမ်က ဖုန်းခေါ်ပေးပါတယ်..... ကိုယ်စီ ဖုန်းလာတယ် ဆိုရင် ... အတော် ဂုဏ်ရှိတယ် လို့ ထင်ကြ ပါတယ်.... အဲလို ဖုန်းလာစေချင်လို့ ... ပြောချင်လွန်း လို့ ဖုန်းဆက် ဖို့ သူငယ်ချင်း တွေ ကို ပြောပေမဲ့ ကိုယ် နဲ့ အတူ ထူးမခြားနား တွေ ဆိုတော့ ... အမယ် နင်စီ ဖုန်းဆက် လို့ ကုန်မဲ့ ပိုက်ဆံ ကို မုံ့ဝယ်စား လိုက်တာက မှ ကောင်းသေး... ဘာလို့ အရာလုပ်ဆက်ရမလည်း ဆိုတဲ့ အသံ တွေ က ဇာတ်တိုက် ထားတဲ့ အတိုင်းပါဘဲ...
ဟုတ်လဲ ဟုတ်ပါတယ်... သူတို့ နဲ့ ကိုယ်နဲ့ ကျောင်းမှာ နေ့တိုင်း တွေ့ နေကြသလို.. ဖုန်းဆက် စရာ ဘာ အကြောင်းထူး လည်း မရှိကြဘူး (အဲဒီတုန်း က ထင်ထား ကြတာ က တယ်လီဖုန်း ဆိုတာ သေရေး ရှင်ရေး ... ချစ်သူ အရေး မှ ဆက်ရမဲ့ အရာမျိုးလို့ မှတ်ပါတယ်) ... တချို့ သူငယ်ချင်း တွေ ကတော့ ဖုန်းတော့ ဆက် ချင်ပါတယ်... ငါလည်း ဖုန်းမပြောဘူးတော့ ကြောက်တယ် တဲ့... ရွှေစင်ဦး ကတော့ ကိုယ့် အိမ်နား ဖုန်းရှိရဲ့သားနဲ့ ကိုယ့်စီ ဖုန်း မလာတာ အတော် မျက်နှာငယ်ရာ ရောက်ပါတယ် ဆိုပြီး... ဖုန်းဆက်မဲ့ သူငယ်ချင်း (ချစ်သူ မဟုတ်) တယောက် လောက် ကို သဲသဲမဲမဲ ရှာဖွေဘူးပါတယ်....
ကြုံလို့ပြောရရင် ... ကျနော်တို့ လမ်းထဲမှာ လေးငါးအိမ်ကျော် လောက် မှာ ဖုန်းတလုံး ရှိပါတယ်... နံပါတ် တောင် မှတ်မိပါသေးတယ်.. 22..22 ပါတဲ့... သူငယ်ချင်း များ ကို အဲဒီ ဖုန်းနံပါတ် လေး ပေးထားရင် အဲဒီအိမ်က ဖုန်းခေါ်ပေးပါတယ်..... ကိုယ်စီ ဖုန်းလာတယ် ဆိုရင် ... အတော် ဂုဏ်ရှိတယ် လို့ ထင်ကြ ပါတယ်.... အဲလို ဖုန်းလာစေချင်လို့ ... ပြောချင်လွန်း လို့ ဖုန်းဆက် ဖို့ သူငယ်ချင်း တွေ ကို ပြောပေမဲ့ ကိုယ် နဲ့ အတူ ထူးမခြားနား တွေ ဆိုတော့ ... အမယ် နင်စီ ဖုန်းဆက် လို့ ကုန်မဲ့ ပိုက်ဆံ ကို မုံ့ဝယ်စား လိုက်တာက မှ ကောင်းသေး... ဘာလို့ အရာလုပ်ဆက်ရမလည်း ဆိုတဲ့ အသံ တွေ က ဇာတ်တိုက် ထားတဲ့ အတိုင်းပါဘဲ...
ဟုတ်လဲ ဟုတ်ပါတယ်... သူတို့ နဲ့ ကိုယ်နဲ့ ကျောင်းမှာ နေ့တိုင်း တွေ့ နေကြသလို.. ဖုန်းဆက် စရာ ဘာ အကြောင်းထူး လည်း မရှိကြဘူး (အဲဒီတုန်း က ထင်ထား ကြတာ က တယ်လီဖုန်း ဆိုတာ သေရေး ရှင်ရေး ... ချစ်သူ အရေး မှ ဆက်ရမဲ့ အရာမျိုးလို့ မှတ်ပါတယ်) ... တချို့ သူငယ်ချင်း တွေ ကတော့ ဖုန်းတော့ ဆက် ချင်ပါတယ်... ငါလည်း ဖုန်းမပြောဘူးတော့ ကြောက်တယ် တဲ့... ရွှေစင်ဦး ကတော့ ကိုယ့် အိမ်နား ဖုန်းရှိရဲ့သားနဲ့ ကိုယ့်စီ ဖုန်း မလာတာ အတော် မျက်နှာငယ်ရာ ရောက်ပါတယ် ဆိုပြီး... ဖုန်းဆက်မဲ့ သူငယ်ချင်း (ချစ်သူ မဟုတ်) တယောက် လောက် ကို သဲသဲမဲမဲ ရှာဖွေဘူးပါတယ်....
သိပ်မကြာခင်မှာဘဲ ... ချစ်ချစ်ကြီး နဲ့ ရီးစားဖြစ်သွားပါတယ်.... သူ့အိမ်မှာ ဖုန်းရှိပါတယ်... အဲဒီအချိန်က စပြီး ရွှေစင်ဦး ဟာ ရပ်ကွက်ထဲ မှာ အကောင် ဖြစ်သွားပါတယ် (ထင်တာပါ) ... ဖုန်းဆက်ချင်ရင် အချိန်မရွေး ဆက်လို့ ရတဲ့ ရီးစားလေး တယောက် နဲ့... မကြာခဏ ဖုန်းခေါ်တတ် တဲ့ ရီးစားလေး နဲ့ ဆိုပြီး ကိုယ် ဘာသာ ကိုယ် လည်း .. အတော် ဟုတ်တယ် လို့ ထင် သွားပါတယ် .... (ချစ်ချစ်ကြီး ကို ကြိုက် တာ ထက် တယ်လီဖုန်း လေး ကို ကြိုက်တာ ကတောင် ပိုလေသလားမသိ)
နောက်တော့ GSM ဆိုတဲ့ သာမန်လူသား များနဲ့ လားလား မှ မထိုက် .... သူဌေးမင်း များနဲ့ သာ ကိုက် တဲ့ ဖုန်းများ ပေါ်လာပါတယ်... လက်ကိုင်ဖုန်း လေး တကိုင်ကိုင် နဲ့ မိုးကျရွှေကိုယ် များကို အသာငေး ကြည့် ပြီး သြ ဒီလိုဖုန်း တွေ ဟာ ဒီလိုလူတွေ အတွက်သာပါလား... ဒို့လို့ လူတွေ နဲ့ လားလား မှ မထိုက် ပါလား လို့ တွေးထင်မိပါတယ်... သိန်းငါးဆယ် ကျော်တဲ့ ... အဲဒီခေတ်က သိန်းငါးဆယ် ဆိုတာ ... အတော်များပါတယ်... ဒီတသက်တော့ လက်ကိုင်ဖုန်း ကိုင်ရကိန်း မရှိတော့ဘူးလို့ ကို ထင်မိပါတယ် ..
အဲလောက်ထိ တယ်လီဖုန်း နဲ့ ပတ်သက်ရင် ကျနော် တို့ မြန်မာပြည် က သာမန် လူသားတွေ ဟာ အောက်ကျ... နောက်ကျ နိုင်ခဲ့ရပါတယ်...
ခေတ် တွေ ပြောင်းလာပါပြီ... ပြည်သူ များရဲ့ လိုအင်ဆန္ဒများ ကို ဖြည့်ပေးပြီး အပြောင်းအလဲ တွေ အများကြီး လုပ်တယ် လို့ ပြောနေကြတဲ့... သမ္မတကြီး ဦးသိန်းစိန် လက်ထက် ရောက်လာပါပြီ... တယ်လီဖုန်း ဈေးတွေ လည်း အရင်ထက် စာရင် ဈေးပိုကျပြီလို့ပြောပါတယ်... နှစ်သိန်း ..နှစ်သိန်းခွဲ လို့ ပြောပါတယ်... အတော်ကြီး ကို များနေပါသေးတယ်.... တလ မှ တသိန်းဝန်းကျင် လွန်ရော ကျွံရော ရတဲ့ ပြည်သူများတောင် ... နှစ်လ ထမင်းအငတ်ခံ ပြီး ဝယ်ရ မလို ဖြစ်နေပါတယ်...
အိမ်နီးနားချင်း နိုင်ငံများ မှာ အောက်ဆုံး အလွှာ က လူများတောင် သုံးနိုင်နေရင် မြန်မာပြည်က ပြည်သူ များ ဘာလို့ မသုံးနိုင် ရမှာလဲ... သမ္မတကြီး ရေ ကိုယ့်နိုင်ငံ က ပြည်သူများကို တကယ် ချစ်တယ် ဆိုရင်တော့ ငါးထောင်တန် တွေ ဘာတွေ လုပ်မနေပါနဲ့... ကုမ္ပဏီများ အပြိုင်အဆိုင် လုပ်ကိုင် ခွင့် ကို လွတ်လွတ် လပ်လပ် ကြီး ပေးလိုက်ပါတော့ ... ငါးထောင် တောင် မပေးရဘဲ ဆင်းကဒ် အလကား ရနိုင် ပါတယ်.... ကျွန်တော် တို့ ပြည်သူ တွေ စီက ဖုန်းပြောခ နဲ့ တင် ကုမ္ပဏီ က လူကြီးမင်း များ အတွက် လည်း အများကြီး တွက်ချေ ကိုက်လောက်တယ် လို့ ထင်မိပါတယ်...
ကျနော့် အမြင် ကို ပြောရရင် အခုခေတ်မှာ တယ်လီဖုန်း ဆိုတာ... လူတိုင်း အတွက် မရှိမဖြစ် သုံးရမဲ့ ပစ္စည်း တခု လို့ ထင်ပါတယ်... ကျနော် တို့ မြန်မာပြည်သူ များ အားလုံး (ဆင်းရဲ..ချမ်းသာ မရွေး) အသုံးပြု နိုင်ရေး အတွက် တယ်လီဖုန်း နဲ့ ပါတ်သက်သမျှ ပြည်သူ ဘက်ကတောင်းဆိုခြင်း အားလုံး ဟာ တရားပါတယ် လို့ ထင်မိ ပါကြောင်း ပြောရင်း ချစ်သော ဘလောဂ်ဂါ များရဲ့ တဂ်ပိုစ့် လေး ကို ရပ်နားခွင့် ပြုပါ တော့ဗျာ....
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
17 comments:
Your YAW THAMA HMAWE is as good as ever.Let me know both your and Sa Sa's Thingyan plan:)
Gyidaw
အမှန်ခြစ်လေးခြစ်ဖို့..
စောင့်မျှော်နေကြောင်းပါအမတော်း)
ချစ်ချစ်ကြီးကို ကြိုက်တာလား
တယ်လီဖုန်းလေးကို ကြိုက်တာလား....း))
မမရွှေစင်
ကွက်ကွက်ကွင်းကွင်းပဲ မြင်မိပါတယ်။ (လူကြားထဲ တိုးဝှေ့နေတဲ့ပုံလေးကိုပါနော်။ အဲဒါတွေကြောင့် ပိုပိုချစ်ရပါတယ်။
ချစ်တဲ့
ညီမသဒ္ဓါ
အန်တီစုခရီးစဉ်အကြောင်းရေးထားတာသဘောကျလိုက်တာ။
မန္တလေးသူမန္တလေးသားတွေလည်းပိုချစ်သွားပြီ။
မရွှေစင်ကိုလည်း ပိုလို့ချစ်သွားပါပြီ။
အလှူရှင်တွေကိုလည်း သာဓုခေါ်သွားပါပြီ။
ဖုန်းလည်း အဆင်ပြေပြေကိုင်နိုင်ပါစေ ဆုတောင်းပါတယ်။
အစ်မရေးထားတာ ဖတ်လို့ကောင်းလိုက်တာ။ ကျွန်တော်လဲ အမှန်လေးခြစ်ဖို့ စောင့်နေပါတယ်ခင်ဗျာ။
အမေစု မန္တလေးလာတဲ့မြင်ကွင်းက အစ်မရေးလိုက်တာ ကြက်သီးတောင် ထမိပါရဲ့။
“ယုံပါတယ် အမေ... မန္တလေး ပြည်သူ တွေ အတွက် စိတ်အေး လိုက်ပါတော့ .. ပြည်သူ တွေ က မလှည့်ဖြားတတ်သလို... နောက်ပြန်သွားချင်သူ များ မဟုတ်ကြပါဘူး.. အမေ သတိထားရမှာက လှည့်စားတတ်သူတွေ နဲ့ နောက်ပြန်သွားချင် သူတွေ ပါ .. ပြည်သူ ရဲ့ ထောက်ခံမှု့ ရဖို့ အတွက် အမေ့ ရဲ့ အားတွေ အဆုံးရှုံးမခံပါနဲ့.. ဂတိပေးပါတယ် အမေ ... ပြည်သူ အတွက် အမေ ဘယ်တော့ မှ မျက်နှာမပျက်စေရပါဘူး..... လို့ ပြည်သူ့ ရင်ထဲ က စကား တွေ ပြောကြား လိုက်ပါတယ်.” ဆိုတဲ့ စာသားတွေဖတ်ပြီး မျက်ရည်ဝဲမိအောင်ကို ပီတိဖြစ်ရပါတယ်။
အစ်မပြောသလိုဘဲ သမ္မတမင်းကြီးက သဘောတွေကောင်းပြီး ဆင်းကဒ်အလကားဝေလို့ကတော့ ကောင်းလိုက်တဲ့ဖြစ်ခြင်းနော်။
ဒီဆန္ဒလေးဖြစ်မြောက်ပါစေလို့ ဆုတောင်းပါရဲ့ အစ်မရယ်။
ပြည်သူ့ဖက်က တောင်းဆိုသံကို အပြည့်အ၀ လိုက်လျောသင့်တယ်ဆိုတဲ့ အမရဲ့ အယူအဆကို အပြည့်အ၀ ထောက်ခံပါတယ် ...
မန္တလေး သူ/သားတွေရဲ့စိတ်လေးကိုမြင်ခွင့်ရလိုက်တယ် ပုံတွေမြင်ပြီးစာဖတ်လိုက်ရတော့ကြက်သီးတောင်ထမိပါရဲ့
အမရွှေစင်သဘောထားကို အားလုံးထောက်ခံပါပါတယ်ရှင်
ချစ်တဲ့ jasmine
တခါလောက်တော့အနီးကပ်မြင်ဖူးချင်လိုက်တာ အမရေ
တဂ်ပို့လေးရေးပေးတဲ့အတွက်ကျေးဇူးပါနော်
ချစ်တဲ့
ဒိုးကန်
ဆရာမရေ
တဂ်ပို့စ်လေးပြန်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ ။ တခါတည်းကို စာအရှည်ကြီးရေးပစ်လိုက်တာပဲ အားရတယ်ခင်ဗျ ဖတ်ရတာ ကျနော် ၁၇ ရက်နေ့ မန်တးလေးရောက်မယ်ခင်ဗျ အဆင်သင့်ရင်ဆရာမဆီလာခဲ့ပါဦးမယ် ။
ခင်မင်စွာဖြင့်
သက်တန့်ချို
တောင်ရောက် မြောက်ရောက်ကိုဖတ်ပီး အရမ်း အားရတယ်၊အဲလို အရေးမျိုး ကိုကြီးကျောက်နဲ့ တို့မမရွှေစင် ပဲ ရေးတတ်တာ၊ကန့်ကွက်မဲ့သူ ရှိလားဗျို့။ :) ချစ်ညီမ-(နောနော်)
အမေစုကို ခုလို တခဲနက် ကြိုဆိုကြတာကို မြင်ရ ကြားရ ဖတ်ရတော့ ဟိုးအရင် ထောက်လှမ်းရေးခောတ်က အမေစု ယာဉ်တန်း ရွာထဲက မဖြတ်ခင် ထောက်လှမ်းရေးက လာပြီး ဘယ်သူမှ ထွက်မကြည့်ရဘူး ဆိုလို့ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြရတဲ့ အဖြစ်လေးကို သတိရမိသေးတယ်... ခုလို တိုးတက်ပြောင်းလဲ လာတာတွေကို မြင်ရတော့ ဝမ်းသာမိတယ်...
သတင်းတွေကြား ဓတ်ပုံတွေမြင်ပြီး ကြက်သီးတောင်ထပါရဲ့
အားရစရာ
မြန်မာပြည်အတွက် ဒေါ်စုက နေရောင်ခြည်ပဲ
ဖုန်းကတ်တွေလိုင်းတွေဈေးပေါလာသလို
လိုင်းတွေလည်းကောင်းလာပါစေဗျာ
တော်သေးတာပေါ့ အမရယ် အပြင်ကသာ အိမ်သာ တံခါးကို သော့ပိတ်သွားလိုက်လို့ ကတော့ သွားဘီ..။
မန္တလေးဆိုတာကို ပြလိုက်တာပါပဲ၊
ဟုတ်တယ် အိမ်ကဖုန်းနံပါတ်ကလည်း သုံးလုံး နောက်မှ ၂၁ ထည့်လိုက်တယ်၊
အေပြီလ ၁ ရက်နေ့ မရွေစင်ဦး၏ ကိုယ်တွေ့ကို စောင့်မျှော်လျှက်။
Post a Comment