ကိုကိုးအိမ် နဲ့ ကိုဇော် တို့ ရဲ့ တဂ်ပိုစ့် လေး ကို ရေးပါမယ်ဗျာ
၁. အစားချင်ဆုံးအစားအစာ -
ကြိုက်တာတွေ အကုန်လုံး စားချင်ပါတယ်.. ဒါပေမဲ့ ငါးပိရည် မွှေးမွှေးလေး နဲ့ အတို့ စုံစုံ လေးကို တော့ နေ့ တိုင်း စားချင်တယ်
၂. နေ့တိုင်းစားဖြစ်တဲ့ အစာ -
မကောင်းတကောင်းထမင်း နဲ့ မထူးဆန်းသောဟင်းများ
၃. အလိုချင်ဆုံး ရေမွှေး -
၎. သုံးဖြစ်နေတဲ့ ရေမွှေး -
၃ နဲ့ ၄ အတွက် ပေါင်းဖြေပါမယ်၊ ရေးမွှေး မသုံးပါ
၅. အလိုချင်ဆုံး မွေးနေ့လက်ဆောင် -
သိပ်ဖတ်ချင် ရချင်နေတဲ့ စာအုပ်လေးတွေ
(တန်ဘိုးကြီး တဲ့ နာရီတွေ လက်ဖ်တော့ တွေ ကင်မရာတွေ ရရင်လည်း လိုချင်တာပါဘဲ .)
ပေးမဲ့သူက စာအုပ်လောက် ဘဲပေးတော့ ဒီလောက်ဘဲ ပြောရတာပါ .(ချစ်ညီမ)
မွေးနေ့ လက်ဆောင် ကို လည်ပင်းညှစ်တောင်းရင်တော့ ပေးပါမယ် ဆိုတဲ့ ဂတိလေး တော့ ပေးပါတယ် (ချစ်ချစ်ကြီး)
၆. အလိုချင်ဆုံး ဖုန်း -
၇. သုံးဖြစ်နေတဲ့ ဖုန်း -
၆ နဲ့ ၇ နဲ့ကို ပေါင်းဖြေပါမယ်.. ကျားလား ဖုန်း မဟုတ်တဲ့ ဖုန်းမျိုး ကြားလား ကြားလား မအော်ရရင် တော်လှပြီ ဆိုတဲ့ ဖုန်း
သုံးနေတဲ့ ဖုန်းကတော့ ကျားလား အော်နေရတဲ့ ဖုန်း
၈. အရူးသွပ်ဆုံး အရာ -
စာပေ
၉. အနီးစပ်ဆုံး ဂီတ -
ကိုယ်ပိုင်သံစဉ်များ
၁ဝ. အလိုချင်ဆုံး စာအုပ် -
တော်တော်များတယ်
၁၁. အခုဖတ်ဖြစ်နေတဲ့ စာအုပ် -
လစဉ်ထုတ် မဂ္ဂဇင်း တွေပါဘဲ
၁၂. အကြားချင်ဆုံး စကား -
မြန်မာပြည်သူ အားလုံး ဆန္ဒ နဲ့ အတူတူပါဘဲ
၁၃. အဖြစ်ချင်ဆုံး ဆန္ဒ -
မြန်မာပြည်သူ အားလုံး ဆန္ဒ နဲ့ အတူတူပါဘဲ
၁၄. အလိုချင်ဆုံးဆု -
ထာဝရငြိမ်းအေးရာ
၁၅. အသွားချင်ဆုံးနေရာ -
နိဗ္ဗန်မရောက်ခင် စပ်ကြား ဒီဘဝမှာတော့ ကမ္ဘာအနှံ မြန်မာအနှံ သွားချင်တယ်
၁၆. သွားဖြစ်နေတဲ့ နေရာတွေ -
မန္တလေး မြို့ ထဲ က ပျံကျဈေးလေး တခု ဟင်းသီးဟင်းရွက် တွေ လတ်ဆတ်တယ် အသားငါး တွေ ဈေးချို တယ်(ကြော်ငြာ မဟုတ်ပါ)
အလုပ်နဲ့ သက်ဆိုင် တဲ့ နေရာလေး တွေ ကိုတော့ နေ့တိုင်းသွားနေရတယ်
ထူးထူးခြားခြားမရှိပါ
၁၈. အပြောချင်ဆုံး စကား -
ကိုယ်ပြောချင်ရာကို လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ အချိန်ကြမှ ပြောပြပါမယ်
၁၉. အယုံကြည်ဆုံး လူသား -
မိမိကိုယ်ကို
၂ဝ. မယုံကြည်ဆုံး အရာ -
ကံကြမ္မာ
၂၁. အမုန်းဆုံး အရာ -
မြန်မာပြည်သူ အားလုံး မုန်းတဲ့ အရာကို ကျနော် လည်း မုန်းပါတယ်
၂၂. အသောက်ဖြစ်ဆုံး အအေး -
ရေအေးအေး (အအေး မသောက်ပါ)
၂၃. လတ်တလော အထိတွေ့ဆုံး အရာ -
အင်တာနက် စာမျက်နှာများ ပါဘဲ
၂၄. မကောင်းတဲ့ ကျန်းမာရေး -
အားလုံး ကောင်းပါတယ် အလတ်ကြီး ရှိပါသေးတယ် တဲ့ (ချစ်ချစ်ကြီး က ပြောတာပါ)
၂၅. အကောင်းဆုံး အဖော် -
အဲဒါ ရွှေစင်ဦး ကိုမေးရမှာ မဟုတ်ဘူးထင်တယ်...
အရင်တုန်းကတော့ စာအုပ်တွေ- အခုတော့ ပိစိ လေး အဲ PC လေး ရောပါလာပြီ
၂၆. လက်ရှိအကြိုက်ဆုံး သီချင်း -
Right here waiting for u by Richard Marx
၂၇. အကြောက်ဆုံး အလုပ် -
ကိုယ် မမှန်ဘူး လို့ ထင်တာကို လုပ်မိမှာ
၂၈. တန်ဖိုး အထားဆုံး အရာ -
စာဖတ်ခြင်း
၂၉. အကြောက်ဆုံးတိရစ္ဆာန် -
တိရစ္ဆာန်တွေ က ပြန်ကြောက်သွားတဲ့ ကိုယ့်ကို ကိုယ် ပါဘဲ
၃ဝ. တွေ့ဖြစ်နေတဲ့ ဘလောဂ်ဂါတွေ -
နတ်ဆိုးလေး - ကိုကိုးအိမ်- ကိုဇော်သိင်္ခ (မိုးကောင်းကင်) - လသာည
၃၁. အပြင်သွားတိုင်းပါတဲ့ ပစ္စည်း -
ရှိစုမဲ့စု မြန်မာ ကျပ်ငွေလေးတွေပါဘဲ
၃၂. သွားဖြစ်နေတဲ့ နေရာတွေ -
ပြောပြီးသားထင်တယ်
၃၃. စိတ်အညစ်ဆုံး အချိန် -
ချစ်ခင်သူတွေ က ခွဲသွားတဲ့ အချိန်
၃၄. အနေချင်ဆုံး နေရာ -
အပင်တွေကြားထဲက သစ်သားအိမ် လေး မှာ ချစ်ရတဲ့ သူတွေနဲ့ အတူတူ
၃၅. ကြားလိုက်မိတဲ့ ဟာသလေး တခု -
နေ့စဉ် သတင်း တွေ (မြန်မာ ကမ္ဘာ) မဖတ်ဖြစ်လို့ မသိလို့ ဟာသ တွေနဲ့ ဝေးနေတယ်
၃၆. ပေးချင်တဲ့ သတင်းတခု -
ကိုယ် မှန်တယ် လို့ ထင်တာကို လုပ်ရမှာ မကြောက်ပါနဲ့
၃၇. အပျော်ဆုံးဖြစ်မဲ့ အချိန် -
မြန်မာပြည်သူ အားလုံး ပျော်ရတဲ့ အချိန် ဟာ ကျနော် အတွက် လည်း အပျော်ဆုံး အချိန်ဖြစ်မှာပါ
ရေးခွင့် ရတဲ့ အတွက် ကိုကိုးအိမ် နဲ့ ကိုဇော် ကိုကျေးဇူးတင်ပါတယ်။
ကိုအုပ်ကြီး ရဲ့ တက်စာလေး အကြွေးကျန်နေပါသေးတယ် ခဏလေး စောင့်ပါနော် ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
15 comments:
အမကြီးရွေစင်..
တင်တာနဲ့ရောက်လာပါသည်... ပြူတာလေးရှေ့ထိုင်နေလို့... ချက်ချင်းရောက်..။
ဖြေထားတာလေးတွေကြိုက်တယ်..ဈေးထဲမှာ တကယ်ကိုလတ်ဆက်တာတွေ ဝယ်စားချင်တယ်အမ.. ဒီမှာ အဲလို ဈေးတွေ မရှိဘူး.. ကြီးကျယ်ခမ်းနားတဲ့ ဈေးတွေပဲရှိတယ်..ဒါကြောင့် မျက်လုံးထဲ မှန်းပြီး စိတ်ကူးနဲ့ ဈေးဝယ်ကြည့်မိတယ်..။ အဲလို လတ်ဆက် (ဆေးမသုံးပဲ) ရောင်းတဲ့ အစာတွေကို အရမ်း အရမ်း စားချင်တယ်.. ဒီမှာတော့ ဒါမျိုးတွေက ဈေးကြီးတယ် အမြဲတမ်း မဝယ်နိုင်ဘူး.. တခါတလေမှ ဝယ်စားနိုင်တယ်.. ဆေးသုံးတာတွေပဲ သက်သာတယ်..။
အောက်ဆုံးက အချက် (၃၇) ကို များစွာသဘောကျပါသည်..။ ကျွန်တော်တို့ အားလုံး တကယ့်လုံခြုံအေးချမ်းပြီး ပျော်ရွင်ရမဲ့ အချိန်မှာ လွတ်လပ်စွာ ပျော်ရွင်ရယ်မော ချင်ပါသေးတယ် အမ.. အဲဒီအချိန်မှာ အပင်တွေကြားက သစ်သားအိမ်လေးကြားထဲ ဖြစ်ချင်ဖြစ်နေမယ်ထင်ပါရဲ့..။
အမ လည်း ကျမ်းမာပါစေ..စာတွေ ရေးနိုင်ပါစေလို့ များစွာ ဆုတောင်းပါတယ်..။
ခင်မင်ချင်ခင်စွာဖြင့်
စိန်ပန်းဗေဒါ
၁၂၊၁၃၊၂၁၊၃၅။၃၆။၃၇ တွေကို သိပ်မရှင်းဘူး...၊နဲနဲရောချ
သလိုလို၊ဆင်ဝှေ့ရန်ရှောင်သလိုလို.....:P
အစ်မဖြစ်ချင်တဲဆန္ဒများ အမြန်ဆုံးဖြစ်ပါစေခင်ဗျား...။
အဟီး . . . မြန်မာနိုင်ငံသား အားလုံးထဲမှာ ကျနော်လည်း ပါတော့ မုန်းပလိုက်ပြီဗျာ။
ရေးပေးတာ ကျေးဇူးပဲ အစ်မရေ။
ထူးထူးခြားခြားမရှိပါ ဆိုတဲ့ကား ဘယ်တော့ရုံတင်မှာလဲ
မြန်မာပီ သားတစ်ယောက် လည်း မရွှေစင် မုန်းတဲ့ အရာကို မုန်းပါတယ်ခင်ဗျာ။
အပင်တွေကြားထဲက သစ်သားအိမ် လေး မှာ ချစ်ရတဲ့ သူတွေနဲ့ အတူတူ အမြန်ဆုံး နေနိုင်ပါစေဗျာ။
အနေချင်ဆုံး နေရာ -
အပင်တွေကြားထဲက သစ်သားအိမ် လေး မှာ ချစ်ရတဲ့ သူတွေနဲ့ အတူတူ..အမြန်ဆုံး ပြည့်ပါစေလို့ ဆန္ဒပြုရင်း...မမရေ..ကောင်းသောနေ့လေး ဖြစ်ပါစေ..။
ပြောချင်ရာကို လွတ်လွတ်လပ်လပ် ရေးသားပြာဆိုနိုင်တဲ့ ရွှေပြည်ကြီးရဲ့ စိမ်းလန်းတဲ့ အပင်တွေကြား သစ်သားအိမ်လေးထဲမှာ ချစ်ရတဲ့သူတွေနဲ့နေရတဲ့သူ ရွှေစင်ဦးလေး ဆန္ဒ အမြန်ပြည့်ပါစေ....လို့။
ခင်တဲ့
အနော်
တိရစ္ဆာန်တွေက ပြန်ကြောက်သွားတဲ့ ကိုယ့်ကိုကိုယ်တဲ့လား အစ်မရယ်။ လာဖတ်သွားတယ်ဗျ။ မြန်မာပြည်သားတွေ ပျော်တဲ့အချိန် မှာ အားလုံး ပျော်ကြရအောင်ဗျာ။
ဆရာမရေ တက်စာလေးကို အကြောတက်ခံရေးပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်.. ကျွန်တော်တိုခမျာမှာလည်း ဆရာမဘလော့ကို ဖတ်တော့သာ ဒီတိုင်းဖတ်လို့ရတာ.. ကွန်မန့်ပေးရင် ကျော်ပေးရတယ်.. အခုတော့ မရမကကို ကျော်ပြီး ပေးပြီဗျာ.. ဆရာမက အပင်တွေကြားထဲမှာ အိမ်လေးနဲ့နေချင်တယ်ဆိုလို့ အပင်တွေကြားထဲက ခုံတန်းရှည်လေးတွေအကြောင်းကို ကြော်ငြာပေးထားတယ်.. လာလည်ဖတ်ကြည့်ပြီး သွားဖြစ်အောင်သွားကြည့်လိုက်ပါဦး .. အဟဲ
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
နံပါတ်မှာ(၁)ကိုအကြိုက်ဆုံးပဲ..မကြီးရေ...
မမရွှေစင်.
မြန်မာပြည်သူအားလုံး ပျော်ရမယ့်အချိန် သဒ္ဓါတို့လည်း အေးချမ်းငြိမ်းချမ်း ပျော်ရွှင်မယ့် နေရာလေးတခုမှာ ဝါသနာပါတဲ့အရာလေးတွေကို ပုံဖေါ်နိုင်ဖို့ အတွေးလေးနဲ့ပဲ ရောင့်ရဲနေရတယ်။ ဘယ်တော့လဲမမ..
ချစ်တဲ့
ညီမသဒ္ဓါ
ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးေ၇းထားတဲ့ အစ်မရွှေစင်ရဲ့ စိတ်ဆန္ဒတွေကို သိလိုက်ရတယ်။
အေးချမ်းရာမှာ ချစ်သောသူတွေနဲ့ နေလို့တဲ့ ဆန္ဒလေးကို သဘောကျတယ်.
ညီမလည်း သစ်ပင်လေးတွေစိုက် စာအုပ်တွေဖတ်
အဲလိုနေချင်တယ်။
အစ်မရဲ့ ဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်
မကြီးရွှေစင်က ယျေဘူယျဆန်တဲ့ လူသားတစ်ယောက်ဆိုတာ ဘွင်းဘွင်းကြီးမြင်လိုက်ရတယ်...။
ကြိုက်တယ်...။
ခင်တဲ့
မိုးငွေ့
ကောမန့် တချို့ ပျောက်ဆုံး သွားပါသည် မန့်ထားသည်များ မတွေ့ လျှင် အထင်လွဲမှာ စိုး၍ ဖြစ်ပါသည်။
မမကြီးရေးထားတာ ဖတ်ပြီးပြုံးမိတယ်။ တစ်ချို့ဆန္ဒတွေက ညီမလေးနဲ့တော်တော်တူနေလို့....(ညီအစ်မတွေကိုးးးးးးးးး ဒီလောက်တော့ ရှိမှာပေါ့ ဟုတ်...း)))
မမရွှေစင်ရဲ့ဆန္ဒလေးတွေ ထာဝရပြည့်နေနိုင်ပါစေ။
ချစ်ညီမလေး
Post a Comment