တခါ တလေ ကြတော့ လည်း အတိတ် ကို ထားခဲ့ရတာ လွမ်းဆွတ် မိသား ... အချိန်တော်တော်ကြာကြာ မေ့ထားပေမဲ့ အစိုးမရတဲ့ စိတ်က အတိတ် ကိုပြန်ပြန် သွားတဲ့ အခါ... သတိရချင် စရာတွေ ကို သတိရမိသလို... မေ့ချင်စရာ တွေကို လည်း သတိရမိတယ်...။
ဟိုးအရင်.. ရွှေစင်ဦး တို့ သမီးရီးစား ဘဝက ချစ်ချစ်ကြီး အိမ်ကို အမြဲ ဝင်ထွက် နေပါတယ် ချစ်ချစ်ကြီး မိဘ များက အဆောင်ဖွင့် ထားပါတယ်.. ယောက်ကျားလေး ၂၀လောက် မိန်းခလေး ၂၀လောက်နဲ့ ပျော်စရာကြီးပါ.. ချစ်ချစ်ကြီး မေမေ က ထမင်းပါကျွေးပါတယ်....။
ထမင်းဟင်း ချက်ပြုတ်ပြီးရင် ဟင်းထဲ့တဲ့ ပုဂံလေးတွေ နဲ့ တယောက်စာ တယောက်စာ ကြောင်အိမ် အကြီးကြီးထဲ မှာ ထည့် ထားပါတယ်... ရွှေစင်ဦး အဲဒီဟင်းခွက်တွေ မြင်တော့ မှ သြ ဟင်းဆိုတာ အဲလို မျှမျှ တတ ခွဲဝေစားရတာပါလား ဆိုတာ သဘောက်ပေါက် ပါတယ်....။
ကျောင်းသူ ကျောင်းသား တွေက ချစ်ချစ်ကြီးကို ချစ်ကြသလို ရွှေစင်ဦး ကိုလည်း ချစ်ကြပါတယ်... အဲဒီ မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ် က မိတ်ဆွေ တွေ ရ သလို ဖြစ်ရပ်မျိုးစုံ ကိုလည်း တွေ့ရပါတယ်.. တခါက ရှမ်းပြည်ဘက်က ကျောင်းသူတယောက် ဖြစ်ရပ်ကတော့ တမျိုးဗျ...။
သူက အဆောင်မှာ ချမ်းချမ်းသာသာ နေရတဲ့ အသိုင်းအဝိုင်းထဲကလို့ ယူဆလို့ရအောင် သုံးနိုင်ဖြုန်းနိုင် ပါတယ်...၊ အသုံးအဆောင်ပစ္စည်း တွေကလည်း အဲဒီရှားပါး တဲ့ ခေတ်မှာကို အကောင်းစားတွေ သုံးပါတယ်... တနေ့တော့ အဆောင်ဧည့်ခန်းထဲမှာ အဲဒီ ကျောင်းသူ ကို တွေ့ချင်လို့ အမျိုးသား တယောက် လာတွေ့ပါတယ်.. ကြမ်းကြမ်း တမ်းတမ်း နဲ့ အဲဒီ ကျောင်းသူ ကို အရှက်ခွဲဘို့ တမင် ရောက် လာ ခဲ့ခြင်းဆိုတာ သိသာပါတယ်....။
ဒီကျောင်းသူက အဲဒီ ယောက်ကျား ကြီးကို တွေ့တော့ ပြာနေအောင် ကြောက်သွားပါတယ်.. အပြင်မှာ သွားစကားပြောဘို့ ခေါ်ပါတယ်.. မရဘူးဗျ.. လူတွေကြားထဲမှာကို အော်ကျယ် အော်ကျယ် နဲ့ ပြောပါတယ်... တကယ်တော့ ဒီကျောင်းသူလေး ရဲ့ ယောက်ကျား မကြ သမီးရီးစား မက တဲ့ သူ့မြို့က ချစ်သူပါ... ပညာမတတ် ပေမဲ့ စီးပွားရေး ကောင်းတော့ အဲဒီလူ ရဲ့ အထောက်အပံ့ ကို ယူပြီး ကျောင်းသူ လေးက ကျောင်းလာ တက်ပါတယ်... ကျောင်း မှာ နောက်ရီးစား တယောက် နဲ့ တွေ့နေ ပါတယ်.. အဲဒီမှာ ဟိုလူက ဒေါသ ဖြစ်ပြီး လိုက်လာတာပါ...။
ဒေါသ ဖြစ်တာမှ ဗျ ... တကယ့်ကိုဘဲ ကျောင်းသူ လေး ပစ္စည်း ထဲ့လာတဲ့ သေတ္တာ က စပြီး တခြား ကက်ဆက်... အင်္ကျိ လိုမျိုးထိ ချက်ခြင်း ပြန်ပေးခိုင်း တာပါ... အမယ်လေးဗျ.. လူကြား ထဲမှာ အားလုံး ပေးလိုက်ရတယ်.. အရှက်ကို ဗျန်းဗျန်းကွဲရော မကောင်းလိုက်တဲ့ ယောက်ကျား .....။
နောက် ကျောင်းသူ တယောက် ကတော့ မန္တလေး မြို့ နား တဝိုက်ကပါဘဲ... ယောက်ကျားလေး သူငယ်ချင်း ဆိုတာတွေ နဲ့ တတွဲတွဲ ပါ... ချစ်ချစ်ကြီး မေမေက အမြဲတန်း သတိပေးပေး နေရတဲ့ တယောက် ပါ... အဲဒီ တယောက် ကတော့ တခါထဲ ပူလာတာက... ဗိုက်..ပါ... နောက်တော့ ဘယ် သူငယ်ချင်း က မှလည်း တာဝန်မယူတော့ အရှက်တကွဲ နဲ့ ကျောင်းကထွက်ပြီး အဖေ မရှိတဲ့ ကလေး လေး မွေးရပါတယ် တဲ့ဗျာ... ။
ကျောင်းသား တွေ ကလည်း အစုံဗျ... အဲဒီမှာ တော်တော် ချောတဲ့ ကျောင်းသား တယောက် ပါဘူး သေးတယ်... အားအားရှိ မှန်ကြည့် သနပ်ခါးလိမ်း နေတာ... နောက်တော့ လုံးရာ ကနေ တခါထဲ ပြားသွား ပါလေရောဗျာ....။
ယောက်ကျား မိန်းမ ၂မျိုး လုံး ရောထားတယ်ဆိုပေမဲ့... အိမ်ကြီးက အကျယ်ကြီးပါ ... အဆောင် ၃ဆောင်ပါ... အလယ်အဆောင်မှာက မိသားစုနေပြီး ကျောင်းသူ ကျောင်းသား တွေကို ဘေးတဖက် တချက် မှာ သီးသန့် ခွဲထားပါတယ်.. ချစ်ချစ်ကြီး အမေ က အင်မတန် စည်းကမ်း ကောင်းပါတယ်... ။
သူ့ရဲ့ မှတ်လောက် ဖွယ်ရာ စည်းကမ်း တချက်ကတော့ ဒီအဆောင် မှာ နေရင် ရီးစား မထားရ... ရီးစား ရှိပြီးသား ဆိုလည်း အဆောင် မထားပါ... ဆိုတဲ့ ထူးဆန်းတဲ့ စည်းကမ်းချက်ပါဘဲ... တက္ကသိုလ် တက်နေတဲ့ သူတွေ ဘဲ ထားကြမှာပေါ့ဗျာ.. ဒါပေမဲ့ ဒီအဆောင်မှာ တော့ မရဘူးဗျ... မိဘ တွေကတော့ သဘောကျ ကြလို့ အလုအယက် ထားကြတာပေါ့... ကျောင်းသူ ကျောင်းသား တွေက တော့ ဘယ်ကြိုက် ပါ့မလည်း....ဒါပေမဲ့ ...ရောမ ရောက်ရင် ရောမ အတိုင်းပေါ့....။
အဲဒီ ကျောင်းသူ ကျောင်းသား တွေထဲမှာ လည်တဲ့ လူတွေ ပါသလို.. တော် တော် ရိုးတဲ့ သူတွေ လည်း ပါပါတယ်...အမျိုးမျိုးပေါ့....၊ ကျောင်းသူ/ကျောင်းသား အများစုက ကျနော့် ကို မမရွှေစင်.. ချစ်ချစ်ကြီး ကို ကိုကိုကြီး နဲ့ လေးလေး စားစား ခေါ်ကြပါတယ်....။
ရွှေစင်ဦး က အခုရေးတဲ့ စာတွေ ထဲမှာ သာ အသက်ကကြီး အချိန်က မစီးတော့ အရှက် နဲနဲ နဲ့ ချစ်ချစ်ကြီး ချစ်ချစ်ကြီး ခေါ်ပေမဲ့ အပြင်မှာတော့ အဝိဇ္ဇာ တရား များဖုန်းလွှမ်း နေ တဲ့ ရွှေစင်ဦး ဟာ အကြင်နာ စိတ်ကလေး တွေ များနေရင် မောင် တဲ့ အကြင်နာ စိတ်ကလေး များ နဲပါးနေရင်တော့ ကို............. တဲ့... ချစ်ချစ်ကြီး က တော့ လူ့ရှေ့သူရှေ့ ဆိုရင် တော့ ဒေါ်ချစ် တဲ့ လူ့ကွယ်ရာ ဆိုရင်တော့ ချစ် ရေ တဲ့... ဘယ်တော့ မှ နံမည် မခေါ်ဘူးပါ...။
အင်း အဲဒီ သမီးရီးစား ချစ်ကောင်း တဲ့ အချိန်တုန်းက လည်း အမြဲတမ်း ချစ် ရေ ချစ် ရေ နဲ့ တချစ် ထဲ ချစ် နေမှာ ကြားယောင် သာ ကြည့်ကြပါတော့.... ၊ အဲလာပါပြီ အဆောင်ကျောင်းသား ထဲက မအူမလည် တယောက် မွန်မွန်ရည်ရည် နဲ့ ရိုးရိုးသားသား ပါဘဲ... သူများတွေက ဘယ်လို ဘဲ မမရွှေစင် ခေါ်ခေါ် သူက မကြားတာလား ရိုး တာလား တော့ မသိဘူး.. ။
ကျနော် ကို အမြဲဘဲ မမချစ်... မမချစ် နဲ့ ခေါ်ပါတယ်... ကျနော် လည်း စကြားတုန်း ကတော့ ဒီလူ နောက်တာလား ပေါ့... နောက်တော့မှ သူက ရိုးရိုး ဘဲ ချစ်ချစ်ကြီးက ချစ် လို့ ခေါ်တော့ ကျနော် နံမည် မှာ ချစ် ပါတယ် ထင်ပြီး လေးလေး စားစား နဲ့ ခေါ် နေတာပါလား ဆိုတာ သဘောပေါက်သွားပါတယ်..။
သ စကား ပြောတာ ကလည်း မြန်တော့ ခေါ်ရင်းတန်းလမ်း မမချစ်.. မ..ချစ် ကနေ တခါ တလေ ကျနော့် နားထဲ ချစ် လို့ ကြားလို့ မောင် လို့တောင် ပြန်ထူးချင်သေး.... တရက်တော့ ဗျာ .. ချစ်ချစ်ကြီး ရှေ့မှာ မမချစ် ခြင်း ထပ်ပြီး စကားတွေ ပြောပါတယ်... ချစ်ချစ်ကြီး ကတော့ မျက်နှာကြီး နီနီ လာပါတယ်... နောက် ကျောင်းသား လည်း ထွက်သွား ရော ဟေ့ မင်းကို မမချစ် တဲ့လား တဲ့.. အင်း ဟုတ်တယ် လေ အမြဲတမ်း သူက အဲလို ဘဲ ခေါ်တာ ... ဆိုတော့ ရှင်း မပြဘူးလား တဲ့ ... မရှင်းပါဘူး လို့ သူ ရှက်သွားမှာ စိုးလို့ပါ လို့....။
ခေါ်စမ်း ပါစေ မမချစ်.. မမချစ် တဲ့ ဟားဟားးးးးးး ဆိုပြီး ကျနော် က စတော့ အမယ် လက်သီး နဲ့ ထိုးချ လိုက်တာဗျာ... ဒုန်း ကနဲ နေတာဘဲ..... ချက်ခြင်းကို ဖူးရောင်လာတာဘဲ ... ချစ်ချစ်ကြီးရဲ့ လက်သီးပါ .. နံရံကြီး ကတော့ တုတ်တုတ်မျှမလှုပ်...။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
27 comments:
အကို့ကို ပြောလိုက်ပါ၊ နံရံကို လက်သီးနဲ့
မထိုးပါနဲ့၊ စိတ်မရှည်ရင် ခပ်ချောချောလေးတွေ လျှော်ပေးတဲ့ ခေါင်းလျှော်ရည်ဆိုင်သွားပြီး
ခေါင်းလျှော်လိုက်ပါလို့ ...း)
အင်း ...
ချစ် တွေ ကို ထပ် နေတော့  တာပဲ နော် ..။
ငယ်ဘဝ တွေ လို့  ပဲ ပြောလို့ ရ တာပေါ့  ၊
ဟိုတုံးက ဆိုတော့  အခု ထက်ပိုပြီး
လတ်ဆတ် လန်းဆန်း နေတော့ မှာပါ ။
ဆက်လုပ်ပါအုံး ...၊ အုန်း ကြူး လေးတွေ ..၊
စောင့်  နေမယ် ဗျိုး ....
ခင်တဲ့ 
ဟီးးး ရယ်ရတယ် ...
မမရွှေစင်ချစ် ...
ချစ်ချစ်ကြီးက လက်သီးနဲ့ ထိုးလိုက်တယ်ဆိုတော့ မမချစ်ကိုများလားလို့ နံရံကိုတဲ့ ... ဟိဟိ တနားပါဒယ် .. လက်သီးကြီး။ :P
မမချစ်.. အမိုက်အမဲလေးကို ခင်တွယ်ခဲ့တဲ့ မောင့်ရဲ့ မမချစ်....
.
.
အဲဒီတုံးက ခင်ဝမ်းသီချင်းပေါ်နေပြီလား..မမချစ်..အဲ မရွှေစင်.....
လန်းတယ်ကွာ...မမချစ်တို့ မျက်နှာပွင့်ပုံများ....ငွားငွား...ချစ်ချစ်ကြီး လက်သီးလေး သနားစရာ...ဟ ဟ :P
မမရွှေစင်ရဲ့ ငယ်ငယ်ကအကြောင်းလေးက ပျော်စရာလေးဗျာ.....အားကျတယ်...။
ညီမလေး
မိုးငွေ့
အဆောင်က လူတွေကလည်း အမျိုးမျိုးပဲနော် ..
အဟုတ်ပ အစ်မရယ်
လက်သီးနဲ့ ထိုးချလိုက်တယ်ဆိုလို့ ဟာ အစ်မရွှေစင်တော့ ထိပြီလို့ ထင်လိုက်မိတာ တကယ်ထိသွားတာကို အုတ်နံရံကြီးဖြစ်နေတယ်..
အချစ်ကြီးလိုက်ပုံများ အားကျရလောက်ပါတယ်..
အစ်မတို့များနော် သူများတကာ အားကျအောင်လုပ်နေတယ်.. ညီမလဲ အဆောင်မှာ ကိုးတန်းလောက်ကနေ စနေဖူးတော့ စရိုက်မျိုးစုံကို တွေ့ခဲ့ဖူးတယ်.. အဆောင်နေရတာ ပျော်စရာကောင်းသလို၊ စိတ်ရှုပ်စရာလဲကောင်းတယ်.. ညီမတော့ အဆောင်မှာနေရင် အခန်းတံခါးပိတ်ပြီး စာဖတ်နေတာများတယ်.. ဒီတော့ အပေါင်းအသင်းတော့ နည်းခဲ့တာအမှန်ပါ။
အင်း မရွှေစင်ဦး က လဲလေ သူ့ ခမြာသနားပါတယ်။
ဘာတဲ့ ရည်းစားလူလု အူနု ကျွဲခတ် တဲ့ အဲသလိုခံစား
ရလို့ နေမှာ။
အင်း လက်သီးဖူးရောင်သွားတော့လဲ မရွှေစင်ဦး ပဲ ပြုစုရတယ်မဟုတ်လားဗျ
ငှဲငှဲငှဲ
တစ်ယောက်နဲ့ တစ်ယောက် အချစ်ပြှိုင်ပြီး ချစ် နေကြတာပေါ့လေ။ လက်သီးကြီး သနားစရာဗျာ။ ကျနော်သာဆို ဘယ်တော့မှ အုတ်နံရံကို မထိုးဘူးဗျာ။
ခေါင်းအုံးကိုပဲ ထိုးမှာပေါ့လို့....
သူများလက်လေးတွေက နုနုလေးကို ခစ်ခစ်...
ဒါ့ကြောင့် လဲ ချစ်ချစ်ကြီးတို့ နာမည်ကြီးတာပဲ..
အမြဲတန်း..ခပ်မြူးမြူးလေး ရေးတတ်တဲ့ ရွှေစင်ရဲ့ပင်ကိုယ်ရေးလေးတွေကတော့ ကိုကြီးကျောက်နှမပီသပါပေ့ဗျာ.....
သြော် ..အစ်မရေ ..
ကျောင်းသားဘဝ အဆောင်တက်ခဲ့တာ
ဘယ်အချိန်ပြန်တွေးတွေး လွမ်းစရာတွေ၊ပျော်စရာတွေ
အစုံပဲနော် ...
ခင်မင်လေးစားလျှက်
အုပ်ကြီး
လက်သီးနဲ့ထိုးလိုက်တယ်ဆိုတော့
အမကိုများလားလို့...
တော်သေးတာပေါ့..
နံရံကိုထိုးလိုက်တာမို့လို့..
အဆောင်ကတော့အဲလိုပါဘဲ
ပျော်စရာတွေရှိသလို
စိတ်ညစ်စရာတွေလည်းရှိတတ်တာဘဲနော်..
ပျင်းလို့ ကွန်မန့်တွေ ပြန်လာဖတ်တာ ...
မမချစ်ကလဲ ချစ်ချစ်ကြီးကို ပြန်ထိုးလိုက်လေ ... (((မျက်စောင်း)))
နံရံကြီး ကတော့ တုတ်တုတ်မျှမလှုပ်...။တဲ့...
ဟီး..
အမကိုများလုပ်လိုက်တာလားလို့...
နံရံကြီးကို... အမကိုကျတော့ မမချစ်ခေါ်ပီး အမချစ်ချစ်ကိုကျတော့ ကိုကိုချစ်လို့ ဘဇာကြောင့်မခေါ်ရပါသလဲ...
အမချစ်ချစ်ကြီး စိတ်ဆိုးမယ်ဆိုလဲဆိုးစရာ..
မမချစ်နဲ့ ကိုကိုချစ်
ဇာတ်လမ်းလေးတွေ ထပ်ထပ်မျှပါဦးဗျို့။
မြတ်နိုး
ဒေါ်ချစ်နဲ့ ဒေါ်ချစ်ရဲ့ မောင် ဆိုတော့ အခုချိန်ထိ မောင်နှမထင်နေကြတုန်း အမောင်ကျောင်းသား က ယောက်ဖကြီးဆိုပြီး အခေါ်မခံရတာ တော်တော်ကံကောင်းလှတယ်မှတ်ပါ
ရုပ်တွေက ဆင်လိုက်ကြတာ တူလိုက်ကြတာ လွန်ရော
ညီမငှေး
မမချစ် နဲ့ ချစ်ချစ်ကြီးတို့ ဇတ်လမ်းက ချစ်စရာကောင်းလိုက်တာ။ ထင်တာက မမချစ်ကို ချစ်ချစ်ကြီးက လက်သီးနဲ့ထိုးတယ်ထင်တာ။ ချစ်ချစ်ကြီးက မချစ်ကို လက်သီးနဲ့ ထိုးတာမဟုတ်ပဲ ။ ချစ်ချစ်ကြီးက နံရံကို ထိုးတာဆိုတော့ ချစ်ချစ်ကြီးလက်အတော်နာ။ မမချစ်က ကြည့်ပြီး ချစ်စရာ ချစ်ချစ်ကြီးကို သနားချစ်။ နံရံကြီးက ချစ်ချစ်ကြီးကို သနား ။ ကျွန်တော်လည်း မမချစ်ရဲ့ ချစ်ချစ်ကြီးကို သနားမိ။ တော်သေးတယ် မမချစ်ကို လက်သီးစာကျွေးတယ်မှတ်လို့ မမချစ်ကို သနား မိ သေး။ မမချစ်ရဲ့ ချစ်ချစ်ကြီး အကြောင်းဖတ်သွားတယ်။ ချစ်ချစ်ချစ် ဂွစ်
ငြိမ်းချမ်းပါစေ
မိုးယံ
ဟီး ဟီး စိတ်ရောလူရော ပေါ့ပါးလန်းဆန်းသွားတယ်..မမရွှေစင်နဲ့ မမရွှေစင်ချစ်ချစ်ကြီးကို မြင်ယောင်ကြည့်ပြီး ရီလိုက်ရတာ... မမရွှေစင်ချစ်ချစ်ကြီးက မမရွှေစင်ကို တော်တော်လေး ချစ်တာပဲနော်... သူ့လက်သီးကို အနာခံသွားတယ်... တနားပါတယ်နော်... အုံဖွက် e တုန်း မတ်မတ်ထ လို့ လုပ်မပေးလိုက်ဘူးလား.... :)
မမရွှေစင်ရေ စာတွေတော့ အကုန်မဖတ်နိုင်တော့ပေမယ့် တချို့တွေ လာဖတ်ဖြစ်တယ်သိလား... အခု ခေမာသောင်ကမ်းနဲ့ ငထွန်းကားတို့ ညီအစ်ကို ဖတ်နေတာ...၂ ခုလုံးကြိုက်လို့လေ.. မမန့်သွားဖြစ်တာတော့ ခွင့်လွှတ်ပါနော်.. တွေ့ပုချိနော်.. ဝီရိယကောင်းကောင်းနဲ့ စာကောင်းကောင်းလေးတွေကို သူများတွေဖတ်လို့ရအောင် တင်ပေးနေတဲ့ မမရွှေစင်ရဲ့ စေတနာနဲ့ ဝီရိယကို ကျေးဇူးလဲတင် အားလဲကျမိပါတယ်...
ယောကျာ်းလေးတွေက ချစ်ရင် အဲဒီလို လက်သီးတွေလည်း နာရတာပါပဲး)
ယောကျာ်းလေးတွေက ချစ်ရင် အဲဒီလို လက်သီးတွေလည်း နာရတာပါပဲး)
အော်....ချစ်နိုင်လိုက်ကြတာနော်။ တစ်ချစ်တည်းကို ချစ်နေကြတော့တာပဲ။ လက်သီးလေးတော့ သနားပါတယ်။ :))
"လက်သီး နဲ့ ထိုးချ လိုက်တာဗျာ... ဒုန်း ကနဲ နေတာဘဲ..... ချက်ခြင်းကို ဖူးရောင်လာတာဘဲ"
Ohh, I thought it was you.
"... ချစ်ချစ်ကြီးရဲ့ လက်သီးပါ .. နံရံကြီး ကတော့ တုတ်တုတ်မျှမလှုပ်."
Ha ha ha. Lovely Chit Chit Kyi.
I love your articles.
Ray
အင်း ဆရာမရေ အဆောင်ကျောင်းသားကျောင်းသူတွေကတော့ ဒီလိုပါပဲ၊ ဒါ့ထက်ဆိုးတာတွေလည်းရှိသေးတယ်။ ဟိဟိ။.. ဒါထက် ကိုးကတော့ ဆရာမတော့ ဘုကြီးထွက်လာပြီ မှတ်နေတာ မြန်မာစာအသုံးလေးနဲ့ လူကိုပညာပြသွားတယ်။ အင်းချစ်ချစ်ကြီးလက်သီးတော့ တနားချရာ။ ဒါကြောင့်ထင်တယ် ချစ်ချစ်ကြီးလက်မှာ အနာရွတ်လေးတွေ့ပါတယ်လို့.. ဟိဟိ.. အင်း ဆရာမကလည်း ချစ်ချစ်ကြီးတဲ့ ချစ်ချစ်ကြီးကလည်း ချစ်တဲ့(အင် ပါးစပ်တောင်ခလုတ်တိုက်ကုန်ပြီ) သူတို့များတော့ ချစ်တတ်လိုက်ကြတာ ကျွန်တော်တို့များကျတော့.........
ခင်မင်လျှက်
ိကိုကိုးအိမ်
မရွှေစင်ရေးထားတာ ဖတ်လို့ကောင်းတယ်၊ ချစ်ချစ်ကြီးက သ၀န်တိုတတ်လိုက်တာ၊
ချစ်လိုက်ကြတာ နှစ်ယောက်လုံး၊
ပျော်စရာ၊ ကြည်နူးစရာကောင်းတယ်
အားပါး.. နံရံကြီး သနားပါတယ်။ ချစ်ချစ်ကြီးနားက နံရံဖြစ်ရတာလည်း မလွယ်း)))
ဖတ်ရတာ ပျော်မြူးစရာ ကောင်းလိုက်တာ ကော်ဖီတောင် သီးတယ်။ အစ်မရဲ့ ဒီလိုစာတွေ လွမ်းနေတာနော်း)))
ချစ်ချစ်ကြီးနဲ့ မမချစ် အမြဲ ပျော်ရွှင်ချမ်းမြေ့ပါစေ... ခင်ဗျား................။
လသာည
နောက်ရော အဲဒီတစ်ယောက်က မမချစ်လို့ခေါ်တုန်းပဲလား၊ ချစ်ချစ်ကြီး ဘာဆက်လုပ်သလဲ၊ ခေါ်တိုင်းထိုးနေသလား။စိတ်ဝင်စားစရာ၊
အစ်မရေ။
အစ်မရဲ့ ကိုယ်ပိုင်ရေးကို မြေပုံကိုင်ပြီးလိုက်ရှာတာ။ တွေ့ရင်အရမ်းပျော်တာ။
ဒီပို့စ်လည်းရီရတယ်။
အားလည်းကျတယ်။
အစ်မရဲ့ ချစ်ချစ်ကြီးကို အစ်မရဲ့ ဘလောဂ်ပရိတ်သတ်က အစ်ကိုချစ်ချစ်ကြီးလို့ခေါ်တာ အစ်မစိတ်ဆိုးလား။
အဟဲ။
အစ်မ ခင်လို့နောက်တာနော်။
ကျွန်မရဲ့ ကော်မန့်လေး ဖျက်မပစ်နဲ့နော်။
ခင်မင်လေးစားလျှက်
Post a Comment