မိုးတွင်းတဲ့ဗျာ .. ပူလိုက်တာ.. ပူစပ်ပူလောင် နဲ့ အနေရခက်လိုက်တာ.. ချွေးတွေထွက်ပြီး လှောင်အိုက်နေတဲ့ ပူပုံ ပူနည်းကြီး က ဆိုးလိုက်တာ... အဲဒီလောက် ပူလွန်းအားကြီးတော့လည်း ရွှေစင်ဦး တို့ ငယ်ငယ်က မန္တလေး မိုးတွင်း ကို သတိရမိတယ်.. မန္တလေး မှာ ပူတယ်.. မိုးတွင်း ဆို မိုးသိပ်မရွာဘူး ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ မိုးတွင်း မှာ ဒီလောက် မပူသလို မိုးလည်း ရွာသင့် သလောက် (မိုးတွင်း နဲ့ တူအောင်တော့) ရွာပါသေး တယ်ဗျာ...။
အခုလို မိုးတွင်း လို့ ပြောလို့ မရအောင် ကို မိုးလည်း မရွာ ပူလည်း ပူလွန်းတော့ ကျနော် တို့ ငယ်ငယ်က မန္တလေး မိုးတွင်းလေး ကို ပြန်လွမ်းမိတယ်....။
ကျနော် တို့ ငယ်ငယ်က မိုးတွင်း ဆိုရင် ဈေးကပြန်လာ တဲ့ မေမေ့ ဈေးခြင်းထဲက မိုးစာလေး တွေ ကို အရင်ဆုံး တွေ့ရတော့ တာပါဘဲ .. လယ်ပုဇွန်လုံး ခပ်သေးသေး လေးတွေ ဖားလေး တွေ ဇရစ် စီး နုနု လေး လယ်ကန်စွန်း လတ်လတ် လေး မျှစ်စိမ်း လေး တွေပါ .. ဒါလေး တွေပါလာရင် .. မန္တလေး မြို့ပေါ်မှာ မိုးမရွာတောင် အနီး တဝိုက် မှာ မိုးရွာ နေတယ်ပေါ့...။
နောက်တခါ မန္တလေး မြို့ပေါ်မှာ မိုးရွာတယ်... စွေပြီး ရွာတာများပါတယ်... တခါရွာလိုက်ရင် ဆက်တိုက် ၃-၄-၅ ရက် မငြီးငွေ့တမ်း ရွာတော့တာပါဘဲ... အဲလို နှစ်ရက်လောက်များ ဆက်ရွာလိုက်ပြီ ဆိုရင် မန္တလေး သူ မန္တလေးသား တွေ ပါးစပ်က ထွက်လာပါပြီ ... မိုး စရွာတာ စနေ နေ့ ညနေကြီး က မဟုတ်လား ဟဲ့ .. ဒါကြောင့် စွေတော့ တာပေါ့.. ရွာအုန်း မှာ နောက်တပတ် စနေထိ ဆိုပြီး ပြောကြတော့တာ ပါဘဲ... တကယ် လည်း များသော အားဖြင့် စနေ ရွာတဲ့ မိုးနဲ့ စွေတဲ့ မိုးဟာ တိုက်ဆိုင် တတ်ပါပေတယ်...။
မိုးတွေစွေ ပြီး များ ရွာရင် အခုခေတ် ရွာတဲ့ မိုး လို မိုးကရွာ ချွေးကထွက် ဆိုတဲ့ မိုးမျိုးမဟုတ်ပါဘူး.... တရက် ထက် တရက် စိမ့် နေအောင် အေးလာတဲ့ မိုးပါ...။
ငယ်ငယ် က များ မိုးရွာရင် သိပ်ကို ပျော်တာဘဲ... အရင်ဆုံး ကျောင်းမတက်ရတော့ဘူး.. ရွှေမန္တလေး အကျင့် က မိုးရွာရင် ကျောင်းမသွားဘူး အလုပ်မသွားဘူး.. အများစုနော် အခုခေတ်ထိဘဲ... ရန်ကုန် က အလုပ်ကိစ္စ နဲ့ လာတဲ့ အမျိုးတွေ များဆို သိပ်ပြော ကြတာဘဲ .. မိုးရွာလို့ အလုပ်မသွား ကျောင်း မသွားရင် ဘယ်လို ပိုက်ဆံရ မလည်း ဘယ်လို စာတတ် မလည်း ပေါ့.. ကျနော် လည်း ပြန်ဖြေလိုက်တာဘဲ... ဒီလိုဘဲ ရ ဒီလိုဘဲ တတ်သွားတာဘဲ လို့ မန္တလေး မှာ မိုးရွာ လို့ အလုပ်မလုပ် တဲ့ လူ ကို စိတ်ဆိုး နေလို့ ကတော့ စိတ်ဆိုး တဲ့ လူ သာ ဒုက္ခရောက်မှာဘဲ... မန္တလေး သားတွေ ကတော့ အခုထိ နေမြဲ ဘဲလို့...။
ဟုတ်တယ်လေ ဗျာ... မိုးတွင်း တတွင်း လုံး မှ ၄-၅ ကြိမ် အလွန်ဆုံး ၁ဝ ကြိမ် လောက် ဘဲ သွားမဖြစ် လာမဖြစ် အောင် ရွာတာကိုးဗျ.. အခုဆို ပိုဆိုးပါတယ်... မရွာသလောက် ပါဘဲ..။
အင်း ငယ်ငယ် က မိုးတွင်း အကြောင်းရေး မလို့ ဟိုရောက်ဒီရောက် ဖြစ်သွားပြန်ပြီ... အဲလို မိုးတွေ ဆက်ရွာပြီ ဆိုရင် ကျနော်တို့ ကလေး တွေ က အရမ်းပျော်တယ်... ကျနော် ဆိုရင် ကျောင်းမသွားဘဲနဲ့ စောင်ပုံ ထဲမှာ စာအုပ် တအုပ်နဲ့ မိုးသံ လေး နားထောင်လို့ အကျအန ကွေးတော့ တာဘဲ .. မျက်စေ့ ညောင်း ရင် အိပ်ပျော်သွားလိုက် ... နိုးလို့ ဗိုက်ဆာ ရင် ထ စားလိုက်ပေါ့...။
အဲလို မိုးတွေ စွေ တဲ့ အခါ ဗိုက်ကလည်း ဆာတယ်ဗျ... မိုးနဲ့ အပြိုင်စားကောင်းသလား လည်း မမေးနဲ့ ဘာလေး ဘဲ ချက်ချက် ပါ .... ဟင်းကောင်း ချက်ရအောင် အဲလို မိုးရွာ ကြီး ထဲ မှာ ဘယ်သူ မှလည်း အရေး လုပ်ပြီး ဈေးမသွားကြ ပါဘူးဗျာ... အိမ်မှာ ရှိတာ.. ရပ်ကွက်ထဲ ရှိတဲ့ အိမ်ဆိုင် က ဟာလေးနဲ့ ဖြစ်သလိုလေး ချက်လိုက် စားလိုက်ကြတာ ပါဘဲ.. ဖြစ်သလိုလေး ပေမဲ့ မိုးအေးတော့ ဆာဆာ နဲ့ အခါတိုင်းထက်တော့ စားကောင်းတာ အမှန်ပါဘဲ...။
ကျနော့် မေမေ ဆိုရင် မိုးတွေ များ ရွာရင် အိမ်မှာ ရှိ တဲ့ ဟင်းသီး ဟင်းရွက် အကြွင်း အကြံ တွေ ကို ငါးခြောက်ရိုးလေး.....အာလူး လေး နဲ့ ပဲကုလားဟင်း မချိုမချဉ် လေး ကို မဆလာ မွှေးမွှေး လေး နဲ့ ချက်တယ် .. ဘဲဥကို ကြက်သွန် ခရမ်းချဉ်သီး တွေနဲ့ကြော်တယ်... ဘာလချောင်ကြော် ချိုချဉ်စပ် လေး လည်း ပါလိုက် သေးတယ်... ဗိုက်ဆာဆာ နဲ့ စားကောင်းသလား မမေးပါနဲ့ .. ပဲဟင်း ပူပူလေး မှုတ်သောက်... ဘာလချောင် ကြော် လေး မြုတ်မြုတ်စား ကောင်းလိုက်တာ......။
စားသောက်ပြီး... ဗိုက်လေး လေး နဲ့ စောင်ခြုံ ထဲ တခါ ပြန်ကွေး စာအုပ်လေး ၂မျက် နှာ လောက်ဖတ် ပြီး ဘုတ်ခနဲ့ ပြုတ်ကြ လို့ တရေးရသွားပြန်ရော... အင်း .. ငယ်ငယ်တုန်း က မန္တလေး သား (အညာသား) တွေ ရဲ့ စည်းစိမ်တွေ ပေါ့ ..... အခုတော့ အညာ မှာ မိုးတွင်း စည်းစိမ် ဆိုတာ ဂျိုနဲ့လား လို့ မေးရမတော့ လောက်အောင် ကို ပူလိုက် တာ ဗျာ.... ။
အင်း.... ရာသီပျက် လူပျက် တွေ နဲ့ ဘယ်တော့လောက် ထိ ဘယ်လိုများ နေရပါ့ မလည်း လို့ တွေးမိ လို့ ရေးမိ တာ ပါ....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး (Google မှ ပုံယူပါ၏)
.
17 comments:
ဗိုက္ဆာလိုက္တာ မေရႊစင္ရာ။ ဦးရီးတော်မလာသေးလို့ စောင့်နေတာ ခုထိ ထမင်းမစားရသေးဘူး။ လယ်ပုဇွန်လုံးဆိုတာ မစားဖူးဘူး။ ဂဏန်းပိစိလေးတွေကို ပြောတာလား။ ဖားတော့ ကြောက်တယ် မစားရဲဘူး။
ဘာလချောင် ချိုချဉ်စပ်ကြော်နည်းလေးလဲ ရေးပါအုံး။ စမ်းပြီး ကြော်စားချင်လို့ပါ။ အမေတော့ ပြောပြောပြတယ်။ မေ့သွားလို့။
မိုးတွင်းဘက် အိပ်ရာထဲ စာအုပ်တအုပ်နဲ့ ကွေးရတဲ့ အရသာလဲ အလွမ်းသား။ ခု ဒီမှာတော့ နွေမိုးဆောင်း ဘာစည်းစိမ်မှ မရှိပါဘူး။ စည်းစိမ်ဆိုတာ ဂျိုနဲ့လားလို့ ကျမလဲ ခဏခဏ စဉ်းစားမိတယ်။ (မစည်းစိမ်မှာတော့ ဂျိုမပေါက်လောက်ပါဘူးနော်။) :P
အင်း ခေတ်ပျက်ကြီးမှာ ရာသီတွေလဲ ပျက်၊ လူတွေလဲပျက်နဲ့ ပျက်အစဉ် ပြင်မရတော့ပါဘူး အမရယ်။
အင်း .. ဟုတ်မယ် ၊
အခု မိုးတွင်းက ဟိုတုံးကနဲ့  မတူ တော့  ဘူး၊
အိုဗျာ.....
ဘာ ဆို ဘာမှ မတူ တော့ တာပါ၊
ငယ်ဘဝ လေး တွေ ရော ပြန် ရ ပါရဲ့ လား..
အင်း အသစ်တွေ ဘယ်လို ပြောင်းပြောင်း
ကောင်းကောင်း ပေါ့ လေ..။
အင်းးး.. ဟုတ်တယ် မရွှေစင်ရေ..
မန္တလေးဆိုတာကလဲ စာဆိုလေးနဲ့ကိုးဗျ။ ဘာတဲ့။ နေပူ လမ်းဝေး မန္တလေးတဲ့။ ဆိုရိုးလေးနဲ့ လိုက်ဖတ်အောင်တော့ သူလဲ ပူရရှာမှာဘဲ။ တော်ကြာ ရှေးထုံးပယ်သလိုဖြစ်နေရင် မိုးလဲပြေးပေါက်မလွတ်လောက်ဘူး။ ၀ိုင်းဆဲကြမှာလေ။းဝ)။
တစ်နှစ်မှာ အလွန်ဆုံးလေးငါးကြိမ်လောက်သာ သဲသဲမဲမဲရွာတတ်တဲ့ မိုးကို ဂုဏ်ပြုတဲ့အနေနဲ့ ၀မ်းသာအားရ ကျောင်းပိတ် ရုံးပိတ် အလုပ်ပင့်သင့်ပါတယ်။
အိပ်ယာထဲခွေခွေလေး ကွေးပြီး စာဖတ်နေတဲ့ မရွှေစင်ငယ်ဘ၀လေးကို မျက်စိထဲ မြင်ယောင်မိပါရဲ့ဗျာ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မိုးအေးအေးမှာ အိပ်ရာထဲလှဲပြီး အစ်မရွှေစင် ဘလော့လေးဖတ်ပြီး ဇိမ်လေးနဲ့နှပ်နေရရင် အခုတော်တော်နေပျော်နေပြီ
အညာမှာ မိုးရွာရင်တောင် မအေးတော့ဘူးလား။
ငယ်ငယ်တုန်းက အညာကို သတိရတယ်။
မိုးရွာရင် တမြို့လုံး ကျောင်းမသွား၊ ဈေးမသွား၊ တော်ရုံ အပြင်မထွက်... အိမ်မှာ ရှိတာနဲ့စားပြီး နေကြတာ အညာကျင့်ပဲ ထင်ပါရဲ့။
အညာမိုးက အောက်အရပ်မိုးနဲ့လည်း မတူဘူး။ တခါရွာရင် တခါဆိုသလောက် စိမ့်အေးနေတာပဲ။ ပြောရင်းနဲ့ မိုးဓါတ်လေးတောင် ရလာပြီ။
မန္တလေးမှာ မိုးရွာရင် ကျောင်းမတက်တဲ့သူတွေထဲမှာ ညီမလဲ ထိပ်ဆုံးကပါတယ်..
ပြီးတော့ စာမေးပွဲ ဘယ်လောက်နီးနီး မိုးများရွာလို့ကတော့ ခေါင်းမြီးခြုံပြီး အိပ်ပစ်တာ
မန္တလေးမှာ မိုးရွာရင်သိပ်ပျော်တာ.. ဘာလို့မှန်းမသိဘူး..
အမကြီးရေ
ပူလွန်းလို့ အငွေ့ပျံသွားမလားတောင် အောက်မေ့ရတယ် မိုးမင်းထံ ဖုန်းခေါ်တော့လည်း သူဌေးမင်း ခေါ်သော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါတဲ့ဗျာ (စာထဲမှာတော့ သူဌေးမင်း စည်းစိမ်ရှင်)
စည်းစိမ်ဆိုတာ ဂျိုနဲ့လားလို့မေးတဲ့ ကြီးမေရေ စည်းစိမ်ဂျိုပေါက်နေပြီသာမှတ်ပေတော့ဗျာ နွားတွေကမှ သူတို့ဘာသူတို့ အားရင် စားမြုံပြန်နိုင်သေးဗျ အခုတော့ဗျာ စားမြုံပြန်ချိန်လေးတောင် မရှိအောင် ရုန်းနေကြရလို့ နွားကြီးတွေကတောင် ကြည့်ကြည့်ပြီးသနားလို့တဲ့ဗျာ
ချစ်ညီမ
အညာမှာနေပြီး မိုးရွာရင် ကျောင်းပြေးတဲ့ အကျင့်က ရန်ကုန်ရောက်မှ ပျောက်တော့တာပဲ။ ထီးတစ်လက်နဲ့ နေပူပူ မိုးရွာရွာ မဖြစ်မနေ သွားရတော့တာ။
တွင်း
မိုးတွင်းကလည်း နွေတွင်းထဲ ရောက်နေသလိုဘဲ
ရာသီပျက်ရင် အနေရခက်တယ်
လူတွေပျက်ရင်တော့ အနေကျပ်တာပေါ့
တွင်းတကာတွင်းထဲမှာ ဆင်းရဲတွင်းကအနက်ဆုံး
ဒီလိုတွင်းထဲတော့ ဘယ်သူဆင်းချင်မှာတုန်း
မဆင်းချင်တဲ့တွင်းထဲ အခုရောက်နေတာဘယ်သူတုန်း
စည်းစိမ်ရှင်ကြီးများပါဗျာ
ဥစ္စာဓနပေါကြွယ်ဝ
ရုပ်ပကာသနတွေကြောင့်
စိတ်ဆင်းရဲ လူဆင်းရဲ
ညည အိပ်မပျော် အတွေးပေါ်အတွေးဆင့်
ဆင်းရဲခြင်းများစွာဖြင့်
ဘာဘာညာညာမရှိတဲ့စည်းစိမ်တို့ဖြင့်
တနေကုန်တနေကမ်း ရုန်းကြရလို့
ဟစ်ဟော့သီချင်းဘယ်လိုပင် ဆူဆူညံဖွင့်စေအုံး
ခေါင်းပေါ်ခေါင်းချ ခူး..ခူး..ခလော..ခလောနဲ့ပါဗျ။
ဂျိုနဲ့လားလို့မေးပါနဲ့ဗျာ အခုခေတ်မှာ ခေါင်းပြားအောင် အိပ်နိုင်တာကိုက စည်းစိမ်တမျိုးဆိုပြီး ဂုဏ်ယူလိုက်စမ်းပါ....အဟက်
စည်းစိမ်
မရွှေစင်ရေ
အညာစာဟင်းလေးများချက်ထားမလားလာကြည့်တာ။
အညာမိုးကိုလွမ်းသွားတယ်။သွပ်မိုးပေါ်မိုးရေစက်တွေ
ကျတဲ့အသံနဲ့စောင်ခြုံထဲမှာကွေးပြီးစာအုပ်ဖတ်လိုက်၊
ဗိုက်ဆာရင်ထစားလိုက်သိပ်ဟုတ်ခဲ့တာပေါ့။မိုးအေးအေး
မှာစားခဲ့ဖူးတဲ့ ပင်စိမ်းရွက်ခတ်ထားတဲ့ဟင်းရွက်စုံဟင်းချို
နဲ့ခရမ်းချဉ်သီးထောင်းစပ်စပ်လေးကိုသတိရတယ်။
ငွေစန္ဒာ
ဟုတ်ပ လူတွေပျက်မှတော့ ရာသီလဲပျက်ပြီပေါ့ဗျာ...။
သူလည်း ဘယ်ခံနိုင်ပါတော့မလဲ...။မန်းလေးမှာ မိုးရွာရင်
ကျောင်းမတတ်ရဘူးတဲ့လား...။ဟန်ကျသဗျာ...။အဖေတို့
အမေတို့နှယ် ဘယ့်နှာကြောင့် မန်းလေးမှာ မနေခဲ့ပါလိမ့်ဗျာ။
မမရွှေစင်ရေ....မိုးအေးအေးလေးမှာ စာအုပ်လေးတစ်အုပ်နဲ့ စောင်လေးခြုံကွေးရတဲ့ အရသာကတော့ ဘာနဲ့မှ မလဲနိုင်ဘူးနော်။ ညီမလေးလည်း မိုးရွာရင်ကျောင်းသွားရမှာ ပျင်းတယ်။ ဖေဖေနဲ့မေမေကလည်း မိုးအရမ်းရွာနေရင် မလွှတ်ဘူး။ မမရွှေစင်ရေးပြထားတဲ့ မိုးတွင်းဟင်းလေးတွေက သွားရည်ယိုချင်စရာ....။း))
ချစ်ညီမလေး
အာလူးနဲ့ ငါးခြောက်ကို အရမ်းကြိုက်. . .ရှလွှတ်...
် မိုးမင်းထံ ဖုန်းခေါ်တော့လည်း သူဌေးမင်း ခေါ်သော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါ
yes, I m not free. so,.. u cannot call to me.
Moe Min Gyi
Myatnoe
မိုးရွာရင် တမြို့လုံး ကျောင်းမသွား၊ ဈေးမသွား၊ တော်ရုံ အပြင်မထွက်... အိမ်မှာ ရှိတာနဲ့စားပြီး နေကြတာ အညာကျင့်ပဲ ထင်ပါရဲ့။
first time to hear,ama.
OMG!
But it was funny when you were young.
Myatnoe
Hei အမကြီး..
ပူတာများ အဲလောက် အရှည်ကြီး မရေးပဲ.. ကဲ အဲကွန်းလေး တွေ ဝယ်တိုက်လိုက် လို့ဆိုလိုက်ရင်ပြီး နေတဲ့ဟာ.. အပင်ပန်းခံ ဆာာာာာာာတွေရေးနေရတယ်လို့ ..စက်နားထိုင်စာရေးတော့ ပိုပူတော့ လွမ်းချင်းတွေ အခုလို ထွက်လာတာပေါ့..။ (တကယ်ပြောတာပါ..)
စိန်ဗေဒါ
ကျနော်တို့ငယ်ငယ်တုန်းကဆို ကျောင်းဈေးတန်း မှာရောင်း တဲ့ ပုစွန်လုံး တွေ ရင်ပတ်က အဖတ်လေး ကို လှန်ပြီး ကော်စား တာ လွှတ်ကောင်း ဗျား။ ၃ လုံးမှ ၁၀ ပြား ထဲရယ်။ :))
Post a Comment