ကျနော် ငယ်ငယ်က အကြောင်းလေးတွေ ပြန်စဉ်းစားမိရင် ကျနော့် ဖေဖေ နဲ့ ရန်ကုန် သွားတဲ့ အကြောင်း လည်း ပါတယ်၊ ကျနော် ငယ်ငယ် က ဖေဖေ နဲ့ ၂ယောက်ထဲ တခါ ခရီး သွားဘူးတယ်..၊ ရန်ကုန်ကိုပါ..၊ အလုပ် ကိစ္စ နဲ့ သွားပေမဲ့ တည်းတာတော့ ကျနော့် အဖေရဲ့ တရုတ် အမျိုးများ စီမှာ တည်းပါတယ်..။
အစောပိုင်း ပိုစ့်များမှာ ကျနော့် အချစ်ဆုံး အဖိုးဟာ တရုတ်ငါးမူး ဗမာ ငါးမူးဆိုတာ ပြောပြီးသားပါ..၊ ကျနော့် အဖိုးရဲ့ အမ (ကျနော် တို့ အရီး) ကတော့ တရုတ်အစစ်ကြီး နဲ့ ရသွားတော့ ကျနော့် အဖေ ရဲ့ ဝမ်းကွဲ မောင်နှမ များဟာ အကုန် တရုတ်အစစ် တွေ ဖြစ်ကုန်ကြပြီး အဲဒီတုန်းက ရန်ကုန် မောင်ခိုင်လမ်းမှာ နေကြ ပါတယ်..။
ကျနော် တို့ ရန်ကုန်ရောက်တော့ မောင်ခိုင် လမ်း ၄ထပ် မှာ တည်းရပါတယ်..၊ ဘူတာရုံ မှာ အဲဒီက တရုတ်ဦးလေး ဝမ်းကွဲ (ဖေဖေ အကို) ဂျီကိုး ဆိုတာ လာကြိုပါတယ်..၊ ကျနော် အဖေ က မိုးချုပ်မှ ရောက် သွားတော့ ထမင်း ဟင်းကိစ္စ ပြီးအောင် အပြင်မှာ ဘဲ စားမယ်ဆိုပြီး လမ်းဘေး က ခေါက်ဆွဲ ဆိုင်လေး တဆိုင် ဝင်ပါတယ်...။
ကျနော့် အကြိုက်တွေ မှာ ပါတယ်.. နံကင် သုတ် ၊ နားရွက်သုတ်....နဲ့ ..... ထမင်းပါ..၊ ဆီချက်ခေါက်ဆွဲ စားချင်တယ် ဆိုလို့ ခေါက်ဆွဲ လည်း မှာပေးပါတယ်...၊ အငွေ့ တထောင်း ထောင်း နဲ့ ခေါက်ဆွဲ တွေ ရောက် လာလို့ စားတော့မယ် ဟဲ့ ဆိုပြီး ဇွန်းလေး လည်း ကိုင်ရော... ဟေ့ကောင်မလေး တူနဲ့ စားလေတဲ့... ဂျီကိုး က အော်လိုက်တာ.. ကျနော် က အဲဒီတုန်းက ငယ်သေးတယ်.. တူနဲ့လည်း မစားတတ် သေးဘူး..။
ကျနော် မစားတတ်ဘူး ပြောတော့ .. ဘာလို့ မစားတတ် ရမှာလည်း.. ငါတို့ တရုတ်အမျိုးတွေ သိက္ခာ ကျတယ်.. တူ နဲ့ မစားတတ် ရင် မစားရဘူးတဲ့...၊ ကျနော် မှာတော့ ဘိုက်က ဆာဆာ ဘာမသိ ညာမသိ တရုပ်ကြီး က လာ သြဇာ ပေးနေတော့ စိတ် တို လာပြီး.. မစားဘူးဗျာ ဆိုပြီး.. ခပ်တည်တည် နဲ့ ထိုင်နေ ပါတယ်..၊ အဲဒီ ဂျီကိုး ကလည်း ကောင်မလေး အကြောမာ လိုက်တာ ငတ်ဟဲ့ ဆိုပြီး နေမှာ ပေါ့.. ။
တူနဲ့ မစားရင် မစားနဲ့ ပေါ့... ဆိုပြီး သူတို့ ဘာသာ သူတို့ ဆက်စားနေတယ်.. ဖေဖေ ကလည်း ဘာမှ မပြောဘူး ခဏနေတော့ မှ ဖေဖေ က... ဂျီးကိုး ကို နောက်တော့ ကျနော် စားနည်း သင်ပေးလိုက်ပါမယ်.. စားပါစေတော့ လို့ ပြောမှ တဟားဟား နဲ့ ရီပြီး စား စား ဆိုပြီး ခွင့်ပေး တယ်..၊ ကျနော် ဖြင့် အဲဒီ ဦးလေး ကြီး အမြင်ကတ်တာ နဲ့ စားချင်စိတ်ကလေး ကိုပျောက်သွားတာဘဲ...။
အဲဒီလို အဆင်မပြေ မှု့လေး တွေ တွေ့ပြီး တော့ ငါတော့ ဒုက္ခဘဲ ဒီတရုတ်တွေ စီတည်း ရမှာ ပြသနာ ဘဲ ဆိုပြီး စားအပြီး စိတ်ညစ်ညစ်နဲ့ ဆက်ပြီး မောင်ခိုင်လမ်း တိုက် ဆက်လိုက်သွားရပါတယ်...၊ ဟိုကြ အိပ်တော့ လည်း ကျနော် နဲ့ ဖေဖေ နဲ့ ကို တကုတင် ထဲ ပေးတာပါ..၊ ၂ယောက်အိပ် ကုတင် အကျယ်ကြီး ပါ..။
ဒါပေမဲ့ ကျနော် က တကယ့် ငယ်ငယ်လေး ကထဲက တယောက်ထဲ အိပ်လာတာပါ.. ပြီးတော့ ဖေဖေ နဲ့ သားအဖပေမဲ့ ဖက်လည်းတကင်း နေတဲ့ သားအဖ မျိုးမဟုတ်တော့ အတူတူ အိပ်ရတာ တော်တော် စိတ်ညစ်မိတယ်...တော်တော် နဲ့ အိပ်လို့ မပျော်ပါဘူး..၊ မနက် လည်း အစောကြီး နိုးနေပါတယ်..၊ အဲဒါနဲ့ အိပ်ရာ ပေါ်ကနေ ဟိုကြည့် ဒီကြည့် နဲ့ မှောင်ရီဝိုးတဝါး မှာ ကြည့်နေတုန်း ကျနော် တို့ ခြေရင်း ခပ်ဝေးဝေး မှာ ရှိတဲ့ ထမင်း စားပွဲ အောက်က ကုန်းကုန်း နဲ့ မဲမဲကြီး ထလာတယ်ဗျ...။
ကျနော်လည်း ခွေးလား ဆိုပြီးကြည့်နေတာ.. ခွေးဆိုရင်လည်း ဒီလောက်မကြီးလောက်ဘူး .. တစ္ဆေ များလား ဆိုပြီး ကြောက်ကြောက် နဲ့ ကြည့်နေတယ်... ကြည့်နေတုန်း ဘဲ ... မဲမဲ ကြီးက ဟိုလျှောက် ဒီလျှောက် လုပ်နေမှ နောက်ဆုံး လူမှန်းသိ သွားပါတယ်...။
နောက်မှ သူတို့ တရုပ်တွေက အိမ်ဖော်လေးတွေ ကို ကတုံးတုံးပြီး အိပ်တော့လည်း စားပွဲအောက်မှာ အိပ်ခိုင်း မှန်း သိပါတော့တယ်...၊ အဲဒီတရုတ်တွေက ဆိုးလိုက်တာဗျာ.. ၊ ကျနော် လည်း မနေချင် တော့ဘူး.. မေမေ အမျိုးတွေ စီလိုက်ပို့ ဆိုတော့ လည်း ဖေဖေ က မအားသေးတာနဲ့ သူတို့ နဲ့ တော်တော် နေလိုက် ရပါတယ်...။
ခိုင်းတဲ့ ကောင်မလေး ဆိုလည်း လူရုပ်ကို မပေါက်ဘူး ဟိုက ခေါက်လိုက် ဒီက ငေါက်လိုက်နဲ့ ...၊ သူတို့ စကား ပြောတာလည်း ရန်ဖြစ် နေတာ ကြနေတာဘဲ အော်ဟစ်ပြောနေကြတာ.. စကားကြတော့လည်း တရုတ် စကား ပြောတာ များပါတယ်...။
အဲဒီ တရုတ်အမျိုး တွေထဲက ဂျီကိုးရဲ့မိန်းမ အန်တီမြင့် ဆိုတဲ့ အဒေါ်ကတော့ ကျနော် ကို တော်တော် ဂရုစိုက်ပါတယ်.. နင်တို့ တောသူတွေ အ နေမှာ စိုးလို့ဆိုပြီး သွားလေရာ ခေါ်သွားတယ်.. အဲဒီကြမှ ကျနော် လည်း ရန်ကုန် မြို့ကြီး အကြောင်း နဲနဲတော့ သိသွားတယ်.....၊ တနေ့တော့ မင်္ဂလာ ဆောင် သွားမယ် ဆိုပြီး သူ သမီး ကျနော် ထက် နဲနဲ ဘဲ ကြီးတယ်.. သူရယ် ကျနော် ရယ် အန်တီမြင့် ရယ် ဂျီကိုး ရယ် မင်္ဂလာဆောင် သွားကြပါတယ်..၊ ကမ်းနားလမ်း ဟိုတယ် ထင်တယ်.. ၊ တောသူမ ကတော့ ဟိုငေး ဒီငေး ပေါ့ဗျာ.. မြင်မြင်သမျှ အသစ်အဆန်း ကြီးဘဲပေါ့..။
ဒါပေမဲ့ သူတို့ မင်္ဂလာဆောင်က ကျွေးတာ တွေတော့ မကြိုက်ပါဘူး.. လဘက်ရည် ပေါ့ပေါ့ ကိုယ်ဘာသာ ဖျော် ထင်တယ်...၊ ကိတ်မုန့် ကလည်း မကြိုက် ဆိတ်သားပါတ်ဖ် လေး ဘာလေးတော့ ကြိုက်သား ဒါနဲ့ မင်္ဂလာဆောင် ပြီးပါလေရော.. ရုပ်ရှင်ရုံ လွှတ်တာကြနေတာဘဲ ဗျာ .. အတင်း တိုးဝှေ့ပြန်နေကြတာ.. အခန်းအနားတွေ ကိုလည်း ဟော်တယ် ဝန်ထမ်း တွေက အတင်း ဆွဲဖြုတ်နေကြတာ.. ။
လူတွေ အပြေးအလွှား ထွက်သွားကြတော့.. ၊ အန်တီမြင့် က ကျနော်တို့ ကလေး ၂ယောက်ကို အိတ် ကလေး တလုံးစီ ပေးပြီး ထဲ့ ထဲ့ အကုန်ထည့် ဆိုတော့ ကျနော် လည်း ရှက်ရှက် နဲ့ စားပွဲ ပေါ် ရှိတာတွေ အကုန် ကောက်ထည့်..၊ ဘယ်မှလည်း မကြည့် ရဲပါဘူး မျက်နှာပူလွန်းလို့ စားတဲ့ အပြင် အိတ်နဲ့ သယ်ရတာ ဆိုတော့ ရှက်လိုက်တာ...။
အမယ် နောက်နေ့ တွေကြ ဟန်ကြနေတာ အဲဒီမုန့်တွေက တော်တော် စားရတာကိုးဗျ.. ရေခဲသေတ္တာ ထဲ ထည့်ထား တာလား မသိပါဘူး.. တော်တော် နဲ့ စားလို့ မကုန်ပါဘူး.. ကျနော် ကြိုက်တဲ့ ဆိတ်သား ပတ်ဖ် တွေလည်း နေ့တိုင်းစား ရတော့ ဟန်ကျနေတယ်...၊ နောက်တခါ မင်္ဂလာဆောင်တဲ့ ခေါ်ပြန်ရော.. ပြင်ဆင်ပြီး လိုက်ရပြန်ရော...။
ဒုတိယ အကြိမ်ဆိုတော့ နဲနဲတော့ သိလာပြီ ဟိုကြည့် ဒီကြည့်နဲ့ ငါ.. ဘယ်လိုစားမယ်.. ဘယ်လို သယ်မယ် ပေါ့ .. စီမံကိန်းတွေချလို့.. တော်တော်ကြီးကို သတ္တိရှိလာပြီး... မင်္ဂဆောင်ပြီးတော့ .... ဟိုစားပွဲကူး ထဲ့... ဒီစားပွဲကူး ထဲ့... နဲ့ ဟန်တွေ ကျလို့ အန်တီမြင့် သမီး လှလှဝင်း ထက်တောင် ကျနော် ရတာ များမယ် ထင်တယ်... အိမ်မှာ အကြာကြီး စားရပါတယ်...။
ကဲ နောက်တခါ တတိယ အကြိမ်.... ဒီတခါတော့ မုံထည့် တဲ့ အိတ်ကလေး ကိုယ့် ပတ္တာ အိတ်ထဲ ကိုယ် ခေါက်ထည့် အပြတ်ကြုံးမယ်ပေါ့...၊ အတော် ကို သတ္တိ တွေ ရှိလာပြီး ဟိုဝိုင်း ဒီဝိုင်း တွေ လှည့်ပတ် ကြည့် ပြီး .. အမယ် ဟိုမိန်းမကြီး က အစားပုတ် လိုက်တာ... ငါတို့ သယ်ဖို့ များ ကျန်ပါအုန်းမလား.. ဆိုပြီး တွက် လို့ ချက်လို့ ပွဲပြီး ရင် ဘယ်စားပွဲ ကို အရင် ကူးပြီး မုံတွေ သိမ်းလိုက်မယ်ပေါ့ ... စီမံကိန်း တွေချလို့ ... ၊ ကိုယ့် အတွေးနဲ့ ကိုယ် ဟန်ကျနေတာ...၊ ပွဲ လည်းပြီးရော သွက်လိုက် တဲ့ လက် .. တဖတ်ဖတ် နဲ့ ကောက် ကောက် ထည့်လိုက်တာ...။
အမယ် မုံတွေ ထည့် နေတဲ့ လက်ကို လာဆွဲတယ်ဗျ... ၊ အန်တီမြင့် ပါလား... ဘာလို့လည်း အန်တီမြင့် ဒီမှာ အများကြီးဘဲ ဆိုတော့ တော်တော့ တဲ့.. ဒါ ဒို့ အမျိုး မင်္ဂလာ ဆောင်မဟုတ်ဘူး.. သူတို့ ဘာသာ သူတို့ မုံသိမ်းတဲ့ သူတွေပါတယ်တဲ့.. ကျနော် မှာ တော့ မုံထုပ် ကလေး ကိုင်ပြီး ဒါတော့ ယူခဲ့ တော့ မယ်ဗျာ..ဆိုပြီး ... ဘယ်သူ ခွဲခွဲ.. ဒို့ မကွဲ.. အဲ ယောင်လို့ .... ဘယ်သူ တောင်းတောင်း ဒို့ မပေး... ဆိုပြီး မုံထုပ်လေး တင်းတင်းဆုတ် လို့ အောင်မြင်စွာ ချီတက်လာခဲ့ ပါတယ်....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
(စာလုံးပေါင်း အမှားများအား သီးခံပြီး ဖတ်ကြပါ ခင်ဗျာ)
.
22 comments:
အစ်မရေ...ခုရောမင်္ဂံလာဆောင်တွေသွားရင် အဲလိုပဲလားဟင်....ဒီတစ်ခါမုန့်တွေပါလာရင် နည်းနည်းလောက်ကျွေးဦးဗျ ဟီး
ခင်တဲ့(ချိုကျ)
ရွှေစင်ဦးရေ - - -
ညီးကလေးရေးမှဘဲမင်္ဂလာဆောင်တွေအဲလိုဘဲလုပ်ခဲ့ကြတာ
ကိုပြန်မြင်ယောင်လာမိတယ်ဟ-ဂျစ်တူးကမင်္ဂလာဆောင်
ဓါတ်ပုံသွားရိုက်ရင်အစကနေအဆုံးအထိရိုက်ရတာဆိုတော့
အဲဒါတွေကတွေ့ မြင်နေကြလေဗျာ-အင်း - - -
နောက်တခုက-တူနဲ့စားတယ်ဆိုတဲ့တရုပ်အကျင့်ကိုအရင်
တုံးကခက်ပေမဲ့အခုတော့တူနဲ့မှစားချင်လာတယ်ဟ-
တူးကပါးစပ်ထဲကိုထည့်ရတာလွယ်ကူတယ်လေဟာ-
ဇွန်းလိုမခက်ဘူးလို့ထင်တယ်-
;) ရီရတယ်း))
အမက ..တအားရီရတယ်..ပါးစပ်ကိုမစေ့ဘူး..
အိမ်ဖော်လေးတွေသနားပါတယ်နော်..
မောင်ခိုင်လမ်းမှာကိုး..အမျိုးတွေက.. ဟီးထပ်မစပ်တော့ဘူး..ဟီးဟီး
အမကလဲ ကိုယ့်အဖေနဲ့အိပ်တာပဲဟာ.ကျနော်ဆို တက္ကသိုလ်ရောက်တာတောင် သရဲကားကြည့်ပီး အိပ်မ၇၇င်ဖေဖေ့ကုတင်မှာတက်အိပ်တာ..သမီးကြောက်လို့..လို့..။ဟီး
မြတ်နိုး
ငယ်ငယ်တုန်းက အဲလိုလုပ်တာတွေတွေ့ဖူးတယ်..တခါမှတော့မလုပ်ဖူးဘူး..
အန်တီကြီးတွေ..သူတို့လက်ကိုင်အိတ်ထဲကို တစ်ရှူးလေးပတ်ပီးထည့်တာလေ..အမရေးတာကွင်းကနဲကွက်ကနဲပဲ..
၇ီ၇တယ်
မြတ်နိုး
ဒီ မင်္ဂလာဆောင်တော့ မုန့်တွေသယ်တယ်၊ ကျွမ်းကျင်အဆင့်တောင်ရောက်လို့၊
နောက် မင်္ဂလာဆောင်တော့ မရွှေစင်တစ်ယောက် ဘာတွေသယ်မလဲ၊ စောင့်ကြည့်မယ်၊
ရယ်လိုက်ရတာ မရွှေစင် ရယ် ...ရေးတတ်ပါပေ့ ။
မြို့  က မင်္ဂလာဆောင်တွေ ဆို ဒီလို ပဲ လေ ။
ဧည့်သည် မပြန်ခင် ဝိုင်းသိမ်းတာတို့  ၊ ကလေးရော လူကြီးပါ မုန့်တွေ လိုက်သိမ်းတာတို့  ၊ ထုံးစံလို ဖြစ်နေကြတာ ။
ကလေး ဘဝ တုံးကတော့ ပျော်စရာကြီး နော် ..
နောက် အပျိုလေးလည်းဖြစ်လာရော .. ရှက်တာ နဲ့ ကလေးတွေကို လုပ်ခိုင်းရတယ် ။ အဟဲ ..
ဘိသိက်ဆရာ လေရှေ နေရင် စိတ်တို ရသေးတယ် ။။
လက်ဖွဲ့ စာအိတ်လေး ပေးပြီး ၊ ဖန်ခွက်တွေ ပေးပြီး တအိမ်သားလုံး ဝင်ဆွဲကြတာ တွေလည်း ရှိသေးရဲ့  ။
ခုခေတ် တော့ ဘယ်လို နေမယ် မသိဘူး ..း))
ဆက်ရေးပါအုံး .. ကိုယ်တွေ့ လေးတွေ ..
မရွှေစင် အတော်လက်သွက်တယ်နော်။
ဘုန်းကြီးကျောင်းသား လုပ်ဖူးလားဟင်။ ဟီး ..
ညစာစားရင်း လာဖတ်တာ။
တရုတ်တန်းက နံကင်တို့ နားရွက်သုတ်တို့ ဆီချက်တို့ စားချင်လိုက်တာ ရှလွှတ် :D
လက်သွက်လှချည့်လား..အမရယ်...
အမျိုးသမီးခါးပိုက်နှိုက်ရေးရာ အသင်းမှာဥက္ကဌဖြစ်ထိုက်ပါတယ်...
တရုတ်လို့ ရေးရပါတယ်ရှင်။တရုပ်(အရုပ်)မဟုတ်ပါ။ ပထမ တစ်ကြောင်း နှစ်ကြောင်းလောက် ဖတ်ပြီး မနေနိုင်လို့ ရေးလိုက်ပါတယ်။
အော်...ငါ့အစ်မ ငါ့အစ်မ ဒါမျိုးတွေလည်း ရသဟ... တောက်မယ့် မီးခဲတရဲရဲဆိုသလိုပဲ ...ငယ်ငယ်ကတည်းက ရာဇ၀င်တွေနဲ့ကိုးးးးးးးးးးး အခုရော ဘယ်အဆင့် ရောက်နေပီတုံး????း))))
ချစ်ညီမလေး
စာလုံးပေါင်းအမှားတွေ အများကြီးပါ ပါတယ်
အခါတိုင်းတော့ ချစ်ညီမ စစ်ပေးပါတယ်
ကျနော်လည်း မအားတော့ သေချာမစစ်လိုက်နိုင်လိုက်တာပါ
အကုန်ပြန်ပြင်ထားလိုက်ပါတယ် ကျေးဇူးပါ
ရွှေစင်
တော်သေးတာပေါ့။ မင်္ဂလာဆောင်တုန်းက မဖိတ်လိုက်ရလို့။
ရီစရာကောင်းလိုက်တာ အစ်မရယ်
ခုတလော ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်နေတာနဲ့
:)
ယုံတယ်လေ ရွှေစင်ပဲဟာ...ဟ ဟ ...အဲလို မင်လာဆောင်တွေ ကြုံဖူးတယ် ခုရော အဲလိုမျိုးတွေပဲလား....မုန့်တွေ သိမ်းကြတုန်းလား...:)
မင်္ဂလာဆောင် အကြောင်း ရေးတာကနည်းနည်း.. တရုတ် မုန်းတီးရေးဝါဒ ဖြန့်တာက များများ ဖြစ်နေတယ်..
မကောင်းတာက ခင်ဗျားအမျိုးတွေ.. တရုတ်တွေလို့ နာမည်တပ်ပြီး ဝါးလုံးရှည်နဲ့ မရမ်းချင်စမ်းပါနဲ့ဗျာ..
အင်း အမည်မသိ ကိုကို ရေ စိတ်မရှိပါနဲ့...
ကျနော့် အမျိုး တရုတ် တွေက မကောင်းတာ မှန်ပါတယ်ဗျာ.. အရေးအသားလေး နဲနဲ လိုသွားပါတယ်..
တောင်းပန်ပါတယ်... ကျနော် အမုန်းဆုံးက လူမျိုးေ၇း ခွဲခြားတာပါဘဲ.. ဘယ်လူမျိုးမဆို ကောင်းတဲ့ လူက ကောင်းတယ် ဆိုးတဲ့ လူက ဆိုးတယ် .. တို့ မြန်မာ တွေ ဘာလုပ်လုပ် ကောင်းတယ် ဆိုတာကို မုန်းလွန်းလို့ပါ...
နေရာတိုင်း မှာ ကောင်းသူရှိမယ် ဆိုးသူရှိမယ်
ဒါပါဘဲ..
စိတ်မရှိပါနဲ့...
အားလုံးအား လေးစားစွာဖြင့်
ရွှေစင်ဦး
Interesting!!!
Can't help laughing.
Ha ha ha!!!! :D
Ray
ဘာလူမျိုးဖြစ်ဖြစ် အိမ်ဖော်ကို ကတုံးတုံးတာတော့ လွန်လွန်းပါတယ်ဗျာ။ ကိုယ့်သမီးကိုယ် တုံးတာ မဟုတ်ဘူး။
မရွှေစင် လုပ်တာလဲ ဒီလုပ်ရပ်ကို မကြိုက်လို့ ရေးတာလို့ မြင်ပါတယ်။ ဒီပွိုင့်ကို ဂရုမစိုက်ဘဲ နာတို့တရုတ်မကောင်းကြောင်း လာမရေးနဲ့ဆိုပြီး လာဟောက်သွားတာတော့ ကောင်းဘူးထင်တယ်ဗျာ။
ကွန်မန့်တွေများနေလို့ ထပ်လာဖတ်တာ မရွှေစင်ရေ ... ။ စိတ်ဝင်စားစရာတွေ ထပ်ဖတ်လိုက်ရတယ်။ မရွှေစင် ဒီပို့စ်ထဲ အဲလို နည်းနည်းပါသွားကတည်းက sensitive ဖြစ်တဲ့သူနဲ့ တွေ့ရင် ဒုက္ခလို့ တွေးမိသား။ ပို့စ်မှာ အဓိက ပေးချင်တဲ့ မက်ဆေခ့်ျကို မယူဘဲ ဟိုဒင်း ဒီဒင်း အဓိပ္ပါယ် လိုက်ကောက်နေရင်တော့ စာရေးရတာ လွတ်လပ်မှု ရှိတော့မယ် မထင်ဘူး။
ကျောင်းစာဖတ်ရင်း ဦးနှောက်ညောင်းလာလို့ မရွှေစင် ဘလော့ထဲ ၀င်မွှေနေတာ .. ဟီး ... ကျောင်းစာ ပြန်ဖတ်အုံးမှ။
စာတွေ များများရေးနိုင်ပါစေ မရွှေစင်ရေ ... ။
ဒါနဲ့ ဆိုင်ပြန်ဖွင့်ပြီလား။ သမီးတွေ သားတွေရော ပြန်ရောက်ကြပြီလား။ ဝေါ့ကင်းရှူးနဲ့ တောသင်္ကြန် အကြောင်းလေး သိချင်သေးတယ်။ :)
နေရာတိုင်း မှာ ကောင်းသူရှိမယ် ဆိုးသူရှိမယ်
right,ama.
Totally agree.
:))
MN
ဟီးဟီး
တော်ပြီ.. ညီမ မင်္ဂလာဆောင်ရင် မရွှေစင်ကို ဖိတ်တော့ဘူး.. ရှိသမျှမုန့်တွေ အကုန်သယ်သွားရင် စားဖို့မကျန်ရင်ဒုက္ခ...
ပြန်ရောက်ပါပြီအစ်မရေ..
သင်္ကြန်မှာ ပျော်ပါရဲ့လား...
နှစ်သစ်မှာ ချမ်းမြေ့ပါစေနော်..
ချစ်ခင်စွာနဲ့
ချော
Post a Comment