ရွှေစင်ဦး သွားခဲ့ တဲ့ မင်္ဂလာဆောင် တွေကတော့ အများကြီးပေါ့ ဗျာ.. ကလေး ကထဲက ခုထက်ထိ ပါဘဲ..၊ သာမန် သိပ်မထူးဆန်းတာလေး တွေ တော့ မမှတ်မိတော့ ပါဘူး...၊ ထူးထူးခြားခြား လေးတွေ ဆိုရင်တော့ အမှတ်တရ ရှိနေပါတယ်...၊.. အထူး ခြားဆုံးကတော့ ကိုယ့် မင်္ဂလာဆောင် ကိုယ် ပေါ့ဗျာ...၊ နောက်အပိုင်း မှ ရေးပေးပါမယ်...။
ကျနော်တို့ မန္တလေး မှာ အပျိုဖြစ်လာရင် ရပ်ကွက် မင်္ဂလာဆောင်တွေမှာ အပျိုဖိတ်ဆိုတာရှိပါတယ်...၊ မိတ်ကပ် ဘူးလေး၊ လက်ကိုင် ပုဝါလေး ကလစ် ကလေး တွေနဲ့ သီးသန့် ဖိတ်ရပါတယ်..၊ နောက် ပြီး အဲဒီ အပျိုဖိတ် တွေက မင်္ဂလာပွဲ ရဲ့ ရှေ့ ဝင်ပေါက် တဘက်တချက်မှာ ထိုင်ရပါတယ်.....၊ ငွေဖလား လေး ထဲမှာ သပြေပန်း (အောင်ပန်း) ရွှေပန်း ငွေပန်း လေးတွေကို အပ်ချီကြိုး ကလေး နဲ့ ချီထားပြီး တယောက်ကို တခု ကမ်းပါတယ်...မင်္ဂလာဆောင်ထဲကို အောင်ပန်းလေး ကိုင် ဝင်တော့ ကျက်သရေ ရှိတဲ့ အဓိပ္ပါယ်ပေါ့ ဗျာ....။
ကျနော် ကတော့ အဲဒီလို အပျိုမဖိတ် ခင်ကထဲက မင်္ဂလာဆောင် တွေဝင်နေကြပါ...၊ ကျနော့် ဖေဖေ ကလည်း မင်္ဂလာဆောင် တွေ မသွားပါဘူး (ရပ်ကွက်ထဲက မင်္ဂလာဆောင်တွေ) မေမေ ကလည်း မသွားပါဘူး..၊ ကျနော်ဘဲ အမြဲတန်းသွားရပါတယ်..။
ငယ်ငယ်ကတော့ မင်္ဂလာဆောင်သွားရင် ကိုယ်က လည်း ကလေး ဆိုတော့ ရပ်ကွက် ထဲက လူကြီး တွေနဲ့ ကပ်လိုက်သွားပြီး စားသောက် လက်ဖွဲ့ ပြီး ပြန်ပေါ့..၊ ကျနော် တို့ မန္တလေး က မင်္ဂလာဆောင်တွေက ရောက်ရောက်ခြင်း စားရပါတယ်ဗျာ..၊ စားပွဲ ဝင်ထိုင်လိုက်တာနဲ့.. ရေခဲ့မုန့် တို့ ကော်ဖီတို့ ချက်ခြင်း ချပေးပါတယ် (ထမင်း ကျွေး တရုတ် မင်္ဂလာဆောင်တွေ ကလွဲလို့)..၊ ကိုယ် ကြိုက်သလောက် ထိုင်ပြီး ကိုယ် ကြိုက်သလောက် စားရုံပါဘဲ..။
မုံ့စား များသွားလို့ ပုဂံရော့သွားရင်လည်း ချက်ခြင်း ပြန်ဖြည့် ပေးပါတယ်...၊ မုံများစားနိုင်လို့ ကတော့ ထမင်း လွတ်စားသွားလို့ ရပါတယ်...၊ သတိုးသမီး သတိုးသား ကလည်း စားပွဲတွေ လိုက် နှုတ်ဆက် ရုံပါဘဲ...၊ ရန်ကုန်လို အဝင်ပေါက် က နှုတ်ဆက် အခမ်းအနား ပြီးပါပြီ ပြန်ကြတော့ ဆိုတဲ့ သဘောမျိုး ၊ အခမ်းအနား စပါပြီ... စားနိုင်ပါပြီ.. ဆိုပြီး တခမ်းတနား လုပ်တဲ့ မင်္ဂလာ ပွဲမျိုးများ မန္တလေး မှာ မရှိပါဘူး ဗျာ....။
ကျနော်တို့ မန္တလေး မှာ အပျိုဖြစ်လာရင် ရပ်ကွက် မင်္ဂလာဆောင်တွေမှာ အပျိုဖိတ်ဆိုတာရှိပါတယ်...၊ မိတ်ကပ် ဘူးလေး၊ လက်ကိုင် ပုဝါလေး ကလစ် ကလေး တွေနဲ့ သီးသန့် ဖိတ်ရပါတယ်..၊ နောက် ပြီး အဲဒီ အပျိုဖိတ် တွေက မင်္ဂလာပွဲ ရဲ့ ရှေ့ ဝင်ပေါက် တဘက်တချက်မှာ ထိုင်ရပါတယ်.....၊ ငွေဖလား လေး ထဲမှာ သပြေပန်း (အောင်ပန်း) ရွှေပန်း ငွေပန်း လေးတွေကို အပ်ချီကြိုး ကလေး နဲ့ ချီထားပြီး တယောက်ကို တခု ကမ်းပါတယ်...မင်္ဂလာဆောင်ထဲကို အောင်ပန်းလေး ကိုင် ဝင်တော့ ကျက်သရေ ရှိတဲ့ အဓိပ္ပါယ်ပေါ့ ဗျာ....။
ကျနော် ကတော့ အဲဒီလို အပျိုမဖိတ် ခင်ကထဲက မင်္ဂလာဆောင် တွေဝင်နေကြပါ...၊ ကျနော့် ဖေဖေ ကလည်း မင်္ဂလာဆောင် တွေ မသွားပါဘူး (ရပ်ကွက်ထဲက မင်္ဂလာဆောင်တွေ) မေမေ ကလည်း မသွားပါဘူး..၊ ကျနော်ဘဲ အမြဲတန်းသွားရပါတယ်..။
ငယ်ငယ်ကတော့ မင်္ဂလာဆောင်သွားရင် ကိုယ်က လည်း ကလေး ဆိုတော့ ရပ်ကွက် ထဲက လူကြီး တွေနဲ့ ကပ်လိုက်သွားပြီး စားသောက် လက်ဖွဲ့ ပြီး ပြန်ပေါ့..၊ ကျနော် တို့ မန္တလေး က မင်္ဂလာဆောင်တွေက ရောက်ရောက်ခြင်း စားရပါတယ်ဗျာ..၊ စားပွဲ ဝင်ထိုင်လိုက်တာနဲ့.. ရေခဲ့မုန့် တို့ ကော်ဖီတို့ ချက်ခြင်း ချပေးပါတယ် (ထမင်း ကျွေး တရုတ် မင်္ဂလာဆောင်တွေ ကလွဲလို့)..၊ ကိုယ် ကြိုက်သလောက် ထိုင်ပြီး ကိုယ် ကြိုက်သလောက် စားရုံပါဘဲ..။
မုံ့စား များသွားလို့ ပုဂံရော့သွားရင်လည်း ချက်ခြင်း ပြန်ဖြည့် ပေးပါတယ်...၊ မုံများစားနိုင်လို့ ကတော့ ထမင်း လွတ်စားသွားလို့ ရပါတယ်...၊ သတိုးသမီး သတိုးသား ကလည်း စားပွဲတွေ လိုက် နှုတ်ဆက် ရုံပါဘဲ...၊ ရန်ကုန်လို အဝင်ပေါက် က နှုတ်ဆက် အခမ်းအနား ပြီးပါပြီ ပြန်ကြတော့ ဆိုတဲ့ သဘောမျိုး ၊ အခမ်းအနား စပါပြီ... စားနိုင်ပါပြီ.. ဆိုပြီး တခမ်းတနား လုပ်တဲ့ မင်္ဂလာ ပွဲမျိုးများ မန္တလေး မှာ မရှိပါဘူး ဗျာ....။
ကျနော် ဘဲ အ လို့ လား တော့ မသိဘူး အခုထိ တော့ တွေ့ဘူးသေးဘူး...၊ အဲဒီတုံးကလည်း အဲဒီလို မတွေ့ ဘူးလို့ လည်း ခံလိုက်ရတာပေါ့...၊ အရင်တုန်းက ငယ်ငယ်တုန်း ကတော့ သွားတော့ သွားခဲ့တာ ဘဲ ပထမပိုင်း တုန်းကလို ထူးခြား ဖြစ်စဉ် မျိုး မုံသယ်တာ မျိုး တော့ မှတ်မိတယ်..၊ ထူးထူးခြားခြား ဖြစ်စဉ်လေး တွေပေါ့ဗျာ...၊ နောက်ပြီး ရန်ကုန် မင်္ဂလာဆောင် ဆိုတာမျိုးလည်း ကြီး မှ တခါမှ မကြုံဘူး တော့ အကြောင်း မသိဘူး ပေါ့ဗျာ...။
ကဲ.. ညီမ ဝမ်းကွဲ မင်္ဂလာဆောင်.. ကျနော် တို့ မင်္ဂလာပွဲ နဲ့ ၁လခွဲ ၂လ လောက်ဘဲ ခြားမယ်ထင်တယ်..၊ ဖိတ်စာ ရောက်လာပါတယ်...၊ မသွားမဖြစ်တဲ့ မင်္ဂလာပွဲပါ..၊ ကျနော့် ချစ်ဒေါ်ကြီး ရဲ့သမီး အကြီးဆုံးပါ..၊ ဘဘကြီး (ကျနော့် အဖိုး) ကလည်း ရှိပါသေးတယ်...၊ ဒေါ်ကြီး နဲ့ နေ နေတာပါ..။
ကျနော် တို့ ၂ယောက် ကတော့ သွားကို သွားရမယ်.. ၊ ကျနော် တို့ မင်္ဂလာဆောင်တုန်းက ကျနော့် ဒေါ်ကြီး နေမကောင်းရက်နဲ့ လေယဉ်ပျံလက်မှတ် မှောင်ခိုဝယ်လို့ မရောက်ရောက် အောင်လာခဲ့တာပါ..၊ နောက်ပြီး ကျနော် နဲ့ ချစ်ချစ်ကြီး ကို လည်း ဖေဖေ သဘောမတူရင်နေ ငါတူမ ကို ငါ ကိုယ် တိုင် မင်္ဂလာ ဆောင်ပေးမယ်ဆိုတဲ့ အဒေါ် ဆိုတော့ သွားရတာပေါ့.. မင်္ဂလာဆောင်မဲ့ ညီမ ဝမ်းကွဲကလည်း.. တကယ့် အရင်း လိုပါဘဲ..။
ကဲ..ထားလိုက်ပါတော့.. ဟန်းနီးမွန်း ခရီး ကို တလတိတိ ကြာအောင် သွား ခဲ့ ကြတဲ့ ကျနော် နဲ့ ချစ်ချစ်ကြီး ဟာ ဒုတိယ အကြိမ် ဟန်းနီးမွန်း ခရီးအဖြစ် ရန်ကုန်ကို ဆက်တိုက်ထွက်ခဲ့ ရပါတယ်..၊ ရန်ကုန် မှာ ချစ်ချစ်ကြီး အမျိုးတွေလည်း ရှိပါတယ်..၊ သူတို့ အမျိုးတွေက ပါရမီ ..... မြစပယ်လမ်းသွယ် ထဲမှာပါ..၊ သူ့ ဦးလေး နဲ့ သူ့ အဒေါ် (သမိုင်း ဒေါက်တာသန်းထွန်း နဲ့ မောင်နှမ ဝမ်းကွဲတွေပါဘဲ) အိမ်ပါ၊ ဒေါက်တာ သန်းထွန်း တို့ အိမ်နားမှာပါဘဲ..။
ကျနော် တို့ လည်း ဘယ်သူမှ ကြိုခိုင်းမနေပါဘူး.. အဲဒီအိမ်ကို လေးဘီးကားငှား ပြီး အရင် သွားကြ ပါတယ်.. မှတ်မှတ်ရရ သူတို့အိမ်မှာ ဟင်းထုပ် လုပ်စားနေကြပါတယ်.. ကျနော် တို့ကလည်း ရှမ်းပြည်က ပြန်လာခါစ ဟင်းထုပ် ကိုလွမ်းနေကြတာဆိုတော့ အတော်ပါဘဲ.. အလွမ်းပြေ စားခဲ့ ရပါတယ်...၊ သူတို့ အိမ်ကလည်း လူအများ ကြီး ဆိုတော့အများကြီး ကို လုပ်စားကြတာပါ..၊ ဧည့်သည် စာလည်း ပါပါ တယ်တဲ့...။
အဲဒီ.. အိမ်မှာ တည်းခို လို့လည်း ရပါတယ်..၊ ဒါပေမဲ့ ကျနော် တို့မတည်းပါဘူး.. ကိုယ့် အဖိုး နဲ့ ကိုယ့် အဒေါ် အိမ်မှာဘဲ တည်းမယ်ဆိုပြီး စားသောက်ပြီး သွားဘို့ပြင်ပါတယ်...၊ ချစ်ချစ်ကြီး အမ က လိုက်ပို့ ပါတယ်..၊ ဟိုရောက်တော့ ကျနော် တို့ လာတယ်ဆိုတော့ ကျနော့် အဖိုးများ ဝမ်းသာလွန်းလို့ ဖက်ထားတာ အကြာကြီးပါ..၊ ဒါနဲ့ မင်္ဂလာ ဆောင်အတွက် အားလုံး ပြင်ဆင် လုပ်ကိုင်ပေးရပါတယ် (ကိုယ်ကတော့ ဘာမှ မသိပါဘူး သူတို့ ခိုင်းတာလေးပေါ့)...။
အင်းယားလိတ် ဟော်တယ် မှာပါ..၊ ပြောရရင် ကျနော် တို့ လို တောက တက်လာတဲ့ သူတွေ အတွက် အင်းယားလိတ် ဆိုတာ အဲဒီ တခါ ဘဲ ရောက်ဘူးတာပါ....၊ ဟိုရောက်တော့ သတို့သမီးက မိတ်ကပ် လိမ်းတဲ့ အခန်းမှာ မိတ်ကပ်လိမ်း ဗွီဒီယို ရိုက် နဲ့ လူတွေကလည်း တဖွဲ့ ဖွဲ့ နဲ့ ခန်းမထဲ ဝင်လာနေကြပါပြီ...၊ ကျနော် နဲ့ ချစ်ချစ်ကြီး ကလည်း ဘိုက်က တဂွီးဂွီး နဲ့ ပါ...၊ ကျနော် ကတော့ ဝင်လိုက်ထွက်လိုက်နဲ့ ပဲခူးဆား လုပ်နေတာ ဆိုတော့ နဲနဲ တော်သေးတယ်.. ချစ်ချစ်ကြီး က အတော်ဆာတတ်ပါတယ်...။
သူတို့ မင်္ဂလာဆောင် ကို ကျနော် တို့က ကျနော် တို့ ဆီက မင်္ဂလာ ဆောင်တွေ လိုမှတ်နေတာ... စောစော ရောက် စောစောစား ပေါ့... အမယ် ... ဟိုကျ စားပွဲပေါ်တင် အဝတ် နဲ့ တောင်အုပ်ထား လိုက်သေး.. ကိုယ်စားရမဲ့ ဟာတောင် ကိုယ် ကောင်းကောင်း မသိရဘူး...၊ ချစ်ချစ်ကြီး ကတော့ အသိ ကလည်း သိပ်မရှိ ဆိုတော့ ကုလားထိုင်ပေါ် ခပ်ငူငူ ထိုင်နေရင်း ... မစားရသေးတဲ့ စားစရာတွေ ကို မကျေနပ် တဲ့ အကြည့် နဲ့ မျက်စောင်း ထိုးကြည့် လို့ပေါ့....။
ကျနော် သူ့ နားရောက်သွားတဲ့ အခါ ဟေ့ မင်းတို့ မင်္ဂလာဆောင် ကလည်း ဘယ်တော့ စားရမှာလည်း ငါလည်း ဘာမှ စားလာတာ မဟုတ်ဘူး...၊ ဆာလှပြီ ဆာလှပြီ..တဲ့ အော်နေတယ်...၊ အဲဒါနဲ့ ကျနော်လည်း ဘယ်သိ မှာလည်း အခုမှ ဒီတခါ ရောက်ဘူးတာ ကိုယ်ဘာသာ ထွက်ပြီး တခုခု စားထား လို့ ပြောလိုက်တယ်... ။
သူကလည်း ကျနော် မပါဘဲနဲ့ သိတ်သွားရဲတာ မဟုတ်ဘူး.. အင်းယားလိတ် ကလည်း ကျနော်တို့ တောသားတွေ မျက်စိ ထဲ တော့ အဲဒီတုန်းက တော်တော် ကြီးကျယ် နေတာကိုးဗျ..၊ နောက်ဆုံး သူလည်း ဆာတဲ့ ဒဏ်မခံနိုင်ဘူးထင်ပါတယ်.. လျှောက်ကြည့်လိုက်အုန်းမယ် ဘာစားရမလည်း ဆိုပြီး ထသွားတယ်ဗျ...၊ ကျနော်ကတော့ မလိုက်နိုင်ဘူး... တာဝန်တွေက ရှိသေးတာကိုးဗျ...။
ခဏနေတော့ ချစ်ချစ်ကြီး ကပြုံးစေ့စေ့ နဲ့ ရောက်လာပါတယ်..၊ ဘာလည်း စားခဲ့ပြီ ဆိုလားဆိုတော့ ... မစား ရသေးပါဘူးတဲ့.. ဘာဆိုင်မှလည်း မတွေ့ဘူး.. မှန်တံခါးကြီး က သူလာရင် အလိုလို ပွင့်.....ပွင့် သွားလို့ တဲ့.. အစောပိုင်း ကျနော် တို့သွားတုန်းကတော့ လူအများ နဲ့ ဆိုတော့ မသိသာဘူးပေါ့ဗျာ.. နောက်တော့ သူတယောက်ထဲ သွားတော့မှ မှန်တံခါး ကြီးကို ဘယ်လို့ ဖွင့် ရပ..ဆိုပြီး အနားရောက် သွားတဲ့ အချိန်မှ သူ့ အလိုလို ပွင့် သွားတယ်တဲ့ဗျာ....။
အမှန်တော့ အလင်း နဲ့ အဖွင့် အပိတ် လုပ် တာလား မသိပါဘူး.. အမယ် သူမှာ သဘောတွေကြလို့ ခဏ ခဏ ဝင်လိုက်..၊ ထွက်လိုက် လုပ်နေတာ...၊ အင်း ခဏနေတော့ ဆာပြန်ရောတဲ့ ... နောက်တော့ ကျနော် လည်း သူ့မေ့သွားပြီး.. ဟိုရောက်..ဒီရောက်... သွားနေရော...၊ နောက်တခါ သူ့နား ရောက်တော့ ခပ်တည် တည် နဲ့ ဆာတယ် မပြောတော့ဘူး... ။
မောင် မဆာတော့ ဘူးလားဆိုတော့.. ဆာတော့ ဘူးတဲ့ .. ဘာစားလိုက်လို့လည်း ဆိုတော့... အဟိ.. စားပွဲပေါ်က မုံတွေ ခိုးစားလိုက်လို့တဲ့... လူအလစ်မှာ အဝတ်လေး အသာဟပြီး စားလိုက်တယ်တဲ့... ဘာမုန့် လည်း ဆိုတော့ သိပါဘူး .... ဘိန်းမုန့်လားမသိဘူးတဲ့.. ကျနော်လည်း အမယ် အင်းယားလိပ်မှာ ဘိန်းမုန့် ကျွေး တယ်.... မဟုတ်တရုပ် ဆိုတော့ ... မောင်မှ မသိတာ တဲ့ .. ။
အဲဒါနဲ့ မင်္ဂဆောင် စတဲ့ အချိန် စားပွဲထိုး တွေ မုံ ပန်းကန် အကာလေး လာလှပ်ပေးတဲ့ အချိန်ကြမှ အဟဲ ချစ်ချစ် ကြီး ရှေ့က ဆင်းဒဝစ်ချ် ပုဂံ ဟာ မုံမပါ ဘဲနဲ ဟောင်းလောင်းလေး ပေါ်လာပါတယ်..၊ ကျနော်ဖြင့် ရှက်လိုက် တာ.. ချစ်ချစ်ကြီး တို့ လုပ်ချက်ကတော့....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
17 comments:
ဟား... ဟား...။ ဖြစ်တဲ့အချိန် ကတော့ဘယ်လိုနေမလဲမသိဘူး။ ခုတော့ရယ်စရာဘဲ။ မရွှေစင် ရဲ့ ချစ်ချစ်ကြီး ရိုက်ချက်ပြင်းတယ်။ :)
မရွှေစင် ချစ်ချစ်ကြီးက ရယ်ရတယ်တော့။
အင်းလေ သူလဲ ဗိုက်ဆာရှာမှာပေါ့ ... သနားပါတယ်။
အဲလို မင်္ဂလာဆောင်တွေ ကျမလဲ မကြိုက်ပါဘူး။ ဒုက္ခခံနေရသလိုပဲမို့ အဲဒါမျိုးဆို မသွားတာများတယ်။ မန္တလေး မင်္ဂလာဆောင် စတိုင်က ပိုကောင်းသားနော်။ ခုထိရော အဲဒီအတိုင်းပဲလား မသိဘူး။
ဟားဟား.. အသံထွက်အောင် ရယ်ဖြစ်တယ်..။ ဆာတာတော့ ဘယ်လိုအောင့်လို့ရမလဲလေ.. နော။ ကျွန်မတို့ သူငယ်ချင်းတစ်စု.. အင်းယားလိပ်က သူငယ်ချင်းမင်္ဂလာဆောင်သွားတုန်းကလည်း အဲလိုပဲ..ဖြစ်ခဲ့တယ်။ စားပြီးမှတော့ မထူးပါဘူးဆိုပြီး မချိုမချဉ်ပြောင်စပ်စပ် မျက်နှာပေးနဲ့ နေပေးလိုက်တော့ ကျန်တဲ့သူတွေလည်း မကဲ့ရဲတော့ပဲ သူတို့ပါ လိုက်ရယ်ကြတာ မင်္ဂလာဆောင်က ပိုတောင် စည်သွားသေးတယ် :D..။
မင်္ဂလာဆောင်ကတော့ အညာမင်္ဂလာဆောင်တွေကိုပဲ ကြိုက်တယ်။ စိတ်ကြိုက်စား စိတ်ကြိုက်နားလို့ ရလို့လေ..းP
Interesting. :D
Thank you.
Ray
ဆာလို့ ခိုးစားရင်လည်း ခဏနေ လူမိမှာ ဆိုတော့ အဲဒီလိုပွဲတွေသွားရင် နည်းနည်းတော့ ကြိုမစားထားရင် ဒုက္ခရောက်ရော...။
မန္တလေးမှာဆိုရင်တော့ မရွှေစင်တို့ ပွဲအတွေ့ အကြုံရင့်မယ်နဲ့တူတယ်း)
ဟန်ပန် များတဲ့ အလှူ မင်္ဂလာ ဆောင် ဆိုရင် မသွားဘူး။ စိတ်ပင်ပမ်းလို့။
မအယ်ဆိုလည်း မရွှေစင်ချစ်ချစ်ကြီးလိုပဲ ယူစားလိုက်မှာပဲ။
မအယ်
ဟားဟားဟား...အိပ်ငိုက်နေရင်း ဒီပိုစ့်ကိုလာဖတ်တာ ရီရလွန်းလို့ မျက်လုံးတွေဘာတွေတောင် ပြန်ကျယ်သွားတယ်... အော်...မမရွှေစင်တို့စုံတွဲက မိန်းမရော ယောက်ျားရော....ခေသူတွေ မဟုတ်ကြပါလားနော်... သင်တန်းပေးဖို့တောင် ကောင်းနေပီ :D
ချစ်ညီမလေး
ကျနော့် သူငယ်ချင်းတစ်ယောက်လည်း အဲဒါမျိုး ကြုံခဲ့ဘူးလို့ ပြန်တွေးပြီး ပြုံးမိပါတယ်၊
မန္တလေး မင်္ဂလာဆောင် အင်ယားလိပ် မင်္ဂလာဆောင်တော့ ရယ်ပြီးပြီ၊ နောက်လာမှာလေးစောင့်လိုက်ဦးမယ်။
ကိုယ့်ဝေစု ကိုယ်စားတာ ဘာဖြစ်လဲနော။ အရင်စောစားတာနဲ့ နောက်ကျစားတာပဲ ကွာတာ.။
အဆာမခံနိုင်တဲ့လူတွေအားလုံး ဒီလို တက်ညီလက်ညီ ဆန္ဒပြလိုက်ရင် ရှယ်ပဲ။ သုံးဆောင်လို့ ရပါပြီခင်ဗျား... ဆိုလို့ စားပွဲထိုးတွေ စားပွဲတိုင်းမှာ အုပ်ထားတဲ့ ပဝါလေးတွေ လိုက်ဖွင့်တော့ အားလုံး ပြောင်ပြီးသားလေး..ဟီဟိ။
ကောင်းရော .... ပြီးတာပဲလေ .. အရင်စား စား ၊ နောက်မှ စား စားး. စားရမဲ့ ကိစ္စ ကိုနော် ..ဟိုဒင်း တန်ဆာဆင် နေကြသေးတယ် ။။
တော အလှူ တွေ ပဲ ကြိုက်တယ် ။ ဟိတ်ဟန် မရှိ အားရပါးရ တွယ် ပဲ ။ မီးခိုးတိတ် ဆို ပိုတောင် ကြိုက်သေး ...
ဒီ စုံ တွဲ တော့ “ ရွှေစင်တို့  လင်မယား ” ဆို ပြီး ၊ ရုပ်ရှင် ရိုက်ဖို့ တောင် ကောင်းနေပြီ ။
ဝန်မင်းက လက်သွက်သားပဲ...
ဓါတ်တူနံတူပေါ့ ဗျာနော်...
ဟားဟား။ ဒီတခါခေသူမဟုတ်ကတော့ မမရွှေစင်မဟုတ်တော့ဘူး။ ချစ်ချစ်ကြီးဖြစ်သွားပြီ။
ဂျိုကုပ်ရှိရာဂျိုထောင်မလာဘူးတဲ့...
လိုက်ဖက်ပါပေ့ဗျား...
မန္တလေးက အပျိုဖိတ်ဆိုတဲ့ ဓလေ့လေးကို သေချာဖတ်သွားတယ် ရွှေစင်..။ မှတ်သားစရာပေါ့နော်။ မင်္ဂလာဆောင် အတွေ့အကြုံနဲ့ ရွှေစင့် ချစ်ချစ်ကြီး အကြောင်း ဆက်ဖတ်တော့ ပြုံးရတယ် ရွှေစင်ရေ..။ အင်းပေါ့လေ ဗိုက်ဆာတာပဲ ဘယ်တတ်နိုင်မလဲ ဟိတ်တွေဟန်တွေနဲ့ ဆိုတော့ သူလည်း မစောင့်နိုင်တော့ဘူးပေါ့.... အေးတာပဲလေ။း))
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ဟားဟား..ရီနေရတယ်။ အမချစ်ချစ်ကြီးကလဲ အတော်ရီရတယ်
အမကရေးတတ်တာလဲပါမှာပေါ့။ကွင်းကွင်းကွက်ကွက်။်
အမ..ငယ်ငယ်တုန်းကဆိုဖေဖေတို့က မုန့်ကျွေးပီးမှခေါ်တယ်.. အစားသောင်းကျန်းလို့
ကြီးလာတော့ သိပ်မသွားဘူး မင်္ဂလာဆောင်ထက် အသုဘလောက်ပဲသွားတယ်.. အကျီတွေဝတ်ရတာရယ် ဟိုဟာဒီဟာတွေဝတ်ရတာရယ်ကြောင့်
လူရင်းတွေလောက်ပဲ သွားတယ်။ သွားရင်လဲ ဘော်ဒါတွေတူတူထိုင်တော့ ပွဲမစခင်လဲ ရှက်ပါဘူးတွယ်တာပဲ။ ဒီမလာခင်အထိနော်.. မဝသေး၇င် ဟိုဖက်ဝိုင်းကနေစကားသွားပြောပီးသွားစားတာပဲ ရှက်ဘူး။
မင်္ဂလာဆွမ်းကျွေးဆိုလဲ ရေခဲမုန့်မဝသေးဘူဆိုပီး ထပ်ဆွဲတာပဲ အစားနဲ့ပက်သက်ရင်ရှက်ဘူး
MN
မန်းမင်ဂလာဆောင်မှာ လဘက်ကို ကွမ်းအစ် အကြီးကြီးနဲ့  အလယ်ပွဲ ထားပြီး စားကြတာဆို၊ လဘက်မပါရင် ပွဲံမစည်ဘူးဆို အရည်းတောင်းလဘက် ဆိုတာ ပွဲတိုင်းကျော်လို့ ပြောတယ်
မင်ဂလာဆောင်မှာ ဘာတွေ ကျွေးတယ် ဆိုတာလည်း ပြောပြအုန်းလေ
အဆန်းဘဲနော် ရန်ကုန်မှာဆိုရင် အဲဒီလိုဘဲ ဗိုက်က တဂွီဂွီမြည်နေရော စားပွဲအားလုံးက လူတွေလည်း စားပွဲထိုးတွေကို မျှော်ရတာ လည်ပင်းကို ရှည်လို့ အဟင်း တခါတလေ ဟန်လုပ်သူတွေ မစားရင် သယ်တာမျိုး လည်း ရှိသေးတယ် ကလေးတုန်းကပေါ့ ကြီးလာတော့ ရှက်ပြီး မသယ်ဘူး အ၀ဘဲ စားခဲ့တယ်
အင်း ဟုတ်ပ
နယ်မင်္ဂလာဆောင်နဲ့ ကွာတာ ဒါတွေဘဲ.. မုန့်ကြီးရှေ့မှာ မြင်နေရက်နဲ့မှ မစားရတဲ့ဒုက္ခ
နယ်မင်္ဂလာဆောင်တော့ ရောက်တာနဲ့ တန်းစားကြတယ်..
ဟိတ်ဟန်သိပ်မရှိဘူး.. ပြီးတော့ ညီမတို့ဆီမှာက ထမင်းကျွေးကြတာများတော့ အ၀တီးပြီး ပြန်ရုံဘဲ.. အလှစားလေး မဟုတ်ဘူးရယ်..
စိတ်ပြောင်းသွားပါပြီလေ.. ညီမမင်္ဂလာဆောင်ရင် အစ်မနဲ့ အစ်မချစ်ချစ်ကြီးကို ဖိတ်ပါမယ်..း)
အစ်မတို့၂ယောက်က လက်ညီတယ်နော်.. အားကျတာ..
Post a Comment