ကျနော် ငယ်ငယ် ကလေ အဖေ ကို အဲဒီလို လိုက်ရှာဘူးတယ်..၊ အကို အဖွားအိမ်သွားရင် အဖေ က အကို ကို ဝင်ပူးပြီး သူပြောချင်ရာတွေ ပြောသွားတယ် ဆိုလို ကျနော် အဖေ နဲ့ တွေ့ချင်လွန်းလို့ အကို နဲ့ လည်းလိုက်သွား ဘူးတယ်..။
ကျနော် တအား တွေ့ချင်လို့လား မသိဘူး အဲဒီ တခေါက်က အဖေ လာတယ်..၊ ဒါပေမဲ့ အဖေ တချိန်လုံး ငိုနေတယ်..၊ နောက်ပြီး သူ..သူ..ကျနော်တို့ လမ်းထိပ်က အပင် အကြီးကြီးမှာ နေတယ်တဲ့...စားစရာလည်း မရှိဘူး...၊..သိပ် ဘိုက်စာတယ် လို့ ပြောတယ်..။
အင်း..အဖွားက နောက်တော့ ညတိုင်း အဲဒီ အပင်အောက်ကို ထမင်းတွေ ဟင်းတွေ သွားကျွေး တယ်ပြောတယ်..၊ အမေ သိတော့ စိတ်ဆိုးတာပေါ့..၊ အဓိပ္ပါယ် မရှိတဲ့..။
အကိုလား.. အကိုက အဲဒီလို အဖေ ဝင်ပူးပြီးရင် မောပြီး ကျန်ခဲ့တယ်..၊ နောက်ပြီး သူငယ်ချင်း တွေက တစ္စေကြီး သား လို့ ပြောတာကို ရှက်တယ်တဲ့..အဖေ သွားပါတော့တဲ့..။
အဲဒါ တကယ်လား..ဟုတ်လား..ကျနော် လည်း မသိဘူး..၊ ဒါပေမဲ့ အဖွားတို့ပြောတာတော့ အကို ကို အဖေ ဝင်ပူးနေတဲ့ အချိန်..အမေ လမ်းထိပ်က လာနေတာကို သိတယ်တဲ့..၊ အမေ လာပြီ ဆိုရင် လာနေပြီ လမ်းထိပ်ရောက်နေပြီလို့ ပြောပြီး အကို ကို ဝင်ပူးနေရာက နေထွက်သွားတယ်တဲ့..။
ခဏနေ အမေ လည်း ရောက်လာရောတဲ့..၊ အဖွား ပြောတာတော့ မင်း အဖေက တစ္စေဖြစ်နေ တာတောင် မင်း အမေ ကို ကြောက်နေ သေးတယ်ထင်တယ်..ဘယ်တော့ မှ အတွေ့မခံဘူး လို့ပြောတာဘဲ....။
အဖွား တို့လား အိမ်မှာ အဖေ့ အတွက် ခဏခဏ ဘုန်းကြီး ဆွမ်းကျွေးပြီးတော့ အမျှအတန်းဝေ ပေးပါတယ်..၊ ဒါပေမဲ့ အဖေ လေ နှစ်ပေါင်းများစွာ မကျွတ်လွတ်နိုင်ပါဘူးဗျာ..။
ကျနော်လေ ငယ်ဘဝ တလျှောက်လုံး အဲဒီလို တစ္ဆေကြီးသား အဖြစ် ကြီးပြင်းလာခဲ့ရပါတယ်..။
.........The end........
အားလုံး ကျမ်းမာ၊ ချမ်းသာ ကြပါစေ။
ဖတ်ရှု့ အားပေးသည့်အတွက် ကျေးဇူး အထူးတင်ပါသည်။
.
3 comments:
it's real????
momiji
တကယ်ပါဗျာ ကျနော့် ရဲ့တော်တော် ရင်းနှီး တဲ့ မောင်အရင်း ကဲ့သို့ ချစ်ခင်ရသော မောင်လေး ၂ ယောက်ရဲ့ ဘဝလေးပါ
အမရေ..
အရေးအသားကောင်းလွန်းလို့ဟတ်ထိသွားတယ်
်ဖတ်ပီးတော့ ရင်ထဲမှာမကောင်းဘူး..
မာနတွေကိုယ်စီနဲ့မိဘတွေကြားထဲက ကလေး၂ယောက်ကအရမ်းသနားဖို့ကောင်းတယ်
အိမ်ထောင်စုတိုင်းသာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်
ကြပါစေလို့ဆုတောင်းလိုက်ပါတယ်
Post a Comment