Sunday, December 6, 2009

မြန်မာပြည် ကြီး နှင့် အင်တာနက် သုံးစွဲသူများ (၂)

၂.၁

ကျနော်က အင်တာနက်ဆိုင်လည်း တွဲ ဖွင့် ထားတာဆိုတော့ အင်တာနက် သုံးသူတွေလည်း လာကြပါတယ်၊ ကျောင်းသူ တွေနဲ့ ဆရာ၊ ဆရာမ အများစု လာသုံးကြပါတယ်။

ကျနော့် အင်တာနက်ခန်းမှာ အင်တာနက်သုံးသူတွေကို အကူအညီပေးဖို့ ကလေးတယောက်လည်း ရှိပါတယ်။ ဒါပေမဲ့ ဒီကလေး ကလည်း အလုပ်က ခပ်များများဆိုတော့ ..၂၄ နာရီ ကွန်ပျူတာရှေ့ထိုင်ပြီး တောရေးတောင်ရေး လုပ်နေတဲ့ ကျနော် ခေါင်းပေါ် ကို အင်တာနက် ပြသာနာတွေက ရောက်ရောက် လာတယ်ဗျာ..။

တနေ့က နယ်ကဆရာမ တယောက် အင်တာနက် သုံးပြီး စာလာရှာတယ်၊ စာတော့ ရှာတတ် ပါတယ်..နဲနဲလောက် သူမသိတာမေးပြီး သူဘာသာသူ လုပ်သွားတယ်၊ နောက်ပြီး သူ့ဆရာ ပေးထားတဲ့ email လိပ်စာ ကိုပြပြီး သူ့စီကို စာပို့ရင်ရလားပေါ့၊ အဲဒါနဲ့ ရပါတယ်၊ ဆရာမ မှာ email လိပ်စာရှိလား ဆိုတော့ မရှိဘူးတဲ့..၊ ဒါဆိုရင် ဆရာမ email account တခုလုပ်လိုက်ပါလား လို့ပြောတော့ အကြာကြီး စဉ်းစားပြီးတော့ ပိုက်ဆံဘယ်လောက် ပေးရမှာလည်းတဲ့၊ အဲဒါနဲ့ ကျနော် လည်း အင်တာနက် သုံးခ ဘဲယူပါ့မယ်၊ account ဖွင့်ခ မယူပါဘူးလို့ ပြောတော့..စဉ်းစားအုန်းမယ်တဲ့..။

အဲဒါနဲ့ နောက်နေ့ကြ တခေါက်ပြန်လာတယ်၊ မေးစရာရှိလို့တဲ့ ကျနော်လည်း မေးပါပေါ့.. သူ account လုပ်ပြီးရင် ဒီဆိုင်မှာဘဲ သုံးလို့ ရတာလားတဲ့..၊ ကျနော် လည်း အဲ.. ဒီဆရာမကတော့ အင်တာနက် ဗဟုသုတ မရှိဘူးဆိုပြီး ကျနော် သိသလောက် ရှင်းလင်းပြရတော့တာပေါ့..ကျနော်လည်း နဲနဲလောက် ..အင်း များများလောက်..အာပေါက်အောင်လည်း ရှင်း ပြီးရော အင်း အဲဒါဆို ကျမ စီစာလာတာ သိအောင်၊ ကျမတို့ နယ်ရောက်ရင် အဲဒီအင်တာနက် ဆိုင်ကို ကျမ email ပေးထားရမှာပေါ့နော်တဲ့..။

ဟဲ..ဟဲ တော်သေးတာပေါ့နော်..ဆရာမက နယ်ကဖြစ်နေလို့ ကျနော်တို့ မြို့ကဆိုရင် ကျနော်လည်း စာပို့သမား တာဝန်ပါ ပူးတွဲ ထမ်းဆောင်ရတော့ မလို...။

နောက်တော့ ကျနော် ဘဲ အပြောကောင်းလို့လား တော့ မသိဘူး၊ ဆုံးဖြတ်ချက် တခုကို ခိုင်ခိုင်မာမာ ချသွားပါတယ်၊ ဆရာစီ စာပို့ဘို့ကလည်း သိပ်အရေးမကြီးပါဘူး၊ တခြားလည်း သုံးစရာလည်း မရှိတော့ account မဖွင့် တော့ပါဘူးတဲ့...အင်း အဲဒီလို..အဲဒီလို.ကျနော် ရဲ့စွဲဆောင်အား ကောင်းပုံများတော့..ပြော ..မပြောချင်ပါဘူး...။ အဲဒါ..နယ်တက္ကသိုလ်..တခုက ဆရာမကြီး တယောက်ပါ..။

၂.၂

နောက် ဆရာမ တယောက် လာတယ်ဗျာ..၊ စာရှာချင်လို့တဲ့၊ ကျနော့် ဘေးက စက်မှာလာသုံးတယ်၊ ကျနော့် ဝန်ထမ်း ကလေးကလည်း စက်ဖွင့်ပြီး ရှာဖို့ အကုန်အဆင်သင့် လုပ်ပေးပြီး  တခြား ထွက်သွားတယ်၊ ကျနော်လည်း ကျနော့် အာရုံနဲ့ ကျနော် ဆိုတော့ သတိမထားမိလိုက်ဘူး..၊ အတော်ကြာမှ ဟင်း စက်ကလည်း ဘာမှလည်း ကျမလာဘူး..လို့ရွတ်သံကြားမှ ကြည့်လိုက်တယ်၊ ပါးစပ်ကတော့ ထုံးစံ အတိုင်း ပေါ့ဗျာ file size ကြီးုရင် နဲနဲစောင့်ရတယ်..ဘာ ညာပေါ့ဗျာ..။

အမယ် သူကလည်း ပြန်ပြောတယ်ဗျ..၊ စောင့်ရတာ နာရီဝက်လောက်တောင်ကြာ သွားပြီ..၊ အခုထိ ဘာမှ မထူးဘူးတဲ့.. ရှင့်တို့ဆိုင်က ဒီလိုဘဲလားတဲ့..၊ အဲဒီတော့ ကျနော် လည်းမနေသာတော့ဘူး ..ဆရာမ ရှာမဲ့ စာကဘယ်မှာလည်း ဆိုတော့ အဲဒီမှာ ရိုက်ထားပြီးပြီလေတဲ့..၊ ဟုတ်.ဟုတ် ဆိုပြီးကျနော် ကြည့်လိုက် တော့.. မမ က စာတော့ ရိုက် ထားပါရဲ့ search မနှိုပ်၊ enter မနှိုပ် ဘဲ မိန့်မိန့် ကြီးထိုင်ပြီး ကြည့်တော် မူနေတာကိုးဗျ..အဟဲ..။

.

5 comments:

သိင်္ဂါကျော် said...

ဒီလို လက်ပေါက်ကပ်တဲ့ သူတွေလည်း ရှိသေးသကိုး... လူတိုင်းလူတိုင်း internet သုံးတတ်ရေး ဆိုပြီး စာတတ်မြောက်ရေး လုပ်သလို လုပ်ရမယ့် ပုံ ဖြစ်နေပြီ...

မောင်သီဟ said...

သြော်ဗျာ လွဲချက်ကယ်နော် ဒီလိုပါပဲဗျာ
ဘုစုခရုလေးတွေ အင်တာနက်ထဲ ကျင်လည်နေတဲ့ခေတ်
မှာ လူကြီးတချို့က ဘာမှန်းမသိကြသေးဖူးဗျ
အဲ လူကြီးမပြောနဲ့ ကျွန်တော့်သူငယ်ချင်းအရင်းတွေ
တောင် တချို့ဆို အင်တာနက်ဒီလောက်ခေတ်စားနေတာ
လုံးဝမထိုင် မသိဖူးဗျာ ခေတ်လူငယ်တွေပဲ တခါတခါ
တွေးမိတယ် သူတို့လိုနေလဲဟုတ်တာပဲလို့လေ
အိမ်မှာတောင် နှစ်ကောင်ရှိသေးရဲ့ အင်တာနက်ဆိုင်
မထိုင်တတ်ဖူး

khin oo may said...

သူ save လုပ်ပြီးရင်ဘယ်နား save လုပ်ခဲ့သလဲ မေးကြည့်ပါဦး

Welcome said...

နက်ပေါ်မှာ လိုချင်တာ အကုန်ရနိုင်တယ်လို့ သိပေမယ့် အပြည့်အ၀အသုံးမချနိုင်သေးတာက အားနည်းချက် တစ်ရပ်ပါပဲ။ လူတိုင်း လူတိုင်း အင်တာနက် ဗဟုသုတတွေ ရစေချင်ပါတယ်ဗျာ။

ပျော်ရွှင်ပါစေ

အင်ကြင်းသန့် said...

အားရပါးရလည်း ရီချင်ရဲ့
ရီလည်းမရီရက် ဆိုသလိုဖြစ်နေတယ်။

အင်တာနက်ဗဟုသုတတွေကို နယ်တကာ၊ ရပ်ကွက်တကာလှည့်လည်ဟောပြောပွဲလုပ်မှပဲ။




ချစ်ညီမလေး