Friday, December 4, 2009

လွတ်လပ်ခြင်း




လွတ်လပ်ခြင်း...တွယ်ငြိခြင်း ထက်
 ပို လို့...
 ငါ မိသားစုကို စွန့်ခဲ့တယ်၊

 လွတ်လပ်ခြင်း..ချစ်ခြင်းထက်
 နှစ်သက် လို့...
 ငါ ချစ်သူကို စွန့်ခဲ့တယ်၊

 လွတ်လပ်ခြင်း...စီးမြောခြင်းထက်
 ကြိုက် လို့...
 ငါ ဧရာဝတီကို စွန့်ခဲ့တယ်၊

လွတ်လပ်ခြင်း...အားလုံးထက်ပို
ငါ မြတ်နိုးလွန်းလို့
အမိ မြန်မာပြည်ကို စွန့်ခဲ့တယ်၊

ဟေ့... သတိသာ ထားကြ
ငါ လွတ်လပ်ခြင်း ရဘို့
သေခြင်းနဲ့ လဲ ရဲတယ် .....


 .

1 comment:

Beauty Studio USA Branded Store said...

ဒါကြောင့်လဲ သူရေးခဲ့တယ်လေ Freedom from Fear တဲ့။ဆက်လက်အောင်ပွဲ ဝင်နိုင်ပါစေ။=)