ဒီနေ့တော့ ကျနော် မူးသွားခြင်း ကို တော်လောက်ပြီ ဆိုပြီး တခြားခေါင်းစဉ် တခုပြောင်း တော့မလို့ဗျ......၊ မမေဓါဝီ ကြိုက်တဲ့ အညာဟင်းလေး ချက်မလို့..၊ ဟင်းစပ်တောင် စီစဉ် ပြီးပါပြီ..၊ ဒီနေ့ မရမ်းသီးထောင်း၊ ခဝဲသီး နဲ့ မှို နဲ့ရောချက်တယ်ဗျ..အရေသောက်လေး.. ပြီးတော့ ဝက်သားချက် ...၊ နောက်မှ ကျနော် သေချာ ချက်ကျွေးပါမယ်..၊ ဒါပေမဲ့ ညီမငယ် Jasmine က ဒီလောက်မူးတာနဲ့ မကျေနပ်သေးဘူး ဂျွမ်း ပြစ် တဲ့ အထိမှ ဆိုတော့ ချန်ထားခဲ့ ရင် မကောင်းပါဘူး.. စမိမှတော့ မထူးပါဘူးဆိုပြီး.. ပြီးဆုံးတဲ့ ထိ ရေးရ တာပါ...၊
ကျနော့် နေရာမှာ ယောက်ကျားလေး တယောက်သာ ဖြစ်ရင် ဒီမူးသွားခြင်း ဆိုတာ ဘာမှ ဆန်းကျယ်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော်က မိန်းမ တယောက် ဖြစ်နေတော့.... ကျနော့် ကို ဆိုးလိုက်တာ ဆိုပြီး စိတ်ကုန် သွားမှာလည်း ကြောက်သေးတယ်ဗျ...၊ နောက်ပြီး ချစ်ညီမ ကလည်း ခင်ဗျားဟာ အရှက် ကိုမရှိဘူး ဆိုပြီး.. ပြောနေပြီ... ဒါပေမဲ့ ကျနော်ကလည်း စ မိမှတော့ ဆုံးခန်းတိုင် ရောက်ချင်တာ နဲ့ ဆက်ရေး ဖြစ်တာပါ..။
ကျနော် ရဲ့ my grandpa ထဲမှာ ကျနော် အဖိုး အကြောင်း ရေးထားပါတယ်.၊ ကျနော် အချစ်ဆုံး ပါ..၊ ကျနော့် အဖိုးက ဘုန်းကြီးပါ..၊ အလုပ်က ပင်စင်ယူပြီး ကထဲက ဘုန်းကြီးဝတ်သွားတာပါ...၊ ကျနော် လူမှန်းသိတတ်စ ကထဲက ဘုန်းကြီးဝတ်နဲ့ ပါ..၊ ဆုံးသွားတဲ့ အထိ နှစ်ပေါင်း ၂၀ ကျော် ဘုန်းကြီးဝတ်နဲ့ နေသွားပါတယ်..၊ အသက် ၅၀ ကျော် လောက်ကနေ ဆုံးသွားတဲ့ အထိ နှစ်ပေါင်း ၃၀ ကျော် သတ်သတ် လွတ် စားသွားပါတယ်...။
ကျနော် ကလည်း ကျနော့် အဖိုး ကို တအားချစ်တယ်..၊ မြေးအကြီးဆုံး လည်း ဖြစ်တယ် ဆိုတော့ ကျနော်ဟာ ဘုရားတရား နဲ့ ပတ်သက်ရင် ကျနော့် အဖိုးရဲ့ သွန်သင် ဆုံးမမှု့ကို အခံရဆုံးပါ...၊ ငါးပါး သီလ ဆိုရင် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ် ပါ၏.. လို့ ဆိုရတဲ့ အပြင် သူ့အသက်သတ်ခြင်း ကို အားပေးအားမြှောက်ပြု ခြင်း...၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းမှ ရှောင်ကြဉ် ပါ၏ လို့ပါ အဆစ်ထဲပြီး ဆိုခဲ့ရပါတယ်..။
ဒီလိုဘဲ သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ မူးရစ်စေတတ်သော ဘိန်းကင်း ကဇော် လှော်ဇာ အရက် တို့ကို ရှောင်ကြဉ် ပါ၏..၊ အားပေး အားမြှောက် ပြုလုပ်ခြင်း.... ရောင်းဝယ် ဖောက်ကား ခြင်းကိုလည်း ရှောင်ကြဉ် ပါ၏.. ဆိုပြီး တသက်လုံး ရွတ်ဆိုခဲ့ရပါတယ်..။ ကျနော် အလုပ်တခု လုပ်ပြီဆိုရင် အဖိုးရဲ့ ငါးပါးသီလ နဲ့ လွတ်ကင်းရဲ့လား ဆိုပြီး အမြဲတန်း စဉ်းစားခဲ့ပါတယ်..၊
ကျနော် ငယ်ငယ်က ကြယ်နီရဲ့ ကိုတံငါ ဝတ္ထု ကို အရမ်းကြိုက်ပါတယ်..၊ ဒါပေမဲ့ စာအုပ်ဖတ်ပြီး ... ကျနော့် သီလ များပျက်ပြီလား ဆိုတာ စဉ်းစား ခဲ့ပါသေးတယ်..၊ ငါးဖမ်း တာတွေ ပါနေတဲ့ အတွက် ငါးတွေ ဖမ်းမိပြီ ဆိုရင် ကျနော်လည်း ထပ်တူထပ်မျှ ဝမ်းသာ ခဲ့ တဲ့ အတွက် ငရဲကြီးမှာ ကြောက်ခဲ့တာပါ..၊ နောက်ပြီး လိမ်ညာ ပြောဆိုခြင်း ကိုလည်း တသက်လုံး အသေးအဖွဲ ကစပြီး တတ်နိုင်သလောက် အခုအချိန်ထိ ထိန်းသိမ်း ခဲ့ပါတယ်..။
နှစ်ပေါင်း များစွာ ဘုရားစာတွေကို နေ့စဉ်မပျက် ရွတ်ဖတ် ပူဇော်ခဲ့ပါတယ်..၊ နောက်ပိုင်း နှစ်များမှာတော့ ရွတ် ရင် အရွတ် ဘဲရမှာ ဆိုပြီး meditation လုပ်ခြင်းသာ ဗုဒ္ဓ ရဲ့ အနှစ်သာရ အစစ်အမှန် ဆိုပြီး ရွတ်ဖတ်ခြင်း ကို နားလိုက်ပြန်တယ်.. ၊ အခု တော့ ကျနော် ဟာ အရွတ် လည်း မရ အသား လည်း မရ နဲ့ ဒုက္ခလမ်းကြောင်း ပေါ်မှာ လျှောက်နေတဲ့ သနားစရာ ရွှေစင်ဦး ပါ..။
ကျနော် ဟာ တခါတလေ ဘဝကို အရွဲ့တိုက် ချင်တဲ့ စိတ်တွေ ရယ် ပင်ကိုယ် သဘာဝကိုက ယောက်ကျား မိန်းမ ခွဲခြား တာကို မကြိုက်တာရယ် ယောက်ကျား တွေကြ လုပ် ငါတို့ မိန်းမ တွေကြ မလုပ်နဲ့ ဆိုတဲ့ သဘာဝ တရားကြီး ရဲ့ မတရားတာကို မကြိုက်တဲ့ စိတ်တွေရယ်..၊ ပင်ကိုယ် ဓါတ်ခံ ကို က မကောင်းတဲ့ အတွက် ရယ် ကြောင့် သီလ ကို ချိုးဖောက်မိပါတယ်..၊ မသိလို့လုပ်တာ မဟုတ်ဘဲ သိသိကြီးနဲ့ မကောင်းမှု့ကို ကျူးလွန်ခဲ့ပါတယ်..။
ကျနော် လုပ်တာတွေကို အပျော်အနေနဲ့ စာဖတ်သူ တို့ဖတ်စေချင်လို့ရေးခဲ့တာပါ..၊ သီလ ချိုးဖောက် တာဟာ လုံး၀ မကောင်း ပါဘူး..၊ ဒါတွေ အပြင် လူဟာ မူးသွားရင် ဘာကိုမဆို ကျူးလွန်ဘို့ ဝန်မလေး တော့တဲ့ အတွက် လက်တည့် စမ်းကြည့် ဘို့ကို မကောင်းတဲ့ အရာပါ..။
အခု ကျနော့် သားသမီးများ ဟာ သင်္ကြန်သီချင်း တွေ တောက်လျှောက်ဖွင့် နေကြတယ်.. ကျနော် ကလည်း သင်္ကြန် အကြောင်းရေးမှာ ဆိုတော့ ပို အဆင်ပြေသွားတာပေါ့ဗျာ..။
တခုသော သင်္ကြန်မှာပေါ့ ဗျာ.. ကျနော့် နဲ့ ချစ်ချစ်ကြီး ရဲ့ ၁၁ နှစ်တာ ချစ်ခရီး အဆုံးမသတ်ခင်ပေါ့..၊ ကျနော့် ငယ်သူငယ်ချင်း (ဖေဖေ က ပေါင်းတာ မကြိုက်တဲ့ သူငယ်ချင်း.၊ ကျနော် ကလေး ကထဲက ပေါင်းခဲ့တဲ့ သူငယ်ချင်း ပါ) က မင်္ဂလာဆောင်တယ်.. တီးဝိုင်း တခု က ဂစ်တာ သမား အဆိုတော် တယောက်နဲ့ပါ...၊ သူငယ်ချင်း တို့ရဲ့ ဝတ္တရား ရှိတဲ့ အတိုင်း အကုန်လိုက်လုပ်ပေးခဲ့ပါတယ်...၊ သူတို့ မင်္ဂလာ ဆောင်ပြီး သိပ်မကြာ ပါဘူး.. သင်္ကြန်ရောက်ပါတယ်...။
ကျနော့် ချစ်ချစ်ကြီး စီမှာ ဂျစ်ကား တစီးရှိပါတယ်..၊ သင်္ကြန် ဆိုရင် ချစ်ချစ်ကြီးက ဘယ်တော့မှ ကားနဲ့ မလည်ရပါဘူး အန္ဒရာယ် များတဲ့ အတွက်ပါ..၊ သူ့မှာ ညီ ၂ယောက်ရှိပါတယ်.. အလတ်က အဏ္ဏဝါဇီဝ ဗေဒနဲ့ မော်လမြိုင်တက္ကသိုလ် တက်နေပါတယ်.. အငယ်က ရန်ကုန် RIT တက်နေတာပါ..။
အဲဒီနှစ်က သူ့ ညီ၂ ယောက်က လည်း လည်ချင်တယ်..၊ ကျနော် ကလည်း လည်ချင်တယ်..၊ ကျနော့် သူငယ်ချင်း ရခါစ လင်မယား ၂ယောက်ကလည်း လည်ချင်ပါတယ်..၊ အဲဒီတော့ ချစ်ချစ်ကြီးကို ရအောင်ပြောဖို့ရာ ကျနော့် တာဝန်ပေါ့ ... လွယ်ပါတယ်ဗျာ.. ခွင့်ပေးပါတယ်..၊ ဒါပေမဲ့ သူတော့ မလိုက်ဘူးပေါ့...၊ သူ့ ညီအလတ်က ကားမောင်းပေါ့ ..၊ ကျနော့် သူငယ်ချင်း ရခါစ လင်မယားနဲ့ သူငယ်ချင်း ၄-၅ ယောက်က ဆီထည့်ပြီး အားလုံး လျှောက်လည် ကြပါတယ်..။
ကားပေါ်မှာ ကျနော့် ညီမအလတ် ရော သူ့ညီ ၂ယောက်ရော ပါပါတယ်..၊ သူ့ညီ ၂ယောက်ကလည်း သူတို့အိမ်ထုံးစံ အတိုင်း ချစ်ချစ်ကြီး ကို အတော်ကြောက်ရပါတယ်..၊ ကျနော် တို့ ဟာ လျှောက်မလည်ခင် ချစ်ချစ် ကြီး ရဲ့ သြဝါဒ စကားကို တနာရီ လောက် နားထောင်ပြီးမှ သွားခွင့်ရပါတယ်...၊
စထွက် ကထဲက သူ့ညီအလတ်က ကားကို ဖြေးဖြေး မောင်းတာပါ. ..... ဒါပေမဲ့ ကျုံးထိပ် အရောက်မှာ ဆိုက်ကား တစီး နဲ့ ညိသွားပါတယ်..၊ ဆိုက်ကား ဆရာက လူတော့ ဘာမှ မဖြစ်ပါဘူး.. ဒါပေမဲ့ လျော်တော့ လျော်လိုက်ရပါတယ်..၊ အဲဒီမှာ သူညီကလည်း သူ့အကို ဆူမှာကြောက်ပြီး စိတ်ညစ်သွားဟန် တူပါတယ်..၊ မျက်နှာငယ် လေးနဲ့ပါ..။
ကျနော် ကလည်း စိတ်တော့ ညစ်သွားပါတယ်.. ဒါပေမဲ့ သိတယ်မဟုတ်လား..၊ လွယ်လွယ် တော့ ဘယ်အရှုံး ပေး မလည်း ကဲ.. ကိုလတ် ရေ ဖြစ်ပြီးသွားပြီ ပျော်ပျော်ဘဲနေပါ.. မှားတာ ကလည်း ဆိုက်ကား ဆရာက မှားတာပါ အပြစ် မရှိပါဘူး ဆိုပြီး ဆက်ပြီး လည်ကြတယ်ဗျ....။
ထုံးစံအတိုင်းပေါ့ လူငယ်တွေ အခင်ဆုံးသူငယ်ချင်းတွေ ဆိုတော့ အားလုံး ပျော်ပျော်ပါးပါး ပါဘဲ.. လည်ရင်းလည်ရင်းနဲ့ .... ရိုးရိုး ပျော်ရုံတင် မကတော့ဘူး..ဆန်းချင်လာပါတယ်..၊ အဲဒီအတွက် ကားပေါ်မှာ ပါတဲ့ ကျနော့် သူငယ်ချင်း တွေ က.. ဘီယာ တွေ အရက်တွေ ဝယ်ပါတယ်....၊ချမ်း လည်း ချမ်း ပျော်လည်း ပျော်ဆိုတော့ ကျနော် လည်း တခွက် မက သောက်ခဲ့ ပါတယ်..။
ကျနော် သောက်တဲ့ အပြင် ချစ်ချစ်ကြီး ရဲ့ ညီ၂ယောက် ကိုလည်း တိုက်ခဲ့ပါတယ်.. ကားမောင်းတဲ့ ညီကိုလည်း စိတ်မညစ်အောင် ဆိုပြီး တိုက်ပါတယ်.. သူ့အကို ကို ကျနော် ပြောမယ် ဆိုပြီး အတင်း တိုက် တာပါ..၊ တကယ် ဆို ကားမောင်းတဲ့ လူဟာ မမူးရပါဘူး ..၊ ကျနော့် မှာ စဉ်းစား ဉာဏ် မရှိ တော့ပါဘူး.. ကိုယ် သောက်ရုံတင် မကပါဘူး သူများ ပါ မြှောက်ပေး ခဲ့ပါတယ်.. မသောက်မချင်း စိတ်မကျေနပ် ပါဘူး.. အဲဒါ ရစ်ခဲ့ တာပေါ့ဗျာ.. ။
နောက်ပြီး သူ့ညီ အငယ် ကိုလည်း အလွတ်မပေးပါဘူး....သောက်ခိုင်းပါတယ်.. တကယ်ဆိုရင် အဲဒီညီက လိမ္မာပါတယ်.. ဆေးလိပ် အရက် ကွမ်း ဘာမှ မလုပ်ပါဘူး.. အခုထိလည်း ဒီအတိုင်းပါဘဲ.. ကျနော် ရစ် လို့ အဲဒီနှစ်က သူသောက်ဖူးသွားပါတယ်..။
အဲဒီ အတွက်လည်း အခုထိဘဲ ပြောလို့ မပြီးပါဘူး.. သူ့ ဘဝမှာ အဲဒီနှစ်က သင်္ကြန်မှာ လည်ခဲ့ ရတာ အပျော်ဆုံးဆိုတာကိုပေါ့..၊ အဲဒီတုန်းကလည်း သူ တကယ် ပျော်ခဲ့တယ် ထင်တယ်.. ရေပက်ခံ မဏ္ဍပ်တခု ရောက်တိုင်း ကားပေါ်ကနေ အောက် ဆင်းဆင်းပြီး က ပါတယ်..၊ အမြဲတန်း လူစစ်ရင် သူ ကျန်ခဲ့တာ ကြီးဘဲ.. ၊ ဒါပေမဲ့ ဒါတွေဟာ ကံကောင်းလို့ ဘာမှ မဖြစ်ခဲ့ တာတွေပါဘဲ.. ကံမကောင်းရင် နောက်ဆက်တွဲ ပြသာနာ တွေ အများကြီး ဖြစ်နိုင်ပါတယ်..၊ ..........ရွှေစင်ဦး ဟာ အဲဒီလို မကောင်းခဲ့ပါဘူး..မူးသွားတဲ့ အတွက် အဲဒီလို အမှားအမှန် မသိဘဲနဲ့ ရစ်ခဲ့ ပါတယ်..။
နောက်ပြီး ကျနော်ရဲ့ အတိုင်းအဆ မရှိ သောက်ခဲ့တာကြောင့် လမ်းမှာ အမူးလွန်ပြီး အိပ်ပျော်သွားပါတယ်..၊ ကျနော် သတိပြန်ရလာတော့ ကားက အိမ်ရှေ့ပြန်ရောက်နေပါပြီ..၊ ကျနော်လည်း မျက်ထောက်နီ ကြီးနဲ့ ကြည့်နေတဲ့ ဖေဖေ ကို မသိချင်ယောင်ဆောင်ပြီး အမြန်ရေချိုးပြီး အိပ်လိုက်တာ ညနေစောင်းမှ နိုးလာပါတယ်..။

ကဲ သင်္ကြန်မှာ မူးပြီး ရစ် ခဲ့တာတော့ အဲဒီ သင်္ကြန် တနှစ်ထဲနဲ လမ်းဆုံးသွားပါပြီ.. ဖတ်ချင်တဲ့ ညီမငယ် များလည်း ကျေနပ်ကြပါတော့..
ကျနော်လည်း အမှာစာလေး ရေးပေးလိုက်ပါမယ်.. ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်ပါနဲ့ တဲ့ .....
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.