မင်းသမီး မဟုတ်ပါ ရွှေစင်ဦး ပါ
ရွှေကျင်နေသော တိုင်းရင်းသားများ နဲ့ သူတို့ ယာယီ နေသော တဲကလေးများ
ကဲ..ဒီနေ့တော့ မင်းသမီး ဓါတ်ပုံရိုက်ခန်း ရောက်ပါပြီဗျာ...၊ ဖေဖေ တပည့် မြစ်ကြီးနား မြို့က နံမည်ကြီး ဓါတ်ပုံဆရာ ပါဘဲ..၊ ကျောင်းတက်ရင်း နဲ့ ဓါတ်ပုံ ဆိုင် ဖွင့်ထားတာပါ.. တရုပ်လူမျိုးပါဘဲ..၊ ကျနော့် ကို စိတ်ရှည်လက်ရှည် နဲ့ မြစ်ကြီးနားမြို့ ဝန်းကျင်ကို လိုက်လံပြသပြီး ဓါတ်ပုံ တွေလည်း ရိုက်ပေးပါတယ်..၊ နောက်ပြီး သူ့ဆိုင်ကို ခေါ်သွားပြီး ဓါတ်ပုံ ကူးတာတွေ နဲ့ တခြားလုပ်ငန်း တွေကိုလည်း ပြပေးပါတယ်..၊ ကျေးဇူးပါ.. ကျနော် နံမည် မေ့နေတဲ့ အတွက်ခွင့်လွှတ်ပါဗျာ..။
နောက်ပြီး ဖေဖေက ကျနော့် ကို အဲဒီအခေါက်မှာတော့ အတော်ကို အလိုလိုက်တယ်ဗျ..၊ ခရစ်စမတ် အတွက် တီးကြ မှုတ်ကြတဲ့ စီတာပူ ရွာထဲက တီးဝိုင်းတွေလည်း လိုက်ပြတယ်..၊ ကျနော့် တသက်မှာ ဖေဖေ အဲဒီလို ပွဲခင်းတွေ ဘာတွေ လိုက်ကြည့်တာ ပထမဆုံးမြင်ဘူးတာဘဲ..။ နောက်ပြီး..ဖေဖေ ရတဲ့ အစိုးရ အိမ်တွေမှာ ပထမဆုံး နေဘူးခြင်းဘဲ..၊ ကျနော့် ဖေဖေ အကြောင်းလဲ နဲနဲလေး ပြောချင်တယ်.. ဖေဖေက တက္ကသိုလ် ဆရာဆိုတော့ ကျနော်က ကျောင်းထဲမှာ အိမ်ရစေချင်တာဗျ.. ၊ ကျောင်းထဲမှာ နေချင်တာပေါ့..၊ တက္ကသိုလ် ဘုန်းနိုင်တို့ နေသွားတဲ့ တိုက်ကြီးတွေ ကြည့်ြ့ပီး ဖေဖေ ကျောင်းထဲမှာ နေချင်တယ်.. အိမ်မရဘူးလားလို့ ငယ်တုန်းက အမြဲမေးပါတယ်..၊ မရဘူးတဲ့..၊ ဖေဖေ မန္တလေး တက္ကသိုလ် မှာ တခါမှ အိမ်မရဘူးပါ ခင်ဗျား..။
ကျနော် လည်း ဘာကြောင့်ဆိုတာ မသိဘူး..၊ နောက်မှ.. မေမေ ပြောပြတာ.. ဖေဖေ အိမ်လျှောက်.. တယ်ဆိုရင် ရမှာပေါ့ .. ဒါပေမဲ့ အမြဲတန်း မန္တလေးမှာ အိမ်ပိုင် ရှိလားဆိုရင်.. ရှိတယ်ဘဲ ဖြေတော့.. ဘောင်မဝင်လို့ အိမ်မရဘူးတဲ့..၊ ဒါပေမဲ့.. အိမ်ပိုင်ဆိုတာ အဖိုး အဖွားပိုင် တာပါ..၊ မရှိဘူးပြောရင်လည်း အပြစ်လွတ်ပါတယ်..၊ သူများတွေလည်း ဒီလိုပြောပြီး အိမ်တလုံးတော့ ယူထားတာဘဲ..၊ ဒါပေမဲ့ ဘယ်တော့မှ ဖေဖေ လိမ်မပြောဘူး..၊ ကျနော် ဖေဖေ ကို မကြိုက်တာတွေ အများကြီးဘဲ.. ဒါပေမဲ့ ဖေဖေ ရဲ့ မလိမ်တတ်တာ ရယ် မဆဲတတ်တာရယ်ကို တော့ ကျနော် တသက်လုံး လေးစားပါတယ်..၊ မဆဲ တတ်တာလည်း အံသြတယ်.. ကျနော် ဆို ဆဲတတ် သလား မပြောနဲ့ နည်းမျိုးစုံ နဲ့ ဆဲတတ်တယ်.. ရန်ဖြစ်ချင်သူများ သတိထားပါ..။
အဲဒီလိုနဲ့ ကျနော် ဟာ ဖေဖေ နဲ့ နေတာ အတော်ကြာသွားပြီ..၊ ကျနော် ပြန်တော့ မယ်လို့ဖေဖေ ကို ပြောတယ်..၊ အင်းတဲ့ လက်မှတ်ဝယ်ပေးမယ်တဲ့..၊ ဒါပေမဲ့ လက်မှတ် ကရမလာဘူး.. ဒါနဲ့ ကျနော်ဟာ ဖေဖေ နဲ့ ဒုတိယ အကြိမ် ကရိန်နော် ကို သွားပါတယ်..၊ ဖေဖေ ကျောင်းပိတ်တဲ့ ရက် တရက် မှာပါ..၊ တယောက် စက်ဘီး တစီး စီနဲ့ သွားတယ်..၊ ကရိန်နော် ကို ရောက်တော့ ကြည်နူးစရာတွေကို ကြည့်ရင်း ဖေဖေ ကလည်း သူ့ ချစ်ချစ်ကြီးလွမ်းပေါ့..၊ ကျနော် ကလည်း ကျနော့် ချစ်ချစ်ကြီးလွမ်းပေါ့ .. အဲဒီလို အလွမ်းပြိုင်နေရင်း ကျနော် ကဖောက်ချင်လာတယ်..၊ ဖောက်ချင် မှာပေါ့ဗျာ..၊ သူများ ရှေ့ကို တယောက်ပြီး တယောက် ခေါင်ရည်လေး မော့လိုက် ငါးကြော်လေး ကိုက်လိုက်နဲ့ လာလာ သောက်ပြနေကြတာကိုးဗျ..။
ဒါနဲ့ ဖေဖေ နားလေး အသာသွားပြီး ဖေဖေ ရေ ကချင် တွေများ ခေါင်ရေ တွေ သောက်လိုက်ကြတာ..လို့ပြော လိုက်တယ်.. အေးတဲ့ သူတို့ရိုးရာ ကိုးတဲ့..၊ အင်း.. ကချင်ပြည်ရောက်တုန်း သူတို့ ရိုးရာ ကချင်ခေါင်ရေ သောက်ကြည့် ချင်တယ်လို့ ပူစာလိုက်တယ်ဗျ..၊ နှစ်ခါ မပြောရပါဘူးဗျာ ကြည့်ရတာ သူကလည်း သောက်ချင်နေတယ် ထင်တယ်..၊ ဒီလိုနဲ့ သားအဖ နှစ်ယောက် ခေါင်ရေ တပုလင်းစီနဲ့ ငါးကြော် တကောင်စီ နဲ့ ငြိမ့် နေလိုက်ကြတယ်..၊ ဒါပေမဲ့ ကျနော့် စိတ်ထဲမှာ တပုလင်း ကုန်တာတောင် တအားကြီး မထူးသေး သလိုပါဘဲ..၊ ဒါနဲ့ နောက် တပုလင်း ထပ်ယူပြီး ဖေဖေ ကို တဝက်ပေး ပြီး ထပ်ချ ကြပြန်တယ်..၊ နဲနဲတော့ ရစ်သွားပြီဗျ...။
ဖေဖေ့ လှမ်းကြည့်လိုက်တော့လည်း.. အဲဒီအတိုင်းဘဲ အခြေအနေက သိပ်မကောင်းဘူး..၊ အဲဒါနဲ့ ဖေဖေရေ ပြန်စို့ဆိုပြီး.. ပြန်လာကြတယ်ဗျာ.. စက်ဘီးစီးရင်း ဟိုထိုး ဒီထိုး..နဲ့ မူးလိုက်တာ.. လေတိုက်လေ မူးလေ နဲ့ အိမ်တောင် ဘယ်လို ပြန်ရောက်လာလည်း မမှတ်မိတော့ပါဘူး.. ကျနော် တို့ သားအဖနှစ်ယောက် ကိုယ့် အခန်း ကို ကိုယ် ဝင်ပြီး အိပ်လိုက်တာ.. အတော်မှောင်မှကို နိုးလာပါတယ်...အိမ်ရှေ့ တံခါးမကြီး တောင် မပိတ်ဘဲ ကျနော် တို့ အိပ်သွားကြတာဗျ..။
ကဲ.. စာဖတ်သူများ ရေ ဒီတခါ ကျနော့် ရဲ့ သောက်ဖော် သောက်ဖက်ကြီးက ဖေဖေ ဖြစ်နေတဲ့ အတွက် မရစ်လိုက်ရဘူးဗျာ... နောက်များမှ ရွှေစင်ဦး မူးသွားခြင်းရဲ့ အဆက်အဆက် တွေဖတ်လိုက်ရအောင်.. အခု တခါအတွက်တော့ အဆုံးသတ်လိုက်ကြပါစို့ဗျာ..။
စာရေးသူ-ရွှေစင်ဦး
(သြ ကိုကြီးကျောက် ကျောင်းထဲကနေ စီတာပူ ဈေးဆိုရင်တော့ နီးနီးလေးပေါ့.. မြို့ထဲက ဈေးကြီးထိ သွားတာ ဆိုတော့ အဝေးကြီးပါ.. လျှာကိုထွက်ရော.. ဟောဟဲ..ဟောဟဲ..)
.
14 comments:
အမြဲလာလည်ဖြစ်တယ်.. ရီရလို့.. :D။ အခုမှ နှုတ်ဆက်ဖြစ်တာ..။
လက်သည်းတွေ လှတယ်ဗျို့..။
ဟိဟိ သားအဖနှစ်ယောက် လိုက်လည်းလိုက်တယ်
ခေါင်ရည် မူးတာ နဲ့  ကွမ်းမူးတာ ဘယ်ဒင်းက ပို သလည်း နော် ... မူးပြီးရင် ရစ်တတ်သေးသလား မရွှေစင်ဦး ရေ ...း))
အပေါ်ကပုံက ခေါင်ရည်သောက်ဖို့ ပိုက်ဆံမရှိလို့ ရွှေကျင်နေတာ ထင်တယ်။ တော်တော်ရခဲ့လားဗျ။
ပြန်တော့မယ်နော်။ အဆဲခံရမှာ ကြောက်လို့။
မရွှေစင်ဦးရေ ခေါင်ရည်က ထန်းရည်လိုပဲလား။
ထန်းရည်လဲ လေတိုက်တိုင်းမူးတာပဲနော်။ ခေါင်ရည်တော့ တခါမှ မသောက်ဖူးဘူး။
မရွှေစင်ဦး ဒီလိုလက်သည်းလှလှလေးတွေနဲ့ ၀က်စတူးဘယ်လိုချက်မယ်ဆိုတာ စိတ်ကူးထဲ မြင်ယောင်ကြည့်သွားပါတယ်။ :P
ကိုယ်တိုင်လက်စွမ်းပြတဲ့ အညာဟင်းလေးတွေလည်း တင်ပါဦး မရွှေစင်ဦးရေ .. ။
မရွှေစင်ရေ...
မရွှေစင်နဲ့ရန်မဖြစ်ရဲဘူးနော်...
မီးမီးကြောက်ကြောက်...
ွှအမရွှေစင်က အကယ်ထမီကြီးနဲ့ ဝေးလို့ မူးပြီးရင်း မူးပြနေတာလား မူးလဲ ဒါဘဲ မမူးလဲ ဒါဘဲဗျို့
အမမေဓါ ခေါင်ရည်မသောက်ဖူးရင် ရွှေပြည်ကို ပြန်ခဲ့ဗျာ အထူးဧည့်ခံပေးမယ် အခုဆို ရွှေပြည်ကြီးမှာ ခေါင်ရည်ဆိုင်က လဘက်ရည်ဆိုင်ထက်ပေါတယ်ဗျို့
ချစ်ညီမ
seesein
အမ..မူးလို့ကောင်းတုန်းပဲလား..
လိုက်ပ ..မအေရောသမီးရော အတူသောက်တာ..
အိမ်မှာဆိုရင်တော့ .ဟမလေးးးအဆဲခံလိုက်ရမဲ့အမျိုးးးးးး
ဟီးးး
ဟုတ်ပ အမလက်သည်းကအရှည်ကြီးပဲ..။
ဧရာဝတီမြစ်ကြီးရဲ့ အလှနဲ့ မရွှေစင်တို့များ အလှချင်းပြိုင်နေလိုက်တာ
ကျွန်မ ဧရာဝတီအကြောင်းအက်ဆေးရေးတော့ ဒီဓာတ်ပုံမတွေ့မိလို့
တွေ့မိရင် မရွှေစင်မြစ်ရေဆော့နေတဲ့ ပုံနဲ့ အက်ဆေးကိုတွဲတင်လိုက်ရင်
ရှယ်မိုက်သွားမယ်..
ဟုတ်သား... ဈေးကြီးနဲ့စီတာပူတာ မရှိဘူးဆို ၃မိုင် ၄မိုင် အနည်းဆုံးရှိမယ်ထင်တယ်.. ဒါကြောင့် ကျောင်းထဲမှာဝတဲ့သူသိပ်မတွေ့ရတာဖြစ်မယ်..
မြို့နဲ့ကျောင်းက တအားဝေးတော့
စက်ဘီးစီးရင် ၀ိတ်ချပြီးသားဖြစ်နေရော....
ကျနော်ကတော့ ခေါင်ရည် ထန်းရည် ကစလို့ ချက်ကရီး တောအရက် မြန်မာဖြစ် ဝီစကီ အလယ် ဂျော်နီလမ်းလျှောက်အရောင်မျိုးစုံ အဆုံး ဘာလာလာ ဒေါင်းတာပဲ ခိခိ ....
အမက ဒီလိုလဲ ဖြစ်တာဘဲ။ ဒါပြောတာထင်တယ် ဘက်စုံဆိုတားဝ(
Mama Shwezin,you are very beautiful in all your three photos,but in the photo with your "Chitchit Kyi",you are veryyyy..vvvvvv...beautiful.
(by the way,now-a-days,our Irrawaddy is........)
Although I know you will be busy,may I ask for new post about how you keep on drinking? Thks a lot to you,the writer,you sister,and your daughters gave you their hands although they are not free.
Yours lovingly,Jasmine
ခေါင်ရည် မသောက်ဖူးသေးဘူးဗျ
ကြုံရင်တော့ သောက်ကြည့်ချင်တယ်း)
မမရွှေစင်ရေ...
ဖတ်ရင်းနဲ့ မြစ်ကြီးနားကို လွမ်းသွားရပြန်ပြီ...မြစ်ဆုံ၊ ကရိန်နော်၊ ဈေးကြီး...အကုန်ပါပဲ...စက်ဘီးစီးခဲ့ရတာတွေကတော့ လုံးဝမမေ့နိုင်စရာပဲ...စီတာပူကဝေးတယ်...ဒါပေမယ့် စီတာပူမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်...
ချစ်ညီမလေး
Post a Comment