Tuesday, December 27, 2011

ရောက်တဲ့ နေရာမှာ သောက်... ပေါက် တဲ့ ရွှေစင်ဦး နဲ့ ရန်ကုန်မြို့တော်ကြီး

ရောက်တဲ့ နေရာမှာ သောက် ပြီး ပေါက် တတ်တဲ့ ရွှေစင်ဦး တယောက် ရန်ကုန် မြို့တော်ကြီးမှာ ဒုက္ခ ရောက်ခဲ့ ရပုံ ကို နဲနဲ လောက် ရေးပြချင်ပါတယ်...

မရည်ရွယ်ဘဲ ချစ်ဖေဖေ ရဲ့ ကျေးဇူးကြောင့် ရန်ကုန် မှာ တလလောက် နေဖြစ် သွားပါတယ်... တနေ့တော့ ရန်ကုန်မြို့လည်ကောင် ၃၈လမ်း အလယ်ဘလောက် ကို သွားဖို့ ကိစ္စ တခုပေါ်လာ ပါတယ်... ဆေးရုံ တည်ရှိရာ မင်္ဂလာဒုံ ကနေ သွားဖို့ Taxi နဲ့ ဆိုရင် ၆ဝဝဝ လောက် ကုန်မယ် တဲ့ . ၅၁ ဘတ်စ်ကား စီးရင်တော့ ၂ဝဝ ကျပ်နဲ့ အိုကေ မယ်ဆိုတော့  ဘတ်စ်ကား နဲ့ ဘဲ သွားပါတယ်...

တယောက်ထဲ သွားဖို့ပေမဲ့ ချစ်မေမေ က ဆယ်ကျော်သက် သမီးချောချောလေး ကို စိတ်မချဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ အတူ လိုက်လာပါတယ်... တကယ်တော့ နေမကောင်းလို့ ဂျီ ကြနေတဲ့ (နေကောင်း ရင် တော့ ဂျီ မကြတတ်ပါဘူး.. ဟဲ...ဟဲ...) ချစ်ဖေဖေ အနားက လွတ်မြောက်ရာ နယ်မြေ ကို ရှာခြင်းပေလားမသိ....

ဒီလိုနဲ့ ဆူးလေ မှာ ကားပေါ်က ဆင်းပြီး ၃၈လမ်း ကို လမ်းလျှောက်သွားပါတယ်... စောစောစီးစီး ရေတဝ သောက် လို့ ပေါက်ချင်လာပါတယ်... ဗိုက်ကလည်း ဆာလာပါတယ်... သန့်သန့်ရှင်းရှင်း နဲ့ ခပ် ကြီးကြီး  လဘ္ဘက်ရည်ဆိုင်ကြီး မှာ ပေါက်ဖို့ သောက်ဖို့ ဝင်ပါတယ်....

လဘ္ဘက်ရည် တွေ ဝက်သားပေါင်း တွေ မှာပြီး.... အိမ်သာသွားချင်လို့ ဘယ်မှာ သွားရမလည်း လို့ မေးတော့ စားပွဲထိုးကလေး မျက်နှာ က မချိုမချဉ် နဲ့ သူ့ အဖော် တယောက်ကို သွားမေးပါတယ်... သူတို့ နှစ်ယောက် တော်တော်ကြာကြာ တိုင်ပင်ပြီးလေမှ.. ဒီဆိုင်မှာ မိန်းမ သွားတဲ့ အိမ်သာ မရှိဘူး အမ တဲ့.....

အင်း ... ပေါက်ချင်တဲ့ ဒေါသ နဲ့ မခံချင်စိတ် က ထိပ်တက်လာပါတယ်... မေမေ လာ မိန်းမ သွားလို့ ရတဲ့ အိမ်သာ မရှိရင်.. မိန်းမ လည်း မစားဘူး... သွားမယ် ဆိုပြီး... လည်း ပြောလိုက်ရော.. ချစ်မေမေ ခမျာ ပါးစပ်ထဲ က ဝက်သားပေါင်း လေး ကို မြိုချရတော့ မလိုလို... ထွေးထုတ် ရတော့ မလိုလို... လဘ္ဘက်ရည် ခွက် ထဲ မွှေနေတဲ့ ဇွန်းလေး ကိုဘဲ ဘေးချပြီး ရွှေစင်ဦး နောက် ထ လိုက်ရတော့ မလိုလို.. ဖြစ်နေပါတယ်...

အဲဒီအချိန်ကြမှ... လဘ္ဘက်ရည် ဖျော်တဲ့ ကောင်တာက အဖျော်သမားလေးက သော့လေး တချွင်ချွင် နဲ့ ကယ်တင်ရှင် လုပ်ပြီး အမ လာ... လာ... ဆိုပြီး ခေါ်ပါတယ်... ရွှေစင်ဦး လည်း ဒေါသ ကို ထိမ်းသိမ်းပြီး တဇောင့်ဇောင့် နဲ့ သော့လေး ကို ယူပြီး အိမ်သာ ရွှေတံခါးကြီး ကိုဖွင့် လို့ ... ပေါက်လိုက်ရပါတယ်...

ကိုယ် ပေါက်လို့ ပြီးတော့မှ ... မေမေ လာ.. လာ ပေါက်ဆိုတော့ ... မေမေ က တော်ပြီတဲ့... စားပွဲ ရောက်မှ ဒို့တော့ အငြိုငြင် ခံပြီး မပေါက်သေးဘူး လို့ပြောတယ်... အင်း ရွှေစင်ဦး ကတော့.... အငြိုငြင် ခံပြီး ပေါက်ခဲ့ရပါတယ်... 

၃၈လမ်း က ရွှေစင်ဦး တို့ သွားမဲ့ ဆိုင်က မဖွင့်သေးပါဘူး..... အငြိုငြင်ခံပြီး မပေါက်ခဲ့ တဲ့ ချစ်မေမေ လည်း ကြာတော့ ပေါက်ချင်လာပါပြီ.... အင်း ဒီနားမှာ အိမ်သာ နဲ့ တူတာလည်း မတွေ့ ဘူး .... ရွှေစင်ဦး လည်း ဆိုင်တွေ ဝင်ပြီး ဘုရားလည်း ဖူး လိပ်ဥ လည်း တူးရမှာ ကို ကြောက်သွားပြီ ဆိုတော့... အပိုင်ကြံ ရပါတယ်...

အင်း...မေမေ ရေ ဒီတခါတော့ သေချာတဲ့ အင်တာနက် ဆိုင်ဘဲ သွားကြမယ်ဆိုပြီး... အနီးဆုံး တဆိုင်ဖြစ်တဲ့ ..... ဆိုက်ဘာ အင်တာနက် ဆိုင် ထဲကို ဝင်ပါတယ် စက် ခဏသုံးပြီး ကောင်တာ က ကလေး စီမှာ အိမ်သာသွားချင် လို့ ဘယ်မှာ သွားရမလည်း ဆိုတော့ ... သြ အမ အိမ်သာ တော့ ရှိတယ်... သော့ က မရှိလို့ သွားမရဘူး ခင်ဗျာ တဲ့...

စိတ်မတိုချင် မှ တိုစရာတွေ နဲ့ ကြီး တွေ့တော့ တာဘဲ... မင်းတို့ ဆိုင်က ဘယ်လို ဆိုင်လည်း... မင်းတို့ ရော အိမ်သာသွားချင်ရင် ဘယ်ကသော့ ရလည်း ဆိုတော့ ကျနော် တို့ က .. ဘယ်လို..ညာလို နဲ့ ယောင် ဝါးဝါး လုပ်နေပါတယ်.. 

အင်း အိမ်သာ ပေး မတက်ချင်စရာ (အိမ်သာ ထဲ မှာ ပေါက်ကွဲ စေတဲ့ ဟာ ချတဲ့) ရုပ်ကလေးများ ပေါက် နေလားလို့ ဆေးရုံ ရောက်မှ မှန်ထဲ ပြန်ကြည့် ရအုန်းမယ် လို့ တွေးလိုက်ပါတယ်... စိတ်ပျက်ပျက်နဲ့ အင်တာနက် မသုံးတော့ ဘဲ ဆက်ထွက် လာ ပါတယ်...

မေမေ ရေ ၃၈လမ်း ဆိုင်ကြ မှ အိမ်သာ ဝင်တာပေါ့လို့ ပြောတော့... ချစ်မေမေ က စိတ်ဓါတ်ကျနေ တဲ့ အသံ နဲ့ အဲဒီဆိုင်ကလည်း ကြည့်ရတာ လွယ်မယ် မထင်ပါဘူးအေ တဲ့... ရွှေစင်ဦး လည်း ချစ်မေမေ ကို တော်တော် သနားသွားပါတယ်... မေမေ ပြောတာလည်း ဟုတ်ပါတယ်... အဲဒီဆိုင်က မေမေ နဲ့ ရွှေစင်ဦး တခါ သွားဖူးပါတယ်... လူမျိုးခြား တော်တော် ဇာတ်ကြီး တဲ့ ပုံ ပေါက်ပါတယ်....

ဒါနဲ့ ၃၈ လမ်းနားမှာ အများသုံး အိမ်သာများ ရှိမလားလို့ ဟိုကြည့် ဒီကြည့် နဲ့ သွားလိုက်တော့ ကယ်တင်ရှင် မန္တလေး က အင်းဝ ကွန်ပျူတာ အရောင်း ဆိုင်ခွဲ ဆိုင်းဘုတ်ကြီး ကို ထီးထီး ကြီး တွေ့လိုက် ပါတယ်... ရွှေစင်ဦး တို့ က အင်းဝ တော့ အပိုင်ဘဲ... မေမေ ရေ မပူနဲ့တော့ လို့ ပြောပြီး ဆိုင်ထဲကို ဝင့်ဝင့် ကြွားကြွား ဝင်ခဲ့ပါတယ်....

ကိုတင်ထွန်း (ဆိုင်ပိုင်ရှင်) ရှိလား မေးပြီး... ခပ်တည်တည် နဲ့ ဟိုပစ္စည်းမေး ဒီပစ္စည်း မေးနဲ့ နောက်ဆုံး မှ အိမ်သာ မေးပြီး ဝင်ခဲ့ရပါတယ်.... ပေါက်ချင်တဲ့ အချိန်မှာ ပေါက်လိုက်ရတဲ့ အရသာ ကတော့ မေ့မရနိုင် တဲ့ ရွှေရန်ကုန်က အရသာ အရှိဆုံး ခံစားမှု့လေး ပါဘဲ......

ဘယ်လို ရွှေမြို့တော် ကြီးပါလိမ့်... ရိုးရိုးသားသား ပေါက် ဖို့ တော်တော်ခက်ခဲ တာဘဲ ( ဆန်းဆန်း ပြားပြား ပေါက်ဖို့တော့ လွယ်ပါ့) ... 

ရွှေစင်ဦး တို့ ရွှေမန္တလေး မှာတော့ ဆိုင်ကြီးလေ အိမ်သာတွေ သန့်ရှင်း.. ကောင်းမွန်လေ (ငယ်ရင်လည်း ငယ်သလို ကောင်းပါတယ်) ပါဘဲ... အင်တာနက် ဆိုင်တွေ မှာ လည်း ကောင်းလိုက်တဲ့ အိမ်သာတွေ... သောက်ချင်တိုင်း သောက်... ပေါက်ချင်တိုင်း ပေါက် ပါဘဲ ....

အင်း .. ဆက် မလွယ်နိုင်လို့ နီးစပ်ရာ အိမ်မှာ ခွင့်တောင်းပြီး ဝင်ချင်ရင်လည်း လိုလိုလားလားပါဘဲ..... သြ ရွှေရန်ကုန် ရယ်... တလွဲ ပေါက်ဖို့ လွယ်သလောက် ... တကယ် ပေါက်ဖို့တော့ ခက်ခဲလိုက်ပါဘိ လို့... သြ ချလိုက်မိပါတယ်....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

27 comments:

Anonymous said...

ရောက်တဲ့နေရာ ပေါက်ကျင့်ရှိတာကိုတော့ သူများတွေမယုံရင်နေ၊အနော်တော့ ယုံတယ် မမရေ... :P

Angelhlaing(May everybody be happy and healthy! said...

မမရေ..ရန်ကုန်အတွေ့အကြုံလေး ဖတ်လို့ ပြုံးရပြန်တယ်မမ ... ရန်ကုန်ဆိုတာ အဲလို့လားလို့...:):)

သူကြီးမင်း (တုံးဖလား) said...

အမရွှေစင်..
ဆေးရုံရောက်ပြီး မှန်ပြန်ကြည့်လိုက်တော့ ဘယ်လိုရုပ်ပေါက်နေလဲ။း)

သားအမိ ပေါက်စခန်းကတော့ ကြောက်ခမန်းပါဘဲလား။ ဟား ဟား။

ခင်မင်လျှက်
တဂျင်းမီး

စံပယ်ချို said...

အမရွှေစင်ရဲ့ ပေါက် သောက်ကရယ်လဲရယ်ရပါတယ်
ထူးဆန်းလိုက်တာမိန်းမသွားတဲ့အိမ်သာမရှိဘူးရယ်လို့ပဲဟယ်
အမရွှေစင်ရေ
အဲတာဗုံးကိုပြောတာလား

သတိုး said...

ဟား..ဟား...
မရွှေစင် တစ်ယောက် ရန်ကုန်ကို ရောက်ရာပေါက်ရာ သွားတော့တာကိုး။
အင်း....ရန်ကုန်ကလည်း ပေါက်ဖို့လွယ်သလောက် ပေါက်ဖို့မလွယ်ပြန်ဘူးနော်။
ခင်မင်သော... သတိုး

Anonymous said...

That's why we love to read your own writing.Waiting for read more.
Gyidaw

မောင်သီဟ said...

ကျွန်တော်ငွေကြေးချမ်းသာရင်ဆိုပြီး ခဏ ခဏ စိတ်ကူးယဉ်ကြည့်တယ် အစ်မရေ....

ရန်ကုန်တမြို့လုံးက အိမ်သာတွေကို ကန်ထရိုက်ဆွဲပြီး အကောင်းဆုံးဝန်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံဖို့လေ ကုသိုလ်လည်းရမယ် အကျိုးစီးပွားလည်းဖြစ်မယ်နော်....

အဲဒါ တကယ်အမြဲစိတ်ကူးယဉ်တာပါ အိမ်သာဆိုတဲ့ စကားနဲ့အညီ အိမ်ထက်သာနေအောင်လုပ်ထားပေးချင်တယ်....


အိမ်သာစီးပွားရေးလုပ်ချင်သူ
မောင်ဘကြိုင်

ညိမ်းနိုင် said...

၃၇လမ်းက၊၃၅လမ်းက လက်ဘက်ရည်ဆိုင်တွေ၊ကြေးအိုး
ဆိုင်တွေမှာတော့ အဆင်ပြေတယ်အစ်မရ...၊ကံအကြောင်း
မတိုက်ဆိုင်လို့ လို့ပဲမှတ်ပါအစ်မရာ...နော့

Unknown said...

ဟီး..တော်သေး
နောက်ဆုံး အဆင်ပြေသွားလို့..မဟုတ်ရင် အမ မင်္ဂလာဒုံထိ သောက်ပေါက်ချင်လည်း အောင့်ထားရမှာ.. :P

ချစ်ခင်လျက်

စိတ်၏ဖြေရာ said...

နောက်ကိုမြို့ထဲသွားရင်မပေါက်ချင်အောင်
မစားမသောက်nothing by mouth
သာလုပ်သွားပေတော့အမရေ..)း

ကိုအောင်(ပျူနိုင်ငံ) said...

မန်းသူမန်းသားများ ရန်ကုန်ကို အကောင်းမပြောကြ ...း)
မန်းတလေးက အင်တာနက်ဆိုင်တွေမှာ ကတ်ဆတ်တွေ အကျယ်ဖွင့်တယ်၊ အင်တာနက် သုံးစွဲသူတွေကို အနှောက်အယှက် ဖြစ်တာမျိုးပေါ့ ...း)
ရန်ကုန်ရယ်၊ မန်းတလေး မဟုတ်ပါဘူး အမ ... စိတ်ညစ်ဖို့ကောင်းတဲ့ အရာတွေက နေရာတိုင်းမှာ ရှိပါတယ်၊ ရွှေရန်ကုန်တို့ ရွှေမန်းတလေးတို့ဆိုတာ ကျန်ခဲ့ပါပြီ ...း)

ကိုရင် said...

ဆိုတော့ကာ ငါ့အမက ဘယ်နှစ်ကြိမ်များ ပေါက်နေတာတုန်း.. :D

နောက်တစ်ခါဆို ဆိုင်ရှေ့ ပဲ ကစ်ပလိုက် အမ..
ဘာဖစ်လဲ ခပ်တည်တည်ပေါ့အမရဲ့.. :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အရမ်းပေါက်ချင်နေတဲ့အချိန် ပေါက်ချလိုက်ရတာ အရသာအတော်ရှိသွားမှာနော် အစ်မ :P :P
ရန်ကုန်မြို့ကြီးကတော့ သွးဖို့ခက် လာဖို့ခက် ၊( ဘတ်စ်ကားမစီးတတ်ရင် ခက်တာပြောပါတယ်)
ပေါက်ဖို့ခက်တဲ့ မြို့ဘဲနော်။ မြို့ကြီးပြီး အိမ်သာရှားတယ် ပြောရမယ်..း)

မီးမီးငယျ said...

အမရွှေစင်ရေ..
ကိုယ်ချင်းစာတယ်။
ကျမလည်းဆီးမအောင့်တတ်ဘူး။
အဲဒါနဲ့ ပတ်သက်ပြီး၊
ဇာတ်လမ်းမျိုးစုံကြုံဖူးပါ့။

TZH1985 said...

ိအနော်တို့တော့ တိုက်ကြိုတိုက်ကြားပဲ ပေါက်ထည့်လိုက်တယ် အေးရော :D

ဟန်ကြည် said...

ရန်ကုန်ကို အဲဒါတွေကြောင့် ကြောက်တာ...ဒီတစ်ခေါက် ရန်ကုန်သွားရင်တော့ ခရီးဆောင် အိမ်သာလေးများ ၀ယ်သွားရမလား မသိဘူး...

ကျန်တာတွေ ဘယ်လောက်ပဲတိုးတက်ပါတယ်ပြောပြော စွန့်ပစ်ပစ္စည်းကိစ္စမှာ အဆင်မချောလို့ကတော့ အဲဒီဒေသဟာ အညံ့စားဒေသပဲ မရွှေစင်ရေ...

အင်ကြင်းသန့် said...

မိန်းမတက်လို့မရတဲ့ အိမ်သာကိုတက်ခဲ့တော့ ဘာထူးခြားမှုတွေတွေ့ခဲ့ရလဲဟင်.... မမရွှေစင် :D

ဟုတ်တယ် မမရွှေစင်ရေ....ရန်ကုန်မှာ အဲဒါတစ်ခုကတော့ စိတ်ပျက်စရာပဲ....ညီမလေးတို့လည်း အပြင်သွားရင် ဒီလိုပဲ အောင့်ထားပြီး ကိုယ့်အိမ်ကိုပြန်ရောက်မှ ပေါက်ရတယ်။ အဲလို ခဏခဏပေါက်ချင်တတ်တဲ့လူမျိုးဆို အခက်ပဲ။


ချစ်ညီမလေး

sayanyein said...

materially progressing;but become more and more selfish;want money from customers,but refuse to provide most basic facilities;very depressing;this is reflections of "culture without human face".

sayanyein said...

ဆိုင်ကအဆင်မပြေလို.ထွက်ခါနီးဝက်သားပေါက်စီကြီးကိုင်ထားတဲ.ဒေါ်ရွှေစင်အမေအတွက်သနားလိုက်တာ။

Mi Nwe said...

အမရေ ညီမလဲ ရန်ကုန်သူပါပဲ.. အမပြောမှ စဉ်းစားမိတယ် ညီမတို့ ဘယ်လိုများ မြို့ထဲမှာ၊ အပြင်မှာ သွားလာနေမိပါလိမ့်လို့..။ ကျန်းမာရေးအရတော့ မညီညွတ်ဘူး အောင့်ထားတဲ့ နည်းနဲ့ ဖြေရှင်းနေကြပါသတဲ့။ အိမ်သာတွေက သန့်တာလဲရှိ မသန့်တာလဲရှိဆိုတော့ ငယ်တုန်းထဲက ကျောင်းအိမ်သာတောင် မသွားဖြစ်တာ ကြီးလာတော့ စားသောက်ဆိုင် အိမ်သာဆို ဝေးဝေးရှောင်ကြပါတယ်။ မရှောင်နိုင်ကြတာကတော့ ကိုကိုတွေပါပဲ။ ညီမတို့ သူငယ်ချင်း အုပ်စုထဲမယ် ပြောနေကြလေးရှိတယ် attendance သွားထိုးလိုက်ဦးမယ်တို့ ကိုသန့်စင် နဲ့ တွေ့လိုက်ဦးမယ်တို့။ မိန်းကလေးတွေ အတွက် မလွယ်တော့၊ နောက် အောင့်လဲ ရောဂါမဖြစ်ဘူးလို့ထင်ပါတယ်။

မဒမ်ကိုး said...

မမက ဆိုင်ထဲပေါက်တာ ဒိုးကန်အကြောင်းလား လာမပြောနဲ့ကားပေါ်တီးထည့်လိုက်တာ ဟိဟိ
လာမယ်ပြောပြမယ်း)

ချစ်တဲ့ ဒိုးကန်

kiki said...

ရှော့ပင်းစင်တာတွေမှာတော့ ပေါက်ရလွယ်မလား.. နောက်ဆို အဲမှာပဲ ပေါက်ပါတော့။

ပေါက်ချင်သလို နေရာမရွေး ပေါက်နေကြတဲ့ အုံးကနဲ ပေါက်တာတွေ များလာလေလေ ..အမှန်အကန်ပေါက်ရမဲ့ အခွင့်အရေးတွေ နည်းလေလေဖြစ်တော့မလားပဲ နော် ..
( မိပြီ မိပြီ .. ဆိုပြီး ပေါက်နေတုံးဆွဲသွားရင်တော့ မလွယ်ဘူးဆရာ..)။
စိတ်မပူနေနဲ့တော့ နောက်ဆိုရင် ရွှေဂုံမြို့ ကြီးက စင်းကျားပူး နဲ့ တူလာမှာ လို့  ပြောနေကြပြီလေ...ဘယ်တော့လည်းလို့ ..မမေးနဲ့နော် ..း)

Anonymous said...

နောက်ဆိုရုပ်ရှင်ရုံမှာသွားပေါက်ပါ...:)

ညီလင်းသစ် said...

ဖြစ်မှဖြစ်ရလေ အမရွှေစင်ရယ်..၊ အင်းလေ.. ရန်ကုန် ကတော့ သူကိုယ်တိုင် အစွန့်ပစ် ခံလိုက်ရသလို စွန့်ပစ် ပစ္စည်း ထုတ်ချင်သူတွေ အတွက်လည်း အဆင်ပြေအောင် မဖန်တီးပေး နိုင်ရှာပဲကိုး....။း)

မိစံ said...

ဝင်ခဲ့ရောပေါ့အစ်မရယ်း))

sosegado said...

မလွယ်တဲ့ ပေါက်ရတဲ့ အလုပ်ပါပဲ။

Unknown said...

ခဏခဏရှူးပေါက်တတ်တဲ့ ကျွန်တော်တို့လို လူမျိုးတွေအတွက် ရွှေရန်ကုန်ဟာ ဂွကျပါတယ် (မှတ်မိသလောက် ၂၀၀၅ အထိ)။ မန်းတလေးတော့ ဘယ်လိုနေမယ် မသိပါဘူး။ တခြား နိုင်ငံတွေတော့ ဘယ်လိုနေမယ် မသိဘူး။ စင်ကာပူကတော့ နေရာတကာပေါက်စရာပေါပါတယ်။ ဘူတာရုံတွေ စားသောက်ဆိုင်တွေ အရောင်းပြခန်းတွေ။ စားသောက်ဆိုင်က အိမ်သာတွေကတော့ ညစ်ပတ်တာများပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ထုတ်ချင်တာလေး ထုတ်လိုက်ရရင် အဆင်ပြေသွားတာပါပဲ။ နောက် တခါ ရန်ကုန်မှာ အဆင်ပြေပါစေ ခင်ဗျာ။