ဘလောဂ့် (Blog) ဆိုတာ ဘာလဲ....
ဘလောဂ့်ဂါ (Blogger) ဆိုတာ ရော...
http://www.shwezin.com လေး နဲ့ ဘလော့ဂါရွှေစင်ဦး
ဆိုတာ ဘယ်လိုများမွေးဖွားလာခဲ့ပါသလဲဲ
Global Village ဆိုတဲ့ ကမ္ဘာ့ရွာကြီး ထဲ မှာရှိတဲ့ ရွာငယ်လေး တခု ထဲက အိမ်လေး တအိမ် ပါဘဲ လို့. ဘလောဂ့် ကို အဓိပ္ပါယ်ဖွင့်ပါတယ်... အဲဒီ ရွာလေး ကတော့ (Blog ) ဘလောဂ့် ရွာလေး ပါဘဲ.. အဲဒီ ရွာထဲမှာ အရောင်စုံ အသွေးစုံ အိမ်လေး တွေ အများကြီး ရှိပါတယ်... အဲဒီ ... အိမ်ပိုင်ရှင် ဘလောဂ့် ပိုင်ရှင် လေး တွေ ကိုတော့ (Blogger) ဘလောဂ့်ဂါ များလို့ ခေါ်ကြ ပါတယ်....
ရွှေစင်ဦး လည်း အိမ်လေး ပိုင်ချင်ပါတယ်... တချို့ သဘောကောင်းတဲ့ သူကြီးမင်းများ အလကား ပေး တဲ့ မြေနေရာ လေး ကို ငှားလိုက်ပါတယ် .... http://www.shwezinu.blogspot.com ဆိုတဲ့ လိပ်စာ လေး နဲ့ အိမ်လေးပါ.... ဒါပေမဲ့ အဲဒီ အလကား ပေးတဲ့ အိမ်နေရာ လေး က သွားရခက်တယ်.. တခါတလေ အတားအစီး တွေ ရှိတယ် စစ်ဆေး မေးမြန်းသူ တွေ ရှိတယ်... global village ထဲမှာ လည်လည် ဝယ်ဝယ် ရှိတဲ့ သူမျိုးမှ အိမ်လေး ကို ချောချောမောမော ရောက်နိုင်မယ်....
တခါတလေ များ ဆိုရင် အိမ်ပိုင်ရှင် ရွှေစင်ဦး လေး ကိုယ်တိုင် အိမ် လေး ကို မရောက်နိုင်လို့ မျက်စေ့ သူငယ် နဲ့ ရွာကြီးထဲ မှာ တလည်လည် ဖြစ်နေခဲ့ဘူးတယ်.. ရွှေစင်ဦး အိမ် ကိုလာတဲ့ ဧည့်သည် တွေ ကလည်း မရှိတဲ့ လိပ်စာကြီးများ ပေးလား.. ဒါမှမဟုတ် ရွှေစင်ဦး တော့ အိမ်လေး ထဲမှာ ဘာတွေများ မဟုတ် တာတွေ လုပ် နေလို့ ဒီလောက် အတားအစီး တွေ ရှိနေတာလည်း ဆိုပြီး အထင်မှားကြတယ်...
အဲဒီတော့ အိမ်လေး ကို အားလုံး လွယ်လွယ်ကူကူ လာနိုင်အောင် ဆိုပြီး .... မြေပိုင်ရှင် သူကြီးမင်း (မြန်မာအီးထရိတ် Myanmar e-trade) ကို နှစ်နှစ်စာ မြေနေရာ ငှားရမ်းခ ပေးပြီး စိတ်ကြိုက် အိမ်လေး တလုံး ကို တည်ဆောက် လိုက်ပါတယ်....
အိမ်လေး ကို လှစေချင် ပါတယ်.. ဧည့်သည် တွေ လာချင်စဖွယ် ဖြစ်စေချင်ပါတယ်... အိမ်လေး တလုံး မှာ ရှိသင့် ရှိထိုက်တဲ့ အဆင်တန်ဆာ များ ကို ထည့်သွင်း ချင်ပါတယ်... ရွာလေး ထဲမှာ မေတ္တာရှေ့ထား အလကား တည်ဆောက်ပေးနေတဲ့ အင်ဂျင်နီယာ ဘလော့ဂ်ဂါ များကို အားမနာ တမ်း အကူအညီ တောင်းရပါတယ် ... စိတ်ချမ်းသာအောင် စိတ်ကြိုက် တည်ဆောက်ပေးကြပါတယ်...
ကျနော့် မြတ်နိုး ရတဲ့ အိမ်လေး ရဲ့ လိပ်စာလေး ကတော့ http://www.shwezinu.com ဆိုတာလေးပါ... ဒီလိပ်စာ လေး အတိုင်းလာရင်တော့ မည်သူမဆို မျက်စေ့ မလည် ဘဲ ကျနော့် ရဲ့ အိမ်လေး ကို ရောက်လာ ပါလိမ့်မယ်... အဲဒီအိမ်လေးမှာ အိမ်ပိုင်ရှင် ရွှေစင်ဦး နဲ့ တွေ့နိုင် ပါတယ် .... သူ့ ကို တချို့ က ဘလောဂ့်ဂါ ရွှေစင်ဦး လို့ ခေါ်ကြပါတယ်...
ဘလောဂ့်ရွာ လေး ထဲမှာ ရှိတဲ့အိမ်ပိုင်ရှင် ဘလော့ဂ်ဂါ တွေ ဟာ ကိုယ့်အိမ် ကို ဧည့်သည်တွေ လာချင် အောင် အမျိုးမျိုး သွေးဆောင် ဖျားယောင်း ကြပါတယ်... စားချင်စရာ ကောင်းတဲ့ အစားအစာ တွေ .... ဖတ်ချင်စရာ ကောင်းတဲ့ စာတွေ .. ကဗျာ တွေ .. ကမ္ဘာအရပ်ရပ် မှာ ရှိတဲ့ ဖြစ်ရပ်မှန် သတင်း တွေ.. ထူးဆန်း ထွေလာ တွေ ... အမွန်အမြတ်ဆုံး တရားဓမ္မ တွေ... နဲ့ သူထက်ငါ တတ်နိုင်သမျှ အစွမ်းကုန် တင်ဆက် နိုင်ဘို့ ကျိုးစား ကြပါတယ်....
နေ့မအိပ်..ညမအိပ် .. ကမ္ဘာ့ရွာကြီးထဲမှာ တူးဆွ ရှာဖွေတယ် .. နှလုံးသား ထဲ ကဖြစ်ညှစ် ထုတ်တယ်... ရလာ တဲ့ ကောင်းနိုးရာရာ လေး တွေ ကို ဧည့်သည် တွေ စိတ်ကျေနပ်စေ ဘို့ အတွက် နေ့စဉ် ကျိုးစား ဧည့်ခံ ကြပါ တယ်... ဒါတွေ အပြင် မိမိတို့ လက်လှန်း မှီသမျှ ပတ်ဝန်းကျင် မှာ ထူးထူးခြားခြား ဖြစ်ပျက် နေတာတွေ ကိုလည်း အမှန်တရား အတိုင်း တင်ပြကြ ပါသေးတယ်....
အင်း... တချို့ ပြည်တွင်း ဘလောဂ်ဂါများကြပြန်တော့လည်း ... ရေးပြီးမှ.. ပြောပြီးမှ... ငါပြောလိုက်တာ လွန်များ သွားသလား ဆိုပြီး ... ညသန်းခေါင်များ ကားရပ်ရင် ... ငါ့ ကို အလည် လာခေါ် တာလား ... ဆိုပြီး .. အထုပ် ဘဲ ပြင်ရတော့ မလိုလို နဲ့ မှန်လွန်းရင် ရွာပြင်ထုတ်ခံရ သတဲ့ ဆိုတဲ့ စကားပုံ လေး ကို ပြောင်းပြန် လှန်ပြီး ... ရွာထဲ တယောက်ထဲ ပိတ် ထားလိုက် မှာလည်း .. ကြောက်ကြပါတယ်...
တချို့ များကြတော့လည်း ကိုယ့် ချစ်ချစ်ကြီး.. ချစ်ချစ်လေး အကြောင်း တွေ.. ကို သမီးရီးစား ဖြစ် လာရတဲ့ ဘဝ ကနေ မင်္ဂလာဘယ်လို ဆောင်တယ် ဆိုတဲ့ အထိ ရှက်ကြော ဖြတ်ပြီး .. သားရေ ကျချင် စဖွယ် ပြောပြ လိုက်ကြ ပါသေးတယ်.... စာဖတ်သူ အပျိုကြီး.... အပျိုလေး ... လူပျိုကြီး... လူပျိုကလေး များ ကလည်း လက်ခုပ်.. လက်ဝါး တီးပြီး အားပေးကြ တယ်.... အံဘွယ် ဘလောဂ့်ဂါ များပါဘဲ.....
အဲလို.. အဲလို ကိုယ်သန်ရာ သန်ရာ နဲ့ ဧည့်သည် တွေကို ညှို့ယူဖမ်းစားကြပါတယ်... တချို့ ဧည့်သည် တွေ ကတော့ ဘလောဂ့် ရွာထဲ က မဟုတ်ပါဘူး... သူတို့ စားချင်တာ ဖတ်ချင်တာ လေး တွေ ကို တအိမ်တက်ဆင်း လိုက်စား လိုက်ဖတ်နေသူတွေ ပါဘဲ...အားရပါးရ စားလိုက်.... ကျေကျေနပ်နပ် ဖတ်လိုက်.. နဲ့ ... တချို့များ ဆို အိမ် ကိုတောင် မ သွားကြပါ သေးတယ်... အဲလို လေး မသွားကြ တာကို လည်း အိမ်ပိုင်ရှင်များ က ဂုဏ်ယူကြပါတယ်.....
ဘလောဂ့် ရွာသူရွာသား များဟာ အခြင်းခြင်း ချစ်ချစ်ခင်ခင် နဲ့ နွေးနွေးထွေးထွေး ဆက်ဆံ ကြပါတယ်.. တယောက်အိမ် တယောက် သွားလည်ပြီး တပြုံးပြုံး နဲ့ ပျော်ရွှင်နေကြပါတယ်.... တချို့ မျက်စေ့လည် လာတဲ့ ဧည့်သည်များ ရှိရင်လည်း အင်မတန် ဝမ်းသာပါတယ်....
ကိုယ့် အိမ်လေး က ဘယ်လို ... ဘယ်လို ... ဆိုတာကို ... ပို့စ် လေး တွေထဲ မှာ ကော့မန် လေးတွေ အဖြစ် များ ရေးသွားကြရင် ဖြင့် ပီတိဖြစ်လို့ ကို မဆုံးပါဘူး .. တချို့ ရန်လိုတတ် တဲ့ ဧည့်သည် များ ကတော့ ... ဧည့်ခန်း ထဲမှာ တင် ဆဲဆိုသွားကြလို့... ဘလောဂ့်ဂါ အပျိုကြီး အပျိုလေး တို့ ဟာ ဧည့်ခန်းလေး နဲ့ တူတဲ့ c-box လေးတွေ ကို ဖြုတ်ထားကြ ပါတယ်.... ဒါပေမဲ့ ဧည့်ခန်း မရှိတဲ့ အိမ်များ ကို သွားလည် ရတာ ခြောက်ကပ်ကပ် နိုင်လှပါတယ်.....
တချို့ ဘလော့ဂ်ဂါ များ ကတော့ ကိုယ် လက်ခံ တဲ့ အယူအဆ တွေ.. နိုင်ငံရေး သဘောတရား တွေကို တင်ပြ ဆွေးနွေး ကြပါတယ်... ဆွဲဆောင် သိမ်းသွင်းကြပါတယ်..... အယူအဆခြင်း မတူရင် ငြိမ်းချမ်းစွာ သဘောထား မကွဲလွဲ ဘဲနဲ့ ... ဆဲကြ ဆိုကြ တဲ့အခါ မှာတော့ ဘလောဂ် ရွာ တရွာလုံး ဆူညံဆူညံ နဲ့ ပွက်လော ရိုက်နေကြပါတယ် ..... အဲဒီ အချိန်မှာ တချို့ ရွာသူရွာသား များဟာ ကိုယ့် လာမဆဲ အောင် တံခါးပိတ် တိတ်တိတ်လေး ချောင်းကြည့်နေကြပါတယ်...
ရွှေစင်ဦး ဆိုတဲ့ ဘလောဂ့် ဂါ တယောက် ကတော့ တချိန်လုံး သူကြီး ရဲ့ အိမ်သာနက် အဲ အင်တာနက် ထဲ ခေါင်းထိုး ပြီး ဘလောဂ် အိမ်လေး သာယာချမ်းမြေ့ရေး ကို လုံးပမ်း နေတဲ့ အတွက် .. တခါတလေ ထမင်းစား ဖို့ မေ့ နေသလို... အိပ်ဖို့ လည်း မေ့နေပါတယ်... အဲဒီအတွက် ကျန်းမာရေး ထိခိုက် ရပါတယ်.... ဒါအပြင် ကိုယ့် ကို ပိုက်ဆံလာပေး တဲ့ customer များ ကိုတောင် နှုတ်ဆက်ဖို့ မေ့မေ့ သွားလို့... စီးပွားရေး ထိခိုက်မှာ စိုးတဲ့ အတွက် သတိရတိုင်း မျက်နှာချိုသွေး တောင်းပန် နေရပါတယ်.....
တခါတလေ မှာတော့ ချစ်ချစ်ကြီး ရဲ့ မျက်မှောင်ကုတ် ကြည့်ခြင်း .. စကားပြောချင် သလိုလို မပြောချင် သလိုလို နဲ့ စိတ်ကောက်ပြတာ ခံရခြင်း များကို အရှက်မရှိ တဲ့ မျက်နှာနဲ့ အချစ်ရေး နွေးထွေးမှု့ ရှိအောင် ပြန်လည် ချော့မော့ရခြင်း ... ချစ်ညီမ ရဲ့ ထိုင် ထိုင်နိုင်လွန်းတယ် ဆိုတဲ့ မကြား တကြား ရေရွတ် တာ ကို ရူးသလိုလို နဲ့ မသိသလို နေရခြင်း .. တပည့်များကတော့ တခါတခါ ပြုံးလိုက် တခါတခါ မဲ့ လိုက် ဖြစ်နေ တဲ့ သူတို့ ဆရာမ ကိုကြည့်ပြီး စိတ်မှ မှန်သေးရဲ့လား ဆိုပြီး ကွယ်ရာမှာ အတင်းပြော နေတာကို မကြားချင် ယောင်ဆောင် နေရခြင်း စတာ တွေကို . အချိန် နဲ့ အမျှ ခံနေရပါတယ်....
အားလုံး.. အားလုံး သော ဘလောဂ့်ဂါများလည်း ရွှေစင်ဦး အတိုင်းဘဲ ဖြစ်မယ်ထင်ပါတယ်...
အဲဒီလောက်တောင် စီးပွားရေး..လူမှု့ရေး..ကျန်းမာရေး အထိခိုက်ခံ ပြီး ရေးနေတာ ဆိုတော့ တော်တော်ကြီး ကို အကျိုးအမြတ် များ ရှိနေလို့လား လို့ တောင် ထင်စရာ ဖြစ်ပါတယ်... ဒါပေမဲ့ . ဘလောဂ့်ဂါ ဆိုတာ နတ်သမီး နတ်သား တွေ လို အငွေ့သက်သက် ကိုသာ စားနေသူပါ...
နောက်ထပ် ကျနော် တခုလောက် လည်း ပြောချင်ပါတယ်... မည်သည့် တိုင်းပြည် မှာမဆို ဥပဒေ အထက် မှာ မည်သူမျှ မရှိစေရ တဲ့... ဒါပေမဲ့ တခါတလေ အခြေအနေ တမျိုးမျိုးကြောင့် .. ဥပဒေ အထက်မှာ အာဏာ လည်း ရှိသွားနိုင်သလို.. ငွေ လည်း ရှိသွားနိုင်ပါတယ်...
ဒါပေမဲ့ ဘလောဂ့်ဂါ ရဲ့ အထက်မှာ တော့ ဘာဆိုဘာမှ မရှိပါဘူး...
ဒါပေမဲ့ ဘလောဂ့်ဂါ ရဲ့ အထက်မှာ တော့ ဘာဆိုဘာမှ မရှိပါဘူး...
ဘလောဂ့်ဂါ ဆိုတာ... မည်သူတဦးတယောက် ရဲ့ လွှမ်းမိုးခြင်း ကို မှ မခံယူဘဲ .. နှလုံးသားထဲက ဆန္ဒ အစစ်အမှန် နဲ့ အမှန် တရားလေး တွေ ကိုသာ ဖော်ထုတ် ရေးသား နေတဲ့.. Free Land က Free Person များ ပါဘဲဗျာ.. လို့ ပြောကြားရင်း နတ်ဆိုးလေး နဲ့ မင်းဧရာ တို့ ရဲ့ တဂ့် ပိုစ့်လေး ကို အဆုံး သတ်လိုက်ပါပြီ.. အားလုံး ကျေးကျေးပါ...။
(ဆက်လက်ပြီး ဘလောဂ့် လောက ကနေ ဝေးဝေး မှာ ရှောင်ပြေးနေတဲ့ စာရေးကောင်းလှတဲ့ ချစ်ညီမ အင်ကြင်းသန့် ရဲ့ အယူအဆ လေးကိုလည်း ဖတ်ချင်ပါတယ်ဗျာ.....)
(ဆက်လက်ပြီး ဘလောဂ့် လောက ကနေ ဝေးဝေး မှာ ရှောင်ပြေးနေတဲ့ စာရေးကောင်းလှတဲ့ ချစ်ညီမ အင်ကြင်းသန့် ရဲ့ အယူအဆ လေးကိုလည်း ဖတ်ချင်ပါတယ်ဗျာ.....)
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
39 comments:
ဪ.. မစားရ အညှော်ခံ ၊ အိပ်ရေးပျက်ခံ ကျန်းမာရေးထိခိုက်ခံ၊ အချိန်ကုန်ခံ ၊ အဆူအဆဲခံ နေရတာကို ကျေကျေနပ်နပ်ကြီး ခံယူနေကြသော ထူးဆန်းဘွယ် ဘလော့ဂါကြီးများပါတကားးးးးး
မှ/
မထူးမဆန်း
ဖွကိ..
ဘလော်ဂါမှန်ရင်အစ်မရွှေစင်ပြောတဲ့အချက်တွေကနေ ပြေးလို့မလွတ်ပါဘူး
လွတ်ချင်ရင် ဘလော့မရေးတော့ဘဲ ရပ်လိုက်မှသာ ဖြစ်ပါတော့မယ်။ တခါတခါတော့ ဒီဘလော့ကို အာရုံစိုက်ပြီးရေးနေမိတာ ရပ်လိုက်ချင်စိတ်တွေပေါက်မိတယ်
အိပ်ရေးတွေလည်း ပျက်ပေါင်းများလှပြီလေ
ရပ်မယ်ဆိုတာ စကားပါ။ လက်ကတော့ ရပ်ကို မရပ်တာ ဟိဟိး)
ညီမရွှေစင်ဘလော့ဂါလေးက စာရေးကောင်းလိုက်တာနော်။
"ဘလောဂ့်ဂါဆိုတာ မည်သူတဦးတယောက်ရဲ့ လွှမ်းမိုးခြင်းကိုမှမခံယူဘဲ နှလုံးသားထဲကဆန္ဒအစစ်အမှန်နဲ့ အမှန်တရားလေးတွေကိုသာ ဖော်ထုတ်ရေးသားနေတဲ့ Free Land က Free Person" ဆိုတာ အမှန်ပါပဲ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟီဟိ ..ခွိခွိ
မမချစ်ချစ်ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လဲ သဘောကျတယ်... အနော်တော့ ဒီည အပြီးရေးမှ ရမယ်....ဒီညက စပြီးမအားတော့လို့ အစ်မကြီးရေ။
ဟီဟိ ..ခွိခွိ
မမချစ်ချစ်ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လဲ သဘောကျတယ်... အနော်တော့ ဒီည အပြီးရေးမှ ရမယ်....ဒီညက စပြီးမအားတော့လို့ အစ်မကြီးရေ။
မမရွှီစင်.....
ကျွန်တော်ကတော့  နာတာရှည်ရောဂါကြီး
တစ်ခု ဝင်နေတယ်လို့ ထင်တယ်။
ဘလော့ ရောဂါလေ..။
စာရေးဆရာလည်းမဟုတ်၊ ဘာလည်းမဟုတ်၊
မရေးပဲနဲ့ လည်းမနေနိုင်၊ ကုန်ကြမ်းမရှိပြန်
တော့  ဘိန်းမစားရတဲ့  ဘိန်းစားလို လဒမှိုင်
မှိုင်..နဲ့ ။
ကိုဇော်ပြောသလို ရေးချင်တာရေးပြီး
ရူးနေကြတာမလား..၊ ကျွန်တော်လည်းပါတယ်။
ဖဘ မှာလည်းဝန်ခံထားပါတယ်၊
ယဉ်ယဉ်လေးရူးနေမှန်းမသိသူ လို့ ။
ဘာပဲပြောပြော.. ကျွန်တော်တို့ အားလုံး
ဟာ “ ထွက်ပေါက် ” တစ်ခုမှာ ရပ်နေကြတာ၊
စုပြုံ တိုးနေကြတာပါ..လို့ ၊ မမရဲ့  တဂ်ပို့ (စ)
လေး ဖတ်ရင်း ထင်တာရေးခဲ့ တယ်ဗျာ၊
ခင်တဲ့ 
အဖြေးလူ...
ဟီဟီ.....
အကိုကြီး ကိုမိုးယံ ပြောသလိုပဲ
အတွေးထဲမှာ ပြေးမြင်မိတယ်
အိပ်ရေးပျက် မျက်ချေးထွက်
နတ်တွေလို အငွေ့သက်သက်ရှူသူတွေ
ဟုတ်ဟုတ် မဟုတ်ဟုတ် ဘလောက်ဒ်ဂါ တို့တစ်တွေကတော့ နတ်တို့ဘုံ ကိုရောက်သွားပြီ။
ဘလော့ဂါတစ်ဦးက ဘလော့ဂါ ဘာကြောင့် ဖြစ်လာတယ် ပြောတာ ရေးတာ ကောင်းပါတယ်၊ ဘလော့ဂါတွေ ဘယ်လိုပါလို့ ပြောမယ်ဆိုရင် နည်းနည်းတော့ သတိထားသင့်တယ်၊ အခက်ခဲဆုံးက ဘလော့ဂါဆိုတာ ကိုယ့်ဘာသာကိုယ် ခံယူလို့ ရတဲ့ကိစ္စ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်၊ ပရိတ်သတ် သို့မဟုတ် စာဖတ်သူ(ဘလော့ဂါ မဟုတ်သော စာဖတ်သူ) က သတ်မှတ်ပေးမှ ဖြစ်လာတယ်လို့ ကျနော် ထင်ပါတယ်၊ စာဖတ်သူဟာ အနေအထား အမျိုးမျိုးက ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်၊ အမရဲ့ ဖန်တီးထားမှုကို ကျနော် အားပေးပါတယ်၊ အမရော အမ့ချစ်ချစ်ကြီး အကိုပါ ကျန်းမာပါစေ ...
ဟုတ်ကဲ့ ... အစ်မလိုတော့ မရေးတက်ဘူး ... blog လေးတစ်ခုလုပ်မိတာ ... အချိန်တော့ တော်တော်ပေးရပါတယ် ... ဒါတောင် ..အစ်မ အိမ်လေးနဲ့  ယှဉ်ရင် ကျနော် အိမ် လေးက တဲသာသာ ရှိပါတယ်လေ .. ....
ဘလော့ဂ်ဂါအတွက် အငွေ့သက်သက် သာ ပြန်ရတယ်ဆိုရင်တောင် နတ်တွေလို ငြိမ်ငြိမ်နေပြီး အငွေ့လေးပဲ ခံစားရတာမဟုတ်ဘူး အစ်မရေ။ စိတ်ဖိစီးမှု အမြဲနီးနီး ရှိနေပြီးမှ ခံစားရတဲ့ အငွေ့ပါလေ။
တခါတလေကျ တော့လဲကိုယ့်အိမ်ကို ပစ်ထားပြီး အိမ်တကာ ရှောက်လည်နေဖြစ်တာလဲ ရှိသေး။
အိမ်ရှင်တို့... ဧည်သည်လာတယ်ဗျို့ ။ အလည်လာတာတော့ တော်တော်လွယ်တယ်ဗျ။ အိမ်ရှင်တို့အတွက် လက်ဆောင်ပေးဖို့ကြတော့ တော်တော် ခက်တယ်နော်။ သူကြီးမင်း Freegate လေးဆီ အကူအညီတောင်းမှပဲ ဒီလက်တောင်လေးကို ပေးလို့ရတယ်ဗျာ။ ဧည့်ခန်းမှာ တော့ ဘာမှ ကျွေးထားတာ မတွေ့လို့ ချောင်းကြည့်ယုံပဲ ကြည့်ပြီး ဝင်မထိုင်ဖြစ်ခဲ့တော့ဘူးဗျာ။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
ဘ ဘလော့ဂါ တွေက အ အဲဂလိုတွေပါပဲ အစ်မရယ်....ကိုလေးဖြူတို့ဆိုသလိုပဲ ရောဂါ ရောဂါပေါ့ မဘလော့ရမနေနိုင်ရောဂါ :)
ဖိုးကြယ်....
ဘ ဘလော့ဂါ တွေက အ အဲဂလိုတွေပါပဲ အစ်မရယ်....ကိုလေးဖြူတို့ဆိုသလိုပဲ ရောဂါ ရောဂါပေါ့ မဘလော့ရမနေနိုင်ရောဂါ :)
ဖိုးကြယ်....
စီးပွားရေး ကျန်းမာရေး လူမှုရေးအပျက်ခံပြီး ရေးနေတဲ့ ဘလော့ဂါမရွေစင်ဦးရေ... အများကြီးမပြောချင်တော့ပါဘူး။ ရေးသူအတွက်ရော ဖတ်ကြသူတွေအတွက်ပါ အကျိုးတွေ အများကြီးရှိပါတယ်... ဆက်ရေးပါ... ပရိသတ်တွေ ဆက်လက်စီကားနေမှာပါလို့....
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အမရွှေစင်ရေ...
တဂ်စာတွေ ရေးနေတာတောင် အမလင့်ခ်က မတက်ဘူး ဖြစ်နေတယ်။း))
သူကြီးမင်းနှင့် အိမ်သာနက်ကို မြင်လိုက်လို့ လန့်ဖျန့်သွားတယ်။ ဘာတွေများလဲလို့။
အမပြောသလိုပါဘဲ။ ဘလော့ဂါဆိုတာ ကြိုက်သလို ရေးနိုင်သလို မကြိုက်သလိုလဲ အဆဲခံရနိုင်ပါတယ်။ အိပ်ရေး စားရေး စီးပွါးရေး ဘာသာရေး အချစ်ရေး ဘာရေး ညာရေးတွေ အကုန်ပျက်တတ်ပါတယ်။ ဒါပေမဲ့ စွန့်လွတ်နိုင်သလားဆိုတော့ အဖြေက တစ်လုံးထဲ ရှိပါတယ်။ နိုးးးးးးးးးးးးးးးးးးးးး တဲ့။
ပျော်ရွှင်ပါစေ အမရစနှင့်အမစစ
ခင်မင်လျှက်
မမရွှေစင်၏အိမ်တွင် သွေးဆောင်ဖျားယောင်းထားသောအရာများအားလုံးထဲတွင် ညီမလေးအကြိုက်ဆုံးမှာ မမရွှေစင်၏လက်ဖြစ်များဖြစ်ပါသည်။ လက်ဖြစ်ဟုဆိုရာတွင် စာလည်းပါပါသည်။ အစားအသောက်များလည်းပါပါသည်။
ဘလော့ဂါတွေကို နတ်သမီး နတ်သားတွေနဲ့နှိုင်းပြထားလို့ ဘ၀င်တောင်မြင့်သွားတယ် ဟိဟိ....
ဟိုက်.....နောက်ဆုံးကျတော့ ဘယ်ပြေးမလဲ မိချိုသဲ...အဲလေ....မိဂျင်ဂျင်း...ကိုယ့်အိမ်ကနေ ထွက်ထွက်ပြေးနေတဲ့ ညီမစုတ်လေးကို မမကြီးနဲ့မမလေးက ဂုတ်ဆွဲပြီးတော့ကို အရပြန်ခေါ်ကြတာပါလား.... :D
ရေးပေးပါ့မယ် မမကြီးရေ.... :)))
ချစ်ညီမလေး
ဖတ်သွားတယ်အစ်မရေ...
ပြုံးလည်းပြုံးသွားတယ်
အကောင်းပြောလည်းခံ
အဆိုးပြောလည်းခံနိုင်မှး)း)
ဒါပေမယ့် လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်
ဒါပေမယ့်း) လွတ်လပ်စွာစော်ကားခွင့်မရှိး)း)
ခရီးသွားနေလို့ အခုမှရောက်လာတား)
မောင်ဘကြိုင်
(မြန်မာအီးထရိတ် Myanmar e-treat) တမင်များရေးလိုက်သလားလို့၊
Treat = inducement = treat, someone to something offering = bribe
:D
ဟီးဟီး... ဒါပေမယ့် ဆရာမအိမ်ကလေးက အိမ်ကလေးဆိုတာထက် နွေးထွေးတဲ့စာကြည့်တိုက်ကလေးနဲ့ ပိုတူပါတယ်ဗျာ.. ရသပေါင်းစုံကို ပေးတဲ့ နေရာလေးပေါ့... ကိုကိုးအိမ်တို့လို့ သူကြီးမင်းပြောတဲ့ အိုဗာတော့ကင် တွေမပါဘဲ သဘာဝကျကျရိုးရှင်းစွာဖြတ်သန်းနေတဲ့ စာကြည့်တိုက်လေးပေါ့..
အစ်မကြီးရွှေစင်ဦးရေ မင်္ဂလာပါခင်ဗျား။ အစိမ်းရောင်ပြောသလိုပါပဲ ဘလော့ဂါမှန်ရင် ရွှေစင်ဦးပြောတဲ့အထဲကနေ လွှတ်မှာမဟုတ်ဘူး။ သိလား။
တခါတခါတော့ ဒီဘလော့ကို အာရုံစိုက်ပြီးရေးနေမိတာ ရပ်လိုက်ချင်စိတ်တွေပေါက်မိတယ်
အိပ်ရေးတွေလည်း ပျက်ပေါင်းများလှပြီလေ
ရပ်မယ်ဆိုတာ စကားပါ။ လက်ကတော့ ရပ်ကို မရပ်တာ။ (မှတ်ချက် ပြောချင်တာ တူသွားလို့ ကော်ပီကူးပြောလိုက်သည်၊ ဟိ)
ကျန်းမာပျော်ရွှင်ပြီး လိုအင်တွေ ပြည့်ဝပါစေ အစ်မကြီးရွှေစင်ဦးရေ။
ပြင်ထားလိုက်ပြီ ကိုဆိုစီ ရေ
တော်ကြာ အသရေဖျက်မှု့ နဲ့ တရားစွဲ ရင် လျှော် စရာမရှိ
အစ်မ...
ဒီအပုဒ်လေး သဘောကျတယ်..
ဘလောဂ့် ဂါတွေ နဲ့ ဘလော့ အကြောင်း ကို ဘလောဂါ အစ်မ က တင်ပြသွားပုံလေး ကို သဘောကျမိပါတယ်..
အစ်မ ရေ ..ဘလော့ဂါတွေရဲ့ စာမူခ (ဝါ) အနုပညာကြေးလို့ ခေါ်ဆိုထိုက်တဲ့ ပီတိ ကော်မန့် လေးကို အခုမှ ပထမဆုံး ပေးမိပေမယ့် ကျွန်တော်ကတော့ ဟိုး.အရင်ကတည်းက shwezinu.com ရဲ့ ပရိတ်သတ် တဦးပါ..
ပျော်ရွှင်ပါစေ အစ်မရေ..
ဘလော့ဂါ မဟုတ်တဲ.
နယုန်မိုး ( မလေးရှား)
ဝေးဟေးဟေး . . ဒါမှ ဒို့ အငွေ့စား ဘလော့ဂါ စစ်စစ်ကြီးတွေရဲ့ အကြောင်းကွ။
ဟုတ်တယ် မကြီးရွှေစင်ရေ
ဘလော့ဂါဆိုတာကတော့
မကြီးရေးထားတဲ့ အတိုင်းပါဘဲ...
မရွှေစင် ရဲ့  ဘလော့ဂ်ဂါ ဘ၀ဖြစ်ကြောင်းစုံလင် ကို
ဖတ်သွားပါတယ်။ ဒီလိုပေါ့လေ အရင်းခံတာက စာရေးချင်တာ၊ ဒီကြားထဲ မှာ စေတနာဗရပွနဲ့ စာဖတ်
သူကို မျှဝေပေးတဲ့ စိတ်တွေ ကို မရွှေစင် ရဲ့ ဘလော့ဂ်
မှာ တွေ့ ရပါတယ်။
အားပေးနေတဲ့ ရွာသားလေးပါ။
ထိထိမိမိရေးချက် ပါလားမမရေ အငွေ့စားတဲ့ ဘလော့ဂါတွေတဲ့... မိုက်လိုက်တာ
မရွှေစင်ရဲ့ အပ်ချည်လုံးစာလေးတွေ လာဖတ်ပါတယ်...ဒီပို့စ်ကိုဖတ်ရင်းက ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်...ဘာတွေများ ရင်းနှီးပေးဆပ်လိုက်ရသလဲလို့...ဒါပေမယ့် ကိုယ့်စာနဲ့ကိုယ်ပျော်နေတာကြောင့် ဘာတွေပေးဆပ်လိုက်ရတယ်ဆိုတာတောင် သတိမထားမိအောင်ပါပဲ...ဒါပေမယ့် နာရီကြည့်လိုက်မိတော့ မနက် ၃ နာရီတောင် ထိုးပါပေါ့လား...း)))
ချစ်ချစ်ကြီးကိုလဲ ကလူ၏သို့ မြူ၏သို့ လုပ်ပြီး ဂရုစိုက်ပါ။
ချစ်ညီမကိုလဲ နောက်တခါ တရားစခန်းဝင်ရင် ကြာကြာတရားထိုင်နိုင်ဖို့ အထိုင်ကျင့်နေတာလို့ အကြောင်းပြချက်ပေးပါ။
တပည့်တွေကို ဘလော့တခုစီ ဖွင့်ပြီး ပိုးသွင်းပေးခြင်းဖြင့် အတင်းပြောခြင်း ရပ်တံ့ပြီး စိတ်မမှန်ရောဂါ ကူးစက်စေပါ။ (အလုပ်ပျက်ရင်တော့ တာဝန်မယူ)
:)
အမရွှေစင်ရဲ့ ဒက်ဖနေးရှင်း Free Land က Free Person ကို ကိုယ်တတ်သလို ဘာသာပြန်ကြည့်တာ
အလကားနယ်မြေက အလကားလူတွေ တဲ့ ... ဟိဟိ ...
အရီးလေးစစတော့ နောက်ဆို ဘာသာပြန်ရေးဖို့ တိုက်တွန်းရဲတော့မှာမဟုတ်ဘူးးးး :)))
ကြီးမေ စစ နဲ့ အကြံတူနေသကိုး။
မကြားတကြားပြောလဲ မရပါဘူး။ အော်ကျယ်ကြီး အော်ပြောလဲ မရပါဘူး။ တိုးတိုးတိတ်တိတ် အဲဂလို မရေးနဲ့ဆိုလဲ မရပါဘူးးးးးးးးးးးး။ ရေးမှာဘဲ ရေးမှာဘဲ လာမတားးးးးးးးးးးနဲ့တဲ့။
ယနေ့မှစ၍ ဘလော့ဂါမမအား အငွေ့သာလျှင် ရှုခိုင်းပါတော့မည်။
ချစ်ညီမ
ဟုတ်ပမမရယ် မမပြောသလိုသိပ်မှန်တာပါပဲး)
ချစ်တဲ့
မဒိုးကန်
အပေါ်က အနော်နိမာ့စ် ဂျင်ဂျင်းပြောသလိုပါပဲ...
ကျွန်မလည်း အစ်မအိမ်က အစ်မလက်ရာတွေကိုပိုကြိုက်တယ်။
အစ်မရဲ့ ဘလော့ဂါဘ၀ကတော့ တကယ်ကို လေးစားစရာပါ။
ဘလော့ဂါကို အဓိပ္ပါယ်ဖွင့်ဆိုထားတာလေးက....ရင်ထဲထိတယ်... သဘောတူတယ်...ထောက်ခံတယ်...နှစ်သက်တယ်... :)
ခွိ.... မိုက်မိုက် မိုက်စ်................
မျက်မှောင်ကုတ်တာတွေတော့ တူကုန်ပြီး) ဘလော့ဂ်လဲရေး အိမ်ကလူကိုလဲ ဂရုစိုက်ပါနော်။
မြန်မာပြည်ကနေ ကြိုးစားပန်းစား ရေးပေးနေသူများအားလုံးကို လေးစားလျှက်
တီတီဆွိ
ဟေ..ဟေ့... ဖတ်ရတာမြိန်စရာကြီးပါလား
အားရပါးရ ကို အားပေးသွားပါတယ်
ကိုကို/မမ...ရွှေစင်ဦးရေ
(ဒုတိယ)
မမရွှေစင်ရဲ့ အိမ်လေးကတော့ တကယ့်ကို နားခိုရာပါ။ ဘလော့ရွာက အိမ်ရော၊ ပြင်ပက အိမ်လေးမှာပါ ပျော်တယ်...။
လသာည
right, i like..
Post a Comment