ဘလောဂ့်ဒေး အထိမ်းအမှတ် အတွက် ကိုအောင် (ပျူနိုင်ငံ) က တဂ် ပိုစ့် လေး ရေးခိုင်းပါတယ် .. ရေး ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် .....။
ဘလောဂ်လေး ဟာ ကျနော့် ဘဝ ရဲ့ အစိတ်အပိုင်းတခု ပါ... ဘလောဂ် လေး ရှိတဲ့ အတွက် ကျနော် ရေးချင်ရာ ကို ရေးလို့ရတယ်... ဖတ်စေချင် တဲ့ စာတွေ ကို တင်ပြခွင့်ရတယ်... ကမ္ဘာအနှံ့ မိတ်ဆွေ အသစ် တွေ ရပါတယ်... ကျနော် ပိုင်ဆိုင်ဖူးတဲ့ အရာတွေ ထဲ မှာ ဒီ ဘလောဂ့် လေးကို ပိုင်ဆိုင်ခွင့် ရတဲ့ ကြည်နူး မှု့ ဟာ အကြီးမား ဆုံးပါဘဲ....။
ကျနော့် ရဲ့ ဘလောဂ် လေး စတင်ပေါ်ပေါက် လာပုံ ကိုပြောပြရရင်.......
အင်တာနက် စသုံး လို့ သိပ်မကြာခင်မှာဘဲ ... ဘလော့ဂ် တွေ ကို သတိထားမိပါတယ်.. စာရေးကောင်း တဲ့ ကိုမင်းဒင် တို့ ကိုနဗန တို့ ရဲ့ ဘလောဂ့် တွေ ကို အရင်ဆုံး ဖတ်မိ ပါတယ်... နောက်တော့ ... မမေဓါဝီ.. ဆရာမ မမေငြိမ်း.. မကိ... မအယ်.. မမိုးချိုသင်း... မကေ... ကိုလူထွေး ... ကိုသင်ကာ... မခင်ဦးမေ.... ကိုမျိုး (အညာမြေ) ... ကိုမောင်မောင် (ကဗူး)... သက်ပိုင်သူ... ရွှေပြည်သူ... မယ်ကိုး... ကိုမောင်မျိုး.. ရှေးမြန်မာ... စသည် စသည် ဘလော့ဂ် တွေ မှာ စာဖတ်ရင်း နဲ့ တခြား ဘလော့ဂ် တွေ လည်း အများကြီး ရှိကြောင်း သိလာပါတယ် ...၊ ကိုယ်လည်း အဲလို ဘလောဂ့်လေး တခု လုပ်ချင် လာပါတယ်... ။
ဘလောဂ့် လေး လုပ်တာ တော့ ဟုတ်ပါတယ်... ဒါပေမဲ့ ကိုယ်ရေးချင် တာတွေ လျှောက်ရေး နေလို့ စာဖတ်သူ တွေ အတွက် ဘာမှ အကျိုးမရှိနိုင်ဘူး လို့ ယူဆပြီး ဒီဘလောဂ့် လေးမှာ အကျိုးရှိတာ တခုခု ကို လုပ်ချင် လာပါတယ်...။
ကျနော့် ဘဝမှာ ဘာတခု မှ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ အလုပ်မျိုး မရှိသလို ဘယ်အရာ မှ လည်း ထူးချွန်မှု့ မရှိခဲ့ ပါဘူး....ကျနော် အခုအချိန်ထိ နေ့စဉ် မပျက် လုပ်ခဲ့ တာ တခုဘဲ ရှိပါတယ်.... စာဖတ် တာပါဘဲ.... ဘယ် လောက်ဘဲ စိတ်ညစ်စရာရှိရှိ... ပျော်စရာရှိရှိ... နေမကောင်း တာ ဘဲ ဖြစ်ဖြစ် .. ပင်ပန်း နေတာဘဲ ဖြစ်ဖြစ် .. စာမဖတ် ရရင် အိပ်မပျော်ပါဘူး... ။
ဖတ်တဲ့ စာ တွေမှာ. စာမျိုးစုံ ပါပါတယ်... ဒါပေမဲ့... စာဘယ်လောက် ဘဲ ဖတ်ဖတ် ... စာဖတ်ချင် တဲ့ စိတ်အာသာ ကို မပြည့်ဝ တဲ့ စာမျိုးတွေ နဲ့ တွေ့ တာ များလာရင် ကျနော် စာငတ် လာ ပါတယ်..... ကျနော့် အတွက် တော့ စာငတ် တာဟာ ထမင်းငတ် တာ နဲ့ မထူး ပါဘူး.... ဒါကြောင့်.. စာအုပ် အဟောင်း တွေ ပြန် ဖတ်ရတယ်... စာကောင်းလေး တွေ ရှာဖွေ ဖတ်ရ ပါတယ်...။
ကျနော် တို့ ရဲ့ နေ့စဉ် ထမင်းဝိုင်း မှာ မသင့်တော် တဲ့ဟင်းတွေ.. အဟာရ မပြည့် ဝတာတွေ ကို ကြာကြာ စားလာ ခဲ့ရင်... အဲဒီလူဟာ ရောဂါ တွေ ရလာ နိုင်သလို... physically အရ လိုအပ်ချက်တွေ ရှိလာပါလိမ့် မယ်... အဲလိုဘဲ ... အဟာရ မပြည့်ဝ တဲ့ စာတွေ ဖတ်တာကြာလာရင် မဖတ်ရရင်.. mentally အရ မပြည့်စုံ မှု့တွေ ရှိလာမယ် လို့ ထင်တဲ့ အတွက် ကျနော့် ဘလော့လေး မှာ အဟာရ ပြည့်ဝ တဲ့ စာလေး တွေ ကို တင်ထားချင် တဲ့ ဆန္ဒလေး တခု လည်း ရှိလာပါတယ် .. ။
အင်တာနက် မှာ မြန်မာ e-book တွေ လိုက် ရှာကြည့် ပါတယ်... စာအုပ်ကောင်း လေးတွေ တွေ့ သလို မတွေ့တာတွေ လည်း အများကြီးပါဘဲ... ။
အဲဒီအတွက်... ကျနော့် ကြိုက်တဲ့ ကျနော့် မှာ ရှိတဲ့ စာအုပ်ကောင်း လေးတွေ ကို စာချစ်သူ များ ကို ဖတ်စေချင် တဲ့ မျှဝေ ချင်တဲ့ ဆန္ဒ လည်း ဖြစ်လာပါတယ်..... ဒါကြောင့် ကျနော် တတ်နိုင်သမျှ စာကောင်း လေး တွေ လည်း တင်မယ် လို့ ဆုံးဖြတ်လိုက် ပါတယ်... ။
နောက်တခု လည်း သတိရသွားပါတယ်... ကျနော် တို့ ငယ်ငယ် က သမဝါယမ ဆိုင် ဆိုတာရှိပါတယ်.... အဲဒီ သမဝါယမ ဆိုင်မှာ ဈေးဝယ် ရင် ကိုယ် လိုချင်တာ ကို ဝယ်လို့ မရပါဘူး.... အရောင်းသွက်တဲ့ ဆပ်ပြာခဲ ဝယ်ချင်ရင် အရောင်းထိုင်း တဲ့ အပ်ချီလုံး နဲ့ တွဲယူရပါတယ် .. အခုလည်း ရွှေစင်ဦး ရဲ့ အပ်ချီလုံး စာလေး တွေ နဲ့ စာရေးဆရာကြီး တွေ ရဲ့ ဆပ်ပြာခဲ စာကြီး များကို တွဲဖက်ပြီး တင်ထားရရင် စာဖတ်သူလည်း အဆင်ပြေ.... ရွှေစင်ဦးလည်း အဆင်ပြေဆိုပြီး... http://www.shwezinu.blogspot.com ဆိုတဲ့ နှလုံး သား ထဲက ဘလော့ဂ် အိမ်လေး ကို စတင် မွေးဖွား လိုက်တာ ဖြစ်ပါတယ်... အဲဒီကမှ တဆင့် ပြည်တွင်း မှာနေတဲ့ စာဖတ်သူမိတ်ဆွေ များပါ အဆင်ပြေစေဖို့ http://www.shwezinu.com လေးကို ပြောင်းဖြစ် သွားပါတယ်... ။
စဦးကာလ များတုန်းကတော့... ကျနော့် ဘလော့ဂ်လေး မှာ စာဖတ်သူ ဟာ ကိုယ်က လွဲရင် အားပေး ဖော်.... ချစ်ညီမ စစ တယောက် ဘဲ ရှိပါတယ်...။

စာဖတ်သူ မရှိပေမဲ့ ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် လုပ်ရမယ် ဆိုပြီး နေ့တိုင်း နီးပါး စာရေး ပါတယ် ပိုစ့် တွေ တင်ပါတယ်.. ဖတ်သူ မရှိပါဘူး ... နဲနဲလေး ကြာ မှ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်း နဲနဲပါးပါး ကို ဘလော့ဂ် လင်ခ့် လေး ပေးပြီး ဖတ်ခိုင်း ရပါတယ်... တခြား ဘလောဂ့် တွေမှာ လင့်ခ် ချန် နည်းလေး လည်း ... သိသွားတဲ့ အတွက် စာဖတ်သူ များ တိုး လာ ပါတယ် .... အခုတော့ နှစ်နှစ် သား အရွယ်ရောက် နေပြီ ဖြစ်တဲ့ ယိုင်ထိုး ယိုင်ထိုး နဲ့ မတ်တတ်သွားစ ပြုနေ တဲ့ ရွှေစင်ဦး ဘလောဂ့် လေး ဘေး မှာ ဝိုင်းဝန်း လက်ခုပ်တီး ပေးကြတဲ့ စာဖတ်သူ များ အသင့်အတင့် ရှိနေပါပြီ....။
ဘလော့လေး မှာ စာဖတ်သူ တွေ များလာရင် ကျနော် ဝမ်းသာပါတယ်... စာဖတ်သူ တွေ များတာဟာ ကောင်းတဲ့ အလားအလာ တွေ လို့ဘဲ ယူဆပါတယ်... ဒါကြောင့် ... ကျနော် ဘလောဂ့် လေးမှာ စာ လာ ဖတ်ကြတဲ့ စာဖတ်သူ များကို အထူး ကျေးဇူးတင်ပါတယ်... ။
နောက်ပြီး ကျနော် ဘလောဂ့် လေး စရေး ကထဲက ကျနော့် တင်သမျှ စာတွေ မှာ ကော့မန် လေး တွေ ရေးပေးပြီး ကျနော် ရဲ့ စိတ်ဓါတ်အင်အား ကို ဖြည့်ပေးခဲ့ကြတဲ့ wather.ray... ဂျီးတော်.. ဝက်မ (ဂျက်စမင်း) ... ttinaye... SDL.. အနော်... စသည့် စသည့်... တို့ နဲ့ အတူ ကောမန့် မရေးပေမဲ့ မေးလ် မှ တဆင့် ဂျီတော့ခ် မှ တဆင့် အားပေးခဲ့ ကြတဲ့... စာဖတ်သူ အားလုံး ကို လည်း အထူးဘဲ ကျေးဇူးတင် ပါတယ်...။
ဘလော့ဂ်ဂါ ရေးဖော်-ရေးဖက် (သောက်ဖော် - သောက်ဖက်.........အဲ..အဲ..) မိတ်ဆွေများ ဖြစ်တဲ့ အပြင် အားဆေးလေး တွေ ကို စိတ်ပါလက်ပါ... တိုက်ကျွေး သွားကြတဲ့... မိုးမင်းကြီး(စူး) ... အင်ကြင်းသန့်.. လသာည... မမေဓါဝီ.. မကိ... ချစ်ကြည်အေး... ကောင်းမွန်ဝင်း... ချော (အစိမ်းရောင်လွင်ပြင်)... မသက်ဝေ... မသီတာ.. ကိုဧရာ.... အဖြူရောင် နတ်သမီး... ယွန်း.. ညီမပူးတေ... ကူးကူး... ကျော်နှင်းဆီလွင်.... ဖြိုးဖြိုး... မဗေဒါ.(88).. မမြသွေးနီ.... မြတ်မွန်.... စိတ်၏ဖြေရာ... မရီတာ.. မိုးငွေ့.. မလုလု.. မငယ်နိုင်း.. We She Me... တီတီဆွိ... စုချစ်သူ... ညီမသဒ္ဓါလှိုင်း... ကိုပီတာ... ကိုမိုး (ဘလောဂ်ဂါမောင်မိုး) .. ကိုအောင် (ပျူနိုင်ငံ).. ကိုမြစ်ကျိုးအင်း... ကိုဇော်သိက္ခ.ၤ. နတ်ဆိုးလေး.. ကိုကိုးအိမ်.... ကိုဆိုဆီ... ကိုကိုမောင် (ပန်းရနံ့).. ကိုဇော်... ကိုဂျစ်တူး... အဖြူလေး.. ကိုမောင်(ကဗူး).... ကိုအေအေတီအို.... ကိုညီလင်းသစ်.. မောင်လေး... ကိုယောနသန်... မိုးယံ.... ကိုဘကြိုင် (ချဉ်ပေါင်ခြံ) .... ကိုချိုကျ ... ကိုဏီလင်းညို... ကိုအုပ်ကြီး... ကိုသက်တန့်.. စသည်.. စသည် .. တို့နဲ့ နှုတ်မဆက် ဘဲ ထွက်ခွာ သွားခဲ့တဲ့ အကိုကြီး (ကိုကြီးကျောက်) တို့ရဲ့ ကျေးဇူးတရား တွေ ကိုလည်း အမှတ်ရ နေမှာပါ...။
အခု နောက်ပိုင်း မှာ ဆက်လက်ပြီး ချစ်ခင်တွယ်တာခဲ့ရတဲ့ မောင်ငယ် ညီမငယ် ဘလောဂ့် ဂါ များ ကို တော့ နံမည် မဖော်ပြတော့ပါဘူး... ရွှေစင်ဦး ဘလောဂ့် မှာ ချိတ်ဆက်ထားပေးပါတယ်.... ကျေးဇူးတင်ပါတယ် မောင်ငယ် ညီမငယ် တို့ရေ...။
အင်တာနက် မှာ တင်ထားတဲ့ ကိုယ်ပိုင် ဘလောဂ့် လေးတွေ ကြောင့် ကမ္ဘာ မှာ မြန်မာ မှာ အများကြီး ပြောင်းလဲ မှု့တွေ ဖြစ်ပေါ်ခဲ့ သလို... လူတဦးခြင်း ဘဝ တွေ.ကို လည်း အများကြီး ပြောင်းလဲ သွားစေ ပါတယ်.... ဒါတွေ ဟာ အားလုံး သိပြီးသား ဖြစ်မှာ မို့ ကျနော် မပြောတော့ပါဘူး...။
ကျနော့် အတွက် တော့ ဘလောဂ့် ဆိုတာ ကိုယ် ဆန္ဒ ရှိရာ ကို အယ်ဒီတာ မလို ဘဲ ကိုယ့် ရဲ့ စာဖတ်သူ တွေ နဲ့ ကမ္ဘာကြီး စီ ကို စက္ကန့်ပိုင်း အတွင်း မှာ ရောက်အောင် တင်ပြနိုင်တဲ့ တကယ်ကို ထူးဆန်း တဲ့ စာ တအုပ် ... သတင်း တပုဒ် ... ပါဘဲ... ဘလောဂ့် တွေ ရှိတဲ့ အတွက် အင်တာနက် ကမ္ဘာ မှာ ကျနော် တို့ မသိသေး တာတွေ.. သိချင်နေတာတွေ ကို အားလုံး သိခွင့် ရခဲ့ပါတယ်... ဘလောဂ့် ကြောင့် သုတ.. ရသ..အားလုံး ကို လေ့လာ ခွင့် ရရှိခဲ့ပါတယ်...။
ဘလောဂ့် ဆိုတာ ကျနော့် အတွက်တော့ တန်ဘိုး မဖြတ်နိုင်တဲ့ အင်တာနက် က ပေးတဲ့ ဆု ပါဘဲ.... ဘလောဂ့် လေး တည်ထောင်ခွင့် ရတဲ့ အတွက် ဘလောဂ်ဂါ ဆိုတဲ့ နံမည်တခု ကို ပိုင်ဆိုင်ခွင့် ရခဲ့ ပါတယ်... အဲဒီ အတွက် ကျနော် အထင်ကြီး လေးစားတဲ့ သတင်း ဌာနကြီး နှစ်ခု နဲ့ အင်တာဗျူး လုပ်ခွင့် ရခဲ့ ပါတယ်.. ဒါဟာ လည်း ကျနော် လို သာမန် လူစား အတွက် မမျှော်မှန်း နိုင်တဲ့ ဆုလာဘ် တခုပါ...။
ဘလောဂ့် စတင်တီထွင် ခဲ့ ကြတဲ့ နည်းပညာရှင်တွေ နဲ့ လူသားတွေ အကျိုးအတွက် ဘလော့ဂ် သုံးခွင့် အလကား ပေးထားခဲ့တဲ့ web site များကိုလည်း ကျေးဇူးတင်မဆုံး ပါဘူးလို့ ပြောကြားရင်း ဘလော့ဂ် ဒေး အမှတ်တရ စာစုလေး ကို ရေးလိုက်ပါတယ်....။
ဘလောဂ့်ဂါ အမ အန်တီတင့်... ညီမကောင်းမွန်ဝင်း... ကိုမောင်(မောင်မောင် (ကဗူး))... တို့နဲ့ ရေးဖော် ရေးဖက်... မောင်ငယ် ညီမငယ် အားလုံး ကို လည်း ဘလောဂ့်ဂါးဒေး အတွက် အမှတ်တရ လေးများ ရေးပေးကြ ပါအုန်း လို့ ... ဆက်လက်ပြီး တဂ် လုပ်ပါတယ်...။
ဖြစ်ချင်တာ နဲ့ ဖြစ်နေတာ ကို တဂ် လုပ်ထားတဲ့ ကဗျာဆရာ မောင်ငယ် ကိုအုပ်ကြီး နဲ့ ... ကြိုက် တတ်တာ မကြိုက်တတ်တာ လေး တွေကို တဂ်လုပ်ထားတဲ့ ညီမငယ် အဖြူရောင်နတ်သမီး တို့ အတွက် ဒီပိုစ့် လေး နဲ့ ဘဲ အကြွေးဆပ်ပြီး ပြီ လို့ ယူဆပြီး.. သီးသန့် တပုဒ်စီ မရေးဖြစ်ခဲ့တဲ့ ရွှေစင်ဦး လေး ကို ခွင့်လွှတ်ကြပါလို့ တောင်းပန် ရင်း ပိုစ့် လေးကို နိဂုံးချုပ် ပရစေတော့ဗျာ....။
စာရေးသူ - ရွှေစင်ဦး
.

43 comments:
မမရွှေစင်ရဲ့ ဘလော့ဒေးအမှတ်တရလေးကို လာဖတ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေမမ။
ချစ်တဲ့
ညီမသဒ္ဓါ
အစ်မရွှေစင် ဘလောက် ဆက်လက်တည်တံ့ပါစေ။ စာကောင်း ပေမွန် တွေ အများကြီး မျှဝေနိုင်ပါစေ။ လာဖတ်တဲ့ ပရိတ်သတ်များ စာကောင်းတွေ ဖတ်ရလို့ အားရကျေနပ်သွားသလို စာပေဒါန နေတိုင်းလုပ် နေတဲ့ အစ်မရွှေစင်လဲ ပျော်ရွှင်ချမ်းမြေ့ပါစေ.. လို့ ဆန္ဒပြုကြောင်း ပါဗျား။
ဘလော့ဂ်ဒေး ဆိုတာ သပ်သပ် ရှိတယ် လား။။ ခုမှ သိရတယ်။
အပ်ချည်လုံးရော ဆပ်ပြာ ရော အားလုံးဟာ လူတွေ အတွက် မရှိမဖြစ် အသုံးဝင်ကြတာချည်းပါပဲ မရွှေစင်ရေ.
ကိကိ ဆိုရင် ကျယ်သီး ခဏ ခဏ ပြုတ်တတ် လွန်း လို့  အပ်ချည်လုံး ကို ပို သတိတရ ထားပြီး သိမ်းရတယ်.. သူ မရှိလို့  မဖြစ်ဖူး လေ.. သိတယ် ဟုတ်..
ဆက်လက် အားပေး နေ မှာ...
ခင်တဲ့
မကိ
ညီမရေ ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားပြီ။ ရေးတတ်သူများကျတော့လည်း လက်တမ်းရေးသွားလိုက်တာ မီးမောင်းထိုးစရာတောင် မလိုပါလားနော်း)
တက်ဂ်ထားတာကို ကြိုးစားရေးပေးပါ့မယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Chit Shwezin,
Thanks for your blog day post.I'm also like you ,reading is breathing for me.Wishing you being as blogger many more years.Thanks to chit nyima seesein and people who help to do so around you.
Gyidaw
ချစ်ညီမ စစ နှင့် စလိုက်တဲ့ ဘလောက်ဟာ ချစ်ချစ်ကြီးရဲ့ အားပေးမှုလည်း ပါမယ်လို့ထင်ပါတယ်၊
ကိုယ်ပိုင် ဘလောဂ့် လေးတွေ ကြောင့် ကမ္ဘာ မှာ မြန်မာ မှာ အများကြီး ပြောင်းလဲ မှု့တွေ ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို သဘောကျမိပါတယ်၊
အစ်မရွှေစင်ရေ...
အစ်မရဲ့ဆိုက်က အများကြားမှာ ထူးခြားတဲ့ ဆွဲဆောင်မှု သီးသန့်နဲ့ ဆိုက်ပါ။ မြသွေးအပါအ၀င် ရုံးကနှစ်ယောက် မလွတ်တမ်းစောင့်ဖတ်ဖြစ်ပါတယ်။ ရှားပါးတဲ့စာကောင်းပေမွန်တွေကို စေတနာထား
ပြန်လည် ဖော်ပြပေးနေတတကယ်ကျေးဇူးတင်ရပါတယ်။ အစ်မစိတ်လက်ချမ်းသာ ကျန်းမာစွာ ဆက်လက်ဘလော့ဂင်နိုင်စေကြောင်း ဘလော့ဂါဒေးမှာ ဆုမွန်ချွေသွားပါတယ် အစ်မရေ..။
မရွှေစင် ရေ စာလာဖတ်သွားပါတယ်။
ဦးတည်ချက်ကောင်း စေတနာကောင်းတွေ နဲ့  စာကောင်းပေကောင်းတွေ ကို ပြန်လည်မျှဝေပေးတဲ့
အတွက် ကျေးဇူးများစွာပါ။ ၂ နှစ်သက်တမ်းမှသည်
နောင်နှစ်ပေါင်းများစွာ တိုးတက်အောင်မြင်နိုင်ပါစေ။
ခင်မင်သော
မောင်မောင်
မရွှေဇင်ဦးရဲ့ အပ်ချည်လုံးနဲ့ ဆပ်ပြာခဲ ဥပမာကို သဘောကျလိုက်တာ...၊း) သမဝါယမ ခေတ်မှာ ကြီးလာခဲ့ရသူမို့ မျက်စိထဲ တန်းကနဲကို မြင်သွားမိတယ်၊ ဆပ်ပြာခဲတွေ ချည်းပဲ တိုက်နေရတာ ကောင်းသလို တခါတလေ အခုလို အပ်ချည်လုံးလေး တွဲရောင်းတဲ့ အချိန်လည်း အပြေးအလွှား လာထုတ်..အဲ.. လာဖတ် ပါတယ်ဗျာ၊ မြန်မာစာအုပ် မရတဲ့ နေရာမှာ နေရလို့ မရွှေဇင်ဦးရဲ့ ဘလော့ဂ်မှာ တင်တဲ့ စာတွေဟာ ကျနော့်အတွက် တကယ်ပဲ အဖိုးတန်ပါတယ်၊ တလက်စတည်း ကျေးဇူးစကားကိုပါ ဆိုပါရစေဗျာ..။
အားပေးကြတဲ့ မိတ်ဆွေ တွေ အားလုံး ကျေးဇူးပါ
ကိုဆိုဆီ ရေ
ချစ်ချစ်ကြီး မပါဘဲ ဒီတခါ ရေးကြည့်တာ... တကယ်တော့ ချစ်ချစ်ကြီး သာ သဘောထား မကြီးရင် ဘလော့ဂါ ရွှေစင်ဦး ဆိုတာ ရှိမှာ မဟုတ်ပါဘူး
ရေးစရာ (အတင်းတုတ် စရာ) မကုန် နိုင် တဲ့ ကုန်ကြမ်းကြီးလေ.. ဟားဟားးးးးးးးးးးး
မိန့်ခွန်းခြွေသွားတာများချောလို့...
မျောသွားတာပဲ...မမရွှေစင်ရေ့
S-C side bar မှာ အခြားသူတွေရေးတဲ့ အမှတ်တရ ပို့စ်တွေနဲ့ အတူ တင်ထားမယ်နော်
ဥပမာ ပေးပုံက ကွင်းကွင်းကွက်ကွက်နဲ့။ ဒါပေမယ့်လည်း အားလုံးက သူ့တန်ဖိုးနဲ့သူပဲ မဟုတ်လား။ ကိုယ်တွေတော့ အပ်ချည်လုံးပဲ တချိန်လုံး ရောင်းနေပြီထင်ပါရဲ့။
အစ်မဘလော့ဂ်အတွက်တော့ ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ အညွှန်းပဲ ဖတ်ဖူးပြီး စာအုပ်မဖတ်ဖူးတဲ့ စာအုပ်ကောင်း တော်တော်များများကို အစ်မဆီမှာ ဖတ်ခွင့်ရခဲ့တယ်။ ရောက်လာကြောင်း အသိမပေးမိရင်တောင် ကြိုက်တဲ့စာတွေဆို နေ့စဉ် ဝင်ဝင်ဖတ်ဖြစ်ခဲ့တာတွေ အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဒီလို ကိုယ်ပိုင်အချိန်တွေကို စာဖတ်သူ အတွက် ရည်ရွယ်ပြီး စာကောင်းပေမွန်တွေကို ရိုက်တင်ပေးတဲ့ အစ်မရွှေစင်ရဲ့ ဘလော့ဂ်လေး အစဉ်အမြဲ တည်ရှိပါစေ။
စာတွေ အများကြီးဖတ်ခွင့်ရလို့လည်း မမရွှေစင်ကို အနော်တို့က ကျေးဇူး အများးးးးးးးကြီးတင်နေရတာ။
ဘလော့ဂ်ဒေး အမှတ်တရပို့စ်လေး လာဖတ်တယ် အစ်မ။ ရို့စ် ဖတ်ချင်တဲ့ ရှားပါး စာအုပ်လေးတွေကို အချိန်တွေ အများကြီး ပေးပြီး ရိုက်တင်ပေးတဲ့ အစ်မတို့ အဖွဲ့ကို ကျေးဇူးတင်ပါတယ်။
အမ..လာဖတ်ပါတယ်.. မမေ့သေးလို့ ကျေးဇူးတင်ပါတယ်
မြတ်နိုး
မိုးမင်းကြီး (စူး)
မန့်လို့ရဘူး...လာအားပေးပါတယ်...
မိုးငွေ့
အစ်မရေ..
စာအုပ်တွေ ဝယ်ဖို့အခွင့်အရေး သိပ်မရှိတဲ့ အဝေးကလူတွေအတွက် အစ်မရဲ့ ဘလောဂ့်က စာကောင်းပေမွန်လေးတွေ ဖတ်ခွင့်ရတာ ကျေးဇူးတင်မိပြီးတော့ အစ်မရဲ့ ဘလောဂ့်ဟာ စာကောင်းတွေ ရနိုင်တဲ့ တကယ်ကို စာကြည့်တိုက်လေးတစ်ခုနဲ့ ပမာတူပါတယ်။ ဘာသာပြန်တွေကြိုက်တတ်တဲ့ ညီမအတွက်လည်း အားလပ်ချိန်တိုင်း အပြေးအလွှား လာရောက် မွှေနှောက်ရတဲ့ နေရာလေးတစ်ခုပါ။ ဒီစာကြည့်တိုက်လေး အမြဲတမ်း သက်တမ်းရှည်ကြာစွာ ရပ်တည်သွားနိုင်ဖို့လည်း ဆုတောင်းမိပါတယ်။
စာကောင်းတွေ ဖတ်ခွင့်ရတာကြောင့် အစ်မနဲ့အတူ အစ်မရဲ့ ချစ်ချစ်၊ အစ်မရဲ့ ချစ်ညီမ မစစည်းစိမ်နဲ့ စာရိုက်တင်ပေးတဲ့ အစ်မရဲ့ မောင်ညီမလေးများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့
ကိုစိုးစီရေ၊ မရွှေစင်က သူ့ချစ်ချစ်ကြီး(အကိုကြီး)ကို ဘလော့ထဲ ထည့်မရေးတာ ဒီတခါပဲ ရှိမယ်ထင်တယ် ... :P
ဘာပဲပြောပြော တက်ဂ်ဂိမ်းလေးကို အခုလို ပျော်ပျော်ရွှင်ရွှင် ရေးပေးတဲ့ မရွှေစင်ကို ကျေးဇူးကမ္ဘာပါ ... :D
ဟီးးးလာလည်သွားပါတယ် ဘလော့ဒေးဆိုလို့ မန်းတလေးလာဦးမယ် ထမင်းကျွေးဦးနော် အစ်မ ဟီးး ကိုကိုအိမ်ကိုလည်းသတိရတယ်ပြောပေးပါ ကေးကေးရော အစ်မရော နေကောင်းတယ်ဟုတ်း)
မမ..
အပေါ်က ပြောသွားတဲ့ ကွန်မန့်တွေ အားလုံးထဲက အတိုင်းပါပဲ..
ဖတ်ရှူခွင့်ရတဲ့ စာများအားလုံးအတွက် မမကို ကျေးဇူးအရမ်းတင်ပါတယ်..။
ကွန်မင့်မထားခဲ့ပေမယ့် မရွှေစင်ဦးတင်သမျှပို့စ်တွေကိုတော့ အမြဲဖတ်ဖြစ်ပါတယ်...မရွေစင်ဦးရဲ့အရေးအသားတွေကစာဖတ်သူအတွက် ရသတစ်ခုခုတော့ အမြဲကျန်ခဲ့စေတယ်လေ။ အဲဒါကြောင့်ပါ...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ဘလော့ဂ်ဒေး အမှတ်တရလေး လာဖတ်တယ် မကြီးရေ..
မကြီးက two in one လုပ်ပြီး အကြွေးဆပ်လိုက်တာပေါ့လေ.. (ရပါတယ်..ရပါတယ်)..း)
ညီမလည်း ရေးရအုံးမယ် လမကုန်ခင်ပေါ့.. ဒီရက်ပိုင်း Virus ကိုက်ခံနေရတာရယ် အလုပ်တွေဝိုင်းနေတာရယ် ..နေကလည်း မကောင်းဘူး.. တခုပြီး တခုဖြစ်နေတာ( ခမဲလိုနေတယ် ထင်ပ)အဲဒါတွေကြောင့် ဘလော့ဂ်ရွာထဲ မရောက်ဖြစ်ဘူး..။
အားလုံးနားလည်ခွင့်လွှတ်ပေးကြပါလို့...
မကြီးရဲ့ဘလော့ဂ်လေး ဗဟုသုတတွေ အဟာရစာပေတွေ ဆက်လက်ဖြန့်ချိနိုင်ပါစေလို့... ဆန္ဒပြုရင်း..
အင်း....
ဟုတ်တယ် မမရေ..၊
ကျွန်တော်လည်း ဘယ်လိုရေးရမယ်ဆိုတာသိပြီ၊
ရေးတော့ ရေးကြည့် မယ်လေ၊
ဖြေးဖြေးပါပဲ။
ဆပ်ပြာခဲတွေကိုလိုချင်သလို၊အပ်ချည်လုံးလေးတွေကို
လည်းသဘောကျပြီးသားပါအစ်မရာ...၊သမဝါယမစနစ်ပေ
မယ့် ကိုယ်လိုချင်တာတွဲရတာကတော့ တကယ့်ကိုကောင်း
တဲ့သမဝါယမပါပဲ....:)))၊
လာဖတ်သွားပါတယ်ဗျာ ။ ဆက်လက်ရေးသားနိုင်ပါစေဗျာ။
အမဇင်....လိုချင်တဲ့စာရှိရင် အမဆီ လာရှာဖတ်မိတယ်။ အဲလို စာကောင်းစာသန့်လေးတွေ တင်ပေးတာကို ကျေးဇူးတင်ပါတယ် အမ။ ဘာပဲပြောပြော အမကိုယ်တိုင်ရေးတွေကို ပိုသဘောကျတယ်....။ အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပါစေရှင်.....:)
ဆီစာအုပ်လုပ်စရာမလိုတဲ့ သမ၀ါယမဘလော့ ဂ်
ဂါဆရာမကြီး...
မဲမနှိုက်၊ တန်းမစီရပဲ လွတ်လပ်လွယ်ကူစွာ
ဖတ်ရှုနိုင်လို့ ကျေးဇူးပါဗျာ...
စာတွေကူရိုက်ပေးတဲ့ သမ၀ါယမဘလော့ဂ်
စာရေးလေးတွေလည်းကျေးဇူးတင်ပါတယ်...
အမက အရေးကောင်းပြီးသားပဲဟာ၊ တွဲးထုတ်တဲ့ ပစ္စည်း ထဲမှာ အရည်အသွေးကောင်းမို့  ဒီဘလော့လေးက အကောင်းလေးပါရှင်။
ဒီဘလော့ဂ် လူအရမ်းစည်တယ်.. စာကောင်းတွေလဲအများကြီးပဲ ဆိုတော့ အရင်တုန်းက ဒီဘလော့ဂ်ရှင်ကြီး မာနကြီးမယ်... ခင်ခင်မင်မင် ရှိမှာ မဟုတ်ဘူး မှိတ်မိတာ ( ကန်တော့်ပါဗျာ)
ကျွန်တော်တို့လို ဗလွတ်ရွှတ်တ ကောင်ကိုတောင် မှတ်မှတ်ရရ ရှိပေးတာ ကျေးဇူးပါ ခင်ဗျာ။
ကျန်တဲ့စာကောင်းတွေ တော့ မပြောလိုသေဘူး ။ ဆရာမ ခင်ခင်ထူး စာအုပ်တွေ ဖတ်နေရတာတင် ကျေးဇူးအတော်တင်လှပြီ။
မရွှေစင်ဦးရဲ့ ရည်ရွယ်ချက် အင်မတန်ကောင်းပါတယ်...ကိုယ်မလုပ်နိုင်တဲ့အလုပ်တစ်ခုကို ယုံယုံကြည်ကြည်နဲ့ စိုက်လိုက်မတ်တပ် လုပ်နေတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်တာမို့ လေးစားပြီးသားပါ...ကိုယ်တိုင်က စာကြမ်းပိုးဖြစ်နေတာမို့ မရွှေစင်ဦးတင်တဲ့ စာအုပ်တော်တော်များများကို ဖတ်ဖူးနေတာကြောင့် ဒီဘလော့ကို အရောက်နည်းပေမယ့် လေးစားမှုကတော့ လျော့မသွားပါကြောင်း ပြောပါရစေ...
ဘလော့ရွာကလေးနဲ့အတူ မြန်မာစာပေလည်း တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့...
အမရွှေစင်ရည်ရွယ်ချက်ကတစ်ကယ့်ကို
မွန်မြတ်ပါတယ်...ဘလော့ဒေး
အမှတ်တရ ကိုဖတ်ခဲ့ပါတယ်...
အမရွှေစင်ဘာအကြောင်းပဲ ရေးရေး
အရမ်းကို အသက်ဝင်တယ်နော်...
မအားလို့နောက်ကျနေတာခွင့်လွတ်ပါ။
အမရွှေစင် ချမ်းမြေ့ပါစေရှင်။
I am not a blogger by any means. I can't even write one sentence straight without any error. :) But, I read your blog posts daily. I am not a very big fan of "translated" books, but I read almost all of Myanmar novels from your site. Your own writings are also very good. Thanks much for taking time to create a unique mini-library web site. I wish it will become mega-library one day. :D
အမှတ်စဉ် (၃၂) မြောက်ကွန်မန့်လို့ပဲပြောရမှာပေါ့ဗျာ။ အားမှဝင်လာမိတာမို့နောက်ကျသွားပါတယ်။ ဘာပဲပြောပြောဘလော့ဒေးပို့စ်လေးမှာရေးထားတဲ့အတိုင်း မွန်မြတ်တဲ့ဦးတည်ချက်တွေနဲ့အခြေပြုထားတဲ့အစ်မရဲ့ ဒိဘလော့လေးနောင်နှစ်ပေါင်းများစွာတိုင်တည်ရှိနေပါစေဗျာ။
ကျေးဇူးတင်ပါတယ်လို့အပိတ်ပြောခဲ့ပါရစေ..:P
အစ်မ
အစ်မပြောတဲ့ အတိုင်း ကျွန်မလည်း ရေးပါမယ်။
အခုလိုသတိတရရှိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အစ်မရဲ့ဘလော့ဂ်က မြန်မာပြည်ကရေးတင်တာဖြစ်လို့အဆင်မပြေမှုများစွာ ရှိပြီး၊ ဆပ်ပြာပေါင်းစုံ အဲလေ စာပေါင်းစုံကို တင်ပေးလို့ အချိန်အင်အား လူအင်အား များစွာ အကုန်ခံထားရတာကို သိရတာနဲ့တင် ကျေးဇူးတင်လေးစားလှပါပြီ။
ကျွန်မကတော့ တစ်နေ့တစ်နေ့ အလုပ်ပင်ပမ်း ခလေးတစ်ဘက်နဲ့ ဆိုတော့ ပြဲလာတာများတဲ့ အတွက် အစ်မရဲ့ အပ်ချည်လုံးတွေနဲ့ ပြန်စိရတာများပါတယ်။
အစ်မအရေးအသားက ရင်းနှီးတဲ့သူတစ်ယောက်က အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောချနေတာကို နားထောင်ရသလိုမျိုးပဲ။ ဘ၀ဆန်တဲ့ အတွက် နားလည်လွယ်တယ်လေ။ သမ၀ါယမ ကိစ္စပဲကြည့်....။
တဆက်တည်း စစကိုလည်း ဒီဘလော့လေးနဲ့ ပတ်သက်ပြီး သိရခင်ရတဲ့အတွက် သိပ်ကို ၀မ်းသာမိပါတယ်။
အစ်မရဲ့ ချစ်ချစ်ကြီးကိုတော့ အမျိုးမျိုးပုံဖေါ်ကြည့်မိတယ်။
ခင်မင်လေးစားလျှက်
မရွှေစင်.."ကျမအတွက်တော့စာငတ်တာဟာထမင်းငတ်တာနဲ့အတူတူဘဲ"..ဆိုတဲ့စကားကိုတိုက်ဆိုင်လွန်းလို့
သဘောကျလိုက်တာ...ကျမလဲလေ တနေ့..တနေ့..
ဘလော့ဂ်ရွာထဲကိုမှလျှောက်မမွှေရရင်..စာတအုပ်မှ
ဖတ်စရာမရှိရင်နေမထိထိုင်မသာနဲ့..ဗိုက်ထဲဟာလွန်းလို့...ဒါေ ကြာင့်စာကြည့်တိုက်ကြီးနဲ့တူတဲ့မရွှေစင်ရဲ့အိမ်ကို
အမြဲလာပြီးဆပ်ပြာနဲ့အပ်ချည်လုံးကိုနေ့တိုင်းတန်းစီနေမိ
တော့တာဘဲ...။
မမရေ ဘလော့ဒေးလေးလာဖတ်တယ် ဥပမာပေးကလည်းထိထိမိမိရှိပ ဟုတ်တယ်မမရေ ည၊ီမလေးတို့လိုစာအုပ်ကောင်းတွေရျာဖွေဖတ်ဖြစ်ဖို့ အဆင်မပြေတဲ့ ပြည်ပရောက်ဝါသနာရှင်တွေအတွက် မမလို တကူးတက စာတွေရိုက်ပြိး တင်ပေးတ၊ဲ့ သူက တစ်ကယ့်ကိုပဲ အားဆေးပါပဲ ..ဘလော့ဒေးအမှတ်တရနဲ့အတူ မမရဲ့ ဘလော့လည်း နှစ်ပေါင်းများစွာတိုင်အောင် တည်တန့်ပါစေလို့ ဆန္ဒပြုရင်း...
မရွှေစင် ရဲ့စေတနာကို နားလည်ခံစားမိပါတယ်။
စေတနာရဲ့အကျိုးကိုခံစားရတာပါပဲ။ မရွှေစင်ချစ်တဲ့သူငယ်ချင်းတွေနဲ့ စာတွေရေးလိုက်၊ စာတွေဖတ်လိုက်နဲ့ မရွှေစင်ရဲ့ဘ၀လည်း mentally ပါပြည့်ပြည့်၀၀ပျော်ရွှင်နေတာပေါ့။ phyically ကလည်း ပြည့်ဝပြီးသား၊ ချစ်ချစ်ကြီး သိပ်ချစ်တဲ့ မရွှေစင်က ချစ်စရာကောင်းပြီးသား။ စာကောင်းတွေမရွှေစင်site မှာရှာတွေနိုင်တယ်။ မရွှေစင်ကိုယ်ပိုင်ရေးစာကောင်းလေးတွေလည်း ဖတ်ရတယ်။ မရွှေစင်ချက်တဲ့ အညာဟင်းလေးတွေလည်း ကြိုက်တယ်။ လာလည်မှာမရွှေစင်အိမ်မှာ ပျော်စရာတွေများနေတာ ..
မရွှေစင် မစည်းစိမ် နဲ့ မိသားတစ်စုလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
အစ်မရေ....အပ်ချဉ်လုံးပဲ ဝယ်ချင်ရင်ရော ရလားဟင် :) အစ်မရဲ့ blog လေး ဒီblog day မှသည် နောင် blog day ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးသွားပါတယ် ။
ခင်တဲ့(ချိုကျ)
မမရွှေစင်ရေ....
ညီမလေးကတော့ မမရွှေစင်ရဲ့သမ၀ါယမဆိုင်မှာ အပ်ချည်လုံးပဲ အ၀ယ်များတယ်တော့....
(ဆပ်ပြာတွေကလေးလို့
သိပ်မ၀ယ်ချင်ဘူး.... ):D
ဒီဘလော့ဒေးမှသည် မမရွှေစင်ရဲ့ ဘလော့လေး အစဉ်ထာဝရ အဓွန့်ရှည် ဆက်လက်တည်တံ့နေနိုင်ပါစေ။ ညီမလေးကတော့ အပ်ချည်လုံးတွေအများကြီးထပ်လိုချင်သေးတယ်။ :)
(ဖတ်ပြီးတာကြာလှပြီနော် မမ....အခုမှမန့်လိုက်တာ..) :P
ချစ်ညီမလေး
မကြီးရွှေစင်
မကြီးရဲ့ဘလော့ဒေး အမှတ်တရလေးလာရောက်
ခံစားသွားပါတယ်မကြီးရေ..
ရှားပါးတဲ့စာအုပ်လေးတွေတင်ပေးလို့လည်း
ကျေးဇူးတင်ပါတယ်အမ..
စာငတ်တာဟာ ထမင်းငတ်တာနဲ့ အတူတူပဲ တဲ့လား အစ်မရာ။
ကျနော်ကတော့ အခု နောက်ပိုင်း ဘာကို ငတ်လို့ ငတ်နေမှန်း မသိဖြစ်နေမိတယ်ဗျာ။ အဓိက က အချိန်ငတ်နေတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း သိပ်မရေးနိုင်တော့သလို ၊ သိပ်လည်း လိုက်မဖတ်နိုင်တော့ဘူး။
အစ်မ အခုလို ရေးမှ ကျနော့်ရဲ့ စာဖတ်သူတွေကို အငတ်ထားပြီး ပစ်ထားသလိုများ ဖြစ်နေလား မသိပါဘူး။ ဂရုမစိုက်တာတော့ မဟုတ်ပါဘူးဗျာ။ အရင်လို တကယ် မအားတော့လို့ပါ။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ဖဘမှာပဲ ဝင်နေမိတယ်။ အင်း . . . ကိုယ်လည်း မငတ် ၊ သူများတွေလည်း မငတ်အောင် ပြန်စုစည်းပါဦးမယ်။
အမရွှေစင်ရေ...
အတော်လေး ရှာဖတ်လိုက်ရတယ်။ အမ ရွှေစင် မအားလို့ ဘာပို့စ်မှ မတင်ဘူး ထင်နေတာ။ ဒါကြောင့် မလာဖြစ်တာ။ အမှန်က အမရွှေစင်ရဲ့လင့်ခ်က ကျနော့်ဆီမှာ အပ်ဒိတ်မဖြစ်ဖူး ဖြစ်နေတယ်။ အပေါ် တက်မလာဘူး။ ကျန်တဲ့ ဘလော့တွေ အပေါ်တက်ပါတယ်။ ဘာများ မှားနေလဲ မသိဘူး။ အမ ရွှေစင် ကိုယ်တိုင်ရေးတွေဆိုရင် မလွတ်တမ်း ဖတ်ချင်နေတာပါ။
သမ၀ါယမဆိုင်က အပ်ချည်လုံးက ဟို.. ပြက္ခဒိန်တွေ တွဲဝယ်ရသလို ရှိမယ်နော်။
အန်စစကော နေကောင်း ကျန်းမာတယ်မဟုတ်လား။
အားလုံး ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။
ခင်မင်လျက်
အစ်မရွှေစင်..
ပျော်ရွှင်စရာ ဘလော့ဂ်နေ့ပါရှင်..။ ရှာရတာရှားလွန်းတဲ့ စာကောင်းပေမွန်တွေ အပင်ပန်းခံပြီး တင်ပေးနေတဲ့အတွက်လည်း ပြောမပြတတ်အောင် ကျေးဇူးတင်ရပါတယ်း)
လေးစားခင်မင်စွာ
Post a Comment