Wednesday, July 27, 2011

ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် အပိုင်း (၁)

အခုရက်ပိုင်း မှာ အလုပ် မရှိ လို့ လေထဲ တိုက်ဆောက်ဖို့ ပြင်နေတဲ့ ရွှေစင်ဦး တယောက် ရောက်တတ် ရာရာ လေးများ ကို ပြောပါမယ်ဗျာ.......

အမှန်တော့ ဒီကဏ္ဍကို တောရောက်တောင်ရောက် လို့ နံမည် ပေးမလို့ပါဘဲ... ဒါပေမဲ့ ကျနော် ဟိုရောက် ဒီရောက် လျှောက်သွားတော့ ဘာ...တော မှ မယ်မယ်ရရ မတွေ့ ခဲ့လို့ ... တော မရောက် မဲ့ အတူတူ ရောက်ချင်ရာရောက် မဲ့ တောင်ရောက်မြောက်ရောက်.... လို့ဘဲ နံမည် ပေးဘို့ ဆုံးဖြတ်လိုက် ရပါ တယ်.......

အားလုံး ကျေးဇူးပါ.. ကြုံခဲ့ရ သမျှ အမှတ်တရ လေးတွေ ကို ဟိုရောက်ဒီရောက် ရေးမဲ့ တောင်ရောက် မြောက်ရောက် ကဏ္ဍအသစ် ကလေးပါ.........
 
ဝက်စတူး နဲ့ လွဲခဲ့ရ ရွှေစင်ဦးဘဝ

အခုတလော ချစ်ညီမ နဲ့ အတူ ဈေးပေါင်းစုံ လျှောက်သွားဖြစ်ပါတယ်... မန္တလေးမြို့ မှာ ရှိတဲ့ ဈေးပေါင်းစုံ ပေါ့... ဈေးပေါင်းစုံ ကနေ ဈေးလည်းပေါ ရမယ် ကောင်းလည်း ကောင်းရမယ် ဆိုတာကို ရှာဖွေဝယ်ယူပြီး ချက်ပြုတ် စားသောက် နေကြပါတယ်....။

တနေ့တော့ ငါးဝယ်နေ ရင်း ကပ်ရက်ဆိုင် (ဗန်းလေး နဲ့ ချရောင်း တဲ့ ဝက်သားဆိုင်) မှာ ဝက်စတူး လုပ်လို့ ကောင်းမယ့် ပေါင်သား ကောင်းကောင်းတွေ့တာနဲ့... ၂ပိုင်း ပိုင်းခိုင်းပြီး ဝယ်လာပါတယ်... အိမ် ရောက် တော့ ငံပြာရည် .. ကြာညို့.. ဂျင်း ကြက်သွန်ဖြူ နီ တို့ နဲ့ နယ်ပြီး သေချာပြုတ်ထားလိုက်ပါတယ်.. ညနေစာ အတွက် ဆိုတော့ အေးဆေးပေါ့... ။

တော်တော်ကြီးနူးပြီး ဆိုမှ မီးပိတ်ထားပြီး .. ညနေမှ အပြီးသတ်မယ်ပေါ့ ကန်စွန်းညွှန့်လေး မှိုခြောက် ပန်းခြောက် လေး ခတ်မယ်ဆိုပြီး အဆင်သင့်ပြင်ထားပါတယ်... ညနေရောက်လို့ ပြန်ချက်မယ်ပြင်တော့ ဝက်စတူးအိုး က ရေပေါလော နဲ့ အတုံး သေး လေးတွေ အစီအရီ တုံး ထားလို့ အငွေ့ တထောင်းထောင်း နဲ့... စိတ်ထဲလည်း ထောင်းကနဲ ဘဲ ... ငါ့ ဝက်စတူး အိုး ဘယ်သူလျှောက်လုပ်ထားလည်း လို့ ပြောတော့ ဒေါ်စည်းစိမ်ရှင် ပါတဲ့ ဗျာ....။

အင်း ဒေါသလေး နဲနဲ လျှော့ပြီး အကျိုးအကြောင်း မေးတော့ စားရလွယ်ကူအောင် သေချာတုံး ထားပေးတာတဲ့... အင်း ပျက်ပါပြီ ဝက်စတူး တော့လို့ပြောတော့ စေတနာ နဲ့ လည်း လုပ်ပေးထားရသေး တယ်တဲ့.... အင်း မပြောတော့ပါဘူး.................။

ဟိုးတခေါက်က လည်း ဧည့်သည်ကျွေးမယ်ဆိုပြီး .ဝက်စတူး လုပ်လို့ရမဲ့ ပေါင်သားတွေ ... ချိန်ခိုင်း ထားပြီး တခြားဆိုင် မှာ ခဏလေး ဝယ်ပြီး ပြန်လှည့် လာတော့ ...  မမ က ဝက်စတူးလုပ်မဲ့ အသား တွေ ကို အတုံး တွေ တုံးခိုင်း ထားပြီဗျာ... စိတ်တိုလိုက်တာ.......... အဲဒါ နောက်ထပ်ပြန်ဝယ်ပြီးမှ ပြန် ရောချက် ရတယ်.... အခုလည်း လုပ်ပြန်ပြီ... မေ့သွားလို့တဲ့.....။

အင်း ဒါလေးကလည်း စိတ်ထဲ ခံစားရလို့ ရေးလိုက်ပါတယ်.......

ဂွင် ဘဲတဲ့

ဝါဆိုလပြည့် နေ့ က ချစ်ညီမ စည်းစိမ်ရှင် ရဲ့မွေးနေ့ဘဲ .... တခုခု ကျွေးချင်တယ် တဲ့..... ကိုယ့်ဆိုင်က ကလေး တွေ ကို ဘဲပေါ့... အားလုံး မေးကြည့်တော့ ဆရာမ ရဲ့ ဘလော့ဂါ တွေ ကို ကျွေးတဲ့ အတိုင်း ကျွေးပါ ဆိုလို့... အင်း ချက်ပြုတ်ကျွေးရပါတယ်... ညီမ လသာည ကို လည်း ဖိတ်မယ် တဲ့ စည်းစိမ်ရှင် အလိုကျ လသာည ကြွချီလာပါတယ်...  ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပါတယ်..။
အားလုံး ကို ကောင်းကောင်းမွန်မွန် ကျွေးလိုက်ရလို့ စိတ်ချမ်းသာ နေတုန်း ရှိသေး.. လသာည က ထ အော်ပါတော့တယ်.. ဖုန်းတလုံး မရှိတော့ဘူးတဲ့... အင်း မြန်မာပြည် မှာ လက်ကိုင်ဖုန်း၂လုံး ကိုင်သော လသာည ......  ဒုက္ခ နဲ့ လလ အဲ လှလှ တွေ့ပြီပေါ့...... ပျောက်တဲ့ ဖုန်း ဆက်ကြည့်တော့ မေမြို့ ရောက်နေ ပါတယ် တဲ့ ... အမျိုးသမီး အသံဘဲ.. သူ့မောင်လေး တွေ ကောက်ရလာပါတယ် တဲ့... ဂွင်ဘဲလို့ ပြောတယ်တဲ့.. ပိုက်ဆံ တောင်းမယ်တဲ့... အင်း လူတွေ လူတွေ သူများပစ္စည်း နဲ့ ဂွင်တည့် ဘို့ ပြင် နေပါတယ် ...........။

လသာည က ပိုက်ဆံလည်း ပေးပါမယ်...  အရေးကြီးတဲ့ ဖုန်းလာစရာရှိလို့ အခုပြန်လာပေးပါ ဆိုတော့ ဖုန်းချ လိုက်တယ်... ဒါနဲ့ မမ လုပ်ပါအုန်း ဆိုတော့ အဲဒီဖုန်း ပြန်ခေါ်ပြီး ပြောတော့ သူ့မောင်လေး တွေ မရှိဘူးတဲ့ .. အခုလည်း မန္တလေး မလာနိုင်ဘူး တဲ့.... ကျနော်တို့ လာယူမယ် ဆိုတော့လည်း ဖုန်းချပစ်ပါတယ်... ဒါနဲ့ သြ မဟုတ်တာလုပ်မဲ့ သူတွေ ဆိုတော့ ဘယ် သူတို့ နေရာပြောပါ့မလည်း... အင်း ငါကို က အ တာ ဆိုပြီး ကျနော် တို့ နေရာပြောပြီး ပြန်ချိန်းရပါတယ်... နက်ဖြန် ဖုန်းဆက် လိုက်မယ် တဲ့... အင်း နက်ဖြန်လည်း ရွှေစင်ဦး က ခရီးထွက်စရာ ရှိတယ်...လ လည်း မသာ နိုင်တော့ဘူး...။

ဒါနဲ့ သွားစရာရှိတာ သွားမယ်ဆိုပြီး.. ဆိုင်က ကလေး တွေ သေချာမှာ.. လသာည ကို သေချာမှာပြီး နောက်ဆံ တငင်ငင် နဲ့ သွားရပါတယ်... နောက်ဆုံးတော့ ပွဲပြီးသွားပါတယ်.. မြန်မာငွေ ကျပ်ငါးသောင်း နဲ့ ဈေးတည့် သွားကြပါတယ်တဲ့... ဒါလည်း လမ်းဘေး တနေရာ မှာ ချိန်းပြီး စကားပြောရပါတယ်တဲ့.... ငါးသောင်း ပေးတော့ ဖုန်းပြန်ရလာပါတယ် တဲ့.. နောက်နေ့ ကျနော် တို့ ပြန်ရောက်တဲ့ အချိန်မှာတော့ မြန်မာပြည် မှာ လမသာ နိုင်တော့ တဲ့ လသာည က တော်တော် တရားကျ နေတဲ့ အသံနဲ့ ဖုန်းပြန်ရပေမဲ့ ဖုန်းပျက်နေကြောင်း ... ပြောပြပါတယ်... အင်း ဖုန်းပျက်ရင် ပြင်တာပေါ့ ဆိုပြီး ပြင်လိုက်တာ မြန်မာ ကျပ်ငွေ ငါးထောင် နဲ့ ပွဲပြီးသွားတယ်... စုစုပေါင်း ငါးသောင်းငါးထောင် ကုန်သွားပါတယ်....။

လူတွေ လူတွေ သူများပစ္စည်း ကို မက်မော လိုက်ကျတာ ... ဂွင်ဘဲတဲ့ ... တကယ်ကို တရားကျစရာ ပါဘဲ....။

ရန်ကင်းတောင် ဥယျာဉ်ကျောင်း ဆရာတော် ဘုရားကြီး နဲ့ ရွှေစင်ဦး

ချစ်ညီမ စည်းစိမ်ရှင် က မိုးထိအောင်စည် က ဆရာလေး နှစ်ပါး ကို အင်္ဂလိပ်စာ သင်ပေးပါတယ်... တပါး ကို သင်တာတော့ ငါးနှစ်ရှိပါပြီ.. အဲဒီ ဆရာလေး က ရန်ကင်းတောင် သဒ္ဓမာမက အသင်းကြီး   က စစ်တဲ့ စာမေးပွဲ ကို ဖြေတာ ဖြစ်တဲ့ အတွက် ကျနော် တို့ တတွေ မကြာခဏ ဥယျာဉ်ကျောင်း စာသင်တိုက် ဆရာတော်ဘုရား ထံ စာအုပ်သွားတောင်းတာ တို့  မေးခွန်းဟောင်း သွားတောင်းတာ တို့ ကို လုပ်ရပါ တယ်... ။

အချင်းချင်း ပြန်ကြွားရရင် ချစ်ညီမ သင်တဲ့ ဆရာလေး (ဓမ္မစရိယ အောင်ပြီးသား) ဟာ နှစ်စဉ် အင်္ဂလိပ်စာ  အမှတ်အများ ဆုံးရပြီး  ဂုဏ်ထူးနဲ့အောင်ပါတယ်... အင်း ကြွားတာများ သွားတော့ လိုရင်း ဘယ်ပျောက် သွား ပါလိမ့်... အဲ.. အဲလိုသွားကြရင်း ဆရာတော် နဲ့ စကားစမြီ ပြောကြတာလေး တွေ ပြန်ပြော ချင်ပါတယ်.....။

ဥယျာဉ်ကျောင်း ဟာ သံဃာပေါင်း များစွာ ကို စာသင်ပေးနေတဲ့ စာသင်တိုက်ကြီးပါဘဲ... ကျနော် တို့ သွားတိုင်း စာကို စိတ်ပါလက်ပါ ကျက်နေကြတဲ့ ဦးပဉ္ဇင်း များ...  ကိုရင် များ ကို သာသနာ အတွက် အားရှိစရာ.. တွေ့ရပါတယ်... စာသင်သား အပါးပေါင်း ရာနဲ့ချီ ရှိမယ်ထင်ပါတယ်... (ဆရာတော် က လေးရာ ဝန်းကျင် ရှိပါတယ် တဲ့)။

ဘုန်းဘုန်း နဲ့ စကားစပ်မိရင်း ဘုန်းဘုန်း ဟာ ဗုဒ္ဓသာသနာ ကျယ်ပြန့်စေဘို့ အင်္ဂလိပ်ဘာသာ စကားကို မန္တလေးမြို့ စာချတိုက် များမှာ ပထမဆုံး ပို့ချတဲ့ ဆရာတော် ဖြစ်နေတာ ကို တွေ့ရပါတယ်... ဆရာတော် အင်္ဂလိပ်စာ သင်ပေးတော့ အားလုံး နီးပါး က မကြိုက်ကြပါဘူး တဲ့... ဘုရား တရား နဲ့ အင်္ဂလိပ်စာ မသက်ဆိုင်ဘူး ပေါ့လေ.. အင်္ဂလိပ်စာ တတ်ရင် ဘုန်းကြီး တွေ လူထွက်ကုန်မယ်ပေါ့..... ဘုန်းဘုန်း ရဲ့ ဆရာဘုန်းကြီး တပါး ကိုယ်တိုင် ဆုံးမ စကားလာပြောပါတယ် တဲ့... ဘုန်းဘုန်း ဟာ အခက်အခဲ မျိုးစုံ ကြားကနေ သာသနာ ကျယ်ပြန့်စေဘို့ မန္တလေးမြို့ စာသင်တိုက် များမှာ ပထမဆုံး အင်္ဂလိပ်စာ စကား ကို မဖြစ်မနေ သင်ပေးခဲ့ပါတယ်....။

အခုတော့ အားလုံး နီးပါး နားလည် သွားကြပါပြီလို့ ပြောရင်း ရင်ဆိုင် ခဲ့ရတဲ့ အခက်အခဲတွေ ပြောပြ တာပါ... ဒီလို ပြောပြရင်း အင်တာနက် မှာ  ကျယ်ကျယ် ပြန့်ပြန့်တင်ထားနိုင်ပြီ  ဖြစ်တဲ့ စစ်ကိုင်း တောင်ရိုး ဆွမ်းလောင်းသင်း အကြောင်း ပြောဖြစ် သလို... ယာနဒါန အလှူလေး အကြောင်းလည်း ပြောဖြစ်ပါတယ် ..... ဆရာတော် က လည်း မန္တလေး မြို့ မှာ ကိုယ်တိုင် ပညာသင် လာတာ ဖြစ်တဲ့ အတွက် သံဃာတွေ အခက်အခဲ ကို နားလည်တယ်တဲ့... သူ လည်း ယာနဒါန ကားတွေ နဲ့ သံဃာ တွေကို ကြိုပို့ ပေးနေတာ တွေ့မြင်နေရတဲ့ အတွက် အတော်ဝမ်းသာနေပါတယ်... ယာနဒါန ကားများ ကို အောင်မြင်အောင် လုပ်ဆောင်ပေး တဲ့ .... သံဃာ တွေ အတွက် လိုအပ်ချက် ကို ဖြည့်စီး ပေးတဲ့ မိုးထိအောင်စည် ဆရာတော် ဘုရားကြီး ကို ချီးကျူး တော်မူ ပါတယ်..... ။

အဲဒီလို ဟိုရောက်ဒီရောက် ပြောကြရင်း  ဆရာတော် က ဒို့ ဘုန်းကြီး များ နိုင်ငံခြား မှာ ပညာသွားသင်  တာ တခါ ... ပြည်တွင်း တက္ကသိုလ် မှာ ပညာသင် တာတခါ... အဲဒီလို့ သင်ရတဲ့ အခါ  ဒို့ က နှစ်ခါနာ တယ် တဲ့... ဆရာတော် ဘာကိုများ ရည်ရွယ်ပါလည်း လို့ မေးတော့ နိုင်ငံခြား မှာ ပညာသင်တဲ့ အခါ လည်း နိုင်ငံခြားသား ဖြစ်တဲ့ အတွက် ပြည်တွင်းသံဃာ များရတဲ့ အခွင့်အရေး ကိုမရဘဲ နိုင်ငံခြားသား များ အနေနဲ့ ပညာသင်ခဲ့ရသလို... ပြည်တွင်း မှာ သင်ပြန်တော့လည်း နိုင်ငံခြား သံဃာများ ကိုသာ အခွင့်အရေး ပေးတာခံရပြီး ကိုယ့်ပြည်တွင်း က သံဃာ ဘဲဆိုပြီး နိုင်ငံခြားသား သံဃာ များရတဲ့ အခွင့်အရေးကို မရပြန်ဘူးတဲ့.... ။

အင်း ဘုန်းဘုန်း ရေ ဒါတော့ မပြောနဲ့လေ မြန်မာပြည် က သံဃာ တွေ ဟာ မြန်မာပြည် က သံဃာ ဘဲပေါ့.... တခြား နိုင်ငံ က သံဃာ များ နဲ့ မတူပါဘူး ဘုရားး.... မတူပါဘူး ဘုရား လို့ ပြောခဲ့ပါတယ်.... ဘုန်းဘုန်း ကလည်း အင်း ဒို့ က မြန်မာပြည် က သံဃာ ဘဲ တဲ့ နားလည်ပါတယ် နားလည်ပါတယ် တဲ့ ...... အင်း ခင်ဗျား တို့လည်း နားလည်လား မသိ..... နားလည်လား မသိ။





 

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
အပိုင်း (၂) ဆက်ရန်
.

18 comments:

မေဓာဝီ said...

ရတုန်းလေး အမြန်ရေးထားမှ။ ကွန်မန့်သည်လဲ အစိုးမရဘူး။ စောစောက ရေးထားတာ အများကြီး တင်လိုက်တော့ အယ်ရာပေါ်ပြီး ပျောက်သွားလို့။

လသာညရဲ့ မိုဘိုင်းဖုန်းပျောက်မှု ဖတ်ပြီး မြန်မာပြည်က လူတွေရဲ့ စိတ်ဓာတ်ကို အတော်လေး အံ့သြမိတယ်။ သူတပါး ဒုက္ခရောက်တာကို ဂွင်လို့ ပြောနိုင်ကြတာ၊ ပိုက်ဆံလဲ ယူရက်တာ စိတ်ဓာတ်တွေ တော်တော်နိမ့်ကျနေကြပီနော်။

အရီးလေးစစက သတ်သက်လွတ်စားတဲ့ကြားက စေတနာထားပြီး အမကြီးကို ကူညီရှာတာ ခွင့်လွှတ်လိုက်ပါ အမရွှေစင်ရာ ... စိတ်နာနဲ့နော်။
အရီးလေးမွေးနေ့ကို မသိလိုက်ဖူး။ တိုးတိုးတိတ်တိတ် လုပ်ကြတာကိုး။ အရီးလေးတောင် အသက် ၆၀ ပြည့်ပြီနော်။ ကြီးမေလဲ ၈၀ နားနီးနေပြီ အဟမ်းးး :D

အရီးလေးဆီမှာ အင်္ဂလိပ်စာသင်တန်း တက်ချင်တယ်။ အွန်လိုင်းကနေ အခမဲ့သင်ပေးပါလို့ တောင်းဆိုချင်ပါ၏။ ကျူရှင်ခ မတတ်နိုင်ပါ။ တပည့်အား နေ့စဉ် ကောက်ညှင်းပေါင်းနှင့် အကြော် ကျွေးရမည်။ ဘယ့်နှယ့်လဲဟင်။ :))

တောင်ရောက်မြောက်ရောက် ဖတ်ပီး တောင်ရောက် မြောက်ရောက် မန့်လိုက်တယ်။ အပိုင်း ၂ မျှော်နေ၏။

လသာည said...

ဟားးးးးးးးးးး (မချင့်မရဲသံး))
ဒါပေမယ့် တကယ်ပါ အဲ့နေ့က မမတို့ ရှိလို့တော်သေးတာ
။ ကိုယ့်ဘာသာဆို ဘာလုပ်လို့ ဘာပြောရမှန်းတောင် မသိအောင်ပါ။ အဲလိုလူတွေ ရှိသလို မမနဲ့စစတို့လို ရှိပေလို့ လသာည တခါတခါ လသာနိုင်သေးတား)))

မြန်မာပြည်ပြန်ရောက်ပြီးကတဲက တခုခုဆို အမြဲ မမနဲ့စစကိုပဲ အစစ အပူကပ်/ အအေးကပ် လုပ်နေတာ။ မမတို့တော့ စိတ်ညစ်သွားမှာစိုးရသေး.. စိတ်ညစ်နဲ့နော..။

Anonymous said...

တော်သေးတာပေါ့အစ်မရယ်။ညီမတုန်းကဆို
အခွံတောင်ပြန်မရတော့ဘူးလေ။
ကားစီးရင်းနဲ့ပါသွားတာ။
အစအဆုံးပြန်လျှောက်ရတယ်။
စိတ်ဓာတ်တွေကတော့မပြောချင်တော့ပါဘူး။
တစ်လုံးချိုင့်၊ မူကြိုတွေဖြစ်ကုန်ကြပီရှင့်။းP

စော(အဝါရောင်မြေ) said...

အကုသိုလ် စုတဲ့သူနှင့်၊ ကုသိုလ်စုတဲ့သူ မတူနိုင်ဘူးပေါ့ အမရေ။ လူတွေက အကုသိုလ်ကို အခွင့်အလမ်းလို့  ထင်နေကြတာကိုး။

ညိမ်းနိုင် said...

နားလည်ပါတယ်.....နားလည်ပါတယ်....:D
အစ်မလသာညတော့ အဲ့နေ့က လမိုက်ညဖြစ်သွားတယ်ပေါ့
နော်....၊အင်း....ဒီလိုအကြောင်းတွေကြားရတာ စိတ်မချမ်း
သာဘူးဗျာ....လူတွေလည်း ဘယ်လိုဖြစ်ကုန်ပြီလဲမသိ..:(

မြစ်ကျိုးအင်း said...

ဖတ်ရတာလည်း အစုံ ရသတွေလည်း အစုံနဲ့။
နောက်တခါ ဝက်စတူးချက်ရင် မစစ အပြင်သွားတုန်းချက်း)

သင်တဲ့ဆရာကောင်းလို့ တပည့် အမှတ်အများဆုံးရတာပေါ့။ ရပ်ကွက်ထဲက ကလေးတွေကိုပါ သင်ပေးလိုက်ပါလား။

ဖုန်းက ပြန်ရတာပဲ တော်သေးတယ် ပြောရမှာပေါ့။ ဂွင်ပဲလို့ ပြောနိင်သူတွေလည်း ဂွင်တွေနဲ့ ပြန်တွေ့ပြီး ပြန်ကုန်ကြရတာပဲ။ ဂွင်နိင်ငံကိုး။

အခွင့်အရေးမတူဆို ဘုန်းဘုန်းမိန့်သလို မြန်မာပြည်ကသံဃာတွေပဲလေ။

mstint said...

ညီမရဲ့ တောင်ရောက်မြောက်ရောက် ဆောင်းပါးလေးကလည်း ဘာသာပြန်ဝတ္ထုတစ်ပုဒ် ဖတ်ရသလိုစိတ်ဝင်စားဖို့ကောင်းပါတယ်း)
ဝါဆိုလပြည့်နေ့တုန်းက မွေးနေ့ကျရောက်ခဲ့တဲ့ စည်းစိမ်ရှင်အတွက်လည်း အခုမှသိလို့ တောင်းဆုချွေပေးလိုက်ပါတယ်နော်။
'မွေးနေ့ရက်မြတ်မင်္ဂလာမှ အစပြုလို့ လောကီ လောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး စိတ်အေးချမ်းစွာဖြင့် သာသနာအကျိုးပြုနိုင်ပါစေကွယ်'

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

စုံလို့ပါလားမမရေ...အန်တီတင့်ပြောသလိုပဲ စိတ်ဝင်စားဖို့ကောင်းလိုက်တာ..အပိုင်း(၂)လေးစောင့်မျှော်နေပါတယ်လို့....

အလင်းသစ် said...

တောင်ရောက် မြောက်ရောက် အတွေးများကို သေသေချာချာ ဖတ်သွားပါတယ်။။။ အပိုင်း(၂)လေးတက်လာရင် ထပ်လာပါဦးမယ်။။ဟီး။။။

PhyoPhyo said...

မရွှေစင်ရဲ့ဖတ်လို့ကောင်းတယ်။ ဈေးဝယ် ဟင်းချက် ပျော်စရာကြီး၊ ၀က်စတူးတောင်စားချင်လာပီ။ မရွှေစင်စကားမစပ် မစည်းစိမ်က ညီမလေးလား။ သူငယ်ချင်းမှတ်လို့၊ မန္တလေးရောက်လို့ လာလည်ရင် ထမင်းကျွေးမှာလား။

Anonymous said...

What a tasteful post(seeing pork stew).....:P....Waiting for part 2.
Gyidaw

စန္ဒကူး said...

တောင်ရောက်မြောက်ရောက်ဖတ်သွားတယ်...
ဟင်းချက်တတ်တဲ့သူများရင်ကိုယ်ချက်တဲ့ဟင်းလဲ ဘုံပျောက်သတဲ့...
အိမ်မှာ မာမီက ကြက်သားလုံးထားရင် အဖေက၀င် ဗူးသီးတွေထည့် ကာလသားချက်လုပ်ပစ်တာသတိရ တယ်...
ဥ.. အကြောင်းလေးတွေရေးထားတာ ဖတ်လို့ပိုကောင်း တယ်. သိလား... လက်တွေ့ဘ၀က စာအုပ်ထဲကထက် ပိုအရသာနက်သလိုဘဲ..း))

Myanmar Good Knowledg Co., Ltd said...

အစ်မရွှေစင်
စစ က စေတနာ သိပ်ကောင်းတာပဲနော်။
နောက်တစ်ခါဝက်သားဝယ်လာရင် သူမမြင်အောင်သိမ်းထားသိလား။

ဟိဟိ ...စစ
သိပ်ကူညီတတ်တာကိုး။

အစ်မရွှေစင် တောင်ရောက်မြောက်ရောက်ဆက်ရေးပါ မျှော်နေမယ်နော်။

----လလ... ရယ်..တော်သးတယ်နော်။

Cameron said...

မကြီးရွှေစင် ညီမလေးမန်းလာဖြစ်ရင် ၀က်စတူးအိုးကို သေချာထိုင်စောင့်ထားပေးမယ်...း)) သူများပစ္စည်းကောက်ရထားတာကို ဂွင်ပဲလို့ပြောထွက်တဲ့သူတွေကိုတော့ အံ့သြမိပါရဲ့...လူတွေလူတွေ... အချောင်တော်တော်လိုက်နေကြတယ်...။
ဘုန်းဘုန်းမှား အင်္ဂလိပ်စာတတ်တော့ ကိုယ့်သာသနာကမ္ဘာကိုဖြန့်လို့ရတာပေါ့... ၀မ်းမြောက်စရာပေပဲ....။ မကြီးကိုယ်တိုင်ရေးလေးတွေကို ဖတ်ချင်တာ...ကြာကြာမှတစ်ခါတင်တာဆိုတော့ များများကော်မန့်ရေးလိုက်တယ်....။

ခင်တဲ့
မိုးငွေ့

မအိမ်သူ said...

မရွှေစင်ရေးတဲ့စာကို ဖတ်ရတာသဘောကျလို့ စောင့်စောင့်ဖတ်ရတာ မေ့သလောက်နေမှ တစ်ခါလောက်ရေးတဲ့သူ ဆိုတော့ ဖတ်ဖို့ မျှော်ရတဲ့သူတွေ လည်ပင်းက ညောင်ရေအိုးမကတော့ဘူး ပဒေါင်တွေလို ကွင်းစွပ်ထားရတော့မယ်.. :D
ညီမလသာညအကြောင်းကလည်း ကြားရတာသဲထိတ်ရင်ဖိုရှိလိုက်တာ။ ဖုံးပြန်ရတာဘဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ တော်ပါသေးရဲ့ နော် ငါးသိန်းမတောင်းလို့..

ဘုန်းဉာဏ် said...

“မိအေး နှစ်ခါနာ” ဖြစ်ရတဲ့ မြန်မာ သံဃာတော်တွေ ဒုက္ခက မသေးဘူးနော်။ နိုင်ငံခြားမှာ ကျောင်းတက်တော့လဲ နိုင်ငံခြားသားဖြစ်နေလို့ သင်တန်းကြေးက နိုင်ငံခြား ကျောင်းသားကြေး ပေးရတယ်။ နေရာလဲ ကိုယ့်ဟာကိုယ် ဖန်တီးရတယ်။

ကိုယ်နိုင်ငံက ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ကြားပြန်တော့လဲ ပြည်တွင်း ကျောင်းသားမို့ ဆိုပြီး ကိုယ်ဟာကိုယ် နေရာရှာ၊ ဆွမ်းခံစားပြီး ကျောင်းတက်ရတယ်။ အဲဒီ တက္ကသိုလ်က တော်တော် ဆန်းတယ်။ နိုင်ငံခြားသား ကျောင်းသားဆို (လူရော၊ ဘုန်းကြီးအတွက်ပါ) ရေ၊ မီးစုံပါတဲ့ အခန်းကောင်းကောင်း ပေးတယ်။ အစားအသောက် ကြွေးတယ်။ သင်တန်းကြေးလဲ တစ်ပြား တစ်ချပ် ပေးစရာ မလိုဘူး။ ဒါပေမဲ့ ကိုယ်နိုင်ငံသားကို ပစ်ထားပြီး နိုင်ငံခြားသားကို အခွင့်အရေး ပေးတာ ကမ္ဘာမှာ ဒီ တက္ကသိုလ်တစ်ခုပဲ ရှိသေးတာ သေချာလောက်တယ်။ ဖြစ်ရမယ်လေ။ မြန်မာပြည်ကိုး။ မြန်မာနည်း မြန်မာဟန်နှင့် လုပ်ချလိုက်တယ်နော်။

ဘုန်းဉာဏ် said...

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်မှာ နိုင်ငံခြားကျောင်းသားတွေ ရနေတဲ့ အခွင့်အရေး ပြည်တွင်း ကျောင်းသားသံဃာတော်တွေလဲ ရစေချင်ပါတယ်။ နိုင်ငံခြားမှာတော့ သူ့နိုင်ငံသား ရတဲ့ အခွင့်အရေးကို မြန်မာ သံဃာတော်တွေ ရဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ မိအေး နှစ်ခါနာ ဖြစ်ရတဲ့ မြန်မာ သံဃာတော်များ အတွက် စိတ်မကောင်းပါ။
ပို့စ်ထဲပါတဲ့ ဥယျာဉ်ဆရာတော် စကားနှင့် စပ်လာလို့ ရေးမိတာပါဗျာ။ အများအတွက် မကောင်းရင် ဒီကွန့်မန့်ကြီး ဖျက်ပစ်လိုက်နော် မရွှေစင်ဦး။ ရေးမိသွားလို့ ဆက်ရေးလိုက်တာ။

အင်ကြင်းသန့် said...

ဟားဟား မမစစကတော့ကွာ....မမရွှေစင်ရဲ့ ၀က်စတူးကို ပညာပြလိုက်တယ်ပေါ့လေ....း))

အစ်မလသာညလည်း ဖြစ်ရမယ်နော်....လူတွေများ အံ့သြစရာကောင်းလိုက်တာ.သူများဖုန်းပျောက်တာ သူတို့အတွက်များ ဂွင်တဲ့...း(

ချစ်ညီမလေး