ဒီနေ့တော့ ရွှေစင်ဦး ရေးစရာရှိတဲ့ စာကြွေးလေး တွေ ဆက်ရေး ပါအုန်းမယ်...။
စာမရေးခင် ကျနော့် ဘလောဂ့် လေး မှာ စာလာဖတ်တဲ့ ...ကောမန့် တွေ လာရေးတဲ့ စာဖတ်သူတွေ ကို အထူး ဘဲ ကျေးဇူး တင် ကြောင်း ပြောပရစေ... .။
စာတွေ ဖတ်တဲ့ အခါ စာတွေ ထဲမှာ ပါတဲ့ အယူအဆတွေ အတွေးအခေါ်တွေ ဟာ စာရေးသူ နဲ့ စာ ဖတ်သူ... ၊ စာဖတ်သူ အချင်းချင်း မတူညီ နိုင်တာတွေ ရှိပါတယ်... အားလုံး ဟာ ကိုယ်ရဲ့ ထင်မြင်ချက် အယူအဆ သာ လျှင် မှန်ရမယ် ... မှန် တယ် လို့ ဆုတ်ကိုင် မထား ဘဲနဲ့ ... အပြုသဘော ရေးသွား ခဲ့ ရင် တော့ ပိုပြီး ကောင်းသွားမယ် လို့ ထင်ပါတယ်... ။
ကျနော် တို့ ကမ္ဘာကြီး ဟာ အများကြီး ပြောင်းလဲ နေပါပြီ ... ကျနော် တို့ အားလုံး ဟာလည်း လိုက်ပြီး ပြောင်းလဲ ရမှာ ဖြစ်ပါတယ်.... ဆိတ်ကွယ်ရာ ဆိုတာ မရှိတော့ပါဘူး... အမှား ကိုဘဲ လုပ်လုပ်... အမှန်ကိုဘဲ လုပ်လုပ် လျှို့ဝှက် လို့ မရနိုင်တော့ ပါဘူး.... အားလုံး ဟာ ခဏနေပေါ်လာမှာပါဘဲ... ကမ္ဘာကြီး ပိုမို ယဉ်ကျေး လာတော့ မယ်လို့ ကျနော် ကတော့ အကောင်းဘက်က ယူဆပါတယ် ... အဲဒီ အတွက် ကျနော် တို့ရဲ ခံယူချက် တွေ ကိုပြောင်းလဲ ရတော့မှာ ဖြစ်ပါတယ်....။
မတူညီတဲ့ အယူအဆ တခု အတွက် အငြင်းပွား စရာတွေ ရှိလာရင် .... မိမိ ရပ်တည်တဲ့ အယူအဆ အတွက် အပြု သဘော ဆောင် တဲ့ ဘက်ကနေ ဆွေးနွေးကြမယ် ဆိုရင် အားလုံး က ပိုပြီး လက်ခံ ကြမယ်လို့ ထင်ပါ တယ် ... ။
ဒီမိုကရေစီ သဘောတရား အရ ဘယ်အယူအဆ မှတော့ တသဘောထဲ ဖြစ်မှာ မဟုတ်ပါဘူး... အဲဒီတော့ ကိုယ် လက်ခံ တဲ့ အယူအဆ ကို အများလက်ခံအောင် ပြောဆို ရမှာဖြစ်ပါတယ်... ။
အဲဒီ အချိန် မှာ ကိုယ် အနိုင်ရလိုဇော နဲ့ တဘက်လူ ကို မလေးမစား ပုတ်ခတ်ပြီး လုပ်ဇာတ် တွေ နဲ့ ပြော သွား တာတွေ ဟာ ကိုယ်ခံယူ ထားတဲ့ အယူအဆ ကို လူတွေ အထင်သေးသွားတဲ့ အပြင် ဘယ်တော့ မှ လည်း အနိုင် မရ နိုင်ပါဘူး... ။
အင်တာနက် ထဲ မှာ လူတွေ ကို တွေ့ခွင့် မရပေမဲ့ ... ဒီ အယူအဆ နဲ့ လူတွေ.... ဒီအဖွဲ့အစည်း က လူ တွေ ဟာ ဒီလို ပါဘဲလား ဆိုပြီး အားလုံး က မုန်းတီးသွားနိုင်ပါတယ်.... ဘယ်နေရာ မှာ ဘဲ ဖြစ်ဖြစ် အသာစီး ရောက်နေတဲ့ သူတွေက ကိုယ်နိုင်လို့ ရမဲ့ သူတွေ ကို ငါလုပ်သမျှ ခံရမယ် ဆိုပြီး အနိုင်ကျင့် ပြီး ထောက်ခံခိုင်း မယ်ဆိုရင်တော့... ဒုက္ခရောက်မှာ ကြောက်လို့ ထောက်ခံ လိုက်ရပေမဲ့ ... ဒါဟာ ယာယီ သာ ဖြစ်မှာပါ... မနိုင်လို့ သည်းခံရခြင်း အတွက်... အနိုင်ရသွားခြင်း ဟာ အောင်မြင်မှု့ မဟုတ် ပါဘူး....။
နောက်လည်း ကျနော် တို့ အားလုံး ဟာ ကိုယ့် အယူအဆ တွေ ကို ကိုယ် ပြောနေကြအုန်းမှာပါ... ခင်ဗျား တို့ အယူအဆ နဲ့ မတူရင် ဆွေးနွေး နိုင်ပါတယ် ... ကျနော် မှားနေရင်လည်း အမှန်ကို ရောက်အောင် ဆွဲခေါ် ကြပါ....လို့ ပြောရင်း ဒီလောက်နဲ့ဘဲ ရပ်ပါတော့ မယ်ဗျာ.... ။
ရွှေစင်ဦး ငယ်ဘဝ က မျှော်လင့်မိတာလေး တခု

ကျနော့်ငယ်ဘဝ ဆိုလို့ ချစ်ချစ်ကြီး နဲ့ အကြောင်းတွေ ဘဲလို့ ထင်မသွားကြပါနဲ့အုန်း... အချစ်ရေး နဲ့ မဆိုင် တဲ့ မျှော်လင့် မိတာလေး တခုပါ ... ကျနော် ချစ်ချစ်ကြီး နဲ့ မရခင် မိဘအိမ်မှာ နေစဉ် ကထဲက နံနက် တိုင်း ဘုန်းကြီး များကို ဆွမ်းလောင်း လှူခဲ့ တာတော့ ကျနော့် အရင်ပိုစ့် တွေ ထဲမှာ ဖတ်ဘူးမှာပါ... ၊ အခုလည်း မနက်တိုင်း ဆွမ်းလောင်း လှူပါတယ်.. ကျနော် မချက်နိုင်တော့ ပေမဲ့ အနီးနား က အိမ်တအိမ် မှာ ဆွမ်းချက် ခ ပေးပြီး နေ့စဉ် လောင်းလှူပါတယ်.. ။
မိဘ အိမ်မှာ နေစဉ် က ညတိုင်း စာဖတ်ပြီး လို့ အိပ်ခါနီး အချိန်ကြ ရင် ဆန်လေးလုံး ကို ရေဆေး .. ရေစစ် ပြီး အသင့် ဖြစ်အောင် ချက် တဲ့ အိုးထဲမှာ ပြင်ဆင်ထားပါတယ်... မနက် လေးနာရီခွဲ ငါးနာရီလောက် ဆိုရင် ရေထည့်ပြီး တခါထဲ ခလုတ်ဖွင့် ပြီး ဆွမ်း ချက်ရပါတယ်... ဒါဟာ ကျနော် ဘုန်းကြီး တွေ ကို ဆွမ်းလောင်းလှူ ချင်လွန်းလို့ ပါဘဲ... မီး က နေ့တိုင်း မလာပါဘူး... မီးမလာ တဲ့ နေ့ တွေ မှာ လည်း မီးသွေး ဖိုလေး နဲ့ ဆွမ်းအိုး ပြောင်းပြီး အမှီ ချက်ခဲ့ပါတယ်...ကျနော့် ရဲ့နှစ်ပေါင်း တော်တော်များများ နေ့စဉ် မနက်ခင်း တိုင်း အလုပ် ပါဘဲ... ။
ဆွမ်းကျက်ချိန် လောက်ကြရင် အိပ်ယာထ မျက်နှာသစ် တံမြက်စီး ကောက်ကိုင်ပြီး ရေလေး နဲနဲဖြန်း ပြီး ဘုန်းကြီး တွေ ကြွ တဲ့ လမ်းမှာ တတ်နိုင်သမျှ အမှိုက်တွေ ကင်းစင်အောင် ဆူးငြောင့်ခလုတ် တွေ မရှိအောင် လုပ်ရပါတယ်... အားလုံး ပြီးစီးမှ ခုံလေး ထုတ် အခင်းလေး ခင်းပြီး ဆွမ်းအိုးလေး နဲ့ ကြွသမျှ ဘုန်းဘုန်း တွေ ကိုရင် တွေကို လောင်းရပါတယ်... ကျနော် တို့ အရပ်မှာ ဘုန်းကြီး အတန်းလိုက် မကြွ ပါဘူး.. အရပ် လေးမျက်နှာ က တပါးခြင်း နှစ်ပါးခြင်း ကြွတာကို စောင့်ပြီး လောင်းလှူရပါတယ်.... ။
ဒီကြားထဲမှာ .. တဦးတယောက် ရဲ့ မွေးနေ့ တို့ ဒါမှ မဟုတ်အိမ်မှာ အဆင်ပြေ တဲ့ အခါတို့ ဆိုရင် ဆွမ်းဟင်း ပါ ကပ်လှူပါတယ်..၊ အိမ် မှာ အဆင်ပြေရင် ဆိုတာ တခါတလေ မနက်ဆွမ်းလောင်း ဘို့ တောင် ညဦးကြ မှ ဆန် ဝယ် နိုင်လို့ ဖြစ်ပါတယ်... အိမ်မှာ အများစားတဲ့ ဆန်ကို မလှူ ပါဘူး... ဆန်ကောင်း တာ မှ လှူပါတယ်..။
ဆွမ်းဟင်း လောင်း တဲ့ နေ့တွေမှာတော့ ဝက်သား အာလူး ဆိုရင်လည်း ဝက်သား အတုံးကြီးကြီး နဲ့ အာလူး အကြီး တခြမ်း ဆို တခြမ်း ဝတ်ခွက် တခွက်စာ မှန်းပြီး ကိုယ် ကပ်လှူချင် သလောက် လှူချင် တဲ့ အရေအတွက် ကို မှန်းပြီး ချက်ရပါတယ် ... ဘဲဥ ဆိုရင် လည်း အဲလိုပါဘဲ... နောက်ပြီး ရာသီပေါ် သရက်သီး တို့ ကော်ဖီမစ် တို့ အကြော်တို့ ကိုယ်တတ် နိုင်သလောက် လှူပါတယ်...။
ဆွမ်းဟင်း လောင်း တဲ့ နေ့တွေမှာတော့ ဝက်သား အာလူး ဆိုရင်လည်း ဝက်သား အတုံးကြီးကြီး နဲ့ အာလူး အကြီး တခြမ်း ဆို တခြမ်း ဝတ်ခွက် တခွက်စာ မှန်းပြီး ကိုယ် ကပ်လှူချင် သလောက် လှူချင် တဲ့ အရေအတွက် ကို မှန်းပြီး ချက်ရပါတယ် ... ဘဲဥ ဆိုရင် လည်း အဲလိုပါဘဲ... နောက်ပြီး ရာသီပေါ် သရက်သီး တို့ ကော်ဖီမစ် တို့ အကြော်တို့ ကိုယ်တတ် နိုင်သလောက် လှူပါတယ်...။
ကျနော် တို့ မန္တလေး မြို့ဟာ သာသနာထွန်းကား တဲ့ အရပ်ဖြစ်လို့ မြန်မာတပြည် လုံး မှာ ရှိတဲ့ သံဃာတွေ ဟာ မန္တလေး မြို့ မှာ ပညာလာသင်ရပါတယ်.. မြန်မာပြည်တွင်း နဲ့ ကမ္ဘာ အရပ်ရပ် မှာ ဗုဒ္ဓဘာသာ သာသနာ အကျိုး ကို သယ်ပိုးနေကြတဲ့ ဆရာတော်ဘုရားကြီး များဟာလည်း မန္တလေး မြို့ မှာ စာသင်သား အဖြစ် နေသွား ဘူးကြတာဘဲ ဖြစ်ပါတယ်... စာသင်သား ဘဝ မှာ အားလုံး ဟာ ဆွမ်းခံပြီး မှ စားရပါတယ်... ဘယ်အရာ မှ မပြည့်စုံပါဘူး.. ကိုယ့် ရပ်ရွာ ကိုယ့် ဒကာ..ဒကာမ တွေ ဆွေမျိုးမိဘ တွေနဲ့ ဝေးရာ မြို့ကြီး ပြကြီး မှာ သူများ လှူ မှ စားသောက် ရတာ တော်တော်ခက်မယ် ထင်ပါတယ်ဗျာ... အဲဒါကြောင့် ... ဆွမ်းခံအိမ် ရှာရပါတယ်... ကိုယ့် ကျောင်းနဲ့ မနီးမဝေး မှာ ရှိတဲ့ ရပ်ကွက် က အိမ်တွေ မှာ လိုက်ပြီး မေတ္တာ ရပ်ခံ ရ ပါတယ်... ။
ဆွမ်းခံအိမ် (ထိုင်ကိုယ်တော် အဖြစ် နေ့စဉ် ဆွမ်း ... ဆွမ်းဟင်း အလှူခံသော အိမ်) မှ မရှိရင် ဆွမ်း ဆွမ်းဟင်း တွေဟာ အများလောင်းလှူတာနဲ့ မပြည့်စုံနိုင် လို့ပါဘဲ... ဆွမ်းခံအိမ် ဆိုတာ လည်း ဘုန်းကြီး ကျောင်း နဲ့ နီးတဲ့ နေရာတွေ မှာ ရနိုင်ဘို့ မလွယ်ပါဘူး.... တခြား အဝေးရပ်ကွက် တွေ မှာ ဘဲ လိုက်ပြီး ရှာရပါတယ်... စာသင် ကိုယ်တော်လေး တွေ ဦးပဇင်း လေး တွေဟာ ဆွမ်းခံအိမ် တအိမ် ရဘို့ တအိမ်တက်ဆင်း လိုက် ပြီး ရှာရပါတယ် မနီး မဝေးမှာ သုံး လေး ငါး အိမ် ရမှ အဆင်ပြေပါတယ်...။
အဲဒီလို ရဘို့ စာသင်သား အသစ်လေး တွေ ကို မြို့မှာ အရင်ရောက်နေတဲ့ စာသင်သား ဟောင်းတွေ က သူတို့ ဆွမ်းရပ် နေကြ ရပ်ကွက် ထဲက အိမ်တွေ မှာ လိုက်ရှာပေးရပါတယ်... ကျနော် တို့ အိမ်မှာ လည်း တပါး နှစ်ပါး တော့ အမြဲတန်း နီးပါး ရှိပါတယ်.. ကိုယ် တတ်နိုင်သလောက် ပေါ့... အဲဒီ ကိုယ်တော် တွေ အတွက် ကျ ဆွမ်းဟင်း မှာပါ တာဝန်ရှိပါတယ်.....။
အဲဒီလို ရဘို့ စာသင်သား အသစ်လေး တွေ ကို မြို့မှာ အရင်ရောက်နေတဲ့ စာသင်သား ဟောင်းတွေ က သူတို့ ဆွမ်းရပ် နေကြ ရပ်ကွက် ထဲက အိမ်တွေ မှာ လိုက်ရှာပေးရပါတယ်... ကျနော် တို့ အိမ်မှာ လည်း တပါး နှစ်ပါး တော့ အမြဲတန်း နီးပါး ရှိပါတယ်.. ကိုယ် တတ်နိုင်သလောက် ပေါ့... အဲဒီ ကိုယ်တော် တွေ အတွက် ကျ ဆွမ်းဟင်း မှာပါ တာဝန်ရှိပါတယ်.....။
ဆွမ်းခံ ချိန် မှာ ကိုယ် ဆွမ်းခံ တဲ့ ရပ်ကွက် ရောက်အောင် ဘတ်စ်ကား စီးသွားရပါတယ် .... နံနက်ခင်း ရုံးချိန် ကျောင်းချိန် ဈေးသွားတဲ့ အချိန် တွေ ဖြစ်တဲ့ အတွက် ဘတ်စကား စီးရတာ မလွယ်ပါဘူး... တိုးတိုးဝှေ့ဝှေ့ နဲ့ လိုက်ရ ပါတယ်... သံဃာ ထိုင်ရန် ဆိုတဲ့ နေရာမှာလည်း သန်သန်မာမာ ယောက်ကျား ကြီး တွေ ထိုင်နေတာ တွေ့ရသလို ... တခါတခါ တော့ လည်း လှတပတ ကောင်မလေး တွေ က မသိသရောင် နဲ့ ထိုင် နေကြ ပါတယ်... ။
ဘယ်သူ မှ လည်း အမုန်းခံပြီး ဘုန်းဘုန်း တွေ ထိုင်ရအောင် ဖယ်ပေးပါ လို့ မပြောကြပါဘူး... ဘုန်းဘုန်း တွေ ကလည်း အဲလို တောင်းဆိုပြီး မစီးတဲ့ အပြင် ဘတ်စ်ကား နောက်မြီး က နေ သပိတ် ကို စလွယ်သိုင်းပြီး ခြေထောက် တဘက် နဲ့ တွဲလွဲခို လိုက်ရပါတယ်.... တချို့ ကိုယ်တော် များကြတော့လည်း ဘတ်စ်ကား ခေါင်မိုးပေါ် မှာ တက်လိုက်ရပါတယ် (ဒိုင်နာ လိုကားမျိုးမှာပါ)... ။
ဘိနပ် မပါ တဲ့ သံဃာတွေ ဟာ ဆောင်းဆို လည်း အေးခဲ လှ တဲ့ မြေကြီးပေါ်မှာ မိုးဆိုလည်း တခါတလေ မိုးရွာကြီးထဲ မှာ စိုစိုစွတ်စွတ် နဲ့ .... နွေ ဆိုရင်လည်း ပူခြစ် နေတဲ့ ကြမ်းတမ်း လှတဲ့ မန္တလေး လမ်း မများ ပေါ်မှာ သွားလာ နေတာ တွေ့တိုင်း.. နွေ မိုး ဆောင်း .... ဘတ်စ်ကားနောက်မြီး မှာ ဘတ်စ်ကား ခေါင်မိုး ပေါ်မှာ တွေ့ ရတိုင်း စိတ်မကောင်း ဖြစ်ရ ပါတယ်...။
ကျနော် နေ့စဉ် ဆွမ်းလောင်းလှူ နေရင်း ... အဲဒီလိုမျိုး တွေ တွေ့ရတိုင်း ကျနော့် ရဲ့ စိတ်ကူးယဉ် အိမ်မက် ထဲမှာ ကျနော် သာ ပိုက်ဆံရှိရင် ဘုန်းကြီး တွေ ဆွမ်းခံသွားရင် အဆင်ပြေအောင် လို့ သံဃာတော် တွေ ဘဲ သီးသန့် လိုက်နိုင်တဲ့ ဘတ်စ်ကားကြီးတွေ လှူ မယ်လို့ ဆုံးဖြတ် ထားလို့ ပါဘဲ... ကျနော် တို့ အားလုံး ဟာ မန္တလေး မြို့ မှာ ရှိတဲ့ လေးပြင်လေးရပ် က သံဃာတွေ အတွက် ပြည့်စုံအောင် ဆွမ်းကွမ်း လောင်း လှူ နိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဆွမ်းလောင်း လှူကြတဲ့ အရပ်တွေကိုတော့ ပို့ပေးနိုင်ကြလို့ ဖြစ်ပါတယ်....။
အခုတော့ ကျနော့် အိမ်မက်လေး ဟာ .... မန္တလေး မြို့ မိုးထိအောင်စည် သာသနာ့ ရိပ်သာ က ဆရာတော် ဘုရားကြီး ရဲ့ စွမ်းဆောင်ချက် ကြောင့် အကောင်အထည် ပေါ်လာပါပြီ.... ဆရာတော် ဘုရားဟာ သူ ကိုယ်တိုင် မန္တလေး မြို့ မှာ ဆွမ်းခံလာတာ ဖြစ်တဲ့ အတွက် မန္တလေး မြို့ မှာ ဆွမ်းခံကြတဲ့ သံဃာတော် တွေ အတွက် အလွန်ဒုက္ခရောက် လှတဲ့ သွားလာရေး ကို နားလည်နေပါတယ်... ဒါကြောင့် နေ့စဉ် နံနက်တိုင်း သံဃာတော် တွေ ဆွမ်းခံကြွ ရတာ အဆင်ပြေစေရန် အတွက် ယာနဒါန ဆိုတဲ့ အသင်းအဖွဲ့ ကြီး ဖွဲ့ စည်းပြီး ယာနဒါန ဆိုတဲ့ ဘတ်စကား ကြီး တွေနဲ့ မန္တလေး လေးပြင်လေးရပ် မှာ ရှိတဲ့ ကိုယ်တော် တို့ ဆွမ်းခံချင်တဲ့ အရပ် ကို လိုက်ပါ ပို့ဆောင် ပေးနေပါပြီ..။
မနက်တိုင်း မန္တလေး မြို့ အရပ်လေး မျက်နှာ ကို သံဃာတော် တွေ ဆွမ်းခံကြွ နိုင်ဘို့ လိုက်ပါ ပို့ဆောင် ပေးသလို ဆွမ်းခံ အပြန် မှာလည်း ကြိုပေး နေတဲ့ ယာနဒါန ကားကြီးတွေ ပြေးဆွဲနေတာ ကို ကြည့်ရတာ တင့်တယ် လှပါတယ်...။
ယာနဒါန အတွက် လှူဒါန်း တဲ့ သူများလည်း အများကြီး ရှိကြပါတယ်... ဘုန်းဘုန်း ဘုရား လည်း ယာနဒါန ကားကြီး တွေ ကြည့်ပြီး ပိတိဖြာ နေပါတယ်... အင်း .... ဒါပေမဲ့ ဆင်ကောင်ကြီး လှူ သူ ရှိပေမဲ့ ချွန်းဘိုး က နေ့စဉ် ဖြစ်နေတဲ့ အတွက် ကျနော် တို့ မှာ ဘေးက နေ ရင်မော နေ ရပါတယ်.. ဘယ်အချိန် မှာများ ဒီကား ကြီး တွေ မပြေးနိုင်ဘဲ ရပ်သွား မလည်း ဆိုတာ လည်း မတွေး ရဲအောင် ဖြစ်နေပါတယ်....။
မနက်တိုင်း ဘတ်စကား ကြီး တွေ ထွက်ဖို့ ဆီဂါလံ (၂၅) ဂါလံ ကုန်ပါတယ်... ၊ အဖိတ်နေ့ မှာ ဆိုရင် တော့ စစ်ကိုင်း ကနေ ဆွမ်းဆန် ခံတဲ့ ဆရာလေး တွေ သွားရေးလာရေး အတွက် ပါ စီစဉ် ပေး ရတာ ဆိုတော့ ဆီ တပေပါ ကုန်ပါသတဲ့ဗျာ....ကားပြင်စရိတ်တွေ ကားမောင်းသူ စရိတ် တွေမပါသေး ပါဘူး... ။
တကယ်လို့ များ အကြောင်းတိုက်ဆိုင် လို့ လှူဒါန်း ချင်ပါတယ် ဆိုရင် မိုးထိအောင်စည် ကျောင်းတိုက် က ဆွမ်းခံ သံဃာတော် များအတွက် နေ့စဉ် ပြေးဆွဲ ပေးနေတဲ့ ယာနဒါန ကားကြီး တွေ အတွက် လည်း လှူဒါန်း နိုင်ပါတယ် လို့ နိဗ္ဗာန်ဆော်လုပ်ရင်း ဆောင်းပါးလေး ကို နိဂုံးချုပ်ပါတယ်.... အားလုံးကို ကျေးဇူးတင် ပါတယ်...။
စိတ်ကရည်သန်၊ လှူရန်သတ်မှတ်
ငွေကျပ်တစ်ဆယ်၊ အားမငယ်နှင့်
ဒီဇယ်တစ်စက်၊ ဂါလံဝက်မှ
စ၍စုပေါင်း၊ အများကောင်းမှု
ဒါနပြု၏၊ သောတုဇန
များလှရဟန်း၊ မပင်ပန်းပဲကြွလှမ်းနိုင်ပြီ၊ ဂေါတမီသွေး
ဆရာလေးလည်း၊ ပြန်ရေးမခက်
ကမ်းတစ်ဘက်သို့၊ ပို့ရန်မမေ့
အဖိတ်နေ့တိုင်း၊ ချောင်စစ်ကိုင်းဆီ
ပြန်ပို့သည်ကို၊ တူညီကုသိုလ်ယူလှည့်ပါ။
ကဗျာရေးသူ - ဦးဝေဠု
လှူချင်ကြတယ်ဆိုရင်
မိုးထိအောင်စည် သာသနာ့ရိပ်သာ
တံခွန်တိုင်ရပ်ကွက်
ပ.လ.က ပေါက်၊ ပြည်ကြီးတံခွန်မြို့နယ်။
ဖုန်း-09-2022330၊ 02-5154867၊ 09-91013858
(ငွေလှူဘို့ အတွက် ကျနော့် မှတ်ပုံတင် နံပါတ် ... အကောင့် နံပါတ် နဲ့ ဖုန်း နံပါတ် ကို ရေးပေးချင်ပေမဲ့ တွတ်ပီ ကံမကောင်း တဲ့ အတွက် မပေးတော့ပါဘူးဗျာ.... )
(ငွေလှူဘို့ အတွက် ကျနော့် မှတ်ပုံတင် နံပါတ် ... အကောင့် နံပါတ် နဲ့ ဖုန်း နံပါတ် ကို ရေးပေးချင်ပေမဲ့ တွတ်ပီ ကံမကောင်း တဲ့ အတွက် မပေးတော့ပါဘူးဗျာ.... )
ရိပ်သာဝင်ပြီး တရားအားထုတ် လို သူများလည်း မိမိတို့ အားလပ် ရက်များတွင် လာရောက် ပြီး မိုးထိအောင်စည် ရိပ်သာ မှာ တရားအားထုတ်နိုင်ပါတယ် ရွှေစင်ဦး ဆီ လာခဲ့ရင်လည်း ရိပ်သာ အရောက် လိုက်ပို့ ပေးပါမယ် လို့ လည်း ဖိတ်ခေါ်ပါတယ်
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
.
23 comments:
မရွှေစင်ရေ ...
သံဃာတော်တွေ ဘတ်စ်ကားတိုးစီးရတာကို တွေ့တိုင်း ညီမလဲ တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ခုလို မိုးထိအောင်စည် ဆရာတော်ဘုရားကြီးက စီစဉ်ပေးတာ လိုအပ်ချက်တခုကို ဖြည့်စည်းပေးတာမို့ အင်မတန် မွန်မြတ်ပါတယ်။
ဒီနိုင်ငံတွေမှာ သွားရေးလာရေး အဆင်ပြေဖို့ အစိုးရက အရှုံးခံပြီး ဘတ်စ်တွေ ပြေးပေးနေတာမြင်တိုင်း ကိုယ့်နိုင်ငံလဲ အဲဒီလို ဖြစ်စေချင်လိုက်တာလို့ အမြဲ တွေးမိတယ်။ လူတွေအားလုံးအတွက် မဟုတ်တောင် သံဃာတော်တွေအတွက် စီစဉ်ပံ့ပိုးပေးနိုင်ရင် ကောင်းမှာပဲ။
နိဗ္ဗာန်ဆော် မရွှေစင်ကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီအကြောင်းတွေ ခုလိုရေးပြမှ အားလုံးသိနိုင်မှာလေ။ ညီမလဲ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းတွေကို ဒီအကြောင်းလေး ပြောပြပြီး ထပ်ဆင့် နိဗ္ဗာန်ဆော် လုပ်ပေးပါမယ်။
ဘွန်တော သဗ္ဗူရိသ အပေါင်း သူတော်ကောင်းတို့..... လို့ မအော်ရုံတမယ် အစ်မ ရွှေစင် နိဗ္ဗာန် ဆော် လုပ်နေပါသည်။ မန္တလေးကို လာလည် လျှင် အတူတကွ သွားရောက်လှူဒါန်း ရန်ဆုံး ဖြတ်ထားပါသည်။
ကောင်းလိုက်တာ ကောင်းလိုက်တာ။ တကယ် ၀မ်းသာတယ်။
ဆရာတော်ဘုရားကြီးလဲ ကျန်းမာချမ်းသာ သက်တော် ရာကျော် ရှည်ပါစေ။ ဒကာဒကာမတွေလဲဆရာတော့် လုပ်ငန်းကို ဆထက်ထမ်းပိုး ကူညီ သယ်ပိုးနိုင်ကြပါစေ။
ရဟန်းသံဃာများလဲ ဂန္ထဓူရ ၀ိပဿနာဓူရ လွယ်ကူစွာ ထမ်းဆောင် နိုင်ကြပါစေ။
ဒီအစီအစဉ် ရာသက်ပန် တည်မြဲနိုင်ပါစေ။
ခင်မင်လျက်
မန္တလေးသား မဟုတ်ပေမယ့် မန္တလေးရောက်တိုင်း သံဃာတွေ ဆွမ်းခံထွက်တာမြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်၊ အခုလို သတင်းကြားရတာ တကယ်ပဲ ဝမ်းသာပါတယ်၊ ရေရှည်မှာ အဆင်ပြေစေဖို့လည်း ဆုတောင်းသလို ဒီအကြောင်းကိုလည်း လက်ဆင့်ကမ်း ပါဦးမယ်..။
အင်း..
မမရွှေစင်ရေ့  ...
ဖတ်ပြီးတော့  ရဟန်းစားရတဲ့  ဆွမ်းတစ်နပ်
ကို သွားသတိရမိတယ်ဗျာ..။
ကြည်နူးပီတိလည်းဖြစ်ရပါတယ်။
ဒါဆိုရင် ရသ မြောက်တယ်ပေါ့ နော်..။
ကျေးဇူးပဲဗျိုး...။
စိတ်ကလေး ကြည် သွားလို့  ။
ညီမရေ မွန်မြတ်တဲ့အလုပ်အတွက် သာဓု သာဓု သာဓု ပါကွယ်။ နိဗ္ဗာန်ကျိုးမျှော်ပြီး နှိုးဆော်ပေးပါ့မယ်။ ပြည်ကြီးတံခွန်
မြို့နယ်ဆိုတာ မန္တလေးစွယ်တော် ဘုရားနားက မြို့နယ်လား။
မေတ္တာဖြင့်
အန်တီတင့်
ဓါတ်ပုံလေးတွေကြည့်ပြီး အတော်လေး ပီတိဖြစ်မိတယ်။ မန်တလာ အရပ်နဲ့  စိမ်းသူမို့  မျက်စိထဲမှာ အဆန်းဖြစ်နေတာပဲဗျာ။ ကိုယ်တိုင် မလှူဒန်းနိုင်သေးပေမယ့် လှူဒန်းနိုင်သူများ ပေါ်ပေါက်လာအောင် ဖော်ဝပ်မေးလ်နဲ့  သူငယ်ချင်းများကို ညွှန်းပေးပါဦးမယ်။ ကုသိုလ်တတ်နိုင်သလောက် ယူတာပါ။
နိုင်ငံတော် အစိုးရက တစ်ခုခု လုပ်ပေးနိုင်လာပါစေဗျာ။
မန်းတလေး အငွေ့အသက်လေးတွေပါပဲ၊ စီစင်ပေးတဲ့သူတွေကိုကျေးဇူးတင်မိပါတယ် စစ်ကျန်ဘတ်စ်ကားကြီးတွေ ထိန်းသိန်းထားတာလဲ အားရစရာပါပဲ၊
နိဗ္ဗါန်ဆော်မမရွှေစင်..ကို အရမ်းကျေးဇူးတင်ပါတယ်။ လိပ်စာလေးကို အသေအချာ မှတ်သွားပါတယ်လို့။
(အခုနက ကွန်မန့်လေး ရေးထားတာ မတွေ့တော့လို့ ထပ်ရေးခဲ့တာ)
တတ်အားသမျှ လှူဒါန်းပါ့မယ်
လူတိုင်းသိအောင် အကျိုးမျှော် နိုးဆော်ပေးတဲ့ မရွှေစင်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
သာသနာတော်ကြီးအတွက် အကျိုးဆောင်သူများအားလုံး စိတ္တသုခ ကာယသုခပြည့်ဝကြပါစေ
ဓါတ်ပုံလေးတွေ ကြည့်ပြီးပိတိဖြစ်ရပါတယ်
မန္တလေးတော့ ၃ ခါပဲရောက်ဖူးတယ်..
This is Manlay.I'm glad to know good news for monks and nuns around there.As native of Pakokku and Yesagyo,i inherited"sanga wut"and try my best wherever i live.I note to donate when i come back.Thanks for sharing little sis.
Gyidaw
သာဓု သာဓု သာဓု အစ်မရေ။
နိဗ္ဗာန်ဆော်လည်း ဖြစ်သေးသကိုး။
ဝေဖန်ပြောဆို ခံရတာကတော့ ဘလော့ဂါတိုင်းလိုလို ကြုံရဖူးတာပါ။ နောက်တော့လည်း ဘာမှ မဟုတ်တော့ပါဘူး။ ပြီးတော့လည်း ပြီးတာပါပဲဗျာ။
မမရွှေစင်ရေ
ခုလိုဝေမျှပြောပေးတာကျေးဇူးပါ
:)))
ဝမ်းမြောက် ဝမ်းသာစွာနဲ့ သာဓု သုံးကြိမ်ခေါ်ပါတယ် မရွှေစင်ရေ...
ထပ်ဆင့် ဝေမျှပြီး နိဗ္ဗာန်ဆော် လုပ်ပေးပါ့မယ်...
်သာဓု သာဓု သာဓုပါဗျာ...။ မကြီးရွှေစင်တို့မန်းမှာ ဒီလိုဘတ်စ်ကားစီစဉ်နေတယ်ဆိုပေမယ့် ရန်ကုန်မှာတော့ ကားပေါလို့ထင်ပါရဲ့ အဲလိုအတွေးမျိုးစိတ်ကူးမျိုးရှိပုံမရကြဘူး..။
ခင်တဲ့
မိုးငွေ့
Thank you Ma Ma Shwe Zin for this great idea. I will share this information with my friends and have a great day!
အခုလို ပြောပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် အမ။ ကျနော်လည်း တတ်နိုင်သလောက် လှူဒါန်းနိုင်အောင် ကျြိးစားသွားပါမယ်။ ကျနော့် နီးစပ်ရာ အသိုင်းအ၀ိုင်း တွေကို လည်း ထပ်ဆင့် နိဗ္ဗာန်ဆော် လုပ်ပေးပါမယ်။
အမလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။
မောင်မင်းကြီးသား
Thank You for sharing Ma Ma.
အစ်မရေ
ဖတ်ရသိရတာ ပီတိဖြစ်မိပါတယ်။
အစ်မရဲ့ ကုသိုလ်တွေကိုလည်း
သာဓု ခေါ်လိုက်ပါတယ်။ ကိုယ်တိုင်လည်း ဒီလိုနေရာတွေမှာ ကြိုးစားဘို့ ဆန္ဒရှိလာတယ်။
သာဓုပါအစ်မရေ။ ဆရာတော်ကြီးရဲ့ စိတ်ကူး သိပ်ကောင်းပါတယ်။ ဆွမ်းခံဦးဇင်း ဘုန်းဘုန်းတို့ အဆင်ပြေပြေ ဖြစ်ရတာ ပီတိဖြစ်စရာပါ။ ဒီကုသိုလ်ဒါနလေး ရေရှည်တည်တံ့ဖို့ အရေးကြီးဆုံးပါပဲ။
နိဗ္ဗာန်ဆော်ကြီး မရွှေစင်ရဲ့ ငယ်ဘဝကမျှော်လင့်ချက်လေး သရုပ်ပေါ်လာတာ စိတ်ချမ်းသာစရာပါပဲ။
ကိုယ်ထူကိုယ်ထ နေကြရတဲ့ တိုင်းပြည်ကြီးမှာ ဒီလိုမျိုး ဦးဆောင်သူတွေ အလှူရှင်တွေ ရှိနေကြလို့ တော်သေးတာပေါ့နော်။
သာဓု သာဓု သာဓု ပါ
အွန်လိုင်းကနေ လှူ လို့ ရော..ရမလား
( မရွှေစင် အကောင့်နံပါတ် နောက်မှပဲ တိုးတိုးတိတ်တိတ်မေးတော့မယ်..း)
Post a Comment