Tuesday, January 11, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁၁)

အခုတလော အလုပ်များတာ နဲ့ အင်တာနက် လိုင်း မကောင်းတာ ရောသွားပြီး စာလည်း မရေးဖြစ် မဖတ်ဖြစ် သလို ဘလော့ တွေလည်း သိပ်မလည်ဖြစ်ပါဘူး (အားလုံး ကို တောင်းပန်ပါတယ်) ကိုယ့် ဘလော့ ထဲ စာတင်ရုံ အပြင် မေးလ် မှန်မှန် စစ်ဖြစ်အောင် ကို ကျိုးစားနေရပါတယ်...။

ဆိုင်မှာ အခုတလော ဖျော်ဖြေရေး တွေ များနေတဲ့ အတွက် ရူးချင်တဲ့ အကြောင်းလည်း ပြောချင်ပါတယ်.. နှစ်သစ်ကူး တိုင်းမှာ ချစ်ညီမ က ဆိုင် က ကလေးတွေ အတွက် မဲဖောက်ပေးပါတယ်... ပစ္စည်း အသေးလေး တွေပါ... အဲဒီ မဲဖောက် တဲ့ ပွဲ မပြောခင် ဆိုင် အကြောင်း နဲနဲ ပြောချင်ပါတယ်... ။

ကျနော့် ကွန်ပျူတာ ခန်းမှာ ဆောင်းဘောက်စ် ၃လုံး ပါတဲ့ စက်တလုံး နဲ့ မနားတမ်း သီချင်း တွေ ဖွင့်တတ် တဲ့ ကလေး  တယောက် ရှိပါတယ်... သီချင်းအင်မတန်ဝါသနာ ပါပါတယ်... စက္ကန့် မလပ် ဖျော်ဖြေ တင်ဆက် ပါတယ်... သူ့ ကို earphones နဲ့ နားထောင် လို့ ပြောမရပါဘူး.. အမြဲတန်း အလုပ် လုပ်နေတာ ဖြစ်တဲ့ အတွက် သူ့ဘေးမှာ ကပ်စတန်မာ က အမြဲလိုလို ရှိပါတယ်.. ။

တဘက်လူ ပြောတာ ကြားအောင် ဆောင်းဘောက်စ် နဲ့ ဘဲ နားထောင်ခိုင်းရပါတယ်... ကျန်ကလေး များ ကတော့ ဘေးမှာ လူ မရှိရင် သူ့တို့ ကြိုက်တဲ့ သီချင်းသူတို့ ဘာသာ earphones နဲ့ နားထောင်ပါတယ်... အားလုံး အတွက် ကတော့ သီချင်း နားမထောင်ချင်ရင် ကွန်ပျူတာခန်းထဲ က ထွက်သွားမှဘဲ လွတ်မြောက် မဲ့ အဲဒီ ကလေး တင်ဆက်တဲ့ ပင်တိုင် ဖျော်ဖြေရေး က အချိန်ပြည့် ရှိပါတယ်....။

စေတနာ ပိုပို နဲ့ ဆောင်းဘောက်စ် တလုံး ကို မိတ္တူ အရှေ့ခန်းထဲ ပို့ ထားတဲ့ အတွက် အဲဒီအခန်းမှာလည်း ဖျော်ဖြေရေး နဲ့ မလွတ်ပါဘူး....၊ ကျနော် မှာ တခါ တခါ အဲဒီသီချင်းတွေ နားထောင်ပြီး ရူးချင်စိတ် ပေါ်လာ တဲ့ အတွက် အသံတိုး ဘို့ ချော့မော့ ပြောရပါတယ်....။

၂ဝ၁၁ နှစ်ကူး မှာ တော့ ကံဆိုးမိုးမှောင်ကြပြီး အိမ် မှာ နေတဲ့ ကလေး၃ယောက် က အမ်ပီသရီးနှစ်လုံး အမ်ပီဖိုး တလုံး ပေါက်ပါတယ်... သီချင်းသံ ၃ဆ တိုးသွားပါတယ် ဆိုင်ရှေ့ မှာ ကလေး တဖွဲ့ က ရေဒီယို အက်ဖ်အမ် ဖွင့် ရင်း   အလုပ်လုပ်ကြပါတယ်... နောက်ခန်းမှာ လည်း မိတ္တူဆွဲရင်း နောက် တယောက် က သီချင်းဖွင့် ပြီး အလုပ်လုပ်ပါတယ်...။

အိမ်ပေါ်ယောင်မှား တက် သွားတော့ လည်း တယောက် က အလုပ်လုပ်ရင်း အမ်ပီသရီး နဲ့ ဖျော်ဖြေရေး လုပ်နေပါတယ်.. ညအိပ် ချိန်လေးတော့ နားရမယ်မှတ်တယ်.. ခပ်တိုးတိုးဖွင့် ထားတဲ့ သီချင်းသံလေး ကို မသဲမကွဲ နားထောင်ရင်း အိပ်ရပါတယ်.. အိပ်ခန်းခြင်းက ကပ်နေတာကိုးဗျ.... အင်း ရူးတော့မယ်...။

သြ.. ကလေး တွေ ဘဲ ခဏနေ ရိုးသွားမှာ ပါလို့ မထင်ကြပါနဲ့ အတော် ကို ရူးသွတ်တဲ့ ကလေး တွေပါ.. သီချင်း မှာ ရူးသွတ်တယ် ဘောလုံးမှာ လည်း ရူးသွတ်တယ်... ကမ္ဘာ့ဖလား ကန်တုန်း ကလည်း အင်္ဂလန် အသင်း ကို အားပေးဘို့ အတွက် ဝတ်စုံ ဝယ်ကြ ပါတယ်... သူတို့ အဲဒီ ဝတ်စုံ ဝတ်ပြီး မှ အင်္ဂလန် ကို အားပေး ကြတာပါ... ကျနော့် မှာ အင်္ဂလန်အသင်း အခြေအနေ မကောင်းတော့ရင် မနက်ခင်း သူတို့တွေ အလုပ် လုပ်ရင်း ကြက်ကြီး လည်လိမ်သလို ဖြစ်မှာ စိုးလို့ စိတ်လျှော့ ဘို့ ချော့ရတယ် ဒါလည်း မရပါဘူး... ပရိတ်သတ် စိတ်ဓါတ် က ဘောလုံးသမား တွေ စီကို စီးဝင် မှာ ဆိုပြီး အားရပါးရအားပေးပါတယ်... ။

အဲဒီ အင်္ဂလန် အသင်း အောင်ဖျာလိပ်တဲ့ နေ့ က မိုးကောင်းကင် ဘလော့ဂ် က ဘလော့ဂါ ကိုဇော်သိင်္ခ လည်း ဆိုင်မှာ လာလည်ရင်း ဘောလုံးပွဲကြည့် ပါတယ်... ကျနော့် မှာ ကိုဇော်သိင်္ခ ကို တိုးတိုး ပြောထား ရတယ်...ဂျာမဏီ ကို အားပေးရင် တိုးတိုး ပေးပါနော်လို့ တော်ကြာ ဆိုင် က ပြန်ရင် အရှင် မထွက်ရမှာ ဆိုးလို့ လို့ ပြောထား လို့ ကိုဇော်သိင်္ခ ခမျာ အခြေအနေမကောင်းတာ နဲ့ စကားတောင် ကျယ်ကျယ် မပြောရဲဘဲ တိုးတိုးပြောပြီး ကုပ်ကုပ်ကလေး ပြန်သွားရပါတယ်....။

ဒါက ကမ္ဘာ့ဖလား ... အခုကန်နေတဲ့ ပွဲတွေ မှာလည်း မန်ချက်စတာယူနိုက်တက် အသင်း ဟာ သူတို့ အသဲစွဲ ပေါ့ အကျီ အနီရောင်ဝတ်ပြီး အားကျိုးမာန်တက် အားပေးကြပါတယ်... ကျနော်လည်း သူတို့ အားပေးတဲ့ အသင်းဘဲ အားပေးရပါတယ်... မန်ယူ မကန်တဲ့ နေ့တော့ ငါဘာသာ ငါ လွတ်လွတ်လပ်လပ် အားပေးမယ် ဟဲ့ ဆိုပြီး ဟိုတရက်က အားပေးပါတယ်.. ဂိုးဝင် သွားတဲ့ အတွက် အားပေးတဲ့ လက်ခုပ်သံ ဟာ ကျနော် တယောက်ထဲ ပါ.. ။

ဆရာမ ကသစ္စာဖောက် ဘဲတဲ့ အဲဒါ မန်ယူ အသင်း ရဲ့ ပြိုင်ဘက် အသင်း တဲ့ ဟိုတဘက်အသင်း ကို အားပေးရမှာတဲ့ သြ ခက်ရချေသေးရဲ့ .... ဟေ့ ငါဘယ် ဘောလုံးပွဲ မှ မကြည့်တော့ဘူး.. အားမပေး တော့ဘူး... ငါ့ ချစ်ချစ်ကြီး လည်း ဘယ်အသင်း မှာမှ မပါဘူး ဟေ့ ဆိုပြီး စိမ်ခေါ် လို့ ထွက်ခဲ့ ရပါတယ်... သြ.. လိမ် ရာ ကြတော့မယ် ချစ်ချစ်ကလေး ကတော့ ဟို အသင်း မှာ ပါတယ်ဗျ..... ။

ကဲ ဟိုရောက်ဒီရောက် နဲ့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီး ဘဝပြောင်းမဲ့ အကြောင်းတောင် မပြောရသေးဘူး... အခုတလော မေးလ် တွေ မှာ ခေတ်စားနေ တဲ့ မြန်မာပြည် မှာ စစ်မှု့ မထမ်းမနေရ ဥပဒေ အကြောင်းကို တွေ့ကြမှာပါ... အဲဒီအကြောင်း တွေကို ပြောကြရင်း ကျနော် က ချစ်ချစ်ကြီး ကို စပါတယ် (အမှန်တော့ သူ့အသက် က ကျော်နေပါပြီ ) ချစ်ညီမ ကိုလည်း ပြောပါတယ်... အင်း ၂ယောက်စလုံး ငိုင်ကြသွား ကြပါတယ်..။

ခဏနေတော့ မှ အဟဲ.. ချစ်ညီမ က သီလရှင် ဝတ်ဖို့ စဉ်းစားထားပါတယ် တဲ့... ချစ်ချစ်ကြီး ကလည်း ဘုန်းကြီး ဝတ်မယ် တဲ့... အမယ် အတော် ပြောရခက်တဲ့ မောင်နှမ တွေပါဘဲ... ရွှေစင်ဦး တို့ ကတော့ အေးဆေး ပါဘဲ... ဝင်မယ် စစ်တပ်ထဲကိုဝင်မယ်... ငယ်ငယ်လေး ကထဲက အပစ်အခတ် ကျွမ်းကျင်တယ် ... အရှေ့ ပစ်ရင် အနောက်ရောက်တယ်... တောင်ပစ်ရင် မြောက်ရောက်တယ်.. အခုလည်း ရွှေစင်ဦး ရဲ့ အပစ်အခတ် ကျွမ်းကျင် မှု့ ကို ပြချင်လို့ စစ်တပ်ထဲ ဝင်ပြီး တိုင်းပြည်တာဝန် ကို ထမ်းဆောင် အုန်းမယ် ... သေနပ်ပြောင်း က ဘယ်ဘက် လှည့်လို့ သေနပ်ကျည်ဆံ က ဘယ်ကို ရောက်မယ် ဆိုတာတော့ အာမ မခံ.... ။

ကြုံလို့ ပြောချင်တာတွေ ကို နဲနဲ ပြောလိုက်တာပါ.. တကယ်ပြောချင်တာက အခုမှရောက်တော့တယ် အညာဟင်းလေးတွေ ချက်ထားတယ် ပေါ်ဦးပေါ်ဖျား မရမ်းသီး လေးတွေ တွေ့လို့ ဝယ်လာတယ် ... ပဲကြီးဟင်းချက်တယ်.... ဝက်သားအိုးကြီးချက် ချက်တယ်... ချစ်ချစ်ကြီး အတွက် ငါးပတ်မွှေ ချက်တယ်.. ၊ နေ့လည်ကြရင် မကျီးတော ပဲမြစ် စီးစီး လေးပြုတ် စားမယ်... ကိုယ့် မိတ်ဆွေ တွေကိုလည်း သတိရတဲ့ အတွက် ပုံလေးတွေ တင်ပေးလိုက်ပါတယ်... အားလုံး စားကောင်းနိုင်ကြပါစေ။



လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

26 comments:

အဂၤါဟူး said...

ဒီမှာလည်း ဒီလိုပဲ မမချစ်ချစ်ကြီးရေ... ကိုယ်တွေလဲ သီချင်းကြိုက်ပါတယ်.. ဒါပေမယ့် သူတို့က ကိုယ့်ထက်ဆိုးတွေ အချိန်ပြည့်ဖွင့်ထားတော့ ပစ္စည်းယူခိုင်းလဲမကြား ဒီဟာလဲ မကြား ဟိုဟာခိုင်းလဲ မကြားနဲ့ ဒီကောင်က စပီကာနဲ့ အပြိုင်အော်ရတယ်...ပြောလဲ ခဏပဲ ကိုယ်လစ်တာနဲ့ အသံကုန်ပြန်ဖွင့်တယ် ၊ အနော် ပြန်လာမှ ပြန်တိုးခိုင်း ပြန်တိုး၊ အနော်လစ်ရင် အသံပြန်တင် ဟုတ်နေတာပဲ။ ကဲ စကားတစ်ပြောပြောနဲ့ စားလိုက်လိုက်တာ အညာဟင်းလေးတွေက လဲ ကောင်းဆိုတော့..ပေးပါဦး ထမင်းအုပ်.. ဂွီ။

rose said...

အစ်မရွှေစင်ရေ... ရို့စ်လည်း ကာရာအိုကေ သီချင်းဆိုတယ်။ ၀ါသနာကို မတားနဲ့နော်။ ခိခိး) ဒီမှာတော့ ဗွီစီဒီ ကာရာအိုကေ မရနိုင်တော့ အွန်လိုင်းက သီချင်းတွေ ဒေါင်းလုတ်ပြီး သီချင်းဆိုတဲ့ ဆော့ဖ်ဝဲလ်လေးနဲ့ ပဲာပါတယ်။ နားထောင်ချင်ရင် ရို့စ်ဘလော့ဂ်မှာ တင်ပေးမယ်နော် ခစ် ခစ်း) အိုးးး ပာင်းတွေက အစုံပဲနော်။ ၀က်သား မစားတော့ ကျန်တာတွေ အကုန် စားသွားပြီနော်။ မရမ်းသီးစားချင်တယ်။

EEK said...

ဒီနေ့  ဟင်းတွေကတော့ အကြိုက်တွေကြီးပဲ။ ပဲကြီးနှပ်၊ ၀က်သားဟင်း၊ ငါးပတ်မွှေ၊ မရမ်းသီးထောင်း ... အားလုံး စားချင်တယ်။ ထိုင်ပြီးသာ ငိုလိုက်ချင်တာပဲ ...

ahphyulay said...

ဟင်...
မမရွှီစင် ၊ ဘယ့်နှယ် ဘောပွဲကနေ အညာဟင်းရောက်သွားပြီး
ချက်နည်းလဲ ရေးမထားပါလား။ ဘဲဥအဖြူရောင်လေးပဲ ရင်ခွဲ
ပြီး ချက်တတ်တဲ့  ကျွန်တော်တို့  ဘယ်လိုလုပ်....
ပြန်ရေးပေး၊ ဒါပဲ..။

Anonymous said...

အမယ်လေးနော်။ဒီဥပဒေမျိုး မျှော်နေတာ။ စောစောက ပြဌာန်းရော့ပေါ့။ လက်ထဲ သေနတ်လာထည့်ပေးလို့ကတော့ မီးတို့အကြိုက်ပဲ။ မရှိလို့ ခံနေရတာ။ မြန်မြန် အကောင်အထည်ဖော်စမ်းပါ။

မြတ်နိုး said...

အမရေ.. ဟက်ပီးနယူးရီးယားပါ။
မအားပေမဲ့ပဆစ်အိမ်တော့ ရီဒါကအမြဲဖတ်ပါတယ်။
ဒီနေ့တော့ ဟင်းချက်တော့ အပြေးရောက်လာပါတယ်။

မရမ်းသီးစားချင်လိုက်တာ..အမရာ..။

မြတ်နိုး

ကိုဇော် said...

ဟိုတလောက သေနတ်ပစ် ဝါသနာ ပါတဲ့ အကြောင်း ရေးလိုက်လို့ ထင်တယ်နော်။ ကိုဇော် တို့ အတွက် တန်းပြီး ဥပဒေ ပြဌာန်းလိုက်တာပဲ။ တွေ့ကြပြီပေါ့ကွာ အဟစ်ဟစ်.....

ပဲမြစ်ပြုတ်လေး နဲ့ မရမ်းသီးထောင်းလေး စားချင်တယ်ဗျာ။

kiki said...

ဘယ်တော့ စပြီး အကောင်အထည်ဖေါ်မလဲ ဒီဥပဒေကြီးကို .. ဗြောက်ရှည်ကြီးပြောင်းကို ၁၈၀ ဒီဂရီ ချိုးပြီး ပစ်နည်း သင်ထားလိုက်ဦးမှ ပဲ ... ဟဲဟဲ ...
သီချင်းတွေတော့ နားထောင်ပါတယ်..နားအူ မှ ခန နားတာလေ ..

ပဲဟင်းလည်းများများစားသွားတယ် .. ခုထဲက လေ့ကျင့်တော့မလို့ လေ .. ပဲ ပဲ ..ပဲ
( ပဲ မြစ်လေးလဲ ကြိုက်တယ် ပြောတာ ပါ. )
မရောက်ဖြစ်တာ ကြာပြီမို့  အသကုန် တုပ်သွားတယ် မရွှေစင် ရေ ..

Sunny said...

ဟင်းတွေ ကောင်းမှကောင်းပဲ မမရေ.. အကုန် ကြိတ်သွားပြီ..

ကိုအောင် said...

ဟင်းတွေက ကောင်းမှ ကောင်းပဲ မန္တလေး ရောက်ရင် လာလည်မယ် အမ ...

ခွန် said...

မရမ်းသီးကို မြင်ရတာနဲ့တင် သားရေကျတယ်
အစ်မရယ်..... :)

sosegado said...

ဝက်သားအိုးကြီးတော်တော်ချက်တာပဲ

pandora said...

မရမ်းသီးလေးတွေ ကောင်းလိုက်တာ
တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာလည်း ဒီနေ့ မရမ်းသီးငပိကြော်တယ်
ပဲကြီးတော့မဟုတ်ဘူး ကုလားပဲဟင်းချက်သေးတယ် :)

မေဓာဝီ said...

ဈေးသွား ဟင်းချက်နေတာနဲ့ ခုမှ လာဖတ်ရတယ် အမရေ ...
သီချင်းတွေကြောင့် မရူးပါနဲ့ ... အမ ကလေးတွေကို ကိုယ်ချင်းစာပါတယ်။ သီချင်းကြိုက်သူတွေက ဘာလုပ်လုပ် သီချင်းမပါရင် မရဘူး။

ညီမ ရန်ကုန်မှာတုန်းကလဲ ဒီလိုပဲ ... အိမ်ကလူတွေ ရူးခါနီးဖြစ်အောင် သီချင်းတွေ ဖွင့်ခဲ့တာ။
အခုတွံတေးသိန်းတန် ... ခဏနေရင် စိုင်းစိုင်းခမ်းလှိုင်၊ ဟော မကြာပါဘူး တေဘုမ္မာနဲ့ ငြိမ်ချက်သားကောင်းပြီး နောက်တော့ မျိုးကြီးနဲ့ ထအော်ပြန်ရော ... အမတွေနဲ့ အမေက နားလဲညည်း အူကြောင်ကြောင်တွေ ဖြစ်ပြီး မရူးရုံတမယ်ပဲ။ ဟီးးးး

အရီးလေးစစ ကို သီလရှင်ဝတ်ဖို့ အားပေးပါတယ်။ မရွှေစင် ချစ်ချစ်ကြီး ဘုန်းကြီးဝတ်ရင်တော့ အမ တယောက်ထဲ ကျန်ခဲ့မှာမို့ အားမပေးတော့ပါဘူး။ တော်ကြာ တယောက်ထဲ လှည့်ပတ်ပြီး သေနတ်ပစ်တမ်း ဆော့နေရင် အလုပ်ထဲက ကလေးတွေ အတွက် စိုးရိမ်ရတယ် ... :)))

အညာဟင်းတွေကတော့ အကုန်ကြိုက်ပဲ အမကြီးရေ ... ။ မရမ်းသီးထောင်းစားချင်တယ်။ ပဲမြစ်စားချင်တယ်။ ငါးပတ်မွှေစားချင်တယ် ပဲကြီးဟင်းစားချင်တယ် ၀က်သားအိုးကြီးချက်လဲ စားချင်တယ် .................... ဟင့် ဗိုက်ဆာလိုက်တာနော် .... ဂွီ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရွှေစင်
ဟင်းတွေရှယ်ချက်ပြီး ဧည့်ခံတာကိုး
မရမ်းသီးထောင်းကို ဒီလို ဆီလေးနဲ့ ရွဲနစ်နေအောင် ထောင်းထားတာ စားချင်စရာလေး မနေ့ အိမ်မှာလုပ်စားတာ တော်တော်ချဉ်တယ်.. ဆီက ဆမ်းရုံလေး ဆမ်းထားတာမို့ထင်တယ်.. ခု အစ်မရဲ့ မရမ်းသီးက သွားရေတောင် မြိုချမိတယ်.. စားချင်လိုက်တာ. ဒီဟင်းတွေနဲ့သာဆို ၀ိတ်ကတော့ တက်လာဖို့သေချာတယ်..း)
မန္တလေးလာရင် လာစားဦးမယ် ကျွေးနော်

Anonymous said...

Today i cooked paegyihnut(arab shop),boiled tamarphu(vietnam shop) n ngakhungapikaung(shwepyigyi) curry.Both my da da(anyarthar) n i had two plates of rice.This time i can happily read ur post n write back.Share me how to cook pork ogyi:).....Gyidaw

T T Sweet said...

မရမ်းသီထောင်းတော့ စားပြီးပြီ။ ရန်ကုန်ကအပြန်အမေတို့ ထည့်ပေးလိုက်လို့။ စလုံးမှာ ဈေးကြီးလို့ ၀ယ်မစားနိုင်ဘူး။ ဟင်းတွေက ရှယ်တွေချည်းပဲနော်။ ရှလွတ် ... ဂလု ...

ငွေစန္ဒာ said...

မမရွှေစင်ရေအညာဟင်းဆိုလို့ပြေးလာပါတယ်။
အကုန်လုံးစားချင်စရာတွေချည်းပဲနော်။ဝက်သား မစားတော့ ကျန်တာတွေ အကုန် စားသွားပြီနော်။

ရွှေရတုမှတ်တမ်း said...

မရမ်းသီးမရှိလို့..စပျစ်သီးရိုင်းတွေ အာသာပြေထောင်းစားနေရတယ်..
အရသာတော့ ချဉ်တာခြင်းတူတယ်..
ဒီမှာလဲရွှေစင်ရေ ခုခေတ်ကလေးတွေ အော်ကြီးဟစ်ကျယ်တွေ သီချင်းဖွင့်နေကြတာပဲ ..နားတော့လေးကုန်ကြတယ်.ဘလော့ထဲမှာ အလန့်တကြားသီချင်းထထမည်တဲ့ ဘလော့ဆို ချက်ချက်းပိတ်ပြီး.နောက်မသွားတော့ဘူး..

Beauty Studio USA Branded Store said...

မချက်တတ်သူအဖို့ကတော့ သရေတမြှားမြှား ငေးကာ အားပေးရပာ၏။ အညာကို ပြန်ချင်တယ်.... ကိုထီးသီချင်းလေး ညဉ်းဆိုပြန်သွားပာတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ဟင်းတွေကတော့ တကယ့်ကို စားချင်စရာပါပဲ။ ကျုပ်တို့ အညာစကားနဲ့ ပြောရရင်.. စားလို့ ကောင်းလိုက်မယ့် ပုံကွာ.... အဆင်ပြေရင် ဖက်ရွက်လေးနဲ့ ထုတ်ပြီး ကျုပ်ဆီကို ပို့ပေးလိုက်ပါလား ဗျာ.....

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

အင်ကြင်းသန့် said...

မမရွှေစင်....ထမင်းစားချိန်မှာ ဒီပိုစ့်ကိုဖွင့်ထားပြီး ဟင်းခွက်တွေကိုကြည့်ပြီးတော့ စားလိုက်တယ်။ :D
မမရွှေစင်တပ်ထဲဝင်ရင် ကြိုပြောဦးနော်....ရှောင်ရအောင်လို့....
တော်ကြာကျည်ဆံလွဲပြီးလာမှန်မှာစိုးလို့.... :D

ချစ်ညီမလေး

Anonymous said...

စိတ်အညစ်ရဆုံးက ဘလော့မှာ သီချင်းကို ဖွင့်လိုက်တာနဲ့မြည်အောင်လုပ်ပြီး အတင်းအဓမ္မကို နားထောင်ခိုင်းတဲ့ ဘလော့တွေ။ သီချင်းသံ ထွက်လာရင် ဒေါသတကြီးနဲ့ ပိတ်ပိတ်ပစ်ကြတာ သူတို့လဲ သိရှာလားမသိဘူး။ ချက်ချင်းမပိတ်နိုင်အောင် ခလုတ်ကို မမြင်နိုင်တဲ့နေရာ ဝှက်လိုဝှက်ထားနဲ့။ မရရအောင်ကို နှိပ်စက်ကြတယ်

သူကြီးမင်း (တုံးဖလား) said...

ဖြစ်တတ်ပါတယ် အမရွှေစင်။ လူ့စိတ်ချင်းမတူတော့ သီချင်းကြိုက်တာချင်းလဲ တူမှာ မဟုတ်ကြဘူး။ တစ်ချို့က ခပ်ဟော့ဟော့သီချင်း တစ်ချို့က ခပ်အေးအေး သီချင်း တစ်ချို့က သီချင်းကြီး (မေဓာဝီလိုမျိုးပေါ့) အကြိုက်ချင်းကွဲပြားတော့ သူတို့ကြိုက်တာ သူတို့ဖွင့်နားထောင်ကြတဲ့အခါ ဘာမှ မကြိုက်တဲ့သူတွေအတွက်တော့ နားကို အစော်ကားခံရသလိုမျိုး ဖြစ်ကုန်ရောပေါ့။ ဒါလဲ ၀ဋ်ဒုက်ခတစ်မျိုးပေဘဲ။း))

ဟင်းလေးကိုတော့ အဲဒီအသီးမြင်ရင် သွားကျိန်းလွန်းလို့ စားချင်ရက်နဲ့ မစားနိုင်ဖြစ်နေကြောင်းပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဆောင်း said...

အမ မရမ်းသီးထောင်း စားချင် လိုက်တာ

Anonymous said...

ငယ်ငယ်တုန်းကတော့ သီချင်းတွေနဲ့စာအုပ်တွေကို ကြိုက်တယ်။ အခုတော့ စာအုပ်တွေပဲ ပိုနှစ်သက်တော့တယ်။ တခါတလေတော့ သီချင်းကျယ်ကျယ်ဖွင့်ပြီး စိတ်အပန်းဖြေလိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့မန်ယူဖန်တွေကို စိတ်ပျော်အောင် ထားပေးပါအစ်မး)
ဟင်းခွက်တွေကြည့်ရင်း မရမ်းသီးငပိချက်တော့ ကြိုက်သဗျာ..။


မြစ်ကျိုးအင်း