Thursday, December 30, 2010

ပဆစ်အိမ် အပိုင်း (၂၂)

စာရေးဆရာ တစ်ယောက်က ရေးဖူးသည်။ "ယောက်ျားတို့သည် တစ်ကိုယ်ကောင်းဆံကြသည်" တဲ့။ "မိန်းမ တို့ သည် မိုက်မဲကြသည်" တဲ့။
သိုးဆောင်းစကားနှင့်ဆိုလျှင် "Men are selfish and women are foolish" ပေါ့။
သည်စကား ကို ကြားရစက ဇင်တို့ နာမိခဲ့ကြသေးသည်။

ယောက်ျားတွေတော့ ဟုတ်ချင် ဟုတ်မှာပေါ့၊ မိန်းမတွေကတော့ ဟုတ်မယ် မထင်ပါဘူး စသည်ဖြင့် အငြင်းပွား မိခဲ့ကြသေးသည်။ ထို စာရေးသူကိုပင် မိန်းမတွေကို နှိမ်ရန်ကော အပြစ်ပြောခဲ့ကြသေး သည်။
ယခုတော့ သည်စကားကိုပင် အတည်ယူရမလို ဖြစ်နေသည်။
ဆုံးဖြတ်ချက် ချပြီးကာမှပင် ဇင်သည် မိမိကိုယ်မိမိ မိုက်မဲရာ ကျနေပြီလား ထင်သည်။
သို့ပေမယ့် မတတ်သာတော့ပါဘူး။ ဇင်က အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် မဆုတ်မနစ် လုပ်တတ်သည်။ မှားကာ မှ မှားလေရော့။ စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုလျှင်တော့ "ဘွာ" မခတ်တမ်းပေါ့။
မိန်းမ တွေ အားလုံး မမိုက်မဲ့ဘူးထား။ အချို့သော မိန်းမများကဖြင့် မိုက်မဲကြသည် အမှန်ပင်။

ရှည်ရှည်ဝေးဝေး ကြည့်မနေပါနှင့်။
ရုပ်ရှင်ရုံတွေမှာ၊ ပန်းခြံတွေမှာ၊ တိရစ္ဆာန်ရုံမှာ၊ ကန်တော်ကြီးမှာ၊ အင်းလျားမှာ မြင်ရလေ့ရှိသည့် စုံတွဲတွေကိုပဲ ကြည့်။
ချိန်းဆို တွေ့ဆုံကြသည် ဆိုသည်မှာ ယောက်ျားကလေးတစ်ယောက်အဖို့ မထောင်းတာလှပါ။ ဘာပဲ ပြောပြော တစ်ခုမဟုတ်တစ်ခု အမြတ်ထုတ်နိုင်သည်။ သူတို့ဆီက ဘာမှပဲ့ပါသွားနိုင်သည် မဟုတ်။ အရှက် ဆိုသည် ကိုလည်း ဘေးချိတ်ထားနိုင်သည်။ လူတွေသူတွေ မြင်သွားတောကော ဘာကိုများ ဂရုစိုက်စရာ ရှိပါသလဲ။ ဂုဏ်ယူဝင့်ကြွားမည်ဆိုလျှင်ပင် ရနိုင်သေးရဲ့။

မိန်းကလေး ဆိုသည်မျိုးက အရှက်ကို ငဲ့ကွက်ရဦးမည်။ အသိအကျွမ်းတွေ၊ အစ်ကိုတွေ၊ မောင်တွေ နှင့်  ဆုံမိ လျှင် ပြဿနာက မသေး။ အရိုက်အနှက် ခံရဦးမည်။ အဆူပူ အကြိမ်းအမောင်း ခံရဦး မည်။
သို့စင်လျက် … ဒါတွေကို ငဲ့ကွက်ပြီး ရှောင်ကြဉ်သူက ခပ်ရှားရှား၊ မိုက်မဲစွာပင် ချိန်းဆိုမှုကို လက်ခံ ကြသည်။ တွေ့ကြသည်။ လောကကို မေ့ကြသည်။ မိုက်မဲမှုကိုပင် သတ္တိဟု အမွှမ်းတင်ချင်ကြသေး သည်။
မိဘတွေ၊ ဦးကြီး၊ ဦးလေးတွေ၊ အစ်ကိုတွေ၊ မောင်တွေကြားက သက်စွန့်ဆံဖျား ခိုးရာလိုက်ကြသူ တွေ ဒုနှင့်ဒေး။ မရှောင်သာသည့် အမှောင်လမ်းကြားက အမှားကြောင့် ကျရသော မျက်ရည်များကို စုထားလျှင် အင်လျားကန် ပင် လျှံလောက်ပါရဲ့။

ပဋိသန္ဓေနေရခြင်း၊ မွေးဖွားရခြင်း၊ အိမ်ထောင့်တာဝန် ထမ်းဆောင်ရခြင်း စသည်တို့ကို စိုးရွံ့ကာ မင်္ဂလာပွဲ မှာ မပျော်နိုင်သူ အရှားသားကလား။ အမယ်လေး အဘလေး တကာ နာနာကျင်ကျင် မွေးဖွားပြီး ဆယ့်လေးငါး ရက် မကြာခင် ဒါတွေကို မေ့ပျောက်ပစ်နိုင်ကြသည်မှာ မသတ္တ၀ါ။
သည် မိုက်မဲကြသူတွေ ထဲမှာ ဇင်သည်လည်း အပါအ၀င်သာ ဆိုလိုက်ပါတော့။

ယခုတော့လည်း …
ဇင်သည် ဦးတင်မောင်သန့်၏ တောင်းခံမှုကို လိုက်လျောလိုက်ပြီ။ လက်ထပ်ဖို့ လက်ခံလိုက်ပြီ။
သည်တစ်ပတ် မြို့သို့ပြန်တော့ ယင်းအကြောင်းကို မေမေ့အား ဖွင့်ပြောလိုက်သည်။
"မိုက်လိုက်တာ သမီးရယ် လောကမှာ ယောက်ျား ဒီလောက်ပဲ ရှားသလား"
မေမေ ၏ အပြစ်တင်စကားကို ပထမဆုံး ကြားရသည်။

"သူ့မိန်းမနှင့် ကလေးတွေကို ဘယ်လိုလုပ်မလဲ"
"သူ့ နောက်ကြောင်းတွေကို သူ့ဟာသူ ရှင်းပါလိမ့်မယ် မေမေ။ မောင် သမီးကို ပစ်သွားတုန်းကလဲ သမီး ရဲ့ ပြဿနာ ကို သမီးဘာသာ ဖြေရှင်းခဲ့ရတာပါပဲ"
"အမေ့သမီး ကျမှ ဒီလို ဖြစ်ရလေခြင်းကွယ်"

မေမေ မျက်ရည်ကျသည်။ မေမေ့မျက်ရည်ကို မြင်ရတော့ ဇင် စိတ်မကောင်းနိုင်ခဲ့။
"အေးလေ … သမီးရဲ့ အသက်လဲ သုံးဆယ် ရှိလာပြီးဆိုတော့ ငယ်တော့တာမှ မဟုတ်ပဲ။ ချင့်ချိန်ဦး ပေါ့"
ဇင်ကလည်း ချင့်ချိန်ပါသည်၊ ဇင် ချင့်ချိန်နေလို့သာ ဒီလောက် ကြာခဲ့တာပေါ့။

သို့ပေမယ့် တစ်ဘက်က အားကောင်းသော သံလိုက်ဓာတ်နှင့် ညှို့ငင်ထားသလို ဖြစ်သည်။ ဇင်သည် အားကောင်း သော သံလိုက်စက်ဝန်းအတွင်းမှာ ကျရောက်နေသော သံမှိုမယ်နကလေးလို ဖြစ်သည်။ ၀ဲသြဃ အလယ်မှာ အမှိုက်စကလေး ဖြစ်သည်။ ရုန်းကန်ထွက်ခြင်းငှာ မစွမ်းသာခဲ့။ အင်အားတွေ ကုန်ဆုံး ကာ နွမ်းလျနေသလို ရှိသည်။

ဇင် လိမ္မာခဲ့ဖူးတာလဲ အရှိသား။ မောင်နှင့်တုန်းက ဇင် ဘယ်လောက် လိမ္မာခဲ့ပါသလဲ။ မောင့်ကို တစ်သက်လုံး ချစ်သွားဖို့ လက်ထပ်ခဲ့တာပါ။ ကွာရှင်း ပြတ်စဲဖို့ ဆိုသည်ကို စိတ်ပင် မကူးခဲ့။ "ကွာရှင်း ပြတ်စဲခြင်း" (Divorce)ဆိုသော စကားလုံးသည်ပင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မင်းသားနှင့် သန်းကြွယ် သူဌေးကြီး တွေအတွက် သက်သက်ထားရှိသည့် စကာလုံးဟူ၍သာ ထင်ခဲ့ သည်။ မောင်နှင့် ကွဲကွာခဲ့ပြီးသည့် နောက်မှာလဲ နှစ်ပေါင်းများစွာ လိမ္မာခဲ့တာပဲ မဟုတ်လား။

အကောင်းဆုံး အခြေအနေနှင့် အသင့်လျော်ဆုံး နေပြခဲ့သည်ပဲ မဟုတ်လား။ ဇင့်အဖို့ ထင်မှတ် သော အရာများ ဖြစ်မလာဘဲ မထင်မှတ်သော အရာများသာ ဖြစ်လာသည်ကတော့ ကံကြမ္မာပဲ ထင်ပါရဲ့။
အမှန် ပြောရလျှင်တော့ သည်ရက်များအတွင်းတွင် ဇင်၏ စိတ်တို့ ထွေးနေသည် အမှန်။ တွေနေ သည် အမှန်။ မိမိစိတ်ကို မိမိမပိုင်၊ မိမိ ကိုယ်ကို မိမိ မဆိုင်။ သူတစ်ပါး စိတ်နှင့် ကိုယ့်ကိုယ်လို ဖြစ် နေသည်။
သြော် … အသက်ဝိညာဉ် ကင်းမဲ့သည့် ရုပ်သေးရုပ်လိုပဲ ကလား။ ကြိုးဆွဲတိုင်း ကရမည့် ပုံသဏ္ဍာန် လိုပါပဲ ကလား။
ဦးတင်မောင်သန့်နှင့် နေ့စဉ်လိုပဲ တွေ့ဆုံကြသည်။ စိတ်ပိုင်းဖြတ်ပြီး ဆိုတော့လည်း ဇင်သည် ဦးတင်မောင်သန့် ပေးသမျှ ယူသည်။ ကျွေးသမျှ စားသည်။
စိတ်သန့် နိုင်အောင် ကြိုးစားသည်။

ဇွန်လထိအောင်ပင် နွေသည် ပူကောင်းတုန်း ဖြစ်သည်။ နေရောင်ခြည်သည် အရာအားလုံး အပေါ်မှာ စူးရှသော မြားတံများနှင့် ပစ်လွှတ်ထားဘိသည်သို့ ဖြစ်သည်။ လောကကြီးတစ်ခုလုံးကို လောင်ကျွမ်း ပစ်လိုက် တော့မည်သို့ ဖြစ်သည်။
ထိုကာလတွင် ဦးတင်မောင်သန့်က အဆိုပြုလာသည်။
"သိပ် ပူပြင်းတဲ့ နွေပဲ၊ ရန်ကုန်အပူကို ရှောင်ရင်း ငပလီမှာ သွားနားရကောင်းမလား စိတ်ကူးတယ်"
"ဟိုမှာကော အေးမှာလား။ တစ်နိုင်ငံလုံး ပူနေတဲ့ ဥစ္စာ"

"ဘာပဲပြောပြော ရေနဲ့ နီးတော့ သက်သာမယ် ထင်တာပဲ။ လေလဲတိုက်မယ်၊ အုန်းပင်တွေ၊ ပင်လယ်ကဗွီး တွေ၊ ပုန်းညက်ညိုပင်ရိပ်တွေကို ဇင် စဉ်းစားကြည့်စမ်း။ ရန်ကုန်မှာက တိုက်တွေ၊ အင်္ဂတေ၊ ပလက်ဖေါင်း တွေ၊ ကားအိပ်ဇောကထွက်တဲ့ ညှော်နံ့တွေနဲ့"

"ဦးတင်မောင်သန့်လို လေအေးစက်နဲ့နေ၊ လေအေးစက်ပါတဲ့ကားစီးနေတဲ့လူက ညည်းနေရင် ကျန်တဲ့ လူတွေ ဘယ်လို နေရတော့မှာလဲ၊ ကမ္ဘာကြီးကိုက ဖန်လုံအိမ်အာနိသင်ကြောင့် အပူရှိန်တိုး နေတာရှင့်"
"ဇင် မဆိုဘူး၊ စာဖတ်သားပဲ။ နောက်တစ်ခု ရှိတယ် ဇင်၊ ကိုယ့်ဝန်ထမ်းတွေကို ငပလီပို့ပေးမယ်လို့ ကတိ ပေးထားတာ ရှိတယ်။ နွေဆိုတော့ စာအုပ်ကလဲ မရောင်းရဘူး။ ခုလို အလုပ်ပါးတုန်း ပို့ရရင် ကောင်းမလား လို့။ ပြီးတော့ ဇင့်ကိုလဲ ငပလီကို ရောက်စေချင်တယ်။ ကလေးတွေကို ထိန်းကျောင်း ပေးဖို့ပါ။ မိန်းကလေး ၀န်ထမ်း တွေလဲပါလို့ပါ"
"ဇင် က  ပဒေသရာဇာရဲ့ ၀န်ထမ်းမှ မဟုတ်တာ"

"ပဒေသရာဇာ ရဲ့ အကျိုးဆောင်လေ၊ ကဲပါ ဇင်ရယ် … ဒါကို အငြင်းပွား မနေစမ်းပါနဲ့။ ဇင် ငပလီကို ရောက်ဖူးလား"
"ဟင့်အင်း"
"ဒါဆိုဘာလို့ ငြင်းနေမှာလဲကွယ်"
"ဇင် စဉ်းစားနေတာပါ"

"စဉ်းစားမနေနဲ့တော့၊ မနက်ဖြန် ထွက်မှာ။ ကုန်းလမ်းက သွားမှာ၊ ကပ်စေးနည်းတာ မဟုတ်ဘူး နော်၊ ဒီလူအုပ်ကြီး လေယာဉ်လက်မှတ် ရဖို့မလွယ်လို့။ ရန်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် ကမ်းကူး။ ပန်းတောင်း၊ တောင်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် သွားမှာ။ ဇင်လဲ စာရင်းဇယား တွေကို မေ့ထား။ ဒီအချိန် မှာ ဒါတွေစဉ်းစားရင် ဦးနှောက်အရည်ပျော် ကျသွားလိမ့်မယ်"
အမှန် ပြောရလျှင်တော့ ကျော်ကြားသော ငပလီသို့ ဇင် မရောက်ဖူးခဲ့။ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ ထဲမှာတော့ မြင်ဖူးသား။ ခုတလော စိတ်တွေကလည်း ထွေနေသည်လေ။ ခရီးသွားလိုက်လျှင် စိတ်ပြေလက်ပျောက် ဖြစ် လိမ့်မည် ထင်သည်။

သို့ဖြင့် နောက်တစ်နေ့ နံနက် စောစောနိုးပြီး လက်ဆွဲအိတ်ကို အသင့်ပြင်ထားမိသည်။ သူတို့ အလာကို ကြိုမိ သလို ရှိနေကြောင်း တွေ့ရသည်။

ငပလီသည် ကျော်ကြားသလို သာယာလှပသည်လည်း အမှန်။ ပင်လယ်ကမ်းက ရှည်လျားသည်။ ကျောက်ဆောင် များ ရှိ၍ ငမန်းကဲ့သို့သော အန္တရာယ်ပေးမည့် ရေသတ္တ၀ါများ မရှိဟု သိရသည်။
ရေ က စိမ်းမြသည်။ သဲက ဖြူသည်။ သန့်သည်။ ကမ်းစပ်တလျောက် ပင်လယ်ကဗွီးနှင့် ပန်းညက် ညိုပင်များ ရှိသည်။ အလာလမ်းတွင် အချို့နေရာ လမ်းကြမ်းသည်။ အချို့နေရာ မြင့်မားသည်။ ထို့ကြောင့် ကားပေါ်မှာ ခလောက် ဆန်ပြီး ပါလာခဲ့ရသမျှ ငပလီကို  မြင်ရသောအခါ လန်းဆန်း သွားကြသည်။

ဇင်အပါအ၀င် အားလုံးလို ပင်လယ်စပ်သို့ ဆင်းကာ ရေကို လက်ခုပ်ဖြင့် ခပ်ပြီး မျက်နှာသစ်ကြ သည်။ ကိုယ်ပေါ် လောင်းချ ကြသည်။ အချို့ယောက်ျားကလေးတွေကတော့ အတော်ဝေးဝေး အရောက် လျှောက်သွား ကြသည်။ ခေါင်းမြုပ်သည်အထိ ရေထဲမှာ နှစ်လိုက်ကြသည်။
ဇင်သည် စိတ်ကျေနပ်သလောက်ရှိမှ ရေထဲက တက်ခဲ့သည်။ ရေစပ်မှာ ဦးတင်မောင်သန့်က စောင့်နေ သည်။

ဦးတင်မောင်သန့်က မေးသည်။
"ဇင် မှတ်မိသေးသလား"
"ဘာကိုလဲ ဟင်"
"သင်္ကြန်တုန်း က အင်းလျားမှာ ဇင် ရေထဲက တက်လာတဲ့ အချိန်ကိုလေ။ အဲဒီ့ မတိုင်ခင်တုန်းက ဆိုရင် ကိုယ့်မှာ ဆုံးဖြတ်ချက် ချထားတာ ရှိတယ်။ ဇင့်ကို ရှောင်တော့မယ်၊ ဝေးဝေးနေတော့မယ်၊ လက်ထပ်ဖို့လဲ မကြိုးစား တော့ဘူးလို့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ဇင့်ကို မြင်လိုက်ရတော့ ဇင်ဟာ သိပ်လှတယ်၊ ဘယ်လိုနည်း နဲ့မှ သံယောဇဉ် မဖြတ်နိုင်တော့ဘူးဆိုတာ သေချာသွားတယ်။ ဒီလိုနဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းခဲ့ တာပဲ ဇင်"

"ဟုတ်လား၊ ဒီလိုဆိုရင် ဇင့်ကို နည်းနည်းလောက် ဆွဲထားစမ်းပါ"
"ဘာဖြစ်လို့လဲ ဇင်"
"ကိုယ်မြှောက် ပြောတာနဲ့ ဇင် ဘ၀င်မြင့်ပြီး ကောင်းကင်ပေါ် လွင့်တက်သွားမှာ စိုးလို့ပါ"
ရယ်ကြရသေးသည်။

ဇင်တို့ ငပလီမှနေကာ မြပြင်၊ ဂျိတ်တော၊ လုံးသာ စသည့် ရွာကလေးများဆီသို့ သွားကြသည်။ ရွာတိုင်း လိုလို မှာပင် ဦးတင်မောင်သန့်၏ မိတ်ဆွေများ ရှိသည်။ ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်ကြ သည်။ ဒေသခံ သွားရည်စာ များ ကျွေးသည်။ အုန်းရည်ကတော့ အလျှံအပယ် ပါပဲ။

ဦးတင်မောင်သန့်သည် ငပလီကို အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် ကူးသန်းခဲ့သည်မှာ ထင်ရှားသည်။ အကြိမ်ကြိမ် အခါခါ ရောက်ဖူးပေလိမ့်မည်။ တည်းခိုရိပ်သာ၊ ဘန်ဂလို၊ ဟိုတယ်တို့မှ ၀န်ထမ်းတွေ က သူ့ကို လေးစားစွာ ဆက်ဆံကြသည်။ သူနှင့်ပတ်သက်သူများအပေါ် ဖော်ဖော်ရွေရွေ ရှိကြသည်။

ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ငွေရှာကောင်းတာ၊ သတ္တိရှိတာ၊  ရဲရင့်တာနှင့် ချည်း မလုံလောက် သည်ကို ဇင် တွေ့နေရသည်။ ယောက်ျားတစ်ယောက်သည် ရိုးသားရမည်၊ စွမ်းဆောင်နိုင်စွမ်း ရှိရမည်။ ခေါင်းဆောင်ကောင်း ပီသရမည်။ ဒါမှသာ ယောက်ျားကောင်း တစ်ယောက်ဟု ဇင်တို့ သတ်မှတ် ခဲ့ကြသည်။
သို့သော် ယောက်ျားဆိုတာ ရိုးသားရမည်။ ပြတ်သားရမည်။ တပြိုင်နက်မှာပင် ကရုဏာနှင့် သည်းခံ နိုင်စွမ်း လည်း ရှိရပေမည်။ ငွေသည် အရာရာအပေါ် လွှမ်းမိုးနိုင်သည့် မှန်သော်လည်း အချို့နေရာ များကို ငွေနှင့် ၀ယ်၍ မရနိုင်ပါ။ ဥပမာအားဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ။

ဦးတင်မောင်သန့်မှာ သည်အရည်အချင်းတွေ ရှိနေကြောင်း ဇင် တွေ့ရသည်။ သူသည် သူ့ဝန်ထမ်းများ အပေါ် သည်းခံစိတ်ရှည်ကာ ဂရုဏာလည်း ထားသည်။
သည်အချက်သည် ယခုလို လူတစ်အုပ်တစ်မကြီးနှင့် ခရီးသွားသောအခါ ပေါ်လွင်လာသည်။

သူသည် လူကြီးလူကောင်း ပီသသူ ဖြစ်သည်။ ၀န်ထမ်းတွေက ကလေးတွေဆိုသော်လည်း အသက်နှစ်ဆယ် ကျော်တွေ မို့ ဇင်တို့အပေါ် သိပ်ဝန်မပိခဲ့ပါ။
ဇင်သည် ဦးတင်မောင်သန့်နှင့်အတူ နံနက်နှင့် ညနေများတွင် ကမ်းခြေအတိုင်း လမ်းလျှောက် ထွက်သည်။ ညဘက် သဲသောင်ပေါ်မှာ ထွက်ထိုင်ကြသည်။

ဇင်သည် ကောင်းကင်ပြာထဲမှ ကြယ်ပွင့်များကို ရေတွက်နေမိလေသည်။ အမှန်တော့ ဇင်သည် အိပ်မက် မက်နေသူ ပမာ ဖြစ်သည်။ အိပ်မက်ကမ္ဘာထဲသို့ အလည်သွားရသလို ရှိသည်။
စင်စစ် သည်အဖြစ်တွေကို မောင်နှင့် လက်ထပ်စဉ်ကတည်းက ဇင် တောင့်တခဲ့သည်။ ၀တ္ထုတွေ ရုပ်ရှင်တွေ ထဲမှာ ဖတ်ဖူး မြင်ဖူးကာ သည်အရာတွေကို စိတ်အတွေးဖြင့် လွမ်းခဲ့သည်။
မောင် သည် ဇင့် တောင့်တမှုတွေကို မဖြည့်စွမ်းနိုင်ခဲ့။

မလိုက်လျောနိုင်ခဲ့။
မောင် မပေးနိုင်သော အရာ၊ မဖြည့်စွမ်းနိုင်သော အရာ၊ မလိုက်လျောနိုင်သောအရာများကို သူက ပေးစွမ်း ခဲ့ သည်။ ဖြည့်စွမ်းခဲ့သည်။ လိုက်လျောခဲ့သ်ည။
သူ နှင့် ပတ်သက်၍ ဇင်သည် အဆုံးစွန်းသော ကျေနပ်မှုကို ရခဲ့သည်။

မောင်နှင့် စာလျှင်တော့ သူက ထည်ဝါသည်။ ခမ်းနားသည် အမှန်။ သူက ငွေရှိသည်။ ပြည့်စုံသည်။ ကျွမ်းကျင် သည်။
ငွေသည် လောက၏ အချို့သော အစိတ်အပိုင်းများ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိသည်ဆိုခြင်းကို ဇင် သဘောပေါက် ခဲ့ရသည်။ ယုံကြည်ခဲ့ရသည်။
နောက်ဆုံးညမှာ ဇင်တို့ ညစာကို နောက်ကျ၍ စားသည်။

ဇင် တို့ ဖယောင်းတိုင်တွေ ထွန်းကာ နေကြသည်။ ညစာကို ကြမ်းပြင်ပေါ်မှာပင် စားကြသည်။ နှစ်ယောက်လုံး ၏ ပတ်ပတ်လည်မှာ ဖယောင်းတိုင်တွေ ထွန်းထားသည်။

ဆက်ရန်
.

12 comments:

ကိုဇော် said...

သြော်. . .ပြည်စုံသည် တဲ့လား ဟားဟားဟား။
ဂုဏ်. . ဂုဏ်. . .ဂုဏ် ဆိုတဲ့ သီချင်းပဲ အော်ဆိုလိုက်ချင်တယ်။

susu said...

ဘယ်လိုအရည်အချင်း‌တွေနြဲ့ပည့်စုံ‌စေကာမူ.....လက်
ရှိဘဝမှာ‌တော့...မယားကြီးငုတ်တုတ်နဲ့ဆိုတာ‌မေ့‌နေ
‌လေ‌ရော့သလား....‌ကြောင်ခံတွင်းပျက်နဲ့ဆက်ရက်
‌တောင်ပံကျိုး..လို့နှိုင်းရရင်မရိုင်းဘူးထင်ပါရဲ့...ဟင်း..။

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်ရေ ဖတ်ရတာ အားမလို အားမရနဲ့။ စိတ်ထဲလဲ မကောင်းဘူး သိလား။ မသက်ဇင်နေရာကနေ ဝင်တွေးကြည့်ရင် အရင်ဘဝက ဘာတွေလုပ်ခဲ့လို့ အခုဘဝတောင် ကိုယ့်ယောက်ျားက သူများနောက်ပါသွားပြီး သားသမီးတွေနဲ့ တကွဲတပြားနေနေရတာ ... သူများမိသားစုလေးကို ထပ်မပြိုကွဲစေချင်တော့ဘူး...(သူ့သူ မိသားစု အဆင်မပြေလဲ မသက်ဇင်နဲ့ မတွေ့ခင်ကအထိ သူတို့ အတူနေနိုင်ခဲ့ကြသေးတာပဲလေ...)

စိတ်ထဲမှာ ဖတ်ပြီးတော့ ပညာတတ် မိန်းမတယောက် (မသက်ဇင်) ဒါမျိုးဆုံးဖြတ်လိုက်တာကို နှမြောနေမိတယ်...ဦးတင်မောင်သန့်က ငပလီကို တဖွဲ့လုံး လေယာဉ်ပျံနဲ့ သွားရမှာ မနှမြောဘူးဆိုရအောင်ကလဲ သူ့အမျိုးသမီးကြီးဘက်က ပိုက်ဆံတွေပဲ... သူ့လက်ထက်ပွားခဲ့တယ်ဆိုရင်တောင် သူ့အမျိုးသမီးဘက်က အရင်းနှီးမရှိခဲ့ရင် သူဒီဘဝရောက်ချင်မှ ရောက်ခဲ့မှာလေ... အားလုံးပဲ စဉ်းစားသင့်တယ်...

ပတ်ဝန်းကျင်မှာ ဒါမျိုးတွေ တွေ့ခဲ့ဖူးတယ်... တခုမကဘူး။ အခု စင်္ကာပူမှာ ပိုတောင်ဆိုးနေကြသေးတယ်။ အပျိုလေး ပညာတတ်တယောက်က သူ့မှာလဲ လက်ထပ်မယ့်လူရှိရဲ့သားနဲ့ သူများ မိသားစုကို ခွဲဖို့ အိပ်မက်ထဲတောင် ထည့်မမက်သင့်ဘူးထင်တာပဲ။ ပူးတေကတော့ ဒါမျိုးလူတွေဆို ဘယ်လောက်ပဲခင်ခင် မခင်ခင် မိတ်ပျက်ခံပြီးတော့ကို သူတို့ဆုံးဖြတ်ချက်တွေကို မှားတယ်ဆိုမှားကြောင်း ထောက်ပြလေ့ရှိတာ... (ငပွကြီးပေါ့)

ပူးတေရဲ့ ခံစားချက်သက်သက်ပါပဲ...မှားချင်မှားပါလိမ့်မယ်....

Anonymous said...

မပူးတေပြောတာ ဟုတ်ပါတယ်။ စာနာစိတ်နဲ့ ဘာမဆို လုပ်ကြ တွေးကြရင် ကောင်းမှာပါ။ ကိုယ်လုပ်ချင်ရာ လုပ်လိုက်လို့ သူများမိသားစု ဘဝပြိုကွဲမယ်၊ ကလေးတွေ မျက်ရည်ကျမယ်၊ အဖေ့ကို အပြစ်မြင်သွားလို့ နောက်နောင် သားသမီးတွေအပေါ်မှာ အဖေက အကြောင်းရှိလို့ ဆုံးမရင်တောင် မနာခံဘူးဖြစ်မယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။ ငါ့မိသားစု ငါ့သားသမီး မဟုတ်လို့ဖြစ်ချင်ရာဖြစ် ငါနဲ့ မဆိုင်ဘူးလို့ အတ္တသမား မိထွေးတစ်ယောက်ရဲ့ အတွေးမျိုး တွေးသင့်သလား။

ကျွန်တော် အိမ်ထောင်မပြုဖူးဘူး။ နောက်လဲ ပြုမယ့်လူ မဟုတ်တော့ အိမ်ထောင်ရေး အတွေ့အကြုံ မရှိဘူး။ ဘယ်သူ့ကြောင့်မှလဲ အိမ်ထောင်ရေး မနစ်နာဘူးပါဘူး။ ဒါပေမယ့် ကိုယ်ချမ်းသာဖို့အတွက် ဒီလုပ်ရပ်တွေ လုပ်ချင်တဲ့ မိန်းကလေးတွေ ဆင်ခြင်သင့်တယ်လို့ မြင်ပါတယ်။

Anonymous said...

ဘာလို့ အမျိုးသမီးဖြစ်တဲ့မသက်ဇင်တစ်ယောက်တည်းကိုပဲ အပြစ်တင်ကြသလဲ..။ တကယ်ဆို.. ဦးတင်မောင်သန့်ကသာ အဓိကလို့ပြောရမှာပါ..။ သူကိုယ်တိုင်တည်ဆောက်လာတဲ့အိမ်ထောင်ရေး..၊ သူ့မိန်းမ..၊ သူ့သမီးကိုအတွင်းလူဖြစ်တဲ့ သူတောင်မညှာတာ.. ဘာဖြစ်လို့... အပြင်လူဖြစ်တဲ့ မိန်းမတစ်ယောက်ကို စာနာဖို့တောင်းဆိုသင့်သလဲ..။ အပြစ်လို့ယူဆရင်.. မသက်ဇင်ကမိန်းမမို့လို့ ပိုအပြစ်ရှိတဲ့သဘောလား..။ ဒါမှမဟုတ်.. အိမ်ထောင်ရေးလို.. အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ.. မိန်းမတွေချတဲ့ဆုံးဖြတ်ချက်က.. တရားသဖြင့်ပိုဖြစ်တတ်လို့.. ယောက်ကျားထက်မိန်းမက ပိုအရေးပါတယ်လို့ သွယ်ဝိုက်ပြီးပြောချင်တာလား.. (နောက်ဆုံးတစ်ကြောင်းက ရွဲ့ရေးတာ..။)

အဲဒီတော့.. အမျိုးသမီးများ.. ကိုယ့်ယောက်ကျားဖောက်ပြားရင်.. တခြားမိန်းကလေးချည်း အပြစ်မတင်ပါနဲ့..။ ကိုယ့်လူကိုယ်တိုင်ကိုက.. အလုပ်မဟုတ်တာကိုလဲထည့်ပြောပါ..။ သူများဆွယ်လို့ပါရအောင်.. ၁၄နှစ်သားမှမဟုတ်ပဲ..။

Anonymous said...

မသက်ဇင်က ပြောတဲ့အနေနဲ့ သူ့ကို အဓိကဇာတ်လိုက်ထားပြီး ရေးတဲ့ဇာတ်လမ်းမို့လို့ သူ့ကိုပဲ ဦးတည်ပြောနေတာပါ။ ''လင်ခိုးမများ အစည်းအရုံး'' ထောင်ချင်လို့လား အစ်မရယ်။ HEE HEE

Anonymous said...

စာကိုပြန်ဖတ်ကြည့်..။ မသက်ဇင်လုပ်တာ မှန်တယ်ဆိုတဲ့စကားတစ်ခွန်းမှ မပါပါဘူး..။ အပြစ်ရှိတယ်ဆိုရင်.. ဘယ်သူကပိုအပြစ်ရှိတယ်ဆိုတာကို..ထောက်ပြတဲ့သဘောပဲ..။ ကြီးဒေါ်တို့.. လင်ရှုံးမများအစည်းအရုံးက.. လင်စိတ်မွှန်ပြီး.. တစ်ဖက်သတ်ပြောလွန်းလို့.. ကိုယ့်ယောက်ကျားနှာဘူး တဏှာရူးကြီးကို.. အပြစ်မမြင်လို့ထောက်ပြတာပါ..။ (အစ်မရိုင်းလို့ သမီးလဲပြန်ရိုင်းတာ..။ စိတ်ဆိုးချင်ဆိုးနော်..အားမနာနဲ့..။ ) h`h`h`

Anonymous said...

သမီး ဆိုတဲ့ အန်တီဘွားဘွားရှင့်

ကျွန်မက လင်ရှုံးရအောင် ဘာလင်မှ မယူရသေးဘူး။ ကျောင်းတက်နေတုန်း ရှိသေးတယ်။ ကျွန်မအဖေလဲ ဘာမယားငယ်ပြဿနာမှ မရှိဘူး။ ကျွန်မတို့ မိသားစုမှာလဲ အဲဒီပြဿနာမရှိဘူး။ ဒါပေမယ့် ရှိတဲ့ မိသားစုတွေကို ကိုယ်ချင်းစာလို့ ပြောတာ အန်တီဘွားဘွား မိန်းမတန်မဲ့ ခေါင်းဖြူတဲ့အထိ တဏှာရူးချင်သူကြီးရှင့်။

Anonymous said...

lol.. you got hurt by my words?.. hahahaha.. take it easy... my points are clear..

** I just hate to see gender discrimination.

** I am NOT saying what ma thet zin did is right..

clear??? If not, read the comments I posted for 100000 times.. lol..

Anonymous said...

You might be really any kind of hysteria, lin-ta-yuu! Your words are too shameless to compare with your old age, even you are pretending to be younger than your real age.

Anonymous said...

you just can't read? Or you are so blind to see what I really wrote? Huh? May I remind you that.. you are the one who insulted me in the first place.. and when you were told back in the same way, you barked me like a dog.. REMEBER!!!.. Before insulting anybody, be prepare yourself to be insulted in the same way..

Look at the way how I treated Ma May Dar Wi as she is wise and respectful. And look at the way how I treated you as you are damn idiot and so rude. You deserve that. From my part, enough is enough. FULLSTOP!

ဒီလိုလူမျိုးနဲ့ပြောရရင်..ခွေးနဲ့ဖက်ကိုက်သလိုဖြစ်နေမယ်.. ဒါပဲ..

အစ်မကြီးပဲဖြစ်ဖြစ်.. သမီးလေးပဲဖြစ်ဖြစ်.. အရူးမကြီးလို..တစ်ယောက်တည်းဖင်ကုန်းပြီးရန်ဖြစ်နေရစ်တော့နော်..

မျိုးမင်းစိုး said...

ဟား ဟား ရန်မဖြစ်ကျနဲ့ မကောင်းဘူး