Tuesday, August 24, 2010
ချစ်ချစ်ကြီး က စစ်စစ် ကို မုန်းတယ်တဲ့
 လူတယောက် က တခြားတယောက်ကိုမုန်းတယ်.. လူတစု က.. အသင်းအဖွဲ့တဖွဲ့ က ... မုန်းတယ်... အင်း အဲဒီလို မုန်း တဲ့ အကြောင်း တွေ အမျိုးမျိုး ရှိကြတယ်ဗျ... ကျနော် ငယ်ငယ် က ဆရာဝန် ဆိုရင် မုန်း တယ် .. ဆရာဝန် ဆိုတာ သိပ်လိမ္မာတဲ့ တော်တဲ့ သူတွေ ကိုးဗျ ... ကိုယ်က လိမ္မာသူ မဟုတ် .. တော်သူ မဟုတ် တော့ နေရင်းထိုင်ရင်း မုန်းနေတာလေ.. မနာလိုလို့ မုန်းတာ... ။
ချစ်ချစ်ကြီးကတော့  .. စစ်သားတွေ ကို မုန်းတယ်... မုန်းရတဲ့ အကြောင်းရင်းက လည်း .......
ယောက်ကျား နဲ့ မိန်းမ ချစ်ကြတဲ့ အခါမှာ အချိန် နဲနဲ ကြာလာတဲ့ အခါမှာ ကိုယ့် အကြောင်းကိုယ် ဖော်ကြ တယ်ဗျ... ဥပမာ ကျနော် တို့ ၂ယောက် ကြိုက်ပြီးတဲ့ အချိန်မှာ ချစ်ချစ်ကြီး ကကြွားတယ်... သူ့ရဲ့ အရင်ရီးစား ဟောင်းတွေ အကြောင်း... ရွှေစင်ဦး များ သဝန်တို မလား ပိုချစ်လာမလား ဆိုတဲ့ စိတ်နဲ့ လား ဒါမှမဟုတ် အမှန်ကို ဖွင့်ဟ ဝန်ခံခြင်းလား တော့ မသိဘူး... သူ့ ရဲ့ အတွင်းရေးတွေ အကုန် ပြောပြပါတယ်... သူ့ရီးစား တွေ အကြောင်းပေါ့.... ။
ရွှေစင်ဦး ကိုလည်း အကဲခတ်သေးတာ... ဘယ်လိုများ ဖြစ်မလည်း ပေါ့ .. အင်း သူ ထင်သလို ရွှေစင်ဦး က လည်း သဝင်မတို အချစ်မပိုတဲ့ အပြင် အားကျစိတ် ကလေးဖြစ်လာတယ်ဗျ... ကောင်းလိုက်တာ .. ဒီလို ရီးစား အများကြီးထားတော့လည်း ရွေးစရာတွေ နှိုင်းယှဉ် စရာတွေနဲ့ ဘယ်လောက်များ ကောင်း လိုက်သလည်း ဆိုပြီး ဝမ်းသာအားရ ဖြစ်မိတယ်ဗျ....။
ရွှေစင်ဦး အလှည့် ရောက်လာပါပြီ... ပြောချင်လိုက်တာ.. ရီးစားဟောင်းလေး တွေ အကြောင်း မချွင်းမချန် အင်း တကယ်ကို ပြောလိုက်မယ်ဆိုမှ... ပြောစရာ မရှိတဲ့ ရွှေစင်ဦး ရဲ့ အဖြစ်မရှိမှု့ အတွက် နောင်တ တွေ အကြီးအကျယ် ရမိပါတယ်ဗျ..... အင်း ဒါပေမဲ့လည်း နောက်ပြန်ဆုတ် လို့ ရတဲ့ ကိစ္စလည်း မဟုတ်တော့..  ရွှေစင်ဦး ဟာ ယောင်တောင် ပေါင်တောင် နဲ့ ချစ်ချစ်ကြီး ဂုဏ်ယူစရာ ဖြစ်နေတာပေါ့...။
ကျနော့် စိတ်ထဲမှာ ချစ်ချစ်ကြီး က ကျနော့် ကို ချစ်တာ အရေးထားတာ ကို အင်း ငါက အနုံ အအ လေးမို့ သူ တယောက်သာ ရှိလို့ အရင် ရီးစားမရှိဘူးလို့ ဒီလို ဦးစားပေးတယ်လို့ထင်တယ်.. ကျနော် သာ သူ့အရင် ရီးစား တွေ ထားခဲ့ရင် ဒီလို ချစ်ပါအုန်းမလား ဆိုတဲ့ သံသယ ကလည်း ဝင်တယ်ဗျ...။
အဲဒါ နဲ့ ရွှေစင်ဦး ဘဝမှာ ချစ်ချစ်ကြီး တယောက် ထဲသာ ဆိုတဲ့ ဇာတ်လမ်းကို ချေဖျက်ဖို့ နည်းလမ်း ရှာပါတယ်... အင်း တော်ရုံ လည်း မရဘူးဗျ... ချစ်ချစ်ကြီး နဲ့ ကျနော် တို့ နေတာ က ဘာမှ ဝေးတာ မဟုတ်ဘူး ... မန္တလေး မြို့ မှာ က လူတယောက် အကြောင်းသိချင်ရင် .. လွယ်လွယ်လေး အားလုံးဟာ ဆက်စပ်မှု့ ရှိကြတယ်... ။
ချစ်ချစ်ကြီး ကတော့ ကျနော် အဖြေမပေးခင် ကထဲက ရွှေစင်ဦး အကြောင်း အကုန် သိပြီးသားဆိုတာ မေးစရာ မလိုပါဘူးဗျာ... ဒါပေမဲ့ ကျနော့် ပါးစပ်က ဖွင့်ဟ ဝန်ခံတာ ကို လိုချင်လို့ အထူးသဖြင့် ရွှေစင်ဦး မှာ ချစ်ချစ်ကြီး က လွဲရင် ဘယ်သူမှ ချစ်ဘူးသူ မရှိပါဘူး ဆိုတာ နားအရသာ ခံချင်လို့ ဆိုတာ ကလွဲလို့ မဖြစ်နိုင်ပါဘူးဗျာ... ရွှေစင်ဦး ကလည်း မနာလို လိုက်တာ.. သူ့ကြ ရှိ ငါ့ကြ မရှိ ဆိုတာ ကို စိတ်ကို မချမ်းသာ တဲ့ အတွက် လုပ်ကြံဇာတ် တခုဆင်ပါတယ် အမှန်နဲ့ လည်း နီးစပ်အောင်ပေါ့ဗျာ.. ကျနော့် ပိုစ့် ထဲမှာ ဖတ်ကြည့်ပါ... ငယ်ကျွမ်းဆွေ (၁) ငယ်ကျွမ်းဆွေ (၂) အမှန်က အဲဒီ အတိုင်းပါ.. ဒါပေမဲ့ ချစ်ချစ်ကြီး ရင်နာ ဘို့ နောက်က ဇာတ်လမ်းဆင် ရပါတယ်...။
ဇာတ်လမ်း အသေးစိတ် ကိုတော့ အခုအချိန်မှာ လုပ်ကြံဇာတ်တွေ... မဟုတ်မမှန် ဇာတ်လမ်းတွေ... ကို သိပ်ကို မုန်းနေပြီ ဖြစ်တဲ့ ရွှေစင်ဦး က ပြန်မပြောချင်တော့ ပါဘူး... ဒါပေမဲ့ ချစ်ချစ်ကြီး ကတော့ နဲနဲ ယုံချင် သလိုဖြစ် သွားတယ်ဗျ.... တကယ်လည်း ကျနော့် တို့ ရဲ့ ငယ်ကျွမ်းဆွေ ဇာတ်လမ်း က ကျနော် သာ ချစ်မိတယ် ဆိုရင် ငယ်ကျွမ်းဆွေ နဲ့ ယှဉ် ရင် ချစ်ချစ်ကြီး ရဲ့ စွဲဆောင်အားက အတော် နဲ နေတယ် ဆိုတာကို သူကိုယ်သူ လည်း သိပါတယ်.. ကျနော် တို့ ငယ်ကျွမ်းဆွေ နှစ်ယောက်ဟာ လူမှန်းသိကထဲက ခင်မင် လာ ကြတာ ဆိုတော့ ကျနော့် ရဲ့ မဟုတ်မမှန် လုပ်ကြံ ဇာတ်မှာ နစ်မြောသွားတဲ့ ချစ်ချစ်ကြီး ဟာ တော်တော် ခံစားသွားရပါတယ်....။
အဲဒီ နောက်မှာတော့.... ရွှေစင်ဦး ရဲ့ ဇာတ်လမ်း ထဲ က ပျောက်ဆုံးသွား တဲ့ ငယ်ကျွမ်းဆွေ စစ်စစ် လေး ဟာ ဘယ်အချိန်မှာများ သူ့ နှလုံးသား ကို သေနတ် နဲ့ ထောက်ပြီး သူ့ အသဲကြားက ချစ်ပန်းပွင့် လေးကို ယူသွားလေ မလည်း ဆိုတာ ကို တသက်လုံး စိုးတထင့်ထင့် နဲ့ စိမ်းစိမ်း မြင်တိုင်း ကြောက်ကြောက် နေတဲ့ ချစ်ချစ်ကြီး ဟာ စစ်စစ် ဆိုရင် မုန်းပါ တယ်တဲ့ဗျာ.... ။
ကိုယ် မပေးချင် လို့ မပေးခဲ့တဲ့ အရာ ကို ဓါး နဲ့ ထောက်လို့ လည်း မရဘူး သေနတ် နဲ့ ပစ် လို့လည်း မရဘူး ....စည်းစိမ်ဥစ္စာရာထူး နဲ့ စွဲဆောင် လို့ လည်း မရဘူး..... ဘာနဲ့ မှ ရလိမ့်မယ် မဟုတ်ဘူး ဆိုတာ ကို ချစ်ချစ်ကြီး သဘော မပေါက်....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
26 comments:
Anonymous said...
"ရွှေစင်ဦး ရဲ့ ဇာတ်လမ်း ထဲ က ပျောက်ဆုံးသွား တဲ့ ငယ်ကျွမ်းဆွေ စစ်စစ် လေး ဟာ ဘယ်အချိန်မှာများ သူ့ နှလုံးသား ကို သေနတ် နဲ့ ထောက်ပြီး သူ့ အသဲကြားက ချစ်ပန်းပွင့် လေးကို ယူသွားလေ မလည်း ဆိုတာ ကို တသက်လုံး စိုးတထင့်ထင့် နဲ့ စိမ်းစိမ်း မြင်တိုင်း ကြောက်ကြောက် နေတဲ့ ချစ်ချစ်ကြီး" ( pitiful.:D)
Very very good and meaningful.
Thanks for your own-tune post.
Ray
Anonymous said...
ဟီးးးး အမရေလည်တော်တယ်.. အမဘလော့လေးဖတ်နေရတာ ဦးနှောက်ဆေးတဲ့ဆေးရနေသလိုပဲ..ရီလဲရီရ ... ကိုယ့်အကြိုက်တွေလဲဖတ်ရ အကျိုးလဲရှိပါပေ့..ဟီးး
ရေလည်မိုက်တယ်.. ဟုတ်တောပေါ့ ချစ်ချစ်ကြီးရယ်..အမရွှေစင်ရဲ့ စေတနာတွေ သိပါ နားလည်ပါ..
သဘောပေါက်လာပါ အမရွှေစင်ချစ်ချစ်ကြီးရေ..နော်။
မြတ်နိုး
ကိုအောင် said...
သြော် အတိတ်တွေ တူးဖော်ပြီး ရန်ဖြစ်တမ်း
ကစားနေကြတာကိုး ...း)
မဗေဒါ (၈၈) said...
အဟမ်း... အမကြီး..
စာရေးတာ ချစ်ချစ် ကြီးကို ရည်ရွယ်တာလားဟင်..။ အဓိပါယ် ၂ ခွ ထွက်တဲ့ စာမျိုးတွေကို စာပေ ဆန်းစစ်ရေးက ခွင့်မပြုပါဘူး.. (ဒီတခါတော့ ရှိပါစေ)
အာပမုအားဖြင့် ပြရသော်
`ဇာတ်လမ်း အသေးစိတ် ကိုတော့ အခုအချိန်မှာ လုပ်ကြံဇာတ်တွေ... မဟုတ်မမှန် ဇာတ်လမ်းတွေ... ကို သိပ်ကို မုန်းနေပြီ` ဆိုတာ ဘာကို ရည်ရွယ်တာပါလား..။
လုပ်ကြံဇာတ်လမ်းပြောတာမျိုး နားထောင်နေကြမလား.. နားထောင်ပါ.. အလေ့အကျင့်ဖြစ်သွားတာပေါ့...။
မဗေဒါ (၈၈)
ahphyulay said...
ဟားဟား....
ကျွန်တော့်  လို ဟုတ်တာတွေရာ၊ မဟုတ်တာတွေ ရော
ရောသမ မွှေ ပြီး လံကျုတ် တွေ ရေး နေတယ်ပေါ့  လေ ၊
ဘယ်လို ပဲ ဖြစ်ဖြစ် ရေးချင်စိတ်နဲ့  ဖတ်စေချင် ချင်တဲ့ 
စေတနာ နဲ့  ရေး ရတော့  ဖတ်လို့  ကောင်းလာရော
မဟုတ်လား.. ဗျ ။
ခင်တဲ့  ။
:P said...
ရလိမ့်မယ် ထင်နေရှာလို့...
ရနိုးနိုးပေါ့ အစ်မရာ....
အစ်မရဲ့ ချစ်ချစ်ကြီး ကတော့ ထိုက်ထိုက်တန်တန် ရသွားပါတယ်လေ..(အစ်မကို)
:P said...
ချစ်ချစ်ကြီး လိုက်ခေါ်ရတာ အားနာလိုက်တာဂျာ..
ကိုချစ်ချစ်ကြီး ဆိုတော့လည်း ကြားရတာတညိုးကြီး...။
နွေဆူးလင်္ကာ said...
အော် ... ချစ်ချစ်ကြီးက စစ်စစ်ကြီးကို မုန်းကြောက်ကြီးပေါ့ ..
သူကြီးမင်း (တုံးဖလား) said...
မုန်းမယ်ဆိုလဲ မုန်းလောက်တယ်။ ဖိနပ်နှစ်ဘက်မြင်တာနဲ့တင် ကြောက်စရာကောင်းနေပြီ။း))))
Anonymous said...
မဇင်
အများကြီးထားတော့ ရွေးစရာ နှိုင်းယှဉ်စရာတွေနဲ့တဲ့ဗျာ ချစ်ညီမတွေကို မြှောက်မြှောက်ပေးနေ တော်ကြာ ဘလော့ဂါချစ်ညီမတွေ၊ စာလာဖတ်ကြတဲ့ သူတွေ အဟုတ်လိုက်လုပ်ကုန်ရင် အမတရားခံဗျနော်။
ချစ်ညီမ
မောင်မောင် said...
မရွှေစင်ဦး ကတော့ ငယ်ကျွမ်းဆွေ နဲ့  များကလိကလိ
လုပ်လိုက်တာ ချစ်ချစ်ကြီး တော့ ကလိကလိ ဖြစ်နေမှာ
မြင်ယောင်သေးတယ်။
မရွှေစင်ဦးတို့ များညံ့ ချက် က ကျွန်တော် နဲ့အတူတူပါဗျာ။
ကျွန်တော်လဲ အဲလောက်နီးနီး ညံ့ ပါတယ်။
ကိုဇော် said...
ချစ်ချစ်ကြီးက စစ်စစ် ကို မုန်းတယ် ဆိုလို့ ကိုဇော်တို့များ တွေးမိတာ ပြောပါဒယ်။
တုတု ဆိုရင် သူက ပိုကြိုက်တာလားလို့ တွေးမိသဗျ။
အဟဲ...ကိုဇော် ဆိုတာကလည်း ပါးပါးလေး ကြပ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးနော်။ ပြန်လာရင်တော့ မန်းလေး လာပြီး ပါးပါးလေး ကြပ်ပေးချင်ပါသေးဒယ်။
မြစ်ကျိုးအင်း said...
အစ်မ ချစ်ချစ်ကြီးက ခုထိအောင် ကြောက်တုန်းပဲလား အစ်မ
ဒါတော့ မဖြစ်နိင်ဘူးထင်တယ်နော်
မရခင်သာ ...
နဲနဲ ဝင် ချွန် ပေးသွားပါတယ်း)
မေဓာဝီ said...
ချစ်ချစ်ကြီးက မရွှေစင် သဏ္ဍာန်လုပ်တဲ့ လံကြုတ်ကို အမှန်အဟုတ်ထင်ပြီး စစ်စစ်ကိုမုန်းသွားတာကိုး ...
မပေးချင်တာကို ဓားနဲ့ထောက်လို့လဲ မရ တအားနဲ့ဟောက်လို့လဲ မရ၊ သေနတ်နဲ့ ပစ်လဲ မရ ဖိနပ်နဲ့ ပစ်လဲ မရဆိုတာ သဘောမပေါက်တဲ့ ချစ်ချစ်ကြီးခမျာ သနားစရာပါကလား ... ။ :)
PhyoPhyo said...
အော် ဒီလိုလည်း လုပ်ကြံဇာတ်လမ်းလေးတွေလုပ်ပေးရတာကိုး၊ သူကတော့ သ၀န်တိုပြီပေါ့၊
ငယ်ကျွမ်းဆွေ ၁ နဲ့ ငယ်ကျွမ်းဆွေ ၂ ပါ တစ်ခါတည်း ဖတ်သွားပါတယ်၊ အဲဒီ ၂ပုဒ်မဖတ်ရသေးလို့၊
၁ နဲ့ ၂ ကလည်း လွမ်းစရာလေး၊
စိတ်၏ဖြေရာ said...
ရယ်ရတယ်အမရေ။
မပေးသောအရာမရဆိုတာချစ်ချစ်ကြီးသဘောပေါက်
မှာပါ။မမရွှေစင်ကိုအချစ်စမ်းချင်လို့နေမှာ။
ချော(အစိမ်းရောင်လွင်ပြင်) said...
အစ်မရဲ့ စစ်စစ်ကြီးက မရအရယူမယ်ဆိုပြီး သေနတ်နဲ့ထောက်ပြီး ဓားပြတိုက်သလို ယူမှဖြင့်၊ အစ်မ ချစ်ချစ်ကြီး အသည်းကွဲရချည်ရဲ့...
ပိုင်ရှင် မကြည်ဖြူဘဲ ဓားပြတိုက်သလို ဇွတ်အတင်းတော့ မယူလောက်ပါဘူးနော်..
အောက်ဆုံးက အစ်မရေးထားတဲ့ စာပိုဒ်လေးတော့ အရမ်းကို သဘောကျမိတယ်..း))
မိုးယံ said...
အော ။ မရွှေစင်ဥ က ဒီလိုလား မန်းလေး လာရင် ပြန်ဖွမယ်။ ဟွန့်။
ခင်မင်စွာဖြင့်
မိုးယံ
ဧပရယ်လ်ပူး@ပူးတေ said...
မမရွှေစင်
ဖတ်သွားတယ်... တဘော(သဘော)ကျသွားတယ်.. စာတွေအများကြီးရေးလို့မရသေးလို့ပါ... ညီမလေး မကြာခဏရောက်ပါတယ်... :)
ဧပရယ်လ်ပူး@ပူးတေ said...
မမရွှေစင်
ဖတ်သွားတယ်... တဘော(သဘော)ကျသွားတယ်.. စာတွေအများကြီးရေးလို့မရသေးလို့ပါ... ညီမလေး မကြာခဏရောက်ပါတယ်... :)
An Asian Tour Operator said...
သဒ္ဓါလှိုင်း said...
မမရွှေစင်ရေ..
အောက်ဆုံးအပိုဒ်လေးကိုသဘောကျတယ်..။
ချစ်ချစ်ကြီးသဘောပေါက်အောင် ပြောလိုက်ပါအုံး
တော်ကြာ စစ်စစ်မြင်တိုင်း မုန်းနေမလားမသိ...
ချစ်တဲ့
ညီမသဒ္ဓါ
ခိုင်နုငယ် said...
ဒီပိုဒ်လေး တကယ့်ကိုသဘောကျမိပါ၏။
ချစ်ချစ်ကြီးကို သဘောပေါက်အောင် မမရွှေစင် ပြောထားအုံး။
မမရေ အလုပ်တွေများလို့ နောက်ကျမှရောက်ရတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ကောင်းမွန်ဝင်း said...
အစ်မ
ရီလည်းရီရ။ အားလည်းကျ။
ဒီလို ကိုယ်တွေ့ကိုရွေးပြီး ဖတ်ရတာကလည်း တော်တော်ရှာယူရတယ်အစ်မရယ်။ များများရေးပါနော်။
အစ်မရဲ့
ဦးချစ်ချစ်ကြီး ကိုလည်း အစ်မကပိုချစ်တယ်ဆိုတာ သိပါတယ်နော်။
sosegado said...
ဖြစ်တတ်တယ်နော်
သူချစ် ကိုယ်ချစ၊် သူဖြစ် ကိုယ်ဖြစ၊် သူ့အဟောင်း ကိုယ့်အဟောင်း၊ သူ့အကြောင်း ကိုယ့်အကြောင်း
သူလွမ်း ကိုယ်လွမ်း ပေါ့၊
အင်ကြင်းသန့် said...
မမရွှေစင်....အခုရော မမရွှေစင်ရဲ့ချစ်ချစ်ကြီးက သဘောပေါက်သွားပြီလား??? :)