ကွက်ကြား ငလျှင် .... ရွှေစင်ဦး လေး တယောက် ထဲ သာ သိလိုက်တဲ့ ငလျှင် တခု လှုတ်ဘူး သွားပါ တယ်ဗျာ... စာဖတ်သူများ က ရွှေစင်ဦး ရဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေး တွေ ဖတ်ချင်တယ်ဆိုတော့ ဒီအဖြစ်အပျက် ကလေး ကို ပြန်သတိရ တာနဲ့ ရေးပေးလိုက်ပါတယ်....။
ရွှေစင်ဦး တို့ ငယ်ငယ် က နေခဲ့ တာ က ၂ထပ်အိမ် ထရံကာ သွပ်မိုးပါ.. တော်တော် တော့ ကြီးပါတယ်... ဒါပေမဲ့ အဲဒီအိမ်ကြီး က စဆောက်တုန်းက တော့ ၂ထပ် မဟုတ်ပါဘူး.. တထပ် ခြေတံ တို ကလေးပါ.. ရွှေစင်ဦး တော့ မသိတော့ ပါဘူး တော်တော် ငယ်သေးတာကိုး....။
အဲဒီ တထပ် ခြေတံတို အိမ်လေး ကို ၂ထပ် ပြင်ဆောက်မယ်ဆိုပြီး ရွှေစင်ဦး တို့ အဖွား (ဖေဖေ ရဲ့ အမေ) မေမေကြီးက စီစဉ်ပါတယ်တဲ့... အဲဒီ အချိန်မှာ ဖေဖေ က သူ့ မှာ အရေးကြီးတဲ့ စာမေးပွဲ တွေ ရှိတယ် ပေါ့လေ.. နောက်မှ ပြင်ဆောက်ပေါ့.. ဒါကို အဖွားက လက်မခံပါဘူး... မေမေကြီး ကလည်း ဖေဖေ လို့ဘဲ ခေါင်းမာ ပါတယ် လုပ်ချင်တာကို လုပ်ကိုလုပ်မှာပါ....။
သူစီစဉ် ထားတဲ့ တနေ့ မှာ လက်သမားဆရာ တွေ ရောက်လာကြပါတယ်တဲ့ .. ဖေဖေက တညလုံး စာကြည့်တာဆိုတော့ အိပ်ကောင်းနေတယ် မထသေးပါဘူး... အဲဒါနဲ့ မေမေကြီး က လက်သမားဆရာတွေ မေးပြီး အိမ်ပေါ်မှာ သား အိပ်နေတယ် ... ဒီတိုင်းဆက်လုပ်ရင် ရလား ဆိုတော့ သူမနိုးလည်း ရပါတယ် ဗျာ ဆိုတာနဲ့ မေမေကြီးက ဆက်လုပ်ခိုင်းပါတယ်တဲ့ ... အဲဒီ အိမ်ပုလေးကို အပေါ်မပြီး တိုင် တွေကို ဝက်အူနဲ့ စုတ် ပြီးဆက်တာပါ... တရပ်လုံး လူတွေ လာကြည့်လိုက် ကြတာ ဆူညံလို့ .. အိမ်ကြီး မ ပြီး လူအများကြီး နဲ့ လုပ်ရတာပါ ... အဲဒါနဲ့ အိမ်က ၂ထပ်အိမ်ဖြစ်လာပါတယ်တဲ့... ။
ချစ်ဖေဖေ ကတော့ ၂ထပ်အိမ်ဖြစ်လာမှ နိုးလာပါတယ်တဲ့... အင်း မေမေ ပြောပြတာပါ... ဖေဖေ က အဲလောက်ထိ ဘာသိဘာသာ မသိနိုးနား နေသလို... ရွှေစင်ဦး ကလည်း အဲဒီအတိုင်းပါဘဲ....။
အင်း သဘာဝ အတိုင်း မဟုတ်တဲ့ ၂ထပ်အိမ် ဆိုတော့ ခိုင်တော့ခိုင်ပါတယ် ... နဲနဲတော့ ယိုင်တိုင်တိုင် ပေါ့... ပြောရရင် အိမ်ပေါ် မှာ နဲနဲ ပါးပါး ကြမ်းကြမ်း တမ်းတမ်း လှုတ်လှုတ်ရှားရှား လုပ်ရင် အိမ်က လှုတ်တုတ် လှုတ်တုတ် ပေါ့.... အခုတော့ ပြင်ဆောက်ပြီး ပါပြီ စိတ်မပူကြပါနဲ့.. ။
အင်း ပြောချင်ရာတွေ ပြောနေတာတော့ မဟုတ်ပါဘူး .. နဲနဲ ဆက်စပ်မှု့ ရှိလို့ပါ... ဒီလို့နဲ့ အဲဒီအိမ် ကြီးပေါ် မှာ အရင် တုန်းကတော့ ဖေဖေ တို့ မောင်နှမ တွေနဲ့ မေမေကြီး နဲ့ ရွှေစင်ဦး တို့ မိသားစု နေခဲ့တာပေါ့ .. နောက်တော့ သမီး သုံး ယောက်ကလည်း အလုပ်အကိုင် ကိုယ်စီနဲ့ ဟိုမြို့ ပြောင်း ဒီမြို့ပြောင်း.. မေမေကြီး ကလည်း သမီးတွေ နောက်လိုက် .. ဘဘကြီး ကလည်း ဘုန်းကြီးကျောင်း နေတာဆိုတော့ ရွှေစင်ဦး တို့ အရွယ်ရောက် လာတဲ့ အချိန်မှာ အဲဒီအိမ်မှာ ရွှေစင်ဦး တို့မိသားစု ဘဲ ရှိပါတော့ တယ်... ။
ဒီလိုနဲ့ ဖေဖေ က နိုင်ငံခြားသွားပါတယ်... ပြန်လာတဲ့ အချိန်မှာ ကျနော် ရှစ်တန်းလား ကိုးတန်းလား မသိ ဘူး ရောက်နေပါပြီ... အရွယ်တော့ ရောက်နေပါပြီ.. စာဖတ် တာလည်း သိပ်များနေပါပြီ... သူငယ်တန်း တတန်း ကထဲက ပုံပြင်တွေ ဝတ္ထုတွေ ဖတ်နေတာ ဆိုတော့ အဲဒီ အချိန်မှာ တော်တော် အရိုးရင့် နေပြီ ဆိုပါတော့ ... ဒါပေမဲ့ စာတွေ့ သာရှိတာပါ လက်တွေ့ ကတော့ ဘာဘာ ဘာမှ မသိ ပါဘဲ... တော်တော် အူတူတူ နဲ့ အလိုက်ကမ်းဆိုး မသိတဲ့ နေရာမှာ ၂ယောက်မရှိပါဘူး....။
အင်း ဒီလိုနဲ့ ဖေဖေ နိုင်ငံခြား က ပြန်လာတဲ့ နေ့ ရောက်လာပါရော .... ဖေဖေ ရောက်တာ နဲ့ တပြိုင်နက် အိမ်နီးနားခြင်းတွေ ရွှေစင်ဦး သူငယ်ချင်း တွေ မောင်တွေ ညီမတွေ သူငယ်ချင်း တွေ နဲ့ ဝိုင်းဝိုင်းလည် လို့ပေါ့ဗျာ... စာဖတ်သူ များ ကိုယ်ချင်းစာနိုင် ကြမှာပါ... အဲဒီလို ဖေဖေ နားမှာ တနေ့လုံး နဲ့ ည တော်တော် နက်သည့်ထိ မပြန်ကြ တဲ့ သူများ ပါပါတယ်.. ။
အင်း ရွှေစင်ဦး သူငယ်ချင်းတွေ နဲ့ ရွှေစင်ဦး နဲ့ နောက်ဆုံး ထင်ပါတယ်... ကိုယ့် အဖေ လေး စေ့စေ့ကြည့် ကိုယ့် အဖေ ပြောတာတွေ ကို ဘုရားဟောလိုလို နဲ့ နားထောင် လိုက်.... သူငယ်ချင်း တွေ ကို တွေ့ လား ဒါ ငါ့ ဖေဖေ ဆိုတာမျိုးနဲ့ ကြည့်လိုက်ပေါ့လေ... အင်း နောက်ဆုံး ဘယ်လို ပွဲ သိမ်းသွားတယ် မသိပါဘူး.. အိပ်ချိန် ရောက်ပါရောဗျာ....။
ရွှေစင်ဦး လည်း တနေ့လုံး ပစ္စည်း လေးတွေ ကြွားရ အဖေကြွားရ နဲ့ မောသွားပါတယ်... အိပ်ယာ ထဲ ရောက်လို့ မှေးတေးတေး လေး ဖြစ်တုန်း ရှိပါသေးတယ်.. ရွှေစင်ဦး တို့ အိပ်တဲ့ ခုတင်ကြီး ဟာ ခါနေသလို ပါဘဲ .. အဲဒါနဲ့ ကျနော်လည်း အဲ ငလျှင်တော့ လှုတ်နေပြီဟေ့ .. တော်တော်ပြင်းထန်တယ် ထင်တယ် ဆိုပြီး စဉ်းစားမိရင်း အိပ်ချင်စိတ်က များနေတော့ ပြန်အိပ်ပျော်သွားပါတယ်...။
အမယ် မနက်လင်းတော့ မှတ်ဉာဏ်က တော်တော် ကောင်းတယ်ဗျ... ထမင်းဝိုင်း မှာ ဟေ့ မနေ့ညက ငလျှင်လှုတ်တာ ဘယ်သူ သိလည်း လို့ ခပ်ကြွားကြွားလေးမေး မိတယ်... ဘယ်သူမှ မသိပါဘူးတဲ့ ဗျာ.... အမယ် ကျောင်းရောက်တော့ လည်း သူငယ်ချင်းတွေ ကို မေးတယ်ဗျ... မနေ့ည က မိုးတအားချုပ် မှ ငလျှင် လှုတ်တာ ငါ သိလိုက်တယ် နင်တို့ရော သိလား ဆိုတော့ ဘယ်သူမှ မသိပါဘူးဗျာ.... အင်း အဲဒီ အချိန်ထိလည်း ရွှေစင်ဦး လေး အတွက် တော့ တကယ့် ငလျှင် ပါဘဲ .. ရွှေစင်ဦး လေး တယောက်ထဲ သိတဲ့ ငလျှင် လှုတ်သွားတယ်ပေါ့ဗျာ.....။
နှစ်ပေါင်း များစွာ ကြာမှ.... အဲ.. ဒီငလျှင် က ငါ့ တယောက် ထဲ သိလိုက်တဲ့ ငါ့ ဖေဖေ ပြန်ရောက်တဲ့ ညက ငါ့မေမေ နဲ့ လှုတ်လိုက်ကြတဲ့ ငလျှင် ပါလား ဆိုတာ ရိပ်မိပါတော့ တယ်ဗျာ.... အင်း ရွှေစင်ဦး လေး ညစ်ပတ် တယ်လို့ တော့ မပြောကြပါနဲ့... တခါ တခါ ရွှေစင်ဦး လေး ဟာ အူတူတူ ပါဆို... ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
14 comments:
လူဆုိးမမ...
ူသူအိပ်ချင်ယောင်ဆောင်နေတယ်...
Ha Ha Ha Ha.....
How can i say how much i like this post??????
Thanks for your post.
Ray
အမရွေစင်
တော်သေးတာပေါ့.. ပေါက်ကရတွေ ထပ်မပြောလို့.. အမရယ် အဖေ့တို့ကို အဲလိုရေးရလား.. ။
အမက တော်တော်ရယ်.. သူငယ်ချင်း နီပေါမလေးပြောတာက ငလျှင်လှုပ်တယ်ဆိုပြီး သန်းခေါင်ကြီး ထပြေးလို့ မိဘတွေ အရှက်ကို ဟပ်တပ်ကွဲရောတဲ့..။
ရယ်မောသွားလေရဲ့ အမာရွတ်နဲ့ ညစ်ညစ်ပတ်ပတ်ရေးတက်တဲ့ အမကြီး.. ဟီး..။
ဗေဗေ
အင်းနော် အမ။
ဒီလိုငလျင်မျိုးက ကမ္ဘာအနှံ့လှုပ်နေကြတာဆိုတော့ တစ်ခါတစ်ခါ အဲဒီလိုငလျင်ငယ်လေးတွေကို တစ်စုတစ်စည်းထဲ စုစည်းပြီး အင်အားပြင်းတဲ့ရစ်ခ်တာစကေးလ် ၇.၀ တို့ ဘာတို့ ညာတို့ ဖြစ်လာပုံရတယ်။ ဟာ ဟ။
ကမ္ဘာပေါ်၌ အင်အားပြင်းသည့် ငလျင်တို့ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ လူဦးရေများပြားလာပြီး စုံတွဲများ များပြားလာရခြင်းကြောင့် ဖြစ်ချေတော့သည် တမုံ့။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မရွှင်
မေကြီးမော်ကို မေးမိလို့ကတော့ ခေါင်းခေါက်ခံကိန်းရှိတယ်ဗျ ပေါက်တိပေါက်ရှာပြောတာတော့ ဟုတ်လောက်ပါဘူး ဒါလဲ....အူကြောင်ကျားတစ်ခုပေါ့ ဟုတ်
ချစ်ညီမ
ဟားဟား....တော်တော်ဆိုးတဲ့ ဒေါ်ရွှေစင်ဦးပဲ။ မနိုင်ဘူး တကယ်မနိုင်ဘူး။ လူကြီးတွေကို ဒီလိုရေးထားတယ်။ ၀ဋ်လည်မယ်နော် သတိထားနေ။ :D
ချစ်ညီမလေး
အမ်...ချက်ချာကြီး....:P
လုပ်ပီ အစ်မ ကတော့ ... ဟ ဟ
ငလျှင် ဒဏ် ကို တော်တော် ခံခဲ့ရတော့ မမေ့နိုင် ဘူးထင်ပ။
ဒီပို့စ်လေး ဖတ်ပြီး မရယ်ပဲ မနေနိုင်ဘူး။
အိပ်ပြန်ရောက် ခါစ ဖေဖေ ကို နိုးပြီးပြော အုံးမှ ဆိုပြီး သွားလက်တို့ ရင်တော့ တေပီ ..
တော်သေးတာပေါ့ အစ်မရယ်။ ငလျှင်လှုပ်တုန်း မထရဘူး လို့ ဆိုတာပဲ။ အစ်မသာ ထလိုက်လို့ကတော့ အစ်မလည်း တစ်ခုခု ဖြစ်တော့မှာပဲ။ ချော်လဲရင် တစ်ခုခု ဖြစ်တတ်တယ် ဆိုထားလို့ပါ။ ဒါမှမဟုတ် မနက်ကျရင် အရိုက်ခံရမှာ သေချာတယ်။ အို. . .ဘာတွေ လာပြောနေတာလဲ လူပျို နုနုထွတ်ထွတ်လေးကို။
( ဖေဖေ့ဆီ ဖုန်းဆက်ဦးမှ . . ဖေဖေ သား ငယ်ငယ်တုန်းက ငလျှင်လှုပ်လား ဟင်လို့ ဟိဟိ )
အော်.. ဒီကလေး နှယ်
Naughty Sis :)
ဟားဟားဟား...
ရယ်လိုက်ရတာ အစ်မရယ်..။
အစက အဟုတ်မှတ်နေတာ အောက်ဆုံးအပိုဒ်ကျမှ ပြောချင်တာကို ရိပ်မိတော့တယ် ဟားဟား။
အစ်မကတော့လေ တကယ်ပါပဲ အဖေလည်း မနေရဘူး..။ အမေလည်း မနေရဘူး..။ ငရဲကြီးမယ် နော် အစ်မ မကြောက်ဖူးလားးD
ညီမလည်း အဲလိုပဲ အူတူတူ. အစ်မရွှေစင်နဲ့ အတူတူပဲး))))
ဒါနဲ့ မနေ့ကလာတုန်းက ဒီပိုစ်တွေ့ပါဘူး..။ ဘယ်အချိန်တင်လိုက်တာလဲ
အမရွှေစင်....လူဆိုးမမ
အဟုတ်မှတ်လို့...ဖတ်လာတယ်။
ခေးတွေကို ဘာတွေရေးပြမှန်းလည်းတိဝူး။
ရှက်ရှက်နဲ့ဖတ်တွားတဒယ်။:D :D
ခင်မင်စွာဖြင့်
ခိုင်နုငယ်
မရွှေစင်ဦး ဖေဖေ မေမေသာ ဘလောဂ့်လည်တတ်ရင် ဖတ်မိသွားမှ ရှက်နေဦးမယ်၊ တော်တော်နောက်၊
စာရေးတာတော်တော်ကောင်းတယ်၊ ရှင်းနေတာပဲ မပျင်းရဘူး၊ ရေးတတ်တယ်၊
နောက်ထပ် မုန်တိုင်းလာဦးမလား ? ;)
Post a Comment