အခုတလော စာရေးချင်တဲ့ စိတ်တွေပျောက် ပြီး စာတွေ ဘဲ ဖတ်ချင်နေတယ်.. ဖတ်လည်း ဖတ်ဖြစ်တယ်... အခု လည်း စာဖတ်ရင်း နဲ့ ထလာတယ်.. မရေးရင်လည်း ရေးဖြစ်မှာ မဟုတ်တဲ့ အတွက် ရေးပါတယ်..။
ကျနော် ဘာအလုပ် တွေ လုပ်တာ ကျန်သေးလည်း ဆို တဲ့ စာဖတ်သူ တွေ အတွက် ရွှေစင်ဦး ဟာ ဂျာဒူးဝါးလား လည်း လုပ်ခဲ့ပါသေးတယ် လို့.. လုပ်တာမှ တကယ့် နေရာဗျာ.. မန္တလေး ဆေးရုံကြီး က ခွဲစိတ်ရုံ ( ) ယောက်ကျား လူနာဆောင်မှာပါ... ။
အဲဒီအကြောင်း မပြောခင် ဆွေတော် မျိုးတော် များရဲ့ ကျန်းမာရေး ရာဇဝင် ကို နဲနဲ ပြောပြ ချင်ပါတယ်.... ၊ ကျနော် တို့ အဖေ ဘက် ရော အမေ ဘက်ရော .. ရောဂါ ဆန်းဆန်းပြားပြား တွေ မဖြစ်ကြပါဘူး.. ရောဂါကြီးတွေ ဖြစ်တဲ့ ကင်ဆာတို့ နှလုံး တို့လို မျိုး အသာထား တခြား ရောဂါ အသေး လေး တွေ တောင် ဖြစ်တာ မရှိ သလောက် ပါဘဲ... ကျနော့် ဖေဖေ နဲ့ မေမေ လည်း ဒီအတိုင်း ပါဘဲ သွေးတိုး ဆီးချို နှလုံး ရောဂါ လိုမျိုး တွေ ဘာမှ မရှိပါဘူး.. သားသမီး တွေ လည်း အဲလိုပါဘဲ .... ကျန်းမာရေး ကောင်းတဲ့ အတွက် ဆေးရုံ ဆေးခန်း တွေလည်း သိပ်သွားရလေ့ မရှိပါ ဘူး...။
ကျနော့် ဖေဖေ က ပိုဆိုးပါတယ်... ဘာရောဂါ မှ မဖြစ်တဲ့ အပြင် ဖေဖေ ထင်တာက ရောဂါ တခု အတွက် ဆေးသောက်လို့ ပျောက်ရင် နောက်ရောဂါ တခုအတွက် အဲဒီဆေး ရဲ့ side effect ကို သေချာပေါက် ခံရမယ် ဆိုတဲ့ အစွန်းရောက် အသိ ဝင်နေပါတယ်.. အဲဒီတော့ တော်ရုံ ဆို ဘယ် အင်္ဂလိပ်ဆေး မှ မသောက်ပါဘူး... ဗမာဆေး နဲ့ ကုပါတယ်.. ၊ အဲဒီ ဗမာဆေး ကလည်း တတ်သိနားလည် တဲ့ ဆရာ တွေ စီက မဟုတ်ပါဘူး.. ဟိုလူပြော ဒီလူပြော တဲ့ နည်းနဲ့ ဖော်ထားတဲ့ ဆေးမီးတို နဲ့ ကုတာပါ...။
ဥပမာ ဗျာ ဝမ်းသွားရင် နို့ဆီမထဲ့ တဲ့ လဘက်ခြောက်နှပ်ရေ ပြင်းပြင်း ထဲ ကို ကြက်ဥ ဖောက်ထဲ ပြီး သောက်တို့ ဘာတို့ပေါ့... နောက်တခါ ဝမ်းချုပ်ရင် ဟိုအပင် ဒီအပင် က အရွက်ကလေး ၃-၄ ရွက်လောက် ကောက်ဝါးလိုက် တို့ ပေါ့.. သိပ်ချုပ်ရင် ပြောပါတယ်... များသောအားဖြင့် ငှက်ပျောသီးတို့ ဘာတို့ စားပြီး ရေများများ သောက်ပေါ့ .... ။
နောက်ပြီး တော်ရုံ ရောဂါ ဆို ကိုယ်ခန္ဓာ က သူဘာသာ သူ ကု ပြီး ပျောက် သွားမယ် ပေါ့ မပွေလီ နဲ့ပေါ့...... ဓါးတွေ ဘာတွေ များ သူရှေ့ ရှရင် သွေးတွေ ဘာတွေ သုတ်ပြစ် လိုက်ရင် မသုတ်ရဘူးဗျ.. သူဘာသာသူ အချိန် တန်ရင် သွေးထွက်ရပ်ပြီး ပျောက်သွားမယ်တဲ့.... သုတ်လိုက်မှ အပြင်က မသန့်ရှင်း တဲ့ ပိုးတွေ ဝင်သွားမယ်ပေါ့... အင်း.... သူပြောတဲ့ အတိုင်းသာဆိုရင် မအယ် တို့ မကိ တို့ အလုပ်ပြုတ်ရချည် ရဲ့ဗျာ...။
နောက်ပြီး တော်ရုံ ရောဂါ ဆို ကိုယ်ခန္ဓာ က သူဘာသာ သူ ကု ပြီး ပျောက် သွားမယ် ပေါ့ မပွေလီ နဲ့ပေါ့...... ဓါးတွေ ဘာတွေ များ သူရှေ့ ရှရင် သွေးတွေ ဘာတွေ သုတ်ပြစ် လိုက်ရင် မသုတ်ရဘူးဗျ.. သူဘာသာသူ အချိန် တန်ရင် သွေးထွက်ရပ်ပြီး ပျောက်သွားမယ်တဲ့.... သုတ်လိုက်မှ အပြင်က မသန့်ရှင်း တဲ့ ပိုးတွေ ဝင်သွားမယ်ပေါ့... အင်း.... သူပြောတဲ့ အတိုင်းသာဆိုရင် မအယ် တို့ မကိ တို့ အလုပ်ပြုတ်ရချည် ရဲ့ဗျာ...။
အဲဒီလို ဘဲ လုပ်နေတာ တသက်လုံး ပါဘဲ .. ဘာရောဂါ မှလည်း မယ်မယ်ရရ မဖြစ်တော့ သူဟာနဲ့ သူတော့ ဟန်ကျနေပါတယ်..၊ ဟိုတလော ကတော့ အစာမှား ပြီး အထက်လန် အောက်လျှောဖြစ်တာ အိမ်သာ ၁၀ ခါလောက် တက်နေလို့ ဆေးခန်းကို ပို့မလို့ဟာကို အခန်းတံခါးပိတ်ပြီး ငြိမ်နေလို့ အိမ်သား တွေက အပေါက်က နေ ချောင်းကြည့်ရသေး အမှန်က မသွားချင်တာကို အတင်းခေါ်လို့ ပြန်မထူး ဘဲ ငြိမ် နေတာ.... နောက်ပြီး သူ့ စိတ်ထဲမှာ ဆရာဝန် တွေဆိုရင် မရှိတဲ့ ရောဂါ ကို ရှာဖွေ ပြီး ငွေတွေ အားမနာ လျှာမကျိုး ယူကြမယ်ပေါ့ဗျာ... တကယ့် ကို ငွေ စုတ်ဖုပ်ကောင် ကြီးတွေလို့ ထင်နေတာ... မြန်မာပြည် မှာ သာဓက တွေကလည်း ရှိတာကိုးဗျ.....။
ကဲ .. အဲဒီလို ခံယူထားတဲ့ ကျနော့် ဖေဖေ မှာ ဝမ်းကိုက် တဲ့ ရောဂါ ရပါပြီဗျာ... အိမ်သာ ခဏခဏ ဝင်ပြီး ဒုက္ခရောက် နေလို့ အားလုံး က ဆေးခန်း သွားခိုင်းပါတယ်... အဲဒါကို မသွားဘဲ ပေကပ်နေပါတယ်... နောက်ပြီး ခုန ပြောတဲ့ ဆေးမီးတို တွေနဲ့ သူဘာသာသူ ကုပါတယ်.. ကျနော် တို့ အားလုံး က ပြောပါတယ်.. ဆေးခန်း မသွားရင်တောင် မက်ထရို ဆိုတဲ့ ဝမ်းကိုက် ရောဂါ ပျောက်ဆေး တော့ သောက် ဆိုလည်း မရဘူး ခေါင်းတအားမာ ပါတယ်... ။
ဒီလိုနဲ့ ၃-၄ ရက်လောက် နေတော့ သူ ဘယ်လို့ မှ နေလို့ မရ တော့ပါဘူး ... အဲဒီမှာ အင်မတန် သဘောကောင်း တဲ့ ဆရာဝန်ကြီး နဲ့ သွားပြပါတယ်... ဆရာဝန်ကြီးက ဆေးရုံတက်ခိုင်းပါတယ်... လိပ်ခေါင်း နဲ့ ဝမ်းကိုက်တာနဲ့ ရောသွားပြီး မချိမဆန့် ခံနေရတဲ့ အတွက် မတက်မဖြစ် ဆေးရုံ တက်လိုက် ရပါတယ်... ။
အဲဒီ အချိန်တုန်းက အခုခေတ်လို့ ပုဂ္ဂလိက ဆေးရုံ တွေ မရှိသေးပါဘူး... ရှိခဲ့ရင် ကျနော် ကတော့ ဘယ်လောက် ကုန်ကုန် အဲဒီမှာ ဘဲ တက်ခိုင်းမှာပါ... ကျနော့် ဖေဖေ ရဲ့ ကဂျီကကြောင် ဒဏ် တွေ ကို မခံနိုင် လို့ပါ...၊ အခုတော့ ပြည့်သူဆေးရုံကြီး မှာ ဘဲ တက်ရပါတယ်... ၊ လာပါပြီ ကိုကြီးကျောက် ရဲ့ ဆေးရုံ က ခြတောင်ပို့ ကြီးတွေ ... ဖြစ်တာကလည်း ဒီ ဝမ်းကိုက်တာ ဆိုတော့ ဒီ အိမ်သာ တွေနဲ့ မပတ်သက်ဘဲ ဘယ်လို မှ နေလို့ မရပါဘူး...။
ကျနော့် ဖေဖေ ရဲ့ အစွန်းရောက် ရွံ တတ်တဲ့ စိတ် နဲ့ ဆေးရုံ အိမ်သာ တွေ တွေ့ ကြပါပြီဗျာ... အဲဒီအချိန် က ဖေဖေ တက်ရတဲ့ ward မှာ အိမ် သာ ၅ခန်း လား ၃ခန်း လား မသိ ရှိပါတယ်... ရေချိုးကန်ကြီးတကန် ရှိပါတယ်... ရေချိုး တာတော့ ဖေဖေ က အိမ်ပြန်ချိုးတယ်ဗျ.. အိမ်သာတက်တာတော့ အိမ်ပြန်တက် လို့ မရပါဘူး.. အဲဒီမှာ ကျနော့် တို့ သားအမိ တတွေ ဒုက္ခ လှလှ တွေ့တာပါဘဲ.. ။
ဆေးရုံက သန့် ရှင်းရေးသမား တွေကို ဒက်တော ပုလင်း တွေ ဝယ်ပေး တံပျက်စီး တွေ ရေပုန်း တွေ ယူလာပြီး အိမ်သာ အထူး သန့် ရှင်းရေး ကို ပိုက်ပိုက် ပေးပြီး လုပ်ခိုင်းရပါတယ်ဗျာ... ဒါပေမဲ့ လည်း မရပါဘူး ... လူမျိုးတရာ့တပါး ဆိုတော့ ခဏနေ ပြန်ဖြစ် တာပါဘဲ ... ။
အဲဒီမှာ အိမ်သာတက် ဘို့ ထွက်သွားတဲ့ ကျနော့် ဖေဖေ ဟာ အိမ်သာ မတက်နိုင်ဘဲ တဝေါ့ဝေါ့ နဲ့ ပြန်ထွက် လာလိုက်... ပြန်ဝင်လာလိုက် ဆိုတော့ ဖေဖေ အိမ်သာ တက်မယ် ဆိုရင် အရင် ဆုံး ရှေ့ပြေး တယောက်က သွားပြီး အကောင်းဆုံး အိမ်သာ ကို ဦး ရပါတယ်... အဲဒီ အိမ်သာခန်း မှာ ရေတွေ ပုံးလိုက် လောင်းချ တံပျက်စီး တွေ နဲ့ လှည်းချ .. ဆေးတွေဖျန်း ပြီး မှ ဖေဖေ ကို တက်ခိုင်းရပါတယ်... အဲဒီ ကြမှ ကိစ္စ က အေးသွားပါတယ်...။
ဖေဖေက လိပ်ခေါင်း ပါ ဖြတ်မှာ ဆိုတော့ ဆေးရုံ ကို အတော် ကြာကြာ တက်လိုက်ရတယ်ဗျ... သူ့ ရဲ့ ဆေးမီးတို နဲ့ ကုထားတဲ့ ဝမ်းကိုက် ရောဂါ ကြီးပျောက်အောင် လည်း စောင့်ရတာကိုး... ကျနော်တို့ မှာ အိမ်သာ ဂျာဒူးဝါးလား အလုပ် ကို အတော်ကြာကြာ လုပ်လိုက်ရပါတယ်....။
ကျနော့် ဖေဖေ ဆေးရုံ တက်မှ ဘဲ ဆေးကျောင်း တက်ပြီး ဆရာဝန် မလုပ်မိတဲ့ ကိုယ့် ဘာသာ ကိုယ် တောင် နောင်တ ရမိပါရဲ့ ဒီလို ပစိပစပ်နိုင် လွန်းတဲ့ အဖေ တယောက် များ ဟောဒီလို ဆေးရုံ တက်ရမယ်မှန်း သိရင် သူ သိချင်တာ တွေ ပြောနိုင်အောင်လို့ ဆေးကျောင်း တက်လိုက်ပါရဲ့.လို့..၊ ဆရာဝန် လုပ်ချင်တဲ့ စိတ် လည်း တသက် တခါ အဲဒီ တကြိမ် ဘဲ ပေါ်မိ ပါတယ်ဗျာ...။
ဆရာဝန် တွေက ဆေးညွှန်း ပေးသွားရင် အေးအေး မသောက်ဘူးဗျ... အဲဒီ ဆေးတွေ ရဲ့အာနိသင် တွေ သိရမှ ဘာကြောင့် သောက်ရတယ် ဆိုတာ သိမှ side effect တွေ သိမှ အဲဒီဆေး တွေ သောက်မယ် တဲ့ဗျာ.... အခုခေတ်လို့ အင်တာနက် တွေ ဘာတွေ သုံး ရရင် တော့ တမျိုးပေါ့... စာအုပ်ထဲ ကြည့် ဘို့ ဆိုတာလည်း ချက်ခြင်း ဘယ်ရပါ့ မလည်း ကျနော့် မှာ ဒုက္ခတွေ ရောက်လို့ ဆရာဝန်တွေ မေးဘို့ ဆိုတာ လည်း အင်း .. သူတို့ လည်း သူတို့ အလုပ် နဲ့ သူတို့ ရှုတ်နေတာ မေးရဲ ပါဘူးဗျာ... ဖြစ်နိုင်ရင်.... သူတို့ မေးမဲ့ အစား.... ကျားမြီး ပြေးဆွဲ လိုက်ချင်ပါရဲ့....ကြောက်.... ကြောက်စရာ... ။
ဒါပေမဲ့ သူတို့ ထက် ဆိုးတဲ့ ကိုယ့် အဖေ ကလည်း ရှိနေတော့ ... ကျနော့် မှာ ရန်ကုန် မှာ ရှိတဲ့ ဆွေတော် မျိုးတော် ဆရာဝန် တွေစီ ဖုန်းဆက် မေးရတာ လည်း အလုပ် တခု ဗျ .... . နောက်တော့ ဖေဖေ သူငယ်ချင်း ဘိုးလှိုင် (ဒေါက်တာ တင်လှိုင်) က.. သူ့သား ဆရာဝန် ကို ခေါ်လာပြီး သူ သိချင်တာ တွေ အားလုံး ပုံပါဆွဲ ပြီး ကျကျ နန ရှင်းပြ... စာအုပ်တွေ ယူလာ...ဆေး တွေ အကြောင်းလည်း ရှင်းပြ ပြီး ... . ညနေတိုင်း လာမှ အေးသွား ပါ တယ်ဗျာ....။
အင်း ... ကျနော် တို့ သားအမိ တတွေ ရဲ့ ဂျာဒူးဝါးလား အလုပ်ကြီး ကတော့ မပြီးဆုံးသေးပါဘူး.. သူ အိမ်သာ တက်ရင် တယောက် က သန့်ရှင်းရေး လုပ် ပြီး အိမ်သာ ဦးထား..၊ တယောက်က ဖေဖေ့ ကို သွားခေါ်ပေါ့... ကျနော့် လည်း ဖေဖေ သမီး ဘဲ တအားရွံ တတ် ပါတယ် .. ဒါပေမဲ့ ကိုယ့် အဖေ ဖြစ်နေတော့ လုပ်ပေးရတော့ တာပေါ့ ...၊ အဲဒီလို လုပ်ရင်း ကိုင်ရင်း နဲ့ဘဲ ဆေးရုံက သန့်ရှင်းရေး ဝန်ထမ်းတွေ နဲ့ ခင်လာပါတယ်... အိမ်သာ ဆေးတာ လည်း သူတို့ ရှိရင် သူတို့ ကဘဲ လုပ်ပေးပါတယ်.. ဒါပေမဲ့ သူတို့ ခမျာလည်း မဗေဒါ ကတပင် ထဲ ဘဲအုပ်က တရာ နှစ်ရာ ဆိုတော့....။
တနေ့တော့ ဆေးဝယ် စရာရှိလို့ ဆေးဆိုင်သွားပြီး ဆေးဝယ်ပါတယ်... ဆေးဆိုင်မှာ သန့်ရှင်းရေး လုပ်တဲ့ မိန်းမကြီး နဲ့ တွေ့ပါတယ်... ၊ ရွှေစင်ဦး နဲ့ လုပ်ဖော်ကိုင်ဖက်ခြင်း ဆိုတော့ အားရဝမ်းသာ နှုတ်ဆက် ပါတယ်.. ဂျူတီ ပြီး ခဲ့ ပြီလားပေါ့... ကျနော် ကလည်း ပြီးသေးဘူး ခဏ ထွက်လာတာ ဆေးဝယ်စရာ ရှိလို့ ဆိုပြီး ပြောကြ ဆို ကြတာ ပေါ့ ဗျာ....။
အမယ် ကျနော် တို့ ပြောဆို နေကြတာကို ဆေးဆိုင် က အကိုကြီး က စိတ်ဝင်စားတယ်ဗျ... ညီမ က ဘာဂျူတီလည်း တဲ့ ကျနော် လည်း ရုတ်တရက် ဆိုတော့ .. ဘာပြောရမှန်း မသိဘဲ ... ခဏနေမှ အိမ်သာဆေး တဲ့ ဂျူတီ လေ... လို့ ပြော လိုက်တယ်.. အကိုကြီး က မဲ့သွားတယ်ဗျ... ဘယ်ရုံ မှာလည်း တဲ့ ကျနော်လည်း ခွဲစိတ်ရုံ ( ) မှာ လို့ ပြောလိုက် တယ်.... ၊။
သြ... လူ တွေ ... လူတွေ ရွှေစင်ဦး ကို အိမ်သာ ဆေးတဲ့ ကောင်မလေး လို့လည်း ထင်သွားရောဗျာ အချိုး ကို ပြောင်းသွား တာဘဲ.... ဟင်း ....ဂျာဒူးဝါလား မှာလည်း အသဲ နဲ့ ပါဘဲဗျာ (အား .. ဘာမှလည်း မဆိုင်ဘူး) ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
18 comments:
ချို့ဆရာဝန်တွေကတော့သဘောကောင်းကြပါတယ်။
တစ်ချို့များကြတော့လည်း...ပိုက်ပိုက်ရှိမှ..
အသိုင်းအ၀ိုင်းတောင့်မှ..ဆရာဝန်..ဆရာမတွေက
ဒီလူနာ..လူနာဧည့်သည်ဘယ်နှစ်ယောက်လာလဲ။
ဒါအရင်ကြည့်တာ.ပိုက်ပိုက်ရှိရင်အသိုင်းအ၀ိုင်းတောင့်ရင်..ပြာယာကိုခတ်နေတာပဲ။
ဟုတ်ပနှော်..ဂျာဒူးဝါလား..မှာလည်းအသဲနှင့်ဟာကို
အဲဒီလူကြီးကိုကောက်ထုခဲ့ပါလား..မမရွှေစင်ရာ..
ဟဟဟ...
ခင်တဲ့
ခိုင်နုငယ်
ဂျာဒူးဝါလာဝါလား..အမကြီးဟီးး
အမရေးလို့..
ဖေဖေ့ကိုတောင်သတိရ..ဆေးရုံဆိုတာ အဲ့လောက်တောင်ညစ်ပတ်သလား.. ကျနော် ဆေးရုံဆိုတာကို ကားမှောက်တုန်းကပဲ ရောက်ဖူးတာ.. ငယ်ငယ်ကတော့ အဒေါ်တက်ဖူးပေမဲ့ ဆေးရုံဆိုတာ ကလးမလိုက်ရဘူးဆိုလို မရောက်ဖူးဘူး။ ကြီးလာတော့တက်လဲ နားနှာခေါင်းလည်ချောင်း..သန့်တယ်ဆိုလားပဲ အိမ်သာတော့ရောက်ဖူးဘူး..ကျနော်လည်းရွံတတ်လို့။
ဖေဖေ တက်တော့ အပြင်ဆေးခန်းတွေပဲဆိုတော့.. သေချာသိဘူး။ ၏ါပေမဲ့ ကျနော် ဆေးရုံမှာညာပီး ၂ည သွားတက်တုန်းကတော့ အိမ်သာ သိပ်မညစ်ပတ်ပါဘူး။ သန့်တယ်လို့ထင်ပါတယ်။ ဆေးရုံ ဝေါ့ဒ်မတူတာဖြစ်မယ်ထင်တယ်။ ကျနော်တက်တုန်းက ရန်ကုန်ဆေးရုံကြီးက အသေးစားခွဲစိတ်ပြုပြင်အစားထိုးကုသဆောင် မို့လို့ထင်ပါရဲ့။
မြတ်နိုး
ဆေးဆိုင်က အစ်ကိုကြီးက မရွှေစင်ကို စိတ်ဝင်စားလို့မေးတာဖြစ်မယ်.. .
သန့်ရှင်းရေးဂျူတီလို့သာ မဖြေခဲ့ရင် အခြေအနေတစ်မျိုး ဖြစ်သွားနိုင်တယ်.း)
အဲဒီလို အဖေ ကျနော့်မှာလည်း တစ်ယောက်ရှိသဗျ။
( နောက်ထပ် တစ်ယောက်က နောက်တစ်ပုံစံလို့ မဆိုလိုပါ။ ဒီတစ်ယောက်ပဲ ရှိတာပါ။ )
၉၉ တုန်းက ကားတိုက်ခံရလို့ ဦးနှောက်နဲ့ အာရုံကြောမှာ ၂ လနီးပါးလောက် တတ်ရတယ်လေ။
အဲ . . ရောရော နှောနှောမှာ ဆိုရင်တော့ အမတို့ ပြောသလို ခြတောင်ပို့တွေနဲ့ပေါ့။ ရောက်ပြီး ၂ ရက်ပဲ ကြာတယ်။ အထူးခန်း ဆိုတဲ့ ပိုက်ပိုက်နဲ့ အခန်းကိုလည်း ပြောင်းရော အဲယားမွန်. .အဲလေ . .အဲယားကွန်းတွေ ဘာတွေနဲ့ဂျ။ ဒီတော့လည်း အိမ်သာက သန့်နေတာပါပဲ။
ကျနော့်အဖေများ ရစ်ချက်ဗျာ။ ဆရာရယ် ဒီဆေး မပေးရဘူး။ မော်ဖင်းထိုးရတယ်တို့...၊ နျူထရိုပင်းကို ၂၀၀ မီလီထက် ပို့မသွင်းရဘူးတို့..။
စုံနေတာပဲဗျာ။ ဆရာဝန်ကြီးတွေက အုပ်လိုက်တွေကြောင့်သာ သည်းခံနေတာ ဖြစ်မယ်။ ဟီးဟီး ရယ်လို့..။ ၉၉ ကတောင်မှ တစ်နေ့ကို ၇ သောင်းနဲ့ တစ်ပုံးကြားထဲလောက်ကို ဆေးဖိုးကလည်း ကုန်တယ် အမရေ။ အသက်ကို လုရတာ ဆိုတော့လည်း ဒီလိုပဲပေါ့။ အဲဒီတုန်းကတော့ ကိုဇော်ကတော့ ဆရာဝန် တပိုင်းပဲဗျို့။ တစ်နေ့ကို ၂ နာရီ တစ်ခါဆေး ၃ မျိုး သွင်းရတော့ တစ်ခါတစ်လေ တပ်ထားတဲ့ အပ်ပြုတ်ထွက်သွားရင် ကျနော်ပဲ အကြောထဲ ထိုးပေးရတာ ဆိုတော့ ကျွမ်းကျင်နေတာပေါ့။ Male Nurse လိုရင် ခေါ်ဗျို့..။
အလွမ်းဇာတ်လမ်းလေးပါလား မရွှေစင် :)
စူးနွယ်လေး
တဖက်ကတွေးရင်တော့ မိဘကို တော်တော်ချစ် ပြီး ပြုစုပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။
ကျွန်တော်တော့ နှလုံးမကောင်းတာလားတော့ မသိဘူး ရွံစရာ မြင်ဖို့ နေနေသာသာ တွေးမိရင်တောင် ပျို့တက်လာ ပြီး နေမထိ ထိုင်မသာ ဖြစ်နေတော့တာပဲ။ လူပင်ပန်းရတယ်။
ဆေးရုံကြီးအပြင် လမ်းသုံးဆယ်ဘက်လည်း ခြေဆန့်ခဲ့တာကိုး၊ စုံပါပေတယ်၊
အခုလိုမျိုး အမရွှေစင်လက်ရာစစ်စစ် အပ်ပ်ဒိတ်တ်တွေ ဖတ်ရတာကမှ တကယ်လန်းတာ။ အဲဒီလိုလေးတွေ ဖတ်ချင်နေတာ။ အမကလဲ ရေးစရာတွေ အများကြီးရှိရဲ့သားနဲ့။ အဲဒီလို အတွေ့အကြုံတွေ နှစ်ရက်တစ်ခါလောက် တင်ရင် ပြီးရော။ လတ်လတ်ဆတ်ဆတ်ကလေးတွေလေ။
အမက အတော်အလုပ်စုံခဲ့တာကိုး။ ဂျာဒူးဝါးလားဆိုလို့ဘာများလဲလို့။ အဲဒီအလုပ်ကြီးဖြစ်နေတာကိုး။
ဒီမှာ ဆိုင်တစ်ဆိုင်ရှိတယ်။ ဒေလီဝါးလားတဲ့။ ကုလားဆိုင်လေ။ အဓိပ္ပါယ်ကတော့ ဒေလီသားတဲ့။ ၀ါးလားဆိုတာ သား တဲ့။ ဂျင်ဂလိဝါးလားဆိုတာ ကြားဖူးသေးတယ်။ Jungle ကို ကုလားလို ဂျင်ဂလိလို့ ထွက်တာဆိုလားဘဲ။ ဂျင်ဂလိနှင့်ဝါးလားနှင့်ပေါင်းလိုက်တော့ တောသားတဲ့ဗျား။ ကျနော်လဲ တုံးဖလားဝါးလား လေ။ သိတယ်ဟုတ်။ အမကလဲ မန်းဝါးလားပေါ့။ ဟာ ဟ။ ဘာမှ မဆိုင်ဘူး ၀ါးလားကိုမြင်လို့ လျောက်ရေးလိုက်တာ။
ကျနော်လဲ အဲဒီလို ပုံ ပုံတွေကို မြင်ရင် အလွန့်အလွန် ဗိုမစ်ချင်ပါဘိ။ ဗဲရီးဆင်ဇေးတစ်ဗ် လေ။
ပျော်ရွှင်ပါစေ အမ။
အမာရွတ်နဲ့ အမကြီး..
အမတ်လောင်းကြီး အရောက်နောက်ကျသွားတယ်.. မအားလို့..။
ဖတ်လို့ကောင်းတယ်အမ.. အချက်အလက် အသစ်တွေ သိရတာပေါ့...။
အဖေနဲ့ မိသားစုကို စနစ်တခုနဲ့ စပ်ဆက်လိုက်တယ်လို့ ယူဆမိတာကြောင့် အမတ်လောင်း အကြိုက်ပေါ့..။ အင်မတန်ကောင်း.. ဟု ကောင်းချီးပေးချင်ပါသေး၏..။ မောလို့ တိုတိုပဲရေးတော့မည် အမရေ.........။
မဗေဒါ (၈၈)
မရွှေစင်ဦး က ဂျာဒူးဝါးလား အလုပ်လဲ ဂုဏ်ရှိပါတယ်ဗျာ :) ကိုယ့် အဖေ အတွက်ပဲဟာ ဟုတ်ဖူးလား။
နောက်ဂျာဒူးဝါးလား လိုယင် ပြောမယ်ဗျို့ .....:D
ခင်တဲ့
မောင်မောင်
ဟိုနားက ဂျာဒူးဝါလာဝါလား..အမကြီး
ဂျူတီချိန်ဘယ်တော့လဲဗျ ဟီးးး)))
ပြီးတဲ့အချိန် ပြောပါ။ ဒီကဂျာဒူးဝါလာဝါလားနဲ့ အတူတူ မုန့်မုန့်စားရအောင်..
ရွှေစင်ဦး ဥပဓိရုပ်က ဒီလောက်မချူချာပါဘူး..အပြောကောင်းလို့ ယုံသွားတာဖြစ်မှာ..
မမရွှေစင်....
ဟဲဟဲ....ဒီနေ့ရော ဘာဂျူတီလဲ :D
ငါ့အစ်မ အဖေ့အတွက် ဒီလိုမျိုးလုပ်ကိုင်ပေးခဲ့တာ ကုသိုလ်တွေအများကြီးရမှာပါ။
ဟုတ်ပ....ဒင်းမို့လို့ ငါ့အစ်မကိုများ ဂျာဒူးဝါလားလို့ယုံရက်တယ်။ နာတော့မယ်....:))
ချစ်ညီမလေး
ဂျာဒူးဝါးလား မမရွှေစင်
ဟေလားဝါးလား နဲ့ဖတ်သွားတယ် ဆေးဆိုင်က အားကိုကြီး မကောင်းဘူးနော်
တော်သေးတယ် အမရွှေစင်လို အဖေမျိုး မရှိတာ
ချစ်ညီမ
တယ်ဟုတ်ပါလား ဆရာမရဲ့
ဆရာမ က အတွေ့အကြုံ တော်တော် စုံတာပဲ..
ဆရာမ မှာ ရေးစရာ ပေါရဲ့ သားနဲ့ own tune တွေ သိပ်မရေးတော့ စောင့်ဖတ်ရတာ မောပါ့ ဆရာမရယ်..
ဂျာဒူးဝါလား ဆိုပေမယ့် အဖေ့အတွက်ပဲ
ကျေးဇူးဆပ်ရာ ရောက်ပါတယ် ..
ခင်မင်လေးစားစွာဖြင့်
မရွှေစင် ပြောတဲ့အရာတွေလည်းမှန်ပါတယ်..ဆေးရုံမှာဒီလိုဘဲဆိုတာ...ကျွန်တော့်အမေသည်းခြေအိတ်ကျောက့်တည်လို
မန်းဒလေးဆေးရုံကြီးမှာတက်ခွဲတုန်းကတော့ တော်တော်ပြောင်းလဲတာတွေ့ ရပါတယ်၊၊ ၀ဒ်တစ်ခုလုံးကို
တစ်နေ့ နှစ်ကြိမ် ဆေးဖြန်းကြမ်းတိုက်ပါတယ်၊၊အိမ်သာ
တွေကိုလည်းကျကျနနဆေးထားကြပါတယ်၊၊အနံအသက်
မရှိသလောက်ပါဘဲ၊၊မေမေကပိုက်ဆံခန်းမှာမနေချင်ဘူး
သာမာန်ဝဒ်ထဲမှာဘဲနေမယ်ဆိုလို့ ကျွန်တော်တောင်ပြောမိ ပါသေးတယ်၊၊ မကောင်းလောက်ဖူးလို့ ၊၊ဒါပေမဲ့  အဲဒီတုန်းကတော့တော်တော်လေး ပြောင်းလဲတာတွေ့ ခဲ့ ရဘူးပါတယ်၊၊ အခုတော့ဘယ်လိုဖြစ်နေမလည်းမသိတော့ဘူးလေ၊။လွန်ခဲ့ တဲ့ လေးငါးနှစ်လောက်ပါ၊၊
ဟားဟား....ဖြစ်ရမယ်...
ဂျာဒူးဝါးလား ပေမယ့် ကိုယ့်အဖေ အတွက်ဆိုတော့
ကုသိုလ်ရပါတယ်လေ..။
အစ်မရေ
အခုမှရောက်ဖြစ်တယ်။
ဒီလိုပို့စ်တွေကြိုက်တယ်။ အစ်မရဲ့ ကိုယ်တိုင်ရေးတွေကို (တကယ့်ကို တခါတလေမှ နော်... ဟင်း ..)အသစ်ထွက်လာတိုင်း ဖတ်ရတာ အရသာတစ်မျိုး။
အစ်မအဖေ က ဂဂျီဂဂျောင်လို့ထင်ရပေမယ့် စေ့စပ်တယ်နော်။ ကိုယ်သောက်မယ့်ဆေးကို သေချာသိအောင်လုပ်ပြီးမှ သောက်တယ်။
အစ်မရဲ့ ဆေးဆိုင်ပိုင်ရှင်မဖြစ်လိုက်ရတဲ့ ချစ်ဇတ်လမ်းက အသည်းကွဲဇတ်လမ်းပေမယ့် ရီရတယ်။ ဟားဟားဟား။
မေ့နေလို့အမရေ ၊ ကျွန်မလည်း ဂျူတီဝင်လိုက်ဦးမယ်။ ဂျာဒူးဝါးလား ပါပဲ။ မိသားစု ၃ယောက်စာအိမ်မှာလေ။
ခင်မင်လျှက်
Post a Comment