ဒီနေ့တော့ အတိတ် အကြောင်းတွေ ပြန်စဉ်းစား မိလို့ စာလေး နဲနဲလေး ရေးချင်လာပြန်တယ်...၊ ကျနော် တို့ အိမ်ထောင်ကျ တော့ ချစ်ချစ်ကြီးက ဝယ်ရောင်း ပွဲစား လုပ်တယ်..၊ ဆိုင်ကယ်.. ကား... မြေ အစုံပေါ့... မြေတော့ သူက သိပ်နားမလည် ဘူး အဓိက က ကား ဆိုင်ကယ် ပေါ့...။
အမယ် သူတို့ ပွဲစားလောက ကလည်း ပွဲစား လုပ်လို့ ပွဲစား လို့ ပြောရင် မကြိုက်ဘူး ... အဆင့် တွေက ခွဲထားတာ အများကြီး.. ဝယ်ရောင်းတဲ့... အဲဒီ ဝယ်ရောင်း မှာမှ ဆိုင်ကယ် ဝယ်ရောင်း ကားဝယ်ရောင်း တဲ့... ဝယ်ရောင်း သမားတွေ ကို ပွဲစား သွားခေါ်ရင် မကြိုက်ဘူး... ဖိတ်စာ တွေ ဘာတွေ ဖိတ်တဲ့ အခါလည်း ဝယ်ရောင်း ... ပွဲစား ကား ဆိုင်ကယ် ဆိုတာ အဆင့် ခွဲပြီး သေချာရေးကြတာ...။
အိမ်က ချစ်ချစ်ကြီး ကတော့ အရင်း ရှိရင် ဝယ်ရောင်း ပွဲစား ပေါ့ .. မရှိရင် ပွဲစားပေါ့... အဲဒီ လို လုပ်ကိုင် စားသောက် နေရချိန်မှာ ကြုံရင် ကြုံသလို ကား ဆိုင်ကယ် ပညာတွေကို ကျနော့်ကို သင်ပေးပါတယ်...၊ အဲဒီ အချိန်က မြန်မာပြည်မှာ ဂျပန် လုပ် ရွှေရောင် ဇီးရောင် အစိမ်းပုတ်ရောင် (dark green) အစိမ်းရွှင် ဆိုင်ကယ် များ ခေတ်စားပါတယ်... နောက်တခါ မီးသီး အဝိုင်းလေး တွေ နဲ့ ဆိုင်ကယ် တွေ နောက် ပုံသွက်သွက် လေးတွေ နဲ့ ယိုးဒယား ဆိုင်ကယ် များပေါ့.....တရုပ် ဆိုင်ကယ် ကတော့ လုံးဝ မရှိသေးပါဘူး...။
ကားကတော့ စူပါစလွန်း တဲ့.. နောက် စင်ကာပူ ကားလေးတွေ အဲဒါကို ပူပူလေး တွေဆိုလားခေါ်တယ် .. နောက် ဆန်နီ... ဗင်ကားများ (ရှေ့ဆွဲ .. နောက်ဆွဲ) အရောင်းအဝယ် တော်တော်ဖြစ်တဲ့ အချိန်ပါ...။
အဲဒီလို ဆိုင်ကယ်တွေ ကားတွေ အရောင်းအဝယ် လုပ်တဲ့ အချိန်မှာ အော်ရီဂျင်နယ် ပစ္စည်း က အရေးကြီး ပါတယ်.. အော် ဆိုရင် လူကြိုက်တာပေါ့ဗျာ... ဆေးကလည်း အော် ဘဲ မီးခွက် တွေ မှန်တွေ က လည်း အော်ဘဲ.. နောက်ဆေး မသုပ် ထားဘူး ပစ္စည်း မှန်တယ်ပေါ့... အဲလို အော် နဲ့ စကားပြောကြတယ်... ကား ဆိုရင်လည်း နောက်ဆေး ပါ.. မပါ ခေါက်လိုက်ကြတာဗျာ .. တကားလုံး နေရာ မလပ်စေရဘူး .... လူဆိုရင် ဘုတောင် ထွက် ရောမယ်..... ။
အင်း ရွှေစင်ဦး အကြောင်းတော့ သိတယ် မဟုတ်လား .. ရွှေစင်ဦး ဟာ အဲဒီလို စက်ပစ္စည်း တွေ ဘယ် စိတ်ဝင်စား ပါ့မလည်း ... ဒါပေမဲ့ လည်း ပွဲစားမိန်းမ ဆိုတာ လည်း ရတဲ့ ပိုက်ပိုက် ကြီး ယူလို့ရတာ မဟုတ်ဘူး ... သူ ပြောတာ လည်း နားထောင်ရသေးတာ... စိတ်မဝင်စားပေမဲ့လည်း အင်း အင်း .. သြ ဟုတ်လား .... အဲ အဲ ပေါ့ ... အဲလို .. အဲလို တွေ နားထောင်ပြီး မှ ပိုက်ပိုက် က ယူလို့ ကောင်းတာ... ။
နောက်တခါ သူ ကိုင် တဲ့ (ဝယ် ထားတဲ့ ) ကား တို့ ဆိုင်ကယ် တို့ ဆိုရင်လည်း ... သူ ပြင်ဆင် နေတာ ကို ပြရင် ကြည့်ရသေးတာ... တခါ တလေ ဆိုရင် ဟေ့ ဒီမှာ ကြည့်စမ်း နောက်ဆေး ပါတယ် ဆိုရင် သြ ဟုတ်သားဘဲ ပါတယ် ပေါ့.. ၊ နောက်ဆေး ပါတဲ့ နားလေး ခေါက်ကြည့်.... မပါတဲ့ နားလေး ခေါက်ကြည့် .. အသံ ကွဲတယ် တွေ့လား.... မျက်စေ့ နဲ့ ကြည့် ရင် မသိသာဘူး .... တကယ် တော့ ကိုယ့် စိတ်ထဲ အသံနားထောင် လည်း အတူတူ ... ကြည့်လည်း အတူတူ ဘဲ... ဟေ့ ဒီ ကား ရှေ့မီးခွက်လေး ကြည့် စမ်း အော်ခွက် လေးတွေ ကို ဖြတ်ဆက်လုပ်ထားတာ မောင် တောင် မနဲ ကြည့်ယူရတယ်ဆိုရင် ... သြ.. ဟုတ်ပ ချစ် ဆိုရင် ဘယ်လိုမှ သိမှာ မဟုတ်ဘူး ဆိုပြီး ကျေနပ်အောင် အဲလို အဲလို တွေ ဖောပေးရတယ်....။
ရွှေစင်ဦး အဖော ကောင်းလွန်းလို့ ချစ်ချစ်ကြီး က ရွှေစင်ဦး တော့ တော်တော် တတ်နေပြီ ဆိုပြီး တခါတော့ သူလုံးဝ မအားလို့ အလုပ်တခု လုပ်ခိုင်းပါတယ်ဗျာ....၊ ကျနော်လည်း အစောပိုင်း ကတော့ ဒီအလုပ် ကို ကိုယ် ဒီလို လုပ်ရမယ် လည်း မထင်တော့ သူပြောသမျှ နားထောင် ပြသမျှ ကြည့်ထားတာဘဲ ရှိပါတယ်.. ပြောကြေး ဆို ဘယ် တတ်ပါ့မလည်း....။
အဲဒီနေ့ကတော့ ချစ်ချစ်ကြီးက သူလုံးဝ မအားဘူး သေချာတဲ့ အလုပ်ကြီး တွေ ရှိတယ်ပေါ့ .. မင်း သွားလိုက်တဲ့... သူတို့က ဆိုင်ကယ် အလဲအထပ် လုပ်မှာ ဘဲ တဲ့ ... မင်း အလုပ်က သူတို့ ပေးတဲ့ ဈေးလေး ညှိပေးရင် ရပြီတဲ့... ဘာမှ မလိုဘူးတဲ့..... ၊ နောက်ပြီး တယောက်က မိန်းခလေး ပါ တယ် .. မကြောင်ပါဘူး တဲ့.. အကူအညီ တောင်းထားလို့ ပါ... မောင် လည်း ဆိုင်ကယ် ကို ကြည့်ပြီးသား ပါ သင့် ပါတယ် .. ဈေးလေး သာ မင်း က အဆင်ပြေအောင် ညှိပေးလိုက် ဆိုတော့... အင်း ငါ လည်း သိတ် လုပ်စရာ မလိုဘူးလေ .. သွားလိုက်ပါမယ် ဆိုပြီး သူတို့ ချိန်းထားတဲ့ လဘက်ရည် ဆိုင် ကို သွားလိုက်ပါတယ်... ။
အင်း.. ဟိုရောက်တော့ အလဲအထပ် လုပ်မဲ့ ဆိုင်ကယ် ၂စီး ကို ခေါင်းခြင်းယှဉ်ထိုး ထားပြီး ကြည့်လိုက်ကြတာ ဗျာ... တယောက် ကလည်း ဒါက နောက်ဆေး ပါတယ်နော်တဲ့ .. တယောက် ကလည်း နဲနဲပါ .. ခင်ဗျား ဆိုင်ကယ် ကမှ နောက်မာရကပ် တခုလုံး နောက်ဆေး ချည့်ဘဲ ... အမယ် အမယ် ပြောရင်း ပြောရင်း နဲ့ ပွဲက အလဲအထပ် ပွဲစဉ် ကနေ နောက်ဆေး အော်ဆေး ပွဲစဉ် ဖြစ်လာတယ်ဗျ.... ။
ကျနော် လည်း ကိုယ် က ဘာမှ မတတ်တော့ သူတို့ အော် ရင် အော် လိုက် ပေါ့... သူတို့ မအော် ရင်လည်း မအော် တော့ဘူးပေါ့..... အမှန်တော့ ဝါရင့် ပွဲစားဆိုရင် အဲဒါတွေ အပြောမခံဘူး ဗျ... ဒါတွေ က တော့ အနဲ အများ ပါကြမှာဘဲ .. ကြိုက်ရင် ဈေးပေးလိုက်ကြပေါ့ ... အဲလို ညှိပေးရမှာ... သြ.. ကျနော်လည်း ပြောရင်း နဲ့ မေ့မလို့ ဇီးရောင် ဆိုင်ကယ်နဲ့ dark green ဆိုင်ကယ် ပါ.. ဇီးရောင် က အလိုက်ပေးရမှာပေါ့ အဲဒါ ကို ကျနော် ကဈေးညှိ ပေးရမှာ... ။
အခုတော့ ဗျာ... ကျနော် ကလည်း ကြားထဲက မတတ် ဆိုတော့ သူတို့ ဘဲ ရှေးက နွားပွဲစားများလို သွားမပါ လို့ ဖြဲမကြည့် ရုံ တမယ် ဘဲ ဟိုလို ဒီလို ကြည့်ကြ ငြင်းကြ စီးကြည့် ကြ နဲ့ လုပ်နေကြတာ... ကျနော် လည်း သူတို့ နား သွားလိုက် အင်း အဲ လုပ်လိုက်... ရေနွေးလေး သောက်လိုက် နဲ့ ကြာတော့လည်း ပျင်းလာတယ်...။
အဲဒီ အချိန်မှာ ဇီးရောင် ဆိုင်ကယ် အမျိုးသမီး က အမ ရေ ဈေးတော့ ကြည့် ညှိပေးအုန်း .. သူ့ဆိုင်ကယ် က dark green လို့သာ ပြောတာ ဟွန်းကလည်း မအော်ဘူးတဲ့ (အော် မဟုတ်ဘူး ကိုပြောတာ) ..၊ အင်း ကျနော်လည်း ဟွန်း အော် ဟုတ် မဟုတ် ထိတော့ ဘယ်သိ ပါ့မလည်း.... နားစွန်နားဖျား နဲ့ ဟွန်း မအော် တာတော့ လွယ်ပါတယ် .. ပြင်လို့ ရမှာပါလို့ ပြောရင်း ... ဆိုင်ကယ် နား ထသွားပြီး ဟွန်းလေး အသကုန် နှိုပ်လိုက်တယ်.. အသံများ ပြန်ထွက်လာနိုးပေါ့ ကိုယ် လုပ်တတ် တာလေး လေ.. အမလေး ဗျာ.. ဟွန်းက လည်း အော် တာ.. လူကိုလန့်သွားတာဘဲ...။
အင်း နောက်မှ သိတယ် ဟွန်း မှာလည်း အော်ရီဂျင်နယ် ဟွန်း ယိုးဒယားဟွန်း အမျိုးမျိုး ရှိသေး တာတဲ့....။
အင်း dark green လိုချင်တဲ့ အမျိုးသမီး ကလည်း ပြုံးစေ့စေ့ နဲ့ ... ကဲ..ကဲ.. ဈေးသာ ကြည့်ညှိပေးတော့ အမရယ် ဆိုတော့ .. ဟိုလိုပြော ဒီလိုပြောနဲ့ အင်း အလဲအထပ် တော့ တည့်သွားပါတယ်ဗျာ.... ၊ နောက်တော့ ချစ်ချစ်ကြီး လည်း ဘယ်တော့ မှ မခိုင်း တော့ ပါဘူး... ဒီတခါ ဆို တခါ ပါဘဲ....။
ကဲ.. မြန်မာပြည် ပြန်ရောက်လို့ ကားလေး ဆိုင်ကယ်လေး ဝယ်ချင်သူ ရှိရင်တော့ ရွှေစင်ဦး လေးသာ အားကိုး လိုက် ကြပါဗျာ.... ကိုယ့် ဘလော့ဂါ တွေ အတွက် ဆို ဘာလုပ်ပေးရ ပေးရ....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
31 comments:
အမေရႊစင္က အဲဒီလုိ ပြဲစားပညာလဲ တတ္ထားသကုိး။
နောက်ကို ပစ္စည်းဝယ်ခါနီးရင် အမဆီလာပြီး အော် ဟုတ်မဟုတ် စစ်ဆေးပေးဖို့ အကူအညီတောင်းရဦးမယ်။းဝ)
ရပါတယ်ဗျာ နိုင်ငံခြားပြန် သူကြီးမင်း ကို ရှယ်ကားဝယ် ပေးပါမယ်
အမ စိတ်ဝင်စားမယ့် ကားတစ်စီးအကြောင်း မကြားခင်
ကျနော် ရေးပြပါ့မယ်၊ အခုတော့ ဘောပွဲထဲ စိတ်ရောက်
နေလို့ ...း)
ဧပရယ်လ်ပူး@ပူးတေ said...
မမ ပူးတေကို Parado အော်တစီးလောက် ရှာပေးပါဦး... ထီပေါက်ရင် တခါထဲ ငွေအပြတ် ချေမှာ...မမ အော်မှ ဖြစ်မယ်နော်... ဟိ ဟိ :D
စူးနွယ်လေး said...
ဝယ်ရောင်းပွဲကတော်ကြီး ဒေါ်ဒေါ်ရွှေစင် ပေါ့နော် :)
စူးနွယ်လေး said...
ဟင်းချက်ထားတယ် လာစားဦးလို့ ပွဲကတော်ကြီးကို နောက်တခေါက် ပြန်လာဖိတ်တယ်ဗျို့ :)
Anonymous said...
အော်တော့ အော် ပါဗျာ ပွဲကတော်တို့ အချင်းချင်းတော့ မအော်ကြပါနဲ့ ဆတ်ကြီးတကောင်လောက် ကြည့်ထားအုံးနော သိန်းတစ်ထောင် ၂ခါပြန်လောက်ပေါက်ရင်ဝယ်ရအောင်လို့ ချစ်ညီမ Seesein
ahphyulay said...
လူတန်းစား တရပ် ဖြစ်နေပြီ ၊ ပွဲစား ယဉ်ကျေးမှု လို့  ပြောရင်လဲ ရ မယ်ထင်ပါတယ်။ စာ တွေ ကို ဖတ် နေကြ တာ လေ ၊ ထုပ်လိုက်တဲ့  ကုမဏ္ဏီ ကတောင် သူ့  ကားတွေ ဆိုင်ကယ်တွေ ကို ဒီလောက် စုံအောင် သိ မှာမဟုတ်၊ ရန်ကုန်မှာ ပို များမယ်ထင်..၊ အင်း.. လိုအပ်နေလို့  ပေါ် ပေါက်နေတာ ဖြစ်မှာပါ ၊ ရအောင်သင်ထားဗျို့ ၊ ပြန်လာရင် ကျွန်တော်လည်း ဒါပဲ လုပ်ရင် ကောင်းမလား မသိ ..။
ဟားဟား မရွှေစင် သိပ်ရေးတတ်တာပဲ။
ဖောကောင်းမှန်းသိပါတယ်။ ကျမတို့များ မရွှေစင်လေကြောမှာ မျောလို့ ... ဟဲဟဲ နောက်တာနော် ... အဲဒါ ဖောကောင်းလို့ မဟုတ်ပါဘူး။ စာရေးကောင်းတာပါ။
ကျမကိုလဲ အော်တဲ့ဟာ တစီးလောက်ရှာပေးပါအုံး၊ နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် စီးလို့ရ ပြီးတာပဲ။ အော်တော့ အော်ရမယ်နော်။ :P
အမာရွတ်နဲ့ ပွဲစားအမကြီး
ခပ်လန်းလန်းလေးတွေလည်း လုပ်တက်ကိုင်တက်ဆိုတော့ အားကိုးရမယ်ထင်တယ်..။ စိန်ဗေဒါကတော့ ပြန်လာရင် ဘာမှဝယ်နိုင်မှ မဟုတ်လို့ ဒီကိစ္စအတွက်နဲ့တော့ လာတော့ဘူး.. ထမင်းဟင်းပဲ အလကား လာစားချင်တယ်.. ဗိုက်ကိစ္စလာဖြည့်မဲ့သဘောပေါ့..။ ကျွေးမယ်လို့ထင်တာပဲ.. ချက်တက်ပြုတ်တက် ဆိုတော့..။
မဗေဒါ
ဂျီးတော်က အလာကြီးပဲ ရွှေမင်းသား မန်းလေးဆိုပြီး ဆိုင်းဘုတ်တတ်လိုက်တော့လေ။ မအယ်ကိုလည်း အိမ်တလုံးလောက် ရှာပေးစမ်းပါ။ လပေး ချေမယ်လေ။
မအယ်
ဟားဟားးးအစ်မကတော့ဖြစ်ရမယ်...တခါဆို တခါပါပဲ..
ဟိဟိ
အစ်မပွဲစားလုပ်တာတော်တယ်
ဆိုင်ကယ်တွေပို့လိုက်မယ်လေ..
အစ်မက ပွဲတိုက်ပေးနော်..
တစ်ယောက်တစ်ဝက်ပေါ့ မကောင်းဘူးလား..
ဝါသနာပါရင်အကြောင်းပြန်နော်..း)
ဟွန်း မအော်တာကို “အော်” အောင်လုပ်တတ်တဲ့ ပွဲစားဘဲ...။
- ဧရာ
အော်. . ဆိုတာ ဂလိုကိုး။
တိပီ တိပီ တိပါပီ။
ကျနော်လည်း ကားပွဲစားလုပ်ဖူးတယ်ဗျ။ ကြုံရင် စာတစ်ပုဒ်ရေးဦးမယ်။ အခုတော့ ဘောပွဲကြည့်ရဦးမယ်။
သြော်... အော်လောကကြီးကိုး
ဝယ်ရောင်း ပွဲစား ကတော်ကြီးရေ ...
ဂယ်လာမှာ နော် .. အော် လေး ရှာပေး ရမယ် .
ပွဲကတော်ကြီး ဒေါ်ရွှေစင်ဦး ဖြစ်သွားပြန်ပါရောလား :D
တတ်သည့်ပညာ မနေ သာပေါ့ မရွှေစင်ဦး ရေ
ခင်မင်တဲ့ 
မောင်မောင်
ဟွန်းကလွဲ၍ အကုန် အော် သောကား ရောင်းရန်ရှိပါသည် ပွဲကတော်ကြီးခင်ဗျား..
တယ်ပညာစုံတဲ့ ငါ့အစ်မပါလား....ညီမလေးပြန်လာရင်လည်း ဘာဝယ်ချင် ၀ယ်ချင် အော်ဟုတ်မဟုတ် ငါ့အစ်မကို ကြည့်ပေးခိုင်းမှထင်တယ်။း)))
ချစ်ညီမလေး
အမရေ..ဒါမျိုးလည်းရတာပဲလား။။
ဒါဆိုရင်တော့...အပြန်ဆိုင်ကယ်လေးတစ်စီး
လောက်ဝယ်ချင်တာ..အမဆီလာမှထင်တယ်။
အနော်လည်း လိုချင်တယ် အစ်မရွှေစင်ကိုကပ်မှ ဟိဟိ
ကားတို့ ဆိုင်ကယ်တို့ လိုချင်ဖူး လူလူ ကောင်မလေး ချောချောလေး ဟိဟိး)
အော် က ရှားတယ်နော..
မမရွှေစင်..
လန်ခရူစာတစီးလောက်ကြည့်ပေးထားပါလားဟင်...။
အကောင်းဆုံးနော်မမ.......
ခင်တဲ့
ညီမသဒ္ဓါ
ပွဲကတော်ကြီး,,..ပွဲကတော်ကြီး...
ပွဲကတော်ကြီး....အမရွှေစင်..
:))
Myatnoe
ဆရာမရေ ပွဲစားလုပ်လို့ စာချုပ်ချု့ပ်၇င် ပြောနော် ဈေးလျှော့ပေးမယ် သူများထက်နှစ်ဆ အဟီး
ခင်တဲ့
ကိုကိုးအိမ်
ဟွန်းမအော်လို့ နှိပ်ကြည့်တာကို သဘောကျသွားကြောင်းပါ
ဆရာမခင်ဗျားးးးးးးး
ရိုသေလျက်
နတ်ဆိုးလေး
လင့်ပြောင်းချိတ်လိုက်ပါပြီအမရေ။
ပွဲစားဆိုပေမဲ့အထင်မသေးလိုက်ပါနဲ့၊
လည်လည်ပတ်ပတ်နဲ့အပြောအဆိုတတ်တာ
ကိုကအရည်အချင်းတစ်ခုပါဘဲ။
ဟုတ် မမ ရန်ကုန်မှာ စီးလို့ရလား..
ရရင် တစ်စီးလောက်ပါ မမရေ..
မရရင်တော့ နယ်ပြောင်းနေတော့မယ်..ဟီး.။
Dark green ဘဲခေါင်းစိမ်းတူတူမုတ်လား၊ ဘာပဲဖြစ်ဖြစ် ပွဲတည့်သွားတာ မင်္ဂလာပါ၊
Post a Comment