Thursday, July 1, 2010

ငယ်ဘဝများ (၁၈) အပိုင်း (၁)

အခု ကျနော် တို့မန္တလေးမြို့မှာ ဓါတ်ဆီ၊ ဒီဇယ်ဆီ တွေကို ဆီစာအုပ် မလိုဘဲ လိုသလောက် ဝယ်လို့ ရနေ ပါပြီဗျာ... ဒါပေမဲ့... ဒီဇယ် ကတော့ ကြိုက်သလောက် ဝယ်ရပေမဲ့ ဓါတ်ဆီကတော့ မရသေးပါဘူး.....၊ ဘာလို့ လည်းတော့ ကျနော် လည်း အတိအကျ မသိပါဘူး... ဓါတ်ဆီ ကားတစီး ကို ကြိုက်သလောက် ထုတ်မရဘဲ  ၆ ဂါလံ ဆိုလား ပေးတယ်တဲ့...။

နောက်ပြီး အပြင်မှာ ရောင်းနေတဲ့ ဆိုင်သေးလေး တွေက ဈေး နဲ့ လည်း နဲနဲ ကွာနေပါတယ်.. အဲဒီ အခါမှာ ကားတွေ တန်းစီပြီး ဆီ ထုတ် ရောင်းစားနေတာ တွေ့ပါတယ် .. ဆီဆိုင် တဆိုင်မှာ ကားတန်းက ၁မိုင် လောက်ရှည် မယ်ထင်တယ်... လေးဘီးကား တွေ လည်း ကားမမောင်းတော့ဘဲ... ဆီထုတ်ပြီး ရောင်းစားနေ ကြတယ် ... လေးဘီးဆရာ တယောက်မေးကြည့်တယ် .. တနေ့ကို ၃ခေါက် ၄ခေါက် တန်း လို့ ရတယ် ပြောတယ်... တခေါက် မှာ ၂ဝဝဝ မြတ်တယ်ပြောတယ်... သူဟာနဲ့သူတော့ ဟုတ်နေကြပါတယ်.... ကားမမောင်း တော့ဘဲ .... ဆီတိုးစားနေကြပါတယ် .....။

ကျနော် အပြင်ထွက်တော့ အဲဒီ ကားတန်းကြီး တွေ့တယ်... တဆိုင်တဆိုင် မှာ နဲတဲ့ ကားတန်း ကြီး မဟုတ်ပါဘူး... အဲဒါတွေ ကြည့်ပြီး ကျနော် တို့ငယ်ငယ်က ဆိုရှယ်လစ်ခေတ်မှာ သမဝါယမ စာအုပ် နဲ့ လူသုံး ပစ္စည်း တွေ ဝယ်ရတဲ့ အကြောင်း သတိရ သွားပါတယ်... အိမ်တအိမ်မှာ သမဝါယမ ကုန်ဝယ်စာအုပ် တအုပ် ရှိပါတယ်... တလ ကို လူဦးရေ အလိုက်  ဆန်ပေးတယ်.. ဆီပေးတယ်... တခါတရံ အပ်ချီလုံး အင်ကျီစ ပုဆိုးကြမ်း ရွှေဝါ ဆပ်ပြာ သကြား လိုမျိုး ပေးတယ်...တခါတလေ တော့ ထူးထူး ဆန်းဆန်း ခြင်ထောင်စ တို့ လေဒီယို တို့ မဲနှိုက် ရတယ်... တခါမှ တော့ ရဘူးတယ် မထင်ပါဘူး...။

ကဲပြောချင်တဲ့ အကြောင်း အရာ ကဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး.... သြ .. ကျနော် တို့ မိသားစု မှာ ဖေဖေ အကြောင်းတွေ ဘဲ အရေးများပြီး ကျနော့် မေမေ အကြောင်းကို သိပ်မရေးမိပါဘူး... မေမေ ဟာ အင်မတန် အေးချမ်း ပါတယ်... သားသမီး တွေကိုလည်း ဘယ်တော့ မှ မဆူမပူပါဘူး အမြဲတန်း ကြည်ကြည် လင်လင် နဲ့ မေမေ နဲ့ နေရတာ စိတ် ချမ်းသာဘို့ ကောင်းပါတယ်...။

ဒါပေမဲ့ ဖေဖေ နဲ့တော့ မတည့်ဘူး.. အဲဒါလည်း များသောအားဖြင့် တဘက်သတ်ပါ... မေမေ က ဖေဖေ ပြောတာတွေ ချက်ခြင်းတော့ ပြန်မပြောပါဘူး... နားလည်း မထောင်ဘူး... ဖေဖေ ဘာပြောပြော သူလုပ်ချင် ရင် လုပ်တာဘဲ ..... အဲဒီအခါ ပြသာနာ တွေက ဖြစ်ဖြစ် လာတယ် ... အိမ်မှာ အမြဲ စိုစိုပြေပြေပေါ့.... အဲဒီ အထဲက ကျနော် မှတ်မိတာလေးတွေ ရေးပြချင်ပါတယ်...။

ခုနက သမဝါယမ စာအုပ်နဲ့ ဆန်ထုတ်တဲ့ အကြောင်းကို ပြန်ဆက်ရရင် သမဝါယမ ဆန် က များသော အားဖြင့် မကောင်းပါဘူး ... စပါးလုံး တို့ ဆန်ကွဲတို့ ပါပါတယ်... အဲဒီ ဆန် သက်သက် ဆိုရင် စားမရပါဘူး .. ဆန်ကောင်း နဲ့ ရောပြီး စားရပါတယ်... ပိုက်ဆံရှိသူ တွေကတော့ ရောင်းပြီး အကောင်း ဘဲ ဝယ် စားကြ ပါတယ်... ကျနော်တို့ အိမ် ကတော့ ဆန် ကောင်း နဲ့ ရောစားပါတယ်... အဲဒီအခါ သမဝါယမ နဲ့ ဆက်ဆံ ရ တော့ တာပါဘဲ.. ။

ဆန်ထုတ်တဲ့ အခါ အရပ်ထဲ က ထုတ်ပေးနေကြ မိန်းမ တွေ ရှိပါတယ်...၊ သူတို့ ကို မုံဘိုး ပေးပြီး ထုတ်ခိုင်း ရတာပါ... ဆန် ထည့်ဘို့ အိပ် ဆိုတာ အဲဒီ အချိန်က ဂုံနီအိတ်ဘဲရှိတာပါ.. ဂုံနီအိတ်က လည်း ပေါပေါ မရှိဘူး.. ဆာလာအိတ် ဆိုတာလည်း မပေါ်သေးဘူး.. ။

ဂုံနီ အိတ် ဆိုတာလည်း ကျနော် တို့ အိမ်မှာ တော်တော် တန်ဘိုး ရှိပါတယ်... အိမ်မှာ မွေးထားတဲ့ ကြောင်တွေ ခွေးတွေ အိပ်ဘို့ ကျနော် တို့ ကစားရင် အောက်က ခင်းထိုင်ဘို့ ပါ ... ဆန်ထုတ်ဘို့ ထက် ဒါမျိုး  နေရာ တွေ မှာ ပို အသုံးချပါတယ်....။

အဲဒီတော့ မေမေ က လွယ်လွယ်ဘဲ ဆန်ထုတ် ပေးသူ လာရင် ဖေဖေ ပုဆိုး ကို အောက်ခြေက ကြိုးနဲ့ စုစီး ပြီး ပြောင်းပြန်လှန် လိုက်ပါတယ် ဆန်ထည့် ဘို့ အိတ် ဖြစ်သွားတယ်.. ၁ဝပြည် ၁၅ ပြည် ကတော့ အသာလေး ထဲ့ လို့ ရတယ် ထင်ပါတယ်... လူတိုင်းလိုလို အဲလို ဘဲ ပုဆိုးလေး တွေ နဲ့ ဆန်ထုတ်ကြ ပါတယ်..၊ အဲဒါကို ဖေဖေ က လုံးဝ ကြည့်လို့ မရပါဘူး... ။

ဖေဖေက မေမေ ကိုသေချာရှင်းပြပါတယ်... ပုဆိုး ဆိုတာလည်း ညစ်ပတ်တာဘဲ ဖင်နဲ့ ထိနေတယ်.. မသန့်ဘူး ပေါ့ ... ထမိန်နဲ့ အတူတူ ဘဲပေါ့... ဆန် ထည့်ရင် စားစရာ ဆိုတော့ မထည့် ရဘူးပေါ့... မေမေ ကတော့ အင်း အင်း ပေါ့ ...၊ ဒါပေမဲ့ ပြောတုန်းသာ အင်း အင်း ခဏနေတော့ ထည့်မြဲ ထည့်နေတာဘဲ... နေ့ခင်းဘက် ဆန်ထုတ်တဲ့ အချိန်ဆိုရင် များသောအားဖြင့် ဖေဖေ ကျောင်းသွားတဲ့ အချိန် ဆိုတော့ ဒီလိုဘဲ လွယ်လွယ် လုပ်လိုက်တာပါဘဲ.....။

တနေ့တော့ ဆန်ထုတ်ပေးမဲ့ မိန်းမ ရောက်လာတယ်... မေမေ က ထုံးစံ အတိုင်း ဖေဖေ ပုဆိုးလေး ချောင်းတုန်း ရှိသေး .... ဖေဖေ က မော့်  ထမိန် ယူပေးလိုက်... အဲဒီ ထမိန် နဲ့ ဘဲ ဆန်ထုတ် ... ကိုယ့် ပုဆိုး နဲ့ မထည့်ရဘူးလို့ပြောတယ်... မေမေ ကလည်း .... အဓိပ္ပါယ် မရှိ ထမိန် နဲ့ ဆန် ထည့် ရမယ်လို့ ... အဲဒီ ထမိန် နဲ့ ထည့်ထားတဲ့ ဆန် တွေက  ဘယ်ကောင်းမှာလည်း လို့ ပြန်ပြော....လူမြင် မကောင်း လို့ပြော...  ။

ဖေဖေ ကလည်း ..... ထမိန် နဲ့ ပုဆိုး နဲ့ အတူတူ ဘဲ... အတူတူဘဲ... တွင်တွင်ပြော.. ကိုယ့် ပုဆိုးနဲ့ ဆန် ထဲ့ ရင် မော် ထမိန် နဲ့လည်း ထဲ့ ရမယ်... ကဲ..ကဲ ... ထမိန် ယူသွား လို့ ပြောပြန်တယ်...  မေမေ ကလည်း ထပ်ခါ ထပ်ခါ ပြန် ပြော .... နောက်ဆုံး ဖေဖေ က မော့် ထမိန် နဲ့ မထုတ် ရင် ဆန် မထုတ်နဲ့ တော့ ဆိုတော့ ..... ဆန် ထုတ် ပေးတဲ့ မိန်းမ ကြီး က  သူ ပိုက်ပိုက် ရကိန်း မရှိတော့ မှာ စိုးရိမ်ပြီး .....  ပုဆိုး ကိုင်ရမလိုလို .. ထမိန်ဘဲ ပြေးချွတ်ပြီး ထည့် ရမလိုလို ယောင်တောင် ပေါင်တောင်ကို ဖြစ်လို့... အင်း အဲလိုတွေ တသက်လုံး... နောက်တော့ ထပ်ပြောအုန်းမယ်....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

18 comments:

Anonymous said...

ဟီးးမျက်စိထဲမြင်လာတယ်..

စိုပြေတာပေါ့အမရာ..

ကျော်တို့ဆို ဖေဖေနဲ့မေမေ ဘယ်လိုတွေရန်ဖြစ်လဲဆိုတာတောင် သိခွင့်ကြုံခွင့်ရခဲ့တာဟုတ်ဘူး။

ဆက်ရေးပါ..မျှေယ်နေမယ်

မြတ်နိုး

sy said...

အန်တီရွှေဇင်။
အခု google reader မှာအပြည့်မြင်ရပီ။ အရင်တုန်းက နည်းနည်းပဲမြင်ရလို့ ဘလော့အထိလာဖတ်ရတယ်။ ပိုစ့်တွေအောက်မှာ interesting, funny, cool အဲ tag တွေလုပ်ပါအုံး။ ကော်မန့်မပေးတတ်တော့ အဲတက်ကိုပဲ မှတ်ချက်ပေးနေရတာ။

sy

လသာည said...

ကိုင်း.. ဒါဆို အစ်မရွှေစင်က အဖေတူလား အမေတူလား ပြေား)))

ဟိုဒင်းပါ ပြန်မပြောပဲ အေးအေးလေး နေတယ်ဆိုတဲ့ စိတ်နေစိတ်ထားကို ပြောတာပါ..
“မေမေ က ဖေဖေ ပြောတာတွေ ချက်ခြင်းတော့ ပြန်မပြောပါဘူး... နားလည်း မထောင်ဘူး... ဖေဖေ ဘာပြောပြော သူလုပ်ချင် ရင် လုပ်တာဘဲ ..... အဲဒီအခါ ပြသာနာ တွေက ဖြစ်ဖြစ် လာတယ် ... အိမ်မှာ အမြဲ စိုစိုပြေပြေပေါ့...”ဆိုတာကိုပါး)))
တစ်ယောက်ယောက်နဲ့ တော့ တူရမယ်လေ ဟုတ်တယ်ဟုတ်..

sosegado said...

ငယ်ငယ်တုန်းက သမဆိုင်ဆိုတာ ဘယ်လိုမျိုးလည်းပြန်စဉ်းစားနေတာ၊ ဖတ်ပြီးပြောရရင် မရွှေစင်တို့အဖေမှန်ပါတယ်၊

Anonymous said...

Interesting!

Waiting for next post.

Ray

SHWE ZIN U said...

sy ရေ ပိုစ့်ရဲ့အောက်မှာ interesting, funny, cool အဲ tag တွေ ထဲ့ရင် မြန်မာပြည် က ပရောက်စီနဲ့ ဆိုရင် error တက်နေလို့ပါ နောက် အဆင်ပြေရင် ပြန်ထဲ့ပေးပါမယ်

ကျေးဇူးတင်ပါတယ်နော်

ရွှေစင်ဦး

အင်ကြင်းသန့် said...

ဟဟဟ....ဒေါ်ရွှေစင်အဖေနဲ့အမေဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့....ထပ်ရေးဦးနော်
(ဒါနဲ့....အိမ်မှာစပါဂတီလာစားလှည့်ဦး
သိချင်ရင် မမဆီစိမ်ကိုမေးကြည့်း))

ချစ်ညီမလေး

မေဓာဝီ said...

ဟားဟား မရွှေစင်ဖေဖေက တကယ်ကပ်ပြောတတ်တာပဲ။
မရွှေစင်မေမေက ထမီ ပေးလိုက်ရင်တော့ ဆန်ထုတ်တဲ့ မိန်းမကြီး ထမီထုတ်ကြီး ရွက်ပြီး ပြန်လာရမှာနော်။
ငယ်ငယ်က ပြည်သူ့ဆိုင် ဆန်ထုတ်တာ မှတ်မိသေးတယ်။ ပြည်သူ့ဆိုင်ဆန်က စပါးလုံးနဲ့ ဆန်ကွဲအပြင် စက်ချေးတောင် ပါသေးတယ်လေ။ ကျမဘလော့မှာတောင် တခါတုန်းက စပါးလုံးရွေးကြတဲ့ ရွေးကောက်ပွဲပို့စ်တောင် ရေးခဲ့ဖူးသေးတယ်။ :P

မနေ့ကပဲ ဦးရီးတော်နဲ့အတူ မဆလခေတ်က အစစအရာရာ ရှားပါးတဲ့အကြောင်းတွေ ထိုင်ပြောနေကြတာ။ ဒီခေတ်ကလေးတွေကမှ ကံကောင်းပါသေးတယ်။ ပိုက်ဆံရှိရင် အကုန်ဝယ်လို့ရနေပြီ။ အဲဒီခေတ်က မှောင်ခိုဆိုတာ ရှိသေး။

ကိုအောင် said...

ကျနော် ငယ်ငယ်တုန်းကဆို သမ၀ါယမဆိုင် အမြဲသွား
ပြီး ဆန်ထုတ်ရတယ်၊ အမေကလည်း တခြားညီအကို
မောင်နှမတွေကို ဘယ်တော့မှ မခိုင်းဘူး၊ ကျနော်က မောင်နှမတွေထဲမှာ အသွက်လက်ဆုံး၊ ကျနော့်ပဲ
ခိုင်းတယ်၊ ဆန်ထုတ်ဖို့ ပေးလိုက်တဲ့ ပိုက်ဆံဟာ
ကျနော့်အတွက် အန်စာတုံးခေါက်ဖို့ အရင်းအနှီးလေ
....း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ
ဟုတ်တယ် ငယ်ငယ်က သမ၀ါယမခေတ်ကို ကြုံဖူးခဲ့သေးတယ်
မြန်မာပြည်မှာ မအောင်မြင်တဲ့ စီမံကိန်းတွေအများကြီးဘဲ အစ်မရယ်နော်..
ပိုက်ဆံတွေနှမြောစရာ...
ခြံစည်းရိုးကာတဲ့ စီမံကိန်းတော့ အဆိုးဆုံးထင်ပါရဲ့...း)

ကိုဇော် said...

အဟီး. . ဒါများ။
ပုဆိုးနဲ့ တစ်ဝက် ၊ ထမီနဲ့ တစ်ဝက် ထည့်လိုက်ပေါ့။
အဆစ်အနေနဲ့ သားလေး ဘောင်းဘီအိတ်ထဲတောင်မှ ထည့်လို့ ရသေး . . ဟေးဟေးး)

Rita said...

ဒါ zizawa blog မှာ ခုတင်နေတဲ့ gender ကိစ္စနဲ့ နှီးနွယ်နေတယ်။
:)

SHWE ZIN U said...

အမလေး မရီတာ ရယ်

ရွှေစင်ဦး က ရိုးရိုးရေး တာပါ.. ဇီဇဝါ ဘလော့ဂ် လည်း မဖတ်ရသေးပါဘူး ဟားးးးးးးးးးးးးးး

ရွှေစင်ဦး

မောင်သီဟ said...

း)း)
ဖတ်ပြီးရယ်မိတယ်
ငယ်ငယ် သမဆိုင်မှာ ဆန်တန်းစီဖူးတယ်
အားနာတာနဲ့ မတိုးချင်တာနဲ့ သူများကျော်ကျော် သွားတာ ခံရလွန်းလို့ စောစောသွား တန်းစီလည်း နေမြင့်မှအိမ်ပြန် ဟိဟိး)

ဧပရယ်လ်ပူး@ပူးတေ said...

ရီရတယ်... ထမီနဲ့ ထုတ်ခိုင်းတဲ့ မမရဲ့ ဖေဖေ ဂွတိုက်ပုံကို သဘောကျပြီး ရီသွားတယ်.. ပူးတေအဖွားဆီမှာတော့ ပိတ်အိတ်အဖြူခေးတွေ ရှိတယ်..သူ့ဖက်သူ ချုပ်တာလား.. ဝယ်တာလားတော့ မသိဘူး..ပူးတေတို့လဲ သမဝါယမမှာ ဆန်ထုတ်တာ လိုက်သွားဖူးတယ်...တချို့အိတ်က လကိကိုင်ကိုင်းလေးတွေနဲ့...တချို့အိတ်က ခေါင်းအုံးစွပ်အကြီးစားပုံးစံမျိုး...:)

သဒ္ဓါလှိုင်း said...

ဟုတ်တယ်မမရွှေစင်ရေ..
သဒ္ဓါလည်းမျက်စိထဲပြေးမြင်မိတယ်..။ သမ၀ါယမဆိုင်
လေးကို.......။ ခုတော့ပုံပြင်လိုလို....ဘာလိုလိုနော်.

ခင်တဲ့
သဒ္ဓါ

စူးနွယ်လေး said...

ရီရတယ်....
မရွှေစင်အဖေပြောတာ မှန်ပါတယ်...ဒါပေမယ့် အဲလိုသဘောထားနိုင်သူ နည်းတယ်နော်

စံပယ်ချို said...

၂၀၁၀ မှာ၈ျက်ကဘလော့ထဲမရောက်သေးဘူးအမရွှေစင်ရေ ၂၀၁၁ မှရောက်တာ ဖတ်ပြီးရယ်လိုက်မိတယ်
ထမိန် နဲ့ ပုဆိုး နဲ့ အတူတူ ဘဲ..တဲ့လေ....တကယ်တော့ဘယ်တူမှာလဲနော် ထမိန်ကထမိန်ပဲပေါ့
နောက်ပြီးသမဆိုင်တွေကိုပြန်သတိရသေးတယ်...ငယ်တော့ငယ်သေးတာပေါ့ဒါပေမဲ့မှတ်မိနေတယ်