Tuesday, May 25, 2010

စား.. စား.. ကြည့်စား

ဒီနေ့ တော့ စာရေး ချင်တဲ့ စိတ်လေး ပေါ်လာတယ် ... ဟိုရောက် ဒီရောက်ပေါ့.. ၊ ကျနော် ခရီး မသွားခင် ကထဲ က ဆိုင်မှာ နယ် က ညီမတော် တယောက် ရောက်နေပါတယ်...၊ ဆိုင် မှာ အလုပ်လုပ်ဘို့ပေါ့..၊ လွန်ခဲ့တဲ့ ၆ နှစ်လောက် သူကျောင်း မပြီးခင် က ကျနော် စီမှာ ကွန်ပျူတာ သင်သွားပေမဲ့ .. အခု ဘာမှ မသိတော့ လို့ Typing က စပြီးတော့ ပြန် သင်ပေးနေ ရပါတယ်..၊ သင်တဲ့ ဆရာမ ရဲ့ အရည်အချင်း ပေါ့ဗျာ.. ။

ကဲ.. သူရောက်တော့ ဘာထူးလည်း.. ကျနော့် အတွက် တော့ တော်တော် ထူးသွားပါတယ်...၊ ကျနော့် အကြောင်း တော်တော် များများလည်း ကျနော် ရဲ့ စာဖတ်သူများ သိကြမယ်ထင်ပါတယ်..၊ ကျနော် ဟာ အစား အသောက် ကောင်းကောင်းကြိုက်တယ်.. ဟင်းချက် ရမှာတော့ ပျင်းတယ် .. စိတ်ပါရင် တော့ တနှစ် တခါလောက် ချက်ပါတယ်...၊ ဒါပေမဲ့ ခက်တာက စားတာ က တနေ့ နှစ်ခါ စားနေရတာ ဆိုတော့ စားမကောင်းရင် အမြဲတမ်း စိတ်ညစ်ရပါတယ်....၊ အပြင် ထမင်းဟင်း များကို လည်း အိမ်ဟင်း အိမ်ထမင်း လောက် မမက်မော တဲ့ ကျနော့် အတွက်ပိုဆိုးပါတယ်...။

ကျနော် အရင် က စာဖတ်ရင် ထမင်းဟင်း ချက်တဲ့ နေရာတွေ ဆိုရင်တော်တော် စိတ်ဝင်စားတယ်.. ဥပမာ ဆိုရင် နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ် ထဲက ဇာတ်ကောင် ကျူရှင်ဆရာ ကိုဝင်းအောင် အကြောင်းကို ဖတ်ပြီးတော့ ချစ်ချစ်ကြီး နဲ့ ကိုဝင်းအောင် နဲ့ လဲ ချင်စိတ် ပေါက်လာတယ်...၊ တကယ် ပြောတာပါ.. ကျနော့်ကို အဲလိုသာ ချက်ကျွေး အလိုက်ပေးပြီးတော့ ကို လဲ လိုက်ချင်ပါတယ်... ရှုး... တိုးတိုး..။

(အထူးအဆန်းလေး မို့လို့ လာပို့တာ အဘရေ၊ ငါးဖယ်တေ ကြိုးတုပ်ဟင်း လေးပေါ့ ၊ မုန်လာပင် ပေါက်လေး အုပ်ပြီး အရည်သောက်လေးပေါ့..၊ ဘာဟင်းကွယ့်.. ငါးဖယ် အကောင်လိုက် ကို အားရပါးရ စိတ်တိုင်း ကျ ထုတေပြီး ကြိုးတုပ် ချက်ထားတာ အဘ ရ၊ မုန်လာပင်ပေါက် လေးနဲ့ အရည်သောက် လေးလေ..၊ တတ်သည့် ပညာ မနေသာပေါ့ အဘ ရ၊ မိန်းမ ကို စိတ်မချတော့ ကိုယ်က ဝင်..ဝင် ပါရ တာပေါ့.. ၊ဟဲ..ဟဲ.. ကျနော် ကိုယ်တိုင် ချက်တာ အဘရေ.. ) (နုနုရည် (အင်းဝ) မြစိမ်းပြာကမာရွတ် ဒုပိုင်းမှ )

အရင်တုန်းက ချစ်ညီမ က ကျနော့် အတွက် တော့ အထူးဟင်းများ တော့ စီစဉ်ပေးပါတယ်.. ဒါပေမဲ့ .. သူ လုပ်ပေးတာ အသား ငါး .. plane ... ကျနော် ကြိုက်တာက ဆန်းဆန်း ပြားပြားလေး တွေ .. ငါးပိရည် ဖျော် တာတောင် ငါး လေး မီးကင် ... ငရုပ်သီးလေး လှော်ထဲ့ တို့ အဲဒါမျိုးလေးမှ.. ဒါပေမဲ့ ဗျာ.. ဘယ်လောက်  ကြိုက် ကြိုက် မကြိုက် မကြိုက် စားလိုက်တော့ လည်း ဝင်သွားတာဘဲ.. ဝင်ရုံတင် မကဘူး.. လူကြီး ကလည်း ထွားလာလိုက် တာ ချစ်ချစ်ကြီး အပြော အရဆို ရင် အာနိုးကြီး ကြနေတာ ဘဲတဲ့.. ။

ကဲ .. ဘယ်လောက် စိတ်ဓါတ်ကျ စရာ ကောင်းလည်း.. အဲဒါနဲ့ ကျနော် လည်း အစားလျှော့ တော့မယ်.. ဖြစ်နိုင်ရင် ညနေစာ လုံးဝ မစားတော့ဘူး ဆိုပြီး စဉ်းစားထားတယ်...၊ အဲဒီ အချိန်မှာ မှ ညီမတော် က နယ်က အံကိုက် ရောက်လာတယ်ဗျ... တကောင်း မြို့ ပေါ်ကပါ.. ။

သူ မကျွမ်းကျင် တဲ့ ကွန်ပျူတာ ကိုင် ဘို့ ခဏခဏ ပြောရသလို ....  သူ ကျွမ်းကျင်တဲ့  မီးဖို ထဲက ထွက်ဖို့ လည်း ခဏခဏ ပြောနေရတယ်... ဟိုနေ့ကလည်း သူ့ အိမ်ကို ဖုန်းဆက် ပြီးလူကြုံ မှာ သတဲ့ .. စားလို့ ရတာ အကုန်ထည့် ပေးလိုက် ဆိုလို့ဗျာ.. သွားသယ်ရသေး..၊ ကဲ .. အိမ် က ချစ်သမီး များ လည်း ဟင်းချက် ရတာ ကို အငြိမ်းစား ရသွားပြီး .... မီးဖိုချောင် က မထွက်တဲ့ ညီမတော် ကို ကူ ရတဲ့ တာဝန် ပြောင်း သွားကြပါပြီ...။

အင်း.. ရွှေစင်ဦး လေး အတွက် တော့ ဒုက္ခက အခုမှ အစ ရှိပါသေးတယ်... ညစာ မစားဘို့ ကိုယ့်ဘာသာ ကိုယ် တိတ်တိတ် ကလေး စဉ်းစား ထားတဲ့ ရွှေစင်ဦး ဟာ အခုတော့ မီးဖို ထဲ တနေ့ ၁၀ ခေါက်လောက် ဝင်ပြီး ဘာဟင်းလည်း ကြည့်.. စားဖို့ အချိန်စောင့်ပြီး စားကောင်းသောက်ကောင်း နဲ့ ဒုက္ခ ကောင်း ကောင်း ရောက်နေပါတယ်....။

အခုလည်း ဘာဟင်း လည်း ဆိုတာ စုံစမ်းလိုက်တော့ ငါးသလဲထိုး ခြောက်လေး တွေ ငရုပ်သီး နဲ့ ကြော် တဲ့ ငါးလေးချဉ် အစိမ်းသုတ်တဲ့ (တဇွန်းတောင် မြီး ခဲ့သေး ကြက်သွန်ဖြူ နီ နိုင်း ခြင်း နံနံပင် ရှောက်ရွက် အုပ် သုတ်ထားတာပါ..)..၊ နောက် ဟင်းရွက်စုံ ဟင်းရည်တဲ့.. ဝက်သား အချိုချက် တဲ့.. ကဲ... ။

စားမကောင်းခင် တုန်း ကတောင် အားနိုး ဆိုတော့ .. မကြာခင် မှာ ဂျိုင်းရင့် ကြီး တော့ ဖြစ်လောက် ရောပေါ့... ဂျိုင်းရင့် ကြီး ဖြစ်မှာ ဆိုးတော့ ကျနော်လည်း စားကောင်းတိုင်း မစားနိုင်ပါဘူးဗျာ.. အထင် မကြီး ကြပါနဲ့...။

နောက် ပြီး ကဗျာလေး တပုဒ် ကို လည်း စပ်ချင်သွားတယ် ..... ကဗျာ ကလည်း မစပ်တတ်တော့... ကဲ နားလည် သလို သာ ဖတ်လိုက်ကြတော့ ဗျာ... 

တချို့ လူတွေက အဟာရ ပြည့်ဝ တာတွေ စားဖို့ ဆရာဝန် က ညွှန်ကြားပေမဲ့ .. 

ပိုက်ဆံ မရှိလို့ စားချင်ပေမဲ့ ..မစားနိုင်ကြဘူး... 
တချို့ ကတော့ ဝိတ်လျှော့ နေလို့ စားချင်ပေမဲ့ မစားနိုင်ကြဘူး.. 
တချို့ ကတော့ ရောဂါ ပေါင်းစုံ ဖြစ်နေလို့ စားနိုင်ပေမဲ့ စားချင်ပေမဲ့ မစားနိုင်ကြဘူး..
တချို့ ကတော့ စားချင်ရာတွေ အနားမှာ မရှိလို့ စားနိုင်ပေမဲ့ စားချင်ပေမဲ့ မစားနိုင်ကြဘူး...

အင်း ကျနော် ပြောနေတာ မစားနိုင်သူတွေ နော်... 

စားနိုင်သူတွေကတော့ စားနိုင်ကြတယ်.. စားရဲကြ တယ်...
အင်း တခုတော့ ပြောချင်တယ် ဘဝ ဆက်တိုင်း စားချင်တာ ကို စားနိုင်တဲ့ ပုဂ္ဂိုလ် တွေ ဖြစ်အောင်.. စားကောင်းတိုင်း မထတမ်း စားမနေကြ ပါနဲ့ ... နောက်ပြီး စားလို့ အားရရင်လည်း မြန်မြန် ကြွ ကြပါတော့ လို့ (ထမင်းဝိုင်း က ပြောတာပါ... ) .. အဟဲ..

ချစ်သော ဘလော့ဂါ များကို တလက်စာတည်း ခွင့် တောင်းပရစေဗျာ.. ကျနော့် ဘလော့ဂ် မှာ အားလုံး ကို လင့် ထား ပရစေ.. တဦး ခြင်း ခွင့် မတောင်းနိုင်တဲ့ အတွက် လည်း ခွင့်လွှတ်ပါဗျာ.. ရွှေစင်ဦး လေး  က သစ် ရင် ချစ်မယ်.. အဲ..ဖတ်မယ်... ကျေးဇူးပါ.. 

(လင့် လေးများ လည်း ချန်ထား ပေးခဲ့ကြပါ)

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

24 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မမ Giant ကြီး ဖြစ်လာရင် မမချစ်ချစ်ကြီးတော့ ကိုင်ပေါက်ခံရတော့မှာပဲ.... ချစ်ချစ်ကြီးရေ ဘုရားသာတထားပေတော့ဗျို့။ :D

မမ မီးကိုလဲ လင့်ခ် နော်...

ခင်တဲ့ ပူးတေ

မဗေဒါ (၈၈) said...

ဟလို အမရွေစင်..

ရေးပြီးတာနဲ့ရောက်လာ. .။ မတရားစားထားတာတွေ အကြောင်းဖတ်.. ဒေါသမထွက်အားဘူး...။ စားခွင့်ရှိလို့ စားနိုင်လို့ စားတယ်ပဲ သဘောထားပါတယ်.. ဒါ ပေမဲ့ပေါ့လေ အမရွေစင် ပြောသလိုတော့ ပြောချင်ဘူး.. ဝရင်ထ မဟုတ်ဘူး.. အချိန်တန်နေပြီ ထပါတော့.. နို့မို့ဆိုရင်လေ........ပြောချင်တော့ဘူး..။

မြန်မာပြည်သားတိုင်း ထမင်းနဲနဲ နဲ့ ( ဟင်း) အများကြီး တဝကြီး စားနိုင်ကြပါစေလို့ ဆုတောင်းရင်း..။

မဗေဒါ (၈၈)

မောင်သီဟ said...

အစားသောက်ကြောင်းဆို စိတ်ဝင်စားတယ် ဘယ်လိုစားစား ပိန်နေတာကခက်တယ်း)

သော်ဇင်စိုး said...

ဟင်းတွေကတော့ ရှယ်တွေချည်းပဲ ဆွဲများဆွဲလိုက်ရရင်တော့...
ဂလု...ဂလု...(စတွေးမျိုသံ)
ရှိရှိသမျှ ကောင်းတဲ့အစားအသောက်တွေအားလုံးကို စားသောက်နိုင်တဲ့ မမ၀၀ကစ်ကစ်ကြီးဖြစ်ပါစေဗျား....:P
လေးစားလျက်...

Flower said...

ငါးချဉ်အစိမ်းသုပ်ဆိုတဲ့နေရာလဲရောက်ရော
ဂလုဆိုတဲ့အသံကြားလိုက်လို့ လိုက်ရှာတာ
ဘယ်ဟုတ်မလဲ ကိုယ့်ဆီကအသံဖြစ်နေတာ
ဟိဟိ
ညီမတို့ကချင်မှာ ငါးချဉ်သိပ်ပေါတာလေ..
ပြောရင်းတောင် သတိရသွားပြီ..
စားပါမမရယ်
စားနိုင်လို့စားတာ.. ဒါလဲ ကုသိုလ်တစ်မျိုးပါဘဲလေ..
အားကျလိုက်တား)

ရွှေရတုမှတ်တမ်း said...

စားထား..စားထား...ဒါမှ လမ်းမှာတွေ့ရင်..ရုပ်ရှင်မင်းသမီး..ပွင့်..လို့ လူတွေထင်ကြမှာ..

ချစ်ကြည်အေး said...

စားနိုင်တုန်း စားစမ်းပါ မမရွှေစင်...အာနိုးမကလို့ အိုးပဲနာနာ....အဟိ...:)

Anonymous said...

ဟွန်း အမရွှင် က ချစ်ညီမကို စောင်းပြော နေတာလား ....ဟင် ခါတော်မှီ ရာသီစာလေးပါဗျာ အချိန်မှီ အခါမှီလေး စားမှ ကောင်းတာ သိရဲ့သားနဲ့ (အဟက် အခုချိန်ဆို ရွာမှာ ပရစ်တွေ တစ်ဒယ်ပြီးတစ်ဒယ်ကြော်စား နေလောက်ပြီဗျ)

ချစ်ညီမ
seesein

soseado said...

အစားသောင်းကြမ်းတဲ့ ငယ်ချင်းတစ်ယောက် ရောဂါဖြစ်လာတော့ စားချင်တာတွေ မစားရတဲ့ဒုက္ခ၊ ရေးထားသလိုပဲ စားချင်ပေမဲ့ ..မစားနိုင်ကြဘူး... အစား အစား…….

လသာည said...

ဖတ်ပြီး အော် ရယ်လိုက်မိတယ်.. ”ဟာ ရက်စက်တော့မှာလားလို့” လို့ ဟားဟား .. :D
အစ်မက တကယ်ပျော်အောင် ရေးတတ်တာပဲ။

ချစ်ချစ်ကြီးကတော့ ပြန်ပြောမှာပါ “မင်း အာနိုးဖြစ်လည်း မလဲပါဘူးကွာလို့၊ ဟုတ်တယ်ဟုတ်?

kiki said...

ဟဲဟဲ.. ပွဲကြီးပွဲကောင်း နဲ့  တွေ့ နေပြီ ၊
စားကြမယ်ဟေ့ ကောင်းကောင်း..
ဝါးကြမယ်ဟေ့ ကောင်းကောင်း....
စားပြီးတော့လည်း စားပိုးနင့်နေလို့  မထနိုင်သေးဘူး ဗျိုး..
အိမ်အတွက် ပါဆယ်ပါ ဆွဲသွား မလို့  စဉ်းစားနေပါတယ် ဂျီးဒေါ် ရွှေအာနိုးစင်ဦး ရယ် ...

ခင်တဲ့
မကိ

ကိုဇော် said...

အားနိုးဆိုရင် ဟဲ့ ကြာရိုး ဆိုပြီး ချစ်ချစ်ကြီးကို ကိုင်ပေါက်ဗျာ . .မကျေနပ်သေးရင် တတ်နင်းပေးမယ် ဆိုပြီး ပြော. . ဒါကို ဝိတ်နဲ့ ဖိတယ်လို့ ခေါ်မယ် ထင်တယ်။
ငါးချဉ်သုတ် မစားရတာ ကြာပြီ . . ဂလု. .
ပုဇွန်ချဉ်သုတ်ကို ပိုကြိုက်တယ်. .
အာ . . ဘာလာလာဗျာ . .

အာနိုးရဲ့ မောင်
အိုးပြောင်

အဖြူရောင်နတ်သမီး said...

စားချင်ပါတယ်ဆိုမှ စားစရာအကြောင်းတွေပဲ ပြောနေတာ...နှိပ်စက်တာပေါ့လေ..မကြီးတော့လား..
တွေ့မယ် ...ရန်ကုန်ရောက်ရင် ကျွေးဖို့သာပြင်..

Anonymous said...

အမ ကမန်းကတမ်းလာစားသွားပါတယ်..ဒါပေမဲ့ ပုံမမြင်ရတော့ ...

အမ.. ချစ်ချစ်ကြီးနဲ့လဲမယ်ဆိုတော့ ရီသွားတယ်.. အမကရေးတတ်တယ်..ဟီးး


မြတ်နိုး

An Asian Tour Operator said...

ဆိုရိုးစကား တခုကြားဘူးတယ်..
စားချင်တာကို မစားရတဲ့ ဒုက္ခ
မစားချင်တာကို စားနေရတဲ့ ဒုက္ခ ဆိုလားပဲ။ :)

အင်ကြင်းသန့် said...

မမရွှေစင်ရယ်...အာနိုးဖြစ်တာများ ဂုဏ်ယူလိုက်စမ်းဘာ...ဒီမှာ အာနိုးဖြစ်ချင်လို့ ဘယ်လောက်စားစား...ဘယ်လိုမှ ၀မလာလို့ ခက်နေတာ...ငါ့အစ်မတို့ဆီမှာ လာနေပြီး ချက်ကျွေးသမျှတွေ စားလိုက်လို့ကတော့ ဖြစ်လာမလား မသိဘူး :)))


ချစ်ညီမလေး

Mamoonn said...

မမ..ခွင့်ကျွေး..:P

စူးနွယ်လေး said...

ကြည့်စားနော် မရွှေစင်...မျက်စေ့မှိတ်ပြီး မစားနဲ့ :)

ZT said...

အခုလောလောဆယ် ဗိုက်ဆာနေတယ်။ ဒါပေမယ့် ရုံးမှာ စားစရာ မရှိလို့ တိုင်ပတ်နေတယ်။ :D

မောင်မိုး said...

မ၀သေးလို့ မထသေးတာပေါ့ဗျာ.. အို...သေမှပဲ ထတော့မယ်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

အမ ဂျိုင်းရင့်တ်..
အဲ... အမရွှေစင်ရေ... များများသာစားပါ။ များများစားနိုင်တာလဲ ပါရမီတစ်မျိုးပါဘဲ။

မြစ်ကျိုးအင်း said...

အစ်မစာ ဖတ်ပြီးတော့ သူငယ်ချင်း အချင်းချင်း နောက်တာလေးသတိရမိတယ်။ တစ်ယောက်ယောက်က အစားစားနေတာ တွေ့ရင် ပြောလေ့ရှိတဲ့ စကားလေးပေါ့။
စား...စား.. မသေခင်စား တဲ့လေ။ အမှန်တရား ဆိုတော့လည်း စိတ်ဆိုးရအခက်။
ထိုင်ရာမထတမ်း စားတဲ့သူတွေလည်း မသေခင်စားလို့ပဲ ပြောရမယ်ထင်တယ်။

ကျော်နှင်းဆီလွင် said...

မရေ
အဲလောက်စားရင်တော့ ကြာလာရင်လွယ်ဘူးနော်
:P

blackroze said...

အမရေးထားတာတွေဖတ်ပြီး
စားချင်လာပြီနော်...
ဂခု..ဂလု...