ဒီနေ့ တနေ့လုံး လုပ်ခဲ့ တာတွေ အစီရင်ခံရရင် မနက်မိုးလင်း ကထဲက အဆင်မပြေဘူး .. ဒီနေ့ ချစ်ညီမ ရိပ်သာ ကထွက်မယ် စောစော ကြိုရမယ် ဆိုပြီး စိတ်ကူးအိပ်လိုက်တာ မနက် ၅ နာရီလောက် ကန့်လန့် ကြီး နိုးလာပါရော..၊(သြ ချစ်ညီမ ရိပ်သာ က ထွက်လာပါပြီ မကြာခင် ဘလော့ ဂင်းပါလိမ့်မယ်) ပြန်အိပ် လည်း မရမဲ့ အတူတူ အိပ်မနေတော့ ဘူး ဆိုပြီး.. တခါထဲ ထလိုက်တယ်...၊ အိပ်ရေးမဝတော့ နောက်ဆက်တွဲ ပြဿနာ တွေက လာပါပြီဗျာ..။
ဒီနေ့ ကျနော် က ဦးဇင်း ကိုဘကြိုင် (ရင်ဘတ်ကြီး) ကို ဆွမ်းကပ်မယ် ဆိုပြီး ဆွမ်းစားဖိတ်ထားတာဗျ... ၁၁ နာရီ..၊ ကျနော့် သမီး တွေ ချက်နေတာကို လည်း ဘာချက်ချက် ဆိုပြီး စိတ်ကို မဝင်စားတော့ဘူး ထမင်းဆိုင် ကြ မှ ဘဲ ကိုယ်ကြိုက် တဲ့ ဟင်း မှာ စားမယ်ဆိုပြီး.. စိတ်ကူးတွေ ယဉ်နေတာ .. ဘာဟင်းစား ရ ကောင်း မလည်း ဘယ်ဆိုင် စားရကောင်းမလည်း ဆိုပြီးတော့ဗျာ...။
ချစ်ညီမ လည်း ပြောထားတယ် .. ဆိုင်မှာ ဘဲ ဒို့စားကြမယ်ဆိုပြီး.. ချစ်ညီမ လည်း ရေတွေ ဘာတွေ ချိုး ပြီး ယောဂီ ယူနီဖောင်း ချွတ် ပြီး အရပ် ဝတ် ဝတ် .. ကျနော် က မင်း ယူနီဖောင်း လေး လဲ လိုက်မှ ငါတော့ ကြည့် ရတာ အဆင်ပြေ တော့တယ် ဆိုတော့.. ချစ်ညီမ က ခင်ဗျားကလည်း ဗျာ.. မထူးပါဘူး ယူနီဖောင်း နဲ့ လည်း ဒါဘဲ အရပ်ဝတ် လည်း ဒါဘဲ... ဓါတ်ကြီး ၄ပါး နဲ့ ဖွဲ့စည်းထားတဲ့ အပုတ်ကောင် ကြီးပါဘဲ တဲ့ ... သြ .. ဒေါ်ရွှေစင်ဦး လေး မှား ပါတယ်.. မှန်ပါတယ်. ... ဒေါ်စည်းစိမ်ရှင်... အပုတ်ကောင်ကြီး ဟာ အပုတ်ကောင် ကြီး ပါဘဲ...။
ကဲ..ကဲ.. ဆက်လိုက်ကြရအောင်... သူက ရိပ်သာမှာ ၁၁နာရီ ဆို ဆွမ်းစား ပြီးတယ်တဲ့.. ကိုဘကြိုင်ကြီး မလာသေး ဘူးလားတဲ့.. လာမှာပါဟ.. သေချာချိန်းထားတာပါ.. ဆိုပြီး ကျနော် လည်း အိပ်ချင်နေလို့ မဖြစ်ဘူး.. ထွက်စောင့် အုန်းမှ ဆိုပြီး.. ရှေ့ထွက်မျှော်တယ်ဗျာ.. ချစ်ချစ်ကြီး နဲ့ သမီးရီးစား ဘဝ မျှော်ရတာ ထက်တောင် မောပါသေးတယ်...။
ဒီတခါက အစားဇော ကလည်း ပါလာပြီးကိုဗျ.. ချစ်ညီမ ကလည်း ဆာ.. ချစ်ချစ်ကြီး ကလည်း ဆာ ဆိုတော့ .. တရားခံ ကျနော် သာလျှင်ဆိုတော့ နေကြပါအုန်း ၁၂ မတ်တင်း ထိစောင့်ပါအုန်း ဆိုပြီး စောင့် ခိုင်းရ တယ်ဗျာ... ခဏနေတော့ ချစ်ညီမ က ကျနော်တော့ မရတော့ ဘူးဆိုပြီး စားလိုက်ရော ကျနော် လည်း သူ့ဘေး မျက်နှာ ငယ်လေး နဲ့ ထိုင်ပြီး မစားချင်စားချင် နဲ့ ရှိတာလေး နဲ့ နဲနဲ စားလိုက်ရတယ်.. စိတ်ကတော့ မပျော်တော့ဘူး...၊ ချစ်ချစ်ကြီး ကလည်း မောင်လည်း ချိန်းထားတယ် သွားတော့မယ်.. ထမင်း ကတော့ မစားတော့ဘူး ကြုံသလိုဘဲ ဆိုပြီး ထွက်သွားပြန်ရော...။
အင်း.. ဒို့ ဘလော့ဂါ တွေ သိက္ခာ ကြ တယ်ကွာ.. ဘယ်လိုများ ဖြစ်ပါလိမ့်... လမ်းမှာ ဆိုင်ကယ် များ ဘာဖြစ် လို့လည်း.. ဆိုပြီး စိတ်တွေတောင် ပူသွားသေးတယ်.. ၊ သြ.. ဒုက္ခ..ဒုက္ခ.. ၊ ၁နာရီလောက် နေတော့ ချစ်ချစ်ကြီး ပြန်လာတယ်ဗျ.. မစားတော့ ဘူးဆိုတဲ့ သူက ထမင်းစားမယ်တဲ့ .. မင်း ဘုန်းဘုန်း တွေ ကြွလာ လားတဲ့ .. ကျနော် လည်း မျက်နှာငယ် လေး နဲ့ မကြွလာဘူး.. ဘာများဖြစ်လို့ပါလိမ့် ဆိုပြီး .. ချော့ပြော လေး ပြောရင်း ရော့ ရော့ ဆိုပြီး ကြက်ဥ ဟင်းလေး ထဲပေး မျက်နှာချိုသွေးရတယ်...၊ အဲဒီ ကြမှ မောင်က ဖြင့် ဘာဟင်း နဲ့ စားရမယ် ဆိုတာ စဉ်းစားထားတာ တဲ့... အင်း အကြံ ကတူ နေတာ...၊ ကဲ.. မတတ်နိုင်ဘူး လေ...။
အင်း နေ့လည် ပို့စ် တွေတင်မယ်ဆိုတော့.. ဒီနေ့ အလွဲလေးကို ရေးအုန်းမယ် ဆိုပြီး ဂျီတောခ့် ထဲ ဝင်လိုက်တယ်..၊ ကိုဘကြိုင် ကြီး နဲ့ တွေ့ ပါလေရောဗျာ.. ကျနော်လည်း တန်း ရန်လုပ်လိုက်တယ်... ဘာလို့ မလာတာလည်း လို့.. ၊ လာပါတယ် အမကြီး ရယ်.. ၊ ကျနော် စောင့်နေတာ ဆိုတော့ ဟောဗျာ ကျနော် လာတော့ အမ မရှိဘူးတဲ့ .. ။
ဆိုင်က ကလေး တွေကို မေးတော့ ခေါင်းကိုက် လို့ ဒီနေ့ မလာဘူးပြောတယ် ဆိုတော့ ကျနော်လည်း နေအုန်း ကိုဘကြိုင် သမီး တွေ မေးအုန်းမယ်.. ဆိုပြီး ဘုန်းကြီး ၂ပါး ကြွလာ လား ဆိုတော့ လာတယ်တဲ့ .. မဆွေ (ဆိုင်က သမီးတယောက် ) ရှိလားလို့ မေးလို့ ခေါင်းကိုက် လို့ ဒီနေ့ မလာဘူး ပြောလိုက်တယ် တဲ့.. အင်း ကျနော် လည်း ဆူလိုက်တယ်.. အဲလိုပါဆို... ကျနော်ဖြင့် သူတို့ နဲ့ လုပ်စား နေရတာ စိတ်ညစ် ပါတယ်.. ဘာမှ မသိဘူး... ကြားချင်ရာကြား ဖြေချင်ရာဖြေ.... ။
ကိုဘကြိုင် ကတော့ မဆူပါနဲ့ တဲ့.. ကျနော် နက်ဖြန် ပြန်ကြွ ခဲ့ပါမယ်တဲ့.. ကဲ မနက်ဖြန်တော့ မလွဲလောက် တော့ ပါဘူးနော်... ဆက်ဆက် စောင့်မယ် ၁၁ နာရီ...။
တခုတော့ ပြောချင်တယ်.. ကိုဘကြိုင် က ဦးဇင်း ဝတ်ပေမဲ့ ရှက်တတ် တယ်ထင်တယ်.. တိုးတိုး လေး စကား ပြောတယ်.. ကျနော့် သမီး တွေကလည်း ခပ်ချောချော တွေဆိုတော့ ဦးဇင်း ဈန်များ လျှော သွားလေ သလားလို့...။
ဦးဇင်း ကိုဘကြိုင် စတာနော် မနက်ဖြန် မလာဘဲ မနေနဲ့အုန်း...။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
16 comments:
အလွဲတွေကို ဖတ်သွားပါသည်၊
မနက်ဖြန်တော့ မလွဲလောက် ပါဘူး၊
ညီမတော် စည်းစိမ် ပြန်လာ၍၊ မင်္ဂလာပါ လို့၊ ကြိုဆိုပါသည်၊
Heeeeee!!!!
Agree to your idea--- about changing of uniform.
Welcome to Ma SSS.
Ray
ကဲကဲ...မနက်ဖြန် အခြေအနေကို စောင့်ဖတ်ရသေးတာပေါ့ ငါ့အစ်မ...
မမလေးပြန်လာပြီကွ!!!
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဘာ၏...နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်များကို အားထုတ်ခဲ့တဲ့ မမလေး အတွက် သာဓု သာဓု သာဓု ဟု ခေါ်ဆိုသွားပါကြောင်း....
ချစ်ညီမလေး
ဘလော့ဂါများအားလုံးနှင့် ဘလော့လာ ပရိတ်သတ်များ အားလုံး နှစ်သစ်မှာ ကျန်းမာ ချမ်းသာတော်မူကြပါစေ
ဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးပါ
အင်း ဘလော့ဂါညီမ လုပ်ရတာလည်း မစားသားပါလား ဘာလုပ်လုပ် အရေးခံနေရတာ သူ့ရှေ့မှောက်တောင် ဘယ်လိုနေရပါ အနေတောင်ကျပ်ချင်ချင်ဖြစ်လာပြီ
ပြီးတော့ ရှိသေး သူ့ပို့စ် အသစ်မတင်နိုင်တဲ့အခါ ဇွတ်စာရေးခိုင်တတ်သေးတာ ခက်တာ အမလောက် ဦးနှောက်မညစ်ထုတ်နိုင်သေးဘူးဗျ သူ့မို့လို uniform ချွတ်ခိုင်းတာ တိုက်တိုက်ဆိုင်ဆိုင် ဒါတောင် ရိပ်သာ uniform နော် အင်း တခြားဟာဆိုတော့ ပြောတတ်ဘူးဗျို့ မေးသာကြည့်ပါတော့
ခင်မင်စွာဖြင့်
seeseinshin
ဦးဇင်းကို ဒီပို့စ်ပါ ပေးဖတ်လိုက်သင့်တယ်း)
ဒီလိုလားဗျာ . .
ကိုဘကြိုင်ကြီး ဦးဇင်း ဝတ်နေတာ မသိမိဘူး။
ဒီနေ့တော့ သူက လာလည်သွားတယ်။
ကျနော့်အတွက်ပါ ပိုလှူလိုက်ပါဗျာ..
သာဓု. .သာဓု . .သာဓု. .
ခုတစ်လော ယူနီဖောင်းချွတ်တာတွေ ခေတ်စားနေလို့
မရွှေစင်ကအမြန်ချွတ်ခိုင်းတာ ဖြစ်မှာပါ..
လူလောကထဲသို့ ပြန်ရောက်လာသော မစည်းစိမ်ကိုြုကိုဆိုပါ၏..
ယခင်ကတော့ တရားရဲ့အရိပ်အောက်မှာလေ
တရားထူးတွေရပြီး စိတ်တွေအေးချမ်းခဲ့တယ် မဟုတ်လား
သာဓုခေါ်လိုက်ပါတယ်နော်.....
ခင်မင်စွာ
ယူနီဖေါင်းကြီးက ချွတ်ချွတ် မချွတ်ချွတ် သိပ်တော့ မထူးလှပါဘူး ...အချိန်မီ စားရ ဖို့ ပဲ အရေးကြီးတာလေ ..( အို .. တလွဲ မထင်ကြပါ နဲ့ အုံး..။ လွဲ နေပါတယ် ဆို မှ )
Yap.........sometime nothing goes your way!
အမယ်....ဆီစိမ်ရှင့်..ကိုအပုပ်ကောင် လို့ပြောသလား..
လွဲလိုက်လေခြင်းဗျာ..ဆရာတော်ဘုရားက ဘယ်တုန်းက မန္တလေးရောက်နေတုန်း..
တနေ့က အွန်လိုင်းမှာ ဦးဇင်းနဲ့ တွေ့တော့တောင် ပြောသေးတယ် ဒကာမကြီး ရွှေစင်ဦး ဆီ သွားအုံးမှာတဲ့ ။ ခုတော့ ဒီလိုလွဲသွားသလား...။
ဆီစိမ်ရေ...ကြီးမိုက်ကြီးကိုလည်း ယူနီဖောင်း လဲပေးအုံး၊ ယောဂီ ယူနီဖောင်းပြောတာ တော်ကြာ ပါတီ ထထောင်နေအုံးမယ် သူက သိတ်စိတ်ချရတာ မှုတ်ဘူးဟ ....
အမရေ..
လွဲနေတာလဲခပ်မိုက်မိုက်ပဲ.. ဦးဇင်းက အခုညီမ စာရေးချိန်ဆို ရောက်လောက်ပြီ ထင်ပါ့.. အင်း တခုခုလည်း လွဲနေပလားလို့..။ ဦးဇင်းက ဘယ်လို ဝတ်စုံကြိုက်သလဲ မသိဘူးရှင့်.. မေးကြည့်ပေးပါဦးရှင့်..။
စောင့်နေပါမည်.. အလွဲဖတ်ဖို့ပါ..။
မဗေဒါ
မမရဲ့ ယူနီဖောင်းကတယ်ခေတ်စားနေပါလား...
း) ကျွန်တော်မေးလိုက်တဲ့ အသံကလည်းတိုးသွားတယ် ထင်ပါရဲ့ဗျာ
ကျေးဇူးပါ မရွှေဇင်ရေ..မရွှေအမျိုးသားရော.မစည်းစိမ်ရော
မစည်းစိမ်ကိုအပူကပ်ရအုံးမယ် ကိုကိုကျောက်ကိုကျွတ် အောင် တရားဟောစမ်းပါဗျာ သူက ကြီးမိုက် ဟိး)
အလွဲလေးတွေကို တလွဲဖတ်သွားတယ်။ဟဲ ...ဟဲ စတာနော်။ရေးထားတာလေးကောင်းတယ်။
ယူနီဖောင်း ချွတ်လည်း အတူတူပါပဲ အပုတ်ကောင်က အပုတ်ကောင်ပါပဲလား အင်း မှန်လေစွ မှန်လေစွ ဒီတခုတော့ မလွဲပါကော။
မအယ်
Post a Comment