ငပလီ ဟာ ဟောင်းနွမ်းသွားခဲ့ပြီ... လူအများကြီး ရဲ့ ထိတွေ မှု့ တွေ ကြောင့် သဘာဝ ရဲ့ လှပမှု့ တွေ ညစ်နွမ်း သွားခဲ့ ပြီ.......
နောက် ချောင်းသာ တဲ့ သူလည်း နဲနဲ တော့ ပျက်ယွင်း သွားပြီ ...
အခုနောက်ဆုံး ငွေဆောင် ကမ်းခြေ လေးကို (သူတောင် ၁ဝ နှစ်သမီး ရောက်သွားပြီ) ခံစားချင်ပေမဲ့ .... ဒီအချိန်ဆို အဲဒီမှာ လူ အရမ်းနည်း သွားပြီ လို့ပြောကြတဲ့ အတွက် ... ချောင်းသာကိုဘဲ သွားခဲ့ ရပါတယ်... ပင်လယ် မမြင်ဘူးတဲ့ အညာသူမ မျက်လုံး ထဲမှာတော့ အားလုံး ဟာ ....
သွားခဲ့ တာလေး စားခဲ့တာလေး တွေ ကို အမှတ်တရ အဖြစ် တင်ထားတဲ့ ပိုစ့် လေး ပါ.. ကမ္ဘာ အနှံ မှာ ရောက်နေကြတဲ့ ချစ်သော စာဖတ်သူ များ ရဲ့ မျက်လုံးထဲ မှာ တော့ သိပ်ထူးဆန်း မှာ မဟုတ်ပေမဲ့ ရွှေစင်ဦး လေး အတွက် တော့.....
ပင်လယ် ကို မြင်နေရတဲ့ sea view အခန်းကလေးပါ...
အားလုံး ဟာလွမ်းမော စရာတွေပါဘဲ......
ပျော်နေကြတယ်လေ
ဒါကတော့ တံငါရွာလေး ပါဘဲ ဖိုးကုလားကျွန်းတဲ့.. အိမ်ခြေ ၈၀ လောက်ရှိတယ် အားလုံးဟာ ဒီပင်လယ်ကြီး နဲ့ အသက်မွေးကြတယ်
ပျော်နေကြတယ်လေ
ဒါကတော့ တံငါရွာလေး ပါဘဲ ဖိုးကုလားကျွန်းတဲ့.. အိမ်ခြေ ၈၀ လောက်ရှိတယ် အားလုံးဟာ ဒီပင်လယ်ကြီး နဲ့ အသက်မွေးကြတယ်
ဘယ် ဘက်က ကျောက်ပါးစပ် တဲ့ ပင်လယ် အောက် ထဲ က ကျောက်တန်း တွေ မှာ ကပ်နေတယ်... ခရုခွာ တဲ့ သူတွေ ကမာရှာ သူတွေ ပုဇွန် ရှာသူတွေ ကို တော်တော် ဒုက္ခပေးတယ်တဲ့ အဲဒီပါးစပ်ကလေး ဟသွား တဲ့ အထဲ လက်ကလေး ဝင်သွားရင် ပြန်ထုတ်လို့ မရဘဲ ရေ အောက်ထဲမှာ သေရုံဘဲ.. သတိ ရှိရင် တော့ ကိုယ့်လက် ကိုယ်ဖြတ်ပြီး ရေပေါ် ပြန်တက် မှ အသက်ရှင်နိုင်မယ်လို့ပြောပါတယ်...
ညာဘက်က အကောင်ကတော့ သံပခြုပ်တဲ့ စူးတွေနဲ့ အဆိပ်ရှိသည်ပေါ့... အဲဒီ အကောင် လေး ကိုခွဲပြီး ကြက်ဥ အနှစ်လို ဝါဝါ လေးတွေကို အရက် နဲ့ ရောသောက်ရသတဲ့..
ဖိုးကုလား ကျွန်းမှာ လည်း အဲဒီလို ပိုက် ပုခက် လေးတွေ သစ်ပင်မှာ ဆင်ပြီး အပူဒဏ်ကို ကာကွယ် ကြတယ်..... သူတို့ ရွာမှာလည်း ရေတွင်းတွေ ခန်းသွားလို့ တဘက်ရွာ.. ကနေ သွားသယ်ရသတဲ့.. နောက်ဆုံး သတင်း အဖြစ် တဘက် ရွာမှာ လည်း ရေတွေ မရှိတော့ဘူးတဲ့... ရေ..ရေ..
ညာဘက် အပေါ်ပုံ ကလေး ကတော့ ချောင်းသာရွာထဲက ရေတွေထဲက အိမ်ကလေးတွေပါ..
ညာဘက် အောက်ကပုံလေးကတော့ ဖိုးကုလားကျွန်း ကမ်းခြေပုံလေးပါ...
ဂုံး တဲ့ ဂုံးကင် စားခဲ့တယ်. သိပ်မကြိုက်ဘူး.. အဲဒီဘေးကတော့ ပင်လယ် ကျောက်ဆောင် တွေထဲမှာမှ ရတဲ့ ခရုပေါ့ ... အဲဒါလည်း စားခဲ့တယ်.. အောက်ဆုံး မှာ ပါလိမ့်မယ်..ခရုသုပ် တဲ့.. ညာဘက် အပေါ်ပုံ ကလေး ကတော့ ချောင်းသာရွာထဲက ရေတွေထဲက အိမ်ကလေးတွေပါ..
ညာဘက် အောက်ကပုံလေးကတော့ ဖိုးကုလားကျွန်း ကမ်းခြေပုံလေးပါ...
ဟို... ပုဇွန်ကင်လေး ကတော့ ရွှေစင်ဦး တို့ အတွက် ကင်နေတာပါ...
ညာဘက်က ကမာတဲ့..... မစားခဲ့ရ
ပြည်ကြီးငါး တဲ့ အသုတ်စားခဲ့တယ် .. မကြိုက်ဘူး.. နောက် ရေဘဝဲ တဲ့ .. မစားခဲ့ရဘူး
ကိုယ်မရှိရင် တဲ့
ဈေးသည်တွေ ကတော့ ဒီလိုရောင်းနေကြတာဘဲ... ဟိုအကင်သည်ကြီးက ပုဇွန်ကင် တဲ့ အမှန်တော့ ပုဇွန် ပြုတ်ပါ.. စားလို့တော့ ကောင်းတယ်...
ဈေးသည်တွေ ကတော့ ဒီလိုရောင်းနေကြတာဘဲ... ဟိုအကင်သည်ကြီးက ပုဇွန်ကင် တဲ့ အမှန်တော့ ပုဇွန် ပြုတ်ပါ.. စားလို့တော့ ကောင်းတယ်...
တချို့ က ဈေးထဲမှာ ရောင်းတယ် ..တချို့က အဲလို လည်ရောင်းတယ်...
ညာဘက်က ပုံမှာ ဒေသခံ ကလေး လေးတွေက မနက်ခင်း ဂဏန်းလွှတ် ဘို့ လိုက်ရောင်းနေတယ်.. ဟိုးကလေး လေးတွေကတော့.......
နေဝင်တော့မယ်.... ညစာ စားပြီ ... ခရုသုပ်.. ပုဇွန်ကင်... ဂဏန်းပြုတ်... ကျောက်ပွင့်သုပ်
ဟိုးအောက်က ပုံကတော့ ပုသိမ် ရောက်မှ စားခဲ့တဲ့ ငါးရံအူ.. ငါးသလောက်ပေါင်း.. ငါးပိရည်..ချဉ်ပေါင်ကြော်.. အတို့အမြုတ်
သိပ်မပျော် ခဲ့ ပါဘူး... ခပ်ပါးပါး ပါဘဲ..
ဘဝ တဏှာ တွေ မဖြတ်နိုင်သေးသမျှ တချိန်ချိန် မှာတော့ ကျနော်တို့ အားလုံး တနေရာရာ မှာ ပြန်လည် ဆုံတွေ့ ကြအုန်းမှာပါနော်.....
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
စာရေးသူ - ရွှေစင်ဦး
.

26 comments:
ဟလုိ အမေရ.....
မြင်ရတာ စိတ်မှာ လန်းသွားတယ်.. ဆာသွားတယ်.. ဟဲ..။ ဥရောပမှာ နေပြီး မစားရဘူးထင်နေလား.. ဟင်း ဟင်း အကုန်စားဖူးတယ်.. မှတ်ပါ.. အဲဒီကနေ မကြွားစေချင်ပါ.. သတ္တိရှိရင် အကုန်ပို့ပေးလိုက်.. ဟဲ.. ဟဲ.. တကယ်ပြောတာပါ..ညာနေတာမှုတ်ဘူးးးးးးးးးးးး..။
ဆုံချင်ပြီး အိပ်မက်ဆိုးတို့ ကိုယ့်ရင်ကို အခါခါရောက်နေ..
ဘာလာဘာလာာာာာာာာာာာာ..။ ပြန်လည်ဆုံဆည်းကြမမမမမမမယ်ယ်ယ်ယ်... အမရေ..။
မဗေဒါ(၈၈)
ချောင်းသာဆိုလို့ လွမ်းသွားပြန်ပြီ ရေတွေခမ်းလာတာ ကတော့ စိတ်မကောင်းဘူး တကယ်
အဲဒီလို ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေ တစ်ခါမှ ခရီးမထွက်ဖူးဘူး။ ဘာလို့လဲဆိုတော့ အိမ်ကနေ ၁၀ မိနစ်လောက်လမ်းလျှောက်လိုက်ရင် ကမ်းခြေရောက်သွားရော။။ ဟီးးးး ငပလီမှာ ၂ နှစ်နေဖူးတယ်။ တစ်ခြား ပင်လယ်ကမ်းရိုးတန်းမြို့တွေမှာ ၁၀ စုနှစ်ကျော်ကျော် နေခဲ့တာလေ။။ ဟဲ..ဟဲ။ မမိုက်ဘူးလား။
မရယ် ချောင်းသာဆို သတိရသွားတယ်
မောင်နှမတွေအုပ်စုလိုက် အိမ်ကိုအတင်းပူဆာပြီး သွားခဲ့ကြတဲ့ ခရီးစဉ်လေးမို့...
မက အစားပိုစုံတယ် သိလား
ညီမတို့တုန်းက ပုဇွန်၊ ဂဏန်းကို ရွာထဲကိုမှာရင် အိုးလိုက်ချက်ပြီး လာပို့ပေးတာလေ
အီး သွားချင်လိုက်တာ...
:)
မမတင်လိုက်ရင်လေ သွားရည် ကျစရာတွေကြီးပဲ..
မမစားတာ လိုက်လုပ်စား..
မမသွားတာကြည့်ပြီး သွားချင်ပြန်ပြီ..။ မမလူဆိုး..:P
သွားချင်တယ်...သွားချင်တယ်...ဒါပဲ ပြောနိုင်တော့တယ် :(
(တစ်ခေါက်မှ မရောက်ဘူးသေးဘူးလေ...)...အခုတော့ ငါ့အစ်မတင်ပေးထားတဲ့ ပုံလေးတွေကိုပဲ ငေးသွားတယ်...
ချစ်ညီမလေး
ချစ်ချစ်ကြီးနဲ့ သောင်ပြင်မှာပြေးလွှားနေတဲ့ပုံ..
မပါလာပါလား...
ချောင်းသာကလဲ အရင်နှစ်၃၀လောက်က ရောက်ခဲ့တဲ့ပုံနဲ့
သိတ်မကွာပါလား
စားဖို့တွေရော . .သွားဖို့တွေရော သေချာ မှတ်သွားတယ် အမရေ။
ဟန်းနီးမွန်းထွက်ရင် သွားဖြစ်မလားပဲ. . အာဟ ။
မမရွှေစင်...လျှောက်လည်နေတယ်ပေါ့လေ...သာမီးကိုလည်း ခေါ်ဝူး...ပုံတွေက လှထှာ....:)
မရွှေစင်နဲ့ မစည်းစိမ်ပုံတွေလား... တကယ်လန်းတယ် ဂျာ.....
sdl
အပျော်ပုံတွေကြည့် သွားရေကျ သွားပါကြောင်း...
ဟ မရွှေစင်ဦး တလောက ရန်ကုန်သွားတယ်။ အခု ချောင်းသာ သွားတယ်။
ပင်လယ်ကမ်းခြေ မှာ အပန်းဖြေတာ ချစ်ချစ်ကြီးလဲ ပါဘူးလားဗျ? အဲလိုတော့ဖြင့်လဲ ဘယ်ဂွတ်မလဲဗျာ။
ချောင်းသာ ကို ပြန်လွမ်းမိပါရဲ့ နော် :(
ခင်မင်သော
မောင်မောင်
ဟွန့်
ပုံတွေကြည့်ပြီး ချက်ခြင်းတောင်ပြေးသွားချင်မိသေး
ခုတော့ စိတ်ထိန်းထားလိုက်တယ်..
နောက်တော့မှ
ရောက်လို့ကတော့ မရွှေစင်တို့ မနာလိုအောင်
ဓာတ်ပုံလှလှတွေရိုက်ပြီး တင်ပစ်မယ်..
ဒီတော့မှ အိန္ဒြာကျော်ဇင်လေးလား လို့ လာမလုပ်နဲ့..
( အိန္ဒြာကျော်ဇင် မကြားစေနဲ့နော်)
သူနဲ့နှိုင်းရပါ့မလားလို့ တက်သွားမှာစိုးလို့.. :)
ပျော်စရာကြီးဗျ.. အစားအသောက်ကတော့
စိတ်အ၀င်စားဆုံးဘဲ..
အပြာကဘယ်သူ
အစိမ်းကဘယ်သူလေးလဲဟင်င်င်င်....
I was there in 1995. There was only one GOV hotel and the beach back then. We had to walk abt 15 min to get food in the village. It was fun though. I miss those fresh sea food.
ကိုမောင် ရေ
ချစ်ချစ်ကြီး က ဆိုင်စောင့် ကြတယ်လေ.. နောက်တခါ မှ သူ့အလှည့်ပေါ့.. ဆိုင် က ပိတ်မရလို့ပါ
ညီမ ချော တို့ ငြိမ်း တို့ နဲ့ လှတယ်လို့ ပြောသူတိုင်း ကို ကျေးဇူးတင်ပါတယ်.. မလှဘူးပြောရင် ငိုလိုက်မယ်
ပိုလှသူ ကတော့ ရွှေစင်ဦးပါ .. တကယ်ပါ
ချစ်ခင်စွာဖြင့်
ရွှေစင်ဦး
ချောင်းသာမရောက်ဘူးပါ။
ငပလီ ကမ်းသာယာ နဲ့ စက်စဲပဲရောက်ဖူးပါသည်။
အမရွှေစင်က အစိမ်း စီးစိမ်ကအပြာဖြစ်မည်။ ရန်ဖြစ်နေမှာဆိုးလို့ မည်သူ့ကိုမှ လှကြောင်းမဗုတ်ပါ။
အစားတွေစားချင်ပါသည်။
ချောင်းသာဘိခ်ျတော့ သိပ်မကြိုက်ပါ။ အစားတော့ ကြိုက်ပါသည်။
ငွေဆောင်ဆိုပိုလှမည်ဟုထင်ပါသည်။
စာတွေများများရေးပါ။ မအားလဲ အမြဲဖတ်ပါသည်။
using by burmese font conventor.
Myatnoe
ရေရေလယ်လယ် လန်း တယ် ဗျာ.. :P
လွမ်းမောသွားရပေါ့ချောင်းသာရေ..။
ခုလိုချောင်းသာကိုရောက်သွားသလိုခံစားလိုက်ရလို့
မရွှေစင်ကိုကျေးဇူးတင်တယ်နော်။
ခင်တဲ့
သဒ္ဓါ
အစ်မရေ...ပြောချင်ဘူး ပြောကို မပြောချင်ဘူးဆိုတဲ့ ဒေါ်မြလေး လေသံလိုပဲ ပြောချင်တယ်...ဂယ်ပဲ...အစ်မပုံတွေကြည့်ပြီး သက်ဆိုင်သူကြီးကို ပြောတော့ နောက်နှစ် မြန်မာ အလည်လိုက်ပို့ ပေးမယ်ဟုတော့ ပြောတာပဲ...အစ်မ စားတာတွေ စုံနေတာပဲ..ကမာလဲ အရမ်းကောင်းတယ်...ရေဘ၀ဲလဲ ကောင်းမှ ကောင်း...အဲ့မှာတော့ စားဖူးဘူး..ဒီမှာ စားတာပါ...ချောင်းသာမှာ အရင်က အဲ့လောက် မစုံဘူး...အစ်မ ဘယ်ဆိုင်မှာ စားတာလဲ????...ပြောပြနော်...နောက်ရောက်ရင်စားရအောင်လို့ ပါ...ချောင်းသာရေထက် ငွေဆောင်ရေက ပိုလှတယ်...သဲဖြူကျွန်းမသွားခဲ့ဘူးလား အစ်မ...ညီမကတော့ ကမ်းခြေ တော်တော် နှံ့ နေပြီ..ဒါပေမဲ့ သွားပြီးရင်း သွားချင်ပါပဲ...နာလိုဘူးနော်...ခရီးတွေ ခဏခဏ ထွက်နေလို့ ...:P
အန်.. အခု ထပ်ချောင်းသာသွားတာလား။ ဟာ ပျော်စရာကြီးပေါ့ ။
မရွှေစင်နဲ့ စည်းစိမ်..
ချောင်းသာမှာ တအားပျော်ခဲ့တယ်ပေါ့
အဲဒီကို မရောက်ဖူးဘူး..
သွားချင်တာ။
ဒါနဲ့ အကောင်လေးတွေ ဘယ်လိုများ ဓါတ်ပုံရိုက်ခဲ့တာလဲဟင်..
စားစရာတွေကတော့ စားချင်စရာကြီးပဲ။
ဘယ်နေရာဘယ်လောက်လှလှ ကိုယ့်မွေးရပ် အမိမြေက အလှဆုံးပါ အစ်မရယ်.. ။ ဓါတ်ပုံလေးတွေ အများကြီး အားရပါးရ ငေးလို့ ရသွားလို့ ကျေးဇူးတင်ပါတယ်။ ကမ်းခြေအလှကို ဖြည့်စွက်ပေးသော မော်ဒယ် ၂ယောက် ကို အထူး ကျေးဇူးတင်ပါတယ်း)
လောလောဆယ်တော့ ဓာတ်ပုံထဲကဘဲအလွမ်းပြေကြည့်သွားတယ်ဗျာ..ချောင်းသာကို......ပြန်လာရင် အမုန်းသွားကဲဥိးမယ်.....ကျေးဇူးပါ အမရေ...
ရေဘ၀ဲ ကအရမ်းစားလို့ ကောင်းတာနော်
မကြီးရွှေစင်ရေ.......
ဓာတ်ပုံတွေများ........ကြည့်ရတာကျေးဇူးပါဗျာ.......။
ပျော်စရာကြီး.......။
ဦးထုတ်ဆောင်းထားတဲ့ မော်ဒယ်လ်က မကြီးရွှေစင်လို့ အနော်ထင်၏။
ခင်မင်တဲ့
ဆားဏီပုလင်းညို
ဖိုးကုလားကျွန်းဆိုတာ စက်လှေနဲ့ ပင်လယ်ကိုဖြတ်ပြီး သွားရတဲ့နေရာကို ပြောတာထင်တယ်။ ငယ်ငယ်က တစ်ခောက်ပဲ ရောက်ဖူးတယ်။ ချောင်းသာကို မရောက်တာ ကြာပြီ။ ပုံတွေကြည့်ပြီး လွမ်းသွားတယ်။
Two models are as beautiful and fresh as the natural beauty of the beach itself.
Special Mite-tae.
:D
Ray
မရောက်ဖူးသေးဘူး၊ ငပလီသွားမလို့ ဟောင်းသွားပြီဆိုတော့၊
အားလုံးပျော်ရွှင်နေတယ်လို့ထင်ပါတယ်၊ ပင်လယ်ကိုတွေ့ကြရင်တော့ လန်းရမှာပေါ့၊
ပြာပြာလေးလဲ ဇိမ်ပဲ ..စိမ်းစိမ်းလေးလဲ ဇိမ်ပဲ ..ဟဲ ဟဲ .. ဘောကိုင်ထားတာလေးတွေလဲ ဇိမ်ပဲ ။။( အသက်ကယ် ဘော ..ကို ပြောတာ ပါ ..အထင်တော် မလွဲ လိုက်ကြပါ နဲ့ ..း))။
ပျော်စရာ ကြီးနော် ..
အစားတွေ စုံလို့  ပန်းဘုရင်မလေးတွေ ဖြစ်နေကြ ပြီလား လို့ စိုးရိမ်မိတယ် ... .
ချောင်းသာ တော့၂ ခါရောက်ဖူးတယ် .. ဒီလောက် ပျော်စရာ မကောင်းဖူးလိုပဲ ..မရွှေစင်တို့ နဲ့ သွားရရင် တော့ ဟိဟိ.. ငွေဆောင်တော့ တခါမှ မရောက်ဖူးသေးပါ ... ကိုယ်တွေ မရောက်ခင်မှာ ပဲ ပျက်စီးခြင်း ငါးပါးဆိုက်ကုန်ကြတော့ မလား နော် ...
Post a Comment