ဆု (ငွေတံဆိပ်) ယူအပြီး မှာတော့ ရွှေစင်ဦး လေး ဟာ သိပ်တက်ကြွပြီးတော့ ကိုယ်ဘာသာ ကိုယ် ဟုတ်လှပြီ ဆိုပြီး တော် တော် ကို ဘဝင်မြင့် သွားပါတယ်...၊ နောက်ပြီး လူ့ လောဘ များ ခက်ပါတယ်...၊ အချောင် ရထား တွေ ဘယ်လောက် များများ မတင်းတိမ် နိုင်ပါဘူး.... နောက်ထပ် လိုချင် နေပါ သေးတယ်..။
အားကစား ကွင်းထဲမှာ.. ဟိုနား လေး သွားကြည့် လိုက် ဒီနားလေး သွားကြည့် လိုက် နဲ့ ဘယ်နေရာမှာ အချောင် စားပေါက် များ တွေ့ မလည်း ဆိုပြီး ပြာယာခပ် နေပါတယ်...၊ ပွဲစဉ် တွေ အများကြီး နဲ့ ကျောင်းပေါင်းစုံ အရွယ်ပေါင်းစုံ ပြိုင်ကြတဲ့ ပြိုင်ပွဲ တွေမှာ ပြဿနာ ဆိုတာ ရှိ စမြဲပါ.. စားနေကြ ကြောင်ပါးလေး ရွှေစင်ဦး ကတော့ ဘယ်အချိန် မှာ ပွဲလန့် ပြီး ဘယ်အချိန် မှာ ဖျာခင်း ရမလည်း ဆိုတာကို ငွေတံဆိပ်ကလေး လည်ပင်း စွပ်ရင်း အခြေအနေ ကြည့်နေ ပါတယ်...။
တွေ့ပါပြီဗျာ... လက်ဆင့်ကမ်း ပြိုင်ပွဲ တဲ့... လူအများကြီး တဆင့် ပြီး တဆင့် ဒုတ်ချောင်း လေး သယ်သယ် ပြေးရတဲ့ ပွဲ ပါ... ၊ ဒီပွဲစဉ် တခုမှာ လည်း တယောက် သော ပြိုင်ပွဲ ဝင်ဟာ ဘာဖြစ်လို့ဆိုလား မလာပါဘူး... အဲဒီတော့ ရွှေစင်ဦး လေး အတွက် အခွင့်အရေး ပါ...၊ သူတို့ ကတောင် ခေါ်မနေရပါဘူး... ဆရာမ ကျနော် အစားထိုး ပြိုင်ပေးပါမယ်.. ဆိုပြီး ကမ်းလှမ်း လိုက်ပါတယ်...(မရှက်တတ် ရင် အားလုံး ရတယ် ဆိုတာ သက်သေ ပါ) ။
အေးဆေးပါ.. ဒုတ်ချောင်း လေး ကိုင်ပြီး ပြေးလာတဲ့ သူ က ကိုယ်စီ ကမ်းလာတဲ့ ဒုတ်ချောင်း လေး ယူပြီး ကိုယ်က တခါ ပြန်ပြေး ပြီး နောက် တယောက် ကို လက်ဆင့် ကမ်းပေး လိုက်ရုံပါဘဲ...၊ အဲဒီ ပွဲစဉ် မှာလည်း တတိယ ဆု ပါတဲ့ (ဒီပြိုင်ပွဲ မှာလည်း ပြိုင်တာ မှ စုစု ပေါင်း ၃ သင်း ထဲပါ..)... နောက်တခါ ဆုပေးစဉ် ပေါ် တက်ရ ပြန်ရော .... တတိယဆု ကြေးတံဆိပ် ကလေး ကို ခေါင်းလေး ငုံပြီး ဖဲကြိုးလေး နဲ့ အစွပ်ခံ ရပြန်ရော... (သောင်းသောင်း ဖြဖြ ကြိုဆို အားပေးကြပြန်ရော) အင်း ကောင်းလေစွ.. ကောင်း လေစွ...။
ကဲ ဒါတွေကတော့... မြန်မာပြည်သား မန္တလေး သူ စစ်စစ် အ.ထ.က ၁၆ ကျောင်းထွက် ရွှေစင်ဦး လေး ရဲ့ ဂုဏ်သိက္ခာ မဲ့ စွာ နဲ့ ချွေးတပေါက် သွေးတစက် မထွက်ဘဲ.. ပြိုင်ပွဲဝင်ပြီး ရခဲ့တဲ့ ဆုများ အကြောင်းပါဘဲ....။
နောက်ဆက်တွဲ အနေနဲ့ သတင်းပေးရရင် ရွှေစင်ဦး လေး ဟာ နောက်တနေ့ အတန်း ထဲမှာ ငွေတံဆိပ် တခု ကြေးတံဆိပ် တခု နဲ့ သူငယ်ချင်း များ ရဲ့ အလယ် မှာ ဝံ့ဝံ့ကြွားကြွား နဲ့ ဘယ်လို ဘယ်လို အားကျိုး မာန်တက် ပြိုင်ခဲ့ ရတဲ့ အကြောင်း..၊ ပြိုင်ဘက် ကို ဘယ်လို ကျော်ဖြတ်ရကြောင်း .. ။
ဘယ်လို စိတ်လှုတ်ရှား မှု့ တွေ ဖြစ်ပြီး ... ဆုယူတဲ့ စဉ်မြင့် ပေါ်မှာ ရင်တွေ ခုန်လွန်းလို့ ဘယ်လို ထိန်းသိမ်း ထားခဲ့ ရတဲ့ အကြောင်း တွေ ကို ဇာတ်လိုက် ကြီး တယောက်လို ဟန်ပန်မူယာ အပြည့်နဲ့ ပြောဆို နေရင်း... ပါးစပ် ထဲ ယင်ကောင် တကောင် ဝင်သွားတဲ့ အတွက် ကမန်းကတန်း မြိုချ/ အဲ..ထွေးချ လိုက်ရ ပါကြောင်း ... ဟိုက်.. ဝေါ့.. ထွီ... (ရွံစရာ ကောင်းလိုက်တာ) ။
သြ... မေ့တော့ မလို့ ရွှေစင်ဦး လေး ဘယ်လိုတော်ကြောင်း ဆုတံဆိပ် များကို ဆွေစဉ် မျိုးဆက် ဂုဏ်ယူ ဝံကြွား နိုင်အောင် ထိန်းသိမ်း ထားသော်လည်း... ယခု ဘလော့ဂ် ပေါ်တင်မယ် ဆို ပြီး လိုက်ရှာတဲ့ အခါ မတွေ့ တော့ ပါ သဖြင့် အစားထိုး ဆုတံဆိပ် များ ကို Google မှ ယူပေးလိုက်ပါတယ်။
ဒါပေမဲ့... ရွှေစင်ဦး လေး ဘယ်လောက်တော်တော် ... ပထမ ဆု ရအောင်တော့ လည်း မတော်သေး ပါကြောင်း အစီရင် ခံရင်း ရွှေစင်ဦး ရခဲ့သော ဆုများ အကြောင်းကို အဆုံးသတ် လိုက် ပရစေ တော့ဗျား...။
စာကြွင်း
ချစ်လှစွာ သော ဘလော့ဂါ မိတ်ဆွေ များ ခင်ဗျား.. ဒီလောက် တော် နေသော ရွှေစင်ဦး လေး ပါတီ ထောင်ချင် ပါတယ်... တယောက်ထဲ ဖြစ်နေပါတယ်.. ကျနော် လို တော်သူများ ပါဝင်မယ် ဆိုရင် အကျိုးတူ ပူးပေါင်း လုပ်ဆောင် ချင်ပါတယ်... (ဘလော့ဂါ ပါတီ ပါ) ။
စာကြွင်း
ချစ်လှစွာ သော ဘလော့ဂါ မိတ်ဆွေ များ ခင်ဗျား.. ဒီလောက် တော် နေသော ရွှေစင်ဦး လေး ပါတီ ထောင်ချင် ပါတယ်... တယောက်ထဲ ဖြစ်နေပါတယ်.. ကျနော် လို တော်သူများ ပါဝင်မယ် ဆိုရင် အကျိုးတူ ပူးပေါင်း လုပ်ဆောင် ချင်ပါတယ်... (ဘလော့ဂါ ပါတီ ပါ) ။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

21 comments:
ဒေါ်ရွှေစင်ဦး ယူနီဖေါင်းချွတ်ပြီးပြီဆိုရင် .
ထိုင်မသိမ်း လေး နဲ့ ပုဝါစိမ်းလေးနဲ့ ၊ ရွှေခြေကျင်းလေး ဝတ်ပြီးပဟဲ့ဆိုရင် ၊
ချာပါတီ ထောင်ဖို့  စာရင်း လာသွင်း နိုင်ပါပြီ ။
ဖေါင်တင်ကြေး ဒေါ်လာ ၅ သိန်း တင်ရပါမယ် ။
မဲဆွယ်ကြေး ဒေါ်လာ သိန်း ၅၀၀ ကုန်ပါမယ် ။
ရ မရ အာ မ ။ မခံ ပါ ဘူး ။။
( ပြောင်နိုင်သူများ ပြောင်နေသူများ ကို ယှဉ်ပြီး မိုက်လုံး ကြီးလိုလျှင်တော့ ... ကဲ.. ရွာစားရေ ..ဗိန်းဗောင်း နဲ့ သာ ပို့ ပေ ရော့ ..)း)))
ပုံ / ရွေးကောက်ပွဲ (စပါးလုံး ) ကော်မရှင် အုတ်ကဌ ..
It's very fun to read!
ယင်ကောင် ၀င်အောင် ကြွားနေသေးတယ် မရွှေစင်ရယ် ဟားဟားဟား။
မအယ်
Your 2 posts make me ha ha ha.
:))
ama... i love to read ur writing style.
:))
har har....
MN
ယင်ကောင်စားရင်း ရခဲ့သော ဆုများပေါ့လေ. . .
အခုတော့ ပါတီထောင်ရင်း ရခဲ့သော ဆုများ ထပ်လိုချင်နေတာကိုး . .
မပူနဲ့ အမ နောက်တစ်ခါ အငြိမ့်မှာ အမ မင်းသမီး ဖြစ်အောင် ထည့်ရေးပေးပါ့မယ်. . .
က က မရွှေစင်. .ကွ. .
Haa Haa!!
Wonderful !!
How many members do you need?
:D :D
Ray
ဒေါ်လာတော့ မရှိ
အိမ်က အဒေါ်ကြီးကို အပေါင်ထားပါရစေ..
ပါတီဝင်တော့ ဖြစ်ချင်ပါတယ်..
အခွင့်အရေးများရလေမလားလို့ပါ..
မျှော်လင့်ခြင်း ကြီးစွာဖြင့်..
ကချင်တာကလည်း ပြာလို့ ပြီးမှ ချိုမိုင်မိုင်နဲ့ညားမလား မသိ အမကြီးရေ အိုးလေးကွဲပြီး တော့ လက်ဆင့်ကမ်းမှာ ဒုတ်ကလေးပြုတ်မကျခဲ့တာတော်သေး ဒုတ်သာကျရင် တတိယဆုတောင် ရမှာမဟုတ်ဘူးနော အမကြောင်ပါးလေးရယ်......ဗြဲ
ချစ်ညီမ
ှ
အစ်မရေ...ဖတ်လို့ကောင်းတယ်ဗျ။ရယ်ရတယ်နော်။
ပါတီဆိုရင်တော့ ချာပါတီပဲကြိုက်တယ်ဗျ ကြွေးမှာလားပြော :)
အစ်မရေ...ဖတ်လို့ကောင်းတယ်ဗျ ရယ်ရတယ်နော်။ ပါတီဆိုရင်တော့ ချာပါတီပဲကြိုက်တယ် ကြွေးမှာလားပြော :)
ဝင်မယ်၊ တကယ်လို့ ယင်ကောင် မမြိုချရဘူးဆိုရင်၊
အင်း ယင်ကောင် ကြီး ပါးစပ်ထဲဝင်၊ အဲ ယင်ကောင် ဘယ်ကလာသလဲ
သူ့လက်တွေခြေတွေမှာ ဘာတွေပါခဲ့မလဲ၊ ယင်ကောင်ကတော်တော် ခရီးသွားနိုင်ဆိုပဲ၊
အထက ၁၆က သွားရင် ဆေးရုံကြီးလဲရောက်၊ အောင်တော်မူ ဟိုဘက်ကအိမ်တွေရဲ့ နောက်ထဲ၊
အနီးစပ်ဆုံး ရဲကျောင်းတန်းလျှားက …….. ဝီယီ
အင်း ယင်ကောင် ကြီး ပါးစပ်ထဲဝင်။…………………….
မမရွှေစင်ကလည်း “အကျိုးတူ” တွေ ပူးပေါင်းပြီး ပါတီထောင်တော့ အဲဒီပါတီက “အကျိုးပါတီ” ပဲ ဖြစ်နေတော့မှာပေါ့ ဒီလိုပါတီမျိုးတော့ ၀င်ချင်ပေါင်... ဝေါင်ဝေါင်ရှေးပါ၏…. :)))
ချစ်ညီမလေး
I like this post so much.
Your writing style, idea and the words which you used are very good.
ပါတီထောင်တာထက်
ချာပါတီရောင်းမယ်ဆိုရင်တော့ လာစားမယ်လေ
အမရွေစင်ဦး..
အင်း.. ဟိုဟာထောင်ချင် ဒီဟာထောင်ချင်နဲ့ အာကေနတော့..
ဟင်းးးးးးးးးးးးး.. သူ့ကို အားကျနေတယ်ပေါ့လေ..။
မလုပ်ရဘူး.. အဲလိုမျိုးပြောတာတွေ မကြိုက်ဘူး..။
ဒါပါပဲ..။
ပုံ
မဗေဒါ ဟု အမိန့် ထုတ်ခွင့် မရှိပါ..။
ဟိုက် ပါတီထောင်မလို့လား ပါတီဆို ဝက်တို့က ချာပါတီလောက်ပဲသိတယ် ဟက်
ပါမယ်လေ ဒါမျိုးဝက်မပါရင် ခေတ်နောက်ကျသွားမှာပေါ့ နော့် မဟုတ်ဘူးလား ကွယ်တို့ရယ် ဟက် ဟက်
တော်တော် ကြွားနိုင်တဲ့ မမရွှေစင်....ယင်ကောင်ငုံပြီးကို ကြွားတာ....၊ ဘလောဂ့်ဂါပါတီ ဝင်မည်...ယူနီဖောင်းလဲကြစို့....ရေး....:)
ချွတ်ပြီဗျာ ယူနီဖောင်းတော့ဟုတ်ဖူး
သင်္ကန်းပြောတာ
လူဖြစ်သွားပြီ
ပါတီထောင်တာပါဖူး
အစ်မအောင်မြင်မှာ လာကပ်မယ် အပူ ဟိဟိး)
ဆရာမရေ ဆားနဲ့ပဲ စားပါတော့မယ်..အဟီး
ခင်လျှက်
ကိုကိုးအိမ်
ဆရာမရေ ဆားနဲ့ပဲ စားပါတော့မယ်..အဟီး
ခင်လျှက်
ကိုကိုးအိမ်
Post a Comment