အများ နှစ်သက်ကြတဲ့ အချစ်အကြောင်းလေး ဆိုတော့လည်း အားပေးကြတာ ဝမ်းသာပါတယ်.. ဒါပေမဲ့.. ရွှေစင်ဦးလေး လိုဘဲ အော့.. တတ်တဲ့ ချစ် ဘလော့ဂ် မောင်နှမ များကတော့ အော့.....အော့.....တဲ့ စိတ်မကောင်း ပါဘူးဗျာ.. ဖြစ်နိုင်ရင် ရွှေစင်ဦး တို့ လည်း ချစ်သူငယ်ချင်း ချစ်ကြည်အေး တို့ လို့ ဘာလီ ကျွန်းကလေး မှာ ၂ယောက် ထဲ ဘာမှန်း မသိတဲ့ ဖျော်ရည်ထဲ ဘာမှန်း သိတာလေး ရော ပြီး ကျီစယ် ကြတဲ့ အချစ် ရေးရာ လေး တွေ ဖော်ပြ ချင်ပါတယ်...။
ဒါပေမဲ့.... ဘာလီ ခရီးစဉ် မပြောပါနဲ့.. ပြည်တွင်း ခရီးစဉ် လေး သွားဘို့ ကို အခြေအနေ အရ ပိုက်ပိုက် ကလေး တွေ ကို ချော့ချော့ ပြီး ငါ နဲ့ နေ ..... ငါ နဲ့ နေ ဆိုပြီး သုံးနေရတာဆိုတော့ ကြည်နူးစရာ လေးတွေ ရေးမပြ နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ....။
အခုလည်း ရေးရ ပါအုန်းမယ်.. ရွှေစင်ဦး လေး ဟာ ရောက်တဲ့ နေရာ သောက် (ရေ ပါ) ရောက်တဲ့ နေရာ ပေါက် (ဒါတော့ သိမှာပါ) တတ် တဲ့ သဘာဝ ရှိပါတယ်..၊ မနက် မနက် ဆိုလည်း ရေက အဝသောက် တာဆိုတော့.. မနက် ဘက် အပြင် ထွက်တဲ့ အချိန် တွေမှာ ဒုက္ခ ရောက်ပါတယ်..၊ မနက် စာ စား မယ် ဆိုရင်လည်း.. မဝင်ခင် အရင် ထွက်ချင်.. ၊ ထွက်လိုက် လို့ .. ဟိုဟာ ဒီဟာ တွေ တွေ့ရင်လည်း စားမရ တော့.. ၊...... ဒီဒုက္ခ တွေ ဟာ ရွှေစင်ဦး လေး ကို ချစ်တဲ့ ချစ်ချစ်ကြီး အတွက် တသက်လုံး ရင်ဆိုင် ရတဲ့ အချစ် က ပေးတဲ့ ဒုက္ခလေး တွေပါ...။
ကျနော် ဟာ အမြဲတန်း အကြောင်းမသိတဲ့ အိမ်သာမျိုးကို အထူးသဖြင့် စားခါနီး သောက်ခါနီး .. စားပြီး သောက်ပြီး တဲ့ အချိန်တွေ မှာ ဘယ်တော့ မှ မဝင်ပါဘူး...၊ အဲဒီတော့ ရွှေစင်ဦး ရဲ့ ကိုယ်စားလည် အဖြစ် ချစ်ချစ်ကြီး ကို အထူးတာဝန် ခံ ခန့် အပ်ပြီး အိမ်သာ ထဲကို .....ချင်သည်ဖြစ်စေ... မချင်သည် ဖြစ်စေ အရင် ဝင်စေပါတယ်..၊ ချစ်ချစ်ကြီး က အိုကေ ဆိုမှ ဆက်လက် ဝင်ရောက်ပါတယ်...။
ကျနော် တို့ မြန်မာပြည်.. တိုင်းပြည် နဲ့ ချီပြောရင်.. သိပ်ကြီးကျယ် ရာရောက်မှာ စိုးလို့ ကျနော့် ဆိုင်လေး နဲ့ဘဲ ပြောပါမယ်...၊ အိမ်သာ မှာ ရေအပြည့်ရှိတယ်.. အိမ်သာ ဆေးတဲ့ ဆေးဗူး ရှိတယ်.. ၊ ဆေးတဲ့ Brush ရှိပါတယ်...၊ ဒါပေမဲ့ .. အိမ်သာ ညစ်ပတ်ရင် ဘယ်သူမှ မဆေးဘူးဗျာ...၊ ကျနော့် မှာလည်း ဒင်းတို့ ကို အိမ်သာ ဆေးခိုင်းရင် ငါ့များ ILO က အရေးယူမလား (ရွှေစင်ဦး တို့ကတော့ ကြောက်တတ်တယ်).. ၊
ဒင်းတို့လေး တွေများ အားငယ်သွားမလား ဆိုပြီး.. မဆေးခိုင်း ရဲဘာဘူးဗျာ... အိမ်သာ ဆေးတဲ့ သူကလည်း မငှားနိုင် ဆိုတော့ .. နောက်ဆုံး ရွှေစင်ဦး လေးဘဲ တာဝန်ယူလိုက်ရပါတယ်...၊ ဒီ့အတွက် လည်း နောင်တ ရပါတယ်.. ငါ ဟာ ချစ်ချစ်ကြီး ကို တသက်လုံး နှိပ်စက်ခဲ့လို့ ဝဋ္ဌ် လည် တာဘဲလို့...၊ ဒါက ပညာတတ် ကလေး များဟာ ကိုယ်အသုံးပြုနေတဲ့ အိမ်သာ ကိုတောင် ကိုယ့် အသိတရား နဲ့ ကိုယ် ထိမ်းသိမ်း စောင့် ရှောက် ရမှန်း မသိတာ တခုပါ..၊ နောက်ပြီး တချို့ ကလေးများ... အိမ်သာ ဝင်ပြီးရင် လက်ဆေး ရမှန်း တောင် မသိပါဘူး..။
ခရီးသွားရင်လည်း ဒီအတိုင်းပါဘဲ.. သူများ ကားနဲ့ ကိုယ် ဆိုရင်တော့ ပေါက်တော နဲ့ ပြီးတာပါဘဲ...၊ အများ နဲ့ ဆိုရင်တော့ အတော် ဒုက္ခ ရောက်ပါတယ်..၊ များသောအားဖြင့် ကားဂိတ်တွေ စားသောက်ဆိုင်တွေ မှာ က ယောက်ကျား မိန်းမ အိမ်သာ ခွဲခြားထားတာ ဆိုတော့ ချစ်ချစ်ကြီး ကို ဝင်ခိုင်း လို့ မရပါဘူး.. ၊ ဒီ့ အတွက် လည်း ကျနော်ဟာ အများ နဲ့ ခရီး သွားခြင်း ကို အထူးရှောင်ကြဉ် ပါတယ်... ။
ကျနော် တို့ ရဲ့ အညာ ကျေးလက် က အိမ်သာ တွေကတော့ မပြောချင်ပါဘူးဗျာ.. ခင်ဗျားတို့ မီးရထား နဲ့ ခရီး သွားကြည့် ရင် ပို သဘော ပေါက်ပါလိမ့်မယ်.. လမ်းဘေး က လှန်း မြင်ရတာ နဲ့ ကို စိတ်ကုန်ပါတယ်...၊ အိမ်သာ ဘေး က ဝက် တွေ ကြက်တွေ ခွေးတွေ ကြည့် ပြီးတော့ ကို စားချင် သောက်ချင်စိတ် ကုန်ပါ တယ်...။
ရှမ်းပြည် ဘက်က အိမ်သာ တွေက မှ မြင်ရတာ အများကြီး သန့်ပြန့် ပါသေးတယ်...၊ နောက်တခါ ကချင် ပြည် ကျေးလက် အိမ်သာ ကလေး များကိုတော့ ကျနော် မဝင်ခဲ့ ဘူးလို့ မသိပေမဲ့.. သူတို့ ရဲ့ .. သန့် ရှင်းရေး အကွက် မြင်ပုံ တခု ကိုလည်း ကြုံတုံး ရေးပြချင်ပါတယ်...။
မြစ်ကြီးနား ကို ကျနော် ရောက်တုန်းက ကရိန်နော် မှာ ခေါင်ရည်သောက်ခဲ့ ကြောင်း ရေးပြခဲ့ ပါပြီ.. နောက်တနေရာ မြစ်ဆုံ လား မသိပါ သိပ်မမှတ်မိပါ.. နဲနဲ ဝေး တော့ ကားနဲ့ လိုက်ပို့ပါတယ်..၊ တနေရာ မှာ အကြောင်း တခုကြောင့် ကားရပ်ထားတုန်း ကျနော် မျက်စိ နဲ့ မြင်မိပါတယ်..၊ အိမ်ရှေ့ မှာ ကလေး လေး တယောက် ထိုင် ပြီး ဘွတ်ဘွတ် ပါနေပါတယ်.. အင်ကျီ လေးပါပါတယ် .. ဖင်တုံးလုံးလေးပါ... နောက်မှာ လည်း အပုံ လေး နဲ့ပါ.. အဲဒီ အပုံလေး ကို သူတို့ ရဲ့ ခွေးလေး က လာစားသွား ပါတယ်..။
ခဏနေတော့ ခလေး က ပြီး သွားတဲ့ ပုံ နဲ့ သူ့အမေ စီကို သွားပါတယ်..၊ ကျနော် လည်း စိတ်ဝင်တစား ဘာနဲ့ များ သုတ်ပေးမလို့ လည်း ကြည့်ပါတယ်...၊ အမေက ခွေးကလေး လှန်းခေါ်ပြီး ကလေး ဖင်လေး ကုန်းခိုင်းပြီး ခွေးလေး ကို ယက်ခိုင်းပါတယ်.. ခွေးလေး ကတော့ အမြီး တနန့် နန့် နဲ့ ရက်နေ ပါတယ်...၊ ကလေး လေး က တော့ အော်ငို လို့...၊ ဓလေ့ လား တော့ မသိပါ...၊.. နှစ်ဦး နှစ်ဘက်... အကျိုး အရှိဆုံး သန့်ရှင်းရေး ကို လုပ်ဆောင် နိုင်တဲ့ အတွက် အဲဒီ ဓလေ့ မျိုး ကို ဆက်လက် တိုးတက်အောင် ထိမ်းသိမ်း သင့်တယ် လို့ ထင်ပါတယ်..။
နောက်တခါ အဲဒီလို သန့်ရှင်းရေး လုပ်တာနဲ့ ပတ်သက်လို့ ပြောရရင် ကျနော့် ဆရာကြီး အခု အသက် (၈၄) နှစ် ရှိပါပြီ.. အရာတော် သားပါ.. အညာသား စစ်စစ်ကြီးပါ.. သူက ပြောဘူးတာကတော့ တောထိုင်သွားရင် ပြောင်းဖူးရိုးကလေး တွေ ကောက်သွားကြတာဘဲတဲ့.. နောက်ပြီး တခါတလေ ခြုံမတိုး ဘဲနဲ့ သူငယ်ချင်း တသိုက် အပင်ပေါ် တက်လိုက် ကြတယ်တဲ့..၊ ဟိုကိုင်း တယောက်.. ဒီကိုင်း တယောက်... ကိစ္စပြီးရင် လည်း ကိုယ့် ကိုင်း ပင်စည်လေးကိုယ် ဖင် နဲ့ ပွတ်လိုက်တာဘဲ လို့ ပြောပြဘူး ပါတယ်... အခုခေတ်ထိ တချို့ ကျေးလက် တွေမှာ ရှိအုန်းမယ် လို့ ကျနော် ထင်ပါတယ်.။
ကဲ.. ဒါတွေ ရေးပြနေရတာက ... ၊ မြန်မာပြည်ကြီး ..... ဟိုအရေး.. ဒီအရေး အော် နေသူများ ကို ..... ကျနော် တို့ တိုင်းပြည် မှာ ကျနော် တို့ လူမျိုး များကို ....... ပါတတ်အောင် သင်ပေး ရင် ကို ရွှေစင်ဦး လေး ဝမ်းသာ ရမှာပါ..။
မြန်မာ ပြည်သူပြည်သား များ ..... ပါတတ်ဘို့ အရေး.. ဒို့အရေး....ဒို့အရေး...။
(ကိုယ် အော်တတ် တဲ့ အရေး ကိုယ်အော်ရတာပါ... ခွင့်လွှတ်ပါ..)
ကဲ.. ချစ်ချစ်ကြီး ဇာတ်လမ်းလေး ဆက်လိုက် ကြရအောင်.... တခါတော့ ချစ်ချစ်ကြီး နဲ့ ကျနော် ဟာ အိမ်ထောင် ကျပြီး မှ .... မသွားမဖြစ် ခရီးတခု သွားပါတယ်.. Express ကားကြီး နဲ့ ပါ.. ထုံးစံအတိုင်း .. ရွှေစင်ဦးလေးက... သူတို့ သတ်မှတ်တဲ့ ပေါက်တော မရောက်ခင် ပေါက်ချင်လာပါပြီ.. ချစ်ချစ်ကြီး ရေ မရတော့ဘူးလို့... ထွက်တော့ မယ်လို့..ပြောတော့ .. ချစ်ချစ်ကြီး လည်း ပေါက်တော ဆိုပြီး ထအော် လိုက်ပါတယ်..။
ကားဆရာ ကလည်း ကျေကျေ နပ်နပ် ရပ်ပေးပါတယ်....၊ ဒါနဲ့ အားလုံး ပေါက်လိုက်ကြပါတယ်...၊ အားရှိ ပါးရှိ ပေါက်လိုက်ရတော့ စိတ်ကျေနပ်ပြီး တခါ မှေးကနဲ ဖြစ်သွားတယ်.. နောက်ထပ် တခါ ပေါက်ချင် လာပြန်ရော... ၊ ချစ်ချစ်ကြီး ရေ လုပ်ပါအုန်း ပေါက်ချင်ပြန်ပြီ လို့.. ၊ ဒီတခါတော့ ချစ်ချစ်ကြီး လည်း အားရှိ ပါးရှိ မအော်ရဲတော့ ပါဘူး.. စပယ်ရာ လေး ကို မျက်နှာချိုသွေးလို့ .. ညီလေးရေ ပေါက်တော လို့ ပြော လိုက် ခါ ရှိသေးတယ်.. ၊ စပယ်ရာ ကောင်လေး က ဒရိုင်ဘာကို လှမ်းအော်လိုက်တာဗျာ... ဗျို့ အကိုရေ ရပ်အုန်းဗျို့ ပေါက်တော တဲ့... ဆိုပြီး ........ နောက်ဆက်တွဲ လည်း ရွတ်လိုက်ပါသေးတယ်... အမယ် လေးဗျာ.. ခုမှ ဘဲ ဆီးတွေ ဝမ်းတွေ မှန်လို့ ကျန်းမာရေးတွေ ကောင်းလိုက် ကြတာတဲ့....။
အဟီး.. ရွှေစင်ဦးလေး လည်း ရှက်လွန်းလို့ ... ချစ်ချစ်ကြီး ကို ဟုတ်သားဘဲ မောင် ကလည်း သူများ တွေ ခရီးဖင့်တယ်.. အားနာစရာလို့ ပြောလိုက်ရင်း... ရှေ့ကနေ လွှားကနဲ ဆင်းလိုက်ပါတယ်... ချစ်ချစ်ကြီး ကတော့ .. အဟင့်.....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
20 comments:
အမ..ဟုတ်တယ် ငယ်ငယ်ကအတော်ဒုက္ခရောက်ပေမဲ့ အခုတော့အဆင်ပြေတယ်မဟုတ်ဘူးလားဟင်..
ကျနော်မသိတာလဲ ဖြစ်ပြန်ပီထင်တယ်..။ ဟူး..သက်မချတာ..
ဟိုးတလောကတောင် ဂျပန်ဆရာမတွေအိမ်လာတော့ ဘိုထိုင်အိမ်သာအကြောင်းစကားစပ်မိပီး ဂျပန်ရဲ့တချို့နေရာတွေလည်း ညစ်ပတ်တယ်ဆိုပီးပြောမိသေးတယ်။ ဂျပန်မှာ ကိုယ်တိုင်မြင်ခဲ့ရတာ.. ညစ်ပတ်တာမှ ယင်တောင်တလောင်းလောင်းနဲ့ ..ဝေါ့ဆိုပီး ပြန်ခဲ့ရတာ.. အတော် အချိန်ကြာ ကုလိုက်ရတယ်။
ဒါတောင် ဂျပန်နော်.. ဂျပန်ကတချို့ အများသုံးအိမ်သာတွေလည်း အနံသိပ်နံတာပဲ များသောအားဖြင့်တော့ တအားသန့်ပါတယ်။ မသန့်တာတွေလည်း အနဲအကျဉ်းရှိတယ်..။
မြန်မာပြည်မှာ ဘိုထိုင်အိမ်သာစပေါ်တော့ ငယ်ငယ်က ဘယ်လိုထိုင်ရမှန်းမသိလို့ ဒုက္ခရောက်တာ သွားသတိရတယ်။ ဆရာမတွေကိုပြောပြတော့ သူတို့လည်းပေါ်စက အဲ့လိုပဲတဲ့..ဟီး။ အမ ဘိုထိုင်ပြောင်းထိုင်ပါလား။ လူကြီးတွေအတွက် သင့်တော်တယ်။ (ကုန်ပေါက်မပေးလိုက်ပီ)
အမ..အိမ်သာတိုက်တာကုသိုလ်ရတယ်။ စိတ်ထားကောင်းကောင်းလေးနဲ့ထားပီးတိုက်ရင် နောင်ဘ၀အသားဖြူတယ်။ ကျနော်ဆို ရိပ်သာဝင်တိုင်း အိမ်သာပဲတိုက်တာ. နောင်ဘ၀ အသားဖြူပီးလှအောင်လို့။
မြတ်နိုး
မရွှေစင်ဘလော့ကို စားရင်းသောက်ရင်း ဖတ်မိတာ မှားပါပေါ့လား။ ဟင့် ... ငိုချင်တယ်။ ကလေးလေး အင်အင်းပါတဲ့အကြောင်းကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရေးထားတော့ စားရင်းနဲ့ နင်တင်တင်ဖြစ်သွားလို့ အမြန်မြိုချလိုက်ရတယ်။ :D
ဟုတ်တယ် မရွှေစင်ရေ ... မြန်မာပြည်မှာ ခရီးသွားရတာ အိမ်သာဒုက္ခ အဆိုးဆုံးပဲ။ ကျမ တက္ကသိုလ်တက်တုန်းက မေဂျာတခုလုံး ပုဂံဘုရားဖူးသွားကြတာ၊ အိမ်သာအဆင်မပြေတော့ တလမ်းလုံး ဆီးချုပ်ဝမ်းချုပ် ဖြစ်ခဲ့တယ်။
ပါ-တတ်ဖို့က အိမ်သာကောင်းကောင်းရှိရုံနဲ့လဲ မပြီးဘူးနော်။ ရှိတဲ့ဟာကို သုံးတတ်ဖို့ကလဲ လိုသေးတာ။ အိမ်သာဆေးရတာကို ကျမဖြင့် ရှက်စရာလဲ မထင်ဘူး။ အောက်ကျတယ်လဲ မထင်မိပါဘူး။ မဆေးတာကမှ ရှက်စရာကောင်းတာ။
မရွှေစင်တို့များ ချစ်ချစ်ကြီးကို ခုတုံးလုပ်တာနော် ... ဟီးဟီး ရယ်ရတယ် ... ချစ်ချစ်ကြီးခမျာ သနားစရာကလေးပါလား ... ။ :P
ရောက်လေရာမှာ ပါစရာ ရှာတတ်တဲ့ မရွှေစင်ကို နောက်နာမည် တခု တိုးပေးလိုက်မယ်
“ အိမ်သာဒေဝ ” လို့  ...
ရေးထားတာ က .. ကွက်ကွက်ကွင်းကွင်းပါပဲ ..နှာခေါင်းပိတ်ရင်း ရယ်ရတယ် ။။
တရုပ်ပြည်မကြီးရဲ့  တော အိမ်သာတွေလည်း ဘာထူးလို့တုံး ။ တံခါးမရှိ ။ ရှိတာလေးကလည်း တတောင်လောက် အမြင့် ။
ဒီတော့ ရှက်တတ်သူများ သူတို့ ဆီမှာ အိမ်သာ တက်မယ်ဆို လက်ကိုင်ပုဝါလေး တထည် တော့ ဆောင်ထားဖို့ လို့ တယ် .. ကိုယ် ဘယ်သူမှန်း မသိအောင် ကိုယ့်မျက်နှာ ကိုယ်အုပ် ထားဖို့ လေ ။
ပြီးတော့ အောက်မှာ ရေမြောင်းလို အတန်းလိုက် ..နောက်ဆုံး က ပါသူ အဖို့  ၊ ရှေ့ လူတွေ ဘာစားထားမှန်းသိရလောက်အောင် အရောင် အနံ့ ပေါင်းစုံ ရွေ့ လျော ကျွန်းမြောကြီး အလား . ကြည့်လို့ ရတယ် ..အဟက် ..
( အိမ်သာ ဋီကာ .. ဝင်ဆွေးနွေးသွားပါသည် )
နောက်တစ်ခါဆို ရေလျှော့သောက်တော့ လို့ ချစ်ချစ်ကြီးက မပြောဘူးလား..
ကလေး အခန်းကတော့ ကွင်းကွင်းကွက်ကွက်ဗျာ။
ကျနော်လည်း တအားရွံတတ်ပါပဲ။ ညစ်ပါတ်တာ တစ်ခုခု ကြာကြာတွေးမိရင်နေတောင် လူက အော့အန် ချင်လာရော။
စာဖတ်ပြီးတော့ ရေသောက် လိုက်ရသေးတယ်။
ချစ်ခန်းတွေက အိမ်သာနားမှာ ဝဲနေသေးတယ်
ရိုမန်တစ်စ်စ်စ် တာလေးတွေ လုပ်ပါအုံးး။
မရွှေစင်ရေ
ဖတ်ပြီး ညသန်းကောင်တစ်ယောက်တည်း ထအော်ပြီးရယ်နေတာ
ဘေးပတ်ဝန်းကျင်ကြားလို့ ရူးပြီလို့ ထင်ရင် အစ်မကြောင့်နော်..
ကလေးကို အီးကုန်းတဲ့နည်းကိုတော့
နမူနာ ယူရမယ်.. ရေရှားတဲ့နေရာမှာ
အသုံးဝင်လောက်တယ်... ဟီး
ဘယ်လိုလုပ်များ ဒီနည်းကို အိုင်ဒီယာရတယ်မသိ
ချီးကျူးလောက်ပါရဲ့...း)
တောထဲမှာ..လေလေးတဖြူးဖြူးနဲ့..သိတ်အရသာရှိတာပဲ..အံမလေး...လွမ်းလိုက်တာနော်...
အီးဋီကာခဏရပ်ပြီး တစ်ခြားအကြောင်းအရာများနှင့် နှစ်ပါးသွားကြပါစို့ ချစ်အစ်မရွှေစင်ရေ...။ ဝေါ့.........။
ညီမ အခက်ခဲဖြစ်တာ ဖြေရှင်းဖို့ အကြံတခု ပေးချင်သား။ ခလေးသုံးတဲ့ အီးအိုးလေး သွားလေရာ သယ်သွား ရင် အဆင်ပြေမယ် ထင်တယ်း-)။ အိုးလေးပေါ် မထိုင်ခင် ပလစ်စတစ်အိတ် ကို စွပ်ထားလိုက်ရင် ကိစ ပီးတာနဲ့ အထုပ်လေး လွှင့်ပစ်ရုံဘဲ။ အိမ်သာ ညစ်ပတ်ရင် ရေချိုးခန်းထဲဝင် ကိစပီး လို့ရတာပေါ့။ အဆင်ပြေမပြေ တော့ မပြောတတ်ဘူး။ ဖြစ်နိုင်ချေ နည်းတခု စဉ်းစားရတာပေါ့။
သူများမေးရင် ဘာဖြစ်လဲ ကျွန်မတို့က ထုတ်ကြီးဒယ်ကြီးအိုးကြီးနဲ့ လို့း-) ကြီးကြီး ပိုင်းကလာတာ လို့ ပြောလို့ရတာပေါ့နော်
တတ်နိုင်ရင်တော့ နံရံ ၄ဘက်အကာ ခန်းဆီးတခုပါယူသွား လိုက်။ ဒါဆိုရင် ပေါက်တောမှာ နေရာ ရှာစရာ မလိုဘူး။ ဒီဘက်မှာတော့ ခရီးသွားရင် ယာယီအိမ်သာ တွေနဲ့ သွားကြတယ်။ ရေပါ ပါတယ်။
တလောက အမေ့အတွက် ပစည်းရှာရင်း လူနာ အတွက် ကုလားထိုင်အိမ်သာအိုး လေး တွေ့တယ် ဒါလည်း အဆင်ပြေ တာဘဲ ခေါက်ယူသွားလို့တော့ မရဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်တယ်။
မင်္ဂလာပါ..
အင်း.. ဒီအကြောင်းတွေပြောတော့ ငယ်ငယ်တုန်းက အဖြစ်ကလေးတွေကို သတိရသွားတယ်။
ငယ်ငယ်တုန်းက ရွာတွေမှာ အိမ်သာ ဆိုတာ မရှိသလောက်ပါဘဲ။ ဒုတ်ချောင်းကလေး ကိုင်ပြီး ညနေဆို ရွာ့အပြင်ဘက်ထွက်ကြရတာလေ။
ကိုမျိုးတို့က ငယ်သေးတော့ ကုန်းမြင့်မြင့်မှာ ပါကြတာပေါ့။ ပြီးလို့ ရှိရင်လဲ အနားမှာရှိတဲ့ မြက်ဖုတ်ကလေးပေါ် ခွထိုင်ပြီး ဖင်ဒရွတ်တွန်းလိုက်ကြတာ။ တစ်ရှူးသုံးတာထက်တောင် ပြောင်စင်ပါသေးတယ်။:) :)...
မနက်ပိုင်းမှာဆိုရင်.. မြက်ဖျားမှာ ရေစက်ကလေးတွေ သီးနေတော့.. ဒရွတ်တွန်းရတာ အရသာ တစ်မျိုး... အေးခနဲ့ ဘဲ... :P :P...
ခင်မင်စွာဖြင့်
ကိုမျိုး
မမရွှေစင်.. အော့အော့တွေပဲရေးနေတယ်... :D ကလေးလေး ee ပါပြီး သန့်ရှင်းရေးလုပ်တဲ့ အခန်းလေးက မြင်သာလွန်းတယ်...
မမရေ အိမ်သာဆေးတာ ကုသိုလ်ရပါတယ်... ပူးတေဆို ရွံပေမယ့် အိမ်မှာရော၊ ရိပ်သာတို့ ဘုန်းကြီးကျောင်းတို့မှာပါ ကြုံရင်ကြုံသလိုဆေးလေ့ရှိတယ်... ရန်ကုန်မှာ ဒီတခေါက်ပြန်တုန်းက ရိပ်သာဝင်တာလဲ ဗိုလ်ထိုင်အိမ်သာ၁လုံး ရိုးရိုးရေလောင်းအိမ်သာ ၄ လုံး စုစုပေါင်း ၅လုံးကို ၂ ခါဆေးခဲ့တယ်... ရိပ်သာက ၁ ပတ်ပဲဝင်တာလေ...
ပူးတေအဆောင်နာမယ်က "ကိုယ်ကျိုးရှာတတ် မိန်းမမြတ်" တဲ့ ။ ပါဠိလိုတော့ မေ့သွားပြီ...
ပျင်းပျင်း၇ှိတာနဲ့blog တွေမွှေ၇င်း ဖတ်မိပါတယ်...
toiletable research နဲ့လာတွေ့၇တယ်...
သြော် ခင်မင်လို့comment ပေး၇င်းအကြံလေးပေးပါ၇စေ....ခ၇ီးသွား၇င် အ၀ကျယ် ပုလင်းလေးဆောင်ထားပေါ့....
၇ှုး၇ှုးအတွက်အဆင်ပြေအောင်ပါ....
ပျင်းပျင်း၇ှိတာနဲ့blog တွေမွှေ၇င်း ဖတ်မိပါတယ်...
toiletable research နဲ့လာတွေ့၇တယ်...
သြော် ခင်မင်လို့comment ပေး၇င်းအကြံလေးပေးပါ၇စေ....ခ၇ီးသွား၇င် အ၀ကျယ် ပုလင်းလေးဆောင်ထားပေါ့....
၇ှုး၇ှုးအတွက်အဆင်ပြေအောင်ပါ....
မမရွှေစင်ရေ...ညီမလေး ဒီစာကို ရုံးမှာဖတ်နေတာ...ဖတ်ရင်းနဲ့ တခွိခွိနဲ့ ထရီတာ ဘေးက အကုန်ဝိုင်းကြည့်ကုန်တယ်...သြော်...ငါ့ အစ်မ..ငါ့အစ်မ ... ရေးထားပုံကတော့ သင်းတယ်... (မျက်စိထဲက ထွက်ကို မထွက်ဘူးဆိုတဲ့ သီချင်းလိုပါပဲ...ကွင်းကွင်း ကွက်ကွက် မြင်အောင်ကို ရေးနိုင်ပါရဲ့ ...) :D
ချစ်ညီမလေး
ဟားဟား
ဖတ်ပြီး သဘောကျသွားတယ်း)
အကုန်လုံးပဲ :D
မမရယ်...
ရွှေပြည်ကြီးကရွှေမြန်မာကလေးတွေမပြောပါနဲ့ ဦး...
အမေရိကန်၊ တက္ကဆက်ဘက်ရောက်တဲ့ ခိုလှုံခွင့် ရ
ရွှေပြည်ကြီးနယ်စပ်ဒေသက မိသားစုတွေလည်း ပန်းခြံ
တို့ ဘာတို့ အပြင်မှာတင်ကလေးတွေကို အင်းအင်းတည်
တာ ခြေထောက်ပေါ်တင်ပြီး ( ငယ်ငယ်တုံးက ကျွန်တော်
တို့ လည်းအဲဒီလိုပဲ ဟဲဟဲ...) တည်နေကြသေးလို့ အမေရိ
ကန်တွေ ရွှေမြန်မာဆို ကြောက်လွန်းလို့ အဝေးကနေပြေး
ကြတယ်ဆိုပဲ...
အင်း- ---
အရာတော်ကတော့ကမ္ဘာ့ကျန်းမာရေးဆုရတဲ့မြို့ ဘဲဗျ-
ဘယ်နှစ်ခုနှစ်ကလည်းတော့မသိတော့ဘူး-
ရေအိမ်သာတွေနဲ့ အကုန်ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်သာတွေဆောက်ထားလို့ တော့ပြောတာဘဲလေ-
လူနေအိမ်ထက်တောင်အိမ်သာကပိုကောင်းတယ်လို့လည်း
ပြောကြတာကြားဖူးတယ်ဗျို့ -ဟုတ်မဟုတ်ရွှေစင်ဦးရဲ့ 
ဆရာကိုမေးဋ္ဌကည့်လိုက်ပါလားဗျာ-လေးစားစွာဖြင့်
ကျတော်တို့လင်မယားမြသက်ချယ်နဲ့အလောင်းတော်ကသပသွားတုန်းကအကြောင်းလည်းပြောပြချင်ပါတယ်။
ကြာပါပြီ၅နှစ်လောက်ရှိပြီ။ကျတော်တို့ယူပြီးပထမဆုံးခရီးရှည်ပေါ့။တလမ်းလုံးကျတော်ကပေါက်တောရပ်တိုင်းဆင်း။
ကျတော့်မိန်းမကလုံးဝမဆင်းတဲ့အပြင်ကျတော့်ကိုတောင်နင်ရောဂါရှိနေပြီလားအခေါက်တိုင်းပဲတဲ့။
သူလည်းမပေါက်ချင်တာမဟုတ်ဘူးအောင့်ထားတာ။ရှက်လို့တဲ့အိမ်သာရှိတဲ့နေရာမှသွားတယ်။သူကလည်းဂျင်းဘောင်းဘီကြီး
နဲ့ဆိုတော့သွားရခက်တယ်။မုံရွာကနေသွားတဲ့နေ့ပေါ့။ကပိုင်မရောက်မှီမှာလမ်းဘေးတခါရပ်တယ်။သူမဆင်းဘူးအောင့်ထားတယ်။
ကပိုင်မှာမနက်စာစားအိမ်သာရှိပေမယ့်မသွားချင်သေးဘူးတဲ့။ကပိုင်ကနေထွက်လာလို၁နာရီကျော်လောက်ကြာမှကျတော့်ကိုပြောတယ်။
ငါလုံးဝမအောင့်နိုင်တော့ဘူးတဲ့။ဘာတုန်းဟခုဏကပြောတော့မသွားချင်ဘူးဆို။ကျတော်လည်းtourguideကောင်မလေးကိုပြောတယ်။
သူကခဏလေးစောင့်ပါနော်တဲ့ဒီတောထဲရပ်လို့မရဘူးနတ်တအားကြီးတာတဲ့။
ကျတော်မိန်းမလည်းမျက်နှာကြီးရှုံ့မဲ့လို့လက်သီးတွေဆုပ်လို့။တော်တော်ကြာမှာရေမရှိတဲ့ချောင်းအကြီးကြီးရဲ့အလယ်မှာရပ်တယ်။ကျန်းမာရေးရပ်တာပါတဲ့။
ကျတော်တို့လည်းဆင်းတာပေါ့။အကာအကွယ်ဆိုလို့ဘာမှမရှိ။အမျိုးသားတွေကချောင်းအတိုင်းတဘက်သွားအမျိုးသမီးတွေကတဖက်သွား။
ကျတော်လည်းအခြားအမျိုးသားတွေနဲ့အတူကား၂ပြန်လောက်သွားပြီတော့အထုပ်အထည်ကိုရှင်း။ပြီးတော့ကားဆီပြန်လှည့်လာတော့မြင်ရတာ။
ကျတော်တို့လိုပဲကားစဟိုဘက်၂ပြန်လောက်မှာကားပေါ်ပါအမျိုးသမီးတွေရှုးရှုးပန်းနေကြတယ်။အဲသို့ပေမယ့်ကျန်တဲ့အမျိုးသမီးကြီးတွေလုံခြည်တွေကို
ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ကိုယ်တွယ်ပြီးဘာမှမပေါ်အောင်သွားနိုင်ကြတယ်။ဂျင်းဘောင်းဘီဝတ်ခဲ့တဲ့ကျတော့်အမျိုးသမီးသာကျတော်တို့ဘက်ကျောပေးလို့
မနက်၁၀နေရာင်အောက်မှာပြောင်ပြောင်ရှင်းရှင်းကြီးသွားနေတာ။ကျတော်လည်းအသံမထွက်ပဲကုန်ပါပြီဗျာလို့သာရေရွတ်မိတော့တယ်။
ီdirectionသိပ်တည့်နေတော့တခြားကားဆီပြန်လာတဲ့အမျိုးသားအားလုံးကလည်းလမ်းတလျှောက်လုံးအဲဒီ့မြင်ကွင်းကြီးကိုမမြင်ချင်လို့မရဘူး။
မျက်လွှာချပြီးလျှောက်မှသာမတွေ့မယ်။ကျတော့်မဟေသီကလည်းဘာတွေအဲ့လောက်ကြာနေမှန်းမသိဘူး။ပြီးပြန်တော့လည်းဒီအတိုင်းပဲ
ဲသူ့ဂျင်းဘောင်းဘီကိုဆွဲတင်ရတာ။ကားပေါ်ရောက်တော့ကျတော်ကသူ့ဘက်လှည့်ပြီးပါးစပ်ဟမလို့ရှိသေးတယ်။
ဘာမှမပြောနဲ့တဲ့။ငါသိတယ်ငါဘာမှထပ်မကြားချင်ဘူးဆိုပဲ။မျက်နှာကြီးရဲတွတ်ပြီးပြောတာ။ ကျတော်လည်းသူပြောတဲ့အတိုင်းပဲဘာမှပြန်မပြောတော့ပါဘူး။
ဒါပါပဲဗျာ။
ဆရာမဘောစိ မရွှေစင်အုသို့ မှ/ တပည့်လေးများ
ဆရာမ မရွှေစင်ဥကလည်း သမီးတို့ကို အိမ်သာပါ ဆေးခိုင်းချင်သေးတယ်နော်။ သမီးတို့မှာ ဆရာမ ကွန်ပျူတာ စာစီစာရိုက်ဆိုင်မှာ မိုးလင်း မိုးချုပ် မညည်းမညူ လုပ်နေကြရတာပါ။ သမီးတို့ရဲ့ အလုပ်ချိန်ကိုလည်း ကြည့်ပါဦး။ သမီးတို့ရဲ့ လုပ်အားနဲ့ ဆရာမတို့လည်း ကားရော၊ တိုက်ရော လက်ရှိပိုင်ဆိုင်နေကြပြီပဲ။ ဒီလောက် တက္ကသိုလ်ဆရာမတွေနဲ့ တနေကုန်တနေခမ်းလုပ်ပေးနေရတာကို ကျေနပ်ပါတော့ ဆရာမရေ။
သမီးတို့ ဒီလောက်ကြိုးစားလုပ်ပေးနေလို့ ဆရာမရွှေစင်ဥလည်း အခုလို ဘလော့ကို အေးအေးလူလူရေးနိုင်ပြီး လူကြည့်များနေရတာပါဆရာမရေ။
ဒီဘလော့ကိုလည်း လေ့လာထားပါဦး ဆရာမရေ။
http://www.mydailynewpost.blogspot.sg/2013/08/blog-post_2892.html
ဆရာမဘောစိ မရွှေစင်အုသို့ မှ/ တပည့်လေးများ
သမီးတို့ပြောတာ အမှန်တွေဖြစ်နေရင် အထက်ကစာတွေကို ဖျက်ပေးပါ။ သမီးတို့ စောင့်ကြည့်နေပါတယ်။
Post a Comment