ကျနော် တခုခု ကို ရေးမိရင် ဒီအကြောင်းဘဲ စိတ်က ရောက်နေတာဆိုတော့ လူအမျိုးမျိုး အကြောင်းကို ဘဲ ဆက်ရေး ပေးချင်ပါတယ်..။
ကျနော် ဘလော့ဂ် စရေးတော့ ကျနော် သိသော လူအမျိုးမျိုး နဲ့ မြန်မာပြည် အင်တာနက် သုံးသူများ အကြောင်း ထဲမှာ ကျနော် ရဲ့ ချစ်တပည့် လူလည် ဝင်းထွန်းထွန်းပြောင် အကြောင်းတွေ အများဆုံးပါ ပါတယ်..၊ ကျနော့် ဘလောဂ် ဖတ်တဲ့ သူတွေက သိတယ်...၊ ကျနော့် သူငယ်ချင်း ၂ယောက် (စင်ကာပူက ဘလော့ ဖတ်တဲ့သူ) မြန်မာပြည် ခဏပြန်လာတော့ ဆိုင်ထဲ ဝင်ဝင်ခြင်း ကျနော့် တပည့်ကျော် (ဖိုတိုရှော ပြင်တဲ့ တယောက် ဝတုတ် ရွာ(ဝင်းထွန်းထွန်းပြောင်)) ရှိသေးလားလို့ မေးကြတယ်..၊ ကျနော်က ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာ ပကတိ ချမ်းသာစွာ ရှိပါကြောင်းပြောပြီး.. သူ့ကို ခေါ်ပြီး မိတ်ဆက်ပေးတယ်..၊ သွားကြီး ကိုဖြီးလို့ သဘောတွေကြနေတာ.. သူ က ဆိုင်မှာထင်ပေါ်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီကိုးဗျ...။
ဒီနှစ်နဲ့ဆို ဆိုင်မှာ သူရောက်တာ ၃နှစ်ကျော် လောက်ရှိပြီ ထင်တယ်.. အခါတိုင်းနှစ်တွေ ဆိုရင် သင်္ကြန် မတိုင်ခင် တလ လောက် ကထဲက ရွာပြန်ရင် ဘယ်သူ့ အတွက် ဘာလက်ဆောင်တွေ ဝယ်မယ်ဆိုတာ စာရင်းဇယား တွေ ရေးလို့... အစောကြီး ကထဲက ဟိုဟာဝယ် ဒီဟာဝယ် နဲ့ ပြင်ဆင်နေတာ.. တဆိုင်လုံး မနေရဘူး.. ဟိုလိုက်ပို့ရ.. ဒီလိုက်ပို့ရ နဲ့...၊ ဒီနှစ်တော့ အတော်ငြိမ်ချက်သားကောင်းနေလို့ .. ကျနော် ကတောင် စလိုက် သေးတယ် ..။
ဟေ့ကောင် မင်းဘုန်းကြီး ကြောက်လို့ မပြန်တော့ ဘူးလားဆိုတော့.. မဟုတ်ဘူးတဲ့... ဘုန်းဘုန်းကြီး က ဒီတခေါက် သူပြန်ရင် ကွန်ပြူတာ တောင် ဝယ်ခိုင်း အုန်းမှာတဲ့..(အင်း ဘုန်းဘုန်း တော့ ဒီတခါ ဘယ်လို ခံရမယ် မသိဘူး..) .၊ မင်း ရွာကလူတွေ အတွက် လက်ဆောင် မဝယ်ထားတော့ ဘူးလားဆိုတော့ ပိုက်ပိုက် သိပ်မရှိလို့တဲ့..၊ အင်း ဆရာမ ကြိုထုတ် ပေးပါမယ်.. ဝယ်စရာရှိ ဝယ်ဆိုတော့ ဟုတ် တဲ့ မုန့်ဘဲ ဝယ်တော့ မှာပါတဲ့...။
သူလည်း ရွာက သူငယ်ချင်းတွေ အကို တွေကို တော်တော် စိတ်နာ သွားတယ်ထင်ပါတယ်..၊ သူ့ ရွာက သူငယ်ချင်းတွေ အကို ဝမ်းကွဲ တွေက ဗမာပြည် အရပ်ရပ်မှာ ရွှေထွက် တဲ့ အရပ်တွေ ကျောက်ထွက်တဲ့ အရပ်တွေ သွားပြီး ရွှေတူး ကျောက်တူးကြတာကိုးဗျ.. သူ က မန္တလေး မှာ နေတော့ အသွားလည်း ဧည့်ထောက်ခံ..၊ အပြန်လည်း... အပြန် မှာ တော့ အားလုံးသူ့တာဝန်. ပိုက်ပိုက်ရမလာတဲ့ အပြင် ငှက်ဖျား မိလာ စရိပ်ပြတ်လာတော့ သူက အားလုံး စီစဉ်ပေးရတာကိုးဗျ...။
ကျနော်က နှစ်ခါ လောက်တော့ သိလိုက်တယ်.. သိတာနဲ့ ပြောရတာပေါ့ .. မင်းဘယ်လောက် ချမ်းသာ လို့လည်း မင်းဒီလိုလုပ်နေရင် မင်း တပြားမှတောင် ကျန်မှာ မဟုတ်ဘူးဆိုပြီး.. တည်းခိုတော့ လည်း တည်းခိုခန်း.. စားတော့လည်း ထမင်းဆိုင်.. ဟို..ဒီ က လျှောက်လည် သေးတာဆိုတော့ အားလုံး သူ့တာဝန်တွေဘဲ....၊ အပြန် စားရိပ်က ပေးရသေး လက်ဆောင်က ပါးရသေး.. ဆိုတော့ ကျနော် လည်း နှမြောတော့.. သူတို့မှာ တခြား သူငယ်ချင်း တွေမရှိတော့ ဘူးလား မင်းတယောက်ထဲ ရှိတာလား.. ဘာညာ နဲ့ ဆူတော့..ငြိမ်ခံနေတယ်ဗျ..၊ နောက်တယောက် က တခါ ရောက်လာပြန်တယ်.. သူ့မှာလည်း ပိုက်ဆံ က မရှိတော့ဘူး.. ။
အဲဒီတော့ သူများစီက ချီးပေးတယ်တဲ့..၊ သူပိုက်ဆံ ချီးတဲ့ ဆရာမ လင်မယား ကလည်း သူ့ ရွာက ပါဘဲ ..၊ ကျနော်.. ဆီကလည်း ဆူထားတော့ မယူရဲတော့ဘူးလေ..၊ နောက်တော့ ပိုက်ဆံချီး ပြီး တော်တော် နဲ့ ပြန်မပေးနိုင်တော့.. ဟိုဆရာမ လင်မယားက ကြွေးတောင်းတယ်တဲ့...၊ အဲဒီမှာ တမှိုင်မှိုင် တတွေတွေ နဲ့ လုပ်နေတာ (ကျနော့် မှာတော့ ဘာဖြစ်ပြန်ပြီလည်းလို့).. နောက်တော့ ညပိုင်း ကြီး ကို ပျောက်သွားတယ်.. ၂နာရီလောက်.. ပြန်လာတော့ မေးကြည့်တော့ စိတ်လေ စိတ်ညစ်လို့ လျှောက်သွားနေတာတဲ့.. ဒါနဲ့ ချစ်ချစ်ကြီးက သူ့ ကြွေးပြသာနာ ရှင်းပေးလိုက်မှ.. အေးသွားတယ်...။
အလှက လည်းကြိုက် အဝတ်သစ်တွေဝယ် သနပ်ခါးဘူးဂျယ်ဘူး တွေဝယ် သူငယ်ချင်းတွေ မုံကျွေး .... ဆိုတော့ သူ့ပိုက်ပိုက် လည်း သိပ်မကျန် တော့ဘူး.. တနှစ်လုံး လုပ်တာ ဘာမှ မယ်မယ်ရရ မကျန်ဘူး...၊ ကဲ.. အဲဒါတွေ ပြောမနေတော့ပါဘူး.. သူ လူရည်မလည် တဲ့ အကြောင်းတွေဘဲ ဆက်လိုက်ကြရအောင်...။
ကျနော့်..ဆိုင်မှာ ဘောက်ချာ ရေးရင် တပည့် ကျော်များ... အမှားများတဲ့ အကြောင်းတွေ ရေးပြီးပါပြီ ..... အခုတခါ အဲဒီလို မှားရေးလို့ ဆရာမ တယောက်က ဟိုနေ့ က ပိုက်ဆံပိုလာတာ ပြန်လာပေးတယ်ဗျ..၊ အဲဒါ ကျနော် တို့ လည်း ရှိတော့ သူက ကျနော်တို့ ရှေ့မှာဆိုတော့ သူ ဘောက်ချာ ရေးတာ မမှားဘူးပေါ့ ဆိုပြီး... အမယ်လေး လာပေးတာ အေးအေး ယူမထားဘဲ ဂဏန်းပေါင်း စက် တလုံးနဲ့ မပြီးနိုင် မစီးနိုင် တွက်နေတာ.. ။
ကျနော့် မှာ ဆရာမ အားနာတာနဲ့ ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီး သူ့ကို တော်တော့ မတွက် နဲ့ တော့ လို့ ပြောရတယ်.. ဒါကို ဆရာမ ပြန်သွားတော့ ထပ်တွက်နေသေးတယ် .. အဲဒါနဲ့ ကျနော်လည်း အမြင်ကပ် တာနဲ့ ဘာလည်း မင်းတွက်တာ မှန်နေလား ဆိုတော့ အဟဲ.. မမှန်ဘူးတဲ့... အဲဒီလို ဗျာ..။
ကျနော် တို့ ဆိုင်မှာ အရင်က hand phone တလုံးဘဲရှိတယ်.. အဲဒီတော့ အနားက pco ph ၂လုံးကို အားကိုး ရတယ်..၊ သူ့ သူငယ်ချင်း တွေက ဖုန်းဆက် ... ရွာကို သူက ဖုန်းဆက် ဆိုတော့ ဖုန်းဆိုင်မှာ အကြွေး အမြဲတန်း ရှိတယ်.. ၊ တနေ့တော့ ဖုန်းဆိုင် က ကောင်မလေး တွေက အကြွေးများ နေလို့ လာပေးအုန်းလို့ သူ့ ကို တခြားလူနဲ့ မှာလိုက်တယ်...၊ ကျနော် လည်း ဒီကောင်မလေး တွေက ငါ့ တပည့် ကျော် ကို ဒီလို အကြွေးတောင်း ရသလား ဆိုပြီး စိတ်တိုသွားတယ်...၊ ဘာကြောင့် ဆိုတာ ကျနော် ပြောပြပါမယ်...။
အဲဒီ ဖုန်းဆိုင်က ကျနော် တို့ လိုဘဲ ကွန်ပြူတာ မိတ္တူ ဆိုင်ဖွင်ထားတယ်...၊ မိတ္တူစက် Riso စက်တွေ က ခဏ ခဏ ပျက်တယ်..၊ ပြင်တဲ့ ဆိုင်တွေကို ခေါ်ရင် အနဲဆုံး ၃၅၀၀ ပေးရတယ်..၊ ကျနော် တို့ ဆိုင်ကတော့ စက်လည်း များ ပျက်တာလည်း များတော့ တော်ရုံ ဆို ဆိုင်က အဲဒီကလေး နဲ့ တခြားကလေး များက ကိုယ်ဘာသာ ပြင်ကြတယ်...၊ ပြသာနာ သိပ်မကြီးရင် တော့ လုပ်တတ်နေကြပြီ..၊ အဲဒီတော့ အဲဒီဆိုင်က ကောင်မလေး တွေက သူတို့ ဆိုင်က စက်ပျက်ရင် ပြင်ဆိုင် မခေါ်ဘဲ နဲ့ တပည့်ကျော် ကိုဘဲ ခေါ်ပြင် ခိုင်း ကြတော့ .. တော်ရုံတော့ သူ ပြင်တာနဲ့ ကောင်းသွားပါတယ်..၊ ဒါမျိုးတွေ ခဏခဏ ဆိုတော့ ကျနော် လည်း အဲဒီလို့ လုပ်ပေးထားရဲ့ သားနဲ့ တပည့်ကျော် ကို ကြွေးတောင်းတော့ စိတ်တိုတာပေါ့...။
ဒါနဲ့ ကျနော် က သူ့ ကို ခေါ်ပြီး လက်ချာ ပေးတယ်... မင်း စက်ပျက်လို့ ပြင်ဆိုင် ခေါ်ရရင် ပိုက်ဆံ ဘယ်လောက် ကုန်တယ် ဆိုတာ သိတယ် မဟုတ်လား...၊ အခု မင်းက သူတို့ ဆိုင်က စက်တွေ ခဏခဏ ပြင်ပေး ထားတယ်.. ဒါတောင် မင်း ကို ဖုန်းကြွေး တောင်းတယ်. ..၊ အမှန်ဆိုရင် မင်းကို သူတို့ က ချော့ နေရမှာ.. (ကျနော် ပေးမှာပါ ဆိုင်ကို မရောက်ဖြစ်လို့ ပါ.. အကြွေးတောင်းခံ ရတော့ မကောင်းဘူး.... ပြောပေါ့ လို့) နောက်တခါ မင်း အဲဒီ မမတွေ နားလည်အောင် ပြောပြပေါ့ ဆိုပြီး..သင်လွှတ် လိုက်တယ် ဗျ...။
နောက်တခါ အဲဒီ ဖုန်းဆိုင်က Riso စက်က ပျက်ပြန်ရော.. ကျနော် လည်း တပည့်ကျော်ကို.. သွားပြင် ပေးလိုက်.. ဒါပေမဲ့ ဖုန်းကြွေးတောင်း တဲ့ ကိစ္စ လေးတော့ နားလည် အောင် ပြောခဲ့အုန်းပေါ့....လို့ မှာလိုက်တယ်..၊ ဟုတ်ကဲ့ ဆိုပြီး အားကျိုး မာန်တက် ထွက်သွားတယ်...၊ အပြန်ကျ... မျက်စိမျက်နှာပျက် ပြီး ပြန်လာတယ်...၊ ဟေ့ကောင် အခြေအနေ ဘယ်လိုလည်း ဆိုတော့... မအောင်မြင်ခဲ့ ဘူး ဆရာမရေတဲ့.. မင်းကဘယ်လို ပြောလိုက်လဲ ဆိုတော့...ပြောခါစ ရှိသေးတယ်..၊ အဲဒီ ကောင်မလေးက..... မေမေရေ.. လာပါအုန်း.. ဟောဒီမှာ သမီး တို့ကို လာစော်ကားနေပါတယ်လို့ အော်လိုက်လို့ ပြန်ပြေးလာတာလို့ ပြောပြပါတယ်...။
အင်း.. နောက်ဆုံးတော့ ရွှေစင်ဦး အပြစ် ပါလား.. ဒီလောက် လူရည်မလည် တဲ့ တပည့်ကျော် ကို ဒီလို ပြောခိုင်းတာ.. ၊ ကောင်မလေး တွေက အမှု့ မလုပ်လိုက်တာ ကံကောင်းပါလားလို့... ၊ သူ့ လည်း ဘယ်လို ပြော ခဲ့ လည်း မေးမနေတော့ ..ပါဘူးဗျာ...စိတ်ကုန်လွန်းလို့ပါ...။
အခုတော့ ကျနော်လည်း ဖုန်းတလုံး ထပ်တိုးထားပြီဆိုတော့ သူတို့လည်း ဖုန်းပြသာနာ အေးသွားပါပြီ.. တပည့်ကျော်.. ကိုလည်း အဲဒီနောက်ပိုင်း ကောင်မလေး တွေက စက်ပြင်ခိုင်းတာ မတွေ့တော့ပါဘူး...။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
10 comments:
အမတပည့်ကျော်ကတော့ စံပဲ..
ရိုးတော့ရိုးသားတယ်မလား..
ရီရတယ်.. အမ..မပျင်းရတော့ဘူးပေါ့..ဟီးဟီး..
အလုပ်ထဲမယ်..ဒါမျိုးလေးတွေလဲ ရှိဦးမှ...။
မြတ်နိုး
အင်း - - -
သူဘယ်လိုမေးခဲ့ပါလိမ့်လို့စပ်စုကြည့်တာပါ-
မရှင်းလို့ -ဖြေမှလား-
ဟားဟား... တပေါ် ကျက် တပည့် ကျော် ကြီး ၊
အင်း သူရှိနေတော့ လဲ အပြင်းပြေ ၊ မိတ်လဲရ သလို
မိတ် လဲ ပျက် ရတာပေါ့ ။ ဒါပေမဲ့  အဲ့ ဒီ ပျက်တဲ့ 
မိတ် တွေက တပေါ် ကျက်ကြီး အကြောင်း တကယ်
သိလာတဲ့  တစ်နေ့ ကျ ကိုယ့် ရဲ့  မဟာမိတ် များ
တောင်ဖြစ်လာနိုင်ပါတယ်နော်။
ဖြူလို့  မှားတဲ့ အမှားလေ။ ခွင့် လွှတ် လို့ ရပါတယ်။
ဝင်းထွန်းထွန်းပြောင် အရင်ထက်သာလာသလိုပဲ၊
ဖုန်းကြွေးတောင်း တဲ့ ကိစ္စလေး ဘာလို့ လာစော်ကားနေပါတယ်လို့ အော်လိုက်ရတာလဲ?
ဖတ်ပြီး ပြုံးရမလို
သနားရမလိုနဲ့
ဒီလို ရိုးအတဲ့လူတွေက ခုခေတ်နဲ့တော့ သိပ်မကိုက်တော့ဘူး..
လူလည်တွေနဲ့ဆို ခနခန ခံရမှာ
မရွှေစင် တပည့်ကို
လူလည်ကျနည်း သင်တန်း တက်ခိုင်းရမလို ဖြစ်နေပြီ...
ဒီနှစ်သင်္ကြန် မန္တလေး မလာဖြစ်တော့ဘူးထင်တယ် မရွှေစင်ရေ..
ကချင်ပြည်နယ်ဘဲ ပြန်ဖြစ်လိမ့်မယ်နဲ့တူတယ်
အိမ်လွမ်းလို့ ပြန်လိုက်ဦးမယ်...
ပြန်လာလို့ မန္တလေး ၀င်ဖြစ်ရင် လာလည်မယ်နော်...
သမီးတို့ကို..ဘယ်လိုများ...ပြောလိုက်သလဲကွယ်..
ဆရာမသင်တဲ့အတိုင်း ပြောတာဖြစ်မှာပါလေ
ဝင်းထွန်းထွန်းပြောင် ရှိတာ ဆိုင်တော့ တော်တော် ပျော်စရာကောင်းမယ်နော်။ မိတ်ပျက်တဲ့အခါ ပျက်ပေမယ့်လည်းလေ.. :D
အခုဖုံးတစ်လုံးတိုးလာပြီဆိုတော့ အယင်ဖုံးတစ်လုံး
ကျွန်တော့် ကိုပေး...
သူထိန်းပဲ...
Mama Shwezin,pls don't make what Win Pyaung told the grils a secret.
Please tell him that I am saving my photos to make beautiful vinyl with his art work.
yours lovingly,
Watma.
ဟုတ်ပ...ရီရတော့မလို သနားရတော့မလိုပါပဲ...ခုခေတ်မှာ အဲဒီလိုရိုးအတဲ့ လူတွေ ရှားသွားပါပြီ...အားလုံးက လူလည်တွေချည်းပဲ...ပြီးတော့ အဲဒီလို လူတစ်ယောက်ရဲ့ ရိုးအမှုအပေါ်မှာ အနိုင်ယူတတ်ကြတာတွေကလည်း အများသား...
ချစ်ညီမလေး
Post a Comment