ရွှေစင်ဦး လေး ဘယ်လို မွေးဖွား လာသလည်း သူလိုကိုယ်လို ပါဘဲဗျာ...၊ ရွှေစင်ဦး နံမည်လေး ပြောတာပါ..၊ ကျနော် မွေးလာတော့ ကျနော်ဟာ မြေးဦး တူမဦး ဖြစ်တဲ့ အတွက် ကျနော့် ကို နံမည် ပေးဘို့ ကျနော့် အဒေါ် ၃ယောက် နဲ့ ဖေဖေ နဲ့ တော်တော် အလုပ်ရှုတ်သွားပါတယ်တဲ့..။
ဒါပေမဲ့ နောက်ဆုံးတော့ ကျနော့် ဒေါ်ကြီး က ဝတ္ထုတပုဒ်ဖတ်ရင်း နဲ့ အဲဒီ ဝတ္ထု ထဲက အငြိမ့် မင်းသမီးလေး နံမည် ရွှေစင်ဦး ဆိုတာ သဘောကြပြီး အဲဒီ နံမည်လေး ပေးဖြစ်သွားကြပါသတဲ့..၊ ကျနော်က ကျနော့် နံမည် လေးကို ချစ်တယ်.. ဒါကြောင့် ဟိုတုန်း က စိတ်ကူးယဉ်ဘူး တယ်.. ငါ စာရေးဆရာမကြီး ဖြစ်ရင်လည်း ငါ့ ကလောင် နံမည် ကို မပြောင်းဘူး ရွှေစင်ဦး ဘဲ ပေးမှာလို့... ဒါကြောင့်လည်း ကျနော် ဟာ စာရေးဆရာမကြီး မဖြစ်ပေမဲ့ ခုထိ ဒီနံမည် လေး ကိုဘဲ စွဲစွဲ မြဲမြဲ သုံးဖြစ်ပါတယ်...။
အမှန်တော့ နံမည် အကြောင်းပြောတာ ဘာမှ မဆိုင်ဘဲနဲ့ အချောင်ဝင်ပြောသွားတာပါ..၊ ကျနော် တကယ် ရေးချင်တာက ကျနော့် အဒေါ် အလတ် အကြောင်းနဲ့ ကျနော့် ငယ်ဘဝ အချို့ပါဘဲ...၊ ကျနော် ငယ်ငယ်က ကျနော့် ကို အဒေါ်များက ချစ်မယ်လို့ ယုံကြည်ပါတယ်...၊ အဲဒီလို့ ချစ်ကြလို့ သူတို့နဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာကို သူတို့ မှာ တူမလေး ရှိကြောင်း ရွှေစင်ဦး လို့ ခေါ်ကြောင်း ပြောရင်းရေးရင်း နဲ့ ကျနော် ဟာ သီချင်းတပုဒ်ကို မွေးဖွားပေးခဲ့ပါတယ် တဲ့...၊။
ကျနော့် အဒေါ် တွေခေတ်က စာရေးဆရာ သီချင်းရေးဆရာတွေ စီကို မိတ်ဆက်စာတွေ အပြန်အလှန် ရေးကြပြီး.. ကိုယ့် မြို့ ကိုယ် အလည်ခေါ်ကြ မိတ်ဆွေ ဖွဲ့ကြတဲ့ခေတ်ပါ..၊ ကျနော် တို့ အိမ်ကိုတောင် ရူမဝ စန်းစန်းအေး နဲ့ မောင်ယဉ်ထွေး တို့ လာဘူးတယ်ပြောပါတယ်..။
ခုနက နံမည် အကြောင်းဆက်ပြောရရင်.. လေဒီယိုက ဓါတ်ပြားရ သီချင်း လေးတပုဒ်ဖြစ်တဲ့ မောင့်ရွှေစင်ဦး ဆိုတဲ့ သီချင်းလေး (ဒီဘက်ခေတ်မှာ တော့ အောင်ရင် ပြန်ဆိုထားပါတယ်)...၊ အဲဒီ သီချင်း လေး ကို ရေးတဲ့ တေးရေးဆရာ က ကျနော့် အဒေါ် နဲ့ မိတ်ဆွေဖြစ်ပြီး အဒေါ် ချစ်တဲ့ တူမလေး အတွက် ဆိုပြီး အဲဒီ သီချင်း လေးကို စပ်ပေးပါသတဲ့ (ဟုတ်..မဟုတ် မသိပါ).. အဒေါ်တွေက ကြွားပြောတာလည်း ဖြစ်နိုင်ပါတယ်...။
ကျနော် အခု ရေးပြချင်တာက အခု ကျနော့် အတွက် သီချင်း လေး ရေးပေးတဲ့ သီချင်းရေးဆရာ နဲ့ မိတ်ဆွေ ဖြစ်တဲ့ အဒေါ်အလတ် အကြောင်းဖြစ်ပါတယ်..။
အဲဒီ အဒေါ်ဟာ ပြောရရင် မိသားစု ထဲမှာ တဘာသာ ဖြစ်ပါတယ်.. ရုပ်ရည် အရလည်း မပြေပြစ် သလို စိတ်သဘောက လည်း ကြမ်းတမ်းပါတယ်...၊ စာတွေတော့ ဖတ်ပါတယ်.. ဟိုခေတ်က ၁ကျပ်တန် ငါးမူးတန် လုံးချင်း ဝတ္ထုတွေ ထင်းရူးသေတ္တာ နဲ့ တလုံး ကျနော် အမွေဆက်ခံရပါတယ်..၊ အကုန် အချစ်ဝတ္ထု အပေါစားတွေကြီးပါဘဲ...၊ မြေး ရတဲ့ ထိ တသက်လုံး စာအုပ်နံမည် မှာ ချစ်မပါရင် မဖတ်ပါ..၊ အဲဒီလောက် ထိ အချစ်ကို ကိုးကွယ် စွဲလန်းလွန်းသူပါ...။
အဲဒီလို အချစ်ကို ကိုးကွယ်လွန်းတော့ တကယ်ကော အချစ်စစ် နဲ့ တွေ့ရဲ့လား ဆိုတာ ပြောရရင် ဒီခေတ်ကြီးမှာ ခင်ဗျားတို့ ယုံမှာ တောင် မဟုတ်ဘူး...၊ လွန်ခဲ့တဲ့ ၃နှစ်လောက်က အဲဒီ အဒေါ် ဆုံးသွားပါပြီ..၊ သူ့ယောက်ကျား က ဆုံးသွားပြီးတဲ့ နောက်မှာ ဂူတောင်ဖောက်ကြည့်ခဲ့တယ်. သူ့မိန်းမ ဘယ်လိုနေလည်း သိချင်လို့ပါတဲ့...၊ နောက်ပြီး ဆံပင်တွေ ဖြတ်ယူလာပါတယ်..။
အခုတော့ ရန်ကင်းတောင် မှာ ဘုန်းကြီးဝတ်နေပါတယ်...၊ တရား တော်တော်ကျသွားတယ်ထင်ပါတယ်...၊ ကျနော် ထင်တာက သူ့မိန်းမ ကျနော့် အဒေါ်က မသေခင် ၅နှစ်လောက် က လေဖြတ်နေတော့.. အဒေါ် ဆုံးသွားတော့ သူစိတ်တော်တော် ပေါ့သွားမှာဘဲ လို့ထင်တာ...။
နောက်ပြီး ယောက်ကျား ဆိုတော့ အရွယ် ဘယ်လောက် ကြီးပေမဲ့ ငယ်လို့ရနေတာကိုး .. အိမ်တွေ ကားတွေ လည်း ကျန်ခဲ့တာဆို့ တော့.. ထင်တောင် မထင်မိဘူး..၊ အဒေါ်ကလည်း သူ့ ကို တအား နိုင်စားတာ ဆိုတော့ ကျနော့် စိတ်ထဲမှာ ငါ့ အဒေါ်ကို ချစ်လို့ထက် ကြောက်လို့ လို့ ထင်နေတာ.. အခုမှ အဒေါ်ကို တကယ်ချစ်ခဲ့ တာပါလား ဆိုတာ သိသွားပါတယ်..။
သူတို့ အိမ်ထောင်ကြတော့လည်း ပထမနှစ်လောက် နဲ့ ကျောင်းနေဘက် သူငယ်ချင်း အခြင်းခြင်း ဘဲ အိမ်ထောင်ကြပါတယ်..၊ အဲဒီ ကျနော့် ဦးလေး ဟာ စိတ်သဘော တော်တော်ကောင်းသလို မိန်းမ ကိုလည်း တော်တော်ချစ်ပါတယ်...။
ဒါပေမဲ့ မိဘ တွေမရှိတော့ ဘဲ အမ (ဗိုလ်ကြီး ကတော်) ရဲ့ အထောက် အပန့် နဲ့ ကျောင်းနေရတာပါ..၊ ပြောရရင်တော့ ဆင်းရဲပါတယ်...၊ သူတို့ အိမ်ထောင်ကြပြီး .. ချို့ချို့တဲ့တဲ့ နဲ့ ပညာသင်နေတဲ့ အချိန်မှာ တခါတရံ ရုပ်ရှင် တွေဘာတွေ ကြည့်မယ်ဆိုရင် အပြင်ရုံ တွေမှာ မကြည့် နိုင်ပါဘူး... နန်းတွင်း ထဲမှာ ရှိတဲ့ နန်းတွင်း ရုပ်ရှင်ရုံ မှာသာ ကြည့်ရပါတယ်....၊ ဈေး တအား ပေါတာကိုးဗျ..။
အဲဒီမှာ ရုပ်ရှင်သွားကြတဲ့ အခါ ကျနော် မှတ်မိနေတာလေး တချို့ ကို ပြောပြပါမယ်...၊ ဆောင်းတွင်း ကြီး ပုရစ်ပေါ်ချိန်ပေါ့... ကျနော် တို့ မန္တလေး သားတွေ ပုရစ်ကြော် ကြိုက်ကြတာတော့ ပြောမနေပါဘူးဗျာ...၊ ကြိုက်သလား မမေးနဲ့... ဟိုနေ့ကတောင် ကျနော့် သမီးတွေ က မြေပဒေသာ စာအုပ်ရိုက်ပေးရင်းနဲ့ ကျိုင်းကောင် အကြောင်းတွေ့လို့ လာမေးလို့ ကျနော် ရှင်းပြရင်းနဲ့ ပုရစ်ကြော်လေး လွမ်းသွားသေး တယ်..။
တနေ့ အဲဒီလို့ နန်းတွင်းထဲ ရုပ်ရှင်သွားကြည့်ရင်းနဲ့ ကျနော် တို့ ၃ယောက် ပြန်လာကြတော့ နန်းတွင်းထဲ က ဓါတ်မီးတိုင် တွေမှာ ပုရစ်တွေ တဖုတ်ဖုတ် နဲ့ ကောက်မ နိုင်အောင် ဖြစ်နေတာ တွေ့ကြပါတယ်...၊ အဲဒီမှာ ကျနော်တို့ တူအရီး ၃ ယောက် ဝိုင်းအားပေးလိုက်ကြပါတယ်...၊ ပုရစ်တွေ အများကြီး ရပါတယ်..၊ ထည့်စရာ မရှိပါဘူး..၊ အဲဒါနဲ့ ဦးလေး ရဲ့ စွပ်ကြယ်လေး ချွတ်ပြီး ထည့်ပါတယ်..၊ မဆန့် ပါဘူး .. စွပ်ကြယ်ကို ပုရစ်တွေက ကိုက်ပြစ်ကြလို့.. အပေါက်တွေ မွနေပါတယ်...၊ ခဏနေတော့... ပုဆိုးလေး ချွတ်ပြီး ပုရစ်တွေ ထည့်ပါတယ်.. ၊ ဦးလေးမှာ.. ဘောင်းဘီ တိုလေးတော့ ပါပါတယ် နော်..။
အဲဒီ ပုရစ် ပုဆိုးထုတ်ကြီး နဲ့ အိမ်ပြန်လာကြပြီး မနက်လင်းတော့ မေမေ ပုရစ်တွေ စားလို့ မနိုင်အောင် ကြော်နေတာကို မှတ်မိပါတယ်...။
နောက်တော့ သူတို့လင်မယား ရဲ့ ရန်ပွဲ အမျိုးမျိုး အကြောင်းပေါ့ ... အဲဒီထဲက ရန်ပွဲ တခုအကြောင်း ပြောပြ ပါမယ်...၊ သူတို့ ဟာ ရန်ဖြစ်ရင် အိမ်တံခါးပိတ် ဖြစ်ကြပါတယ်.. အမြင်မတော်တာတွေ ဖြစ်မှာ ဆိုးလို့ရယ်.. တကယ်ကို နှစ်ယောက်ထဲ ရန်ဖြစ်ချင်လို့ရယ် လို့ ထင်ပါတယ်...။
သူတို့ ရဲ့ တော်ရုံတန်ရုံ ရန်ပွဲကို တော့ ဘယ်သူမှ အရေးလုပ်ပြီး မဖြန်ဖြေပါဘူး.. ခဏနေတော့ မောင် ရေ ကြိုင် ရေ ပြန် ပြန်ဖြစ်သွားကြလို့ပါဘဲ...၊ အဲဒီ နေ့ကတော့ ရန်ပွဲ က တော်တော် ပြင်းထန်ပါတယ်...၊ ခဏနေတော့ ကျနော့် အဒေါ်က ဦးလေး ကို အိမ်က နှင်ချတဲ့ အသံကြားပါတယ်...၊ မခံချင် စရာတွေလည်း အရမ်း ပြောတာကြားပါတယ်..၊ ငါ့မိဘ အိမ်နေ ငါ့မိဘ ကြွေးတာစား အလကား ကလေကခြေ နဲ့ ပြောရင်း အရှက်ရှိရင် အိမ်ပေါ်က ဆင်းသွားလို့ ပြောပါတယ်...။
ခဏနေတော့ ဦးလေး ဟာ သုတ်သုတ်-သုတ်သုတ် နဲ့ ဆင်းလာပါတယ်.. အထုတ်တထုတ် လက်က ဆွဲလို့ ပါ... ကျနော်လည်း ဟာ.. ဒီတခါတော့ တကယ် ဆင်းပြီ ဟ လို့ ထင်နေသေးတယ်... နောက်က ကျနော့် အဒေါ် ရဲ့ အော်သံကြားလိုက် ရပါတယ်... ဟေ့ လက်ထဲက အထုတ်ထားခဲ့စမ်း နင် အိမ်ပေါ် တက်လာ တုန်းက ဘာ အထုတ်ပါလို့လည်း တဲ့... အဲဒါနဲ့ ဦးလေး လည်း ပြန်လှည့်ပြီး အထုတ်လေး ထားပြီး ပြန်ဆင်း လာပါတယ်...။
အဝတ်တထည် ကိုယ်တခုပါဘဲ... ၊ ခဏနေတော့ အော်သံ ကြားရပြန်ပါတယ်... ဟေ့မျိုးတင့် ငါဆင်ထား တာ တွေ ဝတ်သွားစရာ မလိုဘူး.. အဲဒါ ငါ ဝယ်ပေးထားတဲ့ ပုဆိုး ငါ ဆင်ထားတဲ့ အင်ကျီ တဲ့ ဗျာ... အရှက် ရှိရင် ငါဆင်ထားတာတွေ ချွတ်ခဲ့တဲ့...၊ ဦးလေး က ပြန်လှည့်သွားပြန်တယ်...၊ ကျနော် ကတော့ ဘယ်လိုများ ဆင်းလာအုန်းမှာ လည်းလို့ ဆက်ကြည့်နေတယ်...၊ အမယ် ဘောင်းဘီတို လေး နဲ့ ဆင်းလာတယ်ဗျ....၊ ခဏ နေတော့ အိမ်ထဲ က အော်သံကြားရပြန်တယ်...၊ ဟဲ့ မျိုးတင့် ပြန်လှည့် ခဲ့ လူမြင် မကောင်းဘူး... မဆင်းနဲ့တော့တဲ့....။
ဆက်လက် ရေးသားပါအုန်းမည်.. အားပေးကြပါ
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
18 comments:
ဟားဟားဟား....အမေလး ရီလိုက္ရတာ... :D
မှတ်သားလောက်ပါပေတယ်...နည်းလမ်းတွေ နည်းလမ်းတွေ...တကယ်ပါပဲ...ဒေါ်ရွှေစင်ဦးရဲ့ အဒေါ်ပဲ...အဲဒီလောက်တော့ ရှိမှာပေါ့....:D
ချစ်ညီမလေး
အချစ်ကြီးတဲ့ အမျိုးတွေထင်ပ။ ချစ်ချစ်ကြီးကိုလည်း တုံးလုံးကြီး အိမ်ပေါ်က တွန်းချမနေနဲ့ဦး။
ချစ်မိုးကြီး
ဟားဟား ... ချစ်လိုက်ကြတာနော်။
မရွှေစင်က ရေးတတ်လို့ပဲ ထင်ပါရဲ့ သူတို့ချစ်တာ ရယ်ရတယ်။
ဦးလေးကလဲ တအားအလိုလိုက်တာပဲ။
မရွှေစင် အဲဒီ အဒေါ်ကိုတော့ အတုမခိုးနဲ့နော်။ ချစ်ချစ်ကြီး သနားပါတယ်။
အဲဒါ ဘောင်းဘီတို ကယ်လိုက်တာ...
Ha Ha Ha Ha,,,,,,,
Gonna die .....
Wanna know whether you treat to your chit chit like that???
Please share your experiences.
Ray
ဟားဟား
အော်ရီသွားတယ်..ဟီး
အမ..ပုရစ်စားရဲပါဘူး..
အသည်းဟားတယ်..
မြတ်နိုး
အချစ်က ပြုံးရစေတယ်ပေါ့နော်။
ပြုံးမိလို့ပါ။
Can't stop laughing! More please! Than you...Thank you ...Thank you!
ဟားဟားဟား ရွှေဇင်ရေ မှတ်သားသွားတယ် မိန်းမတွေရဲ့ အချစ်ကို....:)
sis, pls write more about ဆုံးသွားပြီးတဲ့ နောက်မှာ ဂူတောင်ဖောက်ကြည့်ခဲ့တယ်. သူ့မိန်းမ ဘယ်လိုနေလည်း သိချင်လို့ပါတဲ့...၊ နောက်ပြီး ဆံပင်တွေ ဖြတ်ယူလာပါတယ်..။
I am so interesting that.
ဟားဟား ရယ်ရတယ် မရွှေစင်က တအားရေးတတ်တာပဲ..။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်လည်းရယ်ရ၊ ဗဟုသုတလည်း ရတယ်..
:D မှတ်သားသွားတယ် အကုန်လုံးကို..
အစ်မကြီးရဲ့ ရေအိမ်တော်ဝန်မင်းကြီးကိုတော့ အဲဒီလိုပြော
မယ်မထင်ပါဘူး...
သူ့ အရပ်နဲ့ သူ့ ဇတ်ပေပဲ...
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေဗျာ...
နှင်ချတယ်လို့လည်း စိတ်ထဲထင်အောင် တကယ်လည်း မဆင်းရအောင် လုပ်တဲ့ နည်းလေး ထင်တယ်။ ရန်ဖြစ်တာ ဖြစ်ပေမယ့် သံယောဇဉ်ကြောင့် ဘယ်သူက ပြတ်နိင်ပါ့မလဲလေ။
ပုရစ်ကြီးက မျက်လုံးကြီး ပြုးပြီး ကျနော်ကို ကြည့်တယ်၊ အဲဒါနဲ့ ကျနော်လဲ ပုရစ်မစားတော့ဘူးလို့ မထင်ပါနဲ့ ပြောင်းပြန်လှည့်စားတယ်။
အချစ်ကြီးကြပါပေတယ်၊ ဖတ်ရင်းနှင့် ရယ်မိတယ်။
ဟားဟား........
တကယ်ရီ ရတယ်ဟေ့ .. ဒါမျိုးမှ ဖတ်လို့ ကောင်း၊
မြင်မိတယ်လေ .. မျက်စေ့ ထဲ သုတ်သုတ် သုတ်သုတ်
နဲ့  ဦးလေး ဖြစ်သူရဲ့  တက်လိုက် ဆင်းလိုက်နဲ့  ပုံကို
ထပ်ရေးအုံး ပေါ့  ချင်တယ်၊ ရယ် ချင်သေးတယ်..။
အံမလေး...ချစ်ချစ်ကြီးအစားကြက်သီးထလိုက်တာ...
မျိုးရိုးက မတိမ်ကောတတ်ဘူး...ဘုရားဘုရား.....
အခွိခွိ
ရယ်လိုက်ရတာမရယ်
မနေ့ကကော ဒီနေ့ကော မအညာစာဟင်းလေးများပို့စ်တွေလိုက်ဖတ်နေတာ
ဒီနေရာရောက်တော့မအောင့်နိုင်တော့ဘူး
ခစ်
Shwezin,
Are you like aunty like niece?Do i have to ask Nga ya chitchit gyi?....:D
Gyidaw
Post a Comment