အပိုင်း (၃) ထဲမှာ ကျနော့် ဒေါ်ကြီး အကြောင်းကို နဲနဲလောက် ပြောချင်ပါတယ်..၊ ကျနော့် ဒေါ်ကြီးရဲ့ အိမ်ကို ပြောကြေးဆိုရင် ဘယ်သူမှ မသွားချင်ပါဘူး..၊ အင်မတန် စည်းကမ်းကြီးပြီး ဆူတတ် ပူတတ်လို့ပါဘဲ...၊ စည်းကမ်းကြီးတာ နဲ့ ပတ်သက်လို့ တခုပြောရအုန်းမယ်.. ကျနော်ငယ်ငယ်က ဒေါ်ကြီးအိမ်ကို နွေရာသီတိုင်း stay သွားသွား ရှောင်လေ့ ရှိတယ် (ကျနော့် ဖေဖေ ရဲ့ လေဘေးဒဏ် ကလွတ်အောင်လေ)။
အဲဒီမှာ ကျနော် ညီမ နဲ့ မောင်တဝမ်း ကွဲတွေ (ဒေါ်ကြီး သား၂ယောက် သမီး တယောက် ပေါ့) သူတို့ ရဲ့ စာကြည့် စားပွဲပေါ်မှာ.. ဆိုင်းဘုတ် ထောင်ထားတယ်..၊ `........` အား မည်သူ မှ စကားမပြောရ..၊ ဆိုတဲ့ ဆိုင်းဘုတ် လေးပါ..၊ ကျနော် ကတော့ ဘာပြသာနာ မှ မရှိဘူး..၊ စာအုပ် ဖတ်နေရရင် ပြီးပြီ ဆိုတော့ စာအုပ်ဘဲ ဖတ်နေပါတယ်..၊ ဒေါ်ကြီး မရှိတဲ့ အချိန်ဆိုရင် တော့ မောင်နှမ တတွေ အကြောင်း စဉ်းစားကြည့် ပေါ့ဗျာ..တော်ရုံ တန်ရုံ လေမုန်တိုင်း တောင် နောက်ပြန်ဆုတ် သွားရစေမယ်..။
အခုတော့ ကျနော့် မောင်တွေ ညီမ တွေဟာ ဒေါ်ကြီး ရဲ့ well train အောက်မှာ တသက်လုံး စာကြည့် လို့ မပြီးနိုင် ဖြစ်နေပြီး အင်္ဂလန်က ဘွဲ့တွေယူ သမားတော်ကြီး တွေ ဖြစ်ပြီး စာကျက်ရတာတော့ လွတ်လောက်ပြီ ထင်တာပါဘဲ..၊ ကျနော် ကတော့ ဘာမှ မဖြစ်ရင်လည်း နေပါတော့ .. သူတို့လိုလည်း မကျက် နိုင်ပါဘူး...။
ကျနော် တို့ ဘာမှ မဖြစ်တဲ့ အကြောင်းတွေ အတွက် ကျနော့် ဖေဖေ ကို လည်း ပြောသေးတယ်ဗျ..၊ မောင်လှမြင့် မင်းသားသမီး တွေက အားလုံး ဉာဏ်ကောင်း ရဲ့ သားနဲ့ ဘာဖြစ်လို့ စာမကျက် ခိုင်း လဲ .. ဆိုတော့ ကျနော့် အဖေ ကလည်း ရှင်းရှင်း ဘဲ ပြန်ပြောခဲ့ ပါတယ်..၊ ကျနော် ငယ်ငယ်က ဖေဖေ (အဖိုး) က မနက် ၄ နာရီ အိပ်ကောင်းတဲ့ အချိန် လာလာနှိုးပြီး စာကျက်ခိုင်းတာ ကျနော် မကြိုက်လို့ လို့ ပြန်ပြောတယ်.. အဲဒီကြ ဒေါ်ကြီးက မင်းတို့ကို အဲလို စာကျက်ခိုင်း လို့ မင်းတို့ မမ တို့ ဒီလို ဖြစ်တာမဟုတ်လား လို့ ပြန်ပြောတယ်..၊ ဒါပေမဲ့ မရပါဘူး ကျနော့် ဖေဖေ ကလည်း သူ့စိတ်ကူးနဲ့ သူပါဘဲ..။
ဒေါ်ကြီး ဘယ်လောက်ဘဲ စည်းကမ်းကြီးကြီး... ကျနော်တို့ မသွားရင် မရတဲ့ အကြောင်းတွေ အများကြီး ရှိတယ်.. ၊ တမျိုးလုံး တဆွေလုံးဟာ ကျနော့် ဒေါ်ကြီး ရဲ့ အထောက် အပံ့ နဲ့ ဘယ်သူ မှ မကင်းခဲ့လို့ပါဘဲ..။

အပြောဆိုးပေမဲ့ အားလုံးကိုတော့ ဘယ်တော့မှ လှစ်လျူ မရှုပါဘူး.. လိုအပ်သလို အားလုံး လုပ်ပေး ခဲ့တာပါဘဲ..၊ ဆူလည်း ဆူပေါ့.လေ.. ကျနော့် ဖေဖေ မှ အပပေါ့... ကျနော့် ဖေဖေ ကို ဆူချင်ရင်တော့ ကြားထဲက ကိုယ်စားလှယ်ကောင်လေး ကို ဆူပေါ့...၊ ဖေဖေ ရှေ့ဆိုရင် တခွန်းမှ မပြောပါဘူး.. မောင် တယောက် ထဲ ဆိုတော့ တော်တော် ချစ်ပါတယ်..။
အားလုံးဟာ ရန်ကုန်ကို သွားပြီဆိုရင် လည်ချင်ပတ်ချင်ကြတယ်..၊ ကိုယ့်မြို့မှ မဟုတ်တာ သွားချင် စရာကြီး.. စားချင်စရာကြီးဘဲပေါ့..၊ ဒါပေမဲ့ အဲဒီလို သွားတာ စားတာ ကို ဒေါ်ကြီးက လုံးဝမကြိုက်ပါဘူး..၊ မနက်ဆိုရင် ကျနော် က မုံဟင်းငါး စားချင်တယ်..၊ ဒါပေမဲ့ .. ဒေါ်ကြီးရဲ့ ရွတ်သံမကြား ချင်တော့ ထမင်း ဟန်ပြစား.. (ဟန်ပြစား ပါတယ်ဆိုမှ ချစ်သော ဒေါ်ကြီး က စားတာ နဲ လိုက်တာ ဆိုပြီး ထပ်ထပ် ထည့်တဲ့ ဒုက္ခ ကလည်းတမျိုးပါ..) ကော်ဖီ ဟန်ပြသောက်ပြီး မှ အပြင်ထွက် လမ်းလျှောက်ချင်ယောင် ဆောင်ပြီး နှီးရာ မုန့်ဟင်းငါး ဆိုင်မှာ အမြန်ဝင်တွယ်ပြီး အိမ်အမြန်ပြန်ရပါတယ်..၊ အဲဒီလို ကြောက်ရပါတယ်..။
တပတ် ဆယ်ရက်တောင် နေဘို့ခက်တဲ့ အိမ်မှာ တလအနဲဆုံး နေရမှာ ဆိုတော့ ရွှေစင်ဦး လေးရဲ့ နောင်ရေးဟာ မတွေးရဲစရာပါဘဲ...၊ ကိုယ့် အဖိုးကလည်း နေမကောင်းနေ ဆိုတော့ သွားရတော့မှာဘဲ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ထွက်လာခဲ့ ရတယ်ဗျာ...၊ ချစ်ချစ်ကြီး ကို အဖော်စပ်တော့လည်း no ပါဘဲ..။
အင်း ဒါလည်း မိဘ ကျေးဇူးဆပ်နည်း တမျိုးပါဘဲ လေ ဆိုပြီး ထွက်လာရပါတယ်..၊ မျက်ခုံးကတော့ ခပ်လှုတ်လှုတ် ပါဘဲ...၊ ဒေါ်ကြီး အိမ်က ပြည်လမ်း ၈မိုင်ခွဲမှာပါ.. ၊ ပြည်လမ်း ပေါ်မှာ တလုံး၊ လမ်းသွယ်ထဲမှာ ၂လုံးပါ..၊ ၂လုံးကိုတော့ နိုင်ငံခြားသားတွေကို ငှားစားထားပါတယ်.. အခု နေတဲ့ တလုံးမှာ တော့ အိမ်သားအားလုံး နဲ့ ဘဘကြီး နဲ့ နေကြပါတယ်..၊ ဘဘကြီးကို အခန်းကျယ်ကြီးထဲမှာ.. ဆေးခန်းကြီး တခုအတိုင်းဘဲ သေချာ ပြင်ဆင်ပြီး ထားပါတယ်..၊အောက်ဆီဂျင် ဗူးတွေနဲ့ ချွဲစုတ်စက် တွေနဲ့ သေချာ ထားတာပါ..၊ ဘဘကြီး အသက်ရှုရတာ မောမှာ ဆိုးလို့ ဆိုပြီး အောက်ဆီဂျင် ကလည်း အမြဲပေး ထားပါ တယ်..။
တအိမ်လုံးကလည်း ဒေါ်ကြီးက စပြီးတော့ ဆရာဝန်တွေကြီးဘဲ ဆိုတော့ လိုအပ်တဲ့ ကုသမှု့တွေအားလုံး ကတော့ အပြည့်ဘဲ ရမယ်ထင်ပါတယ်..၊ ဒါပေမဲ့ ကျနော့် အဖိုးကို မြင်လိုက်ရတော့ တော်တော် စိတ်မချမ်းမသာ ဖြစ်သွားပါတယ်..၊ သတိ မရှိဘဲ အသက်ရှင်နေခြင်းဟာ ဘာတန်ဘိုးမှ မရှိဘူးလို့ ထင်ပါတယ်..၊ ဒါပေမဲ့ ကျနော့် ဒေါ်ကြီးကတော့ သူ့ အဖေ ကို မသေစေရဘူးလို့ ဆုံးဖြတ်ထားသလို ဖြစ်ပြီး အသက် ကို သေမင်းဆီက အတင်းဆွဲ ယူထားသလိုဖြစ်နေပါတယ်..။
သာမန် မိသားစု သာမန် ပြုစုမှု့မျိုးဆိုရင်တော့ ကျနော့် အဖိုးဟာ သေတာကြာပြီထင်ပါတယ်...၊ အခုတော့ သူ့ခမျာ သနားစရာပါ..၊ အိပ်ယာ ပေါ်မှာ ပြုသမျှ ခံရတာပေါ့လေ..၊ သတိ မကောင်း တဲ့ အတွက် ဦးနှောက် နဲ များဆိုင်သလား ဆိုပြီး ဦးနှောက် နဲ့ အာရုံကြော သမားတော်ကြီး ထံပြ.. မင်္ဂလာဒုံ စစ်ဆေးရုံကြီး မှာ ဦးနှောက် ကို ဓါတ်မှန်ရိုက်...၊ စိတ်အထူးကု ဆရာဝန်ကြီးတွေ ဆီမှာ အကြံတောင်း ဆေးတွေထိုး. ဆေးတွေတိုက် ပေါ့လေ ဒုက္ခများလိုက်တာ..၊ ဒါက ကျနော် အဒေါ် ရဲ့ အစွမ်းရှိသမျှ လုပ်ဆောင်ချက်တွေ ပေါ့လေ..။
ကဲ ကျနော်ကရော....အဖိုးကို ပြုစုဘို့ ဘာများ လုပ်နိုင်ပါသလည်း..ဘာမှ မလုပ်နိုင်ပါဘူး.. ထိုင်ကြည့် နေယုံပါဘဲ..၊ တကယ်ပါ.. အဖိုး ကို ပြုစုဘို့ မမဝင်း ရှိတယ်.ကျနော် ရှိတယ်..၊ အဖိုး ကလည်း သတိမရှိတာများနေတယ် ဆိုတော့ ကျနော် တို့ ၂ယောက် မှာ ဘဘကြီး ကို ထိုင်ကြည့် နေယုံ အပြင် လုပ်စရာမရှိပါဘူး..၊ ရောဂါ ဖောက်တဲ့ အချိန်က လွဲလို လုပ်စရာ မရှိတော့ လည်း ကျနော် တို့ ၂ယောက် အတင်း တုတ်ရုံပေါ့..၊ မမဝင်း ကလည်း သူရောက်နေတာ ကြာပြီပေါ့ .. ပြန်ချင်ပြီပေါ့..။
ဒါပေမဲ့ လည်း သူ့ခမျာလည်း ကျနော်တို့ ဆွေမျိုး တသိုက်လို ပါဘဲ ..၊ ဒေါ်ကြီးကို မလွန်ဆန်နိုင်ပါဘူး..၊ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင် ဒီ ဒေါ်ကြီးကဘဲ ကူညီတာဆိုတော့ နေရတော့ တာပါဘဲ..၊ မမဝင်း ဘဝ ကလည်း တအား သနားစရာကောင်းပါတယ်..၊ သူကလေး ကထဲက ပထွေးလုပ်သူ ကုလား အဖိုးကြီး နဲ့ အမေ လုပ်သူ ကို ရှာကျွေးနေရတာပါ..၊ သူ့ ပထွေးကလည်း ဆိုးလိုက်တာ.. တကယ့် အရက်သမား မကောင်းတဲ့ လူပါ..၊ မမဝင်း တို့ သားအမိ ၂ယောက် ဆိုလည်း နိုင်လိုက်တာ တအားပါဘဲ...။
ပြည်မှာ ကျနော် တို့ အဒေါ်တွေ နေတုန်းက အဒေါ် အိမ်မှာ အလုပ်လုပ်တယ်..၊ ကျနော့် အဒေါ် ရန်ကုန် ပြောင်းလာတော့ သူ့ ပထွေးက မထည့် တော့ ပါဘူး..၊ မမဝင်း ကဈေးရောင်းကျွေးရပါတယ်..၊ ဒေါ်ကြီး ခမျာ ဘဘကြီး အတွက် မမဝင်း ကိုမှ လိုချင်တော့လည်း သူ့ပထွေး ကျေနပ်အောင် ငွေနဲ့ ပေါက်ထားရတာပါ...၊ အင်း ပထွေး က အကွက်ကောင်း တွေ တွေ့ပြီး တောင်းကောင်းနေတာပေါ့ .. မမဝင်း ကအဲဒါကြောင့် ပြန်ချင် တာလည်းပါ ပါတယ်..။
အခု ကျနော့် အဖိုး ကိစ္စ ဟာ ကျနော် ဒေါ်ကြီး အတွက် တအားအရေးကြီးတယ်.. တကယ် ကို သူ့အဖေ ကို သေမင်း စီက လုယူနေတဲ့ ပွဲကြီး.. ဘယ်လိုမှ သူ့ အဖေ ကို မသေရဘူး ဆိုပြီး နည်းပေါင်းစုံ နဲ့ ဆွဲခေါ် နေတာ..၊ ကျနော် တို့ အားလုံး များ သူ့စကား ဖောက်ဖျက်ရင် တသက်လုံးစာ သွားပြီပေါ့...။
ကျနော် တို့ ကတော့ မျှော်လင့်ချက် ရှိတယ်.၊ တလ ပြည့်ရင် အလှည့်က ပြီးသွားပြီ..၊ မမဝင်း အတွက် ကတော့ မျှော်လင့်ချက် က အင်း.. ပြောရရင် အဖိုး သေမှ တာဝန်ပြီးသလိုဖြစ်မှာ ဆိုတော့ သူခမျာလည်း.. ဘယ်လိုဆုတောင်း ရမလည်း ဆိုတာ မသိအောင်ဖြစ်နေတာပေါ့..၊ အဖိုးပြန်ကောင်းဘို့ ဆိုတာလည်း.. မလွယ်လိုက်တာ...၊ အင်း နတ်ကောင်းနတ်မြတ်များရေ ကျနော့် အဖိုးလေး ကို အနဲဆုံး သတိ တချက် လောက် များရအောင် တန်ခိုးလေးပြပါအုန်း...။
အပိုင်း (၄) ဆက်ရန်
.
( စာဖတ်သူများရေ ကိုရီးယား ကား အားကျ လို့ မဟုတ်ရပါဘူးဗျာ .. မအားတာရယ်.. ဖတ်ရတဲ့ သူတွေ အကြာကြီး ဖတ်နေရရင် ပျင်းနေမှာရယ်ကို ..အားနာလို့ပါ...)
.
5 comments:
ဒီကိုးရီးယားကားကတော်တော်ဖတ်လို့ကောင်းတယ်။ ဇာတ်ကောင်ကတော့ ဂျွတ်ဆတ်ဆတ်နဲ့။ ဟဲ..ဟဲ။
ဖြည်းဖြည်းသာရေးအစ်မ..စောင့်ဖတ်နေတယ်။ ကျွန်တော့်လို အိပ်မပျော်ဖြစ်နေဦးမယ်။
ဖတ်ရတာမပျင်းပါဘူးဗျာ...
အားမနာပါနဲ့  ရှည်ရှည်သာရေးပါဗျို့ ...
Mama Shwezin,pls write longer and longer than before,naw.I do not feel boring reading yours but always peeps your bolg occasionally.
yours lovingly,Watma(Jasmine)
ခုတစ်လောစိတ်တွေရှုပ်နေတာမရွေစင်စာလေးတွေဖတ်မှ
ရယ်မောပျော်ရွင်သွားပါတယ်။
ဇတ်လမ်းတွဲတွေစောင့်ဖတ်နေပါတယ်။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ
ဟုတ်ပ...ဇာတ်ကောင်က ဂျွတ်ဆတ်ဆတ် မိုက်ကန်းကန်းနဲ့...သြော်...ငါ့အစ်မပဲ အဲဒီလောက်တော့ရှိမှာပေါ့...ဟဲဟဲ
မမရွှေစင်ရဲ့
ချစ်ညီမလေး
Post a Comment