မနေ့က စာရေးချင်တာ ခေါင်းထဲမှာ အတွေးတွေက ပေါ်လို့ တယောက်ထဲ စိတ်နဲ့ရေးပြီး သဘော တွေကျ နေတာ ကဲမထူးပါဘူး ရေးတော့မယ် လုပ်တော့ ကျေးဇူးရှင် လေး ၂ယောက်က ပေါ်လာတယ်၊ အင်း မဖြစ်ချေဘူးဆိုပြီး ကိုယ်တိုင်ဘဲ လုပ်ပေးလိုက်ရတယ်..။
ဘယ် ကျေးဇူးရှင် တွေလည်း လို့ မပြောခင် ကျနော့် ဆိုင်လေး အကြောင်း နဲနဲလေး ပြန်ပြောချင်တယ်..၊ ကျနော် ရဲ့ ပထမ ဆုံးကိုယ်ပိုင် စလုပ်တာက စက်လေး တလုံးနဲ့ စာသင်တာပါ..၊ ပထမဆုံး စပြီးစာသင်တုန်းက ကျနော် ပြောသလိုပါဘဲ သင်သူမရှိလို့ နီးစပ်ရာ အလကားသင်ပေးခဲ့ ရတာပါ..၊ ဆိုင်ဖွင့် တုန်းကလည်း အဲဒီလိုဘဲ ကျနော်နဲ့ ချစ်ညီမ နဲ့ UFL English တက်တော့ စာမေးပွဲ ဖြေခါနီးမှာ Term Paper တင်ရတော့ မထူးပါဘူး ကိုယ့််စာလည်း ရိုက်ရင်း သူငယ်ချင်းတွေဟာလည်း လုပ်ပေးမယ်ဆိုပြီး ဆိုင်စဖွင့်ဖြစ်တာပါ..၊ နောက်အကြောင်းတခုက သင်တန်းတက်ပြီး အလုပ်မရကြတဲ့ ကျနော်စီမှာ ကွန်ပျူတာ သင်ပြီးသွားတဲ့ ကလေးတွေကိုလည်း အလုပ်ပေးချင်တာပါ..။
ဒါနဲ့ သင်တန်းဆင်းတဲ့ ကလေး တယောက်ကို အရင်စခေါ်ပြီး ကျနော် တို့ရဲ့ ပေပါ အတွက် စာတွေ စရိုက်ခိုင်းပါတယ်..၊ သူငယ်ချင်း တချို့ အတွက်ရောပေါ့..၊ ဒီလိုနဲ့ ပေပါတွေပြီးသွားတော့ အလုပ်က မရှိပြန်ဘူး...၊ ကျနော် ဆိုင်ဖွင့်တာလည်း သေချာ ဆိုင်းဘုတ်ထောင်ပြီး လုပ်တာမှ မဟုတ်တာ ဆိုင်အတွင်းဘက် ထဲမှာ ဆိုတော့ အကြောင်းသိမှ ဘဲ သိနိုင်မှာဘဲ..အပြင်လူ က မသိနိုင်ပါဘူး..၊ဒါ နဲ့ ကျနော့် တပည့်ကလေး ခမျာ တငုတ်တုတ်တုတ် နဲ့ ဆိုတော့ ကျနော် လည်း မဖြစ်ချေဘူး မတ်ကက်တင်း ဆင်းအုန်းမှဆိုပြီး ဆိုင်ရှေ့ ငုတ်တုတ်ထိုင်လို့ ဖြတ်သွားသမျှ ဆရာ၊ ဆရာမ တွေ အားလုံးကို ဆိုင်ဖွင့် ထားတဲ့ အကြောင်းပြောရတယ်.. အားပေးဘို့ ပြောရတယ်...၊ တော်ရှာ ပါတယ်ဗျာ.. ရွှေစင်ဦး လေးကို အားပေးချင်လွန်းလို့ ရိုက်စရာလေးတွေ ကြံဖန်ပြီး လာရိုက်ခိုင်း ကြတယ်..၊ zool တို့ botany တို့ chemistry တို့က ဆရာမတွေပါ..။
နောက်တော့ ကျနော့် သူငယ်ချင်း သချာၤက အခုတော့ ကထိက ဒေါက်တာကြီး ပေါ့ သူဆိုရင် ၁၀ တန်း စာအုပ်ထုတ်မဲ့ စာတွေကို တနေ့စာတနေ့ ရိုက်စရာလေး တွေ ၂ရွက်စာ ၃ရွက်စာ လာ လာပေးပြီး အလုပ်ရှိအောင် လုပ်ပေးရှာတယ်..၊ နောက်ပြီး ကျနော် တပည့်လေးတွေကိုလည်း သင်စရာရှိတာတွေ အကုန်သင်ပေးသွားတယ်..၊ သူက ဆရာကြီးလေဗျာ.. အကုန်တတ်တယ်.. တပည့်လေးတွေဆို သူလာရင်ကြောက်နေကြတယ်.. သူ့ရိုက်ခိုင်း ထားတဲ့ စာတွေကို ဘယ်နားကဖြင့် ဟိုလိုရိုက် ဒီနားကဖြင့် ဒီလိုလုပ်နဲ့ ပေါ့ဗျာ.. နောက်ပြီး သချာၤတွေ ရိုက်တော့လည်း ဒီအတိုင်းဘဲ အများကြီး သင်ပေးသွားတယ်..၊ ကျနော် တပည့်ဟောင်းတွေ ဆို သူ့Lecture နားမထောင်ဘူးတဲ့ သူက ခပ်ရှားရှား..၊ ကျနော့် သင်ပေးရင် အတွန့်တက်မှာ ကြောက်တော့ တပည်လေးတွေက တန်ဆာခံပေါ့ဗျာ...။
ကျနော် QII တုန်း ကခေါင်းတွေပူလို့ စာတွေလည်း နားမလည် တော့ဘူး ဆိုတော့ သူဘဲ Notes တွေထုတ်ပြီး ကျနော့် ကို အိမ်တိုင်ယာရောက် လာရှင်းပြပေးတယ်..၊ တကယ့် မိတ်ဆွေ ကောင်းပါ..၊ ကျနော့် ရှင်းပြရတာတွေ များလွန်းလို့ထင်တယ် အဲဒီနှစ်က သူ ပထမ ရတယ်..၊ တပည့်ကြီးကတော့ ဆရာကောင်း တပည့် ပန်းကောင်းပန်ဆိုတော့ ဘုံးဘုံးကိုကျတာဘဲ..၊ တပည့်မကောင်း ဆရာ့ခေါင်းတဲ့ သူငယ်ချင်း ရေ...၊ အခုနောက်ပိုင်း PhD တွေလုပ်ခိုင်းတော့လည်း သူများ တွေမှာ မနည်းလုပ်နေရတာ.. သူကတော့ PhD 3ယောက်စာလောက် လုပ်ပစ်လိုက်လို့ သူ့ supervisor က မနည်းလျှော့ခိုင်းမှ လျှော့ပစ်လိုက်တယ်..၊ ကျန် တဲ့ အပိုင်းတွေကို သူ PhD ပြီးတော့ co-supervisor အနေနဲ့ လုပ်ပေးလိုက်တာ ၂ယောက်စာ ရတယ်တဲ့..၊ ပညာ ကို တကယ် ဝါသနာပါတဲ့ သူငယ်ချင်းပါ..။
ကျနော် က ဘာလို့ ဒါတွေရှင်းပြနေတာလည်း ဆိုတော့ ကျနော့် ဆိုင်လေး ပေါ်ထွက်လာတာကို က customers များရဲ့ စေတနာ နဲ့ အားပေးမှု့တွေကြောင့်် ဆိုတာ ကျနော် ပြောပြချင်လို့ပါ..၊ ဒါကြောင့် ကျနော့် ဆိုင်လာတဲ့ customers များကို ဂရုစိုက်တယ် တတ်နိုင်သမျှ စေတနာ နဲ့ လုပ်ပေးတယ်.. လျှော့ နိုင်သမျှ ဈေးလျှော့ပေးထားတယ်..၊ နောက်ပြီး သူတို့ရဲ့ အခက်အခဲတွေ နဲ့ ခေတ်တခေတ် ရဲ့ ပညာရေး သားကောင် အဲ.. သားကောင်း တွေ အကြောင်း အများကြီးသိလာခဲ့တယ်..၊ ဒါပေမဲ့ ကျနော် ဒါတွေကို အခုအချိန်မှာ ဖော်ထုတ်ဘို့ မသင့်တော်တဲ့ အတွက် နောက်များမှ ရေးခွင့်ကြုံရင်လည်း ဖတ်ရမှာပေါ့ဗျာ.. ။
အခုတလော ဆိုင်မှာ အရမ်းအလုပ်များတယ်ဆိုတာက အခု နည်းပညာ တက္ကသိုလ် တက်တဲ့ ကလေးများကို ကျောင်းက အင်္ဂလိပ်စာ project တခုစီလုပ်ခိုင်းပါတယ်..၊ အင်တာနက်က နေ ဒေါင်းလုပ် ဆွဲပြီး စာတမ်းပုံစံ ရိုက်ပေးရတာပါ..၊ အင်တာနက် ဆိုတာ ဘာမှန်းမသိ တဲ့ ကလေးတွေ ကတော့ ဒုက္ခရောက်တော့တာပေါ့...၊ နားလည်တဲ့ ကလေး တွေကတော့ သူငယ်ချင်း တွေအတွက်ပါ တာဝန်ယူပြီး လုပ်ပေးကြတယ်..၊ အယောက် ၄၊ ၅ ဆယ်စာပေါ့ နဲနဲ နောနော ဘဲ..၊ အဲဒါတွေ လုပ်နေရတာနဲ့ ဆိုင်မှာ အလုပ်များနေတာပါ..၊ ရာသီစာပေါ့ ဗျာ..။
တယောက်ခြင်း နှစ်ယောက်ခြင်းလည်း လာကြပါတယ်..၊ Presentation ပါလုပ်ပေးရတာပါ..၊ ကလေး တွေလည်း နေ့မအိပ် ညမအိပ် လုပ်ပေးနေရတော့ ကျနော် လည်း သူတို့ လိုတာ လုပ်ပေး စီစဉ်ပေး တာနဲ့ ကို မောနေတာပါ..၊ သူတို့ မအိပ်ဘဲ အလုပ် လုပ်ကြတော့ လည်း သူတို့ကြည်သာတဲ့ အချိန်လေး ကျနော့် စာလေး လည်း ချော့မော့ ရိုက်ခိုင်းရတာပေါ့...။
အဲဒီမှာ မနေ့ညကတော့ ကလေး ၂ယောက် သမီးရီးစား ထင်ပါတယ် မနက်ဖြန် နောက်ဆုံးတင်ရမှာ မတင်နိုင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး အပူလာကပ်ပါတယ်.. ကျနော့် ကလေး တွေကလည်း အရမ်းပင်ပန်း နေပြီ.. ဘယ်သူမှ အသစ်လက်မခံချင်တော့ဘူးဆိုတော့ အင်း ငါဘဲလုပ်ရတော့ မှာဘဲ ဆိုပြီး.. ကဲ ..မင်းတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာပြော..ဆိုတော့ မပြောတတ်ဘူးတဲ့.. ထားလိုက်တော့ သင့်တော်ရာ တခု ယူပေးလိုက်တယ်.. အကုန်စာတမ်းပုံစံပြင်ဆင်ပေးပြီး.. ထုတ်ပေးလိုက်တယ်.. ဒါပေမဲ့ Abstract နဲ့ Conclusion ကျန်နေတယ်..။
ကဲ ငါလည်း ငါလုပ်တတ်သမျှ တော့ လုပ်ပေးခဲ့ပြီ အဲဒီ ၂ခုကတော့ ဘယ်ထဲကမှ copy ဆွဲလို့လည်းမရဘူး .. မင်းတို့ဘာသာ ဖတ်ကြည့် ပြီး ရေးခဲ့ကြတော့ ဆိုတော့..ဘသားချော ၂ယောက် ကငြိမ်နေတယ်ဗျာ..၊ ကဲ print ထုတ်လိုက်တော့မယ်.. ဒီလောက်တော့ မင်းတို့ အားစိုက်ကြအုန်း ဆိုတော့.. ဆရာမ Abstract ဆိုတာဘာကြီးလည်း တဲ့.. Conclusion ဆိုတာကရော တဲ့.. ကဲ.. မောင်မင်းကြီးသား များရေ ငါဘာသာ ငါဘဲ Abstract ရေးလိုက်ပါတော့မယ်.. အင်း Conclusion ကတော့ စာဖတ်သူများ ကြိုက်သလိုသာ ဆွဲပေး လိုက်ကြ ပါတော့.. ဘယ်သူသိတာမှတ်လို့ဗျာ....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
15 comments:
ကူညီပါရစေ ကူညီပါစေရှင့်  ရှိတယ်လေ။းP
ဘ၀ဆိုတာ ဒီလိုပါပဲ ဘယ်အလုပ်ပဲဖြစ်ဖြစ်ပေါ့ ကိုယ်ပိုင်
လုပ်ငန်းဆိုတာ စလုပ်တာနဲ့  ဒိုင်းဆိုပြီးအောင်မြင်တာမှ
မဟုတ်တာ။မလျှော့ သောဇွဲနဲ့ သာကြိုးစားလိုက်ကြတာ
ပေါ့ ။FIGHTING ဘဝရည်မှန်းချက်ပန်းတိုင်ရောက်တဲ့ ထိ အားတင်းပြီးကြိုးစားလိုက်ပါနော်
သာယာချမ်းမြေ့ပါစေနော်
မိုး
ကူညီပါရစေ ကူညီပါစေရှင့် ရှိတယ်လေးP
သူငယ်ချင်း ဘယ်လုပ်ငန်းဖြစ်ဖြစ်စလုပ်တာနဲ့ ဒိုင်းဆိုအောင်မြင်တာမှမဟုတ်တာ။FIGHTING!!!!!!!!!!!
မလျှော့ သောဇွဲနဲ့ သာပန်းတိုင်ရောက်တဲ့ ထိကြိုးစားနော်
သာယာချမ်းမြေ့ပါစေနော်
မိုး
အင်း..တို့နိုင်ငံကြီးတော့ ဒုက္ခကို လှလှကြီးနဲ့ နှစ်ပါးသွားနေရပါပြီကော။။။ အောင်မလေး...ကြားရ..ကြားရ စိတ်ထိခိုက်လိုက်တာ.။ ဒီလို ပညာတတ်တွေနဲ့တော့ ကျွန်တော့်ဆရာပြောသလိုဆိုရင် မင်းတို့နိုင်ငံတော့ နောက် အနှစ် ၄၀ လောက် တိုင်းပြည်ကို လူတန်းစေ့နေနိုင်ဖို့တော်တော် ကြိုးစားယူရမယ်တဲ့.။ ဒါတောင် အခုလူငယ်တွေနဲ့ပြောတာမဟုတ်ဘူး။ စနစ်မှန်ုပြီလို့ စတင်သတ်မှတ်တဲ့အချိန်ကစပြီး မွေးထုတ်တဲ့လူငယ်တွေနဲ့ ပြောတာ။ လမ်းတွေ့လို့ ခလုတ်တိုက်မိရင်တောင် Ph.D ဖြစ်နေတဲ့ခေတ်ကြီးမှာ ဘာမှကိုမပြောချင်လောက်အောင် စိတ်နာတယ်။
ဖတ်ပီး အမရဲ့ အလုပ်အပေါ်ထားတဲ့ စေတနာကို မြင်လာတယ်။ ဘာပဲလုပ်လုပ် အလုပ်တခုလုပ်ရင် စေတနာထားလုပ်တဲ့သူဟာ အမြဲတမ်းအောင်မြင်ပါတယ်..အမ။ အမကိုလေးစားတယ်။ အဲဒီအတွက်..
အင်း ဒုတိယအချက်ကတော့ အဲ့ကလေးတွေ က ဘွဲ့ယူပီးမရှက်ကြဘူးနော်။ ထင်တာမမှားဘူးဆို.. မာစတာဘွဲ့ယူတာထင်ပါရဲ့။ နောင်လာနောင်သားတေါကိုရင်လေးမိပါရဲ့။
အမဖွင့်ချမယ်ဆိုတဲ့ နောက်ကွယ်ကအကြောင်းတချို့ကိုလည်း ရိပ်မိပါရဲ့။ ကိုယ်တိုင် ဒီကိုမလာခင် တီချယ့်အိမ်မှာညအိပ်ပီးစာတွေ ပြန်သင်တုန်းက တီချယ်ပြောပြခဲ့တာတွေရယ်.. မျက်မြင်ကိုယ်တွေ့တွေပေါ့..။ ဟူးးးးးးးးးး သက်ပြင်းမောကြီးချသွားမိတယ်..အမရေ.. သူတို့လေးတွေက ကိုယ့်လိပ်ပြာကိုယ်သန့်တယ်ဆိုတဲ့ စကားလုံးတွေတောင် သိမဲ့ပုံ မပေါ်လောက်ဘူးနော်..။
momiji
အမ word verification ကိုဖြုတ်ပေးပါ မန့်ရတာ မြန်မာလိုရိုက်ရတာ တခါ ဘိုလိုပြန်ရိုက်ရတော့ အလုပ်ရှုပ်လို့ပါ ..အမရေ.. ပိတ်သတ်ကြီးကလဲ တောင်းဆိုပါတယ်တဲ့..။
ကျန်ခဲ့လို့ အမရေ..
Abstract
အဆိုပါစာကို အင်တာနက်မှဒေါင်းလုပ်လုပ်ယုံမျှမက ကွန်ပျူတာစာစီပေးနိုင်သော နေရာတွင် ဘေးမှထိုင်ပေးခြင်းဖြင့် ကူညီထားသော ပေပါတစောင်ဖြစ်ပါသည်။ ထို့ပြင် ခေါင်းစဉ်မှာလည်း ဘာပေးရမည်မှန်းမသိပါ၍ ပေးမိပေးရာ ခေါင်းစဉ်တခုကိုပေးထားသော်ငြား အလွန်စိတ်ဝင်စားစရာကောင်းလှသော ပေပါတပုဒ်ဖြစ်ပါသည်။
conclusion
အဆိုပါတွေ့ရှိချက်များသည် အင်တာနက်မှဖြစ်ကြောင်း အမှန်အကန်သက်သေပြနိုင်ပါသည်။ သို့သော် လည်း အဆိုပါအဆင့်တွင် အချိန်ပို၍ရပါက ပို၍ကောင်းအောင် ကော်ပီကူးချနိုင်ပါကြောင်း ထပ်လောင်းအာမခံပါသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါတွေ့ရှိချက်သည် အလွန်တရာပင် အံ့သြဖွယ်ကောင်းလှစွာ အသုံးတည့်သည်ဖြစ်ပါသည်။
Acknowledgment
အဆိုပါပေပါကို ဖြစ်မြောက်အောင်ပံ့ပိုးကူညီပေးသော ..ကျောင်း...ဌာနမှ...ပရော်ဖက်ဆာ.... နှင့် လက်ထောက်ကထိက..... များအားအထူးပင်ကျေးဇူးတင်ပါသည်။ ထို့ပြင် နှစ်စမှနှစ်ဆုံးထိ စိတ်အားထက်သန်စွာဖြင့် ကူညီလမ်းညွှန်ပေးခဲ့သော ဆရာ.... အားအထူးပင်ကျေးဇူးတင်ရှိပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမက ရိုက်ပေးထားလို့ ကျေးဇူးတင်တာ စာရွက်ပေါ်မှာမကြေငြာတော့ဘူးနော်..အဟီး ..အမအတွက်က ..ကျသလောက်ပေါ့..အမရယ်..။
ဆရာမ...ဆရာမ...Abstract ဆိုတာ ဘာကြီးလဲဗျ...:D
ငါ့အစ်မက ဒီလောက်စေတနာကောင်းတာ အောင်မြင်မယ်ဆိုတာ ညီမလေးက ယုံကြည်ပြီးသား....
ချစ်ညီမလေး
အဟီး
ဒီလိုမှန်းသိ Assignment တင်ရတုန်းက အစ်မဆီ
လာအပ်ပါတယ်.. သိတာနောက်ကျသွားတယ်..
မင်္ဂလာ ရှိသွားပါတယ်၊
ကောင်းမူ့တစ်ခု ပြုလိုက်တာပဲ၊
တခါတလေ ဘာမဟုတ်တာ လေးနဲ့ အခက်အခဲတွေ့တတ်တယ်၊
သိတဲ့သူက ကူညီလိုက်ရင်ခဏလေးပဲ၊ မဟုတ်ရင် ဆင်ပြောင်ကြီး အမြီးကြမှတစ်နေတာ၊
တစ်ဖူးလို့ပါ။
အများကြီးကူညီနိုင်ပါစေ။
Mama Shwezin,the youth's English language skill and others are just as we all seen(I also include in them.For me,I has been admired our older senior university students.Since I were at Grade 5,my private teacher is the university student.So,everyday,after I had studied,she used to tell me her daily activities,it was so great.One day,she told me her heart is broken as her boy-friend departed her to go far-away place......Since that day,he never appeared again.. So,in my past before passing matric exam,I ever read the novels with University-background just as "Kaw-Leit-Gyin",and used to day-dream.University student life is my crazy dream.I am also crazy to the campus,its trees,buildings,and even the atmosphere of it.
Now,I am.......................
yours lovingly,Watma.
မြန်မာပြည် ပညာရေး စနစ်ကတော့ ရစရာကိုး မရှိတော့ပါဘူး မရွှေစင်ရေ။
တက္ကသိုလ်တက်ပြီး စာ တပုဒ် ဘယ်လို ရေးရမယ်တောင် မသိကြတာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။
စာရေးနည်း စာဖတ်နည်း မှ မသင်ရပဲကိုး။
သြော် မရွှေစင်ဦး ရယ် ကူညီလက်စနဲ့ များ ပို့ မယ့် ပို့ ကူးတို့ ရောက်အောင်သာ ပို့ လိုက်ပါဗျာ။ :)
အမကြီးရွှေစင်ရေ...........ရေ....ရေ
ရာသီစာတွေ စားရလွန်းလို့ မစားချင်တော့ဘူးဗျို့
သရက်ကင်း၊ မရမ်းသီးထောင်း၊ တမာရွက်နုနု၊ လက်ပံပွင့်တွေ...........
စာတွေဆိုရင် တရုတ်ကားထဲက ရှောင်ရဲကျူလိုဘဲ
ရှောင်ရဲကျူ seesein
ကျောင်းမှာဗျာ...ပရီဆန်တေးရှင်းတစ်ခုလုပ်ပါတယ်....source ဘယ်ကရတယ်ဆိုတာ မေ့ ကျန်ခဲ့ လို့ ပြောခံလိုက်ရတာဆို...အီသွားတယ်..
ကျွန်တော်တို့ ရွှေပြည်ကြီးကလည်း ဒေတာဆိုတာ ရေထက်ရှားသကိုးဗျ..ဘိုးတော်မင်းလက်ထက်ကဒေတာကို ပြန်ကိုးကားပြတော့ကိုရွှေဂငယ်များက မကြိုက်ဘူးတဲ့ ဗျာ
ကူညီချင်လို့ ဆိုပြီး
ဖတ်လိုက်တာဗျာ ...
စာလည်းဆုံးရော ...
ဘာလုပ်ပေးရမှန်း မသိ ဖြစ်သွားတယ် ... :)
Post a Comment